Category: ဗဟုတုသ
  • သံပုရာသီးကို အရည်ပိုရအောင် ဘယ်လို လှီးကြမလဲ
    သံပုရာသီး၊ ရှောက်သီးနဲ့ သံပုယိုသီးတွေကို အရည်ညှစ်ရလွယ်ကူစေဖို့ အတွက် ဘယ်လို ပုံစံ လှီးရမလဲ ဆိုတာ မျှဝေရပါစေ။ သံပုရာသီးတွေကို အရည်ရွှမ်းရွှမ်း ထွက်စေဖို့ အတွက် လှီးတဲ့အခါ အလယ်ကနေ ထက်ဝက်ခြမ်း ပုံစံမျိုးဟာ မှားယွင်းတဲ့ ပုံစံပါပဲ။ အရည်ညှစ်တဲ့ ခွက်နဲ့ ညှစ်မယ်ဆိုရင်တော့ အရည်ထွက်ပေမယ့် ပုံမှန် အတိုင်း ဆိုရင်တော့ ထင်သလောက် မရတတ်ပါဘူး။
    ပထမဦးစွာ အသုံးပြုမယ့် အသီးကို အသာလေး လှိမ့်ပေးပါ။ ပုံမှာ ပြထားတဲ့ အတိုင်း ၂မျိုး ယှဉ်ပြီး လှီးထားပါ။
    ပထမ တစ်ခုကတော့ ထက်ခြမ်း လှီးထားပြီး ဒုတိယ တစ်ခုကတော့ အသီးကို ပတ်ပတ်လည် လေးပိုင်း ပိုင်းထားတာပါ။
    ဒုတိယ ပုံစံဟာ လက်နဲ့ ညှစ်တဲ့ အခါ ပိုလွယ်စေပြီး အရည်ကုန်အောင် ညှစ်လို့ရတဲ့ ပုံစံပါ။ ခေါက်ဆွဲ၊ မုန့်ဟင်းခါးတို့အထဲကို ထည့်စားဖို့ တည်ခင်းမယ် ဆိုရင်တော့ ဒုတိယပုံစံ အတိုင်းလှီးပေးရပါမယ်။
    အရည်ပိုများတဲ့ ခွက်ဟာ လေးပိုင်း ပိုင်းထားတဲ့ အစိပ်တွေကို ညှစ်ထားတဲ့ ခွက်ပါ။ အရည်နည်းတဲ့ ခွက်ကတော့ ထက်ဝက်ခြမ်းထားတဲ့ ခွက်ပါ။
    Source: popsugar
  • ဦးနှောက်တွင်း သွေးခဲတဲ့အန္တရာယ်
    ** ဦးနှောက်တွင်း သွေးခဲတဲ့အန္တရာယ် **
    ====================
    ====================
    ဦးနှောက်တွင်း အလိုလိုသွေးခဲတဲ့ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရသူတွေရဲ့ ကိုယ်တွေ့ပါ။ သူ့နာမည်ကို ” မေ ” လို့ပဲ ခေါ်ကြပါစို့။
    တစ်ရက်မှာ သူမဟာ မှန်ရှေ့ရပ်ရင်း ပါးတစ်ဖက်မှာ အလုံးတစ်ခု ထွက်နေသလို သူမရဲ့ပါးမှာ ဖောင်းနေသလို ဖြစ်နေတာကို မြင်လိုက်ရပါတယ်။
    မေဟာ ဆရာဝန်ကို ချက်ချင်းပြသပြီး အာထရာဆောင်း ရိုက်ပါတယ်။ ကွက်ဖောင်းထွက်နေတဲ့ နေရာလေးက ဘာကြောင့်ဖြစ်တာလဲ?
    အကျိတ်လည်း မတွေ့၊ ဒဏ်ရာလည်း မရှိ၊ နာလည်း မနာဘဲ သူ့ဟာသူ ဖောင်းကား ထွက်လာတဲ့ မျက်နှာက ဘုလိုနေရာလေးဟာ ဘာကြောင့်များလဲ?
    ဆရာဝန်ပြပြီး နှစ်ရက်အကြာမှာ သူမဟာ ပြင်းထန်စွာ ခေါင်းကိုက်တာကို ခံစားလာရပါတယ်။ မခံမရပ်နိုင်တဲ့ ကိုက်ခြင်းမျိုး ဖြစ်ပါတယ်။ သူမခေါင်းတွေ မူးလာပြီး အန်ချလိုက်ပါတယ်။ ဆေးရုံကို အပြေးသွားလိုက်ပါတယ်။
    ဆေးရုံရောက်တော့ သူမဟာ ဘယ်လိုမှ မခံနိုင်တော့အောင် ခံစားနေရပါပြီ။ အရေးပေါ်ဓာတ်မှန် ရိုက်ကူးပြီး အနာသက်သာဆေးတွေ ထိုးပြီးတဲ့အခါ သူမ ခဏနားနေခဲ့ပါတယ်။ အဖြေ စောင့်ရမယ်လေ။
    သူမရဲ့မျက်နှာက ဖောင်းထွက်နေတဲ့နေရာလေးက ကြွက်သား ကြီးလာတာပါတဲ့။ မျက်နှာတစ်ဖက်က ကြွက်သားတွေက သိမ်သလို ဖြစ်သွားရာကနေ တစ်ဖက်က အလွန်အကျွံ ကြီးလာတာ ဖြစ်ပါတယ်။ သူမဦးနှောက်ထဲမှာ သွေးခဲပိတ်ဆို့သွားတဲ့အတွက် မျက်နှာတစ်ခြမ်းက ကြွက်သားတွေ သိမ်သွားတာ ဖြစ်ပါတယ်၊ ဆန့်ကျင်ဘက်အနေနဲ့ တစ်ဖက်က ကြီးလာ၊ ဖောင်းလာတာပါ။
    ဓာတ်မှန်အဖြေ တိတိကျကျရတဲ့အခါ နောက်ထပ်သွေးခဲ သုံးလေးခုလောက် သူမရဲ့ဦးနှောက်ထဲမှာ တည်ရှိနေတာ တွေ့ခဲ့ကြပါတယ်။
    သူမဟာ သွေးခဲပျော်ဆေး၊ သွေးကျဲဆေးတွေ ထိုးရသောက်ရပြီး ဆေးရုံကနေ ကျန်းကျန်းမာမာ ဆင်းခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ သွေးကျဲဆေးတစ်မျိုးကို ရေရှည် သောက်သုံးနေရမှာပါ။
    သွေးခဲ လုံးဝပိတ်သွားတဲ့အခါ သက်ဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းက ပိတ်ဆို့မှုတွေ၊ အလုပ် မလုပ်တာတွေ ကာကွယ်ဖို့အတွက် အရေးပေါ် သွေးခဲကို ခွဲစိတ်ထုတ်ဖို့ပဲ လိုတတ်ပါတယ်။ ဒီကြားထဲမှာတော့ သူမဟာ သွေးကျဲဆေး သောက်ဆေးတစ်မျိုးနဲ့ပဲ သတိရှိရှိ အသက်ရှင်ရမှာ ဖြစ်ပါတယ်။
    ဒါကြောင့် အကြောင်းရင်းမရှိဘဲ ခေါင်း အပြင်းအထန် ကိုက်မယ်ဆိုရင် ခန္ဓာကိုယ်က၊ မျက်နှာက ကြွက်သားတစ်ခုခု သိမ်သွားတာ၊ ကြီးလာတာတွေ ရှိခဲ့မယ်ဆိုရင် ဦးနှောက်တွင်း သွေးကြောရောဂါတွေကို ဂရုစိုက် စဉ်းစားစစ်ဆေးကြဖို့ ဖြစ်ပါတယ်။
    ==========
    DrMyanmar
  • ဌက်ပျောသီးနှင့်ကျန်းမာရေး
    ၁၂-ရာသီပတ်လုံး ဖောဖောသီသီရရှိနိုင်သောအသီးအမျိုးအစားများထဲတွင် Musa မျိုးရင်းဝင် ဌက်ပျောသီးလဲ တစ်ခုအပါအ၀င်ဖြစ်သည်။
    ဌက်ပျောသီး၏အားသာချက်မှာအခြားသောသစ်သီးများနှင့်ယှဉ်ကြည့်ပါလျှင်ကရိကထမများဘဲ၊အလွယ်တကူအခွံနွှာ၍စားသုံးနိုင်ပြီး၊ ရေခဲ သေတ္တာထဲတွင် အထူးတလည်သိမ်းဆည်းထားစရန်မလိုအပ်ပါ။
    အချို့ နိုင်ငံများတွင် ဌက်ပျောပင်များကို အစားအစာအာဟာရအတွက် သာမ က၊ အထည်အလိပ်အမျှင်ကုန်ကြမ်းရရှိရန်အတွက်ပါ စိုက်ပျိုးလျှက်ရှိကြသည်။
    ရာဇ၀င်သမိုင်းကြောင်းကို လေ့လာကြည့်ရာ၌၊ ဌက်ပျောပင် များသည် ပစိဖိတ်နှင့် အရှေ့ တောင်အာရှနိုင်ငံများတွင်စတင်ပေါက်ရောက်ခဲ့သော်လည်း၊ ၄င်းတို့ သည် အစေ့များလွန်း၍ စားသုံးရန်မသင့် ဌက်ပျောရိုင်းများသာဖြစ်သည်။
    2000 B.C မှသာ မလေးရှားနိုင်ငံတွင် စား၍ရသည့်ဌက်ပျောသီးမျိုးများ စတင်ပေါက်ရောက်ခဲ့ ကြသည်။ 327 B.C ၀န်းကျင်လောက်တွင် Alexander ဆိုသူသညိ အိန္ဒိယမှ ဌက်ပျောသီးများကို အနောက်ဘက်ကမ္ဘာသို့  ကုန်သွယ်ဖောက် ကားခဲ့ပါရာမှစ၍ ဌက်ပျောသီးကို ကမ္ဘာသုံးသီးနှံ အစားအစာအဖြစ် စားသုံးလာခဲ့ကြသည်။
    မြန်မာပြည်တွင် နံ့ သာပု၊ ၀က်မလွတ်၊ ဌက်ပျောချဉ်၊ သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်ဌက်ပျော၊ ဆင်အန်၊ ရွှေဌက်ပျောသီးစသည်ဖြင့်ရှိကြပြီး၊ မည် သည့်ဌက်ပျောသီးမျိုးမဆို ကျန်းမာရေးအာဟာရအတွက် အာနိသင်ရှိပုံချင်းကဖြင့်တူညီကြလေ၏။
    “ဌက်ပျောသီးတစ်နေ့တစ်လုံးစား… ဒေါက်တာတွေနဲ့ ဝေးဝေးသွား…” ဟူသော ဆိုရိုးစကားရှိပါသည်။ ဌက်ပျောသီးနှင့်ပန်းသီးတို့ ကို ကျန်းမာရေးရှုထောင့်မှ နှိုင်းယှဉ်ကြည့်ရာတွင်ဌက်ပျောသီးထဲတွင်ပါရှိသော ကစီဓာတ်က ၂-ဆ၊ ဗိုက်တာမင် A နှင့် သံဓာတ်က ၅-ဆ၊ ဖော့စဖရက် က ၃-ဆ ပိုများသဖြင့် ဌက်ပျော သီးက အားသာချက်ပိုမိုသည်။
