Category: ဗဟုတုသ

  • ေခြၽးေပါက္ေတြ အရမ္းက်ယ္ေနတဲ့ မ်က္ႏွာမ်ားအတြက္ အစြမ္းထက္လြန္းတဲ့ သဘာ၀နည္းမ်ား

    (Zawgyi)

    ေခြၽးေပါက္ေလးေတြ ျပန္က်ဥ္းေစမယ့္ သဘာဝရဲ႕စြမ္းအားမ်ား

    ဆဲလ္အေသေတြကို ပုံမွန္ဖယ္ရွားျခင္းဟာ ေခြၽးေပါက္ေတြကို ျပန္က်ဥ္းေစမယ့္ အေကာင္းဆုံးနည္းပါပဲ။ ဆဲလ္အေသေတြကို ဖယ္ရွားတာကို အိမ္မွာပဲ သဘာဝပစၥည္းေတြနဲ႔ လုပ္လို႔ရတယ္ေနာ္။

    – အရင္ဆုံး မ်က္ႏွာသစ္ပါ။

    – ၿပီးေတာ့ မ်က္ႏွာသုတ္ပုဝါကို ေရေႏြးဆြတ္ အေရညႇစ္ၿပီး မ်က္ႏွာေပၚခဏတင္ထားပါ။ ဒါမွ ေခြၽးေပါက္ေတြကို ပြင့္ေစၿပီး ဆဲလ္ေသေတြကို ထိထိေရာက္ေရာက္ ဖယ္ရွားေပးႏိုင္ေစပါတယ္။

    – ဂ်ဳံ (သို႔) မုန႔္ဖုတ္ေဆာ္ဒါနဲ႔ ေရကို ဆတူေရာၿပီး မ်က္ႏွာေပၚလိမ္းပါ။

    – ခဏေနရင္ ေရေဆးခ်လိုက္႐ုံပါပဲ။

    – တစ္ပတ္မွာ တစ္ခါထက္ေတာ့ ပိုၿပီး မလုပ္မိေစနဲ႔ေနာ္.. အလြန္အကြၽံလုပ္ရင္ အသားအေရကို ထိခိုက္သြားႏိုင္တယ္ေလ။

    သခြားသီးနဲ႔ ေထာပတ္သီး မ်က္ႏွာေပါင္းတင္ေဆး

    – ပါးပါးလွီးထားတဲ့ သခြားသီး လၻက္ရည္ပန္းကန္လုံးတစ္ဝက္၊ ေထာပတ္သီး လၻက္ရည္ပန္းကန္လုံးတစ္ဝက္၊ ၾကက္ဥအကာ တစ္လုံး၊ ႏို႔မႈန႔္ လၻက္ရည္ဇြန္း ၂ ဇြန္းအားလုံးကို ေသခ်ာသမၿပီး ပ်စ္ပ်စ္ေလး ျဖစ္သြားေအာင္ Blender နဲ႔ ေရာေမႊလိုက္ေနာ္။

    – ရရွိလာတဲ့ အႏွစ္ကို မ်က္ႏွာနဲ႔ လည္ပင္းမွာ ႏွံ႔စပ္ေအာင္လိမ္းေပးပါ။

    – ၃၀ မိနစ္ (သို႔) ေျခာက္သြားတဲ့အခါ ေရေႏြးေႏြးေလးနဲ႔ အရင္ေဆးခ်ၿပီး ေရေအးနဲ႔ ျပန္ေဆးလိုက္ပါ။

    – မ်က္ႏွာနဲ႔ လည္ပင္းကို ေျခာက္ေသြ႕ေအာင္ သုတ္ၿပီးတဲ့အခါ သင့္ေခြၽးေပါက္ေလးေတြက်ဥ္းၿပီး ႏူးညံ့ေခ်ာေမြ႕ေနတဲ့ မ်က္ႏွာေလးကို ေတြ႕ၿပီး သင္လည္း အရမ္းကို ေပ်ာ္႐ႊင္သြားမွာေနာ္။

    ၾကက္ဥနဲ႔ သံပုရာသီး မ်က္ႏွာေပါင္းတင္ေဆး

    – သံပုရာသီးတစ္ျခမ္းကို အရည္ညႇစ္ၿပီး ၾကက္ဥအကာတစ္လုံးနဲ႔ ၃ မိနစ္ခန႔္ၾကာေအာင္ ေခါက္ေမႊပါ။ ၿပီးေတာ့ မ်က္လုံးတဝွိက္ကို ခ်န္ထားၿပီး မ်က္ႏွာအႏွံ႔လိမ္းလိုက္ပါ။ ၃၀ မိနစ္ၾကာတဲ့အခါ ေရေႏြးေလးနဲ႔ ေဆးခ်ၿပီး အစိုဓာတ္ထိန္းခရမ္တစ္ခုခု လိမ္းေပးလိုက္ရင္ ေခြၽးေပါက္ေလးေတြက်ဥ္းၿပီး လန္းဆန္းေခ်ာေမြ႕ေနတဲ့ မ်က္ႏွာေလးကို ရရွိပါလိမ့္မယ္ေနာ္။

    ငွက္ေပ်ာသီးနဲ႔ ပ်ားရည္ မ်က္ႏွာေပါင္းတင္ေဆး

    – ဒါကေတာ့ အလြယ္ဆုံးနည္းေလးပါပဲ။ ေခ်ထားတဲ့ ငွက္ေပ်ာသီးနဲ႔ ပ်ားရည္ကိုေရာ သမေအာင္ေမႊၿပီး အႏွစ္ပ်စ္ပ်စ္ေလး ရလာတဲ့အခါ မ်က္ႏွာေပၚမွာ လိမ္းပါ။ ၁၀ မိနစ္ေနရင္ ေရေႏြးေလးနဲ႔ ေဆးခ်လိုက္႐ုံ ပါပဲ။ အရမ္းလြယ္တယ္ေနာ္.. ဒါေပမယ့္ အရမ္းလည္း အစြမ္းထက္ပါတယ္။ ငွက္ေပ်ာသီးမွာပါတဲ့ သဘာဝအက္စစ္က ဆဲလ္ေဟာင္းေတြကို ဖယ္ရွားေပးၿပီး ပ်ားရည္က အသားအေရကို ႏူးညံ့ ေခ်ာေမြ႕ ေစတယ္ေလ။ ဒီနည္းနဲ႔ပဲ ေခြၽးေပါက္ေလးေတြကို က်ဥ္းေစတာပါ။ ငွက္ေပ်ာသီးအစား ေခ်ထားတဲ့ စပ်စ္သီး (သို႔) စေတာ္ဘယ္ရီသီးနဲ႔ ပ်ားရည္ကို ေရာၿပီးေတာ့လည္း လုပ္လို႔ရတယ္ေနာ္။

    ခ်က္ခ်င္းလက္ငင္း ေခြၽးေပါက္က်ဥ္းေစ

    – ခ်က္ခ်င္းလက္ငင္း ေခြၽးေပါက္က်ဥ္းေစဆိုေတာ့ စိတ္ဝင္စားသြားၿပီ ဟုတ္ ??

    ေခြၽးေပါက္ေတြ ခ်က္ခ်င္းက်ဥ္းေစဖို႔အတြက္ အေအးဓာတ္ကို သုံးရမွာပါ။ ႏို႔ထဲမွာပါတဲ့ လက္တစ္အက္စစ္လို႔ေခၚတဲ့ Alpha Hydroxy Acid ဟာ အသားအေရကို ႏူးညံ့ေခ်ာေမြ႕ေစသလို ဆဲလ္အသစ္ ပြားတာကိုလည္း အားေပးတယ္ေလ။ အဲဒီေတာ့ အေအးဓာတ္နဲ႔ ႏို႔ရဲ႕ အစြမ္းေတြကို အသုံးခ်ၿပီး ေခြၽးေပါက္ေတြက်ဥ္းေအာင္ လုပ္ၾကစို႔ေနာ္။

    – အဝတ္သန႔္သန႔္တစ္ခုကို အေအးခံထားတဲ့ႏို႔ထဲ ႏွစ္လိုက္ပါ။

    – အဝတ္မွာ ပိုေနတဲ့ႏို႔ေတြကို ညႇစ္လိုက္ၿပီး အဝတ္ကိုမ်က္ႏွာေပၚ ကပ္ထားပါ။

    – ၅-၁၀ မိနစ္ၾကာတဲ့အခါ အဝတ္ကိုဖယ္ၿပီး ေရေအးေအးေလးနဲ႔ မ်က္ႏွာသစ္လိုက္႐ုံပါပဲ။

    – ဒီနည္းေလးဟာ ေခြၽးေပါက္ေတြကို ယာယီက်ဥ္းသြားေစၿပီး အသားအေရကို ေခ်ာေမြ႕သြားေစသလို ေခြၽးေပါက္ေတြ ထဲကို မိတ္ကပ္ေတြ မဝင္ေအာင္လည္း ကာကြယ္ေပးပါတယ္။ အားလုံးအတြက္ အသုံးတည့္မွာပါေနာ္။

    Credit: ေ႐ႊအိမ္စည္စာၾကည့္တိုက္

    (Unicode)

    ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ

    ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။

    – အရင်ဆုံး မျက်နှာသစ်ပါ။

    – ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။ ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။

    – ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။

    – ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။

    – တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။

    သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး

    – ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေး ဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။

    – ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။

    – ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။

    – မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။

    ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး

    – သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။ ပြီးတော့ မျက်လုံးတဝှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။ ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။

    ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး

    – ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။ ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေး ရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။ ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံ ပါပဲ။ အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ ချောမွေ့ စေတယ်လေ။ ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။ ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။

    ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေ

    – ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့ စိတ်ဝင်စားသွားပြီ ဟုတ် ??

    ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။ နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ် ပွားတာကိုလည်း အားပေးတယ်လေ။ အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။

    – အဝတ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။

    – အဝတ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အဝတ်ကိုမျက်နှာပေါ် ကပ်ထားပါ။

    – ၅-၁၀ မိနစ်ကြာတဲ့အခါ အဝတ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။

    – ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေကို ချောမွေ့သွားစေသလို ချွေးပေါက်တွေ ထဲကို မိတ်ကပ်တွေ မဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ အားလုံးအတွက် အသုံးတည့်မှာပါနော်။

    Credit: ရွှေအိမ်စည်စာကြည့်တိုက်

  • မိုင္းအေၾကာင္း သိမွတ္ဖြယ္

    (Zawgyi)
    “လူသတ္မိုင္းအေၾကာင္း သိမွတ္ဖြယ္”

    တခ်ိဳ႕ကမိုင္းဆိုတာ နင္းမိရင္ေျခေထာက္ျပန္ၾကြမွ ေပါက္ကြဲတယ္လို႔ ထင္ၾကေသးတယ္။ အေျခခံအားျဖင့္ မိုင္းေတြကို-

    ၁။ Pull (ဆြဲအားတစ္ခုခုရွိတာနဲ႔ေပါက္ကြဲ)

    ၂။ Pressure (ဖိအားတစ္ခုခုရွိတာနဲ႔ေပါက္ကြဲ)

    ၃။ Release (ၾကြလႊတ္အား နင္းမိျပီးျပန္ၾကြလိုက္မွေပါက္ကြဲ)

    ၄။ Bounding (ေလထဲကိုခုန္ပ်ံျပီးေပါက္ကြဲ)

    ၅။ Control(လ်ွပ္စစ္ စနက္တံကို လူကျဖဳတ္ေပးတာျဖစ္ျဖစ္ အခ်ိန္ကိုက္သံုးတာျဖစ္ျဖစ္ အေပၚက Pull Pressure Release နည္း တစ္နည္းနည္းေၾကာင့္ျဖစ္ျဖစ္ ေပါက္ကြဲေစရင္)ဆိုျပီး အဓိက(၅)မ်ိဳးရွိပါတယ္။

    ၁။ Pull

    ဒီမိုင္းအမ်ိဳးအစားက ပံုစံအမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။ မိုင္းကြဲေစတဲ႕စနက္တံကို ႀကိဳးနဲ႕ျဖစ္ေစ တံခါး အဝင္အထြက္ေတြ ေသတၲာပိတ္ထားျပီး ဆြဲဖြင့္လိုက္မွ ေပါက္ကြဲေအာင္ စသည္ျဖင့္ မိုင္းေထာင္သူရဲ႕ ဥာဏ္ရည္ေျပးမွဳ အေပၚမူတည္ျပီး အႏၲရာယ္ရွိတဲ့ မိုင္းအမ်ိဳးအစားပါပဲ။ အဓိကကေတာ့ သူ႕စနက္တံကို အားတစ္ခုခုနဲ႔ ဆြဲမိတာနဲ႔ ေပါက္ကြဲပါတယ္။

    ၂။ Pressure

    ဒီမိုင္းအမ်ိဳးအစားကေတာ့ သတ္မွတ္ဖိအားရွိမွ ေပါက္ကြဲပါတယ္။ ဥပမာ လူအတြက္ဆိုရင္ လူတစ္ေယာက္ နင္းမိတဲ့အားရွိတာနဲ႔ ေပါက္ကြဲတာပါ။ တင့္ဖ်က္မိုင္းေတြေပၚမွာ လူတက္နင္း မိတာနဲ႔ မေပါက္ကြဲႏိုင္ပါ။ တင့္ကားရဲ႕ Weight ျဖတ္မွ ေပါက္ကြဲတာမ်ိဳးပါ။ သူ႔အမ်ိဳးအစားေပၚမူတည္ျပီး သတ္မွတ္ဖိအားနဲ႔ ဖိမိမွသာ ေပါက္ကြဲပါတယ္။ နင္းမိတာနဲ႕ ပြဲခ်င္းျပီးျပတ္ရင္ျပတ္ မျပတ္ရင္ေသပါတယ္။ ရုပ္ရွင္ကားေတြမွာလို မိုင္းနင္းမိေနပါတယ္ ကယ္ပါဆိုလို႕မရပါဘူး။

