Category: ဗဟုတုသ

  • စကၤာပူရဲ႔ အထိမ္းအမွတ္ ျခေသ့တၤစ္ပိုင္း ငါးတစ္ပိုင္း ႐ုပ္ထုျဖစ္ေပၚလာပုံ

    (Zawgyi)
    မိတ္ေဆြတစ္ေယာက္က ကြၽန္ေတာ့္ကို စကၤာပူႏိုင္ငံမွာရွိတဲ့ ျခေသ့တၤစ္ပိုင္း ငါးတစ္ပိုင္း ႐ုပ္ထုျဖစ္ေပၚလာပုံအေၾကာင္းကို လာေမးထားတယ္ ခင္ဗ်။

    ဒါ့ေၾကာင့္ ကြၽန္ေတာ္ ေလ့လာထားမိသေလာက္ကို ေျပာျပေပးပါ့မယ္။ စကၤာပူႏိုင္ငံမွာရွိတဲ့ ျခေသ့တၤစ္ပိုင္း ငါးတစ္ပိုင္း ႐ုပ္ထုကို မာလိုင္း႐ြန္း(Merlion)လို႔ေခၚတယ္။မာ(Mer)ဆိုတဲ့ အဓိပၸါယ္က ပင္လယ္(Sea)ကို ေဖာ္ၫႊန္းထားျခင္းျဖစ္တယ္။ လိုင္း႐ြန္း(Lion)ဆိုတာကေတာ့ ျခေသ့ၤ”ျဖစ္ပါတယ္။

    စကၤာပူႏိုင္ငံဟာ မေလးရွားႏိုင္ငံကေနၿပီး 9 August 1965 မွာ ခြဲထြက္သြားခဲ့တာပါ။ ယခု စကၤာပူႏိုင္ငံဆိုတာဟာ ယခင္ ( 9 August 1965 )မတိုင္မွီက မေလးရွားႏိုင္ငံ ျဖစ္ပါတယ္။

    ဒါ့ေၾကာင့္ စကၤာပူႏိုင္ငံရဲ႕ ပထမဆုံးအမည္က တိမာဆက္(Temasek)လို႔ေခၚဆိုပါတယ္။ Temasek ရဲ႕အဓိပၸါယ္ဟာ လြန္ခဲ့တဲ့ (၁၃)ရာစုႏွစ္ မေလးရွား ဘာသာရပ္တစ္ခုကေန ဆင္းသက္လာၿပီး အဂၤလိပ္ဘာသာျဖင့္ ျခေသ့ၿမႋဳ႕ေတာ္”Lion city(or)kota singa”လို႔ အဓိပၸါယ္ရပါတယ္။
    Temasek”ဆိုတဲ့ ၿမိဳ႕အမည္ကေနတဆင့္ ခြဲထြက္ၿပီးေနာက္ပိုင္းမွာေတာ့ စကၤာပူရာ(Singapura)ဟု ေျပာင္းလဲေခၚဆိုခဲ့ပါတယ္။

    Singapura”ရဲ႕ အဓိပၸာယ္ဟာလည္း အဂၤလိပ္ဘာသာျဖင့္ ျခေသ့ၿမႋဳ႕ေတာ္”Lion city(or)kota singa”သာ ျဖစ္ပါတယ္။ အခုထပ္မံေျပာင္းလဲေခၚဆိုတဲ့အမည္က စကၤာပူ(Singapore)ျဖစ္ပါတယ္။

    အခု စကၤာပူၿမိဳ႕ေတာ္ တည္ရွိတဲ့ေနရာဟာ ယခင္ေခတ္ကာလ (၁၃)ရာစု မတိုင္မွီတုန္းက မေလးရွားႏိုင္ငံသား တံငါသည္မ်ား ေနထိုင္တဲ့ ပင္လယ္ဝကြၽန္းစု တံငါ႐ြာေလး ျဖစ္ပါတယ္။ အဲဒီ ကြၽန္းစု႐ြာေလးကို တံငါ႐ြာ(fishing village)လို႔ ေခၚဆိုပါတယ္။

    ထို႔ေၾကာင့္ ၿမိဳ႕ေတာ္အမည္ (lion city)ျဖစ္သည့္အတြက္ေၾကာင့္ ျခေသ့ၤ ဦးေခါင္းပိုင္းကိုရယူၿပီး တံငါ႐ြာေလးကေန သက္ဆင္းလာရျခင္းေၾကာင့္ ငါးအၿမီးပိုင္းနဲ႔အတူ ေပါင္းစပ္၊တြဲလွ်က္(Combines)ထုလုပ္ တင္စားထားျခင္းျဖစ္ပါတယ္။

    ဒါပါပဲ ၿမိဳ႕အမည္နဲ႔ယခင္ အသက္ေမြးဝမ္းေၾကာင္း အလုပ္နဲ႔ ေပါင္းစပ္ဖြဲ႕စည္းၿပီး ပုံေဖာ္ထုလုပ္ စိုက္ထူထားျခင္းျဖစ္တယ္။

    ဒါ့ေၾကာင့္ စကၤာပူႏိုင္ငံဟာ မူလပထမ သမိုင္းေၾကာင္းမွာကတည္းက တံငါသည္ဘဝကေန ဆင္းသက္လာတာျဖစ္ၿပီး ဘဝမေမ့ဘူးလို႔ ေျပာလို႔ရပါတယ္။ ကိုယ္ ဘယ္ဘဝကေန ဆင္းသက္လာသလဲဆိုတာ ဘဝမေမ့ဖို႔ အေရးႀကီးပါတယ္။

    Credit – Win Min Phyo (ဘဝခါးခါး)

    (Unicode)
    မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို စင်္ကာပူနိုင်ငံမှာရှိတဲ့ ခြသေ့င်္တစ်ပိုင်း ငါးတစ်ပိုင်း ရုပ်ထုဖြစ်ပေါ်လာပုံအကြောင်းကို လာမေးထားတယ် ခင်ဗျ။

    ဒါ့ကြောင့် ကျွန်တော် လေ့လာထားမိသလောက်ကို ပြောပြပေးပါ့မယ်။ စင်္ကာပူနိုင်ငံမှာရှိတဲ့ ခြသေ့င်္တစ်ပိုင်း ငါးတစ်ပိုင်း ရုပ်ထုကို မာလိုင်းရွန်း(Merlion)လို့ခေါ်တယ်။မာ(Mer)ဆိုတဲ့ အဓိပ္ပါယ်က ပင်လယ်(Sea)ကို ဖော်ညွှန်းထားခြင်းဖြစ်တယ်။ လိုင်းရွန်း(Lion)ဆိုတာကတော့ ခြသေ့ၤ”ဖြစ်ပါတယ်။

    စင်္ကာပူနိုင်ငံဟာ မလေးရှားနိုင်ငံကနေပြီး 9 August 1965 မှာ ခွဲထွက်သွားခဲ့တာပါ။ ယခု စင်္ကာပူနိုင်ငံဆိုတာဟာ ယခင် ( 9 August 1965 )မတိုင်မှီက မလေးရှားနိုင်ငံ ဖြစ်ပါတယ်။

    ဒါ့ကြောင့် စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးအမည်က တိမာဆက်(Temasek)လို့ခေါ်ဆိုပါတယ်။ Temasek ရဲ့အဓိပ္ပါယ်ဟာ လွန်ခဲ့တဲ့ (၁၃)ရာစုနှစ် မလေးရှား ဘာသာရပ်တစ်ခုကနေ ဆင်းသက်လာပြီး အင်္ဂလိပ်ဘာသာဖြင့် ခြသေ့ြင်္မို့တော်”Lion city(or)kota singa”လို့ အဓိပ္ပါယ်ရပါတယ်။
    Temasek”ဆိုတဲ့ မြို့အမည်ကနေတဆင့် ခွဲထွက်ပြီးနောက်ပိုင်းမှာတော့ စင်္ကာပူရာ(Singapura)ဟု ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။

    Singapura”ရဲ့ အဓိပ္ပာယ်ဟာလည်း အင်္ဂလိပ်ဘာသာဖြင့် ခြသေ့ြင်္မို့တော်”Lion city(or)kota singa”သာ ဖြစ်ပါတယ်။ အခုထပ်မံပြောင်းလဲခေါ်ဆိုတဲ့အမည်က စင်္ကာပူ(Singapore)ဖြစ်ပါတယ်။

    အခု စင်္ကာပူမြို့တော် တည်ရှိတဲ့နေရာဟာ ယခင်ခေတ်ကာလ (၁၃)ရာစု မတိုင်မှီတုန်းက မလေးရှားနိုင်ငံသား တံငါသည်များ နေထိုင်တဲ့ ပင်လယ်ဝကျွန်းစု တံငါရွာလေး ဖြစ်ပါတယ်။ အဲဒီ ကျွန်းစုရွာလေးကို တံငါရွာ(fishing village)လို့ ခေါ်ဆိုပါတယ်။

    ထို့ကြောင့် မြို့တော်အမည် (lion city)ဖြစ်သည့်အတွက်ကြောင့် ခြသေ့ၤ ဦးခေါင်းပိုင်းကိုရယူပြီး တံငါရွာလေးကနေ သက်ဆင်းလာရခြင်းကြောင့် ငါးအမြီးပိုင်းနဲ့အတူ ပေါင်းစပ်၊တွဲလျှက်(Combines)ထုလုပ် တင်စားထားခြင်းဖြစ်ပါတယ်။

    ဒါပါပဲ မြို့အမည်နဲ့ယခင် အသက်မွေးဝမ်းကြောင်း အလုပ်နဲ့ ပေါင်းစပ်ဖွဲ့စည်းပြီး ပုံဖော်ထုလုပ် စိုက်ထူထားခြင်းဖြစ်တယ်။

    ဒါ့ကြောင့် စင်္ကာပူနိုင်ငံဟာ မူလပထမ သမိုင်းကြောင်းမှာကတည်းက တံငါသည်ဘဝကနေ ဆင်းသက်လာတာဖြစ်ပြီး ဘဝမမေ့ဘူးလို့ ပြောလို့ရပါတယ်။ ကိုယ် ဘယ်ဘဝကနေ ဆင်းသက်လာသလဲဆိုတာ ဘဝမမေ့ဖို့ အရေးကြီးပါတယ်။

    Credit – Win Min Phyo (ဘဝခါးခါး)

  • အုန္းဆီရဲ႕ လူသိနည္းတဲ့ အသံုးျပဳနည္း ၆ ခ်က္

     

    ျမန္မာလူမ်ိဳး အမ်ားစုရဲ႕ အုန္းဆီအသံုးျပဳပံုကေတာ့ ရိုးရွင္းပါတယ္။ ဆံေကသာ ေကာင္းျခင္းေတြအတြက္ အမ်ားဆံုး အသံုးျပဳၾကၿပီး ခ်က္ျပဳတ္ရာမွာလည္း အသံုးျပဳၾကပါတယ္။ အုန္းဆီကို အသံုးျပဳပံု အျခားနည္းလမ္းေတြ ရွိပါေသးတယ္။ လူသိနည္းတဲ့ နည္းလမ္းေတြ ျဖစ္ၿပီး ကိုယ့္ပတ္၀န္းက်င္မွာ အသံုး၀င္မယ့္ နည္းလမ္းေတြကို မွ်ေ၀ခ်င္ပါတယ္။

    ၁။ အိမ္ေမြးေခြးေတြ အတြက္ အသံုး၀င္
    သင့္ရဲ႕ ခ်စ္စရာ ေခြးေလးဟာ ေျပးလႊား ကစားရတာ ႏွစ္သက္တဲ့ သတၱ၀ါေလး ျဖစ္ပါတယ္။ သူတို႔ ေျပးလႊားကစားရင္း သူတို႔ေျခဖ၀ါးေတြ အက္ကြဲၿပီး ၾကမ္းတမ္းတာေတြ ျဖစ္ေလ့ရွိပါတယ္။ တစ္ခါတရံ နာက်င္တတ္ၿပီး ခုန္ဆြ ခုန္ဆြ ျဖစ္ေနတတ္ပါတယ္။ ဒါေတြ သက္သာေအာင္ ေျခဖ၀ါးေလးေတြကို အုန္းဆီနဲ႔ သုတ္လိမ္းေပးလို႔ ရပါတယ္။ အက္ကြဲေနတာေတြကို သက္သာေစၿပီး ေခ်ာေမြ႔ေစပါတယ္။ Moisturizing ပါ၀င္တာေၾကာင့္ ပိုးကို သန္႔စင္ေစတဲ့ အစြမ္းသတၱိရွိပါတယ္။ ေျခေထာက္က အနံ႔ဆိုးေတြကိုပါ ေပ်ာက္ကင္းေစႏုိင္ပါတယ္။

    ၂။ Cast Iron ဒယ္အိုးျပားေတြ ျပန္သန္႔စင္ႏိုင္
    ဂ်ိဳးေတြ ကပ္သြားလို႔ ျဖစ္ျဖစ္၊ အသားေတြရဲ႕အဆီေတြ ကပ္ေနလို႔ ျဖစ္ျဖစ္ ဒယ္အိုးျပားဟာ ညစ္ပတ္သြားပါတယ္။ သာမာန္ ဆပ္ျပာေတြ ေရေႏြးေတြနဲ႔ ေဆးေၾကာလို႔ မေျပာင္စင္ႏိုင္ပါဘူး။  ဒီအေျခအေနကို အုန္းဆီက ေျဖရွင္းေပးႏုိုင္ပါတယ္။ အုန္းဆီကို တစ္ရူးနဲ႔ အိုးအျပင္ေရာ အတြင္းပါ အႏွံ႔သုတ္ၿပီး ပြတ္ေပးပါ။ ၿပီးရင္ တစ္ရူးေနာက္တစ္ခုနဲ႔ ေျခာက္ေအာင္ ျပန္သုတ္လိုက္ပါ။ သန္႔စင္သြားတဲ့ ဒယ္အိုးကို ျပန္ရပါၿပီ။

    ၃။ အ၀တ္ေတြကို သန္႔စင္ႏုိင္

    အုန္းဆီကို အိမ္တြင္းလုပ္ အ၀တ္ေလွ်ာ္ ဆပ္ျပာအေနနဲ႔ သံုးလို႔ ရပါတယ္။ ဘာေၾကာင့္လဲဆို ဓာတုပစၥည္း တစ္မ်ိဳးအေနနဲ႔ ဓာတ္ျပဳၿပီး ဆပ္ျပာျမဳပ္ေကာင္းေကာင္း ထြက္ပါတယ္။

    ၄။ အနာေတြကို သက္သာေစႏိုင္

    အပူနာေတြ၊ ျပည္တည္နာေတြကို အုန္းဆီလိမ္းေပးရင္ သက္သာေစပါတယ္။ အုန္းဆီဟာ ပိုးမႊားေတြကို သတ္ေပးႏုိင္တဲ့ အစြမ္း ရွိပါတယ္။ လူေတြရဲ႕ အနာေတြကို လိမ္းေပးႏုိင္သလို အိမ္ေမႊး တိရိစာၦန္ေတြရဲ႕ အနာေတြကိုလည္း လိမ္းေပးႏုိင္ပါတယ္။

    ၅။ အလြယ္တကူ မီးေမႊးႏုိင္
    အေၾကာင္းတစ္စံုတရာေၾကာင့္ မီးေမႊးဖို႔ လိုတဲ့ ေနရာေတြမွာ မီးေမႊးေနက် မဟုတ္လို႔ အခက္အခဲ ျဖစ္ေနရင္ ၀ါဂြမ္းစေလးနဲ႔ အုန္းဆီကို တို႔ၿပီး မီးရွိဳ႕ေပးလိုက္ပါ။ ခဏေလးနဲ႔ မီးေတာက္ေစပါတယ္။

    ၆။ သစ္သားစဥ္းႏွီျပားကို သန္႔စင္ႏိုင္
    သစ္သားစဥ္းႏွီျပားေတြ ၾကာလာတဲ့ အခါ ညစ္လာၿပီး အေရာင္မေကာင္းေတာ့တာ ႀကံဳဖူးမွာပါ။ အုန္းဆီဟာ မူလအတိုင္း ျပန္ၿပီး ေကာင္းမြန္ဖို႔ ကူညီႏိုင္ပါတယ္။ ပိုးမႊားေတြကို ေသေစႏိုင္တဲ့ အစြမ္းရွိတာေၾကာင့္ စဥ္းႏွီးျပားေပၚက အညစ္အေၾကးေတြ အားလံုးကို သန္႔စင္ၿပီးသား ျဖစ္ေစပါတယ္။

    ဆံပင္ကို သန္ေစရံုမက တျခား အသံုး၀င္တဲ့ အရာေတြ ရွိေနတဲ့ အုန္းဆီကို ေဆာင္ထားဖို႔ သင့္ေနၿပီေနာ္။
    Credit: Prevention.com

  • လူသိမမ်ားေသးတဲ့ ဝါးပင္မွထြက္တဲ့ ေဆးဖက္ဝင္ ဝါးေရ

    (Zawgyi)

    ေဆးဘက္ဝင္ ဝါးေရ

    “ဝါးေရ” ဆိုတာ တ႐ုတ္နဲ႔ ထိုင္းမွာ လူေျပာမ်ားေနတယ္။ ဝါး အတြင္းသားထဲက ထြက္တဲ့ေရ။ ေရ႐ိုး႐ိုးလိုဘဲ အေရာင္မရွိေပမယ့္ အနံ႔အရသာကေတာ့ ထူးျခားတယ္လို ဆိုတယ္။

    သူ႔ကို ေသာက္သုံးရင္ ဆီးေက်ာက္ ၊ သည္းေခ်ေက်ာက္မ်ားကို ေက်မြေစၿပီး ဆီးခ်ိဳကိုလည္း က်ေစတယ္ဆိုတယ္။ မ်က္ေစ့တိမ္စြဲျခင္းကိုလည္း ေပ်ာက္ကင္းေစႏိုင္တယ္။

    သူ႔ရဲ အဓိကလုပ္ေဆာင္မႈက ကိုယ္ခႏၶာတြင္းရွိ အဆိပ္အေတာက္မ်ားကို ဖယ္ရွားေပးျခင္း ျဖစ္ၿပီး သူ႔ကို ေသာက္ၿပီးတာနဲ႔ တကိုယ္လုံး ေပါ့ပါး လန္းဆန္းသြက္လက္သြားတယ္ လို႔ ဆိုပါတယ္။ အျခား ဘာေရာဂါႀကီးေတြ ေပ်ာက္ႏိုင္လဲဆိုတာေတာ့ စူးစမ္းေလ့လာဆဲ ရွိပါေသးတယ္။ ကိုယ့္အိမ္မွာ ဝါးပင္တစ္ပင္ေလာက္ရွိရင္ ဒီဝါးေရကို ကိုယ္တိုင္ထုတ္ယူလို႔ရတယ္။

    ေအာက္က သူမ်ားေရးထားတဲ့ ပို႔စ္ေလး ဆက္ဖတ္ၾကည့္ပါ။

    လူသိမမ်ားေသးတဲ့ ဝါးပင္မွထြက္တဲ့ ေဆးဖက္ဝင္ ဝါးေရ တဲ့။ ထန္းပင္မွ ထန္းေရထြက္တာသိေပမယ့္၊ ဝါးပင္မွ ဝါးေရထုတ္လို႔ရတယ္ဆိုတာ ခုမနက္ BBC ဦးဝင့္ျမင့္(အမည္မွတ္ရာမွာ အာနည္းသူမို႔ အမည္မွားပါက ခြင့္လႊတ္ပါလို႔ ေတာင္းပန္ပါတယ္)က႑ကို နားဆင္မွသာ ပထမဆုံး သိခြင့္ရပါတယ္။ ဝါးေရကို ေဆးဖက္ဝင္အျဖစ္နဲ႔ တ႐ုတ္ျပည္မွာေရာင္းစားလာတာ ၾကာၿပီလို႔ဆိုပါတယ္။ ထိုင္းမွာေတာ့အဲလိုဝါးေရ ထုတ္ေရာင္းတာ ၾကာေသးပုံမရပါ။ ဒါေပမယ့္ ခုခါမွာ တြက္ေျခကိုက္လို႔ အၿပိဳင္အဆိုင္ေတြပါ တိုးလာတယ္လို႔ ဆိုပါတယ္။ ထိုင္းဝါးေရတန္ဖိုးဟာ တစ္လီတာကို ၁၅ ဘတ္ရွိပါသတဲ့။ တ႐ုတ္မွာေတာ့ ဒီေဈးထက္ အဆမ်ားစြာရတယ္လို႔ဆိုပါတယ္။

