လူကြီးဖတ်စာ

မကဲနဲ့ မောင်ရယ်

မကဲနဲ့ မောင်ရယ် တစ်ထပ်တိုက်လေးက အကြမ်းထည်ပြီးတော့မည်။ ကန်ထရိုက်တာက ဦးအေးမောင်ဖြစ်သည်။ ဦးအေးမောင်မှာ အရင်ကလက် သမားဆရာ၊ ပန်းရံဆရာကြီးဖြစ်သည်။   သူကအများတွေလို လက်သမားသီးသန့်၊ ပန်းရံသီးသန့် ကျွမ်းကျင်တာမျိုးမဟုတ်ပေ။    လက်သမားလုပ်ငန်းကော၊ ပန်းရံလုပ်ငန်းပါ ကျွမ်းကျင်တာဖြစ်သည်။ ဆက်ဆံရေးကောင်းမွန်မှု၊ အလုပ်တွင်စေ့စပ်သေချာမှု၊  ပိုင်ရှင်အပေါ် စေတနာတွေထားမှုတွေကြောင့် လူတွေက သူ့ကိုတဖြည်းဖြည်း ယုံကြည်စိတ်ချလာပြီး အဆောက်အဦးတစ်ခုလုံးကို  `ဝ´ ကွက်အပ်သည်အထိ ဖြစ်လာကာ ဦးအေးမောင် တစ်ယောက် ကန်ထရိုက်တစ်ယောက်ဖြစ်လာသည်။ “ မောင်ကျော်ရေ………  မောင်ကျော် ”  “ လာပြီဆရာ…… ”  ဦးအေးမောင်၏ ခေါ်သံကြောင့် ပေကြိုးတစ်ချောင်းဖြစ် အလုပ်ရှုပ်နေသော  အသက်(၂၅)နှစ်အရွယ် လောက်ရှိသော လူငယ်တစ်ဦးက ဦးအေးမောင်၏ အနားသို့ရောက်လာသည်။ “ ငါအမိုးပြားဝယ်ဖို့သွားဦးမယ်………….လှသန်းကို ခေါ်သွားမယ်….မင်းဒီမှာနေလိုက်ဦး…”  “ ဟုတ်ကဲ့ဆရာ… ”   မောင်ကျော်မှာ  […]