Category: ဗဟုတုသ

  • ၀က္ၿခံအမာ႐ြတ္ လက္ေတြ႕ေပ်ာက္နည္း

    (Zawgyi)
    ဝက္ၿခံခြက္ေတြ လက္ေတြ႕ ေပ်ာက္ကင္းဖို႔ အေကာင္းဆုံးနည္းေပးပါရေစ။ ဒီနည္းက တကယ္လည္း သိသာထင္ရွားတဲ့ နည္းတခုျဖစ္တယ္။ ဝက္ၿခံအမာ႐ြတ္ခြက္ေတြ ကုသဖို႔ ၾကက္ဥတစ္လုံး၊ ပ်ားရည္ ထမင္းစားဇြန္း တစ္ဇြန္း၊ ေရွာက္သီး တစ္ျခမ္း၊ ဒိန္ခ်ဥ္ တစ္ဇြန္းနဲ႔ မုန႔္ဖုတ္ေဆာ္ဒါ လက္ဖက္ရည္တစ္ဇြန္းစာ လိုအပ္ပါတယ္။

    ျပဳလုပ္နည္း

    – ၾကက္ဥတလုံးကို ေဖာက္ၿပီး ေဘးအကာ(အျဖဴႏွစ္)ကိုယူၿပီး ပန္ကန္လုံးတခုထဲထည့္ပါ။

    – ၿပီးရင္ ပ်ားရည္နဲ႔ ဒိန္ခ်ဥ္ ထမင္းစားဇြန္းတစ္ဇြန္းစီထည့္ၿပီး ေမႊပါ။

    – ေနာက္မွ ေရွာက္သီးတျခမ္းကို အရည္ညႇစ္ၿပီး မုန႔္ဖုတ္ေဆာ္ဒါနဲ႔ေရာပါ။

    – ဒီေနရာမွာ ေဆာ္ဒါဟာ ေရွာက္သီးရည္နဲ႔ ထိတဲ့အခါ ဓာတ္ျပဳၿပီး အျမႇဳပ္ထလာလိမ့္မယ္။

    – အဆိုပါအေရာကို သန႔္စင္တဲ့ အဝတ္တခုနဲ႔စိမ္ပါ။ တခ်ိဳ႕က ဂြမ္းနဲ႔ပြတ္ၿပီးမွ အေပၚက သန႔္စင္တဲ့ အဝတ္စ gauze ကို ကပ္ၾကတယ္။ ဘယ္လိုျဖစ္ျဖစ္ရပါတယ္။ လိုရင္းက ေဆးကို အေရျပားက စုပ္ယူမႈ အားေကာင္းေစဖို႔ အဝတ္စတခုခု ဖုံးအုပ္ဖို႔ အတြက္သာျဖစ္တယ္။

    – မ်က္ႏွာမွာတင္ၿပီးရင္ မိနစ္(၃၀)ၾကာထားပါ။

    – ၿပီးရင္ ၾကက္သီးေႏြးေရနဲ႔ ခပ္ဖြဖြေဆးၿပီး မ်က္ႏွာသစ္ပါ။

    – အဲလိုအခ်ိန္ facial foam မသုံးပါနဲ႔။ မ်က္ႏွာသစ္ၿပီးတဲ့အခါ အဝတ္နဲ႔အရင္သုတ္ပါ။ ၿပီးမွ ေရေအးနဲ႔ ေသခ်ာျပန္သစ္ရမယ္။

    အဆိုပါနည္းဟာ ဝက္ၿခံအမာ႐ြတ္အတြက္ အေကာင္းဆုံးနည္းျဖစ္ပါတယ္။ ညစဥ္လုပ္ေပး႐ုံနဲ႔ သုံးလအၾကာမွာ အမာ႐ြတ္ေတြ သိသိသာသာ သက္သာေလွ်ာ့ပါးလာမွာ ျဖစ္တယ္။

    Credit : ေဒါက္တာ ေအးမင္းထူး

    (Unicode)
    ဝက်ခြံခွက်တွေ လက်တွေ့ ပျောက်ကင်းဖို့ အကောင်းဆုံးနည်းပေးပါရစေ။ ဒီနည်းက တကယ်လည်း သိသာထင်ရှားတဲ့ နည်းတခုဖြစ်တယ်။ ဝက်ခြံအမာရွတ်ခွက်တွေ ကုသဖို့ ကြက်ဥတစ်လုံး၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ရှောက်သီး တစ်ခြမ်း၊ ဒိန်ချဉ် တစ်ဇွန်းနဲ့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်တစ်ဇွန်းစာ လိုအပ်ပါတယ်။

    ပြုလုပ်နည်း

    – ကြက်ဥတလုံးကို ဖောက်ပြီး ဘေးအကာ(အဖြူနှစ်)ကိုယူပြီး ပန်ကန်လုံးတခုထဲထည့်ပါ။

    – ပြီးရင် ပျားရည်နဲ့ ဒိန်ချဉ် ထမင်းစားဇွန်းတစ်ဇွန်းစီထည့်ပြီး မွှေပါ။

    – နောက်မှ ရှောက်သီးတခြမ်းကို အရည်ညှစ်ပြီး မုန့်ဖုတ်ဆော်ဒါနဲ့ရောပါ။

    – ဒီနေရာမှာ ဆော်ဒါဟာ ရှောက်သီးရည်နဲ့ ထိတဲ့အခါ ဓာတ်ပြုပြီး အမြှုပ်ထလာလိမ့်မယ်။

    – အဆိုပါအရောကို သန့်စင်တဲ့ အဝတ်တခုနဲ့စိမ်ပါ။ တချို့က ဂွမ်းနဲ့ပွတ်ပြီးမှ အပေါ်က သန့်စင်တဲ့ အဝတ်စ gauze ကို ကပ်ကြတယ်။ ဘယ်လိုဖြစ်ဖြစ်ရပါတယ်။ လိုရင်းက ဆေးကို အရေပြားက စုပ်ယူမှု အားကောင်းစေဖို့ အဝတ်စတခုခု ဖုံးအုပ်ဖို့ အတွက်သာဖြစ်တယ်။

    – မျက်နှာမှာတင်ပြီးရင် မိနစ်(၃၀)ကြာထားပါ။

    – ပြီးရင် ကြက်သီးနွေးရေနဲ့ ခပ်ဖွဖွဆေးပြီး မျက်နှာသစ်ပါ။

    – အဲလိုအချိန် facial foam မသုံးပါနဲ့။ မျက်နှာသစ်ပြီးတဲ့အခါ အဝတ်နဲ့အရင်သုတ်ပါ။ ပြီးမှ ရေအေးနဲ့ သေချာပြန်သစ်ရမယ်။

    အဆိုပါနည်းဟာ ဝက်ခြံအမာရွတ်အတွက် အကောင်းဆုံးနည်းဖြစ်ပါတယ်။ ညစဉ်လုပ်ပေးရုံနဲ့ သုံးလအကြာမှာ အမာရွတ်တွေ သိသိသာသာ သက်သာလျှော့ပါးလာမှာ ဖြစ်တယ်။

    Credit : ဒေါက်တာ အေးမင်းထူး

  • ေလ့က်င့္ခန္း အျပင္းအထန္ လုပ္ထားၿပီးၿပီးခ်င္း အေလာတႀကီး ေရေသာက္သင့္သလား

     

    ====================
    ====================

    ေရဆိုတာ ေန႕စဥ္ဘဝအတြက္ အေရးႀကီးဆုံးျဖစ္သလို၊ အလိုအပ္ဆုံးလည္း ျဖစ္ပါတယ္။ “ေရအသက္ တမနက္”လို႔ အဆိုအတိုင္း ေရ မေသာက္ဘဲ အသက္ရွင္ေနထိုင္ဖို႔ မျဖစ္နိုင္ပါဘူး။

    တေန႕ကို အနည္းဆုံး ေရ ၂ လီတာ ေသာက္သုံးသင့္တယ္လို႔ အႀကံျပဳထားသလို ရာသီဥတုေပၚ မူတည္ၿပီး ခႏၶာကိုယ္ရဲ႕ လိုအပ္ခ်က္အရ ေရဓာတ္ အနည္းအမ်ား ျပန္လည္ ျဖည့္စြမ္းေပးရပါတယ္။

    လူေတြအတြက္ မရွိမျဖစ္ အေရးပါတဲ့ ေရဟာ ေသာက္တဲ့ပုံစံ မမွန္ကန္ရင္လည္း လူကို ဒုကၡ ေပးတတ္ျပန္ပါတယ္။ ရာသီဥတု အရမ္းပူတဲ့ အခ်ိန္ေတြမွာ ေရခဲေရေတြ ေသာက္မိရင္ လည္ေခ်ာင္းနာတာကေန ေနာက္ဆုံး ဦးေႏွာက္ ေသြးေၾကာျပတ္တဲ့အထိ ဆိုး႐ြားေစတာေၾကာင့္ ေရခဲေရထက္ ေျမအိုးထဲမွာထည့္ထားတဲ့ ေရေအးေအးက ပိုလည္း အေမာေျပေစသလို က်န္းမာေရးနဲ႕လည္း ညီၫြတ္ပါတယ္။

    အစားမစားခင္နဲ႕ စားၿပီး ၁၅ မိနစ္ေလာက္အနည္းဆုံး ျခားၿပီးေရေသာက္တာဟာ အစာေျခစနစ္ကို အေထာက္ အကူျပဳပါတယ္။ ေရအရမ္းငတ္ေနတဲ့အခ်ိန္မွာ အေလာတႀကီး တက်ိဳက္တည္း ေသာက္လိုက္တာထက္ တငုံခ်င္းစီ ျဖည္းျဖည္းခ်င္းေသာက္ေပးတာက ကိုယ္တြင္းအဂၤါ အစိတ္အပိုင္းေတြဆီကို ေရဓာတ္ျမန္ျမန္ဆန္ဆန္ ေရာက္ေစပါတယ္။

    တကယ္လို႔မ်ား သင့္မွာ ႏွလုံးေရာဂါ အခံရွိတယ္ဆိုရင္ ေရကိုနည္းနည္းခ်င္း မေသာက္ဘဲ တခါတည္း အေလာတႀကီး ေသာက္လိုက္တာဟာ ႏွလုံးကိုဖိအားမ်ားေစလို႔ အသက္အႏၲရာယ္ ရွိပါတယ္။

    ကိုယ္လက္ေလ့က်င့္ခန္း အျပင္းအထန္လုပ္ထားခဲ့ရင္ လုပ္ၿပီးၿပီးခ်င္း အေလာတႀကီး ေရမေသာက္သင့္ပါဘူး။ ကိုယ္လက္လႈပ္ရွားမႈေတြ လုပ္ထားခဲ့လို႔ ေခြၽးအရမ္းထြက္ထားတာေၾကာင့္ ခႏၶာကိုယ္အပူခ်ိန္ဟာ ပုံမွန္ထက္ ေအးေနပါတယ္။

    ဒီအခ်ိန္မွာ ေရမ်ားမ်ားေသာက္လိုက္ရင္ အႏၲရာယ္ရွိပါတယ္။ ခ်က္ခ်င္းဆိုသလို မအီမသာျဖစ္ လာၿပီး ေအာ့အန္ခ်င္လာမယ္၊ ဆဲလ္ေတြေရာင္ရမ္းလာမယ္၊ ေနာက္ဆုံး အသက္အႏၲရာယ္ဆုံးရႈံးတဲ့အထိ ျဖစ္နိုင္လို႔ သတိျပဳဆင္ျခင္သင့္ပါတယ္။

