လူကြီးဖတ်စာ

နသိုးကြိုးပြတ်

နသိုးကြိုးပြတ် ဟင်း .. ထွီ .. ဒီနားကလဲ နံလိုက်တာ .. ဟယ်တော့ … ခွေးချီး ” ပထဝီဆရာမ အေးအေး ထင်းရူးပင်ခြေရင်း၌ ဝင်ထိုင်ရင်း အလန်.တကြားအော်ရင်း ထိုင်ရာမှပြန်ထကာ ထမီကိုငုံ.ကြည့်နေခိုက် သူတို.သုံးဦးလစ်ထွက်ခဲ့ကြလေသည်။ သည်ကိစ္စ ဤကိစ္စ … ရေဆုံးရေဖျား အငယ့်အား ပြောပြရန် ကိုအောင်စိုးဝန်လေးနေမိသည်။ “အငယ်… ငိုချင်တယ် …အကိုစိုးရယ် ” “ငိုလေ.. ငိုလိုက် .. ခလေးတွေတော့ငိုရင် အားရှိတယ်တဲ့ ” “အကိုစိုးက မကြင်နာတတ်ဖူး ” “အကြင်နာဆိုတာ ဆယ်တန်းအောင်မှ ပြောရင်ပိုကောင်းမလားဆိုပြီး .. ငါဘယ်သူ.မှမပြောခဲ့ဖူးဘူး … အငယ်” “ဘာလဲ … ဆယ်တန်းမအောင်ခင်ပြောတော့ရော ” “စိတ်ကူးယဉ်အိပ်မက်ပျက်ပျယ်ရင် လူတွေမှာခံစားရလေ့ရှိတဲ့ ကြေကွဲမှုမျိုးကို .. […]