Category: ဗဟုတုသ

  • ကိုယ့်အိမ်လေးမှာ အဆိပ်အတောက်တွေ ကင်းစေချင်ရင်

    [Zawgyi version]

    ကိုယ့္အိမ္ေလးမွာ အဆိပ္အေတာက္ေတြ ကင္းေစခ်င္ရင္

    Detox လို႔ ေျပာလိုက္ရင္ ကိုယ္ကေန အဆိပ္ထုတ္တာလို႔ပဲ လူေတြက သိၾကပါတယ္။ ကိုယ္ေနထိုင္ရာ အိမ္ေလးကိုေရာ အဆိပ္အေတာက္ေတြ မကင္းစင္ေစခ်င္ဘူးလား။ အဆိပ္ သန႔္စင္တဲ့ သဘာဝက်က် ေနအိမ္ေလးျဖစ္ဖို႔ ဘာေတြလုပ္ရင္ ေကာင္းမလဲ?

    – ပလတ္စတစ္ ေလွ်ာ့သုံးပါ။ ပလတ္စတစ္ဟာ ပတ္ဝန္းက်င္ကို အညစ္ႏြမ္းမႈ အမ်ားဆုံး ေပးႏိုင္ပါတယ္။ ပလတ္စတစ္ ေရဘူးေတြ၊ ပလတ္စတစ္ ပန္းကန္ခြက္ေယာက္ေတြအစား ဖန္ကို အစားထိုး သုံးေစလို ပါတယ္။ ေသာက္ေရအိုးကို ေရသန႔္ ပလတ္စတစ္ဘူးအစား သဘာဝက်က် ေျမအိုးေလး ေျပာင္းသုံးၿပီး မယ္လမင္းနဲ႔ ပလတ္စတစ္အစား ဖန္နဲ႔စတီးကို သုံးေစခ်င္ပါတယ္။

    – ၾကမ္းတိုက္တဲ့ အိမ္သာေဆးတဲ့အရည္ေတြမွာ ကင္ဆာျဖစ္ေစတဲ့ ျဒပ္ေပါင္းေတြ ျမင့္မားစြာပါေနတာမို႔ ေဆးေၾကာသုံးၿပီးတာနဲ႔ ေရမ်ားမ်ားနဲ႔ ေဆးခ်ပါ။ လက္အိတ္သုံးပါ။

    – အလူမီနီယမ္ဟာ အာ႐ုံေၾကာေရာဂါအခ်ိဳ႕နဲ႔ ဆက္စပ္ေနပါတယ္။ အလူမီနီယမ္ အသုံးအေဆာင္ေတြကို ဆက္သုံးသင့္၊ မသုံးသင့္ စဥ္းစားေစလိုပါတယ္။

    – ဘက္ထရီအေဟာင္းေတြ ေရဒီယိုအပ်က္ေတြ လွ်ပ္စစ္ပစည္း အိုင္တီကိရိယာအပ်က္ေတြကို ဆက္သိမ္းမထားဘဲ ပစ္လိုက္ပါ။

    – အိမ္တြင္းအနံ႔အသက္ကင္းေအာင္ ဖ်န္းတဲ့ေဆးရည္ေတြ ေရေမႊးေတြကို ျဖစ္ႏိုင္ရင္ မသုံးပါနဲ႔။ အနံ႔မေကာင္းတဲ့အခါ ျပတင္းတံခါးေတြဖြင့္ တံခါးေတြဖြင့္ၿပီး ၾကမ္းျပင္ကို သန႔္ရွင္းေရးလုပ္ပါ။ သဘာဝအတိုင္း အနံ႔ကင္းေနတာ ေကာင္းပါတယ္။ ေမႊးေအာင္ဖ်န္းရင္း ဓာတုျဒပ္ေပါင္းေတြ အိမ္ထဲကို မျဖန႔္ျဖဴးသင့္ပါဘူး။

    – ျခင္ေဆးေခြေတြ ျခင္ေဆးဖ်န္းေဆးေတြ အၿမဲဖ်န္းတာ၊ သုံးတာ လုပ္တဲ့အခါ ေရရွည္မွာ အဆုတ္ထိခိုက္ေစပါတယ္။

    – အခန္းတြင္းကို သဘာဝေလနဲ႔ ေနေရာင္ အၿမဲဝင္ပါေစ။

    – ႏွစ္ၾကာေနတဲ့ညဘရပ္ေတြ၊ အဝတ္စုတ္ေတြ၊ ၾကမ္းခင္းေကာ္ေဇာေတြမွာ ဖုန္နဲ႔ အညစ္အေၾကးေတြ မ်ားစြာကပ္ၿငိေနတတ္တာမို႔ စြန႔္ပစ္ၿပီး အသစ္လဲေစလိုပါတယ္။

    – အိမ္တြင္းစီး ဖိနပ္ကို သီးသန႔္ထားပါ။ အျပင္ကဖိနပ္ေတြ အိမ္တြင္းကို စီးလာတဲ့အခါ အညစ္အေၾကးေတြ၊ ပိုးမႊားေတြကို သယ္ေဆာင္လာတတ္တာမို႔ အိမ္တြင္းစီးဖိနပ္ သီးသန႔္ထားတာ အေကာင္းဆုံး ျဖစ္ပါတယ္။

    – ၾကာရွည္ေနတဲ့ ႏႈတ္ခမ္းနီ၊ မိတ္ကပ္၊ အလွျပင္ Cosmetic ေတြမွာ ပိုးမႊားေတြ အျပည့္မို႔ အမ်ားႀကီး က်န္ေနေသးေတာင္ စြန႔္ပစ္ပါ။

    ဒါေလးေတြကို လိုက္နာေဆာင္႐ြက္ၿပီး မိမိအိမ္ေလးကို သဘာဝက်က် အဆိပ္အေတာက္ကင္းေအာင္ လုပ္ေဆာင္ႏိုင္ၿပီေပါ့ေနာ္။

    Credit – ဂ်ီပီငွက္ (ေဆး/မန္း),

    www.drmyanmar.com

    [Unicode version]

    ကိုယ့်အိမ်လေးမှာ အဆိပ်အတောက်တွေ ကင်းစေချင်ရင်

    Detox လို့ ပြောလိုက်ရင် ကိုယ်ကနေ အဆိပ်ထုတ်တာလို့ပဲ လူတွေက သိကြပါတယ်။ ကိုယ်နေထိုင်ရာ အိမ်လေးကိုရော အဆိပ်အတောက်တွေ မကင်းစင်စေချင်ဘူးလား။ အဆိပ် သန့်စင်တဲ့ သဘာဝကျကျ နေအိမ်လေးဖြစ်ဖို့ ဘာတွေလုပ်ရင် ကောင်းမလဲ?

    – ပလတ်စတစ် လျှော့သုံးပါ။ ပလတ်စတစ်ဟာ ပတ်ဝန်းကျင်ကို အညစ်နွမ်းမှု အများဆုံး ပေးနိုင်ပါတယ်။ ပလတ်စတစ် ရေဘူးတွေ၊ ပလတ်စတစ် ပန်းကန်ခွက်ယောက်တွေအစား ဖန်ကို အစားထိုး သုံးစေလို ပါတယ်။ သောက်ရေအိုးကို ရေသန့် ပလတ်စတစ်ဘူးအစား သဘာဝကျကျ မြေအိုးလေး ပြောင်းသုံးပြီး မယ်လမင်းနဲ့ ပလတ်စတစ်အစား ဖန်နဲ့စတီးကို သုံးစေချင်ပါတယ်။

    – ကြမ်းတိုက်တဲ့ အိမ်သာဆေးတဲ့အရည်တွေမှာ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ မြင့်မားစွာပါနေတာမို့ ဆေးကြောသုံးပြီးတာနဲ့ ရေများများနဲ့ ဆေးချပါ။ လက်အိတ်သုံးပါ။

    – အလူမီနီယမ်ဟာ အာရုံကြောရောဂါအချို့နဲ့ ဆက်စပ်နေပါတယ်။ အလူမီနီယမ် အသုံးအဆောင်တွေကို ဆက်သုံးသင့်၊ မသုံးသင့် စဉ်းစားစေလိုပါတယ်။

    – ဘက်ထရီအဟောင်းတွေ ရေဒီယိုအပျက်တွေ လျှပ်စစ်ပစည်း အိုင်တီကိရိယာအပျက်တွေကို ဆက်သိမ်းမထားဘဲ ပစ်လိုက်ပါ။

    – အိမ်တွင်းအနံ့အသက်ကင်းအောင် ဖျန်းတဲ့ဆေးရည်တွေ ရေမွှေးတွေကို ဖြစ်နိုင်ရင် မသုံးပါနဲ့။ အနံ့မကောင်းတဲ့အခါ ပြတင်းတံခါးတွေဖွင့် တံခါးတွေဖွင့်ပြီး ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပါ။ သဘာဝအတိုင်း အနံ့ကင်းနေတာ ကောင်းပါတယ်။ မွှေးအောင်ဖျန်းရင်း ဓာတုဒြပ်ပေါင်းတွေ အိမ်ထဲကို မဖြန့်ဖြူးသင့်ပါဘူး။

    – ခြင်ဆေးခွေတွေ ခြင်ဆေးဖျန်းဆေးတွေ အမြဲဖျန်းတာ၊ သုံးတာ လုပ်တဲ့အခါ ရေရှည်မှာ အဆုတ်ထိခိုက်စေပါတယ်။

    – အခန်းတွင်းကို သဘာဝလေနဲ့ နေရောင် အမြဲဝင်ပါစေ။

    – နှစ်ကြာနေတဲ့ညဘရပ်တွေ၊ အဝတ်စုတ်တွေ၊ ကြမ်းခင်းကော်ဇောတွေမှာ ဖုန်နဲ့ အညစ်အကြေးတွေ များစွာကပ်ငြိနေတတ်တာမို့ စွန့်ပစ်ပြီး အသစ်လဲစေလိုပါတယ်။

    – အိမ်တွင်းစီး ဖိနပ်ကို သီးသန့်ထားပါ။ အပြင်ကဖိနပ်တွေ အိမ်တွင်းကို စီးလာတဲ့အခါ အညစ်အကြေးတွေ၊ ပိုးမွှားတွေကို သယ်ဆောင်လာတတ်တာမို့ အိမ်တွင်းစီးဖိနပ် သီးသန့်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

    – ကြာရှည်နေတဲ့ နှုတ်ခမ်းနီ၊ မိတ်ကပ်၊ အလှပြင် Cosmetic တွေမှာ ပိုးမွှားတွေ အပြည့်မို့ အများကြီး ကျန်နေသေးတောင် စွန့်ပစ်ပါ။

    ဒါလေးတွေကို လိုက်နာဆောင်ရွက်ပြီး မိမိအိမ်လေးကို သဘာဝကျကျ အဆိပ်အတောက်ကင်းအောင် လုပ်ဆောင်နိုင်ပြီပေါ့နော်။

    Credit – ဂျီပီငှက် (ဆေး/မန်း),

    www.drmyanmar.com

  • တိုက်ခန်း၊ အိမ်၊ ခြံ၊ မြေ ဝယ်ပါက တောင်းယူရမည့် စာရွက်စာတမ်းများ

    [Unicode version]

    အိမ်ခြံမြေ ဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ

    အိမ်ခြံမြေ ဝယ်တော့မယ်ဆိုရင်.

    အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ပိုပြီးခိုင်မာမှုရှိအောင် တောင်းယူရမယ့် စာရွက်စာတမ်းတချို့ကို မဖြစ်မနေ တောင်းယူသင့်ပါတယ်။ အိမ်ခြံမြေအရောင်းအဝယ် လုပ်တဲ့အခါ ရောင်းသူနဲ့ ပွဲစားတွေရဲ့ ပြောစကားတွေကိုသာ ဝယ်သူတွေက ယုံကြည်ကြရပါတယ်။ ဒါကြောင့် အိမ်ခြံမြေအရောင်းအဝယ် လုပ်တဲ့အခါ ပိုပြီးစိတ်ချနိုင်အောင် လုပ်သင့်တာတွေ ရှိပါတယ်။

    -စရန်ပေးရင် ပိုင်ဆိုင်မှု မိတ္တူတောင်းပါ။-

    ဝယ်ယူသူတွေအနေနဲ့ မြေနဲ့တိုက်ခန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်အောင် ပြည့်စုံအောင် သေချာမသိကြဘူး။ ဈေးတန်ရင် ဈေးဆစ်ဝယ်ကြတာပါပဲ။ ကိုယ်ဝယ်မယ့်မြေကို ဝယ်မယ့် တိုက်ခန်း စာရွက်စာတမ်းတွေကလည်း စရန်မြေပေး စာချုပ်ချုပ်တော့မှ ထုတ်ပြကြတာပါ။ တစ်ခါတရံရောင်းသူတွေက ကျန်ငွေချေတဲ့အခါမှသာ မူရင်းပေးမယ်လို့ ပြောတတ်ကြပြီး ဒါတွေကို သတိထားသင့် ပါတယ်။

    -စာရွက်စာတမ်းကျွမ်းကျင်သူ-

    ဝယ်သူတော်တော်များများက စရန်ပေး စာချုပ်ချုပ်တဲ့အခါ ရှေ့နေခေါ်ဖို့ မလိုဘူးထင်ပြီး ပွဲစားတွေ ယူလာတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်တွေ တိုက်ခန်းအရောင်းအဝယ် စာချုပ်တွေနဲ့ပဲ စရန်ငွေပေး ပြီးစလွယ် လုပ်တတ်ကြပါတယ်။ ဒါကြောင့်ဝယ်တဲ့အခါ ခိုင်မာအောင် စာရွက်စာတမ်း ကျွမ်းကျင်သူတွေကို ခေါ်ယူသင့်ပါတယ်။

    -ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း-

    ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။ ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။ တိုက်ခန်း အပြီးအပိုင် ဝယ်မှာဖြစ်တဲ့အတွက် သက်သေခံ အထောက်အထား ရထားဖို့အတွက် ကန့်ကွက်တာတွေ ရှိမရှိ သတင်းစာမှာ ကြော်ငြာသင့်ပါတယ်။ ခုနစ်ရက်ပြည့်လို့ ကန့်ကွက်သူမရှိမှ အပြီးအပိုင် စာချုပ်ချုပ်သင့်ပါတယ်။

    -မြေရှင်လက်မှတ်ယူပါ။-

    တိုက်ခန်းအရောင်းအဝယ် စာချုပ်ပြီး အခွန်မဆောင်ရင်တော့ မိမိဝယ်တဲ့တိုက်ခန်းနဲ့ မြေရှင်လက်မှတ်ယူသင့်ပါတယ်။ အရင်ဆုံး မြေရှင်လက်မှတ်ထိုးခအဖြစ် မြေနဲ့အိမ်တန်ဖိုးပေါ်မူတည်ပြီး တစ်ရာခိုင်နှုန်း ပေးရပါတယ်။ မြေရှင်လက်မှတ် ထိုးပေးတဲ့အတွက် အရောင်းအဝယ် ကောင်းစွာပြုလုပ်နိုင်ပါတယ်။

    Author: မေသက်

    Credit -Kumudra

    [Zawgyi version]

    အိမ္ၿခံေျမ ဝယ္ေတာ့မယ္ဆိုရင္ ေတာင္းယူရမည့္ စာ႐ြက္စာတမ္းမ်ား

    အိမ္ၿခံေျမ ဝယ္ေတာ့မယ္ဆိုရင္

    အိမ္ၿခံေျမတိုက္ခန္း အေရာင္းအဝယ္လုပ္တဲ့အခါ ဝယ္ယူသူေတြအေနနဲ႔ ပိုၿပီးခိုင္မာမႈရွိေအာင္ ေတာင္းယူရမယ့္ စာ႐ြက္စာတမ္းတခ်ိဳ႕ကို မျဖစ္မေန ေတာင္းယူသင့္ပါတယ္။ အိမ္ၿခံေျမအေရာင္းအဝယ္ လုပ္တဲ့အခါ ေရာင္းသူနဲ႔ ပြဲစားေတြရဲ႕ ေျပာစကားေတြကိုသာ ဝယ္သူေတြက ယုံၾကည္ၾကရပါတယ္။ ဒါေၾကာင့္ အိမ္ၿခံေျမအေရာင္းအဝယ္ လုပ္တဲ့အခါ ပိုၿပီးစိတ္ခ်ႏိုင္ေအာင္ လုပ္သင့္တာေတြ ရွိပါတယ္။

    -စရန္ေပးရင္ ပိုင္ဆိုင္မႈ မိတၱဴေတာင္းပါ။-

    ဝယ္ယူသူေတြအေနနဲ႔ ေျမနဲ႔တိုက္ခန္းနဲ႔ ပတ္သက္တဲ့ စာ႐ြက္စာတမ္းေတြ မွန္ကန္ေအာင္ ျပည့္စုံေအာင္ ေသခ်ာမသိၾကဘူး။ ေဈးတန္ရင္ ေဈးဆစ္ဝယ္ၾကတာပါပဲ။ ကိုယ္ဝယ္မယ့္ေျမကို ဝယ္မယ့္ တိုက္ခန္း စာ႐ြက္စာတမ္းေတြကလည္း စရန္ေျမေပး စာခ်ဳပ္ခ်ဳပ္ေတာ့မွ ထုတ္ျပၾကတာပါ။ တစ္ခါတရံေရာင္းသူေတြက က်န္ေငြေခ်တဲ့အခါမွသာ မူရင္းေပးမယ္လို႔ ေျပာတတ္ၾကၿပီး ဒါေတြကို သတိထားသင့္ပါတယ္။

    -စာ႐ြက္စာတမ္းကြၽမ္းက်င္သူ-

    ဝယ္သူေတာ္ေတာ္မ်ားမ်ားက စရန္ေပး စာခ်ဳပ္ခ်ဳပ္တဲ့အခါ ေရွ႕ေနေခၚဖို႔ မလိုဘူးထင္ၿပီး ပြဲစားေတြ ယူလာတဲ့ အိမ္ၿခံေျမအေရာင္းအဝယ္စာခ်ဳပ္ေတြ တိုက္ခန္းအေရာင္းအဝယ္ စာခ်ဳပ္ေတြနဲ႔ပဲ စရန္ေငြေပး ၿပီးစလြယ္ လုပ္တတ္ၾကပါတယ္။ ဒါေၾကာင့္ဝယ္တဲ့အခါ ခိုင္မာေအာင္ စာ႐ြက္စာတမ္း ကြၽမ္းက်င္သူေတြကို ေခၚယူသင့္ပါတယ္။

    -ေရာင္းသူထံက ေတာင္းယူမယ့္ စာ႐ြက္စာတမ္း-

    ကန္ထ႐ိုက္ထံက တိုက္ခန္း တိုက္႐ိုက္ဝယ္ယူတဲ့အခါ ေျမရွင္နဲ႔ ကန္ထ႐ိုက္တို႔ အခန္းအေပးအယူ သေဘာတူစာခ်ဳပ္ခ်ဳပ္ထားတဲ့ ကတိစာခ်ဳပ္ (မိတၱဴ)၊ ေရာင္းသူနဲ႔က်န္ ကန္ထ႐ိုက္တာႏွစ္ဦး အခန္းခြဲေဝတဲ့ သေဘာတူစာခ်ဳပ္(မူရင္း)၊ BCC လူေနထိုင္ခြင့္ လက္မွတ္ (မိတၱဴ)ေတြကို ေရာင္းသူထံက ေတာင္းယူဖို႔ လိုအပ္ပါတယ္။ ၿပီးမွ ေရာင္းသူထံက မွတ္ပုံတင္မိတၱဴနဲ႔ အိမ္ေထာင္စု စာရင္းမိတၱဴ ေတာင္းယူသင့္ ပါတယ္။ တိုက္ခန္း အၿပီးအပိုင္ ဝယ္မွာျဖစ္တဲ့အတြက္ သက္ေသခံ အေထာက္အထား ရထားဖို႔အတြက္ ကန႔္ကြက္တာေတြ ရွိမရွိ သတင္းစာမွာ ေၾကာ္ျငာသင့္ပါတယ္။ ခုနစ္ရက္ျပည့္လို႔ ကန႔္ကြက္သူမရွိမွ အၿပီးအပိုင္ စာခ်ဳပ္ခ်ဳပ္သင့္ပါတယ္။

    -ေျမရွင္လက္မွတ္ယူပါ။-

    တိုက္ခန္းအေရာင္းအဝယ္ စာခ်ဳပ္ၿပီး အခြန္မေဆာင္ရင္ေတာ့ မိမိဝယ္တဲ့တိုက္ခန္းနဲ႔ ေျမရွင္လက္မွတ္ယူသင့္ပါတယ္။ အရင္ဆုံး ေျမရွင္လက္မွတ္ထိုးခအျဖစ္ ေျမနဲ႔အိမ္တန္ဖိုးေပၚမူတည္ၿပီး တစ္ရာခိုင္ႏႈန္း ေပးရပါတယ္။ ေျမရွင္လက္မွတ္ ထိုးေပးတဲ့အတြက္ အေရာင္းအဝယ္ ေကာင္းစြာျပဳလုပ္ႏိုင္ပါတယ္။

