လူကြီးဖတ်စာ

နမ်းလိုက်တော့မယ်နော်

နမ်းလိုက်တော့မယ်နော် “ဟယ်….င့ါပန်းပင်လေးတွေကုန်ပါပြီ….. မေမေ မေမေ….လာပါအုန်း….ဒီမှာ ဇာလေး´ ပန်းပင်လေးတွေ ကုန်ပြီ……..´´ အိမ်ရှေ့ ပေါ်တီအောက်မှ စီကနဲထွက်ပေါ်လာသော အသံစူးစူးလေးကြောင့် ပန်းပင်တွေကြား ငုတ်တုတ်ထိုင်၍ နှင်းဆီအိုးတွေအောက်တွင်  အုတ်ခဲတွေခုနေသော မြင့်ကျော်တစ်ယောက် လှမ်း၍ကြည့်မိလိုက်သည်။ပြီးတော့ သူ့မျက်နှာက တဖြေးဖြေးပြုံးဖြီးဖြီးကြီးဖြစ်လာ သည်။ “တော်တော်လှတာပဲ…..ဟင်း´´ အသက်(၁၈)နှစ်အရွယ် ဖြူဖြူဖွေးဖွေး ကောင်မလေးတစ်ယောက်ခုန်ဆွခုန်ဆွနှင့်စပ်မထိ ဖြစ်နေသည်။ ထိုစဉ်မှာပင် အိမ်ထဲမှအသက်လေးဆယ်အရွယ် ဖြူဖြူ၀၀အမျိုးသမီးကြီးတစ်ယောက်ထွက်၍လာသည်။ “ဟဲ့ သမီး….ဘာဖြစ်နေတာလဲ´´ “ဒီမှာ မေမေ မတွေ့ဘူးလား….သမီး ဇီဇဝါပင်တွေ ငုတ်တိုပဲကျန်တော့တယ်…..ဟိုတောသား လက်ချက် မဟုတ်လား….´´ ဇာလေးဖြူ ငိုသံပါနှင့်ပြောနေသည့်ကြားက နောက်ဆုံးစကားတွင်ဒေါသသံက ပါလာသည်။ မြင့် ကျော် အုတ်ခဲတစ်လုံးကိုလှမ်းယူရင်း ဇက်ကလေးပုသွားသည်။ “ဟယ်…..ဇာလေးကလဲ….မေမေခိုင်းလို့သူလုပ်ရတာဘဲ ကွယ်…..သမီးပန်းပင်တွေကလဲပြန်ပြီးတက်လာမှာပဲဟာ…..နောက်ပြီး ကိုယ့်အစ်ကိုဘဲ တောသား တောသားနဲ့ မခေါ်ပါနဲ့သမီး ရယ်…..´´ “ဟွန်း…..´´ ဇာလေးဖြူ မျက်စောင်းခဲ၍ […]