    ၃။ Release

    ဒီမိုင္းကေတာ့ ရုပ္ရွင္ကားေတြမွာ သည္းထိတ္ရင္ဖိုေတြ႕ရတတ္တဲ့မိုင္းပါ။ နင္းမိရင္မကြဲေသးပါဘူး။ နင္းမိျပီး ေျခေထာက္(သို႕)ဖိအား ျပန္ႀကြသြားမွ ကြဲတာပါ။ သိမိသေလာက္ေတာ့ အခုေခတ္မွာ Releaseကို သိပ္မသံုးေတာ့ပါဘူး။

    ၄။ Bounding

    ဒီမိုင္းကထူးျခားပါတယ္။ နံပါတ္ ၁ Pull စနစ္အတိုင္းပါပဲ။ ဒါေပမယ့္ ဒီမိုင္းက စနက္တံျပဳတ္သြားတာနဲ႕ ေလထဲကို ၃ ေပ ၄ ေပေလာက္ ေျမာက္တက္ျပီးမွ ကြဲတာျဖစ္လို႕ ပတ္ဝန္းက်င္မွာ လူအမ်ားရွိေနရင္ ပိုျပီး ထိခိုက္ႏိုင္ ေသေစႏိုင္ပါတယ္။

    ၅။ Control

    ဒီမိုင္းရဲ႕အဓိက အလုပ္လုပ္ပံုက လွ်ပ္စစ္စနက္တံပါ။ ဓါတ္ခဲနဲ႕ခ်ိတ္ျပီး Volt အားေပးထားရပါတယ္။ ကြဲေစခ်င္တာနဲ႕ ခလုတ္ကို နည္းလမ္းမ်ိဳးစံု (လူက ျဖဳတ္ေပးလို႕ျဖစ္ျဖစ္ Phone က Vibrate Motor Switch မွာခ်ိတ္ထားျပီး တျခားဖုန္းတစ္ခုက ဖုန္းေခၚလို႔ျဖစ္ျဖစ္ နာရီလို Timer Switch တစ္ခုခုနဲ႕ခ်ိတ္လို႕ျဖစ္ျဖစ္ နည္းလမ္းမ်ိဳးစံုနဲ႕) မိုင္းေထာင္သူရဲ႕ ဥာဏ္ရည္ေပၚမူတည္ျပီး အႏၲရာယ္ေပးႏိုင္တဲ့ မိုင္းေတြျဖစ္ပါတယ္။

    အခုေရးျပခဲ့တဲ့ မိုင္းဗဟုသုတေလးက မိုင္းမွာပါတဲ့ စနက္တံ(Switch) ေတြရဲ႕ လုပ္ေဆာင္ခ်က္မ်ွေလာက္နဲ႕ အေျခခံသေဘာတရားေလာက္ပဲျဖစ္ပါတယ္။ Mine Body မ်ိဳးစံု၊ သံကိုယ္ထည္၊ ပလတ္စတစ္ ကိုယ္ထည္ေတြ မ်ိဳးစံု မပါေသးပါဘူး။ မိုင္းရွာစက္နဲ႕ပါ ရွာလို႕မရတဲ့ မိုင္းေတြ လူသံုးကုန္ပစၥည္း ကေလးကစားစရာအျဖစ္ အသြင္ေျပာင္းထားတဲ့ မိုင္းေတြ အမ်ားႀကီးရွိသလို မိုင္းေထာင္ နည္းစနစ္ေတြ အမ်ားႀကီးရွိပါေသးတယ္။

    ေဒသႏၲရ လက္လုပ္မိုင္းေတြ၊ ပေဒသာမိုင္းေတြ၊ ႀကိမ္ကြင္းနဲ႕ေထာင္ထားတာ၊ ဝါးလံုးကို ၂ ျခမ္းခြဲျပီး လွ်ပ္စစ္စနက္တံရဲ႕ Switch ကို ဝါးျခမ္းကြဲမွာထားျပီး ေတာထဲမွာ ေထာင္ ထားတာမ်ိဳးနဲ႕ ေျခေထာက္ ျပတ္ခဲ့ရတဲ့ သူငယ္ခ်င္းေတြရွိသလို မိုင္းထိတဲ့လူနာ ထမ္းဖို႕ထမ္းစင္အတြက္ နီးတဲ့ဝါးရံုက ဝါးခုတ္မွ ထပ္ျပီးမိုင္းထိလို႕ ဖြဲ႕စည္းပံု ပ်က္ခဲ႕ရတာေတြ ရွိပါတယ္။ ဘာပဲျဖစ္ျဖစ္ မိုင္းအသိ မိုင္းသတိေလး ရွိမယ္ဆိုရင္ ကိုယ့္ပတ္ဝန္းက်င္က ထူးျခားမွဳ၊ သဘာဝအတိုင္း မျဖစ္တာေတြကို သတိထားမိျပီး မိုင္းအႏၲရာယ္ကို ႀကိဳတင္ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ မိုင္းအႏၲရာယ္ကင္းရွင္းႀကပါေစ။

    Credit – Aries Myanmar

    (Unicode)
    “လူသတ်မိုင်းအကြောင်း သိမှတ်ဖွယ်”

    တချို့ကမိုင်းဆိုတာ နင်းမိရင်ခြေထောက်ပြန်ကြွမှ ပေါက်ကွဲတယ်လို့ ထင်ကြသေးတယ်။ အခြေခံအားဖြင့် မိုင်းတွေကို-

    ၁။ Pull (ဆွဲအားတစ်ခုခုရှိတာနဲ့ပေါက်ကွဲ)

    ၂။ Pressure (ဖိအားတစ်ခုခုရှိတာနဲ့ပေါက်ကွဲ)

    ၃။ Release (ကြွလွှတ်အား နင်းမိပြီးပြန်ကြွလိုက်မှပေါက်ကွဲ)

    ၄။ Bounding (လေထဲကိုခုန်ပျံပြီးပေါက်ကွဲ)

    ၅။ Control(လျှပ်စစ် စနက်တံကို လူကဖြုတ်ပေးတာဖြစ်ဖြစ် အချိန်ကိုက်သုံးတာဖြစ်ဖြစ် အပေါ်က Pull Pressure Release နည်း တစ်နည်းနည်းကြောင့်ဖြစ်ဖြစ် ပေါက်ကွဲစေရင်)ဆိုပြီး အဓိက(၅)မျိုးရှိပါတယ်။

    ၁။ Pull

    ဒီမိုင်းအမျိုးအစားက ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။ မိုင်းကွဲစေတဲ့စနက်တံကို ကြိုးနဲ့ဖြစ်စေ တံခါး အဝင်အထွက်တွေ သေတ္တာပိတ်ထားပြီး ဆွဲဖွင့်လိုက်မှ ပေါက်ကွဲအောင် စသည်ဖြင့် မိုင်းထောင်သူရဲ့ ဉာဏ်ရည်ပြေးမှု အပေါ်မူတည်ပြီး အန္တရာယ်ရှိတဲ့ မိုင်းအမျိုးအစားပါပဲ။ အဓိကကတော့ သူ့စနက်တံကို အားတစ်ခုခုနဲ့ ဆွဲမိတာနဲ့ ပေါက်ကွဲပါတယ်။

    ၂။ Pressure

    ဒီမိုင်းအမျိုးအစားကတော့ သတ်မှတ်ဖိအားရှိမှ ပေါက်ကွဲပါတယ်။ ဥပမာ လူအတွက်ဆိုရင် လူတစ်ယောက် နင်းမိတဲ့အားရှိတာနဲ့ ပေါက်ကွဲတာပါ။ တင့်ဖျက်မိုင်းတွေပေါ်မှာ လူတက်နင်း မိတာနဲ့ မပေါက်ကွဲနိုင်ပါ။ တင့်ကားရဲ့ Weight ဖြတ်မှ ပေါက်ကွဲတာမျိုးပါ။ သူ့အမျိုးအစားပေါ်မူတည်ပြီး သတ်မှတ်ဖိအားနဲ့ ဖိမိမှသာ ပေါက်ကွဲပါတယ်။ နင်းမိတာနဲ့ ပွဲချင်းပြီးပြတ်ရင်ပြတ် မပြတ်ရင်သေပါတယ်။ ရုပ်ရှင်ကားတွေမှာလို မိုင်းနင်းမိနေပါတယ် ကယ်ပါဆိုလို့မရပါဘူး။

    ၃။ Release

    ဒီမိုင်းကတော့ ရုပ်ရှင်ကားတွေမှာ သည်းထိတ်ရင်ဖိုတွေ့ရတတ်တဲ့မိုင်းပါ။ နင်းမိရင်မကွဲသေးပါဘူး။ နင်းမိပြီး ခြေထောက်(သို့)ဖိအား ပြန်ကြွသွားမှ ကွဲတာပါ။ သိမိသလောက်တော့ အခုခေတ်မှာ Releaseကို သိပ်မသုံးတော့ပါဘူး။

    ၄။ Bounding

    ဒီမိုင်းကထူးခြားပါတယ်။ နံပါတ် ၁ Pull စနစ်အတိုင်းပါပဲ။ ဒါပေမယ့် ဒီမိုင်းက စနက်တံပြုတ်သွားတာနဲ့ လေထဲကို ၃ ပေ ၄ ပေလောက် မြောက်တက်ပြီးမှ ကွဲတာဖြစ်လို့ ပတ်ဝန်းကျင်မှာ လူအများရှိနေရင် ပိုပြီး ထိခိုက်နိုင် သေစေနိုင်ပါတယ်။

    ၅။ Control

    ဒီမိုင်းရဲ့အဓိက အလုပ်လုပ်ပုံက လျှပ်စစ်စနက်တံပါ။ ဓါတ်ခဲနဲ့ချိတ်ပြီး Volt အားပေးထားရပါတယ်။ ကွဲစေချင်တာနဲ့ ခလုတ်ကို နည်းလမ်းမျိုးစုံ (လူက ဖြုတ်ပေးလို့ဖြစ်ဖြစ် Phone က Vibrate Motor Switch မှာချိတ်ထားပြီး တခြားဖုန်းတစ်ခုက ဖုန်းခေါ်လို့ဖြစ်ဖြစ် နာရီလို Timer Switch တစ်ခုခုနဲ့ချိတ်လို့ဖြစ်ဖြစ် နည်းလမ်းမျိုးစုံနဲ့) မိုင်းထောင်သူရဲ့ ဉာဏ်ရည်ပေါ်မူတည်ပြီး အန္တရာယ်ပေးနိုင်တဲ့ မိုင်းတွေဖြစ်ပါတယ်။

    အခုရေးပြခဲ့တဲ့ မိုင်းဗဟုသုတလေးက မိုင်းမှာပါတဲ့ စနက်တံ(Switch) တွေရဲ့ လုပ်ဆောင်ချက်မျှလောက်နဲ့ အခြေခံသဘောတရားလောက်ပဲဖြစ်ပါတယ်။ Mine Body မျိုးစုံ၊ သံကိုယ်ထည်၊ ပလတ်စတစ် ကိုယ်ထည်တွေ မျိုးစုံ မပါသေးပါဘူး။ မိုင်းရှာစက်နဲ့ပါ ရှာလို့မရတဲ့ မိုင်းတွေ လူသုံးကုန်ပစ္စည်း ကလေးကစားစရာအဖြစ် အသွင်ပြောင်းထားတဲ့ မိုင်းတွေ အများကြီးရှိသလို မိုင်းထောင် နည်းစနစ်တွေ အများကြီးရှိပါသေးတယ်။

    ဒေသန္တရ လက်လုပ်မိုင်းတွေ၊ ပဒေသာမိုင်းတွေ၊ ကြိမ်ကွင်းနဲ့ထောင်ထားတာ၊ ဝါးလုံးကို ၂ ခြမ်းခွဲပြီး လျှပ်စစ်စနက်တံရဲ့ Switch ကို ဝါးခြမ်းကွဲမှာထားပြီး တောထဲမှာ ထောင် ထားတာမျိုးနဲ့ ခြေထောက် ပြတ်ခဲ့ရတဲ့ သူငယ်ချင်းတွေရှိသလို မိုင်းထိတဲ့လူနာ ထမ်းဖို့ထမ်းစင်အတွက် နီးတဲ့ဝါးရုံက ဝါးခုတ်မှ ထပ်ပြီးမိုင်းထိလို့ ဖွဲ့စည်းပုံ ပျက်ခဲ့ရတာတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မိုင်းအသိ မိုင်းသတိလေး ရှိမယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က ထူးခြားမှု၊ သဘာဝအတိုင်း မဖြစ်တာတွေကို သတိထားမိပြီး မိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ မိုင်းအန္တရာယ်ကင်းရှင်းကြပါစေ။