    အရမ္းေရငတ္ေနတဲ့အခ်ိန္၊ ကိုယ္လက္လႈပ္ရွားအားကစားေတြေၾကာင့္ ေရဓာတ္ကုန္ခမ္းေနခ်ိန္မွာ တႀကိဳက္တည္း ေရကို အေလာတႀကီးေသာက္လိုက္ရင္ ခႏၶာကိုယ္က ဆဲလ္ေတြ ေရာင္ရမ္းလာၿပီး လူကို ဒုကၡေပးနိုင္ပါတယ္။ ဒါေၾကာင့္ တခါတေလမွာ အားကစားလုပ္ၿပီး ေရကို အေလာတႀကီး သြားေသာက္လိုက္ရင္ ႐ုတ္တရက္မူး ေဝသြားတာမ်ိဳး ခံစားဖူးၾကမွာပါ။

    ေရမဟုတ္ဘဲ တျခားအားျဖည့္အခ်ိဳရည္ေတြေရာ ျဖစ္နိုင္လားဆိုရင္ ျဖစ္နိုင္ပါတယ္။ ေရတမ်ိဳးတည္း မဟုတ္ဘဲ အရည္အမ်ိဳးမ်ိဳးကို ကိုယ္လက္လႈပ္ရွားၿပီးခါစ ကိုယ္တြင္း အရည္ဓာတ္ပမာဏ တည္ၿငိမ္မႈမရွိခ်ိန္မွာ အေလာတႀကီး သြားေသာက္မိရင္ ကိုယ္တြင္းအဂၤါေတြ လုပ္ေဆာင္ခ်က္ေတြ ဟန္ခ်က္ ပ်က္သြားၿပီး မူးေဝေအာ့အန္တာကေန ေနာက္ဆုံး အသက္အႏၲရာယ္ ဆုံးရႈံးရတဲ့အထိ ျဖစ္နိုင္လို႔ ေရကိုနည္းနည္းနဲ႕ ျဖည္းျဖည္းခ်င္း ေသာက္ၾကဖို႔ ေရးသားလိုက္ပါတယ္။

    ==========

    The Irrawaddy – Burmese Edition (HEALTH)

  • အိပ္ယာေထာင့္မွာထားမယ့္ သံပရာသီး၏အစြမ္းမ်ား

    (Zawgyi)
    ေဝးေဝးေျပးပါ အဆိပ္သတၱဝါ

    လူေတြဟာ အိပ္ရာဝင္တဲ့အခါ တစ္ခါတစ္ရံ အခံရဆိုးတဲ့ ၾကမ္းပိုးကိုက္ျခင္းကိုလည္း ခံရတတ္ပါသည္။ ပု႐ြက္ဆိတ္လို အေကာင္အေသးစားမ်ိဳးလည္း အိပ္ရာေပၚတက္လာတတ္သလို အဆင္မသင့္ရင္ အဆိပ္ရွိ သတၱဝါေတြလည္း(ေနရာ၊ ေဒသကိုလိုက္လို႔) တက္လာတတ္ပါတယ္။

    ဒီလိုျဖစ္ရင္ေတာ့ မိမိအိပ္တဲ့ ခုတင္အေပၚေထာင့္ေလးေထာင့္မွာ သံပုရာသီး လတ္လတ္ဆတ္ဆတ္ တစ္လုံးစီ ထားေပးပါ။ ၿပီးေတာ့ မိမိ အိပ္ရာေအာက္ ဖ်ာ (သို႔မဟုတ္) ေမြ႕ရာေအာက္မွာ အသုံးျပဳၿပီးသား (အရည္ညႇစ္ၿပီး) သံပုရာသီးအခြံ အျပင္သားကို ဓားျဖင့္ပါးပါးႏႊာယူၿပီး အိပ္ရာေခါင္းရင္း၊ ေျခရင္းေတြမွာ သင့္ေတာ္သလို ခင္းထားေပးပါ။ ခုတင္ေပၚမွာ ထားတဲ့ သံပုရာသီးေတြကို ညိဳးႏြမ္းသြားရင္ လတ္လတ္ဆတ္ဆတ္နဲ႔ ျပန္လဲေပးပါ။ အိပ္ရာေအာက္မွာ ခင္းထားတဲ့ သံပုရာခြံ ပါးပါးေလးေတြကိုေတာ့ (၆)လတစ္ႀကိမ္ လဲေပးပါ။

    အက်ိဳးေက်းဇူးေတြကေတာ့ သံပုရာနံ႔ေၾကာင့္ ဘယ္အခ်ိန္ အိပ္ရာဝင္ဝင္ အမူးအေဝေပ်ာက္ျခင္း၊ အေႏွာင့္အယွက္ ပေယာဂ မျပဳစားႏိုင္ျခင္း၊ အဆိပ္ရွိသတၱဝါဆိုတဲ့ ေႁမြကင္းေတြ လုံးဝအနားမကပ္ႏိုင္ျခင္း၊ အခံရဆိုးတဲ့ ၾကမ္းပိုးကိုက္ျခင္း လုံး၀ (လုံးဝ)မရွိျခင္း (၎ဥပါေပ်ာက္ျခင္း)၊ အလြန္ေသးငယ္တဲ့ ပု႐ြက္ဆိတ္လို အေကာင္ငယ္မ်ား လုံးဝ အနားမကပ္ႏိုင္ျခင္းတို႔ပဲ ျဖစ္တယ္။

    Credit – Ohn Mya (Shan News)

    (Unicode)

    ဝေးဝေးပြေးပါ အဆိပ်သတ္တဝါ

    လူတွေဟာ အိပ်ရာဝင်တဲ့အခါ တစ်ခါတစ်ရံ အခံရဆိုးတဲ့ ကြမ်းပိုးကိုက်ခြင်းကိုလည်း ခံရတတ်ပါသည်။ ပုရွက်ဆိတ်လို အကောင်အသေးစားမျိုးလည်း အိပ်ရာပေါ်တက်လာတတ်သလို အဆင်မသင့်ရင် အဆိပ်ရှိ သတ္တဝါတွေလည်း(နေရာ၊ ဒေသကိုလိုက်လို့) တက်လာတတ်ပါတယ်။

    ဒီလိုဖြစ်ရင်တော့ မိမိအိပ်တဲ့ ခုတင်အပေါ်ထောင့်လေးထောင့်မှာ သံပုရာသီး လတ်လတ်ဆတ်ဆတ် တစ်လုံးစီ ထားပေးပါ။ ပြီးတော့ မိမိ အိပ်ရာအောက် ဖျာ (သို့မဟုတ်) မွေ့ရာအောက်မှာ အသုံးပြုပြီး(အရည်ညှစ်ပြီး) သံပုရာသီးအခွံ အပြင်သားကို ဓားဖြင့်ပါးပါးနွှာယူပြီး အိပ်ရာခေါင်းရင်း၊ ခြေရင်းတွေမှာ သင့်တော်သလို ခင်းထားပေးပါ။ ခုတင်ပေါ်မှာ ထားတဲ့ သံပုရာသီးတွေကို ညိုးနွမ်းသွားရင် လတ်လတ်ဆတ်ဆတ်နဲ့ ပြန်လဲပေးပါ။ အိပ်ရာအောက်မှာ ခင်းထားတဲ့ သံပုရာခွံ ပါးပါးလေးတွေကိုတော့ (၆)လတစ်ကြိမ် လဲပေးပါ။

    အကျိုးကျေးဇူးတွေကတော့ သံပုရာနံ့ကြောင့် ဘယ်အချိန် အိပ်ရာဝင်ဝင် အမူးအဝေပျောက်ခြင်း၊ အနှောင့်အယှက် ပယောဂ မပြုစားနိုင်ခြင်း၊ အဆိပ်ရှိသတ္တဝါဆိုတဲ့ မြွေကင်းတွေ လုံးဝအနားမကပ်နိုင်ခြင်း၊ အခံရဆိုးတဲ့ ကြမ်းပိုးကိုက်ခြင်း လုံး၀ (လုံးဝ)မရှိခြင်း (၎င်းဥပါပျောက်ခြင်း)၊ အလွန်သေးငယ်တဲ့ ပုရွက်ဆိတ်လို အကောင်ငယ်များ လုံးဝ အနားမကပ်နိုင်ခြင်းတို့ပဲ ဖြစ်တယ်။

    Credit – Ohn Mya (Shan News)

  • ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္သံုးတဲ့ စပါးလင္အေၾကာင္း

     

    စပါးလင္လို႔ ေျပာလိုက္တာနဲ႔ မုန္႔ဟင္းခါးကို သတိရမိၾကပါတယ္။ စပါးလင္ကို အဓိက ဟင္းခတ္အေမႊးအႀကိဳင္ အေနနဲ႔ သံုးၾကပါတယ္။ စပါးလင္မွာ ႏွစ္မ်ိဳးရွိၿပီး ျမက္ပင္ အမ်ိဳးအစားထဲမွာ ပါ၀င္ပါတယ္။ စပါးလင္ကို အခုအခါ ေဆး၀ါးအျဖစ္နဲ႔လည္း ထုတ္လုပ္ေနတာေတြ ေတြ႔လာရပါတယ္။

    စပါးလင္ရဲ႕ မူလဇာစ္ျမစ္ကေတာ့ အိႏၵိယလို႔ ဆို္ရမွာ ျဖစ္ၿပီး အခုအခါမွာေတာ့ အာရွတုိက္အႏွံ႔အျပားမွာ ေတြ႔ေနရပါၿပီ။ စပါးလင္ရဲ႕ ပင္စည္ကို ဟင္းခ်ိဳ၊ အသားဟင္းေတြမွာ ေမႊးႀကိဳင္ေစဖို႔ ထည့္၀င္တဲ့ အစားအစာ အျဖစ္ အသံုးျပဳေပမယ့္ အေနာက္ႏုိင္ငံေတြမွာေတာ့ လက္ဖက္ရည္နဲ႔ တြဲေသာက္ေလ့ ရွိသလို ေဖ်ာ္ရည္ေတာင္ လုပ္ေသာက္ၾကပါတယ္။ စပါးရဲ႕ ေမႊးႀကိဳင္တဲ့ အနံ႔ဟာ လူေတြကို အစာ စားခ်င္စိတ္ ျဖစ္ေစဖို႔ ကူညီေပးပါတယ္။

    စပါးလင္မွာ စီထရစ္ဓာတ္ ပါ၀င္မႈ မ်ားၿပီး ဗီတာမင္ေအလည္း ေပါမ်ားစြာ ပါ၀င္ပါတယ္။ ဒါ့အျပင္ ဗီတာမင္ စီ၊ ေဖာ့လိစ္အက္ဆစ္၊ မက္ကနီဆီယမ္၊ ဇင့္၊ ေကာ့ပါး၊ သံဓာတ္၊ ပိုတက္ဆီယမ္၊ ေဖာ့ဖရိပ္၊ ကယ္လ္ဆီယမ္၊ မက္ကနိနဲ႔ ဗီတာမင္ ဘီတုိ႔လည္း ပါ၀င္ပါတယ္။ စပါးလင္မွာ ရွိတဲ့ ေမႊးပ်ံ႔တဲ့ ရနံ႔ေၾကာင့္ အဆီထုတ္ၿပီး ဆပ္ျပာ၊ ေရေမႊးတု႔ိပါ ထုတ္ၾကပါတယ္။ စပါးလင္ရဲ႕အဆီဟာ ေသြးကို လည္ပတ္ေစၿပီး ေလေၾကေစပါတယ္။

