Category: ဗဟုတုသ

  • ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေပွေးများ နေထိုင်ရာ အရပ်

    (Zawgyi)
    ဘရာဇီးႏိုင္ငံ၊ ေဆာ္ေပၚလိုၿမိဳ႕၏ ကမ္းလြန္ပင္လယ္ျပင္ရွိ ကြၽန္းတစ္ကြၽန္းကို အစိုးရက လူအမ်ား ျဖတ္သန္းသြားလာခြင့္ ပိတ္ပင္ထားသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ကမာၻေပၚတြင္ အဆိပ္အျပင္းဆုံး ေႁမြမ်ိဳးစိတ္မ်ား ရွင္သန္ေပါက္ဖြား ေနျခင္းေၾကာင့္ ျဖစ္သည္။

    ေဆာ္ေပၚလို ကမ္းလြန္မွ မိုင္(၂၀)မွ် ကြာေဝးေသာ ေနရာတြင္ တည္ရွိသည့္ အီလ္ဟာဒီ ကြီမာဒါ ဂရန္ဒီကြၽန္းကို ေႁမြကြၽန္းဟုလည္း တင္စားေခၚေဝၚေလ့ ရွိသည္။ စတုရန္းေပ (၄၆၃၀)မွ်သာ က်ယ္ဝန္းသည့္ ကြၽန္းေလးသည္ ကမာၻေပၚတြင္ Golden Lancehead Viper (ေ႐ႊလံွဖ်ားေႁမြေပြး)မ်ား ရွင္သန္ေပါက္ဖြားသည့္ တစ္ခုတည္းေသာ ေနရာလည္း ျဖစ္သည္။

    သိပၸံအမည္ Bothrops insularis ဟုေခၚေသာ ေႁမြမ်ားသည္ ကမာၻေပၚတြင္ အဆိပ္အျပင္းဆုံး ေႁမြေပြးမ်ိဳးႏြယ္ဝင္မ်ား ျဖစ္ၾကသည္။ ယင္းတို႔၏ အဆိပ္သည္ ေသြးေၾကာမ်ားကိုေရာ၊ အာ႐ုံေၾကာမ်ားကိုပါ ပ်က္စီးႏိုင္သည့္ ဓာတ္သဘာဝႏွစ္မ်ိဳး ေရာေႏွာလ်က္ ရွိသည္။ ဘရာဇီး အစိုးရသည္ ဇီဝေဗဒဆိုင္ရာ ေလ့လာဆန္းစစ္မႈမ်ား ျပဳလုပ္မည့္ သိပၸံပညာရွင္ အခ်ိဳ႕မွလြဲၿပီး အီလ္ဟာဒီ ကြီမာဒါ ဂရန္ဒီသို႔ လူအမ်ား သြားေရာက္ခြင့္ မေပးေခ်။

    ထိုကြၽန္းအနီးတြင္ မီးျပတိုက္တစ္ခု တည္ေဆာက္ထားသျဖင့္ ဘရာဇီးေရတပ္က ရံဖန္ရံခါ သြားေရာက္စစ္ေဆးမႈမ်ိဳးသာ လူသူအေရာက္အေပါက္ ရွိသည္။ ယင္းေႁမြမ်ားသည္ ေ႐ႊညိဳေရာင္ရွိၿပီး ဦးေခါင္း ဖြဲ႕စည္း ပုံမွာ သြယ္လ်ခြၽန္ျမသျဖင့္ Golden Lancehead Viperဟု ေခၚေဝၚျခင္း ျဖစ္သည္။ အဆိုပါ ေႁမြမ်ားကို တရားမဝင္ ဖမ္းဆီးမႈမ်ား ရွိေနၿပီး ေမွာင္ခိုေဈးကြက္တြင္ ေႁမြတစ္ေကာင္၏ေဈးသည္ ေဒၚလာ သုံးေသာင္းမွ်ထိ ေပါက္ေဈးရွိေနသည္။

    အႀကီးဆုံး အ႐ြယ္အစား ႏွစ္ေပခြဲမွ်ထိ ရွည္လ်ားေလ့ရွိသည့္ ေႁမြေပြးမ်ား၏ အဆိပ္မွာ ျပင္းထန္လြန္းသျဖင့္ အကိုက္ခံရေသာ သားေကာင္သည္ အသားမ်ားပင္ အရည္ေပ်ာ္သြားႏိုင္ေၾကာင္း သိရသည္။ ယင္း တို႔၏ အဆိပ္သည္ အျခားေသာ ေႁမြေပြးမ်ိဳးႏြယ္မ်ားထက္ ငါးဆမွ် ပိုမိုျပင္းထန္ၿပီး သားေကာင္ကို လွမ္းေပါက္လိုက္သည္ႏွင့္ ခ်က္ခ်င္း အသက္ေသဆုံးေစႏိုင္သည္။

    Golden Lancehead Viperမ်ား အကိုက္ခံရပါက လူတစ္ဦး ေသဆုံးႏိုင္သည့္ အေျခအေနသည္ (၇)ရာခိုင္ႏႈန္းႏွင့္ (၁၀)ရာခိုင္ႏႈန္းၾကား ရွိသည္။ အဆိုပါေႁမြမ်ား အကိုက္ခံရျခင္းေၾကာင့္ ကြၽန္းေပၚသို႔ မ်က္စိလည္လမ္းမွား ေရာက္ရွိသြားသည့္ တံငါသည္တစ္ဦးႏွင့္ မီးျပတိုက္ေစာင့္ မိသားစုတို႔ ေသဆုံးခဲ့ဖူးေၾကာင္း ပါးစပ္ရာဇဝင္မ်ား ထြက္ေပၚခဲ့သည္။

    အဆိုပါ ကြၽန္းေပၚရွိ Golden Lancehead Viper မ်ား၏ အေရအတြက္သည္ လြန္ခဲ့သည့္ ဆယ္စုႏွစ္မ်ားကထက္ (၁၅)ရာခိုင္ႏႈန္း ေလ်ာ့က်သြားၿပီး ေထာင္ဂဏန္း အနည္းငယ္သာ ရွိေတာ့သည္။ႏိုင္ငံတကာ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕က အဆိုပါ ေႁမြေပြးမ်ားကို မ်ိဳးသုဥ္းလုနီးပါး အေျခအေနမ်ိဳး ၿခိမ္းေျခာက္ခံေနရေၾကာင္း သတ္မွတ္ထားသည္။

    Ref: Dailymail

    Credit – 7 Day Dail

    (Unicode)
    ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့၏ ကမ်းလွန်ပင်လယ်ပြင်ရှိ ကျွန်းတစ်ကျွန်းကို အစိုးရက လူအများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး မြွေမျိုးစိတ်များ ရှင်သန်ပေါက်ဖွား နေခြင်းကြောင့် ဖြစ်သည်။

    ဆော်ပေါ်လို ကမ်းလွန်မှ မိုင်(၂၀)မျှ ကွာဝေးသော နေရာတွင် တည်ရှိသည့် အီလ်ဟာဒီ ကွီမာဒါ ဂရန်ဒီကျွန်းကို မြွေကျွန်းဟုလည်း တင်စားခေါ်ဝေါ်လေ့ ရှိသည်။ စတုရန်းပေ (၄၆၃၀)မျှသာ ကျယ်ဝန်းသည့် ကျွန်းလေးသည် ကမ္ဘာပေါ်တွင် Golden Lancehead Viper (ရွှေလံှဖျားမြွေပွေး)များ ရှင်သန်ပေါက်ဖွားသည့် တစ်ခုတည်းသော နေရာလည်း ဖြစ်သည်။

    သိပ္ပံအမည် Bothrops insularis ဟုခေါ်သော မြွေများသည် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး မြွေပွေးမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ ယင်းတို့၏ အဆိပ်သည် သွေးကြောများကိုရော၊ အာရုံကြောများကိုပါ ပျက်စီးနိုင်သည့် ဓာတ်သဘာဝနှစ်မျိုး ရောနှောလျက် ရှိသည်။ ဘရာဇီး အစိုးရသည် ဇီဝဗေဒဆိုင်ရာ လေ့လာဆန်းစစ်မှုများ ပြုလုပ်မည့် သိပ္ပံပညာရှင် အချို့မှလွဲပြီး အီလ်ဟာဒီ ကွီမာဒါ ဂရန်ဒီသို့ လူအများ သွားရောက်ခွင့် မပေးချေ။

    ထိုကျွန်းအနီးတွင် မီးပြတိုက်တစ်ခု တည်ဆောက်ထားသဖြင့် ဘရာဇီးရေတပ်က ရံဖန်ရံခါ သွားရောက်စစ်ဆေးမှုမျိုးသာ လူသူအရောက်အပေါက် ရှိသည်။ ယင်းမြွေများသည် ရွှေညိုရောင်ရှိပြီး ဦးခေါင်း ဖွဲ့စည်း ပုံမှာ သွယ်လျချွန်မြသဖြင့် Golden Lancehead Viperဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။ အဆိုပါ မြွေများကို တရားမဝင် ဖမ်းဆီးမှုများ ရှိနေပြီး မှောင်ခိုဈေးကွက်တွင် မြွေတစ်ကောင်၏ဈေးသည် ဒေါ်လာ သုံးသောင်းမျှထိ ပေါက်ဈေးရှိနေသည်။

    အကြီးဆုံး အရွယ်အစား နှစ်ပေခွဲမျှထိ ရှည်လျားလေ့ရှိသည့် မြွေပွေးများ၏ အဆိပ်မှာ ပြင်းထန်လွန်းသဖြင့် အကိုက်ခံရသော သားကောင်သည် အသားများပင် အရည်ပျော်သွားနိုင်ကြောင်း သိရသည်။ ယင်း တို့၏ အဆိပ်သည် အခြားသော မြွေပွေးမျိုးနွယ်များထက် ငါးဆမျှ ပိုမိုပြင်းထန်ပြီး သားကောင်ကို လှမ်းပေါက်လိုက်သည်နှင့် ချက်ချင်း အသက်သေဆုံးစေနိုင်သည်။

    Golden Lancehead Viperများ အကိုက်ခံရပါက လူတစ်ဦး သေဆုံးနိုင်သည့် အခြေအနေသည် (၇)ရာခိုင်နှုန်းနှင့် (၁၀)ရာခိုင်နှုန်းကြား ရှိသည်။ အဆိုပါမြွေများ အကိုက်ခံရခြင်းကြောင့် ကျွန်းပေါ်သို့ မျက်စိလည်လမ်းမှား ရောက်ရှိသွားသည့် တံငါသည်တစ်ဦးနှင့် မီးပြတိုက်စောင့် မိသားစုတို့ သေဆုံးခဲ့ဖူးကြောင်း ပါးစပ်ရာဇဝင်များ ထွက်ပေါ်ခဲ့သည်။

    အဆိုပါ ကျွန်းပေါ်ရှိ Golden Lancehead Viper များ၏ အရေအတွက်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များကထက် (၁၅)ရာခိုင်နှုန်း လျော့ကျသွားပြီး ထောင်ဂဏန်း အနည်းငယ်သာ ရှိတော့သည်။နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က အဆိုပါ မြွေပွေးများကို မျိုးသုဉ်းလုနီးပါး အခြေအနေမျိုး ခြိမ်းခြောက်ခံနေရကြောင်း သတ်မှတ်ထားသည်။

    Ref: Dailymail
    Credit – 7 Day Dail

  • မိကျောင်းပါးစပ်ထဲ ခေါင်းထိုးထည့်ပြရသည့် မိကျောင်းမွေးမြူရေးစခန်းမှ လုပ်သားများ

    (Zawgyi)
    တစ္ေန႔(၇)ေဒၚလာ လုပ္ခအတြက္ မိေက်ာင္းပါးစပ္ထဲ ေခါင္းထိုးထည့္သူမ်ား

    ေရွ႕တည့္တည့္တြင္ ၿငိမ္သက္ေနသည့္ မိေက်ာင္းႀကီးကို မ်က္ေျခမျပတ္ သတိထားေနရသည္။ ၎၏ ေမး႐ိုးသာ တစ္ခ်က္မွ် လႈပ္ရွားလိုက္လွ်င္ မိမိအေနျဖင့္ ဦးေခါင္းႏွင့္ကိုယ္ အိုးစားကြဲသြားမည္ကို ထိုသူ အေနျဖင့္ အေသအခ်ာ သိထားၿပီး ျဖစ္သည္။ မည္သို႔ပင္ျဖစ္ေစ၊ ထိုင္းႏိုင္ငံ၊ ပတၱယားမွ မိေက်ာင္းေမြးျမဴေရးစခန္းဝန္ထမ္းႏွင့္ ၎၏ အမ်ိဳးသမီး အေဖာ္တို႔သည္ ဝမ္းေရးအတြက္ မိေက်ာင္းတစ္ေကာင္၏ ပါးစပ္ထဲသို႔ မိမိတို႔၏ ေခါင္းမ်ားကို မိုက္႐ူးရဲဆန္ဆန္ ထိုးထည့္ေနရဆဲသာ ျဖစ္သည္။

    အဆိုပါ ပုံရိပ္မ်ားကို မွတ္တမ္းတင္ ဓာတ္ပုံ႐ိုက္ယူခဲ့သည့္ အီယန္မကၠလင္းက “တစ္ေန႔ကို (၇)ေဒၚလာ ေပးမယ္ဗ်ာ။ ခင္ဗ်ားသာဆိုရင္ အဲဒီလို လုပ္ျပရဲမလား”ဟု ေမးခြန္းထုတ္ခဲ့သည္။ ကမာၻလွည့္ ခရီး သည္ အမ်ားအျပားကို ဆြဲေဆာင္ႏိုင္သည့္ ယင္းျပကြက္အတြင္း မိေက်ာင္းေမြးျမဴေရးစခန္းမွ လုပ္သားမ်ား၏ တစ္ေန႔လုပ္ခသည္ (၇)ေဒၚလာမွ်သာ ျဖစ္သည္။ မိေက်ာင္းႀကီး တစ္ေကာင္၏ ဟထားေသာ ပါးစပ္ထဲရွိ သြားစြယ္ေဖြးေဖြးမ်ားၾကား ဦးေခါင္းကို ထိုးထည့္ျပလိုက္၊ မိေက်ာင္း၏ ႏႈတ္သီးကို နမ္းရႈပ္လိုက္ႏွင့္ အလုပ္ရႈပ္ေနေသာ အဆိုပါ ဝန္ထမ္းသည္ ယမန္ႏွစ္က မိေက်ာင္း ကိုက္ခံရၿပီး အခ်က္(၃၀) ခ်ဳပ္ခဲ့ရေသးသည္။

    ပတၱယား မိေက်ာင္းေမြးျမဴေရး စခန္းတြင္ ေလ့က်င့္သင္ၾကားေပးသည့္ ဝန္ထမ္းတစ္ဦးသည္ မိေက်ာင္း၏ ပါးစပ္ထဲတြင္ ေခါင္းတစ္ခုလုံး ေၾကမြေသဆုံးသြားသည့္ ျဖစ္ရပ္မ်ိဳး အမွန္တကယ္ ႀကဳံခဲ့ဖူးသည္။ အ လြန္အႏၲရာယ္မ်ားသည့္ အလုပ္တစ္ခု ျဖစ္သည့္တိုင္ ပတၱယားတြင္ မိေက်ာင္းေလ့က်င့္ေရး ဝန္ထမ္းအျဖစ္ အလုပ္လုပ္ကိုင္လိုသူ အေရအတြက္ တစ္စထက္တစ္စ တိုးပြားလာေနဆဲဟု သိရသည္။ ဖေလာ္ ရီဒါရွိ စိန႔္ေအာ္ဂက္စတင္း မိေက်ာင္းေမြးျမဴေရးႏွင့္ ဇီဝေဗဒဥယ်ာဥ္တြင္ မိေက်ာင္းတစ္ေကာင္၏ ကိုက္အားအေပၚ ေလ့လာဆန္းစစ္မႈမ်ား ျပဳလုပ္ခဲ့ဖူးသည္။

    ပ်မ္းမွ်အားျဖင့္ အ႐ြယ္ေရာက္ၿပီးေသာ မိေက်ာင္းတစ္ေကာင္၏ ကိုက္အားသည္ တစ္စတုရန္းလက္မ အက်ယ္အဝန္းတြင္ ေပါင္ခ်ိန္(၃၇၀၀)မွ် သက္ေရာက္ႏိုင္သည္။ လူတစ္ဦး၏ ေခါင္းသည္ တစ္စတုရန္း လက္မလွ်င္ ေပါင္ခ်ိန္ (၁၅၀)ႏွင့္ (၂၀၀)ၾကား ဖိအားမွ်ျဖင့္ ေၾကမြသြားႏိုင္ေၾကာင္း သိရသည္။ ပတၱယားမွ ဝန္ထမ္းသည္ လက္ေခ်ာ္ၿပီး မိေက်ာင္း၏ ပါးကို ထိမိသျဖင့္ တြားသြားသတၱဝါႀကီးက လွည့္ကိုက္ခဲ့ ရာ နားအနီးတြင္ အခ်က္(၃၀)ထိ ခ်ဳပ္ခဲ့ရဖူးသည္။

    Credit : Planet Myanmar Network

    (Unicode)
    တစ်နေ့(၇)ဒေါ်လာ လုပ်ခအတွက် မိကျောင်းပါးစပ်ထဲ ခေါင်းထိုးထည့်သူများ

    ရှေ့တည့်တည့်တွင် ငြိမ်သက်နေသည့် မိကျောင်းကြီးကို မျက်ခြေမပြတ် သတိထားနေရသည်။ ၎င်း၏ မေးရိုးသာ တစ်ချက်မျှ လှုပ်ရှားလိုက်လျှင် မိမိအနေဖြင့် ဦးခေါင်းနှင့်ကိုယ် အိုးစားကွဲသွားမည်ကို ထိုသူ အနေဖြင့် အသေအချာ သိထားပြီး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ထိုင်းနိုင်ငံ၊ ပတ္တယားမှ မိကျောင်းမွေးမြူရေးစခန်းဝန်ထမ်းနှင့် ၎င်း၏ အမျိုးသမီး အဖော်တို့သည် ဝမ်းရေးအတွက် မိကျောင်းတစ်ကောင်၏ ပါးစပ်ထဲသို့ မိမိတို့၏ ခေါင်းများကို မိုက်ရူးရဲဆန်ဆန် ထိုးထည့်နေရဆဲသာ ဖြစ်သည်။
    အဆိုပါ ပုံရိပ်များကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူခဲ့သည့် အီယန်မက္ကလင်းက “တစ်နေ့ကို (၇)ဒေါ်လာ ပေးမယ်ဗျာ။ ခင်ဗျားသာဆိုရင် အဲဒီလို လုပ်ပြရဲမလား”ဟု မေးခွန်းထုတ်ခဲ့သည်။ ကမ္ဘာလှည့် ခရီး သည် အများအပြားကို ဆွဲဆောင်နိုင်သည့် ယင်းပြကွက်အတွင်း မိကျောင်းမွေးမြူရေးစခန်းမှ လုပ်သားများ၏ တစ်နေ့လုပ်ခသည် (၇)ဒေါ်လာမျှသာ ဖြစ်သည်။ မိကျောင်းကြီး တစ်ကောင်၏ ဟထားသော ပါးစပ်ထဲရှိ သွားစွယ်ဖွေးဖွေးများကြား ဦးခေါင်းကို ထိုးထည့်ပြလိုက်၊ မိကျောင်း၏ နှုတ်သီးကို နမ်းရှုပ်လိုက်နှင့် အလုပ်ရှုပ်နေသော အဆိုပါ ဝန်ထမ်းသည် ယမန်နှစ်က မိကျောင်း ကိုက်ခံရပြီး အချက်(၃၀) ချုပ်ခဲ့ရသေးသည်။
    ပတ္တယား မိကျောင်းမွေးမြူရေး စခန်းတွင် လေ့ကျင့်သင်ကြားပေးသည့် ဝန်ထမ်းတစ်ဦးသည် မိကျောင်း၏ ပါးစပ်ထဲတွင် ခေါင်းတစ်ခုလုံး ကြေမွသေဆုံးသွားသည့် ဖြစ်ရပ်မျိုး အမှန်တကယ် ကြုံခဲ့ဖူးသည်။ အ လွန်အန္တရာယ်များသည့် အလုပ်တစ်ခု ဖြစ်သည့်တိုင် ပတ္တယားတွင် မိကျောင်းလေ့ကျင့်ရေး ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်လိုသူ အရေအတွက် တစ်စထက်တစ်စ တိုးပွားလာနေဆဲဟု သိရသည်။ ဖလော် ရီဒါရှိ စိန့်အော်ဂက်စတင်း မိကျောင်းမွေးမြူရေးနှင့် ဇီဝဗေဒဥယျာဉ်တွင် မိကျောင်းတစ်ကောင်၏ ကိုက်အားအပေါ် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ဖူးသည်။
    ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသော မိကျောင်းတစ်ကောင်၏ ကိုက်အားသည် တစ်စတုရန်းလက်မ အကျယ်အဝန်းတွင် ပေါင်ချိန်(၃၇၀၀)မျှ သက်ရောက်နိုင်သည်။ လူတစ်ဦး၏ ခေါင်းသည် တစ်စတုရန်း လက်မလျှင် ပေါင်ချိန် (၁၅၀)နှင့် (၂၀၀)ကြား ဖိအားမျှဖြင့် ကြေမွသွားနိုင်ကြောင်း သိရသည်။ ပတ္တယားမှ ဝန်ထမ်းသည် လက်ချော်ပြီး မိကျောင်း၏ ပါးကို ထိမိသဖြင့် တွားသွားသတ္တဝါကြီးက လှည့်ကိုက်ခဲ့ ရာ နားအနီးတွင် အချက်(၃၀)ထိ ချုပ်ခဲ့ရဖူးသည်။

    Credit : Planet Myanmar Network

  • ဦးစိုးမြင့် ကိုယ်တိုင်ရှင်းပြတဲ့ စိုးမြင့်ကြော် သမိုင်းကြောင်း

    (Zawgyi)
    ဦးစိုးျမင့္ရွင္းတဲ့ စိုးျမင့္ေၾကာ္ရွင္းတမ္း

    ဦးစိုးျမင့္ ကိုယ္တိုင္ရွင္းျပတဲ့ စိုးျမင့္ေၾကာ္ သမိုင္းေၾကာင္း..

