လူကြီးဖတ်စာ

တခုလပ်မဂိုမလေး

တခုလပ်မဂိုမလေး သွပ်ပေါ်ကို တဖြောက်ဖြောက်ကျနေတဲ့ မိုးရေစက်သံကို နားထောင်ပြီး အိပ်ဖူးလား။ သိပ်အရသာရှိတယ်။ ဂီတသံ စည်းချက်တွေလိုပဲ။ မိုးရေပေါက်သံ တွေကြောင့် တရေးနိုးတော့ ညဦးပိုင်းက အဖြစ်အပျက်တွေကို အိပ်မက်များလားလို့ ကျော်သူ တွေးနေမိသေးတယ်။ အိပ်မက်မဟုတ်တာ သေချာတယ်။ ပရုပ်နံ့တွေသင်းနေတဲ့ အိပ်ရာပေါ်မှာ အဝတ်ဗလာနဲ့ ကျော်သူအိပ်နေတယ်။ စောင်ထူထူ တစ်ထည်ကို လွှမ်းထားပြီး ရင်ခွင်ထဲမှာလည်း ခပ်ပြည့်ပြည့် အမျိုးသမီးလှလှကို ထွေးထားသေးတယ်။ ကျော်သူ့ရင်ခွင်ထဲမှာပဲ ကျောပေးပြီး ဟိုဘက်လှည့်အိပ်နေတယ်။ သူလည်း ကိုယ်လုံးတီးပဲ။ ကျော်သူ က နောက်ကသိုင်းဖက်ထားတာပေါ့။ မှောင်နေတဲ့အခန်း၊ သွပ်ပေါ်က မိုးရေသံတွေ၊ အေးစက်တဲ့ မိုးဥတု၊ စောင်ထဲမှာ၊ ရင်ခွင်ထဲမှာ မိန်းမ တစ်ယောက်။ သင်္ဃန်းကျွန်းမြို့က သာမန် တိုက်တစ်လုံးရဲ့ အိပ်ခန်းတစ်ခန်းဟာ ကျော်သူ့အတွက် နန်းဆောင်တစ်ဆောင်ထက် ခမ်းနားနေခဲ့တယ်။ ညဦးပိုင်းက […]