Category: ဗဟုတုသ

  • ကေလး အိပ္ရာေပၚ အေပါ့သြားတာကို ဘယ္လို တားဆီးမလဲ

    (Zawgyi)

    သင့္ကေလး အိပ္ရာေပၚ အေပါ့သြားတာကို ဘယ္လို တားဆီးမလဲ

    အသက္ ၄ ႏွစ္ကေန ၇ ႏွစ္အတြင္းရွိတဲ့ ကေလးေတြဟာ အိပ္ရာထဲမွာ အေပါ့သြားေလ့ ရွိၾကပါတယ္။ တခါတေလဆိုရင္ ကိစၥ မရွိေပမယ့္ ညတိုင္းဆိုရင္ေတာ့ မိခင္ေတြအတြက္ အလုပ္ပိုတာ အေသအခ်ာပါပဲ။ မနက္မိုးလင္းတိုင္း အိပ္ရာခင္းလဲရတာကလည္း အခ်ိန္ကုန္ လူပန္း ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဒီတခါမွာ သင့္ကေလး ညဖက္ အိပ္ရာေပၚ အေပါ့မသြားေအာင္ ေျဖရွင္းေပးလို႔ရမယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) ေရေလ်ာ့တိုက္ပါ

    မနက္ဖက္မွာ ေရေသာက္ခ်င္သေလာက္ ေသာက္ပါေစ။ ညဖက္အိပ္ရာဝင္ခါနီးရင္ေတာ့ ေရတိုက္တဲ့ ပမာဏကို ေလ်ာ့ပစ္ဖို႔ လိုပါတယ္။ ေဖ်ာ္ရည္တိုက္တာေတြကို မျပဳလုပ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ အေရးအႀကီးဆုံးကေတာ့ အိပ္ရာမဝင္ခင္ ကေလးကို အိမ္သာသြားခိုင္းဖို႔ပါပဲ။ ဒီအက်င့္ကို ေန႔တိုင္း လုပ္ေပးတယ္ဆိုရင္ သင့္ကေလး အိပ္ရာေပၚ အေပါ့သြားတဲ့ႏႈန္း သိသိသာသာ ေလ်ာ့လာမွာ ေသခ်ာပါတယ္။ ေရဓာတ္အရမ္းမ်ားတဲ့ အသီးအႏွံေတြကို ညဖက္မွာ ေကြၽးျခင္းကလည္း သင့္ကေလးကို အိပ္ရာေပၚ အေပါ့သြားေအာင္ တြန္းအားေပးေနသလိုပါပဲ။ ဒါေၾကာင့္ ေရွာင္သင့္ပါတယ္။

    (၂) ညလယ္ေရာက္ရင္ အေပါ့သြားဖို႔ ႏႈိးပါ

    ကေလးေတြဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေလ့ရွိတာေၾကာင့္ ဆီးအိမ္ထဲမွာ ဆီးေတြနဲ႔ ျပည့္ေနလည္း ထၿပီး အေပါ့သြားရမယ္ဆိုတာကို သူတို႔ မသိပါဘူး။ ညလည္ပိုင္းမွာ သူတို႔ကို ႏႈိးၿပီး အေပါ့သြားတဲ့ အက်င့္လုပ္ေပးရင္ ေနာက္ပိုင္း သူတို႔ ကိုယ့္ကိုထၿပီး သြားတတ္လာပါလိမ့္မယ္။ သင့္ကေလးက တေနကုန္ အေပါ့ ဘယ္ႏွႀကိမ္သြားတတ္လဲ ဆိုတာကို ေစာင့္ၾကည့္ပါ။

    ဥပမာ သုံးနာရီျခားတိုင္း တခါ၊ အေပါ့သြားတတ္တဲ့ ကေလးဆိုရင္ ညဖက္ သူစၿပီး အိပ္တဲ့အခ်ိန္ကေန သုံးနာရီျခားတိုင္း တခါႏႈိးၿပီး အေပါ့သြားခိုင္းသင့္ပါတယ္။ ဒီလို တပတ္ေလာက္ေလ့က်င့္ေပးရင္း သူတို႔ အိပ္ရာေပၚ မေပါက္ခ်ေတာ့ဘူးဆိုရင္ ေနာက္ပိုင္း သူတို႔ အေပါ့သြားခ်င္တိုင္းကိုယ့္ဟာကို ထသြားပါလိမ့္မယ္။

    (၃) မက္ဂနီဆီယမ္ ပိုၿပီး ေကြၽးပါ

    ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းရဲ႕ ေလ့လာခ်က္က ကေလးေတြ အိပ္ရာေပၚမွာ အေပါ့သြားျခင္းဟာ မက္ဂနီဆီယမ္ ခ်ိဳ႕တဲ့လို႔ျဖစ္ပါတယ္။ ဒီဓာတ္ခ်ိဳ႕တဲ့ တဲ့ အခါမွာ အာ႐ုံေၾကာတုံ႔ျပန္မႈ အားနည္းလာတာေၾကာင့္ ကေလးေတြဟာ သူတို႔ အေပါ့သြားဖို႔ လိုအပ္တာကို မသိပဲ ျဖစ္ေနတာပါ။ မက္ဂနီဆီယမ္ ႂကြယ္ဝတဲ့ ကေလးေဆးဆိုၿပီး သီးသန႔္ မရွိတာေၾကာင့္ မက္ဂနီဆီယမ္ဓာတ္ေပါမ်ားတဲ့ ေထာပတ္သီး၊ေနၾကာေစ့၊ငွက္ေပ်ာသီး၊ ဆယ္လ္မြန္ငါးနဲ႔ တို႔ဖူးတို႔ကို ေကြၽးဖို႔ တိုက္တြန္းခ်င္ပါတယ္။

    (၄) ကေလးနဲ႔ စကားေျပာပါ

    ေက်ာင္းမွာ အဆင္ေျပရဲ႕လား၊ ဘယ္လို စိတ္ခံစားမႈေတြကို ခံစားေနရလဲ စတာေတြကို ေမးျမန္းပါ။ စိတ္မလုံၿခဳံမႈကို ခံစားေနရတဲ့ ကေလးေတြဟာလည္း အိပ္ရာေပၚမွာ အေပါ့သြားတတ္လို႔ မိဘ သို႔မဟုတ္ အုပ္ထိန္းသူ တေယာက္ေယာက္ဟာ ကေလးရဲ႕ ခံစားခ်က္ေတြကိုေမးဖို႔လိုပါတယ္။

    ဒီလို ေမးျမန္းတဲ့ အခါမွာလည္း ကေလးကို မရယ္ဖို႔နဲ႔ ကေလးဖက္က ခံစားခ်က္ကို အမွန္တကယ္ ဖြင့္ဟေျပာလာေအာင္ လုပ္ဖို႔ လိုအပ္ပါတယ္။ အိပ္ရာေပၚမွာ အေပါ့သြားလို႔ ဆိုၿပီး ကေလးကို ႐ိုက္ႏွက္တာမ်ိဳးေတြ မလုပ္ဖို႔လည္း သတိေပးခ်င္ပါတယ္။