    စပါးလင္အဆီကို ေခါင္းကိုက္ျခင္း၊ အစာအိမ္နာျခင္း၊ အဆစ္အျမစ္ ကိုက္ခဲျခင္း၊ အေၾကာတက္ျခင္းတို႔မွာ အနံ႔ရူေပးရင္ ျဖစ္ျဖစ္ ခပ္ပါးပါး လိမ္းေပးရင္ျဖစ္ျဖစ္ သက္သာေစပါတယ္။ စပါးလင္ဟာ အစာအိမ္နဲ႔ အူအတြက္ အလုပ္လုပ္ေပးတဲ့ အပင္တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လူတိုင္းလိုလို ျဖစ္တတ္တဲ့ ၀မ္းနာျခင္း၊ ၀မ္းပြျခင္းနဲ႔ ေလပြျခင္းတို႔ကို မျဖစ္ေအာင္ တားဆီးေပးပါတယ္။ စပါးလင္ဟာ ဆီးေရာဂါကို သက္သာေစၿပီး ရာသီ ဥတုေၾကာင့္ ျဖစ္တဲ့ ႏွာေစးေခ်ာင္းဆိုးျခင္းကို သက္သာေစႏုိင္ပါတယ္။

    ဆီးလမ္းေၾကာင္းအတြက္ေတာ့ စပါးလင္ကို တစ္ေန႔ႏွစ္ႀကိမ္ေလာက္ ေသာက္ေပးရံုနဲ႔ ေပ်ာက္ကင္းေစႏုိင္ပါတယ္။ ေသြးထဲက ကိုလက္စထေရာကို ထိန္းေပးၿပီး အဆိပ္အေတာက္ေတြ မျဖစ္ေစဖို႔ တားဆီးေပးပါတယ္။ ကင္ဆာဆဲလ္ေတြကို ေသေစႏုိင္ၿပီး က်န္းမာေစတဲ့ ဆဲလ္ေတြကိုေတာ့ မပ်က္ဆီးေစပါဘူး။

  • ကိုယ္လက္ ကိုက္ခဲ ေတာင့္တင္းၿပီး အျမဲဇက္ေၾကာတက္ေနသူမ်ားအတြက္ ေဆးနည္းလြယ္

    (Zawgyi)

    ႐ုံးကျပန္လာတိုင္း အၿမဲတမ္း ကိုယ္လက္ေတြ ကိုက္ခဲေတာင့္တင္းၿပီး ဇက္ေၾကာေတြ တက္လွသည္ဟုဆိုကာ နင္းပါဦး ႏွိပ္ပါဦး မိသားစုဝင္မ်ားအား အကူအညီေတာင္းခံတက္ေသာ ဖခင္အားၾကည့္ၿပီး ဂ႐ုဏာသက္မိသည္။

    ထိုမွ်မက ဇက္ေၾကာကို ထင္းေခ်ာင္းျဖင့္ ထုခိုင္း၊ သနပ္ခါးတုံးျဖင့္ ထုခိုင္း ေစခိုင္းတတ္ျပန္သည္။ ထိုကာလသည္က (၆) ႏွစ္မကပင္ ၾကာမည္ထင္ပါသည္။ ယခုမျဖစ္ေတာ့ပါ။ နည္းလမ္းေကာင္းေလး ရလိုက္၍လည္း ျဖစ္၏။

    -နည္းလမ္း

    ေန႔စဥ္ အုန္းမႈတ္ခြက္ နင္းျခင္းျဖစ္သည္။ ႐ုံးက ျပန္လာသည္ႏွင့္ ေရမိုးခ်ိဳးသည္။ ၿပီးေနာက္ အိမ္နီးနားရွိ သက္ရင္းႀကီးပင္မွ သက္ရင္းႀကီး႐ြက္ (၂) ႐ြက္ကိုခူးကာ အုန္းမႈတ္ခြက္ေပၚ တင္လိုက္ၿပီး ေျခဖဝါးျပင္ႏွစ္ဖက္ ေနရာအႏွံ႔ မုန္ညင္းဆီကို လူးေတာ့သည္။

    ထိုေနာက္ မုန္ညင္းဆီ လိမ္းထားေသာ ေျခဖဝါးႏွစ္ဖက္ျဖင့္ သက္ရင္းႀကီး႐ြက္ အသင့္တင္ထားေသာ အုန္းမႈတ္ခြက္ေပၚသို႔ (၁၅) မိနစ္ခန႔္ စိတ္တိုင္းၾက နင္းျခင္း ျဖစ္ေလသည္။ အေဖ ႏွစ္ေပါင္းမ်ားစြာ ခံစားရခက္ေသာ ကိုယ္လက္ေတာင့္တင္း ဇက္ေၾကာတက္ျခင္း အမွန္ပင္ ယေန႔ခ်ိန္ထိ ေပ်ာက္ကင္းသြားေလသည္။

    လိုသူတို႔သုံး ေစတနာ အၿပဳံးျဖင့္ ႐ႊင္လန္းႏိုင္ပါေစ။

    Credit : ရဲမ်ိဳးသူ (ေဗာဓိၿမိဳင္)

    (Unicode)

    ရုံးကပြန်လာတိုင်း အမြဲတမ်း ကိုယ်လက်တွေ ကိုက်ခဲတောင့်တင်းပြီး ဇက်ကြောတွေ တက်လှသည်ဟုဆိုကာ နင်းပါဦး နှိပ်ပါဦး မိသားစုဝင်များအား အကူအညီတောင်းခံတက်သော ဖခင်အားကြည့်ပြီး ဂရုဏာသက်မိသည်။

    ထိုမျှမက ဇက်ကြောကို ထင်းချောင်းဖြင့် ထုခိုင်း၊ သနပ်ခါးတုံးဖြင့် ထုခိုင်း စေခိုင်းတတ်ပြန်သည်။ ထိုကာလသည်က (၆) နှစ်မကပင် ကြာမည်ထင်ပါသည်။ ယခုမဖြစ်တော့ပါ။ နည်းလမ်းကောင်းလေး ရလိုက်၍လည်း ဖြစ်၏။

    -နည်းလမ်း

    နေ့စဉ် အုန်းမှုတ်ခွက် နင်းခြင်းဖြစ်သည်။ ရုံးက ပြန်လာသည်နှင့် ရေမိုးချိုးသည်။ ပြီးနောက် အိမ်နီးနားရှိ သက်ရင်းကြီးပင်မှ သက်ရင်းကြီးရွက် (၂) ရွက်ကိုခူးကာ အုန်းမှုတ်ခွက်ပေါ် တင်လိုက်ပြီး ခြေဖဝါးပြင်နှစ်ဖက် နေရာအနှံ့ မုန်ညင်းဆီကို လူးတော့သည်။

    ထိုနောက် မုန်ညင်းဆီ လိမ်းထားသော ခြေဖဝါးနှစ်ဖက်ဖြင့် သက်ရင်းကြီးရွက် အသင့်တင်ထားသော အုန်းမှုတ်ခွက်ပေါ်သို့ (၁၅) မိနစ်ခန့် စိတ်တိုင်းကြ နင်းခြင်း ဖြစ်လေသည်။ အဖေ နှစ်ပေါင်းများစွာ ခံစားရခက်သော ကိုယ်လက်တောင့်တင်း ဇက်ကြောတက်ခြင်း အမှန်ပင် ယနေ့ချိန်ထိ ပျောက်ကင်းသွားလေသည်။

    လိုသူတို့သုံး စေတနာ အပြုံးဖြင့် ရွှင်လန်းနိုင်ပါစေ။

    Credit : ရဲမျိုးသူ (ဗောဓိမြိုင်)

  • အရေးပေါ်အခြေအနေတွင် ကားထဲမှာ ပိတ်မိနေခဲ့ရင် လွတ်မြောက်ဖို့

    (Unicode)

    အရေးပေါ်အခြေအနေ ကားထဲမှာ ပိတ်မိနေရင် ဘယ်လိုလွတ်မြောက်အောင် ကြိုးစားမလဲဆိုတာကို ကားနည်းပညာရှင်တွေဘက်က သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ “ဖြစ်စဉ်မှာ ကားတစ်စီးလုံး အမြန်ပေါက်ကွဲ လောင်ကျွမ်းတာမျိုးဖြစ်လို့ ဝါယာရှော့(တ်)ဖြစ်သွားပြီး ခလုတ်တွေ လော့ခ် ကျသွားတာ ဖြစ်နိုင်တယ်၊ အဲဒီအတွက် တံခါးအားလုံးဖွင့်မရတော့ဘဲ ပိတ်မိသွားတဲ့ အနေအထားဖြစ်တယ်၊ တစ်ခုတည်းသော လွတ်မြောက်မှုက မှန်ကိုခွဲပြီး ထွက်ဖို့ပဲရှိတယ်”လို့ KKK Automotives Diagnostic & Repair Center က အော်တိုမိုတစ်ပညာရှင် ကိုကျော်ကိုကျော်က ပြောပါတယ်။

    ကားမှန်ကို ဘယ်လိုခွဲမလဲ
    အဲသည်လို ကားတံခါးတွေက လော့ခ်ကျပြီးခလုတ်တွေက ပျက်စီးသွားတဲ့အတွက် ကားတံခါးဖွင့်ဖို့ ကြိုးစားလို့ မရတော့ပါဘူး။ အချိန်ကလည်း အရေးပေါ် အခြေအနေဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မှန်တွေ ခွဲထွက်ဖို့ အမြန်ဆုံးဖြတ်ရပါမယ်။ အံစာတုံးကားရဲ့ ထိုင်ခုံခေါင်းတင်အုံးကို ဖြုတ်လိုက်ရင် အောက်ခြေက သံချောင်းနှစ်ချောင်းဟာ အရေးပေါ်မှန်တွေ ခွဲထွက်ဖို့ အဆင်သင့်ပြုလုပ်ထားတာ ဖြစ်တယ်လို့ ကား နည်းပညာရှင် ဦးစန်းဦးက ပြောပါတယ်။ အဲသည် ခေါင်းတင်အုံး အောက်ခြေနဲ့ ကားမှန်နဲ့ ဘောင်ကိုဆက်စပ်တဲ့ လိုင်နာဖုံးအုပ်ထားတဲ့ အစပ်နေရာကို အားနဲ့ထိုး ကလော်လိုက်ရင် ကားမှန်တွေ အလွယ်တကူ ကွဲကြေပြီး ဖွင့်ထွက်နိုင်တယ်လို့ ဆိုပါတယ်။

    ကိုကျော်ကိုကျော်ကတော့ ခေါင်းတင်အုံးနဲ့ ထိုးခွဲလို့ရတာကို ကြိုတင် သိရှိထားရင်တော့ ဖြစ်နိုင်ပါတယ်။ သူက ကျွန်တော့် ဝပ်ရှော့မှာ ကားလာပြင်တဲ့သူတွေထဲမှာ တစ်ဖက်က အသွားပါတဲ့ ရဲဒင်းကို ကားတံခါးဘေးမှာ ထည့်ပြီး ဆောင်ထားတတ်တာ တွေ့ဖူးပါတယ်။ အဲသည် ရဲဒင်းလေးက တစ်ပေသာသာပဲရှိတယ်။ အရေးပေါ်ကားထဲမှာ ပိတ်မိရင် ခွဲထွက်ဖို့လို့ ဆိုပါတယ်။ နောက်ခါးပတ် ဖြတ်တဲ့ ဓားလည်း ဆောင်ထားပါတယ်။ အဲဘက် ပွင့်ထွက်သွားပြီးရင် ခါးပတ်ကို အလွတ်တကူ ဖြုတ်လို့မရဘဲ ဖြစ်တတ်ပါတယ်။