    -ေဆးဖက္ဝင္ပုံ
    ဝါးေရဟာ ဆီးေရာဂါနဲ႔ ဆီးမွာေက်ာက္တည္ေရာဂါ သာမက မ်က္ေစ့တိမ္စြဲနာပါ ေပ်ာက္ေစႏိုင္တယ္လို႔ဆိုပါတယ္။(တိမ္ေရာဂါက ဆက္မေသာက္ရင္ ျပန္ေပၚတတ္တယ္လိုဆိုသလား ၾကားမိလိုက္သလိုဘဲ။)။

    – ဝါးေရကို ဒီလိုယူပါတဲ့
    ဘယ္ဝါးမ်ိဳးမဆို ဝါးေရယူလို႔ ရႏိုင္တယ္လို႔ဆိုပါတယ္။ ဝါးကိုင္းဖ်ားမွ ယူမယ္ဆို အနိမ့္အျမင့္ညီေသာ ဝါးကိုင္းေလးမ်ားကို လွီးျဖတ္ခါ ပလပ္စတိတ္အိတ္ သို႔မဟုတ္ ပုလင္းျဖင့္ခံယူႏိုင္သလို၊ ဝါးပင္ရင္း ႏွစ္လက္မကြာမွာ လြန္သြားျဖင့္ အေပါက္ေဖါက္ကာ သင့္ေလွ်ာ္ရာပိုက္ ပုလင္းမ်ားျဖင့္လဲ ရယူႏိုင္တယ္လို႔ဆိုပါတယ္။ ဒီလိုဝါးေရကို ခံယူရာမွာ ညအခ်ိန္ အထူးသျဖင့္ မနက္ေစာေစာ (၃) နာရီေလာက္ဟာ
    အေကာင္းဆုံးလို႔ဆိုပါတယ္။ ကိုင္းဖ်ားကယူရင္ တစ္ေန႔ကို တစ္လီတာေလာက္သာ ရႏိုင္ေပမယ့္၊ ပင္ရင္းမွယူပါက တစ္န႔လွ်င္ ၅ လီတာခန႔္ထိ ရႏိုင္တယ္လို႔ဆိုပါတယ္။ ပင္ရင္းမွ ယူတဲ့ခါ ေလဟာနယ္ကို ပိတ္တဲ့အေနနဲ႔ ဖေယာင္းကိုသုံးရမယ္လို အႀကံျပဳထားပါတယ္။ ေသာက္သုံးရာမွာလဲ အေရာင္အဆင္းမရွိေသာ္လဲ ထူျခားစြာ ေရ အရသာကိုခံစားရတယ္လို႔ဆိုပါတယ္။

    ေသာက္သုံး သယ္ယူရာမွာ ဒါေလးကိုေတာ့ သတိျပဳပါတဲ့။
    ေရခဲေသတၱာ ဒါမွမဟုတ္ ေရခဲဘူးထဲမွာထည့္ၿပီး ေသာက္ပါ သုံးပါ သယ္ယူပါလို႔ ဆိုပါတယ္။ ဝါးေရအျပာေရာင္ သမ္းလာရင္ မေသာက္သုံးသင့္ပါလို႔ သတိေပးထားပါတယ္။

    မၾကားစဖူး ထူးျခားတာရယ္၊ ေဆးဖက္ဝင္တာရယ္၊ ဝါးပင္ပိုင္ရွင္မ်ားနဲ႔ ဝါးထမ္းေရာင္းသူေလးမ်ားအတြက္ တစ္ဖက္တစ္လမ္းမွ အပိုဝင္ေငြ ရေစလိုတဲ့ေစတနာနဲ႔ မွ်ေဝလိုက္ပါတယ္။ ေဆးဖက္အမွန္ဝင္၍ ဝါးပင္ပိုင္ရွင္နဲ႔ ဝါးထမ္းေရာင္းကာ ဝမ္းစာရွာၾကသူမ်ား အက်ိဳးစီးပြား တိုးမ်ားႏိုင္ၾကပါေစသား။

    ( မၾကားစဖူး ထူးထူးျခားျခားမို႔ ႏႈီင္းႏႈိင္းခ်ိန္ခ်ိန္ သုခမိန္ ၊ ခ်ိန္ခ်ိန္ဆဆ ယူတတ္ၾကပါေစ)။

    Credit – U Thein Win

    (Unicode)
    ဆေးဘက်ဝင် ဝါးရေ

    “ဝါးရေ” ဆိုတာ တရုတ်နဲ့ ထိုင်းမှာ လူပြောများနေတယ်။ ဝါး အတွင်းသားထဲက ထွက်တဲ့ရေ။ ရေရိုးရိုးလိုဘဲ အရောင်မရှိပေမယ့် အနံ့အရသာကတော့ ထူးခြားတယ်လို ဆိုတယ်။

    သူ့ကို သောက်သုံးရင် ဆီးကျောက် ၊ သည်းချေကျောက်များကို ကျေမွစေပြီး ဆီးချိုကိုလည်း ကျစေတယ်ဆိုတယ်။ မျက်စေ့တိမ်စွဲခြင်းကိုလည်း ပျောက်ကင်းစေနိုင်တယ်။

    သူ့ရဲ အဓိကလုပ်ဆောင်မှုက ကိုယ်ခန္ဓာတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း ဖြစ်ပြီး သူ့ကို သောက်ပြီးတာနဲ့ တကိုယ်လုံး ပေါ့ပါး လန်းဆန်းသွက်လက်သွားတယ် လို့ ဆိုပါတယ်။ အခြား ဘာရောဂါကြီးတွေ ပျောက်နိုင်လဲဆိုတာတော့ စူးစမ်းလေ့လာဆဲ ရှိပါသေးတယ်။ ကိုယ့်အိမ်မှာ ဝါးပင်တစ်ပင်လောက်ရှိရင် ဒီဝါးရေကို ကိုယ်တိုင်ထုတ်ယူလို့ရတယ်။

    အောက်က သူများရေးထားတဲ့ ပို့စ်လေး ဆက်ဖတ်ကြည့်ပါ။

    လူသိမများသေးတဲ့ ဝါးပင်မှထွက်တဲ့ ဆေးဖက်ဝင် ဝါးရေ တဲ့။ ထန်းပင်မှ ထန်းရေထွက်တာသိပေမယ့်၊ ဝါးပင်မှ ဝါးရေထုတ်လို့ရတယ်ဆိုတာ ခုမနက် BBC ဦးဝင့်မြင့်(အမည်မှတ်ရာမှာ အာနည်းသူမို့ အမည်မှားပါက ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်)ကဏ္ဍကို နားဆင်မှသာ ပထမဆုံး သိခွင့်ရပါတယ်။ ဝါးရေကို ဆေးဖက်ဝင်အဖြစ်နဲ့ တရုတ်ပြည်မှာရောင်းစားလာတာ ကြာပြီလို့ဆိုပါတယ်။ ထိုင်းမှာတော့အဲလိုဝါးရေ ထုတ်ရောင်းတာ ကြာသေးပုံမရပါ။ ဒါပေမယ့် ခုခါမှာ တွက်ခြေကိုက်လို့ အပြိုင်အဆိုင်တွေပါ တိုးလာတယ်လို့ ဆိုပါတယ်။ ထိုင်းဝါးရေတန်ဖိုးဟာ တစ်လီတာကို ၁၅ ဘတ်ရှိပါသတဲ့။ တရုတ်မှာတော့ ဒီဈေးထက် အဆများစွာရတယ်လို့ဆိုပါတယ်။

    -ဆေးဖက်ဝင်ပုံ
    ဝါးရေဟာ ဆီးရောဂါနဲ့ ဆီးမှာကျောက်တည်ရောဂါ သာမက မျက်စေ့တိမ်စွဲနာပါ ပျောက်စေနိုင်တယ်လို့ဆိုပါတယ်။(တိမ်ရောဂါက ဆက်မသောက်ရင် ပြန်ပေါ်တတ်တယ်လိုဆိုသလား ကြားမိလိုက်သလိုဘဲ။)။

    – ဝါးရေကို ဒီလိုယူပါတဲ့
    ဘယ်ဝါးမျိုးမဆို ဝါးရေယူလို့ ရနိုင်တယ်လို့ဆိုပါတယ်။ ဝါးကိုင်းဖျားမှ ယူမယ်ဆို အနိမ့်အမြင့်ညီသော ဝါးကိုင်းလေးများကို လှီးဖြတ်ခါ ပလပ်စတိတ်အိတ် သို့မဟုတ် ပုလင်းဖြင့်ခံယူနိုင်သလို၊ ဝါးပင်ရင်း နှစ်လက်မကွာမှာ လွန်သွားဖြင့် အပေါက်ဖေါက်ကာ သင့်လျှော်ရာပိုက် ပုလင်းများဖြင့်လဲ ရယူနိုင်တယ်လို့ဆိုပါတယ်။ ဒီလိုဝါးရေကို ခံယူရာမှာ ညအချိန် အထူးသဖြင့် မနက်စောစော (၃) နာရီလောက်ဟာ
    အကောင်းဆုံးလို့ဆိုပါတယ်။ ကိုင်းဖျားကယူရင် တစ်နေ့ကို တစ်လီတာလောက်သာ ရနိုင်ပေမယ့်၊ ပင်ရင်းမှယူပါက တစ်န့လျှင် ၅ လီတာခန့်ထိ ရနိုင်တယ်လို့ဆိုပါတယ်။ ပင်ရင်းမှ ယူတဲ့ခါ လေဟာနယ်ကို ပိတ်တဲ့အနေနဲ့ ဖယောင်းကိုသုံးရမယ်လို အကြံပြုထားပါတယ်။ သောက်သုံးရာမှာလဲ အရောင်အဆင်းမရှိသော်လဲ ထူခြားစွာ ရေ အရသာကိုခံစားရတယ်လို့ဆိုပါတယ်။

    သောက်သုံး သယ်ယူရာမှာ ဒါလေးကိုတော့ သတိပြုပါတဲ့။
    ရေခဲသေတ္တာ ဒါမှမဟုတ် ရေခဲဘူးထဲမှာထည့်ပြီး သောက်ပါ သုံးပါ သယ်ယူပါလို့ ဆိုပါတယ်။ ဝါးရေအပြာရောင် သမ်းလာရင် မသောက်သုံးသင့်ပါလို့ သတိပေးထားပါတယ်။

    မကြားစဖူး ထူးခြားတာရယ်၊ ဆေးဖက်ဝင်တာရယ်၊ ဝါးပင်ပိုင်ရှင်များနဲ့ ဝါးထမ်းရောင်းသူလေးများအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရစေလိုတဲ့စေတနာနဲ့ မျှဝေလိုက်ပါတယ်။ ဆေးဖက်အမှန်ဝင်၍ ဝါးပင်ပိုင်ရှင်နဲ့ ဝါးထမ်းရောင်းကာ ဝမ်းစာရှာကြသူများ အကျိုးစီးပွား တိုးများနိုင်ကြပါစေသား။

    ( မကြားစဖူး ထူးထူးခြားခြားမို့ နှီုင်းနှိုင်းချိန်ချိန် သုခမိန် ၊ ချိန်ချိန်ဆဆ ယူတတ်ကြပါစေ)။

    Credit – U Thein Win

  • ေျမဂရန္အမည္ေပါက္ရေအာင္ ဘယ္လုိေဆာင္ရြက္ရသလဲ?

    (Zawgyi)
    ”ေျမဂရန္အမည္ေပါက္ရေအာင္ ဘယ္လုိေဆာင္ရြက္ရမလဲဆုိတာ သိခ်င္လုိ႔ပါ ဆရာ”

    မိတ္ေဆြတစ္ဦးက စာေရးသူ ရွိရာ႐ုံးခန္းသုိ႔ ေရာက္ရွိလာၿပီး ေဆြးေႏြးျခင္း ျဖစ္သည္။

    ”ဦးတင္က ေျမကြက္ဝယ္ထား လုိ႔လား”

    ”ဟုတ္ကဲ့ ဆရာ၊ အိမ္ကေတာ့ ပ်ဥ္ေထာင္အိမ္ေလးေတာ့ပါတယ္ ေျပာတယ္။ ေျမကြက္က ဂရန္ေျမကြက္ ဆုိေတာ့ဝယ္ထားရင္ေကာင္း မလားလုိ႔”

    ”ဂရန္ ဓာတ္ပုံမိတၱဴ ပါမလာဘူးလား”

    ”အခုက စုံစမ္း႐ုံအဆင့္ပဲဆုိ ေတာ့ ဂရန္ဓာတ္ပုံ မိတၱဴမရခဲ့ေသးဘူး”

    ”စရန္ေငြမခ်ရေသးဘူးေပါ့”

    ”ဟုတ္ပါတယ္ ဆရာ။ဘယ္လုိ အဆင့္ေတြ ေဆာင္ရြက္ရမယ္ဆုိတာလဲ သိခ်င္လုိ႔ဆရာ့ဆီ ဝင္လာတာ”

    ”ေျမဂရန္မွာ ေရာင္းမယ္ဆုိသူရဲ႕ အမည္ေပါက္လား”

    ”အက်ဳိးေဆာင္ အိမ္ပြဲစားေျပာတာေတာ့ ေရာင္းသူအမည္ေပါက္လုိ႔ ေျပာတယ္ ထင္တယ္။ ဂရန္အမည္ေပါက္ျဖစ္လုိ႔ အဆင္ေျပတယ္လုိ႔ ေျပာတာပဲ ဆရာ”

    ”ေရာင္းသူကုိယ္တုိင္ ေျမဂရန္ အမည္ေပါက္ ဆုိရင္ေတာ့လုပ္ေဆာင္ရမယ့္ အဆင့္က နည္းနည္း သက္သာသြားတာေပါ့။ ဒါေပမယ့္ ေျမဂရန္အမည္ေပါက္ျဖစ္သူက ကြယ္လြန္သြားမယ္။ ေျမဂရန္အမည္ ေပါက္သူထံက မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ မျပဳလုပ္ဘဲ ဝယ္ထားသူ ထပ္ဆင့္ ေရာင္းတာလည္း ရွိတတ္တယ္”

    ”ပထမဆုံး ဘယ္လုိ စိစစ္ေဆာင္ရြက္ရမလဲ ဆရာ”

    ”ေရာင္းသူက ေျမဂရန္ဓာတ္ပုံ မိတၱဴ မေပးရင္ေတာ့ ေျမကြက္အမွတ္၊ ဂရန္အမည္ေပါက္အမည္၊ အတုိင္း အတာ၊ ႏွစ္ ၆ဝ ဂရန္ ဟုတ္မဟုတ္ စတဲ့အခ်က္ေတြကုိ ေရးမွတ္ယူၿပီးရန္ကုန္ၿမိဳ႕ေတာ္ခန္းမမွာရွိတဲ့ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီၿမိဳ႕ျပႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနမွာ သြားေရာက္စုံစမ္းရပါတယ္”

    ”အခ်ဳိ႕ ေျမကြက္ေတြက ကန္႔ကြက္ထားတာေတြလည္းရွိတတ္တယ္လုိ႔ ေျပာတယ္ ဟုတ္ပါသလား”

    ”ျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္ သြားေရာက္စုံစမ္းတဲ့အခါမွာ ေရာင္းသူအမည္နဲ႔ ဂရန္မွာ အမည္ေပါက္ ေနသလား။ ကန္႔ကြက္သူ ရွိမရွိ၊ ဂရန္ သက္တမ္း ကုန္မကုန္ဆုိတဲ့ အခ်က္ေတြကို အဓိက
    စံုစမ္းရမွာ ျဖစ္တယ္”

    ”ဒီအခ်က္ေတြ ျပည့္စုံရင္ အ ေရာင္းအဝယ္လုပ္လုိ႔ ရၿပီလား”

    ”ေျမဂရန္အမည္ေပါက္က ေရာင္းမည့္သူ႔ရဲ႕ အမည္ျဖစ္ေနၿပီး၊ ႏွစ္ ၆ဝ ဂရန္ သက္တမ္းမကုန္ေသးဘူးျဖစ္မယ္၊ ကန္႔ကြက္ထားသူလည္း မရွိဘူးဆုိရင္ ‘စရန္ေပးစာခ်ဳပ္’ ခ်ဳပ္ ဆုိလုိ႔ ရၿပီေပါ့”

    ”အေရာင္းအဝယ္စရန္ေပး စာခ်ဳပ္ ခ်ဳပ္ဆုိၿပီးၿပီ ဆုိေတာ့ အေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဖုိ႔ ကိစၥက ဘယ္လုိေဆာင္ရြက္ ရပါသလဲ”

    ”အဆင့္ေတြကေတာ့မ်ားတယ္၊

    ဦးတင္နားလည္ေအာင္ ေျပာရရင္-

    ၁။ ဂရန္အမည္ေပါက္သူထံက တုိက္႐ုိက္ဝယ္မယ္ဆုိရင္ ေရာင္းသူ (ဂရန္အမည္ေပါက္သူ) က ၿမိဳ႕ေတာ္ခန္းမမွာ သြားၿပီး ေျမပုံေျမရာဇဝင္ကူးေပး ရပါမယ္။

    ၂။ ေျမပုံေျမရာဇဝင္ရၿပီဆုိရင္အေရာင္းအဝယ္ အရပ္ကတိစာခ်ဳပ္ကို ခ်ဳပ္ဆုိရပါတယ္။

    ၃။ အရပ္ကတိစာခ်ဳပ္ ခ်ဳပ္ၿပီးရင္ အေရာင္းအဝယ္ျပဳလုပ္တဲ့အိမ္နဲ႔ ေျမကို ေရွ႕ဘက္၊ ေဘးဘက္ ဓာတ္ပုံ ႏွစ္ပုံစီ၊

    စုစုေပါင္း ေလးပုံနဲ႔အတူ

    – အေရာင္းအဝယ္ ကတိစာခ်ဳပ္ မိတၱဴ၊

    – ဝယ္သူရဲ႕ ႏုိင္ငံသား ကတ္ျပား မိတၱဴ၊

    – အိမ္ေထာင္စု စာရင္း မိတၱဴ ေျခာက္စုံစီကို ယူသြားၿပီး ရန္ကုန္တုိင္းေဒသႀကီး ကာလတန္ဖုိး စိစစ္သတ္မွတ္ေရး အဖဲြ႔ (အခြန္ဦးစီးဌာန) မွာ အျမတ္ခြန္ေပးေဆာင္ဖုိ႔နဲ႔

    အခြန္ တံဆိပ္ေခါင္း ကပ္ဖု႔ိအတြက္ တင္ျပ ေလွ်ာက္ထားရပါတယ္။

    ၄။ သက္ဆုိင္ရာ အခြန္ဦးစီးဌာနက ေလွ်ာက္ထားသည့္ ေျမကြက္ကို ကြင္းဆင္းစစ္ေဆးပါတယ္။ ၿပီးေတာ့မွ အိမ္ႏွင့္ေျမကာလတန္ဖုိး သတ္မွတ္ေပးပါတယ္။

    ၅။ အိမ္ႏွင့္ ေျမကာလတန္ဖုိး သတ္မွတ္သည့္ တန္ဖုိးေငြ အေပၚ ဝယ္သူ အေနျဖင့္

    – ဝင္ေငြရလမ္းမေဖာ္ျပႏုိင္လွ်င္ ျဖစ္ေစ၊

    – ဝင္ေငြရလမ္း ေဖာ္ျပႏုိင္ေသာ္လည္း ဝယ္ေငြ တန္ဖုိးထက္ နည္းေနပါက ယင္းေငြကုိ ႏုတ္ၿပီး က်န္ေငြအေပၚမွာ

    အိမ္ေျမ တန္ဖုိး

    – (၁) က်ပ္မွ က်ပ္သိန္း ၃ဝဝ ထိ ၁၅ ရာခုိင္ႏႈန္း။

    – က်ပ္သိန္း ၃ဝ၁ မွ က်ပ္သိန္း ၁ဝဝဝ ထိ ၂ဝ ရာခုိင္ႏႈန္း။

    – က်ပ္သိန္း ၁ဝဝ၁ က်ပ္မွ အထက္ကို ၃ဝ ရာခုိင္ႏႈန္း သတ္မွတ္၍ အခြန္ေငြထမ္းေဆာင္ ရပါတယ္။ တစ္ဆက္တည္း အိမ္ေျမတန္ဖုိးေပၚ မူတည္ၿပီး တံဆိပ္ေခါင္းခြန္ ၄ ရာခုိင္ႏႈန္း စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခ်ဳပ္ဆုိရာမွာ ထမ္းေဆာင္ဖုိ႔အတြက္ သတ္မွတ္ေပးပါတယ္။

