Category: ဗဟုတုသ
  • နားကိုက် အမြန်ဆုံးသက်သာစေဖို့ ကြက်သွန်နီ
    နားကိုက်တဲ့ ဝေဒနာဟာ ခံရခက်တဲ့ ဝေဒနာ တစ်မျိုးပါ။ တစ်နေ့တာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တော့မှ နားကိုက်တဲ့ ဝေဒနာ ဖြစ်ပေါ်လာရင် တစ်ညလုံး အိပ်ရေး ပျက်ပြီး ပင်ပန်းနွမ်းနယ်စေပါတယ်။
    ဒါကြောင့် အိမ်မှာ အလွယ်တကူ ရှိတဲ့ ပစ္စည်းနဲ့ နားကိုက်သက်သာ ပျောက်ကင်းအောင် လုပ်ဆောင်လို့ရပါတယ်။
    ကြက်သွန်နီကို တစ်လွှာချင်း ခွာပြီး နောက်ဆုံး အလယ်အူတိုင်ရောက်တဲ့ အထိ ခွာပါ။
    အလယ်အူတိုင်ကို နှစ်ခြမ်းခြမ်းပြီး နားတစ်ဖက်ဆီကို ထည့်ပြီး အိပ်ရာဝင်ပါ။ မနက်မိုးလင်းရင် နားကိုက် သက်သာ ပျောက်ကင်းသွားတာကို တွေ့ရပါလိမ့်မယ်။
    ကြက်သွန်နီမှာက ကိုက်ခဲ ရောင်ကိုင်းတာတွေ သက်သာပျောက်ကင်းစေတဲ့ ဓာတ်ပါဝင်ပါတယ်။ အဲ့ဒီအပြင် ပျားတွေ ကိုက်ခံရရင်လည်း ကိုက်ခံရလို့ ရောင်လာတဲ့ အနာပေါ်ကို ကြက်သွန်နီ တောက်တောက်ဆင်းထားတာတွေ၊ နှစ်ခြမ်း ပိုင်းထားတွေကို ကပ်ပေးပါ။
    ရောင်နေတဲ့ တောက်လျောက်ကို သေချာ ကပ်ပေးပါ။ တစ်နာရီလောက်ကြာရင် ရောင်ကိုင်း ကိုက်ခဲနေတာတွေ လျော့ပါးသွားတာကို အံ့သြဖွယ်တွေ့ရပါလိမ့်မယ်။
  • ရက်ပိုင်းလေးအတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်သော နည်းလမ်းကောင်း
    (Zawgyi)
    အသုံးပြုပုံကတော့
    (Unicode)
    ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့ နည်းလမ်းကောင်း
    တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီးချိန်မှာ မျက်နှာတွင် သိသိသာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။ ငွေကြေး အကုန်အကျ သက်သာပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။
    အသုံးပြုပုံကတော့
    (၁) သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။
    (၂) ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။
    (၃) သကြားလက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။
    (၃) သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။
    ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင်ပါတယ်။ တကယ် အသားဖြူပြီး ထိရောက်တယ် ဆိုမှာသာ သင်၏ မျက်နှာပေါ်သို့ လိမ်းလိုက်ပါ။ ရက်အနည်းငယ် လိမ်းရုံမျှဖြင့် မျက်နှာပေါ်မှာ ရှိတဲ့ ဝက်ခြံအဖုများ အမာရွက်များနှင့် တစ်ခြား အရာများကို သိသာထင်ရှားစွာ ပျောက်ကွယ်သွားပါလိမ့်မယ်နော်။
    Credit – ကျော်လင်းနိုင် (ရိုးရာလေး)
    (Zawgyi)
    Credit – ပေါက်ပေါက်
    (Unicode)
    မီးနေမိခင် အညစ်အကြေးစင်ဖို့ ဂျင်းပြုတ်ရည်
    မြန်မာ့ဓလေ့ မြန်မာ့ဟန်အရ၊ ကလေးမီးဖွားပြီးစ အမျိုးသမီးကို “ မီးနေသည်”လို့ခေါ်လေ့ရှိပါတယ်။ မီးနေမိခင်များအဖို့ မီးတွင်း ကာလမှာ သွေးသား သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ဖို့အလွန်အရေးကြီးပါတယ်။ သွေးသားသန့်စင်နေမှသာ အမျိုးသမီးများ မှာဖြစ်တတ်တဲ့ ရောဂါဘယ ကင်းဝေးစေမှာပါ။
    သို့မဟုတ်ပါက မီးယပ်ကျိုး၊ မီးယပ်နာ ပိန်ချုံး၍ချိနဲ့ခြင်း၊ အသားအရည် မစိုပြေဘဲ ခြောက်သွေ့ခြင်း၊ အသားအရေပူခြင်း၊ မျက်နှာပေါ်တင်းတိပ်စွဲခြင်း၊ မျက်နှာနှင့် လည်ပင်းတွေမှာ အနီကွက် အညိုကွက် များပေါ်လာခြင်း၊စကားပြောလိုက်တိုင်းနှင့် အသက်ရှုထုတ်လိုက်တိုင်း အာခံတွင်းမှ အပုပ်နံ့ထွက်ခြင်းစတဲ့ ဆိုးကျိုးများ ခံစား ရနိုင်ပါတယ်။
    ဒီအတွက် စိတ်မပူပါနှင့်။ ရိုးရှင်းလွယ်ကူပြီး မိခင်ရော ရင်သွေးငယ်လေးပါ ကျန်းမာစေတဲ့ မြန်မာ့ဆေးစွမ်းကောင်း တစ်လက်ရှိ ပါတယ်။ ဆေးဖော်ဖို့အတွက်ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော ချင်း(ဂျင်း)စိမ်း နှင့် သဘာဝထန်းလျက်ခဲစစ်စစ် (အမည်းရောင် ထန်းလျက်ခဲကြီး)တို့သာ လိုအပ်ပါတယ်။
    ဦးစွာ အလေးချိန် ၅-ကျပ်သား ရှိတဲ့ ချင်း(ဂျင်း)ကို အခွံနွှာ၍နုပ်နုပ်စင်းပါ။ ထို့နောက် နုပ်နုပ်စင်းထားသော ဂျင်းများကို ထန်းလျက်ခဲ ၅-ကျပ်သားနှင့်အတူ ရေသင့်ရုံရောကာ ရနံ့မွှေးဆူပွက်ပြီး အတန်ငယ်ပျစ်လာတဲ့အထိ မီးအေးအေးဖြင့်ကျိုပေးရမှာပါ။ ဆေးရည်ကို အအေးခံ၍ ဟင်းစားစတီးဇွန်း ၁-ဇွန်းစီဖြင့် တစ်နေ့ ၃-ကြိမ်သောက်ပါ။