    အဲသည်အချိန်မျိုးမှာ ဓားနဲ့ ခါးပတ်ကို ဖြတ်ထွက်လို့ရအောင် ဆောင်ထားသင့်တာပါ။ ကားပစ္စည်းဆိုင်တွေမှာ kid box တစ်ခုထဲမှာ အဲသည် ပစ္စည်းအစုံအလင်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ အဲသည် ကစ်ဘောက်စ်လေး ဆောင်ထားရင်တော့ ကားထဲမှာ ပိတ်မိတာကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။

    ကားမီးလောင်နိုင်တဲ့အချက်
    အင်ဂျင်ကို ဆီပေးတဲ့စနစ်တွေ ချို့ယွင်းချက်ကြောင့် ကားမီးလောင်တာ များပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆီတိုင်ကီကွဲပြီး မီးလောင်နိုင်သလို ဆီတိုင်ကီအနားမှာ ပွတ်တိုက်မှုဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ မီးပွားလေးတွေကြောင့်လည်း ဓာတ်ဆီက ပေါက်ကွဲစေနိုင်တယ်။

    ဓာတ်ဆီကားနဲ့ ဒီဇယ်ကား အမျိုးအစားမှာ ဓာတ်ဆီက ပိုပြီး မီးလောင်စေနိုင်ပါတယ်။ အဲဒါက ခုနောက်ပိုင်း အဆင့်မြင့်လာတဲ့ ဆီဖျန်းတဲ့ စနစ်ကြောင့်ပါပဲ။ အရင် ကားဟောင်းတွေမှာပါတဲ့ ကာဘရိုက်တာ စနစ်က အဲသည်လို မီးလောင်တာ နည်းပါတယ်၊ ဝါယာရှော့(တ်)ဖြစ်ရင်လည်း သိတာနဲ့ မီးမလောင်အောင် ကြိုတင်ကာကွယ်ချိန်ရတယ်၊ အခုအဆင့်မြင့်လာတဲ့ ဆီဖျန်းတဲ့စနစ်က အတိမ်းအစောင်း ဖြစ်တာနဲ့ အင်ဂျင်တစ်ခုလုံးကို နေရာအနှံ့ ဆီဖျန်းလိုက်သလိုဖြစ်ပြီး ဝါယာရှော့(တ်) ဖြစ်တာနဲ့ ဝုန်းကနဲ မီးထတောက်တဲ့ အနေအထားမျိုး ဖြစ်နေတာပါ၊ ဆီပို့တဲ့စနစ်မှာလဲ ရော်ဘာပိုက်နဲ့ ချိတ်ဆက်ပို့တာတွေက safe မဖြစ်တဲ့သဘောပါ၊ ကာဘရိုက်တာစနစ်မှာ အရင်က ဆီပို့တာကို ကြေးပိုက်တွေ အသုံးပြုခဲ့တာပါ။

    ယာဉ်မောင်းသူအနေနဲ့ အင်ဂျင် အပူလွန်ကဲနေပြီလား၊ အင်ဂျင်အအေးပေး စနစ်တွေ ပုံမှန်ဖြစ်ရဲ့လား အမြဲစစ်ဆေးနေရပါမယ်၊ အေးတဲ့အရပ်မှာသုံးတဲ့ ကားတွေကို ဝယ်သုံးနေကြတယ်ဆိုတာကိုလဲ ခေါင်းထဲမှာ ထည့်ထားရမှာဖြစ်တယ်။ အဲဒါကြောင့် ဆီပေးတဲ့စနစ်က သူတို့လို အေးတဲ့ဒေသတွေမှာ Safe ဖြစ်ပေမဲ့ သည်ကအပူချိန်မှာ Safe မဖြစ်နိုင်ဘူး ဆိုတာကိုလည်း သိထားပြီး အင်ဂျင်အပူရှိန် လွန်ကဲတာ (over heat) မဖြစ်အောင် အမြဲဂရုစိုက်သင့်တယ်လို့ ကိုကျော်ကိုကျော်က ပြောပါတယ်။

    Author အောင်ထွန်းဦး

    Credit – Kumudra

    (Zawgyi)
    အေရးေပၚအေျခအေန ကားထဲမွာ ပိတ္မိေနရင္ ဘယ္လိုလြတ္ေျမာက္ေအာင္ ႀကိဳးစားမလဲဆိုတာကို ကားနည္းပညာရွင္ေတြဘက္က သုံးသပ္ခ်က္ေတြ ျဖစ္ပါတယ္။ “ျဖစ္စဥ္မွာ ကားတစ္စီးလုံး အျမန္ေပါက္ကြဲ ေလာင္ကြၽမ္းတာမ်ိဳးျဖစ္လို႔ ဝါယာေရွာ့(တ္)ျဖစ္သြားၿပီး ခလုတ္ေတြ ေလာ့ခ္ က်သြားတာ ျဖစ္ႏိုင္တယ္၊ အဲဒီအတြက္ တံခါးအားလုံးဖြင့္မရေတာ့ဘဲ ပိတ္မိသြားတဲ့ အေနအထားျဖစ္တယ္၊ တစ္ခုတည္းေသာ လြတ္ေျမာက္မႈက မွန္ကိုခြဲၿပီး ထြက္ဖို႔ပဲရွိတယ္”လို႔ KKK Automotives Diagnostic & Repair Center က ေအာ္တိုမိုတစ္ပညာရွင္ ကိုေက်ာ္ကိုေက်ာ္က ေျပာပါတယ္။

    ကားမွန္ကို ဘယ္လိုခြဲမလဲ
    အဲသည္လို ကားတံခါးေတြက ေလာ့ခ္က်ၿပီးခလုတ္ေတြက ပ်က္စီးသြားတဲ့အတြက္ ကားတံခါးဖြင့္ဖို႔ ႀကိဳးစားလို႔ မရေတာ့ပါဘူး။ အခ်ိန္ကလည္း အေရးေပၚ အေျခအေနဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ မွန္ေတြ ခြဲထြက္ဖို႔ အျမန္ဆုံးျဖတ္ရပါမယ္။ အံစာတုံးကားရဲ႕ ထိုင္ခုံေခါင္းတင္အုံးကို ျဖဳတ္လိုက္ရင္ ေအာက္ေျခက သံေခ်ာင္းႏွစ္ေခ်ာင္းဟာ အေရးေပၚမွန္ေတြ ခြဲထြက္ဖို႔ အဆင္သင့္ျပဳလုပ္ထားတာ ျဖစ္တယ္လို႔ ကား နည္းပညာရွင္ ဦးစန္းဦးက ေျပာပါတယ္။ အဲသည္ ေခါင္းတင္အုံး ေအာက္ေျခနဲ႔ ကားမွန္နဲ႔ ေဘာင္ကိုဆက္စပ္တဲ့ လိုင္နာဖုံးအုပ္ထားတဲ့ အစပ္ေနရာကို အားနဲ႔ထိုး ကေလာ္လိုက္ရင္ ကားမွန္ေတြ အလြယ္တကူ ကြဲေၾကၿပီး ဖြင့္ထြက္ႏိုင္တယ္လို႔ ဆိုပါတယ္။

    ကိုေက်ာ္ကိုေက်ာ္ကေတာ့ ေခါင္းတင္အုံးနဲ႔ ထိုးခြဲလို႔ရတာကို ႀကိဳတင္ သိရွိထားရင္ေတာ့ ျဖစ္ႏိုင္ပါတယ္။ သူက ကြၽန္ေတာ့္ ဝပ္ေရွာ့မွာ ကားလာျပင္တဲ့သူေတြထဲမွာ တစ္ဖက္က အသြားပါတဲ့ ရဲဒင္းကို ကားတံခါးေဘးမွာ ထည့္ၿပီး ေဆာင္ထားတတ္တာ ေတြ႕ဖူးပါတယ္။ အဲသည္ ရဲဒင္းေလးက တစ္ေပသာသာပဲရွိတယ္။ အေရးေပၚကားထဲမွာ ပိတ္မိရင္ ခြဲထြက္ဖို႔လို႔ ဆိုပါတယ္။ ေနာက္ခါးပတ္ ျဖတ္တဲ့ ဓားလည္း ေဆာင္ထားပါတယ္။ အဲဘက္ ပြင့္ထြက္သြားၿပီးရင္ ခါးပတ္ကို အလြတ္တကူ ျဖဳတ္လို႔မရဘဲ ျဖစ္တတ္ပါတယ္။

    အဲသည္အခ်ိန္မ်ိဳးမွာ ဓားနဲ႔ ခါးပတ္ကို ျဖတ္ထြက္လို႔ရေအာင္ ေဆာင္ထားသင့္တာပါ။ ကားပစၥည္းဆိုင္ေတြမွာ kid box တစ္ခုထဲမွာ အဲသည္ ပစၥည္းအစုံအလင္နဲ႔ ဝယ္ယူရရွိႏိုင္ပါတယ္။ အဲသည္ ကစ္ေဘာက္စ္ေလး ေဆာင္ထားရင္ေတာ့ ကားထဲမွာ ပိတ္မိတာကို အလြယ္တကူ ေျဖရွင္းႏိုင္ပါတယ္။

    ကားမီးေလာင္ႏိုင္တဲ့အခ်က္
    အင္ဂ်င္ကို ဆီေပးတဲ့စနစ္ေတြ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ကားမီးေလာင္တာ မ်ားပါတယ္။ ယာဥ္တိုက္မႈေၾကာင့္ ဆီတိုင္ကီကြဲၿပီး မီးေလာင္ႏိုင္သလို ဆီတိုင္ကီအနားမွာ ပြတ္တိုက္မႈျဖစ္ၿပီး ျဖစ္ေပၚလာတဲ့ မီးပြားေလးေတြေၾကာင့္လည္း ဓာတ္ဆီက ေပါက္ကြဲေစႏိုင္တယ္။

    ဓာတ္ဆီကားနဲ႔ ဒီဇယ္ကား အမ်ိဳးအစားမွာ ဓာတ္ဆီက ပိုၿပီး မီးေလာင္ေစႏိုင္ပါတယ္။ အဲဒါက ခုေနာက္ပိုင္း အဆင့္ျမင့္လာတဲ့ ဆီဖ်န္းတဲ့ စနစ္ေၾကာင့္ပါပဲ။ အရင္ ကားေဟာင္းေတြမွာပါတဲ့ ကာဘ႐ိုက္တာ စနစ္က အဲသည္လို မီးေလာင္တာ နည္းပါတယ္၊ ဝါယာေရွာ့(တ္)ျဖစ္ရင္လည္း သိတာနဲ႔ မီးမေလာင္ေအာင္ ႀကိဳတင္ကာကြယ္ခ်ိန္ရတယ္၊ အခုအဆင့္ျမင့္လာတဲ့ ဆီဖ်န္းတဲ့စနစ္က အတိမ္းအေစာင္း ျဖစ္တာနဲ႔ အင္ဂ်င္တစ္ခုလုံးကို ေနရာအႏွံ႔ ဆီဖ်န္းလိုက္သလိုျဖစ္ၿပီး ဝါယာေရွာ့(တ္) ျဖစ္တာနဲ႔ ဝုန္းကနဲ မီးထေတာက္တဲ့ အေနအထားမ်ိဳး ျဖစ္ေနတာပါ၊ ဆီပို႔တဲ့စနစ္မွာလဲ ေရာ္ဘာပိုက္နဲ႔ ခ်ိတ္ဆက္ပို႔တာေတြက safe မျဖစ္တဲ့သေဘာပါ၊ ကာဘ႐ိုက္တာစနစ္မွာ အရင္က ဆီပို႔တာကို ေၾကးပိုက္ေတြ အသုံးျပဳခဲ့တာပါ။

