Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

ခံတက်ပင် အကြောင်း သိကောင်းစရာ

(Unicode)

ခံတက်ပင် အကြောင်း သိကောင်းစရာ

==============================

(အရွက်ကို အချဉ်တည်စားသော အပင်တမျိုး)

ခံတက်ပင်ကို ကုန်းခံတက်ပင်ဟူ၍လည်း ခေါ်ကြသည်။ မြန်မာနိုင်ငံတွင် ခံတက်ပင်များကို မြေပြင်အမြင့် ပေပေါင်း ၃၅ဝဝ မြင့်သည့်နေရာအထိ တွေ့ရှိနိုင်သည်။ ခံတက်ပင်သည် အမြင့်မှာ ပေ ၃ဝ ခန့်အထိ ရှိတတ်၍ ပင်စည်လုံးပတ်မှာ ၃ ပေမှ ၅ ပေအထိ ရှိတတ်သော ပင်လတ်မျိုးဖြစ်သည်။ ယင်းကို အများအားဖြင့် စိုက်ပျိုးယူတတ်ကြသည်။ ခံတက်ပင်သည် နွေ ရာသီတွင် အရွက်ကြွေ၍ ဆင်စွယ်ရောင်အပွင့်များ ပွင့်သည်။ အသီးမှာ ဝမ်းဘဲဥအကြီးစားခန့်ရှိ၍ အခွံတွင် အပြောက်အပိမ့် များ ရှိသည်။ ခံတက်ပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။

ပုံသဏ္ဌာန်

အပင် ရွက်ကြွေပင်လတ်မျိုးဖြစ်၍ ပေ ၃၀ ကျော်အထိ မြင့်၏။ အကိုင်းအညွန့်များပေါ်တွင် အဖြူစင်းများ ရှိ၍ အပင်စည် အခေါက် မီးခိုးရောင်ရှိသည်။ အတွင်း သားမာဆတ်ပြီး အဝါရောင်ရှိ၏။ ရင့်ကအညိုရောင် သို့ပြောင်းသွား၏။ အရွက် ၃ ရွက်မြွှာပေါင်းဖြစ်၍ ရွက်လွှဲထွက်သည်။ ရွက်ညှာ ရှည်သည်။ ရွက်မြွှာများ ၃-၆ လက်မအထိရှည်သည်။ ရွက်ပြား၏ ကျောဘက်တွင် ရွက်ကြောများထင်ရှား စွာရှိသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းသွယ်သည်။ ရွက်နားညီ၍ ရွက်ပြားချောသည်။ အပွင့် အချင်း ၂-၃ လက်မအထိရှိသည်။ အပွင့်ကြီးမား သည်။အဝါနုရောင်ရှိ၍ မြောက်မြားစွာပွင့်၏။ အသီး အဝါရောင်ရှိသည်။ အချင်း ၁-၂ လက်မရှိ၍ ဘဲဥပုံ သို့မဟုတ် လုံးဝိုင်းသည်။ အသားထူသည်။ အခွံမာ ၍ကြမ်းသည်။ ကျောက်ကပ်ပုံ အစေ့များစွာပါသည်။

အသုံးပြုခြင်း

ခံတက်သား၏အရောင်မှာ ဝါကြန့်ကြန့်ဖြစ်၍ အသင့် အတင့်မာကာ အသားညီသည်။ ထိုအသားကို အိမ်အသုံး အဆောင်များ၊ ဗုံများနှင့် ခေါင်းဖြီးရန်ဘီးများ ပြုလုပ်ကြသည်။ သေတ္တာများလည်း ပြုလုပ်နိုင်သည်။

ခံတက်ရွက်နုများကို အချဉ်တည်ကာ တို့စရာအဖြစ်၊ လက်သုတ်အဖြစ် စားလေ့ရှိကြသည်။ ခံတက်ပင်၏ ဆေးဖက်ဝင်ပုံကား၊ အခေါက်ကို အနာရောဂါ သက်သာစေသော ဆေးအဖြစ်ဖြင့်လည်းကောင်း၊ အရွက်နှင့် အမြစ်၏အခေါက်တို့ကို အရေပေါ်၌ နဂိုရောင်ဖြစ်လာအောင် အုံပေးလိမ်းပေးသော ဆေးအဖြစ်ဖြင့်လည်းကောင်း၊ အသုံးပြုနိုင်ပေသည်။ ရေခံတက်ပင်သည်လည်း ခံတက်မျိုးဝင် အပင် ဖြစ်သည်။ သို့သော် ရေခံတက်ပင်သည် ချုံယောင်၊ ပင်ယောင် အပင်ငယ်ဖြစ်၍၊ ယင်းတို့ကို မြန်မာနိုင်ငံအောက်ပိုင်းတွင် တွေ့ရလေသည်။

ဆေးဖက်ဝင် အသုံးပြုခြင်း

မြန်မာဆေးကျမ်းများ အလိုအရ ခံတက်သည် ခါးသက်သက်ရှိ၏၊ ပူသောဂုဏ်သတ္တိ ရှိ၏၊ ဝမ်းမီး ကိုတောက်စေ၏၊ ဝမ်းကိုအနည်းငယ် သက်စေ၏၊ လေနှင့်သလိပ်ကို ကြေစေ၍ ဆီးအောင့်ရောဂါ၊ ကျောက်တည်ရောဂါနှင့် သွေးဖောက်ပြန်ခြင်းကို ပျောက်ကင်းစေနိုင်စေ၏။

အခေါက်

သက်တန့်နှင့် အနာပေါက်နာတို့၌ အခေါက်ကို ပရန္နဝါ မြစ်နှင့် သွေးသောက်သော် လျင်မြန်စွာ ပျောက်၏။

အရွက်

အရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့် နွေးအောင်ပြု၍ ကိုက်ခဲနာကျင်ရာ၌ လိမ်းသော် အကိုက်အခဲများ ပျောက်၏။ ရွက်ကြိတ်ညှစ်ရေနှင့် ကွမ်းရွက်ကြိတ်ညှစ်ရေ ဆတူယူ၍ ထောပတ်နှင့်ရောသောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏။ ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါပျောက်၏။

အမြစ်

အမြစ်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ပြုတ်သောက်သော် ဆီးချို ၊ ကျောက်တည်ရောဂါ ပျောက်၏။ ယင်းပြုတ်ရည်တွင် ကြံသကာ ရောသောက်သော် ဆီးအိမ်ရောင်ရောဂါနှင့် ကျောက်တည်ရောဂါ ပျောက်၏။ အမြစ်ကို အပြင်းဖျား ရောဂါကုဆေး၌လည်း ထည့်သွင်းအသုံးပြု၏။

(Zawgyi)

ခံတက္ပင္ အေၾကာင္း သိေကာင္းစရာ

==============================

(အ႐ြက္ကို အခ်ဥ္တည္စားေသာ အပင္တမ်ိဳး)

ခံတက္ပင္ကို ကုန္းခံတက္ပင္ဟူ၍လည္း ေခၚၾကသည္။ ျမန္မာႏိုင္ငံတြင္ ခံတက္ပင္မ်ားကို ေျမျပင္အျမင့္ ေပေပါင္း ၃၅ဝဝ ျမင့္သည့္ေနရာအထိ ေတြ႕ရွိႏိုင္သည္။ ခံတက္ပင္သည္ အျမင့္မွာ ေပ ၃ဝ ခန႔္အထိ ရွိတတ္၍ ပင္စည္လုံးပတ္မွာ ၃ ေပမွ ၅ ေပအထိ ရွိတတ္ေသာ ပင္လတ္မ်ိဳးျဖစ္သည္။ ယင္းကို အမ်ားအားျဖင့္ စိုက္ပ်ိဳးယူတတ္ၾကသည္။ ခံတက္ပင္သည္ ေႏြ ရာသီတြင္ အ႐ြက္ေႂကြ၍ ဆင္စြယ္ေရာင္အပြင့္မ်ား ပြင့္သည္။ အသီးမွာ ဝမ္းဘဲဥအႀကီးစားခန႔္ရွိ၍ အခြံတြင္ အေျပာက္အပိမ့္ မ်ား ရွိသည္။ ခံတက္ပင္သည္ သဘာဝအေလ်ာက္ ေပါက္ေရာက္ေသာ အပင္ျဖစ္သည္။

ပုံသဏၭာန္

အပင္ ႐ြက္ေႂကြပင္လတ္မ်ိဳးျဖစ္၍ ေပ ၃၀ ေက်ာ္အထိ ျမင့္၏။ အကိုင္းအၫြန႔္မ်ားေပၚတြင္ အျဖဴစင္းမ်ား ရွိ၍ အပင္စည္ အေခါက္ မီးခိုးေရာင္ရွိသည္။ အတြင္း သားမာဆတ္ၿပီး အဝါေရာင္ရွိ၏။ ရင့္ကအညိဳေရာင္ သို႔ေျပာင္းသြား၏။ အ႐ြက္ ၃ ႐ြက္ႁမႊာေပါင္းျဖစ္၍ ႐ြက္လႊဲထြက္သည္။ ႐ြက္ညႇာ ရွည္သည္။ ႐ြက္ႁမႊာမ်ား ၃-၆ လက္မအထိရွည္သည္။ ႐ြက္ျပား၏ ေက်ာဘက္တြင္ ႐ြက္ေၾကာမ်ားထင္ရွား စြာရွိသည္။ ႐ြက္ထိပ္ခြၽန္သည္။ ႐ြက္ရင္းသြယ္သည္။ ႐ြက္နားညီ၍ ႐ြက္ျပားေခ်ာသည္။ အပြင့္ အခ်င္း ၂-၃ လက္မအထိရွိသည္။ အပြင့္ႀကီးမား သည္။အဝါႏုေရာင္ရွိ၍ ေျမာက္ျမားစြာပြင့္၏။ အသီး အဝါေရာင္ရွိသည္။ အခ်င္း ၁-၂ လက္မရွိ၍ ဘဲဥပုံ သို႔မဟုတ္ လုံးဝိုင္းသည္။ အသားထူသည္။ အခြံမာ ၍ၾကမ္းသည္။ ေက်ာက္ကပ္ပုံ အေစ့မ်ားစြာပါသည္။

အသုံးျပဳျခင္း

ခံတက္သား၏အေရာင္မွာ ဝါၾကန႔္ၾကန႔္ျဖစ္၍ အသင့္ အတင့္မာကာ အသားညီသည္။ ထိုအသားကို အိမ္အသုံး အေဆာင္မ်ား၊ ဗုံမ်ားႏွင့္ ေခါင္းၿဖီးရန္ဘီးမ်ား ျပဳလုပ္ၾကသည္။ ေသတၱာမ်ားလည္း ျပဳလုပ္ႏိုင္သည္။