    သဘာဝအတိုင်း မီးဖွားသူများသာမက၊ ဗိုက်ခွဲမွေးဖွားသူတွေရော၊ကိုယ်ဝန်ပျက်ကျသူများပါ အညစ်အကြေးကင်းစင်ဖို့ ထိုဆေး ရည်ကို မီးထွက်သည့်၇-ရက်တိတိ သောက်ပေးခြင်းဖြင့် တသားမွေး တသွေးလှစေတော့မှာ ဖြစ်ပါကြောင်း။
    (ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
    Credit – ပေါက်ပေါက်
  • ဒိန်ချဉ်နေ့တိုင်း စားပေးသင့်သော အကြောင်းတရားများ
    ဒိန်ချဉ်မကြိုက်တဲ့ လူဆိုတာ ရှားသလောက် ဒိန်ချဉ်ရဲ့ အစွမ်းက အံ့မခမ်းပါပဲ။ ထမင်းနဲ့ နယ်စားမလား၊ ရေခဲတုံးလေး ထည့်သောက်မလား ဘယ်လိုပဲ စားစားရင်ထဲကို အေးမြသွားစေပါတယ်။ ဒီ့အပြင် ကျန်းမာရေး အကျိုးကျေးဇူးတွေလည်းပေးသေးတာမို့ ဒိန်ချဉ်ကိုနေ့စဉ် ပုံမှန် မှီဝဲစားသုံးသင့်ပါတယ်။ဒိန်ချဉ်ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့…
    ၁။ဖြေဆေး အနေနဲ့ သုံးလို့ရ
    ပဋိဇီဝဆေး သောက်သုံးသူတွေကတော့ နေ့တိုင်းဒိန်ချဉ်စားပေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပဋိဇီဝဆေးထဲပါဝင်တဲ့ ဓာတ်တွေက ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေကို သေစေတာမှန်ပေမယ့် အခြားသော နူးညံ့တဲ့ ဘက်တီးရီးယားတွေကိုပါ သေစေတာကြောင့် ပဋိဇီဝဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြေပျောက်စေရန် ဖြေဆေးအနေနဲ့ ဒိန်ချဉ်ကိုနေ့တိုင်း စားပေးသင့်ပါတယ်။
    ၂။ ဗီတာမင်ဘီ ထုတ်လုပ်ပေး
    လူ့ရဲ့ ခန္ဓာကိုယ်က ကိုယ်ပိုင် ဗီတာမင်ဓာတ်ထုတ်လုပ်မှု အင်မတန် နည်းပါးလှပါတယ်။ ဗီတာမင်ဘီ နဲ့ ဗီတာမင်ကေ ကသာလျှင် အူမကြီးတွင်း ဇီဝဓာတ်ပြုမှုကြောင့် ထုတ်လုပ်ခြင်းခံခဲ့ရတာပါ။ ဒိန်ချဉ်စားပေးခြင်းဖြင့် ဗီတာမင်ဘီထုတ်လုပ်နှုန်းမြင့်တက်လာပြီး အာရုံကြောနဲ့သက်ဆိုင်တဲ့ ရောဂါတွေမှ ကာကွယ်ပေးပါတယ်။
    ၃။ သွေးချိုနှုန်းကို ထိန်းညှိပေး
    လေ့လာတွေ့ရှိချက်အရ ဒိန်ချဉ်စားသုံးသူတွေရဲ့ သွေးချိုနှုန်းက အခြားသောသူတွေထက် ပိုပြီးပုံမှန်ဖြစ်နေတာကို တွေ့ရပါတယ်။
    ၄။ ရောဂါကာကွယ်ပေး
    ဒိန်ချဉ်ဟာ လက်တစ် အက်စစ်ကြွယ်ဝတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ လက်တစ် အက်စစ်က အူမကြီးအတွင်းပိုင်းနေရာတွေကို အက်စစ်အဖြစ်ပြောင်းပေးပြီး ကင်ဆာဆဲလ်ထုတ်လုပ်မှုကို တားဆီးပေးပါတယ်။ ဒီ့အပြင် လေအောင့်လေနာ၊ ပန်းနာရင်ကျပ် ကိုလည်းပျောက်ကင်းစေတာကြောင့် နေ့တိုင်းစားသုံးရင် ပိုပြီးထိရောက်စေပါတယ်။
    ၅။အစာချေစနစ်ကို ချောချူစေ
    အူမကြီးရဲ့လုပ်ဆောင်နှုန်းကို တိုးမြှင့်ပေးတဲ့ ဘက်တီးရီးယားတစ်မျိုးကို ဒိန်ချဉ်ကလွဲလို့ အခြားအစားအစာတွေမှာ မတွေ့ရပါဘူး။ ဒိန်ချဉ်ထဲပါဝင်တဲ့ လက်တစ် အက်စစ်က အူမကြီးထဲမှာရှိတဲ့ မကောင်းတဲ့ ပိုးတွေကိုတိုက်ဖျက်ပေးတာကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါရောဂါမှ ကာကွယ်ပေးပါတယ်။တစ်နည်းအားဖြင့် ဒိန်ချဉ်ဟာအူမကြီးကို အပြတ်သန့်စင်ပေးတဲ့ အစားအစာတစ်မျိုးပါ။
    ဒိန်ချဉ်ကို ကျန်းမာရေးအရ ပုံမှန်စားသုံးပေးခြင်းဖြင့် ရောဂါဘယကင်းစေတဲ့အပြင် ရင်တွင်းကိုအေးမြစေတာမို့ စားမယ်ဆိုလည်း မမှားပါဘူး။
  • ခရမ်းချဉ်သီးရဲ့ အစွမ်းထက်ပုံ ၉ မျိုး
    Super Food လို့တင်စားခေါ်ဝေါ်ကြတဲ့ အနီရဲရဲခရမ်းချဉ်သီးလေးတွေဟာ နှလုံးရောဂါ၊ ဆီးချို သွေးချိုရောဂါနဲ့ ကင်ဆာရောဂါတွေကိုချေဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုပါ လျော့ကျစေနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ဈေးလည်းချိုသာအလွယ်တကူလည်း ၀ယ်ယူရရှိနိုင်တဲ့ ခရမ်းချဉ်သီးရဲ့ ကျန်းမာရေးအတွက် အကျိုးပြု ပုံလေးတွေကို ဝေငှလိုက်ပါတယ်။
    (1) အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေခြင်း
    ခရမ်းချဉ်သီးမှာ အမြင်အာရုံအတွက် အထူးကောင်းမွန်စေတဲ့ ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင် ပါတယ်။ဗီတာမင် A က မြင်လွှာပျက်စီးခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်ပေးပြီးဗီတာမင် C ကတော့ အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေနိုင်တဲ့အပြင် ညဘက်မှာ အမြင်အာရုံေ၀၀ါးမှုဖြစ်ခြင်းမှလည်း တားဆီးပေးပါ တယ်။