    Author: ေမသက္

    Credit -Kumudra

  • ဂ်ဴးဖူးနဲ႔ အာဟာရအစြမ္း

    ဂ်ဴးဖူးနဲ႔ အာဟာရအစြမ္း

    အရသာခ်ိဳျမၿပီး ၾကက္သြန္အရသာလို ေပးစြမ္းတဲ့ ဂ်ဴးဖူးကို စားဖူးၾကမွာပါ။ ဂ်ဴးဖူးဟာ အသားနဲ႔ ေၾကာ္စားရင္လည္း ေကာင္းသလို အဖူးေတြခ်ည္း ေထာင္းစားရင္လည္း ေကာင္းပါတယ္။ သူ႔မွာလည္း အာဟာရအစြမ္းေတြ ရွိပါတယ္။ ဂ်ဴးဖူးႀကိဳက္ႏွစ္သက္သူေတြအတြက္ ဂ်ဴးဖူးရဲ႕ အာဟာရတန္ဖိုးေလးကို ျပန္လည္ မွ်ေ၀ေပးလုိက္ပါတယ္။ ကယ္လိုရီ ပါဝင္မႈ အလြန္ေလ်ာ့နည္းပါတယ္။

    လတ္ဆတ္ စိမ္းစိုတဲ့ ဂ်ဴးဖူး ၁ဝဝဂရမ္ မွာ ၃ဝ ကယ္လိုရီပဲ ပါဝင္ပါတယ္။ ကယ္ လိုရီပါဝင္မႈ နည္းတဲ့ အျပင္ က်န္းမာေရး တန္ဖိုးရွိတဲ့ ဖေလဗိုးႏြိဳက္ အင္တီ ေအာက္ဆီးဒင့္၊ အမွ်င္ဓာတ္၊ သတåဳဓာတ္ နဲ႔ ဗီတာမင္ဓာတ္ေတြ အမ်ားအျပား ပါ ဝင္တာေၾကာင့္ က်န္းမာေရး အက်ဳိးေက်း ဇူးမ်ားစြာ ပါဝင္ပါတယ္။

    အမွ်င္ဓာတ္ ပါဝင္မႈ မ်ားပါတယ္
    တျခား ၾကက္သြန္နီ၊ ၾကက္သြန္ ၿမိတ္စတဲ့ Allium မ်ဳိးႏြယ္ေတြထက္ ဂ်ဴး ဖူးမွာ အပင္ထြက္ အမွ်င္ဓာတ္ အမ်ား အျပား ပါဝင္ေနပါတယ္။ လတ္ဆတ္တဲ့ ဂ်ဴးဖူး ၁ဝဝ ဂရမ္မွာ တစ္ေန႔တာ လိုအပ္ တဲ့ အမွ်င္ဓာတ္ ၂ဒသမ၅ ၇ ရာခိုင္ႏႈန္း ပါဝင္ေနပါတယ္။

    အင္တီေအာက္ဆီးဒင့္ ပါဝင္မႈမ်ားပါတယ္
    တျခား Allium မ်ဳိးႏြယ္ဝင္ေတြလို ပဲ ဂ်ဴးဖူးမွာ သိုင္ယိုဆာလ္ဖိုင္ႏိုက္ အင္တီ ေအာက္ဆီးဒင့္ ပါဝင္မႈ မ်ားလြန္းပါတယ္။ သိုင္ယိုဆာလ္ဖိုင္ႏိုက္ဟာ အယ္လီစင္အ ျဖစ္ကူးေျပာင္းသြားပါတယ္။ အယ္လီစင္ က အသည္းဆဲလ္ေတြထဲရွိ HMGCoA Reductase အင္ဇိုင္းကို တားဆီးၿပီး ေသြးတြင္း ကိုလက္စထေရာအဆင့္ကို ေလ်ာ့က်ေစတယ္လို႔ ေလ့လာမႈေတြအရ သိရပါတယ္။ ဒါ့အျပင္ ဂ်ဴးဖူးမွာ ဘက္ တီးရီးယားပိုးေတြကို ကင္းေစတာ၊ ဗိုင္း ရပ္စ္ပိုးေတြ ေသေစတာနဲ႔ ဖန္းဂတ္စ္မႈိ ပိုးေတြကို တြန္းလွန္ႏိုင္တာ စတဲ့ အစြမ္း သတၱိေတြလည္း ရွိေၾကာင္း သိရပါတယ္။ ေသြးေၾကာမာေက်ာ ေတာင့္တင္းမႈကို ေလ်ာ့နည္းေစပါတယ္

    ဂ်ဴးဖူးစားလို႔ရရွိႏိုင္တဲ့ အယ္လီစင္ ဟာ ေသြးေၾကာက်ယ္ေစသတဲ့ ျဒပ္ေပါင္း ႏိုက္ထရစ္ေအာက္ဆိုက္ကို ေျပေလ်ာ့ေစ တဲ့နည္းနဲ႔ ေသြးေၾကာမာေက်ာမႈကို ေလ်ာ့ က်ေစပါတယ။္ ဒါေၾကာင ့္ ေသးြ တးုိ က်ေစ တာ ျဖစ္ပါတယ္။ ဂ်ဴးဖူးဟာ ေသြးေၾကာ ထဲမွာ ေသြးခဲတာကို ဖယ္ရွားေပးတဲ့ Fibrinolytic အာနိသင္ရွိတာေၾကာင့္ ေသြးခဲျဖစ္ေပၚမႈကို ဟန္႔တားပိတ္ပင္ ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ႏွလံုးေသြး ေၾကာက်ဥ္းေရာဂါ၊ ေသြးေၾကာပိတ္ဆို႔မႈ နဲ႔ ေလျဖတ္တာတို႔ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစ ပါတယ္။

    ဗီတာမင္ေအ မ်ားပါဝင္ပါတယ္
    ဂ်ဴးဖူးမွာ တျခား Allium မိသားစု ဝင္ေတြထက္ ဗီတာမင္ေအ ပါဝင္မႈ ပိုမ်ား ပါတယ္။ ဂ်ဴးဖူး ၁ဝဝ ဂရမ္မွာ ဗီတာမင္ ေအ ၄၃၅၃ အိုင္ယူ ဒါမွမဟုတ္ တစ္ေန႔ တာလိုအပ္တဲ့ ပမာဏရဲ႕ ၁၄၅ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။ ဒါ့အျပင္ ဂ်ဴးဖူးမွာ ဖေလ ဗိုးႏြိဳက္ အင္တီေအာက္ဆီးဒင့္ေတြျဖစ္ၾက တဲ့ ကာ႐ိုတင္း၊ ဇီဇန္သင္းနဲ႔ လူတင္းတို႔ ပါဝင္ေနပါတယ္။ ဒီျဒပ္ေပါင္းေတြက အ ဆုတ္နဲ႔ ခံတြင္းကင္ဆာေတြ မျဖစ္ေအာင္ လူ႔ခႏၶာကိုယ္ကို ကာကြယ္ေပးႏိုင္ပါတယ္။

    မရိွမျဖစ္ ဗီတာမင္စီနဲ႔ ဗီတာမင္ေက တို႔ပါဝင္ပါတယ္
    ဗီတာမင္စီနဲ႔ ဗီတာမင္ေကတို႔လို မရွိမျဖစ္ဗီတာမင္ေတြလည္း ပါဝင္ေနပါ တယ္။ ဂ်ဴးဖူးဟာ ဗီတာမင္ေက ပါဝင္မႈ အမ်ားဆံုး ဟင္းသီးဟင္းရြက္ထဲမွာ တစ္ မ်ဳိးအျဖစ္ ပါဝင္ပါတယ္။ လတ္ဆတ္တဲ့ ဂ်ဴးဖူး ၁ဝဝ ဂရမ္မွာ တစ္ေန႔တာ လိုအပ္ တဲ့ဗီတာမင္ေက ၁၇၇ ရာခိုင္ႏႈန္း ပါဝင္ ပါတယ္။ ဗီတာမင္ေကဟာ အ႐ိုးျဖစ္ေပၚ ဖို႔နဲ႔ သန္စြမ္းဖို႔ အားေပးတာေၾကာင့္ အ ႐ိုးက်န္းမာေရးအတြက္ အေရးပါပါတယ္။ အစားအေသာက္ထဲမွာ လံုေလာက္တဲ့ ဗီ တာမင္ေကကို ထည့္တာေၾကာင့္ ဦး ေႏွာက္ထဲက ႏ်ဴရြန္ထိခိုက္မႈကို ကန္႔သတ္ ႏိုင္ၿပီး အယ္လ္ဇိုင္းမားေရာဂါကာကြယ္ ကုသေရးမွာ အသံုးဝင္ပါတယ္။

    ေဖာလိတ္ဓာတ္မ်ားမ်ား ပါဝင္ပါတယ္
    လတ္ဆတ္တဲ့ ဂ်ဴးဖူးမွာ ေဖာလိတ္ ဓာတ္ ပါဝင္မႈ ျမင့္မားပါတယ္။ ဂ်ဴးဖူး ၁ဝဝဂရမ္မွာ တစ္ေန႔တာလိုအပ္တဲ့ ေဖာ လိတ္ ၂၆ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။ ေဖာ လစ္အက္စစ္(ေဖာလိတ္)ဟာ ဒီအင္န္ ေအ တည္ေဆာက္မႈနဲ႔ ဆဲလ္ကြဲမႈတို႔အ တြက္ မရွိမျဖစ္ အေရးပါပါတယ္။ ကိုယ္ ဝန္ေဆာင္ခ်ိန္အတြင္း လံုေလာက္တဲ့ ေဖာလိတ္ပမာဏ မွီဝဲတာေၾကာင့္ ေမြး လာတဲ့ကေလးငယ္မွာ ေမြးရာပါ ခ်ဳိ႕ယြင္း မႈ မပါေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