ခံတက္႐ြက္ႏုမ်ားကို အခ်ဥ္တည္ကာ တို႔စရာအျဖစ္၊ လက္သုတ္အျဖစ္ စားေလ့ရွိၾကသည္။ ခံတက္ပင္၏ ေဆးဖက္ဝင္ပုံကား၊ အေခါက္ကို အနာေရာဂါ သက္သာေစေသာ ေဆးအျဖစ္ျဖင့္လည္းေကာင္း၊ အ႐ြက္ႏွင့္ အျမစ္၏အေခါက္တို႔ကို အေရေပၚ၌ နဂိုေရာင္ျဖစ္လာေအာင္ အုံေပးလိမ္းေပးေသာ ေဆးအျဖစ္ျဖင့္လည္းေကာင္း၊ အသုံးျပဳႏိုင္ေပသည္။ ေရခံတက္ပင္သည္လည္း ခံတက္မ်ိဳးဝင္ အပင္ ျဖစ္သည္။ သို႔ေသာ္ ေရခံတက္ပင္သည္ ခ်ဳံေယာင္၊ ပင္ေယာင္ အပင္ငယ္ျဖစ္၍၊ ယင္းတို႔ကို ျမန္မာႏိုင္ငံေအာက္ပိုင္းတြင္ ေတြ႕ရေလသည္။

ေဆးဖက္ဝင္ အသုံးျပဳျခင္း

ျမန္မာေဆးက်မ္းမ်ား အလိုအရ ခံတက္သည္ ခါးသက္သက္ရွိ၏၊ ပူေသာဂုဏ္သတၱိ ရွိ၏၊ ဝမ္းမီး ကိုေတာက္ေစ၏၊ ဝမ္းကိုအနည္းငယ္ သက္ေစ၏၊ ေလႏွင့္သလိပ္ကို ေၾကေစ၍ ဆီးေအာင့္ေရာဂါ၊ ေက်ာက္တည္ေရာဂါႏွင့္ ေသြးေဖာက္ျပန္ျခင္းကို ေပ်ာက္ကင္းေစႏိုင္ေစ၏။

အေခါက္

သက္တန႔္ႏွင့္ အနာေပါက္နာတို႔၌ အေခါက္ကို ပရႏၷဝါ ျမစ္ႏွင့္ ေသြးေသာက္ေသာ္ လ်င္ျမန္စြာ ေပ်ာက္၏။

အ႐ြက္

အ႐ြက္ကိုႀကိတ္၍ ေရႏွင့္ေဖ်ာ္ၿပီး မီးျဖင့္ ေႏြးေအာင္ျပဳ၍ ကိုက္ခဲနာက်င္ရာ၌ လိမ္းေသာ္ အကိုက္အခဲမ်ား ေပ်ာက္၏။ ႐ြက္ႀကိတ္ညႇစ္ေရႏွင့္ ကြမ္း႐ြက္ႀကိတ္ညႇစ္ေရ ဆတူယူ၍ ေထာပတ္ႏွင့္ေရာေသာက္ေသာ္ အဆစ္ေရာင္ေရာဂါ ေပ်ာက္၏။ ခံတက္ခ်ဥ္ထည့္စားျခင္း ၊ သုပ္စားျခင္းျဖင့္ ေလထိုးေလေအာင့္ ေရာဂါေပ်ာက္၏။

အျမစ္

အျမစ္ေခါက္ကို ၄ ခြက္ တစ္ခြက္တင္ ျပဳတ္ေသာက္ေသာ္ ဆီးခ်ိဳ ၊ ေက်ာက္တည္ေရာဂါ ေပ်ာက္၏။ ယင္းျပဳတ္ရည္တြင္ ႀကံသကာ ေရာေသာက္ေသာ္ ဆီးအိမ္ေရာင္ေရာဂါႏွင့္ ေက်ာက္တည္ေရာဂါ ေပ်ာက္၏။ အျမစ္ကို အျပင္းဖ်ား ေရာဂါကုေဆး၌လည္း ထည့္သြင္းအသုံးျပဳ၏။

Crd,သုတဇုန္ ထြန္းလင္း

မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးသော် ဒီနည်းလမ်းလေးတွေလုပ်ကြည့်ပါ

(Unicode)

မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးသော် ဒီနည်းလမ်းလေးတွေလုပ်ကြည့်ပါ

===============================

ငါး အရိုး မျက်လျှင် အတော့်ကို ခံစားရ ခက်သည်မှာ အားလုံးလည်း သိပြီး ဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့် လျှင် ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ် ရတဲ့ အထိ ဖြစ်တတ်ကြပါတယ်။ဒါ့ကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူ ပြုလုပ်နိုင်မယ့် အိမ်တွင်း ကုထုံးလေးများကို ရသမျှ စုစည်း၍ တင်ပေးလိုက်ပါတယ်။ကိုယ်နဲ့ အဆင်ပြေရာနည်းကို ပြုလုပ် နိုင်ကြပါတယ်။

(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား ၍ခေတ္တမျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စား သွားပေ လိမ့်မည်။

(၂) ငှက်ပျောသီး စားပါ။ ဘာငှက် ပျောသီးဖြစ်ဖြစ် အဆင်ပြေ ပါသည်။

(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည် အချွဲများနှင့် အတူ ကျသွားမည်။

(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံ ထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်းပျောက်ကင်းသွားလိမ့်မည်။

(၅) ဇီးဖြူသီးကို အလုံးလိုက် ဝါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မည်။

(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက်ပေးနိုင်ပါသည်။

(၇) သံလွင်ဆီ အနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ လည်ချောင်းနာလည်း ပျောက်မည်။

(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၎င်းတို့မှာ ပါဝင်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါသည်။

(၉) ထမင်းပူပူနွေးနွေးကို အနေတော်ခန့် လက်ဖြင့်ဆုပ်လုံး၍ မျိုချ ပါ။ အာခေါင်တွင် ကပ်ညှိနေသော ငါးအရိုးများ အောက်ကို ထိုးကျသွားပါမည်။

(၁၀) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါဝင်သည့် အချိုရည်တို့ကို သောက်ပါ။ ငါးရိုးကို အမြန်ပျော့သွားစေပါသည်။ သတိပြုရန် – ငါးရိုးမျက်နေစဉ် လည်ချောင်း အပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ် ပါနှင့်။ သင့်ပတ်ဝန်းကျင်မှာလည်း ငါးရိုးမျက်၍ ဒုက္ခရောက်သူများ အတွက် ဒီ Post လေးကို Share ပေးနိုင်ကြ ပါတယ်။ အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်း နိုင်ကြပါစေ။

(Zawgyi)

မေတာ္တဆ လည္ေခ်ာင္းမွာ ငါးအ႐ိုးစူးေသာ္ ဒီနည္းလမ္းေလးေတြလုပ္ၾကည့္ပါ

===============================

ငါး အ႐ိုး မ်က္လွ်င္ အေတာ့္ကို ခံစားရ ခက္သည္မွာ အားလုံးလည္း သိၿပီး ျဖစ္မွာပါ။ တစ္ခါတရံ ခဏေလးနဲ႔ ေပ်ာက္သြားေပမယ့္ အခန႔္မသင့္ လွ်င္ ေဆး႐ုံတက္ၿပီး လည္ေခ်ာင္းကေန ခြဲထုတ္ ရတဲ့ အထိ ျဖစ္တတ္ၾကပါတယ္။ဒါ့ေၾကာင့္ ငါးအ႐ိုးမ်က္လွ်င္ အလြယ္တကူ ျပဳလုပ္ႏိုင္မယ့္ အိမ္တြင္း ကုထုံးေလးမ်ားကို ရသမွ် စုစည္း၍ တင္ေပးလိုက္ပါတယ္။ကိုယ္နဲ႔ အဆင္ေျပရာနည္းကို ျပဳလုပ္ ႏိုင္ၾကပါတယ္။

(၁) သံပုရာသီးကို အခြံမာမ်ားခြါ၍ အလုံးကို သြားၾကားထိုးသံျဖင့္ အေပါက္ေလးမ်ား ထိုးဆြထား ၍ေခတၱမ် ငုံထားပါ။ အရည္ကို တေျဖးေျဖး မ်ိဳခ်ေပးပါ။ အခ်ဥ္ဓါတ္က ငါး႐ိုးမ်ားကို တိုက္စား သြားေပ လိမ့္မည္။

(၂) ငွက္ေပ်ာသီး စားပါ။ ဘာငွက္ ေပ်ာသီးျဖစ္ျဖစ္ အဆင္ေျပ ပါသည္။

(၃) ၾကက္ဥအကာကို ေသာက္ေပးပါ။ ငါး႐ိုးသည္ အခြၽဲမ်ားႏွင့္ အတူ က်သြားမည္။

(၄) သံပုရာသီး သို႔မဟုတ္ သံပုယိုသီးကို ၄ စိတ္ခြဲ၍ ပါးစပ္ဟကာ အာေခါင္ထဲကို တစ္စိတ္ခ်င္းစီ အရည္ည်စ္၍ သံပုရာရည္ကို ေခတၱငုံ ထားပါ။ ၿပီးမွ ေရေသာက္လိုက္ပါ။ ငါး႐ိုးမ်က္ျခင္းေပ်ာက္ကင္းသြားလိမ့္မည္။

(၅) ဇီးျဖဴသီးကို အလုံးလိုက္ ဝါးစားၿပီး အရည္ေရာ အဖတ္ပါ မ်ိဳခ်ပါ။ ငါး႐ိုးမ်ား အရည္ေပ်ာ္က်သြားပါလိမ့္မည္။

(၆) ေရမ်ားမ်ား ေသာက္ပါ။ ေသာက္ေရထဲကို ဆားအနည္းငယ္ ခတ္၍ ေသာက္ပါ။ ဆားဓါတ္က ငါး႐ိုးကို အျမတ္ေခ်ဖ်က္ေပးႏိုင္ပါသည္။

(၇) သံလြင္ဆီ အနည္းငယ္ခန႔္ကို ေသာက္ပါ။ ငါး႐ိုးမ်ား ဆီႏွင့္အတူ ေလွ်ာက်သြားမည္။ လည္ေခ်ာင္းနာလည္း ေပ်ာက္မည္။

(၈) လိေမၼာ္ရည္၊ သံပုရာရည္တို႔ကို ေဖ်ာ္ေသာက္ပါ။ ၎တို႔မွာ ပါဝင္သည့္ Citric Acid က ငါး႐ိုးမ်ားကို အျမန္ေက်သြားေစပါသည္။

(၉) ထမင္းပူပူေႏြးေႏြးကို အေနေတာ္ခန႔္ လက္ျဖင့္ဆုပ္လုံး၍ မ်ိဳခ် ပါ။ အာေခါင္တြင္ ကပ္ညႇိေနေသာ ငါးအ႐ိုးမ်ား ေအာက္ကို ထိုးက်သြားပါမည္။