    Credit – Aries Myanmar

  • ေလျဖတ္ေတာ့မယ္လို႔ ခႏၶာကိုယ္က သတိေပးေနတဲ့ လကၡဏာမ်ား

    (Zawgyi)

    ေလျဖတ္ေတာ့မယ္လို႔ ခႏၶာကိုယ္က အခ်က္ျပေနတဲ့ လကၡဏာေတြကို ႀကိဳသိထားျခင္းက အက်ိဳးေက်းဇူး ျဖစ္ထြန္းေစႏိုင္ပါလိမ့္မယ္။

    ေလျဖတ္ေလငန္းေရာဂါဆိုတာ သိပ္ေၾကာက္ဖို႔ေကာင္းတဲ့ေရာဂါပါ။ ခႏၶာကိုယ္တစ္ခုလံုး မလႈပ္ႏိုင္ေတာ့လို႔ ေခ်းပါ၊ ေသးေပါက္ကအစ အိမ္သားေတြကို အားကိုးရမွာျဖစ္တဲ့အတြက္ ကိုယ္တစ္ေယာက္တည္း ဒုကၡေရာက္တာမဟုတ္ဘဲ အိမ္သားေတြပါ ဒုကၡေရာက္ေစတဲ့ ေရာဂါမ်ိဳးပါ။ ဒါေၾကာင့္ ေလျဖတ္ေတာ့မယ္လို႔ ခႏၶာကိုယ္က အခ်က္ျပေနတဲ့ လကၡဏာေတြကို ႀကိဳသိထားျခင္းက အက်ိဳးေက်းဇူး ျဖစ္ထြန္းေစႏိုင္ ပါလိမ့္မယ္။

    ၁။ အျမင္အာ႐ံုအားနည္းမယ္

    လူေတာ္ေတာ္မ်ားမ်ားက ပံုရိပ္ႏွစ္ထပ္ျမင္ျခင္း၊ အျမင္ေဝဝါးျခင္း၊ အျမင္အာရံု အားနည္းျခင္းတို႔ကို အသက္အ႐ြယ္ႀကီးရင့္လာလုိ႔တို႔၊ ပင္ပန္းႏြမ္းနယ္လို႔တို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ မ်က္စိထဲမွာ ပံုရိပ္ေတြကို ႏွစ္ထပ္ျမင္ေနရၿပီဆိုတာ ပင္ပန္းလို႔ဆိုတာထက္၊ မ်က္စိကို အမ်ားႀကီးအသံုးခ်မိလို႔ ဆိုတာထက္ပိုပါတယ္။ ဒါဟာ ေသြးေၾကာပိတ္ဆို႔ျခင္းေၾကာင့္ မ်က္စိဆီကုိ ေအာက္ဆီဂ်င္လံုလံုေလာက္ေလာက္ မေရာက္တဲ့အခါျဖစ္တတ္ပါတယ္။ဒါဟာာ ေလျဖတ္ျခင္းရဲ႕လကၡဏာတစ္ခုပါ။ ဒါေၾကာင့္ အျမင္အာရံုပိုင္းဆိုင္ရာ ျပႆနာတစ္ခုခု ၾကံဳေနရၿပီဆိုရင္ မ်က္စိဆရာဝန္နဲ႔ ျပသစစ္ေဆးပါ။ ၿပီးရင္ေလျဖတ္ ေလငန္း ေရာဂါနဲ႔ ဆက္ႏြယ္ေနမႈ႐ွိမရွိ စစ္ေဆးၾကည့္ပါ။

    ၂။ လက္ေတြထံုလာမယ္

    အိပ္ယာက႐ုတ္တရက္ လန္႔ႏိုးလာၿပီး လက္ေတြထံုေနမယ္ဆိုရင္ လက္ကိုဖိအိပ္မိလို႔လို႔ပဲ ယူဆမိၾကမွာပါ။ ဒါေပမယ့္ တကယ္ေကာ အဲဒီအတိုင္းဟုတ္ပါ့မလား။ မိုင္ယာမီတကၠသိုလ္က အာ႐ံုေၾကာေဗဒ ပါေမာကၡ ေဒါက္တာ Ralph Sacco ကေတာ့ “လက္ေမာင္းတစ္ဖက္ ႐ုတ္တရက္ထံုလာၿပီး အခ်ိန္တစ္ခုအတြင္း ျပန္သက္သာမလာဘူးဆိုရင္ေတာ့ ေဆးခန္းကို အျမန္ဆံုးေျပးပါေတာ့” လို႔ အၾကံျပဳ ထားပါတယ္။ ေက်ာ႐ိုးမႀကီးကေနေနာက္ေစ့ကို ျဖတ္သန္းသြားလာေနတဲ့ ေသြးေၾကာေတြမွာ ေသြးစီးဆင္းမႈေလ်ာ့နည္းျခင္းဟာ ခႏၶာကိုယ္တစ္ျခမ္းမွာ ထံုက်င္ျခင္း၊ အားနည္းျခင္းကို ျဖစ္ေစပါတယ္တဲ့။

    ၃။ စကားသံေတြ မပီသျဖစ္မယ္

    တစ္ခါတေလမွာ စကားေျပာရင္ မပီမသ၊ ဗလံုးဗေထြးျဖစ္ေနၿပီဆိုရင္ေတာ့ ေလျဖတ္ႏိုင္တဲ့ အႏၱရာယ္မ်ားေနၿပီလို႔ သိႏုိင္ပါတယ္။ ေလျဖတ္ေလငန္းေရာဂါဟာ ဦးေႏွာက္နဲ႔အဓိက ဆက္စပ္ေနတဲ့အတြက္ ဦးေႏွာက္ထဲကို ေသြးမေလွ်ာက္ေတာ့တဲ့အခါ ခႏၶာကိုယ္ အစိတ္အပိုင္းတခ်ိဳ႕ အလုပ္လုပ္ရတာခက္ခဲလာပါတယ္။ အဲဒီထဲမွာ ေမး႐ိုးနဲ႔လွ်ာလည္း ပါပါတယ္။ ေမး႐ိုးနဲ႔လွ်ာ ေကာင္းေကာင္း အလုပ္မလုပ္ ေတာ့တဲ့အခါ စကားသံေတြ မပီမသနဲ႔ ဗလံုးဗေထြးျဖစ္လာတတ္ပါတယ္။

    ၄။ ေမ့လြယ္လာမယ္

    အသိတစ္ေယာက္နဲ႔ စကားေျပာေနရင္း ေျပာမယ့္စကားက ပါးစပ္ဖ်ားမွာတင္ ေမ့ေလ်ာ့သြားတာမ်ိဳး ၾကံဳဖူးၾကလား။ အဲဒီလို ေမ့ေလ်ာ့ျခင္းက အႀကိမ္ေရအရမ္း စိတ္လာၿပီဆိုရင္ေတာ့ သတိထားသင့္ပါၿပီ။ အယ္လ္ဇိုင္းမားေရာဂါရေလာက္တဲ့ အသက္အရြယ္လည္း မဟုတ္ေသးဘူးဆိုရင္ေတာ့ ဒါဟာေလျဖတ္ေရာဂါ ျဖစ္ႏိုင္ေျခ႐ွိတဲ့ လကၡဏာတစ္ခု ျဖစ္ေနႏိုင္ပါၿပီ။

    ၅။ ေခါင္းကိုက္ေခါင္းခဲလာမယ္

    ေခါင္းကိုက္တယ္ဆိုတာကလည္း အရက္ေသာက္ထားလို႔ ေခါင္းကိုက္တာလား။ ေနျပင္းလို႔ေခါင္းကိုက္တာလား။ အစားမွားလို႔ ေခါင္းကိုက္တာလား။ ကြဲကြဲျပားျပားသိဖို႔လည္း လိုပါေသးတယ္။ အေၾကာင္းျပခ်က္ မ႐ွိဘဲ ႐ုတ္တရက္ႀကီး ေခါင္းထကိုက္ၿပီဆိုရင္ေတာ့ ဒါဟာ ေလျဖတ္ေလငန္းေရာဂါ ျဖစ္ေတာ့မယ္လို႔ သတိေပးေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ေခါင္းကိုက္ေရာဂါနဲ႔ ေလျဖတ္ေရာဂါမွာ အာ႐ံုေၾကာဆိုင္ရာ ဝိေသသေတြ တူညီေနေတာ့ အထင္အျမင္မွားႏုိင္စရာေတြ ႐ွိပါတယ္။

    ၆။ ပစၥည္းတခုခု ကိုင္တြယ္လၽွင္ မထင္မွတ္ပဲ ကိုင္မရ မျမဲပဲ ခဏခဏျပဳတ္က်တာ၊ မျမဲလၽွင္လည္း ေလျဖတ္လဏၡာပါပဲ၊ ေခ်ေထာက္က ရုတ္တရက္ လႈပ္ရွားမရ ဆြဲသလို ျဖစ္ေနရင္လည္း ေလျဖတ္ေရာဂါ ျဖစ္ေတာ့မည့္ လဏၡာမ်ားျဖစ္၍ ဆရာဝန္ႏွင့္ အလၽွင္အျမန္ ႀကိဳတင္ျပသသင့္ပါသည္။

    Source: Reader’s Digest

    Credit : Duwun

    (Unicode)

    လေဖြတ်တော့မယ်လို့ ခန္ဓာကိုယ်က အချက်ပြနေတဲ့ လက္ခဏာတွေကို ကြိုသိထားခြင်းက အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင်ပါလိမ့်မယ်။

    လေဖြတ်လေငန်းရောဂါဆိုတာ သိပ်ကြောက်ဖို့ကောင်းတဲ့ရောဂါပါ။ ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်နိုင်တော့လို့ ချေးပါ၊ သေးပေါက်ကအစ အိမ်သားတွေကို အားကိုးရမှာဖြစ်တဲ့အတွက် ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်တာမဟုတ်ဘဲ အိမ်သားတွေပါ ဒုက္ခရောက်စေတဲ့ ရောဂါမျိုးပါ။ ဒါကြောင့် လေဖြတ်တော့မယ်လို့ ခန္ဓာကိုယ်က အချက်ပြနေတဲ့ လက္ခဏာတွေကို ကြိုသိထားခြင်းက အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင် ပါလိမ့်မယ်။

    ၁။ အမြင်အာရုံအားနည်းမယ်

    လူတော်တော်များများက ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အမြင်အာရုံ အားနည်းခြင်းတို့ကို အသက်အရွယ်ကြီးရင့်လာလို့တို့၊ ပင်ပန်းနွမ်းနယ်လို့တို့ ထင်တတ်ကြပါတယ်။ တကယ်တော့ မျက်စိထဲမှာ ပုံရိပ်တွေကို နှစ်ထပ်မြင်နေရပြီဆိုတာ ပင်ပန်းလို့ဆိုတာထက်၊ မျက်စိကို အများကြီးအသုံးချမိလို့ ဆိုတာထက်ပိုပါတယ်။ ဒါဟာ သွေးကြောပိတ်ဆို့ခြင်းကြောင့် မျက်စိဆီကို အောက်ဆီဂျင်လုံလုံလောက်လောက် မရောက်တဲ့အခါဖြစ်တတ်ပါတယ်။ဒါဟာာ လေဖြတ်ခြင်းရဲ့လက္ခဏာတစ်ခုပါ။ ဒါကြောင့် အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ကြုံနေရပြီဆိုရင် မျက်စိဆရာဝန်နဲ့ ပြသစစ်ဆေးပါ။ ပြီးရင်လေဖြတ် လေငန်း ရောဂါနဲ့ ဆက်နွယ်နေမှုရှိမရှိ စစ်ဆေးကြည့်ပါ။

    ၂။ လက်တွေထုံလာမယ်

    အိပ်ယာကရုတ်တရက် လန့်နိုးလာပြီး လက်တွေထုံနေမယ်ဆိုရင် လက်ကိုဖိအိပ်မိလို့လို့ပဲ ယူဆမိကြမှာပါ။ ဒါပေမယ့် တကယ်ကော အဲဒီအတိုင်းဟုတ်ပါ့မလား။ မိုင်ယာမီတက္ကသိုလ်က အာရုံကြောဗေဒ ပါမောက္ခ ဒေါက်တာ Ralph Sacco ကတော့ “လက်မောင်းတစ်ဖက် ရုတ်တရက်ထုံလာပြီး အချိန်တစ်ခုအတွင်း ပြန်သက်သာမလာဘူးဆိုရင်တော့ ဆေးခန်းကို အမြန်ဆုံးပြေးပါတော့” လို့ အကြံပြု ထားပါတယ်။ ကျောရိုးမကြီးကနေနောက်စေ့ကို ဖြတ်သန်းသွားလာနေတဲ့ သွေးကြောတွေမှာ သွေးစီးဆင်းမှုလျော့နည်းခြင်းဟာ ခန္ဓာကိုယ်တစ်ခြမ်းမှာ ထုံကျင်ခြင်း၊ အားနည်းခြင်းကို ဖြစ်စေပါတယ်တဲ့။