    ဗီတာမင္ဘီ အုပ္စု ပါဝင္မႈ မ်ားပါတယ္
    ဂ်ဴးဖူးမွာ ေၾကးနီ၊ သံဓာတ္၊ မဂၢနိစ္၊ ဇင့္(သြပ္)နဲ႔ ကယ္လ္စီယမ္စတဲ့ မရွိမ ျဖစ္ အေရးပါတဲ့ သတၱဳဓာတ္ေတြအျပင္ ဗီ တာမင္ဘီအုပ္စု ပါဝင္ေနတာေၾကာင့္ က်န္းမာေရးကို ေကာင္းမြန္ေစ ပါတယ္။
    Credit: Good Health

  • သစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေကို အသစ်အတိုင်း ပြန်လည်တောက်ပစေမယ့် နည်းလမ်းကောင်းများ

    [Unicode version]

    သစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂများကို သန့်ရှင်းရေး ပြုလုပ်နည်းများ

    ပရိဘောဂတွေကို သန့်ရှင်းပေးနိုင်တဲ့ များစွာသော Chemical Cleaner တွေရှိပေမယ့် ဒါတွေဟာ အသုံးပြုသူ အတွက် ရော ပတ်ဝန်းကျင်လေထုမှာပါ အနံ့အသက်တွေ ပျံ့နှံ့စေနိုင်ပါတယ်။ အိမ်သုံး ပရိဘောဂတွေပေါ်က အစွန်းအထင်းတွေနဲ့ အရောင် တောက်ပမှု မရှိတာတွေအတွက် အသစ်အတိုင်းကို ပြန်လည်တောက်ပလာစေမယ့် လွယ်လွယ်ကူကူ သန့်ရှင်းရေး ပြုလုပ်နိုင်တဲ့ သဘာဝ နည်းလမ်း ကောင်းတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

    (၁) မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနဲ့ဖျော်ထားတဲ့ မုန့်ဖုတ်ဆိုဒါရေကို ဖျန်းဆေးဘူးထဲထည့်ပြီး အဝတ်နဲ့ပွတ်တိုက် သန့်ရှင်းရေးလုပ်ပေးခြင်းအားဖြင့် သစ်သားပရိဘောဂတွေကို ပြန်လည်တောက်ပလာစေမှာ ဖြစ်ပါတယ်။

    (၂) ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ ရှာလကာရည်အနည်းငယ်ကို သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်းခွဲလောက်နဲ့ ရောပြီး အစွန်းအထင်းနဲ့ ခြစ်ရာစင်းရာတွေရှိတဲ့ သစ်သားပရိဘောဂတွေပေါ်ကို ပွတ်တိုက် သန့် ရှင်းပေးနိုင်ပါတယ်။

    (၃) လိမ္မော်သီးခွံအနည်းငယ်ပေါ်မှာ သံလွင်ဆီနှစ်စက်ခန့် လောင်းပြီး သစ်သားပရိဘောဂတွေကို ပွတ်တိုက် ပေးခြင်းအားဖြင့် ပရိဘောဂအရောင်တွေကို ပြောင်လက်တောက်ပနေစေမှာ ဖြစ်ပါတယ်။

    (၄) သံလွင်ဆီနဲ့ ဝိုင်နီတို့ကို ဆတူရောပြီး ပရိဘောဂတွေပေါ်မှာ အနည်းငယ်လောင်းချပြီး အဝတ်စနဲ့ ပွတ်တိုက်ပေးရုံနဲ့ သင့်ရဲ့ ဟောင်းနွမ်းနေတဲ့ ပရိဘောဂတွေကို အသစ်အတိုင်း ပြန်လည်တောက်ပ နိုင်စေမှာ ဖြစ်ပါတယ်။

    (၅) အပူပေးထားတဲ့ ပျားဖယောင်း အနည်းငယ်ထဲကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့် ရောထားတဲ့ အရောကို တောက်ပမှုမရှိတော့တဲ့ ပရိဘောဂတွေပေါ်မှာ ပွတ်တိုက်ပေးရုံနဲ့ ပြောင်လက်တောက်ပ လာစေမှာ ဖြစ်ပါတယ်။

    Credit – ဟယ်လ်သင် (ဧရာဝတီ) , The Irrawaddy – Burmese Edition

    [Zawgyi version]

    သစ္သားနဲ႔ျပဳလုပ္ထားတဲ့ ပရိေဘာဂေတြကို အသစ္အတိုင္း ျပန္လည္ေတာက္ပေစမယ့္ နည္းလမ္းေကာင္းမ်ား

    သစ္သားနဲ႔ျပဳလုပ္ထားတဲ့ ပရိေဘာဂမ်ားကို သန႔္ရွင္းေရး ျပဳလုပ္နည္းမ်ား

    ပရိေဘာဂေတြကို သန႔္ရွင္းေပးႏိုင္တဲ့ မ်ားစြာေသာ Chemical Cleaner ေတြရွိေပမယ့္ ဒါေတြဟာ အသုံးျပဳသူ အတြက္ေရာ ပတ္ဝန္းက်င္ေလထုမွာပါ အနံ႔အသက္ေတြ ပ်ံ႕ႏွံ႔ေစႏိုင္ပါတယ္။ အိမ္သုံး ပရိေဘာဂေတြေပၚက အစြန္းအထင္းေတြနဲ႔ အေရာင္ေတာက္ပမႈ မရွိတာေတြအတြက္ အသစ္အတိုင္းကို ျပန္လည္ေတာက္ပလာေစမယ့္ လြယ္လြယ္ကူကူ သန႔္ရွင္းေရး ျပဳလုပ္ႏိုင္တဲ့ သဘာဝ နည္းလမ္း ေကာင္းေတြကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

    (၁) မုန႔္ဖုတ္ဆိုဒါ အနည္းငယ္ကို ေရနဲ႔ေဖ်ာ္ထားတဲ့ မုန႔္ဖုတ္ဆိုဒါေရကို ဖ်န္းေဆးဘူးထဲထည့္ၿပီး အဝတ္နဲ႔ပြတ္တိုက္ သန႔္ရွင္းေရးလုပ္ေပးျခင္းအားျဖင့္ သစ္သားပရိေဘာဂေတြကို ျပန္လည္ေတာက္ပလာေစမွာ ျဖစ္ပါတယ္။

    (၂) ဟင္းခ်က္တဲ့အခါ အသုံးျပဳတဲ့ ရွာလကာရည္အနည္းငယ္ကို သံလြင္ဆီ ထမင္းစားဇြန္း ၁ ဇြန္းခြဲေလာက္နဲ႔ ေရာၿပီး အစြန္းအထင္းနဲ႔ ျခစ္ရာစင္းရာေတြရွိတဲ့ သစ္သားပရိေဘာဂေတြေပၚကို ပြတ္တိုက္သန႔္ ရွင္းေပးႏိုင္ပါတယ္။

    (၃) လိေမၼာ္သီးခြံအနည္းငယ္ေပၚမွာ သံလြင္ဆီႏွစ္စက္ခန႔္ ေလာင္းၿပီး သစ္သားပရိေဘာဂေတြကို ပြတ္တိုက္ ေပးျခင္းအားျဖင့္ ပရိေဘာဂအေရာင္ေတြကို ေျပာင္လက္ေတာက္ပေနေစမွာ ျဖစ္ပါတယ္။

    (၄) သံလြင္ဆီနဲ႔ ဝိုင္နီတို႔ကို ဆတူေရာၿပီး ပရိေဘာဂေတြေပၚမွာ အနည္းငယ္ေလာင္းခ်ၿပီး အဝတ္စနဲ႔ ပြတ္တိုက္ေပး႐ုံနဲ႔ သင့္ရဲ႕ ေဟာင္းႏြမ္းေနတဲ့ ပရိေဘာဂေတြကို အသစ္အတိုင္း ျပန္လည္ေတာက္ပ ႏိုင္ေစမွာ ျဖစ္ပါတယ္။

    (၅) အပူေပးထားတဲ့ ပ်ားဖေယာင္း အနည္းငယ္ထဲကို သံလြင္ဆီ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းခန႔္ ေရာထားတဲ့ အေရာကို ေတာက္ပမႈမရွိေတာ့တဲ့ ပရိေဘာဂေတြေပၚမွာ ပြတ္တိုက္ေပး႐ုံနဲ႔ ေျပာင္လက္ေတာက္ပ လာေစမွာ ျဖစ္ပါတယ္။

    Credit – ဟယ္လ္သင္ (ဧရာဝတီ) , The Irrawaddy – Burmese Edition

  • စားတော်ပဲပြုတ်လုပ်နည်း။ ကိုယ်တိုင်ပဲလုပ်ပြီး စိတ်ချလက်ချစားကြမယ်။

    [Zawgyi version]

    စားေတာ္ပဲျပဳတ္နည္း

    လြယ္လြယ္ကူကူ ႐ိုး႐ိုးရွင္းရွင္းပါပဲ။ အရင္ဆုံး ေရေႏြးနဲ႔ ေရေအးကို ၾကက္သီးေႏြးေလး ေရာစပ္ပါ။ ေရထဲ လက္ႏွစ္ၾကည့္လိုက္ရင္ ကိုယ့္လက္အပူခံႏိုင္တဲ့ အေနအထားေလးေပါ့။ ၿပီးရင္ အဲ့ဒီေရထဲ စားေတာ္ပဲကို ၃နာရီၾကာေအာင္ ေရစိမ္ပါ။

    ၃နာရီျပည့္ရင္ ဆယ္ၿပီး စကာေလးနဲ႔ ေရစစ္ၿပီး အေပၚက အဝတ္ပါးေလး အုပ္ထားပါ။ မနက္တႀကိမ္ ညတႀကိမ္ ေရေလာင္းေပးပါ။ ေနာက္ေန႔ဆို ပဲေညာွင့္ေလးေတြ ေပါက္လာပါၿပီ။ ဒါဆို ပဲျပဳတ္လို႔ ရပါၿပီ။


    ေရေႏြးကို အရင္ဆုံး ဆူေအာင္ တည္ပါ။ မုန႔္လုပ္ ထန္းလ်က္အညိဳ ၂ခဲ ေရေႏြးထဲေပ်ာ္သြားေအာင္ ေမႊေပးၿပီးရင္ ပဲထည့္ျပဳတ္ပါ။ ဆားေဆာ္ဒါ လဖက္ရည္ ဇြန္းတဝက္ ထည့္ပါ။ သၾကား ဟင္းစားဇြန္း တဝက္ထည့္ပါ။ ဆီ ဟင္းစားဇြန္း ၁ဇြန္းေလာက္ ထည့္ပါ။ ဆား ဇြန္းဖ်ားနဲ႔ နည္းနည္းထည့္ပါ။ ပဲနဲ႔ေရကို အတိျဖစ္ေအာင္ ထည့္ပါ။ ေရပို မထည့္မိပါေစနဲ႔။ ေရခမ္းလာရင္ တခ်ိဳ႕က ပဲကို စကာနဲ႔ စစ္ၿပီး ေရေႏြးေငြ႕နဲ႔ ျပန္တည္ၾကတယ္။