    1. တူရကီနိုင်ငံတွင် စမ်းသပ်ချက်များအရ၊ ချောကလက်ကဲ့သို့ ပင် ဌက်ပျောသီးထဲတွင် norepinephrine နှင့် serotonin ပါရှိသည့် အတွက် စိတ်ကိုသက်တောင့်သက်သာ ဖြစ်စေကြောင်း၊ ဗိုက်တာမင် B ဓာတ်ပါရှိသည့်အတွက်ကြောင့်နဗ်ကြောအဖွဲ့ အစည်းများကို ဖြေလျော့ပေးကာစိတ်ကိုငြိမ်စေကြောင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေကြောင်း၊ သဘာဝစိတ်အင်အားကိုမြင့်တင်နိုင်သော သတ္တုဓာတ် (Tryptophan) အစွမ်းကြောင့်စိတ်ကိုသက်သာကောင်းမွန်လာစေပြီး ပျော်ရွှင်လာအောင်လုပ်ပေးကြောင်း၊ Sucros, fructose နှင့် glucose ဟူသော သကြားဓာတ်(၃)မျိုးတို့ ဖြင့် ပေါင်းစပ်ဖွဲ့ စည်းထားသည့် ဌက်ပျောသီးကို မျောက်သတ္တ၀ါများစားလေ့ရှိသော ကြောင့် အမြဲတမ်းပေါ့ပါးတက်ကြွကြောင်း… စသည်ဖြင့် ဆေးပညာ မှတ်တမ်းများတွင် ဖော်ပြထားသည်။
    2. အင်္ဂလန်နိုင်ငံရှိ Twickenham (Middlesex) school တွင် စာသင်နှစ်တစ်နှစ်ပတ်လုံး ကျောင်းသား/ကျောင်းသူ အယောက် ၂၀၀ ကို နံက်နှင့် နေ့ လည်စာအဟာရအဖြစ် ပိုတက်စီယမ်ကြွယ်ဝသော ဌက်ပျောသီးကို ကျွေးမွေးစားသုံးစေခဲ့ရာ၊ အာရုံကြောအဖွဲ့ အစည်း နှင့် သက်ဆိုင်သောဆဲလ်များကို ကောင်းစွာတည်ဆောက်စေ၍ အောက်စီဂျင်ကို ဦးနှောက်သို့ ပို့ ပေးခြင်းကြောင့် ညဏ်ပွင့်လန်းကာ၊မှတ်ညဏ်စွမ်းအားတိုးတက်မြင့်မားလာသဖြင့် အောင်ချက်ရာခိုင်နှုန်းသိသိသာသာကောင်းခဲ့ကြောင်း လေ့လာတွေ့ ရှိရသည်။
    3.ငှက်ပျောသီး နှင့် သစ်တော်သီး တို့ ကိုတွဲစားပေးခြင်းဖြင့် သွေးအတွင်း သကြားပါဝင်နှုန်းကို ပုံမှန်လည်ပတ်စေနိုင်သည်။
    4. ငှက်ပျောသီးဖျော်ရည် ကို နာနတ်သီး၊ နွားနို့ တို့ ဖြင့်တွဲသောက်ပါက ၀မ်းချုပ်ခြင်းကို တားဆီးပေးသည့်ပြင် ဗီတာမင်နှင့် အာဟာရ ဓာတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက်အသားအရေအလှအပကို ကောင်းစွာပံ့ပိုးပေးသည်။
    5. ထမင်းစားပြီးတိုင်း ငှက်ပျောသီးကို အချိုပွဲအဖြစ်စားပေးခြင်းသည် ပျို့အန်ခြင်းကို တားဆီးပေးနိုင်သည်။
    6. ထမင်းစားရင်း ငါးအရိုးစူးသောအခါများတွင် ဌက်ပျောသီးကို မ၀ါးဘဲမျိုချပေးပါက၊ ထိုပျောသီးနှင့်အတူ အရိုးပါသွားစေနိုင်သည်။
    7. ဗီတာမင် B6၊ ဗီတာမင် B12၊ ထို့ ပြင် ပိုတက်စီယမ် နှင့် မဂ္ဂနီစီယမ်တို့ ပါဝင်သဖြင့် ဆေးလိပ်သောက်၍ နီကိုတင်းကြောင့် ခန္ဓာ ကိုယ်တွင်းဇီဝဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ ဌက်ပျောသီးသည် ဆေးလိပ်သောက်ချင်စိတ်ကို ဖြေလျော့စေသည့် အတွက်ကြောင့် ဆေးလိပ်ဖြတ်လိုသူများကို အထောက်အကူပြုစေသည်။
    8. ခြင်ကိုက်၍ ယားယံခြင်း၊ အဖုအပိန့် ထွက်ခြင်း နှင့် ရောင်ရမ်းခြင်းများကို ငှက်ပျောသီးအခွံနှင့် ပွတ်ပေးပါက၊ ယူပစ်သလို သက်သာ ပျောက်ကင်းစေသည်။ ။
    9.အလတ်စားအရွယ်ရှိသော ဌက်ပျောသီးတစ်လုံးထဲတွင် ပိုတက်စီယမ်ဓာတ် အနဲဆုံး ၄၂၀မီလီဂရမ်ပါရှိပြီး၊ ဆားဓာတ်ပါဝင်မှု အလွန် နဲပါးသောကြောင့် ခန္ဓာကိုယ်ထဲရှိဆဲလ်များနှင့် သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေပြီး၊ သွေးဖိအားကိုလဲပုံမှန်ဖြစ်စေသဖြင့် သွေးတိုး နှင့် လေဖြတ်ခြင်းတို့ ကို ကောင်းစွာကာကွယ်ပေးနိုင်ကြောင်း၊ ဌက်ပျောသီး ကိုပုံမှန်စားသုံးခြင်းကြောင့် လေဖြတ်သေဆုံး ခြင်းကို ၄၀% လျော့ပါးစေကြောင်း နယူးအင်္ဂလန်ဆေးပညာဂျာနယ်တွင် အကြံပြုထားသည်။
    10.အစာကိုအလွယ်တကူချေဖျက်စေနိုင်ပြီး၊ခန္ဓာကိုယ်ဖွံ့ ဖြိုးကြီးထွားစေသည့်အတွက် ကလေးငယ်များနှင့် အလွန်လိုက်ဖက်သော သစ်သီးဖြစ်သည်။ ငှက်ပျောသီးနှင့်ဓာတ်မတည့်သော ကလေးသည်လည်း မရှိသလောက် အလွန်ရှားသည်။
    11.ဌက်ပျောသီးကို ပုံမှန်စားပေးခြင်းဖြင့် ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တတ်သည့် ဖျားနာခြင်းများကို မဖြစ်ပေါ်စေနိုင်ပါ။
    12.သံဓာတ်မြင့်မားစွာပါရှိခြင်းကြောင့် သွေးထဲတွင်ဟေမိုဂလိုဘင်ထုတ်လုပ်ခြင်းကိုနှိုးဆော်ပေးသည့်အတွက် ခန္ဓာကိုယ်အတွက် သံဓာတ် လိုအပ်မှုကိုဖြည့်တင်းပေးပြီး၊ သွေးအားနည်းရောဂါဖြစ်ခြင်းကို ကောင်းစွာကုသပေးနိုင်သည်။ ထို့ ပြင် သွေးကိုအလျှင်အမြန် ခဲစေသော အစွမ်းသတ္တိရှိခြင်းကြောင့်မတော်တဆထိခိုက်ဒဏ်ရာပြတ်ရှခြင်းများအတွက် ဌက်ပျောသီးက သွေးထွက်မလွန်အောင် သွေးထိန်းပေးနိုင်သည်။
    13.သွေးထဲရှိသကြားပမာဏကို ထိန်းပေးနိုင်သောကြောင့်၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ ထမင်းစားပြီးတိုင်း ဌက်ပျောသီးကိုပုံမှန်စား ပေးခြင်းဖြင့် ကိုယ်အပူချိန်ကိုပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်အတွက်လိုအပ်သောဂလူးကို့ စ်ပမာဏကို ပြန်လည်ဖြည့်တင်းပေးခြင်း… စသည်ဖြင့် ကောင်းကျိုးများအပြင်၊ နံက်အိပ်ယာထ မူးဝေအော့အန်ခြင်းများကိုလည်း မဖြစ်လာစေနိုင်ပါ။ အအေးစာဖြစ်သည့်အ လျောက်၊ မွေးဖွားလာသောကလေးငယ်များ အပူကင်းစေရန်အတွက် ထိုင်းနိုင်ငံတွင်ရိုးရာကုထုံးအဖြစ် မိခင်လောင်းများကို ဌက်ပျော သီး ကျွေးလေ့ရှိသည်။
    14.ဗီတာမင်နှင့်သတ္တုဓာတ်တို့ ကြွယ်ဝသော ဌက်ပျောသီးကိုစားပေးခြင်းဖြင့် ခွန်အားဗလတိုးပွားစေသည်ကို ယုံမှားသံသယ ဖြစ်ဖွယ်မရှိပါ။ လေ့ကျင့်ခဏ်းပြင်းပြင်းထန်ထန်လုပ်ပြီးနောက် မောပန်းနွမ်းနယ်ခြင်းအတွက်လည်းဌက်ပျောသီးကအမြန်ဆုံးအားပြန်ပြည့်စေ၏။
    15.ဌက်ပျောသီးတွင် ပါရှိသောအမျှင်ဓာတ် က ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးပါသည်။
    16.သံဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် hemoglobin စွမ်းဆောင်မှုကို ကောင်းကျိုးပြုပေးသဖြင့်၊ ဌက်ပျောသီးစာပေးခြင်းဖြင့် ဓမ္မတာ လာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေသည်။ progesterone ဟိုမုန်းကို မြှင့်တင်ပေးနိုင်သော ဌက်ပျောဖူးကို ဒိန်ခဲဖြင့်ကြော် စားခြင်းဖြင့် ရာသီလာစဉ် နာကျဉ်ခြင်းများနှင့် သွေးအဆင်းလွန်ခြင်းကို မဖြစ်ပေါ်စေနိုင်ပါ။