    ၃။ စကားသံတွေ မပီသဖြစ်မယ်

    တစ်ခါတလေမှာ စကားပြောရင် မပီမသ၊ ဗလုံးဗထွေးဖြစ်နေပြီဆိုရင်တော့ လေဖြတ်နိုင်တဲ့ အန္တရာယ်များနေပြီလို့ သိနိုင်ပါတယ်။ လေဖြတ်လေငန်းရောဂါဟာ ဦးနှောက်နဲ့အဓိက ဆက်စပ်နေတဲ့အတွက် ဦးနှောက်ထဲကို သွေးမလျှောက်တော့တဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ အလုပ်လုပ်ရတာခက်ခဲလာပါတယ်။ အဲဒီထဲမှာ မေးရိုးနဲ့လျှာလည်း ပါပါတယ်။ မေးရိုးနဲ့လျှာ ကောင်းကောင်း အလုပ်မလုပ် တော့တဲ့အခါ စကားသံတွေ မပီမသနဲ့ ဗလုံးဗထွေးဖြစ်လာတတ်ပါတယ်။

    ၄။ မေ့လွယ်လာမယ်

    အသိတစ်ယောက်နဲ့ စကားပြောနေရင်း ပြောမယ့်စကားက ပါးစပ်ဖျားမှာတင် မေ့လျော့သွားတာမျိုး ကြုံဖူးကြလား။ အဲဒီလို မေ့လျော့ခြင်းက အကြိမ်ရေအရမ်း စိတ်လာပြီဆိုရင်တော့ သတိထားသင့်ပါပြီ။ အယ်လ်ဇိုင်းမားရောဂါရလောက်တဲ့ အသက်အရွယ်လည်း မဟုတ်သေးဘူးဆိုရင်တော့ ဒါဟာလေဖြတ်ရောဂါ ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါပြီ။

    ၅။ ခေါင်းကိုက်ခေါင်းခဲလာမယ်

    ခေါင်းကိုက်တယ်ဆိုတာကလည်း အရက်သောက်ထားလို့ ခေါင်းကိုက်တာလား။ နေပြင်းလို့ခေါင်းကိုက်တာလား။ အစားမှားလို့ ခေါင်းကိုက်တာလား။ ကွဲကွဲပြားပြားသိဖို့လည်း လိုပါသေးတယ်။ အကြောင်းပြချက် မရှိဘဲ ရုတ်တရက်ကြီး ခေါင်းထကိုက်ပြီဆိုရင်တော့ ဒါဟာ လေဖြတ်လေငန်းရောဂါ ဖြစ်တော့မယ်လို့ သတိပေးနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်ရောဂါနဲ့ လေဖြတ်ရောဂါမှာ အာရုံကြောဆိုင်ရာ ဝိသေသတွေ တူညီနေတော့ အထင်အမြင်မှားနိုင်စရာတွေ ရှိပါတယ်။

    ၆။ ပစ္စည်းတခုခု ကိုင်တွယ်လျှင် မထင်မှတ်ပဲ ကိုင်မရ မမြဲပဲ ခဏခဏပြုတ်ကျတာ၊ မမြဲလျှင်လည်း လေဖြတ်လဏ္ခာပါပဲ၊ ချေထောက်က ရုတ်တရက် လှုပ်ရှားမရ ဆွဲသလို ဖြစ်နေရင်လည်း လေဖြတ်ရောဂါ ဖြစ်တော့မည့် လဏ္ခာများဖြစ်၍ ဆရာဝန်နှင့် အလျှင်အမြန် ကြိုတင်ပြသသင့်ပါသည်။

    Source: Reader’s Digest

    Credit : Duwun

  • ေနေလာင္ျခင္းကို အစားအစာေတြနဲ႔ ကာကြယ္စို႔

     

    ပူျပင္းလာတဲ့ ေနေရာင္ျခည္ဟာ အသားအေရေတြကို ပ်က္စီးေစပါတယ္။ အစားအစာေတြဟာ အဲ့ဒီျဖစ္ရပ္ကေန ကာကြယ္ႏိုင္တယ္ဆိုရင္ အ့ံၾသစရာပါ။ ဒါေပမယ့္ သူတို႔ ကူညီႏုိင္စြမ္း ရွိပါတယ္။ သူတို႔မွာ သဘာ၀ အတိိုင္းပါ၀င္တဲ့

    Antioxidant ဓာတ္ေပါင္းစုေတြ ေနေရာင္ျခည္ေၾကာင့္ ျဖစ္မယ့္ ပ်က္စီးျခင္းေတြကို တတ္စြမ္းသေလာက္ ကာကြယ္ပါတယ္။

    ၁။ ေရာင္စံုငရုတ္ပြ
    အနီ၊ အ၀ါနဲ႔ လိေမၼာ္ေရာင္ ငရုတ္ပြသီးေတြဟာ လွၿပီး အရသာ ရွိတဲ့ အသီးေတြပါ။ သူတို႔မွာ ပါ၀င္တဲ့ Antioxidants ေတြဟာ လူ႔ကိုယ္ထဲကို ဗီတာမင္ ေအ အျဖစ္ ေျပာင္းေပးၿပီး အသားအေရေပၚကေန အလႊာတစ္ထပ္လို ပံုစံမ်ိဳးနဲ႔ ေနေလာင္ျခင္းကို ကာကြယ္ေစပါတယ္။

    ၂။ ခရမ္းခ်ဥ္သီး အမွည့္
    ခရမ္းခ်ဥ္သီးမွာ တျခားအသီးေတြမွာ ပါ၀င္တဲ့ Antioxidant ေတြလည္း ပါ၀င္ၿပီး ေနေလာင္ျခင္းကို အဓိက ကာကြယ္ေပးမယ့္ Lycopene ေတြလည္း ပါ၀င္ပါတယ္။

    ၃။ ဖရဲသီး
    အနီေရာင္ ရွိတဲ့ ဖရဲသီးကေတာ့ ေႏြရာသီအတြက္ ေဆးတစ္လက္ပါပဲ။ မစားဘဲ အသားေပၚ လိမ္းရင္လည္း ေနေလာက္ဒဏ္ ကာကြယ္ပါတယ္။

    ၄။ အျပာေရာင္နဲ႔ ခရမ္းေရာင္ ဘယ္ရီသီး
    ဘယ္ရီသီးေတြမွာ Anthocyanins လို႔ ေခၚတဲ့ ဓာတ္တစ္မ်ိဳး ၾကြယ္၀စြာ ပါ၀င္ပါတယ္။ ဒါေတြက ေရာဂါေတြ ျဖစ္ပြားျခင္းကို ေလ်ာ့ခ်ေပးၿပီး ေနေလာင္ဒဏ္ကို ခံႏုိင္ဖို႔ အစြမ္းေတြ ရွိပါတယ္။

    ၅။ နႏြင္း
    နႏြင္းဟာ အသားအေရအတြက္ ေကာင္းမြန္တာ သိၿပီး ျဖစ္ပါလိမ့္မယ္။ ျမန္မာေတြကေတာ့ တကူးတက စားစရာမလိုပါဘူး။ ဟင္းခ်က္တဲ့ အခါ ထည့္ခ်က္စားလိုက္ရင္ပဲ အဆင္ေျပလွပါၿပီ။ ဒီထက္ပို ထိေရာက္ေစခ်င္ရင္ေတာ့ မနက္တိုင္း နႏြင္း မန္က်ည္းေစ့ခန္႔ စားေပးပါ။

    ၆။ ငါး
    ငါးမွာ အိုမီဂါ ၃ အက္ဆစ္ဓာတ္ေတြ ပါ၀င္ၿပီး ႏွလံုးနဲ႔ အသားအေရကို ကာကြယ္ေပးႏုိင္ပါတယ္။ ဒါမွမဟုတ္ အိုမီဂါ ၃ အက္ဆစ္ပါတဲ့ ငါးႀကီးဆီကို ေသာက္ပါ။

    ၇။ အစိမ္းေရာင္ အရြက္ေတြ
    အစိမ္းေရာင္ အရြက္ေတြဟာ အေရျပားေတြအတြက္ အေကာင္းဆံုး သဘာ၀က ေပးတဲ့ လက္ေဆာင္ပါ။ Antioxidant ေတြဟာ အသားအေရကို ကာကြယ္ဖုိ႔ အတြက္ အလုပ္ေကာင္းေကာင္း လုပ္ေပးပါလိမ့္မယ္။

    ၈။ ေရေသာက္ပါ
    တစ္ေန႔ကို ေရဖန္ခြက္ ၇ခြက္ေသာက္ေပးျခင္းဟာ အသားအေရကို ျပန္ၿပီး စိုေျပေစသလို ၀ိတ္ကိုလည္းထိန္းထားၿပီးသား ျဖစ္ပါလိမ့္မယ္။

    အဓိကကေတာ့ အေရာင္ရွိတဲ့ အသီးအႏွံေတြ စားေပးဖို႔ လိုပါတယ္။
    Credit: foxnews

  • ကေလးေတြ ဒစ္ဂ်စ္တယ္ဖန္သားျပင္ ၾကည့္တာ ဘယ္ေလာက္ထိ ကန္႔သတ္သင့္သလဲ .

    .
    လန္းဆက္ ေဆးပညာ ဂ်ာနယ္မွာ ေဖာ္ျပထားတဲ့ အေမရိကန္ ႏိုင္ငံအတြင္း ကေလးသူငယ္ေတြကို ေလ့လာမႈ တခုအရ ကေလးေတြ တီဗီ၊ တက္ဘလက္၊ ဖုန္း အစရွိတဲ့ ဒစ္ဂ်စ္တယ္ ဖန္သားျပင္ တခုခုကို တရက္မွာ ၂ နာရီေအာက္ပဲ သုံးမယ္ ဆိုရင္ သိမွတ္ နားလည္ႏိုင္မႈ စြမ္းရည္ တက္လာတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။

    အဲဒီ ေလ့လာမႈမွာ အသက္ ၈ ႏွစ္ ကေန ၁၁ ႏွစ္ အတြင္း ရွိတဲ့ ကေလးငယ္ ၄၅၀ဝ ပါဝင္ၿပီး ကေလးေတြရဲ႕ ကိုယ္လက္ လႈပ္ရွားမႈ၊ အပန္းေျဖ ဒစ္ဂ်စ္တယ္ ဖန္သားျပင္ သုံးခ်ိန္နဲ႔ အိပ္ခ်ိန္ေတြကို ေလ့လာ ခဲ့တာ ျဖစ္ပါတယ္။

    အခုလို ေလ့လာ ရာမွာ တရက္ကို ၂ နာရီေအာက္ပဲ ဒစ္ဂ်စ္တယ္ ဖန္သားျပင္သုံးၿပီး၊ အိပ္ခ်ိန္ ၁၁ နာရီနဲ႔ ကိုယ္လက္ လႈပ္ရွားမႈလည္း အနည္းဆုံး တနာရီရွိတဲ့ ကေလးေတြဟာ ဒီလို မရွိတဲ့ ကေလးေတြထက္ ဘာသာ စကား စြမ္းရည္၊ မွတ္ဉာဏ္နဲ႔ အာ႐ုံစူးစိုက္မႈ ေကာင္းတာကို ေတြ႕ရတာ ျဖစ္ပါတယ္။

    အဲဒီ အထဲမွာ ဒစ္ဂ်စ္တယ္ ဖန္သားျပင္ကို ၂ နာရီေအာက္ သုံးတယ္ဆိုတဲ့ အခ်က္က ကေလးေတြရဲ႕ သိမွတ္ နားလည္ ႏိုင္စြမ္းကို သက္ေရာက္မႈ အရွိဆုံး ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

    အခုလို ေလ့လာမႈမွာ ပါဝင္တဲ့ ကေနဒါႏိုင္ငံ ေအာ့တဝါၿမိဳ႕ CHEO Research Institute က ေဒါက္တာ ဂ်ယ္ရမီ ဝဲ့လ္ရွ္ ကေတာ့ ကေလးေတြ ဘာကို ၾကည့္တာလဲ ဆိုတဲ့အေပၚ မူတည္ၿပီး အေသးစိတ္ ေလ့လာဖို႔ လိုေသးေပမယ့္ ဖုန္းနဲ႔ လူမႈကြန္ရက္စာမ်က္ႏွာ သုံးတာေတြ ကေတာ့ အာ႐ုံ မစူးစိုက္ႏိုင္တာ၊ မွတ္ဉာဏ္ အားနည္းတာနဲ႔ စိတ္ျမန္လက္ျမန္ လုပ္မိ တာေတြ ျဖစ္ႏိုင္ေၾကာင္း ေတြ႕ရတယ္လို႔ ဆိုပါတယ္။

    ကေလး ေဆးပညာရွင္ေတြ၊ မိဘဆရာေတြနဲ႔ ပညာေရး မူဝါဒ ခ်မွတ္သူေတြ အေနနဲ႔ကေတာ့ ကေလးေတြ အခ်ိန္မွန္ အျပည့္ အဝ အိပ္ဖို႔နဲ႔ ကိုယ္လက္ လႈပ္ရွားဖို႔ အျပင္ ဒစ္ဂ်စ္တယ္ ဖန္သားျပင္ သုံးတဲ့အခ်ိန္ ေလွ်ာ့ခ်ေရးကိုလည္း ကေလး ဘဝတည္းက စၿပီး အားေပးသင့္ေနၿပီလို႔ ေဒါက္တာ ဝဲ့လ္ရွ္က ေျပာပါတယ္။