    ေရခမ္းသြားရင္ ထမင္းအိုးႏွပ္သလို မီးေအးနဲ႔ ေရခမ္းအေငြ႕ထြက္ေအာင္ ထားပါတယ္။ စိတ္ထဲ ပိုေမႊးတယ္လို႔ ထင္တယ္။ ပဲကို ေပါင္းအိုးခြက္နဲ႔ ၂ခြက္ဆို အမ်ားႀကီးရပါတယ္။ ပဲျပဳတ္ေနစဥ္ ဇြန္းနဲ႔ မေမႊနဲ႔ေနာ္။ ပဲကမက်က္ပဲ ဆတ္ေတာက္ႀကီး ျဖစ္တတ္ပါတယ္။

    Credit – Pan Kankayae

    [Unicode version]

    စားတော်ပဲပြုတ်နည်း

    လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ လက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက်အပူခံနိုင်တဲ့ အနေအထားလေးပေါ့။ ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပါ။

    ၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ။ မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။ နောက်နေ့ဆို ပဲညောှင့်လေးတွေ ပေါက်လာပါပြီ။ ဒါဆို ပဲပြုတ်လို့ ရပါပြီ။

    ရေနွေးကို အရင်ဆုံး ဆူအောင် တည်ပါ။ မုန့်လုပ် ထန်းလျက်အညို ၂ခဲ ရေနွေးထဲပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ။ ဆားဆော်ဒါ လဖက်ရည် ဇွန်းတဝက် ထည့်ပါ။ သကြား ဟင်းစားဇွန်း တဝက်ထည့်ပါ။ ဆီ ဟင်းစားဇွန်း ၁ဇွန်းလောက် ထည့်ပါ။ ဆား ဇွန်းဖျားနဲ့ နည်းနည်းထည့်ပါ။ ပဲနဲ့ရေကို အတိဖြစ်အောင် ထည့်ပါ။ ရေပို မထည့်မိပါစေနဲ့။ ရေခမ်းလာရင် တချို့က ပဲကို စကာနဲ့ စစ်ပြီး ရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။

    ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ထွက်အောင် ထားပါတယ်။ စိတ်ထဲ ပိုမွှေးတယ်လို့ ထင်တယ်။ ပဲကို ပေါင်းအိုးခွက်နဲ့ ၂ခွက်ဆို အများကြီးရပါတယ်။ ပဲပြုတ်နေစဉ် ဇွန်းနဲ့ မမွှေနဲ့နော်။ ပဲကမကျက်ပဲ ဆတ်တောက်ကြီး ဖြစ်တတ်ပါတယ်။

    Credit – Pan Kankayae

  • ဒီေခတ္ၾကီးထဲမွာ ငါးခ်ဥ္၊ ပုဇြန္ခ်ဥ္ ကိုယ္တိုင္လုပ္ၿပီးပဲ စားၾကမယ္။

    [Zawgyi version]
    ငါးခ်ဥ္၊ ပုဇြန္ခ်ဥ္ ကိုယ္တိုင္လုပ္ၿပီးပဲ စားၾကမယ္။

    ငါးခ်ဥ္၊ ပုဇြန္ခ်ဥ္ လုပ္နည္း

    ပုဇြန္ေက်ာ့ရရ.ထုတ္ရရေပါ့။ ပုဇြန္ကို ေခါင္းခ်ိဳး ေရေဆးပါ။ ပုဇြန္ထုတ္ဆိုရင္ေတာ့ အခြံခြာပါေနာ္။ ပုဇြန္ေက်ာ့ေလးေတြ ဆိုရင္ေတာ့မခြာပါနဲ႔ ၿပီးရင္ ေရစင္စင္ေဆးပါ။ ေရစစ္ထားပါ။ ဆားအေနေတာ္နဲ႔ နယ္ပါမယ္။ ၿပီးရင္တညသိပ္ထားပါ။

    ညထဲကဆန္ၾကမ္းကို ထမင္းခပ္မာမာေလး ခ်က္ထားပါေနာ္။ မနက္က်ရင္ ဆားနယ္ထားတဲ့ ပုဇြန္ကိုေရနဲ႔ တခါေလာက္ေဆးလိုက္ပါ။ ၿပီးရင္ညက ခ်က္ထားတဲ့ ထမင္းနဲ႔ေရာနယ္ပါေနာ္။ ၿပီးရင္ေကာ္ဘူးဆို ပိုေကာင္းပါတယ္။ အဲ့ထဲကို သိပ္ထည့္ပါ။ ၾကပ္ၾကပ္ေလး သိပ္ပါ။ ၿပီးရင္လုံေအာင္ပိတ္ၿပီး ထားလိုက္ပါ။။ သုံးရက္ေလာက္ဆို ခ်ဥ္ပါၿပီ။

    အဲ့အခါမွာအဖုံးဖြင့္ၿပီး ဘူးကိုဇကာေလးခံလို. ေမွာက္ထားလိုက္ပါ။ အရည္ေတြ စစ္သြားေအာင္လို.ပါ။ ေန႔တဝက္ေလာက္ ေမွာက္ထားလိုက္ရင္ ရပါၿပီ။ ၿပီးရင္ေတာ့ ဖန္ပုလင္းျဖစ္ျဖစ္ ႏွစ္သက္ရာဘူးနဲ႔ လွယ္ထည့္ၿပီး ေရခဲေသတၱာထဲ ထည့္သိမ္းႏိုင္ပါတယ္။ လိုသေလာက္ ယူသုတ္စားေပါ့။ နံနံပင္၊ ပင္စိမ္း၊ ရွမ္းနံနံ၊ တစ္မ်ိဳးမ်ိဳးနဲ႔ ၾကက္သြန္ျဖဴ နီ၊ င႐ုပ္စိမ္းေလးနဲ႔ ဆီေလးဆမ္း။ ၿပီးသုတ္။ ထမင္းၿမိန္ပါ့ရွင္။

    ငါးဆိုရင္လဲ ကိုယ္လုပ္ခ်င္တဲ့ ငါးကိုလိုသလို တုံးျဖတ္ၿပီး ဒီနည္းအတိုင္းပဲ လုပ္ေနာ္။

    ခ်စ္သူငယ္ခ်င္း အားလုံးကို ခင္မင္ေလးစားတဲ့

    မနီ

    ေနာ္ေဝး

    Credit – မနီ (ေနာ္ေဝး)

    [Unicode version]

    ငါးချဉ်၊ ပုဇွန်ချဉ် ကိုယ်တိုင်လုပ်ပြီးပဲ စားကြမယ်။

    ငါးချဉ်၊ ပုဇွန်ချဉ် လုပ်နည်း

    ပုဇွန်ကျော့ရရ.ထုတ်ရရပေါ့။ ပုဇွန်ကို ခေါင်းချိုး ရေဆေးပါ။ ပုဇွန်ထုတ်ဆိုရင်တော့ အခွံခွာပါနော်။ ပုဇွန်ကျော့လေးတွေ ဆိုရင်တော့မခွာပါနဲ့ ပြီးရင် ရေစင်စင်ဆေးပါ။ ရေစစ်ထားပါ။ ဆားအနေတော်နဲ့ နယ်ပါမယ်။ ပြီးရင်တညသိပ်ထားပါ။

    ညထဲကဆန်ကြမ်းကို ထမင်းခပ်မာမာလေး ချက်ထားပါနော်။ မနက်ကျရင် ဆားနယ်ထားတဲ့ ပုဇွန်ကိုရေနဲ့ တခါလောက်ဆေးလိုက်ပါ။ ပြီးရင်ညက ချက်ထားတဲ့ ထမင်းနဲ့ရောနယ်ပါနော်။ ပြီးရင်ကော်ဘူးဆို ပိုကောင်းပါတယ်။ အဲ့ထဲကို သိပ်ထည့်ပါ။ ကြပ်ကြပ်လေး သိပ်ပါ။ ပြီးရင်လုံအောင်ပိတ်ပြီး ထားလိုက်ပါ။။ သုံးရက်လောက်ဆို ချဉ်ပါပြီ။

    အဲ့အခါမှာအဖုံးဖွင့်ပြီး ဘူးကိုဇကာလေးခံလို. မှောက်ထားလိုက်ပါ။ အရည်တွေ စစ်သွားအောင်လို.ပါ။ နေ့တဝက်လောက် မှောက်ထားလိုက်ရင် ရပါပြီ။ ပြီးရင်တော့ ဖန်ပုလင်းဖြစ်ဖြစ် နှစ်သက်ရာဘူးနဲ့ လှယ်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်။ လိုသလောက် ယူသုတ်စားပေါ့။ နံနံပင်၊ ပင်စိမ်း၊ ရှမ်းနံနံ၊ တစ်မျိုးမျိုးနဲ့ ကြက်သွန်ဖြူ နီ၊ ငရုပ်စိမ်းလေးနဲ့ ဆီလေးဆမ်း။ ပြီးသုတ်။ ထမင်းမြိန်ပါ့ရှင်။

    ငါးဆိုရင်လဲ ကိုယ်လုပ်ချင်တဲ့ ငါးကိုလိုသလို တုံးဖြတ်ပြီး ဒီနည်းအတိုင်းပဲ လုပ်နော်။

    ချစ်သူငယ်ချင်း အားလုံးကို ခင်မင်လေးစားတဲ့

    မနီ

    နော်ဝေး

    Credit – မနီ (နော်ဝေး)

  • ကိုယ္ေရာ စိတ္ပါ က်န္းမာေစဖို႔ စားသင့္တဲ့ အစားအစာ ၅မ်ိဳး

     