    17.အရက်နာကျခြင်းအတွက် ဌက်ပျောသီး(၂)လုံး ကို ဒိန်ချဉ်၊ ပျားရည်အနဲငယ်တို့ ဖြင့် ရောဖျော်သောက်ပေးခြင်းဖြင့် အစာအိမ်နာခြင်း နှင့် မူးဝေခြင်းတို့ မရှိစေတော့ဘဲ၊ ခန္ဓာကိုယ်အတွက်ဗိုက်တာမင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။
    18.အစာချေဖျက်လွယ်သော pectin ဓာတ်ပါရှိခြင်းကြောင့် အစာအိမ်အတွင်းနံရံ နှင့် အူ များကိုကျန်းမာစေကာ၊ အက်ဆစ်အချဉ်ပေါက် ခြင်းလည်းမဖြစ်စေပါ။ ထို့ ပြင် ဌက်ပျောသီးထဲရှိ ဓာတ်ပေါင်းစုများသည် probiotic ဘက်တီးရီးယားတို့ ကို အာဟာရပြုပေးသည့် အတွက် အစာချေစံနစ်ကို တိုးတက်ကောင်းမွန်စေသည်။
    19.နေအိမ်တွင်နှင်းဆီပန်းပင်စိုက်ပျိုးပါက၊အပင်သန်စွမ်း၍အပွင့်ကြီးကြီးပွင်စေ့နိုင်ရန်အတွက် အပင်၏အောက်ခြေအမြစ်တွင် ဌက်ပျော ခွံမြှပ်နှံကာ၊ မြေသြဇာအဖြစ်ကောင်းစွာ အသုံးချနိုင်သည်။
    20.အပူလောင်ပါက၊ ဌက်ပျောသီးအနှစ်ကို အုံပေးပြီးအပေါ်မှ အ၀တ်ပါးပါးအုပ်ထားခြင်းဖြင့် အပူလောင်ခြင်းနှင့် ရောင်ကိုင်းခြင်းတို့ မှ သက်သာစေသည်။ ဌက်ပျောသီးသည် အအေးစာဖြစ်သည့်အတွက် ကိုယ်တွင်းအပူဓာတ်များသူတွေ စားသုံးပေးသင့်သည်။
    21.ကြွက်တက်ခြင်း နှင့် ကြွက်သားများ တောင့်တင်းခြင်းအတွက် ဌက်ပျောသီးက ပြေလျော့ပေးနိုင်သည်။
    22.၀မ်းကိုက်ရောဂါအတွက်၊ ဌက်ပျောသီးမှည့်မှည့်ကို ဆားအနဲငယ်ဖြင့် သမအောင်ချေ၍ စားသုံးပေးသင့်သည်။
    23.ဌက်ပျောသီးထဲတွင် ပရိုတင်းနှင့်ဆားပါဝင်မှုအလွန်အနဲငယ်သာပါပြီး၊ ကစီဓာတ်အမြောက်အများပါဝင်သောကြောင့် ကျောက်ကပ် ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ ကျောက်ကပ်ကိုကျန်းမာစေပြီး၊ ကင်ဆာ ဖြစ်နိုင်မှုအလာအလာအလွန်နဲပါး၏။
    24.ဌက်ပျောပင်အူတိုင်ကို ကျောက်ဖရုံသီးဖြင့် ဖျော်ရည်လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ နှင့် အမျိုးသားများ သုက်ရည်ဂလင်း တို့ တွင် ကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။
    25.ဌက်ပျောသီးထဲတွင်ပိုတက်စီယမ် နှင့်ဆိုဒီယမ်တို့ ဟန်ချက်ညီညီအချိုးကျနစွာ ပေါင်းစပ်ဖွဲ့ စည်းထားသောကြောင့် နှလုံးကျန်းမာ ရေးကို များစွာအထောက်အကူပြုသည်။
    26.ဌက်ပျောသီးထဲတွင် electrolytes အမြောက်အများပါရှိခြင်းကြောင့်၊ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ဆုံးရှုံးခြင်းကိုကြိုတင် ကာကွယ်ထား နိုင်သည်။
    27.ပိုတက်စီယမ်ပါရှိသည့်အတွက် အရိုးကို အားကောင်းစေသည်။
    28.အမျိုးသမီးများ သည် ဌက်ပျောသီးကို တစ်ပတ်လျှင် ၄-ကြိမ် မှ ၆-ကြိမ်အထိ မှန်မှန်စားပေးပါက၊ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်မှု အလားအလာ ၅၀% ကျဆင်းစေနိုင်ကြောင်း the Internal Journal of Cancer (ခေါ်) ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။
    29.ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုသော သွေးဖြူဥဂလင်း ထုပ်လုပ်ပေးနိုင်သည်။
    30.ဌက်ပျောသီးကိုတစ်လုံးထဲသာစားသုံးရုံဖြင့်အဆာပြေတင်းတမ်ရောင့်ရဲနိုင်သောကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူများ အတွက် ဌက်ပျောသီးက အားထားလောက်ပါပေသည်။
    31.ဌက်ပျောသီးတွင် သကြားဓာတ်ပါရှိသောကြောင့် အချိုအရသာကို အာသာပြင်းပြစားလိုသောအခါများမှာ ဌက်ပျောသီးကိုအစားထိုး စားပေးခြင်းဖြင့် ကျန်းမာရေးအတွက်သင့်တော်သည်။
    32.အီဂျစ်နှင့် ရောမ နိုင်ငံများတွင် ရှေးယခင်ကတည်းက ဌက်ပျောသီးကို ရိုးရာအလှအပကုထုံးများတွင် အသုံးပြုလာခဲ့ကြသည်။ ဌက်ပျောသီးထဲတွင် အမိုင်နိုဆက်ဆစ်ပါရှိခြင်းကြောင့် အသားအရည်နှင့်ဆံကေသာလှပမှုတို့ အတွက်များစွာကောင်းကျိုးပြုသည်။
    33. ဌက်ပျောခွံကို ကြွက်နို့ ပေါ်တင်ပြီး အပေါ်မှ ပလာစတာ (သို့ မဟုတ်) ပတ်တီးဖြင့် စည်းနှောင်ဖုံးပေးပြီး ကြွက်နို့ သတ်ပေးနိုင်သည်။ ဌက်ပျောခွံဖြင့် သွားတိုက်ပေးခြင်းဖြင့် ၀ါသောသွားများကို သိသိသာသာဖြူစင်လာစေသည်။
    မှတ်ချက်။ (က) ဌက်ပျောသီစားခြင်းကြောင့် ၀မ်းမလျှောစေပါ။ (ခ) ဆီးချိုရောဂါသည်များ လျော့စားသင်ပြီး၊ ဌက်ပျောသီးကို grapefruit သီးဖြင့် တွဲဖက်၍စားသင့်သည်။ (ဂ)အချို့ ကလေးငယ်များသည်၊ မွေးရာပါ ဌက်ပျောသီးနှင့် ဓာတ်မတဲ့ရောဂါပါလာတတ်၍ ဖြေဆေးအဖြစ် ကြက်သွန်ဖြူ ကျွေးပေးနိုင်သည်။
    (ငှက်ပျောသီးသည် ဈေးကြီးသောအစားအစာ မဟုတ်ပါ။ ပျိုမေတို့  တကိုယ်ရည်လှပစေရုံသာမက၊ အာရောဂျံပရမံလာဘံ ဖြစ်စေသည့် အတွက် မိမိတို့  လက်တကမ်းမှာရှိသော ဌက်ပျောသီးကို နံက်စာအဟာရ၊ နေ့ လည်နေ့ ခင်းအဆာပြေနှင့် အိပ်မောကျစေရန်အတွက် ညအိပ်ယာ ၀င်ခါနီး ဆေးဝါးဓာတ်စာအဖြစ် အရသာရှိရှိ မှီဝဲသုံးစွဲသင့်ပါကြောင်း။)
    post by နှင်းဆီဖူးလေးများ-Love BUDS
    ==========
  • နှမ်းနက်နှင့် ကျန်းမာရေး
    နှမ်းနက်နှင့် ကျန်းမာရေး
    နှမ်းမည်းစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ နှမ်းမည်းစေ့ကို ဟင်းရွက်သုပ်တဲ့အခါ၊ ကိတ်မုန့်၊ ပေါင်မုန့် ပြုလုပ်ရာမှာနဲ့ လက်ဖက်သုပ်ရာမှာ ထည့်စားလေ့ရှိပါ တယ်။ လူအများစုစားဖို့ မေ့လျော့နေတတ်တဲ့ နှမ်းမည်းစေ့မှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများအပြား ပါဝင်နေပါတယ်။ ဒါကြောင့် နှမ်းမည်းစေ့ရဲ့ အာနိသင်တွေကို သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
    နှမ်းမည်းစေ့ဟာ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှု ဖြစ်နိုင် ခြေကို လျှော့ချပေးနိုင်ပါတယ်။ နှမ်းမည်းစေ့မှာပါတဲ့ အင်တီအောက် ဆီးဒင့်တွေက ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။
