လူကြီးဖတ်စာ

ပြန်စမှာမဝသေးဘူး

ပြန်စမှာမဝသေးဘူး သုခဝတီဟုဆိုလိုက်သည်နှင့် ရန်ကုန်မြို့တွင်းမှ ဆိတ်ငြိမ်ရပ်ကွက်ကို ပြေးမြင်ကြမည်ဖြစ်သည်။ သုခဝတီရပ်ကွက် လမ်းသွယ်အတွင်းရှိ တိုက်တစ်လုံးအတွင်းမှ ဆူညံသံများထွက်ပေါ်နေသည်။ သေချာနားစိုက်ထောင်မှ အသံသဲ့သဲ့သာကြားနိုင်မည်ဖြစ်ပြီး ဆူညံသံများအဆုံးတွင် ခြံတံခါးဖွင့်၍ ကားတစ်စီး ထွက်ခွာသွားသည်။ ိုဝရံတာမှ စူးစိုက်ကြည့်နေသော မှိန်ဖျော့ဖျော့ မျက်ဝန်းတစ်စုံမှ မျက်ရည်ပူများ တလိမ့်လိမ့်ကျဆင်းလာခဲ့ပါသည်။ မိဘနှစ်ပါး၏ရန်ပွဲအပြီး အိမ်မှထွက်ခွာသွားသူမှာ မေမေဒေါ် မေမီရှိန်ပဲ ဖြစ်နေတတ်သည်။ ခေတ်ဆန်ဆန်နှင့် မည်သည့်အရာမှ အလေးမထားတတ်သော၊ အငြိမ်းစားဗိုလ်ချုပ်တစ်ဦး၏ သမီးပီပီ မောက်မာသော၊ မည်သူ့ကိုမှ အောက်ကျခံချင်စိတ်မရှိသောမေမေနှင့် စည်းစနစ်ကြီးပြီး ပညာမာနရှိသော ဖေဖေတို့၏ရန်ပွဲမှာ ထူးဆန်းသည်တော့မဟုတ်ခဲ့ပါ။ ရောင်ဝါရှိန်လင်း သိတတ်စအချိန်ကတည်းက မေမေနှင့်ဖေဖေ၏ ရန်ပွဲများမှာ ခပ်စိပ်စိပ်ဖြစ်ပြီး ရန်ပွဲတစ်ခုလုံး မေမေ့အသံကသာ ဖုံးလွှမ်းနေတတ်သည်။ ရန်ဖြစ်ပြီးသည်နှင့် အဘိုးအဘွားများနေထိုင်ရာ သုဝဏ္ဏရှိနေအိမ်သို့ သုံးလေးရက်ခန့်သွားနေတတ်ပြီး စိတ်ဆိုးပြေပါက သုခဝတီရှိနေအိမ်သို့ ပြန်လာတတ်ပါသည်။ အိမ်ပြန်လာသည့်အခါတိုင်း အမှားလုပ်မထားသည့်မျက်နှာနှင့် […]