(၁၀) ယခုေခတ္တြင္ ေပါမ်ားေနေသာ Coke, Pepsi စသည့္ ဂက္စ္ပါဝင္သည့္ အခ်ိဳရည္တို႔ကို ေသာက္ပါ။ ငါး႐ိုးကို အျမန္ေပ်ာ့သြားေစပါသည္။ သတိျပဳရန္ – ငါး႐ိုးမ်က္ေနစဥ္ လည္ေခ်ာင္း အျပင္ဘက္မွ ဖိျခင္း၊ ႏွိပ္နယ္ျခင္းမ်ား မျပဳလုပ္ ပါႏွင့္။ သင့္ပတ္ဝန္းက်င္မွာလည္း ငါး႐ိုးမ်က္၍ ဒုကၡေရာက္သူမ်ား အတြက္ ဒီ Post ေလးကို Share ေပးႏိုင္ၾက ပါတယ္။ အားလုံးပဲ ေဘးအႏၲရာယ္ ကင္းရွင္း ႏိုင္ၾကပါေစ။

credit – မူရင္း

နားကျပ်ဂွမ်းက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်

(Unicode)

နားကျပ်ဂွမ်းက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်

====================================

နားသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ရန်အသိဖြင့် နားကျပ်ဂွမ်းဖြင့် ထိုးသွင်းသန့်ရှင်းခြင်းကို ပြုလုပ်ကြသော ကြောင့် အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ် ကလေး ၃၄ ဦးထက်မနည်း အရေးပေါ်ဆေးကုသမှုခံယူ နေကြရကြောင်း အိုဟိုင်းယိုးပြည်နယ်ရှိ Ohio State University မှ သုတေသီများက သတိပေးချက် ထုတ်ပြန်ထားသည်။

နားကျပ်တဲ့ဂွမ်းတွေက ကြည့်လိုက်ရင် ထိခိုက်မှုမပြုနိုင်ဘူးလို့ထင်ရပါတယ်။ နောက်ပြီး နားသန့်ရှင်းရေး ကို မှန်မှန်လုပ်ရမယ်လို့ လူတွေက ထင်ကြပါတယ်။ တစ်ကယ်တော့ နားထဲကို အဲဒီနားကျပ်တဲ့ဂွမ်းနဲ့ မကြာခဏထိုးသွင်းနေကြတဲ့အတွက် ကောင်းကျိုးထက်ဆိုးကျိုးကိုပိုဖြစ်စေပါတယ်ဟု သုတေသီ ဒေါက် တာ Kris Jatana က ပြောပြသည်။

တစ်ကယ်တော့ နားမှာ သူ့အလိုအလျောက် သန့်ရှင်းတဲ့စနစ် ပါဝင်ပါတယ်။ နားဖာချေးက အမှိုက်တွေ ကို ဖမ်းယူပြီး နားရဲ့အပြင်ဘက်ကို တွန်းထုတ်ပေးပါတယ်။ နားအတွင်းပိုင်းကို စိုစွတ်ချောမွေ့စေပါတယ်။ မိုက်ခရိုဗက်တီးရီးယားတွေကိုလည်း သုတ်သင်နိုင်တဲ့အစွမ်း ရှိပါတယ်။

နားဖာချေးက နားအပြင်ဘက်ကို ရောက်လာမှ အဝတ်စအစိုလေးနဲ့ အသာအယာပွတ်ပြီး သန့်ရှင်းရေးလုပ်ပေးရမှာပါ။ နားထဲကို မည်သည့် အရာမှ ထိုးမထည့်တာ အကောင်းဆုံးဖြစ်ပါတယ် ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ နားကျပ်သောဂွမ်းကို ၁၉၂၃ ခုနှစ်က စတင်အသုံးပြုခဲ့ကြောင်း၊ သို့သော် ၁၉၇၀ နောက်ပိုင်းတွင် ၎င်းနား ကျပ်ဂွမ်းများ၏ အန္တရာယ်ကို ဆရာဝန်များက သတိပေးလာကြောင်း၊ ၎င်းဂွမ်းချောင်းများသည် နားဖာချေး ကို ပို၍နက်သောနေရာထဲသို့ တွန်းပို့ပေးနိုင်ကြောင်း၊ နားဖာချေးများ နားအတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် စုမိ၊ခဲမိသွားပြီး နားစည်ပျက်စီးမှုကို ဖြစ်စေနိုင်ကြောင်း သိရသည်။

ထို့အပြင် ထိုးသွင်းချိန်၌ အရှိန်လွန်ပြီး နားစည်ပေါက်သည့်ကလေးများလည်း အများအပြားရှိကြောင်း၊ လွန်ခဲ့သော ၂၁ နှစ်အတွင်း အသက် ၁၈ နှစ်အောက်အရွယ် လူပေါင်း ၂၆၃၀၀၀ ဦးထက်မနည်းသည် နားကျပ်ဂွမ်းကိုအသုံးပြုမိရာမှ နားထိခိုက်ဒဏ်ရာရပြီး ဆေးရုံတက်ရောက်ကာ ဆေးကုသမှုခံယူခဲ့ရ ကြောင်း၊ ၎င်းအရေအတွက်သည် တစ်လလျင် ၁၀၀၀ ဦး၊ တစ်ရက်လျင် ၃၄ ဦးနှင့် ညီမျှကြောင်း သိရ သည်။

(Zawgyi)

နားက်ပ္ဂြမ္းက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကို ပိုျဖစ္ေစႏိုင္

====================================

နားသန္႔ရွင္းေရးကို ပုံမွန္ျပဳလုပ္ရန္အသိျဖင့္ နားက်ပ္ဂြမ္းျဖင့္ ထိုးသြင္းသန္႔ရွင္းျခင္းကို ျပဳလုပ္ၾကေသာ ေၾကာင့္ အေမရိကန္ျပည္ေထာင္စုတြင္ ေန႔စဥ္ ကေလး ၃၄ ဦးထက္မနည္း အေရးေပၚေဆးကုသမႈခံယူ ေနၾကရေၾကာင္း အိုဟိုင္းယိုးျပည္နယ္ရွိ Ohio State University မွ သုေတသီမ်ားက သတိေပးခ်က္ ထုတ္ျပန္ထားသည္။

နားက်ပ္တဲ့ဂြမ္းေတြက ၾကည့္လိုက္ရင္ ထိခိုက္မႈမျပဳႏိုင္ဘူးလို႔ထင္ရပါတယ္။ ေနာက္ၿပီး နားသန္႔ရွင္းေရး ကို မွန္မွန္လုပ္ရမယ္လို႔ လူေတြက ထင္ၾကပါတယ္။ တစ္ကယ္ေတာ့ နားထဲကို အဲဒီနားက်ပ္တဲ့ဂြမ္းနဲ႔ မၾကာခဏထိုးသြင္းေနၾကတဲ့အတြက္ ေကာင္းက်ိဳးထက္ဆိုးက်ိဳးကိုပိုျဖစ္ေစပါတယ္ဟု သုေတသီ ေဒါက္ တာ Kris Jatana က ေျပာျပသည္။

တစ္ကယ္ေတာ့ နားမွာ သူ႔အလိုအေလ်ာက္ သန္႔ရွင္းတဲ့စနစ္ ပါဝင္ပါတယ္။ နားဖာေခ်းက အမႈိက္ေတြ ကို ဖမ္းယူၿပီး နားရဲ႕အျပင္ဘက္ကို တြန္းထုတ္ေပးပါတယ္။ နားအတြင္းပိုင္းကို စိုစြတ္ေခ်ာေမြ႕ေစပါတယ္။ မိုက္ခ႐ိုဗက္တီးရီးယားေတြကိုလည္း သုတ္သင္ႏိုင္တဲ့အစြမ္း ရွိပါတယ္။

နားဖာေခ်းက နားအျပင္ဘက္ကို ေရာက္လာမွ အဝတ္စအစိုေလးနဲ႔ အသာအယာပြတ္ၿပီး သန္႔ရွင္းေရးလုပ္ေပးရမွာပါ။ နားထဲကို မည္သည့္ အရာမွ ထိုးမထည့္တာ အေကာင္းဆုံးျဖစ္ပါတယ္ ဟု ၎က ဆက္လက္ရွင္းျပသည္။ နားက်ပ္ေသာဂြမ္းကို ၁၉၂၃ ခုႏွစ္က စတင္အသုံးျပဳခဲ့ေၾကာင္း၊ သို႔ေသာ္ ၁၉၇၀ ေနာက္ပိုင္းတြင္ ၎နား က်ပ္ဂြမ္းမ်ား၏ အႏၲရာယ္ကို ဆရာဝန္မ်ားက သတိေပးလာေၾကာင္း၊ ၎ဂြမ္းေခ်ာင္းမ်ားသည္ နားဖာေခ်း ကို ပို၍နက္ေသာေနရာထဲသို႔ တြန္းပို႔ေပးႏိုင္ေၾကာင္း၊ နားဖာေခ်းမ်ား နားအတြင္းပိုင္း နက္ရႈိင္းေသာ ေနရာတြင္ စုမိ၊ခဲမိသြားၿပီး နားစည္ပ်က္စီးမႈကို ျဖစ္ေစႏိုင္ေၾကာင္း သိရသည္။

ထို႔အျပင္ ထိုးသြင္းခ်ိန္၌ အရွိန္လြန္ၿပီး နားစည္ေပါက္သည့္ကေလးမ်ားလည္း အမ်ားအျပားရွိေၾကာင္း၊ လြန္ခဲ့ေသာ ၂၁ ႏွစ္အတြင္း အသက္ ၁၈ ႏွစ္ေအာက္အ႐ြယ္ လူေပါင္း ၂၆၃၀၀၀ ဦးထက္မနည္းသည္ နားက်ပ္ဂြမ္းကိုအသုံးျပဳမိရာမွ နားထိခိုက္ဒဏ္ရာရၿပီး ေဆး႐ုံတက္ေရာက္ကာ ေဆးကုသမႈခံယူခဲ့ရ ေၾကာင္း၊ ၎အေရအတြက္သည္ တစ္လလ်င္ ၁၀၀၀ ဦး၊ တစ္ရက္လ်င္ ၃၄ ဦးႏွင့္ ညီမွ်ေၾကာင္း သိရ သည္။

Crd,က်န္းမာေရး

ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထည့်စားခြင်းဟာ ရင်သားကင်ဆာ ပိုဖြစ်စေနိုင်

(Unicode)

ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထည့်စားခြင်းဟာ ရင်သားကင်ဆာ ပိုဖြစ်စေနိုင်

=================================

အမျိုးသမီးတွေမှာ အဖြစ်အများဆုံးနဲ့ ကင်ဆာရောဂါတွေထဲမှာ ဒုတိယအဖြစ်အများဆုံးဖြစ်တဲ့ ရင်သားကင်ဆာရောဂါဟာ အသက်အရွယ် ရလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများတဲ့ ရောဂါတမျိုးပါ။

