Category: ဗဟုတုသ

  • အိန္ဒိယလူမျိုးတွေရဲ့ ထူးထူးဆန်းဆန်း ယုံကြည်မှုများအကြောင်း

    [Unicode version]

    အိန္ဒိယလူမျိုးတွေရဲ့ ထူးထူးဆန်းဆန်း ယုံကြည်မှုများအကြောင်း

    အိန္ဒိယလူမျိုးအများစုဟာ ရှေးရိုးစွဲဆန်ကြပြီး သူတို့ရဲ့ တချို့သော ယုံကြည်မှုတွေဟာ သိပ္ပံနည်းကျပြောမယ်ဆိုရင် အထူးတဆန်းနိုင်တယ်လို့ဆိုရပေမယ့် အခုထက်တိုင် ယုံကြည်နေကြသေးတဲ့ စိတ်ဝင်စားဖွယ် ထူးထူးဆန်းဆန်း ယုံကြည်မှုတွေအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

    (၁) ကလေးငယ်တွေ လဲလျောင်းအိပ်စက်နေတဲ့အခါ အပေါ်ကနေ ခွကျော်သွားခြင်းဟာ အဲဒီကလေးငယ်ရဲ့ ကြီးထွားဖွံဖြိုးမှုကို နှောင့်နှေးစေနိုင်တယ်လို့ အိန္ဒိယလူမျိုးတွေက ယုံကြည်ကြပါတယ်။

    (၂) အိမ်တံစက်မြိတ်မှာ သံပုရာသီးတလုံးနဲ့ ငရုတ်သီးခုနှစ်တောင့်တို့ကို ပူးတွဲချည်နှောင်ပြီး ချိတ်ဆွဲထားခြင်းဟာ မကောင်းဆိုးဝါးတွေ အိမ်အနားကိုမကပ်နိုင်ဘူးလို့ အိန္ဒိယလူမျိုးအများစုက ယုံကြည်ကြပါတယ်။

    (၃) သွားရင်းလာရင်း လမ်းမှာ ကြောင်အနက်တကောင်ကို တွေ့မြင်ရခြင်းဟာ အဲဒီနေ့အတွက် ကံမကောင်းဘူးလို့ အိန္ဒိယလူမျိုးတွေက ယူဆကြပါတယ်။ ကြောင်အနက်ဟာ အိန္ဒိယမှာတော့ မကောင်းဆိုးဝါးတိရစ္ဆာန်တကောင်လို့ ယုံကြည်ကြလို့ပဲ ဖြစ်ပါတယ်။

    (၄) အိမ်ကနေ အပြင်ကိုသွားတော့မယ်သူတယောက်ကို ဘယ်သွားမှာလဲလို့ မေးတာဟာ အမေးခံရသူအတွက် တနေ့တာမှာ အနှောင့်အယှက်တွေပဲ ကြုံနိုင်တယ်လို့ ရှေးရိုးစွဲ အိန္ဒိယလူမျိုးအများစုက ယုံကြည်ကြပါတယ်။

    (၅) လူထူထပ်တဲ့နေရာရောက်လို့ပဲဖြစ်ဖြစ်၊ နေမကောင်းလို့ပဲဖြစ်ဖြစ် နှာချေတာဟာ အထူးတဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာတော့ နှာချေတာကို ကျက်သရေမရှိဘူးလို့ ယူဆကြပြီး လူကြားထဲမလုပ်သင့်တဲ့အရာလို့လည်း ယုံကြည်ကြပါတယ်။

    (၆) ရာသီလာနေတဲ့အမျိုးသမီးတွေကို အိန္ဒိယမှာတော့ မီးဖိုချောင်ကို ဝင်ခိုင်းလေ့မရှိသလို မိသားစုတွေစားသောက်ဖို့ ပြင်ဆင်ပေးရတာမျိုးကိုလည်း လုပ်ခွင့်မပြုကြပါဘူး။ အမျိုးသမီးတွေ ရာသီလာတာဟာ ယုတ်ညံ့ပြီး ညစ်ပတ်တဲ့ကိစ္စတခုဖြစ်တယ်လို့ အိန္ဒိယလူမျိုးတွေက အခုတိုင် ယုံကြည်နေကြပါသေးတယ်။

    Ref. hlifetippr.com

    Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

    [Zawgyi]

    အိႏၵိယလူမ်ိဳးေတြရဲ႕ ထူးထူးဆန္းဆန္း ယုံၾကည္မႈမ်ားအေၾကာင္း

    အိႏၵိယလူမ်ိဳးအမ်ားစုဟာ ေရွး႐ိုးစြဲဆန္ၾကၿပီး သူတို႔ရဲ႕ တခ်ိဳ႕ေသာ ယုံၾကည္မႈေတြဟာ သိပၸံနည္းက်ေျပာမယ္ဆိုရင္ အထူးတဆန္းႏိုင္တယ္လို႔ဆိုရေပမယ့္ အခုထက္တိုင္ ယုံၾကည္ေနၾကေသးတဲ့ စိတ္ဝင္စားဖြယ္ ထူးထူးဆန္းဆန္း ယုံၾကည္မႈေတြအေၾကာင္းကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။

    (၁) ကေလးငယ္ေတြ လဲေလ်ာင္းအိပ္စက္ေနတဲ့အခါ အေပၚကေန ခြေက်ာ္သြားျခင္းဟာ အဲဒီကေလးငယ္ရဲ႕ ႀကီးထြားဖြံၿဖိဳးမႈကို ေႏွာင့္ေႏွးေစႏိုင္တယ္လို႔ အိႏၵိယလူမ်ိဳးေတြက ယုံၾကည္ၾကပါတယ္။

    (၂) အိမ္တံစက္ၿမိတ္မွာ သံပုရာသီးတလုံးနဲ႔ င႐ုတ္သီးခုႏွစ္ေတာင့္တို႔ကို ပူးတြဲခ်ည္ေႏွာင္ၿပီး ခ်ိတ္ဆြဲထားျခင္းဟာ မေကာင္းဆိုးဝါးေတြ အိမ္အနားကိုမကပ္ႏိုင္ဘူးလို႔ အိႏၵိယလူမ်ိဳးအမ်ားစုက ယုံၾကည္ၾကပါတယ္။

    (၃) သြားရင္းလာရင္း လမ္းမွာ ေၾကာင္အနက္တေကာင္ကို ေတြ႕ျမင္ရျခင္းဟာ အဲဒီေန႔အတြက္ ကံမေကာင္းဘူးလို႔ အိႏၵိယလူမ်ိဳးေတြက ယူဆၾကပါတယ္။ ေၾကာင္အနက္ဟာ အိႏၵိယမွာေတာ့ မေကာင္းဆိုးဝါးတိရစာၦန္တေကာင္လို႔ ယုံၾကည္ၾကလို႔ပဲ ျဖစ္ပါတယ္။

    (၄) အိမ္ကေန အျပင္ကိုသြားေတာ့မယ္သူတေယာက္ကို ဘယ္သြားမွာလဲလို႔ ေမးတာဟာ အေမးခံရသူအတြက္ တေန႔တာမွာ အေႏွာင့္အယွက္ေတြပဲ ႀကဳံႏိုင္တယ္လို႔ ေရွး႐ိုးစြဲ အိႏၵိယလူမ်ိဳးအမ်ားစုက ယုံၾကည္ၾကပါတယ္။

    (၅) လူထူထပ္တဲ့ေနရာေရာက္လို႔ပဲျဖစ္ျဖစ္၊ ေနမေကာင္းလို႔ပဲျဖစ္ျဖစ္ ႏွာေခ်တာဟာ အထူးတဆန္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အိႏၵိယႏိုင္ငံမွာေတာ့ ႏွာေခ်တာကို က်က္သေရမရွိဘူးလို႔ ယူဆၾကၿပီး လူၾကားထဲမလုပ္သင့္တဲ့အရာလို႔လည္း ယုံၾကည္ၾကပါတယ္။

    (၆) ရာသီလာေနတဲ့အမ်ိဳးသမီးေတြကို အိႏၵိယမွာေတာ့ မီးဖိုေခ်ာင္ကို ဝင္ခိုင္းေလ့မရွိသလို မိသားစုေတြစားေသာက္ဖို႔ ျပင္ဆင္ေပးရတာမ်ိဳးကိုလည္း လုပ္ခြင့္မျပဳၾကပါဘူး။ အမ်ိဳးသမီးေတြ ရာသီလာတာဟာ ယုတ္ညံ့ၿပီး ညစ္ပတ္တဲ့ကိစၥတခုျဖစ္တယ္လို႔ အိႏၵိယလူမ်ိဳးေတြက အခုတိုင္ ယုံၾကည္ေနၾကပါေသးတယ္။

    Ref. hlifetippr.com

    Credit – ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

  • အိမ်နီးချင်း အာရှနိုင်ငံတွေက ထူးဆန်းတဲ့ စည်းကမ်းများ

    [Unicode version]

    အာရှနိုင်ငံတွေက ထူးဆန်းတဲ့ စည်းကမ်းများ

    အာရှနိုင်ငံမှာလည်း ထုတ်ပြန်ထားတဲ့ ထူးဆန်းတဲ့ဥပဒေတွေရှိပါတယ်။တရားဥပဒေဆိုတာ လူတွေကို စည်းကမ်းရှိအောင် လူတွေကထုတ်ထားတဲ့ အရာတွေပါ။ စည်းမျဉ်းစည်းကမ်းတွေ မရှိရင် လူတွေလည်း ပရမ်းပတာဖြစ်ပြီး တိုင်းပြည်တွေဟာ တိုးတက်မှုတွေ နှေးကွေးလာမှာ သေချာပါတယ်။

    ဒါပေမယ့် အခုပြောပြမယ့် စည်းကမ်းတွေကတော့ ထူးဆန်းပြီး လိုက်နာရခက်မယ့်စည်းကမ်းတွေပါ။ အာရှနိုင်ငံတွေမှာ ထုတ်ထားတဲ့ ထူးဆန်းတဲ့ ဥပဒေတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

    (၁) တရုတ်

    တရုတ်နိုင်ငံဟာ လူဦးရေထူထပ်မှုကို လျှော့ချဖို့ ကလေးတယောက်ပဲ မွေးဖွားခွင့်ရှိတယ်ဆိုတဲ့ ဥပဒေကို ထုတ်ခဲ့တာ ကြာပါပြီ။ ဒါရဲ့နောက်ဆက်တွဲအနေနနဲ့ ၂၀၁၃ ခုနှစ်ကစပြီး အရွယ်ရောက်တဲ့ သားသမီးတွေဟာ မိဘတွေကို မကြာခဏ သွားရောက်ကြည့်ရှုရမယ်ဆိုတဲ့ ဥပဒေကို ထုတ်ခဲ့ပါတယ်။

    သားသမီးတယောက်ပဲ မွေးခွင့်ရှိပြီး မွေးထားတဲ့သားသမီး လာရောက်တွေ့ဆုံခြင်းတွေမရှိဘဲ အထီးကျန်နေတဲ့ မိဘတွေ အတွက် ဒီဥပဒေကို ထုတ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားတွေဟာ တရားစွဲမခံရအောင် မိဘတွေနဲ့ သွားရောက် တွေ့ဆုံ ကြရပါတယ်။

    (၂) ဂျပန်

    တကမ္ဘာလုံးက ကြည့်ရှုတဲ့ ဆူမိုနဘန်းဆိုတာ ဂျပန်နိုင်ငံရဲ့ ပြယုဂ်အားကစားလို့တောင် တင်စားလို့ရပါတယ်။ဒါပေမယ့် ဂျပန်နိုင်ငံမှာ ခန္ဓာကိုယ်ဝ ခွင့် မရှိပါဘူး။အသက် ၄၀ အရွယ်က စလို့ အမျိုးသား၊အမျိုးသမီးအားလုံးဟာ ခါး ၃၂ လက်မနဲ့ ၃၆လက်မ ထက်ပိုပြီးဝရင် ဒဏ်ငွေကောက်ပါတယ်။

    လွန်ခဲ့တဲ့ နှစ်တရာခန့်က ဂျပန်နိုင်ငံသားတွေဟာ ဂျပန်နိုင်ငံကထွက်သွားဖို့ ကြိုးစားတယ်ဆိုရင် ချက်ချင်းသေဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။ဒါ့အပြင် ဂျပန်နိုင်ငံမှာ ငွေစက္ကူကို ဖြဲဆုတ်ခြင်း၊လွှင့်ပစ်ခြင်းတွေ ပြုလုပ်ပါက ဒဏ်ငွေယန်း ၂သိန်း သို့မဟုတ် ထောင်ဒဏ် တနှစ်ချမှတ်မှာဖြစ်ပါတယ်။

    (၃) ဟောင်ကောင်

    ဒီဥပဒေကတော့ ရီရခက် ငိုရခက်ဥပဒေလို့တောင် ခေါ်လို့ရပါတယ်။ ဟောင်ကောင်မှာ အမျိုးသမီးတွေဟာ သူတို့ ယောကျ်ားတွေ ဖောက်ပြန်မှန်းသိရင် သတ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ချွင်းချက်အနေနဲ့ သူမကိုယ်တိုင်သတ်ရမှာပဲ ဖြစ်ပါတယ်။

    (၄) မလေးရှား

    မလေးရှားနိုင်ငံမှာတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးမှန်သမျှကို သုံးစွဲခွင့်မရှိပါဘူး။ အားပြင်းတဲ့ အကိုက်အခဲပျောက်ဆေးကိုတောင် သောက်ခွင့်မရှိသလို ဆောင်ထားခွင့်လည်း မရှိပါဘူး။

    မလေးရှားနိုင်ငံမှာ မူးယစ်ဆေးလက်ဝယ်တွေ့ရှိတယ်ဆိုရင် သေဒဏ်တောင် ပေးခွင့်ရှိပါတယ်။ နောက်ထပ် ထူးဆန်းတာ ကတော့ ညစ်ညမ်းတဲ့ သီချင်းတွေကိုလည်း ဆိုခွင့်မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မလေးရှားကို သွားလည်မယ်ဆိုရင် လမ်းမပေါ်မှာ ကိုယ့်ပါးစပ်ကို သတိထားဖို့ပါ တိုက်တွန်းချင်ပါတယ်။

    (၅) အိန္ဒိယ

    အိန္ဒိယနိုင်ငံမှာတော့ သွားမတိုက်ရင် တရားစွဲလို့ရပါတယ်။ ၁၉၁၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ဥပဒေအရ အမှုတွေကို စစ်ဆေးမယ့် စုံထောက်တယောက်ဖြစ်ချင်တယ်ဆိုရင် သွားမတိုက်လို့ မရပါဘူး။

    အိန္ဒိယနိုင်ငံရဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၉ အရ အိန္ဒိယနိုင်ငံမှာ မိမိကိုယ်မိမိ သတ်သေခြင်းဟာ တရားဝင်ပါတယ်။ ဒါပေမယ့်သတ်သေရင်း နဲ့ မသေတဲ့သူတွေကိုတော့ ပြစ်ဒဏ်ချမှတ်ခြင်းခံရမှာ ဖြစ်ပါတယ်။

    Credit – ရေဗန် (ဧရာဝတီ)

    The Irrawaddy – Burmese Edition

    [Zawgyi Version]

