လူကြီးဖတ်စာ

မက်မောမိတယ်

မက်မောမိတယ် ဆေးရုံကြီး အပြင်ဘက် မှန်ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့် မိတော့ ကျေးငှက်သံလေးတွေနဲ့ အစိမ်းရောင် သစ်ပင်ကြီးများကြောင့် ဘဝ အမောတွေကို ခဏတာ မေ့ပျောက် သွား စေတာပဲလေ။ မနက် ၈နာရီ ကျော်ကျော် လေးပဲ ရှိသေးတာပါ။ ညက ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်တဲ့ လူနှစ်ယောက် ရောက်လာတော့ ၂ယောက်လုံး နွေး ကိုယ်တိုင် ရရှိလာတဲ့ ဒဏ်ရာတွေကို ချုပ်ပေးရတယ်။ တယောက်က လက်မောင်း နှစ်ဖက် နဂါးပုံ တက်တူးတွေနဲ့ အသက်က ၂၀ကျော်လောက်ပဲ ရှိမှာ မျက်နှာ နုနုချောချော လေးကို နားကွင်းတွေရော မျက်ခုံးပေါ်ပါ အကွင်းလေးတွေ ဖေါက်ဆွဲထားတော့ ရုတ်တရက်ဆို အကြည့်ရ ဆိုး နေတာပေါ့။ အရိုးခေါင်းတွေပါတဲ့ တီးရှပ် အနက်ရယ် လည်ပင်းက […]