တခြားသော ကင်ဆာရောဂါတွေလိုပဲ ရင်သားကင်ဆာ ရောဂါဟာလည်း စားသောက် နေထိုင်မှုပုံစံ၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာ စတာတွေနဲ့ ဆက်စပ်နေပြီး အခုနောက်ဆုံး လေ့လာတွေ့ရှိမှုတွေအရ ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်အိတ်နဲ့ ပါဆယ်ထည့်ထားပြီး မကြာခဏ စားသုံးခြင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။

လေ့လာစစ်ဆေးမှု မှတ်တမ်းတွေအရ အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်ပွားမှု အများဆုံး အသက်အရွယ် အပိုင်းအခြားဟာ အသက် ၄၀ ဝန်းကျင် အသက်အရွယ်မှာဖြစ်ပြီး အသက် ၄၀ မကျော်ခင် အရွယ်အပိုင်းအခြားမှာလည်း ဖြစ်ပွားမှုနှုန်း များတယ်လို့ သိရပါတယ်။

အသက် ၄၀ မကျော်ခင် ရင်သားကင်ဆာဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲမှာ စားသောက်မှုပုံစံ၊ မျိုးရိုးလိုက်တာတွေအပြင် နောက်ထပ် အကြောင်းရင်းတခုကတော့ ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်ဘူးတွေ၊ အိတ်တွေနဲ့ ထည့်ထားတဲ့ အစားအစာတွေ စားသောက်မှုနှုန်းများခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပလတ်စတစ်တွေဟာ ပူလွန်းတဲ့အစားအစာနဲ့ ထိတွေ့မိတဲ့အခါ Bisphenol A (BPA) ဆိုတဲ့ ဓာတ်တမျိုးထွက်ရှိလာပြီး အဲဒီ BPA ဓာတ်ဟာ အမျိုးသမီးဟော်မုန်းကို အားနည်းစေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထုပ်ပိုးသယ်ယူပြီး စားသောက်ခြင်းကို အတတ်နိုင်ဆုံး လျှော့ချဖို့ ဆေးပညာရှင်တွေက အကြံပြုပြောဆိုထားပြီး မဖြစ်မနေ ထုပ်ပိုး သယ်ယူရမယ်ဆိုရင်တောင် အပူနဲ့ကြာကြာ မထိတွေ့စေဖို့၊ ပလတ်စတစ် မဟုတ်တဲ့ ကိုယ်ပိုင်ဘူးလို အရာမျိုးတွေကို သယ်ယူသွားဖို့ အကြံပြုထားပါတယ်။

(Zawgyi)

ပူလြန္းတဲ့ အစားအစာေတြကို ပလတ္စတစ္နဲ႔ ထည့္စားျခင္းဟာ ရင္သားကင္ဆာ ပိုျဖစ္ေစႏိုင္

=================================

အမ်ိဳးသမီးေတြမွာ အျဖစ္အမ်ားဆုံးနဲ႔ ကင္ဆာေရာဂါေတြထဲမွာ ဒုတိယအျဖစ္အမ်ားဆုံးျဖစ္တဲ့ ရင္သားကင္ဆာေရာဂါဟာ အသက္အ႐ြယ္ ရလာတာနဲ႔အမွ် ျဖစ္ႏိုင္ေျခ ပိုမ်ားတဲ့ ေရာဂါတမ်ိဳးပါ။

တျခားေသာ ကင္ဆာေရာဂါေတြလိုပဲ ရင္သားကင္ဆာ ေရာဂါဟာလည္း စားေသာက္ ေနထိုင္မႈပုံစံ၊ အဝလြန္တာ၊ ကိုယ္လက္လႈပ္ရွားမႈ နည္းပါးတာ စတာေတြနဲ႔ ဆက္စပ္ေနၿပီး အခုေနာက္ဆုံး ေလ့လာေတြ႕ရွိမႈေတြအရ ပူလြန္းတဲ့ အစားအစာေတြကို ပလတ္စတစ္အိတ္နဲ႔ ပါဆယ္ထည့္ထားၿပီး မၾကာခဏ စားသုံးျခင္းဟာ ရင္သားကင္ဆာျဖစ္ႏိုင္ေျခကို ျမင့္တက္ေစႏိုင္တယ္လို႔ ဆိုပါတယ္။

ေလ့လာစစ္ေဆးမႈ မွတ္တမ္းေတြအရ အမ်ိဳးသမီးေတြ ရင္သားကင္ဆာျဖစ္ပြားမႈ အမ်ားဆုံး အသက္အ႐ြယ္ အပိုင္းအျခားဟာ အသက္ ၄၀ ဝန္းက်င္ အသက္အ႐ြယ္မွာျဖစ္ၿပီး အသက္ ၄၀ မေက်ာ္ခင္ အ႐ြယ္အပိုင္းအျခားမွာလည္း ျဖစ္ပြားမႈႏႈန္း မ်ားတယ္လို႔ သိရပါတယ္။

အသက္ ၄၀ မေက်ာ္ခင္ ရင္သားကင္ဆာျဖစ္ပြားရတဲ့ အေၾကာင္းရင္းေတြထဲမွာ စားေသာက္မႈပုံစံ၊ မ်ိဳး႐ိုးလိုက္တာေတြအျပင္ ေနာက္ထပ္ အေၾကာင္းရင္းတခုကေတာ့ ပူလြန္းတဲ့ အစားအစာေတြကို ပလတ္စတစ္ဘူးေတြ၊ အိတ္ေတြနဲ႔ ထည့္ထားတဲ့ အစားအစာေတြ စားေသာက္မႈႏႈန္းမ်ားျခင္းေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ပလတ္စတစ္ေတြဟာ ပူလြန္းတဲ့အစားအစာနဲ႔ ထိေတြ႕မိတဲ့အခါ Bisphenol A (BPA) ဆိုတဲ့ ဓာတ္တမ်ိဳးထြက္ရွိလာၿပီး အဲဒီ BPA ဓာတ္ဟာ အမ်ိဳးသမီးေဟာ္မုန္းကို အားနည္းေစၿပီး ရင္သားကင္ဆာျဖစ္ႏိုင္ေျခကို ျမင့္တက္ေစတာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔လို႔လည္း ပူလြန္းတဲ့ အစားအစာေတြကို ပလတ္စတစ္နဲ႔ ထုပ္ပိုးသယ္ယူၿပီး စားေသာက္ျခင္းကို အတတ္ႏိုင္ဆုံး ေလွ်ာ့ခ်ဖို႔ ေဆးပညာရွင္ေတြက အႀကံျပဳေျပာဆိုထားၿပီး မျဖစ္မေန ထုပ္ပိုး သယ္ယူရမယ္ဆိုရင္ေတာင္ အပူနဲ႔ၾကာၾကာ မထိေတြ႕ေစဖို႔၊ ပလတ္စတစ္ မဟုတ္တဲ့ ကိုယ္ပိုင္ဘူးလို အရာမ်ိဳးေတြကို သယ္ယူသြားဖို႔ အႀကံျပဳထားပါတယ္။

Ref. mustsharenews
ဟယ္လ္သင္

အစာအိမ်နှင့် ကျောက်ကပ်ကောင်းတဲ့ ဗန်ဒါရွက်

(Unicode)

ဒီနေ့မိသားစုတို့ကို ပြောပြချင်တဲ့ဆေးနည်းက ဗန်ဒါရွက် အစွမ်းထက်ပုံအကြောင်းပါ။

ဗန်ဒါ(ဗာဒံ)ရွက် ဗာဒံသီးဟာ မြေပြန့်ဒေသ ပူအိုက်တဲ့ရာသီဥတုအတွက်တော့ မြန်မြန်နဲ့ လွယ်လွယ်အရိပ်ရလို့၊ တချို့ကမိမိအိမ်ခြံဝင်းမှာ အရိပ်ရအောင် စိုက်ကြတယ်။ နေရာတိုင်းမှာလည်း အလေ့ကျ ပေါက်ပါတယ်။ သို့သော် ဗန်ဒါပင်ရဲ့အစွမ်းကိုတော့ သိသူနည်းပါးပါတယ်။

ဗန်ဒါရွက်(ယခုပုံ)မှာပြထားတဲ့အတိုင်း ဗန်ဒါရွက်အရင့်ကို ၃ခွက်၁ခွက်တင်ကျိူ ပီးသောက်ပေးခြင်းဖြင့် အစာအိမ်လေနာ၊အစာအိမ်အောင့်၊ အစာအဆိပ်သင့်၊ ဝမ်းဖောဝမ်းရောင်၊ ကိုက်ခဲနာကျင်တာတွေ လက်တွေ့ပျောက်တဲ့ဆေးပါ။ ဆန်ပြုတ်ကျိူ သောက်နေရသူ အစာအိမ်သမားတွေအတွက် သဘာဝကပေးတဲ့ ဆေးဖြစ်တယ်။ ဆီးဝမ်းသွေးလေ မကွဲ၊ အထက်လေဆန်ဖြစ်နေရင် ကျိူသောက် ပျောက်တဲ့ဆေးလည်းဖြစ်တယ်။

တချို့က ဗန်ဒါရွက်ကို နေရိပ်မှာလှန်းပီး အမှုန့်လုပ်ပီး လျက်ဆားလျက်သလို စားကြပါတယ်။ အမှုန့်လုပ်သောက်နိူင်ရင်ပိုကောင်းတယ်။ ကျနော် အရင်က အစာအိမ်ရောဂါဝေဒနာကို အလူးအလိမ့်ခံစားခဲ့ရတယ်။ ဆန်ပြုတ်ကို လချီသောက်ရတယ်။ ဆန်ပြုတ်သောက်တိုင်း မျက်ရည်ကျခဲ့ရတယ်။ ဆေးရုံမှာ ၁လကျော်၂လနီးပါး တက်ရောက်ကုသဖူးတယ်။စိတ်ဓာတ်တွေလည်း ကျခဲ့တယ်။ ငါ ဒီရောဂါနဲ့ သေရတော့မယ်ဆိုတဲ့ အသိနဲ့ပါ။ သေမယ့်သေရင်တောင် ကိုယ်စားချင်တာစားပီး သေချင်တယ်။ ကံကောင်းစွာနဲ့ ဗန်ဒါရွက်ရဲ့အစွမ်းသတ္တိကို မြည်းစမ်းခွင့်ရခဲ့တယ်။ ချက်ချင်းပဲ လိုက်ရှာခူးတယ်။ အပင်ကမဝေးပါဘူး။ ကိုယ့်အနီးအးနာမှာပဲ အဆင်သင့်ရှိနေခဲ့တယ်။ ၁၀ရွက်လောက် ကျိူသောက်လိုက်တယ်ဆိုရင်ပဲ နာကျင်ကိုက်ခဲနေတာတွေ တဖြည်းဖြည်းသက်သာလာတယ်။ အချိန် ၁၀မိနစ်ပါပဲ။ သောက်ပီးမကြာဘူးဗိုက်ဆာလာတယ်။ ကြာဇံဟင်းခါး ၂ပွဲဆက်တိုက် သောက်လိုက်တယ်။ ဗန်ဒါရွက်ပြုတ် ထပ်သောက်တယ်။ ထမင်းစားတယ်။ ယူပစ်လိုက်သလိုပဲ လုံးဝကောင်းသွားတယ်။ ဘာမှစားလို့မရတဲ့လူက စားချင်တာစားလို့ ရသွားပီ။ အခုလည်းအိမ်ကသမီး