    (၅) ဆုခ်ပါ

    ဆုေပး ဒဏ္ေပးစနစ္ဟာ ကေလးကို ထိန္းေက်ာင္းတဲ့ ေနရာမွာ အထိေရာက္ဆုံးစနစ္ တခုျဖစ္ပါတယ္။ ညဖက္ အိပ္ရာေပၚ အေပါ့မသြားရင္ ဆုေပးမယ္ဆိုတဲ့ ကတိကိုေပးထားပါ။ သူတို႔က ဘာမွေတာ့ မတတ္ႏိုင္ေပမယ့္ ဒါဟာ စိတ္ပိုင္းဆိုင္ရာ စမ္းသပ္ခ်က္မ်ိဳးပါပဲ။

    အေပၚမွာ ေျပာျပခဲ့တဲ့ ညဖက္ ေရေလ်ာ့တိုက္ျခင္း၊ အေပါ့သြားဖို႔ ႏႈိးရင္ ထျခင္း စတာေတြ အတြက္လည္း ဆုေပးမယ္ဆိုရင္ ကေလးက သင္ေျပာသလို လိုက္လုပ္မွာ ေသခ်ာပါတယ္။ တခုရွိတာက ဆုေပးမယ္လို႔ ကတိေပးထားရင္ တကယ္ေပးဖို႔ပါပဲ။ ကေလးက သင့္အေပၚကို ယုံၾကည့္မႈရွိလာေအာင္ သင္ကိုယ္တိုင္ တည္ေဆာက္ဖို႔ လိုပါတယ္။

    Ref;brightside

    Credit – ေရဗန္ (ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    သင့်ကလေး အိပ်ရာပေါ် အပေါ့သွားတာကို ဘယ်လို တားဆီးမလဲ

    အသက် ၄ နှစ်ကနေ ၇ နှစ်အတွင်းရှိတဲ့ ကလေးတွေဟာ အိပ်ရာထဲမှာ အပေါ့သွားလေ့ ရှိကြပါတယ်။ တခါတလေဆိုရင် ကိစ္စ မရှိပေမယ့် ညတိုင်းဆိုရင်တော့ မိခင်တွေအတွက် အလုပ်ပိုတာ အသေအချာပါပဲ။ မနက်မိုးလင်းတိုင်း အိပ်ရာခင်းလဲရတာကလည်း အချိန်ကုန် လူပန်း ဖြစ်စေပါတယ်။ ဒါကြောင့် ဒီတခါမှာ သင့်ကလေး ညဖက် အိပ်ရာပေါ် အပေါ့မသွားအောင် ဖြေရှင်းပေးလို့ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

    (၁) ရေလျော့တိုက်ပါ

    မနက်ဖက်မှာ ရေသောက်ချင်သလောက် သောက်ပါစေ။ ညဖက်အိပ်ရာဝင်ခါနီးရင်တော့ ရေတိုက်တဲ့ ပမာဏကို လျော့ပစ်ဖို့ လိုပါတယ်။ ဖျော်ရည်တိုက်တာတွေကို မပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ အရေးအကြီးဆုံးကတော့ အိပ်ရာမဝင်ခင် ကလေးကို အိမ်သာသွားခိုင်းဖို့ပါပဲ။ ဒီအကျင့်ကို နေ့တိုင်း လုပ်ပေးတယ်ဆိုရင် သင့်ကလေး အိပ်ရာပေါ် အပေါ့သွားတဲ့နှုန်း သိသိသာသာ လျော့လာမှာ သေချာပါတယ်။ ရေဓာတ်အရမ်းများတဲ့ အသီးအနှံတွေကို ညဖက်မှာ ကျွေးခြင်းကလည်း သင့်ကလေးကို အိပ်ရာပေါ် အပေါ့သွားအောင် တွန်းအားပေးနေသလိုပါပဲ။ ဒါကြောင့် ရှောင်သင့်ပါတယ်။

    (၂) ညလယ်ရောက်ရင် အပေါ့သွားဖို့ နှိုးပါ

    ကလေးတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လေ့ရှိတာကြောင့် ဆီးအိမ်ထဲမှာ ဆီးတွေနဲ့ ပြည့်နေလည်း ထပြီး အပေါ့သွားရမယ်ဆိုတာကို သူတို့ မသိပါဘူး။ ညလည်ပိုင်းမှာ သူတို့ကို နှိုးပြီး အပေါ့သွားတဲ့ အကျင့်လုပ်ပေးရင် နောက်ပိုင်း သူတို့ ကိုယ့်ကိုထပြီး သွားတတ်လာပါလိမ့်မယ်။ သင့်ကလေးက တနေကုန် အပေါ့ ဘယ်နှကြိမ်သွားတတ်လဲ ဆိုတာကို စောင့်ကြည့်ပါ။

    ဥပမာ သုံးနာရီခြားတိုင်း တခါ၊ အပေါ့သွားတတ်တဲ့ ကလေးဆိုရင် ညဖက် သူစပြီး အိပ်တဲ့အချိန်ကနေ သုံးနာရီခြားတိုင်း တခါနှိုးပြီး အပေါ့သွားခိုင်းသင့်ပါတယ်။ ဒီလို တပတ်လောက်လေ့ကျင့်ပေးရင်း သူတို့ အိပ်ရာပေါ် မပေါက်ချတော့ဘူးဆိုရင် နောက်ပိုင်း သူတို့ အပေါ့သွားချင်တိုင်းကိုယ့်ဟာကို ထသွားပါလိမ့်မယ်။

    (၃) မက်ဂနီဆီယမ် ပိုပြီး ကျွေးပါ

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ လေ့လာချက်က ကလေးတွေ အိပ်ရာပေါ်မှာ အပေါ့သွားခြင်းဟာ မက်ဂနီဆီယမ် ချို့တဲ့လို့ဖြစ်ပါတယ်။ ဒီဓာတ်ချို့တဲ့ တဲ့ အခါမှာ အာရုံကြောတုံ့ပြန်မှု အားနည်းလာတာကြောင့် ကလေးတွေဟာ သူတို့ အပေါ့သွားဖို့ လိုအပ်တာကို မသိပဲ ဖြစ်နေတာပါ။ မက်ဂနီဆီယမ် ကြွယ်ဝတဲ့ ကလေးဆေးဆိုပြီး သီးသန့် မရှိတာကြောင့် မက်ဂနီဆီယမ်ဓာတ်ပေါများတဲ့ ထောပတ်သီး၊နေကြာစေ့၊ငှက်ပျောသီး၊ ဆယ်လ်မွန်ငါးနဲ့ တို့ဖူးတို့ကို ကျွေးဖို့ တိုက်တွန်းချင်ပါတယ်။

    (၄) ကလေးနဲ့ စကားပြောပါ

    ကျောင်းမှာ အဆင်ပြေရဲ့လား၊ ဘယ်လို စိတ်ခံစားမှုတွေကို ခံစားနေရလဲ စတာတွေကို မေးမြန်းပါ။ စိတ်မလုံခြုံမှုကို ခံစားနေရတဲ့ ကလေးတွေဟာလည်း အိပ်ရာပေါ်မှာ အပေါ့သွားတတ်လို့ မိဘ သို့မဟုတ် အုပ်ထိန်းသူ တယောက်ယောက်ဟာ ကလေးရဲ့ ခံစားချက်တွေကိုမေးဖို့လိုပါတယ်။

    ဒီလို မေးမြန်းတဲ့ အခါမှာလည်း ကလေးကို မရယ်ဖို့နဲ့ ကလေးဖက်က ခံစားချက်ကို အမှန်တကယ် ဖွင့်ဟပြောလာအောင် လုပ်ဖို့ လိုအပ်ပါတယ်။ အိပ်ရာပေါ်မှာ အပေါ့သွားလို့ ဆိုပြီး ကလေးကို ရိုက်နှက်တာမျိုးတွေ မလုပ်ဖို့လည်း သတိပေးချင်ပါတယ်။

