လူကြီးဖတ်စာ

ဆွဲစားလိုက်မယ်

ဆွဲစားလိုက်မယ် ဖဲပွင့်များကိုကြည့်ရင်း ဖြိုးငယ်ငယ်စိတ်ပျက်သွားသည်။ စိုးရိမ်စိတ်တွေကလည်း ဖြစ်ပေါ်လာသည်။ ဒါနဲ့ဆိုသူမဒီနေ့ (၂)သိန်းလောက်ရှုံးနေပြီ။ သူမတွင်ပါလာသောဆွဲကြိုးကလည်း ပေါင်ထားပြီးပြီ အိမ်ရှင် မစုစုဆီမှာ။ ဘယ်လိုလုပ်ရမလဲမသိ။ သူမကိုယ်က ဖဲကိုဝါသနာပါနေတာခက်သည်။ ယောကျၤားဖြစ်သူက ကုမ္ပဏီတစ်ခုမှာဝန်ထမ်း။ ဖဲရိုက်တာကို လုံးဝမကြိုက်။ သို့သော်ဖြိုးငယ်ငယ်ကား ဝါသနာကိုမလျျှော့နိုင်။ ယောကျၤားဖြစ်သူ ရုံးသွားတာနဲ့ ရပ်ကွက်ထဲက မစုစုတို့အိမ်မှာ ဖဲသွားသွားရိုက်သည်။ ယခုလည်း ယောကျၤားဖြစ်သူ ကိုဇော်ထွန်း ခရီးသွားနေခိုက် ဝါသနာအတိုင်း ဖဲနေ့တိုင်းရိုက်ဖြစ်သည်။ ဒီနေ့မှ ဝိုင်းကကောင်းပြီး သူမပါလာသောဆွဲကြိုးကိုပါ ပေါင်လိုက်ရသည်။ ဒါကို ယောကျၤားဖြစ်သူ ပြန်လာလို့ကတော့ မိုးမီးလောင်တော့မည်။ သူမအနေဖြင့်လည်း ရနိုးရနိုးဖြင့် ဆော့မိတာ ဆွဲကြိုး ပေါင်လိုက်ရတာဘဲ အဖတ်တင်သည်။ “ဖြိုးငယ်ရေ နင့်အလှည့်ရောက်ပြီ” အထက်အိမ်မှာ နေသော မစု၏စကားကြောင့် သူမ သတိပြန်ဝင်လာသည်။ ဟုတ်ဟုတ် မစု။ သူမအနေဖြင့် […]