ကျောက်ကပ်ရောင်လို့ ဗိုက်ကြီးဖောင်းကားနေတာ ဗန်ဒါ ရွက်၂ရက် တနေ့၂ခွက်ပဲ တိုက်လိုက်တယ်။ ဒီနေ့၃ရက်မြောက်နေ့မှာပဲ ဗိုက်ကြီးဖောင်းကားနေတာ လုံးဝလျော့သွားလို့ သမီးလည်း သက်တောင့်သက်သာဖြစ်ပီး အရမ်းပျော်နေပါတယ်။ ဒူးနာခါးနာတွေအတွက် အရွက်မနုမရင့်ကို မီးနဲနဲပြပီး စည်းထား၊ ကြပ်ထုတ်ထိုးထားပေးရင်လည်း သက်သာပျောက်ကင်းပါတယ်။ ဗန်ဒါစေ့ကတော့ နှလုံး၊ ဆီးချိူ၊ သွေးချိူရောဂါသည်တွေအတွက် အထူးကောင်းလို့ စားပေးသင့်ပါတယ်။ ဗန်ဒါစေ့ကို အနောက်နိုင်ငံတွေမှာ ဧည့်ခံပွဲတွေမှာ အထူးဟင်းလျာအဖြစ် တည်ခင်းပါတယ်။ ချောကလက်ထဲမှာ ထည့်သွင်းရောင်းချတယ်။ ၁ ဂရန်ကို ၁၀၀ဒေါ်လာနဲ့ ရောင်းချနေကြတယ်။

သိတဲ့သူက ဗန်ဒါစေ့ကို ထုခွဲစားရင်လည်း အမေးအမြန်းမရှိ တန်းပီးကဲ့ရဲ့ အပြစ်တင်တာတွေရှိတယ်။ ကျနော်တို့မြန်မာပြည်မှာတော့ ပေါပေါရလို့ ရောင်းချသူမပြောနဲ့ စားသုံးသူတောင်မရှိဘူး။ ဟုတ်ကဲ့ပါ စာလည်းရှည်သွားပြီ၊ အပိုတွေလည်းပြောမိသွားပြီ။ စာကိုဆုံးအောင်ဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

Credit – ‎ဆီ မီး ခွက်

(Zawgyi)

ဒီေန႔မိသားစုတို႔ကို ေျပာျပခ်င္တဲ့ေဆးနည္းက ဗန္ဒါ႐ြက္ အစြမ္းထက္ပုံအေၾကာင္းပါ။

ဗန္ဒါ(ဗာဒံ)႐ြက္ ဗာဒံသီးဟာ ေျမျပန႔္ေဒသ ပူအိုက္တဲ့ရာသီဥတုအတြက္ေတာ့ ျမန္ျမန္နဲ႔ လြယ္လြယ္အရိပ္ရလို႔၊ တခ်ိဳ႕ကမိမိအိမ္ၿခံဝင္းမွာ အရိပ္ရေအာင္ စိုက္ၾကတယ္။ ေနရာတိုင္းမွာလည္း အေလ့က် ေပါက္ပါတယ္။ သို႔ေသာ္ ဗန္ဒါပင္ရဲ႕အစြမ္းကိုေတာ့ သိသူနည္းပါးပါတယ္။

ဗန္ဒါ႐ြက္(ယခုပုံ)မွာျပထားတဲ့အတိုင္း ဗန္ဒါ႐ြက္အရင့္ကို ၃ခြက္၁ခြက္တင္က်ိဴ ပီးေသာက္ေပးျခင္းျဖင့္ အစာအိမ္ေလနာ၊အစာအိမ္ေအာင့္၊ အစာအဆိပ္သင့္၊ ဝမ္းေဖာဝမ္းေရာင္၊ ကိုက္ခဲနာက်င္တာေတြ လက္ေတြ႕ေပ်ာက္တဲ့ေဆးပါ။ ဆန္ျပဳတ္က်ိဴ ေသာက္ေနရသူ အစာအိမ္သမားေတြအတြက္ သဘာဝကေပးတဲ့ ေဆးျဖစ္တယ္။ ဆီးဝမ္းေသြးေလ မကြဲ၊ အထက္ေလဆန္ျဖစ္ေနရင္ က်ိဴေသာက္ ေပ်ာက္တဲ့ေဆးလည္းျဖစ္တယ္။

တခ်ိဳ႕က ဗန္ဒါ႐ြက္ကို ေနရိပ္မွာလွန္းပီး အမႈန႔္လုပ္ပီး လ်က္ဆားလ်က္သလို စားၾကပါတယ္။ အမႈန႔္လုပ္ေသာက္ႏိူင္ရင္ပိုေကာင္းတယ္။ က်ေနာ္ အရင္က အစာအိမ္ေရာဂါေဝဒနာကို အလူးအလိမ့္ခံစားခဲ့ရတယ္။ ဆန္ျပဳတ္ကို လခ်ီေသာက္ရတယ္။ ဆန္ျပဳတ္ေသာက္တိုင္း မ်က္ရည္က်ခဲ့ရတယ္။ ေဆး႐ုံမွာ ၁လေက်ာ္၂လနီးပါး တက္ေရာက္ကုသဖူးတယ္။စိတ္ဓာတ္ေတြလည္း က်ခဲ့တယ္။ ငါ ဒီေရာဂါနဲ႔ ေသရေတာ့မယ္ဆိုတဲ့ အသိနဲ႔ပါ။ ေသမယ့္ေသရင္ေတာင္ ကိုယ္စားခ်င္တာစားပီး ေသခ်င္တယ္။ ကံေကာင္းစြာနဲ႔ ဗန္ဒါ႐ြက္ရဲ႕အစြမ္းသတၱိကို ျမည္းစမ္းခြင့္ရခဲ့တယ္။ ခ်က္ခ်င္းပဲ လိုက္ရွာခူးတယ္။ အပင္ကမေဝးပါဘူး။ ကိုယ့္အနီးအးနာမွာပဲ အဆင္သင့္ရွိေနခဲ့တယ္။ ၁၀႐ြက္ေလာက္ က်ိဴေသာက္လိုက္တယ္ဆိုရင္ပဲ နာက်င္ကိုက္ခဲေနတာေတြ တျဖည္းျဖည္းသက္သာလာတယ္။ အခ်ိန္ ၁၀မိနစ္ပါပဲ။ ေသာက္ပီးမၾကာဘူးဗိုက္ဆာလာတယ္။ ၾကာဇံဟင္းခါး ၂ပြဲဆက္တိုက္ ေသာက္လိုက္တယ္။ ဗန္ဒါ႐ြက္ျပဳတ္ ထပ္ေသာက္တယ္။ ထမင္းစားတယ္။ ယူပစ္လိုက္သလိုပဲ လုံးဝေကာင္းသြားတယ္။ ဘာမွစားလို႔မရတဲ့လူက စားခ်င္တာစားလို႔ ရသြားပီ။ အခုလည္းအိမ္ကသမီး

ေက်ာက္ကပ္ေရာင္လို႔ ဗိုက္ႀကီးေဖာင္းကားေနတာ ဗန္ဒါ ႐ြက္၂ရက္ တေန႔၂ခြက္ပဲ တိုက္လိုက္တယ္။ ဒီေန႔၃ရက္ေျမာက္ေန႔မွာပဲ ဗိုက္ႀကီးေဖာင္းကားေနတာ လုံးဝေလ်ာ့သြားလို႔ သမီးလည္း သက္ေတာင့္သက္သာျဖစ္ပီး အရမ္းေပ်ာ္ေနပါတယ္။ ဒူးနာခါးနာေတြအတြက္ အ႐ြက္မႏုမရင့္ကို မီးနဲနဲျပပီး စည္းထား၊ ၾကပ္ထုတ္ထိုးထားေပးရင္လည္း သက္သာေပ်ာက္ကင္းပါတယ္။ ဗန္ဒါေစ့ကေတာ့ ႏွလုံး၊ ဆီးခ်ိဴ၊ ေသြးခ်ိဴေရာဂါသည္ေတြအတြက္ အထူးေကာင္းလို႔ စားေပးသင့္ပါတယ္။ ဗန္ဒါေစ့ကို အေနာက္ႏိုင္ငံေတြမွာ ဧည့္ခံပြဲေတြမွာ အထူးဟင္းလ်ာအျဖစ္ တည္ခင္းပါတယ္။ ေခ်ာကလက္ထဲမွာ ထည့္သြင္းေရာင္းခ်တယ္။ ၁ ဂရန္ကို ၁၀၀ေဒၚလာနဲ႔ ေရာင္းခ်ေနၾကတယ္။

သိတဲ့သူက ဗန္ဒါေစ့ကို ထုခြဲစားရင္လည္း အေမးအျမန္းမရွိ တန္းပီးကဲ့ရဲ႕ အျပစ္တင္တာေတြရွိတယ္။ က်ေနာ္တို႔ျမန္မာျပည္မွာေတာ့ ေပါေပါရလို႔ ေရာင္းခ်သူမေျပာနဲ႔ စားသုံးသူေတာင္မရွိဘူး။ ဟုတ္ကဲ့ပါ စာလည္းရွည္သြားၿပီ၊ အပိုေတြလည္းေျပာမိသြားၿပီ။ စာကိုဆုံးေအာင္ဖတ္ေပးၾကလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်။

Credit – ‎ဆီ မီး ခြက္

မုန့်ကျွဲသည်း လုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်

(Unicode)

မုန့်ကျွဲသည်း လုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်

လွယ်လွယ်ကူကူနဲ့ မုန့်ကျွဲသည်း လုပ်စားမလား။ ကလေးကော လူကြီးတွေအတွက် သင့်တော်တဲ့ မုန့်လေးပါ။ လွယ်ကူပြီး စားကောင်းတာမို့လက်မလွတ်သင့်ပါဘူး။ လုပ်ကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ

၁။ ဆန်စိမ်းမှုန့် – ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း

၂။ ကွမ်းယာမှာထည့်တဲ့ စားထုံး (lime stone) – လက်ဖက်ရည်ဇွန်း တဝက်

၃။ ရေ – ၁ လီတာ

၅။ ညောင်စေးကျအောင်ကြိုထားသော ထန်းလျက်ရည် – ထမင်းစားဇွန်း ၈ ဇွန်း

၆။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ

၇။ ဆီ – ထမင်းစားဇွန်း ၂ ဇွန်း

၈။ အုံးသီးခြစ်ဖတ်

ပြုလုပ်နည်း

၁။ ထုံးကို ရေ၁ လီတာထဲထည့်ပြီး ကြက်ဥခလောက်တံဖြင့်နာနာခလေက်ပါ။ ပြီးရင်အနည်းဆုံး ၈ နာရီခန့် ထားပါ။