    (2) ကင်ဆာရောဂါကိုချေဖျက်ပေးနိုင်ခြင်း
    ခရမ်းချဉ်သီးမှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ လိုင်ကိုပင်းဓာတ် (Lycopene) မြင့်မားစွာ ပါရှိတာကြောင့် အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီကျိတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ စတဲ့ ကင်ဆာရောဂါအမျိုးမျိုးကိုပျောက် ကင်းစေနိုင်ပါတယ်။ ကင်ဆာရောဂါဖြစ်နှုန်းမှ ပိုမိုလျှော့ချနိုင်ဖို့ ခရမ်းချဉ်သီးနဲ့ချက်တဲ့ ဟင်းလျာတွေမှာ သံလွင်ဆီကိုသုံးပြီးချက်စားသင့်ပါတယ်။
    (3) အသားအရေကြည်လင်စေခြင်း
    ခရမ်းချဉ်သီးကို နေ့စဉ်ပုံမှန်စားပေးပါက အသားအရေကြည်လင်ဝင်းပလာစေမှာဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ဟာ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုတွေ၊ အရေးအကြောင်း ဖြစ်ပေါ်တာတွေ၊ ၀က်ခြံနဲ့ အမည်းစက်တွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။ ခရမ်းချဉ်သီးအနှစ်နဲ့ အရေပြားပေါ်မှာလိမ်းကျံပေးပါက မွဲခြောက်နေတဲ့အသားရေကို ပြန်လည်စိုပြည်လာစေ မှာ ဖြစ်ပါတယ်။
    (4) သွေးတွင်းသကြားဓာတ်ကိုလျှော့ချပေးနိုင်ခြင်း
    အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းမှ လျှော့ချပေးနိုင်ပြီး ခရမ်းချဉ်သီးမှာပါဝင်တဲ့ ခရိုမီယမ်ဓာတ်ကတော့ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ အင်တီအောက်ဆီဒင့်က သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။
    (5) နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ခြင်း
    ခရမ်းချဉ်သီးမှာပါဝင်တဲ့ ဗီတာမင်စီဟာကောင်းမွန်တဲ့ အိပ်စက်ခြင်းကိုပေးစွမ်းနိုင်တာကြောင့် ညဘက် အိပ်မပျော်တဲ့သူတွေနဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ ခရမ်းချဉ်သီးပါဝင်အောင် စားပေးသင့်ပါတယ်။
    (6) အရိုးတွေကိုသန်မာစေနိုင်ခြင်း
    ခရမ်းချဉ်သီးမှာပါဝင်တဲ့ ဗီတာမင် K နဲ့ ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးပွခြင်း၊ အရိုးကျိုးခြင်း၊ ခန္ဓာကိုယ်ရှိ အကြောအဆစ်များတွင် နာကျင်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ကယ်လ်ဆီယမ် ပါဝင်တာကြောင့် အကြောတက်ခြင်းမှ ကင်းဝေးစေပါတယ်။
    (7) နာတာရှည်ရောဂါများကိုသက်သာစေနိုင်ခြင်း
    ခရမ်းချဉ်သီးဖျော်ရည်ကို နေ့စဉ်သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရောင်ရမ်းမှုကိုဖြစ်စေတဲ့ TNF – Alpha ဆိုတဲ့ ဓာတ်တစ်မျိုးကို 34 ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ အရိုးပွရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေအနေနဲ့ ခရမ်းချဉ်သီးကို မဖြစ်မနေစားသုံးဖို့ လိုအပ်ပါတယ်။
    (8) ဆံကေသာသန်စွမ်းစေနိုင်ခြင်း
    ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်နဲ့ သံဓာတ်ဟာ ဆံသားကို သန်စွမ်းစေနိုင်တဲ့အပြင် ဆံကေသာ မွဲခြောက်ခြင်းမှ ကင်းဝေးအောင် ကူညီပေးပါတယ်။ ဦးရေပြားယားယံပြီး ဗောက်များဖြစ်ပေါ်နေပါ က ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးတဲ့အခါ ခရမ်းချဉ်သီးအရည်ကို ဦးခေါင်းအနှံ့ စိုစွတ်အောင် ပြုလုပ်ပြီး ၅ မိနစ်လောက် အကြာမှာတော့ ရေအေး (သို့) ရေနွေးနွေးလေးနဲ့ လျှော်ပေးလိုက်ရုံပါပဲ။ ဒါပေမယ့် မကြာခဏအသုံးပြုတာမျိုးတော့ မလုပ်ရပါဘူး။ အကြောင်းကတော့ ခရမ်းချဉ်သီးမှာ အက်ဆစ်ဓာတ်များတာကြောင့် အမြဲတစေအသုံးပြုမယ်ဆိုရင် ဆံသားခြောက်သွေ့မှုကို ဖြစ်စေနိုင်ပါတယ်။
    (9) ကိုယ်အလေးချိန် လျော့ကျစေနိုင်ခြင်း
    ခရမ်းချဉ်သီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် မလိုအပ်တဲ့ ကယ်လိုရီတွေမပါဘဲနဲ့ ဗိုက်ကိုပြည့်တင်းစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ ခရမ်းချဉ်သီးကိုအစိမ်းဖြစ်စေ (သို့) အသုပ်ထဲမှာ ထည့်စားခြင်းဖြစ်စေ နေ့စဉ်စားပေးသင့်ပါတယ်။
    CMS
    ==========
    DrMyanmar
  • နှလုံးနဲ့ ဆီးချိုကို ကာကွယ်ပေးမယ့်အပြင် သင်မသိသေးတဲ့ ကြက်သွန်နီရဲ့ အကျိုးကျေးဇူးတွေ
    ကြက်သွန်နီကတော့ မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ မရှိမဖြစ်ပါပဲ။