    လူေတြရဲ႕ က်န္းမာေရးဟာ ကိုယ္တင္မကဘဲ စိတ္နဲ႔ပါ ဆိုင္တယ္ဆိုတာ သိၾကမွာပါ။ စိတ္ဖိစီးမႈေတြ ကင္းေ၀းၿပီး က်န္းမာမွ အမွန္တကယ္ က်န္းမာေစမွာ ျဖစ္ပါတယ္။ စိတ္ေရာကိုယ္ပါ က်န္းမာေစဖို႔ အတြက္ ေန႔စဥ္ စားေနက် အစားအစာေတြကို ခ်ိန္ဆၿပီး စားေပးရင္ ရႏုိင္ပါတယ္။ ႏွလံုး က်န္းမာေရး ေကာင္းမြန္ၿပီး ေကာင္းမြန္တဲ့ အသားအေရကို ပိုင္ဆိုင္မယ္ ကိုယ္အေလးခ်ိန္ သင့္ေတာ္ရံု ရွိမယ္ဆိုရင္ လူတစ္ေယာက္ဟာ က်န္းမာတယ္လို႔ ေယဘုယ် ေျပာလို႔ ရေနပါၿပီ။

    စိတ္ေရာကိုယ္ပါ က်န္းမာေစႏုိင္ဖို႔ အတြက္ အမွ်င္ဓာတ္ ၾကြယ္၀တဲ့ အစားအစာေတြကို စားေပးႏုိင္သလို အသီးအႏွံ၊ ဟင္းသီးဟင္းရြက္၊ ပရိုတိန္းဓာတ္ၾကြယ္၀တဲ့ အစားအစာေတြ၊ ကယ္လိုရီနည္းပါးၿပီး က်န္းမာတဲ့ အဆီေတြ ရရွိဖို႔ မွ်တေအာင္ စားေပးႏုိင္ပါတယ္။

    အစိမ္းေရာင္ပဲသီးေတာင့္မ်ား
    ဘိုစားပဲလို႔ ေခၚၿပီး ေၾကာ္စားတဲ့ ပဲေတာင့္သီးေလးကို စားေပးရင္ အမွ်င္ဓာတ္ ၾကြယ္၀စြာ ရႏိုင္ၿပီး ကယ္လိုရီနည္းပါးစြာ ေပးပါလိမ့္မယ္။ ပဲေတာင့္ရွည္သီး၊ ပဲလြန္းပဲ တို႔ကို စားေပးရင္လည္း အတူတူပါပဲ။

    ဆယ္လ္မြန္ငါး
    ဆယ္လ္မြန္ငါးဟာ ျမန္မာျပည္မွာေတာ့ ရွားၿပီး ေစ်းႀကီးပါတယ္။ သူ႔မွာ အဓိကပါတဲ့ အိုမီဂါ ၃ အက္ဆစ္ဓာတ္ဟာ လူကို က်န္းမာေစႏုိင္ တာပါ။ ႏွလံုးက်န္းမာေရး အတြက္ အေထာက္အကူ ျဖစ္ေစတဲ့ အျပင္ ေကာင္းမြန္တဲ့ အဆီေတြလည္း ေပးပါတယ္။ ဆယ္လ္မြန္ငါး ရွားတဲ့ အတြက္ ငါးႀကီးဆီကို မွီ၀ဲႏုိင္ပါတယ္။ ငါးကို စားေပးျခင္းဟာလည္း က်န္းမာေစႏုိင္ပါတယ္။

    ဘယ္ရီသီးမ်ား
    ဘယ္ရီသီးလို႔ ဆိုရာမွာ ဘလူးဘယ္ရီ၊ ရဒ္ဘယ္ရီ၊ စေတာ္ဘယ္ရီးသီးေတြ အကုန္ ပါ၀င္ပါတယ္။ ၂လဆက္တိုက္ စားေပးရင္ ေသြးအားေကာင္းေစၿပီး ႏွလံုးကို က်န္းမာေစႏုိင္တယ္လို႔ အေမရိကန္ အာဟာရ ပညာရွင္မ်ားက ဆုိပါတယ္။

    ဖရဲသီး
    ေရဓာတ္ၾကြယ္၀တဲ့ အသီးအျဖစ္ နာမည္ေက်ာ္ၿပီး က်န္းမာေရးနဲ႔ အညီညႊတ္ဆံုး အသီးျဖစ္ေၾကာင္း အားလံုး သိၾကမွာပါ။ ေရဓာတ္ပါ၀င္မႈ ၉၂%ပါ၀င္ၿပီး ဗီတာမင္စီလည္း ပါ၀င္တာေၾကာင့္ ေန႔စဥ္ လန္းဆန္းေစမယ့္ အစားအစာ တစ္ခုပါ။

    ခရမ္းခ်ဥ္သီး
    ေန႔စဥ္နီးပါး စားျဖစ္တဲ့ အသီးဆိုရင္ မမွားပါဘူး။ ဒါေပမယ့္ ျမန္မာေတြ အမ်ားစုကေတာ့ ဟင္းခ်က္တဲ့ အခါမွာ သံုးတာမ်ားပါတယ္။ အသုပ္ေတြ သုပ္စားတဲ့ အခါမွာလည္း ထည့္ပါတယ္။ ဒီထက္ပိုၿပီး က်န္းမာေရးနဲ႔ ညီညႊတ္ခ်င္ရင္ေတာ့ ေဖ်ာ္ရည္ ေဖ်ာ္ေသာက္တာျဖစ္ျဖစ္ အစိမ္းသုပ္စားတာ ျဖစ္ျဖစ္ စားေပးပါ။
    Credit: eatingwell

  • ေဆာင္းရာသီမွာ စားသင့္တဲ ့စားစရာမ်ား

     

    ====================
    ====================

    ရာသီးအကူးအေျပာင္းႏွင့္ အထူးသျဖင့္ ေဆာင္းတြင္းကာလေတြမွာ ႏွာေစး ေခ်ာင္းဆိုး၊ လည္ပင္းနာျခင္းစတဲ ့
    ေ၀ဒနာေတြ အလြယ္တကူျဖစ္နိုင္တဲ့အတြက္ ဗားရပ္စ္ေပါင္း ၂၀၀ ေက်ာ္က သင့္ကို ေစာင့္ၾကိဳေနတာျဖစ္ပါတယ္။
    ဖ်ားနာျခင္းကို ေပ်ာက္ကင္းေစတဲ ့ေဆးမရွိေပမယ့္ မဖ်ားခင္ ၾကိဳတင္ကာကြယ္နိုင္တဲ့ အစားအေသာက္ေတြရွိပါတယ္။
    အာဟာရျပည့္၀ျပီး က်န္းမာေရးနဲ ့ညီတဲ ့အစားတုိင္းေကာင္းမြန္တဲ ့ကိုယ္ခံစြမ္းအားကို ျဖစ္ေပၚေစတဲ ့အတြက္
    ေအာက္ပါေဖာ္ျပမယ့္ အစားေတြကလည္း တစ္ေထာင္တစ္ေနရာမွ သင့္က်န္းမာေရးကို အားျဖည့္ေပးနုိင္မယ္လို့
    ယံုၾကည္ပါတယ္။

    ၁-ဆာဒင္း

    ငါးမွာ အိုမီဂါ ၃ ပါ၀င္ကာ ႏွလံုးေရာဂါျဖစ္ေစမွုကို တားဆီးေပးပါတယ္။ အာရံုေၾကာစနစ္ေတြကို ေကာင္းမြန္ေစျပီး
    ဆာဒင္းငါးက ၁၂၅၉ မီလီဂရမ္ ေထာက္ပံ့ေပးနိုင္ကာ ထေရာက္ငါးက ၉၀၅ မီလီဂရမ္ ၊ ဆယ္မြန္ကေတာ့ ၈၄၀ မီလီဂရမ္၊ တူနာက
    ၁၉၆ မီလီဂရမ္ အသီးသီးေပးစြမ္းနိုင္ပါတယ္။သံလြင္ဆီက ကယ္လိုရီ ၁၂၀ ပါ၀င္ကာ
    ပရိုတင္ ၁၃ ဂရမ္ရွိပါတယ္။ ဗီတာမင္ဒီလည္း ပါ၀င္ေသးတာျဖစ္တဲ ့အတြက္ ၎တို့ကို တြဲစားသံုးပါက
    သင့္ေတာ့တဲ ့အာဟာရကို ရရွိမွာျဖစ္ပါတယ္။

    ၂ – ငရုပ္ပြအ၀ါေရာင္

    တစ္ခါတစ္ေလ ဖ်ားသလို ခံစားရတဲ ့အခါ ၊ ဗီတာမင္စီပါ၀င္တဲ ့ငရုပ္ေကာင္းပြအ၀ါေရာင္က အေကာင္းဆံုးပါပဲ။
    ဗီတာမင္စီက အာရံုေၾကာစနစ္ေတြကို ေကာင္းမြန္ေစနိုင္သလို တက္ၾကြမွုကိုလည္း ျဖစ္ေပၚေစပါတယ္။

    ၃ – မွိဳ

    ဗီတာမင္ ဘီဓါတ္ၾကြယ္၀တဲ ့မွိုက အာရံဳေၾကာစနစ္ကို အားေကာင္းေစပါတယ္။ကိုယ္ခႏၶာေအးမွုကိုေလွ်ာ့ခ်ေပးျပီး
    ေရာဂါျဖစ္ေစတဲ ့ဆဲလ္ေတြကို တိုက္ထုတ္ေပးပါတယ္။

    ၄ – အရက္ထြက္ပစၥည္း

    အရက္က အပူဓါတ္ေပးနိုင္တယ္ဆိုတာ ၾကားဖူးၾကမွာပါ။ ဒါေပမယ့္ ဖ်ားေစတဲ ့ဆဲလ္ေတြကိုေတာ့ မတိုက္ထုတ္ေပးနိုင္ပါဘူး ။
    ေန့စဥ္မွီ၀ဲေပးပါမယ္ဆိုပါက အေအးဓါဏ္ခံနုိင္ရန္ေထာက္ကူေပးျပီး အမ်ိဳးသမီးဆို တစ္ခြက္ ၊ အမ်ိဳးသားဆို ႏွစ္ခြက္ေသာက္သင့္ပါတယ္။
    သို့ေပမယ့္ ေသာက္ေတာ့ေသာက္ပါ။ မစြဲပါေစနဲ ့ေဆးျဖစ္၀ါးျဖစ္ေပါ့။

    ၅ – ၾကက္သားစြပ္

    အေအးမိျခင္းအတြက္ ၾကက္သားစြပ္ကအေကာင္းဆံုးပါပဲ ။ စြပ္ျပုတ္ဆိုတာ ဖ်ားနာတဲ ့အခါ အားျပည့္ျမန္ေစသလို
    အသက္ရွဴလမ္းေၾကာင္းတြက္လည္း အေထာက္အကူျပဳပါေသးတယ္။ ဗိုင္းရပ္စ္တိုက္ဖ်က္ေပးကာ သူမတူထူးျခားတဲ ့
    ေဆးတစ္လက္လို့လည္း သတ္မွတ္လို့ရပါတယ္။