၂။ ထုံးကို ၈ နာရီခန့်ရေစိမ်ပြီးရင် အပေါ်ထုံးရည်ကြည်ကို ၇၅၀ မီလီလီတာကို ယူပါ။

(ထုံးရည်ကြည်ယူလျှင် စိမ်ထားတဲ့ ဇလုံကို ဘေးစောင်းပြီး ရေကိုအခြားခွက်ထဲကို ဖြည်းဖြည်းချင်းလောင်းယူပါ။ ထုံးရည်ကို ခပ်ပြီးမယူရပါ။ ခပ်ပြီးယူရင်ထုံးတွေပါလာတတ်ပါတယ်။)

၃။ ဇလုံတခုထဲမှာ ဆန်စိမ်းမှုန့်၊ ထုံးရည်ကြည် ၇၅၀ မီလီလီတာ၊ ဆား၊ ထန်းလျက်ရည်၊ ဆီတို့ကိုထည့်ရျ် သမအောင်လုပ်ပါ။

၄။ ထို့နောက် မကပ်တဲ့ အိုးထဲကို ဖျော်ထားသော အရည်များထည့်ရျ် အပူပေးပါ။

၅။ အပူပေးထားသောအိုးကို အဆက်မပျက်မွှေပေးပါ။ ၁၅ မိနစ်လောက်မွှေပြီးလျှင် ပုံမှာပြထားသလိုပျစ်လာပါလိမ့်မည်။

၆။ ပုံမှာပြထားသလိုပျစ်လာလျှင် ဆီသုတ်ထားသော မုန့်ထည့်အအေးခံမည့် ထဲကိုထည့်ပါ။ထို့နောက်အအေးခံပါ။

၇။ လုံးဝအေးသွားလျှင် ကြိုက်နှစ်သက်သလိုလှီး၍အုန်းသီးဖြူးပြီး သုံးဆောင်နိုင်ပါပြီရှင်။

Credit- Ei Sans Home made Inspiration

(Zawgyi)

မုန႔္ကြၽဲသည္း လုပ္နည္းေလးကိုေဖာ္ျပေပးလိုက္ပါတယ္

လြယ္လြယ္ကူကူနဲ႔ မုန႔္ကြၽဲသည္း လုပ္စားမလား။ ကေလးေကာ လူႀကီးေတြအတြက္ သင့္ေတာ္တဲ့ မုန႔္ေလးပါ။ လြယ္ကူၿပီး စားေကာင္းတာမို႔လက္မလြတ္သင့္ပါဘူး။ လုပ္ၾကည့္ရေအာင္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား

၁။ ဆန္စိမ္းမႈန႔္ – ၁ ခြက္ = ထမင္းစားဇြန္း ၁၆ ဇြန္း

၂။ ကြမ္းယာမွာထည့္တဲ့ စားထုံး (lime stone) – လက္ဖက္ရည္ဇြန္း တဝက္

၃။ ေရ – ၁ လီတာ

၅။ ေညာင္ေစးက်ေအာင္ႀကိဳထားေသာ ထန္းလ်က္ရည္ – ထမင္းစားဇြန္း ၈ ဇြန္း

၆။ ဆား – လက္ဖက္ရည္ဇြန္း ေလးပုံတပုံ

၇။ ဆီ – ထမင္းစားဇြန္း ၂ ဇြန္း

၈။ အုံးသီးျခစ္ဖတ္

ျပဳလုပ္နည္း

၁။ ထုံးကို ေရ၁ လီတာထဲထည့္ၿပီး ၾကက္ဥခေလာက္တံျဖင့္နာနာခေလက္ပါ။ ၿပီးရင္အနည္းဆုံး ၈ နာရီခန႔္ ထားပါ။

၂။ ထုံးကို ၈ နာရီခန႔္ေရစိမ္ၿပီးရင္ အေပၚထုံးရည္ၾကည္ကို ၇၅၀ မီလီလီတာကို ယူပါ။

(ထုံးရည္ၾကည္ယူလွ်င္ စိမ္ထားတဲ့ ဇလုံကို ေဘးေစာင္းၿပီး ေရကိုအျခားခြက္ထဲကို ျဖည္းျဖည္းခ်င္းေလာင္းယူပါ။ ထုံးရည္ကို ခပ္ၿပီးမယူရပါ။ ခပ္ၿပီးယူရင္ထုံးေတြပါလာတတ္ပါတယ္။)

၃။ ဇလုံတခုထဲမွာ ဆန္စိမ္းမႈန႔္၊ ထုံးရည္ၾကည္ ၇၅၀ မီလီလီတာ၊ ဆား၊ ထန္းလ်က္ရည္၊ ဆီတို႔ကိုထည့္ရ်္ သမေအာင္လုပ္ပါ။

၄။ ထို႔ေနာက္ မကပ္တဲ့ အိုးထဲကို ေဖ်ာ္ထားေသာ အရည္မ်ားထည့္ရ်္ အပူေပးပါ။

၅။ အပူေပးထားေသာအိုးကို အဆက္မပ်က္ေမႊေပးပါ။ ၁၅ မိနစ္ေလာက္ေမႊၿပီးလွ်င္ ပုံမွာျပထားသလိုပ်စ္လာပါလိမ့္မည္။

၆။ ပုံမွာျပထားသလိုပ်စ္လာလွ်င္ ဆီသုတ္ထားေသာ မုန႔္ထည့္အေအးခံမည့္ ထဲကိုထည့္ပါ။ထို႔ေနာက္အေအးခံပါ။

၇။ လုံးဝေအးသြားလွ်င္ ႀကိဳက္ႏွစ္သက္သလိုလွီး၍အုန္းသီးျဖဴးၿပီး သုံးေဆာင္ႏိုင္ပါၿပီရွင္။

Credit- Ei Sans Home made Inspiration

ညောင်းကျရောဂါအတွက် ကနဖေါ့

(Unicode)

ညောင်းကျရောဂါအတွက် ကနဖေါ့

========================

ဦးနှောက်ပူ ခြင်း၊ဖောရောင်ခြင်း၊နာဗ် ကြောနှင့် အကြောရောဂါ အမျိုးမျိုးအတွက်

ကနဖော့ပင်

ကနဖော့ပင်သည် မြန်မာနိုင်ငံ နေရာအနှံ့အပြား ရွှံ့နွံများ၌ပေါက်ရောက်သည်။

ဆီးပူညောင်းကျကနဖော့ သတ္တုရည်ကို သကြားနှင့်စပ်သောက်ပါကဆီးပူညောင်းကျနာပျောက်၏။

ဦးနှောက်ပူခြင်း

ကနဖော့အရွက်များကြိတ်၍ဦးခေါင်းတွင်အုံပေးပါဦးနှောက်ပူခြင်းကိုအေးစေ၏။

ဖောရောင်ခြင်းအတွက် ကနဖော့၊ငါးကြင်း၊ မန်ကျည်းမှည့်နှင့် ချဉ်ဟင်းချက်စားပါ။

အစိမ်းဖော ကိုယ်ရောင် ကနဖော့ပြုတ်ရည်ဖြင့်ချိုးပါ။

နှာစေးပါက ကနဖော့ရွက်ကိုကြော်ချက်စားပါ။

ကိုယ်အရေပြားရောဂါ ကနဖော့ရွက်ကို ဆိတ်အချင်း၊သံပရာရည်ချဉ်ချဉ်နှင့်ချက်စားပါ။

အပူလောင်နာ ကနဖော့ရွက်ကို ကျွဲသားဖြင့်ချက်စားပါကအပူလောင်နာပျောက်သည်။

သည်းခြေပျက်ရောဂါ ကနဖော့ရွက်ကို ကြက်အသည်းအမြစ်နှင့်ချက်စားပါကသည်းခြေပျက်ရောဂါပျောက်ကင်းသည်။

သလိပ်

ကနဖော့ရွက်သတ္တုရည် ကို ချင်း၊ထန်းလျက်ပြုတ်ရည်နှင့်ရောစပ်သောက်ပါ။

အကြောတက်ရောဂါ

ကနဖော့ သတ္တုရည်ကို နွားနို့ ထန်းလျက်နှင့်ခပ်သောက်ပါ။ ဆိတ်နို့ထန်းလျက်နှင့်ကျိုသောက်လျင် အကြောပြေသည်။

နာဗ်ကြောအားကောင်းစေရန် ကနဖော့သတ္တုရည်ကို ပျားရည်နှင့်စပ်သောက်ပါ။

ကာမအားစွမ်းစေရန် ကနဖော့ကို ထောပတ်နှင့်ကြော်စားပါ။ကနဖော့သည် အကြောရောဂါအမျိုးမျိုးအတွက်ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါသည်။

အသားအရေကြည်လင်လှပစေရန်ကနဖော့ရွက်အစိမ်းနုပ်နုပ်စင်း၍သုပ်စားနိုင်ပါသည်။ကနဖော့ရွက်ကိုဘဲသားနှင့်ချက်စားပါကကိုယ်သားကိုယ်ရေအေးစေသည်။

(Zawgyi)

ေညာင္းက်ေရာဂါအတြက္ ကနေဖါ့

========================

ဦးေႏွာက္ပူ ျခင္း၊ေဖာေရာင္ျခင္း၊နာဗ္ ေၾကာႏွင့္ အေၾကာေရာဂါ အမ်ိဳးမ်ိဳးအတြက္

ကနေဖာ့ပင္

ကနေဖာ့ပင္သည္ ျမန္မာႏိုင္ငံ ေနရာအႏွံ႔အျပား ႐ႊံ႕ႏြံမ်ား၌ေပါက္ေရာက္သည္။

ဆီးပူေညာင္းက်ကနေဖာ့ သတၱဳရည္ကို သၾကားႏွင့္စပ္ေသာက္ပါကဆီးပူေညာင္းက်နာေပ်ာက္၏။

ဦးေႏွာက္ပူျခင္း

ကနေဖာ့အ႐ြက္မ်ားႀကိတ္၍ဦးေခါင္းတြင္အုံေပးပါဦးေႏွာက္ပူျခင္းကိုေအးေစ၏။

ေဖာေရာင္ျခင္းအတြက္ ကနေဖာ့၊ငါးၾကင္း၊ မန္က်ည္းမွည့္ႏွင့္ ခ်ဥ္ဟင္းခ်က္စားပါ။

အစိမ္းေဖာ ကိုယ္ေရာင္ ကနေဖာ့ျပဳတ္ရည္ျဖင့္ခ်ိဳးပါ။

ႏွာေစးပါက ကနေဖာ့႐ြက္ကိုေၾကာ္ခ်က္စားပါ။

ကိုယ္အေရျပားေရာဂါ ကနေဖာ့႐ြက္ကို ဆိတ္အခ်င္း၊သံပရာရည္ခ်ဥ္ခ်ဥ္ႏွင့္ခ်က္စားပါ။

အပူေလာင္နာ ကနေဖာ့႐ြက္ကို ကြၽဲသားျဖင့္ခ်က္စားပါကအပူေလာင္နာေပ်ာက္သည္။

သည္းေျခပ်က္ေရာဂါ ကနေဖာ့႐ြက္ကို ၾကက္အသည္းအျမစ္ႏွင့္ခ်က္စားပါကသည္းေျခပ်က္ေရာဂါေပ်ာက္ကင္းသည္။