    ၆။ အဲဒီသတ္မွတ္ေပးထားတဲ့ က်သင့္သည့္ အခြန္ေငြကို မိမိေနထုိင္ရာၿမိဳ႕နယ္ အခြန္ဦးစီးဌာန႐ုံးနဲ႔ ၿမိဳ႕နယ္ဘဏ္ တုိ႔မွာ သြားေရာက္ေငြသြင္းရပါတယ္။ ၿမိဳ႕နယ္အခြန္ဦးစီးဌာနက ေငြသြင္းၿပီးေၾကာင္း တုိင္းအခြန္ဦးစီးဌာနကို အေၾကာင္းၾကားပါတယ္။ တုိင္းအခြန္ဦးစီးမွဴး႐ုံးက ရန္ကုန္ၿမိဳ႕ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးကုိ အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ဆုိႏုိင္ေၾကာင္း အေၾကာင္းၾကားစာ ေပးပုိ႔ပါတယ္။

    ၇။ ရန္ကုန္ၿမိဳ႕ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆုိတဲ့အခါ ေျမအမည္ေပါက္ ေရာင္းသူကုိယ္တုိင္ ေရာင္းသူအျဖစ္ လက္မွတ္ေရးထုိးရပါတယ္။ ဝယ္သူနဲ႔ သက္ေသ ႏွစ္ဦး၊ လက္မွတ္ေရး ထုိးရတယ္။စာခ်ဳပ္ခ်ဳပ္ဆုိၿပီးရင္ေတာ့ မွတ္ပုံတင္ေၾကးေပးသြင္းရပါ တယ္။

    ၈။ မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆုိၿပီး သုံးပတ္ၾကာရင္ေတာ့မွတ္ပုံတင္အၿပီးအပုိင္ အေရာင္းအဝယ္စာခ်ဳပ္ကိုထုတ္ယူလုိ႔ ရပါၿပီ”

    ”ေျမဂရန္အမည္ေျပာင္းမယ္ ဆုိရင္ဘယ္လုိဆက္လုပ္ရမလဲ ဆရာ”

    ”အေရာင္းအဝယ္ မွတ္ပုံတင္ စာခ်ဳပ္နဲ႔ ဝယ္သူ႔ရဲ႕မွတ္ပုံတင္ ကတ္ျပားကိုယူၿပီး ၿမိဳ႕ေတာ္ခန္းမကုိသြားလုိ႔အမည္ေျပာင္းေလွ်ာက္ထား ရပါတယ္။

    ေျမယာဌာနက သတ္မွတ္တဲ့ အမည္ေျပာင္းခ၊ သတင္းစာ ေၾကာ္ ျငာခေတြ ေပးသြင္းၿပီး ကန္႔ကြက္သူရွိ မရွိ တစ္ပတ္၊ ၇ ရက္ ေစာင့္ရပါတယ္။

    ကန္႔ကြက္သူမရွိရင္ေတာ့ မိမိ ဝယ္ထားတဲ့ ေျမဂရန္မူရင္းကို သက္ဆုိင္ရာက အမည္ေျပာင္းလဲ မွတ္သား ေပးသြားမွာျဖစ္ပါတယ္”

    ”ေက်းဇူးပဲ ဆရာ၊အခုလုိ သိထားေတာ့ ဝယ္သူအေနနဲ႔ စိစစ္ၿပီး စိတ္ေအးရတာေပါ့” ဟု ေျပာကာ ဉာဏ္ပူေဇာ္ခပါ ဆုိၿပီးေငြက်ပ္ ငါးေသာင္း ေပးသြား ခဲ့ပါသည္။

    ထီယု (ဥပေဒအတုိင္ပင္ခံ)

    Credit : Zaygwet Journal

    (Unicode)
    ”မြေဂရန်အမည်ပေါက်ရအောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ”

    မိတ်ဆွေတစ်ဦးက စာရေးသူ ရှိရာရုံးခန်းသို့ ရောက်ရှိလာပြီး ဆွေးနွေးခြင်း ဖြစ်သည်။

    ”ဦးတင်က မြေကွက်ဝယ်ထား လို့လား”

    ”ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေကွက် ဆိုတော့ဝယ်ထားရင်ကောင်း မလားလို့”

    ”ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူးလား”

    ”အခုက စုံစမ်းရုံအဆင့်ပဲဆို တော့ ဂရန်ဓာတ်ပုံ မိတ္တူမရခဲ့သေးဘူး”

    ”စရန်ငွေမချရသေးဘူးပေါ့”

    ”ဟုတ်ပါတယ် ဆရာ။ဘယ်လို အဆင့်တွေ ဆောင်ရွက်ရမယ်ဆိုတာလဲ သိချင်လို့ဆရာ့ဆီ ဝင်လာတာ”

    ”မြေဂရန်မှာ ရောင်းမယ်ဆိုသူရဲ့ အမည်ပေါက်လား”

    ”အကျိုးဆောင် အိမ်ပွဲစားပြောတာတော့ ရောင်းသူအမည်ပေါက်လို့ ပြောတယ် ထင်တယ်။ ဂရန်အမည်ပေါက်ဖြစ်လို့ အဆင်ပြေတယ်လို့ ပြောတာပဲ ဆရာ”

    ”ရောင်းသူကိုယ်တိုင် မြေဂရန် အမည်ပေါက် ဆိုရင်တော့လုပ်ဆောင်ရမယ့် အဆင့်က နည်းနည်း သက်သာသွားတာပေါ့။ ဒါပေမယ့် မြေဂရန်အမည်ပေါက်ဖြစ်သူက ကွယ်လွန်သွားမယ်။ မြေဂရန်အမည် ပေါက်သူထံက မှတ်ပုံတင် အရောင်းအဝယ်စာချုပ် မပြုလုပ်ဘဲ ဝယ်ထားသူ ထပ်ဆင့် ရောင်းတာလည်း ရှိတတ်တယ်”

    ”ပထမဆုံး ဘယ်လို စိစစ်ဆောင်ရွက်ရမလဲ ဆရာ”

    ”ရောင်းသူက မြေဂရန်ဓာတ်ပုံ မိတ္တူ မပေးရင်တော့ မြေကွက်အမှတ်၊ ဂရန်အမည်ပေါက်အမည်၊ အတိုင်း အတာ၊ နှစ် ၆ဝ ဂရန် ဟုတ်မဟုတ် စတဲ့အချက်တွေကို ရေးမှတ်ယူပြီးရန်ကုန်မြို့တော်ခန်းမမှာရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက်စုံစမ်းရပါတယ်”

    ”အချို့ မြေကွက်တွေက ကန့်ကွက်ထားတာတွေလည်းရှိတတ်တယ်လို့ ပြောတယ် ဟုတ်ပါသလား”

    ”ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားရောက်စုံစမ်းတဲ့အခါမှာ ရောင်းသူအမည်နဲ့ ဂရန်မှာ အမည်ပေါက် နေသလား။ ကန့်ကွက်သူ ရှိမရှိ၊ ဂရန် သက်တမ်း ကုန်မကုန်ဆိုတဲ့ အချက်တွေကို အဓိက
    စုံစမ်းရမှာ ဖြစ်တယ်”

    ”ဒီအချက်တွေ ပြည့်စုံရင် အ ရောင်းအဝယ်လုပ်လို့ ရပြီလား”

    ”မြေဂရန်အမည်ပေါက်က ရောင်းမည့်သူ့ရဲ့ အမည်ဖြစ်နေပြီး၊ နှစ် ၆ဝ ဂရန် သက်တမ်းမကုန်သေးဘူးဖြစ်မယ်၊ ကန့်ကွက်ထားသူလည်း မရှိဘူးဆိုရင် ‘စရန်ပေးစာချုပ်’ ချုပ် ဆိုလို့ ရပြီပေါ့”

    ”အရောင်းအဝယ်စရန်ပေး စာချုပ် ချုပ်ဆိုပြီးပြီ ဆိုတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက် ရပါသလဲ”

    ”အဆင့်တွေကတော့များတယ်၊

    ဦးတင်နားလည်အောင် ပြောရရင်-

    ၁။ ဂရန်အမည်ပေါက်သူထံက တိုက်ရိုက်ဝယ်မယ်ဆိုရင် ရောင်းသူ (ဂရန်အမည်ပေါက်သူ) က မြို့တော်ခန်းမမှာ သွားပြီး မြေပုံမြေရာဇဝင်ကူးပေး ရပါမယ်။

    ၂။ မြေပုံမြေရာဇဝင်ရပြီဆိုရင်အရောင်းအဝယ် အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

    ၃။ အရပ်ကတိစာချုပ် ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက် ဓာတ်ပုံ နှစ်ပုံစီ၊

    စုစုပေါင်း လေးပုံနဲ့အတူ

    – အရောင်းအဝယ် ကတိစာချုပ် မိတ္တူ၊

    – ဝယ်သူရဲ့ နိုင်ငံသား ကတ်ပြား မိတ္တူ၊

    – အိမ်ထောင်စု စာရင်း မိတ္တူ ခြောက်စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ (အခွန်ဦးစီးဌာန) မှာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့

    အခွန် တံဆိပ်ခေါင်း ကပ်ဖု့ိအတွက် တင်ပြ လျှောက်ထားရပါတယ်။

    ၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ်ပေးပါတယ်။

    ၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေ အပေါ် ဝယ်သူ အနေဖြင့်

    – ဝင်ငွေရလမ်းမဖော်ပြနိုင်လျှင် ဖြစ်စေ၊

    – ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေ တန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ

    အိမ်မြေ တန်ဖိုး

    – (၁) ကျပ်မှ ကျပ်သိန်း ၃ဝဝ ထိ ၁၅ ရာခိုင်နှုန်း။

    – ကျပ်သိန်း ၃ဝ၁ မှ ကျပ်သိန်း ၁ဝဝဝ ထိ ၂ဝ ရာခိုင်နှုန်း။

    – ကျပ်သိန်း ၁ဝဝ၁ ကျပ်မှ အထက်ကို ၃ဝ ရာခိုင်နှုန်း သတ်မှတ်၍ အခွန်ငွေထမ်းဆောင် ရပါတယ်။ တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း စာချုပ်စာတမ်း မှတ်ပုံတင်ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။

    ၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ်ဘဏ် တို့မှာ သွားရောက်ငွေသွင်းရပါတယ်။ မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီးဌာနကို အကြောင်းကြားပါတယ်။ တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။

    ၇။ ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။ ဝယ်သူနဲ့ သက်သေ နှစ်ဦး၊ လက်မှတ်ရေး ထိုးရတယ်။စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါ တယ်။

    ၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့မှတ်ပုံတင်အပြီးအပိုင် အရောင်းအဝယ်စာချုပ်ကိုထုတ်ယူလို့ ရပါပြီ”

    ”မြေဂရန်အမည်ပြောင်းမယ် ဆိုရင်ဘယ်လိုဆက်လုပ်ရမလဲ ဆရာ”

    ”အရောင်းအဝယ် မှတ်ပုံတင် စာချုပ်နဲ့ ဝယ်သူ့ရဲ့မှတ်ပုံတင် ကတ်ပြားကိုယူပြီး မြို့တော်ခန်းမကိုသွားလို့အမည်ပြောင်းလျှောက်ထား ရပါတယ်။

    မြေယာဌာနက သတ်မှတ်တဲ့ အမည်ပြောင်းခ၊ သတင်းစာ ကြော် ငြာခတွေ ပေးသွင်းပြီး ကန့်ကွက်သူရှိ မရှိ တစ်ပတ်၊ ၇ ရက် စောင့်ရပါတယ်။

    ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ထားတဲ့ မြေဂရန်မူရင်းကို သက်ဆိုင်ရာက အမည်ပြောင်းလဲ မှတ်သား ပေးသွားမှာဖြစ်ပါတယ်”

    ”ကျေးဇူးပဲ ဆရာ၊အခုလို သိထားတော့ ဝယ်သူအနေနဲ့ စိစစ်ပြီး စိတ်အေးရတာပေါ့” ဟု ပြောကာ ဉာဏ်ပူဇော်ခပါ ဆိုပြီးငွေကျပ် ငါးသောင်း ပေးသွား ခဲ့ပါသည်။

    ထီယု (ဥပဒေအတိုင်ပင်ခံ)

    Credit : Zaygwet Journal

  • ေဘာလုံး ကစားသမားမ်ား ႏွလုံး႐ုတ္တရက္ ရပ္သြားျခင္းေၾကာင့္ အသက္မဆုံးရႈံးဖို႔

    (Zawgyi)
    ေဘာလုံး ကစားသမားမ်ား ႏွလုံး႐ုတ္တရက္ ရပ္သြားျခင္းေၾကာင့္ အသက္မဆုံးရႈံးဖို႔

    ေဘာလုံး အားကစားဟာ ကမာၻမွာ လူစိတ္ဝင္စားမႈ အမ်ားဆုံး အားကစားျဖစ္တဲ့အတြက္ ပေရာ္ဖက္ရွင္နယ္ ကစားသမားေတြ၊ အေပ်ာ္တမ္း ကစားသမားေတြ အပါအဝင္ လူငယ္လူ႐ြယ္ က်ား/မ မေ႐ြး အသက္အ႐ြယ္ မ်ိဳးစုံ ေနရာေဒသမေ႐ြး ေဘာလုံးကစားၾကပါတယ္။ ရာသီဥတု မေ႐ြး ကစားၾကသလို ေနရာ ေဒသမေ႐ြး ကစားၾကပါတယ္။ ေဘာလုံးကြင္းထဲ ကန္ၾကသလို လမ္းေပၚမွာလည္း ကစားၾကတယ္။ အခ်ိဳ႕က က်န္းမာေရး အတြက္ ကစားၾကသလို ဝါသနာအရလည္း ကစားၾကတယ္။

    ဒီလိုကစားၾကတဲ့ ေနရာမွာ တစ္ဦးနဲ႔တစ္ဦး ထိမိခိုက္မိမႈေၾကာင့္ အေသးစား ဒဏ္ရာမ်ား ရတတ္ၾကသလို အသက္ အႏၲရာယ္ ထိခိုက္တဲ့အထိလည္း ကံဆိုးသြားတတ္ၾကတယ္။ ေဘာလုံးေၾကာင့္ အသက္ေသဆုံးၾကရသူေတြ ဆိုတာ ေဘာလုံးကစားတဲ့ လူဦးေရ ရာခိုင္ႏႈန္းနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ အင္မတန္ နည္းပါးပါတယ္။ သို႔ေသာ္လည္း ကံဆိုးသြားၾကရသူေတြေတာ့ ရွိပါတယ္။ ၂၀၁၇ ခုႏွစ္အတြင္း အာဖရိကန္ ကစားသမား (၄)ဦး၊ အင္ဒိုနီးရွား ကစားသမား (၁)ဦး၊ ဘယ္လ္ဂ်ီယံ ကစားသမား (၁)ဦး၊ ေသဆုံးခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာေတာ့ ခ႐ိုေအးရွား ကစားသမား (၁)ဦးနဲ႔ ေတာင္အာဖရိက ကစားသမား (၁)ဦးတို႔ အသက္ဆုံးရႈံးခဲ့ရၿပီး ယခုရက္ပိုင္းမွာလည္း ျမန္မာကစားသမား ၂ ဦး ကြယ္လြန္သြားခဲ့ျပန္ပါတယ္။ အမ်ားဆုံးကေတာ့ ႏွလုံးေရာဂါအခံေၾကာင့္ ေသဆုံးခဲ့ရသူေတြပါ။

    ႏွလုံးေရာဂါေၾကာင့္ ႐ုတ္တရက္ အသက္ဆုံးရႈံးျခင္း နဲ႔ပတ္သတ္လို႔ ျမန္မာႏိုင္ငံ ေဘာလုံး အဖြဲ႕ခ်ဳပ္ MFF Chief Medical Officer ေဒါက္တာေအာင္ေက်ာ္ဦးရဲ႕ အႀကံျပဳ ရွင္းလင္းခ်က္ကို မွ်ေဝေပးလိုက္ပါတယ္။

    Sudden Cardiac Arrest (SCA) ႏွလုံး႐ုတ္တရက္ ရပ္သြားျခင္း

    ျဖစ္ေပၚႏိုင္သည့္ လကၡဏာမ်ား

    – ကစားေနရင္း (သို႔) ကစားၿပီး ရင္ဘတ္ထဲမွာ တင္းတင္းၾကပ္ၾကပ္ ျဖစ္ေနမယ္။ Chest Pain ရမယ္။ ႏွလုံးခုန္ ျမန္ေနမယ္။ ႏုံးခ်ိခ်ိ ျဖစ္ေနမယ္။ မအီမသာျဖစ္ၿပီး ကိုယ္လက္ မသယ္ခ်င္ျဖစ္ေနမယ္။ အသက္ရႈရတာ ျမန္လာမယ္။ သတိလစ္မယ္ဆိုရင္ ဒါေတြဟာ (SCA) အခ်က္ျပ လကၡဏာေတြ ျဖစ္ပါတယ္။

    – Myocarditis ေၾကာင့္လည္းျဖစ္ေပၚႏိုင္ပါတယ္။ ႐ုတ္တရက္ ႏွလုံးႂကြက္သား ေရာင္ရမ္းျခင္းေၾကာင့္လည္း SCA ရႏိုင္ပါတယ္။ ဒါ့အျပင္ HOCM (Hypertrophic Obstructive Cardiomyopathy) ေၾကာင့္လည္း ျဖစ္ပါတယ္။ ကစားသမားေတြက ေလ့က်င့္မႈေၾကာင့္ ႏွလုံးႂကြက္သားေတြက သာမန္လူထက္ ပိုၿပီးႀကီးပါတယ္။ အဲ့ဒီလို အခ်ိန္မွာ Overload ျဖစ္ၿပီး ႏွလုံးႂကြက္သားကို ေသြးမေရာက္ဘဲ ႏွလုံး႐ုတ္တရက္ ရပ္သြားျခင္း SCA ရႏိုင္ပါတယ္။

    ႏွလုံး႐ုတ္တရက္ ရပ္သြားျခင္းေၾကာင့္ အသက္ဆုံးရႈံးမႈ မျဖစ္ေအာင္ ဘယ္လို ႀကိဳတင္ကာကြယ္ႏိုင္မလဲ?
    ၁။ Regular Medical Check Up ပုံမွန္က်န္းမာေရး စစ္ေဆးမႈျပဳလုပ္ရပါမယ္။

    ၂။ အဆီမ်ားေသာ အစားအစာမ်ား ( ႏွစ္ျပန္ေက်ာ္၊ ဆီေက်ာ္ အစားအစာမ်ား၊ အေရျပား၊ အာလူးေက်ာ္ Fast Food) စတာေတြ ေရွာင္သင့္ပါတယ္။

    ၃။ အရက္၊ ေဆးလိပ္ ေရွာင္ရပါမယ္။

    ၄။ အသီးအ႐ြက္မ်ားမ်ား စားေပးပါ။

    ၅။ ၿပိဳင္ပြဲေတြ ကစားကြင္းေတြမွာ အလိုအေလ်ာက္ ႏွလုံးႏိုးစက္ (AED)ေတြ ထားေပးရပါမယ္။ (AED စက္ေတြဟာ ကစားကြင္းေတြမွာသာမက Public Area ေတြမွာလည္း ထားရွိသင့္ပါတယ္။ ႏိုင္ငံအေတာ္မ်ားမ်ားက ေလဆိပ္ေတြမွာ Shopping Mall ေတြမွာ ႐ုပ္ရွင္႐ုံေတြမွာ အစရွိသျဖင့္ AED စက္ေတြ တပ္ဆင္ေပးထားေလ့ရွိပါတယ္)

    ၆။ လူနာတင္ယာဥ္ Ambulance ရွိရပါမယ္။

    ၇။ ကစားကြင္းမွ ေဆး႐ုံသို႔ ပို႔ဖို႔ ျမန္ဆန္လြယ္ကူတဲ့ အေျခအေန ျဖစ္ေနရပါမယ္။

    (ျမန္မာႏိုင္ငံ ေဘာလုံး အဖြဲ႕ခ်ဳပ္ MFF Chief Medical Officer ေဒါက္တာေအာင္ေက်ာ္ဦးရဲ႕ အႀကံျပဳ ရွင္းလင္းခ်က္)

    Credit : Myanmar Football Federation

    via – wunyan

    (Unicode)
    ဘောလုံး ကစားသမားများ နှလုံးရုတ်တရက် ရပ်သွားခြင်းကြောင့် အသက်မဆုံးရှုံးဖို့

