လူကြီးဖတ်စာ

ဒုတိယဝေဒနာလေး

ဒုတိယဝေဒနာလေး ” မောင်ဇော် ရေ … ကလေး ကျောင်းပို့ရင်းနဲ့ မမမြင့်ဖို့ … အပ်ချည်အနက်လေး ဝင်ဝယ်ခဲ့ဦး ” ” ဟုတ်ကဲ့ … မမမြင့် ” ဖြေပြီးတာနဲ့ နောက်ဖေးရေချိုးခန်းထဲ ဝင်သွားတော့ ကျမလည်း ဧည့်ခန်းဘက်ထွက်လာခဲ့တယ်။ိုင်းစရာရှိရင် မောင်ဇော့်ပဲ အားကိုးနေရတာ။ မောင်ဇော့် နာမည် အရင်းက ဇော်ဦးပါ ကျမက မောင်ဇော်ပဲ ခေါ်လိုက်တယ်။ မောင်ဇော်တို့ လင်မယား ကျမအိမ် အငှားလာနေတာ ၆လ ကျော်လောက်ဆိုတော့ ကျမနဲ့ ရင်းနှီးနေတာပေါ့။ မောင်ဇော်က အသက် ၂၈နှစ်တဲ့ သူ့မိန်းမ ခင်ဦးက သူ့ထက် ၂နှစ်ငယ်တယ် ပြောတယ်။ မောင်ဇော်က ဈေးထဲ ကုန်မာဆိုင်မှာ အလုပ်လုပ်ပြီး အသားညိုညို အရပ်မနိမ့်မမြင့်နဲ့ ရုပ်ရည်က ကြည့်ကောင်းပါတယ်။ […]