သလိပ္

ကနေဖာ့႐ြက္သတၱဳရည္ ကို ခ်င္း၊ထန္းလ်က္ျပဳတ္ရည္ႏွင့္ေရာစပ္ေသာက္ပါ။

အေၾကာတက္ေရာဂါ

ကနေဖာ့ သတၱဳရည္ကို ႏြားႏို႔ ထန္းလ်က္ႏွင့္ခပ္ေသာက္ပါ။ ဆိတ္ႏို႔ထန္းလ်က္ႏွင့္က်ိဳေသာက္လ်င္ အေၾကာေျပသည္။

နာဗ္ေၾကာအားေကာင္းေစရန္ ကနေဖာ့သတၱဳရည္ကို ပ်ားရည္ႏွင့္စပ္ေသာက္ပါ။

ကာမအားစြမ္းေစရန္ ကနေဖာ့ကို ေထာပတ္ႏွင့္ေၾကာ္စားပါ။ကနေဖာ့သည္ အေၾကာေရာဂါအမ်ိဳးမ်ိဳးအတြက္ေဆးစြမ္းေကာင္းတစ္လက္ျဖစ္ပါသည္။

အသားအေရၾကည္လင္လွပေစရန္ကနေဖာ့႐ြက္အစိမ္းႏုပ္ႏုပ္စင္း၍သုပ္စားႏိုင္ပါသည္။ကနေဖာ့႐ြက္ကိုဘဲသားႏွင့္ခ်က္စားပါကကိုယ္သားကိုယ္ေရေအးေစသည္။

Crd,သမားေတာ္ႀကီး ဦးေသာင္းေ႐ႊ

မြေပဲကိုပြုတ်စားပေးပါက ဓာတ်မတည့်မှုအခြေအနေ သက်သာပျောက်ကင်းနိုင်

(Unicode)

မြေပဲကိုပြုတ်စားပေးပါက ဓာတ်မတည့်မှုအခြေအနေ သက်သာပျောက်ကင်းနိုင်

================================

ဗြိတိန်နိုင်ငံမှာဆိုရင် လူ ၁၀၀ မှာ တစ်ယောက်နှုန်းနဲ့ မြေပဲ ဓာတ်မတည့်မှုအခြေအနေရှိနေတာဖြစ်ပြီး မြေပဲပါတဲ့အစားအစာတွေစားသုံးမိလို့ အခန့်မသင့်ရင် ပြင်းထန်တဲ့လက္ခဏာတွေနဲ့ အသက်သေဆုံးတဲ့အထိ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

အင်ပီရီး ယယ်ကောလိပ်လန်ဒန်မှ သုတေသနလေ့လာမှုအရ မြေပဲတွေ ကို မိနစ် ၂၀ ကနေ နာရီဝက်ကြာမျှ ရေနဲ့ထည့်ပြုတ်လိုက်မယ်ဆို ရင် ပြင်းထန်တဲ့ဓာတ်မတည့်တုံ့ပြန်မှုတွေဖြစ်စေနိုင်တဲ့ ပရိုတင်း ဓာတ်တချို့ကို စွန့်ထုတ်ဆေးကြောပစ်လိုက်သလိုဖြစ်သွား တယ်လို့ ဆိုပါတယ်။

ဆေးပညာဆိုင်ရာကြီးကြပ် စောင့်ရှောက် မှုအောက်မှာ မြေပဲဓာတ်မတည့်သူတွေကို ပြုတ်ပြီးသားမြေပဲ နည်းနည်းချင်းစီကို တစ်ပတ်ကို ခြောက်လုံးကနေ တစ်နှစ်ကျော် ကြာတဲ့အခါ တစ်ပတ်ရှစ်လုံးထိ တိုးကျွေးသွားကာ ဓာတ်မတည့် မှုတုံ့ပြန်တာကို နှိမ်နင်းနိုင်လာအောင် ကျင့်ပေးတဲ့နည်းနဲ့ မြေပဲ ဓာတ်မတည့်မှုသက်သာပျောက်ကင်းသွားစေနိုင်တယ်လို့ လေ့ လာမှုက ဆိုပါတယ်။

(Zawgyi)

ေျမပဲကိုျပဳတ္စားေပးပါက ဓာတ္မတည့္မႈအေျခအေန သက္သာေပ်ာက္ကင္းႏိုင္

================================

ၿဗိတိန္ႏိုင္ငံမွာဆိုရင္ လူ ၁၀၀ မွာ တစ္ေယာက္ႏႈန္းနဲ႔ ေျမပဲ ဓာတ္မတည့္မႈအေျခအေနရွိေနတာျဖစ္ၿပီး ေျမပဲပါတဲ့အစားအစာေတြစားသုံးမိလို႔ အခန႔္မသင့္ရင္ ျပင္းထန္တဲ့လကၡဏာေတြနဲ႔ အသက္ေသဆုံးတဲ့အထိ အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။

အင္ပီရီး ယယ္ေကာလိပ္လန္ဒန္မွ သုေတသနေလ့လာမႈအရ ေျမပဲေတြ ကို မိနစ္ ၂၀ ကေန နာရီဝက္ၾကာမွ် ေရနဲ႔ထည့္ျပဳတ္လိုက္မယ္ဆို ရင္ ျပင္းထန္တဲ့ဓာတ္မတည့္တုံ႔ျပန္မႈေတြျဖစ္ေစႏိုင္တဲ့ ပ႐ိုတင္း ဓာတ္တခ်ိဳ႕ကို စြန႔္ထုတ္ေဆးေၾကာပစ္လိုက္သလိုျဖစ္သြား တယ္လို႔ ဆိုပါတယ္။

ေဆးပညာဆိုင္ရာႀကီးၾကပ္ ေစာင့္ေရွာက္ မႈေအာက္မွာ ေျမပဲဓာတ္မတည့္သူေတြကို ျပဳတ္ၿပီးသားေျမပဲ နည္းနည္းခ်င္းစီကို တစ္ပတ္ကို ေျခာက္လုံးကေန တစ္ႏွစ္ေက်ာ္ ၾကာတဲ့အခါ တစ္ပတ္ရွစ္လုံးထိ တိုးေကြၽးသြားကာ ဓာတ္မတည့္ မႈတုံ႔ျပန္တာကို ႏွိမ္နင္းႏိုင္လာေအာင္ က်င့္ေပးတဲ့နည္းနဲ႔ ေျမပဲ ဓာတ္မတည့္မႈသက္သာေပ်ာက္ကင္းသြားေစႏိုင္တယ္လို႔ ေလ့ လာမႈက ဆိုပါတယ္။

Crd,Good Health Journal

လေးဖက်နာကို ဆေးရုံဆေးခန်းသွားစရာမလိုတဲ့ အလွယ်ကူဆုံးဆေးနည်း

(Unicode)

လေးဖက်နာကို ဆေးရုံဆေးခန်းသွားစရာမလိုတဲ့ အလွယ်ကူဆုံးဆေးနည်း

ဆေးနည်း(၁) – တရုတ်စကားပွင့်ကို နေရိပ်တွင် အခြောက်လှမ်းထား၍ လေလုံအောင် သိမ်းထားကာ တစ်ခါသုပ်စာကို ပြုတ်၍ အခြားအသုပ်များသုပ်သလို မကြာခဏ သုပ်စားပါ။

ဆေးနည်း (၂) – မြင်းခွါရွက်ကို ရေစင်အောင်ဆေးကြောပြီး အရည်ညှစ်ယူကာ ၃ ဇွန်းခန့်ကို ပျားရည်တစ်ဇွန်းဖြင့် ရောစပ်၍ တစ်နေ့ (၂)ကြိမ် သောက်ပါ။

ဆေးနည်း(၃) – တောင်မရိုးပင်အခေါက်မှုန့် ၁၀သား၊ မြင်းခွါ(နွယ်)အခြောက်မှုန့် ၁၀ သား၊ ပဲနံ့သာစေ့ ၅ ကျပ်သား၊ ဆင်တုံးမနွယ် ၅ ကျပ်သား၊ နံ့သာနီ ၃ ကျပ်သား၊ ကရဝေးရွက် ၂ ကျပ်သား၊ စူဠာနဖာ ၂ ကပြွသား၊ ဆေးပုလဲ ၂ ကျပ်သား၊ မုတ်ခါးစစ်စစ် ၁ ကျပ်သား (ဆေးအားလုံးကို ပရဆေးဆိုင်များတွင် မေးဝယ်နိုင်သည်)။၎င်းဆေးများကို ရောကြိတ်ပြီး ဆေးမှုန့်ကို ပျားရည် ၂၅ ကျပ်သားဖြင့် နယ်ထား၍ လေလုံသည့် အဝကျယ်ပုလင်းတွင် ထည့်ထားကာ ဟင်းစားဇွန်း ၁ ဇွန်းခန့်ကို မနက်၊ ည တစ်နေ့ (၂) ကြိမ်၊ တစ်လခွဲ စားပါ။ လွယ်ကူသက်သာပြီး တကယ်ထိရောက်သည့် သဘာဝဆေးနည်းလေးဖြစ်ပါသည်။

Credit –စောနွဲ့နေဆိုင်(ပူတာအို)

(Zawgyi)

ေလးဖက္နာကို ေဆး႐ုံေဆးခန္းသြားစရာမလိုတဲ့ အလြယ္ကူဆုံးေဆးနည္း

ေဆးနည္း(၁) – တ႐ုတ္စကားပြင့္ကို ေနရိပ္တြင္ အေျခာက္လွမ္းထား၍ ေလလုံေအာင္ သိမ္းထားကာ တစ္ခါသုပ္စာကို ျပဳတ္၍ အျခားအသုပ္မ်ားသုပ္သလို မၾကာခဏ သုပ္စားပါ။

ေဆးနည္း (၂) – ျမင္းခြါ႐ြက္ကို ေရစင္ေအာင္ေဆးေၾကာၿပီး အရည္ညႇစ္ယူကာ ၃ ဇြန္းခန႔္ကို ပ်ားရည္တစ္ဇြန္းျဖင့္ ေရာစပ္၍ တစ္ေန႔ (၂)ႀကိမ္ ေသာက္ပါ။