    အာရွႏိုင္ငံေတြက ထူးဆန္းတဲ့ စည္းကမ္းမ်ား

    အာရွႏိုင္ငံမွာလည္း ထုတ္ျပန္ထားတဲ့ ထူးဆန္းတဲ့ဥပေဒေတြရွိပါတယ္။တရားဥပေဒဆိုတာ လူေတြကို စည္းကမ္းရွိေအာင္ လူေတြကထုတ္ထားတဲ့ အရာေတြပါ။ စည္းမ်ဥ္းစည္းကမ္းေတြ မရွိရင္ လူေတြလည္း ပရမ္းပတာျဖစ္ၿပီး တိုင္းျပည္ေတြဟာ တိုးတက္မႈေတြ ေႏွးေကြးလာမွာ ေသခ်ာပါတယ္။ ဒါေပမယ့္ အခုေျပာျပမယ့္ စည္းကမ္းေတြကေတာ့ ထူးဆန္းၿပီး လိုက္နာရခက္မယ့္စည္းကမ္းေတြပါ။ အာရွႏိုင္ငံေတြမွာ ထုတ္ထားတဲ့ ထူးဆန္းတဲ့ ဥပေဒေတြအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) တ႐ုတ္

    တ႐ုတ္ႏိုင္ငံဟာ လူဦးေရထူထပ္မႈကို ေလွ်ာ့ခ်ဖို႔ ကေလးတေယာက္ပဲ ေမြးဖြားခြင့္ရွိတယ္ဆိုတဲ့ ဥပေဒကို ထုတ္ခဲ့တာ ၾကာပါၿပီ။ ဒါရဲ႕ေနာက္ဆက္တြဲအေနနနဲ႔ ၂၀၁၃ ခုႏွစ္ကစၿပီး အ႐ြယ္ေရာက္တဲ့ သားသမီးေတြဟာ မိဘေတြကို မၾကာခဏ သြားေရာက္ၾကည့္ရႈရမယ္ဆိုတဲ့ ဥပေဒကို ထုတ္ခဲ့ပါတယ္။

    သားသမီးတေယာက္ပဲ ေမြးခြင့္ရွိၿပီး ေမြးထားတဲ့သားသမီး လာေရာက္ေတြ႕ဆုံျခင္းေတြမရွိဘဲ အထီးက်န္ေနတဲ့ မိဘေတြ အတြက္ ဒီဥပေဒကို ထုတ္ခဲ့တာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံသားေတြဟာ တရားစြဲမခံရေအာင္ မိဘေတြနဲ႔ သြားေရာက္ ေတြ႕ဆုံ ၾကရပါတယ္။

    (၂) ဂ်ပန္

    တကမာၻလုံးက ၾကည့္ရႈတဲ့ ဆူမိုနဘန္းဆိုတာ ဂ်ပန္ႏိုင္ငံရဲ႕ ျပယုဂ္အားကစားလို႔ေတာင္ တင္စားလို႔ရပါတယ္။ဒါေပမယ့္ ဂ်ပန္ႏိုင္ငံမွာ ခႏၶာကိုယ္ဝ ခြင့္မရွိပါဘူး။အသက္ ၄၀ အ႐ြယ္က စလို႔ အမ်ိဳးသား၊ အမ်ိဳးသမီးအားလုံးဟာ ခါး ၃၂ လက္မနဲ႔ ၃၆လက္မ ထက္ပိုၿပီးဝရင္ ဒဏ္ေငြေကာက္ပါတယ္။

    လြန္ခဲ့တဲ့ ႏွစ္တရာခန႔္က ဂ်ပန္ႏိုင္ငံသားေတြဟာ ဂ်ပန္ႏိုင္ငံကထြက္သြားဖို႔ ႀကိဳးစားတယ္ဆိုရင္ ခ်က္ခ်င္းေသဒဏ္ ခ်မွတ္ခံရမွာ ျဖစ္ပါတယ္။ဒါ့အျပင္ ဂ်ပန္ႏိုင္ငံမွာ ေငြစကၠဴကို ၿဖဲဆုတ္ျခင္း၊လႊင့္ပစ္ျခင္းေတြ ျပဳလုပ္ပါက ဒဏ္ေငြယန္း ၂သိန္း သို႔မဟုတ္ ေထာင္ဒဏ္ တႏွစ္ခ်မွတ္မွာျဖစ္ပါတယ္။

    (၃) ေဟာင္ေကာင္

    ဒီဥပေဒကေတာ့ ရီရခက္ ငိုရခက္ဥပေဒလို႔ေတာင္ ေခၚလို႔ရပါတယ္။ ေဟာင္ေကာင္မွာ အမ်ိဳးသမီးေတြဟာ သူတို႔ ေယာက်္ားေတြ ေဖာက္ျပန္မွန္းသိရင္ သတ္ပိုင္ခြင့္ရွိပါတယ္။ ဒါေပမယ့္ ခြၽင္းခ်က္အေနနဲ႔ သူမကိုယ္တိုင္သတ္ရမွာပဲ ျဖစ္ပါတယ္။

    (၄) မေလးရွား

    မေလးရွားႏိုင္ငံမွာေတာ့ မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစတဲ့ ေဆးဝါးမွန္သမွ်ကို သုံးစြဲခြင့္မရွိပါဘူး။ အားျပင္းတဲ့ အကိုက္အခဲေပ်ာက္ေဆးကိုေတာင္ ေသာက္ခြင့္မရွိသလို ေဆာင္ထားခြင့္လည္း မရွိပါဘူး။
    မေလးရွားႏိုင္ငံမွာ မူးယစ္ေဆးလက္ဝယ္ေတြ႕ရွိတယ္ဆိုရင္ ေသဒဏ္ေတာင္ ေပးခြင့္ရွိပါတယ္။ ေနာက္ထပ္ ထူးဆန္းတာ ကေတာ့ ညစ္ညမ္းတဲ့ သီခ်င္းေတြကိုလည္း ဆိုခြင့္မရွိဘူးလို႔ ဆိုပါတယ္။ ဒါေၾကာင့္ မေလးရွားကို သြားလည္မယ္ဆိုရင္ လမ္းမေပၚမွာ ကိုယ့္ပါးစပ္ကို သတိထားဖို႔ပါ တိုက္တြန္းခ်င္ပါတယ္။

    (၅) အိႏၵိယ

    အိႏၵိယႏိုင္ငံမွာေတာ့ သြားမတိုက္ရင္ တရားစြဲလို႔ရပါတယ္။ ၁၉၁၄ ခုႏွစ္မွာ ေရးဆြဲခဲ့တဲ့ ဥပေဒအရ အမႈေတြကို စစ္ေဆးမယ့္ စုံေထာက္တေယာက္ျဖစ္ခ်င္တယ္ဆိုရင္ သြားမတိုက္လို႔ မရပါဘူး။
    အိႏၵိယႏိုင္ငံရဲ႕ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၉ အရ အိႏၵိယႏိုင္ငံမွာ မိမိကိုယ္မိမိ သတ္ေသျခင္းဟာ တရားဝင္ပါတယ္။ ဒါေပမယ့္သတ္ေသရင္းနဲ႔ မေသတဲ့သူေတြကိုေတာ့ ျပစ္ဒဏ္ခ်မွတ္ျခင္းခံရမွာ ျဖစ္ပါတယ္။

    Credit – ေရဗန္ (ဧရာဝတီ)

    The Irrawaddy – Burmese Edition

     

  • ကမာၻေပၚမွာ ဉာဏ္အေကာင္းဆုံး တိရစာၦန္ ၇ မ်ိဳး

    [Zawgyi version]
    ကမာၻေပၚမွာ ဉာဏ္အေကာင္းဆုံး တိရစာၦန္ ၇ မ်ိဳး

    ဉာဏ္အေကာင္းဆုံး တိရစၱာန္မ်ား။ ကမာၻေပၚမွာ တိရစာၦန္မ်ိဳးစိတ္ေပါင္းမ်ားစြာ ရွိတဲ့အထဲကမွ ဉာဏ္အေကာင္းဆုံး တိရစာၦန္ေတြရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

    (၁) ခ်င္ပန္ဇီ

    လူသားေတြၿပီးရင္ ကမာၻေပၚမွာ ဉာဏ္အေကာင္းဆုံး သတၱဝါဟာ ခ်င္ပန္ဇီေတြပဲ ျဖစ္ပါတယ္။ သိပၸံပညာရပ္ဆိုင္ရာ ေလ့လာခ်က္ေတြအရ ခ်င္ပန္ဇီေတြရဲ႕ DNA ဟာ လူသားေတြနဲ႔ ၉၀ ရာခိုင္ႏႈန္းခန႔္ တူညီၿပီး ပတ္ဝန္းက်င္ကေန ေလ့လာသင္ယူႏိုင္စြမ္းဟာလည္း ျမင့္မားလွပါတယ္။

    (၂) လင္းပိုင္

    လင္းပိုင္ေတြဟာ ကမာၻေပၚမွာ ဉာဏ္အေကာင္းဆုံး ေရေနႏို႔တိုက္သတၱဝါပဲ ျဖစ္ပါတယ္။ သင္ယူမွတ္သားႏိုင္စြမ္း ျမင့္မားတဲ့ လင္းပိုင္ေတြဟာ လူေတြနဲ႔လည္း ယဥ္ပါးလွၿပီး စိတ္ခံစားမႈေတြကိုလည္း ခံစားႏိုင္စြမ္းရွိပါတယ္။

    (၃) ဆင္

    ခႏၶာကိုယ္အ႐ြယ္အစားလည္း ႀကီးမားသလို မွတ္ဉာဏ္စြမ္းရည္လည္းေကာင္းလွတဲ့ ဆင္ေတြဟာ တျခားေသာ ကုန္းေနသတၱဝါေတြထက္ ဦးေႏွာက္အ႐ြယ္အစား ပိုမိုႀကီးမားပါတယ္။ ပတ္ဝန္းက်င္က အသံေတြကို နားေထာင္ၿပီး ခြဲျခားမွတ္သားႏိုင္စြမ္းရွိတဲ့ ဆင္ေတြဟာ လူေတြအေပၚ သစၥာရွိတဲ့ သတၱဝါတမ်ိဳးလည္း ျဖစ္ပါတယ္။

    (၄) ေခြး

    လူေတြနဲ႔ အကြၽမ္းတဝင္ရွိလွတဲ့ ေခြးေတြဟာဆိုရင္ေတာ့ လူေတြရဲ႕ဘာသာစကားကို တျခားေသာ တိရစာၦန္ေတြထက္ပိုၿပီး နားလည္ၾကတဲ့ ဉာဏ္အေကာင္းဆုံး သတၱဝါတမ်ိဳးပဲ ျဖစ္ပါတယ္။ ေခြးတေကာင္ရဲ႕ ပ်မ္းမွ်နားလည္မွတ္သားႏိုင္စြမ္းဟာ အသက္ႏွစ္ႏွစ္အ႐ြယ္ ကေလးတေယာက္ရဲ႕ သင္ယူနားလည္ႏိုင္စြမ္းနဲ႔ ညီမွ်တယ္လို႔ ေလ့လာခ်က္ေတြအရ သိရပါတယ္။

    (၅) ဝက္

    ဝက္ေတြရဲ႕ မွတ္သားနားလည္ႏိုင္စြမ္းဟာ ေခြးနဲ႔ အသက္ႏွစ္ႏွစ္အ႐ြယ္ ကေလးငယ္ေတြရဲ႕ နားလည္မွတ္သားႏိုင္စြမ္း ပိုတယ္လို႔ ေလ့လာခ်က္ေတြက ဆိုပါတယ္။ သူတို႔အခ်င္းခ်င္းလည္း ညီၫြတ္နားလည္တဲ့ စြမ္းရည္ေတြရွိၾကၿပီး မွတ္ဉာဏ္ ေတြကို ေရရွည္ထိန္းသိမ္းထားႏိုင္စြမ္းလည္း ရွိပါတယ္။

    (၆) က်ီးကန္း

    က်ီးကန္းေတြဟာ ငွက္မ်ိဳးစိတ္မ်ားစြာထဲမွာမွာ ဉာဏ္အေကာင္းဆုံး ငွက္မ်ိဳးစိတ္တမ်ိဳးပဲ ျဖစ္ပါတယ္။ ၾကက္တူေ႐ြးထက္ သာလြန္တဲ့ မွတ္သားႏိုင္စြမ္းရွိၿပီး လူေတြရဲ႕ မ်က္ႏွာကို မွတ္သားၿပီး ခြဲျခားႏိုင္စြမ္းရွိတယ္လို႔ ေလ့လာခ်က္ေတြက ဆိုပါတယ္။

    (၇) ေရဘဝဲ

    ေရဘဝဲေပါက္ေတြဟာ ပတ္ဝန္းက်င္အေျခအေနေပၚမူတည္ၿပီး ေျပာင္းလဲႏိုင္စြမ္းရွိတဲ့ သတၱဝါေတြျဖစ္ၿပီး ရန္သူကို အရိပ္အေျခၾကည့္ၿပီး ျပန္လည္တုံ႔ျပန္တတ္တာေၾကာင့္လည္း ဉာဏ္အေကာင္းဆုံး တိရစာၦန္စာရင္းဝင္ေနတာပဲ ျဖစ္ပါတယ္။

    Ref. themysteriousworld.com
    ဟယ္လ္သင္ (ဧရာဝတီ)
    Credit – The Irrawaddy – Burmese Edition

    [Unicode version]
    ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး တိရစ္ဆာန် ၇ မျိုး

    ဉာဏ်အကောင်းဆုံး တိရစ္တာန်များ။ ကမ္ဘာပေါ်မှာ တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာ ရှိတဲ့အထဲကမှ ဉာဏ်အကောင်းဆုံး တိရစ္ဆာန်တွေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

    (၁) ချင်ပန်ဇီ

    လူသားတွေပြီးရင် ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး သတ္တဝါဟာ ချင်ပန်ဇီတွေပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာချက်တွေအရ ချင်ပန်ဇီတွေရဲ့ DNA ဟာ လူသားတွေနဲ့ ၉၀ ရာခိုင်နှုန်းခန့် တူညီပြီး ပတ်ဝန်းကျင်ကနေ လေ့လာသင်ယူနိုင်စွမ်းဟာလည်း မြင့်မားလှပါတယ်။

    (၂) လင်းပိုင်

    လင်းပိုင်တွေဟာ ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး ရေနေနို့တိုက်သတ္တဝါပဲ ဖြစ်ပါတယ်။ သင်ယူမှတ်သားနိုင်စွမ်း မြင့်မားတဲ့ လင်းပိုင်တွေဟာ လူတွေနဲ့လည်း ယဉ်ပါးလှပြီး စိတ်ခံစားမှုတွေကိုလည်း ခံစားနိုင်စွမ်းရှိပါတယ်။

    (၃) ဆင်

    ခန္ဓာကိုယ်အရွယ်အစားလည်း ကြီးမားသလို မှတ်ဉာဏ်စွမ်းရည်လည်းကောင်းလှတဲ့ ဆင်တွေဟာ တခြားသော ကုန်းနေသတ္တဝါတွေထက် ဦးနှောက်အရွယ်အစား ပိုမိုကြီးမားပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို နားထောင်ပြီး ခွဲခြားမှတ်သားနိုင်စွမ်းရှိတဲ့ ဆင်တွေဟာ လူတွေအပေါ် သစ္စာရှိတဲ့ သတ္တဝါတမျိုးလည်း ဖြစ်ပါတယ်။