    ၆ – အခ်ဥ္သီးမ်ား

    အခ်ဥ္ဓါတ္ပါတဲ ့အသီးေတြမွာ မ်ားေသာအားျဖင့္ ဆစ္ထရစ္အက္ဆစ္ ပါ၀င္တဲ ့အတြက္ အာရံုေၾကာတြက္
    အထူးသင့္ေလ်ာ္ပါတယ္။သဘာ၀ ကယ္မီကယ္ပါတဲ ့အခြံခြါစားရေသာအသီးေတြက လည္ေခ်ာင္းနာျခင္းအတြက္
    အထူးသင့္ေလ်ာ္ကာ ကင္ဆာကိုလည္း ေခ်ဖ်က္နိုင္စြမ္းရွိၾကပါတယ္။လိေမၼာ္သီးခြံကို လိေမၼာ္ရည္ထည့္ကာ
    သံလြင္ဆီနဲ ့လည္း တြဲေသာက္ေပးနိုင္ပါတယ္။

    ၇ – ဂ်င္း (ခ်င္း )

    အမဲသား နဲ ့ဘရိုကိုလီ တြဲခ်က္ရာမွာ ခ်င္းက မပါမျဖစ္အေရးၾကီးတဲ ့အရာျဖစ္သလို အနံ့အသက္ကင္းစင္ေစကာ
    အေအးမိျခင္းကိုလည္း ေပ်ာက္ကင္းေစနိုင္ပါေသးတယ္။ဂ်ပန္ ၊ တရုတ္တို့မွာေရွးကာလမ်ားတည္းက အသံုးျပဳလာၾကတာျဖစ္ျပီး
    ႏွာေစးျခင္းအတြက္ အထူးေပ်ာက္ကင္းေစပါတယ္။သလိပ္ေတြကို ကင္းစင္ေစျပီး ခ်င္းရည္ပူပူေလးကို သံပုရာရည္ညွစ္ ျပီးေသာက္မယ္ဆိုပါက
    အပူအပုပ္ေတြပါကငး္စင္ေစနိုင္ပါတယ္။

    From MM

    ==========

  • ပူစပ္စပ္ အရသာကို တခဏအတြင္း ေျပေပ်ာက္ေစမယ့္ အရည္ ၃ မ်ိဳး

    [Zawgyi version]
    ပူစပ္စပ္ အရသာကို တခဏအတြင္း ေျပေပ်ာက္ေစမယ့္ အရည္ ၃ မ်ိဳး

    အစပ္အရသာကို ႀကိဳက္လို႔ပဲျဖစ္ျဖစ္၊ စိတ္ဖိစီးမႈ ေျပေပ်ာက္ေစခ်င္လို႔ပဲျဖစ္ျဖစ္ မၾကာခဏ စားျဖစ္ၾကပါတယ္။ အထူးသျဖင့္ မိန္းကေလးေတြဟာ အစပ္အရသာကို ခုံမင္ႏွစ္သက္ၾကသလို စပ္တယ္လို႔ ခံစားမိရင္ေတာင္ ဆက္စားမိေနတတ္ၾကသူေတြပါ။

    အစပ္ေတြစားၿပီး ပါးစပ္ထဲ မီးေတာက္သလို ခံစားမိတဲ့အခါ အစပ္ေျပေအာင္ ေရေသာက္ တတ္ၾကပါတယ္။ ဒါဟာ မွားယြင္းတဲ့ အယူအဆပါပဲ။ ဒါဆို ဘယ္လိုအစပ္ေျပေအာင္ လုပ္ႏိုင္မလဲ။ အေျဖကေတာ့ အရမ္း႐ိုးရွင္းပါတယ္။ ပါးစပ္တခုလုံး ထူပူစပ္ေနတာကို ေျပေပ်ာက္ေစမယ့္ အေကာင္းဆုံး အရည္ေတြ ရွိပါတယ္။

    (၁) ႏြားႏို႔
    ကိုယ္မခံႏိုင္ေလာက္တဲ့ အစပ္မ်ိဳး စားမိတဲ့အခါ၊ အစပ္ေတြ အမ်ားႀကီးစားလိုက္မိလို႔ ေရဘယ္ေလာက္ ေသာက္ေသာက္ အစပ္မေျပတဲ့အခါ ႏြားႏို႔ဟာ အေကာင္းဆုံး အေျဖတခုပါ။ အနည္းငယ္ ေသာက္လိုက္႐ုံနဲ႔ ခံစားေနရတဲ့ ပူစပ္စပ္အရသာကို တခဏတြင္း ေလ်ာ့က်သြားတာကို ခံစားမိမွာပါ။
    စပ္တဲ့အစား အစာေတြမွာပါတဲ့ အဓိက ကြန္ေပါင္းတမ်ိဳး Capsaicin ေၾကာင့္ စားလိုက္တာနဲ႔ နပ္ဗ့္အေၾကာေတြက တဆင့္ အာ႐ုံေၾကာထိေအာင္ ေရာက္သြားၿပီး ဦးေႏွာက္ကို ပူေလာင္တဲ့ ခံစားခ်က္ကို သတင္းပို႔ပါေတာ့တယ္။ ဒီအခ်ိန္မွာပါတဲ့ casein ဓာတ္ကေတာ့ စပ္တဲ့ခံစားခ်က္ကို ေရဖ်န္းလိုက္သလို ေျပေပ်ာက္သြားေစပါတယ္။

    (၂) ဒိန္ခ်ဥ္
    ဒိန္ခ်ဥ္ကလည္းႏို႔ကို အခ်ဥ္ေဖာက္ထားတာမို႔ သက္သာေစတဲ့ နည္းလမ္းက တူညီပါတယ္။ ဒါ့အျပင္ အစပ္ေၾကာင့္ ပူေလာင္သြားတဲ့ လွ်ာအေပၚယံကိုပါ အလႊာတခုအေနနဲ႔ ျပန္လည္ ဖုံးအုပ္ ေပးလိုက္တာမို႔ စပ္တဲ့အရသာကို အခ်ိန္တိုအတြင္း သက္သာေစသလို ေနာက္ထပ္ မခံစားရေအာင္ တားဆီးေပးလိုက္ႏိုင္ပါတယ္။

    (၃) ေရေႏြးၾကမ္း
    ျမန္မာလူမ်ိဳးေတြက အရင္တည္းက စပ္တဲ့အစာေတြစားမိခဲ့ရင္ ေရေႏြးပူပူေလး ေသာက္တတ္ၾကပါတယ္။ ဘာလို႔ ေရေႏြးပူပူေတြက အစပ္ကို သက္သာေစရတာလဲ။ ေရေႏြးၾကမ္းက ပူတယ္ဆိုေပမယ့္ အပူစာ မဟုတ္ပါဘူး။ ေသာက္လိုက္တဲ့အခါမွာ ကိုယ္တြင္းအပူခ်ိန္ ေအးျမသြားေအာင္ အေအးဓာတ္ကို သိုေလွာင္ထားတာမို႔ ပူစပ္တဲ့ အရသာကို ေျပေပ်ာက္ေစတာပါ။

    ႏြားႏို႔၊ ဒိန္ခ်ဥ္နဲ႔ ေရေႏြးၾကမ္းေတြအျပင္ ထမင္းအျဖဴထည္၊ ခရက္ကာနဲ႔ ေပါင္မုန႔္ေတြကလည္း ပူစပ္တဲ့အရသာကို ေျပေလ်ာ့ေစတဲ့ အစားအစာေတြပါ။

    Ref: Tips and Tricks
    Credit – Aurora (ဧရာဝတီ), The Irrawaddy-Burmese Edition

    [Unicode version]
    ပူစပ်စပ် အရသာကို တခဏအတွင်း ပြေပျောက်စေမယ့် အရည် ၃ မျိုး

    အစပ်အရသာကို ကြိုက်လို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှု ပြေပျောက်စေချင်လို့ပဲဖြစ်ဖြစ် မကြာခဏ စားဖြစ်ကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေဟာ အစပ်အရသာကို ခုံမင်နှစ်သက်ကြသလို စပ်တယ်လို့ ခံစားမိရင်တောင် ဆက်စားမိနေတတ်ကြသူတွေပါ။

    အစပ်တွေစားပြီး ပါးစပ်ထဲ မီးတောက်သလို ခံစားမိတဲ့အခါ အစပ်ပြေအောင် ရေသောက် တတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆပါပဲ။ ဒါဆို ဘယ်လိုအစပ်ပြေအောင် လုပ်နိုင်မလဲ။ အဖြေကတော့ အရမ်းရိုးရှင်းပါတယ်။ ပါးစပ်တခုလုံး ထူပူစပ်နေတာကို ပြေပျောက်စေမယ့် အကောင်းဆုံး အရည်တွေ ရှိပါတယ်။

    (၁) နွားနို့
    ကိုယ်မခံနိုင်လောက်တဲ့ အစပ်မျိုး စားမိတဲ့အခါ၊ အစပ်တွေ အများကြီးစားလိုက်မိလို့ ရေဘယ်လောက် သောက်သောက် အစပ်မပြေတဲ့အခါ နွားနို့ဟာ အကောင်းဆုံး အဖြေတခုပါ။ အနည်းငယ် သောက်လိုက်ရုံနဲ့ ခံစားနေရတဲ့ ပူစပ်စပ်အရသာကို တခဏတွင်း လျော့ကျသွားတာကို ခံစားမိမှာပါ။
    စပ်တဲ့အစား အစာတွေမှာပါတဲ့ အဓိက ကွန်ပေါင်းတမျိုး Capsaicin ကြောင့် စားလိုက်တာနဲ့ နပ်ဗ့်အကြောတွေက တဆင့် အာရုံကြောထိအောင် ရောက်သွားပြီး ဦးနှောက်ကို ပူလောင်တဲ့ ခံစားချက်ကို သတင်းပို့ပါတော့တယ်။ ဒီအချိန်မှာပါတဲ့ casein ဓာတ်ကတော့ စပ်တဲ့ခံစားချက်ကို ရေဖျန်းလိုက်သလို ပြေပျောက်သွားစေပါတယ်။