    ဘောလုံး အားကစားဟာ ကမ္ဘာမှာ လူစိတ်ဝင်စားမှု အများဆုံး အားကစားဖြစ်တဲ့အတွက် ပရော်ဖက်ရှင်နယ် ကစားသမားတွေ၊ အပျော်တမ်း ကစားသမားတွေ အပါအဝင် လူငယ်လူရွယ် ကျား/မ မရွေး အသက်အရွယ် မျိုးစုံ နေရာဒေသမရွေး ဘောလုံးကစားကြပါတယ်။ ရာသီဥတု မရွေး ကစားကြသလို နေရာ ဒေသမရွေး ကစားကြပါတယ်။ ဘောလုံးကွင်းထဲ ကန်ကြသလို လမ်းပေါ်မှာလည်း ကစားကြတယ်။ အချို့က ကျန်းမာရေး အတွက် ကစားကြသလို ဝါသနာအရလည်း ကစားကြတယ်။

    ဒီလိုကစားကြတဲ့ နေရာမှာ တစ်ဦးနဲ့တစ်ဦး ထိမိခိုက်မိမှုကြောင့် အသေးစား ဒဏ်ရာများ ရတတ်ကြသလို အသက် အန္တရာယ် ထိခိုက်တဲ့အထိလည်း ကံဆိုးသွားတတ်ကြတယ်။ ဘောလုံးကြောင့် အသက်သေဆုံးကြရသူတွေ ဆိုတာ ဘောလုံးကစားတဲ့ လူဦးရေ ရာခိုင်နှုန်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အင်မတန် နည်းပါးပါတယ်။ သို့သော်လည်း ကံဆိုးသွားကြရသူတွေတော့ ရှိပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း အာဖရိကန် ကစားသမား (၄)ဦး၊ အင်ဒိုနီးရှား ကစားသမား (၁)ဦး၊ ဘယ်လ်ဂျီယံ ကစားသမား (၁)ဦး၊ သေဆုံးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ခရိုအေးရှား ကစားသမား (၁)ဦးနဲ့ တောင်အာဖရိက ကစားသမား (၁)ဦးတို့ အသက်ဆုံးရှုံးခဲ့ရပြီး ယခုရက်ပိုင်းမှာလည်း မြန်မာကစားသမား ၂ ဦး ကွယ်လွန်သွားခဲ့ပြန်ပါတယ်။ အများဆုံးကတော့ နှလုံးရောဂါအခံကြောင့် သေဆုံးခဲ့ရသူတွေပါ။

    နှလုံးရောဂါကြောင့် ရုတ်တရက် အသက်ဆုံးရှုံးခြင်း နဲ့ပတ်သတ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF Chief Medical Officer ဒေါက်တာအောင်ကျော်ဦးရဲ့ အကြံပြု ရှင်းလင်းချက်ကို မျှဝေပေးလိုက်ပါတယ်။

    Sudden Cardiac Arrest (SCA) နှလုံးရုတ်တရက် ရပ်သွားခြင်း

    ဖြစ်ပေါ်နိုင်သည့် လက္ခဏာများ

    – ကစားနေရင်း (သို့) ကစားပြီး ရင်ဘတ်ထဲမှာ တင်းတင်းကြပ်ကြပ် ဖြစ်နေမယ်။ Chest Pain ရမယ်။ နှလုံးခုန် မြန်နေမယ်။ နုံးချိချိ ဖြစ်နေမယ်။ မအီမသာဖြစ်ပြီး ကိုယ်လက် မသယ်ချင်ဖြစ်နေမယ်။ အသက်ရှုရတာ မြန်လာမယ်။ သတိလစ်မယ်ဆိုရင် ဒါတွေဟာ (SCA) အချက်ပြ လက္ခဏာတွေ ဖြစ်ပါတယ်။

    – Myocarditis ကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်။ ရုတ်တရက် နှလုံးကြွက်သား ရောင်ရမ်းခြင်းကြောင့်လည်း SCA ရနိုင်ပါတယ်။ ဒါ့အပြင် HOCM (Hypertrophic Obstructive Cardiomyopathy) ကြောင့်လည်း ဖြစ်ပါတယ်။ ကစားသမားတွေက လေ့ကျင့်မှုကြောင့် နှလုံးကြွက်သားတွေက သာမန်လူထက် ပိုပြီးကြီးပါတယ်။ အဲ့ဒီလို အချိန်မှာ Overload ဖြစ်ပြီး နှလုံးကြွက်သားကို သွေးမရောက်ဘဲ နှလုံးရုတ်တရက် ရပ်သွားခြင်း SCA ရနိုင်ပါတယ်။

    နှလုံးရုတ်တရက် ရပ်သွားခြင်းကြောင့် အသက်ဆုံးရှုံးမှု မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်နိုင်မလဲ?
    ၁။ Regular Medical Check Up ပုံမှန်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရပါမယ်။

    ၂။ အဆီများသော အစားအစာများ ( နှစ်ပြန်ကျော်၊ ဆီကျော် အစားအစာများ၊ အရေပြား၊ အာလူးကျော် Fast Food) စတာတွေ ရှောင်သင့်ပါတယ်။

    ၃။ အရက်၊ ဆေးလိပ် ရှောင်ရပါမယ်။

    ၄။ အသီးအရွက်များများ စားပေးပါ။

    ၅။ ပြိုင်ပွဲတွေ ကစားကွင်းတွေမှာ အလိုအလျောက် နှလုံးနိုးစက် (AED)တွေ ထားပေးရပါမယ်။ (AED စက်တွေဟာ ကစားကွင်းတွေမှာသာမက Public Area တွေမှာလည်း ထားရှိသင့်ပါတယ်။ နိုင်ငံအတော်များများက လေဆိပ်တွေမှာ Shopping Mall တွေမှာ ရုပ်ရှင်ရုံတွေမှာ အစရှိသဖြင့် AED စက်တွေ တပ်ဆင်ပေးထားလေ့ရှိပါတယ်)

    ၆။ လူနာတင်ယာဉ် Ambulance ရှိရပါမယ်။

    ၇။ ကစားကွင်းမှ ဆေးရုံသို့ ပို့ဖို့ မြန်ဆန်လွယ်ကူတဲ့ အခြေအနေ ဖြစ်နေရပါမယ်။

    (မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF Chief Medical Officer ဒေါက်တာအောင်ကျော်ဦးရဲ့ အကြံပြု ရှင်းလင်းချက်)

    Credit : Myanmar Football Federation

    via – wunyan

  • ေနပူထဲက ျပန္လာလွ်င္ျဖစ္ေစ၊ ေလ့က်င့္ခန္း လုပ္ေနစဥ္ျဖစ္ေစ ေရပမာဏ မ်ားမ်ားကို ျမန္ျမန္ႀကီး ေသာက္မိရင္ ေသေစႏိုင္သလား?

    (Zawgyi)
    ေနပူထဲက ျပန္လာလွ်င္ျဖစ္ေစ၊ ေလ့က်င့္ခန္း လုပ္ေနစဥ္ျဖစ္ေစ ေရပမာဏ မ်ားမ်ားကို ျမန္ျမန္ႀကီး ေသာက္မိရင္ ေသေစႏိုင္သလား?

    ေရယစ္မူးျခင္း Water intoxication
    အားကစားေလ့က်င့္ခန္း မလုပ္မွီ ေရ ၅၀၀ စီစီ (ေရသန္ဘူးဝက္)မွ်ကို ၂-၃ နာရီ ေလာက္ ေစာေသာက္ရပါမယ္။ ေသြးပူ ေလ့က်င့္ခန္းလုပ္ခ်ိန္ (ေလ့က်င့္ခန္း မစမီ နာရီဝက္) မွာ ေရ ၂၄၀ စီစီ (အခ်ိဳေရဘူး ၁ ဘူးစာ) ေသာက္ႏိုင္ပါတယ္။ ေလ့က်င့္ခန္းလုပ္ေနစဥ္ ၁၀-၂၀ မိနစ္တိုင္းမွာ ေရ ၂၄၀ စီစီ ေသာက္ႏိုင္ပါတယ္။ ေလ့က်င့္ခန္းလုပ္ၿပီး နာရီဝက္ အတြင္းမွာ ေရ ၂၄၀ စီစီ ေသာက္ႏိုင္ပါတယ္။ ဒါက ေရေသာက္နည္း လမ္းၫႊန္ ျဖစ္ပါတယ္။

    ေနပူထဲက ျပန္လာလွ်င္ ျဖစ္ေစ၊ ေလ့က်င့္ခန္းလုပ္ေနစဥ္ ျဖစ္ေစ ေရပမာဏ မ်ားမ်ားကို ျမန္ျမန္ႀကီး ေသာက္မိလွ်င္ အႏၲရာယ္ ရွိပါတယ္။ ေရဟာ ေသြးတြင္းက ဆိုဒီယမ္ ဆားဓါတ္ကို လ်င္ျမန္စြာ က်ဆင္းသြားေစပါတယ္။ ဒါကို ဆားဓါတ္ေလ်ာ့က်ျခင္း hyponatremia သို႔မဟုတ္ ေရယစ္မူးျခင္း Water intoxication လို႔ ေခၚပါတယ္။ ၎အေျခအေနဟာ ေသေစႏိုင္သည္ထိ ဆိုး႐ြားတတ္ပါတယ္။

    Credit – ေဒါက္တာျမင့္သိန္း

    (Unicode)
    နေပူထဲက ပြန်လာလျှင်ဖြစ်စေ၊ လေ့ကျင့်ခန်း လုပ်နေစဉ်ဖြစ်စေ ရေပမာဏ များများကို မြန်မြန်ကြီး သောက်မိရင် သေစေနိုင်သလား?

    ရေယစ်မူးခြင်း Water intoxication
    အားကစားလေ့ကျင့်ခန်း မလုပ်မှီ ရေ ၅၀၀ စီစီ (ရေသန်ဘူးဝက်)မျှကို ၂-၃ နာရီ လောက် စောသောက်ရပါမယ်။ သွေးပူ လေ့ကျင့်ခန်းလုပ်ချိန် (လေ့ကျင့်ခန်း မစမီ နာရီဝက်) မှာ ရေ ၂၄၀ စီစီ (အချိုရေဘူး ၁ ဘူးစာ) သောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ် ၁၀-၂၀ မိနစ်တိုင်းမှာ ရေ ၂၄၀ စီစီ သောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး နာရီဝက် အတွင်းမှာ ရေ ၂၄၀ စီစီ သောက်နိုင်ပါတယ်။ ဒါက ရေသောက်နည်း လမ်းညွှန် ဖြစ်ပါတယ်။

    နေပူထဲက ပြန်လာလျှင် ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်နေစဉ် ဖြစ်စေ ရေပမာဏ များများကို မြန်မြန်ကြီး သောက်မိလျှင် အန္တရာယ် ရှိပါတယ်။ ရေဟာ သွေးတွင်းက ဆိုဒီယမ် ဆားဓါတ်ကို လျင်မြန်စွာ ကျဆင်းသွားစေပါတယ်။ ဒါကို ဆားဓါတ်လျော့ကျခြင်း hyponatremia သို့မဟုတ် ရေယစ်မူးခြင်း Water intoxication လို့ ခေါ်ပါတယ်။ ၎င်းအခြေအနေဟာ သေစေနိုင်သည်ထိ ဆိုးရွားတတ်ပါတယ်။

    Credit – ဒေါက်တာမြင့်သိန်း

  • ဒီအခ်ိန္မွာ ကား၀ယ္မယ္ဆိုရင္

    (Zawgyi)
    ဒီအခ်ိန္မွာ ကားဝယ္မယ္ဆိုရင္ ဒီေဆာင္းပါးေလးကို အရင္ဖတ္ၾကည့္ပါ…ကားတစ္စီးဝယ္မယ္ဆိုရင္ ဘာကားကို ဝယ္မလဲ၊ ဘယ္လိုပုံစံမ်ိဳးနဲ႔ဝယ္မလဲ၊ ေငြဘယ္ေလာက္သုံးမလဲ၊ ဘယ္မွာဝယ္မလဲဆိုတာ ကိုယ္တိုင္ေသခ်ာ ဆုံးျဖတ္ပါ။

    လြန္ခဲ့တဲ့ ၃၊ ၄ ႏွစ္ေလာက္က ကားတစ္စီးဝယ္မယ္ဆိုရင္ ဂ်ပန္ညာ ေမာင္းကားေတြကိုသာ ေ႐ြးခ်ယ္စရာရွိလို႔ လိုခ်င္တဲ့ ကားအမ်ိဳးအစားနဲ႔ တတ္ႏိုင္တဲ့ ေငြပမာဏရွိရင္ အမ်ားႀကီးစဥ္းစားစရာမလိုဘဲ ဝယ္လို႔ရ ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ဂ်ပန္တစ္ပတ္ရစ္ကားေတြကို ဝယ္ယူမယ္ဆိုရင္ ဖရီးပါမစ္နဲ႔ စလစ္ကပ္ ႏွစ္မ်ိဳးရွိၿပီး လိုခ်င္တဲ့ကားအေပၚမူတည္ကာ ဝယ္လို႔ရပါတယ္။ ဒါေပမဲ့ အခုခ်ိန္မွာေတာ့ ေ႐ြးခ်ယ္စရာေတြ မ်ားသြားၿပီး ကားအေရာင္းျပခန္းေတြကေန ေရာင္းခ်တဲ့ Brand New ကားအသစ္ေတြ ကို ဝယ္မလား၊ ကားအေရာင္းစင္တာေတြကေန ေရာင္းတဲ့ ဂ်ပန္ညာေမာင္း လက္က်န္ကားေတြကို ဝယ္မလား၊ ျပည္တြင္း မွာ တပ္ဆင္ထုတ္လုပ္တဲ့ CKD ၊ SKD ကားေတြကိုပဲ ဝယ္မလား၊ ဒါမွမဟုတ္ နံပါတ္ထြက္ၿပီးသား ကားေတြကိုပဲ ဝယ္မလားဆိုတာ စဥ္းစားရၾကပ္တဲ့ အေျခအေနတစ္ခု ျဖစ္သြားပါတယ္။ အခုခ်ိန္မွာ ကားတစ္စီး ဝယ္မယ္ဆိုရင္ ဘယ္မွာပဲ ဝယ္ဝယ္ အားသာခ်က္၊ အားနည္းခ်က္ေတြ ရွိပါတယ္။

    ကားအေရာင္းျပခန္းေတြကေန ေရာင္းခ်တဲ့ Brand New ကားအသစ္ေတြကို ဝယ္မလား?

    Brand New ကားသစ္ေတြ တင္သြင္းေရာင္းခ်တဲ့ Car Showroom ေတြကို ၂၀၁၅ ခုႏွစ္ကစၿပီး ဖြင့္လွစ္ခြင့္ ေပးခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Brand New Showroom ၂၀ ေက်ာ္ရွိလာတဲ့အတြက္ ေ႐ြးခ်ယ္စရာ ကားေတြလည္း မ်ားသြားပါတယ္။ Asia Brand ကို ယူမလား၊ Japan Brand ကို ယူမလား၊ Europe Brand ကို ယူမလား၊ American Brand ကို ယူမလား ႀကိဳက္ႏွစ္သက္တဲ့ ကားအမ်ိဳးအစားကို ေ႐ြးခ်ယ္ခြင့္ ရသြားပါတယ္။ Brand New ကားသစ္ကို ဝယ္ယူမယ္ဆိုရင္ Zero Kilo ကားကို စီးရမယ္၊ ကားဝယ္ၿပီးလို႔ After Sale Service အျဖစ္ Warranty ရမယ္၊ သူမ်ားအသုံးမျပဳရေသးတဲ့ ကားအသစ္ တစ္စီးကို ပိုင္ဆိုင္ခြင့္ရမယ္ဆိုတဲ့ အားသာခ်က္ေတြ ရွိပါတယ္။ ဒါေပမဲ့ Brand New ကားေတြက အသုံးျပဳၿပီးတဲ့ကားေဟာင္းေတြထက္ ေဈးပို မ်ားတယ္၊ ရန္ကုန္လိုင္စင္ပိတ္ထားတဲ့အတြက္ နယ္လိုင္စင္နဲ႔ပဲ ဝယ္လို႔ရမယ္၊ ကားအသစ္ဝယ္ၿပီးမွ အမည္ေပါက္မရတဲ့ ျပႆနာေတြ ရွိတယ္၊ ရန္ကုန္လိုင္စင္လိုခ်င္လို႔ စလစ္ကပ္မယ္ဆိုရင္လည္း စလစ္တန္ဖိုးထပ္ကုန္မယ္ စတဲ့အားနည္းခ်က္ေတြ ရွိေနပါတယ္။ ရန္ကုန္လိုင္စင္မရတဲ့ ျပႆသနာေၾကာင့္လည္း Brand New ကားေဈးကြက္က အခုခ်ိန္ထိ အားမေကာင္းေသးတာ ေတြ႕ရပါတယ္။

    ကားအေရာင္းျပခန္းေတြကေနေရာင္းတဲ့ ဂ်ပန္ညာေမာင္းလက္က်န္ ကားေတြကို ဝယ္မလား?

    ဦးသိန္းစိန္အစိုးရလက္ထက္တုန္းက ကားေဟာင္းေတြ အပ္ႏွံၿပီး ကားအသစ္ အစားထိုးတင္သြင္းတဲ့ အစီအစဥ္နဲ႔ ၂၀၁၁ ခုႏွစ္၊ စက္တင္ဘာလကစၿပီး ကားအေရာင္းစင္တာေတြကို ဖြင့္လွစ္ခြင့္ ေပးခဲ့ပါတယ္။ ဝယ္လိုအား ျမင့္တက္ၿပီး ကားအေရာင္းစင္တာေတြ အၿပိဳင္အဆိုင္ ဖြင့္ခဲ့တဲ့အခ်ိန္တုန္းက ကားအေရာင္းစင္တာ ၂၂၀ ေက်ာ္အထိ ရွိခဲ့ေပမဲ့လည္း အခုခ်ိန္မွာေတာ့ ၄၀ ေက်ာ္ေလာက္ပဲ က်န္ပါေတာ့တယ္။ ဒီႏွစ္ကစၿပီး ဂ်ပန္ညာေမာင္းကားေတြ တင္သြင္းခြင့္ မေပးေတာ့တဲ့အတြက္ ကားအေရာင္းစင္တာေတြကလည္း အရင္ႏွစ္ပါမစ္ေတြနဲ႔ တင္သြင္းထားတဲ့ ဂ်ပန္ညာေမာင္း ကားေတြကို ထိန္းေရာင္းလာၾကတဲ့ အတြက္ ကားတစ္စီးကို ေဈးသက္သက္သာသာနဲ႔ ဝယ္ယူခြင့္မရေတာ့ပါဘူး။ ဒီႏွစ္မူဝါဒအရလည္း ဂ်ပန္ညာေမာင္းစတိနံပါတ္ကားကို ဝယ္ယူမယ္ဆိုရင္ ကားေဟာင္းစလစ္ကပ္ရမွာ ျဖစ္တဲ့အတြက္ အရင္ႏွစ္ေတြတုန္းက သိန္း ၂၀၀ ဝန္းက်င္နဲ႔ ဝယ္ယူလို႔ရတဲ့ ၁၃၀၀ စီစီကားေတြေတာင္ အခုခ်ိန္မွာ သိန္း ၃၀၀ နား ကပ္သြားပါတယ္။ တစ္ခ်ိဳ႕ ၁၃၀၀ စီစီကားေတြဆိုရင္ အင္ဂ်င္ပါဝါနည္း Brand New ကားေတြထက္ေတာင္ ေဈးမ်ားေနပါတယ္။ ဒါေၾကာင့္ ကား အေရာင္းစင္တာက ကားတစ္စီးဝယ္မယ္ဆိုရင္ အနီးစပ္ဆုံး အမ်ိဳးအစားတူ နံပါတ္ထြက္ၿပီးသား ကားေဈးနဲ႔ ခ်ိန္ဆၿပီး ဝယ္ယူသင့္ပါတယ္။ ေနာက္ၿပီး ေဈးတန္းအရမ္းမကြာတဲ့ Brand New ကားေတြနဲ႔လည္း ယွဥ္ၿပီးေတာ့ ဝယ္ယူသင့္ပါတယ္။

    ျပည္တြင္းမွာ တပ္ဆင္ထုတ္လုပ္တဲ့ CKD ၊ SKD ကားေတြကိုပဲ ဝယ္မလား?

    ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ကားတပ္ဆင္ထုတ္ လုပ္တဲ့ကုမၸဏီ ၁၇ ခုရွိၿပီး အေရာင္းရဆုံး ထိပ္ဆုံးစာရင္းမွာ Suzuki ၊ Ford ၊ Nissan နဲ႔ KIA တို႔ ပါဝင္ေနပါတယ္။ ကုမၸဏီအမ်ားစု ကေတာ့ တစ္စိတ္တစ္ပိုင္းတပ္ဆင္ထုတ္လုပ္တဲ့ SKD စနစ္နဲ႔သြားတာမ်ားၿပီး ျပည္တြင္းမွာ တပ္ဆင္ထုတ္လုပ္တာျဖစ္လို႔ ရန္ကုန္လိုင္စင္ရရွိတဲ့ အခြင့္အေရးေတာ့ ရွိပါတယ္။ ေနာက္တစ္ခုအားသာခ်က္က ျပည္တြင္းမွာ တပ္ဆင္ထုတ္လုပ္ၿပီး ေရာင္းခ်တဲ့ကားေတြက ကားအေရာင္းစင္တာေတြက ေရာင္းခ်တဲ့ တစ္ပတ္ရစ္ကားေတြထက္ ဘဏ္စနစ္ ပိုမိုအားေကာင္းၿပီး ၂ ႏွစ္ကေန ၇ ႏွစ္အထိ အရစ္က်စနစ္နဲ႔ ဝယ္ယူလို႔ရတဲ့ အားသာခ်က္ ရွိပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံရဲ႕ ပုဂၢလိကဘဏ္အတိုးႏႈန္းက ၁၃ ရာခိုင္ႏႈန္းရွိၿပီး အာမခံေၾကးနဲ႔ တျခားဝန္ေဆာင္မႈေတြပါရင္ ၁၄ ရာခိုင္ႏႈန္း ေလာက္က်ပါတယ္။ ဒါေၾကာင့္ ကနဦးေပးသြင္းရတဲ့ ေငြပမာဏနည္းတာ ကိုၾကည့္ၿပီး အရစ္က်စနစ္နဲ႔ ဝယ္ယူမယ္ဆိုရင္ေတာ့ ကားတန္ဖိုးက အဆမတန္ပိုမ်ားသြားမွာ ျဖစ္ပါတယ္။ နမူနာအေနနဲ႔ Suzuki Ciaz ကို ကနဦး ၂၅ ရာခိုင္ႏႈန္း ျဖစ္တဲ့ ၆၅ သိန္းေက်ာ္ေပးသြင္းၿပီး ၇ ႏွစ္အရစ္က် နဲ႔ ဝယ္ယူမယ္ဆိုရင္ ကားအေႂကြးေက်တဲ့အခ်ိန္မွာ မူလကားတန္ဖိုးထက္ သိန္း ၁၁၀ ေက်ာ္ပိုမ်ားသြားမွာ ျဖစ္ပါတယ္။ အခြန္မေဆာင္ထားလို႔ ဝင္ေငြခြန္ပါ ထည့္သြင္းတြက္ခ်က္မယ္ဆိုရင္ သိန္း ၁၅၀ ေက်ာ္မ်ားသြားမွာ ျဖစ္ပါတယ္။ ေနာက္ၿပီး ကားသစ္တစ္စီးကို ဝယ္တာျဖစ္လို႔ မစီးခ်င္လို႔ ျပန္ေရာင္းမယ္ဆိုရင္လည္း ရႈံးမွာ ေသခ်ာပါတယ္။

    နံပါတ္ထြက္ၿပီးသား ကားေတြကိုပဲ ဝယ္မလား?

    ၂၀၁၁ ခုႏွစ္ေနာက္ပိုင္းကစလို႔ ၿပီးခဲ့တဲ့ႏွစ္အထိ ဂ်ပန္ညာေမာင္းကားေတြကိုပဲ အဓိကတင္သြင္းခဲ့တဲ့အတြက္ နံပါတ္ ထြက္ၿပီးသား ကားေဟာင္းေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းဝန္းက်င္က ဂ်ပန္ညာေမာင္းကားေတြပဲ ျဖစ္ပါတယ္။ ေဈးကြက္ အတြင္းမွာ ရွိတဲ့ ကားေတြက ကားေဟာင္းေတြျဖစ္လို႔ ေသခ်ာတာတစ္ခုက Brand New ကားေတြ၊ စတိနံပါတ္ ကားေတြနဲ႔ ယွဥ္ရင္ ေဈးသက္သာပါတယ္။ ဒါေပမဲ့ ကားေဟာင္း တစ္စီးကို ဝယ္တယ္ဆိုတာ ကားအေၾကာင္း နားမလည္ရင္ အရမ္းအႏၲရာယ္မ်ားပါတယ္။ ကိုယ္ဝယ္လိုက္တဲ့ကားက တိုက္ထားၿပီး မိတ္ကပ္ဖို႔ထားတဲ့ကားလား၊ ေဖာက္စြပ္ကားလား၊ ေအာ္ေဆးလား ျပန္ေဆး လား၊ အင္ဂ်င္အေနအထား၊ ေအာက္ပိုင္းအေျခအေန စတာေတြကို ေသခ်ာစစ္ေဆးၿပီးမွ ဝယ္သင့္ပါတယ္။ ကားတစ္စီးဝယ္ၿပီးမွ မၾကာခဏ ျပင္ေနရမယ္ဆိုရင္ေတာ့ ကားတန္ဖိုး ထက္ ျပင္ဆင္စရိတ္က ပိုမ်ားသြားမွာပါ။ အဆိုးဆုံးကေတာ့ ေဖာက္စြပ္ မမိဖို႔ပါပဲ။ ယာဥ္မွန္/မမွန္ မစစ္ဘဲ ဝယ္လိုက္ၿပီး သက္တမ္းတိုးတဲ့အခ်ိန္က်မွ ေဖာက္စြပ္ဆိုရင္ေတာ့ ကားတစ္စီးလုံး ပလုံသြားမွာပါ။ ယာဥ္မွန္/ မမွန္ စစ္ဖို႔ကလည္း အခုခ်ိန္မွာ အနည္းဆုံး ႏွစ္ပတ္ကေန တစ္လအထိ ၾကာတဲ့အတြက္ ျပင္ပကေန နံပါတ္ထြက္ၿပီးသား ကားတစ္စီး ဝယ္ဖို႔ဆိုတာ ခက္ခဲပါတယ္။ ကားေကာင္းေကာင္း ၾကည့္တတ္ၿပီး ေဈးတန္းလည္း သိမယ္ဆိုရင္ေတာ့ မစီးခ်င္လို႔ ျပန္ေရာင္းမယ္ဆိုရင္ေတာင္ ျမတ္မယ့္အေနအထား ရွိပါတယ္။ ကားမၾကည့္တတ္ဘဲ မိတ္ကပ္ဖို႔ထားၿပီး အင္ဂ်င္က်တဲ့ကားကို ဝယ္လိုက္မိရင္ေတာ့ ဒီကားက သခင္ခ်စ္ကားျဖစ္သြားၿပီး ေတာ္ေတာ္နဲ႔ ေရာင္းထြက္ေတာ့မွာ မဟုတ္ပါဘူး။

    ခင္မင္တဲ့ မိတ္ေဆြေတြက““ကိုၿဖိဳးေရ…လက္ထဲမွာ ေငြဘယ္ေလာက္ရွိလို႔ ကားတစ္စီးဝယ္ခ်င္ပါတယ္။ ဘယ္ကား အမ်ိဳးအစားကို ဝယ္ရင္ေကာင္းမလဲ… အႀကံေလးေပးပါဦး””ဆိုၿပီး မၾကာခဏဆိုသလို အႀကံဉာဏ္ေတာင္းပါတယ္။ အမွန္အတိုင္းေျပာရရင္ ကြၽန္ေတာ္ကိုယ္တိုင္လည္း အႀကံမေပးတတ္ပါဘူး။ အခုခ်ိန္မွာ ကားတစ္စီး ဝယ္ယူမယ္ဆိုရင္ ေ႐ြးခ်ယ္စရာေတြမ်ားၿပီး ဘယ္မွာဝယ္ပါ၊ ဘာကားဝယ္ပါ၊ ဘယ္လိုဝယ္ ပါ အစရွိသျဖင့္ ဆရာႀကီးလုပ္ၿပီး အႀကံမျပဳေပးလိုပါ။ ဘာေၾကာင့္လည္း ဆိုရင္ Brand New ကားပဲဝယ္ဝယ္၊ ဂ်ပန္ညာေမာင္း စတိကားပဲ ဝယ္ဝယ္၊ ျပည္တြင္းမွာ တပ္ဆင္ထုတ္လုပ္တဲ့ ကားေတြကိုပဲဝယ္ဝယ္၊ အျပင္ကေန နံပါတ္ထြက္ၿပီးသား ကားပဲဝယ္ဝယ္ သူ႔အားသာခ်က္နဲ႔သူ သူ႔အားနည္းခ်က္နဲ႔သူရွိတဲ့အတြက္ ျဖစ္ပါတယ္။ Brand New ကားျဖစ္ျဖစ္၊ စတိနံပါတ္ ကားျဖစ္ျဖစ္ ဝယ္ယူတဲ့ အခါမွာလည္း ကိုယ့္မွာ ေငြျဖဴျပဖို႔ အခြန္ေပးေဆာင္ထားတာရွိလား။ စလစ္ကပ္ၿပီး အမည္ေပါက္နဲ႔ စီးမွာလားဆိုတာကိုလည္း ေရာင္းခ်မယ့္သူနဲ႔ ေသခ်ာတိုင္ပင္ရမွာ ျဖစ္ပါတယ္။ ဘဏ္နဲ႔ခ်ိတ္ၿပီး အရစ္က်စနစ္နဲ႔ ဝယ္မယ္ဆိုရင္လည္း ကနဦးေပးသြင္းရမယ့္ ေငြပမာဏနည္းတာကိုၾကည့္ၿပီး အရစ္က်ျပန္ဆပ္ရမယ့္ အခ်ိန္အတိုင္းအတာ၊ ႏွစ္အနည္းအမ်ားအေပၚမူတည္ၿပီး ေပးရမယ့္အတိုးႏႈန္းေတြကိုလည္း ေသခ်ာတြက္ခ်က္ ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကားတစ္စီးဝယ္မယ္ဆိုရင္ ဘယ္လိုပုံစံမ်ိဳးနဲ႔ဝယ္မလဲ၊ ေငြဘယ္ေလာက္သုံးမလဲ၊ ဘယ္မွာဝယ္မလဲ၊ ဘာကားကို ဝယ္မလဲဆိုတာ ကိုယ္တိုင္ဆုံးျဖတ္သင့္ပါတယ္။ ေနာက္ၿပီး စီးဖို႔ဝယ္မွာလား၊ ျမတ္ခ်င္လို႔ ဝယ္မွာလားဆိုတာလည္း ကိုယ္တိုင္ေသခ်ာဆုံးျဖတ္ၿပီးမွ ဝယ္ယူသင့္ပါတယ္လို႔ပဲ အႀကံျပဳလိုက္ပါတယ္။

    Credit – Ko Phyo (Automobile)

    (Unicode)
    ဒီအချိန်မှာ ကားဝယ်မယ်ဆိုရင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်ပါ…ကားတစ်စီးဝယ်မယ်ဆိုရင် ဘာကားကို ဝယ်မလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ဝယ်မလဲ၊ ငွေဘယ်လောက်သုံးမလဲ၊ ဘယ်မှာဝယ်မလဲဆိုတာ ကိုယ်တိုင်သေချာ ဆုံးဖြတ်ပါ။

    လွန်ခဲ့တဲ့ ၃၊ ၄ နှစ်လောက်က ကားတစ်စီးဝယ်မယ်ဆိုရင် ဂျပန်ညာ မောင်းကားတွေကိုသာ ရွေးချယ်စရာရှိလို့ လိုချင်တဲ့ ကားအမျိုးအစားနဲ့ တတ်နိုင်တဲ့ ငွေပမာဏရှိရင် အများကြီးစဉ်းစားစရာမလိုဘဲ ဝယ်လို့ရ ပါတယ်။ အဲ့ဒီအချိန်တုန်းက ဂျပန်တစ်ပတ်ရစ်ကားတွေကို ဝယ်ယူမယ်ဆိုရင် ဖရီးပါမစ်နဲ့ စလစ်ကပ် နှစ်မျိုးရှိပြီး လိုချင်တဲ့ကားအပေါ်မူတည်ကာ ဝယ်လို့ရပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ရွေးချယ်စရာတွေ များသွားပြီး ကားအရောင်းပြခန်းတွေကနေ ရောင်းချတဲ့ Brand New ကားအသစ်တွေ ကို ဝယ်မလား၊ ကားအရောင်းစင်တာတွေကနေ ရောင်းတဲ့ ဂျပန်ညာမောင်း လက်ကျန်ကားတွေကို ဝယ်မလား၊ ပြည်တွင်း မှာ တပ်ဆင်ထုတ်လုပ်တဲ့ CKD ၊ SKD ကားတွေကိုပဲ ဝယ်မလား၊ ဒါမှမဟုတ် နံပါတ်ထွက်ပြီးသား ကားတွေကိုပဲ ဝယ်မလားဆိုတာ စဉ်းစားရကြပ်တဲ့ အခြေအနေတစ်ခု ဖြစ်သွားပါတယ်။ အခုချိန်မှာ ကားတစ်စီး ဝယ်မယ်ဆိုရင် ဘယ်မှာပဲ ဝယ်ဝယ် အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။

    ကားအရောင်းပြခန်းတွေကနေ ရောင်းချတဲ့ Brand New ကားအသစ်တွေကို ဝယ်မလား?

    Brand New ကားသစ်တွေ တင်သွင်းရောင်းချတဲ့ Car Showroom တွေကို ၂၀၁၅ ခုနှစ်ကစပြီး ဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။ အခုချိန်မှာတော့ Brand New Showroom ၂၀ ကျော်ရှိလာတဲ့အတွက် ရွေးချယ်စရာ ကားတွေလည်း များသွားပါတယ်။ Asia Brand ကို ယူမလား၊ Japan Brand ကို ယူမလား၊ Europe Brand ကို ယူမလား၊ American Brand ကို ယူမလား ကြိုက်နှစ်သက်တဲ့ ကားအမျိုးအစားကို ရွေးချယ်ခွင့် ရသွားပါတယ်။ Brand New ကားသစ်ကို ဝယ်ယူမယ်ဆိုရင် Zero Kilo ကားကို စီးရမယ်၊ ကားဝယ်ပြီးလို့ After Sale Service အဖြစ် Warranty ရမယ်၊ သူများအသုံးမပြုရသေးတဲ့ ကားအသစ် တစ်စီးကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုတဲ့ အားသာချက်တွေ ရှိပါတယ်။ ဒါပေမဲ့ Brand New ကားတွေက အသုံးပြုပြီးတဲ့ကားဟောင်းတွေထက် ဈေးပို များတယ်၊ ရန်ကုန်လိုင်စင်ပိတ်ထားတဲ့အတွက် နယ်လိုင်စင်နဲ့ပဲ ဝယ်လို့ရမယ်၊ ကားအသစ်ဝယ်ပြီးမှ အမည်ပေါက်မရတဲ့ ပြဿနာတွေ ရှိတယ်၊ ရန်ကုန်လိုင်စင်လိုချင်လို့ စလစ်ကပ်မယ်ဆိုရင်လည်း စလစ်တန်ဖိုးထပ်ကုန်မယ် စတဲ့အားနည်းချက်တွေ ရှိနေပါတယ်။ ရန်ကုန်လိုင်စင်မရတဲ့ ပြဿသနာကြောင့်လည်း Brand New ကားဈေးကွက်က အခုချိန်ထိ အားမကောင်းသေးတာ တွေ့ရပါတယ်။

    ကားအရောင်းပြခန်းတွေကနေရောင်းတဲ့ ဂျပန်ညာမောင်းလက်ကျန် ကားတွေကို ဝယ်မလား?

    ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ကားဟောင်းတွေ အပ်နှံပြီး ကားအသစ် အစားထိုးတင်သွင်းတဲ့ အစီအစဉ်နဲ့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလကစပြီး ကားအရောင်းစင်တာတွေကို ဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။ ဝယ်လိုအား မြင့်တက်ပြီး ကားအရောင်းစင်တာတွေ အပြိုင်အဆိုင် ဖွင့်ခဲ့တဲ့အချိန်တုန်းက ကားအရောင်းစင်တာ ၂၂၀ ကျော်အထိ ရှိခဲ့ပေမဲ့လည်း အခုချိန်မှာတော့ ၄၀ ကျော်လောက်ပဲ ကျန်ပါတော့တယ်။ ဒီနှစ်ကစပြီး ဂျပန်ညာမောင်းကားတွေ တင်သွင်းခွင့် မပေးတော့တဲ့အတွက် ကားအရောင်းစင်တာတွေကလည်း အရင်နှစ်ပါမစ်တွေနဲ့ တင်သွင်းထားတဲ့ ဂျပန်ညာမောင်း ကားတွေကို ထိန်းရောင်းလာကြတဲ့ အတွက် ကားတစ်စီးကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူခွင့်မရတော့ပါဘူး။ ဒီနှစ်မူဝါဒအရလည်း ဂျပန်ညာမောင်းစတိနံပါတ်ကားကို ဝယ်ယူမယ်ဆိုရင် ကားဟောင်းစလစ်ကပ်ရမှာ ဖြစ်တဲ့အတွက် အရင်နှစ်တွေတုန်းက သိန်း ၂၀၀ ဝန်းကျင်နဲ့ ဝယ်ယူလို့ရတဲ့ ၁၃၀၀ စီစီကားတွေတောင် အခုချိန်မှာ သိန်း ၃၀၀ နား ကပ်သွားပါတယ်။ တစ်ချို့ ၁၃၀၀ စီစီကားတွေဆိုရင် အင်ဂျင်ပါဝါနည်း Brand New ကားတွေထက်တောင် ဈေးများနေပါတယ်။ ဒါကြောင့် ကား အရောင်းစင်တာက ကားတစ်စီးဝယ်မယ်ဆိုရင် အနီးစပ်ဆုံး အမျိုးအစားတူ နံပါတ်ထွက်ပြီးသား ကားဈေးနဲ့ ချိန်ဆပြီး ဝယ်ယူသင့်ပါတယ်။ နောက်ပြီး ဈေးတန်းအရမ်းမကွာတဲ့ Brand New ကားတွေနဲ့လည်း ယှဉ်ပြီးတော့ ဝယ်ယူသင့်ပါတယ်။

    ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ CKD ၊ SKD ကားတွေကိုပဲ ဝယ်မလား?

    မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ကားတပ်ဆင်ထုတ် လုပ်တဲ့ကုမ္ပဏီ ၁၇ ခုရှိပြီး အရောင်းရဆုံး ထိပ်ဆုံးစာရင်းမှာ Suzuki ၊ Ford ၊ Nissan နဲ့ KIA တို့ ပါဝင်နေပါတယ်။ ကုမ္ပဏီအများစု ကတော့ တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်လုပ်တဲ့ SKD စနစ်နဲ့သွားတာများပြီး ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တာဖြစ်လို့ ရန်ကုန်လိုင်စင်ရရှိတဲ့ အခွင့်အရေးတော့ ရှိပါတယ်။ နောက်တစ်ခုအားသာချက်က ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ပြီး ရောင်းချတဲ့ကားတွေက ကားအရောင်းစင်တာတွေက ရောင်းချတဲ့ တစ်ပတ်ရစ်ကားတွေထက် ဘဏ်စနစ် ပိုမိုအားကောင်းပြီး ၂ နှစ်ကနေ ၇ နှစ်အထိ အရစ်ကျစနစ်နဲ့ ဝယ်ယူလို့ရတဲ့ အားသာချက် ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကဘဏ်အတိုးနှုန်းက ၁၃ ရာခိုင်နှုန်းရှိပြီး အာမခံကြေးနဲ့ တခြားဝန်ဆောင်မှုတွေပါရင် ၁၄ ရာခိုင်နှုန်း လောက်ကျပါတယ်။ ဒါကြောင့် ကနဦးပေးသွင်းရတဲ့ ငွေပမာဏနည်းတာ ကိုကြည့်ပြီး အရစ်ကျစနစ်နဲ့ ဝယ်ယူမယ်ဆိုရင်တော့ ကားတန်ဖိုးက အဆမတန်ပိုများသွားမှာ ဖြစ်ပါတယ်။ နမူနာအနေနဲ့ Suzuki Ciaz ကို ကနဦး ၂၅ ရာခိုင်နှုန်း ဖြစ်တဲ့ ၆၅ သိန်းကျော်ပေးသွင်းပြီး ၇ နှစ်အရစ်ကျ နဲ့ ဝယ်ယူမယ်ဆိုရင် ကားအကြွေးကျေတဲ့အချိန်မှာ မူလကားတန်ဖိုးထက် သိန်း ၁၁၀ ကျော်ပိုများသွားမှာ ဖြစ်ပါတယ်။ အခွန်မဆောင်ထားလို့ ဝင်ငွေခွန်ပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင် သိန်း ၁၅၀ ကျော်များသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ကားသစ်တစ်စီးကို ဝယ်တာဖြစ်လို့ မစီးချင်လို့ ပြန်ရောင်းမယ်ဆိုရင်လည်း ရှုံးမှာ သေချာပါတယ်။

    နံပါတ်ထွက်ပြီးသား ကားတွေကိုပဲ ဝယ်မလား?

