လူကြီးဖတ်စာ

ပြောမဆုံးပေါင်

ပြောမဆုံးပေါင် ကျော်သဇင် ကုမ္မဏီ၏ အပေါ်ဆုံးထပ်အုပ်ချုပ်ရေးဆိုင်ရာ ရုံးခန်းများနေရာ။ ”တင်းဒေါင်”ဓာတ်လှေကားတခါး ပွင့်လာပြီး အထဲမှ  ထွက်လာသူကား General မန်နေဂျာ စိုးကျော်။ စိတ်လှုပ်ရှားနေသော ခြေလှမ်းများဖြင့် ဦးတည်ရာ နေရာကား အမ်ဒီရုံးခန်းဆီသို့။   စိုးကျော်ကား ကျော်သဇင်ကုမ္မဏီ ပိုင်ရှင် ဦးကျော်ဝင်းနှင့် ဒေါ်စောနန္ဒာခင်တို့၏ တစ်ဦးထဲသော သား  လှရတနာ ဖြစ်လေသည်။ ငယ်စဉ်ကျောင်းသားဘဝကို အပူပင်မရှိ သာယာစွာ ဖြတ်ကျော်ခဲ့သော်လည်း စိုးကျော် ၉တန်းတွင် မိခင်ဖြစ်သူ ဒေါ်စောနန္ဒာခင်  ဆုံးပါးခဲ့လေသည်။မိခင်ဆုံးပီး ၃နှစ်ခန့် အကြာ စိုကျော် တက္ကသိုလ် တက်နေဆဲ  တွင် ဖခင်ဖြစ်သူ ဦးကျော်ဝင်းသည် တပင်လဲမူ တ ပင်ထူ ဆို  သော စကားနှင့်အညီ အသက်၃၅နှစ်ခန့်ရှိ မုဆိုးမ မေသဇင်စိုး   နှင့် အိမ်ထောင်သစ် ထူထောင်ခဲ့လေသည်။ […]