    ကြၽန္ေတာ့္ မိတ္ေဆြႀကီး ကိုေက်ာ္စြာမင္းအား ဤစာစုျဖင့္ ဦးၫႊတ္ပါတယ္။ လူအမ်ား ျငင္းခုံေနၾကတာ၊ ေသေသျခာျခာ၊ ေရေရရာရာ မသိတဲ့ သူေတြအတြက္၊ အဆင္ေျပရင္ မွတ္တမ္းေလးျဖစ္ေအာင္ ေရးပါ အစ္ကိုလို႔ တိုက္တြန္းတဲ့ အတြက္ ေရးလိုက္ရတာပါ။ တစ္ကယ္ေတာ့ ရည္႐ြယ္ခ်က္မရွိဘဲ အေပ်ာ္သေဘာနဲ႔ ေက်ာင္းသားဘဝ၊ လြတ္လြတ္လပ္လပ္ ဘာမွေစာင့္ထိမ္းစရာမလိုတဲ့ ငယ္႐ြယ္စဥ္အခါက လုပ္ခဲ့ၾကတဲ့ လုပ္ရပ္ေလးဟာ ဒီေန႔ အထိ အမွတ္တရတကၠသိုလ္ ဝန္းက်င္မွာ ထင္က်န္ရစ္ေနတာဆိုေတာ့ ဝမ္းသာရပါတယ္။ ခုခ်ိန္မွာေတာ့ ရွက္စရာလိုလို၊ ရီစရာလိုလို ျဖစ္ေနတာေတာ့ တစ္ကယ္ပါ။

    ကြၽန္ေတာ္ စိန္ဂြၽန္းေက်ာင္းသားဘဝက စေျပာမွဘဲ ျပည့္စုံမွာမို႔၊ အားလုံးလည္း သိသင့္တယ္ထင္လို႔ တင္ျပပါရေစ။ စိန္ဂြၽန္းေက်ာင္းက မုန႔္ေဈးတန္းမွာ အပ်ိဳႀကီး ထမင္းေၾကာ္ဆိုင္ဆိုတာ ရွိပါတယ္။ ထမင္းျဖဴ ေလးကို ဝက္ဆီနဲ႔ ၾကက္သြန္ျဖဴ ဆီသတ္ၿပီး၊ ပဲငံျပာရည္၊ ၾကာညႇိဳ႕၊ အခ်ိဳမႈန႔္ေလးသုံးၿပီး ဒယ္အိုးေပၚမွာ မီးမွ်င္းမွ်င္းေလးနဲ႔ လိမ့္ထားတာပါ။ ၿပီးေတာ့ ဝက္သားကို ျပဳတ္ၿပီး အေနေတာ္ အျပားေလးေတြလွီးၿပီး ပဲငံျပာရည္နဲ႔ၾကာညႇိဳ႕၊ အခ်ိဳမႈန႔္တို႔ သုံးၿပီး ေၾကာ္ထား ပါတယ္။ ဟင္းခ်ိဳအတြက္ကေတာ့ ခုနဝက္သားျပဳတ္တုန္းက ေရာျပဳတ္ထားတဲ့ ဝက္႐ိုးဟင္းခ်ိဳ ရယ္ သခြားခ်ဥ္ရယ္ တြဲဖက္ေပးထားပါတယ္။ ကြၽန္ေတာ္ ၈တန္း၊ ၉ တန္း ပထမႏွစ္၊ ၉ တန္း ဒုတိယ ႏွစ္ထိ၊ ေန႔စဥ္ မပ်က္မကြက္ စားသုံးခဲ့တာပါ။ (စိန္ဂြၽန္းေက်ာင္းသားေဟာင္းတိုင္း မွတ္မိမွာပါ။ ကြၽန္ေတာ့္ ေဖးဖရိတ္ မနက္စာဘဲ ျဖစ္ပါတယ္)

    ဒီလိုနဲ႔ ၉ တန္းေအာင္၊ ၁၀ တန္းကိုေတာ့ အင္းယားလမ္းက စိန္ဩဂတ္စတင္း ေက်ာင္းေျပာင္းခဲ့ရေတာ့ အပ်ိဳႀကီး ထမင္းေၾကာ္နဲ႔ ေဝးခဲ့ရပါေတာ့တယ္။ ၁၀ တန္း ၂ ႏွစ္ တက္ၿပီး ေဒသေကာလိပ္ေရာက္။ ပထမႏွစ္ ေအာင္၊ ဒုတိယ ႏွစ္ ေအာင္ၿပီး တတိယႏွစ္ ဘူမိေဗဒတက္ဖို႔ ရန္ကုန္တကၠသိုလ္ ပင္မ (RASU)ကို ေရာက္လာပါတယ္။ (၁၉၈၁ ခုႏွစ္ ေလာက္ကပါ) သူငယ္ခ်င္းေတြကလည္း M C, R I T, ECO, MATHS, PHYSIC, ZOO, BOTANY စသျဖင့္ Major ေတြ ကြဲကုန္ၾကပါတယ္။ ဒါေပမဲ့ ေဒသေကာလိပ္တက္ခဲ့တုန္းက တစ္တြဲတြဲ ေနခဲ့ၾကတာေတာ့ မခြဲႏိုင္ျဖစ္ေနၾကတာေပါ့။ ဒါေၾကာင့္ မ်ားေသာ အားျဖင့္ အတန္းမတက္ၾကဘဲ၊ တကၠသိုလ္စာၾကည့္တိုက္ေရွ႕နဲ႔ ေငြစာရင္းဌာန (cash) ေရွ႕မွာဘဲ လူစုျဖစ္ၾကပါတယ္။ မနက္ေစာေစာ ေရာက္ၾကၿပီး လူစုံေအာင္ေစာင့္ၾကပါတယ္။ လူစုံမွ သိပၸံကန္တင္းကို ခ်ီတက္ ၾကတာပါ။ ဒါမွမဟုတ္ ကားေတြေပၚစုတက္ၿပီး၊ ေက်ာင္းထဲက ဦးခ်စ္ လၻက္ရည္ဆိုင္ျဖစ္ျဖစ္၊ လွည္းတန္းျဖစ္ျဖစ္၊ တစ္ခါတစ္ေလ အလြမ္းေျပ RC 2 ျဖစ္ျဖစ္ သြားေသာက္ၾကပါတယ္။ ေန႔လည္ဖက္ ေရာက္ရင္ေတာ့ ေက်ာင္းထဲ ျပန္ေရာက္လာၾကၿပီး ေန႔လည္စာ စားၾကျပန္ပါတယ္။ အမ်ားဆုံးကေတာ့ သိပၸံ ကန္တင္းက ကိုဖိုးေထာင္တို႔ မိသားစု စားေသာက္ဆိုင္မွာ စားျဖစ္ၾကပါတယ္။ သူနဲ႔ ကပ္ရက္ ကေတာ့ ကိုစိန္ေအး အေအးဆိုင္ ျဖစ္ပါတယ္။ ကိုစိန္ေအးကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အခ်ိန္းအခ်က္လုပ္ရာ ေအာ္ပေရတာဘဲ ျဖစ္ပါတယ္။ ဘယ္သူလာသြားၿပီ၊ ဘယ္သူျပန္သြားၿပီ၊ ဘယ္သူ ဘာမွာသြားတယ္၊ ဘယ္သူ ေနာက္က်မယ္ ေစာင့္ပါမွာသြားတယ္ စသျဖင့္ အခ်ိန္းအခ်က္မွန္သမွ် သတင္းပို႔ေပးရသူ ျဖစ္ပါတယ္။

    ကိုဖိုးေထာင္တို႔မိသားစု ထမင္းဆိုင္ကေတာ့ စိုးျမင့္ေၾကာ္ စတင္ရာ ဘူမိနက္သန္ဘဲ ျဖစ္ပါတယ္။ တစ္ေန႔ တစ္ေန႔ စားလိုက္ၾကတာ ထမင္းေၾကာ္၊ ထမင္းေပါင္း၊ ၾကာဇံေၾကာ္၊ ေခါက္ဆြဲေၾကာ္၊ ၾကက္ဥေမႊၾကာ္၊ အစိမ္းေၾကာ္၊ ခ်ိဳခ်ဥ္ ေၾကာ္၊ ေတာက္ေတာက္ေၾကာ္၊ ကုန္းေဘာင္ႀကီးေၾကာ္ ၾကာေတာ့ ထပ္ေနေတာ့တာေပါ့။ ဒီၾကားထဲ ဂ်ီးမ်ားတဲ့သူက ရွိေသးတယ္။ ဟို ဟာေလ်ာ့၊ ဒီဟာေလ်ာ့၊ ဒါပိုထည့္ေပး၊ ေကာ္ရည္ ေလ်ာ့၊ အစပ္ေလ်ာ့ အမ်ိဳးမ်ိဳး ဒုကၡေပးၾကတာေပါ့။ ကိုဖိုးေထာင္တို႔ကလည္း စိတ္ရွည္ပါတယ္။ စားေသာက္ဆိုင္ေတြထဲမွာေတာ့ ေက်ာင္းထဲမွာ ဖြင့္တဲ့ ကန္တင္းက စားေသာက္ဆိုင္ေတြက သနားစရာ အေကာင္းဆုံးပါဘဲ။ ေဈးသက္သာတဲ့အျပင္ အေႂကြးလည္းထားရ၊ ေက်ာင္းသား ေတြလည္းေၾကာက္ရ၊ အျမတ္အစြန္းလည္း သိပ္မရ၊ ေစတနာ တစ္အား ေကာင္းၾကပါတယ္။

    စိုးျမင့္ေၾကာ္ ဇာတ္လမ္း စပါေတာ့မယ္။ အခု ေပါင္းေနတဲ့ အုပ္စုထဲမွာ စိန္ဂြၽန္းထဲကေပါင္းတဲ့ သူငယ္ခ်င္းေတြလည္းပါ ပါတယ္။ ပိုက္ဆံလည္း အမ်ားစုက တတ္ႏိုင္ၾကပါတယ္။ အဲ့မွာ အစားအေသာက္ ဂ်ီးမ်ားၾကရင္း ကိုယ္ေတြက စိန္ဂြၽန္း ေက်ာင္းတုန္းက စားခဲ့တဲ့ အပ်ိဳႀကီး ထမင္းေၾကာ္ကို သတိရသြားတယ္။ အိမ္မွာလည္း တစ္ခါတစ္ေလ စမ္းၿပီး ေၾကာ္စားေနၾကဆိုေတာ့၊ ဘယ္သူစားမလဲ ငါေၾကာ္ေကြၽး မယ္ဆိုေတာ့ တစ္ခ်ိဳ႕က မယုံၾကဘူး။ တ႐ုတ္စာ ေကာင္းေကာင္း ခ်က္တတ္တာမသိၾကဘူး။ သိတဲ့ သူငယ္ခ်င္းေတြ က ေျမႇာက္ေပးတယ္။ ေဟ့ေကာင္ စိုးျမင့္ ခ်က္ျပလိုက္ကြာဆိုေတာ့ ကိုယ္ေတြက အရွက္ မရွိ ကိုဖိုးေထာင္တို႔ မီးဖိုထဲဝင္ၿပီး စီမံရေတာ့တာေပါ့။ ဆီမ်ားတာ မႀကိဳက္တဲ့သူ၊ ေကာ္ရည္ မႀကိဳက္တဲ့သူ အတြက္စဥ္းစားၿပီး အပ်ိဳႀကီး ထမင္းေၾကာ္ကို မွီျငမ္းၿပီး၊ အစိမ္းေၾကာ္ ဆန္ဆန္ အ႐ြက္၂ မ်ိဳး ၃ မ်ိဳး ထည့္ၿပီး ေၾကာ္လိုက္တာေပါ့။ ၾကက္သားျဖစ္ျဖစ္၊ ဝက္သားျဖစ္ျဖစ္ ႏုတ္ႏုတ္မစဥ္းဘဲ အပ်ိဳႀကီး ဆိုင္က ထမင္းေၾကာ္ အတိုင္း ခပ္ျပားျပားလွီးၿပီး ထည့္ေၾကာ္ေတာ့ ပုစံတစ္မ်ိဳး ျဖစ္သြားတာေပါ့။ ထမင္းကို လည္း အဲ့ဒီေခတ္က ဘယ္သူမွ မလုပ္ေသးတဲ့ ပုံ၊ ပုဂံလုံးထဲ ထည့္သိပ္ၿပီး ပုဂံျပားထဲ ေမွာက္ခ်လိုက္တဲ့အခါ ဒီဇိုင္းဆန္းသြားတာေပါ့။ ၾကက္ဥကလည္း ထည့္ခ်င္လည္းရတယ္။ မထည့္ခ်င္လည္း ရတယ္ ဆိုေတာ့ အိုေကသြားၿပီ။

    ပထမေတာ့ သူနဲနဲျမည္း ကိုယ္နဲနဲျမည္းေပါ့။ ေနာက္ၾကေတာ့ သူတစ္ပြဲမွာစား ကိုယ္တစ္ပြဲမွာစားေပါ့။ ေနာက္ပိုင္း ၾကေတာ့ ေဖာ္ျမဴလာ တတ္သြားၿပီျဖစ္တဲ့ ကိုဖိုးေထာင္ကဘဲ ေၾကာ္ေပးတာပါ။ နာမည္ ျဖစ္ေပၚလာပုံကေတာ့ ရီစရာပါ။ သူငယ္ခ်င္းေတြက ကိုယ္မရွိလည္း သြားစားၾကတဲ့အခါကိုဖိုးေထာင္ေရ စိုးျမင့္ေၾကာ္တာမ်ိဳး တစ္ပြဲေၾကာ္ေပးပါ။ ၂ ပြဲေၾကာ္ေပးပါ စသျဖင့္ မွာၾကတာေပါ့။ ကိုယ္ေတြ အဖြဲ႕က အဲ့လိုမွာစားၾကေတာ့ ကိုဖိုးေထာင္တို႔ဆိုင္မွာ လာစားေနၾက အျခားေက်ာင္းသားအဖြဲ႕ေတြကလည္း ေမးၿပီ။ ကိုဖိုးေထာင္ အဲ့ဒါ ဘာေၾကာ္လဲ။ သူတို႔ဘာေတြ မွာစားေနတာလည္းေပါ့။ သူတို႔ေကာ မွာစားလို႔ မရဘူးလားဆိုေတာ့ ကိုဖိုးေထာင္က ေနာက္ေန႔က် ခြင့္ေတာင္းၿပီ။ ကိုစိုးျမင့္ေရ အျခား ေက်ာင္းသားေတြကလည္း စားခ်င္လို႔ ေမးေနၾကတယ္။ ကြၽန္ေတာ္ ေၾကာ္ေရာင္းလို႔ရမလား ဆိုေတာ့၊ ကိုယ္ေတြကလည္း ဘာမွ ကန႔္ကြက္စရာမရွိတာမို႔ ေရာင္းေပါ့ ဘာမွမျဖစ္ပါဘူး ကိုဖိုးေထာင္ သေဘာဆိုေတာ့ သူတို႔လည္း စေရာင္းတာေပါ့။ မွာတဲ့အခါၾကေတာ့ ဟင္းပြဲက နာမည္မရွိေတာ့ ဝိတ္တာေလးေတြက ကိုဖိုးေထာင္ေရ ကိုစိုးျမင့္ေၾကာ္တာမ်ိဳး ၂ပြဲ၊ ၄ပြဲ ဆိုၿပီး ေအာ္ေျပာၾကတာေပါ့။ ေနာက္ၾကေတာ့ ကိုစိုးျမင့္ေၾကာ္တာမ်ိဳး ဆိုရာကေန ကိုစိုးျမင့္ေၾကာ္ ၿပီးမွ ခပ္လြယ္လြယ္ စိုးျမင့္ေၾကာ္ဆိုၿပီး ကိုဖိုးေထာင္တို႔ဆိုင္မွာ ေရာင္းေကာင္းလာေတာ့တယ္။

    ျပသနာက စလာၿပီ။ ကိုဖိုးေထာင္တို႔ဆိုင္မွာ ေရာင္းေကာင္းေတာ့ ေဘးတစ္ဆိုင္ေက်ာ္က ထမင္းေၾကာ္ဆိုင္ကလည္း ခပ္တည္တည္ လိုက္ေၾကာ္ေရာင္းၿပီ။ အဲ့မွာ ကိုဖိုးေထာင္နဲ႔ စကားမ်ားၾကတာေပါ့။ ကိုဖိုးေထာင္က တိုင္ၿပီ။ ကိုစိုးျမင့္ ကြၽန္ေတာ္တို႔က မူပိုင္၊ သူတို႔က လိုက္တုေရာင္းတာ ဘယ္လိုလုပ္ရမလဲဆိုေတာ့ ကိုယ္ေတြကၾကားက ဒုကၡေရာက္ ရတာေပါ့။ ဒါနဲ႔ ကိုဖိုးေထာင္ကို ေခ်ာ့ေမာ့ၿပီး ေရာင္းပေစ ေပါ့ဗ်ာ။ ဘာတတ္ႏိုင္မွာလဲ ကိုယ့္မိတ္နဲ႔ ကိုယ္ဘဲ၊ သူလည္း ေရာင္းပါေစ၊ ကိုယ္လည္းေရာင္းေပါ့၊ ပိတ္ပင္လို႔မွ မရတာဆိုေတာ့ သူလည္း စိတ္ေလ်ာ့ရေတာ့တာေပါ့။ ဒီလိုနဲ႔ မီႏူးမွာကို ”စိုးျမင့္ေၾကာ္“ ဆိုၿပီး ထည့္ၿပီး ေရာင္းၾကတာေပါ့။ အဲ့ဒီကမွ Mainထဲမွာတင္ Arts ကန္တင္း Eco ကန္တင္း အကုန္ ပ်ံ႕ႏွံ႔ သြားတာေပါ့။ ေနာက္မၾကာပါဘူး RC 2 ထဲမွာပါ မွာစားလို႔ရတဲ့အထိ ျဖစ္လာပါတယ္။

    ကေန႔ဆိုယင္ေတာ့ ျမန္မာျပည္အႏွံ႔မွာရွိတဲ့ တကၠသိုလ္ကန္တင္းတိုင္းလိုလိုမွာ ရွိတဲ့ စားစရာ အမယ္တစ္မ်ိဳးအျဖစ္ ေတြ႕ရွိေနရတာ ျဖစ္ပါတယ္။ (သူငယ္ခ်င္း နာမည္ေတြ ထည့္မေရးတာ ခြင့္လႊတ္ပါ။ တစ္ခ်ိဳ႕က ခုအခ်ိန္မွာ သူေဌးႀကီးေတြျဖစ္ေနေတာ့ ႀကိဳက္မွန္းမသိ မႀကိဳက္မွန္းမသိဆိုေတာ့ .. အားလုံးကို သတိရလ်က္ ……..)

