လူကြီးဖတ်စာ

ချိုမြိန်သောဆားငံရေ

ချိုမြိန်သောဆားငံရေ သားဝေယံ မမေကသီ ဟု ခြံရှေ့မှ ခေါ်သံကြား၍ သူအိမ်ထဲမှ ထွက်ကာ ခြံထဲဆင်းလာပြီး သံပန်းတံခါး ဖွင့်ပေးလိုက်သည်။  “မာမီနဲ့  ညီလေး”  မာမီဒေါ်မေသူအောင်နဲ့ ညီလေးစည်သူအောင်တို့ သားအမိကို အိမ်ထဲခေါ်လာခဲ့လိုက်သည်။  မေမေရေ မာမီနဲ့ ညီလေး တို့ ရောက်နေကြတယ်။   လာပြီသားဟု ပြောပြီး မီးဖိုခန်းမှ မေမေထွက်လာသည်။  ယောင်းမနဲ့ သားတို့ပဲ ထက်မြက်နဲ့ အန်တီလေး တို့ နေကောင်းကြလားဟု သူမမောင် သူ့ဦးလေးထက်မြက်အောင်နဲ့ ဖွားလေး မေမေချိုကို မေမေက မေးတာဖြစ်သည်။  “နေ ကောင်းကြပါတယ် မမ”  သားဝေယံကထွားပြီး အရပ်ကြီးမြင့်လာတယ်ကွာ ဟု သူမဘေးမှာ ထိုင်နေတဲ့ သူ့ကိုဖက်၍ မာမီက ပြော လေသည်။   မေမေကေသီဟုဆိုကာ ညီလေးစည်သူကလည်း မေမေ့ပခုံးပေါ်ကို ကလေးတုန်းကလို ခေါင်းတင်ထားလေသည်။  […]