    ဒါ့အပြင် ဦး နှောက်ဆီကို လိုအပ်တဲ့ အာဟာရဓာတ် နဲ့ အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါ တယ်။ ဒါက သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း လက်ခံထား ကြပါတယ်။ နှမ်းမည်းစေ့ဟာ သွေးထဲမှာ အဆီ စုပုံမှုနဲ့ မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေ ပါတယ်။
    နှမ်းမည်းစေ့မှာပါဝင်တဲ့ အာဟာရ ဓာတ်တွေရဲ့ လုပ်ငန်းဆောင်တာတစ်ခုက ရောင်ရမ်းမှုကို လျော့ကျစေတာ ဖြစ်တဲ့ အတွက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ နှမ်းမည်းစေ့မှာ နွားနို့ထက် ပရိုတင်း နှစ်ဆ ပိုမိုပါဝင်ပြီး တခြားဟင်းသီးဟင်း ရွက်ထက် ကယ်လ်စီယမ် အဆ ၄၀ ပိုမို ခြောက်ဆ ပိုမို ပါဝင်နေပါတယ်။ နှမ်း မည်းစေ့ကို စားတာကြောင့် အူမကြီးကင် ဆာ၊ အရိုးပါးရောဂါ၊ ခေါင်းတစ်ခြမ်း ကိုက်တာနဲ့ ရာသီအကြိုဝေဒနာတို့မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။
    နှမ်းမည်းစေ့မှာပါဝင်တဲ့ ဘီတာစစ်စ တိုစတီရောမှာ ရောင်ရမ်းမှု လျော့ကျစေ တဲ့ လုပ်ငန်းဆောင်တာတစ်ခုရှိပြီး အဆီ ပြန်တဲ့ အရေပြားတွေကို သက်သာစေ ကာ အနာကျက်အား ကောင်းမွန်စေပါ တယ်။နှမ်းမည်းစေ့မှာ အများအပြား ပါဝင် တဲ့ ဗီတာမင်အီးဟာ အရေပြားရဲ့ ပျိုမျစ် နုနယ်တဲ့အသွင်ကို ထိန်းသိမ်းပေးထား ပြီး အရေပြားအိုမင်းမှုကို ဟန့်တားပေး နိုင်ပါတယ်။ နှမ်းမည်းစေ့မှာ ဗီတာမင် B2 ၊B3 ၊ B5၊ B6၊ B9၊ ပရိုတင်း၊ သံဓာတ်၊ ဇင့် (သွပ်)ဓာတ်၊ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖ ရပ်စ်တို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ် အများအပြား ပါဝင်နေ ပါတယ်။ နှမ်းမည်းစေ့မှာ ပါဝင်တဲ့ ပါရာအမိုင် နိုအက်စစ်ဟာ အိပ်မပျော်တဲ့ဝေဒနာနဲ့ ပင်ပန်းနွမ်းနယ်တာတို့ကို နာမကျန်းမှု အ မျိုးမျိုး ခံစားနေရပါက အမြန်သက်သာ စေပါတယ်။
    နှမ်းမည်းစေ့မှာ ပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ ဦးနှောက်ကို အားဖြည့် ပေးပြီး ဦးနှောက်ရဲ့ ပျက်စီးယိုယွင်းမှု ဖြစ်စဉ်ကို နှေးကွေးသွားစေပါတယ်။ နှ လုံးရောဂါထတာကိုလည်း လျော့ကျစေ ပါတယ်။ နှမ်းမည်းစေ့မှာ ပါဝင်တဲ့ အမိုင်နို အက်စစ်ဟာ ဆံကေသာကို ကျန်းမာလှ ပစေပါတယ်။
    Credit: Kyalsin (GoodHealth)
  • အရေပြားတွန့်ခြင်းအကြောင်းသိကောင်းစရာ
    *** ***
    ====================
    ====================
    ? MWD: ဆရာရှင့်.. ကျွန်မတို့တစ်တွေ အသက်ကြီးလာတဲ့အခါမှာ လူတိုင်း အသားအရေတွေတွန့်လာတာဟာ ဘာကြောင့်ပါလဲ ဆရာ..
    Dr.KML: ပါးရေတွန့်ခြင်းအပါအဝင် အသားအရေတွေ တွန့်လာရခြင်းဟာ ဇရာရဲ့လက္ခဏာတစ်ခုဖြစ်တော့ ဘယ်သူမှ လွန်ဆန်လို့တော့မရပါဘူး.. ဒါပေမယ့် စောစောဖြစ်တာ နောက်ကျမှဖြစ်တာ နည်းနည်းဖြစ်တာ များများဖြစ်တာတွေကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူဘဲ ကွဲပြားခြားနားလေ့ရှိပါတယ်.. အဓိကအကြောင်းအရာအနေနဲ့ (၃) ချက်ရှိပါတယ်..
    (၁) လူ့ခန္ဓာကိုယ် အတွင်းပိုင်းအခြေအနေ ပြောင်းလဲမှုကြောင့် အသားအရေတွန့်ခြင်း (Intrinsic cause of skin wrinkle)
    (၂) ပြင်ပပယောဂကြောင့် အသားအရေတွန့်ခြင်း (Extrinsic cause of skin wrinkle)
    (၃) ဆွဲငင်အားအပါအဝင် အခြားသောအားသက်ရောက်မှုကြောင့် အသားအရေတွန့်ခြင်း (Mechanical cause of skin wrinkle) တို့ ဖြစ်ပါတယ်..
    ? MWD: ကျွန်မတို့ ခန္ဓာကိုယ်အတွင်းပိုင်း ပြောင်းလဲမှုကြောင့်ဖြစ်တဲ့ အသားအရေတွန့်ခြင်းအကြောင်းကိုလည်း အသေးစိတ် သိပါရစေ ဆရာ..
    Dr.KML: Intrinsic cause ဆိုရာမှာ ခန္ဓာကိုယ်မှာ နေ့စဉ်ပြောင်းလဲနေတဲ့ Biological aging proces ကြောင့်မို့ ဖြစ်လာရတဲ့ အရေပြားတွန့်ခြင်း ဖြစ်ပါတယ်.. အဲ့ဒီမှာ ဘာပေါ်မူတည်သလဲဆိုရင်
    လူတွေရဲ့မျိုးဗီဇနဲ့ အသားအရောင်ပေါ် အဓိကမူတည်ပါတယ်.. ဥပမာ အသားဖြူတဲ့ဥရောပတိုက်သားတွေဟာ ကျွန်တော်တို့အရှေ့တိုင်းသားတွေထက်စာရင် အရေပြားတွန့်တာ၊ ပါးရေတွန့်တာ ပိုစောတာ တွေ့ရပါတယ်..
    ဒုတိယအချက်အနေနဲ့ အရေပြားအောက်မှာရှိတဲ့ collagen နဲ့ Elastin tissue တွေဟာလည်း တဖြည်းဖြည်းနည်းလာလို့ ဖြစ်ပါတယ်.. Collagen ဆိုတာကတော့ အရေပြားကိုထောက်ထားတဲ့ Structural protein တွေ ဖြစ်ပါတယ်.. ဥပမာအားဖြင့် အိမ်တစ်အိမ်မှာ ထောက်ထားတဲ့တိုင်တွေလို ဖြစ်ပါတယ်.. ထောက်ထားတဲ့တိုင်တွေမရှိရင် အိမ်ခေါင်မိုးဟာ မရပ်တည်နိုင်ဘဲ ပြိုကျသွားမှာဖြစ်သလို အရေပြားကို အောက်ကနေ ထောက်သဖွယ်ထောင်ထားတဲ့ Collagen fiber တွေလျော့နည်းလာရင် ထောက်မှုအားနည်းသွားတဲ့အတွက် အရေပြားဟာ အောက်ကို ပျော့တွဲကျသွားမှာ ဖြစ်ပါတယ်.. ဒါက အသက်ကြီးရင် Collagen တွေ တည်ဆောက်တာနည်းလာသလို ရှိပြီးသားတွေ ပျက်စီးတာများလာလို့ ဖြစ်ပါတယ်..
    တတိယအနေနဲ့ Elastin tissue တွေ ဖြစ်ပါတယ်.. သူကတော့ သားရေကြိုးလို ရှုံ့နိုင်ဆန့်နိုင်အောင်လုပ်ပေးတဲ့ Tissue တွေ ဖြစ်ပါတယ်.. ဥပမာ အရေပြားကို လက်နဲ့ဆွဲပြီး ပြန်လွှတ်လိုက်ရင် အောက်မှာရှိတဲ့ Elastin tissue တွေကြောင့် သားရေကြိုးကိုဆွဲပြီး လွှတ်လိုက်သလို သူ့နေရာသူ ပြန်ရောက်သွားမှာ ဖြစ်ပါတယ်.. အဲ့ဒီ Tissue တွေဟာလည်း အမြဲအသစ်တည်ဆောက် ဖြည့်တင်းနေရပါတယ်.. အသက်ကြီးလာတဲ့အခါ အဲ့ဒီ Elastin tissue တွေ အသစ်ဖြစ်တည်မှု လျော့နည်းသွားတဲ့အတွက် ငယ်တုန်းကလို အရေပြား တင်းတင်းရင်းရင်းမရှိနိုင်တော့ပါဘူး.. အဲ့ဒီသုံးခုပေါင်းဆုံလိုက်တဲ့အခါ ပါးရေတွန့်ခြင်း၊ အရေပြားတွန့်ခြင်းဆိုတာ ဖြစ်ပေါ်လာရခြင်းပါ..
    ? MWD: စိတ်ဝင်စားစရာကောင်းပါတယ် ဆရာ.. ကျွန်မသတိထားမိတာကတော့ အသက်ကြီးရင် အရေပြားလည်း ပါးလာတာတွေ့ရပါတယ် ဆရာ.. အဲ့ဒါကရော ဘာကြောင့်ပါလဲ..