    ၂၀၁၁ ခုနှစ်နောက်ပိုင်းကစလို့ ပြီးခဲ့တဲ့နှစ်အထိ ဂျပန်ညာမောင်းကားတွေကိုပဲ အဓိကတင်သွင်းခဲ့တဲ့အတွက် နံပါတ် ထွက်ပြီးသား ကားဟောင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းဝန်းကျင်က ဂျပန်ညာမောင်းကားတွေပဲ ဖြစ်ပါတယ်။ ဈေးကွက် အတွင်းမှာ ရှိတဲ့ ကားတွေက ကားဟောင်းတွေဖြစ်လို့ သေချာတာတစ်ခုက Brand New ကားတွေ၊ စတိနံပါတ် ကားတွေနဲ့ ယှဉ်ရင် ဈေးသက်သာပါတယ်။ ဒါပေမဲ့ ကားဟောင်း တစ်စီးကို ဝယ်တယ်ဆိုတာ ကားအကြောင်း နားမလည်ရင် အရမ်းအန္တရာယ်များပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ကားက တိုက်ထားပြီး မိတ်ကပ်ဖို့ထားတဲ့ကားလား၊ ဖောက်စွပ်ကားလား၊ အော်ဆေးလား ပြန်ဆေး လား၊ အင်ဂျင်အနေအထား၊ အောက်ပိုင်းအခြေအနေ စတာတွေကို သေချာစစ်ဆေးပြီးမှ ဝယ်သင့်ပါတယ်။ ကားတစ်စီးဝယ်ပြီးမှ မကြာခဏ ပြင်နေရမယ်ဆိုရင်တော့ ကားတန်ဖိုး ထက် ပြင်ဆင်စရိတ်က ပိုများသွားမှာပါ။ အဆိုးဆုံးကတော့ ဖောက်စွပ် မမိဖို့ပါပဲ။ ယာဉ်မှန်/မမှန် မစစ်ဘဲ ဝယ်လိုက်ပြီး သက်တမ်းတိုးတဲ့အချိန်ကျမှ ဖောက်စွပ်ဆိုရင်တော့ ကားတစ်စီးလုံး ပလုံသွားမှာပါ။ ယာဉ်မှန်/ မမှန် စစ်ဖို့ကလည်း အခုချိန်မှာ အနည်းဆုံး နှစ်ပတ်ကနေ တစ်လအထိ ကြာတဲ့အတွက် ပြင်ပကနေ နံပါတ်ထွက်ပြီးသား ကားတစ်စီး ဝယ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ကားကောင်းကောင်း ကြည့်တတ်ပြီး ဈေးတန်းလည်း သိမယ်ဆိုရင်တော့ မစီးချင်လို့ ပြန်ရောင်းမယ်ဆိုရင်တောင် မြတ်မယ့်အနေအထား ရှိပါတယ်။ ကားမကြည့်တတ်ဘဲ မိတ်ကပ်ဖို့ထားပြီး အင်ဂျင်ကျတဲ့ကားကို ဝယ်လိုက်မိရင်တော့ ဒီကားက သခင်ချစ်ကားဖြစ်သွားပြီး တော်တော်နဲ့ ရောင်းထွက်တော့မှာ မဟုတ်ပါဘူး။

    ခင်မင်တဲ့ မိတ်ဆွေတွေက““ကိုဖြိုးရေ…လက်ထဲမှာ ငွေဘယ်လောက်ရှိလို့ ကားတစ်စီးဝယ်ချင်ပါတယ်။ ဘယ်ကား အမျိုးအစားကို ဝယ်ရင်ကောင်းမလဲ… အကြံလေးပေးပါဦး””ဆိုပြီး မကြာခဏဆိုသလို အကြံဉာဏ်တောင်းပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း အကြံမပေးတတ်ပါဘူး။ အခုချိန်မှာ ကားတစ်စီး ဝယ်ယူမယ်ဆိုရင် ရွေးချယ်စရာတွေများပြီး ဘယ်မှာဝယ်ပါ၊ ဘာကားဝယ်ပါ၊ ဘယ်လိုဝယ် ပါ အစရှိသဖြင့် ဆရာကြီးလုပ်ပြီး အကြံမပြုပေးလိုပါ။ ဘာကြောင့်လည်း ဆိုရင် Brand New ကားပဲဝယ်ဝယ်၊ ဂျပန်ညာမောင်း စတိကားပဲ ဝယ်ဝယ်၊ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ ကားတွေကိုပဲဝယ်ဝယ်၊ အပြင်ကနေ နံပါတ်ထွက်ပြီးသား ကားပဲဝယ်ဝယ် သူ့အားသာချက်နဲ့သူ သူ့အားနည်းချက်နဲ့သူရှိတဲ့အတွက် ဖြစ်ပါတယ်။ Brand New ကားဖြစ်ဖြစ်၊ စတိနံပါတ် ကားဖြစ်ဖြစ် ဝယ်ယူတဲ့ အခါမှာလည်း ကိုယ့်မှာ ငွေဖြူပြဖို့ အခွန်ပေးဆောင်ထားတာရှိလား။ စလစ်ကပ်ပြီး အမည်ပေါက်နဲ့ စီးမှာလားဆိုတာကိုလည်း ရောင်းချမယ့်သူနဲ့ သေချာတိုင်ပင်ရမှာ ဖြစ်ပါတယ်။ ဘဏ်နဲ့ချိတ်ပြီး အရစ်ကျစနစ်နဲ့ ဝယ်မယ်ဆိုရင်လည်း ကနဦးပေးသွင်းရမယ့် ငွေပမာဏနည်းတာကိုကြည့်ပြီး အရစ်ကျပြန်ဆပ်ရမယ့် အချိန်အတိုင်းအတာ၊ နှစ်အနည်းအများအပေါ်မူတည်ပြီး ပေးရမယ့်အတိုးနှုန်းတွေကိုလည်း သေချာတွက်ချက် ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကားတစ်စီးဝယ်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ဝယ်မလဲ၊ ငွေဘယ်လောက်သုံးမလဲ၊ ဘယ်မှာဝယ်မလဲ၊ ဘာကားကို ဝယ်မလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ် သင့်ပါတယ်။ နောက်ပြီး စီးဖို့ဝယ်မှာလား၊ မြတ်ချင်လို့ ဝယ်မှာလားဆိုတာလည်း ကိုယ်တိုင်သေချာဆုံးဖြတ်ပြီးမှ ဝယ်ယူသင့်ပါတယ်လို့ပဲ အကြံပြုလိုက်ပါတယ်။

    Credit – Ko Phyo (Automobile)

  • အသီးတို႔ ဘုရင္လို႔ ေခၚ ၾကတဲ့ ဒူးရင္း

     

    ႀကိဳက္သူနဲ႔ မႀကိဳက္သူ ဆတူ အခ်ိဳးညီလွတဲ့ အသီးကို ေျပာပါဆိုရင္ ဒူးရင္းသီးလို႔ ေျပာရပါလိမ့္မယ္။ တခ်ိဳ႕ကေတာ့ အသီးဘုရင္လို႔ တင္စားေခၚၾကၿပီး တစ္ခ်ိဳ႕ကေတာ့ အနံ႔ရတာနဲ႔တင္ မူးလို႔ အရမ္းမုနး္ပါတယ္လို႔ ေျပာၾကပါလိမ့္မယ္။ အနံ႔ျပင္းေပမယ့္ ထူးျခားတဲ့ အရသာနဲ႔ ဆြဲေဆာင္မႈ ရွိတဲ့ အသီးလို႔ ေျပာရရင္ မမွားပါဘူး။ ဒူးရင္းသီးရဲ႕ အနံ႔ျပင္းပံုေၾကာင့္ တခ်ိဳ႕ႏိုင္ငံေတြမွာ ဒူးရင္းသီး စားလာၿပီး ရံုးတက္လုိ႔ မရတာတို႔၊ ဟိုတယ္၊ ရထား၊ ကားနဲ႔ တျခား လူထူတဲ့ ေနရာေတြမွာ သြားလာဖို႔ မသင့္ေတာ္တာတို႔ မသင့္ေတာ္ဘူးလို႔ ေျပာၾကတာတို႔ ေတြ႔ရတတ္ပါတယ္။

    ဒူးရင္းသီးဟာ အေရွ႕ေတာင္ အာရွဘက္မွာ ေပါၿပီး အေနာက္ႏုိင္ငံသားေတြကေတာ့ အနံ႕ေၾကာင့္ သိပ္မႀကိဳက္ၾကပါဘူး။ အပူပိုင္း ေဒသေတြမွာ အေပါက္မ်ားၿပီး ထိုင္း၊ အင္ဒိုနီးရွား၊ မေလးရွားနဲ႔ ဖိလစ္ပိုင္တို႔မွာလည္း ေပါက္ေရာက္ပါတယ္။ ဒူးရင္းပင္ ၄-၅ႏွစ္ သက္တမ္းမွာ စသီးၿပီး အျမင့္ ၅၀မီတာေလာက္ ရွိၾကပါတယ္။ ေႏြရာသီ အဆံုးနဲ႔ မိုးရာသီ အစမွာ ေပၚတဲ့ အသီးတစ္မ်ိဳး ျဖစ္ၿပီး တျခားအသီးေတြလိုပဲ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ၾကြ ယ္၀ပါတယ္။

    က်န္းမာေရး အက်ိဳး ေက်းဇူးေတြလည္း ရွိပါတယ္။ ဒူးရင္းသီးကို စားေပးျခင္းျဖင့္ ကိုလက္စထေရာ က်ေစၿပီး အာဟာရျပည့္လြယ္တာေၾကာင့္ အဆီခ်လိုသူေတြ စားသင့္တဲ့ အသီးပါ။ မေကာင္းတဲ့ အဆီေတြ မပါ၀င္တာေၾကာင့္ စိတ္ခ်စြာ စားလို႔ရပါတယ္။ Antioxidants ပါ၀င္မႈ ျမင့္မားတာေၾကာင့္ ဆဲလ္ေတြ ပ်က္စီးေစျခင္းကေန ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ ႏုပ်ိဳလိုသူမ်ား စားဖို႔  အေကာင္းဆံုးပါ။ ပိုဆက္ဆီယမ္၊ ဆိုဒီယမ္နဲ႔ ဗီ တာမင္ စီ၊ ဘီ၊ အီးတို႔ ပါ၀င္ၿပီး အရိုးက်န္းမာေရးကို ပံ့ပိုးေပးပါတယ္။

    အမွ်င္ဓာတ္ေတြ ၾကြယ္၀စြာ ပါ၀င္တဲ့ အတြက္ ၀မ္းေပ်ာ့ေစၿပီး အူမႀကီး ကင္ဆာ ျဖစ္ပြားျခင္းကေန ကာကြယ္ေပးပါတယ္။ ပါ၀င္တဲ့ ဗီတာမင္ ဓာတ္ေပါင္းစုေတြေၾကာင့္ ကူးစက္ေရာဂါေတြကို တိုက္ထုတ္ႏုိင္ၿပီး ေသြးလည္ပတ္မႈေကာင္းမြန္ေစပါတယ္။ အိမ္ေထာင္ေရး သုခ ေကာင္းမြန္ေစေအာင္ လွံဳ႕ေဆာ္ေပးႏုိင္တဲ့ အစြမ္းလည္း ရွိပါတယ္။ မဂၢနီးစ္ဓာတ္ ပါ၀င္တာေၾကာင့္ ေသြးထဲက သၾကားဓာတ္ ပမာဏကို ပံုမွန္ျဖစ္ေအာင္ ထိန္းေပးႏုိင္စြမ္း ရွိပါတယ္။ သံဓာတ္ပါ၀င္မႈမွာလည္း ငွက္ေပ်ာသီးထက္ မ်ားၿပီး မီးဖြားၿပီးစ မိခင္ေတြ ဒူးရင္းသီး စားလို႔ ရပါတယ္။

    Amino Acid တစ္မ်ိဳးျဖစ္တဲ့ Tryptophan တို႔ေၾကာင့္ စိတ္နဲ႔ ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္ပြားမႈႏႈန္း ေလ်ာ့ခ်ေစၿပီး အိပ္မေပ်ာ္ျခင္းကို တားဆီးေပးပါတယ္။ မလိုအပ္တဲ့ free radicals ေတြကို တိုက္ထုတ္ေပးၿပီး ထိခိုက္ဒဏ္ရာေတြကို က်က္လြယ္ေစတာေၾကာင့္ အေရျပား က်န္းမာေရးကိုလည္း ေထာက္ကူေပးပါတယ္။

    ဒါေပမယ့္ ေကာင္းက်ိဳးေတြ ရွိသလို မေကာင္းက်ိဳးေတြလည္း ရွိေနပါေသးတယ္။ အပူစာလို႔ ေခၚတဲ့ ဒူးရင္းသီးကို မ်ားမ်ားစားရင္ အပူကန္ျခင္း၊ ဖ်ားနာျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေသြးတိုးျခင္း၊ ဆီးခ်ိဳတက္ျခင္း၊ ေလထိုးေလေအာင့္ျခင္းတို႔ ျဖစ္ပြားေစႏုိင္ပါတယ္။ ဒါ့အျပင္ ****အရက္နဲ႔ လံုး၀ တြဲမေသာက္သင့္တဲ့**** အသီးတစ္မ်ိဳးပါ။ ေသဆံုးေစတဲ့ အဆင့္ထိေတာင္ ေရာက္ႏုိင္ပါတယ္။ တခ်ဳိ႕ေတြက ေကာ္ဖီနဲ႔ တြဲစားၾကပါတယ္။ အႏၱရာယ္မ်ားတဲ့ စားေသာက္မႈပါ။

    အပူစာနဲ႔ အပူနဲ႔ကို တြဲစားသလိုျဖစ္တာေၾကာင့္ အူအတြက္ ဒုကၡေရာက္သြားေစႏုိင္ပါတယ္။ ကိုယ္၀န္ေဆာင္ မိခင္ေလာင္းမ်ားနဲ႔ ဆီးခ်ိဳသမားေတြေတာ့ မစားသင့္ပါဘူး။ ေသြးတိုးေရာဂါ ရွိသူ၊ ႏွလံုးေရာဂါရွိသူေတြ သတိထားစားသင့္ပါတယ္။
    တည့္လို႔ စားမယ္ဆိုတဲ့ သူေတြလည္း ဘယ္အရာမဆို မွ်တစြာ စားသံုးၿပီး က်န္းမာေရး အက်ိဳးေတြကို ဥာဏ္ရွိသလို ယူသင့္ပါတယ္။ မိုးေလးနည္းနည္း က်လာရင္ေတာ့ ဒူးရင္းသီးေတြ ပိုစားေကာင္းၿပီေပါ့။

  • အရက္၏က်န္းမာေရးအႏၱရာယ္မ်ား အပိုင္း (၂)

     

    ====================
    ====================

    ? MWD: အရက္ေၾကာင့္ အသည္းထိခိုက္ပံုကိုလည္း ဆက္႐ွင္းျပေပးပါဆရာ..

    Dr.KML:အရက္ေသာက္တာၾကာလာရင္ အသည္းထိခိုက္ပ်က္စီးတတ္တယ္ဆိုတာေတာ့ အရက္ေသာက္တဲ့သူတိုင္းနီးပါးသိၾကပါတယ္.. စျဖစ္ခါစကေတာ့ အသည္းအဆီဖံုးျခင္း (Fatty liver) ကေန အခ်ိန္ၾကာၾကာေသာက္တာနဲ႔အမွ် အသည္းတျဖည္းျဖည္းေျခာက္လာပါတယ္.. ဒါကို Cirrhosis of liver ဟု ေခၚပါတယ္..ေသာက္တဲ့ပမာဏမ်ားေလေလ ေစာေစာျဖစ္ေလ ျဖစ္ပါတယ္.. အမ်ိဳးသားနဲ႔အမ်ိဳးသမီး ေသာက္သံုးတဲ့ပမာဏတူညီခဲ့ရင္ အမ်ိဳးသမီးေတြမွာပိုၿပီးေစာေစာျဖစ္ပါတယ္.. အသည္းေျခာက္ခါစမွာေတာ့ ေရာဂါလကၡဏာေပၚေလ့မ႐ွိေတာ့ သတိထားမိၾကာမွာမဟုတ္ပါဘူး..အသည္းက ဆိုးဆိုးဝါးဝါးေျခာက္ၿပီးပ်က္စီးမွသာ အသည္းရဲ႕လုပ္ငန္းေဆာင္တာေတြ မလုပ္ႏိုင္ေတာ့တဲ့အခါက်မွ လကၡဏာေတြေပၚလာေလ့႐ွိပါတယ္.. ဒါ့ေၾကာင့္ ေရာဂါကြ်မ္းမွသိတာ ပိုမ်ားပါတယ္.. အသည္းေျခာက္တဲ့လကၡဏာေတြကေတာ့ အစပိုင္းမွာအားနည္းတာ၊ ေမာပန္းလြယ္တာ၊ စားခ်င္ေသာက္ခ်င္စိတ္ေလ်ာ့နည္းလာတာ၊ ပ်ိဳ႕ခ်င္အန္ခ်င္တာ၊ ဗိုက္ထဲမွာေနလို႔မေကာင္းတာ၊ ကိုယ္အေလးခ်ိန္က်လာတာေတြ ျဖစ္တတ္ပါတယ္.. နည္းနည္းပိုဆိုးလာရင္ လူကပိန္ၿပီး အသားအေရေတြေျခာက္ေသြ႕လာပါမယ္.. ေျခေထာက္ေတြေဖာလာတတ္ပါတယ္.. ပိုဆိုးရင္ေတာ့ဗိုက္ထဲမွာေရဖ်င္းစြဲလာတတ္ပါတယ္..

    အေရျပားကိုၾကည့္လိုက္ရင္ လက္ဖဝါး၊ ေျခဖဝါးေတြရဲေနတတ္ပါတယ္ (Palmar erythema)..မ်က္လံုးေတြအနည္းငယ္ဝါလာၿပီး အေရျပားကလည္းဝါလာႏိုင္ပါတယ္(Jaundice) မ်က္ႏွာနဲ႔ရင္ဘတ္ေနရာတခ်ိဳ႕မွာ အနီေရာင္ေသြးေၾကာမွ်င္ေလးေတြ ပင့္ကူပံုသဏၭာန္ ေတြ႕ရတတ္ပါတယ္..လက္နဲ႔ဖိလိုက္ရင္ ျဖဴသြားပါတယ္..ဒါကို Spider naevi လို႔ ေခၚပါတယ္..ၿပီးရင္ျပန္ၿပီးနီလာပါတယ္.. ေသြးေၾကာေလးေတြေၾကာင့္ ျဖစ္တာပါ.. အမ်ိဳးသားေတြမွာၾကည့္ရင္ ရင္သားေတြေဖာင္းလာပါမယ္.. Breast tissue ေတြစုလာလို႔ျဖစ္ပါတယ္.. ၿပီးရင္ေဝွးေစ့ေတြနဲ႔ အမ်ိဳးသားလိင္အဂၤါေတြကလည္း ေသးၿပီးက်ံဳ႕သြားပါတယ္..အခ်ိဳ႕ပိုဆိုးရင္ ဗိုက္မွာ႐ွိတဲ့ေသြးျပန္ေၾကာေတြ ပိုမိုထင္႐ွားစြာေတြ႕ရတတ္ ပါတယ္ (Widened veinsin the abdomen wall)..အခ်ိဳ႕ လက္ေတြေကြးေကာက္တာ ေတြ႕ရတတ္ပါတယ္..အထူးသျဖင့္ လက္သန္းနဲ႔လက္သန္းၾကြယ္ေတြ ေကြးလို႔ဆန္႔လို႔မရ ျဖစ္တတ္ပါတယ္.. ဘယ္ညာႏွစ္ဖက္စလံုးျဖစ္ႏိုင္ပါတယ္..ဒါကို Dupuytren’s contracture လို႔ေခၚပါတယ္..ဒါေတြကေတာ့ အရက္ေၾကာင့္အသည္းေျခာက္ေရာဂါရေနသူေတြရဲ႕ လကၡဏာေတြ ျဖစ္ပါတယ္..ေသခ်ာေအာင္ဗိုက္ကို Ultrasound လုပ္ၾကည့္လို႔ျဖစ္ေစ CT ႐ိုက္ၾကည့္လို႔ျဖစ္ေစသိႏိုင္ပါတယ္.. ေျခာက္တဲ့ပမာဏဘယ္ေလာက္ဆိုးတယ္ အသည္းဘယ္ေလာက္ထိ မာေက်ာေနတယ္ဆိုတာေတာ့ Fibroscan လုပ္ၾကည့္ႏိုင္ပါတယ္.. ေသြးေဖာက္စစ္ၾကည့္ရင္ LFT မွာ ခ်ိဳ႕ယြင္းမႈေတြ ေတြ႕ႏိုင္ပါတယ္..