    ယာဥ္ေမာင္းသူအေနနဲ႔ အင္ဂ်င္ အပူလြန္ကဲေနၿပီလား၊ အင္ဂ်င္အေအးေပး စနစ္ေတြ ပုံမွန္ျဖစ္ရဲ႕လား အၿမဲစစ္ေဆးေနရပါမယ္၊ ေအးတဲ့အရပ္မွာသုံးတဲ့ ကားေတြကို ဝယ္သုံးေနၾကတယ္ဆိုတာကိုလဲ ေခါင္းထဲမွာ ထည့္ထားရမွာျဖစ္တယ္။ အဲဒါေၾကာင့္ ဆီေပးတဲ့စနစ္က သူတို႔လို ေအးတဲ့ေဒသေတြမွာ Safe ျဖစ္ေပမဲ့ သည္ကအပူခ်ိန္မွာ Safe မျဖစ္ႏိုင္ဘူး ဆိုတာကိုလည္း သိထားၿပီး အင္ဂ်င္အပူရွိန္ လြန္ကဲတာ (over heat) မျဖစ္ေအာင္ အၿမဲဂ႐ုစိုက္သင့္တယ္လို႔ ကိုေက်ာ္ကိုေက်ာ္က ေျပာပါတယ္။

    Author ေအာင္ထြန္းဦး

    Credit – Kumudra

     

  • သင်းခွေချပ်နှင့် မြန်မာတို့၏ အယူသီး ယုံတမ်းစကားများ

    (Zawgyi)

    သင္​း​ေခြခ်ပ္​နဲ႔ ယံုတမ္​းစကား

    ႐ိုးမ​​ေပၚတက္​ၿပီး သစ္​ခုတ္​ဝါးခုတ္​ၾကတဲ့သူ​ေတြ အခ်င္​းခ်င္​းလူစုကြဲၾကတဲ့အခါ အူသံ​ေပးၿပီး ဆက္​သြယ္​ၾကပါတယ္​။ ​ေတာထဲမွာ နာမည္​ မ​ေခၚရဘူး။ ​ေခၚမိရင္​ သင္​း​ေခြခ်ပ္​က မွတ္​ထားၿပီး အဲဒီနာမည္​ကို ​ေခၚတတ္​တယ္​။ ျပန္​ထူးမိရင္​ ​ေသတာပဲတဲ့။

    သင္​း​ေခြခ်ပ္​ကို Pangolin လို႔​ေခၚပါတယ္​။ အာရွတိုက္​နဲ႔ အာဖရိက​ေတာင္​ပိုင္​းမွာ ​ေတြ႕ရတယ္​။ ပု႐ြက္​စား​ေကာင္​မ်ိဳးပါ။ ျခ​ေတြ၊ ပု႐ြက္​ဆိတ္​​ေတြကို စားတယ္​။ တစ္​ကိုယ္​လံုး အ​ေၾကးခြံမာ​ေတြျပည္​့​ေနတယ္​။ သူ႔မွာ သြား​ေတြ မရိွဘူး။

    သင္​း​ေခြခ်ပ္​က အႏၲရာယ္​နဲ႔ႀကံဳလာရင္​ ထြက္​မ​ေျပးတတ္​ဘူး။ ​ေခါင္​းကို အထဲမွာထားၿပီး ​တစ္​ကိုယ္​လံုးကို လံုးပစ္​လိုက္​တာ။ အဲဒါ​ေၾကာင္​့ သင္​း​ေခြခ်ပ္​ေတြ႕ရင္​ လန္​႔​ေအာင္​သာ ​ေျခာက္​​ေပးလိုက္​။ လံုးသြားရင္​ အသာ​ေလး ​ေကာက္​ယူလိုက္​႐ုံပဲ။

    တ႐ုတ္​တို႔၊ ဗီယက္​နမ္​တို႔မွာ သင္​း​ေခြခ်ပ္​သားကို ​ေစ်းႀကီး​ေပးစားၾကတယ္​။ တ႐ုတ္​တိုင္​းရင္​း​ေဆးဆရာ​ေတြက သင္​း​ေခြခ်ပ္​ အခြံ​ေတြကို​ အ​ေရာင္​​ေလ်ာ့​ေဆး​ေတြ၊ ကင္​ဆာ​ေပ်ာက္​​ေဆး​ေတြ ေဖာ္​ၾကတယ္​။ ဒါ​ေၾကာင္​့ သင္​​းေခြခ်ပ္​ဟာ ​ေစ်း​ေကာင္​းရတယ္​။ ​ေမွာင္​ခို​ေစ်းကြက္​ ရိွတယ္​။

    သင္​း​ေခြခ်ပ္​တစ္​​ေကာင္​ ဖမ္​းမိလာၿပီဆိုရင္​ ​ေသတၱာထဲထည္​့ၿပီး ​ေသာ့ခတ္​ထားတာ​ေတာင္​ ညဘက္​​ေရာက္​ရင္​ ​ေပ်ာက္​သြားတတ္​တယ္​လို႔ ဆိုၾကပါတယ္​။ သူ႔မွာ ကိုယ္​​ေပ်ာက္​ႏိုင္​တဲ့ အ​ေၾကးခြံတစ္​ခုရိွလို႔​တဲ့။ လမိုက္​ညမွာ သူ႔ရဲ႕အ​ေၾကးခြံတစ္​ခုခ်င္​းကို ​ေဆးႀကိမ္​လံုးနဲ႔ တို႔ၾကည္​့၊ စြမ္​းတဲ့အ​ေၾကးခြံကို ​ေထာက္​မိရင္​ ​ေကာင္​းကင္​မွာ ၾကယ္​​ေတြလ​ေတြ ျမင္​ရတယ္​တဲ့။ အဲဒီအ​ေၾကးခြံကို ျဖဳတ္​ယူၿပီး ​ေဆာင္​ထားရင္​ ကိုယ္​​ေပ်ာက္​တယ္​တဲ့။ ယံုတမ္​းစကား ရိွတယ္​။

    ကြၽန္​​ေတာ္​တို႔​ကေတာ့ လက္​​ေတြ႕ အသံုးခ်ပါတယ္​။ သင္​း​ေခြခ်ပ္​အ​ေၾကးခြံကို လက္​စြပ္​ထြင္​းဝတ္​ၾကတယ္​။ ဂစ္​တာလက္​ခတ္​ လုပ္​ၾကတယ္။ တခ်ိဳ႕လည္​း အ​ေပါက္​​ေဖာက္​ၿပီး လည္​ပင္​းမွာ အလွဆြဲၾကတယ္​။ ႏိုင္​ငံျခားက သူ​ေဌး​ေတြက​ေတာ့ လက္​ကိုင္​အိတ္​ လုပ္​ၾကတယ္​တဲ့။

    အခု​ေတာ့ ဒီသတၱဝါ​ေလး​ေတြလည္​း သိပ္​မ​ေတြ႕ရ​ေတာ့ပါဘူး။ ရွားပါးလာၿပီ။ မၾကာခင္​ မ်ိဳးသုဥ္​း​ေပ်ာက္​ကြယ္​သြားမယ္​လို႔​ေတာင္​ ထင္​မိပါတယ္​။

    Credit : Hla Than Aung

    (Unicode)

    သင်းခွေချပ်နဲ့ ယုံတမ်းစကား

    ရိုးမပေါ်တက်ပြီး သစ်ခုတ်ဝါးခုတ်ကြတဲ့သူတွေ အချင်းချင်းလူစုကွဲကြတဲ့အခါ အူသံပေးပြီး ဆက်သွယ်ကြပါတယ်။ တောထဲမှာ နာမည် မခေါ်ရဘူး။ ခေါ်မိရင် သင်းခွေချပ်က မှတ်ထားပြီး အဲဒီနာမည်ကို ခေါ်တတ်တယ်။ ပြန်ထူးမိရင် သေတာပဲတဲ့။

    သင်းခွေချပ်ကို Pangolin လို့ခေါ်ပါတယ်။ အာရှတိုက်နဲ့ အာဖရိကတောင်ပိုင်းမှာ တွေ့ရတယ်။ ပုရွက်စားကောင်မျိုးပါ။ ခြတွေ၊ ပုရွက်ဆိတ်တွေကို စားတယ်။ တစ်ကိုယ်လုံး အကြေးခွံမာတွေပြည့်နေတယ်။ သူ့မှာ သွားတွေ မရှိဘူး။

    သင်းခွေချပ်က အန္တရာယ်နဲ့ကြုံလာရင် ထွက်မပြေးတတ်ဘူး။ ခေါင်းကို အထဲမှာထားပြီး တစ်ကိုယ်လုံးကို လုံးပစ်လိုက်တာ။ အဲဒါကြောင့် သင်းခွေချပ်တွေ့ရင် လန့်အောင်သာ ခြောက်ပေးလိုက်။ လုံးသွားရင် အသာလေး ကောက်ယူလိုက်ရုံပဲ။

    တရုတ်တို့၊ ဗီယက်နမ်တို့မှာ သင်းခွေချပ်သားကို ဈေးကြီးပေးစားကြတယ်။ တရုတ်တိုင်းရင်းဆေးဆရာတွေက သင်းခွေချပ် အခွံတွေကို အရောင်လျော့ဆေးတွေ၊ ကင်ဆာပျောက်ဆေးတွေ ဖော်ကြတယ်။ ဒါကြောင့် သင်းခွေချပ်ဟာ ဈေးကောင်းရတယ်။ မှောင်ခိုဈေးကွက် ရှိတယ်။

    သင်းခွေချပ်တစ်ကောင် ဖမ်းမိလာပြီဆိုရင် သေတ္တာထဲထည့်ပြီး သော့ခတ်ထားတာတောင် ညဘက်ရောက်ရင် ပျောက်သွားတတ်တယ်လို့ ဆိုကြပါတယ်။ သူ့မှာ ကိုယ်ပျောက်နိုင်တဲ့ အကြေးခွံတစ်ခုရှိလို့တဲ့။ လမိုက်ညမှာ သူ့ရဲ့အကြေးခွံတစ်ခုချင်းကို ဆေးကြိမ်လုံးနဲ့ တို့ကြည့်၊ စွမ်းတဲ့အကြေးခွံကို ထောက်မိရင် ကောင်းကင်မှာ ကြယ်တွေလတွေ မြင်ရတယ်တဲ့။ အဲဒီအကြေးခွံကို ဖြုတ်ယူပြီး ဆောင်ထားရင် ကိုယ်ပျောက်တယ်တဲ့။ ယုံတမ်းစကား ရှိတယ်။

    ကျွန်တော်တို့ကတော့ လက်တွေ့ အသုံးချပါတယ်။ သင်းခွေချပ်အကြေးခွံကို လက်စွပ်ထွင်းဝတ်ကြတယ်။ ဂစ်တာလက်ခတ် လုပ်ကြတယ်။ တချို့လည်း အပေါက်ဖောက်ပြီး လည်ပင်းမှာ အလှဆွဲကြတယ်။ နိုင်ငံခြားက သူဌေးတွေကတော့ လက်ကိုင်အိတ် လုပ်ကြတယ်တဲ့။

    အခုတော့ ဒီသတ္တဝါလေးတွေလည်း သိပ်မတွေ့ရတော့ပါဘူး။ ရှားပါးလာပြီ။ မကြာခင် မျိုးသုဉ်းပျောက်ကွယ်သွားမယ်လို့တောင် ထင်မိပါတယ်။