    (၅) ဆုချပါ

    ဆုပေး ဒဏ်ပေးစနစ်ဟာ ကလေးကို ထိန်းကျောင်းတဲ့ နေရာမှာ အထိရောက်ဆုံးစနစ် တခုဖြစ်ပါတယ်။ ညဖက် အိပ်ရာပေါ် အပေါ့မသွားရင် ဆုပေးမယ်ဆိုတဲ့ ကတိကိုပေးထားပါ။ သူတို့က ဘာမှတော့ မတတ်နိုင်ပေမယ့် ဒါဟာ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်ချက်မျိုးပါပဲ။

    အပေါ်မှာ ပြောပြခဲ့တဲ့ ညဖက် ရေလျော့တိုက်ခြင်း၊ အပေါ့သွားဖို့ နှိုးရင် ထခြင်း စတာတွေ အတွက်လည်း ဆုပေးမယ်ဆိုရင် ကလေးက သင်ပြောသလို လိုက်လုပ်မှာ သေချာပါတယ်။ တခုရှိတာက ဆုပေးမယ်လို့ ကတိပေးထားရင် တကယ်ပေးဖို့ပါပဲ။ ကလေးက သင့်အပေါ်ကို ယုံကြည့်မှုရှိလာအောင် သင်ကိုယ်တိုင် တည်ဆောက်ဖို့ လိုပါတယ်။

    Ref;brightside

    Credit – ရေဗန် (ဧရာဝတီ), The Irrawaddy – Burmese Edition

  • စက္ေလွကား မေတာ္တဆမႈျဖစ္ေသာ္ အေရးေပၚရပ္တန္႕ႏိုင္သည့္ ခလုတ္အေၾကာင္း ဗဟုသုတ

    (Zawgyi)

    မေတာ္တဆမႈတစ္ခုခု ျဖစ္ခဲ့သည္ရွိေသာ္ စက္ေလွကားရဲ႕ အေပၚထိပ္ (သို႔) ေအာက္ထိပ္မွာရွိတဲ့ စက္ေလွကားခလုတ္ကို ပိတ္ေပးပါလို႔ ေအာ္ပါ။ Escalator(စက္ေလွကား) ေတြ အသုံးျပဳမ်ားလာတဲ့အခ်ိန္မွာ သတိျပဳရမယ့္အခ်က္ေလးေတြကို သတိရွိဖို႔ လိုလာပါတယ္။ သိၿပီးသားကိစၥေတြျဖစ္ေပမယ့္ သတိလြတ္ၿပီး ေနၾကတာ အေတြ႕မ်ားလာလို႔ပါ။

    လက္ကိုင္တန္းကို မကိုင္ပဲနဲ႔ လက္လြတ္မစီးသင့္ပါဘူး။ စက္ေလွကား မေတာ္တဆမႈေတြထဲမွာ ေနာက္ျပန္႐ုတ္တရက္လည္သြားတာမ်ိဳး၊ ေျခနင္းကြၽံက်တာမ်ိဳး၊ အရာဝတၳဳ တစ္ခုခု စက္ၾကားညႇပ္တာမ်ိဳးေတြဟာ မေတာ္တဆမႈ အေနနဲ႔ေတြ႕ခဲ့ဖူးၾကမွာပါ။ Youtube မွာလဲ videoေတြ ရွာၾကည့္ႏိုင္ပါတယ္။ ကေလးသူငယ္မ်ားကို အုပ္ထိန္းသူကိုယ္တိုင္ ကိုင္တြယ္ၿပီးမွ စီးသင့္ပါတယ္။

    အီေဖကိုတို႔ ငယ္ငယ္ကဆို ေ႐ႊတိဂုံဘုရားသြားရင္ စက္ေလွကား ေပ်ာ္ေပ်ာ္ႀကီး အေခါက္ေခါက္အခါခါ စီးခဲ့ၾကတယ္(အဲ့သမွာပဲ ရွိတာကိုး) Safetyအသိ မရွိေသး၊ လူႀကီးေတြကလည္း အႏၲရာယ္ႀကိဳမျမင္ႏိုင္ေသးေတာ့ လႊတ္ေပးထားၾကတယ္။ တကယ္ေတာ့ အလြန႔္အလြန္ အႏၲရာယ္မ်ားတဲ့ ကိစၥေတြပါ။ Safety သင္တန္းတက္တုန္းက ဆရာျပခဲ့တဲ့ videoမွာ ကေလးက လက္ရန္းက ခိုစီးလို႔ ျပဳတ္က်တာမ်ိဳး ျမင္ၿပီးထဲက လန႔္ခဲ့တာ။ စက္ေလွကားစီးေတာ့မယ္ဆို ၿငိႏိုင္မယ့္ အဝတ္စ၊ အရာဝတၳဳေတြကို လြတ္လြတ္ကင္းကင္း ကိုင္ထားၿပီးမွ စီးၾကပါရန္။

    အကယ္၍ ၿငိသည္ရွိေသာ္လည္း အရွက္နဲ႔လူ မလုပ္ခ်င္ပါနဲ႔၊ အသက္နဲ႔ လူလုပ္ပါ။ ႐ုပ္နဲ႔နာမ္ခ်ည္းပါ။ ၿငိသြားတဲ့ အဝတ္စ တစ္ခါတည္း ျဖဳတ္ပစ္ပါေလလို႔၊ ႏို႔မို႔ အသက္အႏၲရာယ္ ရွိႏိုင္တာကိုး။ အေရးႀကီးဆုံးအခ်က္ကို ေျပာပါမယ္။

    မေတာ္တဆမႈ တစ္ခုခု ျဖစ္ခဲ့သည္ရွိေသာ္ ေအာ္ပါ။ ဘာေအာ္ရမလဲဆိုေတာ့ စက္ေလွကားရဲ႕ အေပၚထိပ္ (သို႔) ေအာက္ထိပ္မွာရွိတဲ့ စက္ေလွကားခလုတ္ကို ပိတ္ေပးပါလို႔ ေအာ္ပါ။ အေရးႀကီးပါတယ္။ ကူညီေပးမယ့္သူေတြကလည္း လန႔္ၿပီး ၾကည့္ေနမယ့္အစား ခလုတ္ပိတ္ဖို႔ သတိရေပးၾကပါလို႔ ေျပာျပရင္း ကူညီႏိုင္ၾကပါေစေၾကာင္း ေရးသားပါသည္။

    Credit – nan

    Via – https://goo.gl/H3qgwZ

    (Unicode)

    မတော်တဆမှုတစ်ခုခု ဖြစ်ခဲ့သည်ရှိသော် စက်လှေကားရဲ့ အပေါ်ထိပ် (သို့) အောက်ထိပ်မှာရှိတဲ့ စက်လှေကားခလုတ်ကို ပိတ်ပေးပါလို့ အော်ပါ။ Escalator(စက်လှေကား) တွေ အသုံးပြုများလာတဲ့အချိန်မှာ သတိပြုရမယ့်အချက်လေးတွေကို သတိရှိဖို့ လိုလာပါတယ်။ သိပြီးသားကိစ္စတွေဖြစ်ပေမယ့် သတိလွတ်ပြီး နေကြတာ အတွေ့များလာလို့ပါ။

