Category: ဗဟုတုသ

  • သိသူ အေတာ္ေလးရွားပါးသည့္ လိေမၼာ္ေစ့ရဲ႕ အသုံးဝင္ပုံေတြ

    (Zawgyi)

    သင္မသိေသးတဲ့ လိေမၼာ္ေစ့ရဲ႕ အသုံးဝင္ပုံေတြ

    ဝယ္ရလြယ္ကူၿပီး ေဈးခ်ိဳ၊ စားေကာင္းတဲ့အသီးျဖစ္တာေၾကာင့္ လိေမၼာ္သီးဆို မႀကိဳက္တဲ့သူကခပ္ရွားရွားပါ။ ေနာက္ထပ္ အလွအပနဲ႔ပတ္သက္ၿပီးေတာ့လည္း လိေမၼာ္သီးက ေတာ္ေတာ္အစြမ္းထက္တဲ့ အသီးတစ္မ်ိဳး ျဖစ္ပါတယ္။ လိေမၼာ္သီးနဲ႔ျပဳလုပ္ထားတဲ့ အလွျပင္ပစၥည္းေတြကိုလည္း ေဈးကြက္မွာ အလြယ္တကူပဲ ရွာေဖြႏိုင္ပါတယ္။ အေအးေဖ်ာ္ေသာက္မလား၊ အလုံးလိုက္စားမလား၊ အခ်ဥ္ေပါင္လုပ္စားမလား ပုံစံမ်ိဳးစုံ လုပ္စားႏိုင္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔အားလုံးက အသီးရဲ႕အသားကို စားၿပီးတဲ့အခါတိုင္း အေစ့ကို လႊင့္ပစ္လိုက္ေလ့ရွိၾကပါတယ္။ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္အတြက္ လိေမၼာ္ေစ့က ဘယ္ေလာက္အသုံးဝင္ပုံကို သိတဲ့သူကလည္း အေတာ္ေလးရွားပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒီေဆာင္းပါးေလးကေန တစ္ဆင့္ သင္မသိေသးတဲ့ လိေမၼာ္ေစ့ရဲ႕ ေကာင္းက်ိဳးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    ၁။ လိေမၼာ္သီးလိုပဲ လိေမၼာ္ေစ့မွာလည္း အန္တီေအာက္စီးဒန႔္ဓာတ္ (antioxidant) ႂကြယ္ဝစြာပါဝင္ပါတယ္။ ခႏၶာကိုယ္ကို ေရဓာတ္ျပည့္ေဝစၿပီး လန္းဆန္းတက္ႂကြေအာင္ ျပဳလုပ္ေပးပါတယ္။ မနက္ေစာေစာ အန္တီေအာက္စီးဒန႔္ဓာတ္ ပါဝင္တဲ့ အသီးတစ္မ်ိဳးမ်ိဳးကို စားသုံးေပးျခင္းျဖင့္ ေန႔စဥ္ခႏၶာကိုယ္ရဲ႕ စြမ္းေဆာင္ရည္ေတြကို တိုးျမႇင့္ေပးႏိုင္ပါတယ္။

    ၂။ လိေမၼာ္ေစ့က ထုတ္ယူထားတဲ့ လိေမၼာ္ဆီကိုေတာ့ အရသာဆီ၊ ကိတ္မုန႔္အေပၚခရင္နဲ႔ အျခားအစားအေသာက္ေတြမွာ လိုအပ္သလို အသုံးျပဳႏိုင္ပါတယ္။ ေနာက္ထပ္ ၎အေမႊးဆီကို သန႔္စင္ခန္းအနံ႔ ေကာင္းေစဖို႔ျဖစ္ျဖစ္၊ အိမ္ခန္းတြင္းအနံ႔သင္းေစဖို႔ျဖစ္ျဖစ္ ထားရွိအသုံးျပဳေပးႏိုင္ပါေသးတယ္။

    ၃။ လိေမၼာ္ေစ့ကိုစားသုံးေပးတာဟာ ခႏၶာကိုယ္ရဲ႕ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကို တိုးျမႇင့္ေပးႏိုင္ပါတယ္။ လိေမၼာ္ေစ့မွာ ပါလ္မတ္တစ္ အက္ဆစ္ (palmitic)၊ အိုလစ္ အက္ဆစ္ (Oleic)နဲ႔ လင္အိုလစ္ အက္ဆစ္ (Linoleic) တို႔ပါဝင္တာေၾကာင့္ လိုအပ္တဲ့စြမ္းအင္ေတြကို ခႏၶာကိုယ္က ဆဲလ္ေတြအတြင္းမွာ အခ်ိန္ၾကာျမင့္စြာ သိုေလွာင္ေပးထားႏိုင္ပါတယ္။

    ၄။ လိေမၼာ္ေစ့ဆီဟာ ဆံပင္ေပ်ာ့ေစ့အေနနဲ႔လည္း အသုံးျပဳလို႔ရပါေသးတယ္။ လိေမၼာ္ေစ့မွာ ဗီတာမင္စီ (Vitamin-C) နဲ႔ ဘိုင္အို-ဖေလဗြန္လ္ႏြိဳတ္စ္ (Bio-flavonoids) အက္ဆစ္တို႔ ပါဝင္တာေၾကာင့္ ဦးေရျပားေသြးလည္ပတ္မႈကို ေကာင္းေစပါတယ္။ အက်ိဳးဆက္အေနနဲ႔ သင့္ရဲဆံသားကို သန္မာလာေစပါတယ္။ ေနာက္ထပ္ လိေမၼာ္ေစ့မွာပါဝင္တဲ့ ဖိုးလစ္အက္ဆစ္ (folic acid)က ဆံသားအရွည္ျမန္ေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။

    ၅။ ေနာက္ဆုံးအေနနဲ႔ လိေမၼာ္ေစ့ဆီက သန႔္ရွင္းေရးျပဳလုပ္တဲ့ေနရာမွာလည္း အသုံးဝင္ပါတယ္။ လိေမၼာ္ေစ့က ရရွိတဲ့အဆီကို သန႔္ရွင္းေရးျပဳလုပ္တဲ့ေနရာမွာ၊ စက္ပစၥည္းေတြေဆးေၾကာတဲ့ ေနရာမွာနဲ႔ သတၱဳပစၥည္းေတြ သန႔္စင္တဲ့ေနရာမွာေတာင္ အသုံးျပဳႏိုင္ပါတယ္။ ၎ရဲ႕အဆီဟာလည္း လိေမၼာ္သီးခြံလိုပဲ လတ္ဆတ္ၿပီး ခပ္သင္းသင္း အနံ႔ရွိပါတယ္။

    Ref : newsrepublic “5 unknown benefits of orange seeds”

    Po Mo Htoo Aung (႐ိုးရာေလး)

    Credit – Yoyarlay

    (Unicode)

    သင်မသိသေးတဲ့ လိမ္မော်စေ့ရဲ့ အသုံးဝင်ပုံတွေ

    ဝယ်ရလွယ်ကူပြီး ဈေးချို၊ စားကောင်းတဲ့အသီးဖြစ်တာကြောင့် လိမ္မော်သီးဆို မကြိုက်တဲ့သူကခပ်ရှားရှားပါ။ နောက်ထပ် အလှအပနဲ့ပတ်သက်ပြီးတော့လည်း လိမ္မော်သီးက တော်တော်အစွမ်းထက်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ လိမ္မော်သီးနဲ့ပြုလုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေကိုလည်း ဈေးကွက်မှာ အလွယ်တကူပဲ ရှာဖွေနိုင်ပါတယ်။ အအေးဖျော်သောက်မလား၊ အလုံးလိုက်စားမလား၊ အချဉ်ပေါင်လုပ်စားမလား ပုံစံမျိုးစုံ လုပ်စားနိုင်ပါတယ်။

    ဒါပေမဲ့ ကျွန်တော်တို့အားလုံးက အသီးရဲ့အသားကို စားပြီးတဲ့အခါတိုင်း အစေ့ကို လွှင့်ပစ်လိုက်လေ့ ရှိကြပါတယ်။ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိမ္မော်စေ့က ဘယ်လောက်အသုံးဝင်ပုံကို သိတဲ့သူကလည်း အတော်လေးရှားပါတယ်။ ဒါကြောင့်မို့လို့ ဒီဆောင်းပါးလေးကနေ တစ်ဆင့် သင်မသိသေးတဲ့ လိမ္မော်စေ့ရဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။

    ၁။ လိမ္မော်သီးလိုပဲ လိမ္မော်စေ့မှာလည်း အန်တီအောက်စီးဒန့်ဓာတ် (antioxidant) ကြွယ်ဝစွ ာပါဝင်ပါတယ်။ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝေစပြီး လန်းဆန်းတက်ကြွအောင် ပြုလုပ်ပေးပါတယ်။ မနက်စောစော အန်တီအောက်စီးဒန့်ဓာတ် ပါဝင်တဲ့ အသီးတစ်မျိုးမျိုးကို စားသုံးပေးခြင်းဖြင့် နေ့စဉ်ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်တွေကို တိုးမြှင့်ပေးနိုင်ပါတယ်။

    ၂။ လိမ္မော်စေ့က ထုတ်ယူထားတဲ့ လိမ္မော်ဆီကိုတော့ အရသာဆီ၊ ကိတ်မုန့်အပေါ်ခရင်နဲ့ အခြားအစားအသောက်တွေမှာ လိုအပ်သလို အသုံးပြုနိုင်ပါတယ်။ နောက်ထပ် ၎င်းအမွှေးဆီကို သန့်စင်ခန်းအနံ့ ကောင်းစေဖို့ဖြစ်ဖြစ်၊ အိမ်ခန်းတွင်းအနံ့သင်းစေဖို့ဖြစ်ဖြစ် ထားရှိအသုံးပြုပေးနိုင်ပါသေးတယ်။

    ၃။ လိမ္မော်စေ့ကိုစားသုံးပေးတာဟာ ခန္ဓာကိုယ်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တိုးမြှင့်ပေးနိုင်ပါတယ်။ လိမ္မော်စေ့မှာ ပါလ်မတ်တစ် အက်ဆစ် (palmitic)၊ အိုလစ် အက်ဆစ် (Oleic)နဲ့ လင်အိုလစ် အက်ဆစ် (Linoleic) တို့ပါဝင်တာကြောင့် လိုအပ်တဲ့စွမ်းအင်တွေကို ခန္ဓာကိုယ်က ဆဲလ်တွေအတွင်းမှာ အချိန်ကြာမြင့်စွာ သိုလှောင်ပေးထားနိုင်ပါတယ်။

    ၄။ လိမ္မော်စေ့ဆီဟာ ဆံပင်ပျော့စေ့အနေနဲ့လည်း အသုံးပြုလို့ရပါသေးတယ်။ လိမ္မော်စေ့မှာ ဗီတာမင်စီ (Vitamin-C) နဲ့ ဘိုင်အို-ဖလေဗွန်လ်နွိုတ်စ် (Bio-flavonoids) အက်ဆစ်တို့ ပါဝင်တာကြောင့် ဦးရေပြားသွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ အကျိုးဆက်အနေနဲ့ သင့်ရဲဆံသားကို သန်မာလာစေပါတယ်။ နောက်ထပ် လိမ္မော်စေ့မှာပါဝင်တဲ့ ဖိုးလစ် အက်ဆစ် (folic acid) က ဆံသားအရှည်မြန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

    ၅။ နောက်ဆုံးအနေနဲ့ လိမ္မော်စေ့ဆီက သန့်ရှင်းရေးပြုလုပ်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ လိမ္မော်စေ့ကရရှိတဲ့အဆီကို သန့်ရှင်းရေးပြုလုပ်တဲ့နေရာမှာ၊ စက်ပစ္စည်းတွေဆေးကြောတဲ့ နေရာမှာနဲ့ သတ္တုပစ္စည်းတွေ သန့်စင်တဲ့နေရာမှာတောင် အသုံးပြုနိုင်ပါတယ်။ ၎င်းရဲ့အဆီဟာလည်း လိမ္မော်သီးခွံလိုပဲ လတ်ဆတ်ပြီး ခပ်သင်းသင်း အနံ့ရှိပါတယ်။

    Ref : newsrepublic “5 unknown benefits of orange seeds”

    Po Mo Htoo Aung (ရိုးရာလေး)

    Credit – Yoyarlay

  • အရက္ေသာက္ျခင္းက ႏုိင္ငံျခားဘာသာစကား ပုိမုိေကာင္းမြန္စြာေျပာႏုိင္ရန္ အေထာက္အကူျပဳဟုဆုိ

    ဘာသာစကားအသစ္တစ္ခု သင္ယူျခင္းမွာ လြယ္ကူေသာကိစၥတစ္ခု မဟုတ္ေသာ္လည္း စကားေျပာဆုိျခင္းတြင္ အရက္ေသာက္၍ ေျပာျခင္းက ျပသနာပုိမ်ားဖြယ္ရွိသည္။သုေတသနျပဳ ေလ့လာမႈတစ္ခုအရ ဘာသာစကားတစ္ခု ေလ့လာေျပာဆုိေသာအခါ ဝုိင္ သို႔မဟုတ္ ဘီယာ တစ္ခြက္ ေသာက္သုံးျခင္းျဖင့္ ရွက္ေၾကာက္မႈ အဟန္႔အတား ေလ်ာ့နည္းေစသည္ဟု သိရသည္။

    Psychopharmocology ဂ်ာနယ္တြင္ မတ္စ္ထရစ္ထ္တကၠသိုလ္မွ ဂ်ာမန္ဘာသာစကားေျပာသူ ၅၀ ဥိီးပါဝင္ ေသာသုေတသနျပဳမႈကုိ ထည့္သြင္းေဖာ္ျပခဲ႔သည္။ သင္တန္းသားအားလုံ ဒခ်္စကားေျပာသင္တန္းတက္ေနၾကျပီး အခါအားေလ်ာ္စြာ အရက္ေသာက္တတ္သူမ်ားျဖစ္သည္။ သူတုိ႔အားလုံးမွာ မၾကာေသးမီက ဘာသာစကားကြၽမ္းက်င္မႈသ႐ုပ္ျပ စာေမးပြဲေျဖဆိုေအာင္ျမင္ထားၾကသည္။

    သင္တန္းသားအားလုံးကုိ ဒတ္ခ္်ဘာ သာစကားေျပာဆုိမႈ ႏွစ္မိနစ္ၾကာ အင္တာဗ်ဳးသူႏွင့္ ေပါ့ေပါ့ပါးပါး စကားေျပာဆုိမႈ ျပဳလုပ္ၿပီး ေလ့လာမႈစစ္တမ္း ေကာက္ယူခဲ့သည္။ ေျပာဆုိမႈမစတင္မီ သင္တန္းသား ထက္ဝက္ေက်ာ္ကုိ ေရတုိက္ခဲ႔ျပီး အျခားတစ္ဝက္က အရက္ေသာက္ထားခဲ့ၾကသည္။ အရက္ေသာက္သူ တစ္ဦးခ်င္းစီ၏ အရက္ပမာဏမွာ သူတို႔၏ ကုိယ္အေလးခ်ိန္ကုိ အေျခခံတြက္ခ်က္ထားသည္။

    လူတစ္ဦးခ်င္းစီ၏ စကားေျပာဆိုမႈကုိ မွတ္တမ္းတင္ထားၿပီး စစ္ေဆးမည့္သူ ထက္ဝက္ အရက္ေသာက္ထားေၾကာင္း သိရွိမထားေသာ မူရင္းဒခ်္ဘာသာစကားေျပာသူ ဒခ်္လူမ်ဳိးႏွစ္ဦးက နားေထာင္အကဲျဖတ္ခဲ႔သည္။ အဆိုပါစကားေျပာ စြမ္းရည္စစ္ေဆးခံသူမ်ား ၏ စြမ္းေဆာင္ရည္ကုိ သူတုိ႔ကုိယ္သူတုိ႔ အမွတ္ေပးရန္ ေတာင္းဆုိခဲ႔ရာ အံ့ၾသစရာေကာင္းေလာက္ေအာင္ပင္ အရက္ေသာက္သူမ်ားကိုိယ္တုိင္အမွတ္ေပး ရမွတ္ႏွင့္ ေရေသာက္ထားသူမ်ားရမွတ္ အတူတူပင္ျဖစ္ေနသည္။

    စမ္းသပ္မႈ၏ ေနာက္ဆုံးရလဒ္မ်ားတြင္ အရက္ေသာက္သူမ်ားက စကားေျပာပိုမုိ ေခ်ာေမြ႔ေကာင္းမြန္ၿပီး အသံထြက္ပိုေကာင္းသည္ကုိ ေတြ႕ရွိခဲ့သည္္။ သုိ႔ရာတြင္ ၎တုိ႔ ေသာက္ထားေသာ အရက္ပမာဏမွွာ အနည္းငယ္သာျဖစ္ၿပီး အလြန္အကြၽံပမာဏ ေသာက္သုံးပါက စကားေျပာရာတြင္ မသဲကြဲပဲ ျဖစ္ႏုိင္သည္ကုိ သတိျပဳရန္လုိသည္္။အမ်ားစုမွာ ႏႈတ္ေျဖစာေမးပြဲမ်ားအတြက္ ႐ုန္းကန္ေနၾကရရာ စိတ္အာ႐ုံတည္ၿငိမ္ရန္အတြက္ နည္းလမ္းတစ္ခုအျဖစ္ အထက္ပါအတုိင္း ျပဳမႈႏုိင္ဖြယ္ရွိသည္။

  • ၀က္ၿခံကို အလ်င္အျမန္ေပ်ာက္ကင္းေစမယ့္ ၾကက္သြန္ျဖဴ

    ၀က္ၿခံကို အလ်င္အျမန္ေပ်ာက္ကင္းေစမယ့္ ၾကက္သြန္ျဖဴ

    ၾကက္သြန္ျဖဴမွာ က်န္းမာေရး ေကာင္းက်ိဳးေတြ အမ်ားႀကီးရွိပါတယ္။

    အဲ့ဒီအထဲကမွ လူသိနည္းေနေသးတဲ့ က်န္းမာေရး ေကာင္းက်ိဳးမ်ားကို ေ၀မွ်ခ်င္ပါတယ္။

    ၀က္ၿခံေတြအတြက္

    ၾကက္သြန္ျဖဴက ၀က္ၿခံ ေတြ ေလွ်ာ့နည္းေပ်ာက္ကင္းဖို႔အတြက္လည္း ကူညီေပးပါတယ္။

    ၾကက္သြန္ျဖဴေတြကို ေရေဆးၿပီးရင္ ၀က္ၿခံထြက္တဲ့ေနရာကို ကပ္ေပးရမွာျဖစ္ပါတယ္။ ၿပီးမွ ေရျပန္ေဆးခ်ပါ။

    သြားကိုက္ရင္

    ညသန္းေခါင္ သြားကိုက္လို႔သြားဆရာ၀န္ဆီ သြားလို႔မရေသးခင္ ၾကက္သြန္ျဖဴနဲ႔သြားကိုက္သက္သာေအာင္ လုပ္ေဆာင္ထားလို႔ရပါတယ္။

    ၾကက္သြန္ျဖဴကို သြားနာေနတဲ့ေနရာနားမွာ ကိုက္၀ါးတာျဖစ္ျဖစ္ နာေနတဲ့သြားရဲ႕ အေနာက္ဘက္နားမွာ ထည့္ထားတာျဖစ္ျဖစ္ လုပ္ေဆာင္လုိ႔ရပါတယ္။

    မ်က္ႏွာကို သန္႔ရွင္းေရးလုပ္ႏိုင္

    မ်က္ႏွာသစ္ေဆးေတြ ဆပ္ျပာေတြမွာ ဓာတုပစၥည္းေတြပါ၀င္တာေၾကာင့္ အသားအေရ ပ်က္စီးတာ ေျခာက္ေသြ႔တာေတြ ျဖစ္ႏိုင္ပါတယ္။

    ၾကက္သြန္ျဖဴမွာေတာ့ Allicin ဓာတ္ပါ၀င္တာေၾကာင့္ အဲဒီဓာတ္က ဘက္တီးရီးယား၊ ဗားရက္စ္ နဲ႔ မိႈေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

    အဲ့ဒီဓာတ္က မ်က္ႏွာေပၚက ၀က္ၿခံေတြ နဲ႔တျခား အေရျပားေရာဂါေတြကိုလည္း သန္႔ရွင္းေပးပါတယ္။

    ၾကက္သြန္ျဖဴကို ပါးပါးလွီးၿပီး မ်က္ႏွာကို ပြတ္ေပးကာ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်ေပးပါ။