    BBC Burmese

  • ခံုး(ဂံုး)စားသူမ်ား ဒါေလးေတြ သိထားေပးပါ။

    (Zawgyi)
    ခံုး(ဂံုး)စားသူမ်ား ဒါေလးေတြ သိထားေပးပါ။

    ခုံးေကာင္အစြမ္း

    ယခုအခါ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားတြင္ ခုံးေကာင္(ကမာ)ကို လူေတာ္ေတာ္မ်ားမ်ား စားသုံးျခင္းမ်ားလာသည္။ ခုံးေကာင္၏ ဂုဏ္သတၱိမွာ ေအး၏။ အရသာမွာ ငန္၏။ အသည္းႏွင့္ ေက်ာက္ကပ္တို႔အတြက္ ေကာင္းက်ိဳးေပး၏။

    စားသုံးသင့္သူ*

    ခုံးေကာင္ကို အသက္ႀကီးငယ္မေ႐ြး စားသုံးႏိုင္ပါသည္။ အထူးသျဖင့္ ကိုလက္စထေရာမ်ားသူ၊ ေသြးတြင္း အဆီမ်ားသူ၊ ဂလင္းေရာင္သူ၊ ေလႁပြန္ေရာင္သူ၊ အစာအိမ္ေရာဂါရွိသူတို႔ စားသုံးသင့္သည္။

    မစားသုံးသင့္သူ*

    ခုံးေကာင္ကို ယခင္အနာေရာဂါေဟာင္းရွိတတ္သူ၊ သရက္႐ြက္၊ အစာအိမ္ အားနည္း၍ ေအးတတ္သူမ်ား သိပ္မ်ားမ်ားမစားသင့္ပါ။

    ပါဝင္ေသာဓာတ္မ်ား*

    ခုံးေကာင္တြင္ ပ႐ိုတင္း၊ အဆီ၊ ကာဗိုဟိုက္ဒရိတ္၊ အမိုင္ႏိုအက္ဆစ္၊ Taurine ဓာတ္၊ ဗီတာမင္ B12၊ ဗီတာမင္ E ၊ သံဓာတ္၊ ကယ္လ္ဆီယမ္၊ ဆိုဒီယမ္၊ ခယ္လီယမ္၊ မီးစုန္းဓာတ္၊ ဇင့္ဓာတ္တို႔ ျပည့္ဝစြာ ပါဝင္သည္။

    *ေ႐ြးဝယ္ျခင္း*

    ခုံးေကာင္ေ႐ြးဝယ္ခ်ိန္တြင္ လက္ျဖင့္ တစ္ေကာင္ခ်င္းကိုင္၍ လႈပ္ၾကည့္ပါ။ ခုံးေကာင္အတြင္းမွာ “ ဂေလာက္” “ ဂေလာက္” ဟု ျမည္သံၾကားၿပီး အေလးခ်ိန္မွာ ေပါ့ပါးေနလွ်င္ ေသေနၿပီးသား အေကာင္ျဖစ္၏။ အေသကို ေ႐ြးဝယ္ပါ။

    *စားသုံးရန္ပဏာမ*

    ခုံးေကာင္ကို စားသုံးလွ်င္ အႀကိမ္တိုင္း ၅ ေကာင္မွ ၁၀ ေကာင္အထိ စားႏိုင္ပါသည္။

    ထိန္းသိမ္းျခင္း*

    ခုံးေကာင္ကို ရက္ရွည္ထား၍ သိမ္းဆည္းလိုပါက ဆားရည္ထဲတြင္ စိမ္၍ ထားေပးပါ။

    ခုံးေကာင္အသုံးျပဳနည္း*

    ခုံးေကာင္ကို အသုံးျပဳမည္ဆိုပါက အသုံးမျပဳခင္ ဆားရည္ျဖင့္ တစ္နာရီၾကာ စိမ္ၿပီးမွ သုံးပါ။

    သတိေပးခ်က္*

    ခုံးေကာင္ကို ဗီတာမင္ B1 စားသုံးေနခ်ိန္တြင္ မစားရ။သတိထားပါ။

    ေကာင္းက်ိဳး*

    ခုံးေကာင္ထဲတြင္ ဗီတာမင္ႏွင့္အာဟာရဓာတ္ ျပည့္ဝစြာ ပါဝင္သည္။ ခုံးေကာင္ကို စားသုံးၿပီးေနာက္ ေအးျမ လန္းဆန္းေသာ ခံစားခ်က္ကို ရရွိေစႏိုင္သည္။ ခုံးေကာင္သည္ စိတ္ရႈပ္ျခင္းႏွင့္ ဦးေႏွာက္ရာဂါတို႔ကို ဖယ္ရွားေပးႏိုင္သည္။ ခုံးသားစားျခင္းေၾကာင့္ အပူကင္း ေစႏိုင္သည္။

    ခုံးေကာင္စားျခင္းျဖင့္ အသားဝါျခင္း၊ ေရဖ်ဥ္းဆြဲျခင္း၊လည္ပင္းႀကီးေရာဂါ၊ ေသြးယိုျခင္း၊ အျဖဴဆင္းျခင္းတို႔ကို ေပ်ာက္ကင္းေစႏိုင္သည္။ ဆီးသြားျခင္းကိုလည္း ေကာင္းက်ိဳးေပး၏။

    ခုံးေကာင္တြင္ပါဝင္ေသာ ပ႐ိုတင္း၊ ကာဗိုဟိုက္ဒရိတ္၊ ဗီတာမင္၊ သတၳဳဓာတ္၊ အမိုင္ႏိုအက္ဆစ္တို႔ ပါဝင္မႈေၾကာင့္ အပူက်ေစကာ လူႀကီးမ်ားတြင္ ျဖစ္ပြားေသာ နာတာရွည္ေရာဂါကို ကူညီကုသေပးႏိုင္သည္။

    Credit : ျမဝတီ

    (Unicode)
    ခုံး(ဂုံး)စားသူများ ဒါလေးတွေ သိထားပေးပါ။

    ခုံးကောင်အစွမ်း

    ယခုအခါ နိုင်ငံတော်တော်များများတွင် ခုံးကောင် (ကမာ)ကို လူတော်တော်များများ စားသုံးခြင်းများလာသည်။ ခုံးကောင်၏ ဂုဏ်သတ္တိမှာ အေး၏။ အရသာမှာ ငန်၏။ အသည်းနှင့် ကျောက်ကပ်တို့အတွက် ကောင်းကျိုးပေး၏။

    စားသုံးသင့်သူ*

    ခုံးကောင်ကို အသက်ကြီးငယ်မရွေး စားသုံးနိုင်ပါသည်။ အထူးသဖြင့် ကိုလက်စထရောများသူ၊ သွေးတွင်း အဆီများသူ၊ ဂလင်းရောင်သူ၊ လေပြွန်ရောင်သူ၊ အစာအိမ်ရောဂါရှိသူတို့ စားသုံးသင့်သည်။

    မစားသုံးသင့်သူ*

    ခုံးကောင်ကို ယခင်အနာရောဂါဟောင်းရှိတတ်သူ၊ သရက်ရွက်၊ အစာအိမ် အားနည်း၍ အေးတတ်သူများ သိပ်များများမစားသင့်ပါ။

    ပါဝင်သောဓာတ်များ*

    ခုံးကောင်တွင် ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်ဆစ်၊ Taurine ဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် E ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ခယ်လီယမ်၊ မီးစုန်းဓာတ်၊ ဇင့်ဓာတ်တို့ ပြည့်ဝစွာ ပါဝင်သည်။

    ရွေးဝယ်ခြင်း*

    ခုံးကောင်ရွေးဝယ်ချိန်တွင် လက်ဖြင့် တစ်ကောင်ချင်းကိုင်၍ လှုပ်ကြည့်ပါ။ ခုံးကောင်အတွင်းမှာ “ ဂလောက်” “ ဂလောက်” ဟု မြည်သံကြားပြီး အလေးချိန်မှာ ပေါ့ပါးနေလျှင် သေနေပြီးသား အကောင်ဖြစ်၏။ အသေကို ရွေးဝယ်ပါ။

    စားသုံးရန်ပဏာမ*

    ခုံးကောင်ကို စားသုံးလျှင် အကြိမ်တိုင်း ၅ ကောင်မှ ၁၀ ကောင်အထိ စားနိုင်ပါသည်။

    ထိန်းသိမ်းခြင်း*

    ခုံးကောင်ကို ရက်ရှည်ထား၍ သိမ်းဆည်းလိုပါက ဆားရည်ထဲတွင် စိမ်၍ ထားပေးပါ။

    ခုံးကောင်အသုံးပြုနည်း*

    ခုံးကောင်ကို အသုံးပြုမည်ဆိုပါက အသုံးမပြုခင် ဆားရည်ဖြင့် တစ်နာရီကြာ စိမ်ပြီးမှ သုံးပါ။

    သတိပေးချက်*

    ခုံးကောင်ကို ဗီတာမင် B1 စားသုံးနေချိန်တွင် မစားရ။သတိထားပါ။

    *ကောင်းကျိုး*

    ခုံးကောင်ထဲတွင် ဗီတာမင်နှင့်အာဟာရဓာတ် ပြည့်ဝစွာ ပါဝင်သည်။ ခုံးကောင်ကို စားသုံးပြီးနောက် အေးမြ လန်းဆန်းသော ခံစားချက်ကို ရရှိစေနိုင်သည်။ ခုံးကောင်သည် စိတ်ရှုပ်ခြင်းနှင့် ဦးနှောက်ရာဂါတို့ကို ဖယ်ရှားပေးနိုင်သည်။ ခုံးသားစားခြင်းကြောင့် အပူကင်း စေနိုင်သည်။

    ခုံးကောင်စားခြင်းဖြင့် အသားဝါခြင်း၊ ရေဖျဉ်းဆွဲခြင်း၊လည်ပင်းကြီးရောဂါ၊ သွေးယိုခြင်း၊ အဖြူဆင်းခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်။ ဆီးသွားခြင်းကိုလည်း ကောင်းကျိုးပေး၏။

    ခုံးကောင်တွင်ပါဝင်သော ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်၊ သတ္ထုဓာတ်၊ အမိုင်နိုအက်ဆစ်တို့ ပါဝင်မှုကြောင့် အပူကျစေကာ လူကြီးများတွင် ဖြစ်ပွားသော နာတာရှည်ရောဂါကို ကူညီကုသပေးနိုင်သည်။

    Credit : မြဝတီ

  • မအောင်မြင်သော ဈေးဆိုင်များ၏ အလွဲများ

    (Zawgyi)
    မေအာင္ျမင္ေသာ ေဈးဆိုင္မ်ား၏ အလြဲမ်ား

    (၁) ဖြင့္လွစ္ေရာင္းခ်သည့္ ေနရာႏွင့္ ကုန္စည္ လိုက္ေလ်ာညီေထြ မႈမရွိျခင္း။ ဥပမာ – ေဆာက္လုပ္ေရးပစၥည္းဆိုင္အား လမ္းႀကိဳလမ္းၾကား ဖြင့္ထားျခင္း။ တန္ဖိုးႀကီးပစၥည္း အေရာင္းဆိုင္အား ဆင္းရဲသား လက္လုပ္လက္စား ရပ္ကြက္မွာ ဖြင့္လွစ္ျခင္း။

    (၂) ေျပာဆိုဆက္ဆံေရး ညံဖ်င္းျခင္း စိတ္မရွည္ျခင္း၊ ရွင္းမျပခ်င္ျခင္း၊ တစ္ခုမွ ႏွစ္ခု မျပလိုျခင္း။ ဒီဟာက ေဈးႀကီးတယ္ စသျဖင့္ ေဈးဝယ္အား ႏွိမ့္ခ်ေျပာဆိုျခင္း။

    (၃) ေဈးႏႈန္းႀကီးျမင့္စြာ ေရာင္းခ်ျခင္း

    (၄) မိမိေရာင္းခ်ေသာ ကုန္စည္မ်ားအား မိမိကိုယ္တိုင္ ထဲထဲဝင္ဝင္ သိနားလည္မႈ မရွိျခင္း။

    (၅) ေဈးဝယ္သူမွ ျမင္ႏိုင္ေသာေနရာတြင္ အခ်ိန္ျပည့္မေနထိုင္ျခင္း။ ဆိုင္ပစ္၍ အနီးအပါးသြားေရာက္ စကားစျမည္ ေျပာဆိုေနျခင္း။ အျခားအလုပ္ တခုခုလုပ္ကိုင္ေနျခင္း။ TV ၾကည့္ေနျခင္း။

    (၆) လႊဲအပ္ထားေသာ ဝန္ထမ္းထားရွိပါက ဝန္ထမ္းအား ၾကပ္မတ္စစ္ေဆးမႈ မျပဳျခင္း။ ဝန္ထမ္းမ်ား အားလပ္ေနေသာ အခ်ိန္မ်ားတြင္ လုပ္ငန္းအေၾကာင္း နားလည္သထက္ နားလည္ေစရန္ သင္ၾကား ျပသေပးမႈ၊ ေလ့က်င့္ေပးမႈ မရွိျခင္း။

    (၇) စာရင္းအင္း မထားရွိျခင္း၊ သို႔မဟုတ္ စာရင္းအင္း အခ်ိန္မွန္မွန္မျပဳလုပ္ျခင္း။

    (၈) ေဒသအတြင္းရွိ ရပ္ကြက္အတြင္းရွိ အျခားေသာ အေရာင္းဆိုင္မ်ား၏ အေျခအေန လုပ္ပုံကိုင္ပုံအား ေလ့လာမႈ မျပဳျခင္း။