    Dr.KML: ဟုတ်ကဲ့ပါ.. ကျွန်တော် ဆက်ပြီးရှင်းပြပါ့မယ်.. ကျွန်တော်တို့အရေပြားမှာ အလွှာသုံးခုရှိပါတယ်.. Epidermis, Dermis နဲ့ Subcutaneous tissue အလွှာတွေ ဖြစ်ပါတယ်.. အသက်ကြီးလာတာနဲ့အမျှ အဲ့ဒီအလွှာသုံးခုစလုံးမှာရှိတဲ့ ဆဲလ်အရေအတွက်ဟာ လျော့ကျသွားပါတယ်.. အဓိကကတော့ ဆဲလ်အသစ်တွေထုတ်လုပ်မှု လျော့ကျသွားလို့ ဖြစ်ပါတယ်..
    အထူးသဖြင့် Epidermis လို့ခေါ်တဲ့ အပေါ်ဆုံးအလွှာကိုကြည့်ရင် အောက်ခြေမှာရှိတဲ့ဆဲလ်က ပွားများနှုန်းနှေးလာလို့ အပေါ်မှာရှိတဲ့ dead cell တွေဟာ ကွာကျရမယ့်အချိန်မှာ မကွာနိုင်တဲ့အတွက် အသားအရေတွေတွန့်တာ တွေ့ရပါလိမ့်မယ်.. နောက်ကြာရင် dead cell တွေကွာကျပြီး အောက်ကလည်း ထုတ်လုပ်မှုသိပ်နည်းသွားရင်တော့ အရေပြားပါးလွှာသွားတာ တွေ့ရပါလိမ့်မယ်..
    နောက်အရေပြားပါးသွားတဲ့အကြောင်းက အောက်ဆုံးမှာရှိတဲ့ အဆီပြင် မရှိတော့လို့ ဖြစ်ပါတယ်.. အသက်ကြီးလာတာနဲ့အမျှ Subcutaneous အလွှာလို့ခေါ်တဲ့ အဆီတွေလျော့နည်းသွားပါတယ်.. အဲ့ဒီအခါမှာ အသားအရေတွန့်ခြင်းဟာ ပိုသိသာလာပါတယ်.. ဥပမာ မျက်စိဆိုရင်လည်း မျက်လုံးဘေးမှာ အဆီတွေလျော့သွားလို့ မျက်တွင်းဟောက်ပက် ဖြစ်လာတာမျိုးတွေ့ဖူးမှာပါ..
    ဒီထက် ပိုဆိုးတာက အရေပြားခြောက်သွေ့လာခြင်းပဲ.. ချွေးထွက်တာ နည်းလာတယ်.. ရေဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းကျလာတယ်.. အသက်ကြီးလေ ပိုဆိုးလေ ဖြစ်ပါတယ်.. ဒါကြောင့် အသက်ကြီးတဲ့သူတွေဟာ ရေကို မကြာခဏသောက်ပေးဖို့ လိုအပ်ပါတယ်..
    ? MWD: ပြင်ပပယောဂကြောင့်ဖြစ်တဲ့ အသားအရေတွန့်ခြင်းအကြောင်းလည်း ဆက်ပါဦင်္း ဆရာ..
    Dr.KML: ဒီနေရာမှာ အဓိကအကြောင်းရင်း (၄) ခုရှိပါတယ်.. နေရောင်ခြည်၊ ပြင်းထန်တဲ့ရာသီဥတု၊ လေထုညစ်ညမ်းမှုနဲ့ ဆေးလိပ်သောက်ခြင်းအလေ့အထတို့ ဖြစ်ပါတယ်.. ဒီလေးခုထဲက တစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ ထိတွေ့ရင် ထိတွေ့မှုများလေလေ၊ အရေပြားတွန့်မှု ပိုမြန်လေ ပိုများလေ ဖြစ်ပါတယ်..
    (၁) နေရောင်ခြည်
    နေရောင်ခြည်ဟာ အထူးသဖြင့် UVB တွေဟာ အရေပြားကို ပျက်စီးစေပါတယ်.. တစ်နေ့ကို ၁၅ မိနစ်၊ နာရီဝက်လောက်သာ ကျန်းမာရေးအတွက် ထိတွေ့ဖို့လိုပါတယ်.. ဒီထက်ပိုပြီး ထိတွေ့ခဲ့ရင် အရေပြားတွန့်ခြင်းကို ဖြစ်စေရုံမက တင်းတိတ်၊ မှဲ့ခြောက်မှအစ အရေပြားကင်ဆာအဆုံး ဖြစ်စေနိုင်ပါတယ်.. နေရောင်ခြည်ကြောင့်ဖြစ်တဲ့ Aging process ကို Photoaging လို့ခေါ်ပါတယ်.. အသားရောင်နုတဲ့သူတွေဟာ ရင့်တဲ့သူတွေထက် Photoaging ပိုမြန်မြန် ဖြစ်ပါတယ်.. နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ နာရီပိုများလေလေ ပါးရေ၊အသားရေတွန့်တာ ပိုမြန်လေ၊ ပိုများလေ ဖြစ်ပါတယ်.. ဒါကြောင့်
    နေပူထဲသွားရင် ထီးတို့၊ ဦးထုပ်တို့ ဆောင်းပြီးမှ သွားသင့်ပါတယ်..
    (၂) ပြင်းထန်သောရာသီဥတု
    ရာသီဥတု ပူလွန်းအေးလွန်းခြင်းဟာလည်း အရေပြားကိုပျက်စီးစေပါတယ်.. ရာသီဥတုသိပ်အေးခဲ့ရင် ပတ်ဝန်းကျင်မှာရှိတဲ့ ရေငွေ့ပါဝင်မှု (RH) ကျသွားတဲ့အတွက် အရေပြားကိုခြောက်သွေ့ပြီး ကွဲအက်စေပါတယ်.. အသားတွေပတ်ပြီး ကွဲအက်တဲ့အတွက် ဆီပါတဲ့ Ointment တစ်ခုခုကို လိမ်းဖို့လိုအပ်ပါတယ်.. သိပ်ပူလွန်းရင်လည်း အရေပြားမှာရှိတဲ့ ချွေးဂလင်းတွေဟာ အလုပ်ပိုလုပ်ရလို့ အရည်များများသောက်ဖို့ လိုအပ်ပါတယ်.. မသောက်ခဲ့ရင် ချွေးထွက်များပြီး အရည်ခြောက်သွေ့ခါ ပျက်စီးစေနိုင်ပါတယ်..
    (၃) လေထုညစ်ညမ်းမှု
    ပတ်ဝန်းကျင် လေထုညစ်ညမ်းတာကို အမြဲရှူခဲ့ရင် ပါဝင်တဲ့ဓာတ်ပစ္စည်းတွေကြောင့် Aging process ကို မြန်စေပါတယ်.. အရေပြားတွန့်ခြင်းကို အားပေးရာရောက်ပါတယ်..
    (၄) ဆေးလိပ်သောက်ခြင်း
    ဆေးလိပ်သောက်တဲ့သူမှာ Aging process ဟာ လျင်မြန်ပါတယ်.. အရေပြားမှာ တွန့်ရုံတင်မက အရောင်ပါညစ်ထေးစေပါတယ်.. ဆေးလိပ်သောက်သုံးတဲ့ပမာဏနဲ့ သုံးစွဲခဲ့တဲ့နှစ်တွေပေါ်မူတည်ပြီး အသားအရေတွန့်တာပေါ်မှာ များစွာသက်ရောက်မှုရှိပါတယ်.. များများသောက်လေ၊ ကြာကြာသောက်ခဲ့လေ၊ ပါးရေမြန်မြန်တွန့်လေ ဖြစ်ပါတယ်.. ဆေးလိပ်သောက်ရင် အရေပြားကိုသွားတဲ့သွေးကြောလေးတွေ ကျဉ်းကုန်ပါတယ်.. ဒီတော့ အရေပြားမှာရှိတဲ့ဆဲလ်အသစ်တွေ ကောင်းကောင်းမထုတ်နိုင်တော့ပါဘူး..
    အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေ ကောင်းကောင်းမပို့နိုင်တဲ့အပြင် ဗီတာမင်အေလို ပစ္စည်းတွေ Carotenoid တွေကို မပို့နိုင်တော့ UVBတွေရဲ့ဒဏ်ကိုလည်း မခံနိုင်တော့ပါ.. အဲ့ဒီအခါမှာ Collagen နဲ့ Elastin tissue တွေ ပိုပြီးပျက်စီးလာပါတယ်.. ဆေးလိပ်သောက်ရင် ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းအားလုံးမှာ အရေပြားတွန့်ခြင်း ဖြစ်စေတာမို့ အဆိုးဆုံး ဖြစ်ပါတယ်.. လေ့လာချက်တွေအရ စီးကရက် (သို့မဟုတ်) ဆေးလိပ် တစ်နေ့ ၁၀ လိပ်နှုန်းနဲ့ ၁၀ နှစ်သောက်ခဲ့ရင် အရေပြားတွန့်ခြင်း ဖြစ်ပေါ်စေနိုင်တယ် ဆိုပါတယ်..
    ? MWD: ဆေးလိပ်ဆိုရာမှာ သောက်တဲ့သူပဲ ဖြစ်တာလား.. တစ်အိမ်ထဲအတူနေတဲ့ တခြားသူတွေရော ဖြစ်နိုင်ပါသလား ဆရာ..