    Credit: ဦးစိုးျမင့္၏ facebook Account မွကူးယူေဖာ္ျပပါသည္။

    (Unicode)
    ဦးစိုးမြင့်ရှင်းတဲ့ စိုးမြင့်ကြော်ရှင်းတမ်း

    ဦးစိုးမြင့် ကိုယ်တိုင်ရှင်းပြတဲ့ စိုးမြင့်ကြော် သမိုင်းကြောင်း..

    ကျွန်တော့် မိတ်ဆွေကြီး ကိုကျော်စွာမင်းအား ဤစာစုဖြင့် ဦးညွှတ်ပါတယ်။ လူအများ ငြင်းခုံနေကြတာ၊ သေသေခြာခြာ၊ ရေရေရာရာ မသိတဲ့ သူတွေအတွက်၊ အဆင်ပြေရင် မှတ်တမ်းလေးဖြစ်အောင် ရေးပါ အစ်ကိုလို့ တိုက်တွန်းတဲ့ အတွက် ရေးလိုက်ရတာပါ။ တစ်ကယ်တော့ ရည်ရွယ်ချက်မရှိဘဲ အပျော်သဘောနဲ့ ကျောင်းသားဘဝ၊ လွတ်လွတ်လပ်လပ် ဘာမှစောင့်ထိမ်းစရာမလိုတဲ့ ငယ်ရွယ်စဉ်အခါက လုပ်ခဲ့ကြတဲ့ လုပ်ရပ်လေးဟာ ဒီနေ့ အထိ အမှတ်တရတက္ကသိုလ် ဝန်းကျင်မှာ ထင်ကျန်ရစ်နေတာဆိုတော့ ဝမ်းသာရပါတယ်။ ခုချိန်မှာတော့ ရှက်စရာလိုလို၊ ရီစရာလိုလို ဖြစ်နေတာတော့ တစ်ကယ်ပါ။

    ကျွန်တော် စိန်ဂျွန်းကျောင်းသားဘဝက စပြောမှဘဲ ပြည့်စုံမှာမို့၊ အားလုံးလည်း သိသင့်တယ်ထင်လို့ တင်ပြပါရစေ။ စိန်ဂျွန်းကျောင်းက မုန့်ဈေးတန်းမှာ အပျိုကြီး ထမင်းကြော်ဆိုင်ဆိုတာ ရှိပါတယ်။ ထမင်းဖြူ လေးကို ဝက်ဆီနဲ့ ကြက်သွန်ဖြူ ဆီသတ်ပြီး၊ ပဲငံပြာရည်၊ ကြာညှို့၊ အချိုမှုန့်လေးသုံးပြီး ဒယ်အိုးပေါ်မှာ မီးမျှင်းမျှင်းလေးနဲ့ လိမ့်ထားတာပါ။ ပြီးတော့ ဝက်သားကို ပြုတ်ပြီး အနေတော် အပြားလေးတွေလှီးပြီး ပဲငံပြာရည်နဲ့ကြာညှို့၊ အချိုမှုန့်တို့ သုံးပြီး ကြော်ထား ပါတယ်။ ဟင်းချိုအတွက်ကတော့ ခုနဝက်သားပြုတ်တုန်းက ရောပြုတ်ထားတဲ့ ဝက်ရိုးဟင်းချို ရယ် သခွားချဉ်ရယ် တွဲဖက်ပေးထားပါတယ်။ ကျွန်တော် ၈တန်း၊ ၉ တန်း ပထမနှစ်၊ ၉ တန်း ဒုတိယ နှစ်ထိ၊ နေ့စဉ် မပျက်မကွက် စားသုံးခဲ့တာပါ။ (စိန်ဂျွန်းကျောင်းသားဟောင်းတိုင်း မှတ်မိမှာပါ။ ကျွန်တော့် ဖေးဖရိတ် မနက်စာဘဲ ဖြစ်ပါတယ်)

    ဒီလိုနဲ့ ၉ တန်းအောင်၊ ၁၀ တန်းကိုတော့ အင်းယားလမ်းက စိန်ဩဂတ်စတင်း ကျောင်းပြောင်းခဲ့ရတော့ အပျိုကြီး ထမင်းကြော်နဲ့ ဝေးခဲ့ရပါတော့တယ်။ ၁၀ တန်း ၂ နှစ် တက်ပြီး ဒေသကောလိပ်ရောက်။ ပထမနှစ် အောင်၊ ဒုတိယ နှစ် အောင်ပြီး တတိယနှစ် ဘူမိဗေဒတက်ဖို့ ရန်ကုန်တက္ကသိုလ် ပင်မ (RASU)ကို ရောက်လာပါတယ်။ (၁၉၈၁ ခုနှစ် လောက်ကပါ) သူငယ်ချင်းတွေကလည်း M C, R I T, ECO, MATHS, PHYSIC, ZOO, BOTANY စသဖြင့် Major တွေ ကွဲကုန်ကြပါတယ်။ ဒါပေမဲ့ ဒေသကောလိပ်တက်ခဲ့တုန်းက တစ်တွဲတွဲ နေခဲ့ကြတာတော့ မခွဲနိုင်ဖြစ်နေကြတာပေါ့။ ဒါကြောင့် များသော အားဖြင့် အတန်းမတက်ကြဘဲ၊ တက္ကသိုလ်စာကြည့်တိုက်ရှေ့နဲ့ ငွေစာရင်းဌာန (cash) ရှေ့မှာဘဲ လူစုဖြစ်ကြပါတယ်။ မနက်စောစော ရောက်ကြပြီး လူစုံအောင်စောင့်ကြပါတယ်။ လူစုံမှ သိပ္ပံကန်တင်းကို ချီတက် ကြတာပါ။ ဒါမှမဟုတ် ကားတွေပေါ်စုတက်ပြီး၊ ကျောင်းထဲက ဦးချစ် လ္ဘက်ရည်ဆိုင်ဖြစ်ဖြစ်၊ လှည်းတန်းဖြစ်ဖြစ်၊ တစ်ခါတစ်လေ အလွမ်းပြေ RC 2 ဖြစ်ဖြစ် သွားသောက်ကြပါတယ်။ နေ့လည်ဖက် ရောက်ရင်တော့ ကျောင်းထဲ ပြန်ရောက်လာကြပြီး နေ့လည်စာ စားကြပြန်ပါတယ်။ အများဆုံးကတော့ သိပ္ပံ ကန်တင်းက ကိုဖိုးထောင်တို့ မိသားစု စားသောက်ဆိုင်မှာ စားဖြစ်ကြပါတယ်။ သူနဲ့ ကပ်ရက် ကတော့ ကိုစိန်အေး အအေးဆိုင် ဖြစ်ပါတယ်။ ကိုစိန်အေးကတော့ ကျွန်တော်တို့ရဲ့ အချိန်းအချက်လုပ်ရာ အော်ပရေတာဘဲ ဖြစ်ပါတယ်။ ဘယ်သူလာသွားပြီ၊ ဘယ်သူပြန်သွားပြီ၊ ဘယ်သူ ဘာမှာသွားတယ်၊ ဘယ်သူ နောက်ကျမယ် စောင့်ပါမှာသွားတယ် စသဖြင့် အချိန်းအချက်မှန်သမျှ သတင်းပို့ပေးရသူ ဖြစ်ပါတယ်။

    ကိုဖိုးထောင်တို့မိသားစု ထမင်းဆိုင်ကတော့ စိုးမြင့်ကြော် စတင်ရာ ဘူမိနက်သန်ဘဲ ဖြစ်ပါတယ်။ တစ်နေ့ တစ်နေ့ စားလိုက်ကြတာ ထမင်းကြော်၊ ထမင်းပေါင်း၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကြက်ဥမွှေကြာ်၊ အစိမ်းကြော်၊ ချိုချဉ် ကြော်၊ တောက်တောက်ကြော်၊ ကုန်းဘောင်ကြီးကြော် ကြာတော့ ထပ်နေတော့တာပေါ့။ ဒီကြားထဲ ဂျီးများတဲ့သူက ရှိသေးတယ်။ ဟို ဟာလျော့၊ ဒီဟာလျော့၊ ဒါပိုထည့်ပေး၊ ကော်ရည် လျော့၊ အစပ်လျော့ အမျိုးမျိုး ဒုက္ခပေးကြတာပေါ့။ ကိုဖိုးထောင်တို့ကလည်း စိတ်ရှည်ပါတယ်။ စားသောက်ဆိုင်တွေထဲမှာတော့ ကျောင်းထဲမှာ ဖွင့်တဲ့ ကန်တင်းက စားသောက်ဆိုင်တွေက သနားစရာ အကောင်းဆုံးပါဘဲ။ ဈေးသက်သာတဲ့အပြင် အကြွေးလည်းထားရ၊ ကျောင်းသား တွေလည်းကြောက်ရ၊ အမြတ်အစွန်းလည်း သိပ်မရ၊ စေတနာ တစ်အား ကောင်းကြပါတယ်။

    စိုးမြင့်ကြော် ဇာတ်လမ်း စပါတော့မယ်။ အခု ပေါင်းနေတဲ့ အုပ်စုထဲမှာ စိန်ဂျွန်းထဲကပေါင်းတဲ့ သူငယ်ချင်းတွေလည်းပါ ပါတယ်။ ပိုက်ဆံလည်း အများစုက တတ်နိုင်ကြပါတယ်။ အဲ့မှာ အစားအသောက် ဂျီးများကြရင်း ကိုယ်တွေက စိန်ဂျွန်း ကျောင်းတုန်းက စားခဲ့တဲ့ အပျိုကြီး ထမင်းကြော်ကို သတိရသွားတယ်။ အိမ်မှာလည်း တစ်ခါတစ်လေ စမ်းပြီး ကြော်စားနေကြဆိုတော့၊ ဘယ်သူစားမလဲ ငါကြော်ကျွေး မယ်ဆိုတော့ တစ်ချို့က မယုံကြဘူး။ တရုတ်စာ ကောင်းကောင်း ချက်တတ်တာမသိကြဘူး။ သိတဲ့ သူငယ်ချင်းတွေ က မြှောက်ပေးတယ်။ ဟေ့ကောင် စိုးမြင့် ချက်ပြလိုက်ကွာဆိုတော့ ကိုယ်တွေက အရှက် မရှိ ကိုဖိုးထောင်တို့ မီးဖိုထဲဝင်ပြီး စီမံရတော့တာပေါ့။ ဆီများတာ မကြိုက်တဲ့သူ၊ ကော်ရည် မကြိုက်တဲ့သူ အတွက်စဉ်းစားပြီး အပျိုကြီး ထမင်းကြော်ကို မှီငြမ်းပြီး၊ အစိမ်းကြော် ဆန်ဆန် အရွက်၂ မျိုး ၃ မျိုး ထည့်ပြီး ကြော်လိုက်တာပေါ့။ ကြက်သားဖြစ်ဖြစ်၊ ဝက်သားဖြစ်ဖြစ် နုတ်နုတ်မစဉ်းဘဲ အပျိုကြီး ဆိုင်က ထမင်းကြော် အတိုင်း ခပ်ပြားပြားလှီးပြီး ထည့်ကြော်တော့ ပုစံတစ်မျိုး ဖြစ်သွားတာပေါ့။ ထမင်းကို လည်း အဲ့ဒီခေတ်က ဘယ်သူမှ မလုပ်သေးတဲ့ ပုံ၊ ပုဂံလုံးထဲ ထည့်သိပ်ပြီး ပုဂံပြားထဲ မှောက်ချလိုက်တဲ့အခါ ဒီဇိုင်းဆန်းသွားတာပေါ့။ ကြက်ဥကလည်း ထည့်ချင်လည်းရတယ်။ မထည့်ချင်လည်း ရတယ် ဆိုတော့ အိုကေသွားပြီ။

    ပထမတော့ သူနဲနဲမြည်း ကိုယ်နဲနဲမြည်းပေါ့။ နောက်ကြတော့ သူတစ်ပွဲမှာစား ကိုယ်တစ်ပွဲမှာစားပေါ့။ နောက်ပိုင်း ကြတော့ ဖော်မြူလာ တတ်သွားပြီဖြစ်တဲ့ ကိုဖိုးထောင်ကဘဲ ကြော်ပေးတာပါ။ နာမည် ဖြစ်ပေါ်လာပုံကတော့ ရီစရာပါ။ သူငယ်ချင်းတွေက ကိုယ်မရှိလည်း သွားစားကြတဲ့အခါကိုဖိုးထောင်ရေ စိုးမြင့်ကြော်တာမျိုး တစ်ပွဲကြော်ပေးပါ။ ၂ ပွဲကြော်ပေးပါ စသဖြင့် မှာကြတာပေါ့။ ကိုယ်တွေ အဖွဲ့က အဲ့လိုမှာစားကြတော့ ကိုဖိုးထောင်တို့ဆိုင်မှာ လာစားနေကြ အခြားကျောင်းသားအဖွဲ့တွေကလည်း မေးပြီ။ ကိုဖိုးထောင် အဲ့ဒါ ဘာကြော်လဲ။ သူတို့ဘာတွေ မှာစားနေတာလည်းပေါ့။ သူတို့ကော မှာစားလို့ မရဘူးလားဆိုတော့ ကိုဖိုးထောင်က နောက်နေ့ကျ ခွင့်တောင်းပြီ။ ကိုစိုးမြင့်ရေ အခြား ကျောင်းသားတွေကလည်း စားချင်လို့ မေးနေကြတယ်။ ကျွန်တော် ကြော်ရောင်းလို့ရမလား ဆိုတော့၊ ကိုယ်တွေကလည်း ဘာမှ ကန့်ကွက်စရာမရှိတာမို့ ရောင်းပေါ့ ဘာမှမဖြစ်ပါဘူး ကိုဖိုးထောင် သဘောဆိုတော့ သူတို့လည်း စရောင်းတာပေါ့။ မှာတဲ့အခါကြတော့ ဟင်းပွဲက နာမည်မရှိတော့ ဝိတ်တာလေးတွေက ကိုဖိုးထောင်ရေ ကိုစိုးမြင့်ကြော်တာမျိုး ၂ပွဲ၊ ၄ပွဲ ဆိုပြီး အော်ပြောကြတာပေါ့။ နောက်ကြတော့ ကိုစိုးမြင့်ကြော်တာမျိုး ဆိုရာကနေ ကိုစိုးမြင့်ကြော် ပြီးမှ ခပ်လွယ်လွယ် စိုးမြင့်ကြော်ဆိုပြီး ကိုဖိုးထောင်တို့ဆိုင်မှာ ရောင်းကောင်းလာတော့တယ်။

    ပြသနာက စလာပြီ။ ကိုဖိုးထောင်တို့ဆိုင်မှာ ရောင်းကောင်းတော့ ဘေးတစ်ဆိုင်ကျော်က ထမင်းကြော်ဆိုင်ကလည်း ခပ်တည်တည် လိုက်ကြော်ရောင်းပြီ။ အဲ့မှာ ကိုဖိုးထောင်နဲ့ စကားများကြတာပေါ့။ ကိုဖိုးထောင်က တိုင်ပြီ။ ကိုစိုးမြင့် ကျွန်တော်တို့က မူပိုင်၊ သူတို့က လိုက်တုရောင်းတာ ဘယ်လိုလုပ်ရမလဲဆိုတော့ ကိုယ်တွေကကြားက ဒုက္ခရောက် ရတာပေါ့။ ဒါနဲ့ ကိုဖိုးထောင်ကို ချော့မော့ပြီး ရောင်းပစေ ပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ ကိုယ့်မိတ်နဲ့ ကိုယ်ဘဲ၊ သူလည်း ရောင်းပါစေ၊ ကိုယ်လည်းရောင်းပေါ့၊ ပိတ်ပင်လို့မှ မရတာဆိုတော့ သူလည်း စိတ်လျော့ရတော့တာပေါ့။ ဒီလိုနဲ့ မီနူးမှာကို ”စိုးမြင့်ကြော်“ ဆိုပြီး ထည့်ပြီး ရောင်းကြတာပေါ့။ အဲ့ဒီကမှ Mainထဲမှာတင် Arts ကန်တင်း Eco ကန်တင်း အကုန် ပျံ့နှံ့ သွားတာပေါ့။ နောက်မကြာပါဘူး RC 2 ထဲမှာပါ မှာစားလို့ရတဲ့အထိ ဖြစ်လာပါတယ်။

    ကနေ့ဆိုယင်တော့ မြန်မာပြည်အနှံ့မှာရှိတဲ့ တက္ကသိုလ်ကန်တင်းတိုင်းလိုလိုမှာ ရှိတဲ့ စားစရာ အမယ်တစ်မျိုးအဖြစ် တွေ့ရှိနေရတာ ဖြစ်ပါတယ်။ (သူငယ်ချင်း နာမည်တွေ ထည့်မရေးတာ ခွင့်လွှတ်ပါ။ တစ်ချို့က ခုအချိန်မှာ သူဌေးကြီးတွေဖြစ်နေတော့ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိဆိုတော့ .. အားလုံးကို သတိရလျက် ……..)

    Credit: ဦးစိုးမြင့်၏ facebook Account မှကူးယူဖော်ပြပါသည်။

  • နာမည္ေက်ာ္ ေတာင္ဆိတ္ႏွင့္ ေဆးဘက္ဝင္အစြမ္းမ်ား

    (Zawgyi)
    နာမည္ေက်ာ္ ေတာင္ဆိတ္ႏွင့္ ေဆးဘက္ဝင္အစြမ္းမ်ား

    စိတ္ဝင္စားဖြယ္ ေဆးစြမ္းထက္ေသာ တိရစာၦန္ျဖစ္ပါသည္။ ေတာင္ဆိတ္ႏွင့္ ပတ္သက္၍ ကိုယ္တိုင္လည္း ေလ့လာခဲ့ဖူး ပါသည္။ ေတြ႕ႀကဳံခဲ့သည္မွာ ခ်င္းတြင္းျမစ္နေဘး ကေလးဝၿမိဳ႕နား တစ္ဝိုက္ရွိ ေခ်ာင္းဆုံ႐ြာေလးတြင္ ျဖစ္ပါသည္။ ေတာင္ဆိတ္အေကာင္ေသးကို အခ်ိဳ႕က ကမ္းပါးက်ဟုလည္း ေခၚပါသည္။ အလြန္ျမင့္မားေသာ ေက်ာက္နံရံႏွင့္ ေတာင္ထိပ္မ်ားတြင္ ေနထိုင္ၾကပါသည္။ ထူးျခားမႈမွာ ေက်ာက္ေဆာင္၊ ေခ်ာက္ကမ္းပါးမ်ားမွ ျပဳတ္က်ေသာလည္း ေတာင္ဆိတ္မွာ က်ိဳးပဲ့ျခင္း၊ ထိခိုက္ဒဏ္ရာရျခင္းမ်ိဳး နည္းပါးလွပါသည္။

    ေတာင္ဆိတ္၏ ခႏၶာတြင္ ေဆးအသုံးဝင္လွေသာ ပစၥည္းမ်ားမွာ

    (၁) ေတာင္ဆိတ္ခ်ိဳ

    (၂) ခြာ

    (၃) လွ်ာ

    (၄) အဆီ တို႔ျဖစ္ပါသည္။ မ်ားေသာအားျဖင့္ မုဆိုးမ်ားမွာ ခႏၶာကိုယ္အသားကို ခ်က္စားျခင္း၊ အေျခာက္လွန္းျခင္း၊ ေရာင္းခ်သည္က မ်ားပါသည္။ အခ်ိဳ႕ အဆီထုတ္ယူသည္လည္း ရွိပါသည္။

    ေတာင္ဆိတ္ခ်ိဳ

    အရင္းပိုင္းသည္ အေခါင္းသာျဖစ္ၿပီး ခ်ိဳ၏ထိပ္ဖ်ား ပိုင္းတြင္ အႏွစ္ရွိပါသည္။ ထိုအႏွစ္ပါဝင္မႈကို ဝယ္ယူသူတို႔က ေပတံျဖင့္တိုင္းတာဝယ္ယူၾကပါသည္။