    (၄) ခွေး

    လူတွေနဲ့ အကျွမ်းတဝင်ရှိလှတဲ့ ခွေးတွေဟာဆိုရင်တော့ လူတွေရဲ့ဘာသာစကားကို တခြားသော တိရစ္ဆာန်တွေထက်ပိုပြီး နားလည်ကြတဲ့ ဉာဏ်အကောင်းဆုံး သတ္တဝါတမျိုးပဲ ဖြစ်ပါတယ်။ ခွေးတကောင်ရဲ့ ပျမ်းမျှနားလည်မှတ်သားနိုင်စွမ်းဟာ အသက်နှစ်နှစ်အရွယ် ကလေးတယောက်ရဲ့ သင်ယူနားလည်နိုင်စွမ်းနဲ့ ညီမျှတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

    (၅) ဝက်

    ဝက်တွေရဲ့ မှတ်သားနားလည်နိုင်စွမ်းဟာ ခွေးနဲ့ အသက်နှစ်နှစ်အရွယ် ကလေးငယ်တွေရဲ့ နားလည်မှတ်သားနိုင်စွမ်း ပိုတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ သူတို့အချင်းချင်းလည်း ညီညွတ်နားလည်တဲ့ စွမ်းရည်တွေရှိကြပြီး မှတ်ဉာဏ် တွေကို ရေရှည်ထိန်းသိမ်းထားနိုင်စွမ်းလည်း ရှိပါတယ်။

    (၆) ကျီးကန်း

    ကျီးကန်းတွေဟာ ငှက်မျိုးစိတ်များစွာထဲမှာမှာ ဉာဏ်အကောင်းဆုံး ငှက်မျိုးစိတ်တမျိုးပဲ ဖြစ်ပါတယ်။ ကြက်တူရွေးထက် သာလွန်တဲ့ မှတ်သားနိုင်စွမ်းရှိပြီး လူတွေရဲ့ မျက်နှာကို မှတ်သားပြီး ခွဲခြားနိုင်စွမ်းရှိတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

    (၇) ရေဘဝဲ

    ရေဘဝဲပေါက်တွေဟာ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနိုင်စွမ်းရှိတဲ့ သတ္တဝါတွေဖြစ်ပြီး ရန်သူကို အရိပ်အခြေကြည့်ပြီး ပြန်လည်တုံ့ပြန်တတ်တာကြောင့်လည်း ဉာဏ်အကောင်းဆုံး တိရစ္ဆာန်စာရင်းဝင်နေတာပဲ ဖြစ်ပါတယ်။

    Ref. themysteriousworld.com
    ဟယ်လ်သင် (ဧရာဝတီ)
    Credit – The Irrawaddy – Burmese Edition

  • လေယာဉ်နဲ့ ခရီးထွက်မယ်ဆို ခရီးဆောင်အိတ်ထဲ သယ်မလာဖို့ ကန့်သတ်ထားတဲ့ ပစ္စည်းများ

    [Zawgyi version]
    ေလယာဥ္နဲ႔ ခရီးထြက္မယ္ဆို ခရီးေဆာင္အိတ္ထဲ သယ္မလာဖို႔ ကန႔္သတ္ထားတဲ့ ပစၥည္းမ်ား

    အႏၲရာယ္ရွိတဲ့ ပစၥည္းေတြကိုလည္း ေလယာဥ္ေပၚတင္ခြင့္ ကန႔္သတ္ထားပါတယ္။ ခရီးသြားတဲ့အခါ ေလဆိပ္မွာ အဆင္ေျပေျပနဲ႔ ထြက္ဖို႔ဆိုရင္ ထုတ္ျပန္ထားတဲ့ စည္ကမ္းခ်က္ေတြကို သတိျပဳဖို႔လိုပါတယ္။ ေလဆိပ္လုံၿခဳံေရးအတြက္ ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြကို ခရီးမသြားခင္ ႀကိဳတင္ျပင္ဆင္မွ ေလယာဥ္အခ်ိန္မီေအာင္ ျဖတ္ေက်ာ္ႏိုင္မွာပါ။ ေလဆိပ္မွာ အခ်ိန္ၾကန႔္ၾကာမႈ မရွိေအာင္ ဘာေတြျပင္ဆင္သြားမလဲ။

    အရည္ေတြဆို ေလယာဥ္ဝမ္းဗိုက္ထဲထည့္မယ့္ ခရီးေဆာင္အိတ္ထဲ ထည့္ပါ။ ကိုယ္နဲ႔ တပါတည္း သယ္ခြင့္ေပးထားတဲ့ အိတ္နဲ႔ဆို အရည္အမ်ားႀကီး သယ္ခြင့္ မရွိပါဘူး။ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ အရည္အတြက္ လက္တဆြဲ သယ္ခြင့္ ၁၀၀ မီလီမီတာထက္ မပိုရလို႔ သတ္မွတ္ထားပါတယ္။ အရည္ပါတဲ့ ဘူးေတြကိုလည္း ျမင္သာထင္သာရွိတဲ့ ပလတ္စတစ္ အၾကည္အိတ္ေတြနဲ႔ သယ္ရပါမယ္။

    အရည္အျဖစ္ သတ္မွတ္ထားတဲ့ပစၥည္းေတြက ေသာက္ေရအပါအဝင္၊ ယို၊ ပ်ားရည္တို႔လို အရည္အနည္းငယ္ပါတဲ့ အစားအေသာက္မ်ား၊ အလွကုန္ပစၥည္းမ်ား၊ စပေရးဗူးမ်ား၊ သြားတိုက္ေဆး၊ ေရခ်ိဳးဆပ္ျပာရည္၊ မ်က္ကပ္မွန္ ေဆးရည္နဲ႔ တျခားအရည္ပါတဲ့ပစၥည္းေတြကို လက္တဆြဲ အမ်ားႀကီး သယ္ခြင့္မရွိတာကို သတိျပဳပါ။

    အရည္မဟုတ္ေပမယ့္ အႏၲရာယ္ရွိတဲ့ ပစၥည္းေတြကိုလည္း ေလယာဥ္ေပၚတင္ခြင့္ ကန႔္သတ္ထားပါေသးတယ္။ ေပါက္ကြဲေစလြယ္တဲ့ ပစၥည္းမ်ား၊ အဆိပ္၊ ဖိအားမ်ားရင္ ေပါက္ကြဲေစႏိုင္တဲ့ ပစၥည္းမ်ား၊ သံလိုက္ဓာတ္ပါတဲ့ ပစၥည္းမ်ား၊ ေရဒီယိုသတၱဳႂကြပါတဲ့ ပစၥည္းမ်ား၊ မူးယစ္ေဆးဝါးမ်ား၊ ရွားပါးတိရစာၦန္မ်ိဳးစိတ္မ်ား၊ ကိုယ္ခႏၶာအစိတ္အပိုင္း စတာေတြကိုေတာ့ ေလယာဥ္ေပၚတင္ခြင့္ ကန႔္သတ္ထားတာမို႔ ဘယ္ခရီးေဆာင္အိတ္နဲ႔မွ သယ္ေဆာင္ခြင့္ မရွိပါဘူး။

    ကိုယ္ေပၚမွာ သတၱဳနဲ႔ ပတ္သက္တဲ့ ပစၥည္းေတြ မဝတ္တာ အေကာင္းဆုံးပါပဲ။ လက္ဝတ္ရတနာ၊ နာရီ နဲ႔ ခါးပတ္ေတြဟာ လုံၿခဳံေရးစက္ေတြနဲ႔ ရွာတဲ့အခါ အခ်က္ေပးသံျမည္လို႔ ခြၽတ္ရတာမ်ိဳးေတြ၊ တခ်ိဳ႕အရမ္းေသးတဲ့ ပစၥည္းေတြဆို တခါတည္းနဲ႔ မေပၚလို႔ ၂ ေခါက္ ၃ ေခါက္ အစစ္ခံရတာေတြေၾကာင့္ မၾကာသင့္ဘဲ ၾကန႔္ၾကာတတ္ပါတယ္။ တကယ္လို႔ ဝတ္လာခဲ့မိရင္လည္း လုံၿခဳံေရးဂိတ္ မျဖတ္ခင္ကတည္းက အကုန္ခြၽတ္ၿပီး ေဘးဘက္ပုံးထဲ ထည့္ေပးလိုက္ပါ။

    ခြၽတ္လို႔၊ ျပန္စြပ္လို႔ လြယ္တဲ့ ဖိနပ္မ်ိဳး ဝတ္ပါ။ ရႈးဖိနပ္လို ေျခအိတ္ေတြခြၽတ္၊ ဖိနပ္ႀကိဳးေတြ ျဖည္ေနရမယ့္ ဖိနပ္ေတြက လုံၿခဳံေရးစစ္တဲ့အခါ သင့္ကို မၾကာသင့္ဘဲ ၾကန႔္ၾကာေစသလို၊ ဝတ္လိုက္ ခြၽတ္လိုက္လုပ္ေနရတာ စိတ္ရႈပ္ရပါတယ္။ ဒါေၾကာင့္ အလြယ္တကူ ခြၽတ္လို႔လြယ္တဲ့ ဖိနပ္မ်ိဳးေတြကို စီးတာ အဆင္ေျပဆုံးပါပဲ။

    ဒါ့ျပင္ ကိုယ္နဲ႔ တပါတည္း သယ္ေဆာင္ခြင့္ေပးထားတဲ့ ဘက္ထရီ၊ လက္ေတာ့ပ္နဲ႔ တျခား တကိုယ္ရည္သုံး အီလက္ထေရာနစ္ ပစၥည္းမ်ား၊ power bank ၊ ေငြေၾကးနဲ႔ ဆက္စပ္ေနတဲ့ ပစၥည္းေတြကေတာ့ သယ္ေဆာင္ခြင့္ ရွိပါတယ္။ ကန႔္သတ္ထားတဲ့ပစၥည္းေတြဟာ ႏိုင္ငံတႏိုင္ငံနဲ႔ တႏိုင္ငံ အနည္းငယ္ ကြဲျပားႏိုင္တာမို႔ ေလေၾကာင္းခရီး မသြားခင္ အရင္ႀကိဳတင္ ေလ့လာထားပါမွ ေလဆိပ္မွာ အခ်ိန႔္မၾကာဘဲ ေခ်ာေမာစြာ ျဖတ္သန္းႏိုင္ၾကမွာပါ။

    Ref: Culture Trip

    Credit – Aurora, The Irrawaddy – Burmese Edition

    (Unicode)

    လေယာဉ်နဲ့ ခရီးထွက်မယ်ဆို ခရီးဆောင်အိတ်ထဲ သယ်မလာဖို့ ကန့်သတ်ထားတဲ့ ပစ္စည်းများ

    အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုလည်း လေယာဉ်ပေါ်တင်ခွင့် ကန့်သတ်ထားပါတယ်။ ခရီးသွားတဲ့အခါ လေဆိပ်မှာ အဆင်ပြေပြေနဲ့ ထွက်ဖို့ဆိုရင် ထုတ်ပြန်ထားတဲ့ စည်ကမ်းချက်တွေကို သတိပြုဖို့လိုပါတယ်။ လေဆိပ်လုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ခရီးမသွားခင် ကြိုတင်ပြင်ဆင်မှ လေယာဉ်အချိန်မီအောင် ဖြတ်ကျော်နိုင်မှာပါ။ လေဆိပ်မှာ အချိန်ကြန့်ကြာမှု မရှိအောင် ဘာတွေပြင်ဆင်သွားမလဲ။

    အရည်တွေဆို လေယာဉ်ဝမ်းဗိုက်ထဲထည့်မယ့် ခရီးဆောင်အိတ်ထဲ ထည့်ပါ။ ကိုယ်နဲ့ တပါတည်း သယ်ခွင့်ပေးထားတဲ့ အိတ်နဲ့ဆို အရည်အများကြီး သယ်ခွင့် မရှိပါဘူး။ နိုင်ငံတော်တော်များများမှာ အရည်အတွက် လက်တဆွဲ သယ်ခွင့် ၁၀၀ မီလီမီတာထက် မပိုရလို့ သတ်မှတ်ထားပါတယ်။ အရည်ပါတဲ့ ဘူးတွေကိုလည်း မြင်သာထင်သာရှိတဲ့ ပလတ်စတစ် အကြည်အိတ်တွေနဲ့ သယ်ရပါမယ်။

    အရည်အဖြစ် သတ်မှတ်ထားတဲ့ပစ္စည်းတွေက သောက်ရေအပါအဝင်၊ ယို၊ ပျားရည်တို့လို အရည်အနည်းငယ်ပါတဲ့ အစားအသောက်များ၊ အလှကုန်ပစ္စည်းများ၊ စပရေးဗူးများ၊ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာရည်၊ မျက်ကပ်မှန် ဆေးရည်နဲ့ တခြားအရည်ပါတဲ့ပစ္စည်းတွေကို လက်တဆွဲ အများကြီး သယ်ခွင့်မရှိတာကို သတိပြုပါ။

    အရည်မဟုတ်ပေမယ့် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုလည်း လေယာဉ်ပေါ်တင်ခွင့် ကန့်သတ်ထားပါသေးတယ်။ ပေါက်ကွဲစေလွယ်တဲ့ ပစ္စည်းများ၊ အဆိပ်၊ ဖိအားများရင် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများ၊ သံလိုက်ဓာတ်ပါတဲ့ ပစ္စည်းများ၊ ရေဒီယိုသတ္တုကြွပါတဲ့ ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ ရှားပါးတိရစ္ဆာန်မျိုးစိတ်များ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း စတာတွေကိုတော့ လေယာဉ်ပေါ်တင်ခွင့် ကန့်သတ်ထားတာမို့ ဘယ်ခရီးဆောင်အိတ်နဲ့မှ သယ်ဆောင်ခွင့် မရှိပါဘူး။

    ကိုယ်ပေါ်မှာ သတ္တုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ မဝတ်တာ အကောင်းဆုံးပါပဲ။ လက်ဝတ်ရတနာ၊ နာရီ နဲ့ ခါးပတ်တွေဟာ လုံခြုံရေးစက်တွေနဲ့ ရှာတဲ့အခါ အချက်ပေးသံမြည်လို့ ချွတ်ရတာမျိုးတွေ၊ တချို့အရမ်းသေးတဲ့ ပစ္စည်းတွေဆို တခါတည်းနဲ့ မပေါ်လို့ ၂ ခေါက် ၃ ခေါက် အစစ်ခံရတာတွေကြောင့် မကြာသင့်ဘဲ ကြန့်ကြာတတ်ပါတယ်။ တကယ်လို့ ဝတ်လာခဲ့မိရင်လည်း လုံခြုံရေးဂိတ် မဖြတ်ခင်ကတည်းက အကုန်ချွတ်ပြီး ဘေးဘက်ပုံးထဲ ထည့်ပေးလိုက်ပါ။

    ချွတ်လို့၊ ပြန်စွပ်လို့ လွယ်တဲ့ ဖိနပ်မျိုး ဝတ်ပါ။ ရှုးဖိနပ်လို ခြေအိတ်တွေချွတ်၊ ဖိနပ်ကြိုးတွေ ဖြည်နေရမယ့် ဖိနပ်တွေက လုံခြုံရေးစစ်တဲ့အခါ သင့်ကို မကြာသင့်ဘဲ ကြန့်ကြာစေသလို၊ ဝတ်လိုက် ချွတ်လိုက်လုပ်နေရတာ စိတ်ရှုပ်ရပါတယ်။ ဒါကြောင့် အလွယ်တကူ ချွတ်လို့လွယ်တဲ့ ဖိနပ်မျိုးတွေကို စီးတာ အဆင်ပြေဆုံးပါပဲ။