    (၉) ေဈးဝယ္မ်ား (တနည္း) ဝယ္ယူသူမ်ား၏ အသံမ်ား ေတာင္းဆိုခ်က္မ်ားကို လ်စ္လ်ဴရႈျခင္း။ မည္သည့္ကုန္စည္ကို အေမးအျမန္းမ်ားေနသည္ကို မွတ္သားမထားျခင္း။

    (၁၀) မိမိသာ မွန္သည္ဟု ထင္ျမင္ျခင္း။ မိမိ၏ စီးပြားေရးမွာ အတန္ငယ္ တိုးတက္မႈ ရသည္ကိုပင္လွ်င္ ေရာင့္ရဲေနျခင္း။ အနာဂါတ္ကို ေမ်ာ္မွန္းၾကည့္ရႈမႈ မျပဳလုပ္ျခင္း။ ေနာင္ျဖစ္လာမည့္ ေဈးကြက္ အေနအထားကို သိရွိရန္ ေလ့လာမႈ၊ ဆင္ျခင္သုံးသပ္မႈ မျပဳလုပ္ျခင္း။

    (၁၁) ၿပိဳင္ဘက္မ်ားကို အထင္အျမင္ေသးျခင္း။

    (၁၂) မေတာ္တဆ ေပၚေပါက္လာႏိုင္သည့္ ျပႆနာအမ်ိဳးမ်ိဳးအတြက္ အရံေငြေၾကး စုေဆာင္းမႈ မရွိျခင္း။

    (၁၃) ပိုမိုစုံလင္ေသာ ကုန္စည္မ်ားကို ေရာင္းခ်ေပးႏိုင္ေစေရး အသစ္အသစ္ေသာ လက္ကား ေရာင္းခ်သူမ်ားကို ရွာေဖြမႈ မရွိျခင္း။

    (၁၄) ေရာင္းၿပီးကုန္စည္မ်ား၊ က်န္ရွိကုန္စည္မ်ား၊ ေရာင္းအားက်ေနေသာ ကုန္စည္မ်ား၊ ေရာင္းအား အသြက္ဆုံး ကုန္စည္မ်ားစသည့္ ကုန္စည္ႏွင့္ ဆိုင္ေသာ အခ်က္အလက္မ်ားအား စုေဆာင္းျပဳစု ထားရွိမႈ မရွိျခင္း။

    (၁၅) ေရာင္းမထြက္ေသာ Expire ျဖစ္ေနေသာ ကုန္စည္မ်ား ကုန္စည္ အေဟာင္းမ်ားကို ဖယ္ထားျခင္း ရွင္းလင္းျခင္းမရွိဘဲ ဝယ္သူအား ဇြတ္ထိုးထည့္ေပးျခင္း။

    (၁၆) မိမိဆိုင္မွ ဝယ္ယူသူမ်ားအား ေရာင္းၿပီးလွ်င္ၿပီးေရာ ေနာက္ျပန္လွည့္ ၾကည့္ရႈမႈမရွိျခင္း။ after sales service မရွိျခင္း။ ေစတနာ နည္းပါးျခင္း စသည္တို႔ ျဖစ္ပါသည္။

    Credit – Ko Zaw Htoo

    (Unicode)
    မအောင်မြင်သော ဈေးဆိုင်များ၏ အလွဲများ

    (၁) ဖွင့်လှစ်ရောင်းချသည့် နေရာနှင့် ကုန်စည် လိုက်လျောညီထွေ မှုမရှိခြင်း။ ဥပမာ – ဆောက်လုပ်ရေးပစ္စည်းဆိုင်အား လမ်းကြိုလမ်းကြား ဖွင့်ထားခြင်း။ တန်ဖိုးကြီးပစ္စည်း အရောင်းဆိုင်အား ဆင်းရဲသား လက်လုပ်လက်စား ရပ်ကွက်မှာ ဖွင့်လှစ်ခြင်း။

    (၂) ပြောဆိုဆက်ဆံရေး ညံဖျင်းခြင်း စိတ်မရှည်ခြင်း၊ ရှင်းမပြချင်ခြင်း၊ တစ်ခုမှ နှစ်ခု မပြလိုခြင်း။ ဒီဟာက ဈေးကြီးတယ် စသဖြင့် ဈေးဝယ်အား နှိမ့်ချပြောဆိုခြင်း။

    (၃) ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်း

    (၄) မိမိရောင်းချသော ကုန်စည်များအား မိမိကိုယ်တိုင် ထဲထဲဝင်ဝင် သိနားလည်မှု မရှိခြင်း။

    (၅) ဈေးဝယ်သူမှ မြင်နိုင်သောနေရာတွင် အချိန်ပြည့်မနေထိုင်ခြင်း။ ဆိုင်ပစ်၍ အနီးအပါးသွားရောက် စကားစမြည် ပြောဆိုနေခြင်း။ အခြားအလုပ် တခုခုလုပ်ကိုင်နေခြင်း။ TV ကြည့်နေခြင်း။

    (၆) လွှဲအပ်ထားသော ဝန်ထမ်းထားရှိပါက ဝန်ထမ်းအား ကြပ်မတ်စစ်ဆေးမှု မပြုခြင်း။ ဝန်ထမ်းများ အားလပ်နေသော အချိန်များတွင် လုပ်ငန်းအကြောင်း နားလည်သထက် နားလည်စေရန် သင်ကြား ပြသပေးမှု၊ လေ့ကျင့်ပေးမှု မရှိခြင်း။

    (၇) စာရင်းအင်း မထားရှိခြင်း၊ သို့မဟုတ် စာရင်းအင်း အချိန်မှန်မှန်မပြုလုပ်ခြင်း။

    (၈) ဒေသအတွင်းရှိ ရပ်ကွက်အတွင်းရှိ အခြားသော အရောင်းဆိုင်များ၏ အခြေအနေ လုပ်ပုံကိုင်ပုံအား လေ့လာမှု မပြုခြင်း။

    (၉) ဈေးဝယ်များ (တနည်း) ဝယ်ယူသူများ၏ အသံများ တောင်းဆိုချက်များကို လျစ်လျူရှုခြင်း။ မည်သည့်ကုန်စည်ကို အမေးအမြန်းများနေသည်ကို မှတ်သားမထားခြင်း။

    (၁၀) မိမိသာ မှန်သည်ဟု ထင်မြင်ခြင်း။ မိမိ၏ စီးပွားရေးမှာ အတန်ငယ် တိုးတက်မှု ရသည်ကိုပင်လျှင် ရောင့်ရဲနေခြင်း။ အနာဂါတ်ကို မျော်မှန်းကြည့်ရှုမှု မပြုလုပ်ခြင်း။ နောင်ဖြစ်လာမည့် ဈေးကွက် အနေအထားကို သိရှိရန် လေ့လာမှု၊ ဆင်ခြင်သုံးသပ်မှု မပြုလုပ်ခြင်း။

    (၁၁) ပြိုင်ဘက်များကို အထင်အမြင်သေးခြင်း။

    (၁၂) မတော်တဆ ပေါ်ပေါက်လာနိုင်သည့် ပြဿနာအမျိုးမျိုးအတွက် အရံငွေကြေး စုဆောင်းမှု မရှိခြင်း။

    (၁၃) ပိုမိုစုံလင်သော ကုန်စည်များကို ရောင်းချပေးနိုင်စေရေး အသစ်အသစ်သော လက်ကား ရောင်းချသူများကို ရှာဖွေမှု မရှိခြင်း။

    (၁၄) ရောင်းပြီးကုန်စည်များ၊ ကျန်ရှိကုန်စည်များ၊ ရောင်းအားကျနေသော ကုန်စည်များ၊ ရောင်းအား အသွက်ဆုံး ကုန်စည်များစသည့် ကုန်စည်နှင့် ဆိုင်သော အချက်အလက်များအား စုဆောင်းပြုစု ထားရှိမှု မရှိခြင်း။

    (၁၅) ရောင်းမထွက်သော Expire ဖြစ်နေသော ကုန်စည်များ ကုန်စည် အဟောင်းများကို ဖယ်ထားခြင်း ရှင်းလင်းခြင်းမရှိဘဲ ဝယ်သူအား ဇွတ်ထိုးထည့်ပေးခြင်း။

    (၁၆) မိမိဆိုင်မှ ဝယ်ယူသူများအား ရောင်းပြီးလျှင်ပြီးရော နောက်ပြန်လှည့် ကြည့်ရှုမှုမရှိခြင်း။ after sales service မရှိခြင်း။ စေတနာ နည်းပါးခြင်း စသည်တို့ ဖြစ်ပါသည်။

    Credit – Ko Zaw Htoo

  • စဥ့္ႏွီးတံုးညစ္ပတ္ေနတာ၊ ေကာ္ဖီ ေရေႏြးခ်ိဳးေတြ၊ ဟင္းအိုးက ဟင္းခ်ိဳးေတြ၊ မီးပူက မီးပူဂ်ိဳးမဲမဲေတြအတြက္ အိမ္သံုးဆားနဲ႕ ဘယ္လိုရွင္း

    (Zawgyi)

    အိမ္ရွင္မေတြအတြက္ အသုံးတည့္ေစမယ့္ အိမ္သုံးဆားရဲ႕ အသုံးဝင္ပုံမ်ား

    အိမ္သုံးဆားဟာ ဟင္းခ်က္ရာမွာသာမက တျခားေသာ ေနရာေတြမွာ အသုံးတည့္လွပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာတည္းက ဆားကို ဟင္းခ်က္ရာမွာ အသုံးျပဳတဲ့အျပင္ အိမ္သန႔္ရွင္းေရးမွာပါ အသုံးျပဳခဲ့ ၾကပါတယ္။ အိမ္သုံးဆားဟာ ဟင္းခ်က္ရာမွာသာမက တျခားေသာ ေနရာေတြမွာ အသုံးတည့္လွတာေၾကာင့္ အိမ္ရွင္မေတြအတြက္ အိမ္သုံးဆားရဲ႕ ထူးထူးျခားျခား အသုံးဝင္ပုံေတြကို ေရးသားေဖာ္ျပလိုက္ ပါတယ္။

    (၁) စဥ္းႏွီတုံး ဒါမွမဟုတ္ စဥ္းႏွီျပားေတြဟာ အသုံးျပဳခ်ိန္ ၾကာလာတာနဲ႔အမွ် စင္းရာျခစ္ရာေတြနဲ႔ ညိဳညစ္ညစ္ ျဖစ္လာတတ္တာေၾကာင့္ ဒီျပႆနာအတြက္ အိမ္သုံးဆား ခပ္မ်ားမ်ားကို စဥ္းနီတုံးေပၚတင္ၿပီး သံပုရာျခမ္းတစ္ျခမ္းနဲ႔ ပြတ္တိုက္ေပး႐ုံနဲ႔ အညစ္အေၾကးေတြကို ဖယ္ရွားေပးႏိုင္မွာ ျဖစ္ပါတယ္။

    (၂) ေကာ္ဖီခြက္ေတြနဲ႔ ေရေႏြးထည့္ေသာက္တဲ့ ခြက္ေတြဟာ ေကာ္ဖီနဲ႔ လက္ဖက္ရည္ခ်ိဳးေတြေၾကာင့္ ဘယ္ေလာက္ တိုက္တိုက္ မေျပာင္ေတာ့တဲ့ အခါမ်ိဳးေတြမွာ အိမ္သုံးဆား လက္ဖက္ရည္ဇြန္း တဇြန္းနဲ႔ ရွာလကာရည္ လက္ဖက္ရည္ဇြန္း တဇြန္းတို႔ကို ခြက္ထဲ ေလာင္းခ်ေပးၿပီး ပြတ္တိုက္ ေဆးေၾကာေပး႐ုံနဲ႔ အညစ္အေၾကးေတြ ေျပာင္လက္သြားတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

    (၃) ဟင္းခ်က္တဲ့အခါ အသုံးျပဳတဲ့ အိုးခြက္နဲ႔ ဒယ္အိုးေတြမွာ ဟင္းခ်ိဳးေတြ ကပ္ေနတဲ့အခါ ဆားအနည္းငယ္ကို အိုးထဲထည့္၊ ေရေႏြးအနည္းငယ္ ေလာင္းခ်ေပးျခင္းအားျဖင့္ ၅ မိနစ္အတြင္း ဟင္းခ်ိဳးေတြ ကြာက်လာတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

    (၄) ဆီလီကြန္ေခါင္းအုံးအမ်ားစုဟာ အသုံးျပဳတာၾကာလာတာနဲ႔အမွ် မူလအျဖဴေရာင္ကေန ဝါညစ္ညစ္ေရာင္ ေျပာင္းလာ တတ္ၾကပါတယ္။ ဒီလိုမ်ိဳး ႀကဳံေတြ႕တဲ့အခါ အိမ္သုံးဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ဆိုဒါရည္ဘူး တဝက္စာေလာက္နဲ႔ ေရေႏြး အနည္းငယ္ကိုေရာၿပီး သန႔္ရွင္းေပး႐ုံနဲ႔ မူလအတိုင္း ျပန္လည္ေတာက္ပလာေစမွာ ျဖစ္ပါတယ္။