    ေတာင္ဆိတ္ခြာ

    အခ်ိဳ႕ကခြာတြင္ အဆီအိတ္ ရွိသည္ဟု ဆိုပါသည္။ ေတာင္ဆိတ္ မၾကာခဏ ရရွိေသာသူတို႔ထံမွ ခြာမ်ားဝယ္ယူၿပီး လက္ေတြ႕ခြဲၾကည့္ဖူးရာ အဆီတည္ေနေသာ အိတ္အသြင္ ေတြ႕ရျခင္း မရွိပါ။ သို႔ေသာ္ေတာင္ဆိတ္ အနာတရျဖစ္ပါလွ်င္ လွ်ာျဖင့္ ခြာကိုယက္ၿပီး ထိုလွ်ာျဖင့္ ဒဏ္ရာအနာတရကို ျပန္ယက္လိုက္လွ်င္ ျပန္၍ သက္သာေပ်ာက္ကင္း သြားသည္ဟုလည္း ဆိုပါသည္။

    ေတာင္ဆိတ္လွ်ာ

    အေသအခ်ာ အဆီစုၿပီး ဝက္ၿခံကဲ့သို႔ အဆီအေတာင့္ထြက္ေသာေနရာမွာ မ်က္စိေနာက္ ႏွာေခါင္းေဘးတြင္ အေပါက္ေလး ရွိပါသည္။ ထိုအေပါက္ေလးအား ညႇစ္ၾကည့္လိုက္ပါက အဆီေတာင့္ေလး ထြက္လာပါသည္။ ထိုအဆီမွာ အလြန္ ျပင္းထန္ေသာ ရနံ႔ရွိၿပီး သုတ္လိမ္းၿပီး ဆပ္ျပာျဖင့္ အႀကိမ္ႀကိမ္ေဆးလွ်င္ပင္ အနံ႔ေပ်ာက္ကြယ္ျခင္း မရွိပါ။ ထိုအဆီသည္ အလြန္တန္ဖိုးႀကီးေသာ ေဆးအဆီသာ ျဖစ္မည္ထင္ပါသည္။ မုဆိုးမ်ား ေတာင္ဆိတ္ရပါက လွ်ာကို အျမတ္တႏိုး သိမ္းဆည္းတတ္ၾကပါသည္။ ဟင္းခ်က္စားျခင္းမ်ိဳး မရွိပါ။ ႏွမ္းဆီ၊ မုန္ညႇင္းဆီျဖင့္စိမ္ကာ ေဆးစြမ္းေကာင္းတစ္ပါးအျဖစ္ အသုံးျပဳၾကပါသည္။

    ေတာင္ဆိတ္ဆီသည္ ေဆးဖက္အလြန္ဝင္ပါသည္။

    အ႐ိုးက်ိဳး၊ အ႐ိုးအက္၊ ခါးကိုက္၊ ခါးနာ၊ အေၾကာထုံး၊ အေၾကာကပ္၊ ေလငန္း၊ ေလျဖတ္၊ အေၾကာေသ၊ ကိုယ္တစ္ျခမ္းေသ စေသာေရာဂါမ်ားႏွင့္ က်ီးေပါင္းေရာဂါမ်ားကုသရာတြင္ အလြန္ထက္ျမက္လွေသာ လိမ္းေဆး ျဖစ္ပါသည္။ အခ်ိဳ႕က လွ်ာကို အရက္ႏွင့္စိမ္ပါသည္။ အခ်ိဳ႕ကမူ ခ်ိဳႏွင့္ခြာကို အ႐ိုး၊အေၾကာ၊ က်ီးေပါင္း ေရာဂါမ်ားတြင္ ေသြးၿပီးလူး၊ လိမ္းျခင္းျဖင့္ ကုသၾကပါသည္။ ေတာင္ဆိတ္တစ္ေကာင္းလုံးမွ အဆီထုတ္ယူၿပီး ေတာင္ဆိတ္ဆီအျဖစ္ ျပန္လည္ေရာင္းခ်ျခင္းလည္း ရွိပါသည္။ အစစ္အမွန္လည္း ရွိသလို အတုအေယာင္မ်ားလည္း မ်ားလွပါသည္။
    ေတာင္ဆိတ္ဆီ၊ ခ်ိဳ၊ ခြာ၊ လွ်ာ၊ သားေရ၊ အ႐ိုးအသားကအစ ေရာင္းဝယ္မႈမ်ားလည္းရွိပါသည္။ အထူးသျဖင့္ က်ိဳက္ထီး႐ိုး ဘုရားဖူးသြားလွ်င္ ေတြ႕ျမင္ၾကပါလိမ့္မည္။ ခြာႏွင့္ခ်ိဳမွာ အထားမတတ္ပါက ပိုးစား၍ ပ်က္ဆီးတတ္ပါသည္။

    အ႐ိုး၊ အေၾကာ၊ က်ီးေပါင္း၊ ေလျဖတ္၊ ကိုယ္တစ္ျခမ္းေသ စေသာေရာဂါမ်ားအတြက္ အစြမ္းႀကီးေသာ လိမ္းေဆးမွာ-

    ေတာင္ဆိတ္ဆီ(၁)ပုလင္း

    ေရွာက္ဘီလူး(ေခၚ)ေတာေရွာက္သီး (၅)လုံး

    င႐ုတ္ေကာင္း (၂)က်ပ္သား

    သက္ရင္းႀကီးျမစ္ (၄)က်ပ္သား

    ေရွာက္ဘီလူး(ေခၚ)ေတာေရွာက္သီးႏွင့္ သက္ရင္းႀကီးျမစ္ကို ခြဲစိတ္ၿပီး ေတာင္ဆိတ္ဆီ (၁)ပုလင္းတြင္ င႐ုတ္ေကာင္းပါ ထည့္၍ လိမ္းေဆးစိမ္ထားျခင္း ျဖစ္ပါသည္။ ထိုလိမ္းေဆးျဖင့္ အေၾကာနားလည္ သူအားေခၚ၍ လိမ္းက်ံ ႏွိပ္နယ္ ေပးျခင္းျဖင့္ တင္ျပပါ ေဝဒနာရွင္မ်ား သက္သာေပ်ာက္ကင္းျခင္းသည္ အမွန္ပင္ျဖစ္ေလသည္။

    အဓိက ေတာင္ဆိတ္ဆီစစ္ရန္ လိုပါသည္။ ထိုျပင္ အ႐ိုး၊အေၾကာ၊ က်ီးေပါင္းသေဘာကို နားလည္သူ ျဖစ္ပါက အ႐ိုး၊ အေၾကာ၊ က်ီးေပါင္း၊ ေလျဖတ္ေလငန္း၊ ကိုယ္တစ္ျခမ္းေသ စေသာေရာဂါမ်ား သက္သာေပ်ာက္ကင္းႏိုင္ပါသည္။ ကိုယ္တိုင္လည္း လိမ္းျဖစ္ပါသည္။

    ပိုမိုထိေရာက္ လ်င္ျမန္စြာ ေပ်ာက္ကင္းေစရန္အတြက္သာ အ႐ိုး၊ အေၾကာနားလည္သူကို ၫြန္းဆိုျခင္းျဖစ္ပါသည္။ ကိုယ္တိုင္လည္း အ႐ိုးက်ိဳး၊ အေၾကာတင္ျခင္းတို႔ ေတာင္ဆိတ္ဆီ လိမ္းျခင္းျဖင့္ သက္သာ ေပ်ာက္ကင္းဖူးပါသည္။ သိမီသမွ် ေတာင္ဆိတ္သုတအား တင္ျပမိပါသည္။

    Credit – ရဲမ်ိဳးသူ (ေဗာဓိၿမိဳင္)

    (Unicode)
    နာမည်ကျော် တောင်ဆိတ်နှင့် ဆေးဘက်ဝင်အစွမ်းများ

    စိတ်ဝင်စားဖွယ် ဆေးစွမ်းထက်သော တိရစ္ဆာန်ဖြစ်ပါသည်။ တောင်ဆိတ်နှင့် ပတ်သက်၍ ကိုယ်တိုင်လည်း လေ့လာခဲ့ဖူး ပါသည်။ တွေ့ကြုံခဲ့သည်မှာ ချင်းတွင်းမြစ်နဘေး ကလေးဝမြို့နား တစ်ဝိုက်ရှိ ချောင်းဆုံရွာလေးတွင် ဖြစ်ပါသည်။ တောင်ဆိတ်အကောင်သေးကို အချို့က ကမ်းပါးကျဟုလည်း ခေါ်ပါသည်။ အလွန်မြင့်မားသော ကျောက်နံရံနှင့် တောင်ထိပ်များတွင် နေထိုင်ကြပါသည်။ ထူးခြားမှုမှာ ကျောက်ဆောင်၊ ချောက်ကမ်းပါးများမှ ပြုတ်ကျသောလည်း တောင်ဆိတ်မှာ ကျိုးပဲ့ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းမျိုး နည်းပါးလှပါသည်။

    တောင်ဆိတ်၏ ခန္ဓာတွင် ဆေးအသုံးဝင်လှသော ပစ္စည်းများမှာ

    (၁) တောင်ဆိတ်ချို

    (၂) ခွာ

    (၃) လျှာ

    (၄) အဆီ တို့ဖြစ်ပါသည်။ များသောအားဖြင့် မုဆိုးများမှာ ခန္ဓာကိုယ်အသားကို ချက်စားခြင်း၊ အခြောက်လှန်းခြင်း၊ ရောင်းချသည်က များပါသည်။ အချို့ အဆီထုတ်ယူသည်လည်း ရှိပါသည်။

    တောင်ဆိတ်ချို

    အရင်းပိုင်းသည် အခေါင်းသာဖြစ်ပြီး ချို၏ထိပ်ဖျား ပိုင်းတွင် အနှစ်ရှိပါသည်။ ထိုအနှစ်ပါဝင်မှုကို ဝယ်ယူသူတို့က ပေတံဖြင့်တိုင်းတာဝယ်ယူကြပါသည်။

    တောင်ဆိတ်ခွာ

    အချို့ကခွာတွင် အဆီအိတ် ရှိသည်ဟု ဆိုပါသည်။ တောင်ဆိတ် မကြာခဏ ရရှိသောသူတို့ထံမှ ခွာများဝယ်ယူပြီး လက်တွေ့ခွဲကြည့်ဖူးရာ အဆီတည်နေသော အိတ်အသွင် တွေ့ရခြင်း မရှိပါ။ သို့သော်တောင်ဆိတ် အနာတရဖြစ်ပါလျှင် လျှာဖြင့် ခွာကိုယက်ပြီး ထိုလျှာဖြင့် ဒဏ်ရာအနာတရကို ပြန်ယက်လိုက်လျှင် ပြန်၍ သက်သာပျောက်ကင်း သွားသည်ဟုလည်း ဆိုပါသည်။

    တောင်ဆိတ်လျှာ

    အသေအချာ အဆီစုပြီး ဝက်ခြံကဲ့သို့ အဆီအတောင့်ထွက်သောနေရာမှာ မျက်စိနောက် နှာခေါင်းဘေးတွင် အပေါက်လေး ရှိပါသည်။ ထိုအပေါက်လေးအား ညှစ်ကြည့်လိုက်ပါက အဆီတောင့်လေး ထွက်လာပါသည်။ ထိုအဆီမှာ အလွန် ပြင်းထန်သော ရနံ့ရှိပြီး သုတ်လိမ်းပြီး ဆပ်ပြာဖြင့် အကြိမ်ကြိမ်ဆေးလျှင်ပင် အနံ့ပျောက်ကွယ်ခြင်း မရှိပါ။ ထိုအဆီသည် အလွန်တန်ဖိုးကြီးသော ဆေးအဆီသာ ဖြစ်မည်ထင်ပါသည်။ မုဆိုးများ တောင်ဆိတ်ရပါက လျှာကို အမြတ်တနိုး သိမ်းဆည်းတတ်ကြပါသည်။ ဟင်းချက်စားခြင်းမျိုး မရှိပါ။ နှမ်းဆီ၊ မုန်ညှင်းဆီဖြင့်စိမ်ကာ ဆေးစွမ်းကောင်းတစ်ပါးအဖြစ် အသုံးပြုကြပါသည်။

    တောင်ဆိတ်ဆီသည် ဆေးဖက်အလွန်ဝင်ပါသည်။

    အရိုးကျိုး၊ အရိုးအက်၊ ခါးကိုက်၊ ခါးနာ၊ အကြောထုံး၊ အကြောကပ်၊ လေငန်း၊ လေဖြတ်၊ အကြောသေ၊ ကိုယ်တစ်ခြမ်းသေ စသောရောဂါများနှင့် ကျီးပေါင်းရောဂါများကုသရာတွင် အလွန်ထက်မြက်လှသော လိမ်းဆေး ဖြစ်ပါသည်။ အချို့က လျှာကို အရက်နှင့်စိမ်ပါသည်။ အချို့ကမူ ချိုနှင့်ခွာကို အရိုး၊အကြော၊ ကျီးပေါင်း ရောဂါများတွင် သွေးပြီးလူး၊ လိမ်းခြင်းဖြင့် ကုသကြပါသည်။ တောင်ဆိတ်တစ်ကောင်းလုံးမှ အဆီထုတ်ယူပြီး တောင်ဆိတ်ဆီအဖြစ် ပြန်လည်ရောင်းချခြင်းလည်း ရှိပါသည်။ အစစ်အမှန်လည်း ရှိသလို အတုအယောင်များလည်း များလှပါသည်။
    တောင်ဆိတ်ဆီ၊ ချို၊ ခွာ၊ လျှာ၊ သားရေ၊ အရိုးအသားကအစ ရောင်းဝယ်မှုများလည်းရှိပါသည်။ အထူးသဖြင့် ကျိုက်ထီးရိုး ဘုရားဖူးသွားလျှင် တွေ့မြင်ကြပါလိမ့်မည်။ ခွာနှင့်ချိုမှာ အထားမတတ်ပါက ပိုးစား၍ ပျက်ဆီးတတ်ပါသည်။

    အရိုး၊ အကြော၊ ကျီးပေါင်း၊ လေဖြတ်၊ ကိုယ်တစ်ခြမ်းသေ စသောရောဂါများအတွက် အစွမ်းကြီးသော လိမ်းဆေးမှာ-

    တောင်ဆိတ်ဆီ(၁)ပုလင်း

    ရှောက်ဘီလူး(ခေါ်)တောရှောက်သီး (၅)လုံး

    ငရုတ်ကောင်း (၂)ကျပ်သား

    သက်ရင်းကြီးမြစ် (၄)ကျပ်သား

    ရှောက်ဘီလူး(ခေါ်)တောရှောက်သီးနှင့် သက်ရင်းကြီးမြစ်ကို ခွဲစိတ်ပြီး တောင်ဆိတ်ဆီ (၁)ပုလင်းတွင် ငရုတ်ကောင်းပါ ထည့်၍ လိမ်းဆေးစိမ်ထားခြင်း ဖြစ်ပါသည်။ ထိုလိမ်းဆေးဖြင့် အကြောနားလည် သူအားခေါ်၍ လိမ်းကျံ နှိပ်နယ် ပေးခြင်းဖြင့် တင်ပြပါ ဝေဒနာရှင်များ သက်သာပျောက်ကင်းခြင်းသည် အမှန်ပင်ဖြစ်လေသည်။

    အဓိက တောင်ဆိတ်ဆီစစ်ရန် လိုပါသည်။ ထိုပြင် အရိုး၊အကြော၊ ကျီးပေါင်းသဘောကို နားလည်သူ ဖြစ်ပါက အရိုး၊ အကြော၊ ကျီးပေါင်း၊ လေဖြတ်လေငန်း၊ ကိုယ်တစ်ခြမ်းသေ စသောရောဂါများ သက်သာပျောက်ကင်းနိုင်ပါသည်။ ကိုယ်တိုင်လည်း လိမ်းဖြစ်ပါသည်။

    ပိုမိုထိရောက် လျင်မြန်စွာ ပျောက်ကင်းစေရန်အတွက်သာ အရိုး၊ အကြောနားလည်သူကို ညွန်းဆိုခြင်းဖြစ်ပါသည်။ ကိုယ်တိုင်လည်း အရိုးကျိုး၊ အကြောတင်ခြင်းတို့ တောင်ဆိတ်ဆီ လိမ်းခြင်းဖြင့် သက်သာ ပျောက်ကင်းဖူးပါသည်။ သိမီသမျှ တောင်ဆိတ်သုတအား တင်ပြမိပါသည်။

    Credit – ရဲမျိုးသူ (ဗောဓိမြိုင်)

  • ဆန္ေတြ ခဏခဏပိုးတက္ျခင္း၊ ပိုးဟပ္ေတြမ်ားေနျခင္း၊ ယင္ေကာင္ေတြ လာလြန္းျခင္း၊ ပုရြတ္ဆိတ္ေတြ တက္လြန္းျခင္းအတြက္ သဘာ၀ နည္းလမ္းေကာင္းမ်ား။

    (Zawgyi)
    အင္းဆက္ပိုးမႊားေတြကို ဖယ္ရွားေပးႏိုင္မယ့္ သဘာဝနည္းလမ္းေကာင္းမ်ား

    အိမ္တြင္းက အင္းဆက္ပိုးမႊားေတြကို ဓာတုပစၥည္းေတြနဲ႔ ျပဳလုပ္ထားတဲ့ ပိုးသတ္ေဆးေတြရဲ႕ အကူအညီနဲ႔ ႏွိမ္ႏွင္း ႏိုင္တယ္ဆိုေပမယ့္ ဓာတုပစၥည္းေတြပါဝင္တဲ့ ပိုးသတ္ေဆးေတြကို ေရရွည္အသုံးျပဳမယ္ ဆိုရင္ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

    ဒါေၾကာင့္မို႔လို႔ အင္းဆက္ပိုးမႊားေတြကို သဘာဝပစၥည္းေတြ အသုံးျပဳၿပီး ႏွိမ္နင္းႏိုင္မယ့္ နည္းလမ္းေကာင္းေတြ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

    (၁) ပု႐ြက္ဆိတ္

    မီးဖိုေခ်ာင္၊ ထမင္းစားပြဲနဲ႔ အိမ္ရဲ႕ေနရာအႏွံ႔မွာ ေတြ႕ရတတ္တဲ့ ပု႐ြက္ဆိတ္ေတြကိုေတာ့ သူတို႔ လာတတ္တဲ့ ေနရာတဝိုက္မွာ သခြားသီးစိတ္ေလးေတြ ထားေပးျခင္းအားျဖင့္ ေဝးေဝးေျပးေစႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ထပ္ နည္းလမ္းေကာင္းတခုကေတာ့ သစ္ႀကံပိုးေခါက္မႈန႔္ အနည္းငယ္ကို ပု႐ြက္ဆိတ္ေတြရွိတဲ့ ေနရာတဝိုက္မွာ ျဖဴးေပးထားျခင္း အားျဖင့္လည္း ႏွိမ္နင္းႏိုင္မွာ ျဖစ္ပါတယ္။

    (၂) ပိုးဟပ္

    ပိုးဟပ္ေတြက အႏၲရာယ္မ်ားတဲ့ ကူးစက္ေရာဂါေတြကို သယ္ယူလာႏိုင္တဲ့ အင္းဆက္တမ်ိဳး ျဖစ္တာေၾကာင့္ အထူး သတိထားသင့္ပါတယ္။ သခြားသီးစိတ္ေလးေတြကို ပိုးဟပ္ေတြ လာတတ္တဲ့ ေနရာေတြမွာ ထားေပးျခင္းအားျဖင့္ ႏွိမ္နင္းႏိုင္သလို ပိုးဟပ္ေတြရွိတဲ့ ေနရာ တဝိုက္ကို ဆပ္ျပာ အရည္ေဖ်ာ္ၿပီး ေလာင္းခ်ေပးျခင္းအားျဖင့္လည္း ႏွိမ္နင္းႏိုင္မွာ ျဖစ္ပါတယ္။

    (၃) ဆန္ပိုး

    ဆန္ပုံးထဲက ဆန္ေတြ ခဏခဏ ပိုးတက္လို႔ စိတ္ညစ္ေနရတဲ့ အိမ္ရွင္မေတြ အေနနဲ႔ ဆန္ပုံးထဲကို ေလးညႇင္းပြင့္ ဒါမွမဟုတ္ ကရေဝး႐ြက္တို႔ကို ထည့္ၿပီး ႏွိမ္နင္းႏိုင္မွာ ျဖစ္ပါတယ္။

