လူကြီးဖတ်စာ

ညှစ်ဆွဲလိုက်လျှင်

ညှစ်ဆွဲလိုက်လျှင် အခု အောင်ပွဲခံသွားသူကတော့ ဒွန်းပါတဲ့။ ကျားကိုးစီး စားမကုန်တဲ့ ဒွန်းပါ။ ဆင်ပြောင်ငါးစီး အားမာန်ကြီးတဲ့ ဒွန်းပါ ခင်ဗျာ ဒိုင်လူကြီး ရွှေဓူဝံက အသံဝါကြီးနှင့် ကြေငြာလိုက်ပြီးနောက် ဒွန်း၏လက်ကို ကိုင်မြှောက်ပြလိုက်တော့မှ ချိုလွင်နှင့် ရွှေစင်တို့နှစ်ယောက် သက်ပြင်းချနိုင်တော့သည်။ သည်တစ်ပွဲ ဒွန်းနိုင်ပါစေလို့ ဆုတောင်းရတာ အမောပင်။ ဒွန်းဆိုသည်မှာ ယခုမှ တက်သစ်စ ဖြစ်သော်လည်း တော်တော့်ကို နာမည်ကြီးသော လက်ဝှေ့သမားတစ်ယောက် ဖြစ်သည်ကိုတော့ ထည့်ပြောဖို့ လိုမည် မထင်ပါ။ သံမဏိဒွန်းဟု နာမည်ကြီးသည်ကို ထောက်ခြင်းအားဖြင့် သူ့ခံနိုင်ရည် မည်မျှရှိသည်ကို မှန်းဆနိုင်ပါသည်။ အရပ်က ၆ ပေ ၆ လက်မ။ ကိုယ်လုံးကိုယ်ထည်ကလည်း အရပ်နှင့် မလိုက်အောင် တောင့်တင်းကြံ့ခိုင်တာမို့ ချိုလွင်စွဲမက်လောက်စရာ ဖြစ်နေသည်။ ချိုလွင်သည် မိန်းကလေးပင် ဖြစ်သော်လည်း […]