    Dr.KML: ဖြစ်နိုင်တာပေါ့.. ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်သောက်တဲ့သူနဲ့ တစ်အိမ်ထဲ တစ်ခန်းထဲ နေတဲ့သူတွေဟာလည်း ဆေးလိပ်သောက်တဲ့သူ ရှူထုတ်လိုက်တဲ့ အဆိပ်ငွေ့တွေကိုရှူနေရတဲ့အတွက် ဆေးလိပ်သောက်သကဲ့သို့ အတူတူ ဖြစ်ပါတယ်.. တကယ်တမ်းပြောရင် သူက ပိုတောင်ဆိုးဆိုးဝါးဝါး ခံစားရနိုင်ပါတယ်.. လေ့လာချက်တစ်ခုမှာ အဆုတ်ကင်ဆာဖြစ်ရတဲ့ အမျိုးသမီးအတော်များများဟာ သူတို့ရဲ့ခင်ပွန်း ဆေးလိပ်သောက်သုံးမှုကြောင့်လို့ သိရပါတယ်.. သူတို့ကိုယ်တိုင် မသောက်ဘဲ ဝေဒနာခံစားရတဲ့အတွက် အပြစ်မဲ့တဲ့သူတွေအတွက်ကို အထူးဆင်ခြင်သင့်ပါတယ်.. အလားတူပါပဲ.. ဘတ်စ်ကားတွေထဲမှာ ဆေးလိပ်သောက်တဲ့အကျင့်တွေ၊ စားသောက်ဆိုင်၊ ဟိုတယ်၊ လေဆိပ်အစရှိတဲ့ အများနဲ့ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးခြင်းကိုလည်း ရှောင်ကျဉ်သင့်ပါတယ်..
    ? MWD: ဆွဲငင်အားအပါအဝင် အခြားအားသက်ရောက်မှုတွေကြောင့် အသားအရေတွန့်ရတဲ့အကြောင်းကိုလည်း ဆက်ပါဦး ဆရာ..
    Dr.KML: အဲ့ဒီမှာလည်း အဓိကအချက် (၃) ချက်ရှိပါတယ်..
    (၁) Repetitive facial expression လို့ခေါ်တဲ့ မျက်နှာကို မကြာခဏ မျက်မှောင်ကျုံ့တာမျိုးလုပ်ရင် အရေပြားတွန့်လွယ်ပါတယ်.. နှဖူးကြောကျုံ့တဲ့ အလေ့အကျင့်ရှိသူဟာ နှဖူးကြောအရေတွေ ပိုတွန့်တတ်ပါတယ်.. ဘာလို့လဲဆိုရင် မျက်နှာမှာရှိတဲ့ကြွက်သားတွေကို အလွန်အမင်း ကျုံ့ပစ်လိုက်တဲ့အတွက် အောက်မှာရှိတဲ့ Collagen fiber တွေ ပြတ်သွားလို့ ဖြစ်ပါတယ်..
    (၂) Sleeping position
    အိပ်တဲ့အခါမှာ ခေါင်းကိုဘယ်လိုထားပြီး အိပ်သလဲဆိုတာ မူတည်ပြီး မျက်နှာအရေးအကြောင်း ဖြစ်ပေါ်လေ့ရှိပါတယ်.. ဥပမာ တစ်ဘက်ထဲကို စောင်းအိပ်တာများရင် လည်ပင်းမှာ အရေးအကြောင်းတွေ ပိုဖြစ်တတ်ပါတယ်.. မှောက်အိပ်ရင် မျက်နှာမှာ အရေးအကြောင်း ပိုဖြစ်တတ်ပါတယ်.. ပက်လက်လှန်အိပ်တာ အကောင်းဆုံး ဖြစ်ပါတယ်..
    (၃) Gravity
    ကမ္ဘာ့မြေဆွဲငင်အားဟာလည်း မျက်နှာအရေးအကြောင်းဖြစ်ဖို့၊ ပါးရေတွန့်ဖို့ အဓိကကျပါတယ်.. ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားဟာ အချိန်နဲ့အမျှ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်နေတာကို ဂရုပြုမိသူ နည်းပါလိမ့်မယ်.. အထူးသဖြင့် မျက်လုံးအောက်၊ လည်ပင်းအောက်၊ နားရွက် စတဲ့နေရာတွေမှာ အရေးအကြောင်းတွေ တွဲကျလာခြင်းဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကြောင့် ဖြစ်ပါတယ်..
    ? MWD: ပါးရေတွန့်ခြင်းကို နှေးကွေးအောင် လုပ်လို့ရပါသလား ဆရာ..
    Dr.KML: ရပါတယ်လို့ ပြောနိုင်ပါတယ်.. လုပ်သင့်တာတွေလုပ်ရင် ပါးရေတွန့်ခြင်းကို နောက်ကိုအများကြီး ရွှေ့ပစ်လို့ရပါတယ်.. ထင်ရှားတဲ့လုပ်ဆောင်မှုတွေအနေနဲ့…
    (၁) နေပူထဲတိုက်ရိုက်မထွက်ပါနဲ့.. အပြင်ထွက်ရင် ထီး၊ ဦးထုပ် တစ်ခုခုဆောင်းသွားပါ..
    နေကာမျက်မှန်တပ်ရင် မျက်စိတစ်ဝိုက် အရေးအကြောင်းသက်သာပါတယ်..
    (၂) ရေ ဒါမှမဟုတ် သဘာဝသစ်သီးဖျော်ရည်တွေ များများသောက်ပေးပါ.. အထူးသဖြင့် ပူအိုက်တဲ့ရာသီမှာ အပြင်ထွက်တဲ့အခါတွေမှာ ပိုသောက်ပေးပါ.. လိမ္မော်သီးဖျော်ရည်၊ ကမ္ဗလာသီးဖျော်ရည်တွေဟာ အင်မတန်အကျိုးရှိပါတယ်..
    (၃) ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်ပါ.. ဆေးလိပ်သောက်နေသူအနားမှာ မနေမိအောင် ရှောင်ကျဉ်ပါ..
    (၄) အရေပြားကို ချောမောလှပစေတဲ့ ဗီတာမင်တွေပါတဲ့ အသီးအနှံတွေကို မကြာခဏ စားပေးပါ.. ဥပမာ သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ရွှေဖရုံသီး
    (၅) ကိုယ်အလေးချိန်ကို ပုံမှန်ရှိနေအောင် ထိန်းသိမ်းပါ.. အလွန်အမင်းပိန်ခြင်း၊ ဝခြင်း မရှိစေရန် ဂရုပြုပါ..
    (၆) မျက်နှာကို မျက်မှောင်ကျုံ့တဲ့အကျင့်မျိုး မပြုလုပ်ပါနဲ့..
    (၇) Facial massage လုပ်ပေးနိုင်ရင် ပိုကောင်းတယ်.. ကျွမ်းကျင်သူနဲ့လုပ်ရင် မျက်နှာမှာ သွေးလှည့်ပတ်မှုကောင်းစေပြီး ကြွက်သားတွေ သန်စွမ်းလာပါမယ်.. အောက်ဆီဂျင်ပိုရပြီး Collagen tissue တွေ အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်..
    (၈) Supplement အနေနဲ့ Antioxidant တွေပါတဲ့ သောက်ဆေးတစ်ခုခု မှီဝဲပါ.. (ဥပမာ..Completec ဆယ်ပင်အားဆေး)
    (၉) Antiwrinkle cream တစ်မျိုးမျိုးကို ညအိပ်ခါနီး လိမ်းအိပ်ပါ..
    (ဥပမာ.. Ladymax Anti-wrinkle Cream)
    (၁၀) သန့်ရှင်းတဲ့လေကို ရှူရပါမယ်.. (ဥပမာ.. မြို့ထဲသွားတဲ့အခါ Mask တပ်ရပါမယ်)
    ? MWD: ကျွန်မရဲ့အသိတစ်ယောက် အသက်က ၅၅ နှစ်လောက်ရှိပါပြီ.. မျက်နှာမှာ ပါးရေတွန့်လို့ဆိုပြီး နိုင်ငံခြားမှာ ဆေးထိုးပြီး ကုသခဲ့ပါတယ်.. အဲ့ဒါနဲ့ပတ်သက်လို့ ဆရာ့အမြင်လေး သိပါရစေ..
    Dr.KML: အဓိကအသုံးများတဲ့ ထိုးဆေး ၂ မျိုးရှိပါတယ်.. ပထမတစ်မျိုးက Botox injection ပါ.. သူကတော့ Botuliom လို့ခေါ်တဲ့ ဘက်တီးရီးယားရဲ့အဆိပ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်.. သူ့ကိုထိုးလိုက်ရင် အောက်မှာရှိတဲ့ muscle လေးတွေ ကျုံ့ခြင်းမပြုလုပ်နိုင်တဲ့အတွက် အရေးအကြောင်းတွေ ပျောက်သွားတာ ဖြစ်ပါတယ်.. ခဏပဲခံပါတယ်.. ဆေးအာနိသင် ပြယ်သွားရင် မူလအတိုင်း ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်..
    ဒုတိယတစ်မျိုးကတော့ Restylane injection ပါ.. သူကတော့ အောက်မှာရှိတဲ့ Fibroblast တွေကို new collagen တွေထုတ်ပေးနိုင်အောင် ပြုလုပ်တဲ့ဆေးဖြစ်လို့ ပိုကောင်းပါတယ်.. Collagen tissue တွေ ပြန်ပြည့်လာလို့ မျက်နှာအရေးအကြောင်းတွေ ပြည့်သွားတာဖြစ်လို့ ဒုတိယထိုးဆေးကိုတော့ ကျွန်တော့်အနေနဲ့ ပိုသဘောကျပါတယ်.. ဒါ့အပြင် Collage tissue တွေကိုဖျက်ဆီးမယ့် Collagenase enzyme တွေကိုပါ ဟန့်တားနိုင်စွမ်းရှိလို့ ပိုကောင်းပါတယ်..
    ? MWD: ခွဲစိတ်ကုသမှုပြုလုပ်ရင်ကော ကောင်းမလား သိပါရစေ ဆရာ..
    Dr.KML: Plastic surgery အနေနဲ့ တွန့်နေတဲ့အရေပြားကို တင်းနေအောင် ခွဲစိတ်ပြုပြင်ပေးလို့ရပါတယ်.. တချို့လဲလုပ်ကြပါတယ်.. လတ်တလောတင်းသွားလို့ ကြည့်ကောင်းတာမှန်ပေမယ့် ငွေကြေးကုန်ကျမှုများတာရယ်.. ခွဲပြီးရင် အနာကျက်အောင်စောင့်ရတာရယ်.. နာကျင်မှုရှိတာရယ်တွေကြောင့် မိမိကိုခွဲစိတ်ပေးမယ့် ခွဲစိတ်ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပြီးမှ ပြုလုပ်သင့်ပါတယ်..