    (၄) ယင္ေကာင္

    အစားအစာေတြမွာ နားတတ္တဲ့ ယင္ေကာင္ေတြဟာ က်န္းမာေရးအတြက္ အႏၲရာယ္ရွိလွတဲ့ အင္းဆက္တမ်ိဳး ျဖစ္ၿပီး ယင္ေကာင္ေတြကို ႏွိမ္နင္းႏိုင္ဖို႔ နည္းလမ္းေကာင္းကေတာ့ ယူကလစ္ဆီ အနည္းငယ္ကို ခ်ည္ထည္ အဝတ္စတခုေပၚမွာ အနည္းငယ္ အစက္ခ် ထည့္ေပးၿပီး ယင္ေကာင္ေတြ ရွိတဲ့ ေနရာတဝိုက္မွာ ထားေပးျခင္းအားျဖင့္ ႏွိမ္နင္းႏိုင္မွာ ျဖစ္ပါတယ္။

    Ref : dengarden.com

    Credit – ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)
    အင်းဆက်ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်းများ

    အိမ်တွင်းက အင်းဆက်ပိုးမွှားတွေကို ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပိုးသတ်ဆေးတွေရဲ့ အကူအညီနဲ့ နှိမ်နှင်း နိုင်တယ်ဆိုပေမယ့် ဓာတုပစ္စည်းတွေပါဝင်တဲ့ ပိုးသတ်ဆေးတွေကို ရေရှည်အသုံးပြုမယ် ဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ဒါကြောင့်မို့လို့ အင်းဆက်ပိုးမွှားတွေကို သဘာဝပစ္စည်းတွေ အသုံးပြုပြီး နှိမ်နင်းနိုင်မယ့် နည်းလမ်းကောင်းတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

    (၁) ပုရွက်ဆိတ်

    မီးဖိုချောင်၊ ထမင်းစားပွဲနဲ့ အိမ်ရဲ့နေရာအနှံ့မှာ တွေ့ရတတ်တဲ့ ပုရွက်ဆိတ်တွေကိုတော့ သူတို့ လာတတ်တဲ့ နေရာတဝိုက်မှာ သခွားသီးစိတ်လေးတွေ ထားပေးခြင်းအားဖြင့် ဝေးဝေးပြေးစေနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် နည်းလမ်းကောင်းတခုကတော့ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ကို ပုရွက်ဆိတ်တွေရှိတဲ့ နေရာတဝိုက်မှာ ဖြူးပေးထားခြင်း အားဖြင့်လည်း နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

    (၂) ပိုးဟပ်

    ပိုးဟပ်တွေက အန္တရာယ်များတဲ့ ကူးစက်ရောဂါတွေကို သယ်ယူလာနိုင်တဲ့ အင်းဆက်တမျိုး ဖြစ်တာကြောင့် အထူး သတိထားသင့်ပါတယ်။ သခွားသီးစိတ်လေးတွေကို ပိုးဟပ်တွေ လာတတ်တဲ့ နေရာတွေမှာ ထားပေးခြင်းအားဖြင့် နှိမ်နင်းနိုင်သလို ပိုးဟပ်တွေရှိတဲ့ နေရာ တဝိုက်ကို ဆပ်ပြာ အရည်ဖျော်ပြီး လောင်းချပေးခြင်းအားဖြင့်လည်း နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

    (၃) ဆန်ပိုး

    ဆန်ပုံးထဲက ဆန်တွေ ခဏခဏ ပိုးတက်လို့ စိတ်ညစ်နေရတဲ့ အိမ်ရှင်မတွေ အနေနဲ့ ဆန်ပုံးထဲကို လေးညှင်းပွင့် ဒါမှမဟုတ် ကရဝေးရွက်တို့ကို ထည့်ပြီး နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

    (၄) ယင်ကောင်

    အစားအစာတွေမှာ နားတတ်တဲ့ ယင်ကောင်တွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိလှတဲ့ အင်းဆက်တမျိုး ဖြစ်ပြီး ယင်ကောင်တွေကို နှိမ်နင်းနိုင်ဖို့ နည်းလမ်းကောင်းကတော့ ယူကလစ်ဆီ အနည်းငယ်ကို ချည်ထည် အဝတ်စတခုပေါ်မှာ အနည်းငယ် အစက်ချ ထည့်ပေးပြီး ယင်ကောင်တွေ ရှိတဲ့ နေရာတဝိုက်မှာ ထားပေးခြင်းအားဖြင့် နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

    Ref : dengarden.com

    Credit – ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy – Burmese Edition

  • စကၠန္႔ (၆၀) အတြင္း အိပ္ေမာက်ေစမယ့္ အသက္ရႈ ေလ့က်င့္ခန္း

    (Zawgyi)
    စကၠန္႔ (၆၀) အတြင္း အိပ္ေမာက်ေစမယ့္ အသက္ရႈ ေလ့က်င့္ခန္း

    စိတ္ဖိစီးမႈေၾကာင့္ပဲျဖစ္ျဖစ္ ညဖက္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖို႔ခက္ေနလား။ ၄-၇-၈ ဆိုတဲ့ အသက္ရႈ ေလ့က်င့္ခန္းတစ္ခုကို မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီနည္းလမ္းက ဦးေႏွာက္ကေန ေတြးေနတဲ့ အေတြးေတြကို ရပ္တန္႔ၿပီး အိပ္ေမာက်ေစဖို႔ အကူအညီျဖစ္ေစမွာပါ။ ဒီနည္းလမ္းကိုေတာ့ အေမရိကန္က နာမည္ေက်ာ္ ဆရာ၀န္တစ္ဦးျဖစ္တဲ့ Dr. Andrew Weil က ေျပာျပ ေပးခဲ့တာပါ။ ဒါက သင့္ရဲ့ အသက္ရႈတဲ့နည္းလမ္းကို ပံုမွန္ျဖစ္ေအာင္ ထိန္းခ်ဳပ္ေပးႏိုင္တဲ့ နည္းလမ္းလည္း ျဖစ္ပါတယ္။ အရမ္းကို စိတ္၀င္စားစရာေကာင္းၿပီး အဆုတ္ထဲမွာ ေအာက္စီဂ်င္ေရာက္ရွိမႈလည္း ပိုေကာင္းတယ္သလို စိတ္ကိုလည္း တည္ၿငိမ္ေစတယ္လို႔ ဆိုပါတယ္။ တခ်ိဳ႕သူေတြဟာ စိတ္ဖိစီးမႈေၾကာင့္ ညအိပ္ယာမ၀င္ခင္ TV Screenေတြ၊ ကြန္ပ်ဴတာေတြ ဖုန္းေတြ အၾကည့္မ်ားတာေၾကာင့္ပဲျဖစ္ျဖစ္ အေတြးမ်ားလို႔ပဲျဖစ္ျဖစ္ အိပ္မေပ်ာ္ၾကပါဘူး။ ကိုယ့္ရဲ့ ဦးေႏွာက္ကေန ေတာင္စဥ္ေရမရ ေလွ်ာက္ေတြးေနတဲ့ အေတြးေတြကို ရပ္ပစ္လိုက္ဖို႔က တကယ္ကို ခက္ခဲပါတယ္။

    ၄၊ ၇ နဲ႔ ၈ ဆိုတာဘာလဲဆိုတဲ့ ေမးခြန္းရွိပါတယ္။ Dr. Andrew Weil ကေတာ့ ဒီကုသနည္းဟာ စိတ္ဖိစီးမႈကို တန္ျပန္တုန္႔ျပန္တဲ့သေဘာ ျဖစ္တယ္လို႔ ဆိုပါတယ္။ နည္းလမ္းကလည္း လြယ္ကူၿပီး ရိုးရွင္ပါတယ္။ အရင္ဆံုး အသက္ကို ၄ စကၠန္႔ေလာက္ ရႈသြင္းပါ။ ၇ စကၠန္႔ေလာက္ ေအာင့္ထားပါ။ ၿပီးရင္ ၈ စကၠန္႔ေလာက္ ေလျပန္ထုတ္ေပးပါ။ လြယ္တယ္ေနာ္။ ဒီနည္းလမ္းက ႏွလံုးခုန္ႏႈန္းကို တျဖည္းျဖည္းေႏွးသြားၿပီး ဦးေႏွာက္ထဲက အေတြးေတြ ကို သက္သာေစသလို သင့္ကိုလည္း စိတ္တည္ၿငိမ္ ေစမွာျဖစ္ပါတယ္။ ညဖက္ အိပ္မေပ်ာ္ျဖစ္ေနတယ္ဆိုရင္ ဒီနည္းလမ္းေလး ကို စမ္းသပ္ၾကည့္ဖို႔ အႀကံျပဳလိုပါတယ္။ ရိုးရွင္းလြယ္ကူျပီး အပန္းမႀကီးပါဘူး။ စာဖတ္သူတို႔ စိတ္ဖိစီးမႈ ကင္းေ၀းၿပီး ညဖက္မွာ အိပ္မက္လွလွမက္ၾကပါေစ။
    Credit – MyStyle Myanmar

    (Unicode)
    စက္ကန့် (၆၀) အတွင်း အိပ်မောကျစေမယ့် အသက်ရှု လေ့ကျင့်ခန်း

    စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ခက်နေလား။ ၄-၇-၈ ဆိုတဲ့ အသက်ရှု လေ့ကျင့်ခန်းတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းလမ်းက ဦးနှောက်ကနေ တွေးနေတဲ့ အတွေးတွေကို ရပ်တန့်ပြီး အိပ်မောကျစေဖို့ အကူအညီဖြစ်စေမှာပါ။ ဒီနည်းလမ်းကိုတော့ အမေရိကန်က နာမည်ကျော် ဆရာဝန်တစ်ဦးဖြစ်တဲ့ Dr. Andrew Weil က ပြောပြပေးခဲ့တာပါ။ ဒါက သင့်ရဲ့ အသက်ရှုတဲ့နည်းလမ်းကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ အရမ်းကို စိတ်ဝင်စားစရာကောင်းပြီး အဆုတ်ထဲမှာ အောက်စီဂျင်ရောက်ရှိမှုလည်း ပိုကောင်းတယ်သလို စိတ်ကိုလည်း တည်ငြိမ်စေတယ်လို့ ဆိုပါတယ်။ တချို့သူတွေဟာ စိတ်ဖိစီးမှုကြောင့် ညအိပ်ယာမဝင်ခင် TV Screenတွေ၊ ကွန်ပျူတာတွေ ဖုန်းတွေ အကြည့်များတာကြောင့်ပဲဖြစ်ဖြစ် အတွေးများလို့ပဲဖြစ်ဖြစ် အိပ်မပျော်ကြပါဘူး။ ကိုယ့်ရဲ့ ဦးနှောက်ကနေ တောင်စဉ်ရေမရ လျှောက်တွေးနေတဲ့ အတွေးတွေကို ရပ်ပစ်လိုက်ဖို့က တကယ်ကို ခက်ခဲပါတယ်။

    ၄၊ ၇ နဲ့ ၈ ဆိုတာဘာလဲဆိုတဲ့ မေးခွန်းရှိပါတယ်။ Dr. Andrew Weil ကတော့ ဒီကုသနည်းဟာ စိတ်ဖိစီးမှုကို တန်ပြန်တုန့်ပြန်တဲ့သဘော ဖြစ်တယ်လို့ ဆိုပါတယ်။ နည်းလမ်းကလည်း လွယ်ကူပြီး ရိုးရှင်ပါတယ်။ အရင်ဆုံး အသက်ကို ၄ စက္ကန့်လောက် ရှုသွင်းပါ။ ၇ စက္ကန့်လောက် အောင့်ထားပါ။ ပြီးရင် ၈ စက္ကန့်လောက် လေပြန်ထုတ်ပေးပါ။ လွယ်တယ်နော်။ ဒီနည်းလမ်းက နှလုံးခုန်နှုန်းကို တဖြည်းဖြည်းနှေးသွားပြီး ဦးနှောက်ထဲက အတွေးတွေ ကို သက်သာစေသလို သင့်ကိုလည်း စိတ်တည်ငြိမ် စေမှာဖြစ်ပါတယ်။ ညဖက် အိပ်မပျော်ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေး ကို စမ်းသပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ ရိုးရှင်းလွယ်ကူပြီး အပန်းမကြီးပါဘူး။ စာဖတ်သူတို့ စိတ်ဖိစီးမှု ကင်းဝေးပြီး ညဖက်မှာ အိပ်မက်လှလှမက်ကြပါစေ။
    Credit – MyStyle Myanmar

  • အသည္းသန္႔ခ်င္သလား ဒါေတြစား

    (Zawgyi)
    အသည္းသန္႔ခ်င္သလား ဒါေတြစား

    အသည္းဟာ ခႏၶာကိုယ္အတြက္ မရွိမျဖစ္အခရာက်တဲ့ ကိုယ္တြင္း အဂၤါတစ္ခုျဖစ္ၿပီး အစာေျခဖ်က္မႈ၊ ဇီဝတြင္းျဖစ္ပ်က္မႈ၊ ကိုယ္ခံစြမ္းအားနဲ႔ အာဟာရဓာတ္ေတြကို စုေဆာင္းေပးတာေတြကို လုပ္ေဆာင္ပါတယ္။ က်န္းမာတဲ့ အသည္းဟာ ေသြးလည္ပတ္မႈ ေကာင္းေအာင္လုပ္ေဆာင္ၿပီး ေသြးထဲက မလိုအပ္တဲ့ အဆိပ္အေတာက္ေတြဖယ္ရွားကာ ခႏၶာကိုယ္ထဲသို႔ အာဟာရဓာတ္ေတြ ပို႔ေဆာင္ေပးသလို ဗီတာမင္၊ သတၱဳဓာတ္နဲ႔ ဂလူးကို႔စ္ေတြကို ထိန္းသိမ္းတာလည္း လုပ္ပါတယ္။ ဒီလိုအေရးပါတဲ့ အလုပ္ေတြကို လုပ္ေနတဲ့အသည္း အၿမဲက်န္းမာေနေစဖို႔အတြက္ စားသင့္တာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ၾကက္သြန္ျဖဴကေတာ့ အဆိပ္အေတာက္ဖယ္ရွားေပးတဲ့ ေနရာမွာ ထိပ္တန္းျဖစ္ၿပီး အသည္းအတြက္ ေကာင္းေကာင္း ေထာက္ကူေပးပါတယ္။ တစ္ေန႔ကို ၾကက္သြန္ျဖဴ ႏွစ္တက္၊ သုံးတက္ ေလာက္စားေပးတာျဖစ္ျဖစ္၊ ၾကက္သြန္ျဖဴနဲ႔ထုတ္ထားတဲ့ေဆးကို ဆရာဝန္နဲ႔ တိုင္ပင္ၿပီးေတာ့ ျဖစ္ျဖစ္ ေသာက္သုံးႏိုင္ပါတယ္။

    ဗီတာမင္စီႂကြယ္ဝၿပီး ဓာတ္တိုးဆန႔္က်င္ဂုဏ္သတၱိပါတဲ့ ဂရိတ္ဖ႐ုေတြဟာလည္း အသည္းကို သန႔္စင္ေပးႏိုင္သလို ကိုယ္တြင္းအဆိပ္အေတာက္ေတြနဲ႔ အဆီေတြကိုလည္း ဖယ္ရွားေပးပါတယ္။ မုန္လာဥနီ (ဗီတြတ္)ဟာလည္း အသည္းအတြက္ ေကာင္းက်ိဳးျပဳသလို ေရွာက္သီး၊ သံပ႐ိုသီးကလည္း အသည္းရဲ႕လုပ္ငန္းစဥ္ေတြ ေကာင္းမြန္စြာလည္ပတ္ဖို႔ ေထာက္ကူျပဳပါတယ္။ ဂရင္းတီး ေန႔စဥ္ေသာက္ေပးျခင္းနဲ႔ အသည္းေရာဂါေတြျဖစ္ပြားတာကို ကာကြယ္ေပးႏိုင္သလို ေထာပတ္သီးကလည္း အသည္းပ်က္စီးမႈနဲ႔ အႏၲရာယ္ေပးႏိုင္တဲ့ အဆိပ္အေတာက္ေတြကို သန႔္စင္ေပးႏိုင္ပါတယ္။ နႏြင္းမႈန႔္လက္ဖက္ရည္ဇြန္း ေလးပုံတစ္ပုံကို ေရေႏြးထဲထည့္ၿပီး ေန႔စဥ္ေသာက္တာပဲျဖစ္ျဖစ္ ဟင္းေတြထဲမွာ ထည့္ခ်က္ရင္းျဖစ္ျဖစ္ စားေပးသင့္ပါတယ္။

    က်န္းမာေသာ အသည္းျဖစ္ဖို႔ဆိုရင္လည္း ပန္းသီးေတြက မစားမျဖစ္ပါ။ အူလမ္းေၾကာင္းနဲ႔ အသည္းထဲက အဆိပ္အေတာက္ေတြ ရွင္းေပးသလို ေသြးတြင္း ကိုလက္စထေရာေတြကို သန႔္စင္ေပးပါတယ္။ သစ္ၾကားသီးကလည္း အသည္းသန႔္ေအာင္ ကူညီေပးတဲ့အျပင္ ပန္းေဂၚဖီစိမ္း (ဘ႐ိုကိုလီ)ကလည္း အသည္းအတြက္ ေကာင္းက်ိဳးျပဳပါတယ္။

    Ref: tophomeremedies
    Credit – 7Day News Journal

    (Unicode)
    အသည်းသန့်ချင်သလား ဒါတွေစား

    အသည်းဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အခရာကျတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပြီး အစာခြေဖျက်မှု၊ ဇီဝတွင်းဖြစ်ပျက်မှု၊ ကိုယ်ခံစွမ်းအားနဲ့ အာဟာရဓာတ်တွေကို စုဆောင်းပေးတာတွေကို လုပ်ဆောင်ပါတယ်။ ကျန်းမာတဲ့ အသည်းဟာ သွေးလည်ပတ်မှု ကောင်းအောင်လုပ်ဆောင်ပြီး သွေးထဲက မလိုအပ်တဲ့အဆိပ်အ တောက်တွေဖယ်ရှားကာ ခန္ဓာကိုယ်ထဲသို့ အာဟာရဓာတ်တွေ ပို့ဆောင်ပေးသလို ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂလူးကို့စ်တွေကို ထိန်းသိမ်းတာလည်း လုပ်ပါတယ်။ ဒီလိုအရေးပါတဲ့ အလုပ်တွေကို လုပ်နေတဲ့အသည်း အမြဲကျန်းမာနေစေဖို့အတွက် စားသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကြက်သွန်ဖြူကတော့ အဆိပ်အတောက်ဖယ်ရှားပေးတဲ့ နေရာမှာ ထိပ်တန်းဖြစ်ပြီး အသည်းအတွက် ကောင်းကောင်း ထောက်ကူပေးပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ နှစ်တက်၊ သုံးတက် လောက်စားပေးတာဖြစ်ဖြစ်၊ ကြက်သွန်ဖြူနဲ့ထုတ်ထားတဲ့ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။

    ဗီတာမင်စီကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပါတဲ့ ဂရိတ်ဖရုတွေဟာလည်း အသည်းကို သန့်စင်ပေးနိုင်သလို ကိုယ်တွင်းအဆိပ်အတောက်တွေနဲ့ အဆီတွေကိုလည်း ဖယ်ရှားပေးပါတယ်။ မုန်လာဥနီ (ဗီတွတ်)ဟာ လည်း အသည်းအတွက် ကောင်းကျိုးပြုသလို ရှောက်သီး၊ သံပရိုသီးကလည်း အသည်းရဲ့လုပ်ငန်းစဉ်တွေ ကောင်းမွန်စွာလည်ပတ်ဖို့ ထောက်ကူပြုပါတယ်။ ဂရင်းတီး နေ့စဉ်သောက်ပေးခြင်းနဲ့ အသည်းရောဂါတွေဖြစ်ပွားတာကို ကာကွယ်ပေးနိုင်သလို ထောပတ်သီးကလည်း အသည်းပျက်စီးမှုနဲ့ အန္တရာယ်ပေးနိုင်တဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပါတယ်။ နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကို ရေနွေးထဲထည့်ပြီး နေ့စဉ်သောက်တာပဲဖြစ်ဖြစ် ဟင်းတွေထဲမှာ ထည့်ချက်ရင်းဖြစ်ဖြစ် စားပေးသင့်ပါတယ်။

    ကျန်းမာသော အသည်းဖြစ်ဖို့ဆိုရင်လည်း ပန်းသီးတွေက မစားမဖြစ်ပါ။ အူလမ်းကြောင်းနဲ့ အသည်းထဲက အဆိပ်အတောက်တွေ ရှင်းပေးသလို သွေးတွင်း ကိုလက်စထရောတွေကို သန့်စင်ပေးပါတယ်။ သစ်ကြားသီးကလည်း အသည်းသန့်အောင် ကူညီပေးတဲ့အပြင် ပန်းဂေါ်ဖီစိမ်း (ဘရိုကိုလီ)ကလည်း အသည်းအတွက် ကောင်းကျိုးပြုပါတယ်။