    လက်ကိုင်တန်းကို မကိုင်ပဲနဲ့ လက်လွတ်မစီးသင့်ပါဘူး။ စက်လှေကား မတော်တဆမှုတွေထဲမှာ နောက်ပြန်ရုတ်တရက်လည်သွားတာမျိုး၊ ခြေနင်းကျွံကျတာမျိုး၊ အရာဝတ္ထု တစ်ခုခု စက်ကြားညှပ်တာမျိုးတွေဟာ မတော်တဆမှု အနေနဲ့တွေ့ခဲ့ဖူးကြမှာပါ။ Youtube မှာလဲ videoတွေ ရှာကြည့်နိုင်ပါတယ်။ ကလေးသူငယ်များကို အုပ်ထိန်းသူကိုယ်တိုင် ကိုင်တွယ်ပြီးမှ စီးသင့်ပါတယ်။

    အီဖေကိုတို့ ငယ်ငယ်ကဆို ရွှေတိဂုံဘုရားသွားရင် စက်လှေကား ပျော်ပျော်ကြီး အခေါက်ခေါက်အခါခါ စီးခဲ့ကြတယ်(အဲ့သမှာပဲ ရှိတာကိုး) Safetyအသိ မရှိသေး၊ လူကြီးတွေကလည်း အန္တရာယ်ကြိုမမြင်နိုင်သေးတော့ လွှတ်ပေးထားကြတယ်။ တကယ်တော့ အလွန့်အလွန် အန္တရာယ်များတဲ့ ကိစ္စတွေပါ။ Safety သင်တန်းတက်တုန်းက ဆရာပြခဲ့တဲ့ videoမှာ ကလေးက လက်ရန်းက ခိုစီးလို့ ပြုတ်ကျတာမျိုး မြင်ပြီးထဲက လန့်ခဲ့တာ။ စက်လှေကားစီးတော့မယ်ဆို ငြိနိုင်မယ့် အဝတ်စ၊ အရာဝတ္ထုတွေကို လွတ်လွတ်ကင်းကင်း ကိုင်ထားပြီးမှ စီးကြပါရန်။

    အကယ်၍ ငြိသည်ရှိသော်လည်း အရှက်နဲ့လူ မလုပ်ချင်ပါနဲ့၊ အသက်နဲ့ လူလုပ်ပါ။ ရုပ်နဲ့နာမ်ချည်းပါ။ ငြိသွားတဲ့ အဝတ်စ တစ်ခါတည်း ဖြုတ်ပစ်ပါလေလို့၊ နို့မို့ အသက်အန္တရာယ် ရှိနိုင်တာကိုး။ အရေးကြီးဆုံးအချက်ကို ပြောပါမယ်။

    မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့သည်ရှိသော် အော်ပါ။ ဘာအော်ရမလဲဆိုတော့ စက်လှေကားရဲ့ အပေါ်ထိပ် (သို့) အောက်ထိပ်မှာရှိတဲ့ စက်လှေကားခလုတ်ကို ပိတ်ပေးပါလို့ အော်ပါ။ အရေးကြီးပါတယ်။ ကူညီပေးမယ့်သူတွေကလည်း လန့်ပြီး ကြည့်နေမယ့်အစား ခလုတ်ပိတ်ဖို့ သတိရပေးကြပါ လို့ ပြောပြရင်း ကူညီနိုင်ကြပါစေကြောင်း ရေးသားပါသည်။

    Credit – nan

    Via – https://goo.gl/H3qgwZ

  • ႏိုင္ငံျခားသားမ်ားႏွင့္ အလုပ္အတူလုပ္ေနရသူမ်ားအတြက္

    (Zawgyi)

    ႏိုင္ငံျခားသားမ်ားႏွင့္ ေအာင္ေအာင္ျမင္ျမင္ အလုပ္လုပ္ႏိုင္ဖို႔

    ျမန္မာႏိုင္ငံကို ဝင္ေရာက္လာတဲ့ ႏိုင္ငံျခားကုမၸဏီေတြက အလြန္ကို မ်ားျပားလာခဲ့ပါတယ္။ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္း ေပါမ်ားလာတဲ့အတြက္ အလြန္ပဲ ဝမ္းေျမာက္မိပါတယ္။ ဒါေပမယ့္ျမင္ေတြ႕ေနရတဲ့ အခက္အခဲတစ္ခုကေတာ့ ႏိုင္ငံျခားသား(Foreigners) မ်ားရဲ႕ အလုပ္လုပ္ပုံနဲ႔ ျမန္မာတို႔ရဲ႕အလုပ္လုပ္ပုံ ကြာျခားျခင္းဆိုတဲ့ ျပသနာပါပဲ။ ျမန္မာေတြကလည္း ဒီေကာင္ေတြနဲ႔ အလုပ္လုပ္ရတာ အရမ္းအာ႐ုံေနာက္တယ္၊ ရစ္တယ္တို႔ေျပာတတ္သလို၊ သူတို႔ရဲ႕မ်က္လုံးထဲမွာလည္း ကြၽန္ေတာ္တို႔ေတြကို အထင္ေသးတဲ့ အၾကည့္ေတြကို ျမင္ရတတ္ပါတယ္။

    ဒါေၾကာင့္ သူတို႔နဲ႔ဆက္ဆံတဲ့အခါ ေဆာင္ရန္ေရွာင္ရန္ေတြကို ကြၽန္ေတာ့္အေတြ႕အႀကဳံေပၚ မူတည္ၿပီး အနည္းငယ္ေဝမွ်ခ်င္ပါတယ္။ ကြၽန္ေတာ့္အေတြ႕အႀကဳံအရေတာ့ အေနာက္ႏိုင္ငံသားေတြျဖစ္တဲ့ အေမရိကန္၊ ဂ်ာမနီ၊ နယ္သာလန္စတဲ့ လူမ်ိဳးေတြရဲ႕ အလုပ္လုပ္ပုံေပၚ မူတည္ၿပီး ေျပာျပသြားမွာပါ။ တ႐ုတ္ေတြနဲ႔ေတာ့ အလုပ္တြဲမလုပ္ဖူးပါ၍ ဒီေဆာင္းပါးမွာအေနာက္ႏိုင္ငံသားမ်ားႏွင့္ ဆက္ဆံေရးကိုသာ အဓိကထားၿပီး ေျပာသြားမွာျဖစ္ပါတယ္။