    ဒါ့ပြင် ကိုယ်နဲ့ တပါတည်း သယ်ဆောင်ခွင့်ပေးထားတဲ့ ဘက်ထရီ၊ လက်တော့ပ်နဲ့ တခြား တကိုယ်ရည်သုံး အီလက်ထရောနစ် ပစ္စည်းများ၊ power bank ၊ ငွေကြေးနဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတွေကတော့ သယ်ဆောင်ခွင့် ရှိပါတယ်။ ကန့်သတ်ထားတဲ့ပစ္စည်းတွေဟာ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ အနည်းငယ် ကွဲပြားနိုင်တာမို့ လေကြောင်းခရီး မသွားခင် အရင်ကြိုတင် လေ့လာထားပါမှ လေဆိပ်မှာ အချိန့်မကြာဘဲ ချောမောစွာ ဖြတ်သန်းနိုင်ကြမှာပါ။

    Ref: Culture Trip

    Credit-Aurora, The Irrawaddy – Burmese Edition

  • ကားလိုင္စင္ေပ်ာက္ရင္ ဘယ္လိုျပန္ေလွ်ာက္မလဲနဲ႔ ကားလုပ္ငန္းလိုင္စင္မ်ား

    [Zawgyi Version]

    ကားလိုင္စင္ေပ်ာက္ရင္ ဘယ္လိုျပန္ေလွ်ာက္မလဲနဲ႔ ကားလုပ္ငန္းလိုင္စင္မ်ား

    ကားနဲ႔ပတ္သက္ၿပီး အလုပ္လုပ္တဲ့သူေတြပဲျဖစ္ျဖစ္၊ ကားပိုင္ရွင္ေတြပဲျဖစ္ျဖစ္ သိသင့္တဲ့အေၾကာင္းအရာေလးေတြကို တင္ျပေပးမွာျဖစ္ပါတယ္။ လုပ္ငန္းအလိုက္ လိုင္စင္ေလွ်ာက္မယ္ဆိုရင္ ဘယ္လိုလုပ္ရမွာလဲ၊ လုပ္ငန္းအမ်ိဳးေတြက ဘာေတြလဲ၊ ယာဥ္ေမာင္းလိုင္စင္ေပ်ာက္သြားရင္ ဘယ္လိုျပန္ေလွ်ာက္ရမလဲ၊ ကားလိုင္စင္သက္တမ္းတိုးမယ္ဆိုရင္ ဘာေတြလုပ္ရမလဲ မသိေသးတဲ့သူေတြပဲျဖစ္ျဖစ္၊ တိတိက်က် သိလိုတဲ့သူေတြပဲျဖစ္ျဖစ္ဒါေလးကို ဖတ္ၾကည့္ေစခ်င္ပါတယ္။

    (၁) လုပ္ငန္းလိုင္စင္ အမ်ိဳးအစားမ်ား

    ကားနဲ႔ပတ္သက္လို႔ လုပ္ငန္းလုပ္မယ္ဆိုရင္ လုပ္ငန္းလိုင္စင္အမ်ိဳးအစား ငါးခုရွိပါတယ္။ အဲဒါေတြကေတာ့ “က”၊ “ခ”၊ “ဂ”၊ “ဃ” နဲ႔ “င” ဆိုၿပီးျဖစ္ပါတယ္။

    “င” လိုင္စင္- ကိုယ့္အိမ္မွာ တစ္ႏိုင္တစ္ပိုင္ စီးပြားေရးလုပ္ငန္း ေလးလုပ္ဖို႔အတြက္ Hijet (နံပါတ္အနက္) လို အေသးစားလုပ္ငန္းသုံးကားေလးတစ္စီး ဝယ္ထားၿပီး ပစၥည္းေလးေတြ အသယ္အပို႔ လုပ္တယ္ဆိုရင္ “င” ကိုယ္ပိုင္စီးပြားေရးပို႔ေဆာင္ခြင့္ လုပ္ငန္းလိုင္စင္ လုပ္ထားရမွာ ျဖစ္ပါတယ္။ အဲဒီလိုင္စင္က အစိမ္းေရာင္ျဖစ္ၿပီးေတာ့ ကိုယ္လုပ္မယ့္ လုပ္ငန္းအမ်ိဳးအစားကို ေဖာ္ျပေပးရမွာျဖစ္ပါတယ္။ ကိုယ့္အိမ္က ကုန္စုံဆိုင္အတြက္ လုပ္မွာလား၊ ကုန္စိမ္းဆိုင္အတြက္ လုပ္မွာလားဆိုၿပီးေတာ့ ေဖာ္ျပေပးဖို႔လိုပါတယ္။

    “ဃ” လိုင္စင္- ဒီလုပ္ငန္းလိုင္စင္ကေတာ့ ျပည္ပက ဧည့္သည္ေတြကို သယ္ယူပို႔ေဆာင္ေပးတဲ့ လုပ္ငန္းလိုင္စင္ပါ။ အလြယ္ေျပာမယ္ဆိုရင္ေတာ့ Tour ကားေတြကို ဆိုလိုတာေပါ့။ ကားနံပါတ္ အေရာင္ကေတာ့ အျပာ၊ “ဃ” ကလည္း အျပာေရာင္ပါ။ အခုေနာက္ပိုင္းေတာ့ အဲဒီလို လိုင္စင္ေတြနဲ႔လုပ္ေနတဲ့ ကားေတြေတာ္ေတာ္ မ်ားလာတာကို ေတြ႕ရမွာပါ။

    “ဂ” လိုင္စင္- “ဂ” လုပ္ငန္းလိုင္စင္ဆိုတာကေတာ့ အခုၿမိဳ႕တြင္းမွာေျပးဆြဲေနတဲ့ အငွားယာဥ္ (Taxi) လိုင္စင္ကို ေျပာတာျဖစ္ပါတယ္။ စာလိုေျပာမယ္ဆိုရင္ေတာ့ စီးလုံးငွားခရီးသည္ပို႔ေဆာင္ခြင့္ နံပါတ္အနီ၊ လုပ္ငန္းလိုင္စင္အနီပါ။

    “ခ” လိုင္စင္- “ခ” လုပ္ငန္းလိုင္စင္ကေတာ့ ခရီးသည္ပို႔ေဆာင္ခြင့္အတြက္ပါ။ အခုေျပးဆြဲေနတဲ့ လိုင္းကားေတြ၊ အေဝးေျပးခရီးသည္တင္ယာဥ္ (Express) ေတြမွာ လုပ္ရတဲ့ လိုင္စင္ပါ။

    “က” လိုင္စင္- ေနာက္ဆုံးလိုင္စင္က ကုန္စည္ပို႔ေဆာင္ခြင့္ အတြက္လုပ္ရတဲ့ လုပ္ငန္းလိုင္စင္ပါ။ တစ္နယ္နဲ႔တစ္နယ္ ကုန္တင္ကားႀကီးေတြနဲ႔ ပို႔ေဆာင္မယ္ဆိုရင္ ဒီလိုင္စင္ကို ေလွ်ာက္ရမွာပါ။ ဒီလိုင္စင္ လုပ္ၿပီးဆိုရင္ စပယ္ယာလိုပါတယ္။ “စ” လိုင္စင္- ဒီလိုင္စင္ကို အေပၚက လိုင္စင္ငါးမ်ိဳးထဲမွာ မထည့္ခဲ့တာက ဒီလိုင္စင္က ေတာ္႐ုံတန္႐ုံ ေလွ်ာက္စရာမလိုတဲ့ လိုင္စင္မို႔လို႔ပါ။ တစ္ခါတေလမွသာ ေလွ်ာက္ရတဲ့ လိုင္စင္ျဖစ္ၿပီး ဒီလိုင္စင္က ယာယီပို႔ေဆာင္ခြင့္ ဒါမွမဟုတ္ အထူးလိုအပ္ခ်က္ေတြ ျဖည့္တင္းဖို႔အတြက္ လိုင္စင္အသစ္လဲလွယ္ခ်ိန္ ရက္ၾကာေနရင္ အသုံးျပဳတဲ့လုပ္ငန္းလိုင္စင္ပါ။ ဒီလိုင္စင္ကို ဘုရားဖူးကားေတြမွာ ေတြ႕ရတတ္ပါတယ္။

    အထက္က ေဖာ္ျပခဲ့တာေတြကေတာ့ လုပ္ငန္းလိုင္စင္ အမ်ိဳးအစားေတြအေၾကာင္းပါ။ ေအာက္မွာကေတာ့ ေမာ္ေတာ္ယာဥ္ သက္တမ္းတိုးမယ္ဆိုရင္ ဘာေတြလိုမလဲဆိုတာကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။

    (၂) ေမာ္ေတာ္ယာဥ္ သက္တမ္းတိုးမယ္ဆိုရင္

    ၂၀၁၇ ခုႏွစ္ေႏွာင္းပိုင္းက ထပ္မံေျပာင္းလဲ လိုက္တဲ့စည္းမ်ဥ္းအရ အိမ္စီးကိုယ္ပိုင္ကား (နံပါတ္အနက္) ေတြကို လိုင္စင္သက္တမ္းတိုးခြင့္ ၂ ႏွစ္အထိ ခြင့္ျပဳေပးခဲ့ပါတယ္။ က်န္ကား (လုပ္ငန္းသုံး၊ အငွားယာဥ္ေတြ) ေတြကေတာ့ တစ္ႏွစ္တစ္ခါ သက္တမ္းတိုးရမွာ ျဖစ္ပါတယ္။ ၂ ႏွစ္သက္တမ္းတိုးခြင့္ရွိတဲ့ ကားအမ်ိဳးအစားေတြမွာဆိုရင္ ဂ်စ္ကား၊ Saloon? Van? Double-Cab? Station Wagon နဲ႔ ၁၅ ေယာက္စီး မိုက္ခ႐ိုဘတ္စ္ေတြ၊ ဟိုက္ဂ်က္လိုကားေတြ ပါဝင္ပါတယ္။

    (၃) ယာဥ္ေမာင္းလိုင္စင္ေပ်ာက္ရင္ ဘယ္လိုျပန္ေလွ်ာက္မလဲ

    ပိုင္ရွင္ကိုယ္တိုင္ မိမိသက္တမ္းတိုးတဲ့ ကညန႐ုံးမွာ သြားေရာက္ေလွ်ာက္ထားရပါမယ္။ မိမိမွတ္ပုံတင္မူရင္း/ မိတၱဴ၊ အျပာေရာင္ ေနာက္ခံပတ္စ္ပို႔ဓာတ္ပုံ ၂ ပုံ လိုအပ္ပါမယ္။ ကညန႐ုံးမွာ မိမိလိုင္စင္အမွတ္ႏွင့္ အေပ်ာက္ပုံစံျဖည့္ရပါမယ္။ အဲဒီပုံစံနဲ႔ ၅၁ လမ္း ယာဥ္ထိန္း႐ုံး ဒါမွမဟုတ္ ကညန႐ုံးမွာရွိတဲ့ ရဲမႈစစ္မွာ ရဲမႈခင္းကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ ယူရပါမယ္။ အဲဒီေထာက္ခံခ်က္ရၿပီဆိုတာနဲ႔ ကညန႐ုံးမွာ လိုင္စင္ေပ်ာက္ထုတ္ယူပါ။ ကိုယ့္ရဲ႕လိုင္စင္အမွတ္ကို မသိရင္ ကိုယ့္နာမည္၊ မွတ္ပုံတင္အမွတ္၊ ဖခင္အမည္နဲ႔ ကညနကြန္ပ်ဴတာမွာ ရွာေဖြႏိုင္ပါတယ္။ လိုင္စင္သက္တမ္း ၅ ႏွစ္ေက်ာ္ သက္တမ္းျပတ္ေနမယ္ဆိုရင္ အသစ္လိုျပန္ေျဖၿပီးမွ လိုင္စင္ျပန္ရမွာျဖစ္ပါတယ္။

    ဟိန္းျမတ္စိုး

    Source – ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာန

    Credit – The Voice

    [Unicode Version]

    ကားလိုင်စင်ပျောက်ရင် ဘယ်လိုပြန်လျှောက်မလဲနဲ့ ကားလုပ်ငန်းလိုင်စင်များ

    ကားနဲ့ပတ်သက်ပြီး အလုပ်လုပ်တဲ့သူတွေပဲဖြစ်ဖြစ်၊ ကားပိုင်ရှင်တွေပဲဖြစ်ဖြစ် သိသင့်တဲ့အကြောင်းအရာလေးတွေကို တင်ပြပေးမှာဖြစ်ပါတယ်။ လုပ်ငန်းအလိုက် လိုင်စင်လျှောက်မယ်ဆိုရင် ဘယ်လိုလုပ်ရမှာလဲ၊ လုပ်ငန်းအမျိုးတွေက ဘာတွေလဲ၊ ယာဉ်မောင်းလိုင်စင်ပျောက်သွားရင် ဘယ်လိုပြန်လျှောက်ရမလဲ၊ ကားလိုင်စင်သက်တမ်းတိုးမယ်ဆိုရင် ဘာတွေလုပ်ရမလဲ မသိသေးတဲ့သူတွေပဲဖြစ်ဖြစ်၊ တိတိကျကျ သိလိုတဲ့သူတွေပဲဖြစ်ဖြစ်ဒါလေးကို ဖတ်ကြည့်စေချင်ပါတယ်။

    (၁) လုပ်ငန်းလိုင်စင် အမျိုးအစားများ

    ကားနဲ့ပတ်သက်လို့ လုပ်ငန်းလုပ်မယ်ဆိုရင် လုပ်ငန်းလိုင်စင်အမျိုးအစား ငါးခုရှိပါတယ်။ အဲဒါတွေကတော့ “က”၊ “ခ”၊ “ဂ”၊ “ဃ” နဲ့ “င” ဆိုပြီးဖြစ်ပါတယ်။

    “င” လိုင်စင်- ကိုယ့်အိမ်မှာ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လေးလုပ်ဖို့အတွက် Hijet (နံပါတ်အနက်) လို အသေးစားလုပ်ငန်းသုံးကားလေးတစ်စီး ဝယ်ထားပြီး ပစ္စည်းလေးတွေ အသယ်အပို့ လုပ်တယ်ဆိုရင် “င” ကိုယ်ပိုင်စီးပွားရေးပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင် လုပ်ထားရမှာ ဖြစ်ပါတယ်။ အဲဒီလိုင်စင်က အစိမ်းရောင်ဖြစ်ပြီးတော့ ကိုယ်လုပ်မယ့် လုပ်ငန်းအမျိုးအစားကို ဖော်ပြပေးရမှာဖြစ်ပါတယ်။ ကိုယ့်အိမ်က ကုန်စုံဆိုင်အတွက် လုပ်မှာလား၊ ကုန်စိမ်းဆိုင်အတွက် လုပ်မှာလားဆိုပြီးတော့ ဖော်ပြပေးဖို့လိုပါတယ်။

    “ဃ” လိုင်စင်- ဒီလုပ်ငန်းလိုင်စင်ကတော့ ပြည်ပက ဧည့်သည်တွေကို သယ်ယူပို့ဆောင်ပေးတဲ့ လုပ်ငန်းလိုင်စင်ပါ။ အလွယ်ပြောမယ်ဆိုရင်တော့ Tour ကားတွေကို ဆိုလိုတာပေါ့။ ကားနံပါတ် အရောင်ကတော့ အပြာ၊ “ဃ” ကလည်း အပြာရောင်ပါ။ အခုနောက်ပိုင်းတော့ အဲဒီလို လိုင်စင်တွေနဲ့လုပ်နေတဲ့ ကားတွေတော်တော် များလာတာကို တွေ့ရမှာပါ။