    Credit : Hla Than Aung

  • ဒီအစားအစာေတြကို အိမ္သားေတြေနမေကာင္းျဖစ္ရင္ မေကြၽးပါနဲ႔

    (Zawgyi)
    အိမ္သားေတြ ေနမေကာင္းျဖစ္ရင္ ဒီအစားအစာေတြ မေကြၽးရဘူးေနာ္။ ေနမေကာင္းျဖစ္ေနတဲ့ အခ်ိန္မွာ ေရွာင္ရမယ့္ အစားအစာေတြရွိပါတယ္။ အိမ္ရွင္မေတြသာမက အိမ္သားအားလုံးသိထားမွ တစ္ဦးနဲ႔ တစ္ဦး ေစာင့္ေရွာက္ႏိူင္မွာပါ။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ကိုယ္ခံအား ခံႏိုင္စြမ္း မတူေပမယ့္ ဘာပဲေျပာေျပာ သတိထားေရွာင္ၾကဥ္လိုက္တာ အေကာင္းဆုံးပါ။

    ႏွာေစး

    ငွက္ေပ်ာသီး၊ လိေမၼာ္သီး၊ ေရခဲ၊ ဆိတ္သား၊ ေဆးလိပ္ ႏွင့္ အရက္

    ေခ်ာင္းဆိုး

    ေရခဲမုန႔္၊ လိေမၼာ္သီး၊ ဆီေၾကာ္စာ၊ အကင္၊ အစပ္၊ ေျမပဲ၊ အရက္ႏွင့္ ခ်ိဳေသာ အစားအစာမ်ား

    ႐ုတ္တရက္ အစာအိမ္ေရာင္ျခင္း

    အေၾကာ္အေလွာ္၊ အရက္၊ င႐ုပ္သီး ႏွင့္ ေကာက္ညႇင္း

    နာတာရွည္အစာအိမ္ေရာင္

    ေကာက္ညႇင္း၊ အသုတ္၊ အခ်ဥ္ေဖါက္ထားေသာအစာ

    အူေရာင္

    ငွက္ေပ်ာသီး၊ မာလာကာသီး

    အသည္းေရာဂါ

    ငန္း (ၾကက္၊ဘဲ)အေရခြံ၊ ဝက္သားဆီ၊ ေဆးလိပ္ႏွင့္ အရက္ ျဖစ္ၿပီး အေရးႀကီးဆုံးက အိပ္ေရးပ်က္ခံလို႔ မရပါ။

    ႏွလုံးေရာဂါ

    ကယ္လိုရီမ်ားေသာအစာႏွင့္ ငံေသာအစားအစာမ်ား

    ေက်ာက္ကပ္ေရာဂါ

    ဘီယာ၊ အခ်ိဳရည္၊ ငါးေျခာက္ႏွင့္ မွ်စ္ေျခာက္

    ဆီးခ်ိဳေရာဂါ

    အခ်ိဳစာ၊ အရက္၊ အဆီမ်ားေသာ အစာ၊ ဆီေၾကာ္စာႏွင့္ အကင္

    ေသြးအားနည္း

    တ႐ုတ္နံနံ

    ေသြးတိုးေရာဂါ

    အငံဓာတ္မ်ားေသာအစာ၊ ဥအႏွစ္၊ တိရိစာၦန္ကလီစာ

    အစာအိမ္နာ

    ပဲမ်ိဳးစုံ၊ ကၫြတ္၊ ဆားစိမ္ေသာဟင္း၊ ေကာက္ညႇင္း၊ အရက္၊ နာနတ္သီး၊ င႐ုတ္သီးႏွင့္ မာလာကာသီး

    အ႐ိုးကာအေျမႇးေရာင္နာ

    ငွက္ေပ်ာသီး၊ ကၫြတ္၊ အရက္၊ င႐ုတ္သီး

    လိပ္ေခါင္းေရာဂါ

    အရက္၊ ေဆးလိပ္၊ ဆီေၾကာ္စာေတြ

    ေလးဖက္နာေရာဂါ

    ဘီယာ၊ ငွက္ေပ်ာသီးႏွင့္ အသားမ်ား

    အေရျပားAllergic

    ပင္လယ္စာ၊ ပိန္းဥ၊ သရက္သီး၊ ေရခဲ၊ လိုင္ခ်ီးစ္သီး

    အာ႐ုံေၾကာအားနည္း

    င႐ုပ္သီး၊ အရက္၊ ေကာ္ဖီ၊ ၾကက္သြန္နီႏွင့္ၾကက္သြန္ျဖဴ

    Credit – BeeTalk ရဲ႕ hometips စာမ်က္ႏွာမွ
    Via – Kyarnyo

    (Unicode)
    အိမ်သားတွေ နေမကောင်းဖြစ်ရင် ဒီအစားအစာတွေ မကျွေးရဘူးနော်။ နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ရှောင်ရမယ့် အစားအစာတွေရှိပါတယ်။ အိမ်ရှင်မတွေသာမက အိမ်သားအားလုံးသိထားမှ တစ်ဦးနဲ့ တစ်ဦး စောင့်ရှောက်နိူင်မှာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံအား ခံနိုင်စွမ်း မတူပေမယ့် ဘာပဲပြောပြော သတိထားရှောင်ကြဉ်လိုက်တာ အကောင်းဆုံးပါ။

    နှာစေး

    ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ ဆေးလိပ် နှင့် အရက်

    ချောင်းဆိုး

    ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊ မြေပဲ၊ အရက်နှင့် ချိုသော အစားအစာများ

    ရုတ်တရက် အစာအိမ်ရောင်ခြင်း

    အကြော်အလှော်၊ အရက်၊ ငရုပ်သီး နှင့် ကောက်ညှင်း

    နာတာရှည်အစာအိမ်ရောင်

    ကောက်ညှင်း၊ အသုတ်၊ အချဉ်ဖေါက်ထားသောအစာ

    အူရောင်

    ငှက်ပျောသီး၊ မာလာကာသီး

    အသည်းရောဂါ

    ငန်း (ကြက်၊ဘဲ)အရေခွံ၊ ဝက်သားဆီ၊ ဆေးလိပ်နှင့် အရက် ဖြစ်ပြီး အရေးကြီးဆုံးက အိပ်ရေးပျက်ခံလို့ မရပါ။

    နှလုံးရောဂါ

    ကယ်လိုရီများသောအစာနှင့် ငံသောအစားအစာများ

    ကျောက်ကပ်ရောဂါ

    ဘီယာ၊ အချိုရည်၊ ငါးခြောက်နှင့် မျှစ်ခြောက်

    ဆီးချိုရောဂါ

    အချိုစာ၊ အရက်၊ အဆီများသော အစာ၊ ဆီကြော်စာနှင့် အကင်

    သွေးအားနည်း

    တရုတ်နံနံ

    သွေးတိုးရောဂါ

    အငံဓာတ်များသောအစာ၊ ဥအနှစ်၊ တိရိစ္ဆာန်ကလီစာ

    အစာအိမ်နာ

    ပဲမျိုးစုံ၊ ကညွတ်၊ ဆားစိမ်သောဟင်း၊ ကောက်ညှင်း၊ အရက်၊ နာနတ်သီး၊ ငရုတ်သီးနှင့် မာလာကာသီး

    အရိုးကာအမြှေးရောင်နာ

    ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး

    လိပ်ခေါင်းရောဂါ

    အရက်၊ ဆေးလိပ်၊ ဆီကြော်စာတွေ

    လေးဖက်နာရောဂါ

    ဘီယာ၊ ငှက်ပျောသီးနှင့် အသားများ

    အရေပြားAllergic

    ပင်လယ်စာ၊ ပိန်းဥ၊ သရက်သီး၊ ရေခဲ၊ လိုင်ချီးစ်သီး

    အာရုံကြောအားနည်း

    ငရုပ်သီး၊ အရက်၊ ကော်ဖီ၊ ကြက်သွန်နီနှင့်ကြက်သွန်ဖြူ

    Credit – BeeTalk ရဲ့ hometips စာမျက်နှာမှ
    Via – Kyarnyo

  • ရေတွင်းအတွင်းသို့ ဘေးကင်းစွာ ဆင်းသက်နည်း (ရေတွင်းပျက်ဆယ်နည်း)

    (Unicode)
    ရေတွင်းအတွင်းသို့ ဘေးကင်းစွာ ဆင်းသက်နည်း

    ရေတွင်းများ ပြုပြင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဆောင်ရွက်ရာတွင်လည်းကောင်း၊ ရေတွင်းဟောင်း/ပျက်များ ပြန်လည်ဆယ်ယူရာတွင်လည်းကောင်း၊ ရေတွင်းထဲသို့ အဖိုးတန် ပစ္စည်းတစ်ခုခုကျသွား၍ ပြန်လည်ဆယ်ယူရာတွင်လည်းကောင်း ရေတွင်းထဲသို့ မလွဲမသွေဆင်းသက်ရမှာဖြစ်ပါတယ်။

    ဤနေရာမှာ ဘေးကင်းစွာဆင်းသက်ရန် လိုပါတယ်။အခန့် မသင့်လျှင် အသက်ဆုံးရှုံးတတ်ပါတယ်။ ရေတွင်းထဲသို့ အသက်ဆုံးရှုံးတော့မယ့်သူကို ဆင်းကယ်ရင်း ကယ်သူပါ ဆက်တိုက်ဆိုသလို တစ်ဦးပြီး တစ်ဦး သေဆုံးသွားတတ်ပါတယ်။

    ဤနေရာတွင်သေဆုံးရခြင်းကို အနည်းငယ် ရှင်းပြလိုပါတယ်။ ရေတွင်းအတွင်း၌ အောက်ခြေရှိ ရေထွက်ရှိရာ ရေလွှာကြောမှနေ၍ သဘာဝအလျောက် ထွက်သောဓာတ်ငွေ့များဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟိုက်ဒရိုဂျင်ဆာလဖိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ မီသိန်း ဓာတ်ငွေ့များရှိနေတတ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက်မှာ လေထက်လေးသောကြောင့် ရေတွင်းအောက်ခြေတွင်ရှိပြီး ကာဗွန်မိုနောက်ဆိုဒ်မှာ လေအလွှာထုတွင် ရှိပါတယ်။ မီသိန်းဓာတ်ငွေ့သည် လေထက်ပေါ့၍ အပေါ်ဆုံးအလွှာတွင် ရှိပါတယ်။ ၎င်း ဓာတ်ငွေ့များကို ရှူရှိုက်မိပါက ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ သတိလစ်ခြင်းများဖြစ်ပေါ်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ ထိုဓာတ်ငွေ့များသည် လူနဲ့ တိရစ္ဆာန်တို့အတွက် အဆိပ်ဓာတ်ငွေ့များဖြစ်ပါတယ်။

    ငွေကုန်ကြေးကျမများဘဲ ဒေသန္တရအတွင်း အလွယ်တကူ ရနိုင်သော ပစ္စည်းများကို အသုံးပြုကာ ရေတွင်းအတွင်း ဘေးကင်းစွာဆင်းသက်နိုင်သော နည်းလမ်းကို သိသွားကြလို့ ဖြစ်ပါတယ်။

    ဖော်ပြပါ ရေတွင်း(တွင်းတိမ်)အတွင်း ဘေးကင်းစွာ ဆင်းသက်နည်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    (၁) သင့်တော်သောအရွယ်ရှိ ထီးရှည်တစ်ချောင်းကို ဦးစွာယူပါ။ ထီးလက်ကိုင်တွင် နိုင်လွန်ကြိုးကဲ့သို့ ခိုင်ခံ့သောကြိုးရှည် တစ်ချောင်းဖြင့်ချည်နှောင်ပါ။ (ကြိုးသည် ရေတွင်းအနက်ထက် ပိုရှည်ရမည်)။