    (၅) မီးပူမွာ မီးပူဂ်ိဳးေတြ ကပ္ေနတဲ့အခါမ်ိဳးေတြမွာလည္း သတင္းစာတ႐ြက္ေပၚမွာ ဆားအနည္းငယ္ျဖဴးၿပီး ျဖဴးထားတဲ့ ဆားေပၚမွာ မီးပူနဲ႔ တိုက္ေပး႐ုံနဲ႔ မီးပူဂ်ိဳးေတြကြာၿပီး သန႔္ရွင္းသြားတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

    Ref : brightside.me

    Credit – ဟယ္လ္သင္ (ဧရာဝတီ) – The Irrawaddy – Burmese Edition

    (Unicode)

    အိမ်ရှင်မတွေအတွက် အသုံးတည့်စေမယ့် အိမ်သုံးဆားရဲ့ အသုံးဝင်ပုံများ

    အိမ်သုံးဆားဟာ ဟင်းချက်ရာမှာသာမက တခြားသော နေရာတွေမှာ အသုံးတည့်လှပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ဆားကို ဟင်းချက်ရာမှာ အသုံးပြုတဲ့အပြင် အိမ်သန့်ရှင်းရေးမှာပါ အသုံးပြုခဲ့ ကြပါတယ်။ အိမ်သုံးဆားဟာ ဟင်းချက်ရာမှာသာမက တခြားသော နေရာတွေမှာ အသုံးတည့်လှတာကြောင့် အိမ်ရှင်မတွေအတွက် အိမ်သုံးဆားရဲ့ ထူးထူးခြားခြား အသုံးဝင်ပုံတွေကို ရေးသားဖော်ပြလိုက် ပါတယ်။

    (၁) စဉ်းနှီတုံး ဒါမှမဟုတ် စဉ်းနှီပြားတွေဟာ အသုံးပြုချိန် ကြာလာတာနဲ့အမျှ စင်းရာခြစ်ရာတွေနဲ့ ညိုညစ်ညစ် ဖြစ်လာတတ်တာကြောင့် ဒီပြဿနာအတွက် အိမ်သုံးဆား ခပ်များများကို စဉ်းနီတုံးပေါ်တင်ပြီး သံပုရာခြမ်းတစ်ခြမ်းနဲ့ ပွတ်တိုက်ပေးရုံနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

    (၂) ကော်ဖီခွက်တွေနဲ့ ရေနွေးထည့်သောက်တဲ့ ခွက်တွေဟာ ကော်ဖီနဲ့ လက်ဖက်ရည်ချိုးတွေကြောင့် ဘယ်လောက် တိုက်တိုက် မပြောင်တော့တဲ့ အခါမျိုးတွေမှာ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တဇွန်းနဲ့ ရှာလကာရည် လက်ဖက်ရည်ဇွန်း တဇွန်းတို့ကို ခွက်ထဲ လောင်းချပေးပြီး ပွတ်တိုက် ဆေးကြောပေးရုံနဲ့ အညစ်အကြေးတွေ ပြောင်လက်သွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

    (၃) ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ အိုးခွက်နဲ့ ဒယ်အိုးတွေမှာ ဟင်းချိုးတွေ ကပ်နေတဲ့အခါ ဆားအနည်းငယ်ကို အိုးထဲထည့်၊ ရေနွေးအနည်းငယ် လောင်းချပေးခြင်းအားဖြင့် ၅ မိနစ်အတွင်း ဟင်းချိုးတွေ ကွာကျလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

    (၄) ဆီလီကွန်ခေါင်းအုံးအများစုဟာ အသုံးပြုတာကြာလာတာနဲ့အမျှ မူလအဖြူရောင်ကနေ ဝါညစ်ညစ်ရောင် ပြောင်းလာ တတ်ကြပါတယ်။ ဒီလိုမျိုး ကြုံတွေ့တဲ့အခါ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆိုဒါရည်ဘူး တဝက်စာလောက်နဲ့ ရေနွေး အနည်းငယ်ကိုရောပြီး သန့်ရှင်းပေးရုံနဲ့ မူလအတိုင်း ပြန်လည်တောက်ပလာစေမှာ ဖြစ်ပါတယ်။

    (၅) မီးပူမှာ မီးပူဂျိုးတွေ ကပ်နေတဲ့အခါမျိုးတွေမှာလည်း သတင်းစာတရွက်ပေါ်မှာ ဆားအနည်းငယ်ဖြူးပြီး ဖြူးထားတဲ့ ဆားပေါ်မှာ မီးပူနဲ့ တိုက်ပေးရုံနဲ့ မီးပူဂျိုးတွေကွာပြီး သန့်ရှင်းသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

    Ref : brightside.me

    Credit – ဟယ်လ်သင် (ဧရာဝတီ) – The Irrawaddy – Burmese Edition

  • ခႏၶာကိုယ္ လႉဒါန္းမႈႏွင့္ ပတ္သက္သည့္ အခ်က္မ်ား

    (Zawgyi)

    “ေဆးတကၠသိုလ္ ၁ ရန္ကုန္တြင္ ခႏၶာကိုယ္ လႉဒါန္းမႈႏွင့္ ပတ္သက္သည့္ အခ်က္မ်ား”

    ၁။ လႉဒါန္းႏိုင္သူမ်ား – အသက္ ၁၈ႏွစ္ ျပည့္ၿပီးသူ မည္သူမဆို လႉဒါန္းႏိုင္ပါသည္။

    ၂။ လႉဒါန္းရန္ေနရာ-

    (က) ေဆးတကၠသိုလ္ ၁ ရန္ကုန္၊ ျပည္လမ္း (ယခင္လိပ္ခုံး)၊ ခႏၶာေဗဒဌာန႐ုံးခန္း။

    (ခ) ေဆးတကၠသိုလ္ ၁ ရန္ကုန္၊ လမ္းမေတာ္၊ ဘြဲ႕လြန္ႏွင့္စာေမးပြဲဌာန႐ုံးခန္း။

    ၃။ လႉဒါန္းႏိုင္သည့္အခ်ိန္ – ႐ုံးဖြင့္ရက္၊ ႐ုံးဖြင့္ခ်ိန္အတြင္း။

    ၄။ လႉဒါန္းရာတြင္လိုအပ္သည္မ်ား – အလႉရွင္ကိုယ္တိုင္၊ ဓာတ္ပုံ ၃ပုံ၊ သက္ေသ ၂ ဦး (ေဆြမ်ိဳးသက္ေသ ၁ ဦး ႏွင့္ အျခားသက္ေသ ၁ဦး)။

    ၅။ ရွင္းလင္းခ်က္မ်ား

    (က) လႉဒါန္းရာတြင္ ဓာတ္ပုံႏွင့္ သက္ေသမ်ား အျပင္ အျခားအရာမ်ား (ဥပမာ – ေဆးစစ္ခ်က္မ်ား) မလိုအပ္ပါ။ လူတဦးအေနႏွင့္ မည္သည့္ေနရာ၊ မည္သည့္အခ်ိန္တြင္ မည္သည့္အေၾကာင္း (မည္သည့္ေရာဂါ) ေၾကာင့္ ကြယ္လြန္မည္ကို ႀကိဳတင္ မသိရွိႏိုင္သျဖင့္၊ လႉဒါန္းမႈကို လက္ခံထားၿပီး အလႉရွင္တဦး ကြယ္လြန္ခ်ိန္တြင္မွ ေသဆုံးသည့္ အေၾကာင္းရင္း၊ အေျခအေနေပၚ မူတည္၍ ခႏၶာကိုယ္ကို လက္ခံႏိုင္ျခင္း ရွိမရွိ ဆုံးျဖတ္ပါသည္။

    (ခ) ေယဘူယ်အားျဖင့္ အလႉရွင္တဦးသည္ ေအာက္ပါအခ်က္မ်ားျဖင့္ ကြယ္လြန္ပါက ခႏၶာကိုယ္ကို လက္ခံႏိုင္ျခင္းမရွိပါ။

    – ကူးစက္ေရာဂါ (ဥပမာ – ဝမ္းေရာဂါ၊ ပလိပ္ေရာဂါ၊ H1N1၊ စသည္)

    – အျခားအေၾကာင္းေၾကာင့္ ကြယ္လြန္ေသာ္လည္း ကူးစက္ေရာဂါ တစုံတခုရွိလ်င္ (ဥပမာ – အသည္းေရာင္အသားဝါေရာဂါ B, C၊ HIV)။

    – ကင္ဆာေရာဂါ (အေျခအေနကိုၾကည့္၍ ေလ်ာ့ေပါ့စဥ္းစားေပးပါသည္)။

    – ထိခိုက္ဒါဏ္ရာ / မႈခင္းတစုံတရာႏွင့္ ေသဆုံးလ်င္။

    ၆။ လႉဒါန္းထားေသာ ခႏၶာကိုယ္မ်ားကို အသုံးျပဳပုံ။

    – လႉဒါန္းထားေသာ ခႏၶာကိုယ္မ်ားကို ေဆးစိမ္ထိန္းသိမ္းထားၿပီး ေဆးတကၠသိုလ္ ဘြဲ႕ႀကိဳ၊ ဘြဲ႕လြန္ေက်ာင္းသားမ်ား စာသင္ၾကားျခင္း၊ ေဆးဖက္ဆိုင္ရာ သုေတသနမ်ား ျပဳလုပ္ျခင္းမ်ားတြင္ အသုံးျပဳပါသည္။

    ၇။ အလႉရွင္တဦးကြယ္လြန္လ်င္ ေဆာင္႐ြက္ရန္။

    – အလႉရွင္ကြယ္လြန္ေၾကာင္း က်န္ရစ္သူမိသားစုမွ ေဆး ၁ ခႏၶာေဗဒဌာနသို႔ အေၾကာင္းၾကားရန္။

    – ကြယ္လြန္သည့္ အေၾကာင္းရင္းေပၚ မူတည္ၿပီး ဌာနမွ လက္ခံႏိုင္ျခင္း ရွိမရွိ စိစစ္၍ အေၾကာင္းျပန္ပါမည္။

    – လက္ရွိအေျခအေနအထိ ဌာနတြင္ ေမာ္ေတာ္ယာဥ္ မရွိသည့္အတြက္၊ က်န္ရစ္သူ မိသားစုက အလႉရွင္ ခႏၶာကိုယ္ကို ေဆးတကၠသိုလ္ ၁ ရန္ကုန္၊ ခႏၶာေဗဒဌာနသို႔ ပို႔ေဆာင္ေပးရပါမည္။

    ၈။ ဆက္သြယ္ရန္ – 09 42761 7774 (လက္ရွိ ကိုင္ေဆာင္ထားသူ – ေဒါက္တာထင္လင္း၊ ကထိက၊ ခႏၶာေဗဒဌာန၊ ေဆးတကၠသိုလ္ ၁ ရန္ကုန္)

    Credit – ‌ေဒါက္‌တာထင္‌လင္‌း

    (Unicode)

    “ဆေးတက္ကသိုလ် ၁ ရန်ကုန်တွင် ခန္ဓာကိုယ် လှူဒါန်းမှုနှင့် ပတ်သက်သည့် အချက်များ”

    ၁။ လှူဒါန်းနိုင်သူများ – အသက် ၁၈နှစ် ပြည့်ပြီးသူ မည်သူမဆို လှူဒါန်းနိုင်ပါသည်။

    ၂။ လှူဒါန်းရန်နေရာ-

    (က) ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ ပြည်လမ်း (ယခင်လိပ်ခုံး)၊ ခန္ဓာဗေဒဌာနရုံးခန်း။

    (ခ) ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ လမ်းမတော်၊ ဘွဲ့လွန်နှင့်စာမေးပွဲဌာနရုံးခန်း။

    ၃။ လှူဒါန်းနိုင်သည့်အချိန် – ရုံးဖွင့်ရက်၊ ရုံးဖွင့်ချိန်အတွင်း။

    ၄။ လှူဒါန်းရာတွင်လိုအပ်သည်များ – အလှူရှင်ကိုယ်တိုင်၊ ဓာတ်ပုံ ၃ပုံ၊ သက်သေ ၂ ဦး (ဆွေမျိုးသက်သေ ၁ ဦး နှင့် အခြားသက်သေ ၁ဦး)။

    ၅။ ရှင်းလင်းချက်များ

    (က) လှူဒါန်းရာတွင် ဓာတ်ပုံနှင့် သက်သေများ အပြင် အခြားအရာများ (ဥပမာ – ဆေးစစ်ချက်များ) မလိုအပ်ပါ။ လူတဦးအနေနှင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သည့်အကြောင်း (မည်သည့်ရောဂါ) ကြောင့် ကွယ်လွန်မည်ကို ကြိုတင် မသိရှိနိုင်သဖြင့်၊ လှူဒါန်းမှုကို လက်ခံထားပြီး အလှူရှင်တဦး ကွယ်လွန်ချိန်တွင်မှ သေဆုံးသည့် အကြောင်းရင်း၊ အခြေအနေပေါ် မူတည်၍ ခန္ဓာကိုယ်ကို လက်ခံနိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ပါသည်။

    (ခ) ယေဘူယျအားဖြင့် အလှူရှင်တဦးသည် အောက်ပါအချက်များဖြင့် ကွယ်လွန်ပါက ခန္ဓာကိုယ်ကို လက်ခံနိုင်ခြင်းမရှိပါ။

    – ကူးစက်ရောဂါ (ဥပမာ – ဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ H1N1၊ စသည်)