    “ဂ” လိုင်စင်- “ဂ” လုပ်ငန်းလိုင်စင်ဆိုတာကတော့ အခုမြို့တွင်းမှာပြေးဆွဲနေတဲ့ အငှားယာဉ် (Taxi) လိုင်စင်ကို ပြောတာဖြစ်ပါတယ်။ စာလိုပြောမယ်ဆိုရင်တော့ စီးလုံးငှားခရီးသည်ပို့ဆောင်ခွင့် နံပါတ်အနီ၊ လုပ်ငန်းလိုင်စင်အနီပါ။

    “ခ” လိုင်စင်- “ခ” လုပ်ငန်းလိုင်စင်ကတော့ ခရီးသည်ပို့ဆောင်ခွင့်အတွက်ပါ။ အခုပြေးဆွဲနေတဲ့ လိုင်းကားတွေ၊ အဝေးပြေးခရီးသည်တင်ယာဉ် (Express) တွေမှာ လုပ်ရတဲ့ လိုင်စင်ပါ။

    “က” လိုင်စင်- နောက်ဆုံးလိုင်စင်က ကုန်စည်ပို့ဆောင်ခွင့် အတွက်လုပ်ရတဲ့ လုပ်ငန်းလိုင်စင်ပါ။ တစ်နယ်နဲ့တစ်နယ် ကုန်တင်ကားကြီးတွေနဲ့ ပို့ဆောင်မယ်ဆိုရင် ဒီလိုင်စင်ကို လျှောက်ရမှာပါ။ ဒီလိုင်စင် လုပ်ပြီးဆိုရင် စပယ်ယာလိုပါတယ်။ “စ” လိုင်စင်- ဒီလိုင်စင်ကို အပေါ်က လိုင်စင်ငါးမျိုးထဲမှာ မထည့်ခဲ့တာက ဒီလိုင်စင်က တော်ရုံတန်ရုံ လျှောက်စရာမလိုတဲ့ လိုင်စင်မို့လို့ပါ။ တစ်ခါတလေမှသာ လျှောက်ရတဲ့ လိုင်စင်ဖြစ်ပြီး ဒီလိုင်စင်က ယာယီပို့ဆောင်ခွင့် ဒါမှမဟုတ် အထူးလိုအပ်ချက်တွေ ဖြည့်တင်းဖို့အတွက် လိုင်စင်အသစ်လဲလှယ်ချိန် ရက်ကြာနေရင် အသုံးပြုတဲ့လုပ်ငန်းလိုင်စင်ပါ။ ဒီလိုင်စင်ကို ဘုရားဖူးကားတွေမှာ တွေ့ရတတ်ပါတယ်။

    အထက်က ဖော်ပြခဲ့တာတွေကတော့ လုပ်ငန်းလိုင်စင် အမျိုးအစားတွေအကြောင်းပါ။ အောက်မှာကတော့ မော်တော်ယာဉ် သက်တမ်းတိုးမယ်ဆိုရင် ဘာတွေလိုမလဲဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။

    (၂) မော်တော်ယာဉ် သက်တမ်းတိုးမယ်ဆိုရင်

    ၂၀၁၇ ခုနှစ်နှောင်းပိုင်းက ထပ်မံပြောင်းလဲ လိုက်တဲ့စည်းမျဉ်းအရ အိမ်စီးကိုယ်ပိုင်ကား (နံပါတ်အနက်) တွေကို လိုင်စင်သက်တမ်းတိုးခွင့် ၂ နှစ်အထိ ခွင့်ပြုပေးခဲ့ပါတယ်။ ကျန်ကား (လုပ်ငန်းသုံး၊ အငှားယာဉ်တွေ) တွေကတော့ တစ်နှစ်တစ်ခါ သက်တမ်းတိုးရမှာ ဖြစ်ပါတယ်။ ၂ နှစ်သက်တမ်းတိုးခွင့်ရှိတဲ့ ကားအမျိုးအစားတွေမှာဆိုရင် ဂျစ်ကား၊ Saloon? Van? Double-Cab? Station Wagon နဲ့ ၁၅ ယောက်စီး မိုက်ခရိုဘတ်စ်တွေ၊ ဟိုက်ဂျက်လိုကားတွေ ပါဝင်ပါတယ်။

    (၃) ယာဉ်မောင်းလိုင်စင်ပျောက်ရင် ဘယ်လိုပြန်လျှောက်မလဲ

    ပိုင်ရှင်ကိုယ်တိုင် မိမိသက်တမ်းတိုးတဲ့ ကညနရုံးမှာ သွားရောက်လျှောက်ထားရပါမယ်။ မိမိမှတ်ပုံတင်မူရင်း/ မိတ္တူ၊ အပြာရောင် နောက်ခံပတ်စ်ပို့ဓာတ်ပုံ ၂ ပုံ လိုအပ်ပါမယ်။ ကညနရုံးမှာ မိမိလိုင်စင်အမှတ်နှင့် အပျောက်ပုံစံဖြည့်ရပါမယ်။ အဲဒီပုံစံနဲ့ ၅၁ လမ်း ယာဉ်ထိန်းရုံး ဒါမှမဟုတ် ကညနရုံးမှာရှိတဲ့ ရဲမှုစစ်မှာ ရဲမှုခင်းကင်းရှင်းကြောင်း ထောက်ခံချက် ယူရပါမယ်။ အဲဒီထောက်ခံချက်ရပြီဆိုတာနဲ့ ကညနရုံးမှာ လိုင်စင်ပျောက်ထုတ်ယူပါ။ ကိုယ့်ရဲ့လိုင်စင်အမှတ်ကို မသိရင် ကိုယ့်နာမည်၊ မှတ်ပုံတင်အမှတ်၊ ဖခင်အမည်နဲ့ ကညနကွန်ပျူတာမှာ ရှာဖွေနိုင်ပါတယ်။ လိုင်စင်သက်တမ်း ၅ နှစ်ကျော် သက်တမ်းပြတ်နေမယ်ဆိုရင် အသစ်လိုပြန်ဖြေပြီးမှ လိုင်စင်ပြန်ရမှာဖြစ်ပါတယ်။

    ဟိန်းမြတ်စိုး

    Source – ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန

    Credit – The Voice

  • အမြန်လမ်းနဲ့ သတိမူသင့်သောနေရာများ

    [Zawgyi version]

    အျမန္လမ္းနဲ႔ သတိမူသင့္ေသာေနရာမ်ား

    အၿမဲသြားေနတဲ့ မိတ္ေဆြေတြအတြက္ သိေနၿပီးသားျဖစ္ႏိုင္ေပမဲ့ တႏွစ္တစ္ေခါက္ေလာက္ ႐ုံးပိတ္ရက္ သြားမယ့္မိတ္ေဆြေတြ မသိတဲ့ ေနရာေလးေတြရွိခဲ့ရင္ အသုံးဝင္ခဲ့ရင္ က်ေနာ္ လက္ေညာင္းရက်ိဳးနပ္ပါၿပီ။ ဒီမိုင္တိုင္ ၃၅၂ မိုင္အတြင္းမွာ သတိျပဳသင့္တဲ့ ေနရာေတြ အမ်ားႀကီးပါ။ ဒီထဲက က်ေနာ္ မွတ္သားထားတာေလးေတြ ေခါင္းစဥ္တစ္ခုဆီေအာက္မွာ ရွယ္ေပးခ်င္ပါတယ္။

    ၁။ အေကြ႕

    အျမန္လမ္းမွာ အေရးအႀကီးဆုံးပါ။ ကိုယ့္အရွိန္ကို မထိန္းႏိုင္ပဲ အိပ္မငိုက္ပဲနဲ႔ေမွာက္တာ အေကြ႕ေတြမွာပါ။

    •၄၆ မိုင္

    •၁၀၅ မိုင္( ေ႐ႊလီဦး ၁၇ေယာက္ေသ)

    •၁၇၃ သာဂရအေကြ႕

    •၁၉၇ (ရာဇာမင္း ၉ေယာက္ေသ)

    •၂၂၂

    •၂၂၇ ေကြ႕ဆင္း

    ••၂၄၂ အေကြ႕အၾကမ္းဆုံး သတိျပဳရမဲ့အေကြ႕••££££##

    မန္းေလးဘက္သြားတဲ့ဘက္မွာေတာ့

    •၃၅၆

    •၃၅၉ အေကြ႕အရမ္းၾကမ္းပါတယ္။

    ၂။ ဂငယ္ေကြ႕

    အျမန္ေမာင္းေနတဲ့ လမ္းမွာ ေရွ႕ကားဂငယ္ေကြ႕ရင္အရမ္းသတိထားရပါတယ္။

    •၁၅မိုင္ဘရားႀကီးအနီး

    ဘုရားဖူးကားေတြ ရန္ကုန္ျပန္ဖို႔ ဂငယ္ျပန္ေကြ႕ၾကတယ္။

    •၁၁၃ ၾကက္ကာလသားခ်က္ဆိုင္

    •၁၄၇ ေတာင္ငူအနီး

    ၃။ ကြၽဲျဖတ္ ႏြားျဖတ္

    ၁၁၀-၁၄၇ ၾကားမွာ ကြၽဲအုပ္ ႏြားအုပ္ေတြ ျဖတ္သန္းသြားလာပါတယ္။ သတိထားပါ။ တိုက္မိရင္ ပိုင္ရွင္စုံစမ္းမရပါ။

    ၄။ ဆိုင္ကယ္အျဖတ္အမ်ားဆုံး

    ဟိုဘက္ဒီဘက္ ေက်း႐ြာရွိတဲ့ ေနရာေတြမွာ အဓိက ျဖတ္သန္းပါတယ္။

    ၁၃မိုင္ – မိုင္တိုင္ ၂ဝၾကား

    ၁၄၇မိုင္- မိုင္တိုင္ ၁၅၃ၾကား (ေတာင္ငူ-ေကတုမနီ)

    ၂၅၆မိုင္ – မိုင္တိုင္ ၂၆၂ၾကား( ေပ်ာ္ဘြယ္လမ္းခြဲ)

    ၅။ ကီလိုမီတာဖမ္း (ရဲစခန္းနဲ႔ အနီးဆုံးေနရာမ်ား)

    ၈၃မိုင္

    ၁၄၇မိုင္

    ၂၂၇ ကုန္းဆင္း

    ၃၂၅ မိုင္

    လမ္းေဘးမွာ Light truck ကားေလးရပ္ထားရင္ သတိထားပါ။ သတိထားၾကည့္ရင္ ေနာက္ဖုံးမွာ Highway Police စာတန္းေလးပါပါတယ္။ (ဒီစာပိုဒ္က စည္းကမ္းမဲ့မို႔အတြက္ မဟုတ္ေပမဲ့တခါတေလ အေရးႀကီးလို႔ အျမန္ေမာင္းမိရင္ဒီေနရာေတြကို သတိမထားလို႔ ရဲဖမ္းခံရရင္ ပိုၾကာတတ္လို႔ပါ)

    PS. က်ေနာ့္ ၂၅၀၀၀၀ ဖိုး အေတြ႕အႀကဳံပါ။

    ၆။ နယ္ေျမၾကမ္း

    ေျမေနရာ မသန႔္ဘူးပဲ ေျပာရမလား။ အတိုက္အခိုက္အမ်ားဆုံးနဲ႔ ယာဥ္ေမာင္း အိပ္အငိုက္ဆုံးေနရာေတြပါ။

    •၁၃မိုင္ ၁၅မိုင္ၾကား

    •မိုင္ ၂၀ ပတ္လည္

    •မိုင္ ၈၄-၁၀၀မိုင္တိုင္ၾကား

    •မိုင္တိုင္ ၂၈၅-၃၃၀ ၾကား

    ၇။ ညသရဲေျခာက္

    •၈၄-၁၀ဝၾကား

    •၂၈၅-၃၃ဝၾကား ညနက္ပိုင္းတစ္ေယာက္ထဲ မိတၱီလာကထြက္လာရင္ သတိထားမိတယ္ အဲဒီမိုင္တိုင္ေတြမွာ ေက်ာခ်မ္းလာတယ္။

    •၁၁၅-၉၀ ၾကား

    ၈။လုယွက္မႈ

    •မိုင္၂၀ပတ္လည္

    •မိုင္ ၉၀ပတ္လည္

    •၁၅၈-၂၀ဝၾကား

    ၉။ရဲစခန္း

    အက်ဥ္းဖ်င္း ၈မိုင္ျခားတစ္ခု။ အျမန္လမ္းရဲကေတာ့ တစ္ကယ္ခ်ီးက်ဳးဖို႔ေကာင္းပါတယ္။ ေနပူက်ဲထဲမွာ ညနက္သန္းေခါင္မွာ ကားဘီးေပါက္တာ ကားပ်က္တာကအစ ကူညီေပးပါတယ္။ ရဲစခန္းလိပ္စာနဲ႔ ဖုန္းနံပါတ္ေတြကေတာ့ ပို႔တစ္ခုရွိပါတယ္ လင့္ရွာေပးပါ့မယ္။

    ၁၀။ ယာဥ္ႀကံခိုင္ေရး

    ခရီးေဝးသြားမယ္ဆို တာယာ မႏွေမ်ာပါနဲ႔။ အင္ဂ်င္ဝိုင္၊ ေရတိုင္ဂီေရ၊ ကားႀကံခိုင္ေရး ေသခ်ာျပင္ဆင္သင့္ပါတယ္။

    ၁၁။ တံတားဦး ေလဆိပ္အဝိုင္း

    မန္းေလး တိုးဂိတ္ေက်ာ္ အရွိန္အရမ္းတင္ၿပီး ညပိုင္းဆို သတိထားပါ။ ေရွ႕အလယ္တည့္တည့္မွာ မီးမရွိတဲ့အဝိုင္းႀကီးေစာင့္ႀကိဳေနပါတယ္။

    ၁၂။ မိုး႐ြာရင္

    •ေရဝပ္တဲ့ေနရာေတြ သတိထားပါ။

    •အခ်က္ျပမီး ေရွ႕မီးႀကီး ဖြင့္ထားပါ။

    •ကီလိုမီတာ (၆၀ ထက္ ပိုေမာင္းလို႔ မေကာင္းပါ။

    ကားႀကံခိုင္ေရး စစ္ေဆးခ်ိန္ မရရင္ ညပိုင္းသြားျခင္း ေရွာင္ၾကည္ပါ။

    အျမန္လမ္း အသုံးျပဳတဲ့ မိတ္ေဆြေတြ ေဘးကင္းႏိုင္ၾကပါေစ။ ေနာက္ထပ္ သတိမႈစရာေလးမ်ားက်န္ခဲ့လွ်င္ ျဖည့္စြက္ ေရးသားၾကပါ။ ဒီစာကိုေရးသားႏိုင္တာဟာ က်ေနာ္တစ္ဦးထဲ အေတြ႕အႀကဳံမဟုတ္ပါ။ ယာဥ္ေမာင္းသက္ ၁၅ႏွစ္ေက်ာ္ ရွိတဲ့ မိတ္ေဆြႀကီး ကိုစိန္ေမာင္ အေတြ႕အႀကဳံေတြေၾကာင့္ပါ။

    စက္ပစၥည္းတပ္ ယာဥ္မွာ ဆရာဆိုတာ မရွိပါ။

    Credit – ေမာင္ထူး

    [Unicode Version]

