လူကြီးဖတ်စာ

ချစ်ပြီးမှတော့

ချစ်ပြီးမှတော့ “ဆရာ လုပ်ခိုင်းထားတဲ့ အဝင်အထွက် စာရင်းတွေပါခင်ဗျာ”  “အေးကွာ ကျော်ထက်အောင်ကို ခိုင်းမှပဲ စိတ်ချရတယ်ကွာ ရုံးဆင်း တော့မှာမလား ပြန် ပြန်”  ကျေနပ်စွာ ချီးကျူးပြောဆိုနေသော ဖိုင်းနိုက်မန်နေဂျာကို နှုတ်ဆက်ကာ ကျော်ထက်အောင် ရုံးခန်းမှ ထွက်လာခဲ့သည်။  “ကိုကျော် ပြန်ပြီလားဗျ”   “အေး ညီလေးရေပြန်ပြီ”   “လက်ဖက်ရည်လေး ဘာလေးသောက်ပါဦး အကိုရဲ့”   “နောက်နေ့မှကွာ ဒီနေ့ အိမ်မှာ လုပ်စရာလေးတွေရှိလို့ကွ”   ရုံးမှအိမ်အပြန်တွင် အိမ်အတွက် ရေပိုက်ခေါင်းလဲဖို့နဲ့ မီးချောင်းချုပ် လဲရန် လျှပ်စစ်ပစ္စည်းဆိုင်နှင့် ပိုက်ဆိုင်သို့ ဝင်ကာ လိုအပ်သော ပစ္စည်းများဝယ်ယူ၍ ပြန်လာခဲ့သည်။ “သားပြန်ရောက်ပြီလား”  “ဟုတ် အန်တီငယ် ပိုက်ခေါင်းလဲဖို့ရော ချုပ်လဲဖို့ပါ သားဝယ်လာခဲ့တယ်”   “အေး ကောင်းတယ်သား  မြန်မြန်သာ လဲလိုက်ကွယ်”  ကျော်ထက်အောင် အခန်းထဲဝင်ကာ အကျႌလဲလိုက်သည်။ […]