    #MWDHealthTalkProgramme
    ==========
  • မနက်တိုင်း ရိုးရိုးရေ သောက်ခြင်းရဲ့ ကောင်းကျိုးများ
    ရိုးရိုးရေလို့ ဆိုတာက အအေးခံထားတဲ့ ရေမဟုတ်တဲ့ ရေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အိပ်ယာ နိုးနိုးချင်း ရေတစ်ခွက်ကို အရင်ဆုံး သောက်သင့်ကြောင်း သိရှိပြီး ဖြစ်မှာပါ။ အစာအိမ်ထဲ ဘာမှမရှိခင် ရေသောက်ခြင်းဟာ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ရစေနိုင်ပါတယ်။
    ၁။ အရွယ်မတိုင်ခင် အိုမင်းခြင်းကို ကာကွယ်ပေးနိုင်
    အရွယ်မတိုင်ခင် အိုမင်းခြင်းဆိုတာဟာ လူတိုင်း မဖြစ်ချင်တဲ့ အရာပါ။ အချင်းချင်း တွေ့လို့ နှုတ်ဆက်ရင်တောင် နုနေတာပဲ ဆိုတဲ့ စကားဟာ အင်မတန် နားဝင်ချိုစေပါတယ်။ မနက် ရေသောက်ခြင်းဟာ ကိုယ်တွင်းက အဆိပ်တွေကို ကင်းစင်သွားစေဖို့ အကူအညီပေးပါတယ်။ အသားအရေ ကြည်လင်လာစေဖို့ အဓိက အကြောင်းအရာတစ်ခုဟာ ရေသောက်ခြင်းပါ။ ဒါကြောင့် အရွယ်တင်နုပျိုစေဖို့ မနက်ခင်းတိုင်းမှာ ရေတစ်ခွက်သောက်ပေးပါ။
    ၂။ နာကျင်မှုတွေကို သက်သာစေနိုင်
    အကြောတောင့်တင်းခြင်းနဲ့ ကြွက်သားနာကျင်မှုတွေကို သက်သာစေနိုင်တာကတော့ ရေသောက်ခြင်းပါပဲ။ မနက်အိပ်ယာထ ရေသောက်ခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီးတော့ ကြွက်သားတွေ မနာကျင်စေဖို့ ကူညီပေးပါတယ်။
    ၃။ ကိုယ်အလေးချိန် လျှော့ကျစေနိုင်
    ကိုယ်အလေးချိန် ကျစေဖို့ အတွက် အဓိကကတော့ ရေသောက်ခြင်းပါ။ မနက်ခင်း အိပ်ယာထ ရေသောက်တာနဲ့ တစ်နေကုန် ရေများများ သောက်ခြင်းဟာ ကိုယ်တွင်း အဆီတွေကို ချေဖျက်ပေးဖို့ အကောင်းဆုံး လက်နက်ပါပဲ။ မြန်မြန် ထိရောက်စေချင်တယ်ဆိုရင်တော့ မနက်အိပ်ယာထ ရေနဲ့ သံပုရာစိမ်သောက်ပါ။
    ၄။ သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်
    သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေဖို့အတွက် ရေတစ်ခွက်ကို မနက်တိုင်း အိပ်ယာထတာနဲ့ သောက်ပေးပါ။ ကိုယ်တွင်း အဆိပ်တွေကို လျော့ကျစေတဲ့ အပြင် ကလီစာတွေ ကောင်းကောင်း အလုပ်လုပ်ဖို့ နှိုးပေးလိုက်သလို ဖြစ်စေပါတယ်။
    ၅။ ၀မ်းချုပ်မှုကို သက်သာစေနိုင်
    ပုံမှန် မနက်တိုင်း ရေသောက်တဲ့ လူဟာ ၀မ်းကို ပုံမှန် ဖြစ်စေပါတယ်။ အိပ်ယာထ ရေဖန်ခွက်တစ်ခွက် သောက်လိုက်တာနဲ့ ၀မ်းသွားစေပြီး အပူအပုပ်ကင်းစေနိုင်ပါတယ်။
    Ref: lifehack
  • ၀မ်းချုပ်တာကို ဖြစ်စေတဲ့ အစားအစာများ
    ====================
    ====================
    အဲ့ဒီအပြင် မျက်နှာမှာလည်း အသားအရေ မကောင်းတာ၊ ၀က်ခြံထွက်တာတွေဖြစ်စေနိုင်ပါတယ်။
    #၀မ်းချုပ်တယ်ဆိုတာ
    ဘယ်လို အစားအစာတွေက ၀မ်းချုပ်စေသလဲ
    #နို့ထွက်ပစ္စည်းတွေ
    နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ ရေခဲမုန့်တို့ကို အမြောက်အမြား စားသုံးရင် ၀မ်းချုပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။
    ချိစ်စားသုံးတာများတဲ့ အရွယ်ရောက်ပြီးသားသူတွေမှာ ၀မ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။
    ဒါပေမယ့် နို့ထွက်ပစ္စည်းတွေမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတာကြောင့် စားသင့်ပြီး အလွန်အကျွံမစားဖို့နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ တွဲလျက်စားသုံးဖို့ လိုပါတယ်။
    #အနီရောင်ရှိတဲ့ အသားတွေ
    အနီရောင်ရှိတဲ့ အသားတွေဖြစ်တဲ့ အမဲသား၊၀က်သား စတာတွေကို စားသုံးတာများရင်လည်း ၀မ်းချုပ်တတ်ပါတယ်။ သူတို့မှာ အဆီဓာတ်ပါဝင်မှုများပြီး အစာကြေဖို့လည်း ခက်ခဲပါတယ်။ သူတို့မှာပါဝင်တဲ့ ပရိုတင်း အမျှင်ဓာတ်တွေက အစာကြေဖို့ခက်ခဲပြီး ပါဝင်တဲ့ သံဓာတ်တွေကလည်း ၀မ်းချုပ်စေတတ်ပါတယ်။ ဒါကြောင့် အလွန်အကျွံစားသုံးတာမျိုးမလုပ်ဘဲ အသီးအရွက်တွေနဲ့ တွဲပြီး စားသုံးသင့်ပါတယ်။
    #ကြက်ဥ၊ဘဲဥ
    ဘဲဥအကာရည်အဖြူကို ကြွေပန်းကန်ဖြင့် ယူပါ။
    ကြက်ဥ၊ဘဲဥတို့က တခါတလေ သူ့ချည်းပဲ စားတာများသွားရင် ၀မ်းချုပ်တတ်ပါတယ်။ အသားတွေလိုပဲ သူတို့မှာ ပရိုတင်းဓာတ်တွေ ပါဝင်မှုများတာကြောင့်ပါ။ ကြက်ဥ၊ ဘဲဥအစား ပဲတွေကိုလည်းစားသုံးလို့ရပါတယ်။ သူတို့မှာ ပရိုတင်းဓာတ်ပါဝင်မှုများတဲ့အပြင် အမျှင်ဓာတ်တွေလည်းပါဝင်ပါတယ်။ ကြက်ဥ၊ဘဲဥကိုလည်း အရွက်တွေ၊ အသီးတွေနဲ့ တွဲစားလို့ရပါတယ်။
    #ချောကလက်
    ချောကလက်မှာ အဆီဓာတ်တွေပါဝင်မှုများတာကြောင့် အစာခြေစနစ်ကို နှောင့်နှေးစေပြီး ၀မ်းချုပ်နိုင်ပါတယ်။
    My Food Myanmar
  • Salad စားခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူး ၅ မျိုး
    Salad စားခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူး ၅ မျိုး
    ====================
    ====================
    Salad ဆိုတာ အနောက်နိုင်ငံတွေမှာတော့ မြန်မာတွေ တို့စရာ စားသလို နေ့လည်စာ၊ ညစာ တွေတိုင်းမှာ စားကြပါတယ်။ တကယ်တော့ Salad ဆိုတာ အသီးအရွက်တွေကို အစိမ်းစားခြင်း တစ်မျိုးပါပဲ။
    Salad စားခြင်းဟာ ကျန်းမာရေးနဲ့ အတော်ညီညွှတ်တယ်လို့ ဆိုရပါမယ်။ ပိုးသတ်ဆေးတွေကိုတော့ နည်းနည်းသတိပြုရပါမယ်။ ဘာကြောင့်လဲဆိုရင် အစိမ်းစားတာမို့ပါ။ Salad စားခြင်းကြောင့် ရနိုင်မယ့် အကျိုးကျေးဇူးတွေကတော့ အကျဉ်းချုပ်ပြောရရင် ၅မျိုးပါ။
    ကိုယ်အလေးချိန်ကို လျှော့ချနိုင်
    အသီးအရွက်တွေ ဖြစ်တာမို့ ကယ်လိုရီ နည်းပါးစွာ ပါဝင်ပြီး ကိုယ်ခန္ဓာထဲက အဆိပ်တွေကို လျော့ချပေးပါတယ်။
    ရောဂါတွေကို မဖြစ်ပွားနိုင်
    အစိမ်းရောင် အသီးအရွက်တွေနဲ့ သစ်သိးတွေဟာ ပိုးမွှားမျိုးစုံကို ကာကယ်ပေးနိုင်ပြီး ကင်ဆာနဲ့ နှလုံးရောဂါတွေကို မဖြစ်ပွားစေနိုင်ပါဘူး။