    Ref: tophomeremedies
    Credit – 7Day News Journal

  • မှုန်ဝါးနေသော ကားမီးလုံးများအား အလုပ်မရှုပ်ရဘဲ တောက်‌ပြောင်‌ ကြည်လင်စေသော နည်းလမ်း

    (Zawgyi)

    မႈန္၀ါးေနေသာ ကားမီးလံုးမ်ားအား အလုပ္မရႈပ္ရဘဲ ေတာက္‌ေျပာင္‌ ၾကည္လင္ေစေသာ နည္းလမ္း

    *အတုိက္အခ်ြတ္ အရမ္းခက္ခဲတဲ့ ကားမွန္‌၊ ကားမီးလုံး‌ေတြကို ‌ေတာက္‌ေျပာင္‌ သန့္ရွင္း‌ေစေသာ နည္းလမ္းေကာင္း*

    ပထမဆုံးအ‌ေနနဲ့ အ‌ေအးဆိုင္သြားျပီး Coca Cola တစ္ဘူး သြားဝယ္လိုက္ပါဦး။ မိတ္‌ေဆြပါ‌ ေသာက္ခ်င္တယ္ဆိုရင္‌ေတာ့ နွစ္ဘူးဝယ္‌ေပါ့‌ေနာ္။

    Cola အခ်ိဳရည္ထဲမွာပါတဲ့ အက္စစ္တစ္မ်ိဳးက ကားမွန္‌ေတြမွာ တက္တတ္တဲ့ ဂ်ိဳးေတြကို အလြယ္တကူ‌ ‌ေပ်ာ့‌ေျပာင္းျပီး က်ြတ္‌ေစတဲ့အတြက္ ဆပ္ျပာရည္တို့၊ ေရေႏြးတို့နဲ့ တိုက္လို့ မ‌ေျပာင္တဲ့ ကားမွန္‌ေတြအတြက္ အ‌ေကာင္းဆုံးပါ။

    ေနာက္တစ္နည္းအေနျဖင့္ –

    *ကားမွန္မ်ားကို အစက္အေပ်ာက္ မက်န္ရိွဘဲ သန္႔ရွင္းေစေသာ နည္းလမ္းေကာင္း*

    ဆပ္ျပာရည္ (သို႔မဟုတ္) ေရေႏြးေႏြးျဖင့္ ကားမွန္မ်ားကို ပထမဦးဆုံး ပက္ျဖန္း‌ေပးပါ။

    ျပီးလ်ွင္သတင္းစာ စကၠဴျဖင့္ ေသခ်ာစြာ ပြတ္တုိက္ေပးပါ၊ သတင္းစာစကၠဴတြင္ ပါ၀င္သည့္ ကာဗြန္က မွန္ကိုပိုမိုၾကည္လင္ေစပါသည္။

    ထို႔ေနာက္ ေျခာက္ေသြ႔ေသာအ၀တ္ျဖင့္ ထပ္မံပြတ္တုိက္ သန္႔စင္ေပးပါက အစက္အေပ်ာက္ကင္းစင္ၿပီး ၾကည္လင္ေတာက္ပေသာ ကားမွန္တစ္ခ်ပ္ကုိ ရရွိလာမည္ျဖစ္ပါသည္။

    Credit: motors.com.mm

    (Unicode)

    မှုန်ဝါးနေသော ကားမီးလုံးများအား အလုပ်မရှုပ်ရဘဲ တောက်‌ပြောင်‌ ကြည်လင်စေသော နည်းလမ်း

    *အတိုက်အချွတ် အရမ်းခက်ခဲတဲ့ ကားမှန်‌၊ ကားမီးလုံး‌တွေကို ‌တောက်‌ပြောင်‌ သန့်ရှင်း‌စေသော နည်းလမ်းကောင်း*

    ပထမဆုံးအ‌နေနဲ့ အ‌အေးဆိုင်သွားပြီး Coca Cola တစ်ဘူး သွားဝယ်လိုက်ပါဦး။ မိတ်‌ဆွေပါ‌ သောက်ချင်တယ်ဆိုရင်‌တော့ နှစ်ဘူးဝယ်‌ပေါ့‌နော်။

    Cola အချိုရည်ထဲမှာပါတဲ့ အက်စစ်တစ်မျိုးက ကားမှန်‌တွေမှာ တက်တတ်တဲ့ ဂျိုးတွေကို အလွယ်တကူ‌ ‌ပျော့‌ပြောင်းပြီး ကျွတ်‌စေတဲ့အတွက် ဆပ်ပြာရည်တို့၊ ရေနွေးတို့နဲ့ တိုက်လို့ မ‌ပြောင်တဲ့ ကားမှန်‌တွေအတွက် အ‌ကောင်းဆုံးပါ။

    နောက်တစ်နည်းအနေဖြင့် –

    *ကားမှန်များကို အစက်အပျောက် မကျန်ရှိဘဲ သန့်ရှင်းစေသော နည်းလမ်းကောင်း*

    ဆပ်ပြာရည် (သို့မဟုတ်) ရေနွေးနွေးဖြင့် ကားမှန်များကို ပထမဦးဆုံး ပက်ဖြန်း‌ပေးပါ။

    ပြီးလျှင်သတင်းစာ စက္ကူဖြင့် သေချာစွာ ပွတ်တိုက်ပေးပါ၊ သတင်းစာစက္ကူတွင် ပါဝင်သည့် ကာဗွန်က မှန်ကိုပိုမိုကြည်လင်စေပါသည်။

    ထို့နောက် ခြောက်သွေ့သောအဝတ်ဖြင့် ထပ်မံပွတ်တိုက် သန့်စင်ပေးပါက အစက်အပျောက်ကင်းစင်ပြီး ကြည်လင်တောက်ပသော ကားမှန်တစ်ချပ်ကို ရရှိလာမည်ဖြစ်ပါသည်။

    Credit: motors.com.mm

  • ဈေးရောင်းချသူတိုင်းအတွက် ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန်ချက်

    (Zawgyi)
    ေဈးသည္ ေရွးတ႐ုတ္လူႀကီးသူမေတြ ဆုံးမေလ့ရွိတဲ့ စီးပြားေရးလမ္းၫႊန္ခ်က္

    ၁။ ဆိုင္ေနရာေကာင္းျခင္းဟာ ဆိုင္ႀကီးတာ ငယ္တာထက္ ပိုအေရးႀကီးပါတယ္။

    ၂။ ေရာင္းကုန္ရဲ႕ အရည္အေသြးဟာ ဆိုုင္ေနရာထက္ ပိုအေရးႀကီးေနတတ္ျပန္တယ္။

    ၃။ စကားခ်ိဳခ်ိဳသာသာ ေဈးေရာင္းတတ္ျခင္းဟာ အေရးႀကီးပါတယ္။ ေဖာက္သည္ကို ပိုၿမဲေစပါတယ္။

    ၄။ အရင္းအႏွီး နည္းတာကို စိုးရိမ္ျခင္းထက္၊ ယုံုၾကည္မႈ နည္းတာကို ပိုစိုးရိမ္သင့္ပါတယ္။

    ၅။ ဆိုင္ကို လွလွပပ ခင္းက်င္းတတ္ျခင္းဟာ အေရးႀကီးေပမဲ့ နည္းနည္း ရႈပ္ပြေနတဲ့ ဆိုင္ငယ္ကေလးက ပိုေရာင္းေကာင္း ေနတတ္ပါတယ္။ ေဈးခ်ိဳတယ္ဆိုတာကို ဝယ္ယူသူမ်ားက ထင္ျမင္သြားေစလို႔ပါ။

    ၆။ ဝယ္သူကို ေတာက္ေလွ်ာက္လိုက္ကပ္ေနတာမ်ိဳး၊ မဝယ္မခ်င္းတိုက္တြန္းေနတာမ်ိဳး ေရွာင္ၾကဥ္ပါ။

    ၇။ ပိုက္ဆံ တစ္က်ပ္သုံးႏိုင္တဲ့ စားသုံုးသူက ပိုက္ဆံ တစ္ရာသုံးႏိုင္တဲ့ စားသုံးသူထက္ စီးပြားတက္ဖို႔ ပိုေထာက္ကူတတ္တယ္။ တန္ဖိုး ပိုရွိတယ္။

    ၈။ ေငြလည္ပတ္မႈ ျမန္ဆန္ပါေစ။

    ၉။ စားသုံုးသူရဲ႕ ေရွ႕မွာ ဆိုင္ဝန္ထမ္းေတြကို ဆဲဆိုအျပစ္တင္ျခင္းဟာ စားသုံးသူကို ေမာင္းထုတ္တာပါ။

    ၁၀။ နည္းနည္း၊ မ်ားမ်ား လက္ကားေဖာက္သည္ကိုအမ်ိဳးလို သေဘာထားပါ။ တတ္ႏိုင္သမွ် သူတို႔ရဲ႕ ေတာင္းဆိုခ်က္ကို ျဖည့္ဆည္းေပးပါ။

    ၁၁။ ေရာင္းကုန္ပစၥည္း ျပတ္သြားတယ္ဆိုတာ ေဖာက္သည္ကို လ်စ္လ်ဴရႈတာ၊ ေစာ္ကားတာနဲ႔ အတူတူပဲ။

    ၁၂။ ေဈးႏူန္းတစ္ခုတည္း ျဖစ္ပါေစ၊ တခုခုေၾကာင့္ ေဈးေလွ်ာ့ေရာင္းျခင္းဟာ ရႈပ္ေထြးမူကို ျဖစ္ေစတတ္ပါတယ္။ ကတိကို ထိခိုက္ႏိုင္ေစပါတယ္။

    ၁၃။ ဘယ္သူ႔ကိုမွ အတင္းေရာင္းခ်ျခင္း မျပဳလုပ္ပါႏွင့္။ စားသုံးသူ ႀကိဳက္ႏွစ္သက္ေသာ ပစၥည္းကို ေရာင္းခ်ေနတာ မဟုတ္ပါ။ စားသုံးသူ အက်ိဳးရွိေစတဲ့ ပစၥည္းကို ေရာင္းခ်ေနတာပါ။

    ၁၄။ စကၠဴ တစ္႐ြက္ပဲျဖစ္ျဖစ္၊ လက္ေဆာင္ကို လူတိုင္း ႏွစ္သက္တတ္ၾကပါတယ္။

    ၁၅။ ကေလးမ်ားဟာ ေက်းဇူးရွင္ပါ။ စားသုံးသူမ်ားက ကေလးကို ေခၚေဆာင္လာတာပဲ ျဖစ္ျဖစ္၊ ကေလးေဈး လာဝယ္တာပဲ ျဖစ္ျဖစ္ အထူးဂ႐ုစိုက္ေပးပါ။ (ကေလးကို လႊတ္တာေတာင္ ျဖစ္ကတတ္ဆန္း မလုပ္ဘူး) ဆိုတာ လူေတြသိပါေစ။

    ၁၆။ အသစ္ထြင္ပါ။ ဝယ္သူကို ဆြဲေဆာင္ႏိုင္ေအာင္ အၿမဲႀကိဳးစားပါ။

    ၁၇။ အေရာင္းအဝယ္ ႀကီးႀကီးေသးေသး အစြမ္းကုန္ ႀကိဳးစားပါ။ ဆိုင္တစ္ခုလုံး ရွင္သန္ေနပါေစ။ ဝယ္သူမ်ားလာေအာင္ ဆြဲေဆာင္ႏိုင္ၾကပါလိမ့္မယ္။

    Credit – ေက်ာက္သင္ပုန္း

    (Unicode)
    ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန်ချက်

    ၁။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ်။

    ၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ်။

    ၃။ စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ်။

    ၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

    ၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်း နေတတ်ပါတယ်။ ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ။

    ၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။

    ၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ်။

    ၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

    ၉။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ။

    ၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကိုအမျိုးလို သဘောထားပါ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ။

    ၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ၊ စော်ကားတာနဲ့ အတူတူပဲ။

    ၁၂။ ဈေးနူန်းတစ်ခုတည်း ဖြစ်ပါစေ၊ တခုခုကြောင့် ဈေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။ ကတိကို ထိခိုက်နိုင်စေပါတယ်။

    ၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့်။ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ။

    ၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ်။

    ၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ ကလေးဈေး လာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။ (ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း မလုပ်ဘူး) ဆိုတာ လူတွေသိပါစေ။

    ၁၆။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲကြိုးစားပါ။

    ၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ ဝယ်သူများလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်မယ်။

    Credit – ကျောက်သင်ပုန်း

  • မြို့ရိုး၊ မြို့တံခါး၌ လူစတေးခြင်း အလေ့အကြောင်း

    (Zawgyi)
    ၿမိဳ႕႐ိုး၊ ၿမိဳ႕တံခါး၌ လူစေတးျခင္း အေလ့

    ၿမိဳ႕႐ိုး၊ ၿမိဳ႕တံခါးမ်ားတြင္ ဖုတ္ၿပိတၱာ အစိမ္းေသအျဖစ္အေစာင့္အေန ခ်ထားရာတြင္ လူအရွင္လတ္လတ္ကို ေျမတြင္းတူးျမႇဳပ္ႏွံကာ အေပၚမွ တံခါးတိုင္စိုက္ျခင္းကို “လူစေတး”ျခင္းဟု ဆိုလိုသည္။ ျမန္မာ့ မွတ္တမ္းမွတ္ရာ မေတြ႕ရွိရေသာ္လည္း ၁၉၂၅ခုႏွစ္ ၿဗိတိသွ်ကိုလိုနီေခတ္ ေက်ာက္စာ႒ာန(ယခုေရွးေဟာင္းသုေတသန) မွေက်ာက္ စာဝန္(ယခုေရွးေဟာင္းသုေတသနၫႊန္ၾကားေရးမႈး) တာဝန္ ထမ္းေဆာင္ခဲ့တဲ့ ခ်ားစ္ဒူ႐ြိဳင္ဆယ္ (Charles Duroi-selle)က “မႏၲေလးနန္းေတာ္လမ္းၫႊန္”(Guid to Man-dalay Palace, Govt, Printing, 1925 )စာအုပ္မွာ က်ားမ ႀကီးငယ္ ၅၂ေယာက္ကို စေတး ခဲ့တယ္လို႔ စြပ္စြဲေရးသားခဲ့ပါသည္။ ထိုစာအုပ္ကိုပင္ ၁၉၆၃ခုႏွစ္က လမ္းၫႊန္ကိုျဖဳတ္ၿပီး မႏၲေလးနန္းေတာ္(Mandalay Palace)အမည္သစ္ျဖင့္ တကၠသိုလ္ပုံႏွိပ္တိုက္မွ ေတာ္လွန္ေရးအစိုးရ ယဥ္ေက်းမႈ႕ ႒ာနအတြက္ ထပ္မံထုတ္ေဝခဲ့ပါေသးသည္။ ယင္းတြင္လည္း “လူစေတးျခင္း”အေၾကာင္ဆက္လက္ပါရွိၿမဲ ျဖစ္သည္။ (စာမ်က္ႏွာ-၁၅မွ၁၇ထိ) အဂၤလိပ္ဘာသာျဖင့္ ထုတ္ေဝခဲ့ျခင္းျဖစ္သျဖင့္ ျမန္မာျပည္သို႔ လာေရာက္လည္ပတ္ၾကေသာ ႏိုင္ငံျခားသားတိုင္း ဝယ္ယူဖတ္ရႈ႕ၾကၿမဲျဖစ္ရာ ယင္းစြပ္စြဲခ်က္မွာ မွတ္တမ္းမွတ္ရာမရွိ အရပ္ေျပာစကားကိုအေျခခံမွတ္သားျခင္းေၾကာင့္ ဟုတ္မဟုတ္မွန္မမွန္ ဧကန္သိႏိုင္ရန္ ၿမိဳ႕တံခါးတိုင္ေအာက္ႏွင့္ ၿမိဳ႕႐ိုးေထာင့္မ်ားတြင္တူးေဖာ္ၾကည့္သင့္သည္။ ေအာက္တြင္ ယင္းစာအုပ္ပါစြပ္စြဲခ်က္ကို ဘာသာျပန္ေဖာ္ျပထားပါသည္။