    – အခြားအကြောင်းကြောင့် ကွယ်လွန်သော်လည်း ကူးစက်ရောဂါ တစုံတခုရှိလျင် (ဥပမာ – အသည်းရောင်အသားဝါရောဂါ B, C၊ HIV)။

    – ကင်ဆာရောဂါ (အခြေအနေကိုကြည့်၍ လျော့ပေါ့စဉ်းစားပေးပါသည်)။

    – ထိခိုက်ဒါဏ်ရာ / မှုခင်းတစုံတရာနှင့် သေဆုံးလျင်။

    ၆။ လှူဒါန်းထားသော ခန္ဓာကိုယ်များကို အသုံးပြုပုံ။

    – လှူဒါန်းထားသော ခန္ဓာကိုယ်များကို ဆေးစိမ်ထိန်းသိမ်းထားပြီး ဆေးတက္ကသိုလ် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများ စာသင်ကြားခြင်း၊ ဆေးဖက်ဆိုင်ရာ သုတေသနများ ပြုလုပ်ခြင်းများတွင် အသုံးပြုပါသည်။

    ၇။ အလှူရှင်တဦးကွယ်လွန်လျင် ဆောင်ရွက်ရန်။

    – အလှူရှင်ကွယ်လွန်ကြောင်း ကျန်ရစ်သူမိသားစုမှ ဆေး ၁ ခန္ဓာဗေဒဌာနသို့ အကြောင်းကြားရန်။

    – ကွယ်လွန်သည့် အကြောင်းရင်းပေါ် မူတည်ပြီး ဌာနမှ လက်ခံနိုင်ခြင်း ရှိမရှိ စိစစ်၍ အကြောင်းပြန်ပါမည်။

    – လက်ရှိအခြေအနေအထိ ဌာနတွင် မော်တော်ယာဉ် မရှိသည့်အတွက်၊ ကျန်ရစ်သူ မိသားစုက အလှူရှင် ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ ခန္ဓာဗေဒဌာနသို့ ပို့ဆောင်ပေးရပါမည်။

    ၈။ ဆက်သွယ်ရန် – 09 42761 7774 (လက်ရှိ ကိုင်ဆောင်ထားသူ – ဒေါက်တာထင်လင်း၊ ကထိက၊ ခန္ဓာဗေဒဌာန၊ ဆေးတက္ကသိုလ် ၁ ရန်ကုန်)

    Credit – ‌ဒေါက်‌တာထင်‌လင်‌း

  • ပန္ကာႏွင့္ အိပ္စက္ျခင္း အႏၲာရယ္

    (Zawgyi)

    ပူလြန္းတဲ့ ရာသီဆို လူေတြက ပူအိုက္တာ သက္သာေအာင္ ယပ္ေတာင္၊ ပန္ကာ၊ အဲယားကြန္း အသုံးျပဳလာၾကေတာ့တယ္။ ယပ္ေတာင္နဲ႔ အဲကြန္းက ဒီေလာက္ ျပႆနာမရွိေပမယ့္၊ ပန္ကာေၾကာင့္ လူေသတာေတြ မၾကာခဏ ေတြ႕ရတယ္။ မေသေတာင္ ပါး႐ြဲ႕၊ ေလျဖတ္တာ ေတာ္ေတာ္မ်ားတယ္။

    *ပန္ကာက လူဘယ္လိုသတ္ႏိုင္လဲ?

    ပန္ကာေရွ႕ အေအး၊ ဘီယာ ပုလင္းတစ္လုံး ေရစို အဝတ္ပတ္ၿပီး ခ်ထားၾကည့္ပါ။ တစ္နာရီေက်ာ္ေလာက္ဆိုရင္ ေတာ္ေတာ္ ေအးျမသြားတာ ေတြ႕ပါလိမ့္မယ္။ ေရခဲေသတၱာမရွိတဲ့ ေနရာေတြမွာ အေအးေသာက္ခ်င္ သုံးလို႔ရပါတယ္။ ပန္ကာေလေၾကာင့္ ပတ္ထားတဲ့ ေရစိုအဝတ္ဟာ အေငြ႕ပ်ံတယ္။ အေငြ႕ပ်ံဖို႔ အပူလိုအပ္ပါတယ္ (စာမွာေတာ့ ေအာင္းပူလို႔ ေခၚပါတယ္။) လိုအပ္တဲ့ အပူကို ပုလင္းဆီက စုတ္ယူလိုက္ေတာ့၊ အဝတ္က ေျခာက္ေသြ႕လာတာနဲ႔အမွ် ပုလင္းလဲ ေအးျမသြားပါတယ္။ လူကအိုက္လို႔ ညဘက္ေရထခ်ိဳးတယ္၊ ေခါင္းေလွ်ာ္တယ္။ ၿပီးေတာ့ အိပ္ရာထဲ ေခြၽးမျပန္ေအာင္ ပန္ကာဖြင့္ အိပ္တတ္ၾကတယ္။

    ပန္ကာဖြင့္ေတာ့ ထုံးစံအတိုင္း စိုစိစိေတြက အေငြ႕ထပ်ံပါတယ္။ လိုအပ္တဲ့ အပူခ်ိန္ကိုေတာ့ ဦးေခါင္းကေန ရယူပါတယ္။ ဒါေၾကာင့္ ဦးေခါင္း တေျဖးေျဖး အပူခ်ိန္ေလ်ာ့လာတယ္။ အိပ္မေပ်ာ္ေသးခင္ေတာ့ ခႏၡာကိုယ္က အပူထုတ္ေပးေနေတာ့ သိပ္ျပႆနာမေပးေသးပါဘူး။ အိပ္ေပ်ာ္သြားၿပီဆိုရင္ အပူ မထုတ္ေတာ့ပါဘူး (အပူထုတ္တာ အရမ္း နည္းသြားတယ္။) ဒါေၾကာင့္ ဦးေခါင္းဟာ အတိုင္းအဆမရွိ ေအးလာတယ္။ ေအးလာေတာ့ ဦးေခါင္းက အေရျပား က်ဳံ႔လာပါတယ္။ အတြင္းပိုင္းကေတာ့ အခန္း အပူအခ်ိန္ အတိုင္းပဲ ဆက္ရွိေနတယ္။ ဒါေၾကာင့္ ဦးေခါင္းကို စီးေနတဲ့ ေသြးေတြကို အတင္း ျဖစ္ညႇစ္သလိုျဖစ္ၿပီး ေသြးေၾကာျပတ္ကာ မနက္က်ေတာ့ ေလွ်ာေနေတာ့တာပါ။ အိမ္နီးနားခ်င္း ၂ ဦး ၃ ဦး ျဖစ္ဘူးၾကတယ္။ တစ္ခ်ိဳ႕က ေသေလာက္တဲ့အထိ မျဖစ္ေပမယ့္ ပါး႐ြဲ႕ျခင္း၊ ေလျဖတ္ျခင္း ျဖစ္ၾကတယ္။

    *ဒါေတြ သတိထားပါ။

    ညမိုးခ်ဳပ္ အိပ္ခါနီးမွ ေခါင္းမေလွ်ာ္ပါနဲ႔။ မိန္းကေလးမ်ား ပိုဆိုးပါတယ္။ ဘယ္လိုမွ မေျခာက္ပဲ စိုထိုင္းထိုင္းနဲ႔ အိပ္ယာဝင္ရင္ ဒုကၡေရာက္ၿပီ။ အသက္ ၃၀ မျပည့္ေသးတဲ့ အသိ မိန္းကေလး ပါး႐ြဲ႕သြားခဲ့ပါတယ္။ ပန္ကာနဲ႔ အိပ္မယ္ဆို ၁ နာရီေလာက္ အိပ္ေပ်ာ္ခ်ိန္မွန္း timer ေပးအိပ္ပါ။ Timer မရွိရင္ ပန္ကာေလကို တိုက္႐ိုက္ မထိပါေစနဲ႔။ အရက္ ေသာက္ၿပီး အိပ္ရင္လည္း ပန္ကာေလ တိုက္႐ိုက္မထိပါေစနဲ႔။ အသိတစ္ေယာက္ ေလျဖတ္ခဲ့ၿပီး အိမ္နီးခ်င္း ၂ ေယာက္ ေသသြားခဲ့ဘူးပါတယ္။

    Credit : Moe Hein

    က်န္းမာေရးဗဟုသုတမ်ား

    (Unicode)

    ပူလွန်းတဲ့ ရာသီဆို လူတွေက ပူအိုက်တာ သက်သာအောင် ယပ်တောင်၊ ပန်ကာ၊ အဲယားကွန်း အသုံးပြုလာကြတော့တယ်။ ယပ်တောင်နဲ့ အဲကွန်းက ဒီလောက် ပြဿနာမရှိပေမယ့်၊ ပန်ကာကြောင့် လူသေတာတွေ မကြာခဏ တွေ့ရတယ်။ မသေတောင် ပါးရွဲ့၊ လေဖြတ်တာ တော်တော်များတယ်။

    *ပန်ကာက လူဘယ်လိုသတ်နိုင်လဲ?

    ပန်ကာရှေ့ အအေး၊ ဘီယာ ပုလင်းတစ်လုံး ရေစို အဝတ်ပတ်ပြီး ချထားကြည့်ပါ။ တစ်နာရီကျော်လောက်ဆိုရင် တော်တော် အေးမြသွားတာ တွေ့ပါလိမ့်မယ်။ ရေခဲသေတ္တာမရှိတဲ့ နေရာတွေမှာ အအေးသောက်ချင် သုံးလို့ရပါတယ်။ ပန်ကာလေကြောင့် ပတ်ထားတဲ့ ရေစိုအဝတ်ဟာ အငွေ့ပျံတယ်။ အငွေ့ပျံဖို့ အပူလိုအပ်ပါတယ် (စာမှာတော့ အောင်းပူလို့ ခေါ်ပါတယ်။) လိုအပ်တဲ့ အပူကို ပုလင်းဆီက စုတ်ယူလိုက်တော့၊ အဝတ်က ခြောက်သွေ့လာတာနဲ့အမျှ ပုလင်းလဲ အေးမြသွားပါတယ်။ လူကအိုက်လို့ ညဘက်ရေထချိုးတယ်၊ ခေါင်းလျှော်တယ်။ ပြီးတော့ အိပ်ရာထဲ ချွေးမပြန်အောင် ပန်ကာဖွင့် အိပ်တတ်ကြတယ်။

    ပန်ကာဖွင့်တော့ ထုံးစံအတိုင်း စိုစိစိတွေက အငွေ့ထပျံပါတယ်။ လိုအပ်တဲ့ အပူချိန်ကိုတော့ ဦးခေါင်းကနေ ရယူပါတယ်။ ဒါကြောင့် ဦးခေါင်း တဖြေးဖြေး အပူချိန်လျော့လာတယ်။ အိပ်မပျော်သေးခင်တော့ ခန္ခာကိုယ်က အပူထုတ်ပေးနေတော့ သိပ်ပြဿနာမပေးသေးပါဘူး။ အိပ်ပျော်သွားပြီဆိုရင် အပူ မထုတ်တော့ပါဘူး (အပူထုတ်တာ အရမ်း နည်းသွားတယ်။) ဒါကြောင့် ဦးခေါင်းဟာ အတိုင်းအဆမရှိ အေးလာတယ်။ အေးလာတော့ ဦးခေါင်းက အရေပြား ကျုံ့လာပါတယ်။ အတွင်းပိုင်းကတော့ အခန်း အပူအချိန် အတိုင်းပဲ ဆက်ရှိနေတယ်။ ဒါကြောင့် ဦးခေါင်းကို စီးနေတဲ့ သွေးတွေကို အတင်း ဖြစ်ညှစ်သလိုဖြစ်ပြီး သွေးကြောပြတ်ကာ မနက်ကျတော့ လျှောနေတော့တာပါ။ အိမ်နီးနားချင်း ၂ ဦး ၃ ဦး ဖြစ်ဘူးကြတယ်။ တစ်ချို့က သေလောက်တဲ့အထိ မဖြစ်ပေမယ့် ပါးရွဲ့ခြင်း၊ လေဖြတ်ခြင်း ဖြစ်ကြတယ်။

    *ဒါတွေ သတိထားပါ။

    ညမိုးချုပ် အိပ်ခါနီးမှ ခေါင်းမလျှော်ပါနဲ့။ မိန်းကလေးများ ပိုဆိုးပါတယ်။ ဘယ်လိုမှ မခြောက်ပဲ စိုထိုင်းထိုင်းနဲ့ အိပ်ယာဝင်ရင် ဒုက္ခရောက်ပြီ။ အသက် ၃၀ မပြည့်သေးတဲ့ အသိ မိန်းကလေး ပါးရွဲ့သွားခဲ့ပါတယ်။ ပန်ကာနဲ့ အိပ်မယ်ဆို ၁ နာရီလောက် အိပ်ပျော်ချိန်မှန်း timer ပေးအိပ်ပါ။ Timer မရှိရင် ပန်ကာလေကို တိုက်ရိုက် မထိပါစေနဲ့။ အရက် သောက်ပြီး အိပ်ရင်လည်း ပန်ကာလေ တိုက်ရိုက်မထိပါစေနဲ့။ အသိတစ်ယောက် လေဖြတ်ခဲ့ပြီး အိမ်နီးချင်း ၂ ယောက် သေသွားခဲ့ဘူးပါတယ်။

    Credit : Moe Hein

    ကျန်းမာရေးဗဟုသုတများ