    အမြန်လမ်းနဲ့ သတိမူသင့်သောနေရာများ

    အမြဲသွားနေတဲ့ မိတ်ဆွေတွေအတွက် သိနေပြီးသားဖြစ်နိုင်ပေမဲ့ တနှစ်တစ်ခေါက်လောက် ရုံးပိတ်ရက် သွားမယ့်မိတ်ဆွေတွေ မသိတဲ့ နေရာလေးတွေရှိခဲ့ရင် အသုံးဝင်ခဲ့ရင် ကျနော် လက်ညောင်းရကျိုးနပ်ပါပြီ။ ဒီမိုင်တိုင် ၃၅၂ မိုင်အတွင်းမှာ သတိပြုသင့်တဲ့ နေရာတွေ အများကြီးပါ။ ဒီထဲက ကျနော် မှတ်သားထားတာလေးတွေ ခေါင်းစဉ်တစ်ခုဆီအောက်မှာ ရှယ်ပေးချင်ပါတယ်။

    ၁။ အကွေ့

    အမြန်လမ်းမှာ အရေးအကြီးဆုံးပါ။ ကိုယ့်အရှိန်ကို မထိန်းနိုင်ပဲ အိပ်မငိုက်ပဲနဲ့မှောက်တာ အကွေ့တွေမှာပါ။

    •၄၆ မိုင်

    •၁၀၅ မိုင်( ရွှေလီဦး ၁၇ယောက်သေ)

    •၁၇၃ သာဂရအကွေ့

    •၁၉၇ (ရာဇာမင်း ၉ယောက်သေ)

    •၂၂၂

    •၂၂၇ ကွေ့ဆင်း

    •၂၄၂ အကွေ့အကြမ်းဆုံး သတိပြုရမဲ့အကွေ့

    မန်းလေးဘက်သွားတဲ့ဘက်မှာတော့

    •၃၅၆

    •၃၅၉ အကွေ့အရမ်းကြမ်းပါတယ်။

    ၂။ ဂငယ်ကွေ့

    အမြန်မောင်းနေတဲ့ လမ်းမှာ ရှေ့ကားဂငယ်ကွေ့ရင်အရမ်းသတိထားရပါတယ်။

    •၁၅မိုင်ဘရားကြီးအနီး

    ဘုရားဖူးကားတွေ ရန်ကုန်ပြန်ဖို့ ဂငယ်ပြန်ကွေ့ကြတယ်။

    •၁၁၃ ကြက်ကာလသားချက်ဆိုင်

    •၁၄၇ တောင်ငူအနီး

    ၃။ ကျွဲဖြတ် နွားဖြတ်

    ၁၁၀-၁၄၇ ကြားမှာ ကျွဲအုပ် နွားအုပ်တွေ ဖြတ်သန်းသွားလာပါတယ်။ သတိထားပါ။ တိုက်မိရင် ပိုင်ရှင်စုံစမ်းမရပါ။

    ၄။ ဆိုင်ကယ်အဖြတ်အများဆုံး

    ဟိုဘက်ဒီဘက် ကျေးရွာရှိတဲ့ နေရာတွေမှာ အဓိက ဖြတ်သန်းပါတယ်။

    ၁၃မိုင် – မိုင်တိုင် ၂ဝကြား

    ၁၄၇မိုင်- မိုင်တိုင် ၁၅၃ကြား (တောင်ငူ-ကေတုမနီ)

    ၂၅၆မိုင် – မိုင်တိုင် ၂၆၂ကြား( ပျော်ဘွယ်လမ်းခွဲ)

    ၅။ ကီလိုမီတာဖမ်း (ရဲစခန်းနဲ့ အနီးဆုံးနေရာများ)

    ၈၃မိုင်

    ၁၄၇မိုင်

    ၂၂၇ ကုန်းဆင်း

    ၃၂၅ မိုင်

    လမ်းဘေးမှာ Light truck ကားလေးရပ်ထားရင် သတိထားပါ။ သတိထားကြည့်ရင် နောက်ဖုံးမှာ Highway Police စာတန်းလေးပါပါတယ်။ (ဒီစာပိုဒ်က စည်းကမ်းမဲ့မို့အတွက် မဟုတ်ပေမဲ့တခါတလေ အရေးကြီးလို့ အမြန်မောင်းမိရင်ဒီနေရာတွေကို သတိမထားလို့ ရဲဖမ်းခံရရင် ပိုကြာတတ်လို့ပါ)

    PS. ကျနော့် ၂၅၀၀၀၀ ဖိုး အတွေ့အကြုံပါ။

    ၆။ နယ်မြေကြမ်း

    မြေနေရာ မသန့်ဘူးပဲ ပြောရမလား။ အတိုက်အခိုက်အများဆုံးနဲ့ ယာဉ်မောင်း အိပ်အငိုက်ဆုံးနေရာတွေပါ။

    •၁၃မိုင် ၁၅မိုင်ကြား

    •မိုင် ၂၀ ပတ်လည်

    •မိုင် ၈၄-၁၀၀မိုင်တိုင်ကြား

    •မိုင်တိုင် ၂၈၅-၃၃၀ ကြား

    ၇။ ညသရဲခြောက်

    •၈၄-၁၀ဝကြား

    •၂၈၅-၃၃ဝကြား ညနက်ပိုင်းတစ်ယောက်ထဲ မိတ္တီလာကထွက်လာရင် သတိထားမိတယ် အဲဒီမိုင်တိုင်တွေမှာ ကျောချမ်းလာတယ်။

    •၁၁၅-၉၀ ကြား

    ၈။လုယက်မှု

    •မိုင်၂၀ပတ်လည်

    •မိုင် ၉၀ပတ်လည်

    •၁၅၈-၂၀ဝကြား

    ၉။ရဲစခန်း

    အကျဉ်းဖျင်း ၈မိုင်ခြားတစ်ခု။ အမြန်လမ်းရဲကတော့ တစ်ကယ်ချီးကျုးဖို့ကောင်းပါတယ်။ နေပူကျဲထဲမှာ ညနက်သန်းခေါင်မှာ ကားဘီးပေါက်တာ ကားပျက်တာကအစ ကူညီပေးပါတယ်။ ရဲစခန်းလိပ်စာနဲ့ ဖုန်းနံပါတ်တွေကတော့ ပို့တစ်ခုရှိပါတယ် လင့်ရှာပေးပါ့မယ်။

    ၁၀။ ယာဉ်ကြံခိုင်ရေး

    ခရီးဝေးသွားမယ်ဆို တာယာ မနှမျောပါနဲ့။ အင်ဂျင်ဝိုင်၊ ရေတိုင်ဂီရေ၊ ကားကြံခိုင်ရေး သေချာပြင်ဆင်သင့်ပါတယ်။

    ၁၁။ တံတားဦး လေဆိပ်အဝိုင်း

    မန်းလေး တိုးဂိတ်ကျော် အရှိန်အရမ်းတင်ပြီး ညပိုင်းဆို သတိထားပါ။ ရှေ့အလယ်တည့်တည့်မှာ မီးမရှိတဲ့အဝိုင်းကြီးစောင့်ကြိုနေပါတယ်။

    ၁၂။ မိုးရွာရင်

    •ရေဝပ်တဲ့နေရာတွေ သတိထားပါ။

    •အချက်ပြမီး ရှေ့မီးကြီး ဖွင့်ထားပါ။

    •ကီလိုမီတာ (၆၀ ထက် ပိုမောင်းလို့ မကောင်းပါ။

    ကားကြံခိုင်ရေး စစ်ဆေးချိန် မရရင် ညပိုင်းသွားခြင်း ရှောင်ကြည်ပါ။

    အမြန်လမ်း အသုံးပြုတဲ့ မိတ်ဆွေတွေ ဘေးကင်းနိုင်ကြပါစေ။ နောက်ထပ် သတိမှုစရာလေးများကျန်ခဲ့လျှင် ဖြည့်စွက် ရေးသားကြပါ။ ဒီစာကိုရေးသားနိုင်တာဟာ ကျနော်တစ်ဦးထဲ အတွေ့အကြုံမဟုတ်ပါ။ ယာဉ်မောင်းသက် ၁၅နှစ်ကျော် ရှိတဲ့ မိတ်ဆွေကြီး ကိုစိန်မောင် အတွေ့အကြုံတွေကြောင့်ပါ။

    စက်ပစ္စည်းတပ် ယာဉ်မှာ ဆရာဆိုတာ မရှိပါ။

    Credit – မောင်ထူး

  • ဘာေၾကာင့္ စပ်စ္ေဖ်ာ္ရည္ ေသာက္သင့္သလဲ

     

    စပ်စ္သီးစားရတာ မႀကိဳက္တဲ့လူ ရွိပါလား။ လူတိုင္းကေတာ့ အစားအစာတစ္ခုကို ပံုေသႀကိဳက္ဖို႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။ တခ်ို႕ကလည္း မႀကိဳက္တာ အေစ့ေတြက ရႈပ္ေနလို႔ အခြံေတြ ျပန္ေထြးထုတ္ရလို႔ ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ မႀကိဳက္ၾကတာပါ။ ဒါဆိုရင္ေတာ့ ေဖ်ာ္ရည္လုပ္ေသာက္ရင္ေရာ ေသာက္ၾကတယ္မလား ေမးရင္ ရက္စ္လို႔ ေျဖပါလိမ့္မယ္။

    စပ်စ္သီးဟာ ဗီတာမင္၊ သတၱဳဓာတ္၊ အာဟာရဓာတ္နဲ႔ အင္တီေအာက္စီးဒင့္ေတြ အမ်ားအျပား ပါ၀င္ၿပီး လူကိုယ္ခႏၶာကို အက်ိဳးျဖစ္ေစပါတယ္။ ဒါေၾကာင့္ အသီးစားရတာ မႀကိဳက္ရင္ေတာ့ ေဖ်ာ္ရည္လုပ္ေသာက္သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ေတာ့ အေၾကာင္းျပခ်က္အခ်ိဳ႕ ရွိေနလို႔ပါ။

    အစာေၾကလြယ္ျခင္း
    န႔စဥ္ စပ်စ္သီးေဖ်ာ္ရည္ ေသာက္ေပးျခင္းဟာ အစာေၾကဖ်က္အားကို ေကာင္းမြန္ေစၿပီး ကိုယ္ခႏၶာထဲက ဗီတာမင္စီ ကို ျမင့္တင္ေပးပါတယ္။ အထူးသျဖင့္ အသက္အရြယ္ အလယ္အလတ္သမားေတြ ေသာက္သံုးသင့္တယ္လုိ႔ Medicinal Food Journal ကေန အႀကံျပဳထားပါတယ္။

    ႏွလံုးေသြးေၾကာပိတ္ဆို႔ျခင္းကို ကာကြယ္ႏုိင္
    စပ်စ္သီးေဖ်ာ္ရည္ဟာ ႏွလံုးေသြးေၾကာအတြင္း ပိတ္ဆို႔ျခင္းကို ကာကြယ္ႏုိင္ၿပီး ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

    စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ႏုိင္
    စပ်စ္သီးအနီ ေဖ်ာ္ရည္ဟာ အလုပ္မ်ားၿပီး စိတ္မၾကည္မလင္ျဖစ္တာေတြ ေခါင္းအံုၿပီး ေနလို႔မေကာင္းတဲ့အခ်ိန္ေတြမွာ ေသာက္ေပးႏုိင္ၿပီး စိတ္ဖိစီးမႈကိုလည္း ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

    ေသြးဖိအားကိုထိန္းသိမ္းေပး
    စပ်စ္သီးမွာ ပါတဲ့ အင္တီေအာက္စီးဒင့္နဲ႔ ဖလာဗိုႏိုရစ္ဟာ ေသြးဖိအားကို ထိန္းသိမ္းေပးထားႏုိင္ပါတယ္။

    ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ႏုိင္
    ေလ့က်င့္ခန္းျပဳလုပ္ၿပီးတဲ့ အခ်ိန္ေတြမွာ ေသာက္သံုးသင့္ၿပီး ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ေနသူေတြ အတြက္ကေတာ့ အေဖာ္မြန္ပါပဲ။
    Credit: zeenews

  • အဲယားကွန်း အသုံးပြုသောအခါ လိုက်နာသင့်သည့် (အခြေခံ) အချက်လက်ထဲမှ(၁၉ချက်)

    (Zawgyi ျဖင့္ဖတ္ရန္)

    ၁။ Air con အပိတ္အဖြင့္လုပ္သည့္အခါ ပလပ္ကိုဆြဲျဖဳတ္ျခင္း၊ ထိုးသြင္းျခင္းျဖင့္ အပိတ္အဖြင့္လုပ္ျခင္း (လုံးဝ) မလုပ္ပါႏွင့္။ Shock ျဖစ္ၿပီး စက္ပ်က္တတ္ပါသည္။

    ၂။ Remote Control ကို အသုံးျပဳၿပီး မိမိႏွင့္ သင့္ေတာ္မည့္ အပူခ်ိန္မွာ ခ်ိန္ထားသင့္ပါသည္။ (အရမ္း)မေအးပါေစႏွင့္။ လူကို (တိုက္႐ိုက္)ေလ မထိုးထားပါႏွင့္။ အထူးသျဖင့္ အိပ္သည့္အခါတြင္ျဖစ္ေစ၊ ညဘက္လူအိပ္ေနခ်ိန္ျဖစ္ေစ လူဆီကို အေအးတည့္ တည့္ မက်ေရာက္ေအာင္ သတိထားသင့္ပါသည္။

    ၃။ ညအိပ္ခ်ိန္မ်ားတြင္ အေအးဓာတ္ကို ထိန္းရန္ အခ်ိန္ထိန္းခလုတ္(Timer)ကို အသုံးျပဳႏိုင္ပါသည္။

    ၄။ အခန္းတြင္းကို အေအးဓာတ္မေပးပဲ ေလခ်ည္းသက္သက္ ေပးခ်င္ပါက Fan mode ပန္ကာကို အသုံးျပဳႏိုင္ပါသည္။ ပန္ကာခ်ည္းသုံးျခင္းျဖင့္ လွ်ပ္စစ္ဓါတ္ ေခြၽတာရာေရာက္ပါသည္။

    ၅။ အခန္းတြင္း အပူခ်ိန္အား သင့္သေလာက္သာ ခ်ိန္ထားသင့္ပါသည္။ အပူခ်ိန္ ပူလြန္း / ေအးလြန္းလွ်င္ လွ်ပ္စစ္ဓါတ္အားကို ပိုကုန္ေစႏိုင္သည္။

    ၆။ Remote Control အေဝးထိန္းခလုတ္ကို Air con ေအာက္ တစ္ေပခန႔္အကြာရွိ နံရံတြင္ အထိုင္ခြက္ျဖင့္ တပ္ဆင္ထားပါ။ လြတ္မက်ပါေစႏွင့္။ ေရႏွင့္ အခ်ိဳရည္ကဲ့သို႔ေသာ အရည္မ်ားမထိပါေစႏွင့္။ လြတ္က်လွ်င္ ေရစင္လွ်င္ Remote ပ်က္စီးၿပီး အလုပ္ေကာင္းေကာင္း လုပ္ႏိုင္မည္မဟုတ္ပါ။

    ၇။ Remote Control အေဝးထိန္းခလုပ္အား Air con ႏွင့္ ၁၅ေပခန႔္ အကြာအေဝးအတြင္း၌သာ သုံးပါ။ သိပ္ေဝးလြန္းလွ်င္ အလုပ္မလုပ္ပါ။

    ၈။ Air con ႏွင့္ Remote controlတို႔ၾကားတြင္ ခန္းစည္း / ကန႔္လန႔္ကာ တို႔ႏွင့္ခံေနလွ်င္ Remote ေကာင္းေကာင္းအလုပ္မလုပ္ႏိုင္ပါ။