    -လူစေတးျခင္းအေလ့-
    ျမန္မာႏိုင္ငံတြင္ အလြန္တရာ မႏွစ္ၿမိဳ႕ဖြဟ္ျဖစ္ေသာ အေလ့တစ္ခု ရွိပါသည္။ ၿမိဳ႕ေတာ္အသစ္ တည္ေသာအခါ ၿမိဳ႕အဝင္တံခါး တစ္ခုစီ၏အနီးတြင္လည္းေကာင္း ၿမိဳ႕႐ိုးေထာင့္ တစ္ခုစီ၏ အနီးတြင္ လည္းေကာင္း ကြၽန္းတိုင္ႀကီး တစ္တိုင္စိုက္ထူေသာအခါ အမ်ိဳးသားတစ္ဦး သို႔မဟုတ္ အမ်ိဳးသမီးတစ္ဦးကို တိုင္ေအာက္တြင္ ဖိသတ္လိုက္ရပါသည္။ စင္စစ္အားျဖင့္ ၿမိဳ႕ေတာ္ကိုရန္အေပါင္းမွ ကာကြယ္ စိမ့္ေသာငွာ ၿမိဳ႕တည္ခ်ိန္ကပင္ လူကိုသတ္၍ ပူေဇာ္ျခင္း အမႈ႕ျပဳသည္ကား ျမန္မာလူမ်ိဳးတစ္မ်ိဳးသာ ထူးထူးျခာျခားလုပ္သည္ဟု မဆိုသာေခ်။ ေရွးအခါက ဥေရာပပါမက်န္ ယင္းသို႔ျပဳလုပ္ေလ့ရွိသည္ဟု ဆိုရမည္ jဖစ္ပါသည္။ ဤသို႔ျပဳမူျခင္းသည္ ဗုဒၶတရားေတာ္၏အဆုံးအမႏွင့္ အလြန္အမင္း ဆန႔္က်င္သည္ဟု တစ္ဘက္၌ ေျပာဖြယ္ရွိေသာ္လည္း ဗုဒၶသာသနာ မထြန္းကားမီက ေရွးေဟာင္းယုံၾကည္မႈ႕
    အေလ့အထတို႔ႏွင့္အညီ ျဖစ္သည္ဟု အျခားတစ္ဘက္၌ေျပာႏိုင္သည့္အျပင္ မိ႐ိုးဖလာ နတ္ကိုးျခင္းအမႈ႕သည္ ဗုဒၶအဆုံးအမေၾကာင့္ လူတို႔၏ စိတ္ႏူးညံ့ေပ်ာ့ေျပာင္းလာသည္ ဆိုေသာ္ျငား မျပတ္စြဲၿမဲလွ်က္ပင္ ရွိေနေသးေၾကာင္းလည္းေတြ႕ရသည္။ အျခား မြန္ဂိုလြိဳက္ အႏြယ္ဝင္မ်ားနည္းတူ ျမန္မာတို႔ယုံၾကည္သည္မွာ အသတ္ခံရေသာ အေသဆိုး ေသခဲ့ရသူတိုင္းသည္ နတ္စိမ္းျဖစ္၍ ေသသည့္အရပ္ကို စြဲလန္းကာ မျပတ္ရွိေနတတ္သည္။ အဆိုပါနတ္စိမ္းတို႔သည္ သူတို႔စြဲလမ္းရာအရပ္ကို မည္သူမွ် ထိပါးေႏွာင့္ယွက္ျခင္းကို သည္းမခံပဲ ေသေလာက္သည္အထိ အႀကီးအက်ယ္ဖမ္းစားတတ္သည္ဟူ၍ ယူဆသျဖင့္ တံခါးဝႏွင့္ ၿမိဳ႕ေထာင့္တြင္ ျမႇဳပ္ႏွံျခင္းအေလ့ စတင္ခဲ့ဟန္ရွိသည္။ ေနာင္တြင္ ခံၿမိဳ႕သာမက ႀကီးက်ယ္ေသာ အေဆာက္အဦးျပဳတိုင္း ဥပမာနန္း ေတာ္ကဲ့သို႔ အေဆာက္အဦး အေျခခံအုတ္ျမစ္တြင္ လူ တစ္ဦး သို႔မဟုတ္ အမ်ားကိုပင္ ထည့္သြင္းျမႇဳပ္ႏွံခဲ့ၾကပုံရသည္။ ယင္းသို႔ျမႇဳပ္ႏွံရန္ အေကာင္းဆုံးေနရာမွာ ရန္သူကအႏၲရာယ္ျပဳမည္ဆိုလွ်င္ လြယ္ကူမည့္ အဝင္တံခါးေနရာႏွင့္ ၿမိဳ႕႐ိုးေထာင့္ေနရာမ်ားျဖစ္သည္။ ယဇ္ပူေဇာ္ျခင္းသ
    ေဘာ သက္ဝင္ေသာ အဆိုပါလူသတ္မႈ႕မ်ားတြင္ တစ္ခါတရံ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ားကိုပါ စေတးခံရေလ့ရွိသည္။ ထိုသို႔ ပြဲမ်ိဳးကိုစီစဥ္သူမ်ားမွာ အမ်ားအားျဖင့္ အႏၵိယမဏိပူရ ပုဏၰားမ်ားျဖစ္ေသာ နန္းတြင္းအခါေတာ္ေပးပညာရွိက ဤအမႈ႕ကို ေဆာင္႐ြက္ရန္ အေကာင္းဆုံးအခ်ိန္နာရီကို တြက္ခ်က္ေပးရသည္။ မည္သို႔ေသာပုဂၢိဳလ္မ်ိဳးကို စေတးရမည္ဟုလည္း ၫႊန္းရသည္။ ဥပမာ မည္သည့္ေန႔၊ မည္သည့္ အခ်ိန္၊ မည္သည့္အရပ္မွ မည္သည့္အရာကို ကိုင္ေဆာင္၍ ေရွ႕ရႈ႕သြားေနသူ ေယာက်ၤားသို႔မဟုတ္ ကိုယ္ဝန္ေဆာင္မိန္းမကို ဖမ္း၍ စေတးရမည္ စသျဖင့္ ၫႊန္ၾကား ေပးသည့္အတိုင္း လုပ္ေဆာင္ရ သည္။ ၿမိဳ႕သစ္၊ နန္းသစ္တည္တိုင္း ျမန္မာတို႔ထုံးစံ အထက္က ေဖာ္ျပခဲ့သလို မႏၲေလးကို တည္စဥ္အခါကလည္း ၿမိဳ႕သစ္လုံၿခဳံေရးအတြက္ ေရွးထုံးႏွင့္အညီ လိုက္နာက်င့္သုံးမည္ဟု ေမွ်ာ္လင့္ရသည္။ ဗုဒၶ ဘာသာကို အထူးအေလးထားသည့္ မင္း၏လက္ထက္ ဆရာေတာ္ႀကီးမ်ား၊ ဝန္ႀကီးမႈးမတ္ ပညာရွိတို႔က ဗုဒၶ အဆုံးအမ ႏွင့္ အညီ ထိုသို႔မလုပ္ေစရန္ အျပင္းအထန္ ျငင္းဆိုလင့္ကစား ေရွးထုံးမပ်က္လုပ္ေဆာင္ ၾကမည္ ဟု ယူဆရသည္။ အဆိုပါပုဂၢိဳလ္ႀကီးမ်ား မသိလိုက္ဟုဆိုလွ်င္လည္း မွန္လွ်င္ဆိုႏိုင္ပါမည္။ အဘယ့္ေၾကာင့္ဆိုေသာ္ အႏၵိယေရာ တ႐ုတ္ပါ လိုက္နာေနသည့္ဆိုးဝါးေသာ ဤယုံၾကည္မႈ႕ဓေလ့ကို လုပ္ေဆာင္ရန္ နန္းတြင္းအခါေပး ပုေရာဟိတ္ျဖစ္သည့္ မဏိပူရီ ပုဏၰားတို႔ ရွိေနပါသည္။ လက္ဖတင္နင္ဂ်င္နရယ္ ဖိုက္ခ်္သည္ “ယခင္ႏွင့္ယခု ျမန္မာႏိုင္ငံ”အမည္ရွိေသာ စာအုပ္ကို ေရးေသာအခါ ၿမိဳ႕တံခါး တစ္ဆယ့္ ႏွစ္ရပ္တြင္ လူတစ္ဆယ့္ႏွစ္ေယာက္ကို ဖမ္း၍ ႀကိဳးခ်ည္ၿပီး ဖိသတ္ခဲ့သည္ဟု အေသအခ်ာ ေရးသားခဲ့ပါသည္။ သို႔ေသာ္ အရပ္စကား မွတ္သားခ်က္မ်ာအရ မႏၲေလးနန္းတည္စဥ္က ယဇ္ပူေဇာ္ စေတးခံရသည့္ အေရအတြက္မွာ ထိုမွ်မက မ်ားစြာပိုပါသည္။ အစုစု က်ား၊ မ၊ ႀကီးငယ္ ၅၂ေယာက္ရွိ၏။ ၿမိဳ႕တံခါး၁၂ရပ္၌ တံခါးတစ္ေပါက္တြင္ လူ ၃ေယာက္ႏႈန္း ၃၆ ေယာက္၊ ၿမိဳ႕႐ိုးေလးေထာင့္၌ တစ္ေထာင့္လွ်င္
    လူတစ္ေယာက္ႏႈန္း ၄ ေယာက္၊ နန္းေတာ္သစ္ တပ္ေထာင့္ေလးေထာင့္၌ တစ္ေထာင့္ တစ္ေယာက္ႏႈန္း ၄ ေယာက္၊ နန္းေတာ္ အဝင္ေပါက္ ေလးေပါက္၌ တစ္ေပါက္တစ္ေယာက္ႏႈန္း ၄ ေယာက္၊ သီဟာသနပလႅင္ေတာ္ေအာက္၌ ၄ ေယာက္။ ေပါင္း ၅၂ ေယာက္။

    ျမန္မာတို႔ေရးသားေသာ ရာဇဝင္က်မ္းမ်ားမွာ ဤမွ် ေၾကာက္လန႔္ဖြယ္ေကာင္းသည့္ ကိစၥကို ထည့္သြင္းေရးသားၾကျခင္း မျပဳေပ။ လူေတြႏွင့္အတူ ၿမိဳ႕ေထာင့္မ်ားတြင္ ဆီအျပည့္ ျဖည့္ထားသည့္ ဆီအိုးႀကီး မ်ားကိုလည္း သတိႀကီးစြာ ျမႇဳပ္ႏွံခဲ့ၾကပါေသးသည္။ အေၾကာင္းမွာ အေစာင့္နတ္စိမ္းမ်ား အၿမဲမျပတ္ ဆက္လက္ေစာင့္ေရွာက္ႏိုင္ေစရန္ ဆီအိုးႀကီးမ်ား ျမႇဳပ္ႏွံစီရင္ျခင္း ျဖစ္သည္။ ေစာင့္ေရွာက္မႈ႕ေလ်ာ့နည္းျခင္း (သို႔မဟုတ္) ေစာင့္ေရွာက္ျခင္း မျပဳဟု ေသခ်ာလွ်င္ လူသစ္အစားထိုး စေတးရန္လိုအပ္သည္။ ဆီမ်ား မခမ္းေျခာက္သေ႐ြ႕ ေစာင့္ေရွာက္မႈ မျပတ္ဟု ယုံၾကည္လက္ခံထားပါသည္။ (C.Duroiselle: Guide to Mandalay Palace.စာအုပ္ေဟာင္း စာမ်က္ႏွာ၂၅မွ ၂၈ထိ) (စာအုပ္သစ္ Mandalay Palace၌ စာမ်က္ႏွာ ၁၅မွ၁၇ထိ) ေအာက္ေျခမွတ္ခ်က္မွာ ဒီအခ်က္အလက္ေတြဟာ အမ်ားစကားျဖစ္လို႔ ဘယ္ေလာက္အထိ မွန္ကန္ေၾကာင္း ေျပာဖို႔ ခဲယဥ္းသည္ဟု ေရးသားေဖာ္ျပထားပါသည္။

    လူစေတးျခင္း အေလ့သည္ အလြန္ေရွးက်လြန္းေသာ ေခတ္မ်ားကေတာ့ ပ်ံ႕ႏွံ႔ခဲ့ဖူးသည့္ ဓေလ့တစ္ခုဟု ဆိုႏိုင္သည္။ ငါးရာ့ငါးဆယ္ဇာတ္ေတာ္(တကၠာရိယဇာတ္၊နံပါတ္၄၈၁)တြင္ မင္းဆရာျဖစ္သည့္ ပုဏၰားသည္ လင္ငယ္ေနေသာ သူ၏မယားအား ဂလဲ့စားေျခရန္ အေကာက္ႀကံခဲ့၏။ ပုဏၰားသည္ မင္းႀကီးအား ၿမိဳ႕ေျမာက္ဘက္တံခါးေပါက္၌ အေစာင့္(နတ္စိမ္း)မရွိ ျဖစ္ေန၍ အသာမည္း သြားက်ိဳးေနသူ တစ္ေယာက္ကို စေတးရန္ ေန႔ရက္ အခ်ိန္အခါႏွင့္တကြ ေလွ်ာက္တင္ခဲ့သည္။ လင္ငယ္ျဖစ္သူမွာ အသားမည္းကာ သြားမ်ားက်ိဳးေနသည့္နည္းတူ ပုဏၰားကိုယ္တိုင္လည္း အသားမည္းကာ သြားမ်ား က်ိဳးေန သည္ကို သတိမမူမိပဲ လက္စားေခ်လိုေသာ ေဒါသစိတ္ျဖင့္ အလ်င္စလိုေလွ်ာက္တင္ခဲ့၏။ အိမ္ေရာက္ေသာအခါ မိန္းမျဖစ္သူအား သူ၏အႀကံေအာင္ျမ င္အထေျမာက္ေတာ့မည္ျဖစ္၍ ဝမ္းသာအားရျဖင့္ သူ႔လင္ငယ္ကို စေတးခံရေတာ့မည္ျဖစ္ေၾကာင္း ေျပာျပလိုက္ရာ မယားက လင္ငယ္ကို အလွ်င္အျမန္လက္တို႔လိုက္သျဖင့္ ထြက္ေျပးေခ်၏။ သတင္းစကားပ်ံ႕ႏွံ႔သြားရာ ၿမိဳ႕တြင္းရွိ အျခား အသားမည္း သြားက်ိဳး မ်ားလည္း ထြက္ေျပးၾကကုန္သည္။ ေနာက္ဆုံး တံခါး၌ လူစေတးခ်ိန္ သတ္မွတ္ေသာ အခါေရာက္လွ်င္ တစ္စုံတစ္ေယာက္မွ ဖမ္းမိျခင္း မရွိေသာ မင္းခ်င္းမ်ားက အခါေကာင္းကို လက္မလႊတ္ေစပဲ တစ္ဦးတည္းသာ ေတြ႕ရသည့္ အသားမည္းသြားက်ိဳး မင္းဆရာ ပုဏၰားကိုသာ စေတးလိုက္ေၾကာင္း ေဖာ္ျပထားသည္။ လူစေတးျခင္းအေလ့ကို ေပ်ာက္ပ်က္ေစလိုေသာ သေဘာျဖင့္ သေရာ္ေသာ ရည္႐ြယ္ခ်က္ ရွိေသာ္လည္း ေနာက္ပိုင္း ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ ထိုအယူအဆ ရွိေနေသးသည္ဟု ယူဆပါသည္။ ရာဇဝင္ စာအုပ္မ်ား၌ ေဖာ္ျပခ်က္အရ သထုံျပည္ကို အေနာ္ရထာ ေအာင္ႏိုင္ခန္းတြင္ သထုံၿမိဳ႕႐ိုး၌ ဗ်တ္ဝိကို စေတးသတ္ျဖတ္ကာ သူ၏ေသြးတို႔ျဖင့္ ၿမိဳ႕႐ိုးကို ဝိုင္းပတ္ထားေၾကာင္း ေဖာ္ျပခဲ့သည္ကို ေတြ႕ရ၏။ ထို႔ျပင္ ေရွးေဟာင္း ဓမၼသတ္စီရင္ထုံးျဖစ္သည့္ “မႏုက်ယ္ ဓမၼသတ္”၌ ၿမိဳ႕စေတး ခံရမည့္သူထံမွ ေႂကြးျမည္ကိုမေတာင္းရ ေလွ်ာ္ပစ္ေစရန္ စီရင္ထုံး ပါရွိခဲ့သည္။

    အဂၤလိပ္ လက္ထက္၌ ျမန္မာ့နန္းတြင္း အမႈ႕ထမ္းခဲ့ေသာ ဝန္ႀကီးမႈးမတ္မ်ားအား ထိုသို႔ လူစေတးခဲ့ျခင္းမ်ား ရွိခဲ့ပါသလားဟု ေမးျမန္းရာတြင္ ခါးခါးသီးသီးျဖင့္ မဟုတ္ရေၾကာင္းျငင္း ဆိုခဲ့ၾကပါသည္။ သို႔ေသာ္ အထက္ပါ ေက်ာက္စာဝန္ခ်ားစ္ဒူ႐ြိဳင္ဆယ္၏ စာအုပ္ပါအခ်က္မ်ားမွာ မမွန္ကန္ေၾကာင္း သက္ေသျပႏိုင္ရန္ ၿမိဳ႕တံခါးတိုင္မ်ားႏွင့္ ၿမိဳ႕႐ိုးေထာင့္မ်ားအနီးတြင္ တူးေဖာ္ၾကည့္ပါက ပို၍ ခိုင္လုံေသာ အေထာက္ အထား ျပစရာျဖစ္ပါသည္။ လႊတ္ေတာ္ မွတ္တမ္းမ်ားအရ ျပဳစုထားေသာ ၿမိဳ႕တည္ စာတမ္း၌ မႏၲေလးၿမိဳ႕နန္းတည္ခဲ့စဥ္က ေတာရွင္းျခင္း၊ မွတ္တိုင္စိုက္ျခင္း၊ ပႏၷတ္႐ိုက္ျခင္း၊ တြင္းတူးျခင္းမ်ားကို ရွင္ဘုရင္ႏွင့္ ေမြးနံတူ အဂၤါသားမ်ားက ဦးေဆာင္ လုပ္ကိုင္ရသည္။ တစ္ခ်ိန္တည္း၌ပင္ ဗလိနတ္စာ ေကြၽး၏။ အခါေပးပုဏၰား၊ မႏၲာန္တတ္ ပုဏၰားမ်ား၏ ေလာကီအစီအရင္မ်ား ျပဳခဲ့ေသာ္လည္း ေလာကုတၱရာႏွင့္ မကင္းေပ။ ဘြဲ႕တံဆိပ္ ေတာ္ရ ဆရာေတာ္ႀကီး ရွစ္ပါး ဦးေဆာင္ကာ ပရိတ္ ႐ြတ္ဖတ္၏။ နတ္တို႔ေစာင့္ေရွာက္ေစဖို႔ မဟာသမယသုတ္၊ မဂၤလာရွိေစရန္ မဂၤလသုတ္၊ ေဘးကင္းေစရန္ ရတနာ့သုတ္၊ အေႏွာင့္ အယွက္ကင္းေစရန္ ေမတၱာသုတ္၊ ေႁမြေဘးကင္းရန္ ခႏၶသုတ္ႏွင့္ မီးေဘးကင္းရန္ ဝဋၬသုတ္ေတာ္တို႔ ျဖစ္သည္။ (တည္ ၇၁)ပြဲသဘင္လည္း အႀကီး အက်ယ္ခင္းေစသည္။ (တည္ ၉၂) ေျမညႇိေျမျပင္ရေသာ လုပ္သားအေရအတြက္မွာ ၃၀၀၀ျဖစ္၏။ (တည္ ၁၀၁) ယာယီနန္းကိုလည္း အျမန္ေဆာက္လုပ္ ေပးခဲ့ရသည္။ ငျဖဴ ႏွင့္ငဆန္းကို ဗိသုကာ ေခါင္းေဆာင္ေစသည္။ (တည္၁၆၇) ေဆာက္လုပ္ဆဲ နန္းေတာ္ရာအား လုံၿခဳံမႈ႕ရွိေစရန္ သစ္တပ္ ဝိုင္းရံေဆာက္လုပ္ ေစသည္။ ၁၈၅၇ခုႏွစ္ ၾသဂုတ္လ၌ ၿမိဳ႕ကြက္႐ိုက္သည္။ ၿမိဳ႕႐ိုး ႏွင့္တံခါးမ်ား၌ အင္းျမႇဳပ္ျခင္း၊ နတ္႐ုပ္မ်ား ထုလုပ္ျခင္း ျပဳ၏။ အင္းမ်ားမွာ ေလာကီအစီအရင္ ဆိုေသာ္ျငား ေလာကုတၱရာ သေဘာမကင္းေၾကာင္းကိုလည္း ထိုအင္းအမည္မ်ားကို ၾကည့္လွ်င္ သိႏိုင္ပါသည္။ သမၺဳေဒၶအင္း၊ အ႒ေဇယ်မဂၤလာအင္း၊ သတၱရတနာအင္း၊ ဥလႅသီရိ အ႒မုက္အင္း၊ သီရိေဇယ် မဏိလ သက္ေတာ္ရွည္အင္း၊ စမၸာနဝေနာအင္း၊ သာသနာ၅၀၀၀အင္း၊သိရသၼႎ ေမဂါထာအင္း စသည္တို႔ျဖစ္သည္။ (တည္ ၁၃၉) အင္းေတြကို ၿမိဳ႕ေထာင့္မ်ားတြင္ ၁၉၅၈ခုႏွစ္ ဧၿပီလ ၂၀ရက္ေန႔တြင္ ျမႇဳပ္ႏွံခဲ့ၿပီး။ ၿမိဳ႕ေထာင့္မ်ား၌ ၁၈၅၉ခုႏွစ္ ေမလ ၁၅ရက္ေန႔တြင္ အခ်ိန္တစ္ရာ့ ႏွစ္ဆယ္ဝင္ ဆီအိုးႀကီးမ်ားကို ဆီအျပည့္ျဖည့္ကာ ျမႇပ္ႏွံခဲ့ေၾကာင္း(တည္ ၁၇၉) ေဖာ္ျပထားပါသည္။
    စာကိုး။ ေဒါက္တာသန္းထြန္း “နယ္လွည့္ရာဇဝင္”(ဒုတိယတြဲ)မွေကာက္ႏႈတ္ေဖာ္ျပပါသည္။

    Credit – ကိုဖိုးေက်ာ္
    via – ကေညာမူဖိုး

    (Unicode)
    မြို့ရိုး၊ မြို့တံခါး၌ လူစတေးခြင်း အလေ့

    မြို့ရိုး၊ မြို့တံခါးများတွင် ဖုတ်ပြိတ္တာ အစိမ်းသေအဖြစ်အစောင့်အနေ ချထားရာတွင် လူအရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ်နှံကာ အပေါ်မှ တံခါးတိုင်စိုက်ခြင်းကို “လူစတေး”ခြင်းဟု ဆိုလိုသည်။ မြန်မာ့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရသော်လည်း ၁၉၂၅ခုနှစ် ဗြိတိသျှကိုလိုနီခေတ် ကျောက်စာဋ္ဌာန(ယခုရှေးဟောင်းသုတေသန) မှကျောက် စာဝန်(ယခုရှေးဟောင်းသုတေသနညွှန်ကြားရေးမှုး) တာဝန် ထမ်းဆောင်ခဲ့တဲ့ ချားစ်ဒူရွိုင်ဆယ် (Charles Duroi-selle)က “မန္တလေးနန်းတော်လမ်းညွှန်”(Guid to Man-dalay Palace, Govt, Printing, 1925 )စာအုပ်မှာ ကျားမ ကြီးငယ် ၅၂ယောက်ကို စတေး ခဲ့တယ်လို့ စွပ်စွဲရေးသားခဲ့ပါသည်။ ထိုစာအုပ်ကိုပင် ၁၉၆၃ခုနှစ်က လမ်းညွှန်ကိုဖြုတ်ပြီး မန္တလေးနန်းတော်(Mandalay Palace)အမည်သစ်ဖြင့် တက္ကသိုလ်ပုံနှိပ်တိုက်မှ တော်လှန်ရေးအစိုးရ ယဉ်ကျေးမှု့ ဋ္ဌာနအတွက် ထပ်မံထုတ်ဝေခဲ့ပါသေးသည်။ ယင်းတွင်လည်း “လူစတေးခြင်း”အကြောင်ဆက်လက်ပါရှိမြဲ ဖြစ်သည်။ (စာမျက်နှာ-၁၅မှ၁၇ထိ) အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သဖြင့် မြန်မာပြည်သို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားတိုင်း ဝယ်ယူဖတ်ရှု့ကြမြဲဖြစ်ရာ ယင်းစွပ်စွဲချက်မှာ မှတ်တမ်းမှတ်ရာမရှိ အရပ်ပြောစကားကိုအခြေခံမှတ်သားခြင်းကြောင့် ဟုတ်မဟုတ်မှန်မမှန် ဧကန်သိနိုင်ရန် မြို့တံခါးတိုင်အောက်နှင့် မြို့ရိုးထောင့်များတွင်တူးဖော်ကြည့်သင့်သည်။ အောက်တွင် ယင်းစာအုပ်ပါစွပ်စွဲချက်ကို ဘာသာပြန်ဖော်ပြထားပါသည်။