    (၂) ထီးကိုဖွင့်လျက် ပက်လက်အနေအထားဖြင့် ကြိုးကို ကိုင်ကာရေတွင်းအောက်ခြေရေပြင်(သို့မဟုတ်) မြေပြင် အထိချပါ။

    (၃) ဖွင့်လျက်ထီးကို ရေတွင်း အပေါ်ဆုံးအထိ ကြိုးကို ဆွဲကာ ပြန်မတင်ပါ။ ပြီးလျှင် ရေတွင်းအောက်ခြေသို့ ပြန်ချပါ။ ဤသို့ပြန်တင်ပြန်ချခြင်းကို အကြိမ်(၂ဝမှ ၃ဝ) အထိ ခပ်သွက်သွက်ပြုလုပ်ပါ။ (ရေတွင်းအောက်ခြေမှ အဆိပ်ဓာတ်ငွေ့များကို ရေတွင်းပြင်ပသို့ ရောက်အောင်ထီးဖြင့် ဖယ်ထုတ်ပြီး ပြင်ပမှ အောက်ဆီဂျင်ပါသော လေကို ရေတွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။)

    (၄) ထို့နောက် ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင်ဓာတ် အလုံအလောက်ရှိမရှိ စမ်းသပ်ရန်လိုပါသည်။ ပထမဦးစွာ စားဆီခြင်တွယ်ရာတွင်အသုံးပြုသော ဆီမှုတ်တစ်ခုကို ယူပါ။ လက်ကိုင်တွင် တုတ်တစ်ချောင်းဖြင့် ချည်နှောင်ပါ။ တုတ်တွင် ကြိုးရှည်တစ်ချောင်းဖြင့် ထပ်မံ ချည်နှောင်ပါ။ ဆီမှုတ်အလယ်တွင် မီးထွန်းထားသော ဖယောင်းတိုင်တစ်တိုင်ကို သေချာစွာစိုက်ပါ။ ပြီးလျှင် မီးထွန်းထားသော ဖယောင်းတိုင်ကို ရေတွင်းအောက်ခြေသို့ ဖြည်းညင်းစွာချပါ။
    (ဖယောင်းတိုင်မီး မငြိမ်းပါက ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင်အလုံအလောက် ရှိနိုင်သည်။ ဖယောင်းတိုင်မီး ငြိမ်းသွားပါက ဖော်ပြပါ အဆင့်(၃)ဆင့်ကို ထပ်မံဆောင်ရွက်ပါ။) (ဆီမှုတ် မရှိပါက ကြေးနန်းကြိုး တပ်ဆင်ထားသော နို့ဆီခွက် အစရှိသည်တို့ကို သုံးနိုင်သည်။)

    (၅) ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင် အလုံ အလောက်ရှိပြီဟု သေချာပါက ရေတွင်းအတွင်းသို့ ဖြည်းညင်းစွာဆင်း၍ ဆောင်ရွက်စရာများကို သတိထား လျင်မြန်စွာဆောင်ရွက်ပါ။ ဆောင်ရွက်နေစဉ် ခေါင်းမူးခြင်း၊ အသက်ရှူကျပ်ခြင်း စတင်ဖြစ်ပေါ်ပါက ရေတွင်းပေါ်သို့ ချက်ချင်းအကြောင်းကြား၍ ပြန်တက်ပါ။ ခေတ္တအနားယူ၍ အဆင့်(၃)နှင့် (၄)ကို သေချာအောင် ပြန်လုပ်ပါ။ ဆင်းမည့်သူကို လူစားလဲဆောင်ရွက်ပါ။

    (၆) ဤသို့ ရေတွင်းဆယ်ခြင်းကို တစ်ဦးတည်းမပြုလုပ်ရ။ ကူညီမည့်အဖော် လေးဦး ငါးဦး ရေတွင်းပေါ်တွင် အဆင်သင့်ရှိနေပါစေ။ ဖြစ်နိုင်လျှင် ရေတွင်းအတွင်း ဆင်းမည့်သူ၏ ချိုင်း၊ ခါးတို့တွင် သင့်တော်ရာ ကြိုးကြီးတစ်ချောင်း ချည်နှောင်ချိတ်ဆွဲလျက် ဆင်းပါ။ လိုအပ်လျှင် ရေတွင်းပေါ်မှ ကူညီမည့်သူများက အလျင်အမြန် ဆွဲမတင်၍ အချိန်မီ အသက်ကယ်နိုင်မည်။ မီးသတ်၊ ကြက်ခြေနီအဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ပါက ပိုမိုကောင်းမွန်ပါသည်။ ရေတွင်းအတွင်း အလင်းရောင်ရစေရန် နဖူးတွင် တပ်ဆင်၍ရသော ဓာတ်မီးကို အသုံးပြုနိုင်ပါသည်။

    ဤဆောင်းပါးကို ဖတ်ရှုသော စာဖတ်ပရိသတ်များသည် ဤဗဟု သုတကို ဖြန့်ဝေပေးခြင်းဖြင့် ”လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ကြပါစေ”ဟု ဆန္ဒပြု ရေးသားလိုက်ရပါသည်။

    Credit – ပါမောက္ခဒေါက်တာထင်ဇော်စိုး

    Ref: MOI Webportal Myanmar

    (Zawgyi)
    ေရတြင္းအတြင္းသို႔ ေဘးကင္းစြာ ဆင္းသက္နည္း

    ေရတြင္းမ်ား ျပဳျပင္ထိန္းသိမ္းေရးနဲ႔ သန႔္ရွင္းေရးေဆာင္႐ြက္ရာတြင္လည္းေကာင္း၊ ေရတြင္းေဟာင္း/ပ်က္မ်ား ျပန္လည္ဆယ္ယူရာတြင္လည္းေကာင္း၊ ေရတြင္းထဲသို႔ အဖိုးတန္ ပစၥည္းတစ္ခုခုက်သြား၍ ျပန္လည္ဆယ္ယူရာတြင္လည္းေကာင္း ေရတြင္းထဲသို႔ မလြဲမေသြဆင္းသက္ရမွာျဖစ္ပါတယ္။

    ဤေနရာမွာ ေဘးကင္းစြာဆင္းသက္ရန္ လိုပါတယ္။အခန႔္ မသင့္လွ်င္ အသက္ဆုံးရႈံးတတ္ပါတယ္။ ေရတြင္းထဲသို႔ အသက္ဆုံးရႈံးေတာ့မယ့္သူကို ဆင္းကယ္ရင္း ကယ္သူပါ ဆက္တိုက္ဆိုသလို တစ္ဦးၿပီး တစ္ဦး ေသဆုံးသြားတတ္ပါတယ္။

    ဤေနရာတြင္ေသဆုံးရျခင္းကို အနည္းငယ္ ရွင္းျပလိုပါတယ္။ ေရတြင္းအတြင္း၌ ေအာက္ေျခရွိ ေရထြက္ရွိရာ ေရလႊာေၾကာမွေန၍ သဘာဝအေလ်ာက္ ထြက္ေသာဓာတ္ေငြ႕မ်ားျဖစ္သည့္ ကာဗြန္ဒိုင္ေအာက္ဆိုက္၊ ဟိုက္ဒ႐ိုဂ်င္ဆာလဖိုက္၊ ကာဗြန္မိုေနာက္ဆိုက္၊ မီသိန္း ဓာတ္ေငြ႕မ်ားရွိေနတတ္ပါတယ္။ ကာဗြန္ဒိုင္ေအာက္ဆိုက္နဲ႔ ဟိုက္ဒ႐ိုဂ်င္ဆာလဖိုက္မွာ ေလထက္ေလးေသာေၾကာင့္ ေရတြင္းေအာက္ေျခတြင္ရွိၿပီး ကာဗြန္မိုေနာက္ဆိုဒ္မွာ ေလအလႊာထုတြင္ ရွိပါတယ္။ မီသိန္းဓာတ္ေငြ႕သည္ ေလထက္ေပါ့၍ အေပၚဆုံးအလႊာတြင္ ရွိပါတယ္။ ၎ ဓာတ္ေငြ႕မ်ားကို ရွဴရႈိက္မိပါက ေခါင္းမူးျခင္း၊ ေအာ့အန္ျခင္း၊ အသက္ရွဴက်ပ္ျခင္း၊ သတိလစ္ျခင္းမ်ားျဖစ္ေပၚၿပီး အသက္ဆုံးရႈံးတတ္ပါတယ္။ ထိုဓာတ္ေငြ႕မ်ားသည္ လူနဲ႔ တိရစာၦန္တို႔အတြက္ အဆိပ္ဓာတ္ေငြ႕မ်ားျဖစ္ပါတယ္။

    ေငြကုန္ေၾကးက်မမ်ားဘဲ ေဒသႏၲရအတြင္း အလြယ္တကူ ရႏိုင္ေသာ ပစၥည္းမ်ားကို အသုံးျပဳကာ ေရတြင္းအတြင္း ေဘးကင္းစြာဆင္းသက္ႏိုင္ေသာ နည္းလမ္းကို သိသြားၾကလို႔ ျဖစ္ပါတယ္။

    ေဖာ္ျပပါ ေရတြင္း(တြင္းတိမ္)အတြင္း ေဘးကင္းစြာ ဆင္းသက္နည္းမွာ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

    (၁) သင့္ေတာ္ေသာအ႐ြယ္ရွိ ထီးရွည္တစ္ေခ်ာင္းကို ဦးစြာယူပါ။ ထီးလက္ကိုင္တြင္ ႏိုင္လြန္ႀကိဳးကဲ့သို႔ ခိုင္ခံ့ေသာႀကိဳးရွည္ တစ္ေခ်ာင္းျဖင့္ခ်ည္ေႏွာင္ပါ။ (ႀကိဳးသည္ ေရတြင္းအနက္ထက္ ပိုရွည္ရမည္)။

    (၂) ထီးကိုဖြင့္လ်က္ ပက္လက္အေနအထားျဖင့္ ႀကိဳးကို ကိုင္ကာေရတြင္းေအာက္ေျခေရျပင္(သို႔မဟုတ္) ေျမျပင္ အထိခ်ပါ။

    (၃) ဖြင့္လ်က္ထီးကို ေရတြင္း အေပၚဆုံးအထိ ႀကိဳးကို ဆြဲကာ ျပန္မတင္ပါ။ ၿပီးလွ်င္ ေရတြင္းေအာက္ေျခသို႔ ျပန္ခ်ပါ။ ဤသို႔ျပန္တင္ျပန္ခ်ျခင္းကို အႀကိမ္(၂ဝမွ ၃ဝ) အထိ ခပ္သြက္သြက္ျပဳလုပ္ပါ။ (ေရတြင္းေအာက္ေျခမွ အဆိပ္ဓာတ္ေငြ႕မ်ားကို ေရတြင္းျပင္ပသို႔ ေရာက္ေအာင္ထီးျဖင့္ ဖယ္ထုတ္ၿပီး ျပင္ပမွ ေအာက္ဆီဂ်င္ပါေသာ ေလကို ေရတြင္းအတြင္းသို႔ ျပန္လည္ဝင္ေရာက္ေစရန္ ေဆာင္႐ြက္ျခင္းျဖစ္သည္။)