    – Foreigners မ်ားႏွင့္ စကားေျပာေသာအခါ ပြင့္လင္းပါ။

    ပြင့္လင္းတယ္ဆိုတာက ႐ိုးအတာကို ဆိုလိုတာ မဟုတ္ပါဘူး။ ပါးပါးနပ္နပ္ ပြင့္လင္းတာကို ဆိုလိုတာပါ။ အင္တာဗ်ဴးထဲက စပြင့္လင္းရမွာပါ။ ဥပမာ သူ႔အလုပ္ေခၚေၾကာ္ျငာမွာ လစာက ၁၂၀၀၀၀ နဲ႔၁၈၀၀၀၀ ၾကားဆိုပါစို႔။ သင္က(၂)သိန္းေလာက္ လိုခ်င္တယ္ဆိုပါစို႔။ အင္တာဗ်ဴးလည္း ေမးၿပီးၿပီ။ သင့္ကိုလည္း သေဘာက်ၿပီဆိုရင္ သင့္ကိုလစာကိစၥ စေဆြးေႏြးေတာ့မွာပါ။ အဲဒီအခ်ိန္မွာေတာ့ သင့္အရည္အခ်င္းကို သင္ယုံၾကည္ရင္ လစာကိစၥကို တစ္ခါတည္း ေဆြးေႏြးပါ။ သင္မေပ်ာ္႐ႊင္ႏိုင္ေလာက္မယ့္ လစာမ်ိဳးနဲ႔ လက္မခံပါနဲ႔။ ဘယ္အခ်ိန္ေလာက္မွာ တိုးေပးႏိုင္မလဲဆိုတာပါ ပြင့္ပြင့္လင္းလင္းေမးပါ။ ဘာလို႔ လစာအေၾကာင္း ေျပာရလဲဆိုေတာ့ ဒီျပသနာက အျဖစ္မ်ားလို႔ပါ။ ေပးတဲ့လစာနဲ႔ လုပ္ရတာကမတန္တာေတြ လုပ္ရတဲ့အခါ ေျပာလို႔လည္းမရ ေနာက္ဆုံးစိတ္ညစ္ၿပီး အလုပ္ထြက္သြားတာမ်ိဳးေတြ ေတြ႕ဖူးလို႔ပါ။ သင္ဘာလုပ္ရမလဲကို အားမနာတမ္း ေမးပါ။ သင္လုပ္ရမွာနဲ႔သင္ရတဲ့ လစာထိုက္တန္မွ လက္ခံပါ။ ေနာက္ပိုင္းမွာ “လုပ္ရတဲ့အလုပ္နဲ႔ လစာမတန္ပါဘူးကြာ”လို႔ ေျပာေနလည္း စိတ္ဆင္းရဲယုံကလြဲၿပီး ဘာမွလုပ္လို႔မရေတာ့ပါဘူး။ အလုပ္ခြင္ထဲေရာက္တဲ့အခါမွာလည္း ပြင့္လင္းပါ။ သူခိုင္းတိုင္း ေခါင္းညႇိတ္ၿပီး လုပ္ဖို႔မလိုပါဘူး။ ယုတၱိမရွိတဲ့ အရာမ်ားဆိုရင္ ယဥ္ယဥ္ေက်းေက်းနဲ႔ ပါးနပ္စြာ ျပန္တိုင္ပင္ပါ။ သူတို႔က အဲ့လိုတိုင္ပင္တာကို ႀကိဳက္ပါတယ္။

    – တိက်ပါ။

    ႐ုံးခ်ိန္ကို တိတိက်က်လာပါ။ ျမန္မာေတြရဲ႕ထုံးစံက ေနာက္က်တတ္ၾကပါတယ္။ သူတို႔ဆီမွာေတာ့ ေနာက္က်တယ္ဆိုတာအရမ္းရွက္ဖို႔ေကာင္းတဲ့ အရာတစ္ခုပါ။ ဒါ့ေၾကာင့္တတ္ႏိုင္သေလာက္ ေနာက္မက်ပါေစနဲ႔။ ႐ုံးကို ၁၀မိနစ္၁၅မိနစ္ေစာေရာက္လို႔ ဘာမွမျဖစ္ပါဘူး။ ေနာက္က်ရင္ ကိုယ့္သိကၡာကိုယ္ ခ်ေနသလိုပါပဲ။ တစ္ခ်ိဳ႕ကကားက်ပ္လို႔ ေနာက္က်တယ္လို႔ ဆင္ေျခေပးေလ့ရွိပါတယ္။ ကားက်ပ္ရင္ အိမ္ကေစာထြက္ပါ။ ကားက်ပ္တာ ဆင္ေျခတစ္ခု မဟုတ္ပါဘူး။ ကြၽန္ေတာ့္အလုပ္နဲ႔ ကြၽန္ေတာ့္ေနတဲ့ေနရာနဲ႔ မိနစ္၂၀ပဲေဝးပါတယ္။ ဒါေပမယ့္ကြၽန္ေတာ္မိနစ္(၂၀)ေလာက္ ေစာၿပီး႐ုံးေရာက္ေအာင္ႀကိဳးစားပါတယ္။ ကိုယ့္ရဲ႕ဂုဏ္သိကၡာကို ကိုယ့္ဘာသာကိုယ္ ကာကြယ္တာပါ။ သင္အခ်ိန္မွန္ရင္ သင့္ကိုသင့္Bossက ေလးစားပါတယ္။ အခ်ိန္နဲ႔ပက္သက္ၿပီး တိက်႐ုံမက အျခားအရာေတြမွာလည္း တိက်ပါ။ ဥပမာသင္က ေသာၾကာေန႔တိုင္း သင့္သူေဌးဆီ အီးေမးလ္ပို႔တယ္ဆိုပါစို႔။ အခ်ိန္မွန္ေအာင္ မပ်က္မကြက္ေအာင္ ႀကိဳးစားပါ။

    – Why? ဆိုတဲ့ေမးခြန္းအတြက္ အေျဖကို အၿမဲစဥ္းစားထားပါ။

    သူတို႔အေမးဆုံးေမးခြန္းကေတာ့ Why?ပါပဲ။ ကြၽန္ေတာ္တို႔ျမန္မာေတြလို မဟုတ္ပါဘူး။ သင္ေျပာတဲ့အေၾကာင္းအရာတိုင္းအတြက္ ယုတၱိရွိတဲ့အေျဖတစ္ခုကို သူတို႔အၿမဲလိုခ်င္ပါတယ္။ သင္ကယုတၱိရွိတဲ့ အေၾကာင္းျပခ်က္ အၿမဲေပးႏိုင္ရင္သင့္ကို သေဘာက်လာပါလိမ့္မယ္။ ဒီလိုမွမဟုတ္ပဲWhy? လို႔ေမးတိုင္း ဘာမွမေျဖတတ္ရင္ေတာ့ ေရရွည္အတြက္မေကာင္းပါဘူး။Any questions? Any suggestions? လို႔ေမးရင္ ႏႈတ္ဆိတ္မေနပါနဲ႔။ သူတို႔က သင့္ကို Any questions? Any suggestions?လို႔ အၿမဲေမးေလ့ရွိပါတယ္။ သင့္ရဲ႕ ထင္ျမင္ခ်က္ကို လိုခ်င္တာပါ။ အဲ့ဒီအခ်ိန္မွာ ျမန္မာအမ်ားစုက ပါးစပ္ပိတ္ၿပီး ဘာမွေျပာေလ့မရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ ငယ္ငယ္ေလးထဲကဆရာ၊ ဆရာမေတြက ေမးခြန္းျပန္ေမးရင္ မႀကိဳက္ခဲ့လို႔ပါပဲ။ အဲ့ဒီပညာေရးစနစ္ေၾကာင့္ ကြၽန္ေတာ္တို႔ျမန္မာေတြ အၿမဲတမ္း ေမးခြန္းမေမးတတ္ၾကပါဘူး။ တကယ္ေတာ့ ကိုယ့္Boss ကအေၾကာင္းအရာတစ္ခုကို စေဆြးေႏြးေနၿပီဆိုကတည္းက ကိုယ္ကစိတ္ဝင္တစားနားေထာင္ရင္ ေမးခြန္းေတြ ေမးစရာရွိပါတယ္။ ဒါေၾကာင့္အက်ိဳးအေၾကာင္း ဆီေလ်ာ္တဲ့ ေမးခြန္းမ်ိဳး ေမးတတ္ပါေစ။သင့္ရဲ႕သေဘာထားကို သူတို႔က တေလးတစား ေမးတဲ့အခါမွာ သင့္ရဲ႕သေဘာထားကို ပြင့္ပြင့္လင္းလင္းေျပာျပပါ။