    ? MWD: အရက္ေၾကာင့္ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာအဖြဲ႔အစည္းကို ဘယ္လိုမ်ားထိခိုက္ေစပါသလဲဆရာ..

    Dr.KML: အရက္ဟာဦးေႏွာက္နဲ႔ အာ႐ံုေၾကာအဖြဲ႔အစည္းကို ဆိုးဆိုးဝါးဝါးထိခိုက္ေစပါတယ္.. သာမန္လူေကာင္းတစ္ေယာက္ရဲ႕ ဦးေႏွာက္နဲ႔အာ႐ံုေၾကာအဖြဲ႔အစည္းမွာ Neurotransmitters ေတြ႐ွိပါတယ္..အဲ့ဒီ Neurotransmitters ေတြထဲမွာအေရးအပါဆံုး တစ္ခုကေတာ့ GABA (Gamma-Aminobutyric-Acid) ျဖစ္ၿပီး Nerveေၾကာတစ္ခုနဲ႔ တစ္ခုဆက္သြယ္တဲ့ေနရာမွာ႐ွိတဲ့ Synapse ေတြမွာ Information ေတြကို ထိန္းခ်ဳပ္ေပးပါတယ္..GABA ေၾကာင့္ Synapse ေတြမွာ(-)charge ေတြ ပိုမိုဝင္ေရာက္လာေစလို႔ ဦးေႏွာက္ရဲ႕လုပ္ငန္းေဆာင္တာေတြကို ေႏွးေကြးေစပါတယ္..အရက္ေသာက္လိုက္ရင္ ပါဝင္တဲ့ Ethanol ေတြဟာ GABA ဝင္ရမယ့္ေနရာမွာေပါင္းလိုက္လို႔ (-) charge ေတြပိုမ်ားလာၿပိး ဦးေႏွာက္ရဲ႕ Trasmittion of information ေလးကို မ်ားစြာပိုမိုေႏွးေကြးသြားေစပါတယ္.. ဦးေႏွာက္မွာ႐ွိတဲ့ ဘယ္အစိတ္အပိုင္းကို ပိုၿပီးထိခိုက္ေစသလဲေပၚမူတည္ၿပီး ေရာဂါလကၡဏာေတြလည္း ကြဲျပားေလ့႐ွိပါတယ္..

    ဥပမာ- Cerebral cortex (Frontal lobe) လို႔ေခၚတဲ့ ဦးေႏွာက္ရဲ႕ ေ႐ွ႕ပိုင္းေနရာကိုထိခိုက္ခဲ့ရင္ စဥ္းစားႏိုင္မႈ(Thinking) ကို ထိခိုက္ျခင္း၊ ဆံုးျဖတ္ခ်က္ (Decision making) ခ်မွတ္မႈမွားယြင္းျခင္း၊မခ်ႏိုင္ျခင္း ခ်ီတံုခ်တံုျဖစ္ျခင္း၊ စိတ္ခံစားမႈမ်ားပြင့္ထြက္ၿပီး ေျပာခ်င္တာေလွ်ာက္ေျပာျခင္း (Emotional incontinence and aggression) အာ႐ံု (၅) ပါး ခံစားမႈမ်ားထိခိုက္ျခင္း (Impaired 5 senses) တို႔ ႀကံဳေတြ႕ရႏိုင္ပါတယ္..

    Medulla ဆိုတဲ့ေနရာကို ထိခိုက္ရင္ လႈပ္႐ွားခ်င္သလို လႈပ္႐ွားလို႔မရဘဲ ျဖစ္တတ္ပါတယ္.. ဥပမာ- မတ္တပ္ရပ္ခ်င္ေပမဲ့ရပ္လို႔မရတာမ်ိဳး (Impaired voluntary movement) ျဖစ္ႏိုင္ပါတယ္..

    Cerebeller ဆိုတဲ့ ဦးေႏွာက္ရဲ႕အစိတ္အပိုင္းကိုထိခိုက္ရင္ေတာ့ Coordinated movement ေတြ ထိခိုက္ပါတယ္.. ဥပမာ- လမ္းေလွ်ာက္ရင္ ယိုင္ထိုးယိုင္ထိုးျဖစ္တာ (Ataxia) ပစၥည္းေတြယူရင္မၿမဲတာ၊ တုန္တုန္ တုန္တုန္ျဖစ္ေနတာ (Impaired picking up objects)၊ စကားေတြဗလံုးပေထြးျဖစ္ေနတာ (Slurred speech) ေတြျဖစ္ႏိုင္ပါတယ္..

    ပိုၿပီးအေရးႀကီးတဲ့ေနရာကေတာ့ မွတ္ဥာဏ္ေတြသိုမွီးတဲ့ Hippocampus ျဖစ္ပါတယ္.. ဒါ့ေၾကာင့္ မွတ္ဥာဏ္ထိခိုက္တာအစ ၿပီးခဲ့တဲ့အျဖစ္အပ်က္ေတြ ဘာမွမသိေတာ့တာ “Alcohol blackout” ေတြ ျဖစ္ႏိုင္ပါတယ္..ေရ႐ွည္စြဲလန္းေနရင္ေတာ့ မွတ္ဥာဏ္လံုးဝပ်က္စီးတဲ့ေရာဂါ (Dementia) အထိျဖစ္ႏိုင္ပါတယ္..ေျခဖ်ားလက္ဖ်ားကိုသြားတဲ့အာ႐ံုေၾကာေတြကို ထိခိုက္တဲ့အတြက္ Peripheral neuropathy လို႔ေခၚတဲ့ ထံုတာက်င္တာေတြလည္း အျဖစ္မ်ားပါတယ္.. အထူးသျဖင့္ ဗီတာမင္ ဘီ-၁ ခ်ိဳ႕တဲ့သူေတြမွာပိုေတြ႕ရပါတယ္..ဒါ့ေၾကာင့္ အရက္စြဲသူတစ္ေယာက္အေနနဲ႔ ဦးေႏွာက္နဲ႔အာ႐ံုေၾကာကို ထိခိုက္ေစလို႔ အမ်ားနဲ႔ယွဥ္ရင္ ေနာက္မွာပဲက်န္ခဲ့မွာ ျဖစ္ပါတယ္..

    ? MWD: အရက္ေၾကာင့္ ခႏၶာကိုယ္ရဲ႕အျခားအစိတ္အပိုင္းေတြကိုေရာ ဘယ္လိုမ်ားထိခိုက္ပါသလဲဆရာ..

    Dr.KML: ေ႐ွ႕မွာေျပာခဲ့တဲ့ အစာအိမ္နဲ႔ အူလမ္းေၾကာင္း၊ အသည္း၊ ဦးေႏွာက္နဲ႕ အာ႐ံုေၾကာအဖြဲ႕အစည္းကေတာ့ အေရးႀကီးလို႔ သီးျခားေခါင္းစဥ္အေနနဲ႔ေျပာေပမဲ့ က်န္တဲ့အစိတ္အပိုင္းေတြကိုလည္း တစ္ၿပိဳင္ထဲထိခိုက္ပ်က္စီးေစၿပီး ေရာဂါအမ်ိဳးမ်ိဳး ရ႐ွိေစႏိုင္ပါတယ္.. အဲ့ဒီထဲမွာ အေရးႀကီးတဲ့အစိတ္အပိုင္းေတြအေနနဲ႕ေကာက္ႏႈတ္ေျပာျပရရင္

    (၁) ႏွလံုးနဲ႔ ေသြးေၾကာအဖြဲ႕အစည္းကိုထိခိုက္ျခင္း အရက္ေသာက္တာၾကာရင္ ေသြးထဲမွာအဆီေတြမ်ားလာတဲ့အတြက္ ေသြးေၾကာနံရံေတြထူလာပါတယ္(Atherosclerosis)..ဒါ့ေၾကာင့္ ေသြးေၾကာေတြက်ဥ္းလာပါမယ္.. ႏွလံုးေသြးေၾကာက်ဥ္းေရာဂါနဲ႔ ေသြးတိုးေရာဂါေတြရလာပါမယ္..ၿပီးရင္ အရက္ဟာအဆိပ္ျဖစ္တဲ့အတြက္ ႏွလံုးၾကြက္သားေတြဟာအဆိပ္သင့္ၿပီး အလုပ္ေကာင္းေကာင္းမလုပ္ႏိုင္ဘဲ ျဖစ္တတ္ပါတယ္(Cardiomyopathy).. အေမာမခံႏိုင္တာေတြ ျဖစ္ပါတယ္..နဂိုထဲက ႏွလံုးေရာဂါအခံ႐ွိသူေတြကို ပိုဆိုးေစပါတယ္.. ဒါ့အျပင္ ပလိပ္လက္ (Platelet) ေလးေတြကို ပိုမိုေစးကပ္ေစၿပီး ေသြးေၾကာထဲမွာေသြးခဲေစတာမို႔ ႏွလံုးေသြးေၾကာပိတ္ (Heart attack) တာ၊ ဦးေႏွာက္ေသြးေၾကာပိတ္ၿပီး ေလျဖတ္တာ (Stroke) ေတြ ျဖစ္ႏိုင္ပါတယ္..

    (၂) အသက္႐ႈလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ားျဖစ္ျခင္း အရက္ေသာက္ရင္ ခႏၶာကိုယ္ခုခံအားစနစ္ကို က်ဆင္းေစတဲ့အတြက္ အသက္႐ႈလမ္းေၾကာင္းဆိုင္ရာေရာဂါပိုးေတြ အလြယ္တကူျဖစ္လြယ္ ကူးစက္လြယ္ပါတယ္..ဥပမာ-တီဘီေရာဂါပိုးေတြဝင္ၿပီး အဆုတ္တီဘီျဖစ္တာတို႔ အဆုတ္ေရာင္ေရာဂါ (Pneumonia) ျဖစ္တာတို႔ေတြ မၾကာခဏေတြ႕ရေလ့႐ွိပါတယ္..အရက္ေသာက္လို႔အန္ရင္ အန္ဖတ္ေတြဟာ အသက္႐ွဴလမ္းေၾကာင္းထဲဝင္ေရာက္ရင္ ပိုမိုျပင္းထန္တဲ့ အသက္႐ႈလမ္းေၾကာင္းေရာဂါ (Aspiration pneumonia) ေတြျဖစ္ႏိုင္ပါတယ္..အလြယ္တကူေမာပန္းလြယ္ပါတယ္.. အရင္ထဲက ပန္းနာရင္ၾကပ္႐ွိရင္ပိုဆိုးတတ္ပါတယ္..

    (၃) အရိုးနဲ႔ၾကြက္သားမ်ားထိခိုက္ပ်က္စီးျခင္း အ႐ိုးပါးအ႐ိုးပြေရာဂါ (Oestoporosis) ပိုျဖစ္လြယ္ပါတယ္..ေခ်ာ္လဲရင္ အလြယ္တကူ အ႐ိုးက်ိဳးလြယ္ပါတယ္..ၿပီးရင္ အ႐ိုးေဘးမွာ႐ွိတဲ့ ၾကြက္သားေတြကလည္း အဆိပ္သင့္ထားေတာ့ (Myopathy) သန္သန္စြမ္းစြမ္းမ႐ွိေတာ့ဘူးေပါ့.. လည္ပင္းက်ီးေပါင္းေရာဂါ၊ ခါးက်ီးေပါင္း ေရာဂါေတြ ပိုျဖစ္ပါတယ္.. ေသြးထဲမွာယူရစ္အက္ဆစ္ေတြ တတ္လာေလ့႐ွိလို႔ အ႐ိုးအဆစ္ေတြေရာင္တာျဖစ္တတ္ပါတယ္.. Gout ေရာဂါ လို႔ေခၚပါတယ္..အရင္ထဲက ေဂါက္ေရာဂါရိွၿပီးသူေတြက အရက္ေသာက္ရင္ပိုဆိုးပါတယ္..အရိုးအဆစ္ေတြ လံုး၀ပ်က္စီးသြားတတ္ပါတယ္..

    (၄) မ်ိဳးပြားျခင္းဆိုင္ရာလုပ္ငန္းေတြ ထိခိုက္ပ်က္စီးေစပါတယ္ အမ်ိဳးသားေတြမွာ အရက္ေသာက္တာၾကာလာရင္ လိင္ဂၤါေတြေသးငယ္ၿပီး မဖြံ႕ၿဖိဳးေတာ့တာ (Hypogonadism)၊ ေဝွးေစ့ေသးသြားတာ (Small testes)၊ ကေလးမရျခင္း၊ ၿမံဳျခင္း (Infertility)၊ ပန္းေသပန္းညႇိဳးျဖစ္ျခင္း (Erectile dysfunction) ေတြျဖစ္တတ္ပါတယ္.. အမ်ိဳးသမီးေတြမွာဆိုရင္ေတာ့ ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္မွာအရက္ေသာက္ခဲ့ရင္ အတြင္းမွာ႐ွိတဲ့သေႏၶသားကို ဆိုးဆိုးဝါးဝါးထိခိုက္ေစမွာျဖစ္ပါတယ္..

    ? MWD: ကိုယ္ဝန္ေဆာင္မိခင္ေလာင္းေတြအေနနဲ႔ အရက္ေသာက္မယ္ဆိုရင္ အထဲမွာ႐ွိတဲ့မိမိရဲ႕ရင္ေသြးကို ဘယ္လိုမ်ားထိခိုက္မႈ႐ွိႏိုင္ပါသလဲ ဆရာ.. အကယ္၍ေသာက္မယ္ဆိုရင္လည္း ဘယ္ေလာက္ ပမာဏအထိ ေသာက္လို႔ရတယ္ဆိုတာလည္းသိပါရေစ..

    Dr.KML: ထိခိုက္မႈအရမ္းကို႐ွိပါတယ္..ကိုယ္ဝန္ေဆာင္မိခင္ေလာင္းတစ္ေယာက္အေနနဲ႕ အရက္ေသာက္လိုက္ရင္ အခ်င္းကေနတစ္ဆင့္ ကေလးဆီကိုတိုက္႐ိုက္ေရာက္ပါတယ္..ႀကီးထြားေနဆဲျဖစ္တဲ့သေႏၶသားကို အဆိပ္ေကၽြးသတ္သလို ဆိုးဆိုးဝါးဝါးထိခိုက္ေစပါတယ္.. အရက္ဆိုတာ သေႏၶသားအတြက္ ျပင္းထန္တဲ့ အဆိပ္တစ္မ်ိဳးျဖစ္ပါတယ္..ကိုယ္ဝန္ေဆာင္တဲ့ကာလအႏုအရင့္နဲ႕ ေသာက္သံုးတဲ့အရက္ အမ်ိဳးအစားနဲ႔ပမာဏ တစ္နည္းအားျဖင့္ အယ္လ္ကိုေဟာယူနစ္အနည္းအမ်ားေပၚမူတည္ၿပီး ထိခိုက္တဲ့ပမာဏ ကြားျခားမႈ႐ွိပါတယ္..ကိုယ္ဝန္စ႐ွိၿပီးပထမ (၃) လ (First trimester) အတြင္းမွာေသာက္ခဲ့ရင္ကိုယ္ဝန္ပ်က္က်ျခင္း (Miscarriage)၊ ကေလးအေသေမြးျခင္း (Stillbirth)၊ ေစာေမြးျခင္း (Premature birth) နဲ႔ ေပါင္မျပည့္ပဲေမြးျခင္း (Low birth weight) ေတြျဖစ္တတ္ပါတယ္.. ဒုတိယ (၃) လနဲ႔ တတိယ (၃) လမွာေသာက္ခဲ့ရင္ေတာ့ ကေလးရဲ႕ႀကီးထြားဖြံ႕ၿဖိဳးေနတဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကိုထိခိုက္ေစမွာျဖစ္ပါတယ္..အထူးသျဖင့္ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာမႀကီး (Brain and spinal cord) ေတြကိုထိခိုက္မႈ အမ်ားဆံုးျဖစ္ပါတယ္.. အသည္းဖြံ႕ၿဖိဳးမႈဟာ ေနာက္ဆံုးမွျဖစ္ေတာ့ ေမြးခါနီးမွကပ္ၿပီးေသာက္မယ္ဆိုရင္ ကေလးရဲ႕အသည္းကို ထိခိုက္မႈပိုမ်ားပါတယ္..အခ်ိဳ႕ကေလးေတြကေတာ့ ေမြးၿပီးၿပီးခ်င္းထိခိုက္မႈကိုျမင္ရေပမယ့္ အခ်ိဳ႕က်ေတာ့ေမြးၿပီး ၂ ႏွစ္ ၃ ႏွစ္ၾကာမွ သိႏိုင္ပါတယ္.. အေမလုပ္တဲ့သူ ကိုယ္ဝန္ေဆာင္စဥ္ကာလမွာ အရက္ေသာက္တာမ်ားလို႔ ထိခိုက္ၿပီးေမြးလာတဲ့ကေလးကို ေဆးပညာအရ FAS (Fetal alcohol syndrome) လို႔ ေခၚပါတယ္..FAS ျဖစ္ေနတဲ့ကေလးေတြမွာ သိသာထင္႐ွားတဲ့လကၡဏာ (၃) ခ်က္႐ွိပါတယ္..

    (၁) မ်က္ႏွာပံုပန္းသဏၭာန္ခ်ိဳ႕ယြင္းမႈ I (Facial abnormalities) – ဦးေခါင္းေသးျခင္း (Small head) – မ်က္ႏွာျပားျခင္း(Flat face) – ႏွာေခါင္းျပားျခင္း (Low nasal bridge) ႏွင့္ ႏွာေခါင္းတိုျခင္း (Short nose) – အေပၚႏႈတ္ခမ္းပါးျခင္း(Thin upper lip) – မ်က္ေစ့ေပါက္က်ဥ္းျခင္း (Narrow eye opening) ႏွင့္မ်က္ရစ္ထူျခင္း (Epicanthal folds)
    (၂) ခႏၶာကိုယ္ဖြံ႕ ၿဖိဳးမႈနည္းပါျခင္း (Poor growth) ေမြးကတည္းက ေပါင္နည္းတဲ့အျပင္ ကေလးရဲ႕ႀကီးထြားဖြံ႕ၿဖိဳးမႈဟာ သူနဲ႔အသက္တူအ႐ြယ္တူကေလးေတြနဲ႕ႏိႈင္းယွဥ္ရင္ ေႏွးေကြးေနတာေတြ႕ရပါမယ္..ေသးေသးညႇက္ညႇက္ေလးျဖစ္ေနတတ္ပါတယ္..
    (၃) ဥာဏ္ရည္ဥာဏ္ေသြးမျပည့္မီျခင္း (Learning and behavioral problem) ေက်ာင္းေနအ႐ြယ္မွာစာမလိုက္ႏိုင္ျခင္း၊ ဥာဏ္ရည္ဥာဏ္ေသြးေလ်ာ့နည္းျခင္း၊ စာေမးပြဲက်ျခင္း၊ ေပါင္းသင္းဆက္ဆံေရးညံ့ျခင္း စတာေတြျဖစ္တတ္ပါတယ္..အေမရဲ႕အရက္ေသာက္ခဲ့တဲ့ပမာဏနဲ႕ အရက္အမ်ိဳးအစားေပၚမူတည္ၿပီး လကၡဏာေတြကေတာ့ နည္းျခင္းမ်ားျခင္း႐ွိႏိုင္ပါတယ္..အရက္ေၾကာင့္ျဖစ္တဲ့ ကေလးအေပၚထိခိုက္မႈအားလံုးကိုၿခံဳၿပီး FASD (Fetal Alcohol Spectrum Disorder) လို႔ အခုေနာက္ပိုင္း ေခၚေဝၚသံုးစြဲပါတယ္..ဒါ့ေၾကာင့္ ကိုယ္ဝန္ေဆာင္စဥ္မွာ အရက္ကိုလံုးဝမေသာက္ရပါဘူး.. ကိုယ္ဝန္ေဆာင္မဟုတ္ရင္သာ တစ္ပတ္ကို (၁၄) ယူနစ္ ခြင့္ျပဳေပမဲ့ ကိုယ္ဝန္ေဆာင္ဆိုရင္ေတာ့ Zero unit ပဲျဖစ္ပါတယ္..

