လူကြီးဖတ်စာ

တစုံတရာကို

တစုံတရာကို လှေခါးထိပ်ကနေ ကွေ့လိုက်သည် နှင့် စက္ကူပုံးကြီး တပုံးရှေ့မှာ ချလို့ ရပ်နေကြသော အဝါရောင် ယူနီဖောင်းဝတ် ကောင် လေးတယောက် နှင့် ကောင်မလေး တယောက်ကို လှမ်းမြင်လိုက်ရ၍ ကေသီ စိတ်သက်သာသွားရသည်။ ကြည့်ရတာ သူ တို့ ရောက်ခါစပင် ရှိသေးပုံရသည်။ တချိန်တည်းမှာပင် ရင်ထဲမှာ ထိတ်ကနဲ လည်း ဖြစ်သွားသည်။ ကောင်လေးနှင့် ကောင်မလေးက ကေသီ့ မောင်ဝမ်းကွဲ၊ ညီမ ဝမ်းကွဲလေးတွေ နှင့် ရွယ်တူလောက် ရှိလိမ့်မည်ကို သတိ ထား လိုက်မိတော့ မျက် နှာ နည်းနည်း ပူချင်လာသည်။ မှာလိုက်တာ မှားပြီလားဟု တွေး လိုက်မိပါသည်။ ဒါပေမယ့် မှာ ပြီးသား၊ ငွေချေပြီးသား၊ ကေသီ့ အခန်းဝမှာလည်း ရောက်နေပြီဆိုတော့ […]