    (၄) ထို႔ေနာက္ ေရတြင္းေအာက္ေျခတြင္ ေအာက္ဆီဂ်င္ဓာတ္ အလုံအေလာက္ရွိမရွိ စမ္းသပ္ရန္လိုပါသည္။ ပထမဦးစြာ စားဆီျခင္တြယ္ရာတြင္အသုံးျပဳေသာ ဆီမႈတ္တစ္ခုကို ယူပါ။ လက္ကိုင္တြင္ တုတ္တစ္ေခ်ာင္းျဖင့္ ခ်ည္ေႏွာင္ပါ။ တုတ္တြင္ ႀကိဳးရွည္တစ္ေခ်ာင္းျဖင့္ ထပ္မံ ခ်ည္ေႏွာင္ပါ။ ဆီမႈတ္အလယ္တြင္ မီးထြန္းထားေသာ ဖေယာင္းတိုင္တစ္တိုင္ကို ေသခ်ာစြာစိုက္ပါ။ ၿပီးလွ်င္ မီးထြန္းထားေသာ ဖေယာင္းတိုင္ကို ေရတြင္းေအာက္ေျခသို႔ ျဖည္းညင္းစြာခ်ပါ။
    (ဖေယာင္းတိုင္မီး မၿငိမ္းပါက ေရတြင္းေအာက္ေျခတြင္ ေအာက္ဆီဂ်င္အလုံအေလာက္ ရွိႏိုင္သည္။ ဖေယာင္းတိုင္မီး ၿငိမ္းသြားပါက ေဖာ္ျပပါ အဆင့္(၃)ဆင့္ကို ထပ္မံေဆာင္႐ြက္ပါ။) (ဆီမႈတ္ မရွိပါက ေၾကးနန္းႀကိဳး တပ္ဆင္ထားေသာ ႏို႔ဆီခြက္ အစရွိသည္တို႔ကို သုံးႏိုင္သည္။)

    (၅) ေရတြင္းေအာက္ေျခတြင္ ေအာက္ဆီဂ်င္ အလုံ အေလာက္ရွိၿပီဟု ေသခ်ာပါက ေရတြင္းအတြင္းသို႔ ျဖည္းညင္းစြာဆင္း၍ ေဆာင္႐ြက္စရာမ်ားကို သတိထား လ်င္ျမန္စြာေဆာင္႐ြက္ပါ။ ေဆာင္႐ြက္ေနစဥ္ ေခါင္းမူးျခင္း၊ အသက္ရွဴက်ပ္ျခင္း စတင္ျဖစ္ေပၚပါက ေရတြင္းေပၚသို႔ ခ်က္ခ်င္းအေၾကာင္းၾကား၍ ျပန္တက္ပါ။ ေခတၱအနားယူ၍ အဆင့္(၃)ႏွင့္ (၄)ကို ေသခ်ာေအာင္ ျပန္လုပ္ပါ။ ဆင္းမည့္သူကို လူစားလဲေဆာင္႐ြက္ပါ။

    (၆) ဤသို႔ ေရတြင္းဆယ္ျခင္းကို တစ္ဦးတည္းမျပဳလုပ္ရ။ ကူညီမည့္အေဖာ္ ေလးဦး ငါးဦး ေရတြင္းေပၚတြင္ အဆင္သင့္ရွိေနပါေစ။ ျဖစ္ႏိုင္လွ်င္ ေရတြင္းအတြင္း ဆင္းမည့္သူ၏ ခ်ိဳင္း၊ ခါးတို႔တြင္ သင့္ေတာ္ရာ ႀကိဳးႀကီးတစ္ေခ်ာင္း ခ်ည္ေႏွာင္ခ်ိတ္ဆြဲလ်က္ ဆင္းပါ။ လိုအပ္လွ်င္ ေရတြင္းေပၚမွ ကူညီမည့္သူမ်ားက အလ်င္အျမန္ ဆြဲမတင္၍ အခ်ိန္မီ အသက္ကယ္ႏိုင္မည္။ မီးသတ္၊ ၾကက္ေျခနီအဖြဲ႕ဝင္မ်ား ပါဝင္ေဆာင္႐ြက္ပါက ပိုမိုေကာင္းမြန္ပါသည္။ ေရတြင္းအတြင္း အလင္းေရာင္ရေစရန္ နဖူးတြင္ တပ္ဆင္၍ရေသာ ဓာတ္မီးကို အသုံးျပဳႏိုင္ပါသည္။

    ဤေဆာင္းပါးကို ဖတ္ရႈေသာ စာဖတ္ပရိသတ္မ်ားသည္ ဤဗဟု သုတကို ျဖန႔္ေဝေပးျခင္းျဖင့္ ”လူ႔အသက္ေပါင္းမ်ားစြာကို ကယ္တင္ႏိုင္ၾကပါေစ”ဟု ဆႏၵျပဳ ေရးသားလိုက္ရပါသည္။

    Credit – ပါေမာကၡေဒါက္တာထင္ေဇာ္စိုး

    Ref: MOI Webportal Myanmar

  • မနက္ခင္းမွာ ေရခ်ိဳးျခင္း၏ အံ့ဖြယ္ ေကာင္းက်ိဳး (၆)ခ်က္

    (Zawgyi)
    နံနက္ခင္းမွာ ေရခ်ိဳးျခင္း၏ အံ့အားသင့္ဖြယ္ ေကာင္းက်ိဳး (၆) ခ်က္

    ၁။ ေသြးလည္ပတ္မူကို ပိုမိုၿပီး ေကာင္းမြန္ေစပါတယ္။
    နံနက္ခင္းမွာ ေရေအးနဲ႔ ခ်ိဳးတာထက္ ေရေႏြးနဲ႔ ခ်ိဳးတာကပိုမိုၿပီး ေသြးလည္ပတ္မူကို အားေကာင္းေစပါတယ္။ ဒါ့အျပင္ ႂကြက္သားမ်ားကို ေတာင့္တင္း သန္မာေစႏိုင္ပါတယ္။ ေရေႏြးနဲ႔ ေရခ်ိဳးျခင္းဟာ က်န္းမာေရးအတြက္လည္း မ်ားစြာ အေထာက္အကူ ျပဳေစပါတယ္။

    ၂။ ေပါ့ပါး လြတ္လပ္ေစတယ္။
    အိပ္ယာႏိုးတဲ့ အခါမွာ ထိုင္းထိုင္းမႈိင္းမႈိင္းႀကီး ျဖစ္ေနရင္ မနက္ခင္း ေရခ်ိဳးလိုက္တဲ့ အတြက္ေၾကာင့္ ေပါ့ပါးလြတ္လပ္သြားပါတယ္။

    ၃။ ဖိစီးမူေတြကို သက္သာေစပါတယ္။
    နံနက္ခင္း ေရခ်ိဳးျခင္းဟာ စိတ္ဖိစီးမူေတြကို သက္သာ ေပ်ာက္ကင္းေစပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမူေတြ ျဖစ္ေနခဲ့ရင္ မနက္ခင္း ေရခ်ိဳးျခင္းက မ်ားစြာ အေထာက္အကူ ျပဳေစမွာပါ။

    ၄။ ႂကြက္သားမ်ား အတြက္လည္း ေကာင္းမြန္ေစပါတယ္။
    နံနက္ခင္းမွာ လမ္းေလ်ာက္တာပဲ ျဖစ္ျဖစ္၊ gym ေဆာ့တာပဲ ျဖစ္ျဖစ္ ေလ့က်င့္ခန္း တစ္စုံတစ္ခု လုပ္ၿပီးတာနဲ႔ ေရခ်ိဳးျခင္းဟာ ႂကြက္သားမ်ားကို ပိုမိုၿပီး သန္မာေစပါတယ္။

    ၅။ အမ်ိဳးသားေတြ အတြက္ အထူးပင္ ေကာင္းမြန္ပါတယ္။
    ကယ္လီဖိုးနီယား တကၠသိုလ္မွ သုေတသန ပညာရွင္မ်ား၏ အဆိုအရ တစ္ပတ္မွာ တစ္ႀကိမ္ခန႔္ ေအးတဲ့ေရနဲ႔ နံနက္ခင္း ေရခ်ိဳးျခင္းဟာ သုတ္ပိုးမ်ားကို ပိုမိုၿပီး ဖြံၿဖိဳးေစႏိုင္တယ္လို႔ ဆိုပါတယ္။

    ၆။ ဆံပင္ အတြက္လည္း ေကာင္းမြန္ေစပါတယ္။
    ေရေႏြး (သို႔) ေရေအးနဲ႔ နံနက္ခင္း ေခါင္းေလ်ာ္ျခင္းဟာ ဆံပင္ ကြၽတ္ျခင္းအတြက္ အထူးပင္ ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ ဆံပင္သား မေကာင္းျခင္း၊ မြဲေျခာက္ေျခာက္ ျဖစ္ျခင္းတို႔အတြက္လည္း ကာကြယ္ တားဆီးေပးပါတယ္။

    Ref – venusbuzz
    Credit: ေက်ာ္လင္းႏိုင္ (႐ိုးရာေလး)

    (Unicode)
    နံနက်ခင်းမှာ ရေချိုးခြင်း၏ အံ့အားသင့်ဖွယ် ကောင်းကျိုး (၆) ချက်

    ၁။ သွေးလည်ပတ်မူကို ပိုမိုပြီး ကောင်းမွန်စေပါတယ်။
    နံနက်ခင်းမှာ ရေအေးနဲ့ ချိုးတာထက် ရေနွေးနဲ့ ချိုးတာကပိုမိုပြီး သွေးလည်ပတ်မူကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်း သန်မာစေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ်။

    ၂။ ပေါ့ပါး လွတ်လပ်စေတယ်။
    အိပ်ယာနိုးတဲ့ အခါမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်နေရင် မနက်ခင်း ရေချိုးလိုက်တဲ့ အတွက်ကြောင့် ပေါ့ပါးလွတ်လပ်သွားပါတယ်။

    ၃။ ဖိစီးမူတွေကို သက်သာစေပါတယ်။
    နံနက်ခင်း ရေချိုးခြင်းဟာ စိတ်ဖိစီးမူတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမူတွေ ဖြစ်နေခဲ့ရင် မနက်ခင်း ရေချိုးခြင်းက များစွာ အထောက်အကူ ပြုစေမှာပါ။

    ၄။ ကြွက်သားများ အတွက်လည်း ကောင်းမွန်စေပါတယ်။
    နံနက်ခင်းမှာ လမ်းလျောက်တာပဲ ဖြစ်ဖြစ်၊ gym ဆော့တာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း တစ်စုံတစ်ခု လုပ်ပြီးတာနဲ့ ရေချိုးခြင်းဟာ ကြွက်သားများကို ပိုမိုပြီး သန်မာစေပါတယ်။

    ၅။ အမျိုးသားတွေ အတွက် အထူးပင် ကောင်းမွန်ပါတယ်။
    ကယ်လီဖိုးနီယား တက္ကသိုလ်မှ သုတေသန ပညာရှင်များ၏ အဆိုအရ တစ်ပတ်မှာ တစ်ကြိမ်ခန့် အေးတဲ့ရေနဲ့ နံနက်ခင်း ရေချိုးခြင်းဟာ သုတ်ပိုးများကို ပိုမိုပြီး ဖွံဖြိုးစေနိုင်တယ်လို့ ဆိုပါတယ်။

    ၆။ ဆံပင် အတွက်လည်း ကောင်းမွန်စေပါတယ်။
    ရေနွေး (သို့) ရေအေးနဲ့ နံနက်ခင်း ခေါင်းလျော်ခြင်းဟာ ဆံပင် ကျွတ်ခြင်းအတွက် အထူးပင် ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဆံပင်သား မကောင်းခြင်း၊ မွဲခြောက်ခြောက် ဖြစ်ခြင်းတို့အတွက်လည်း ကာကွယ် တားဆီးပေးပါတယ်။

    Ref – venusbuzz
    Credit: ကျော်လင်းနိုင် (ရိုးရာလေး)