    ? MWD: ညဘက္အရက္ေသာက္ၿပီး ေနာက္တစ္ေန႔အိပ္ယာထတဲ့အခါ ေခါင္းကိုက္တာ၊ ဗိုက္နာတာ၊ ေခါင္းမူးၿပီး ပ်ိဳ႕ခ်င္အန္ခ်င္ျဖစ္တာ၊ ပါးစပ္ေတြအာေခါင္ေတြေျခာက္ၿပီး ေနမထိထိုင္မသာျဖစ္တာေတြဟာ ဘာေၾကာင့္ျဖစ္တာပါလဲဆရာ..

    Dr.KML: ခုနကေျပာခဲ့တဲ့လကၡဏာေတြကို Hangover effect လို႔ ေခၚပါတယ္..တစ္ပါတ္လံုးလံုးအလုပ္ေတြလုပ္ၿပီး ေသာၾကာေန႔ညမွာ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔အတူ အရက္ေတြေသာက္ၿပီး စေနေန႕မနက္မိုးလင္းရင္ ႀကံဳရေလ့႐ွိပါတယ္..
    (၁) ေခါင္းကိုက္ျခင္း (Headache)- မိုးလင္းတာနဲ႔ ေခါင္းတအားကိုက္ပါတယ္..အဓိကအေၾကာင္းရင္းကေတာ့ အယ္လ္ကိုေဟာကေန အသြင္ေျပာင္းသြားတဲ့ Acetaldehyde အဆိပ္ေတြဟာ ေခါင္းထဲမွာ လာေရာက္ထိခိုက္ေစလို႔ျဖစ္ပါတယ္.. ညဖက္မွာ အေသာက္မ်ားေလေလ ေနာက္တစ္ေန႔မနက္မွာ ပိုကိုက္ေလျဖစ္ပါတယ္..
    (၂) ပ်ိဳ႕ခ်င္အန္ခ်င္စိတ္ျဖစ္ျခင္း (Nausea, vomiting) ကေတာ့ အရက္ေၾကာင့္ခႏၶာကိုယ္ခုခံစနစ္ျဖစ္တဲ့ေသြးျဖဴဥေတြ(T cell eJY B cell)ကေန Cytokine လို႔ေခၚတဲ့ ဓာတ္ပစၥည္းေတြထြက္လို႔ျဖစ္ပါတယ္..အရက္ဆိုတာ ခႏၶာကိုယ္ကေနမလိုလားတဲ့ ဓာတ္ပစၥည္းျဖစ္ေတာ့ ေနာက္ထပ္ထပ္ၿပီးဝင္မလာေအာင္ ထပ္ၿပီးမေသာက္ျဖစ္ေအာင္ ခုခံအားစနစ္က သဘာဝက်က်တြန္းလွန္ထားတဲ့သေဘာျဖစ္ပါတယ္..
    (၃) ေရငတ္တာ (Thirst)၊ အာေခါင္ေျခာက္တာ (Dry mouth) ျဖစ္တာေတြကေတာ့ ေရဓာတ္ေလ်ာ့နည္းသြားလို႔ (Dehydration) ျဖစ္ပါတယ္.. အရက္ေသာက္လိုက္ရင္ ADH ဟိုမုန္းေတြ အထြက္ေလ်ာ့သြားလို႔ ဆီးပိုသြားပါတယ္..တစ္ညလံုးဆီးထထသြားေနေတာ့ မနက္မိုးလင္းတဲ့အခါ ေရဓာတ္ေတြေလ်ာ့နည္းလို႔ ဒီလိုမ်ိဳးခံစားရတာျဖစ္ပါတယ္..
    (၄) ေခါင္းမူးတာ(Dizziness)၊ကိုယ္လက္ေတြေလးလံထိုင္းမိႈင္းၿပီး မသယ္ခ်င္ျဖစ္တာ (Fatigue) ကေတာ့ ေသြးထဲမွာဂလူးကို႔စ္ေတြ ေလ်ာ့နည္းေနလို႔ (Hypoglycemia) ျဖစ္ပါတယ္.. အသည္းကေနဂလူးကို႔စ္ေတြ လံုလံုေလာက္ေလာက္မထုတ္ေပးႏိုင္လို႔ ျဖစ္ပါတယ္..Energy ရဖို႔ လံုေလာက္တဲ့ ဂလူးကို႔စ္ မရလို႔ျဖစ္ပါတယ္..
    (၅) ဗိုက္နာျခင္း (Stomach pain) ကေတာ့ အစာအိမ္ေရာင္လို႔ ျဖစ္ပါတယ္..အထူးသျဖင့္ အရက္ေသာက္တဲ့အခါ အစာလံုေလာက္မႈမ႐ွိရင္ (အျမည္းမပါခဲ့ရင္) အရက္ေၾကာင့္ အစာအိမ္ေရာင္တတ္ပါတယ္..အဲ့ဒီအခါမွာ ဗိုက္နာတတ္ပါတယ္.. အဲ့ဒီလကၡဏာေတြေပၚလာခဲ့ရင္ ျဖစ္တဲ့ေပၚမူတည္ၿပီး ကုသေပးရပါတယ္..နားလည္တတ္ကြ်မ္းတဲ့သူနဲ႕ကုသေပးရင္အေကာင္းဆံုးျဖစ္ပါတယ္. အႏၱရာယ္႐ွိတဲ့ေဆးဝါးေတြ ေ႐ွာင္ဖို႔လိုပါတယ္.. ဥပမာ-ေခါင္းကိုက္တာေပ်ာက္ဖို႔ အကိုက္အခဲေပ်ာက္ေဆးေသာက္ရင္ ပါရာစီတေမာ့လိုေဆးမ်ိဳးက အသည္းကိုပိုၿပီး ထိခို္က္ေစလို႔ အႏၱရာယ္မ်ားပါတယ္..အက္စပရင္ေသာက္ရင္ အစာအိမ္ပို၍ ထိခိုက္ေစပါတယ္..

    ? MWD: အရက္စြဲေနသူတစ္ေယာက္ဟာအရက္ျဖတ္ခ်င္ရင္ဘယ္လိုမ်ိဳးေဆာင္႐ြက္သင့္ပါသလဲဆရာ..

    Dr.KML:အဓိကကာယကံ႐ွင္အေနနဲ႕အရက္ကို လိုလိုလားလားျဖတ္ခ်င္တဲ့စိတ္႐ွိရပါမယ္..ေဘးကလူေတြက ဝိုင္းဝန္းကူညီေပးရပါမယ္..ၿပီးရင္ တတ္ကြ်မ္းနားလည္တဲ့ ဆရာဝန္တစ္ေယာက္နဲ႔တိုင္ပင္ၿပီးမွ ျဖတ္သင့္ပါတယ္..ဘာလို႔လဲဆိုေတာ့ လိုအပ္တဲ့ေဆးဝါးေတြ ေပးရမွာမို႔ ျဖစ္ပါတယ္..
    (၁) အရက္ေသာက္ေနက်ခ်ိန္မွာ တျခားတခုခုလုပ္စရာေတြ ဖန္တီးေပးရပါမယ္..ဥပမာ- စာဖတ္ျခင္း၊ အားကစားတစ္ခုခုလုပ္ျခင္း၊ Chess ကစားျခင္း (၂) လက္႐ွိအလုပ္အကိုင္မွာ အဆင္မေျပမႈေတြမ်ားေနရင္ Stress ေတြ သိပ္မ်ားတာ၊ စိတ္ဓာတ္က်တာေတြျဖစ္ေနခဲ့ရင္ အလုပ္အကိုင္ေျပာင္းဖို႔ စီစဥ္ရပါမယ္..
    (၃) အာဟာရျပည့္စံုစြာစားေပးရပါမယ္..ထမင္းစားတဲ့အခါမွာ Protein ဓာတ္ၾကြယ္ဝတဲ့ အသား၊ ငါး၊ ပုဇြန္၊ ပဲမ်ိဳးစံုေတြ ပါဝင္ေအာင္ စားေပးရပါမယ္.. ဗီတာမင္ေတြၾကြယ္ဝတဲ့ ဟင္းသီးဟင္း႐ြက္ေတြလည္း ထည့္စားရပါမယ္.. (၄) ဗီတာမင္ထဲမွာ ဗီတာမင္ဘီ-၁ (Thiamine) ခ်ိဳ႕တဲ့ေလ့႐ွိတဲ့အတြက္ ဗီတာမင္ဘီ-၁ ေဆးျပား 100 mg ေဆးျပား ၁လံုး _ ၃ ႀကိမ္ ေသာက္သင့္ပါတယ္..သိပ္ခ်ိဳ႕တဲ့ရင္ ထိုးေဆးေတြအသံုးျပဳႏိုင္ပါတယ္..(ဥပမာ-Burplex forteထိုးေဆး)
    (၅) စိတ္ဂေယာင္ေျခာက္ျခားေတြျဖစ္ေနရင္ (Hallucinosis) ေတာ့ ဆရာဝန္ေတြက Diazepam တို႔ Chlopromazine တုိ႔ 100 mg _ တစ္ေန႔ ၃ႀကိမ္ေပးၿပီး ၿငိမ္ေအာင္ လုပ္ေပးေလ့႐ွိပါတယ္..
    (၆) အရက္ျဖတ္ေဆး (Disulfiram 200- 400 mg daily) ကိုေတာ့ လိုတဲ့လူေတြမွာ ေပးပါတယ္..အဲ့ဒီေဆးဟာေသြးထဲမွာ Acetaldehyde ေတြ မပ်က္စီးေအာင္ထိန္းထားေပးလို႔ အရက္ထပ္ေသာက္ရင္ပိုမ်ားလာၿပီး လူဟာေနလို႔မရျဖစ္လာပါတယ္.. အရက္ထပ္မေသာက္ရဲေအာင္ ျပဳလုပ္ေပးတဲ့ေဆးျဖစ္ပါတယ္..ဒါကေတာ့ ဆရာဝန္ရဲ႕ညႊန္ၾကားခ်က္နဲ႕သာ အသံုးျပဳရပါမယ္..ဆရာဝန္နဲ႔အၿမဲထိေတြ႔ေနဖို႔လိုပါတယ္.. အရက္ျပတ္တဲ့အထိေပါ့..

    ? MWD: ဆရာခုနကေျပာသလို စနစ္တက်မျဖတ္ဘဲ ကိုယ္သေဘာနဲ႔ကိုယ္ အရက္ကို ႐ုတ္တရက္ျဖတ္လိုက္ရင္ ျဖစ္လာႏိုင္တဲ့ဆိုးက်ိဳးေလးကိုလည္း ေျပာျပေပးပါ..

    Dr.KML: အရက္စြဲေနသူတစ္ေယာက္၊ ပံုမွန္ေသာက္ေနရာကေန ႐ုတ္တရက္ျဖတ္လိုက္ရင္ Alcohol Withdrawal လကၡဏာေတြ ေပၚလာပါမယ္.. အဲ့ဒါေတြကေတာ့ (၁) Psychological symptom- ဂဏာမၿငိမ္ျဖစ္ျခင္း (Restlessness)၊ စိတ္ပူပန္ေနျခင္း (Anxiety)၊ စိတ္ႏွင့္ကိုယ္လြတ္ၿပီး တစ္ခုခုလုပ္မိျခင္း (Panic attack) (၂) Autonomic symptom- ႏွလံုးခုန္ႏႈန္းျမန္လာျခင္း (Tachycardia)၊ ေခြ်းထြက္လြန္ျခင္း (Over sweating)၊ မ်က္စိသူငယ္အိမ္က်ယ္လာျခင္း (Pupil dilatation)၊ ပ်ိဳ႕ျခင္း (Nausea)၊ အန္ျခင္း (Vomiting) (၃) Delirium tremens – စိတ္ဂေယာင္ေျခာက္ျခားျဖစ္ျခင္း၊ စိတ္မတည္မၿငိမ္ျဖစ္ျခင္း၊ မ႐ွိသည္မ်ားကိုျမင္ျခင္း၊ၾကားျခင္း၊ လက္ေတြတုန္ျခင္း (၄) Seizure- တက္ျခင္းတို႔ျဖစ္တတ္ပါတယ္.. ဒါေၾကာင့္ကြ်မ္းက်င္တဲ့ဆရာဝန္နဲ႕ေဆြးေႏြးၿပီးစနစ္တက်ျဖတ္ဖို႔လိုပါတယ္..

    MWD: ဆရာအေနနဲ႔ ျမဝတီ႐ုပ္ျမင္သံၾကားပရိတ္သတ္ႀကီးကိုဘာမ်ား ေျပာခ်င္ပါသလဲဆရာ..

    ? Dr.KML: ဒီေန႔ေခတ္မွာ ဘီယာကစလို႔ အရက္အမ်ိဳးမ်ိဳးဟာ ၿမိဳ႕တိုင္းနယ္တိုင္းမွာ အလြယ္တကူရ႐ွိလို႔ေနပါတယ္..အရက္ဟာ ခႏၶာကိုယ္အတြက္ အဆိပ္သာျဖစ္တာမို႔ နဂိုထဲကမေသာက္တဲ့သူေတြ၊ အထူးသျဖင့္ လူငယ္ေတြအေနနဲ႔ စမ္းၿပီးမေသာက္ၾကဖို႔ ေျပာခ်င္ပါတယ္..အရက္ကိုေသာက္ေနသူေတြအေနနဲ႔လည္း အတတ္ႏိုင္ဆံုးေလ်ာ့ေသာက္ၾကဖို႔ တစ္ပတ္မွာ (၁၄) ယူနစ္ထက္မပိုၾကေစဖို႔ ဂ႐ုျပဳေစလိုပါတယ္..ေလ်ာ့ႏိုင္ေလေကာင္းေလျဖစ္ပါတယ္..အကယ္၍ ဒီ့ထက္ပိုၿပီးေသာက္ေနမယ္၊ အရက္စြဲေရာဂါရေနမယ္၊ ခႏၶာကိုယ္က်န္းမာေရးကိုလည္းထိခိုက္ေနၿပီဆိုရင္ေတာ့ ကြ်မ္းက်င္နားလည္တဲ့ဆရာဝန္နဲ႔ ျပသတိုင္ပင္ၿပီး အရက္ျဖတ္ၾကပါလို႔ တိုုက္တြန္းလိုပါတယ္..

    ==========

    Dr. Khin Maung Lwin – FAME

  • ကိုယ္ဝန္ေဆာင္နဲ႔ ဒူးရင္းသီး။ ကိုယ္၀န္သည္ ဒူးရင္းသီး စားလို႕ ရ/မရ

    (Zawgyi)
    ကိုယ္ဝန္ေဆာင္နဲ႔ ဒူးရင္းသီး

    ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ အေနနဲ႔ ကိုယ္ဝန္ရွိခ်ိန္မွာ ဘယ္လိုအစားစာေတြကို စားေသာက္သင့္လဲ ဘယ္လိုအစားစာေတြကို ေရွာင္သင့္လဲဆိုတာကိုေတာ့ သိထားဖို႔လိုပါတယ္။ ကေလးေရာ လူႀကီးပါ က်န္းမာဖို႔ ဆရာဝန္နဲ႔ တိုင္ပင္ျပသၿပီး ေဆးစား၊ ေဆးေသာက္ဖို႔ လိုအပ္ပါတယ္။ ေဆးေတြအျပင္ အစားေသာက္နဲ႔လည္း က်န္းမာေရးကို ဂ႐ိုစိုက္ရပါမယ္။ ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ ဒူးရင္းသီး မစားရဘူးဆိုတဲ့ လူေတြကို ဒီစာေလးကို ဖတ္ၾကည့္ရင္ သေဘာေပါက္သြားမွာပါ။

    ဒူးရင္းသီးမွာ ဓာတ္တိုးဆန႔္က်င္ ပစၥည္းေတြပါဝင္လို႔ အက်ိဳးျဖစ္ထြန္းေစပါတယ္။ ဒါေပမဲ့ ဆီးခ်ိဳးေဝဒနာသည္ ေတြအေနနဲ႔ သတိထားစားေပးပါ။ ကိုယ္ဝန္ေဆာင္ေတြ မဟုတ္ဘဲ ဒူးရင္းသီးကို စားျခင္းေၾကာင့္ ဗီတာမင္ သတၱဳ ဓာတ္ေတြကို ရရွိေစမွာျဖစ္ပါတယ္။ အမွ်င္ဓာတ္ပါလို႔ အစာေၾကေစပါတယ္။ ကိုယ္ဝန္ရွိတဲ့အခ်ိန္ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးပါတယ္။ ဒူးရင္းသီးးကို စားေပးရင္ ကိုလက္စထေရာႏွင့္ ျပည့္ဝဆီမပါဝင္တာမို႔ ဝတဲ့သူေတြလည္း စားေပးႏိုင္ပါတယ္။

    ခႏၶာကိုယ္အတြက္ အင္အားျဖစ္ေစၿပီး ေကာ့ပါး၊ မဂၢနီဆီယမ္၊ သံဓာတ္၊ တို႔မ်ားစြာပါဝင္ေနပါတယ္။ ကိုယ္ခႏၶာ အတြင္းမွာရွိတဲ့ ေသြးနီဥေတြကို အားေကာင္းေစၿပီး ေမြးလာမဲ့ ကေလးငယ္ကိုလည္း ဖြံ႕ၿဖိဳး ေစပါတယ္။ ဒါေၾကာင့္ ဒူးရင္းသီးကို ကိုယ္ဝန္ေဆင္ေတြစားလို႔ရလား ဆိုတာကိုေတာ့ ဒီစာေလးကို ဖတ္ၾကည့္ရင္သိၿပီမို႔ မိတ္ေဆြေတြကို လည္းတစ္ဆင့္ စကားပါးလို႔ရပါတယ္ေနာ္။ အားလုံးက်န္းမာၾကပါေစ။

    Credit – Pauk Pauk

    (Unicode)
    ကိုယ်ဝန်ဆောင်နဲ့ ဒူးရင်းသီး

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ရှိချိန်မှာ ဘယ်လိုအစားစာတွေကို စားသောက်သင့်လဲ ဘယ်လိုအစားစာတွေကို ရှောင်သင့်လဲဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ ကလေးရော လူကြီးပါ ကျန်းမာဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဆေးစား၊ ဆေးသောက်ဖို့ လိုအပ်ပါတယ်။ ဆေးတွေအပြင် အစားသောက်နဲ့လည်း ကျန်းမာရေးကို ဂရိုစိုက်ရပါမယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဒူးရင်းသီး မစားရဘူးဆိုတဲ့ လူတွေကို ဒီစာလေးကို ဖတ်ကြည့်ရင် သဘောပေါက်သွားမှာပါ။

    ဒူးရင်းသီးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်လို့ အကျိုးဖြစ်ထွန်းစေပါတယ်။ ဒါပေမဲ့ ဆီးချိုးဝေဒနာသည် တွေအနေနဲ့ သတိထားစားပေးပါ။ ကိုယ်ဝန်ဆောင်တွေ မဟုတ်ဘဲ ဒူးရင်းသီးကို စားခြင်းကြောင့် ဗီတာမင် သတ္တု ဓာတ်တွေကို ရရှိစေမှာဖြစ်ပါတယ်။ အမျှင်ဓာတ်ပါလို့ အစာကြေစေပါတယ်။ ကိုယ်ဝန်ရှိတဲ့အချိန် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒူးရင်းသီးးကို စားပေးရင် ကိုလက်စထရောနှင့် ပြည့်ဝဆီမပါဝင်တာမို့ ဝတဲ့သူတွေလည်း စားပေးနိုင်ပါတယ်။

    ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေပြီး ကော့ပါး၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ တို့များစွာပါဝင်နေပါတယ်။ ကိုယ်ခန္ဓာ အတွင်းမှာရှိတဲ့ သွေးနီဥတွေကို အားကောင်းစေပြီး မွေးလာမဲ့ ကလေးငယ်ကိုလည်း ဖွံ့ဖြိုးစေပါတယ်။ ဒါကြောင့် ဒူးရင်းသီးကို ကိုယ်ဝန်ဆေင်တွေစားလို့ရလား ဆိုတာကိုတော့ ဒီစာလေးကို ဖတ်ကြည့်ရင်သိပြီမို့ မိတ်ဆွေတွေကို လည်းတစ်ဆင့် စကားပါးလို့ရပါတယ်နော်။ အားလုံးကျန်းမာကြပါစေ။

    Credit – Pauk Pauk