လူကြီးဖတ်စာ

“ခြစ်” ရင်း “ချစ်”

“ခြစ်” ရင်း “ချစ် အိမ်ထောင်မပြုရသေးသော အမျိုးသား အမျိုးသမီးများ အသက်အရွယ် နှစ်ဆယ်ကျော် အစိတ်ထဲသို့ ဝင်လာကြပြီဆိုလျှင် လူပျိုကြီး အပျိုကြီးဆိုသော ဘွဲ့ကိုရလာကြသည်။ မိသားစုအသိုင်းအဝိုင်း၊ သူငယ်ချင်းအသိုင်းအဝိုင်း၊ အိမ်နီးချင်းအသိုင်းအဝိုင်းများကြားတွင် ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် အပျိုကြီး လူပျိုကြီးဖြစ်ရတာကို အပြစ်ကြီးတစ်ခုသဖွယ် စောင်းပါးရိပ်ခြေအပြောခံရသည်သာမက နောက်ပြောင်သရော်ခြင်းကိုပါ ခံကြရတော့သည်။ လူပျိုကြီး အပျိုကြီးတွေဆိုတာကလည်း ဘယ်သူမှ လူပျိုကြီး အပျိုကြီးဘဝကို ခုံမင်နှစ်သက်လွန်းလို့ ဒီဘဝကို ခံယူထားကြတာမဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ကျခြင်းအဖြစ်ကို မရောက်ကြဘဲ လူပျိုကြီး အပျိုကြီးဘဝကို ရောက်ရှိလာကြခြင်းဖြစ်ပေသည်။ ထိုသို့သော အပျိုကြီး လူပျိုကြီးများသည်လည်း အပျိုကြီးလူပျိုကြီးဟူသော ဂုဏ်သတ္တိအပြည့်ဖြင့် ဒီအသက်အရွယ်ရောက်သည်အထိ အပျိုစစ်စစ်၊ လူပျိုစစ်စစ်တွေရော ဟုတ်ကြပါရဲ့လား…။ အားလုံးတော့ မဟုတ်နိုင်ကြပါ။ ကိုးဆယ့်ကိုးရာခိုင်နှုန်းကတော့ အဖြစ်ဟောင်း၊ အချစ်ကြောင်းလေးတွေဖြင့် လူမသိသူမသိ နောက်ကွယ်မှ အကြောင်းလေးတွေ […]