လူကြီးဖတ်စာ

မောင်ကကြမ်းတာပဲ

မောင်ကကြမ်းတာပဲ ဆယ်တန်းအောင်စာရင်းထွက်တော့သူကျတယ် သူကျတာကိုသူကအစောကတည်းကသိပြီးသား သူအင်္ဂလိပ်စာတစ်ဘာသာကို လုံးဝမဖြေခဲ့သူ့အိမ်ကစည်းကမ်းကြီးသည် ဒါဆိုဒါပဲ ဟိုဟာမလုပ်နဲ့ ဆိုတာမျိုးသူနဲ့အတူ သူ့အကို အမ နဲ့ ညီမလေးတစ်ယောက်ရှိသည်အားလုံးထဲမှာ သူကလွဲ၍ သူ့အဖေအမေရဲ့ စစ်စည်းကမ်းအတိုင်းနေကြသည် လိမ်မာကြသည်ပေါ့ သူကတော့ ခွေးဖြစ်မဲ့ကောင်ပေါ့သူက ညဏ်ရည်ကောင်းသည် သူဝါသနာပါတာကိုသာလုပ်မည်ဝါသနာပါတာလုပ်ရမှသာ သူအောင်မြင်မည်ဟု ခံယူထားသူအစတုန်းကတော့ သူ့ဝါသနာက ပရော်ဖက်ရှင်နယ်ဂစ်တာသမားသူ့အိမ်ကမသိအောင်သင်တန်းကိုခိုးတက်ခဲ့ရသည် သင်တန်းကိုစ့်အားလုံးကြေညက်ပြီးဆရာကတောင်လက်ဖျားခါရသည် ရှိသမျှမုန့်ဖိုးလေးစုပြီး ဂစ်တာဝယ်သည် ဂစ်တာကို ဆံပင်ညှပ်ဆိုင်မှာထားပြီး ကျောင်းလွတ်ချိန်မှာ သွားတီးသည်သူ့အဖေကဒါကိုမြင်သွားပြီး အိမ်ရောက်တော့ ခြိုးခြိုးနှိမ်နှိမ်ပြောပြီး ရိုက်ပါလေရော ဒါနှင့်လားဇွဲမလျှော့ သဘောထားပြည့်ဝသော ကျူရှင်ဆရာအိမ်မှာ ဂစ်တာကိုလေ့ကျင့်ပြန်သည် ဒီတခါတော့ ကျူရှင်ဆရာအပါအဝင် သူ့ဂစ်တာသင်တန်းဆရာကိုပါ သူ့အမေနဲ့အဖေက သွားသောင်းကြမ်းကြတော့ သူအားနာမွုရှက်ရွံ့မွုတို့နှင့် မျက်နှာမပြဝံ့ အိမ်အပြင်လည်းမထွက်တော့ သူ့ကို ဂိုက်ဆရာခေါ်ပေးပြီးမောင်းပြန်သည်။ သူစာအားလုံးရသည် သို့သော် သူစိတ်မပါတော့ဒူးထောက်တောင်းပန်၍သော်၎င်း အေးအေးဆေးဆေးပြောပြ၍သော်၎င်း သူ့ရည်မှန်းရာဝါသနာပါရာသာလုပ်ခွင့်ပြုပါရန် မိဘနှစ်ပါးကိုတောင်းဆိုခဲ့သော်လည်း အကိုကဲ့သို့DSA […]