ကြံတတ်တော့ သင်္ကြန်သီချင်းသံများကိုနား ထောင်ရင်းအောင်ပိုင် တစ်ယောက် စိတ်တက်ကြွစွာဖြင့်ရွာကတက်လာ မည့်ကားကို ကားဂိတ်မှာ စောင့်နေ တယ်။သိပ်မကြာပါဘူးချက်ပလက်ကားကြီးကဝင်လာတယ်။နာရီကို ကြည့်တော့ကိုးနာရီခန့်ရှိပြီ။ တကယ်ကပိုင်ပိုင်ဆို တဲ့ကျနော်က မြို့မှာကိုးတန်းဆယ်တန်းတက်ပြီး တက္ကသိုလ်မတက်ရခင်မှာဦးလေး ဝပ်ရှော့မှာကူလုပ်ပေးနေရတယ်။ အခုက သကြန်နားနီးတော့ရွာကိုပြန်လာတယ်။ရွာဆိုပေမယ့်အိမ်ခြေ ရှစ်ရာနီးနီးရှိတဲ့ရွာ၊မီးမရှိဘူး။လက် ဖက်ရည်ဆိုင်တောင်တစ်ဆိုင်ပဲ ရှိ တယ်။ဒါပေမယ့်ရွာမှာကျနော်ပျော် တယ်။ကားပေါ်ကကားစပါယ်ယာ ဆင်းလာတော့ကျနော့်သူငယ်ချင်း တစ်ယောက်ဖြစ် နေတာကြောင့် လှမ်းမေးလိုက်တယ်။ “ဘယ်အချိန်ပြန်ထွက်မလဲယောက် ဖ” “ဆယ်တစ့်နာရီထွက်မယ်ကွ” “ဟာကွာ ပျင်း စရာကြီး” “ပျင်းနေရင်ငါတို့နဲ့လိုက်ခဲ့ကွာ၊ရွာက ပစ္စည်းတွေမှာလိုက်လို့” “အေးလိုက်မယ်” ကားစပါယ်ယာနှင့်ကားခေါင်းခန်း တက်လိုက်ပြီး မြို့ထဲကဈေးသွား လိုက်တယ်။သူတို့နှင့်ပဲရွာကိုပြန် လိုက်သွားတော့သူတို့အိမ်ရှေ့အထိ လိုပ်ပို့ကာ “အောင်ပိုင် ညနေတွေ့မယ်” “အေး လာခဲ့မယ်” ကားသံကြား၍ထွက်ကြည့်တဲ့အ မေက “အဖေရေ သားလာပြီ” “အေး အေး” အဖေနှင့်အ မေထွက်လာပြီးအထုတ် အပိုးတွေယူကြပြီးအိမ်ပေါ်တက်ခဲ့ လိုက်တယ်။ […]