လူကြီးဖတ်စာ

မမုန်းနိုင်ခဲ့သူတစ်ဦး

မမုန်းနိုင်ခဲ့သူတစ်ဦး သီတာတစ်ယောက်ဈေးဆိုင်လေးကိုတိုးချဲ့ရင်းတစ်စုံတစ်ဦးကိုသတိရ လိုက်တယ်။သတိရမိသူကတချိန်ကပတ်သက်ခဲ့ဖူးတဲ့သူ။ဆရာ့နာမည်ကဦးနေလ။ဆ ရာ့ကိုရန်ကုန်မှာတွေ့ပြီးသီတာ့ဘဝကိုခုလို ဖြစ်အောင်လုပ်ပေးခဲ့သူ။တွေးမိပြီး အရင်ကအကြောင်းတွေကိုပြန်သတိရလာမိသည်။တကယ်တော့ ဒီလိုဖြစ်ခဲ့ ရတဲ့အကြောင်းကတော့ သီတာတစ်ယောက်ဆရာ့ဆီကအ လုပ်ထွက်ပြီးမှအထည်ချုပ်တစ်ခု မှာအလုပ်ဝင်လုပ်လုပ်ခဲ့ပြီးမှအမေ့ကျန်းမာရေးကချို့ယွင်း လာခဲ့တယ်။အမေ့ကိုပြုစုနေရ လို့အလုပ်ပျက်ရက်များလာတဲ့အခါ အလုပ်ကထွက်လိုက်ရတယ်။အ လုပ်ကလဲမရှိသလိုအမေ့ဆေးဘိုး၊ အိမ်ငှားခ၊ စားစရိတ်တွေကြောင့် လက်ထဲငွေမရှိတဲ့အခါမှာတော့ချေး ငှားသုံးစွဲရတယ်။ပေါင်စရာမရှိ တော့အလွတ်ချေးရတဲ့အခါအတိုး ကများလွန်းတဲ့အတွက် သီတာတစ် ယောက်ကြံရာမရဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ရှိတဲ့မာနကိုခဝါချ ပြီးအရင်အလုပ်ရှင်ဖြစ်သူဆရာနေလဆီကိုပဲအကူအညီတောင်းရတော့တယ်။ “ဆရာသမီးကိုကူညီပါဦး” “ဘာလဲသီတာ  ဘာဖြစ်လို့လဲ” “သမီးငွေ နည်းနည်းလိုနေလို့” “ဟမ် ဘယ်လိုဖြစ်တာလဲ” “သမီးအမေနေမကောင်းလို့ပါဆရာ” “အင်းပါသီတာ နင်ငါ့ဆီကအလုပ် ထွက်ပြီးအထည်ချုပ်မှာလုပ်နေတယ်မဟုတ်လား” “ဟုတ်ပါတယ်ဆရာ” “အဲဒီကပိုက်ဆံပိုရလို့ပြောင်းသွား ပြီးအခုဘာလို့ပိုက်ဆံလိုတာလဲ” “သမီးအမေနေမကောင်းတော့သမီး အလုပ်ကနားလိုက်ရတယ်။ရှိတဲ့ ပိုက်ဆံလဲကုန်ပြီဆရာ၊အကူအညီ တောင်းစရာဆိုလို့ဆရာပဲရှိတာမို့ သမီးအကူအညီတောင်းရတာပါ” “အေးလေ ဘယ်လောက်လိုလဲ” “တစ်သိန်းလောက်ပါဆရာ” “အေး ယူသွားလိုက်၊ဒါနှင့်ဘယ် တော့ပြန်ဆပ်မလဲ” “သမီးအလုပ်ပြန်လုပ်လို့ရတဲ့နေ့ပြန် ဆပ်ပါ့မယ်” “အေးပါ ယူသွား၊ယူသွား၊ရော့” မိုးသီတာတစ်ယောက်ဆရာ့ကိုမျက် နှာပူစွာနှင့်အကူအညီတောင်းလိုက် […]