လူကြီးဖတ်စာ

ကျွန်း

ကျွန်း(စ/ဆုံး) ရုတ်တရက်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် နေခြည်မှင်သက်သွားမိသည်။ဒီကျွန်းပေါ်ကို သဘောင်္မုန်တိုင်းမိပြီး အသက်ကယ်လှေလေးတစ်စင်းနှင့် ရောက်နေခဲ့သည်မှာတစ်ပတ်လောက်ရှိပြီဖြစ်သည်။သက်ရှိလူသားတစ်ယောက်မှမတွေ့ခဲ့။ အခုတော့ ကပ္ပလီတစ်ယောက်လို မည်းနက်နေသည့်အသားအရေနှင့် လူထွားကြီးနှစ်ယောက်ကိုမျက်ဝါးထင်ထင်တွေ့နေရသည်။ ညဘက်မို့ တောခြောက်တာလားလို့တောင်ထင်ရသည်။ နေခြည် ငယ်ငယ်ကကြားဖူးသည့် လူမနေသည့်ကျွန်းတွေပေါ်မှာခြောက်လှန့်တတ်သည့် နာနာဘာဝတွေများလားလို့တွေးမိပြီး  ကြောက်ကြောက်နှင့် အနားကမီးပုံထဲက မီးတုတ်တစ်ချောင်းကိုအသင့်ကောက်ကိုင်လိုက်သည်။နာနာဘာဝတွေ ကမီးကြောက် တတ်သည် ကြားဖူးနားဝရှိသောကြောင့် လုပ်မိလုပ်ရာလုပ်လိုက်ခြင်းဖြစ်သည်။သို့ပေမဲ့ ထိုလူထူးဆန်းနှစ်ယောက်ကတော့  ကြောက်ရွံ့ဟန်မရှိပဲ နေခြည့်ဆီသို့သာချဉ်းကပ်လာကြသည်။  ထိုအခါမှ နေခြည်ပိုကြောက်သွားသည်။ ဒီလူနှစ်ယောက်သာ နာနာဘာဝတွေမဟုတ်ပဲ လူသားအစစ်တွေသာဆိုပိုအန္တရာယ်များသည်။ကျွန်းပေါ်မှာက တစ်ခုခုဆိုအကူအညီ တောင်းစရာလဲမရှိ။ထွက်ပြေးမယ်ဆိုလျှင် အသက်ကယ်လှေလေးနှင့် ကမ်းမမြင်လမ်းမပြင်ပင်လယ်ပြင်ကြီးထဲသို့နောက်တစ် ကြိမ် လှော်ခတ်ရုံသာရှိတော့သည်။   နောက်ပြီးထိုလူနှစ်ယောက်၏ဝတ်ပုံစားပုံကလဲ ရုပ်ရှင်တွေစာအုပ်တွေ ဓာတ်ပုံတွေထဲမှာသာ မြင်ဖူးသည့် လူရိုင်းမျိုးနွယ်စုတွေ၏ဝတ်ပုံစားပုံမျိုးဖြစ်သည်။သတ္တဝါတစ်ကောင်ကောင်၏ သားရေဖြစ်ဟန်တူသည့် အရာကို ခါး တွင်အရှက်လုံရုံလောက်သာပတ်ထားသည်။မိန်းကလေးတွေစကတ်တိုတိုဝတ်ပုံမျိုးနှင့်ဆင်ပြီး သူတို့ပေါင်ကြားကဖွားဖက်တော်ကို ဖုံးနိုင်ရုံလောက်သာရှိလေသည်။တစ်ခြားအဝတ်စားဝတ်ဆင်ထားခြင်းမရှိပဲ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာဟင်းလင်းနှင့် အဖုအထစ် ကြွက်သားကြီးတွေက အထင်အရှားပေါ်လွင်နေကာ အချိုးအစားကျနလှသည့် ခေါမရုပ်တုကြီးတွေလားပင်ထင်မှတ်မှားရလောက် […]