    -လူစတေးခြင်းအလေ့-
    မြန်မာနိုင်ငံတွင် အလွန်တရာ မနှစ်မြို့ဖွဟ်ဖြစ်သော အလေ့တစ်ခု ရှိပါသည်။ မြို့တော်အသစ် တည်သောအခါ မြို့အဝင်တံခါး တစ်ခုစီ၏အနီးတွင်လည်းကောင်း မြို့ရိုးထောင့် တစ်ခုစီ၏ အနီးတွင် လည်းကောင်း ကျွန်းတိုင်ကြီး တစ်တိုင်စိုက်ထူသောအခါ အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦးကို တိုင်အောက်တွင် ဖိသတ်လိုက်ရပါသည်။ စင်စစ်အားဖြင့် မြို့တော်ကိုရန်အပေါင်းမှ ကာကွယ် စိမ့်သောငှာ မြို့တည်ချိန်ကပင် လူကိုသတ်၍ ပူဇော်ခြင်း အမှု့ပြုသည်ကား မြန်မာလူမျိုးတစ်မျိုးသာ ထူးထူးခြာခြားလုပ်သည်ဟု မဆိုသာချေ။ ရှေးအခါက ဥရောပပါမကျန် ယင်းသို့ပြုလုပ်လေ့ရှိသည်ဟု ဆိုရမည် jဖစ်ပါသည်။ ဤသို့ပြုမူခြင်းသည် ဗုဒ္ဓတရားတော်၏အဆုံးအမနှင့် အလွန်အမင်း ဆန့်ကျင်သည်ဟု တစ်ဘက်၌ ပြောဖွယ်ရှိသော်လည်း ဗုဒ္ဓသာသနာ မထွန်းကားမီက ရှေးဟောင်းယုံကြည်မှု့
    အလေ့အထတို့နှင့်အညီ ဖြစ်သည်ဟု အခြားတစ်ဘက်၌ပြောနိုင်သည့်အပြင် မိရိုးဖလာ နတ်ကိုးခြင်းအမှု့သည် ဗုဒ္ဓအဆုံးအမကြောင့် လူတို့၏ စိတ်နူးညံ့ပျော့ပြောင်းလာသည် ဆိုသော်ငြား မပြတ်စွဲမြဲလျှက်ပင် ရှိနေသေးကြောင်းလည်းတွေ့ရသည်။ အခြား မွန်ဂိုလွိုက် အနွယ်ဝင်များနည်းတူ မြန်မာတို့ယုံကြည်သည်မှာ အသတ်ခံရသော အသေဆိုး သေခဲ့ရသူတိုင်းသည် နတ်စိမ်းဖြစ်၍ သေသည့်အရပ်ကို စွဲလန်းကာ မပြတ်ရှိနေတတ်သည်။ အဆိုပါနတ်စိမ်းတို့သည် သူတို့စွဲလမ်းရာအရပ်ကို မည်သူမျှ ထိပါးနှောင့်ယှက်ခြင်းကို သည်းမခံပဲ သေလောက်သည်အထိ အကြီးအကျယ်ဖမ်းစားတတ်သည်ဟူ၍ ယူဆသဖြင့် တံခါးဝနှင့် မြို့ထောင့်တွင် မြှုပ်နှံခြင်းအလေ့ စတင်ခဲ့ဟန်ရှိသည်။ နောင်တွင် ခံမြို့သာမက ကြီးကျယ်သော အဆောက်အဦးပြုတိုင်း ဥပမာနန်း တော်ကဲ့သို့ အဆောက်အဦး အခြေခံအုတ်မြစ်တွင် လူ တစ်ဦး သို့မဟုတ် အများကိုပင် ထည့်သွင်းမြှုပ်နှံခဲ့ကြပုံရသည်။ ယင်းသို့မြှုပ်နှံရန် အကောင်းဆုံးနေရာမှာ ရန်သူကအန္တရာယ်ပြုမည်ဆိုလျှင် လွယ်ကူမည့် အဝင်တံခါးနေရာနှင့် မြို့ရိုးထောင့်နေရာများဖြစ်သည်။ ယဇ်ပူဇော်ခြင်းသ
    ဘော သက်ဝင်သော အဆိုပါလူသတ်မှု့များတွင် တစ်ခါတရံ ကိုယ်ဝန်ဆောင် အမျိုးသမီးများကိုပါ စတေးခံရလေ့ရှိသည်။ ထိုသို့ ပွဲမျိုးကိုစီစဉ်သူများမှာ အများအားဖြင့် အန္ဒိယမဏိပူရ ပုဏ္ဏားများဖြစ်သော နန်းတွင်းအခါတော်ပေးပညာရှိက ဤအမှု့ကို ဆောင်ရွက်ရန် အကောင်းဆုံးအချိန်နာရီကို တွက်ချက်ပေးရသည်။ မည်သို့သောပုဂ္ဂိုလ်မျိုးကို စတေးရမည်ဟုလည်း ညွှန်းရသည်။ ဥပမာ မည်သည့်နေ့၊ မည်သည့် အချိန်၊ မည်သည့်အရပ်မှ မည်သည့်အရာကို ကိုင်ဆောင်၍ ရှေ့ရှု့သွားနေသူ ယောင်္ကျားသို့မဟုတ် ကိုယ်ဝန်ဆောင်မိန်းမကို ဖမ်း၍ စတေးရမည် စသဖြင့် ညွှန်ကြား ပေးသည့်အတိုင်း လုပ်ဆောင်ရ သည်။ မြို့သစ်၊ နန်းသစ်တည်တိုင်း မြန်မာတို့ထုံးစံ အထက်က ဖော်ပြခဲ့သလို မန္တလေးကို တည်စဉ်အခါကလည်း မြို့သစ်လုံခြုံရေးအတွက် ရှေးထုံးနှင့်အညီ လိုက်နာကျင့်သုံးမည်ဟု မျှော်လင့်ရသည်။ ဗုဒ္ဓ ဘာသာကို အထူးအလေးထားသည့် မင်း၏လက်ထက် ဆရာတော်ကြီးများ၊ ဝန်ကြီးမှုးမတ် ပညာရှိတို့က ဗုဒ္ဓ အဆုံးအမ နှင့် အညီ ထိုသို့မလုပ်စေရန် အပြင်းအထန် ငြင်းဆိုလင့်ကစား ရှေးထုံးမပျက်လုပ်ဆောင် ကြမည် ဟု ယူဆရသည်။ အဆိုပါပုဂ္ဂိုလ်ကြီးများ မသိလိုက်ဟုဆိုလျှင်လည်း မှန်လျှင်ဆိုနိုင်ပါမည်။ အဘယ့်ကြောင့်ဆိုသော် အန္ဒိယရော တရုတ်ပါ လိုက်နာနေသည့်ဆိုးဝါးသော ဤယုံကြည်မှု့ဓလေ့ကို လုပ်ဆောင်ရန် နန်းတွင်းအခါပေး ပုရောဟိတ်ဖြစ်သည့် မဏိပူရီ ပုဏ္ဏားတို့ ရှိနေပါသည်။ လက်ဖတင်နင်ဂျင်နရယ် ဖိုက်ချ်သည် “ယခင်နှင့်ယခု မြန်မာနိုင်ငံ”အမည်ရှိသော စာအုပ်ကို ရေးသောအခါ မြို့တံခါး တစ်ဆယ့် နှစ်ရပ်တွင် လူတစ်ဆယ့်နှစ်ယောက်ကို ဖမ်း၍ ကြိုးချည်ပြီး ဖိသတ်ခဲ့သည်ဟု အသေအချာ ရေးသားခဲ့ပါသည်။ သို့သော် အရပ်စကား မှတ်သားချက်မျာအရ မန္တလေးနန်းတည်စဉ်က ယဇ်ပူဇော် စတေးခံရသည့် အရေအတွက်မှာ ထိုမျှမက များစွာပိုပါသည်။ အစုစု ကျား၊ မ၊ ကြီးငယ် ၅၂ယောက်ရှိ၏။ မြို့တံခါး၁၂ရပ်၌ တံခါးတစ်ပေါက်တွင် လူ ၃ယောက်နှုန်း ၃၆ ယောက်၊ မြို့ရိုးလေးထောင့်၌ တစ်ထောင့်လျှင်
    လူတစ်ယောက်နှုန်း ၄ ယောက်၊ နန်းတော်သစ် တပ်ထောင့်လေးထောင့်၌ တစ်ထောင့် တစ်ယောက်နှုန်း ၄ ယောက်၊ နန်းတော် အဝင်ပေါက် လေးပေါက်၌ တစ်ပေါက်တစ်ယောက်နှုန်း ၄ ယောက်၊ သီဟာသနပလ္လင်တော်အောက်၌ ၄ ယောက်။ ပေါင်း ၅၂ ယောက်။

    မြန်မာတို့ရေးသားသော ရာဇဝင်ကျမ်းများမှာ ဤမျှ ကြောက်လန့်ဖွယ်ကောင်းသည့် ကိစ္စကို ထည့်သွင်းရေးသားကြခြင်း မပြုပေ။ လူတွေနှင့်အတူ မြို့ထောင့်များတွင် ဆီအပြည့် ဖြည့်ထားသည့် ဆီအိုးကြီး များကိုလည်း သတိကြီးစွာ မြှုပ်နှံခဲ့ကြပါသေးသည်။ အကြောင်းမှာ အစောင့်နတ်စိမ်းများ အမြဲမပြတ် ဆက်လက်စောင့်ရှောက်နိုင်စေရန် ဆီအိုးကြီးများ မြှုပ်နှံစီရင်ခြင်း ဖြစ်သည်။ စောင့်ရှောက်မှု့လျော့နည်းခြင်း (သို့မဟုတ်) စောင့်ရှောက်ခြင်း မပြုဟု သေချာလျှင် လူသစ်အစားထိုး စတေးရန်လိုအပ်သည်။ ဆီများ မခမ်းခြောက်သရွေ့ စောင့်ရှောက်မှု မပြတ်ဟု ယုံကြည်လက်ခံထားပါသည်။ (C.Duroiselle: Guide to Mandalay Palace.စာအုပ်ဟောင်း စာမျက်နှာ၂၅မှ ၂၈ထိ) (စာအုပ်သစ် Mandalay Palace၌ စာမျက်နှာ ၁၅မှ၁၇ထိ) အောက်ခြေမှတ်ချက်မှာ ဒီအချက်အလက်တွေဟာ အများစကားဖြစ်လို့ ဘယ်လောက်အထိ မှန်ကန်ကြောင်း ပြောဖို့ ခဲယဉ်းသည်ဟု ရေးသားဖော်ပြထားပါသည်။

    လူစတေးခြင်း အလေ့သည် အလွန်ရှေးကျလွန်းသော ခေတ်များကတော့ ပျံ့နှံ့ခဲ့ဖူးသည့် ဓလေ့တစ်ခုဟု ဆိုနိုင်သည်။ ငါးရာ့ငါးဆယ်ဇာတ်တော်(တက္ကာရိယဇာတ်၊နံပါတ်၄၈၁)တွင် မင်းဆရာဖြစ်သည့် ပုဏ္ဏားသည် လင်ငယ်နေသော သူ၏မယားအား ဂလဲ့စားခြေရန် အကောက်ကြံခဲ့၏။ ပုဏ္ဏားသည် မင်းကြီးအား မြို့မြောက်ဘက်တံခါးပေါက်၌ အစောင့်(နတ်စိမ်း)မရှိ ဖြစ်နေ၍ အသာမည်း သွားကျိုးနေသူ တစ်ယောက်ကို စတေးရန် နေ့ရက် အချိန်အခါနှင့်တကွ လျှောက်တင်ခဲ့သည်။ လင်ငယ်ဖြစ်သူမှာ အသားမည်းကာ သွားများကျိုးနေသည့်နည်းတူ ပုဏ္ဏားကိုယ်တိုင်လည်း အသားမည်းကာ သွားများ ကျိုးနေ သည်ကို သတိမမူမိပဲ လက်စားချေလိုသော ဒေါသစိတ်ဖြင့် အလျင်စလိုလျှောက်တင်ခဲ့၏။ အိမ်ရောက်သောအခါ မိန်းမဖြစ်သူအား သူ၏အကြံအောင်မြ င်အထမြောက်တော့မည်ဖြစ်၍ ဝမ်းသာအားရဖြင့် သူ့လင်ငယ်ကို စတေးခံရတော့မည်ဖြစ်ကြောင်း ပြောပြလိုက်ရာ မယားက လင်ငယ်ကို အလျှင်အမြန်လက်တို့လိုက်သဖြင့် ထွက်ပြေးချေ၏။ သတင်းစကားပျံ့နှံ့သွားရာ မြို့တွင်းရှိ အခြား အသားမည်း သွားကျိုး များလည်း ထွက်ပြေးကြကုန်သည်။ နောက်ဆုံး တံခါး၌ လူစတေးချိန် သတ်မှတ်သော အခါရောက်လျှင် တစ်စုံတစ်ယောက်မှ ဖမ်းမိခြင်း မရှိသော မင်းချင်းများက အခါကောင်းကို လက်မလွှတ်စေပဲ တစ်ဦးတည်းသာ တွေ့ရသည့် အသားမည်းသွားကျိုး မင်းဆရာ ပုဏ္ဏားကိုသာ စတေးလိုက်ကြောင်း ဖော်ပြထားသည်။ လူစတေးခြင်းအလေ့ကို ပျောက်ပျက်စေလိုသော သဘောဖြင့် သရော်သော ရည်ရွယ်ချက် ရှိသော်လည်း နောက်ပိုင်း နှစ်ပေါင်းများစွာ ကြာအောင် ထိုအယူအဆ ရှိနေသေးသည်ဟု ယူဆပါသည်။ ရာဇဝင် စာအုပ်များ၌ ဖော်ပြချက်အရ သထုံပြည်ကို အနော်ရထာ အောင်နိုင်ခန်းတွင် သထုံမြို့ရိုး၌ ဗျတ်ဝိကို စတေးသတ်ဖြတ်ကာ သူ၏သွေးတို့ဖြင့် မြို့ရိုးကို ဝိုင်းပတ်ထားကြောင်း ဖော်ပြခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် ရှေးဟောင်း ဓမ္မသတ်စီရင်ထုံးဖြစ်သည့် “မနုကျယ် ဓမ္မသတ်”၌ မြို့စတေး ခံရမည့်သူထံမှ ကြွေးမြည်ကိုမတောင်းရ လျှော်ပစ်စေရန် စီရင်ထုံး ပါရှိခဲ့သည်။

    အင်္ဂလိပ် လက်ထက်၌ မြန်မာ့နန်းတွင်း အမှု့ထမ်းခဲ့သော ဝန်ကြီးမှုးမတ်များအား ထိုသို့ လူစတေးခဲ့ခြင်းများ ရှိခဲ့ပါသလားဟု မေးမြန်းရာတွင် ခါးခါးသီးသီးဖြင့် မဟုတ်ရကြောင်းငြင်း ဆိုခဲ့ကြပါသည်။ သို့သော် အထက်ပါ ကျောက်စာဝန်ချားစ်ဒူရွိုင်ဆယ်၏ စာအုပ်ပါအချက်များမှာ မမှန်ကန်ကြောင်း သက်သေပြနိုင်ရန် မြို့တံခါးတိုင်များနှင့် မြို့ရိုးထောင့်များအနီးတွင် တူးဖော်ကြည့်ပါက ပို၍ ခိုင်လုံသော အထောက် အထား ပြစရာဖြစ်ပါသည်။ လွှတ်တော် မှတ်တမ်းများအရ ပြုစုထားသော မြို့တည် စာတမ်း၌ မန္တလေးမြို့နန်းတည်ခဲ့စဉ်က တောရှင်းခြင်း၊ မှတ်တိုင်စိုက်ခြင်း၊ ပန္နတ်ရိုက်ခြင်း၊ တွင်းတူးခြင်းများကို ရှင်ဘုရင်နှင့် မွေးနံတူ အင်္ဂါသားများက ဦးဆောင် လုပ်ကိုင်ရသည်။ တစ်ချိန်တည်း၌ပင် ဗလိနတ်စာ ကျွေး၏။ အခါပေးပုဏ္ဏား၊ မန္တာန်တတ် ပုဏ္ဏားများ၏ လောကီအစီအရင်များ ပြုခဲ့သော်လည်း လောကုတ္တရာနှင့် မကင်းပေ။ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ရှစ်ပါး ဦးဆောင်ကာ ပရိတ် ရွတ်ဖတ်၏။ နတ်တို့စောင့်ရှောက်စေဖို့ မဟာသမယသုတ်၊ မင်္ဂလာရှိစေရန် မင်္ဂလသုတ်၊ ဘေးကင်းစေရန် ရတနာ့သုတ်၊ အနှောင့် အယှက်ကင်းစေရန် မေတ္တာသုတ်၊ မြွေဘေးကင်းရန် ခန္ဓသုတ်နှင့် မီးဘေးကင်းရန် ဝဋ္ဋသုတ်တော်တို့ ဖြစ်သည်။ (တည် ၇၁)ပွဲသဘင်လည်း အကြီး အကျယ်ခင်းစေသည်။ (တည် ၉၂) မြေညှိမြေပြင်ရသော လုပ်သားအရေအတွက်မှာ ၃၀၀၀ဖြစ်၏။ (တည် ၁၀၁) ယာယီနန်းကိုလည်း အမြန်ဆောက်လုပ် ပေးခဲ့ရသည်။ ငဖြူ နှင့်ငဆန်းကို ဗိသုကာ ခေါင်းဆောင်စေသည်။ (တည်၁၆၇) ဆောက်လုပ်ဆဲ နန်းတော်ရာအား လုံခြုံမှု့ရှိစေရန် သစ်တပ် ဝိုင်းရံဆောက်လုပ် စေသည်။ ၁၈၅၇ခုနှစ် သြဂုတ်လ၌ မြို့ကွက်ရိုက်သည်။ မြို့ရိုး နှင့်တံခါးများ၌ အင်းမြှုပ်ခြင်း၊ နတ်ရုပ်များ ထုလုပ်ခြင်း ပြု၏။ အင်းများမှာ လောကီအစီအရင် ဆိုသော်ငြား လောကုတ္တရာ သဘောမကင်းကြောင်းကိုလည်း ထိုအင်းအမည်များကို ကြည့်လျှင် သိနိုင်ပါသည်။ သမ္ဗုဒ္ဓေအင်း၊ အဋ္ဌဇေယျမင်္ဂလာအင်း၊ သတ္တရတနာအင်း၊ ဥလ္လသီရိ အဋ္ဌမုက်အင်း၊ သီရိဇေယျ မဏိလ သက်တော်ရှည်အင်း၊ စမ္ပာနဝနောအင်း၊ သာသနာ၅၀၀၀အင်း၊သိရသ္မိံ မေဂါထာအင်း စသည်တို့ဖြစ်သည်။ (တည် ၁၃၉) အင်းတွေကို မြို့ထောင့်များတွင် ၁၉၅၈ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် မြှုပ်နှံခဲ့ပြီး။ မြို့ထောင့်များ၌ ၁၈၅၉ခုနှစ် မေလ ၁၅ရက်နေ့တွင် အချိန်တစ်ရာ့ နှစ်ဆယ်ဝင် ဆီအိုးကြီးများကို ဆီအပြည့်ဖြည့်ကာ မြှပ်နှံခဲ့ကြောင်း(တည် ၁၇၉) ဖော်ပြထားပါသည်။
    စာကိုး။ ဒေါက်တာသန်းထွန်း “နယ်လှည့်ရာဇဝင်”(ဒုတိယတွဲ)မှကောက်နှုတ်ဖော်ပြပါသည်။

    Credit – ကိုဖိုးကျော်
    via – ကညောမူဖိုး