လူကြီးဖတ်စာ

ပုံပြင်တစ်ပုဒ် နဲ့ အလွှမ်းသံလွင်

ပုံပြင်တစ်ပုဒ် နဲ့ အလွှမ်းသံလွင် တကယ်တော့ လောကကြီးကအေးချမ်းပါတယ် ပူလောင်ခြင်းဆိုတာတွေ မကောင်းမှုဆိုတာတွေကို လူတွေကသာဖန်တီးဆေးခြယ် လိုရာပုံသွင်းပစ်ခြင်းကို လောကကြီးကသာ ခါးစီးခံနေရတာပါ   နေရောင်ခြည်ရဲ့အလင်းကမျက်နှာကို ထိုးကျလာပေမဲ့ မလှုပ်မ ယှက်ထိုင်ရင်း သံလွင်မြစ်ပြင်ကိုငေးကြည့်ရင်း မျက်ဝန်းထဲ မျက်ရည်လေးများဝေ့လာရင်း ကမ်းစပ်ကိုအပြေးလေးရိုက်ခတ်လာတဲ့  လှိုင်းခွက်ကလေးများကို မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်နေတဲ့ ဦးငြိမ်းချမ်း တစ်ယောက် ရင်ထဲမငြိမ်းချမ်းပဲ အသက် ကိုပြင်းပြင်းလေးရှုရှိုက်ရင်း သက်ပြင်းတွေသာအခါခါချနေမိပါတော့တယ်ဗျာ   ဦးငြိမ်းချမ်း  ကမ်းနားမှာ ဘာထိုင်လုပ်နေတာ လည်း နေလဲပူနေပြီ လို့ နောက်ကျောက ထွက်ပေါ်လာသောစကားသံကြောင့် အတွေးများရပ်တန့်လို့ အသံလာရာဘက်ကိုစောင်းငဲ့ ကြည့်လိုက်တော့  အော် အလင်းစက် ပဲ လာလေကွာ လာထိုင် လို့ ခေါ်လိုက်တော့ ကျနော် အလင်းစက် တစ်ယောက် ဦးငြိမ်းချမ်း ဘေးနားကပ်ပြီးထိုင်ချလိုက်ပါတော့တယ်ဗျာ  ဘာတွေစဉ်းစားနေတာလည်း ဦးငြိမ်းချမ်း တစ်ယောက်တည်းငေးငိုင်နေတာ ကျနော် […]