    အသားအရည်ကို ကောင်းမွန်စေနိုင်
    အသားအရည်ကို ကြည်လင်စေပြီး နေလောင်ခြင်း၊ အမည်းစက်တွေ ဖြစ်ပွားစေခြင်းတို့ကနေ ကာကွယ်နိုင်ပါတယ်။
    အစာကြေလွယ်
    အသီးအရွက်ဟာ အမျှင်ဓာတ် ပါဝင်မှု များတဲ့ အတွက် အစာကြေလွယ်ပြီး ၀မ်းကို မှန်စေနိုင်ပါတယ်။
    အစာစားချင်စိတ်ကို တားဆီးနိုင်
    Salad တွေဟာ အခြား အဆီတွေများတဲ့ အစားအစာတွေကို စားချင်စိတ် မဖြစ်စေနိုင်ပါဘူး။
    ==========
    MyFood Myanmar
  • ရေတိမ်ကို အသိနောက်မကျစေဖို့ …
    ** ရေတိမ်ကို အသိနောက်မကျစေဖို့ … **
    ====================
    ====================
    ကျွန်မမှာ ရေတိမ်ရောဂါ ရှိတယ်လို့ ပြောတဲ့အချိန်မှာ အရမ်းတော့ အံ့အားမသင့်ပါဘူးလေ။ ကျွန်မရဲ့အမေဘက်က အဘွားမှာလည်း ရေတိမ်ရှိပြီးတော့ ကျွန်မ မှတ်မိသလောက် မျက်စဉ်း အမြဲခပ်နေရတာပါပဲ။ ရေတိမ်က မျိုးရိုးလိုက်တတ်တယ်ဆိုလို့ ကျွန်မမှာလည်း ဒီရောဂါဖြစ်နိုင်ချေ များပါတယ်။ အဘွားကိုကြည့်ပြီး သိခဲ့တဲ့ နောက်တစ်ချက်ကတော့ ရေတိမ်ကို မကုဘဲထားရင် မျက်စိကန်းမယ် ဆိုတာပါ။
    ကျွန်မ မျက်မှန်တပ်ရတာ ကြာပါပြီ။ လွန်ခဲတဲ့ ၉ နှစ်လောက်က ကျွန်မမှာ အမြင်အာရုံပြဿနာတွေ စပြီး ခံစားခဲ့ရပါတယ်။
    ရေတိမ်ဆိုတာကို လေ့လာကြည့်ရသလောက် ဒါက ဘေးဘက်အမြင်တွေကို ထိစေပြီးတော့ ကျွန်မမှာဆိုရင် ဒီရောဂါက မျက်လုံးထဲမှာ ဖိအားတွေ အမြဲများနေလို့ ဖြစ်ရတာပါ။ ကျွန်မကို လအတော်ကြာအောင် စောင့်ကြည့်ပြီးတော့ စမ်းသပ်မှုတွေလုပ်ပြီးမှ ရေတိမ်အတွက် မျက်စဉ်းပေးပါတယ်။ ပထမဆုံးအနေနဲ့ မျက်လုံးကြွက်သားတွေကို အနားပေးပြီးတာ့ မျက်လုံးထဲကအရည်တွေကို စီးဆင်းမှုကောင်းစေကာ မျက်လုံးအတွင်းဖိအားကို လျော့ကျစေတဲ့ Xalatan လို့ခေါ်တဲ့ မျက်စဉ်းကို ခပ်ရပါတယ်။
    ရေတိမ်ရှိတဲ့ တခြားလူအများစုလိုပဲ ကျွန်မမှာလည်း လက္ခဏာတွေ မပြပါဘူး။ ပထမပိုင်းမှာဆိုရင် အမြင်အာရုံ ပြောင်းလဲလာတာမျိုးလည်း မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်က မျက်စဉ်းခပ်ဖို့ အကြိမ် တော်တော်များများ မေ့ပြီးနောက်မှာ အမြင်အာရုံတွေ ယိုယွင်းလာလို့ အသက်ရှူတောင်မှားပြီး လန့်သွားရပါသေးတယ်။ မျက်စိဆရာဝန်နဲ့ အရေးပေါ်ပြတဲ့အချိန်မှာ မျက်လုံးနှစ်ဖက်လုံးမှာ ဖိအားက 40s ရှိပါသတဲ့။ ပုံမှန်ကတော့ 10-20 တဲ့။
    ကျွန်မရဲ့ မျက်လုံးတွင်းဖိအားက အရမ်းမြင့်နေတော့ ဆရာဝန်က ဆေးပြောင်းပေးလိုက်ပါတယ်။ ဒီဆေးတွေ သုံးပြီးနောက်တော့ အခုထိ ပြဿနာမပေါ်သေးပါဘူး။
    ရေတိမ်ရှိတဲ့သူတွေမှာ အမြင်အာရုံ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပေမယ့်လည်း လုံးဝ မျက်လုံးကွယ်သွားတာမျိုးကတော့ ရှားပါတယ်။ အထူးသဖြင့် အသက် ၄၀ ကျော်အရွယ်တွေနဲ့ ဖြစ်နိုင်ချေများတဲ့သူတွေမှာ ရေတိမ်ကို ပုံမှန်စစ်ဆေးမှုခံယူဖို့ လိုပါတယ်။ ပြီးတော့ အကြံပေးချင်တာက စစ်ဆေးပြီးတော့ ရလာတဲ့အဖြေတွေကို သေချာစဉ်းစားပြီးတော့ ကုသပါ။ ဆိုလိုတာက ကိုယ် မသိတာ၊ မရှင်းတာရှိရင် မေးပါ။ ကျေနပ်တဲ့အထိ မေးပါ။ ကိုယ့်ရဲ့ကျန်းမာရေးအကြောင်းကို သေချာနားလည်နေဖို့ အရေးကြီးပါတယ်။ နောက်တစ်ယောက်ရဲ့ ထင်မြင်ချက်တွေကိုလည်း မေးနိုင်ပါတယ်။
    ကျွန်မရဲ့ အမြင်အာရုံဆုံးရှုံးရတဲ့ အစပိုင်း အကြောင်းအရင်းတွေထဲမှာ ရေတိမ်မပါပေမယ့်လည်း ကျန်နေတဲ့ အမြင်အာရုံကို ထိန်းသိမ်းဖို့တော့ အရမ်းကို ဆန္ဒပြင်းပြပါတယ်။ ကျွန်မမှာ ဖြစ်နေတဲ့ မျက်စိပြဿနာတွေအတွက် မျက်လုံးအထူးကု အတော်များများနဲ့ ကုသမှုခံယူနေပါတယ်။ ဒီမျက်စိပြဿနာက ဖြည်းဖြည်းချင်း ဖြစ်နေပြီးတော့ ကိုယ် ကောင်းကောင်း မမြင်ရတော့ဘူးလို့ သိလိုက်တဲ့အချိန်မှာ နောက်ကျနေပါပြီ။ ဒါကြောင့် မဖြစ်ခင်မှာ ဆရာဝန်နဲ့ ပုံမှန်ပြပြီး စစ်ဆေးမှု ခံယူပါ။ ပြီးရင် ဆရာဝန် ညွှန်ကြားချက်ကို အတိအကျ လိုက်နာပါလို့ အကြံပေးချင်ပါတယ်။
    Dr. Mya Myo Myo Swe
    ==========
    DrMyanmar
  • သနပ်ခါးအကြောင်း နည်းနည်းပြောပြမယ်နော်
    (Zawgyi)
    သနပ်ခါးအရွက်-
    သနပ်ခါးသီး-
    သနပ်ခါးပင်စည်-
    သနပ်ခါးအမြစ်…
    O©εãñ
    Ref : Google
    Credit : Yimon Kyaw ( HTA )
    မေတ္တာဖြင့်
    စိုင်း မင်း သန့်
    (Unicode)
    သနပ်ခါးအကြောင်း နည်းနည်းပြောမယ်နော်။မသိသေး သတိမထားမိတဲ့သူတွေအတွက်ပေ့ါ။ သနပ်ခါးရဲ့ သိပ္ပံအမည်က Limonia acidissima (Roxb) ဖြစ်ပါတယ်။ သနပ်ခါးဟာ မြန်မာတိုင်းရင်းဆေးနယ်ပယ်မှာ အလွန်အသုံးဝင်တဲ့ အပင်တစ်မျိုးပါ။
    သနပ်ခါးအရွက်-
    သနပ်ခါးအရွက်ဟာ ဝက်ရူးပြန်ရောဂါကဲ့သို့ တက်တတ်တဲ့ ရောဂါများအတွက် အသုံးဝင်တဲ့ ဆေးတစ်ခုဖြစ်ပါတယ်။
    သနပ်ခါးသီး-
    သနပ်ခါးရဲ့ ဘယ်ရီသီးနဲ့တူတဲ့ အသီးဟာဆိုရင် အဆိပ်ဖြေဆေးအနေနဲ့ သုံးနိုင်ရုံတင်မဟုတ်ပဲ အားဆေးအနေနဲ့ပါသုံးနိုင်ပါတယ်။
    သနပ်ခါးပင်စည်-
    သနပ်ခါးရဲ့အခေါက်ကတော့ ကျွန်မတို့ သနပ်ခါးအဖြစ်လိမ်းတဲ့ သနပ်ခါးတုံးပါပဲ။ သနပ်ခါးတုံးကို သွေးလို့ရလာတဲ့ သနပ်ခါးအနှစ်ဟာဆိုရင် သိပြီးသား ဖြစ်တဲ့အတိုင်း အသားအရေကို အေးမြစေ ချောမွေ့စေပါတယ်။ ဝက်ခြံ တင်းတိတ်များကို ကာကွယ်ပေးပါတယ်။ သနပ်ခါးအခေါက်ဆိုပေမယ့် ကျွန်မတို့အသားကိုပါ သွေးလိမ်းလေ့ရှိပါတယ်။ အသားက အနှစ်လိုဝါဝင်းမနေပေမယ့် ပိုအေးတယ် လို့ မေမေတို့ပြောဖူးတယ်။ သနပ်ခါးရဲ့ အေးမြသင်းပျံ့တဲ့ရနံ့ဟာ လန်းဆန်းစေပါတယ်။
    သနပ်ခါးအမြစ်…
    (ဒါလဲ ကျွန်မတို့သွေးလိမ်းလေ့ရှိပါတယ်) သနပ်ခါးအမြစ်ဟာ ဆေးအဖြစ်အလွန်ပဲ အသုံးဝင်လှပါတယ်။ ဒါကြောင့် မြန်မာ့ရိုးရာဆေးနည်းတွေမှာ အများဆုံးသုံးေးလ့ရှိပါတယ်။
    O©εãñ
    Ref : Google
    Credit : Yimon Kyaw ( HTA )
    မေတ္တာဖြင့်
    စိုင်း မင်း သန့်