လူကြီးဖတ်စာ

ဗလရှိတယ်…ဇရှိတယ်

ဗလရှိတယ်…ဇရှိတယ် သူ့ကို တရွာလုံးက ငထွားဟု ခေါ်ကြသည်။ သူ့နံမယ်ရင်းကို မည်သူမျှ မသိကြပေ။ သူ့ပုံစံကလည်း ငထွား ဟူသော နာမည်နှင့် လိုက်ဖက်လှသည်။ သူ့အရပ်က ခြောက်ပေလောက် ရှိမည်။ သူ့ကိုယ်လုံးက ကာယဗလ သမားတွေ ပုံစံမျိုး။ ငထွား ရင်အုပ်ကြီး တွေ လက်မောင်းကြီးတွေ၊ ပေါင်လုံးကြီးတွေက အယ်နေသည်။ အသားရောင်က မဲချိတ်နေသည်။ မျက်လုံးက အနည်းငယ် ပြူးပြီး နှုတ်ခမ်းတွေက ခပ်ထူထူ ဖြစ်သည်။ ကြည့်လိုက်ရင်တော့ ခပ်ထုံထုံ ခပ်ထိုင်းထိုင်း၊ ပေါချာချာ ပုံစံမျိုးမှန်း သိသာလှသည်။ ငထွား သရက်ပင် ထိပ်ရွာသို့ ရောက်လာပုံက ခပ်ဆန်းဆန်း ဖြစ်သည်။ ရွာအနောက်ပိုင်းက ထင်းခုတ် သမားကြီး ဦးချစ်ကြောင့် ငထွားသည်ရွာသို့ ရောက်လာရခြင်း ဖြစ်သည်။ သရက်ပင်ဆိပ်ရွာဆိုတာက ဘိုကလေးမြို့ […]