    – ယဥ္ေက်းပါ။

    Sorry, Thank you, Execuse me စသျဖင့္သင့္ေတာ္တဲ့ေနရာမွာ သုံးတတ္ပါေစ။ “Of course!”ကို သုံးတတ္ပါေစ။တစ္ခ်ိဳ႕က အဲ့ဒီ “Of course!”ကို အရမ္းသုံးၾကပါတယ္။ “Of course!”ကို အသံျပင္းျပင္းနဲ႔ အသံထြက္ရင္ ႐ိုင္းပါတယ္။ဥပမာ ေန႔လည္၂နာရီေလာက္မွာ သင့္Bossက သင့္ကို“Have you finished your lunch?”လို႔ ေမးတယ္ဆိုပါစို႔။ “Ofcourse!”ကို အသံျပင္းျပင္းနဲ႔ အသံထြက္ရင္ အဓိပၸါယ္က “စားၿပီးၿပီေပါ့ ဒီအခ်ိန္အထိ မစားပဲနဲ႔ငါက ဘာလုပ္ေနရာမွာလဲ”ဆိုတဲ့အဓိပၸါယ္မ်ိဳး ေပါက္ပါတယ္။ကြၽန္ေတာ္အေတြ႕အမ်ားဆုံး အသုံးအႏႈန္းအမွားေလးကို အလ်င္းသင့္လို႔ရွင္းျပသြားတာပါ။

    – မႏိုင္ဝန္မထမ္းပါနဲ႔။

    သင္လုပ္ႏိုင္တဲ့အလုပ္ထက္ အမ်ားႀကီး ပိုလုပ္မျပပါနဲ႔။ သူတို႔က အဲ့ဒါသင့္ရဲ႕ အနိမ့္ဆုံးစြမ္းေဆာင္ရည္လို႔ ယူဆသြားပါလိမ့္မယ္။ ဥပမာ- သင္ကတစ္ေန႔ကို ေဆာင္းပါး ၂ပုဒ္ေရးႏိုင္တယ္ဆိုပါစို႔။ သင္က ေလာဘတႀကီးနဲ႔ ႐ုံးစေရာက္ေရာက္ခ်င္းမွာ ေဆာင္းပါး (၅)ပုဒ္ေလာက္တစ္ေန႔တည္း ေရးျပလိုက္တာမ်ိဳး ဆိုရင္ေတာ့ ေနာက္ပိုင္း(၅)ပုဒ္ဆိုတာ သင္တစ္ေန႔ကို အနည္းဆုံးေရးရမယ့္ အေရအတြက္ျဖစ္သြားပါလိမ့္မယ္။ ဒီေတာ့ ပါးနပ္ပါေစ။ သင့္ကိုခိုကပ္ပါလို႔ ေျပာတာမဟုတ္ပါဘူး။ သင့္မွာရွိတဲ့ ခြန္အားနဲ႔ ထိုက္တန္တဲ့ဝန္ထုပ္ဝန္ပိုးကို ထမ္းေဆာင္ပါ။ တျဖည္းျဖည္းနဲ႔ ပိုထမ္းေဆာင္ႏိုင္ေအာင္ႀကိဳးစားပါ။ ခ်က္ခ်င္းႀကီး မပါးမနပ္နဲ႔ အမ်ားႀကီးလုပ္ဖို႔ မလိုပါဘူး။

    – သင္ယူပါ။

    သူတို႔ဆီကေန သင္ယူတာကို သူတို႔က သေဘာက်ပါတယ္။ သင့္ကို သင္ယူလိုစိတ္ ရွိတဲ့သူအျဖစ္နဲ႔ သူတို႔သေဘာက်ပါလိမ့္မယ္။ မသိရင္ ေမးပါ။ မသိပဲနဲ႔ ရမ္းသမ္းမလုပ္ပါနဲ႔။ သူတို႔ဆီက ေသေသခ်ာခ်ာ ျပန္ေမးပါ။ ေသခ်ာမွလုပ္ပါ။ သူတို႔ဆီက ရႏိုင္သမွ်ပညာကို ေလ့လာပါ။

    – Englishစာတိုးတက္အာင္ အၿမဲႀကိဳးစားပါ။

    English စာမပိုင္ျခင္းကလည္း ႐ုံးမွာသူတို႔နဲ႔ ဆက္ဆံတဲ့အခါ အေတာ္ဒုကၡေပးပါတယ္။ ဒါေၾကာင့္ သင္အခုEnglishစာမေကာင္းေသးလည္း ႀကိဳးစားဖို႔ အခ်ိန္မွီပါေသးတယ္။ တခါတေလ ေတြ႕ေနရတာေတြကေတာ့ Misunderstanding လို႔ေခၚတဲ့ နားလည္မႈ လြဲမွားျခင္းပါပဲ။ ဘာသာစကားအခက္အခဲေၾကာင့္ တခါတေလမလိုအပ္တဲ့ အခက္အခဲေတြကိုေတြ႕ရတတ္ပါတယ္။

    ကြၽန္ေတာ္ေျပာခဲ့တဲ့ အထက္ပါအခ်က္မ်ားက ျပည့္စုံခ်င္မွ ျပည့္စုံပါလိမ့္မယ္။ ဒါေပမယ့္ ႏိုင္ငံျခားသားလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဆက္ဆံတဲ့အခါမွာေတာ့ အသုံးဝင္ပါလိ့မ္မယ္။ ထူးခြၽန္ထက္ျမက္ၿပီး လစာေကာင္းေကာင္း ရရွိႏိုင္ေသာ ဝန္ထမ္းမ်ား ျဖစ္ၾကပါေစခင္ဗ်ာ။

    မိုးရွင္း (I.M.T)

    Credit – မိုးရွင္း (I.M.T)

    Via – https://goo.gl/yuWfG2

    (Unicode)

    နိုင်ငံခြားသားများနှင့် အောင်အောင်မြင်မြင် အလုပ်လုပ်နိုင်ဖို့

    မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ နိုင်ငံခြားကုမ္ပဏီတွေက အလွန်ကို များပြားလာခဲ့ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါများလာတဲ့အတွက် အလွန်ပဲ ဝမ်းမြောက်မိပါတယ်။ ဒါပေမယ့်မြင်တွေ့နေရတဲ့ အခက်အခဲတစ်ခုကတော့ နိုင်ငံခြားသား(Foreigners) များရဲ့ အလုပ်လုပ်ပုံနဲ့ မြန်မာတို့ရဲ့အလုပ်လုပ်ပုံ ကွာခြားခြင်းဆိုတဲ့ ပြသနာပါပဲ။ မြန်မာတွေကလည်း ဒီကောင်တွေနဲ့ အလုပ်လုပ်ရတာ အရမ်းအာရုံနောက်တယ်၊ ရစ်တယ်တို့ပြောတတ်သလို၊ သူတို့ရဲ့မျက်လုံးထဲမှာလည်း ကျွန်တော်တို့တွေကို အထင်သေးတဲ့ အကြည့်တွေကို မြင်ရတတ်ပါတယ်။

