လူကြီးဖတ်စာ

ပျော်နေလေရဲ့

ပျော်နေလေရဲ့ “အော်………သူ့အကောင့်လေးမီးစိမ်းနေပါလား” ဖုန်းလေးကိုကိုင်ပြီးfbလေးကို ဖွင့်လိုက်တော့ သီရီအကောင့်လေး မီးလေးစိမ်းနေတယ်လေ။ ဒါပေမယ့် တစ်ခါမှလည်း နှုတ်မဆက်ရဲတဲ့ဘဝ။ သီရိရေ ကိုယ့်မှာသာ ကိုယ့်အပြစ်နှင့် ကိုယ်ဖြစ်ခဲ့ရပြီ။ တို့နှစ်ယောက်ချစ်ခြင်းကို ကိုယ့်ရဲ့ဇီဇာကြောင်မှုကြောင့် တို့တွေဝေးခဲ့ကြရတာ မဟုတ်လားလေ။ အားလုံးကိုယ့်အပြစ်တွေပါကွာ” လို့ ဆွေးဆွေးမြေ့မြေ့လေးတွေးရင်း အတိတ်ကို ဇော်မိုးတစ်ယောက် တမ်းတပြီးမဆုံနိုင်တဲ့ဘဝမို့ ဆွေးနေရတယ်လေ။ ‘”အော်သီရိရယ်” ကျနော်..ရန်ကုန်အရှေ့ပိုင်းတက္ကလိုလ် lecture therater တည်ဆောက်ရေးမှာ အန်ဂျင်နီယာကန်ထရိုက်တာ အဖြစ်တာဝန်ယူခဲ့တယ်။ ရန်ကုန်ကနေပြီး အလုပ်သွားရတာလေ။ ကားမောင်းပြီးပေါ့။ ဖောင်ဒေးရှင်းလေးစတင်နေခဲ့တဲ့အချိန်မှာ ပုံစံတွေက မတည်မငြိမ်၊ အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတာကြောင့် မူလဒီဇိုင်းအတိုင်း လုပ်ထားရကနေ ပုံစံပြောင်းတဲ့အတွက် ပေါက်ကွဲနေတာအချိန် ကားကိုမြန်မြန်လေးမောင်းလာခဲ့တယ်။ သံလျှင်ဘက်ကမ်းရောက်တော့ လမ်းရှင်းပါတယ်ဆိုပြီး အရှိန်တင်လိုက်တယ်။ လူက ကိုယ့်အတွေးနှင့် ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကို ကရုမစိုက်အားဘူးဗျ။ လမ်းသွယ်လေးကနေ ဆိုင်ကယ်တစ်စီး […]