    ၉။ Air con Indoor Filter ( ေလစစ္ဆန္ကာ) ကို ျဖစ္နိင္လွ်င္ တစ္လလွ်င္ တစ္ႀကိမ္ခန႔္ သန႔္ရွင္းေရးလုပ္ေပးပါ။ ခရီးရက္ရွည္ထြက္စရာရွိလွ်င္Air con ကို ေသေသခ်ာခ်ာ ပိတ္ခဲ့ပါ။

    ၁၀။ Air conရဲ႕ Indoor unit အတြင္း( သို႔မဟုတ္) အျပင္ဘက္ရွိ အစိတ္အပိုင္းမ်ားကို ေရျဖင့္ေဆးၿပီး သန႔္ရွင္းေရး မလုပ္သင့္ပါ။ Shock ျဖစ္ၿပီး ဓာတ္လိုက္တတ္ေသာေၾကာင့္ ကြၽမ္းက်င္သူမ်ားကိုသာ ေခၚလုပ္သင့္ပါသည္။

    ၁၁။ Air con ေရွ႕တည့္တည့္တြင္ မည္သည့္ပစၥည္းမွ ခံမေနပါေစႏွင့္။ ေလလမ္းေၾကာင္းေရွ႕တြင္ အရာဝတၳဳ ပစၥည္းမ်ား ပိတ္ဆို႔ေနလွ်င္ လိုအပ္တဲ့ အေအးဓာတ္ မရွိႏိုင္ပါ။

    ၁၂။ Air con တြင္ ခရမ္းလြန္ေရာင္ျခည္ အခ်က္ေပး ကိရိယာပါရွိပါသည္။ Aircon ေပၚသို႔ ေနေရာင္ျခည္ တိုက္႐ိုက္ က်ေရာက္ေနပါက ေကာင္းေကာင္းအလုပ္မလုပ္ႏိုင္ပါ။ ထို႔ေၾကာင့္ ေနေရာင္ျခည္တိုက္႐ိုက္ က်ေရာက္မေနေစရန္ ခန္းစီး ကန႔္လန႔္ကာတို႔ျဖင့္ ျပတင္းေပါက္မ်ားအား ကာထားသင့္ပါသည္။

    ၁၃။ အခန္းထဲ၌ အနံ႔အသက္ မေကာင္းေတာ့ဘူးဆိုလွ်င္ ျပတင္းေပါက္မ်ားအား ဖြင့္ထားၿပီး ေလေကာင္းေလသန႔္ရေအာင္ လုပ္ပါ။

    ၁၄။ မီးေလာင္ေစတတ္ေသာမႈတ္ေဆးႏွင့္ သုတ္ေဆးမ်ားအား Air con နားမွာ အသုံးမျပဳသင့္ပါ။ တင္နာ၊ ပိုးသတ္ေဆး၊ ေရနံဆီ၊ ဓာတ္ဆီကဲ့သို႔ေသာ အရည္မ်ားဟာ Air con ကို ထိခိုက္ပ်က္စီးႏိုင္ပါသည္။

    ၁၅။ မီးပူ မီးဖိုတို႔လို အပူထုတ္သည့္ပစၥည္းမ်ားအား Air con ႏွင့္ ေဝးေဝးမွာထားပါ။ အပူခ်ိန္ျမင့္လွ်င္ Air con ပ်က္တတ္ပါသည္။

    ၁၆။ Air con မွ ေညႇာ္နံ႔ရလွ်င္ ခလုတ္ကို ခ်က္ျခင္းပိတ္ကာ ျပင္ဆိုင္သို႔ အေၾကာင္းၾကားပါ။

    ၁၇။ Outdoor unit Condenser ထဲသို႔တုတ္ (သို႔မဟုတ္) လက္ျဖင့္ မထည့္ပါႏွင့္။ အထဲမွာ အရွိန္ျပင္းျပင္း လည္ေနတဲ့ပန္ကာ ရွိေသာေၾကာင့္ လူကို အႏၲရာယ္ ျဖစ္ေစတတ္ပါသည္။

    ၁၈။ Outdoor unit Condenser ေပၚတြင္ အဝတ္မ်ားလွန္းျခင္း၊ ပစၥည္းမ်ား တင္ျခင္း မျပဳလုပ္ပါႏွင့္။ စက္အပူလြန္ၿပီး ပ်က္စီးတတ္ပါသည္။

    ၁၉။ အိမ္အျပင္ရွိ Outdoor unit Condenser တြင္ အမႈိက္သ႐ိုက္မ်ား ကပ္ေန/မေန ပုံမွန္ စစ္ေဆးပါ။ အမႈိက္မ်ားကပ္ေနလွ်င္ ရွင္းေပးပါ။

    Credit – TCMpartners

    (Unicode ျဖင့္ဖတ္ရန္)

    ၁။ Air con အပိတ်အဖွင့်လုပ်သည့်အခါ ပလပ်ကိုဆွဲဖြုတ်ခြင်း၊ ထိုးသွင်းခြင်းဖြင့် အပိတ်အဖွင့်လုပ်ခြင်း (လုံးဝ) မလုပ်ပါနှင့်။ Shock ဖြစ်ပြီး စက်ပျက်တတ်ပါသည်။

    ၂။ Remote Control ကို အသုံးပြုပြီး မိမိနှင့် သင့်တော်မည့် အပူချိန်မှာ ချိန်ထားသင့်ပါသည်။ (အရမ်း)မအေးပါစေနှင့်။ လူကို (တိုက်ရိုက်)လေ မထိုးထားပါနှင့်။ အထူးသဖြင့် အိပ်သည့်အခါတွင်ဖြစ်စေ၊ ညဘက်လူအိပ်နေချိန်ဖြစ်စေ လူဆီကို အအေးတည့် တည့် မကျရောက်အောင် သတိထားသင့်ပါသည်။

    ၃။ ညအိပ်ချိန်များတွင် အအေးဓာတ်ကို ထိန်းရန် အချိန်ထိန်းခလုတ်(Timer)ကို အသုံးပြုနိုင်ပါသည်။

    ၄။ အခန်းတွင်းကို အအေးဓာတ်မပေးပဲ လေချည်းသက်သက် ပေးချင်ပါက Fan mode ပန်ကာကို အသုံးပြုနိုင်ပါသည်။ ပန်ကာချည်းသုံးခြင်းဖြင့် လျှပ်စစ်ဓါတ် ချွေတာရာရောက်ပါသည်။

    ၅။ အခန်းတွင်း အပူချိန်အား သင့်သလောက်သာ ချိန်ထားသင့်ပါသည်။ အပူချိန် ပူလွန်း / အေးလွန်းလျှင် လျှပ်စစ်ဓါတ်အားကို ပိုကုန်စေနိုင်သည်။

    ၆။ Remote Control အဝေးထိန်းခလုတ်ကို Air con အောက် တစ်ပေခန့်အကွာရှိ နံရံတွင် အထိုင်ခွက်ဖြင့် တပ်ဆင်ထားပါ။ လွတ်မကျပါစေနှင့်။ ရေနှင့် အချိုရည်ကဲ့သို့သော အရည်များမထိပါစေနှင့်။ လွတ်ကျလျှင် ရေစင်လျှင် Remote ပျက်စီးပြီး အလုပ်ကောင်းကောင်း လုပ်နိုင်မည်မဟုတ်ပါ။

    ၇။ Remote Control အဝေးထိန်းခလုပ်အား Air con နှင့် ၁၅ပေခန့် အကွာအဝေးအတွင်း၌သာ သုံးပါ။ သိပ်ဝေးလွန်းလျှင် အလုပ်မလုပ်ပါ။

    ၈။ Air con နှင့် Remote controlတို့ကြားတွင် ခန်းစည်း / ကန့်လန့်ကာ တို့နှင့်ခံနေလျှင် Remote ကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။

    ၉။ Air con Indoor Filter ( လေစစ်ဆန်ကာ) ကို ဖြစ်နိင်လျှင် တစ်လလျှင် တစ်ကြိမ်ခန့် သန့်ရှင်းရေးလုပ်ပေးပါ။ ခရီးရက်ရှည်ထွက်စရာရှိလျှင်Air con ကို သေသေချာချာ ပိတ်ခဲ့ပါ။

    ၁၀။ Air conရဲ့ Indoor unit အတွင်း( သို့မဟုတ်) အပြင်ဘက်ရှိ အစိတ်အပိုင်းများကို ရေဖြင့်ဆေးပြီး သန့်ရှင်းရေး မလုပ်သင့်ပါ။ Shock ဖြစ်ပြီး ဓာတ်လိုက်တတ်သောကြောင့် ကျွမ်းကျင်သူများကိုသာ ခေါ်လုပ်သင့်ပါသည်။

    ၁၁။ Air con ရှေ့တည့်တည့်တွင် မည်သည့်ပစ္စည်းမှ ခံမနေပါစေနှင့်။ လေလမ်းကြောင်းရှေ့တွင် အရာဝတ္ထု ပစ္စည်းများ ပိတ်ဆို့နေလျှင် လိုအပ်တဲ့ အအေးဓာတ် မရှိနိုင်ပါ။

    ၁၂။ Air con တွင် ခရမ်းလွန်ရောင်ခြည် အချက်ပေး ကိရိယာပါရှိပါသည်။ Aircon ပေါ်သို့ နေရောင်ခြည် တိုက်ရိုက် ကျရောက်နေပါက ကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။ ထို့ကြောင့် နေရောင်ခြည်တိုက်ရိုက် ကျရောက်မနေစေရန် ခန်းစီး ကန့်လန့်ကာတို့ဖြင့် ပြတင်းပေါက်များအား ကာထားသင့်ပါသည်။

    ၁၃။ အခန်းထဲ၌ အနံ့အသက် မကောင်းတော့ဘူးဆိုလျှင် ပြတင်းပေါက်များအား ဖွင့်ထားပြီး လေကောင်းလေသန့်ရအောင် လုပ်ပါ။

    ၁၄။ မီးလောင်စေတတ်သောမှုတ်ဆေးနှင့် သုတ်ဆေးများအား Air con နားမှာ အသုံးမပြုသင့်ပါ။ တင်နာ၊ ပိုးသတ်ဆေး၊ ရေနံဆီ၊ ဓာတ်ဆီကဲ့သို့သော အရည်များဟာ Air con ကို ထိခိုက်ပျက်စီးနိုင်ပါသည်။

    ၁၅။ မီးပူ မီးဖိုတို့လို အပူထုတ်သည့်ပစ္စည်းများအား Air con နှင့် ဝေးဝေးမှာထားပါ။ အပူချိန်မြင့်လျှင် Air con ပျက်တတ်ပါသည်။

    ၁၆။ Air con မှ ညှော်နံ့ရလျှင် ခလုတ်ကို ချက်ခြင်းပိတ်ကာ ပြင်ဆိုင်သို့ အကြောင်းကြားပါ။

    ၁၇။ Outdoor unit Condenser ထဲသို့တုတ် (သို့မဟုတ်) လက်ဖြင့် မထည့်ပါနှင့်။ အထဲမှာ အရှိန်ပြင်းပြင်း လည်နေတဲ့ပန်ကာ ရှိသောကြောင့် လူကို အန္တရာယ် ဖြစ်စေတတ်ပါသည်။

    ၁၈။ Outdoor unit Condenser ပေါ်တွင် အဝတ်များလှန်းခြင်း၊ ပစ္စည်းများ တင်ခြင်း မပြုလုပ်ပါနှင့်။ စက်အပူလွန်ပြီး ပျက်စီးတတ်ပါသည်။

    ၁၉။ အိမ်အပြင်ရှိ Outdoor unit Condenser တွင် အမှိုက်သရိုက်များ ကပ်နေ/မနေ ပုံမှန် စစ်ဆေးပါ။ အမှိုက်များကပ်နေလျှင် ရှင်းပေးပါ။

    Credit – TCMpartners

  • ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ငွေကြေးများအကြောင်း ဗဟုသုတ

    (Zawgyi)

    ကမာၻ႔ တန္ဖိုးအႀကီးဆုံး ေငြေၾကးမ်ား

    ကမာၻ႔တန္ဖိုးအႀကီးဆုံးေငြေၾကးလို႔ ေျပာလိုက္တာနဲ႔ အားလုံးရဲ႕ အေတြးထဲဝင္လာတာက အဂၤလန္ရဲ႕ ေငြေၾကးျဖစ္တဲ့ Pound ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ တကယ္က အဲ့လို မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီတခါမွာ ကမာၻေပၚမွာ တန္ဖိုးအျမင့္ဆုံး ေငြေၾကးေတြကို ေဖာ္ျပခ်င္ပါတယ္။

    (၁) Kuwait Dinar (ကူ၀ိတ္ ဒိုင္နာ)

    KWD ( Kuwait Dinar) ဟာ ကမာၻေပၚမွာ တန္ဖိုးအႀကီးဆုံး ျဖစ္ပါတယ္။ 1KWD ဟာ အေမရိကန္ေဒၚလာ ၃ ဒႆမ ၃၃ ေဒၚလာ နဲ႔ ညီမွ်ပါတယ္။ ကူဝိတ္ဟာ ႏိုင္ငံေသးေပမယ့္ တကမာၻလုံးမွာ ရွိတဲ့ ေရနံေဈးကြက္ေတြထဲ ေရနံတင္ပို႔မႈျမင့္မားတာေၾကာင့္ ေငြေၾကးက တန္ဖိုးရွိေနတာ ျဖစ္ပါတယ္။

    (၂) Bahrian Dinar (ဘာရိန္း ဒိုင္နာ)

    BHD လို႔ေခၚတဲ့ ဒီပိုက္ဆံဟာ ပါရွန္းပင္လယ္ေကြ႕မွာရွိတဲ့ Bahrain ႏိုင္ငံရဲ႕ ေငြေၾကး ျဖစ္ပါတယ္။ ဒီႏိုင္ငံဟာ လူဦးေရ ၁ မီလီယံသာရွိၿပီး တိုင္းျပည္ဝင္ေငြ အားလုံးနီးပါးကို ေရနံတင္ပို႔မႈက ရရွိပါတယ္။ 1BHD ဟာ အေမရိကန္ေဒၚလာ ၂ ဒႆမ ၆၅ ေဒၚလာနဲ႔ ညီမွ်ပါတယ္။

    (၃) Oman Rial (အိုမန္ ရီယယ္)

    OMR လို႔ အတိုေကာက္ေခၚတဲ့ ဒီပိုက္ဆံကေတာ့ 1OMR ဟာ အေမရိကန္ေဒၚလာ ၂ ဒႆမ ၆၀ နဲ႔ ညီမွ်ပါတယ္။ Oman ဟာ အာေရဗီယန္ ကြၽန္းဆြယ္မွာ တည္ရွိတဲ့ ႏိုင္ငံ ျဖစ္ပါတယ္။ ဒီႏိုင္ငံဟာ ဖြံ႕ၿဖိဳးတဲ့ စီးပြားေရးနဲ႔ ျမင့္မားတဲ့ လူေနမႈ အဆင့္အတန္းရွိတဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။

    (၄) Jordan Dinar (ေဂ်ာ္ဒန္ ဒိုင္နာ)

    JOD လို႔ အတိုေကာက္ေခၚတဲ့ ဒီပိုက္ဆံကေတာ့ အေမရိကန္ေဒၚလာထက္ ဘာလို႔ ပိုတန္ဖိုးႀကီးေနမွန္း ဘယ္သူမွ မသိၾကပါဘူး။ ဒီႏိုင္ငံဟာ စီးပြားေရးအရ တိုးတက္ျခင္းလည္း သိပ္မရွိသလို သယံဇာတေတြလည္း ကုန္သေလာက္ရွိ ေနၿပီ ျဖစ္ေပမယ့္ 1 JOD ဟာ ၁ ဒႆမ ၄၁ ေဒၚလာ တန္ဖိုးရွိပါတယ္။