    ၿပီးရင္ အသားအေရ အစိုဓာတ္ရေအာင္ Moisturizer တစ္ခုခု လိမ္းေပးပါ။

    ေျခေထာက္မွာ မႈိကပ္တာေတြ ဖယ္ရွားဖို႔

    အားကစားသမားေတြနဲ႔ Shoe ဖိနပ္စီးတာမ်ားတဲ့ သူေတြရဲ႕ ေျခေထာက္မွာ အနံ႔ဆုိးေတြ၊ မိႈကပ္တာေတြ ျဖစ္တတ္ပါတယ္။

    အဲ့ဒါေတြကို ေပ်ာက္ကင္းႏိုင္ဖို႔ ၾကက္သြန္ျဖဴမ်ားကို ပါးပါးလွီးၿပီး ေရေႏြးထဲထည့္ကာ စိမ္ေပးပါ။

    ဒါမွမဟုတ္ရင္ သံလြင္ဆီကို ၾကက္သြန္ျဖဴနဲ႔ ေရာၿပီး မႈိရွိေနတဲ့ေနရာေတြကို ဂြမ္းနဲ႔သုတ္ေပးပါ။

    ပိုးမႊားေတြကို ဖယ္ရွားဖို႔

    ကိုယ့္အိမ္မွာ စိုက္ထားတဲ့ ပန္းပင္ေတြ၊ အသီးအရြက္ပင္ေတြမွာ ပိုးမႊားက်ေနရင္လည္း ၾကက္သြန္ျဖဴ၊ ေရေႏြးနဲ႔ ဆပ္ျပာတုိ႔ကို စပ္ၿပီး ေရျဖန္းတဲ့ ဗူး (spray bottle) ထဲထည့္ၿပီး ျဖန္းေပးပါ။

    ဒါဆိုရင္ ပိုးမႊားေတြကို အလြယ္တကူ ဖယ္ရွားႏိုင္မွာျဖစ္ပါတယ္။

    ဖ်ားနာေနရင္

    ဖ်ားနာေနရင္လည္း ၾကက္သြန္ျဖဴကို အစိမ္းစားသင့္ပါတယ္။

    ဒါဆုိရင္ ကိုယ္ခံအားနစ္ကို ပိုေကာင္းေစၿပီး အဖ်ားေပ်ာက္ေစပါတယ္။

    Credit: myfoodmyanmar

  • ေဆာင္းရာသီမွာ ႏႈတ္ခမ္းသား ေျခာက္ေသြ႕အက္ကြဲျခင္းအတြက္ နည္းလမ္းေကာင္း ၅ ခု

    (Zawgyi)

    ေဆာင္းရာသီမွာ ႏႈတ္ခမ္းသား ေျခာက္ေသြ႕အက္ကြဲျခင္းအတြက္ နည္းလမ္းေကာင္း ၅ ခု

    ေဆာင္းရာသီမွာ အမ်ားဆုံးျဖစ္တတ္တဲ့ အေရျပားဆိုင္ရာ ျပႆနာေတြထဲမွာ ႏႈတ္ခမ္းသား ေျခာက္ေသြ႕ အက္ကြဲတာကလည္း စိတ္အေႏွာင့္အယွက္ ျဖစ္စရာ တခုပဲ ျဖစ္ပါတယ္။ ႏႈတ္ခမ္းသားေတြ ေျခာက္ေသြ႕အက္ကြဲလို႔ ႀကံရာမရ ျဖစ္ေနတဲ့ ပ်ိဳေမေတြအတြက္ အခု ေဖာ္ျပေပးမယ့္ နည္းလမ္းေတြက အသုံးတည့္ေစမွာပါ။

    (၁) သခြားသီး

    မ်က္ႏွာေပါင္းတင္တဲ့အခါ အသုံးျပဳၾကတဲ့ သခြားသီးစိတ္ေလးေတြကို ႏႈတ္ခမ္းသား ေျခာက္ေသြ႕အက္ကြဲတဲ့ အခါမ်ိဳးမွာ အသုံးျပဳနိုင္ပါတယ္။ ႏႈတ္ခမ္းေပၚမွာ သခြားသီးစိတ္ေလးေတြ ကပ္ထားေပး႐ုံနဲ႕ ေရဓာတ္ကို ျပန္လည္ ျဖည့္တင္းေပးၿပီး စိုျပည္ေခ်ာေမြ႕ေစမွာ ျဖစ္ပါတယ္။

    (၂) အုန္းဆီ

    အိမ္တိုင္းအိမ္တိုင္းမွာ အလြယ္တကူ ရွိၾကတဲ့ အုန္းဆီဟာဆိုရင္လည္း ႏႈတ္ခမ္းသားေျခာက္ေသြ႕ အက္ကြဲျခင္းေတြအတြက္ အေကာင္းဆုံး သဘာဝပစၥည္းတမ်ိဳးပဲ ျဖစ္ပါတယ္။ ညအိပ္ရာဝင္တိုင္း အုန္းဆီကို ႏႈတ္ခမ္းေပၚမွာ သုတ္လိမ္းေပးျခင္း အားျဖင့္ ႏႈတ္ခမ္းသားေျခာက္ေသြ႕အက္ကြဲျခင္းကို သက္သာေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။

    (၃) ပ်ားရည္နဲ႔ သၾကား

    ႏႈတ္ခမ္းသားေပၚက ေျခာက္ေသြ႕ေနတဲ့ အေရျပားအလႊာေလးကို ဖယ္ရွားေပးဖို႔အတြက္ ဒီနည္းလမ္းကလည္း အသုံးတည့္ေစပါတယ္။ ပ်ားရည္ အနည္းငယ္နဲ႕ သၾကား အနည္းငယ္တို႔ကို ေရာစပ္ကာ ႏႈတ္ခမ္းသားေပၚကို ဖြဖြေလး ပြတ္တိုက္ေပးျခင္းအားျဖင့္ ႏႈတ္ခမ္းသားကို ျပန္လည္ စိုျပည္ေစမွာပါ။

    (၄) သံလြင္ဆီ

    သံလြင္ဆီဟာဆိုရင္လည္း သဘာဝအစိုဓာတ္ ျဖည့္ဆီတမ်ိဳး ျဖစ္တာေၾကာင့္ ႏႈတ္ခမ္းသားေျခာက္ေသြ႕အက္ကြဲတဲ့အခါ သုတ္လိမ္းေပး႐ုံနဲ႕ သက္သာေစပါတယ္။

    (၅) Tea Bags

    လက္ဖက္ရည္ၾကမ္း ေသာက္ၿပီးတဲ့အခါ က်န္ခဲ့တဲ့ လက္ဖက္ေျခာက္ထုပ္ (Tea bags) ေလးေတြကို ေျခာက္ေသြ႕ အက္ကြဲေနတဲ့ ႏႈတ္ခမ္းသားေပၚ ကပ္ေပးျခင္းအားျဖင့္လည္း ႏႈတ္ခမ္း အစိုဓာတ္ကို ျပန္လည္ ရရွိေစပါတယ္။

    By ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    ဆောင်းရာသီမှာ နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲခြင်းအတွက် နည်းလမ်းကောင်း ၅ ခု

    ဆောင်းရာသီမှာ အများဆုံးဖြစ်တတ်တဲ့ အရေပြားဆိုင်ရာ ပြဿနာတွေထဲမှာ နှုတ်ခမ်းသား ခြောက်သွေ့ အက်ကွဲတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ တခုပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲလို့ ကြံရာမရ ဖြစ်နေတဲ့ ပျိုမေတွေအတွက် အခု ဖော်ပြပေးမယ့် နည်းလမ်းတွေက အသုံးတည့်စေမှာပါ။

    (၁) သခွားသီး

    မျက်နှာပေါင်းတင်တဲ့အခါ အသုံးပြုကြတဲ့ သခွားသီးစိတ်လေးတွေကို နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတဲ့ အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ နှုတ်ခမ်းပေါ်မှာ သခွားသီးစိတ်လေးတွေ ကပ်ထားပေးရုံနဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပြီး စိုပြည်ချောမွေ့စေမှာ ဖြစ်ပါတယ်။

    (၂) အုန်းဆီ

    အိမ်တိုင်းအိမ်တိုင်းမှာ အလွယ်တကူ ရှိကြတဲ့ အုန်းဆီဟာဆိုရင်လည်း နှုတ်ခမ်းသားခြောက်သွေ့ အက်ကွဲခြင်းတွေအတွက် အကောင်းဆုံး သဘာဝပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ ညအိပ်ရာဝင်တိုင်း အုန်းဆီကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးခြင်း အားဖြင့် နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲခြင်းကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

    (၃) ပျားရည်နဲ့ သကြား

    နှုတ်ခမ်းသားပေါ်က ခြောက်သွေ့နေတဲ့ အရေပြားအလွှာလေးကို ဖယ်ရှားပေးဖို့အတွက် ဒီနည်းလမ်းကလည်း အသုံးတည့်စေပါတယ်။ ပျားရည် အနည်းငယ်နဲ့ သကြား အနည်းငယ်တို့ကို ရောစပ်ကာ နှုတ်ခမ်းသားပေါ်ကို ဖွဖွလေး ပွတ်တိုက်ပေးခြင်းအားဖြင့် နှုတ်ခမ်းသားကို ပြန်လည် စိုပြည်စေမှာပါ။

    (၄) သံလွင်ဆီ

    သံလွင်ဆီဟာဆိုရင်လည်း သဘာဝအစိုဓာတ် ဖြည့်ဆီတမျိုး ဖြစ်တာကြောင့် နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲတဲ့အခါ သုတ်လိမ်းပေးရုံနဲ့ သက်သာစေပါတယ်။

    (၅) Tea Bags

    လက်ဖက်ရည်ကြမ်း သောက်ပြီးတဲ့အခါ ကျန်ခဲ့တဲ့ လက်ဖက်ခြောက်ထုပ် (Tea bags) လေးတွေကို ခြောက်သွေ့ အက်ကွဲနေတဲ့ နှုတ်ခမ်းသားပေါ် ကပ်ပေးခြင်းအားဖြင့်လည်း နှုတ်ခမ်း အစိုဓာတ်ကို ပြန်လည် ရရှိစေပါတယ်။

    By ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

  • ဘူးသီး၏ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

    ဘူးသီး၏ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

    ျမန္မာဘူးသီးဟာ ေနရာအႏွံမွာ ျဖစ္ထြန္းသလို က်န္းမာေရးအတြက္လည္း အင္မတန္မွ အသုံးဝင္လွပါတယ္။ ဘူးသီးမွာ ဗီတာမင္စီ| မဂၢနီဆီယမ္|ဇင့္| သံဓာတ္ ႏွင့္ သိုင္ယာမင္ တို ့ပါဝင္တ့ဲအတြက္က်န္းမာေရးကိုေကာင္းမြန္ေစပါတယ္။ ေသြးတြင္းသၾကားဓာတ္ကို က်ဆင္းေစပါတယ္။ ဘူးသီးဟာ ပပ္တိုက္နွင့္ အယ္လ္ကာလြိဳက္ဓာတ္ ပါဝင္ေသာေၾကာင့္ ေသြးတြင္း သၾကားဓာတ္မ်ားကို က်ဆင္းေစေသာေၾကာင့္ ဆီးခ်ိဳေဝဒနာရွင္မ်ားအတြက္ အသင့္အတင့္ စားေပးနိုင္ပါသည္။

    မ်က္စိအျမင္အာရံုကို ေကာင္းမြန္ေစပါတယ္။  ဘီတာကယ္ရိုတင္းဓာတ္ဟာ ဘူးသီးမွာ မ်ားစြာပါဝင္တ့ဲအတြက္ အျမင္အာရံုကို ေကာင္းမြန္ေစပါတယ္။ ေသြးကိုလည္း သန္႔စင္ေစေသာေၾကာင့္ ေရာဂါမ်ားကို တိုက္ထုတ္ေပးနိုင္ပါတယ္။ ဒါအျပင္ ဘူးသီးဟာ အစာအိမ္ေရာဂါ၊ အစာအိမ္ အူလမ္းေၾကာင္း ပိုးဝင္တာႏွင့္ လိပ္ေခါင္းေရာဂါမ်ားကိုလည္း သက္သာေစပါတယ္။

    ဆံပင္ျဖဴတာကိုလည္းကာကြယ္ေစပါတယ္။ ဘူးသီးမွာပါတ့ဲ သတၲဳရည္ဟာ ဆံပင္ျဖဴတာကို ကာကြယ္ေပးပါတယ္။ အသားဝါတာကိုလည္း သက္သာေစပါတယ္။ ဘူးရြက္မွာပါတ့ဲ သတၲဳရည္ဟာ အသားဝါတာကိုလည္း သက္သာေစပါတယ္။ ဒါျပင္ အသားရည္ကိုစိုေျပဝင္းပေအာင္ ထိန္းသိမ္းေပးပါတယ္။

    အစာမေၾကတ့ဲ ေဝဒနာကို ေလ်ာ့ေစပါတယ္။ ဘူးသီးမွာ အယ္လ္ကာလြဳိက္ ဓာတ္ပါဝင္တာေၾကာင့္ အက္ဆစ္ဓာတ္ လြန္က့ဲမွဳ| အစာမေၾကျခင္းႏွင့္ အစာအိမ္အနာတို႔ကို သက္သာေစပါတယ္။ ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစပါတယ္။ ဘူးသီးမွာ ေရဓာတ္ဟာ ၉၆% ပါဝင္ေသာေၾကာင့္ ဘးူသီးမ်ား ၁၀၀ ဂရမ္စားပါက ၁၂ ကယ္လိုရီ ႐ရွိပါတယ္။  ဒါေၾကာင့္ ဘူးသီးမ်ားမ်ားစားပါက ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစပါတယ္။

    အသည္းလုပ္ငန္းေဆာင္တာမ်ားကို ေကာင္းမြန္ေစပါတယ္။ ဘူးသီးမွာ အမ်ွင္ဓာတ္| ေရဓာတ္| ဗီတာမင္စီ| ဇင္ ့(သြပ္ )| ရိုင္ဘိုဖေလဗင္|သိုင္ယာမင္|မဂၢနီဆီယမ္ ႏွင့္ သံဓာတ္တို ့ပါဝင္မွဳမ်ားပါတယ္။ ဒါေၾကာင့္ အသည္းကို ေကာင္းမြန္ေစပါတယ္။ အသည္းကို ျပန္လည္အားျဖည့္ သန္႔စင္ေစတဲ့အျပင္ အက္လ္ကိုေဟာေၾကာင့္ ထိခိုက္မွဳကို ကာကြယ္ေပးတာကိုလည္း လုပ္ေဆာင္ေပးပါသည္။

    ပင္ပန္းႏြမ္းနယ္ ေညာင္းညားမွဳကို သက္သာေစပါသည္။ ဘူးသီးကို စားျခင္းေၾကာင့္ ပင္ပန္း နြမ္းနယ္ ေညာင္းညားမွဳကို ေလ်ာ့က်ေစျပီး လန္းဆန္းေစပါတယ္။ ဒါ့ျပင္ ဝမ္းကိုလည္း မွန္ေစပါသည္။ စိတ္စြဲလန္ျခင္းကိုလည္း သက္သာေစပါတယ္။ ဘူးသီးမွာပါတ့ဲ နာ့ဗ္ေၾကာေတြကို အားေကာင္းေစတ့ဲအတြက္ အလုပ္တစ္ခုကို ထပ္ခါထပ္ခါ လုပ္တတ္တ့ဲ စိတ္စြဲလန္းျခင္းကိုေလ်ာ့က်ေစပါတယ္။ ဒါ့အျပင္ ဘူးသီးဟာေသြးတိုးကိုက်ေစတ့ဲ အစြမ္းနဲ႔ ႏွလုံးေရာဂါကိုပါ သက္သာေစတ့ဲ အစြမ္းရွိပါေသးတယ္။
    M . A = Aung Win Hlaing

  • ကေလးေတြဖ်ားတဲ့အခါ

    “ကေလးေတြဖ်ားတဲ့အခါ”

    ====================
    ====================

    ရာသီအေျပာင္းမွာ ကေလးငယ္ေတြ ဖ်ားနာတတ္ပါတယ္။ဒီအခါမွာေတာ့ မိဘေတြက စိတ္ပူပန္ပင္ပန္းရတာမ်ိဳးျဖစ္လာပါၿပီ။ဒါေၾကာင့္ အခုတစ္ပတ္မွာ Popularnews ပရိတ္မ်ားအတြက္ မိမိတို႔ရဲ႕ရင္ေသြးငယ္ေတြ ဖ်ားနာတာမ်ိဳးျဖစ္လာရင္ ေတြ႔ရတဲ့ လကၡဏာအခ်ိဳ႕နဲ႔ ဂရုစိုက္သင့္တဲ့အခ်က္အခ်ိဳ႕ကို ေရးသားတင္ျပေပးလိုက္ပါတယ္။

    မိဘအမ်ားစုက မိမိကေလးဖ်ားေနရင္ သာမန္အထိအေတြ႕နဲ႔တင္ ေကာင္းေကာင္းသိပါတယ္။ကိုယ္အပူခ်ိန္ကိုတိတိက်က်တိုင္းခ်င္ရင္ေတာ့ သာမိုမီတာမ်ားကိုသံုးႏိုင္ပါတယ္ေနာ္။ေဆးဆိုင္ေတြမွာဝယ္ယူႏိုင္ၿပီးေစ်းလည္းမႀကီးတာေၾကာင့္ မိဘေတြအေနနဲ႔ ေဆာင္ထားသင့္ပါတယ္ရွင့္။

    ကေလးကိုယ္အပူခ်ိန္ဟာ ေအာက္ပါထက္ ေက်ာ္လြန္ေနရင္ ဖ်ားတယ္လို႔ သတ္မွတ္ႏိုင္ပါတယ္။
    ပါးစပ္တြင္း အပူခ်ိန္ 100’F (38°C) နဲ႔ခ်ိဳင္းေအာက္ အပူခ်ိန္ 99’F (37°C)ဆိုရင္ အဖ်ားရွိတယ္လို႔ သတ္မွတ္ႏိုင္ပါတယ္။

    အဖ်ားႀကီးေလ ပိုးျပင္းထန္ေလ ေရာဂါဆိုးေလလို႔လဲ ေျပာလို႔မရပါဘူး။ အခ်ိဳ႕ေသာ အႏၲရာယ္မရွိတဲ့ ဗိုင္းရပ္ေၾကာင့္ ဖ်ားတဲ့ အဖ်ားေရာဂါေတြမွာ ကိုယ္အပူခ်ိန္ဟာ ၁၀၃-၁၀၄ ဖါရင္ဟိုက္ထိ တက္တတ္ပါတယ္ေနာ္။

    အဖ်ားအတက္အက်နဲ႔ လိုက္ၿပီး ခ်မ္းတုန္တဲ့ ခံစားမႈ ရွိတတ္ပါတယ္။ အဖ်ားသိပ္တက္ရင္ လက္ဖ်ား ေျခဖ်ား ေတြေအးစက္ေနတတ္ပါတယ္။ ဒါကို ေၾကာက္စရာမလိုပါဘူး။ ဆရာဝန္ေတြေျပာေလ့ရွိတဲ့ ေျခလက္ေအးရင္ မေကာင္းဘူးဆိုတာက လက္ေမာင္း ေျခသလံုး စသည္တို႔ အထူးသျဖင့္ မဖ်ားပဲ ေအးစက္သြားတာကို ဆိုလိုတာပါ။

    ဖ်ားေနတဲ့ ကေလးဟာ အသက္႐ွဳ နည္းနည္းျမန္တတ္ပါတယ္။ ႏွလံုးခုန္နည္းနည္း ျမန္တတ္ပါတယ္။ ဒါကလဲ ကိုယ္ခႏၶာရဲ႕ သဘာဝ တံု႔ျပန္မႈေတြပါပဲ။ အဖ်ားက်သြားတာေတာင္ ဆက္ျမန္ရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ပါ။

    အဖ်ားရွိေနတဲ့ကေလးေတြဟာ ေခါင္းကိုက္ျခင္း၊ ေျခလက္ကိုက္ျခင္း၊ အစားပ်က္ျခင္း၊ သာမန္ထက္ပို ဂ်ီက်ျခင္း စသည္တို႔လဲ ျဖစ္တတ္ပါတယ္။

    ဘယ္ႏွစ္ရက္ဖ်ားေနသလဲဆိုတာဟာလဲအေရးႀကီးပါတယ္။ အသက္တစ္ႏွစ္အထက္ကေလးေတြဟာ သာမန္ ဗိုင္းရပ္ပိုးေတြေၾကာင့္ (၂) ရက္ (၃) ရက္ဖ်ားႏိုင္ပါတယ္။

    အသက္တစ္ႏွစ္ေအာက္ အထူးသျဖင့္ (၃)လေအာက္ဆိုရင္ေတာ့ ဖ်ားရံုနဲ႔ ဆရာဝန္ျပသင့္ပါတယ္။

    (၃) လ နဲ႔ (၁) ႏွစ္ၾကားမွာေတာ့ ဖ်ားေပမဲ့ လန္းတယ္ ေဆာ့တယ္ ႏို႔စို႔တယ္ အေရမ်ားမ်ားဝင္တယ္ ဆိုရင္ တျခားလကၡဏာေတြလဲ မရွိရင္ (၁) ရက္ေလာက္ေစာင့္ၾကည့္ပါ။

    ယဥ္သူဇာလြင္(Diploma in Nutrition ( Shaw Academy ) , Advanced Diploma in Child Nutrition Specialist )

    ==========

    Popular News Journal

  • သခြားသီးရဲ႕ ေကာင္းက်ိဳးအေထြေထြ

    ** သခြားသီးရဲ႕ ေကာင္းက်ိဳးအေထြေထြ **

    ====================
    ====================

    သခြားသီးဟာ အစာအိမ္ရဲ႕ အက္ဆစ္ဓာတ္ကို ေလွ်ာ့ခ်ေပးတာကစလို႔ အသားအေရကို ညီညာေခ်ာ့ေမြ႕ေစသည္အထိ ေကာင္းက်ိဳးမ်ား ေပးႏိုင္ပါတယ္။

    ၁။ အသားအေရအတြက္ ေကာင္းက်ိဳး

    သခြားသီးမွာ ႂကြက္သား၊ အ႐ြတ္၊ အ႐ိုးနဲ႔ အ႐ိုးႏုေတြ က်န္းမာၾကံ့ခိုင္ေစဖို႔အတြက္ လိုအပ္တဲ့ ဆီလီကာဓာတ္ ႂကြယ္ဝစြာ ါဝင္ပါတယ္။ ဒီလို ဆီလီကာဓာတ္ ပါဝင္တဲ့အတြက္ ဝင္းပစိုေျပတဲ့ အသားအေရ လုိခ်င္သူေတြကို သခြားသီးေဖ်ာ္ရည္ေသာက္ဖို႔ ဆရာဝန္မ်ားက ေထာက္ခံခ်က္ေပးၾကပါတယ္။ ဒါ့အျပင္ သခြားသီးမွာ ေရဓာတ္ျပည့္ဝစြာ ပါဝင္တဲ့အတြက္ သဘာဝအတိုင္း အစိုဓာတ္ျပည့္ဝလွပတဲ့ အသားအေရကို ရရွိေစႏိုင္မွာ ျဖစ္ပါတယ္။ ေနေလာင္တာ၊ မ်က္လံုးအိတ္ ေဖာင္းတာေတြကို သက္သာေစဖို႔ သခြားသိီးအႏွစ္ကို မ်က္ႏွာေပၚ လိမ္းတတ္ၾကပါေသးတယ္။ သခြားသီးမွာ ပါဝင္တဲ့ ascorbic နဲ႔ caffeic acid ဆိုတဲ့ ဓာတ္ ၂ မ်ိဳးဟာ ခႏၶာကိုယ္ ေရဓာတ္ဆံုး႐ႈံးမႈကို ကာကြယ္ေပးႏိုင္တဲ့ အဓိကဓာတ္ႏွစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒီလို အက်ိဳးေက်းဇူးေတြ မ်ားတဲ့အတြက္ သခြားသီးဟာ အသားအေရအတြက္ မရွိမျဖစ္ ပစၥည္းတစ္မ်ိဳး ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သခြားသီးဟာ က်န္းမာသန္စြမ္းတဲ့ ဆံေကသာကို ရရွိေစႏိုင္ၿပီး ႂကြပ္ေပြး၊ ႏွင္းခူနဲ႔ ဝက္ၿခံေတြကိုပါ သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

    ၂။ ေသြးေပါင္ က်ေစႏိုင္ပါတယ္။

    အစားအေသာက္ျဖင့္ ေသြးတိုးေရာဂါ ကာကြယ္ေရးအဖြဲ႕အစည္းရဲ႕ ေလ့လာစမ္းသပ္မႈအရ မဂၢနီဆီယမ္ဓာတ္၊ ပိုတက္ဆီယမ္ဓာတ္နဲ႔ အမွ်င္ဓာတ္ႂကြယ္ဝတဲ့ အစားအစာ စားသံုးသူေတြမွာ ေသြးေပါင္ခ်ိန္ ပံုမွန္ထက္ ေလ်ာ့နည္းေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ သခြားသီးဟာ ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးတဲ့အျပင္ ႂကြက္သား၊ အ႐ြတ္၊ အ႐ိုးအဆစ္အျမစ္ေတြကိုပါ ႀကံ့ခိုင္ေစႏိုင္ပါတယ္။

    ၃။ ဆီးခ်ိဳ က်ေစႏိုင္ပါတယ္။

    ဆီးခ်ိဳေဝဒနာရွင္ေတြဟာ သခြားသီးကို ဓာတ္စာအျဖစ္ စားသံုးလာၾကတာ ႏွစ္ေပါင္းမ်ားစြာ ရွိပါၿပီ။ မုန္႔ခ်ိဳအိတ္မွာရွိတဲ့ ဘီတာဆဲလ္ေတြဟာ ေသြးတြင္းသၾကားဓာတ္ကို ထိန္ညႇိေပးတဲ့ အင္ဆူလင္ဓာတ္ကို ထုတ္လုပ္ေပးပါတယ္။ ဒီလိုထုတ္လုပ္ေပးႏိုင္ဖို႔ လိုအပ္တဲ့ ေဟာ္မုန္းဓာတ္ေတြ သခြားသီးမွာ ပါဝင္ပါတယ္။ ဒါ့အျပင္ အစားအစာေတြမွာ ပါဝင္တဲ့ ကစီဓာတ္နဲ႔ သူတို႔ရဲ႕ ခႏၶာကိုယ္ေပၚ အက်ိဳးသက္ေရာက္မႈေတြကို အခ်ိဳဓာတ္စံႏႈန္းနဲ႔ သက္မွတ္ၾကပါတယ္။ သခြားသီးမွာ ပါဝင္တဲ့ အခ်ိဳဓာတ္စံႏႈန္းဟာ ” 0 ” ပဲ ရွိပါတယ္။ ကစီဓာတ္ဟာ ေသြးတြင္းအခ်ိဳဓာတ္ကို တက္ေစႏိုင္တတ္ေပမယ့္ သခြားသီးမွာ ပါဝင္တဲ့ ကစီဓာတ္ဟာ ဆီးခ်ိဳေရာဂါသည္ေတြအတြက္ အလြယ္တကူ ေခ်ဖ်က္ႏိုင္တဲ့အတြက္ ဆီးခ်ိဳကို မတက္ေစႏိုင္ပါဘူး။ ဒါေၾကာင့္ အခုေခတ္မွာ ဆီးခ်ိဳအတြက္ သခြားသီးျဖည့္စြက္စာအျဖစ္ ပင္လယ္သခြားသီးအမႈန္႔ ေဆးလံုးေလးေတြကို ေဈးကြက္ထဲမွာ ေရာင္းခ်လာၾကပါတယ္။

    ၄။ က်န္းမာေရးကို အထူးေကာင္းမြန္ေစႏိုင္ပါတယ္။

    သခြားသီးဟာ ခႏၶာကိုယ္မွာ စုပံုလာတဲ့ အဆိပ္အေတာက္၊ အညစ္အေၾကးေတြကို ေဖ်ာက္ဖ်က္ေပးႏိုင္တဲ့ အစြမ္းထက္ သန္႔စင္ေဆးတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေက်ာက္ကပ္၊ ဆီးအိမ္၊ အသည္းနဲ႔ မုန္႔ခ်ိဳအိတ္တို႔ကို အက်ိဳးျပဳပါတယ္။ သခြားသီးနဲ႔ မုန္လာဥနီကို ေဖ်ာ္ရည္လုပ္ေသာက္ျခင္းျဖင့္ ခႏၶာကိုယ္ရွိ ပိုလွ်ံေနတဲ့ ဆီးဆိပ္ဓာတ္ Uric acid ကို ေလွ်ာ႔ခ်ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ပံုမွန္ေသာက္သံုးေပးပါက ေဂါက္ေရာဂါနဲ႔ ႏွင္းခူေရာဂါတို႔ကို ေပ်ာက္ကင္းေစႏိုင္တယ္လို႔ သိရပါတယ္။ အကယ္၍ အဆုတ္နဲ႔ အစာအိမ္ ေရာဂါတစ္စံုတစ္ရာရွိပါက သခြားသီးကို ပံုမွန္စားသံုးေပးသင့္ပါတယ္။ ဒါ့အျပင္ ႂကြက္သားေတြကို ေပ်ာ့ေပ်ာင္းေစႏိုင္ၿပီး သခြားသီးမွာ ပါဝင္တဲ့ မဂၢနီဆီယမ္ဓာတ္က ေသြးလည္ပတ္မႈေကာင္းေစကာ အာ႐ံုေၾကာကို ေျပေလ်ာ့ေစႏိုင္ပါတယ္။ သခြားသးီမွာ သတၱဳဓာတ္ေတြ ျပည့္ဝတဲ့အတြက္ ေျခသည္း၊ လက္သည္း ကြာျခင္းကို ကာကြယ္ေပးႏိုင္ပါေသးတယ္။ ေနာက္ထပ္ ဓာတ္တိုးဆန္႔က်င္ပစၥည္း antioxidants ေတြလည္း ပါဝင္ေသးတဲ့အတြက္ အကင္ေတြ၊ အေၾကာ္ေတြနဲ႔ တြဲဖက္စားသံုးသင့္ပါတယ္။

    >> အျခားအက်ိဳးမ်ား

    သခြားသီးဟာ အယ္ကာလီဓာတ္ ျမင့္မားတဲ့အတြက္ ခႏၶာကိုယ္ရဲ႕ PH ဓာတ္ကို ထိန္းညႇိေပးၿပီး အက္ဆစ္ဓာတ္ကို ေလ်ာ့နည္းေစႏိုင္ပါတယ္။ ဒါေၾကာင့္ အစာအိမ္သမားေတြဟာ သခြားသီးကို ရံဖန္ရံခါ စားသံုးေပးသင့္ပါတယ္။

    Dr. Mya Phoo Ngon

    ==========

    DrMyanmar

  • ဆြမ္းကပ္ရာမွာ လူတိုင္း သိထားသင့္တဲ့ သိမွတ္စရာမ်ား

    (Zawgyi)

    ဆြမ္းကပ္ရာမွာ လူတိုင္း သိထားသင့္တဲ့ သိမွတ္စရာမ်ား

    ၿမိဳ႕႐ြာထဲကို ဆြမ္းဘုဥ္းေပးႂကြတဲ့အခါတိုင္း “သံဃာေတြကို ကပ္ထားတဲ့စားပြဲကို သြားမကိုင္နဲ႔-မထိနဲ႔” လို႔ ဒကာ-ဒကာမေတြက တျခားသူေတြကို တားျမစ္တဲ့စကားကို အၿမဲလိုလို ၾကားရပါတယ္။ သံဃာေတာ္ေတြကို ဆက္ကပ္ထားတဲ့စားပြဲကို ထိမိရင္ အကပ္ခံပ်က္သြားတယ္လို႔ ထင္လို႔ ေျပာေနတဲ့စကားပါ။ သံဃာေတာ္ေတြကို ဆြမ္းကပ္တဲ့အခါမွာ ဆြမ္း၊ ဆြမ္းဟင္းပုဂံ၊ စားပြဲနဲ႔ အျခားအကပ္ခံထားတဲ့ ပစၥည္းေတြကို ဒကာ၊ ဒကာမေတြက မထိရဘူး၊ သြားထိလို႔ရွိရင္ ကပ္ထားတာပ်က္လို႔ သံဃာေတာ္ေတြက မဘုဥ္းေပး မသုံးေဆာင္ေကာင္းဘူးလို႔ အထင္ရွိေနၾကပါတယ္။

    တခ်ိဳ႕ဆိုရင္ ဆြမ္းဟင္းလိုက္ရင္ေတာင္ အကပ္ခံပ်က္သြားတယ္ထင္ၿပီး ထပ္ခါထပ္ခါ ကပ္တာေတာင္ ႀကဳံဖူးပါတယ္။တကယ္ေတာ့ ဒကာ၊ ဒကာမေတြက သံဃာေတာ္ေတြကို ဆက္ကပ္ထားတဲ့ ပစၥည္းဝတၳဳအစုစုဟာ တစ္ေယာက္ေယာက္က ထိ႐ုံ၊ ကိုင္တြယ္႐ုံနဲ႔ ကပ္ထားတဲ့အာနိသင္ ပ်က္မသြားပါဘူး။ သံဃာေတာ္ေတြကို ပစၥည္းဝတၳဳ အစုစုဆက္ကပ္တဲ့အခါမွာ “အကပ္ခံေျမာက္တဲ့အဂၤါ နဲ႔ အကပ္ခံပ်က္တဲ့ အဂၤါေတြ အသီးသီးရွိၾကပါတယ္” အကပ္ခံေျမာက္တဲ့ အဂၤါက (၅)ပါးရွိၿပီး၊ အကပ္ခံပ်က္တဲ့ အဂၤါက (၆)ပါးရွိပါတယ္။ ရဟန္းေတာ္မ်ားဟာ မိမိပိုင္ ပစၥည္းကို ျဖစ္ေစ၊ သူတစ္ပါးပိုင္ ပစၥည္းကို ျဖစ္ေစ လူ, သာမေဏ, တိရစာၦန္ တစ္ဦးဦးက ဆက္ကပ္မွသာ ဘုဥ္းေပးသုံးေဆာင္ ေကာင္းပါတယ္။ အကပ္မခံဘဲနဲ႔ကိုယ္ပိုင္ပစၥည္းေကာ တပါးသူပိုင္ပစၥည္းပါ မသုံးေဆာင္ေကာင္းပါဘူး။ ေရနဲ႔ဒန္ပူ အခုေခတ္အေခၚ သြားတိုက္တံ(၂)ခုသာ ခြၽင္းခ်က္အေနနဲ႔ အကပ္မခံဘဲ သုံးေဆာင္မွီဝဲေကာင္းပါတယ္။ တျခားအရာေတြကေတာ့ အကပ္ခံၿပီးမွသာ သုံးေဆာင္ေကာင္းပါတယ္။ ရွင္သာမေဏမ်ား အေနနဲ႔ကေတာ့ ဘယ္ဝတၳဳပစၥည္းမဆို အကပ္ခံစရာ မလိုအပ္ဘဲ ဘုဥ္းေပးႏိုင္ သုံးေဆာင္ႏိုင္ပါတယ္။ ဗုဒၶဘာသာဝင္ ဒကာ၊ ဒကာမမ်ားအေနနဲ႔ အကပ္ခံေျမာက္တဲ့အဂၤါနဲ႔ အကပ္ခံပ်က္တဲ့အဂၤါေတြကို မျဖစ္မေန သိထားသင့္ပါတယ္။ အကပ္ခံေျမာက္တဲ့အဂၤါက (၅)ပါးရွိပါတယ္-

    (၁) ကပ္မည့္ ကပၸိယကာရက ဒကာ၊ ဒကာမသည္ သံဃာေတာ္ကို ကပ္လႈမည့္ ပစၥည္းဝတၳဳကို ဦးစြာေရွးရႈ ယူေဆာင္၍ လာရပါမယ္။ ၿပီးလွ်င္ ကပ္လႈမည့္ပစၥည္းကို လက္ျဖင့္ ေရွ႕တိုးေပးကာ ဆက္ကပ္လႈဒါန္းရမွာ ျဖစ္ပါတယ္။ ဦးေခါင္း စသည္ျဖင့္ ႐ြက္ထားေသာ လႉဖြယ္ကို လႉဒါန္းလိုက ဦးေခါင္း အနည္းငယ္ ေစာင္းေပး၍ ဆက္ကပ္လႉဒါန္းရပါမယ္။

    (၂) အလႉခံ သံဃာေတာ္ႏွင့္ လႉဒါန္းဆက္ကပ္သည့္ ဒကာ၊ ဒကာမဟာ အကြာအေဝးအားျဖင့္ ႏွစ္ေတာင္တစ္ထြ ာဟတၱဘသ္ (၄၅-လက္မ) အတြင္း ရွိရပါမယ္။

    (၃) သာမာန္ အင္အားရွိသူ တစ္ေယာက္ ေျမႇာက္ခ်ီမ,ႏိုင္ေသာ ဝတၳဳပစၥည္း ျဖစ္ရပါမယ္။ စားပြဲခုံ အႀကီးႀကီးမ်ားျဖင့္ ဆက္ကပ္ရာမွာ အလြန္ေလးလံ၍ မႂကြႏိုင္လွ်င္ ဟင္းခြက္မ်ားကို တစ္ခြက္ခ်င္း ဆက္ကပ္ရမွာ ျဖစ္ပါတယ္။ တစ္ခြက္ခ်င္း အကပ္ခံၿပီးေသာအခါ မိသားစုအားလုံး (သို႔) အဖြဲ႕ျဖင့္ ကပ္လိုပါက စားပြဲခုံႀကီးကို ညီညာစြာမ,ၿပီး ထပ္မံကပ္ႏိုင္သည္။ စားပြဲလိုက္ ဆက္ကပ္ရာမွာ စားပြဲႂကြႏိုင္လွ်င္ကား စားပြဲလိုက္မကပ္ႏိုင္ပါတယ္။

    (၄) ဆက္ကပ္သူဒကာ-ဒကာမႏွင့္ အကပ္ခံသူ သံဃာေတာ္သည္ ႏွစ္ေတာင့္တစ္ထြာ ဟတၱဘသ္အကြာအေဝးအတြင္းတည္းရွိၿပီး ၾကားတြင္ နံရံ၊ တံတိုင္းစသည္ျခားေန၍ ကိုယ္ထိလက္ေရာက္ ကပ္လႉရန္ လုံးဝမျဖစ္ႏိုင္သည့္ အေျခအေနမ်ိဳးတြင္ ပစ္ေျမႇာက္၍ ဆက္ကပ္ႏိုင္ပါတယ္။ သို႔ေသာ္ ထို႔သို႔ေသာ ကပ္လႉနည္းမ်ိဳးသည္ လုံးဝမျဖစ္သာသည့္ အခါမွသာကပ္လႉခြင့္ရွိတာ ျဖစ္ပါတယ္။

    (၅) ကိုယ္ရဲ႕အစိတ္အပိုင္း၊ လက္- စသည္ျဖင့္ ျဖစ္ေစ၊ ကိုယ္ႏွင့္ထိစပ္ေနေသာ ကိုင္ထား သည့္ ခြက္၊ တုတ္၊ ခုံ – စသည္ျဖင့္ ခံ၍၊ ထိ၍ ျဖစ္ေစ ထို(၂)မ်ိဳးတြင္ တစ္မ်ိဳးမ်ိဳးျဖင့္ အကပ္ခံေသာ ရဟန္းက ခံယူလို႔ရပါတယ္။ ႏွစ္ေတာင္တစ္ထြာအတြင္ တစုံတရာ လာကပ္ခဲ့ေသာ္ အကပ္ခံသည့္ သံဃာေတာ္အေနနဲ႔ လက္ထဲမွာ ေတာင္ေဝွး၊ ဒုတ္စသည္နဲ႔ တဆင့္ထိတို႔၍ အကပ္ခံလို႔ရပါတယ္။

    အထက္ပါ အဂၤါ(၅)ခ်က္ကေတာ့ ဆြမ္းစသည္ ဝတၳဳပစၥည္း လႉဒါန္းဆက္ကပ္တဲ့အခါမွာ ျပည့္စုံရတဲ့ အဂၤါရပ္ေတြပဲ ျဖစ္ပါတယ္။ ထိုအဂၤါရပ္ေတြနဲ႔ ျပည့္စုံမွာသာ ဆက္ကပ္တဲ့ပစၥည္းဟာ အကပ္ခံေျမာက္ၿပီး သံဃာေတာ္မ်ားအေနနဲ႔ ဘုဥ္းေပးသုံးေဆာင္ေကာင္းတာ ျဖစ္ပါတယ္။

    သံဃာေတာ္မ်ားအေနနဲ႔ အပင္ေပါက္ႏိုင္ေသာ အေစ့၊ အျမစ္၊ အဆစ္ပါေသာ သစ္သီး၊ သစ္ျမစ္မ်ားကို မဘုဥ္းေပးမသုံးေဆာင္အပ္ပါဘူး။ ကပၸိယကာရက ဒကာ၊ ဒကာမတို႔အေနနဲ႔ သံဃာေတာ္တို႔နဲ႔ အပ္စပ္ေအာင္ ကပၸိေပးရမွာျဖစ္ပါတယ္။ မ်ိဳးေစ့ ဗီဇဓါတ္ မေသတဲ့ အေစ့၊ အျမစ္၊ အဆစ္ကို ဓါးနဲ႔ျဖစ္ေစ၊ လက္သည္းနဲ႔ျဖစ္ေစ၊ မီးနဲ႔ျဖစ္ေစ ထိုးဆိတ္ေပးၿပီးမွ ကပ္ရမွာျဖစ္ပါတယ္။ အကယ္၍ ထိုးဆိတ္ၿပီး မကပၸိရေသးဘူးဆိုရင္ သံဃာေတာ္တို႔က ကပၸိယဒကာ၊ ဒကာမတို႔ကို “ကပၸိယံ ကေရာဟိ” (ရဟန္းေတာ္တို႔အား အပ္စပ္ေအာင္ ျပဳေလာ့) ဟု ဆိုၿပီးေနာက္ ကပၸိယတို႔က “ကပၸိယံ ဘေႏၲ” (အရွင္ဘုရားတို႔အား အပ္စပ္သည္ကို ျပဳပါ၏) ဟု ဆိုလွ်က္ ပါးစပ္က ဆိုတုန္းျဖစ္ေစ၊ ဆိုၿပီး ခ်က္ခ်င္းျဖစ္ေစ မီးျဖင့္ေသာ္လည္းထိုး၊ ဓားျဖင့္ေသာ္လည္းခုတ္၊ လက္သည္းျဖင့္ေသာ္လည္း ဆိတ္လိုက္ရမွာ ျဖစ္ပါတယ္။ ဓားရာ၊ လက္သည္းရာ၊ အေပါက္ရာ-အျဖစ္ ထင္ရွားျဖစ္လွ်င္ အပ္စပ္သြားၿပီ ျဖစ္ပါတယ္။

    အကပ္ခံပ်က္တာေတြ အေနနဲ႔ကေတာ့ “စြန႔္, ခ်, ေပး, လု, မစၥဳ, လိင္ျပန္, ဤေျခာက္တန္၊ ကပ္ခံပ်က္ေၾကာင္းတည္း” ဆိုတဲ့လကၤာအတိုင္း အဂၤါ(၆)ပါး ရွိပါတယ္။

    (၁) စြန႔္- ဆိုတာက အကပ္ခံထားတဲ့ ဆြမ္းစေသာ လႉဒါန္းဖြယ္ရာအျဖာျဖာတို႔ကို သံဃာေတာ္က မသုံးေဆာင္ မဘုဥ္းေပးေတာ့လို႔ အာလယျပတ္ စြန႔္လိုက္တာကို ဆိုလိုတာပါ။ ထိုသို႔စြန႔္လိုက္ၿပီဆိုရင္ သံဃာေတာ္တို႔အေနနဲ႔ သုံးေဆာင္ရန္မအပ္စပ္ေတာ့ပါဘူး။

    (၂) ခ်- ဆိုသည္မွာ ရဟန္းဘဝမွ သိကၡာခ်လိုက္ၿပီး လူဝတ္လဲလိုက္တာကို ဆိုလိုတာပါ။ အကပ္ခံထားေသာ ရဟန္းဟာ သိကၡာခ်- လူထြက္သြားၿပီဆိုရင္ ထိုသံဃာအကပ္ခံထားေသာ ဆြမ္းစသည့္လႉဖြယ္ရာဟာ အလိုအေလ်ာက္ အကပ္ခံပ်က္သြားပါၿပီ။ က်န္သံဃာေတာ္တို႔အေနနဲ႔ ဘုဥ္းေပးသုံးေဆာင္လိုလွ်င္ ထပ္မံအကပ္ခံၿပီးမွသာ အပ္စပ္တာျဖစ္ပါတယ္။

    (၃) ေပး- အကပ္ခံထားသည့္ လႉဖြယ္ဝတၳဳကို တစ္စံတစ္ေယာက္ကို ေပးလိုက္လွ်င္လည္း အကပ္ခံပ်က္ပါတယ္။ ထိုသို႔ေပးရာမွာ ႏႈတ္မွ ေပးလွ်င္ေပးခ်င္း အကပ္ခံ မပ်က္ေသးပါဘူး။ လက္ကလႊတ္လိုက္သည့္ အခါမွသာ အကပ္ခံပ်က္တာျဖစ္ပါတယ္။

    (၄)လု- သံဃာေတာ္တို႔အား ကပ္လႉဒါန္းထားသည့္ လႉဖြယ္ပစၥည္းကို လူစသည့္ တစ္စုံတစ္ေယာက္က လုယူသြားလွ်င္လည္း အကပ္ခံပ်က္၍ ထိုပစၥည္းကို သံဃာေတာ္တို႔အေနနဲ႔ မသုံးေဆာင္အပ္ေတာ့ပါဘူး။

    (၄) မစၥဳ- အကပ္ခံထားသည့္ သံဃာေတာ္ ျပန္လြန္ေတာ္မူလွ်င္လည္း ဘုဥ္းေပးဖို႔ မအပ္စပ္ေတာ့ပါဘူး၊ ကပ္ထားတဲ့အာနိသင္ ပ်က္ကြယ္သြားၿပီျဖစ္ပါတယ္။

    (၅) လိင္ျပန္- အကပ္ခံထားသည့္ သံဃာသည္ ေယာက်ၤားလိင္အျဖစ္မွ မိန္မလိင္အျဖစ္သို႔ လိင္ေျပာင္း၊ လိင္ျပန္သြားလွ်င္လည္း ထိုလိင္ေျပာင္သူ အကပ္ခံထားသည့္ လႉဖြယ္ေဘာဇဥ္ကို မသုံးေဆာင္ မဘုဥ္းေပးေကာင္းေတာ့ပါဘူး။

    ေရ-ဒန္ပူမွ လြဲ၍ အျခား သူတပါးပိုင္ မိမိပိုင္ မည့္သည့္သုံးေဆာင္ဖြယ္မဆို အကပ္မခံဘဲ ဘုဥ္းေပးလွ်င္ျဖစ္ေစ၊ အကပ္ခံပ်က္သည့္ ေဘာဇဥ္ကို ဘုဥ္းေပးသည္ျဖစ္ေစ ဘုဥ္းေပးသည့္ရဟန္းမွာ “ဒႏၲေပါဏ သိကၡာပုဒ္”အရ ပါစိတ္အာပတ္သင့္ပါတယ္။

    သံဃာေတာ္မ်ားကို ဆြမ္းဆက္ကပ္ရာတြင္ အခ်ိဳ႕ဒကာ၊ ဒကာမတို႔ဟာ ေစတနာလြန္ကဲၿပီး သံဃာေတာ္မ်ားက “ျပည့္စုံၿပီ၊ ေတာ္ပါၿပီ” လို႔တားတဲ့ၾကားက ဆြမ္း၊ ဆြမ္းဟင္းတို႔ကို သဒၵါပိုကာ ဒီတဇြန္ေလးေတာ့ ထည့္ပါဦးဘုရား ဆိုၿပီး ထည့္ထပ္ေပးေလ့ရွိပါတယ္။ သံဃာေတာ္မ်ားအေနနဲ႔ “ျပည့္စုံၿပီး၊ ေတာ္ၿပီ၊ တန္ၿပီ” လို႔ေျပာၿပီးသား ေဘာဇဥ္ကို မဘုဥ္းေပးေကာင္းေတာ့ပါဘူး ဘုဥ္းေပးရင္ အာပတ္သင့္ပါတယ္။ ဒါ့ေၾကာင့္ ဆြမ္းဆက္ကပ္တဲ့အခါမွာ ဒကာ၊ ဒကာမတို႔အေနနဲ႔ သတိထားရမွာျဖစ္ပါတယ္။

    ေနာက္ထပ္သတိထားစရာ အခ်က္ကေတာ့ “ဂိလာန သံဃာဆိုရင္ မြန္းလြဲခ်ိန္ေနာက္ပိုင္းမွာ ေဆးအမွတ္နဲ႔ ခဲဖြယ္ေဘာဇဥ္ကို ဆက္ကပ္ေကာင္း ဘုဥ္းေပးေကာင္းတယ္ဆိုတဲ့ အခ်က္ပါပဲ။ ေဆးအမွတ္နဲ႔ သေဘာထား ဘုဥ္းေပးလိုက္ဆိုၿပီး ေနလြဲကာလနဲ႔မအပ္စပ္သည့္ ခဲဖြယ္တို႔ကို ဆက္ကပ္ေလ့ ရွိၾကပါတယ္။

    ဝိကာလေဘာဇနသိကၡာပုဒ္အရ ဂိလာနပုဂၢိဳလ္ဆိုၿပီး အားပတ္က ကင္းလြတ္ခြင့္ ေပးမထားပါဘူး။ သီလဝံသျဖစ္ေတာ္မူေသာ ေရွးဆရာေတာ္မေထရ္ႀကီးမ်ားမွာ ေဆးေသာက္ရန္အတြက္ပင္ ေန႔လြဲညစာမသုံးေဆာင္ဘဲ ေရာဂါဒဏ္ကို မငဲ့ကြက္ဘဲ သီလဝိသုဒၶိျဖစ္ရန္ က်င့္ေဆာင္ေတာ္မူခဲ့သည့္ ထုံးမ်ားကို သတိခ်ပ္သင့္ပါတယ္။

    ဗုဒၶဘာသာဝင္မ်ားအေနနဲ႔ တေန႔မဟုတ္တေန႔မွာ သံဃာေတာ္အရွင္ျမတ္တို႔ကို ဆြမ္းဆက္ကပ္ျခင္းကို ဆက္ကပ္လႉဒါန္းၾကမွာျဖစ္ပါတယ္။ ဆြမ္းကပ္ရာမွာ အကပ္ခံအာနိသင္ပ်က္သြားလွ်င္လည္း ကပ္လႉသည့္၊ဒကာ၊ဒကာမတို႔မွာ အျပစ္မျဖစ္ပါဘူး၊ ကုသိုလ္ကေတာ့ ရၿမဲရပါတယ္။ ဒီလိုဆက္ကပ္တဲ့အခါမွာ နည္းစနစ္က်စြာ ဆက္ကပ္လႉၾကမွသာ သံဃာေတာ္အရွင္သူမ်ား အျပစ္အာပတ္လြတ္ကင္းၿပီး မွ်တခ်မ္းသာစြား ဘုဥ္းေပးသုံးေဆာင္၍ ဓူရႏွစ္ျဖာကို မပင္မပန္း ေဆာင္႐ြက္ႏိုင္မွာျဖစ္သလို မိမိတို႔ကိုယ္တိုင္လည္း အက်ိဳးတရားႀကီးမား၍ ေလာကီ၊ ေလာကုတၱရာ အက်ိဳးထူးတရားမ်ားနဲ႔ ျပည့္စုံမွာျဖစ္ပါတယ္။

    (ကိုယ့္အက်ိဳး၊ သူ႔အက်ိဳး မွ်တစြာ သယ္ပိုးႏိုင္သူမ်ား ျဖစ္ၾကပါေစ)

    Credit – ဓမၼဝီရ အရွင္ေတဇနိယ

    (Unicode)

    ဆွမ်းကပ်ရာမှာ လူတိုင်း သိထားသင့်တဲ့ သိမှတ်စရာများ

    မြို့ရွာထဲကို ဆွမ်းဘုဉ်းပေးကြွတဲ့အခါတိုင်း “သံဃာတွေကို ကပ်ထားတဲ့စားပွဲကို သွားမကိုင်နဲ့-မထိနဲ့” လို့ ဒကာ-ဒကာမတွေက တခြားသူတွေကို တားမြစ်တဲ့စကားကို အမြဲလိုလို ကြားရပါတယ်။ သံဃာတော်တွေကို ဆက်ကပ်ထားတဲ့စားပွဲကို ထိမိရင် အကပ်ခံပျက်သွားတယ်လို့ ထင်လို့ ပြောနေတဲ့စကားပါ။ သံဃာတော်တွေကို ဆွမ်းကပ်တဲ့အခါမှာ ဆွမ်း၊ ဆွမ်းဟင်းပုဂံ၊ စားပွဲနဲ့ အခြားအကပ်ခံထားတဲ့ ပစ္စည်းတွေကို ဒကာ၊ ဒကာမတွေက မထိရဘူး၊ သွားထိလို့ရှိရင် ကပ်ထားတာပျက်လို့ သံဃာတော်တွေက မဘုဉ်းပေး မသုံးဆောင်ကောင်းဘူးလို့ အထင်ရှိနေကြပါတယ်။

    တချို့ဆိုရင် ဆွမ်းဟင်းလိုက်ရင်တောင် အကပ်ခံပျက်သွားတယ်ထင်ပြီး ထပ်ခါထပ်ခါ ကပ်တာတောင် ကြုံဖူးပါတယ်။တကယ်တော့ ဒကာ၊ ဒကာမတွေက သံဃာတော်တွေကို ဆက်ကပ်ထားတဲ့ ပစ္စည်းဝတ္ထုအစုစုဟာ တစ်ယောက်ယောက်က ထိရုံ၊ ကိုင်တွယ်ရုံနဲ့ ကပ်ထားတဲ့အာနိသင် ပျက်မသွားပါဘူး။ သံဃာတော်တွေကို ပစ္စည်းဝတ္ထု အစုစုဆက်ကပ်တဲ့အခါမှာ “အကပ်ခံမြောက်တဲ့အင်္ဂါ နဲ့ အကပ်ခံပျက်တဲ့ အင်္ဂါတွေ အသီးသီးရှိကြပါတယ်” အကပ်ခံမြောက်တဲ့ အင်္ဂါက (၅)ပါးရှိပြီး၊ အကပ်ခံပျက်တဲ့ အင်္ဂါက (၆)ပါးရှိပါတယ်။ ရဟန်းတော်များဟာ မိမိပိုင် ပစ္စည်းကို ဖြစ်စေ၊ သူတစ်ပါးပိုင် ပစ္စည်းကို ဖြစ်စေ လူ, သာမဏေ, တိရစ္ဆာန် တစ်ဦးဦးက ဆက်ကပ်မှသာ ဘုဉ်းပေးသုံးဆောင် ကောင်းပါတယ်။ အကပ်မခံဘဲနဲ့ကိုယ်ပိုင်ပစ္စည်းကော တပါးသူပိုင်ပစ္စည်းပါ မသုံးဆောင်ကောင်းပါဘူး။ ရေနဲ့ဒန်ပူ အခုခေတ်အခေါ် သွားတိုက်တံ(၂)ခုသာ ချွင်းချက်အနေနဲ့ အကပ်မခံဘဲ သုံးဆောင်မှီဝဲကောင်းပါတယ်။ တခြားအရာတွေကတော့ အကပ်ခံပြီးမှသာ သုံးဆောင်ကောင်းပါတယ်။ ရှင်သာမဏေများ အနေနဲ့ကတော့ ဘယ်ဝတ္ထုပစ္စည်းမဆို အကပ်ခံစရာ မလိုအပ်ဘဲ ဘုဉ်းပေးနိုင် သုံးဆောင်နိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင် ဒကာ၊ ဒကာမများအနေနဲ့ အကပ်ခံမြောက်တဲ့အင်္ဂါနဲ့ အကပ်ခံပျက်တဲ့အင်္ဂါတွေကို မဖြစ်မနေ သိထားသင့်ပါတယ်။ အကပ်ခံမြောက်တဲ့အင်္ဂါက (၅)ပါးရှိပါတယ်-

    (၁) ကပ်မည့် ကပ္ပိယကာရက ဒကာ၊ ဒကာမသည် သံဃာတော်ကို ကပ်လှုမည့် ပစ္စည်းဝတ္ထုကို ဦးစွာရှေးရှု ယူဆောင်၍ လာရပါမယ်။ ပြီးလျှင် ကပ်လှုမည့်ပစ္စည်းကို လက်ဖြင့် ရှေ့တိုးပေးကာ ဆက်ကပ်လှုဒါန်းရမှာ ဖြစ်ပါတယ်။ ဦးခေါင်း စသည်ဖြင့် ရွက်ထားသော လှူဖွယ်ကို လှူဒါန်းလိုက ဦးခေါင်း အနည်းငယ် စောင်းပေး၍ ဆက်ကပ်လှူဒါန်းရပါမယ်။

    (၂) အလှူခံ သံဃာတော်နှင့် လှူဒါန်းဆက်ကပ်သည့် ဒကာ၊ ဒကာမဟာ အကွာအဝေးအားဖြင့် နှစ်တောင်တစ်ထွ ာဟတ္တဘသ် (၄၅-လက်မ) အတွင်း ရှိရပါမယ်။

    (၃) သာမာန် အင်အားရှိသူ တစ်ယောက် မြှောက်ချီမ,နိုင်သော ဝတ္ထုပစ္စည်း ဖြစ်ရပါမယ်။ စားပွဲခုံ အကြီးကြီးများဖြင့် ဆက်ကပ်ရာမှာ အလွန်လေးလံ၍ မကြွနိုင်လျှင် ဟင်းခွက်များကို တစ်ခွက်ချင်း ဆက်ကပ်ရမှာ ဖြစ်ပါတယ်။ တစ်ခွက်ချင်း အကပ်ခံပြီးသောအခါ မိသားစုအားလုံး (သို့) အဖွဲ့ဖြင့် ကပ်လိုပါက စားပွဲခုံကြီးကို ညီညာစွာမ,ပြီး ထပ်မံကပ်နိုင်သည်။ စားပွဲလိုက် ဆက်ကပ်ရာမှာ စားပွဲကြွနိုင်လျှင်ကား စားပွဲလိုက်မကပ်နိုင်ပါတယ်။

    (၄) ဆက်ကပ်သူဒကာ-ဒကာမနှင့် အကပ်ခံသူ သံဃာတော်သည် နှစ်တောင့်တစ်ထွာ ဟတ္တဘသ်အကွာအဝေးအတွင်းတည်းရှိပြီး ကြားတွင် နံရံ၊ တံတိုင်းစသည်ခြားနေ၍ ကိုယ်ထိလက်ရောက် ကပ်လှူရန် လုံးဝမဖြစ်နိုင်သည့် အခြေအနေမျိုးတွင် ပစ်မြှောက်၍ ဆက်ကပ်နိုင်ပါတယ်။ သို့သော် ထို့သို့သော ကပ်လှူနည်းမျိုးသည် လုံးဝမဖြစ်သာသည့် အခါမှသာကပ်လှူခွင့်ရှိတာ ဖြစ်ပါတယ်။

    (၅) ကိုယ်ရဲ့အစိတ်အပိုင်း၊ လက်- စသည်ဖြင့် ဖြစ်စေ၊ ကိုယ်နှင့်ထိစပ်နေသော ကိုင်ထား သည့် ခွက်၊ တုတ်၊ ခုံ – စသည်ဖြင့် ခံ၍၊ ထိ၍ ဖြစ်စေ ထို(၂)မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းက ခံယူလို့ရပါတယ်။ နှစ်တောင်တစ်ထွာအတွင် တစုံတရာ လာကပ်ခဲ့သော် အကပ်ခံသည့် သံဃာတော်အနေနဲ့ လက်ထဲမှာ တောင်ဝှေး၊ ဒုတ်စသည်နဲ့ တဆင့်ထိတို့၍ အကပ်ခံလို့ရပါတယ်။

    အထက်ပါ အင်္ဂါ(၅)ချက်ကတော့ ဆွမ်းစသည် ဝတ္ထုပစ္စည်း လှူဒါန်းဆက်ကပ်တဲ့အခါမှာ ပြည့်စုံရတဲ့ အင်္ဂါရပ်တွေပဲ ဖြစ်ပါတယ်။ ထိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံမှာသာ ဆက်ကပ်တဲ့ပစ္စည်းဟာ အကပ်ခံမြောက်ပြီး သံဃာတော်များအနေနဲ့ ဘုဉ်းပေးသုံးဆောင်ကောင်းတာ ဖြစ်ပါတယ်။

    သံဃာတော်များအနေနဲ့ အပင်ပေါက်နိုင်သော အစေ့၊ အမြစ်၊ အဆစ်ပါသော သစ်သီး၊ သစ်မြစ်များကို မဘုဉ်းပေးမသုံးဆောင်အပ်ပါဘူး။ ကပ္ပိယကာရက ဒကာ၊ ဒကာမတို့အနေနဲ့ သံဃာတော်တို့နဲ့ အပ်စပ်အောင် ကပ္ပိပေးရမှာဖြစ်ပါတယ်။ မျိုးစေ့ ဗီဇဓါတ် မသေတဲ့ အစေ့၊ အမြစ်၊ အဆစ်ကို ဓါးနဲ့ဖြစ်စေ၊ လက်သည်းနဲ့ဖြစ်စေ၊ မီးနဲ့ဖြစ်စေ ထိုးဆိတ်ပေးပြီးမှ ကပ်ရမှာဖြစ်ပါတယ်။ အကယ်၍ ထိုးဆိတ်ပြီး မကပ္ပိရသေးဘူးဆိုရင် သံဃာတော်တို့က ကပ္ပိယဒကာ၊ ဒကာမတို့ကို “ကပ္ပိယံ ကရောဟိ” (ရဟန်းတော်တို့အား အပ်စပ်အောင် ပြုလော့) ဟု ဆိုပြီးနောက် ကပ္ပိယတို့က “ကပ္ပိယံ ဘန္တေ” (အရှင်ဘုရားတို့အား အပ်စပ်သည်ကို ပြုပါ၏) ဟု ဆိုလျှက် ပါးစပ်က ဆိုတုန်းဖြစ်စေ၊ ဆိုပြီး ချက်ချင်းဖြစ်စေ မီးဖြင့်သော်လည်းထိုး၊ ဓားဖြင့်သော်လည်းခုတ်၊ လက်သည်းဖြင့်သော်လည်း ဆိတ်လိုက်ရမှာ ဖြစ်ပါတယ်။ ဓားရာ၊ လက်သည်းရာ၊ အပေါက်ရာ-အဖြစ် ထင်ရှားဖြစ်လျှင် အပ်စပ်သွားပြီ ဖြစ်ပါတယ်။

    အကပ်ခံပျက်တာတွေ အနေနဲ့ကတော့ “စွန့်, ချ, ပေး, လု, မစ္စု, လိင်ပြန်, ဤခြောက်တန်၊ ကပ်ခံပျက်ကြောင်းတည်း” ဆိုတဲ့လင်္ကာအတိုင်း အင်္ဂါ(၆)ပါး ရှိပါတယ်။

    (၁) စွန့်- ဆိုတာက အကပ်ခံထားတဲ့ ဆွမ်းစသော လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို သံဃာတော်က မသုံးဆောင် မဘုဉ်းပေးတော့လို့ အာလယပြတ် စွန့်လိုက်တာကို ဆိုလိုတာပါ။ ထိုသို့စွန့်လိုက်ပြီဆိုရင် သံဃာတော်တို့အနေနဲ့ သုံးဆောင်ရန်မအပ်စပ်တော့ပါဘူး။

    (၂) ချ- ဆိုသည်မှာ ရဟန်းဘဝမှ သိက္ခာချလိုက်ပြီး လူဝတ်လဲလိုက်တာကို ဆိုလိုတာပါ။ အကပ်ခံထားသော ရဟန်းဟာ သိက္ခာချ- လူထွက်သွားပြီဆိုရင် ထိုသံဃာအကပ်ခံထားသော ဆွမ်းစသည့်လှူဖွယ်ရာဟာ အလိုအလျောက် အကပ်ခံပျက်သွားပါပြီ။ ကျန်သံဃာတော်တို့အနေနဲ့ ဘုဉ်းပေးသုံးဆောင်လိုလျှင် ထပ်မံအကပ်ခံပြီးမှသာ အပ်စပ်တာဖြစ်ပါတယ်။

    (၃) ပေး- အကပ်ခံထားသည့် လှူဖွယ်ဝတ္ထုကို တစ်စံတစ်ယောက်ကို ပေးလိုက်လျှင်လည်း အကပ်ခံပျက်ပါတယ်။ ထိုသို့ပေးရာမှာ နှုတ်မှ ပေးလျှင်ပေးချင်း အကပ်ခံ မပျက်သေးပါဘူး။ လက်ကလွှတ်လိုက်သည့် အခါမှသာ အကပ်ခံပျက်တာဖြစ်ပါတယ်။

    (၄)လု- သံဃာတော်တို့အား ကပ်လှူဒါန်းထားသည့် လှူဖွယ်ပစ္စည်းကို လူစသည့် တစ်စုံတစ်ယောက်က လုယူသွားလျှင်လည်း အကပ်ခံပျက်၍ ထိုပစ္စည်းကို သံဃာတော်တို့အနေနဲ့ မသုံးဆောင်အပ်တော့ပါဘူး။

    (၄) မစ္စု- အကပ်ခံထားသည့် သံဃာတော် ပြန်လွန်တော်မူလျှင်လည်း ဘုဉ်းပေးဖို့ မအပ်စပ်တော့ပါဘူး၊ ကပ်ထားတဲ့အာနိသင် ပျက်ကွယ်သွားပြီဖြစ်ပါတယ်။

    (၅) လိင်ပြန်- အကပ်ခံထားသည့် သံဃာသည် ယောင်္ကျားလိင်အဖြစ်မှ မိန်မလိင်အဖြစ်သို့ လိင်ပြောင်း၊ လိင်ပြန်သွားလျှင်လည်း ထိုလိင်ပြောင်သူ အကပ်ခံထားသည့် လှူဖွယ်ဘောဇဉ်ကို မသုံးဆောင် မဘုဉ်းပေးကောင်းတော့ပါဘူး။

    ရေ-ဒန်ပူမှ လွဲ၍ အခြား သူတပါးပိုင် မိမိပိုင် မည့်သည့်သုံးဆောင်ဖွယ်မဆို အကပ်မခံဘဲ ဘုဉ်းပေးလျှင်ဖြစ်စေ၊ အကပ်ခံပျက်သည့် ဘောဇဉ်ကို ဘုဉ်းပေးသည်ဖြစ်စေ ဘုဉ်းပေးသည့်ရဟန်းမှာ “ဒန္တပေါဏ သိက္ခာပုဒ်”အရ ပါစိတ်အာပတ်သင့်ပါတယ်။

    သံဃာတော်များကို ဆွမ်းဆက်ကပ်ရာတွင် အချို့ဒကာ၊ ဒကာမတို့ဟာ စေတနာလွန်ကဲပြီး သံဃာတော်များက “ပြည့်စုံပြီ၊ တော်ပါပြီ” လို့တားတဲ့ကြားက ဆွမ်း၊ ဆွမ်းဟင်းတို့ကို သဒ္ဒါပိုကာ ဒီတဇွန်လေးတော့ ထည့်ပါဦးဘုရား ဆိုပြီး ထည့်ထပ်ပေးလေ့ရှိပါတယ်။ သံဃာတော်များအနေနဲ့ “ပြည့်စုံပြီး၊ တော်ပြီ၊ တန်ပြီ” လို့ပြောပြီးသား ဘောဇဉ်ကို မဘုဉ်းပေးကောင်းတော့ပါဘူး ဘုဉ်းပေးရင် အာပတ်သင့်ပါတယ်။ ဒါ့ကြောင့် ဆွမ်းဆက်ကပ်တဲ့အခါမှာ ဒကာ၊ ဒကာမတို့အနေနဲ့ သတိထားရမှာဖြစ်ပါတယ်။

    နောက်ထပ်သတိထားစရာ အချက်ကတော့ “ဂိလာန သံဃာဆိုရင် မွန်းလွဲချိန်နောက်ပိုင်းမှာ ဆေးအမှတ်နဲ့ ခဲဖွယ်ဘောဇဉ်ကို ဆက်ကပ်ကောင်း ဘုဉ်းပေးကောင်းတယ်ဆိုတဲ့ အချက်ပါပဲ။ ဆေးအမှတ်နဲ့ သဘောထား ဘုဉ်းပေးလိုက်ဆိုပြီး နေလွဲကာလနဲ့မအပ်စပ်သည့် ခဲဖွယ်တို့ကို ဆက်ကပ်လေ့ ရှိကြပါတယ်။

    ဝိကာလဘောဇနသိက္ခာပုဒ်အရ ဂိလာနပုဂ္ဂိုလ်ဆိုပြီး အားပတ်က ကင်းလွတ်ခွင့် ပေးမထားပါဘူး။ သီလဝံသဖြစ်တော်မူသော ရှေးဆရာတော်မထေရ်ကြီးများမှာ ဆေးသောက်ရန်အတွက်ပင် နေ့လွဲညစာမသုံးဆောင်ဘဲ ရောဂါဒဏ်ကို မငဲ့ကွက်ဘဲ သီလဝိသုဒ္ဓိဖြစ်ရန် ကျင့်ဆောင်တော်မူခဲ့သည့် ထုံးများကို သတိချပ်သင့်ပါတယ်။

    ဗုဒ္ဓဘာသာဝင်များအနေနဲ့ တနေ့မဟုတ်တနေ့မှာ သံဃာတော်အရှင်မြတ်တို့ကို ဆွမ်းဆက်ကပ်ခြင်းကို ဆက်ကပ်လှူဒါန်းကြမှာဖြစ်ပါတယ်။ ဆွမ်းကပ်ရာမှာ အကပ်ခံအာနိသင်ပျက်သွားလျှင်လည်း ကပ်လှူသည့်၊ဒကာ၊ဒကာမတို့မှာ အပြစ်မဖြစ်ပါဘူး၊ ကုသိုလ်ကတော့ ရမြဲရပါတယ်။ ဒီလိုဆက်ကပ်တဲ့အခါမှာ နည်းစနစ်ကျစွာ ဆက်ကပ်လှူကြမှသာ သံဃာတော်အရှင်သူများ အပြစ်အာပတ်လွတ်ကင်းပြီး မျှတချမ်းသာစွား ဘုဉ်းပေးသုံးဆောင်၍ ဓူရနှစ်ဖြာကို မပင်မပန်း ဆောင်ရွက်နိုင်မှာဖြစ်သလို မိမိတို့ကိုယ်တိုင်လည်း အကျိုးတရားကြီးမား၍ လောကီ၊ လောကုတ္တရာ အကျိုးထူးတရားများနဲ့ ပြည့်စုံမှာဖြစ်ပါတယ်။

    (ကိုယ့်အကျိုး၊ သူ့အကျိုး မျှတစွာ သယ်ပိုးနိုင်သူများ ဖြစ်ကြပါစေ)

    Credit – ဓမ္မဝီရ အရှင်တေဇနိယ

  • ပင့္ကူရွပ္ျခင္းနဲ႔ ကင္းၿမီးေကာက္ထိုးျခင္း အႏၲရာယ္အေၾကာင္း ဗဟုသုတ သိျခင္သူမ်ားအတြက္

    (Zawgyi)

    ကေလးေတြဟာ သဘာဝအေလ်ာက္ အၿငိမ္မေနၾကဘဲ ကစားရင္း ေနရာအႏွံ႔ေရာက္တတ္ၾကတဲ့အတြက္ ပင့္ကူရွပ္တာ၊ ကင္းၿမီးေကာက္၊ ကင္းပုစြန္ (ကင္းမလက္မည္း) ထိုးတာ ခံၾကရတတ္ပါတယ္။ ေမွာင္မည္းေနတဲ့ေနရာဆိုရင္ ဘာ ေကာင္ကိုက္လိုက္မွန္း မသိရေတာ့ မိဘေတြအေနနဲ႔ စိတ္ပူစရာ အေျခအေန (Unknown Bite)အျဖစ္နဲ႔ ေဆး႐ုံ၊ ေဆးခန္း ျပၾကရပါတယ္။ အဲဒါေၾကာင့္မို႔ မၾကာခဏ ေတြ႕ရတတ္တဲ့ ကေလးက်န္းမာေရးျပႆနာအျဖစ္ တင္ျပလိုက္ရပါတယ္။

    ပင့္ကူရွပ္ျခင္း (Spider Bite)

    ကမာၻေပၚမွာ ပင့္ကူအမ်ိဳးေပါင္း ၃၅၀ဝ၀ ခန႔္ရွိတဲ့အနက္ တခ်ိဳ႕ ၁ မီလီမီတာေလာက္သာရွိၿပီး တခ်ိဳ႕ဆိုရင္ 10 cm (ေလးလက္မ ေက်ာ္ေက်ာ္)အထိ ႀကီးမားတာ ေတြ႕ရတယ္။ ပင့္ကူမ်ိဳးစိတ္တိုင္းနီးပါးဟာ အဆိပ္ရွိၾကသလို ကိုက္လည္း ကိုက္တတ္ၾကေပမဲ့ အမ်ားစုကေတာ့ အဆိပ္မျပင္းထန္ၾကပါဘူး။ ပင့္ကူကိုက္ရင္ အဆိပ္ျပင္းထန္မႈရွိ၊ မရွိ လႊမ္းမိုးတဲ့ အခ်က္ေတြကေတာ့

    ပင့္ကူအမ်ိဳးအစား၊ အဆိပ္ျပင္းထန္မႈ အနည္းအမ်ား၊ ပင့္ကူရဲ႕ အသက္၊ အ႐ြယ္အစား အႀကီးအေသး၊ အထီးအမ၊ ကိုယ္ခႏၶာ (အကိုက္ခံရတဲ့လူ)ထဲသို႔ ဝင္ေရာက္ခံရတဲ့အဆိပ္ အနည္းအမ်ား၊ အကိုက္ခံရတဲ့ အခ်က္ေရ အနည္းအမ်ားနဲ႔ ပင့္ကူရဲ႕ ပါးစပ္ပတ္ဝန္းက်င္မွာရွိေနတဲ့ ဗက္တီးရီးယားပိုး အေရအတြက္ အမ်ိဳးအစားေတြေပၚမွာ မူတည္ပါတယ္။

    အကိုက္ခံရတဲ့ကေလး (သို႔) လူႀကီးရဲ႕ အသက္ႀကီးျခင္း၊ ငယ္ျခင္း၊ ပင့္ကူအကိုက္မခံရခင္ က်န္းမာေရးေကာင္း၊ မေကာင္း အကိုက္ခံရတဲ့ အ႐ြယ္အစားႀကီး၊ မႀကီးနဲ႔ အကိုက္ခံရတဲ့ေနရာေပၚ မူတည္ၿပီး ပင့္ကူရွပ္ျခင္းရဲ႕ လကၡဏာလည္း ျပင္းထန္တာ၊ ေလ်ာ့နည္းတာ ရွိႏိုင္ပါတယ္။ ပင့္ကူရွပ္တာ (ကိုက္တာ) အမ်ားစုကေတာ့ လကၡဏာျပတာ မျပင္းထန္လွပါဘူး။

    တခ်ိဳ႕က်ေတာ့လည္း အကိုက္ခံရတဲ့ေနရာ နီရဲေရာင္ရမ္းျခင္း၊ နာက်င္ျခင္း၊ အဖုထျခင္းနဲ႔ ယားယံျခင္း ျဖစ္တတ္ပါတယ္။ အကိုက္ခံရတဲ့ေနရာတစ္ဝိုက္ရွိ တစ္သွ်ဴးေတြက တုံ႔ျပန္မႈ (reaction) ျပတဲ့အတြက္ အဖုေသးေသးေလးကေန အရည္ၾကည္ဖု အႀကီး ျဖစ္လာတတ္သလို အနာအဆာ(ulceration) အျဖစ္လည္း ေတြ႕ရႏိုင္ပါတယ္။ ငွက္စားပင့္ကူ (bird-eating spider) ကိုက္ခံရတာဆိုရင္ အကိုက္အခံရတဲ့ေနရာ နာက်င္မႈေလးေလာက္ပဲ ျပပါတယ္။ တခ်ိဳ႕က်ေတာ့လည္း ကိုက္ခံရတဲ့ ေနရာေရာင္ရမ္းမႈအျပင္ အနီးပတ္ဝန္းက်င္က ျပန္ရည္ဖု(Lymph Node) ေတြေတာင္ ေရာင္ကိုင္းလာတတ္ လို႔ ေႁမြကိုက္တာ(snake bite)နဲ႔ အထင္မွားခ်င္စရာပါ။ ဒါေပမဲ့ အဓိကေရာဂါလကၡဏာခ်င္းေတာ့ မတူညီပါဘူး။

    ပင့္ကူရဲ႕အေမြးေတြ၊ အရည္ေတြက အကိုက္ခံရတဲ့ေနရာမွာ က်န္ခဲ့ရင္ေတာ့ တခ်ိဳ႕လူေတြမွာ အလာဂ်ီတုံ႔ျပန္မႈေတြ ျဖစ္လာတာ ေတြ႕ရတယ္။ အထူးသျဖင့္ ပင့္ကူေမြးေတြသာ မ်က္စိထဲ ဝင္က်န္ခဲ့ရင္ ခဏခဏ ယားယံမႈ၊ မခံခ်ိ မခံသာ ျဖစ္မႈ (irritation)ေတြ ခံစားရေစပါတယ္။

    ပင့္ကူရွပ္ရင္ ေယဘုယ် ကုသေပးႏိုင္မႈမ်ား

    ပင့္ကူကိုက္တဲ့ေနရာ၊ ေရာင္ရမ္းေနတဲ့ ေနရာေပၚမွာ ေရခဲကပ္ေပးႏိုင္ပါတယ္။ အေရာင္က်ေစသလို နာက်င္မႈလည္း ေလ်ာ့နည္းေစပါတယ္။ သိပ္ၿပီး နာက်င္ေနတဲ့အခါမွာ ပင့္ကူကိုက္တာလည္း ေသခ်ာရင္ေတာ့ အနာအက်င္သက္သာ ေစတဲ့ ဘိန္းပါတဲ့ေဆးဝါးေတြ သုံးစြဲႏိုင္ပါတယ္။ ဘာေကာင္ကိုက္မွန္း အတိအက် မသိရေသးရင္ေတာ့ မွိန္းေစတဲ့ အဲဒီေဆးဝါးေတြ ေရွာင္ၾကဥ္သင့္ပါတယ္။ အနာအက်င္ သက္သာေစတဲ့ ေဆးရည္ဖ်န္းျခင္း၊ သိပ္ဆိုးဝါးရင္ အကိုက္ခံရတဲ့ေနရာနဲ႔ သက္ဆိုင္တဲ့ အာ႐ုံေၾကာကို ေဆးထိုးၿပီး(block) ပိတ္ဆို႔ထားကာ (regional field block) နာက်င္ကိုက္ခဲမႈ သက္သာေအာင္ ျပဳလုပ္ေပးႏိုင္တယ္။ အဆိပ္ျပင္းတဲ့ ပင့္ကူကိုက္ခဲျခင္းကို ျမန္မာႏိုင္ငံမွာေတာ့ အေတြ႕ရ မမ်ားေပမဲ့ ဗဟုသုတအျဖစ္ ေအာက္ပါအတိုင္း တင္ျပလိုက္ပါတယ္။

    ၁။ ပင့္ကူနက္ (Black widow spider)

    ဒီပင့္ကူကို အေမရိကန္ႏိုင္ငံနဲ႔ ဩစေၾတးလ်ႏိုင္ငံမွာ အေတြ႕ရမ်ားၿပီး ကိုယ္လုံးအနက္ေရာင္ရွိကာ အနီေရာင္ အဝိုင္းမွတ္က ဗိုက္ေပၚမွာ ပါရွိတယ္။ အဆိပ္ (alpha trotoxin) ပါရွိၿပီး ဒိုပါမီး (Dopamine)၊ အဒရီနယ္လင္း (Adrenaline)နဲ႔ အက္ဆီတိုင္းကိုလင္း (Acetylcholine) စတဲ့ ဓာတုပစၥည္းေတြကို ကိုယ္ခႏၶာထဲ ထြက္ေပၚလာေစပါတယ္။ အဲဒီပင့္ကူအကိုက္ခံရရင္ ျဖစ္ေပၚလာတဲ့ လကၡဏာေတြကေတာ့ ကိုက္ၿပီးခါစ သိပ္မသိသာေသးေပမဲ့ ၁၅ မိနစ္ကေန တစ္နာရီေလာက္ၾကာတဲ့အခါ ဗိုက္နဲ႔ေက်ာျပင္တစ္ခုလုံး အျပင္းအထန္ နာက်င္ကိုက္ခဲလာပါတယ္။ ဗိုက္ႂကြက္သားေတြလည္း ေတာင့္တင္းလာၿပီး ႂကြက္တက္သလို ခံစားလာရတယ္။ အက္ဆီတိုင္းကိုလင္းေတြ (Acetylcholine) အေျမာက္အျမား ထြက္လာေစတဲ့အတြက္ တံေတြးတပ်စ္ပ်စ္ေထြးျခင္း၊ ေခြၽးအလြန္ထြက္ျခင္း၊ အန္ျခင္း ျဖစ္လာတယ္။ ေနာ္အဒရီနယ္လင္းေတြ အမ်ားႀကီးထြက္ေစလို႔ ေသြးတက္ျခင္း၊ ရင္တုန္ျခင္း၊ ႏွလုံးစည္းခ်က္ မမွန္ျခင္းေတြလည္း ျဖစ္လာရတယ္။ ဒိုပါမင္းေတြ ထြက္လာေစလို႔ ထင္ေယာင္ထင္မွားျဖစ္ျခင္း၊ ကေယာင္ကတမ္းျဖစ္ျခင္း၊ စိတ္႐ူးေပါက္ျခင္း (Hysteria)ေတြ ျဖစ္လာတယ္။ မ်က္လုံးပတ္လည္ ေရာင္ကိုင္းလာျခင္း၊ အေရျပားေပၚ အကြက္လိုက္ အနီျပင္ေတြထြက္ျခင္းနဲ႔ ကိုယ္အပူခ်ိန္ တက္ျခင္းေတြ ျဖစ္လာတယ္။ အျပင္းအထန္ အဆိပ္မိတဲ့လူမွာေတာ့ အသက္ရွဴရခက္ခဲလာၿပီး ႏွလုံးခုန္ရပ္ကာ ေသဆုံးႏိုင္တယ္။ ဒါမွမဟုတ္ (Coma) ေမ့ေျမာသြားႏိုင္တယ္။

    ကုသမႈအေနနဲ႔ကေတာ့ ေဆး႐ုံအျမန္တင္ၿပီး အဆိပ္ေျဖေဆး ထိုးသင့္ပါတယ္။ အဲဒီအဆိပ္ေျဖေဆးထိုးသင့္သူေတြက ေတာ့ အျပင္းအထန္ ပင့္ကူဆိပ္သင့္တဲ့ လကၡဏာရွိသူ၊ နဂိုႏွလုံးေရာဂါနဲ႔ အသက္ရွဴလမ္းေၾကာင္းေရာဂါရွိသူ၊ ကိုယ္ဝန္ ေဆာင္ထားသူ၊ အသက္ ၁၆ႏွစ္ထက္ ငယ္သူေတြနဲ႔ အသက္ ၆၅ ႏွစ္ထက္ ႀကီးသူေတြကို ထိုးေပးသင့္ပါတယ္။ ေအာက္ဆီဂ်င္ေပးျခင္း၊ ႂကြက္တက္တာေျပေအာင္ ဒိုင္ယာဇီပင္ေပးျခင္း၊ အနာအက်င္သက္သာေအာင္ ကယ္လ္စီယမ္ ဂလူကိုနိတ္အေၾကာေဆး ျဖည္းျဖည္းထိုးေပးျခင္း ျပဳလုပ္ေပးႏိုင္ပါတယ္။ ေဆး႐ုံမွာေတာ့ အနည္းဆုံး ၄၈ နာရီေလာက္ ေစာင့္ၾကည့္ကုသဖို႔ လိုအပ္ပါတယ္။

    ၂။ ဖဲင္နယ္ဝက္ဘ္ပင့္ကူ (Funnel-web spider)

    ဩစေၾတးလ်တိုက္မွာ အေတြ႕ရမ်ားၿပီး အေရာင္ အဆင္းက အညိဳေရာင္ကေန အနက္ေရာင္အထိ ရွိပါတယ္။ အ႐ြယ္အစားက ၁၅ စင္တီကေန ၄၅ စင္တီမီတာအ႐ြယ္ အထိ ႀကီးမားၿပီး ‘န်ဴ႐ိုေတာက္ဆင္(Neurotoxin)’ ပါလို႔ အာ႐ုံေၾကာကို အဆိပ္သင့္ေစပါတယ္။ ဒီပင့္ကူကိုက္ရင္ ေတြ႕တဲ့လကၡဏာေတြက အကိုက္ခံရတဲ့ေနရာ အလြန္အမင္း နာက်င္ပါတယ္။ အနီျပင္ႀကီးေပၚလာၿပီး အဲဒီကိုက္ခံရတဲ့ ေနရာတစ္ဝိုက္ ေခြၽးထြက္ျခင္း၊ ၾကက္သီးေမြးညင္းထျခင္း ေတြ႕ရတယ္။ တံေတြးအထြက္မ်ားျခင္း၊ ပါးစပ္တစ္ဝိုက္ ထုံက်ဥ္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ဗိုက္နာျခင္း၊ ဝမ္းသြားျခင္း၊ ေမာပန္းျခင္း၊ အသက္ရွဴက်ပ္ျခင္း၊ ေသြးတိုးျခင္းနဲ႔ သတိလစ္ ေမ့ေျမာျခင္းလည္း ေတြ႕ရတယ္။ ကုသနည္းကလည္း ေဆး႐ုံ တင္ၿပီး ဒီပင့္ကူအတြက္ အဆိပ္ေျဖေဆးထိုးေပးရတာပါ။ အဆိပ္ေျဖေဆး လိုရင္လိုသလို ထပ္ထိုးေပးႏိုင္ဖို႔ ေဆး႐ုံမွာ ၂၄-၄၈ နာရီ ေစာင့္ၾကည့္ဖို႔ လိုအပ္ပါတယ္။

    ၃။ အညိဳေရာင္ပင့္ကူ (Brown recluse spider)

    အေမရိကန္ႏိုင္ငံမွာ အေတြ႕ရမ်ားၿပီး အညိဳေရာင္ ညိဳေမွာင္ ေမွာင္အေရာင္နဲ႔ အနက္ေရာင္အမ်ိဳးမ်ိဳး ေတြ႕ရတယ္။ မ်က္စိႏွစ္လုံးရဲ႕ အေနာက္ဘက္မွာ မယ္ဒလင္ပုံအမွတ္အသားတစ္ခုစီပါတဲ့အျပင္ သူ႔အဆိပ္က လူရဲ႕ေသြးေၾကာေတြကို ထိခိုက္ပ်က္စီးေစတယ္။ ေသြးခဲ ေတြ ျဖစ္ေပၚေစၿပီး ေသြးေၾကာေတြ ပိတ္ဆို႔ကုန္ကာ ေသြးငတ္တဲ့ infarction ေတြ ျဖစ္ေပၚေစတဲ့အတြက္ ဆိုး႐ြားပါတယ္။ အကိုက္ခံရတဲ့သူ ခံစားရတာေတြက ကိုက္တဲ့ေနရာ မနာက်င္ေတာ့ သတိေတာင္ အစက မထားမိပါဘူး။ ေနာက္ ေျခာက္နာရီေလာက္ ၾကာေတာ့မွ အဲဒီကိုက္ခံရတဲ့ေနရာမွာ အနီကြက္စေပၚလာၿပီး ညိဳျပာျပာ (သို႔) မရမ္းေရာင္အဖုလုံး ေပၚလာတယ္။ အဲဒီေနာက္ အနာျဖစ္လာၿပီး အနာက်က္ေႏွးတာေတြ႕ရတယ္။

    ကေလးေတြမွာေတာ့ အကိုက္ခံရၿပီး ၇၂ နာရီကေန ၉၆ နာရီအတြင္း ပ်ိဳ႕အန္ျခင္း၊ အဖ်ားႀကီးျခင္း၊ အားနည္းျခင္း၊ ခ်မ္းတုန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ အဆစ္အမ်က္ နာက်င္ျခင္း၊ ေသြးေၾကာတြင္း ေသြးနီဥေတြေပါက္ကြဲပ်က္စီးကုန္တဲ့ အတြက္ ဆီးထဲေသြးပါျခင္း၊ ဆီးမည္းျခင္းနဲ႔ ေနာက္ဆုံးမွာ ေက်ာက္ကပ္ ပ်က္စီးေစပါတယ္။ ေက်ာက္ကပ္ပ်က္ျခင္း (သို႔) ေသြးလန႔္ျခင္းနဲ႔ အသက္ေသဆုံးႏိုင္ပါတယ္။

    ကုသနည္းကလည္း ေဆး႐ုံအျမန္တင္ၿပီး (polyvalent antivenon) ထိုးေပးရတာပါပဲ။ ဒါေပမဲ့ အဆိပ္ေျဖေဆးထိုးေပမဲ့ တစ္သွ်ဴးပ်က္စီးမႈကေတာ့ မကာကြယ္ႏိုင္ပါဘူး။ စတီး႐ြိဳက္ေပး ျခင္း၊ ေအာက္ဆီဂ်င္ေပးျခင္း၊ ေက်ာက္ကပ္လုပ္ငန္းျပန္လည္ ေကာင္းမြန္ေအာင္ ကုသျခင္း၊ ေသြးနီဥ ပ်က္စီးမႈမ်ားလို႔ ေသြးအားနည္းသြားရင္ ေသြးသြင္းကုသျခင္းေတြ ျပဳလုပ္ေပးဖို႔ လိုပါတယ္။ ဒီလို ပင့္ကူကိုက္တာက အသက္ဆုံးရႈံးႏိုင္တာမို႔ မေပါ့သင့္ပါ။

    ၄။ ပင့္ကူနီ (Redback spider)

    ဩစေၾတးလ်က ေတာနယ္ဘက္ေတြမွာ ေနထိုင္တတ္ၿပီး အနက္ေရာင္၊ အညိဳေရာင္ရွိကာ၊ ဗိုက္အေပၚဘက္မွာ အနီေရာင္ (သို႔) လိေမၼာ္ေရာင္ အစင္းပါရွိတာ ေတြ႕ရတယ္။ ဒီပင့္ကူကလည္း အာ႐ုံေၾကာအဖြဲ႕ကို ထိခိုက္ေစတဲ့ (Neurotoxin) အဆိပ္ထုတ္ေပးတာမို႔ အကိုက္ခံရရင္ လကၡဏာ ေတြအေနနဲ႔ ကိုက္တဲ့ေနရာမွာ ခ်က္ခ်င္းပဲ နာက်င္ၿပီး ေရာင္ကိုင္းလာတယ္။ ဒါ့အျပင္ နီရဲေဖာင္းကားလာၿပီး ေခြၽးထြက္မ်ားလာတယ္။ နာက်င္တာက အကိုက္ခံရတဲ့ ေျခေထာက္ (သို႔) လက္တစ္ေခ်ာင္းလုံး ပ်ံ႕ႏွံ႔လာၿပီး ပ်ိဳ႕အန္ျခင္း၊ ေသြးတိုးျခင္း၊ ေခါင္း ကိုက္ျခင္း၊ ဖ်ားျခင္းနဲ႔ အဆစ္ေတြ နာက်င္လာတာ ေတြ႕ရတယ္။

    ကုသမႈအေနနဲ႔ကေတာ့ ကိုက္ခံရတဲ့ေနရာေပၚ ေရခဲတင္ေပးျခင္း၊ အဲဒီပင့္ကူအဆိပ္ကို ေျဖတဲ့ အဆိပ္ေျဖေဆး ထိုးေပးျခင္းတို႔ကို ဆိုး႐ြားစြာ ခံစားရတဲ့လူနာေတြမွာ ျပဳလုပ္ေပးရတယ္။ အဆိပ္ေျဖေဆး တစ္ပုလင္းထိုးရင္ကို ၉၀% ေလာက္ အဆိပ္ေျဖၿပီးသား ျဖစ္သြားတယ္။

    ၅။ ငွက္ေပ်ာပင့္ကူ (Banana Spider)

    ေတာင္အေမရိကမွာ ေတြ႕ရၿပီး မီးခိုးေရာင္/အညိဳေရာင္ ရွိကာ ၅ စင္တီမီတာအ႐ြယ္အထိ ႀကီးပါတယ္။ သူ႔အဆိပ္ ကလည္း အက္ဆီတိုင္းကိုလင္းနဲ႔ ကက္သီေကာေအမင္း စတဲ့ ဓာတုပစၥည္းေတြ ကိုယ္ခႏၶာထဲ ထြက္ရွိေစပါတယ္။ အကိုက္ခံရတဲ့အခါ ေတြ႕ရတဲ့ လကၡဏာေတြကေတာ့ ခ်က္ခ်င္းလက္ငင္း မီးစနဲ႔တို႔လိုက္သလို ပူေလာင္ နာက်င္ ျခင္းဟာ ကိုက္ခံရတဲ့ ေျခေထာက္ (သို႔) လက္တစ္ခုလုံး ခံစားလိုက္ရတယ္။ ေရာင္ရမ္းျခင္း၊ နီရဲေနျခင္း၊ ေခြၽးထြက္ ျခင္းေတြလည္း ျဖစ္လာတယ္။ ရင္တုန္ျခင္း၊ အန္ျခင္း၊ တံေထြးအထြက္မ်ားျခင္း၊ ေသြးတိုးျခင္းနဲ႔ နာက်င္စြာ ငယ္ပါေတာင့္တင္းေနျခင္းတို႔ကို ကေလးေတြမွာ ထူးဆန္းစြာ ေတြ႕ရပါေသးတယ္။ တခ်ိဳ႕ ကေလးေတြက်ေတာ့ အထက္ လွန္ေအာက္ေလွ်ာ (ဝမ္းသြား)တာပါ ေတြ႕ရပါေသးတယ္။ ဒီပင့္ကူကိုက္တာကေတာ့ ဘရာဇီးမွာ အသက္ ၁၀ ႏွစ္ေအာက္နဲ႔ အသက္ ၇၀ ေက်ာ္ေတြမွာ အေတြ႕ရမ်ားပါတယ္။

    ကုသျခင္းအေနနဲ႔ကေတာ့ အလြန္အမင္းနာက်င္တာ သက္သာေအာင္ ေရခဲကပ္ျခင္း၊ ေဆးလိမ္းျခင္း၊ ထုံေဆးထိုးျခင္း၊ နာက်င္တဲ့ေနရာတစ္ဝိုက္က နာ့ဗ္ေၾကာကို ထုံသြားေအာင္ ေဆးထိုးျခင္း ျပဳလုပ္ေပးႏိုင္ပါတယ္။ ကေလးေတြမွာ အဆုတ္ေရာင္ျခင္း၊ ေခ်ာင္းဆိုးျခင္းေတြ ျဖစ္လာတတ္လို႔ ေစာင့္ၾကည့္ဖို႔ လိုပါတယ္။

    ကာကြယ္ျခင္းကေတာ့ ကေလးလူႀကီးမေ႐ြး ေမွာင္တဲ့ေနရာနဲ႔ ေတာေတာင္ေတြထဲ အလင္းေရာင္ (သို႔) လက္ႏွိပ္ ဓာတ္မီးမပါဘဲ မသြားလာဖို႔၊ ေခ်ာင္ႀကိဳေခ်ာင္ၾကားမေဆာ့ဖို႔၊ ဘာေကာင္ကိုက္ကိုက္ မိဘနဲ႔အုပ္ထိန္းသူကို အျမန္ဆုံးအသိ ေပးဖို႔ လိုအပ္ပါတယ္။

    ကင္းၿမီးေကာက္ထိုးျခင္း (Scorpion Sting)

    ကင္းၿမီးေကာက္ဟာ ျမန္မာႏိုင္ငံအပါအဝင္ အပူပိုင္းေဒသ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ေႁမြကလြဲရင္ အေတြ႕အမ်ားဆုံး၊ အကိုက္ခံရဆုံး သတၱဝါအမ်ိဳးအစားျဖစ္ပါတယ္။ ကင္းၿမီးေကာက္က ထုတ္တဲ့အဆိပ္ဟာ လူေတြကို သာမန္ တုံ႔ျပန္မႈေလာက္ပဲျဖစ္ေစေပမဲ့ မကၠဆီကို၊ တူနီးရွား၊ အယ္လ္ဂ်ီးရီးယား၊ မို႐ိုကိုနဲ႔ လစ္ဗ်ားႏိုင္ငံေတြမွာေတာ့ ကင္းၿမီးေကာက္ ထိုးခံရတာဟာ က်န္းမာေရးကို အေတာ္ထိခိုက္ေစတယ္။

    တစ္ခုေကာင္းတာက ကင္းၿမီးေကာက္ေတြဟာ လူနဲ႔ ေတြ႕ရင္ တိုက္ခိုက္ဖို႔ထက္ ထြက္ေျပးဖို႔ပဲ ႀကိဳးစားၾကပါတယ္။မ်ားေသာအားျဖင့္ေတာ့ ေလွကားေပၚ တက္လိုက္တဲ့အခါ ဒါမွမဟုတ္ တက္နင္းမိလိုက္တဲ့အခါ မေတာ္တဆ အၿမီးမွာပါတဲ့အဆိပ္ဆူးနဲ႔ ထိုးမိလိုက္တဲ့အခါ ပူခနဲ၊ က်င္ခနဲ ျဖစ္လာတတ္တာမ်ိဳး ခံစားရပါတယ္။ တခ်ိဳ႕လည္း ရွဴးဖိနပ္ထဲ အက်ႌေတြေပၚနဲ႔ ေက်ာက္တုံး၊ သစ္တုံးေတြေအာက္ ကင္းၿမီးေကာက္ရွိေနတာ သတိမထားလိုက္မိတဲ့ အခ်ိန္မ်ိဳးမွာ အဆိပ္ဆူးနဲ႔ အထိုးခံရတတ္ပါတယ္။ အဲဒါေၾကာင့္မို႔ ရွဴးဖိနပ္ေတြ၊ ေျခအိတ္ေတြ မဝတ္ဆင္ခင္ ေသခ်ာခါထုတ္ျခင္း၊ အက်ႌေတြ၊ ေစာင္ေတြ ေသခ်ာခါရမ္းၿပီးမွ အသုံးျပဳျခင္း၊ ထိုင္မယ့္ေနရာ၊ အိပ္မယ့္ေနရာ အေသအခ်ာရွင္းလင္းၿပီးမွ ထိုင္ျခင္း၊ အိပ္ျခင္း ျပဳလုပ္သင့္ပါတယ္။

    ကုသမႈအေနနဲ႔က နာက်င္တဲ့ေနရာကို ေရခဲကပ္ျခင္း၊ အကိုက္အခဲေပ်ာက္ေဆး ေသာက္ျခင္း ျပဳလုပ္ေပးႏိုင္တယ္။ အဆိပ္သင့္တဲ့ လကၡဏာျပင္းထန္တဲ့သူေတြကိုေတာ့ ေဆး႐ုံတင္ၿပီး ႏွလုံးေသြးလွည့္အဖြဲ႕နဲ႔ နာ့ဗ္ေၾကာအဖြဲ႕ ထိခိုက္ခံရမႈကို ေစာင့္ၾကည့္ဖို႔ ၁၂-၂၄ နာရီ အနီးကပ္ေစာင့္ေရွာက္သင့္တယ္။ အသက္ရွဴ ခက္ခဲလာတာေတြ႕ရင္ေတာ့ ေအာက္ဆီဂ်င္ေပးျခင္း၊ အဆိပ္ေျဖေဆးထိုးျခင္း ျပဳလုပ္ေပးႏိုင္ပါတယ္။ အဆိပ္ေျဖေဆးထိုးျခင္းရဲ႕ အက်ိဳးအာနိသင္က ကေလးေတြ၊ သက္ႀကီး႐ြယ္အိုေတြနဲ႔ ေသြးအလြန္အမင္း တိုးေနတဲ့သူေတြအတြက္ သင့္ေလ်ာ္ပါတယ္။ အဆိပ္ေျဖေဆး ထိုးတဲ့အခါမွာလည္း တုံ႔ျပန္မႈ (Serum Sickness) ရတတ္လို႔ သတိထားထိုးသင့္ပါတယ္။

    ကင္းၿမီးေကာက္ႏြယ္ဝင္ ကင္းမလက္မည္းႀကီးေတြကလည္း အုပ္စုဖြဲ႕ၿပီး ေျမႀကီးတြင္းထဲ ေနထိုင္တတ္ၾကလို႔ အဲဒီလိုေနရာ သြားမေဆာ့ဖို႔၊ အဲဒီအေကာင္ေတြနဲ႔ေဝးရာေနဖို႔၊ ညအျပင္ထြက္ရင္ တုတ္တစ္ေခ်ာင္းနဲ႔ အသံေပးၿပီး ေလွ်ာက္ကာ လက္ႏွိပ္ဓာတ္မီးလိုအပ္ရင္ သုံးစြဲဖို႔ အႀကံျပဳရပါတယ္။

    ကင္းၿမီးေကာက္၊ ကင္းမလက္မည္းေတြမွာ ေအာက္ပါ အဆိပ္ႏွစ္မ်ိဳးပါဝင္တာ ေတြ႕ရပါတယ္။ ပထမအဆိပ္က ကိုက္တဲ့ေနရာကိုပဲ ထိခိုက္ေစတာပါ။ အကိုက္ခံရတဲ့ေနရာမွာ စူးစူးရွရွ နာက်င္ျခင္း၊ နီရဲေရာင္ရမ္းျခင္း သို႔မဟုတ္ အညိဳအမည္းစြဲျခင္းနဲ႔ တစ္ခါတစ္ရံ ရွားရွားပါးပါး ေရွာ့ခ္ (anaphylaxis)ရတာမ်ိဳးျဖစ္တတ္ပါတယ္။ အေရွ႕အလယ္ ပိုင္းမွာရွိတဲ့ အဆိပ္ျပင္းတဲ့ ကင္းၿမီးေကာက္ထိုးရင္ေတာ့ အဆိပ္ျပန႔္ျခင္းဟာ တစ္ကိုယ္လုံး ခံစားလာရရင္ ေဆး႐ုံတင္ ကုသသင့္ပါတယ္။

    ဒုတိယအဆိပ္အမ်ိဳးအစားက အာ႐ုံေၾကာအဖြဲ႕အစည္းကို ထိခိုက္ေစတဲ့ Neurotoxin အမ်ိဳးအစားျဖစ္ပါတယ္။ ဒီအဆိပ္ေၾကာင့္ ႏွလုံးတုန္ျခင္း၊ ေသြးတိုးျခင္း၊ ေခြၽးထြက္မ်ားျခင္း၊ ေသြးတြင္းသၾကားဓာတ္ မ်ားေနျခင္း၊ အဆုတ္ပြျခင္းနဲ႔ တက္ျခင္း (Fits)ေတြ ျဖစ္လာႏိုင္ပါတယ္။ ကင္းၿမီးေကာက္ (သို႔) ကင္းမလက္မည္း တုပ္အၿပီး ႐ုတ္တရက္ နာက်င္ျခင္းခံစားရအၿပီးေနာက္မွာ အဲဒီေနရာအနီးတစ္ဝိုက္ ထုံထိုင္းထိုင္းနဲ႔ အထိအေတြ႕ေပ်ာက္သလိုေတာင္ ျဖစ္လာတတ္ပါတယ္။ ႂကြက္သားေတြ ဟိုတစ္စ၊ ဒီတစ္စ လႈပ္ျခင္းနဲ႔ ေနာက္ဆုံးမွာ မွိန္းေနျခင္း၊ မူးေဝေနာက္က်ိေနျခင္းေတြ၊ ကိုက္တဲ့ေနရာ အာ႐ုံခံစားမႈ ေပ်ာက္ေနတာေတြ ျဖစ္လာႏိုင္ပါတယ္။ ကင္းၿမီးေကာက္၊ ကင္းမလက္မည္းထိုးတာေၾကာင့္ေတာ့ အသက္အေသအေပ်ာက္ေတာ့ မေတြ႕ရတတ္ပါဘူး။

    ကစားရင္း၊ ေဆာ့ရင္း အဆိပ္ရွိတဲ့သတၱဝါကိုက္တာလား၊ ဆူးျခစ္မိတာလား ဗ်ာမမ်ားရေအာင္ ကေလးေတြကို သစ္ေခါင္းထဲ မႏႈိက္မိဖို႔၊ ေမွာင္တဲ့ေနရာ၊ ေခ်ာင္က်တဲ့ေနရာ မသြားလာဖို႔ ကေလးေတြကို ႀကိဳတင္သတိေပးထားသင့္ပါ ေၾကာင္း အႀကံေပးအပ္ပါတယ္။

    Author – ေဒါက္တာျမျမခ်ယ္ (ကေလးအထူးကုဆရာဝန္ႀကီး)

    Credit – Dr. Ziwaka Magazine

    Source – http://ziwaka.org/archives/2746

    (Unicode)

    ကလေးတွေဟာ သဘာဝအလျောက် အငြိမ်မနေကြဘဲ ကစားရင်း နေရာအနှံ့ရောက်တတ်ကြတဲ့အတွက် ပင့်ကူရှပ်တာ၊ ကင်းမြီးကောက်၊ ကင်းပုစွန် (ကင်းမလက်မည်း) ထိုးတာ ခံကြရတတ်ပါတယ်။ မှောင်မည်းနေတဲ့နေရာဆိုရင် ဘာ ကောင်ကိုက်လိုက်မှန်း မသိရတော့ မိဘတွေအနေနဲ့ စိတ်ပူစရာ အခြေအနေ (Unknown Bite)အဖြစ်နဲ့ ဆေးရုံ၊ ဆေးခန်း ပြကြရပါတယ်။ အဲဒါကြောင့်မို့ မကြာခဏ တွေ့ရတတ်တဲ့ ကလေးကျန်းမာရေးပြဿနာအဖြစ် တင်ပြလိုက်ရပါတယ်။

    ပင့်ကူရှပ်ခြင်း (Spider Bite)

    ကမ္ဘာပေါ်မှာ ပင့်ကူအမျိုးပေါင်း ၃၅၀ဝ၀ ခန့်ရှိတဲ့အနက် တချို့ ၁ မီလီမီတာလောက်သာရှိပြီး တချို့ဆိုရင် 10 cm (လေးလက်မ ကျော်ကျော်)အထိ ကြီးမားတာ တွေ့ရတယ်။ ပင့်ကူမျိုးစိတ်တိုင်းနီးပါးဟာ အဆိပ်ရှိကြသလို ကိုက်လည်း ကိုက်တတ်ကြပေမဲ့ အများစုကတော့ အဆိပ်မပြင်းထန်ကြပါဘူး။ ပင့်ကူကိုက်ရင် အဆိပ်ပြင်းထန်မှုရှိ၊ မရှိ လွှမ်းမိုးတဲ့ အချက်တွေကတော့

    ပင့်ကူအမျိုးအစား၊ အဆိပ်ပြင်းထန်မှု အနည်းအများ၊ ပင့်ကူရဲ့ အသက်၊ အရွယ်အစား အကြီးအသေး၊ အထီးအမ၊ ကိုယ်ခန္ဓာ (အကိုက်ခံရတဲ့လူ)ထဲသို့ ဝင်ရောက်ခံရတဲ့အဆိပ် အနည်းအများ၊ အကိုက်ခံရတဲ့ အချက်ရေ အနည်းအများနဲ့ ပင့်ကူရဲ့ ပါးစပ်ပတ်ဝန်းကျင်မှာရှိနေတဲ့ ဗက်တီးရီးယားပိုး အရေအတွက် အမျိုးအစားတွေပေါ်မှာ မူတည်ပါတယ်။

    အကိုက်ခံရတဲ့ကလေး (သို့) လူကြီးရဲ့ အသက်ကြီးခြင်း၊ ငယ်ခြင်း၊ ပင့်ကူအကိုက်မခံရခင် ကျန်းမာရေးကောင်း၊ မကောင်း အကိုက်ခံရတဲ့ အရွယ်အစားကြီး၊ မကြီးနဲ့ အကိုက်ခံရတဲ့နေရာပေါ် မူတည်ပြီး ပင့်ကူရှပ်ခြင်းရဲ့ လက္ခဏာလည်း ပြင်းထန်တာ၊ လျော့နည်းတာ ရှိနိုင်ပါတယ်။ ပင့်ကူရှပ်တာ (ကိုက်တာ) အများစုကတော့ လက္ခဏာပြတာ မပြင်းထန်လှပါဘူး။

    တချို့ကျတော့လည်း အကိုက်ခံရတဲ့နေရာ နီရဲရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အဖုထခြင်းနဲ့ ယားယံခြင်း ဖြစ်တတ်ပါ တယ်။ အကိုက်ခံရတဲ့နေရာတစ်ဝိုက်ရှိ တစ်သျှူးတွေက တုံ့ပြန်မှု (reaction) ပြတဲ့အတွက် အဖုသေးသေးလေးကနေ အရည်ကြည်ဖု အကြီး ဖြစ်လာတတ်သလို အနာအဆာ(ulceration) အဖြစ်လည်း တွေ့ရနိုင်ပါတယ်။ ငှက်စားပင့်ကူ (bird-eating spider) ကိုက်ခံရတာဆိုရင် အကိုက်အခံရတဲ့နေရာ နာကျင်မှုလေးလောက်ပဲ ပြပါတယ်။ တချို့ကျတော့လည်း ကိုက်ခံရတဲ့ နေရာရောင်ရမ်းမှုအပြင် အနီးပတ်ဝန်းကျင်က ပြန်ရည်ဖု(Lymph Node) တွေတောင် ရောင်ကိုင်းလာတတ် လို့ မြွေကိုက်တာ(snake bite)နဲ့ အထင်မှားချင်စရာပါ။ ဒါပေမဲ့ အဓိကရောဂါလက္ခဏာချင်းတော့ မတူညီပါဘူး။

    ပင့်ကူရဲ့အမွေးတွေ၊ အရည်တွေက အကိုက်ခံရတဲ့နေရာမှာ ကျန်ခဲ့ရင်တော့ တချို့လူတွေမှာ အလာဂျီတုံ့ပြန်မှုတွေ ဖြစ်လာတာ တွေ့ရတယ်။ အထူးသဖြင့် ပင့်ကူမွေးတွေသာ မျက်စိထဲ ဝင်ကျန်ခဲ့ရင် ခဏခဏ ယားယံမှု၊ မခံချိ မခံသာ ဖြစ်မှု (irritation)တွေ ခံစားရစေပါတယ်။

    ပင့်ကူရှပ်ရင် ယေဘုယျ ကုသပေးနိုင်မှုများ

    ပင့်ကူကိုက်တဲ့နေရာ၊ ရောင်ရမ်းနေတဲ့ နေရာပေါ်မှာ ရေခဲကပ်ပေးနိုင်ပါတယ်။ အရောင်ကျစေသလို နာကျင်မှုလည်း လျော့နည်းစေပါတယ်။ သိပ်ပြီး နာကျင်နေတဲ့အခါမှာ ပင့်ကူကိုက်တာလည်း သေချာရင်တော့ အနာအကျင်သက်သာ စေတဲ့ ဘိန်းပါတဲ့ဆေးဝါးတွေ သုံးစွဲနိုင်ပါတယ်။ ဘာကောင်ကိုက်မှန်း အတိအကျ မသိရသေးရင်တော့ မှိန်းစေတဲ့ အဲဒီဆေးဝါးတွေ ရှောင်ကြဉ်သင့်ပါတယ်။ အနာအကျင် သက်သာစေတဲ့ ဆေးရည်ဖျန်းခြင်း၊ သိပ်ဆိုးဝါးရင် အကိုက်ခံရတဲ့နေရာနဲ့ သက်ဆိုင်တဲ့ အာရုံကြောကို ဆေးထိုးပြီး(block) ပိတ်ဆို့ထားကာ (regional field block) နာကျင်ကိုက်ခဲမှု သက်သာအောင် ပြုလုပ်ပေးနိုင်တယ်။ အဆိပ်ပြင်းတဲ့ ပင့်ကူကိုက်ခဲခြင်းကို မြန်မာနိုင်ငံမှာတော့ အတွေ့ရ မများပေမဲ့ ဗဟုသုတအဖြစ် အောက်ပါအတိုင်း တင်ပြလိုက်ပါတယ်။

    ၁။ ပင့်ကူနက် (Black widow spider)

    ဒီပင့်ကူကို အမေရိကန်နိုင်ငံနဲ့ ဩစတြေးလျနိုင်ငံမှာ အတွေ့ရများပြီး ကိုယ်လုံးအနက်ရောင်ရှိကာ အနီရောင် အဝိုင်းမှတ်က ဗိုက်ပေါ်မှာ ပါရှိတယ်။ အဆိပ် (alpha trotoxin) ပါရှိပြီး ဒိုပါမီး (Dopamine)၊ အဒရီနယ်လင်း (Adrenaline)နဲ့ အက်ဆီတိုင်းကိုလင်း (Acetylcholine) စတဲ့ ဓာတုပစ္စည်းတွေကို ကိုယ်ခန္ဓာထဲ ထွက်ပေါ်လာစေပါတယ်။ အဲဒီပင့်ကူအကိုက်ခံရရင် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကတော့ ကိုက်ပြီးခါစ သိပ်မသိသာသေးပေမဲ့ ၁၅ မိနစ်ကနေ တစ်နာရီလောက်ကြာတဲ့အခါ ဗိုက်နဲ့ကျောပြင်တစ်ခုလုံး အပြင်းအထန် နာကျင်ကိုက်ခဲလာပါတယ်။ ဗိုက်ကြွက်သားတွေလည်း တောင့်တင်းလာပြီး ကြွက်တက်သလို ခံစားလာရတယ်။ အက်ဆီတိုင်းကိုလင်းတွေ (Acetylcholine) အမြောက်အမြား ထွက်လာစေတဲ့အတွက် တံတွေးတပျစ်ပျစ်ထွေးခြင်း၊ ချွေးအလွန်ထွက်ခြင်း၊ အန်ခြင်း ဖြစ်လာတယ်။ နော်အဒရီနယ်လင်းတွေ အများကြီးထွက်စေလို့ သွေးတက်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးစည်းချက်မမှန် ခြင်းတွေလည်း ဖြစ်လာရတယ်။ ဒိုပါမင်းတွေထွက်လာစေလို့ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်ရူးပေါက်ခြင်း (Hysteria)တွေ ဖြစ်လာတယ်။ မျက်လုံးပတ်လည် ရောင်ကိုင်းလာခြင်း၊ အရေပြားပေါ် အကွက်လိုက် အနီပြင်တွေထွက်ခြင်းနဲ့ ကိုယ်အပူချိန် တက်ခြင်းတွေ ဖြစ်လာတယ်။ အပြင်းအထန် အဆိပ်မိတဲ့လူမှာတော့ အသက်ရှူရခက်ခဲလာပြီး နှလုံးခုန်ရပ်ကာ သေဆုံးနိုင်တယ်။ ဒါမှမဟုတ် (Coma) မေ့မြောသွားနိုင်တယ်။

    ကုသမှုအနေနဲ့ကတော့ ဆေးရုံအမြန်တင်ပြီး အဆိပ်ဖြေဆေး ထိုးသင့်ပါတယ်။ အဲဒီအဆိပ်ဖြေဆေးထိုးသင့်သူတွေက တော့ အပြင်းအထန် ပင့်ကူဆိပ်သင့်တဲ့ လက္ခဏာရှိသူ၊ နဂိုနှလုံးရောဂါနဲ့ အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ ကိုယ်ဝန် ဆောင်ထားသူ၊ အသက် ၁၆နှစ်ထက် ငယ်သူတွေနဲ့ အသက် ၆၅ နှစ်ထက် ကြီးသူတွေကို ထိုးပေးသင့်ပါတယ်။ အောက်ဆီဂျင်ပေးခြင်း၊ ကြွက်တက်တာပြေအောင် ဒိုင်ယာဇီပင်ပေးခြင်း၊ အနာအကျင်သက်သာအောင် ကယ်လ်စီယမ် ဂလူကိုနိတ်အကြောဆေး ဖြည်းဖြည်းထိုးပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။ ဆေးရုံမှာတော့ အနည်းဆုံး ၄၈ နာရီလောက် စောင့်ကြည့်ကုသဖို့ လိုအပ်ပါတယ်။

    ၂။ ဖဲင်နယ်ဝက်ဘ်ပင့်ကူ (Funnel-web spider)

    ဩစတြေးလျတိုက်မှာ အတွေ့ရများပြီး အရောင် အဆင်းက အညိုရောင်ကနေ အနက်ရောင်အထိ ရှိပါတယ်။ အရွယ်အစားက ၁၅ စင်တီကနေ ၄၅ စင်တီမီတာအရွယ် အထိ ကြီးမားပြီး ‘နျူရိုတောက်ဆင်(Neurotoxin)’ ပါလို့ အာရုံကြောကို အဆိပ်သင့်စေပါတယ်။ ဒီပင့်ကူကိုက်ရင် တွေ့တဲ့လက္ခဏာတွေက အကိုက်ခံရတဲ့နေရာ အလွန်အမင်း နာကျင်ပါတယ်။ အနီပြင်ကြီးပေါ်လာပြီး အဲဒီကိုက်ခံရတဲ့ နေရာတစ်ဝိုက် ချွေးထွက်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း တွေ့ရတယ်။ တံတွေးအထွက်များခြင်း၊ ပါးစပ်တစ်ဝိုက် ထုံကျဉ်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း၊ မောပန်းခြင်း၊ အသက်ရှူကျပ်ခြင်း၊ သွေးတိုးခြင်းနဲ့ သတိလစ် မေ့မြောခြင်းလည်း တွေ့ရတယ်။ ကုသနည်းကလည်း ဆေးရုံ တင်ပြီး ဒီပင့်ကူအတွက် အဆိပ်ဖြေဆေးထိုးပေးရတာပါ။ အဆိပ်ဖြေဆေး လိုရင်လိုသလို ထပ်ထိုးပေးနိုင်ဖို့ ဆေးရုံမှာ ၂၄-၄၈ နာရီ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

    ၃။ အညိုရောင်ပင့်ကူ (Brown recluse spider)

    အမေရိကန်နိုင်ငံမှာ အတွေ့ရများပြီး အညိုရောင် ညိုမှောင် မှောင်အရောင်နဲ့ အနက်ရောင်အမျိုးမျိုး တွေ့ရတယ်။ မျက်စိနှစ်လုံးရဲ့ အနောက်ဘက်မှာ မယ်ဒလင်ပုံအမှတ်အသားတစ်ခုစီပါတဲ့အပြင် သူ့အဆိပ်က လူရဲ့သွေးကြောတွေကို ထိခိုက်ပျက်စီးစေတယ်။ သွေးခဲ တွေ ဖြစ်ပေါ်စေပြီး သွေးကြောတွေ ပိတ်ဆို့ကုန်ကာ သွေးငတ်တဲ့ infarction တွေ ဖြစ်ပေါ်စေတဲ့အတွက် ဆိုးရွားပါတယ်။ အကိုက်ခံရတဲ့သူ ခံစားရတာတွေက ကိုက်တဲ့နေရာ မနာကျင်တော့ သတိတောင် အစက မထားမိပါဘူး။ နောက် ခြောက်နာရီလောက် ကြာတော့မှ အဲဒီကိုက်ခံရတဲ့နေရာမှာ အနီကွက်စပေါ်လာပြီး ညိုပြာပြာ (သို့) မရမ်းရောင်အဖုလုံး ပေါ်လာတယ်။ အဲဒီနောက် အနာဖြစ်လာပြီး အနာကျက်နှေးတာတွေ့ရတယ်။

    ကလေးတွေမှာတော့ အကိုက်ခံရပြီး ၇၂ နာရီကနေ ၉၆ နာရီအတွင်း ပျို့အန်ခြင်း၊ အဖျားကြီးခြင်း၊ အားနည်းခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမျက် နာကျင်ခြင်း၊ သွေးကြောတွင်း သွေးနီဥတွေပေါက်ကွဲပျက်စီးကုန်တဲ့ အတွက် ဆီးထဲသွေးပါခြင်း၊ ဆီးမည်းခြင်းနဲ့ နောက်ဆုံးမှာ ကျောက်ကပ် ပျက်စီးစေပါတယ်။ ကျောက်ကပ်ပျက်ခြင်း (သို့) သွေးလန့်ခြင်းနဲ့ အသက်သေဆုံးနိုင်ပါတယ်။

    ကုသနည်းကလည်း ဆေးရုံအမြန်တင်ပြီး (polyvalent antivenon) ထိုးပေးရတာပါပဲ။ ဒါပေမဲ့ အဆိပ်ဖြေဆေးထိုးပေမဲ့ တစ်သျှူးပျက်စီးမှုကတော့ မကာကွယ်နိုင်ပါဘူး။ စတီးရွိုက်ပေး ခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ ကျောက်ကပ်လုပ်ငန်းပြန်လည် ကောင်းမွန်အောင် ကုသခြင်း၊ သွေးနီဥ ပျက်စီးမှုများလို့ သွေးအားနည်းသွားရင် သွေးသွင်းကုသခြင်းတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။ ဒီလို ပင့်ကူကိုက်တာက အသက်ဆုံးရှုံးနိုင်တာမို့ မပေါ့သင့်ပါ။

    ၄။ ပင့်ကူနီ (Redback spider)

    ဩစတြေးလျက တောနယ်ဘက်တွေမှာ နေထိုင်တတ်ပြီး အနက်ရောင်၊ အညိုရောင်ရှိကာ၊ ဗိုက်အပေါ်ဘက်မှာ အနီရောင် (သို့) လိမ္မော်ရောင် အစင်းပါရှိတာ တွေ့ရတယ်။ ဒီပင့်ကူကလည်း အာရုံကြောအဖွဲ့ကို ထိခိုက်စေတဲ့ (Neurotoxin) အဆိပ်ထုတ်ပေးတာမို့ အကိုက်ခံရရင် လက္ခဏာ တွေအနေနဲ့ ကိုက်တဲ့နေရာမှာ ချက်ချင်းပဲ နာကျင်ပြီး ရောင်ကိုင်းလာတယ်။ ဒါ့အပြင် နီရဲဖောင်းကားလာပြီး ချွေးထွက်များလာတယ်။ နာကျင်တာက အကိုက်ခံရတဲ့ ခြေထောက် (သို့) လက်တစ်ချောင်းလုံး ပျံ့နှံ့လာပြီး ပျို့အန်ခြင်း၊ သွေးတိုးခြင်း၊ ခေါင်း ကိုက်ခြင်း၊ ဖျားခြင်းနဲ့ အဆစ်တွေ နာကျင်လာတာ တွေ့ ရတယ်။

    ကုသမှုအနေနဲ့ကတော့ ကိုက်ခံရတဲ့နေရာပေါ် ရေခဲတင်ပေးခြင်း၊ အဲဒီပင့်ကူအဆိပ်ကို ဖြေတဲ့ အဆိပ်ဖြေဆေး ထိုးပေးခြင်းတို့ကို ဆိုးရွားစွာ ခံစားရတဲ့လူနာတွေမှာ ပြုလုပ်ပေးရတယ်။ အဆိပ်ဖြေဆေး တစ်ပုလင်းထိုးရင်ကို ၉၀% လောက် အဆိပ်ဖြေပြီးသား ဖြစ်သွားတယ်။

    ၅။ ငှက်ပျောပင့်ကူ (Banana Spider)

    တောင်အမေရိကမှာ တွေ့ရပြီး မီးခိုးရောင်/အညိုရောင် ရှိကာ ၅ စင်တီမီတာအရွယ်အထိ ကြီးပါတယ်။ သူ့အဆိပ် ကလည်း အက်ဆီတိုင်းကိုလင်းနဲ့ ကက်သီကောအေမင်း စတဲ့ ဓာတုပစ္စည်းတွေ ကိုယ်ခန္ဓာထဲ ထွက်ရှိစေပါတယ်။ အကိုက်ခံရတဲ့အခါ တွေ့ရတဲ့လက္ခဏာတွေကတော့ ချက်ချင်းလက်ငင်း မီးစနဲ့တို့လိုက်သလို ပူလောင် နာကျင် ခြင်းဟာ ကိုက်ခံရတဲ့ ခြေထောက် (သို့) လက်တစ်ခုလုံး ခံစားလိုက်ရတယ်။ ရောင်ရမ်းခြင်း၊ နီရဲနေခြင်း၊ ချွေးထွက် ခြင်းတွေလည်း ဖြစ်လာတယ်။ ရင်တုန်ခြင်း၊ အန်ခြင်း၊ တံထွေးအထွက်များခြင်း၊ သွေးတိုးခြင်းနဲ့ နာကျင်စွာ ငယ်ပါတောင့်တင်းနေခြင်းတို့ကို ကလေးတွေမှာ ထူးဆန်းစွာ တွေ့ရပါသေးတယ်။ တချို့ ကလေးတွေကျတော့ အထက် လှန်အောက်လျှော (ဝမ်းသွား)တာပါ တွေ့ရပါသေးတယ်။ ဒီပင့်ကူကိုက်တာကတော့ ဘရာဇီးမှာ အသက် ၁၀ နှစ် အောက်နဲ့ အသက် ၇၀ ကျော်တွေမှာ အတွေ့ရများပါတယ်။

    ကုသခြင်းအနေနဲ့ကတော့ အလွန်အမင်းနာကျင်တာ သက်သာအောင် ရေခဲကပ်ခြင်း၊ ဆေးလိမ်းခြင်း၊ ထုံဆေးထိုးခြင်း၊ နာကျင်တဲ့နေရာတစ်ဝိုက်က နာ့ဗ်ကြောကို ထုံသွားအောင် ဆေးထိုးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။ ကလေးတွေမှာ အဆုတ်ရောင်ခြင်း၊ ချောင်းဆိုးခြင်းတွေ ဖြစ်လာတတ်လို့ စောင့်ကြည့်ဖို့ လိုပါတယ်။

    ကာကွယ်ခြင်းကတော့ ကလေးလူကြီးမရွေး မှောင်တဲ့နေရာနဲ့ တောတောင်တွေထဲ အလင်းရောင် (သို့) လက်နှိပ် ဓာတ်မီးမပါဘဲ မသွားလာဖို့၊ ချောင်ကြိုချောင်ကြားမဆော့ဖို့၊ ဘာကောင်ကိုက်ကိုက် မိဘနဲ့အုပ်ထိန်းသူကို အမြန်ဆုံးအသိ ပေးဖို့ လိုအပ်ပါတယ်။

    ကင်းမြီးကောက်ထိုးခြင်း (Scorpion Sting)

    ကင်းမြီးကောက်ဟာ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသ နိုင်ငံအတော်များများမှာ မြွေကလွဲရင် အတွေ့အများဆုံး၊ အကိုက်ခံရဆုံး သတ္တဝါအမျိုးအစားဖြစ်ပါတယ်။ ကင်းမြီးကောက်က ထုတ်တဲ့အဆိပ်ဟာ လူတွေကို သာမန် တုံ့ပြန်မှုလောက်ပဲဖြစ်စေပေမဲ့ မက္ကဆီကို၊ တူနီးရှား၊ အယ်လ် ဂျီးရီးယား၊ မိုရိုကိုနဲ့ လစ်ဗျားနိုင်ငံတွေမှာတော့ ကင်းမြီး ကောက် ထိုးခံရတာဟာ ကျန်းမာရေးကို အတော်ထိခိုက်စေတယ်။

    တစ်ခုကောင်းတာက ကင်းမြီးကောက်တွေဟာ လူနဲ့ တွေ့ရင် တိုက်ခိုက်ဖို့ထက် ထွက်ပြေးဖို့ပဲ ကြိုးစားကြပါတယ်။များသောအားဖြင့်တော့ လှေကားပေါ် တက်လိုက်တဲ့အခါ ဒါမှမဟုတ် တက်နင်းမိလိုက်တဲ့အခါ မတော်တဆ အမြီးမှာပါတဲ့အဆိပ်ဆူးနဲ့ ထိုးမိလိုက်တဲ့အခါ ပူခနဲ၊ ကျင်ခနဲ ဖြစ်လာတတ်တာမျိုး ခံစားရပါတယ်။ တချို့လည်း ရှူးဖိနပ်ထဲ အင်္ကျီတွေပေါ်နဲ့ ကျောက်တုံး၊ သစ်တုံးတွေအောက် ကင်းမြီးကောက်ရှိနေတာ သတိမထားလိုက်မိတဲ့ အချိန်မျိုးမှာ အဆိပ်ဆူးနဲ့ အထိုးခံရတတ်ပါတယ်။ အဲဒါကြောင့်မို့ ရှူးဖိနပ်တွေ၊ ခြေအိတ်တွေ မဝတ်ဆင်ခင် သေချာခါထုတ်ခြင်း၊ အင်္ကျီတွေ၊ စောင်တွေ သေချာခါရမ်းပြီးမှ အသုံးပြုခြင်း၊ ထိုင်မယ့်နေရာ၊ အိပ်မယ့်နေရာ အသေအချာရှင်းလင်းပြီးမှ ထိုင်ခြင်း၊ အိပ်ခြင်း ပြုလုပ်သင့်ပါတယ်။

    ကုသမှုအနေနဲ့က နာကျင်တဲ့နေရာကို ရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေး သောက်ခြင်း ပြုလုပ်ပေးနိုင်တယ်။ အဆိပ်သင့်တဲ့ လက္ခဏာပြင်းထန်တဲ့သူတွေကိုတော့ ဆေးရုံတင်ပြီး နှလုံးသွေးလှည့်အဖွဲ့နဲ့ နာ့ဗ်ကြောအဖွဲ့ ထိခိုက်ခံရမှုကို စောင့်ကြည့်ဖို့ ၁၂-၂၄ နာရီ အနီးကပ်စောင့်ရှောက်သင့်တယ်။ အသက်ရှူ ခက်ခဲလာတာတွေ့ရင်တော့ အောက်ဆီဂျင်ပေးခြင်း၊ အဆိပ်ဖြေဆေးထိုးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။ အဆိပ်ဖြေဆေးထိုးခြင်းရဲ့ အကျိုးအာနိသင်က ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ သွေးအလွန်အမင်း တိုးနေတဲ့သူတွေအတွက် သင့်လျော်ပါတယ်။ အဆိပ်ဖြေဆေး ထိုးတဲ့အခါမှာလည်း တုံ့ပြန်မှု (Serum Sickness) ရတတ်လို့ သတိထားထိုးသင့်ပါတယ်။

    ကင်းမြီးကောက်နွယ်ဝင် ကင်းမလက်မည်းကြီးတွေကလည်း အုပ်စုဖွဲ့ပြီး မြေကြီးတွင်းထဲ နေထိုင်တတ်ကြလို့ အဲဒီလိုနေရာ သွားမဆော့ဖို့၊ အဲဒီအကောင်တွေနဲ့ဝေးရာနေဖို့၊ ညအပြင်ထွက်ရင် တုတ်တစ်ချောင်းနဲ့ အသံပေးပြီး လျှောက်ကာ လက်နှိပ်ဓာတ်မီးလိုအပ်ရင် သုံးစွဲဖို့ အကြံပြုရပါတယ်။

    ကင်းမြီးကောက်၊ ကင်းမလက်မည်းတွေမှာ အောက်ပါ အဆိပ်နှစ်မျိုးပါဝင်တာ တွေ့ရပါတယ်။ ပထမအဆိပ်က ကိုက်တဲ့နေရာကိုပဲ ထိခိုက်စေတာပါ။ အကိုက်ခံရတဲ့နေရာမှာ စူးစူးရှရှ နာကျင်ခြင်း၊ နီရဲရောင်ရမ်းခြင်း သို့မဟုတ် အညိုအမည်းစွဲခြင်းနဲ့ တစ်ခါတစ်ရံ ရှားရှားပါးပါး ရှော့ခ် (anaphylaxis)ရတာမျိုးဖြစ်တတ်ပါတယ်။ အရှေ့အလယ် ပိုင်းမှာရှိတဲ့ အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်ထိုးရင်တော့ အဆိပ်ပြန့်ခြင်းဟာ တစ်ကိုယ်လုံး ခံစားလာရရင် ဆေးရုံတင် ကုသသင့်ပါတယ်။

    ဒုတိယအဆိပ်အမျိုးအစားက အာရုံကြောအဖွဲ့အစည်းကို ထိခိုက်စေတဲ့ Neurotoxin အမျိုးအစားဖြစ်ပါတယ်။ ဒီအဆိပ်ကြောင့် နှလုံးတုန်ခြင်း၊ သွေးတိုးခြင်း၊ ချွေးထွက်များခြင်း၊ သွေးတွင်းသကြားဓာတ် များနေခြင်း၊ အဆုတ်ပွခြင်းနဲ့ တက်ခြင်း (Fits)တွေ ဖြစ်လာနိုင်ပါတယ်။ ကင်းမြီးကောက် (သို့) ကင်းမလက်မည်း တုပ်အပြီး ရုတ်တရက် နာကျင်ခြင်းခံစားရအပြီးနောက်မှာ အဲဒီနေရာအနီးတစ်ဝိုက် ထုံထိုင်းထိုင်းနဲ့ အထိအတွေ့ပျောက်သလိုတောင် ဖြစ်လာတတ်ပါတယ်။ ကြွက်သားတွေ ဟိုတစ်စ၊ ဒီတစ်စ လှုပ်ခြင်းနဲ့ နောက်ဆုံးမှာ မှိန်းနေခြင်း၊ မူးဝေနောက်ကျိနေခြင်းတွေ၊ ကိုက်တဲ့နေရာ အာရုံခံစားမှု ပျောက်နေတာတွေ ဖြစ်လာနိုင်ပါတယ်။ ကင်းမြီးကောက်၊ ကင်းမလက်မည်းထိုးတာကြောင့်တော့ အသက်အသေအပျောက်တော့ မတွေ့ရတတ်ပါဘူး။

    ကစားရင်း၊ ဆော့ရင်း အဆိပ်ရှိတဲ့သတ္တဝါကိုက်တာလား၊ ဆူးခြစ်မိတာလား ဗျာမများရအောင် ကလေးတွေကို သစ်ခေါင်းထဲ မနှိုက်မိဖို့၊ မှောင်တဲ့နေရာ၊ ချောင်ကျတဲ့နေရာ မသွားလာဖို့ ကလေးတွေကို ကြိုတင်သတိပေးထားသင့်ပါ ကြောင်း အကြံပေးအပ်ပါတယ်။

    Author – ဒေါက်တာမြမြချယ် (ကလေးအထူးကုဆရာဝန်ကြီး)

    Credit – Dr. Ziwaka Magazine

    Source – http://ziwaka.org/archives/2746

  • တန္​​ေဆး လြန္​​ေဘး​ေပါ့​ေနာ္

    တန္​​ေဆး လြန္​​ေဘး​ေပါ့​ေနာ္​ ??

    မွ်စ္အေၾကာင္းကို မသိပဲ ႀကိဳက္လို႔သာ စားေနတာ.. အခုကစၿပီး အရင္ထက္ပိုစားေတာ့မယ္…ဖတ္ျဖစ္ေအာင္ ဖတ္ၾကည့္လိုက္ေနာ္

    ျမန္မာ လူမ်ိဳးေတြက မွ်စ္ကို ေၾကာ္ခ်က္ၿပီး ဟင္းလ်ာ အမ်ိဳးမ်ိဳး ျပဳလုပ္ စားေသာက္ တတ္ၾကပါတယ္။

    ဒါေပမယ့္ မွ်စ္ေတြကို ေဆးဆိုးထားတယ္ ဆိုတဲ့သတင္း ထြက္လာၿပီးေနာက္မွာ မွ်စ္ကို စားဖို႔ လက္တြန႔္ သြားၾကပါတယ္။

    ဒါေၾကာင့္ ေဆးမဆိုး ထားတဲ့ မွ်စ္ေတြကို ေ႐ြးခ်ယ္ စားေသာက္ဖို႔ အႀကံျပဳရင္း မွ်စ္ေၾကာင့္ ရရွိလာႏိုင္တဲ့ က်န္းမာေရး စြမ္းပကားေတြကို ေရးသား လိုက္ရပါတယ္။

    (၁) အစာေျခစနစ္က်န္းမာ

    ျခင္းမွ်စ္ဟာ အစာအိမ္ရဲ႕ အစာေခ်ဖ်က္တဲ့ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစ ပါတယ္။ မွ်စ္ဟာ အစာအိမ္ ေဝဒနာကို သက္သာေစၿပီး ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါကိုလည္း သက္သာေစပါ တယ္။

    (၂) နာတာရွည္ေရာဂါ ျဖစ္ႏိုင္ေျခ ေလ်ာ့က်ေစျခင္း

    မွ်စ္မွာ ဖီေနာလစ္အက္စစ္ မ်ားစြာ ပါဝင္မႈေၾကာင့္ ေရာင္ရမ္းမႈ ေလ်ာ့က်ၿပီး အင္တီေအာက္ဆီးဒင့္ အစြမ္း ရွိပါတယ္။

    ဒါေၾကာင့္ ႏွလုံးေရာဂါ အပါအဝင္ နာတာရွည္ ေရာဂါေတြ ကို ေလ်ာ့ က်ေစပါတယ္။ မွ်စ္မွာ ပါဝင္တဲ့ ပိုတက္စီယမ္ဟာလည္း ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

    (၃) ပိုးသတ္ အာနိသင္ရွိျခင္း

    မွ်စ္မွာ ဖိုင္ကိုကမ္မီကယ္ မ်ားစြာ ပါဝင္တာေၾကာင့္ ဖန္းဂတ္စ္မႈိတား အာနိသင္၊ ဘက္တီးရီးယား ဆန႔္က်င္တဲ့ အာနိသင္နဲ႔ ကင္ဆာတား အာနိသင္တို႔ ရွိၾကပါတယ္။

    (၄)ေသြးဖိအားကို ထိန္းသိမ္းေပးျခင္း

    မွ်စ္မွာ ပိုက္တက္စီယမ္ ပါဝင္မႈ မ်ားတာေၾကာင့္ ေသြးတိုးကို က်ေစပါတယ္။ မွ်စ္တစ္ခြက္မွာ တစ္ေန႔တာ လိုအပ္တဲ့ ပိုတက္စီယမ္ ပမာဏရဲ႕ ငါးပုံတစ္ပုံ ပါဝင္ေနပါတယ္။

    (၅) မေကာင္းေသာ အဆီကို က်ေစျခင္း

    မွ်စ္ဟာ မေကာင္းတဲ့ ကိုလက္စထေရာ အဆီ (LDL) ကို ေလ်ာ့က်ေစပါတယ္။ မွ်စ္မွာ ကယ္လိုရီပါဝင္မႈ ေလ်ာ့နည္းတာေၾကာင့္ အဝလြန္သူေတြနဲ႔ သင့္ေတာ္ပါတယ္။

    ဒါ့အျပင္ အမွ်င္ဓာတ္ ပါဝင္မႈမ်ားၿပီး မၾကာခဏ ဆာေလာင္မႈ ေလ်ာ့နည္းတာေၾကာင့္ ကိုယ္အေလးခ်ိန္ ထိန္းေနသူေတြအတြက္ သင့္ေတာ္ပါတယ္။ မွ်စ္ရည္ဟာ အူလမ္းေၾကာင္းရွိ သန္ေကာင္ေတြကို ေလ်ာ့က်ေစပါ တယ္။

    (၆) ဝမ္းမွန္မွန္သြားေစျခင္း

    မွ်စ္မွာ အမွ်င္ဓာတ္မ်ားစြာ ပါဝင္တဲ့အတြက္ အူလႈပ္ရွားမႈက ေကာင္းမြန္ေစၿပီး နာတာရွည္ ဝမ္းခ်ဳပ္မႈ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

    မွ်စ္တစ္ခြက္ စားေပရင္ တစ္ေန႔တာ လိုအပ္တဲ့ အမွ်င္ ဓာတ္ ပမာဏကို ရရွိေစပါတယ္။

    (၇) အမ်ိဳးသမီးမ်ားတြင္ ရာသီစက္ဝန္း မွန္ေစျခင္း

    မွ်စ္ေတြဟာ ရာသီစက္ဝန္းကို လႈံ႕ေဆာ္ေပးၿပီး ရာသီမွန္မွန္ လာေစပါတယ္။

    (၈) သည္းေျခအိတ္ကို က်န္းမာေစျခင္း

    ႐ိုးရာ ေဆးနည္းအေနနဲ႔ မွ်စ္ကို သည္းေျခအိတ္ ေဝဒနာေတြ ေလ်ာ့က်ဖို႔အတြက္ အိမ္သုံးေဆးတစ္လက္ အေနနဲ႔ အရင္က အသိျပဳခဲ့ၾကပါတယ္။

    (၉) ဒဏ္ရာငယ္မ်ားကို သန႔္စင္ေစျခင္း

    မွ်စ္ရည္ဟာ ဒဏ္ရာငယ္ေတြကို သန႔္စင္ေစတယ္လို႔ သိရပါတယ္။ သန႔္ရွင္းတဲ့ မွ်စ္ရည္က ဒဏ္ရာအေပၚ လိမ္းေပးရင္ အနာက်က္ ျမန္ေစတယ္လို႔ တခ်ိဳ႕က ယုံၾကည္ၾကပါတယ္။

    (၁၀) ေသြးထြက္ေနေသာ လိပ္ေခါင္းကို သက္သာေစျခင္း

    လိပ္ေခါင္းက ေသြးထြက္ေနရင္ ဂႏိုဆီးပူေညာင္းက်ေရာဂါ ျဖစ္ေနလွ်င္ မွ်စ္ကို စားေပးပါက သက္သာေစတယ္လို႔ တခ်ိဳ႕က ဆိုပါတယ္။

    credit to Good Health