    အစားအစာချက်ပြုတ်ရာမှာ အဓိကအသုံးပြုလေ့ရှိပြီး စားသုံးကြတာမို့ ကြက်သွန်နီရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။
    ကြက်သွန်နီကို ချက်ပြီးစားတာထက် အစိမ်းလိုက်စားပေးတာဟာ ပိုပြီး အကျိုးကျေးဇူးများပါတယ်။
    ကြက်သွန်နီမှာပါတဲ့ အဟာရဓါတ်တွေကို အပြည့်အ၀လည်းရရှိနိုင်ပါတယ်။ ( ကြက်သွန်နီအဖြူနဲ့ အနီ နှစ်မျိုးရှိတဲ့အထဲက ကြက်သွန်နီ အနီကို ရည်ညွှန်းပါတယ်။)
    ကင်ဆာဆဲလ်ကြီးထွားမှုကိုကာကွယ်ပေးခြင်း
    ကြက်သွန်နီဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။
    ဆီးချိုထိန်းညှိပေးခြင်း
    ကြက်သွန်နီကို အစိမ်းစားတာဟာ အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးတွင်း ဂလုကို့စ်ပါဝင်မှုကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဓါတ် ထုတ်လုပ်နိုင်မှုအားနည်းတာကြောင့် ဆီးချိုဖြစ်ရတာပါ။ ဒါ့ကြောင့် ကြက်သွန်နီကို အစိမ်းစားပေးပါ။
    ကြက်သွန်နီမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ၀မ်းချုပ်တာကို ပျောက်ကင်းစေပြီး ၀မ်းမှန်စေပါတယ်။
    လည်ချောင်းနာခြင်း
    ကြက်သွန်နီအရည်ကို နှစ်ပေါင်းများစွာကတည်းကလည်ချောင်းနာတာတွေနဲ့ အအေးမိတာတွေအတွက် ဆေးတစ်လက်အဖြစ် အသုံးပြုခဲ့ကြတာပါ။
    နှာခေါင်းသွေးလျှံခြင်း
    ကြက်သွန်နီရဲ့ အနံ့က နှာခေါင်းသွေးလျှံတာကို ရပ်တန့်စေပါတယ်။
    နှလုံးရောဂါ
    ကြက်သွန်နီဟာ သွေးတိုးကျစေတာတဲ့အပြင် နှလုံးဆိုင်ရာရောဂါတွေကို ကာကွယ်ပေးပါတယ်။
    ကိုလက်စထရော
    ကြက်သွန်နီအစိမ်းဟာ ကိုလက်စထရောပါဝင်မှုကိုထိန်းချုပ်ပေးပါတယ်။
  • ၀က်ခြံရောဂါနှင့် အစားအစာ
    *** ၀က်ခြံရောဂါနှင့် အစားအစာ ***
    ====================
    ====================
    ? MWD : ဝက်ခြံရောဂါဟာ အစားအသောက်နဲ့ ဆက်စပ်မှုရှိတယ်လို့သိရပါတယ်.. ဘယ်လိုအစားအစာမျိုးတွေနဲ့ ဆက်စပ်တယ်ဆိုတာ သိချင်ပါတယ် ဆရာ..
    Dr.KML : မှန်ပါတယ်.. ဝက်ခြံရောဂါဟာ အစားအသောက်မှားယွင်းလို့ဖြစ်ရတာ မဟုတ်ပေမယ့် ဖြစ်ပြီးသားဝက်ခြံကို ပိုဆိုးအောင်ပဲဖြစ်ဖြစ် မြန်မြန်ပျောက်ကင်းအောင်ပဲဖြစ်ဖြစ် အစားအစာတွေက ပြုလုပ်နိုင်စွမ်းရှိပါတယ်.. အရေးကြီးတဲ့ အစားအစာအုပ်စုအနေနဲ့ကြည့်ရင်
    (၁) အဆီဓာတ် (Fats)
    (၂) အိုင်အိုဒင်းဓာတ် (Iodine)
    (၃) သွတ်ဓာတ် (Zinc)
    (၄) ခရိုမီယမ် (Chromium)
    (၅) နွားနို့နှင့် နို့ထွက်ပစ္စည်း (Milk and milk products)
    (၆) ကလိုရိုဖီးလ် (Chlorophyll)
    (၇) ကယ်ရိုတီနိုက် (Carotenoid)
    (၈) အင်တီအောက်ဆီဒင့် (Antioxidants)
    စတာတွေ ပါဝင်တဲ့အစားအစာများပဲ ဖြစ်ပါတယ်..
    ? MWD : အဆီဓာတ်ပါဝင်တဲ့အစားအစာနဲ့ ဝက်ခြံဆက်စပ်မှုကိုလဲ အသေးစိတ်သိချင်ပါတယ် ဆရာ..
    Dr.KML : ဝက်ခြံရောဂါဆိုတာ အရေပြားအောက်မှာရှိတဲ့ အဆီဂလင်းလေး (Sebaceous gland) တွေကနေ ဖြစ်တာဆိုတော့ ဒီအဆီဂလင်းလေးတွေထဲမှာ အဆီတွေ ပိုမိုထုတ်လုပ်မယ်ဆိုရင် ဝက်ခြံလည်း ပိုဆိုးလာတတ်ပါတယ်..
    ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အဆီကို (၃) မျိုး ခွဲခြားနိုင်ပါတယ်…
    (၁) ပြည့်ဝဆီ (Saturated fat)
    (၂) မပြည့်ဝဆီ (Unsaturated fat)
    (၃) ပြောင်းလဲဆီ (Trans fat) တို့ပဲဖြစ်ပါတယ်…
    (၁) ပြည့်ဝဆီဆိုတာကတော့ ဝက်ဆီ၊ အမဲသားဆီနဲ့ စားအုန်းဆီတို့လို ဆီမျိုးဖြစ်ပါတယ်.. ဒီဆီတွေဟာ ဝက်ခြံရောဂါကို ပိုဆိုးစေပါတယ်.. အဆီတွေကို ပိုခဲစေ၊ ပိုပျစ်စေလို့ဖြစ်ပါတယ်..
    (၂) မပြည့်ဝဆီကို အဓိကနှစ်မျိုး ထပ်ခွဲပါတယ်… မိုနိုဆီ (Monounsaturated fat) နဲ့ ပေါ်လီဆီ (Polyunsaturated fat) ဆိုပြီးဖြစ်ပါတယ်.. မိုနိုဆီအများဆုံးပါဝင်တာကတော့ သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီတို့ဖြစ်ပြီး ဝက်ခြံဖြစ်သူတွေအနေနဲ့ ပုံမှန်စားသုံးနိုင်ပါတယ်…
    နောက်တစ်မျိုးဖြစ်တဲ့ ပေါ်လီဆီမှာ အဓိကအုပ်စု နှစ်ခုရှိပါတယ်… Omega-3 နဲ့ Omega-6 တို့ဖြစ်ပါတယ်.. Omega-3 ပါဝင်တဲ့ ငါးအဆီ ဥပမာ-ငါးမြင်းဗိုက်သား၊ ငါးကြင်း၊ ငါးကြီးဆီတွေကို ကြိုက်သလောက် စားနိုင်ပါတယ်..
