လူကြီးဖတ်စာ

ချိတ်ကြီးကြီးတစ်ခု

ချိတ်ကြီးကြီးတစ်ခု ကျွန်တော့်နာမည် မင်းနောင်ပါ ကျွန်တော်ကဆရာဝန်တစ်ယောက်ပါ ကျွန်တော့် ဘဝက အခုချိန်မှာ အကောင်းဆုံးအချိန်ကို ရောက်နေပြီလို့ပြောလို့ရတယ်ဗျ ဘာလို့ဆို အခုခင်ဗျားကြည့်လေ ကျွန်တော့်မှာ ဆရာဝန်ဆိုတဲ့ဂုဏ်လည်းရှိတယ်ကိုယ်ပိုင်တိုက်တွေ တိုက်ခန်းတွေနဲ့ကိုယ်ပိုင်ကားတွေရှိတယ် မိန်းမလည်းရှိတယ် နိုင်ငံခြားမှာ ပါရဂူ ဒီဂရီဘွဲ့တွေဆက်တက်ဖို့လည်းရှိတယ် …..ဆရာဝန်အပေါင်းအသင်းတွေ ၊ မိန်းမရဲ့ ဂုဏ်သရေရှိမိတ်ဆွေပတ်ဝန်းကျင်တွေရှိတယ် ကဲဘာလိုသေးလဲဗျာ သည်ကြားထဲ အငယ်မယားတွေလည်းရှိသေးတယ်ဗျ …..ဟဲဟဲ ကျွန်တော်ကတော့ ကျွန်တော်အခုရောက်နေတဲ့ ဘဝကိုကျေနပ်တယ်ဗျ ဟုတ်တယ်လေ ကျွန်တော် သည်အခြေအနေရောက်အောင် ဟိုးအရင်ကတည်းက အိပ်မက်မက်ခဲ့ရတာကြာပါပြီ ကျွန်တော့်ရဲ့ငယ်ဘဝကဘယ်လောက်ခက်ခဲခဲ့လည်းဆိုတာခင်ဗျားတို့သိမှာမဟုတ်ပါဘူး သည်အခြေအနေရောက်အောင် ဘယ်လိုကြိုးစားခဲ့ရလဲ။ ဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာလည်း ခင်ဗျားတို့သိမှာမဟုတ်ဘူး တကယ်တော့ လူ့ဘဝဆိုတာ မာယာများတဲ့ကစားပွဲတစ်ခုကို လူတွေအများကြီးနဲ့ကစား နေကြရတာပါ သည်လို ကစားပွဲကြီးမှာ ကိုယ်ဘက်က လည်မှသာ ကိုယ့်ဘက်ကမနုံမှသာ နိုင်ပွဲတွေရနိုင်မှာဗျ နို့မို့ကိုယ်ချနင်းသွားကြလိမ့်မယ် သည့်အတွက် ဘယ်သူမှခင်ဗျားကိုသနားနေမှာမဟုတ်သလို ဘယ်သူမှလည်း အားပေးနေမှာမဟုတ်ဘူးဗျ […]