    (၅) British Pound

    လူေတာ္ေတာ္မ်ားမ်ားက အဂၤလန္ေပါင္ဟာ တန္ဖိုးအျမင့္ဆုံး ေငြေၾကးလို႔ ထင္ၾကေပမယ့္ တကယ္တမ္းမွာေတာ့ နံပတ္ ၅ ေနရာမွာသာ ရွိပါတယ္။ ကိုလိုနီေခတ္ရဲ႕ က်န္ရွိခဲ့တဲ့ စနစ္ေတြအရ Pound ကို အသုံးျပဳတဲ့ ႏိုင္ငံအမ်ားႀကီး ရွိပါတယ္။ ဒါေပမယ့္ အဂၤလန္ ႏိုင္ငံသားေတြကေတာ့ တျခားႏိုင္ငံေတြကေငြေၾကးျဖစ္တဲ့ တျခား Pound ေငြကို ေငြေပးေခ်မႈမွာ လက္ခံျခင္း မရွိပါဘူး။ 1GBP ဟာ ၁ ဒႆမ ၂၉ ေဒၚလာနဲ႔ ညီမွ်ပါတယ္။

    ဒီေနရာမွာ စံသတ္မွတ္ခ်က္အေနနဲ႔ အသုံးျပဳထားတဲ့ USD ဟာ အေမရိကန္ေဒၚလာကို ရည္ၫႊန္းတာျဖစ္ၿပီး အေမရိကန္ေဒၚလာ ၁ ေဒၚလာဟာ ျမန္မာက်ပ္ေငြ ၁၅၀၀ က်ပ္ ပတ္ဝန္းက်င္ ေပါက္ေဈး ရွိေနပါတယ္။

    Ref; fxssi.com

    ေရဗန္ (ဧရာဝတီ)

    Credit – The Irrawaddy – Burmese Edition

    (Unicode)

    ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ငွေကြေးများ

    ကမ္ဘာ့တန်ဖိုးအကြီးဆုံးငွေကြေးလို့ ပြောလိုက်တာနဲ့ အားလုံးရဲ့ အတွေးထဲဝင်လာတာက အင်္ဂလန်ရဲ့ ငွေကြေးဖြစ်တဲ့ Pound ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်က အဲ့လို မဟုတ်ပါဘူး။ ဒါကြောင့် ဒီတခါမှာ ကမ္ဘာပေါ်မှာ တန်ဖိုးအမြင့်ဆုံး ငွေကြေးတွေကို ဖော်ပြချင်ပါတယ်။

    (၁) Kuwait Dinar (ကူဝိတ် ဒိုင်နာ)

    KWD ( Kuwait Dinar) ဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ဖြစ်ပါတယ်။ 1KWD ဟာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃၃ ဒေါ်လာ နဲ့ ညီမျှပါတယ်။ ကူဝိတ်ဟာ နိုင်ငံသေးပေမယ့် တကမ္ဘာလုံးမှာ ရှိတဲ့ ရေနံဈေးကွက်တွေထဲ ရေနံတင်ပို့မှုမြင့်မားတာကြောင့် ငွေကြေးက တန်ဖိုးရှိနေတာ ဖြစ်ပါတယ်။

    (၂) Bahrian Dinar (ဘာရိန်း ဒိုင်နာ)

    BHD လို့ခေါ်တဲ့ ဒီပိုက်ဆံဟာ ပါရှန်းပင်လယ်ကွေ့မှာရှိတဲ့ Bahrain နိုင်ငံရဲ့ ငွေကြေး ဖြစ်ပါတယ်။ ဒီနိုင်ငံဟာ လူဦးရေ ၁ မီလီယံသာရှိပြီး တိုင်းပြည်ဝင်ငွေ အားလုံးနီးပါးကို ရေနံတင်ပို့မှုက ရရှိပါတယ်။ 1BHD ဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆၅ ဒေါ်လာနဲ့ ညီမျှပါတယ်။

    (၃) Oman Rial (အိုမန် ရီယယ်)

    OMR လို့ အတိုကောက်ခေါ်တဲ့ ဒီပိုက်ဆံကတော့ 1OMR ဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆၀ နဲ့ ညီမျှပါတယ်။ Oman ဟာ အာရေဗီယန် ကျွန်းဆွယ်မှာ တည်ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီနိုင်ငံဟာ ဖွံ့ဖြိုးတဲ့ စီးပွားရေးနဲ့ မြင့်မားတဲ့ လူနေမှု အဆင့်အတန်းရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    (၄) Jordan Dinar (ဂျော်ဒန် ဒိုင်နာ)

    JOD လို့ အတိုကောက်ခေါ်တဲ့ ဒီပိုက်ဆံကတော့ အမေရိကန်ဒေါ်လာထက် ဘာလို့ ပိုတန်ဖိုးကြီးနေမှန်း ဘယ်သူမှ မသိကြပါဘူး။ ဒီနိုင်ငံဟာ စီးပွားရေးအရ တိုးတက်ခြင်းလည်း သိပ်မရှိသလို သယံဇာတတွေလည်း ကုန်သလောက်ရှိ နေပြီ ဖြစ်ပေမယ့် 1 JOD ဟာ ၁ ဒဿမ ၄၁ ဒေါ်လာ တန်ဖိုးရှိပါတယ်။

    (၅) British Pound

    လူတော်တော်များများက အင်္ဂလန်ပေါင်ဟာ တန်ဖိုးအမြင့်ဆုံး ငွေကြေးလို့ ထင်ကြပေမယ့် တကယ်တမ်းမှာတော့ နံပတ် ၅ နေရာမှာသာ ရှိပါတယ်။ ကိုလိုနီခေတ်ရဲ့ ကျန်ရှိခဲ့တဲ့ စနစ်တွေအရ Pound ကို အသုံးပြုတဲ့ နိုင်ငံအများကြီး ရှိပါတယ်။ ဒါပေမယ့် အင်္ဂလန် နိုင်ငံသားတွေကတော့ တခြားနိုင်ငံတွေကငွေကြေးဖြစ်တဲ့ တခြား Pound ငွေကို ငွေပေးချေမှုမှာ လက်ခံခြင်း မရှိပါဘူး။ 1GBP ဟာ ၁ ဒဿမ ၂၉ ဒေါ်လာနဲ့ ညီမျှပါတယ်။

    ဒီနေရာမှာ စံသတ်မှတ်ချက်အနေနဲ့ အသုံးပြုထားတဲ့ USD ဟာ အမေရိကန်ဒေါ်လာကို ရည်ညွှန်းတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒေါ်လာဟာ မြန်မာကျပ်ငွေ ၁၅၀၀ ကျပ် ပတ်ဝန်းကျင် ပေါက်ဈေး ရှိနေပါတယ်။

    Ref; fxssi.com

    ရေဗန် (ဧရာဝတီ)

    Credit – The Irrawaddy – Burmese Edition

  • အဆိပ္ရွိေႁမြႏွင့္ အဆိပ္မရွိေႁမြခြဲျခားနည္း

    (Zawgyi)

    အဆိပ္ရွိေႁမြႏွင့္ အဆိပ္မရွိေႁမြခြဲျခားနည္း။

    အဆိပ္ရွိတဲ့ေႁမြနဲ႔ အဆိပ္မရွိတဲ့ေႁမြေတြကို မ်က္ျမင္နဲ႔ အၾကမ္းအားျဖင့္ အလြယ္တကူ ခြဲျခားႏိုင္ပါတယ္။

    -အဆိပ္ရွိတဲ့ေႁမြရဲ႕ ဦးေခါင္းဟာ ႀတိဂံပုံစံ( Triangular shaped head) ျဖစ္ၿပီး အဆိပ္မရွိရင္ အဝိုင္းပုံ(Rounded head) ျဖစ္ပါတယ္။

    -ေနာက္ၿပီး အဆိပ္ရွိတဲ့ေႁမြရဲ႕ မ်က္လုံးသူငယ္အိမ္ဟာ ေဒါင္လိုက္ေထာင္ထားတဲ့လြန္းပုံစံ / ဘဲဥပုံစံ (Elliptical pupil) ျဖစ္ၿပီး အဆိပ္မရွိရင္ အဝိုင္းပုံသူငယ္အိမ္ (Round pupil) ျဖစ္ပါတယ္။

    – အဆိပ္ရွိတဲ့ေႁမြရဲ႕ နားေခါင္းေပါက္အေနာက္ဘက္နားေလးမွာ အပူအာ႐ုံခံတြင္း (Heat-sensing pit) ရွိၿပီး အဆိပ္မရွိတဲ့ေႁမြမွာ အဲ့ဒီအေပါက္မပါပါဘူး။

    – အဆိပ္ရွိတဲ့ေႁမြမွာ အဆိပ္က်ိတ္၊ အဆိပ္ႁပြန္နဲ႔ဆက္ထားတဲ့ အစြယ္ (Fangs) ပါၿပီး အဆိပ္မရွိတဲ့ေႁမြမွာ အစြယ္မပါပါဘူး။ အဆိပ္ရွိတဲ့ေႁမြဟာ ေႁမြစြယ္ကို အတြင္းမွာ ေခါက္သြင္းထားတာျဖစ္ၿပီး ေပါက္မယ္ဆိုမွ အျပင္ကို ထုတ္တာျဖစ္ပါတယ္။

    – အဆိပ္ရွိတဲ့ေႁမြရဲ႕ အၿမီးပိုင္းဝမ္းဘက္ကို လွန္ၾကည့္ရင္ စအိုေၾကးခြံ (Anal plate) ရဲ႕ေအာက္မွာရွိတဲ့ အေၾကးခြံ (Subcaudal plate) ေတြဟာ တစ္တန္းထဲရွိေနၿပီး အဆိပ္မရွိတဲ့ေႁမြမွာေတာ့ ႏွစ္တန္းခြဲသြားတာကို ေတြ႕ႏိုင္ပါတယ္။

    – ေနာက္ၿပီး အဆိပ္ရွိတဲ့ ခေလာက္ေႁမြေတြရဲ႕အၿမီးမွာ ခေလာက္ပုံစံအေၾကးခြံမာေလးေတြ အထပ္ထပ္ရွိတာကို ေတြ႕ႏိုင္ၿပီး အဆိပ္မရွိတဲ့ေႁမြမွာ အဲ့လိုခေလာက္ေလးေတြ မပါရွိပါဘူး။

    ဒီေလာက္ဆိုရင္ အဆိပ္ရွိတဲ့ေႁမြနဲ႔ အဆိပ္မရွိတဲ့ေႁမြကို ခြဲျခားႏိုင္ေလာက္ပါၿပီ။ ေႁမြကိုက္ဒဏ္ရာကို ၾကည့္မယ္ဆိုရင္လည္း အဆိပ္ရွိတဲ့ေႁမြ အေပါက္ခံရတာဆိုရင္ အစြယ္ရာ (Fangs Mark)ေတြ႕ႏိုင္ၿပီး အဆိပ္မရွိတဲ့ေႁမြ အကိုက္ခံရရင္ေတာ့ သြားရာေသးေသးေလးေတြကိုပဲ ေတြ႕ရမွာျဖစ္ပါတယ္။

    Credit : Dr.Nay Linn Aung (Pyaw Bwe)

    [Unicode]

    အဆိပ်ရှိမြွေနှင့် အဆိပ်မရှိမြွေခွဲခြားနည်း ´အများသိအောင်Shareပေးပါ

    အဆိပ်ရှိမြွေနှင့် အဆိပ်မရှိမြွေခွဲခြားနည်း။ အဆိပ်ရှိတဲ့မြွေနဲ့ အဆိပ်မရှိတဲ့မြွေတွေကို မျက်မြင်နဲ့ အကြမ်းအားဖြင့် အလွယ်တကူ ခွဲခြားနိုင်ပါတယ်။

    -အဆိပ်ရှိတဲ့မြွေရဲ့ ဦးခေါင်းဟာ တြိဂံပုံစံ( Triangular shaped head) ဖြစ်ပြီး အဆိပ်မရှိရင် အဝိုင်းပုံ(Rounded head) ဖြစ်ပါတယ်။

    -နောက်ပြီး အဆိပ်ရှိတဲ့မြွေရဲ့ မျက်လုံးသူငယ်အိမ်ဟာ ဒေါင်လိုက်ထောင်ထားတဲ့လွန်းပုံစံ / ဘဲဥပုံစံ (Elliptical pupil) ဖြစ်ပြီး အဆိပ်မရှိရင် အဝိုင်းပုံသူငယ်အိမ် (Round pupil) ဖြစ်ပါတယ်။

    – အဆိပ်ရှိတဲ့မြွေရဲ့ နားခေါင်းပေါက်အနောက်ဘက်နားလေးမှာ အပူအာရုံခံတွင်း (Heat-sensing pit) ရှိပြီး အဆိပ်မရှိတဲ့မြွေမှာ အဲ့ဒီအပေါက်မပါပါဘူး။

    – အဆိပ်ရှိတဲ့မြွေမှာ အဆိပ်ကျိတ်၊ အဆိပ်ပြွန်နဲ့ဆက်ထားတဲ့ အစွယ် (Fangs) ပါပြီး အဆိပ်မရှိတဲ့မြွေမှာ အစွယ်မပါပါဘူး။ အဆိပ်ရှိတဲ့မြွေဟာ မြွေစွယ်ကို အတွင်းမှာ ခေါက်သွင်းထားတာဖြစ်ပြီး ပေါက်မယ်ဆိုမှ အပြင်ကို ထုတ်တာဖြစ်ပါတယ်။

    – အဆိပ်ရှိတဲ့မြွေရဲ့ အမြီးပိုင်းဝမ်းဘက်ကို လှန်ကြည့်ရင် စအိုကြေးခွံ (Anal plate) ရဲ့အောက်မှာရှိတဲ့ အကြေးခွံ (Subcaudal plate) တွေဟာ တစ်တန်းထဲရှိနေပြီး အဆိပ်မရှိတဲ့မြွေမှာတော့ နှစ်တန်းခွဲသွားတာကို တွေ့နိုင်ပါတယ်။

    – နောက်ပြီး အဆိပ်ရှိတဲ့ ခလောက်မြွေတွေရဲ့အမြီးမှာ ခလောက်ပုံစံအကြေးခွံမာလေးတွေ အထပ်ထပ်ရှိတာကို တွေ့နိုင်ပြီး အဆိပ်မရှိတဲ့မြွေမှာ အဲ့လိုခလောက်လေးတွေ မပါရှိပါဘူး။

    ဒီလောက်ဆိုရင် အဆိပ်ရှိတဲ့မြွေနဲ့ အဆိပ်မရှိတဲ့မြွေကို ခွဲခြားနိုင်လောက်ပါပြီ။ မြွေကိုက်ဒဏ်ရာကို ကြည့်မယ်ဆိုရင်လည်း အဆိပ်ရှိတဲ့မြွေ အပေါက်ခံရတာဆိုရင် အစွယ်ရာ (Fangs Mark)တွေ့နိုင်ပြီး အဆိပ်မရှိတဲ့မြွေ အကိုက်ခံရရင်တော့ သွားရာသေးသေးလေးတွေကိုပဲ တွေ့ရမှာဖြစ်ပါတယ်။

    Credit : Dr.Nay Linn Aung (Pyaw Bwe)