    ဒါကြောင့် သူတို့နဲ့ဆက်ဆံတဲ့အခါ ဆောင်ရန်ရှောင်ရန်တွေကို ကျွန်တော့်အတွေ့အကြုံပေါ် မူတည်ပြီး အနည်းငယ်ဝေမျှချင်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ အနောက်နိုင်ငံသားတွေဖြစ်တဲ့ အမေရိကန်၊ ဂျာမနီ၊ နယ်သာလန်စတဲ့ လူမျိုးတွေရဲ့ အလုပ်လုပ်ပုံပေါ် မူတည်ပြီး ပြောပြသွားမှာပါ။ တရုတ်တွေနဲ့တော့ အလုပ်တွဲမလုပ်ဖူးပါ၍ ဒီဆောင်းပါးမှာအနောက်နိုင်ငံသားများနှင့် ဆက်ဆံရေးကိုသာ အဓိကထားပြီး ပြောသွားမှာဖြစ်ပါတယ်။

    – Foreigners များနှင့် စကားပြောသောအခါ ပွင့်လင်းပါ။

    ပွင့်လင်းတယ်ဆိုတာက ရိုးအတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ပါးပါးနပ်နပ် ပွင့်လင်းတာကို ဆိုလိုတာပါ။ အင်တာဗျူးထဲက စပွင့်လင်းရမှာပါ။ ဥပမာ သူ့အလုပ်ခေါ်ကြော်ငြာမှာ လစာက ၁၂၀၀၀၀ နဲ့၁၈၀၀၀၀ ကြားဆိုပါစို့။ သင်က(၂)သိန်းလောက် လိုချင်တယ်ဆိုပါစို့။ အင်တာဗျူးလည်း မေးပြီးပြီ။ သင့်ကိုလည်း သဘောကျပြီဆိုရင် သင့်ကိုလစာကိစ္စ စဆွေးနွေးတော့မှာပါ။ အဲဒီအချိန်မှာတော့ သင့်အရည်အချင်းကို သင်ယုံကြည်ရင် လစာကိစ္စကို တစ်ခါတည်း ဆွေးနွေးပါ။ သင်မပျော်ရွှင်နိုင်လောက်မယ့် လစာမျိုးနဲ့ လက်မခံပါနဲ့။ ဘယ်အချိန်လောက်မှာ တိုးပေးနိုင်မလဲဆိုတာပါ ပွင့်ပွင့်လင်းလင်းမေးပါ။ ဘာလို့ လစာအကြောင်း ပြောရလဲဆိုတော့ ဒီပြသနာက အဖြစ်များလို့ပါ။ ပေးတဲ့လစာနဲ့ လုပ်ရတာကမတန်တာတွေ လုပ်ရတဲ့အခါ ပြောလို့လည်းမရ နောက်ဆုံးစိတ်ညစ်ပြီး အလုပ်ထွက်သွားတာမျိုးတွေ တွေ့ဖူးလို့ပါ။ သင်ဘာလုပ်ရမလဲကို အားမနာတမ်း မေးပါ။ သင်လုပ်ရမှာနဲ့သင်ရတဲ့ လစာထိုက်တန်မှ လက်ခံပါ။ နောက်ပိုင်းမှာ “လုပ်ရတဲ့အလုပ်နဲ့ လစာမတန်ပါဘူးကွာ”လို့ ပြောနေလည်း စိတ်ဆင်းရဲယုံကလွဲပြီး ဘာမှလုပ်လို့မရတော့ပါဘူး။ အလုပ်ခွင်ထဲရောက်တဲ့အခါမှာလည်း ပွင့်လင်းပါ။ သူခိုင်းတိုင်း ခေါင်းညှိတ်ပြီး လုပ်ဖို့မလိုပါဘူး။ ယုတ္တိမရှိတဲ့ အရာများဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ ပါးနပ်စွာ ပြန်တိုင်ပင်ပါ။ သူတို့က အဲ့လိုတိုင်ပင်တာကို ကြိုက်ပါတယ်။

    – တိကျပါ။

    ရုံးချိန်ကို တိတိကျကျလာပါ။ မြန်မာတွေရဲ့ထုံးစံက နောက်ကျတတ်ကြပါတယ်။ သူတို့ဆီမှာတော့ နောက်ကျတယ်ဆိုတာအရမ်းရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပါ။ ဒါ့ကြောင့်တတ်နိုင်သလောက် နောက်မကျပါစေနဲ့။ ရုံးကို ၁၀မိနစ်၁၅မိနစ်စောရောက်လို့ ဘာမှမဖြစ်ပါဘူး။ နောက်ကျရင် ကိုယ့်သိက္ခာကိုယ် ချနေသလိုပါပဲ။ တစ်ချို့ကကားကျပ်လို့ နောက်ကျတယ်လို့ ဆင်ခြေပေးလေ့ရှိပါတယ်။ ကားကျပ်ရင် အိမ်ကစောထွက်ပါ။ ကားကျပ်တာ ဆင်ခြေတစ်ခု မဟုတ်ပါဘူး။ ကျွန်တော့်အလုပ်နဲ့ ကျွန်တော့်နေတဲ့နေရာနဲ့ မိနစ်၂၀ပဲဝေးပါတယ်။ ဒါပေမယ့်ကျွန်တော်မိနစ်(၂၀)လောက် စောပြီးရုံးရောက်အောင်ကြိုးစားပါတယ်။ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ကိုယ့်ဘာသာကိုယ် ကာကွယ်တာပါ။ သင်အချိန်မှန်ရင် သင့်ကိုသင့်Bossက လေးစားပါတယ်။ အချိန်နဲ့ပက်သက်ပြီး တိကျရုံမက အခြားအရာတွေမှာလည်း တိကျပါ။ ဥပမာသင်က သောကြာနေ့တိုင်း သင့်သူဌေးဆီ အီးမေးလ်ပို့တယ်ဆိုပါစို့။ အချိန်မှန်အောင် မပျက်မကွက်အောင် ကြိုးစားပါ။

    – Why? ဆိုတဲ့မေးခွန်းအတွက် အဖြေကို အမြဲစဉ်းစားထားပါ။

    သူတို့အမေးဆုံးမေးခွန်းကတော့ Why?ပါပဲ။ ကျွန်တော်တို့မြန်မာတွေလို မဟုတ်ပါဘူး။ သင်ပြောတဲ့အကြောင်းအရာတိုင်းအတွက် ယုတ္တိရှိတဲ့အဖြေတစ်ခုကို သူတို့အမြဲလိုချင်ပါတယ်။ သင်ကယုတ္တိရှိတဲ့ အကြောင်းပြချက် အမြဲပေးနိုင်ရင်သင့်ကို သဘောကျလာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲWhy? လို့မေးတိုင်း ဘာမှမဖြေတတ်ရင်တော့ ရေရှည်အတွက်မကောင်းပါဘူး။Any questions? Any suggestions? လို့မေးရင် နှုတ်ဆိတ်မနေပါနဲ့။ သူတို့က သင့်ကို Any questions? Any suggestions?လို့ အမြဲမေးလေ့ရှိပါတယ်။ သင့်ရဲ့ ထင်မြင်ချက်ကို လိုချင်တာပါ။ အဲ့ဒီအချိန်မှာ မြန်မာအများစုက ပါးစပ်ပိတ်ပြီး ဘာမှပြောလေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ ငယ်ငယ်လေးထဲကဆရာ၊ ဆရာမတွေက မေးခွန်းပြန်မေးရင် မကြိုက်ခဲ့လို့ပါပဲ။ အဲ့ဒီပညာရေးစနစ်ကြောင့် ကျွန်တော်တို့မြန်မာတွေ အမြဲတမ်း မေးခွန်းမမေးတတ်ကြပါဘူး။ တကယ်တော့ ကိုယ့်Boss ကအကြောင်းအရာတစ်ခုကို စဆွေးနွေးနေပြီဆိုကတည်းက ကိုယ်ကစိတ်ဝင်တစားနားထောင်ရင် မေးခွန်းတွေ မေးစရာရှိပါတယ်။ ဒါကြောင့်အကျိုးအကြောင်း ဆီလျော်တဲ့ မေးခွန်းမျိုး မေးတတ်ပါစေ။သင့်ရဲ့သဘောထားကို သူတို့က တလေးတစား မေးတဲ့အခါမှာ သင့်ရဲ့သဘောထားကို ပွင့်ပွင့်လင်းလင်းပြောပြပါ။