ေဆးနည္း(၃) – ေတာင္မ႐ိုးပင္အေခါက္မႈန႔္ ၁၀သား၊ ျမင္းခြါ(ႏြယ္)အေျခာက္မႈန႔္ ၁၀ သား၊ ပဲနံ႔သာေစ့ ၅ က်ပ္သား၊ ဆင္တုံးမႏြယ္ ၅ က်ပ္သား၊ နံ႔သာနီ ၃ က်ပ္သား၊ ကရေဝး႐ြက္ ၂ က်ပ္သား၊ စူဠာနဖာ ၂ ကႁပြသား၊ ေဆးပုလဲ ၂ က်ပ္သား၊ မုတ္ခါးစစ္စစ္ ၁ က်ပ္သား (ေဆးအားလုံးကို ပရေဆးဆိုင္မ်ားတြင္ ေမးဝယ္ႏိုင္သည္)။၎ေဆးမ်ားကို ေရာႀကိတ္ၿပီး ေဆးမႈန႔္ကို ပ်ားရည္ ၂၅ က်ပ္သားျဖင့္ နယ္ထား၍ ေလလုံသည့္ အဝက်ယ္ပုလင္းတြင္ ထည့္ထားကာ ဟင္းစားဇြန္း ၁ ဇြန္းခန႔္ကို မနက္၊ ည တစ္ေန႔ (၂) ႀကိမ္၊ တစ္လခြဲ စားပါ။ လြယ္ကူသက္သာၿပီး တကယ္ထိေရာက္သည့္ သဘာဝေဆးနည္းေလးျဖစ္ပါသည္။

Credit –ေစာႏြဲ႕ေနဆိုင္(ပူတာအို)

ရောဂါဆယ်မျိူးကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းရှိတဲ့ ဆိပ်ဖလူးပင်၊ အပွင့်၊ အခေါက်

(Unicode)

ရောဂါဆယ်မျိူးကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းရှိတဲ့ ဆိပ်ဖလူးပင်၊ အပွင့်၊ အခေါက်

တန်ဖိုးကြီးသောဆေးပွင့် မူးဝေငိုက် မျဉ်းခြင်းကို ပယ်ပျောက်စေ နိုင်ပြီး စိတ်ကိုကြည်နူးစေသော ဆေးပွင့်။ သွေးဆေးဖော်စပ် ရာတွင် အသုံးပြုသော ဆေးပွင့်ဖြစ်သည်။ ဆိပ်ဖလူးပင်၏ ပဥ္စငါးပါးသည် ဆံပင်ကို အကျိုးပြုသည်။ ဆံပင်ကျွတ်သောရောဂါကို ကောင်း၏။ မီးယပ်သွေးလွန်၊ မြင်းသရိုက်ရောဂါ၊ အဆစ်ရောင်၊ သုတ်အားနည်းခြင်း၊ ဆီးလွန်ရောဂါ၊ ကလေးသန်ထိုးသောရောဂါ၊ တိရိစ္ဆာန်များ အဆိပ်သင့်သောရောဂါတို့ကို ပျောက်ကင်းစေသည်။ ကိုယ်ဝန်ကို ကြီးထွားစေသည်။

(၁) ဆိပ်ဖလူးပွင့်ကို စုဆောင်း အမှုန့်ကြိတ်၍ သကြား နှင့် ရောစပ်၍ နေ့လယ် လဖက်စားဇွန်း တစ်ဇွန်းမှှန်မှန်သောက်ပါက အမျိုးသားများ သုတ်သွေးအားကောင်းစေ သည်။

(၂) ဆိပ်ဖလူးပွင့်ကို သကြားနှင့် ကြော်စားလျှင် မိန်းမတို့ ဘုန်းဆံထုံး ဆိုသည့် အတိုင်း အမျိုး သမီးများ ဆံံပင်ကောင်းစေ သန်စေသည်။

(၃) ဆိပ်ဖလူးပွင့်ကို ကြက်သားနှင့် ကြော်စားလျင် ကိုယ်ဝန်ကို ကြီးထွားစေ သည်။ သန်မာထွားကျိုင်းသော သားသမီး ရတနာ၏ မိခင်ဖြစ်မည်။

(၄) ဆိပ်ဖလူးပွင့် သတ္တရည်ကို ဆန်ဆေးရည်နှင့် သကြားအနည်းငယ် ခပ်သောက် ပါက အပုပ်ဆန်သောရောဂါ ပျောက်သည်။

(၅) ဆိပ်ဖလူးပွင့် နုနုလက် တစ်ဆုပ်နှင့် ငရုတ်ကောင်း (၇)စေ့ ကြိတ်၍ သောက်လျှင် အမျိုးသမီး များမီးယပ်သွေးလွန် ပျောက်၏။

(၆) ဆိပ်ဖလူးပွင့်အခြောက်ကို လဖက်ခြောက် သဖွယ်သောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏။(မှတ်ချက် ဓာတ်ဘူးထဲက ညသိပ်ရေနွေး မသောက်ပါနှင့်)

(၇) အရေပြားပေါ်မှာဖြစ်သော ယားနာအမျိုးမျိုး တို့အတွက် ဆိပ်ဖလူးပွင့်ကို နို့(သို့)နို့မှုန့်နှင့် ကြိတ်၍ လိမ်းပေးပါက ပျောက်သည်။

(၈) ဦးခေါင်း၌ဖြစ်သော ဒက်ကို ဆိပ်ဖလူးပွင့်ခြောက် အုန်းဆီနှင့်ချက်၍ လိမ်းပေးလျှင်သက်သာပျောက်ကင်းသည်။

(၉) ဆိပ်ဖလူးရွက်သတ္တုရည်တွင် ဆားခပ်၍ လဖက်ရည်ဇွန်းတစ်ဇွန်း တိုက်ပါက သန်ကောင်များ အထွေးလိုက် ကျဆင်းစေပါသည်။

(၁၀) ဆိပ်ဖလူးရွက် သုံးခွက် တစ်ခွက်တင် ကျိုသောက်ပါက ဆီးခဏခဏ သွားရသော ဆီးလွန်ရောဂါဝေဒ နာကို သက်သာ ပျောက်ကင်းစေပါသည်။

Credit – သမားတော်ကြီးဦးသောင်းရွှေ

(Zawgyi)

ေရာဂါဆယ္မ်ိဴးကို ေပ်ာက္ကင္းေစႏိုင္တဲ့ အစြမ္းရွိတဲ့ ဆိပ္ဖလူးပင္၊ အပြင့္၊ အေခါက္

တန္ဖိုးႀကီးေသာေဆးပြင့္ မူးေဝငိုက္ မ်ဥ္းျခင္းကို ပယ္ေပ်ာက္ေစ ႏိုင္ၿပီး စိတ္ကိုၾကည္ႏူးေစေသာ ေဆးပြင့္။ ေသြးေဆးေဖာ္စပ္ ရာတြင္ အသုံးျပဳေသာ ေဆးပြင့္ျဖစ္သည္။ ဆိပ္ဖလူးပင္၏ ပၪၥငါးပါးသည္ ဆံပင္ကို အက်ိဳးျပဳသည္။ ဆံပင္ကြၽတ္ေသာေရာဂါကို ေကာင္း၏။ မီးယပ္ေသြးလြန္၊ ျမင္းသ႐ိုက္ေရာဂါ၊ အဆစ္ေရာင္၊ သုတ္အားနည္းျခင္း၊ ဆီးလြန္ေရာဂါ၊ ကေလးသန္ထိုးေသာေရာဂါ၊ တိရိစာၦန္မ်ား အဆိပ္သင့္ေသာေရာဂါတို႔ကို ေပ်ာက္ကင္းေစသည္။ ကိုယ္ဝန္ကို ႀကီးထြားေစသည္။

(၁) ဆိပ္ဖလူးပြင့္ကို စုေဆာင္း အမႈန႔္ႀကိတ္၍ သၾကား ႏွင့္ ေရာစပ္၍ ေန႔လယ္ လဖက္စားဇြန္း တစ္ဇြန္းမွွန္မွန္ေသာက္ပါက အမ်ိဳးသားမ်ား သုတ္ေသြးအားေကာင္းေစ သည္။

(၂) ဆိပ္ဖလူးပြင့္ကို သၾကားႏွင့္ ေၾကာ္စားလွ်င္ မိန္းမတို႔ ဘုန္းဆံထုံး ဆိုသည့္ အတိုင္း အမ်ိဳး သမီးမ်ား ဆံံပင္ေကာင္းေစ သန္ေစသည္။

(၃) ဆိပ္ဖလူးပြင့္ကို ၾကက္သားႏွင့္ ေၾကာ္စားလ်င္ ကိုယ္ဝန္ကို ႀကီးထြားေစ သည္။ သန္မာထြားက်ိဳင္းေသာ သားသမီး ရတနာ၏ မိခင္ျဖစ္မည္။

(၄) ဆိပ္ဖလူးပြင့္ သတၱရည္ကို ဆန္ေဆးရည္ႏွင့္ သၾကားအနည္းငယ္ ခပ္ေသာက္ ပါက အပုပ္ဆန္ေသာေရာဂါ ေပ်ာက္သည္။

(၅) ဆိပ္ဖလူးပြင့္ ႏုႏုလက္ တစ္ဆုပ္ႏွင့္ င႐ုတ္ေကာင္း (၇)ေစ့ ႀကိတ္၍ ေသာက္လွ်င္ အမ်ိဳးသမီး မ်ားမီးယပ္ေသြးလြန္ ေပ်ာက္၏။

(၆) ဆိပ္ဖလူးပြင့္အေျခာက္ကို လဖက္ေျခာက္ သဖြယ္ေသာက္ေသာ္ အဆစ္ေရာင္ေရာဂါ ေပ်ာက္၏။(မွတ္ခ်က္ ဓာတ္ဘူးထဲက ညသိပ္ေရေႏြး မေသာက္ပါႏွင့္)

(၇) အေရျပားေပၚမွာျဖစ္ေသာ ယားနာအမ်ိဳးမ်ိဳး တို႔အတြက္ ဆိပ္ဖလူးပြင့္ကို ႏို႔(သို႔)ႏို႔မႈန႔္ႏွင့္ ႀကိတ္၍ လိမ္းေပးပါက ေပ်ာက္သည္။

(၈) ဦးေခါင္း၌ျဖစ္ေသာ ဒက္ကို ဆိပ္ဖလူးပြင့္ေျခာက္ အုန္းဆီႏွင့္ခ်က္၍ လိမ္းေပးလွ်င္သက္သာေပ်ာက္ကင္းသည္။

(၉) ဆိပ္ဖလူး႐ြက္သတၱဳရည္တြင္ ဆားခပ္၍ လဖက္ရည္ဇြန္းတစ္ဇြန္း တိုက္ပါက သန္ေကာင္မ်ား အေထြးလိုက္ က်ဆင္းေစပါသည္။

(၁၀) ဆိပ္ဖလူး႐ြက္ သုံးခြက္ တစ္ခြက္တင္ က်ိဳေသာက္ပါက ဆီးခဏခဏ သြားရေသာ ဆီးလြန္ေရာဂါေဝဒ နာကို သက္သာ ေပ်ာက္ကင္းေစပါသည္။

Credit – သမားေတာ္ႀကီးဦးေသာင္းေ႐ႊ