လူကြီးဖတ်စာ

မရှောင်နိုင်သည့်တဏှ

မရှောင်နိုင်သည့်တဏှာ ယောက္ခမအိမ်နေရသည့်ကြည်ပြာ မှာစိတ်ညစ်မိနေရသည်။ယောက်ျား   ဖြစ်သူကိုသူရကိုချစ်၍လက်ထပ်ခဲ့   ပေမယ့်တဘဝစာ အတွက်တော့ဦး  နှောက်နှင့်ရွေးချယ်ခဲ့သည်တော့အ  မှန်၊ကိုသူရသည်ရည်မွန်သည်။   ဟော့ဟော့ရမ်းရမ်းမရှိပေ၊မိဘစ  ကား နားထောင်တတ်သောသားအလိမ္မာဖြစ်၍အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့လျှင်စိတ်ညစ်ရမည်မ   ဟုတ်ဟုတွေးမိခဲ့သည်။ထို့ အတွက်  လည်းကိုသူရကိုရွေးချယ်ခဲ့သည်။  ကိုသူရမရက်မသောက်၊ဖဲမရိုက်၊မိန်းကလေးမရှုပ်တတ်ပေ။ထို့အတူအ   လုပ်လည်း မယ်မယ်ရရမရှိ၊သို့ပေ မယ့်မိသားစုအပေါ်တွင်တော့သိ  တတ်ပေသည်။မိန်းမယူပြီးမိန်းမကို  မိဘအိမ်ခေါ်တင်ခဲ့သည်။ကြည်ပြာ  တစ်ယောက်မိဘအိမ်တွင်နေခဲ့စဉ်ကအလုပ်မလုပ်ခဲ့ပေ။သို့သော်အိမ်   ထောင်ကျလာတော့ယောက်ျားတွင်  အလုပ်မရှိသောအခါ  သုံးစရာငွေဟူ   ၍မရှိပေ။  “ကိုကို အလုပ်လေးဘာလေးရှာဦး” “ဘာလို့လဲကြည်ပြာ”  “လက်ထဲငွေမရှိဘူးလေ၊မိဘအိမ်မှာ   ပဲတ သက်လုံးကပ်နေလို့မဖြစ်ဘူး၊အိမ်လေးဘာလေးငှားနေရအောင်”  “ဘာလို့လဲ၊ကြည်ပြာကိုဘယ်သူကဘာပြောလို့လဲ”  “ဘာမှမပြောဘူးလေ၊ဒါပေမယ့်အိမ်  ထောင်ပြုပြီဆိုတော့ကိုယ့်ခြေ  ထောက်ပေါ်ကိုယ်ရပ်ရမှာပေါ့” “ငါ့မိဘကငါ့ကိုကြည်ဖြူပြီးသား၊  ကြည်ပြာဘာတွေစိတ်ပူနေတာလဲ”  “မောင်နှမတွေလည်းရှိသေး  တယ်လေ”   “ငါအငယ်ဆုံး လေ၊မကြည်ဖြူစရာ  ဘာမှမရှိဘူး”  “ခုကြည်ပြာပြောမယ်၊ကြည်ပြာတစ်ခုခုစားချင်ရင်ကိုကိုမိဘဆီကပိုက်   ဆံတောင်းရတာ မဟုတ်လား”  “ကိုယ့်မိဘဆီကကိုယ်တောင်းတာ  ပါကြာ”   “ကိုကို့ကိုကြည်ဖြူပေမယ့်ကြာရင်  ကြည်ပြာ့ကိုကြည်ဖြူနိုင်ပါ့မ လား” “ငါ့ကိုချစ်ရင်ငါ့မိန်းမကိုလည်း   ကြည်ဖြူရမှာပဲ”  “ကိုကိုအမြဲတမ်းတောင်းနေလို့ဘယ်  လိုဖြစ်မလဲ၊ကြည်ပြာလဲအားနာရ […]