    – ယဉ်ကျေးပါ။

    Sorry, Thank you, Execuse me စသဖြင့်သင့်တော်တဲ့နေရာမှာ သုံးတတ်ပါစေ။ “Of course!”ကို သုံးတတ်ပါစေ။တစ်ချို့က အဲ့ဒီ “Of course!”ကို အရမ်းသုံးကြပါတယ်။ “Of course!”ကို အသံပြင်းပြင်းနဲ့ အသံထွက်ရင် ရိုင်းပါတယ်။ဥပမာ နေ့လည်၂နာရီလောက်မှာ သင့်Bossက သင့်ကို“Have you finished your lunch?”လို့ မေးတယ်ဆိုပါစို့။ “Ofcourse!”ကို အသံပြင်းပြင်းနဲ့ အသံထွက်ရင် အဓိပ္ပါယ်က “စားပြီးပြီပေါ့ ဒီအချိန်အထိ မစားပဲနဲ့ငါက ဘာလုပ်နေရာမှာလဲ”ဆိုတဲ့အဓိပ္ပါယ်မျိုး ပေါက်ပါတယ်။ကျွန်တော်အတွေ့အများဆုံး အသုံးအနှုန်းအမှားလေးကို အလျင်းသင့်လို့ရှင်းပြသွားတာပါ။

    – မနိုင်ဝန်မထမ်းပါနဲ့။

    သင်လုပ်နိုင်တဲ့အလုပ်ထက် အများကြီး ပိုလုပ်မပြပါနဲ့။ သူတို့က အဲ့ဒါသင့်ရဲ့ အနိမ့်ဆုံးစွမ်းဆောင်ရည်လို့ ယူဆသွားပါလိမ့်မယ်။ ဥပမာ- သင်ကတစ်နေ့ကို ဆောင်းပါး ၂ပုဒ်ရေးနိုင်တယ်ဆိုပါစို့။ သင်က လောဘတကြီးနဲ့ ရုံးစရောက်ရောက်ချင်းမှာ ဆောင်းပါး (၅)ပုဒ်လောက်တစ်နေ့တည်း ရေးပြလိုက်တာမျိုး ဆိုရင်တော့ နောက်ပိုင်း(၅)ပုဒ်ဆိုတာ သင်တစ်နေ့ကို အနည်းဆုံးရေးရမယ့် အရေအတွက်ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ပါးနပ်ပါစေ။ သင့်ကိုခိုကပ်ပါလို့ ပြောတာမဟုတ်ပါဘူး။ သင့်မှာရှိတဲ့ ခွန်အားနဲ့ ထိုက်တန်တဲ့ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်ပါ။ တဖြည်းဖြည်းနဲ့ ပိုထမ်းဆောင်နိုင်အောင်ကြိုးစားပါ။ ချက်ချင်းကြီး မပါးမနပ်နဲ့ အများကြီးလုပ်ဖို့ မလိုပါဘူး။

    – သင်ယူပါ။

    သူတို့ဆီကနေ သင်ယူတာကို သူတို့က သဘောကျပါတယ်။ သင့်ကို သင်ယူလိုစိတ် ရှိတဲ့သူအဖြစ်နဲ့ သူတို့သဘောကျပါလိမ့်မယ်။ မသိရင် မေးပါ။ မသိပဲနဲ့ ရမ်းသမ်းမလုပ်ပါနဲ့။ သူတို့ဆီက သေသေချာချာ ပြန်မေးပါ။ သေချာမှလုပ်ပါ။ သူတို့ဆီက ရနိုင်သမျှပညာကို လေ့လာပါ။

    – Englishစာတိုးတက်အာင် အမြဲကြိုးစားပါ။

    English စာမပိုင်ခြင်းကလည်း ရုံးမှာသူတို့နဲ့ ဆက်ဆံတဲ့အခါ အတော်ဒုက္ခပေးပါတယ်။ ဒါကြောင့် သင်အခုEnglishစာမကောင်းသေးလည်း ကြိုးစားဖို့ အချိန်မှီပါသေးတယ်။ တခါတလေ တွေ့နေရတာတွေကတော့ Misunderstanding လို့ခေါ်တဲ့ နားလည်မှု လွဲမှားခြင်းပါပဲ။ ဘာသာစကားအခက်အခဲကြောင့် တခါတလေမလိုအပ်တဲ့ အခက်အခဲတွေကိုတွေ့ရတတ်ပါတယ်။

    ကျွန်တော်ပြောခဲ့တဲ့ အထက်ပါအချက်များက ပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံခြားသားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ အသုံးဝင်ပါလိ့မ်မယ်။ ထူးချွန်ထက်မြက်ပြီး လစာကောင်းကောင်း ရရှိနိုင်သော ဝန်ထမ်းများ ဖြစ်ကြပါစေခင်ဗျာ။

    မိုးရှင်း (I.M.T)

    Credit – မိုးရှင်း (I.M.T)

    Via – https://goo.gl/yuWfG2

  • လက္ဆစ္ေတြ ခ်ိဳးဖူးသူတိုင္း ဒီပို႔ေလးကို ေက်ာ္မသြားပါနဲ႔.. အေရးႀကီးလို႔ပါ..

    လက္ဆစ္ေတြ ခ်ိဳးဖူးသူတိုင္း ဒီပို႔ေလးကို ေက်ာ္မသြားပါနဲ႔.. အေရးႀကီးလို႔ပါ..

    ====================
    ====================

    သင္.. လက္ဆစ္ေတြ ခ်ိဳးဖူးပါသလား…. အေရးႀကီးတယ္ေနာ္

    လက္ဆစ္ခ်ဳိးတာက လက္ကို ထိခုိက္ေစႏုိင္ေၾကာင္း ေျပာစမွတ္ တစ္ခုရိွပါတယ္။

    လက္ဆစ္ခ်ဳိးရာမွ ထြက္လာတဲ့အသံက သင့္အတြက္ ဆုိးက်ဳိးျဖစ္ေစပါသလား။ အဆစ္အျမစ္ေတြဟာ လက္ေတြ လႈပ္ရွားတဲ့အခါ

    အရိုးဆစ္တစ္ခုနဲ႔တစ္ခု ပြတ္တုိက္မႈ ေလွ်ာ့နည္းေစတဲ့အရည္တစ္မ်ဳိး synovial fluid ရိွရာ ေနရာျဖစ္ပါတယ္။

    သူ႔မွာ ဂတ္စ္ (ေအာက္စီဂ်င္၊ ