လူကြီးဖတ်စာ

တွေ့ဆုံကြုံကွဲ

တွေ့ဆုံကြုံကွဲ ကျတော် ၁၀ တန်းအောင်တော့သန်လျင် GTC မှာ civil တက်ခွင့်ရပါတယ်… အထင်တော့မကြီးလိုက်နဲ့နော် လိုက်လို့ရတာဗျ…မိဘတွေကျေးဇူးလေ… သူတို့ကတော့ သူတို့သားလေးကို အင်ဂျင်နီယာဖြစ်ပါစေတော့ဆိုတဲ့စိတ်နဲ့ ပိုက်ပိုက်တွေအကုန်ခံတာပေါ့… ဒါပေမဲ့ ကျတော်က ဘိလပ်မြေနဲ့ ရွံ့တောင်သေသေချာချာခွဲတက်တဲ့ကောင်မဟုတ်ဘူး… စိတ်တော့သိပ်မညစ်ပါဘူး… ဘာလို့လဲဆိုတော့သေသေချာချာဝါသနာပါတဲ့ဟာ မှမရှိတာ… တက်ဆိုတော့လဲ တက်ရတာပေါ့ နော့်… အခုလောလောဆယ်တော့၁၀ တန်းပြီးလို့ကဲခဲ့တဲ့ အရှိန်တွေတောင် မပျယ်သေးဘူး… ကဲ … ဘာလိုလိုနဲ့ ကျောင်းစတက်ရမဲ့နေ့ရောက်လာရော…ကျောင်းကိုတော့ ၁ ခါ ၂ ခါ ရောက်ဘူးပါတယ်… ခတ်ဆုတ်ဆုတ်နဲ့ မြို့သစ်တွေကမူလတန်းကျောင်းသာသာပဲရှိတယ်ဗျ… ဒါနဲ့များ GTC တဲ့ … ထားပါ… ဒီနေ့ကျောင်းစတက်ရမယ်ဆိုတော့နည်းနည်းတော့စိတ်လွုပ်ရှားမိတယ် … လူပြောများတဲ့ တက္ကသိုလ် ဆိုတာ ဘာကြီးပါလိမ့်ပေါ့ … ဒီလိုပဲ စU်းစားရင်း စU်းစားရင်း နဲ့လျှောက်လာလိုက်တာလမ်းထိပ်ကျောင်းကားစီးရမဲ့ […]