    Omega-6 ပါဝင်တဲ့ ဆီအများစုကတော့ ဈေးကွက်ထဲမှာ ဒီနေ့စားသုံးဆီအဖြစ်ရောင်းချနေတဲ့ ဆီထဲမှာပါတဲ့ ပေါ်လီဆီတစ်မျိုးဖြစ်ပါတယ်.. ဒါကိုတော့ တတ်နိုင်သလောက်ရှောင်ကြဉ်ရမှာဖြစ်ပါတယ်…
    (၃) ပြောင်းလဲဆီ (Trans fat) ကတော့ အဆိုးဆုံးဖြစ်ပါတယ်.. မပြည့်ဝဆီတွေကို ပြည့်ဝသွားအောင် ဟိုက်ဒရိုဂျင်အက်တမ် ထည့်သွင်းပြီး (Hydrogenation) ခဲအောင်ပြုလုပ်ထားတဲ့ ဆီခဲများဖြစ်ပါတယ်.. ဝက်ခြံကို ပိုဆိုးစေလို့ ရှောင်ကြဉ်သင့်ပါတယ်..
    ? MWD : အိုင်အိုဒင်းဓာတ်ပါတဲ့အစားအစာနဲ့ ဝက်ခြံကရော ဘယ်လိုများပတ်သက်ပါသလဲ ဆရာ..
    Dr.KML : အိုင်အိုဒင်းပါဝင်မှုများတဲ့ အစားအစာတွေကို ပိုမိုစားမိရင် ရှိပြီးသားဝက်ခြံတွေ ပိုဆိုးလာတတ်ပါတယ်.. အထူးသဖြင့် ပင်လယ်စာ (sea food) တွေဖြစ်တဲ့ ပင်လယ်ငါးမျိုးစုံ၊ ပြည်ကြီးငါး၊ ငါးမန်းတောင်၊ ပင်လယ်ရေမှော်၊ ကျောက်ကျော၊ ရေညှိ စတာတွေမှာ အိုင်အိုဒင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်.. ဒါကြောင့် ဝက်ခြံပေါက်နေသူတွေဟာ အဲ့ဒီအစားအစာတွေကို ရှောင်နိုင်ရင် ပိုဆိုးမလာဘူးပေါ့…
    နောက်အရေးကြီးတာတစ်ခုက မိမိပုံမှန်သောက်လေ့ရှိတဲ့ အားဆေးထဲမှာ အိုင်အိုဒင်းပါဝင်မှုကို စစ်ဆေးသင့်ပါတယ်.. ပုလင်းမှာ ဖော်ပြထားလေ့ရှိပါတယ်.. ပါဝင်မှုများခဲ့ရင်တော့ အခြားအိုင်အိုဒင်းပါဝင်မှုမရှိတဲ့ အားဆေးတစ်မျိုးမျိုးကို ပြောင်းသောက်သင့်ပါတယ်..
    နောက် အိမ်သုံးဆားအတော်များများမှာ အိုင်အိုဒင်း ဖြည့်စွက်ထားလေ့ရှိပါတယ်.. ဒါကြောင့် ဟင်းချက်တဲ့အခါ ဆားကိုလျှော့စားဖို့လည်း အကြံပြုချင်ပါတယ်…
    အိုင်အိုဒင်းဆိုတာကလဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ပစ္စည်းတစ်ခုဖြစ်တာကြောင့် ဝက်ခြံပေါက်နေတုန်း ခေတ္တသာရှောင်သင့်ပြီး ဝက်ခြံပျောက်တာနဲ့ ခါတိုင်းလို ပုံမှန်ပြန်ပြန်စားနိုင်ကြောင်း ပြောလိုပါတယ်..
    ? MWD : အိုင်အိုဒင်းဓာတ်များတဲ့အစားအစာနဲ့ ဝက်ခြံတွေ ဘာကြောင့်ပိုထွက်ရပါသလဲ ဆရာ..
    Dr.KML : အိုင်အိုဒင်းဟာ ပုံမှန်အတိုင်းရှိရင်တော့ ဘာပြဿနာမှမရှိပါ.. လိုတာထက်ပိုမှသာ ဝက်ခြံကို ပိုဆိုးစေတာဖြစ်ပါတယ်.. ဒီလိုပိုလာတဲ့အိုင်အိုဒင်းတွေကို ခန္ဓာကိုယ်အရေပြားကနေတဆင့် စွန့်ထုတ်ပေးပါတယ်… ကျန်တဲ့နေရာတွေမှာ ပြဿနာမဟုတ်ပေမယ့် မျက်နှာလိုနေရာကျတော့ အိုင်အိုဒင်းကြောင့် အရေပြားကို ရောင်ရမ်းစေပါတယ်.. ဝက်ခြံဖြစ်တဲ့နေရာမှာ နဂိုထဲကရောင်နေတာဆိုတော့ ချက်ချင်းပိုဆိုးစေလို့ဖြစ်ပါတယ်.. ဒါကြောင့် မျက်နှာကို အိုင်အိုဒင်းပါတဲ့ လိမ်းဆေးတွေကအစ မလိမ်းတာ အကောင်းဆုံးဖြစ်ပါတယ်..
    ? MWD : သွတ်ဓာတ်နဲ့ ဝက်ခြံရောဂါကရော ဘယ်လိုဆက်စပ်ပါသလဲ ဆရာ..
    Dr.KML : သွတ်ဓာတ်ဟာ ဝက်ခြံရောဂါ ကာကွယ်ရေးအတွက်ရော ကုသရေးအတွက်ပါ အရေးပါတဲ့ သတ္တုဓာတ်တစ်ခု ဖြစ်ပါတယ်.. သွတ်ဓာတ်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အင်ဇိုင်းအမျိုးပေါင်း ၃၀ဝ ကျော်ကို ပုံမှန်တာဝန်ထမ်းဆောင်နိုင်စေဖို့ ကူညီပေးပါတယ်.. သွတ်ဓာတ်ဟာ ဗီတာမင်အေကို လိုအပ်တဲ့နေရာကိုပို့ဆောင်ပေးတဲ့ ပရိုတင်း (Retinal-binding protein) တွေ ထုတ်လုပ်မှုနဲ့ လုပ်ငန်းတွေလုပ်ဆောင်ဖို့ အကူအညီပေးပါတယ်.. ဒီပရိုတင်းတွေရှိမှသာ အရေပြားကို ဗီတာမင်အေတွေ ကောင်းကောင်းရောက်ရှိပြီး ဝက်ခြံရောဂါမဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ဖြစ်ပြီးသားဝက်ခြံကိုလည်း ပျောက်ကင်းအောင် ပြုလုပ်ပေးကြပါတယ်..
    နောက်တခုကတော့ အမျိုးသားတွေမှာပေါက်တဲ့ ဝက်ခြံရဲ့အဓိကတရားခံဖြစ်တဲ့ DHT လို့ခေါ်တဲ့ အမျိုးသားဟိုမုန်းကို လျော့နည်းအောင် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်.. သွတ်ဓာတ်လျော့နည်းနေရင် DHT တွေ ပိုများလာလို့ ဝက်ခြံလည်းပိုထွက်တတ်ပါတယ်..
    ဒါ့အပြင် ပျက်စီးသွားတဲ့ ဆဲလ်တွေ၊ တစ်သျှူးတွေကို ပြန်လည်ပြုပြင်ရာမှာလဲ သွတ်ဓာတ်ဟာ ကူညီပေးပါတယ်.. ဒါကြောင့်လည်း အရေပြားအလှကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သွတ်ဓာတ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာဖြစ်ပါတယ်.. သွတ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကတော့ အခွံမာအသီးတွေ၊ သစ်သီးအဆံတွေ၊ ငါးမျိုးစုံ၊ ကြက်ဥ၊ ဘဲဥနဲ့ ပဲမျိုးစုံတို့ပဲဖြစ်ပါတယ်.. ဝက်ခြံပေါက်သူတွေအနေနဲ့ သွတ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို မကြာမကြာစားပေးသင့်ပါတယ်..
    ? MWD : ခရိုမီယမ်နဲ့ ပတ်သက်လို့လဲ ဆက်ရှင်းပြပါဦး ဆရာ..
    Dr.KML : ဝက်ခြံရောဂါဖြစ်ပွားနေသူတွေရဲ့သွေးထဲမှာ ခရိုမီယမ်ဓာတ်ချို့တဲ့နေလေ့ရှိပါတယ်… အထူးသဖြင့် ဆီးချိုရောဂါအခံရှိသူမှာ ဝက်ခြံပေါက်ခဲ့ရင် ခရိုမီယမ်ဓာတ်ချို့တဲ့ခြင်းဟာ အဓိကအကြောင်းတစ်ရပ်ဖြစ်ပါတယ်.. ခရိုမီယမ်ဟာ အင်ဆူလင်ဟိုမုန်းရဲ့ သွေးထဲမှာရှိတဲ့သကြားဓာတ်ကို ပုံမှန်ထိန်းသိမ်းရာမှာ အဓိကကူညီပေးတဲ့အကူပစ္စည်း (cofactor) ဖြစ်ပါတယ်.. ခရိုမီယမ်ချို့တဲ့ခဲ့ရင် သွေးထဲမှာ ဂလူးကို့စ်သကြားဓာတ်တွေ ပိုမိုများပြားလာပြီး ဝက်ခြံအပါအဝင် အရေပြားယားနာနဲ့ တခြားရောဂါတွေပါ ပိုမိုဖြစ်ပွားစေမှာဖြစ်ပါတယ်.. ဝက်ခြံဖြစ်တဲ့သူမှာဆို ရင်လဲ ဘက်တီးရီးယားတွေ သာမန်ထက် ပိုမိုများပြားလာပြီး ပိုရောင်လာမယ်.. ပြည်တွေတည်လာတာတွေ ဖြစ်တတ်ပါတယ်.. နောက် အရေပြားမှာရှိတဲ့ အဆီတွေထုတ်လုပ်မှုကိုလဲ ကျဆင်းစေပါတယ်.. ခရိုမီယမ်ပါဝင်တဲ့ အစားအစာတွေကတော့ ဆလပ်ရွက်၊ ကြက်သွန်နီ၊ အာလူးစတဲ့ သဘာဝသီးနှံတွေပဲဖြစ်ပါတယ်.. အထူးသဖြင့် ကြက်သွန်နီမှာ ခရိုမီယမ်များများပါဝင်တာမို့ ဝက်ခြံရှိသူမှာ ပိုမိုစားသင့်ပါတယ်..
    ? MWD : နွားနို့နဲ့ နို့ထွက်ပစ္စည်းကရော ဝက်ခြံရောဂါအပေါ်မှာ ဘယ်လိုများသက်ရောက်မှုရှိပါသလဲ ဆရာ..
    Dr.KML : နွားနို့သောက်လို့ ဝက်ခြံပေါက်တာမဟုတ်ပေမယ့် ဝက်ခြံပေါက်နေသူတွေအနေနဲ့ နွားနို့နဲ့နို့ထွက် ပစ္စည်းတွေဖြစ်တဲ့ မလိုင်၊ ထောပတ်၊ မလိုင်ခဲ၊ နို့ဆီ၊ ဒိန်ခဲစတာတွေကိုစားရင် ပိုဆိုးလာတတ်ပါတယ်.. အဓိကအချက် (၄) ချက်ကြောင့် ဖြစ်ပါတယ်..
    (၁) နွားနို့မှာ အိုင်အိုဒင်းဓာတ်ပါဝင်ပါတယ်.. အထူးသဖြင့် နွားကိုကျွေးတဲ့ အစားအစာထဲမှာ အိုင်အိုဒင်းဖြည့်စွက်ကျွေးခဲ့ရင် ပိုပါတတ်ပါတယ်..
    (၂) နွားနို့မှာ ဟိုမုန်းဓာတ်တွေပါဝင်ပြီး အဆိုပါဟိုမုန်းများကြောင့် ဝက်ခြံအဆီတွေ ပိုထွက်စေပါတယ်..
    (၃) နွားနို့မှာပါဝင်တဲ့ အဆီဓာတ်ဟာ ပြည့်ဝဆီတွေဖြစ်လို့ အဆီအိတ်ထဲမှာ အဆီတွေ ပိုထွက်၊ ပိုပျက်စေပါတယ်..
    (၄) နွားနို့မှာပါဝင်တဲ့ သကြားဓာတ်ဟာ အလွယ်တကူစုပ်ယူနိုင်ပြီး ဝက်ခြံရောဂါပိုးတွေကို ပိုမိုပွားများစေနိုင်ပါတယ်…
    ဒီအချက်လေးချက်ကြောင့် နွားနို့နဲ့နို့ထွက်ပစ္စည်းတွေကို ဝက်ခြံပေါက်စဉ်မှာ ရှောင်သင့်ပြီး ပျောက်ကင်းမှ ပြန်စားသင့်ပါတယ်..
    ? MWD: ကလိုရိုဖီးလ်ကရော ဘယ်လိုများအထောက်အကူပြုပါသလဲ ဆရာ..
    Dr.KML : ဝက်ခြံပေါက်သူဟာ အသီးအရွက်အစိမ်းတွေဖြစ်တဲ့ ဥပမာ-ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက် စတာတွေ များများစားရင် သက်သာပျောက်ကင်းနိုင်တာ တွေ့ရပါတယ်.. အထူးသဖြင့် ကြော်စားတာထက် ချဉ်ရည်ဟင်းလိုလုပ်ပြီး အရည်ပါသောက်ရင် ပိုအကျိုးရှိပါတယ်.. ဘာကြောင့်လဲဆိုတော့ သူ့မှာပါတဲ့ ကလိုရိုဖီးလ်လို့ခေါ်တဲ့ အစိမ်းရောင်ချယ်တွေဟာ သွေးအားကောင်းစေတဲ့အပြင် အရေပြားကို အောက်ဆီဂျင်ပိုမိုရရှိအောင် ပြုလုပ်ပေးနိုင်လို့ ဝက်ခြံရောဂါပိုးတွေ အလွယ်တကူမပွားနိုင်အောင် ဟန့်တားထားလို့ပဲဖြစ်ပါတယ်..
    ? MWD : ကယ်ရိုတီနိုက်အကြောင်းလဲ ဆက်ပါဦး ဆရာ..
    Dr.KML : ကယ်ရိုတီနိုက်ဆိုတာ အဝါရောင်၊ အနီရောင်ရှိတဲ့ သစ်သီးသစ်ဥတွေပဲဖြစ်ပါတယ်.. အဝါရောင်ရှိတဲ့ သရက်သီး၊ သင်္ဘောသီး၊ ကန်စွန်းဥ၊ မုန်လာဥတွေမှာ ကယ်ရိုတင်းတွေပါဝင်ပါတယ်.. အထူးသဖြင့် ဘီတာကယ်ရိုတင်းတွေဟာ ခန္ဓာကိုယ်ထဲရောက်ရင် ဗီတာမင်အေအဖြစ်ကို ပြောင်းသွားပြီး ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ဖြစ်နေရင်လဲ ပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်…
    အနီရောင်ရှိတဲ့အစားအစာတွေကတော့ ခရမ်းချဉ်သီးတို့၊ စတော်ဘယ်ရီသီးနဲ့ အခြားဘယ်ရီသီးတွေ၊ စပျစ်သီးအနီရောင်တွေ ဖြစ်ပါတယ်.. လိုက်ကိုပင်း (Lycopene) ပါဝင်လို့ဖြစ်ပြီး ရောင်ရမ်းမှုကို သက်သာအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်…
    ဒါကြောင့် ဝက်ခြံပေါက်နေသူတွေအနေနဲ့ အဝါရောင်၊ အနီရောင်သဘာဝသီးနှံတွေကို များများ စားသင့်ပါတယ်..
    ? MWD : အင်တီအောက်ဆီဒင့်တွေကရော ဘယ်လိုများအထောက်အကူပြုပါသလဲ ဆရာ…
    Dr. KML : ခုနကပြောခဲ့တဲ့ ကလိုရိုဖီးလ်တို့ ကယ်ရိုတီနိုက်တို့ဟာလဲ အင်တီအောက်ဆီဒင့်များ ဖြစ်ကြပါတယ်.. ခန္ဓာကိုယ်ထဲမှာ Free radical တွေများလာရင် အရေပြားကိုပါ တိုက်ခိုက်လို့ ဝက်ခြံရောဂါအပါအဝင် အခြားရောဂါမျိုးစုံပါ ဖြစ်နိုင်ပါတယ်.. ဒါကြောင့် အင်တီအောက်ဆီဒင့်မျိုးစုံပါဝင်တဲ့ အစားအစာတွေကို နေ့စဉ်စားသုံးသင့်ပါကြောင်း ပြောကြားလိုပါတယ်..
    #MWDHealthTalkProgramme
    ==========
    Dr. Khin Maung Lwin – FAME
  • ကျွန်တော် ကြိုးစားသွားမှာပါဆိုတဲ့ အောင်လအန်ဆန်
    ====================
    ====================
    အောက်တိုဘာ ၂၆ ရက်နေ့မှာ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပမဲ့ ONE: Pursuit of Greatness အောင်လအန်ဆန် နှင့် ခရာခီတို့ ယှဉ်ပြိုင်ပွဲမတိုင်ခင် အောက်တိုဘာလ ၂၄ ရက်နေ့၊ နေ့လယ် ၃ နာရီမှာတော့ Junction City ရဲ့ Promotion Area မှာ အောင်လအန်ဆန် နဲ့ သူ့ ပြိုင်ဘက် ၊ ဖိုးသော် နဲ့ သူ့ပြိုင်ဘက်တွေ ကို မိတ်ဆက် ဟန်ရေးပြခဲ့ပါတယ်။
    မြန်မာစပါးအုံး အောင်လအန်ဆန် နဲ့ ဖိုးသော်တို့ဟာ သူတို့ရဲ့ ဟန်ရေးပြကစားကွက်တွေကိုလည်း ပြသသွား ခဲ့ပြီး တွဲဆိုင်းအလိုက် သရုပ်ပြခဲ့ပြီး အောင်လအန်ဆန်က ကျွန်တော် ကြိုးစားသွားမှာပါလို့ ဒီကနေ့ ပြောဆိုသွားခဲ့ပါတယ်။
    အောင်လအန်ဆန်နှင့်အဖွဲ့သားတွေက မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအတွက် လက်ဘနွန်နိုင်ငံ သား မိုဟာမတ်ခရာခီ နဲ့ ထိုးသတ်ဖို့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
    ဒီ အောက်တိုဘာလ ၂၆ ရက်နေ့ ပွဲပြီးရင်တော့ အောင်လအန်ဆန်ဟာ လာမဲ့မတ်လမှာ ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ထိုးသတ်ရမှာပါ။
    လက်ဘနွန်နိုင်ငံသား ကိုယ်ခံပညာမျိုးစုံ ထူးချွန်ကစားသမား မိုဟာမတ် ခရာကီ က အသက် ၂၇ နှစ်အရွယ် မစ်ဒယ်ဝိတ်တန်း ကစားသမားဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းရဲ့ အကောင်းဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အရင်က Desert Force လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံတစ်ဦးလည်းဖြစ်ပါတယ်။
    အောင်လအန်ဆန်ဟာလည်း ၂၀၁၇ ခုနှစ် ဇွန်လ မှာ Vitaly Bigdash ကို အနိုင်ယူပြီး ဝမ်းမစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တာပါ။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ ဘရာဇီးနိုင်ငံသား Alexandre Machado ကို အနိုင်ယူခဲ့ရာကနေ ဝမ်းလိုက် ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံအဖြစ် ထပ်မံသရဖူဆောင်းခဲ့ပါတယ်။
    အသက် ၃၃ နှစ်အရွယ် ဖိုးသော်ကတော့ အချိန်တိုလေးအတွင်းမှာ လူသိများထင်ရှားလာတဲ့ အားကစား သမားတစ်ဦးပါ။ လက်ဝှေ့၊ အာကီဒို နှင့် ကြိုကူရှင် ကရာတေးတို့မှာ ကျွမ်းကျင်တဲ့ ဖိုးသော်ဟာ ခုအခါမှာ လက်ဝှေ့ နဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ နှစ်မျိုးလုံး ယှဉ်ပြိုင်နေသူပါ။ အသက်မွေးဝမ်းကြောင်းတစ်လျောက် သူ့ရဲ့ ဆက်တိုက်ထိုးနှက်မှုတွေဟာ ထင်ရှားခဲ့ပြီး တွဲဆိုင်း ၆ ခုမှာ ၅ခုကို အလဲထိုးအနိုင်ယူခဲ့သူဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ပရိတ်သတ်တွေရှေ့မှောက် Keanu Subba ကို ယှဉ်ပြိုင်ထိုးသတ်ဖို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။
    ==========
    Mizzima – News in Burmese
  • ငှက်ပျောအစေး၏ လူမသိသောအစွမ်း
    (Zawgyi)
    စာကိုး
    (Unicode)
    သိတော့လည်းလွယ်၊ ဗဟုသုတကြွယ်သည်က မှားမည်မထင်။ အကြောင်းကြောင်းကြောင့် ငုတ်ထိုး။ ခြေချော်။ ထိခိုက်ဒဏ်ရာရကာ သွေးထွက်သံယို အနာတရဖြစ်တတ်ကြသည်က လူတိုင်းသဘာဝပင် ဖြစ်ပါ၏။
    အချို့သော ဒဏ်ရာအနာတရ ဖြစ်ပါလျှင် ရုတ်တရက် ဘာလုပ်ရမည်မသိ အခက်တွေ့တတ်ကြပါ၏။
    ဆေးလည်းမသိ ဆေးလည်းမရှိ၊ ဆေးရုံ ဆေးခန်းတို့ဖြင့် ဝေးကွာပါလျှင် ငှက်ပျောပင်ကို သတိရကြပါ။
    ငှက်ပျောပင်ကို ခုတ်လိုက်ပါ။ အစေးများ ထွက်လာပါမည်။ထိုအစေးဖြင့် ဒဏ်ရာကို သုတ်လိမ်းပြီးအဝတ်စည်းထားလိုက်ပါ။ သွေးတိတ်သွားပါမည်။
    ၂ရက် ၃ရက်ကြာလျင် အနာကို ဖြေကြည့်လိုက်ပါ။ အံ့ဖွယ်အနာကျက်ပြီး ဒဏ်ရာပျောက်ကင်းနေမည်ကို တွေ့ရပါမည်။
    အမှတ်မထင် ဒဏ်ရာတရဖြစ်ပါမူငှက်ပျောပင်ကို သတိရကြပါစို့။
    စာကိုး
    နက္ခတ္တရောင်ခြည်မဂ္ဂဇင်း အမှတ်၃၆၄
    အနာကျက်တဲ့ငှက်ပျောစေးမှ
  • လူသိနည်းတဲ့ ကြက်သွန်နီအခွံရဲ့ အကျိုးကျေးဇူးများ
    (Zawgyi)
    ‌jကိုလက်စထရောနဲ့ သွေးတိုးကျစေခြင်း
    ဘယ်လိုသုံးမလဲ
    Credit – MyFood Myanmar
    (Unicode)
    တခါတလေမှာ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေရဲ့ ကြက်သွန်နီအခွံ၊ ဖရုံသီးခွံနဲ့ လိမ္မော်ခွံတို့လို တကယ့်အာနိသင်ရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အရာတွေကိုမှ လွင့်ပစ်မိကြပါတယ်။ ကြက်သွန်နီရဲ့ အာနိသင်ကိုတော့ လူတိုင်းသတိထားမိပြီး ကြက်သွန်နီကို စားသုံးကြပေမယ့် ကြက်သွန်နီအခွံရဲ့ အာနိသင်ကိုတော့ သတိမထားမိကြပါဘူး။
    နောက်ဆုံးပြုလုပ်ထားတဲ့ သုတေသနပြုချက်အရ ကြက်သွန်နီအခွံမှာ ဓါတ်တိုးဆန့်ကျင်တဲ့ဓါတ် Antioxidant နဲ့ ရောင်ရမ်းမှုကို ပျောက်ကင်းစေတဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်တဲ့။ ဒီတော့ ကြက်သွန်နီကို စားပြီးရင် အမှိုက်ရှုပ်ခံပြီး ဘာလို့ လွင့်ပစ်နေမှာလဲ။
    ကြက်သွန်နီအခွံရဲ့ အာနိသင်များ
    ကိုလက်စထရောနဲ့ သွေးတိုးကျစေခြင်း
    ဓါတ်မတည့်တာကို ပျောက်ကင်းစေခြင်း
    ရောင်ရမ်းမှုကို သက်သာစေခြင်း
    ကြွက်သားကြီးထွားမှုကို ထောက်ပံ့ပေးခြင်း
    စိတ်ကျရောဂါကို ကုသပေးခြင်း
    ကင်ဆာနဲ့ တခြားရောဂါတွေကို သက်သာစေခြင်း
    ဘယ်လိုသုံးမလဲ
    ကြက်သွန်ခွံကို စားသုံးပေးရမှာတော့မဟုတ်ပါဘူး။ ကြက်သွန်နီရဲ့ အခွံကို စွပ်ပြုတ် (သို့) ဟင်းချိုထဲမှာ ထည့်ပြီး ကြိုချက်ပေးပါ။ ပြီးရင် ဖယ်ရှားပေးရမှာဖြစ်ပါတယ်။
    ကြက်သွန်နီအခွံကို ရေနဲ့ရောပြီး ဝဲနဲ့ ယားနာတဲ့နေရာမှာ လိမ်းပေးနိုင်သလို တခြားအရေပြားပြဿနာတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။
    Credit – MyFood Myanmar