လူကြီးဖတ်စာ

ချစ်ပါကိုရယ်

ချစ်ပါကိုရယ် ” ကိုမြတ်ဆွေ လူစုံပြီလား စုံရင်ထွက်ရအောင် နေပြည်တော်ဝင်တာအရမ်းနောက်ကျနေမယ်” “ဟုတ်ကဲ့စုံပြီထင်တာပဲဗျ ခဏလေးဗျာ ဟဲ့ ကတုံးမ နင့်ယောက်ကျားကော ” “လာပြီဦးလေး ကလေးရှူးသွားတည်နေလို့ ” “အေးအေး မြန်မြန်လာခိုင်းလိုက် ဦးဝင်းတင်တို့ မိသားစုစုံပြီနော် ” “ဟုတ်ကဲ့ဆရာ စုံပြီ ဟိုမှာဟိုသားအဖလည်းပြေးလာပြီဆရာ” “ဟုတ်ပြီ ဟုတ်ပြီ ရပြီကိုစည်သူရေ ရှေ့မှာတွေ့တဲ့ဆိုင်ကျရပ်ဦးဗျာ နေ့လည်စာ မစားရသေးဘူး ” “ဟုတ်ကဲ့ ကိုမြတ်ဆွေ မြကန်သာနားက တောင်ကြီးကဖေးပဲသွားလိုက်မယ်လေ အဲ့ဒီဆိုင်က ပေါက်စီနဲ့ ဝက်သားပေါင်းက တောင်ကြီးမှာတော့ နာမည်ကြီးပဲဗျ ” “အဆင်ပြေတဲ့ဆိုင်သာမောင်းဗျာ” ကားစထွက်တော့ ညနေ၃နာရီခွဲနေပြီ ဒီတိုင်းဆို နေပြည်တော်ကိုရောက်တာ ညနက်တော့မည်။ သိပ်နောက်မကျချင်။ မနက်ကျ အလုပ်သမားတဖွဲ့ကြိုပြီးပြန်တက်ရမည်။ ပစ္စည်းများရင် တင်နေတာနဲ့ပဲနေ့တဝက်နီးနီးသွားနိုင်သည်။ တောင်ကြီးပြန်ရောက်တာလည်း နောက်ကျနိုင်သည်။ မတတ်နိုင် ကားသမားဆိုတော့လည်း […]