    (၂) ဒိန်ချဉ်
    ဒိန်ချဉ်ကလည်းနို့ကို အချဉ်ဖောက်ထားတာမို့ သက်သာစေတဲ့ နည်းလမ်းက တူညီပါတယ်။ ဒါ့အပြင် အစပ်ကြောင့် ပူလောင်သွားတဲ့ လျှာအပေါ်ယံကိုပါ အလွှာတခုအနေနဲ့ ပြန်လည် ဖုံးအုပ် ပေးလိုက်တာမို့ စပ်တဲ့အရသာကို အချိန်တိုအတွင်း သက်သာစေသလို နောက်ထပ် မခံစားရအောင် တားဆီးပေးလိုက်နိုင်ပါတယ်။

    (၃) ရေနွေးကြမ်း
    မြန်မာလူမျိုးတွေက အရင်တည်းက စပ်တဲ့အစာတွေစားမိခဲ့ရင် ရေနွေးပူပူလေး သောက်တတ်ကြပါတယ်။ ဘာလို့ ရေနွေးပူပူတွေက အစပ်ကို သက်သာစေရတာလဲ။ ရေနွေးကြမ်းက ပူတယ်ဆိုပေမယ့် အပူစာ မဟုတ်ပါဘူး။ သောက်လိုက်တဲ့အခါမှာ ကိုယ်တွင်းအပူချိန် အေးမြသွားအောင် အအေးဓာတ်ကို သိုလှောင်ထားတာမို့ ပူစပ်တဲ့ အရသာကို ပြေပျောက်စေတာပါ။

    နွားနို့၊ ဒိန်ချဉ်နဲ့ ရေနွေးကြမ်းတွေအပြင် ထမင်းအဖြူထည်၊ ခရက်ကာနဲ့ ပေါင်မုန့်တွေကလည်း ပူစပ်တဲ့အရသာကို ပြေလျော့စေတဲ့ အစားအစာတွေပါ။

    Ref: Tips and Tricks
    Credit – Aurora (ဧရာဝတီ), The Irrawaddy-Burmese Edition

  • င႐ုတ္ေကာင္းမႈန႔္ရဲ႕ လူသိနည္းတဲ့ ထူးထူးျခားျခား အသုံးဝင္ပုံမ်ား

    [Zawgyi version]

    င႐ုတ္ေကာင္းမႈန႔္ရဲ႕ လူသိနည္းတဲ့ ထူးထူးျခားျခား အသုံးဝင္ပုံမ်ား

    င႐ုတ္ေကာင္းဆိုတာ ဟင္းလ်ာခ်က္ျပဳတ္တဲ့အခါ အသုံးျပဳတဲ့ ဟင္းခတ္ အေမႊးအႀကိဳင္ တမ်ိဳးပါ။ င႐ုတ္ေကာင္းကို ေရွးေခတ္ကတည္းက ေဆးဝါးအျဖစ္ေရာ ဟင္းလ်ာခ်က္ျပဳတ္တဲ့အခါမွာပါ အသုံးျပဳခဲ့ၾကတာ ျဖစ္ပါတယ္။ င႐ုတ္ေကာင္းေစ့မွာ ပိုတက္ဆီယမ္၊ မဂၢနီဆီယမ္၊သံဓာတ္၊ ဗီတာမင္ေကနဲ႔ ဗီတာမင္စီတို႔ပါဝင္ၿပီး အခုေဖာ္ျပေပးမွာကေတာ့ င႐ုတ္ေကာင္းေစ့ရဲ႕ လူသိနည္းတဲ့ အသုံးဝင္ပုံေတြပဲ ျဖစ္ပါတယ္။

    (၁) င႐ုတ္ေကာင္းေစ့ဟာ သဘာဝ ပိုးသတ္ေဆးတမ်ိဳးျဖစ္ၿပီး အိမ္မွာစိုက္ထားတဲ့ အလွ ပန္းပင္ေတြကို ပိုးမႊားေတြ ဖ်က္ဆီးစားသုံးတဲ့အခါ င႐ုတ္ေကာင္းမႈန႔္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ င႐ုတ္သီးမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းတို႔နဲ႔ ေရတို႔ကို ေရာစပ္ၿပီး အပင္ေတြေပၚ ပက္ျဖန္းေပး႐ုံနဲ႔ ပိုးမႊားေတြ အႏၲရာယ္ကေန လြတ္ကင္းေစမွာ ျဖစ္ပါတယ္။

    (၂) ခံတြင္းထဲမွာ အပူနာလို အနာမ်ိဳးေပါက္တဲ့ အခါေတြနဲ႔ လည္ေခ်ာင္းနာတဲ့ အခါမ်ိဳးေတြမွာ ဆားလက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ င႐ုတ္ေကာင္းမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ ေရခပ္ေႏြးေႏြးတို႔ကို ေရာစပ္ၿပီး ပလုတ္က်င္းေပး႐ုံနဲ႔ သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

    (၃) အေရာင္ေတာက္ေတာက္ အက်ႌေတြကို ေလွ်ာ္ဖြပ္တဲ့အခါ အေရာင္ေတြ အလြယ္တကူ မကြၽတ္သြားေစဖို႔နဲ႔ အသစ္အတိုင္း ေတာက္ပေနေစဖို႔အတြက္ င႐ုတ္ေကာင္းမႈန႔္ အနည္းငယ္ကို ဆပ္ျပာနဲ႔ ေရာစပ္ၿပီး ေလွ်ာ္ဖြပ္ေပးႏိုင္ပါတယ္။

    (၄) မီးဖိုေခ်ာင္နဲ႔ သင့္အိမ္တြင္းမွာ ပု႐ြက္ဆိတ္ေတြ ေသာင္းက်န္းေနၿပီဆိုရင္ေတာ့ ပု႐ြက္ဆိတ္ေတြ လာတတ္တဲ့ လမ္းတေလွ်ာက္မွာ င႐ုတ္ေကာင္းမႈန႔္ အနည္းငယ္ ျဖဴးေပးထား႐ုံနဲ႔ ပု႐ြက္ဆိတ္ေတြ ထပ္မလာေအာင္ ျပဳလုပ္ေပးႏိုင္မွာပဲ ျဖစ္ပါတယ္။

    (၅) င႐ုတ္ေကာင္းမႈန႔္ကို သဘာဝ ေခ်ာင္းဆိုးရင္က်ပ္ ေပ်ာက္ေဆးအျဖစ္ ေရွးယခင္တည္းက အသုံးျပဳခဲ့ၾကတာျဖစ္ၿပီး င႐ုတ္ေကာင္းမႈန႔္ လက္ဖက္ရည္ဇြန္း တဝက္ခန႔္၊ ဂ်င္းအနည္းငယ္၊ ပ်ားရည္ အနည္းငယ္နဲ႔ ေရေႏြးတို႔ကို ေရာစပ္ၿပီး ေသာက္သုံးေပးျခင္းအားျဖင့္ ေခ်ာင္းဆိုး ရင္က်ပ္ျခင္းကို သက္သာ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

    Ref : theindianspot.com

    Credit – ဟယ္လ္သင္ (ဧရာဝတီ) , The Irrawaddy-Burmese Edition

    [Unicode version]

    ငရုတ်ကောင်းမှုန့်ရဲ့ လူသိနည်းတဲ့ ထူးထူးခြားခြား အသုံးဝင်ပုံများ

    ငရုတ်ကောင်းဆိုတာ ဟင်းလျာချက်ပြုတ်တဲ့အခါ အသုံးပြုတဲ့ ဟင်းခတ် အမွှေးအကြိုင် တမျိုးပါ။ ငရုတ်ကောင်းကို ရှေးခေတ်ကတည်းက ဆေးဝါးအဖြစ်ရော ဟင်းလျာချက်ပြုတ်တဲ့အခါမှာပါ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ငရုတ်ကောင်းစေ့မှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊သံဓာတ်၊ ဗီတာမင်ကေနဲ့ ဗီတာမင်စီတို့ပါဝင်ပြီး အခုဖော်ပြပေးမှာကတော့ ငရုတ်ကောင်းစေ့ရဲ့ လူသိနည်းတဲ့ အသုံးဝင်ပုံတွေပဲ ဖြစ်ပါတယ်။

    (၁) ငရုတ်ကောင်းစေ့ဟာ သဘာဝ ပိုးသတ်ဆေးတမျိုးဖြစ်ပြီး အိမ်မှာစိုက်ထားတဲ့ အလှ ပန်းပင်တွေကို ပိုးမွှားတွေ ဖျက်ဆီးစားသုံးတဲ့အခါ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့နဲ့ ရေတို့ကို ရောစပ်ပြီး အပင်တွေပေါ် ပက်ဖြန်းပေးရုံနဲ့ ပိုးမွှားတွေ အန္တရာယ်ကနေ လွတ်ကင်းစေမှာ ဖြစ်ပါတယ်။

    (၂) ခံတွင်းထဲမှာ အပူနာလို အနာမျိုးပေါက်တဲ့ အခါတွေနဲ့ လည်ချောင်းနာတဲ့ အခါမျိုးတွေမှာ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေခပ်နွေးနွေးတို့ကို ရောစပ်ပြီး ပလုတ်ကျင်းပေးရုံနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

    (၃) အရောင်တောက်တောက် အင်္ကျီတွေကို လျှော်ဖွပ်တဲ့အခါ အရောင်တွေ အလွယ်တကူ မကျွတ်သွားစေဖို့နဲ့ အသစ်အတိုင်း တောက်ပနေစေဖို့အတွက် ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ဆပ်ပြာနဲ့ ရောစပ်ပြီး လျှော်ဖွပ်ပေးနိုင်ပါတယ်။

    (၄) မီးဖိုချောင်နဲ့ သင့်အိမ်တွင်းမှာ ပုရွက်ဆိတ်တွေ သောင်းကျန်းနေပြီဆိုရင်တော့ ပုရွက်ဆိတ်တွေ လာတတ်တဲ့ လမ်းတလျှောက်မှာ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးထားရုံနဲ့ ပုရွက်ဆိတ်တွေ ထပ်မလာအောင် ပြုလုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

    (၅) ငရုတ်ကောင်းမှုန့်ကို သဘာဝ ချောင်းဆိုးရင်ကျပ် ပျောက်ဆေးအဖြစ် ရှေးယခင်တည်းက အသုံးပြုခဲ့ကြတာဖြစ်ပြီး ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်ခန့်၊ ဂျင်းအနည်းငယ်၊ ပျားရည် အနည်းငယ်နဲ့ ရေနွေးတို့ကို ရောစပ်ပြီး သောက်သုံးပေးခြင်းအားဖြင့် ချောင်းဆိုး ရင်ကျပ်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

    Ref : theindianspot.com

    Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy-Burmese Edition