မနောဖြူတဲ့ဆရာမလေး ကျနော်ဇော်မိုးတစ်ယောက် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းမှာ တင်ဒါတွေပြိုင်ပြီးနောက်မှာတင်ဒါအောင်မြင်ခဲ့အတွက် စစ်ကိုင်းတိုင်း ဒေသကြီးရဲ့တောရွာဖက်မှာလမ်း ဖောက်ပြီးတံတားလေးတွေဆောက် ဖို့အတွက်တပည့်များနှင့်ရောက်ရှိခဲ့ တာ တစ်လကျော်ခဲ့ပြီ။ရွာနှင့်လည်း တမိုင်ခန့်ဝေးတဲ့နေရာမှာပဲအခြေချ စခန်းဆောက်ပြီးနေခဲ့တယ်။ရွာနှင့် ဝေးပြီးနေတာကလည်း ပြသနာတွေ နှင့်ကင်းအောင်နေခဲ့တာဖြစ်တယ်။ ရွာဆိုတော့မီးမရှိသလို တယ်လီဖုန်း တို့အင်တာနက်တို့မရှိဘူး။မြို့နဲ့မိုင် လေး ဆယ်ကျော်ဝေးပါတယ်။တကယ်ဆိုမိုင်လေးဆယ်လောက်ကနီးနီးလေးပါ။သို့သော်လမ်းတွေကဆိုး ရွားလွန်းတဲ့အတွက်ခရီးဖင့်ရ တယ်။လမ်းဆိုပေမယ့်တစ်ကြောင်းထိုးမြေသားလမ်းဖြစ်ပြီးသစ်ခုတ်ဝါးခုတ်တဲ့လမ်းကြောင်းကိုလမ်းဖောက်တဲ့ လမ်းပါ။ကျနော် တို့လမ်းကတော့ဌာနကလမ်းအူကြောင်းပေးထားတဲ့ လမ်းအတိုင်းပဲဖောက်ရတာပါ။ တောလမ်းလဲဖြစ်တဲ့အတွက်ရေရှိတဲ့နေရာ မှာပဲစခန်းချနေထိုင်တာ ဖြစ်ပါတယ်။လုပ်ငန်းအတွက် ရေတွင်းနှင့်မီးစက်ကတော့ပါရပါ တယ်။ကျနော်နေတဲ့တဲကိုတော့ရုံး အဖြစ်စီစဉ်ပြီးဘေးတချက်တချက်စီမှာအိပ်ခန်းစီစဉ်ထားခဲ့တာပါ။ ကျေးရွာလူကြီးတွေကတော့အဝင်အထွက်ရှိပါတယ်။သူတို့အကူအညီနှင့်ဒေသကထွက်တဲ့သစ်ဝါးအလွယ် တကူရရှိသလို၊လိုအပ် တဲ့ဝါးထရံ ယက်တာတို့သက်ကယ်ပျစ်တာတို့ကိုတော့ရွာကလူတွေကိုခိုင်းထားပါ တယ်။ရွာဖက်ကတော့ဈေးလာ ရောင်းကြ တယ်။ကျေးရွာကလိုအပ် တဲ့အကူအညီတချို့ရသလိုကိုယ့် ဘက်ကလည်းတတ်နိုင်တဲ့အကူအညီကိုပေးတော့ရွာလူကြီးများနှင့် အဆင်တပြေဖြစ်ခဲ့တယ်။လုပ်ငန်းလဲ စပြီးမြေတူးစက်တွေမြေထိုးစက် တွေနှင့်မြေသယ်ကားတွေကအထိုင် ကျနေပါပြီ။လမ်းလွှဲ တွေလဲကြိုပြီးစီမံပြီးထားပါပြီ။မြို့ပေါ်ပစ္စည်းအ ဝယ်ထွက်ရတာလဲမလွယ်ပါဘူး။တ ပတ်စာရိက္ခာကိုမြို့ပေါ်တက်ဝယ်ရ သလို စက်တွေအတွက်ဆီကိုမြို့ပေါ် မှာရပါတယ်။ရွာသူရွာသားများ အနေနဲ့ကတော့မဖြစ်မနေမြို့ပေါ် သွားရမယ်ဆိုမှဆိုင်ကယ်နှင့်သွား ကြရတယ်။ဖုန်အလူးလူးနဲ့ပေါ့ဗျာ။ ကျနော်ကတော့ပုံမှန်ဆိုရင်တော့နှစ် ပတ်တကြိမ်သွားရမှာပါ။ဒါပေမယ့် […]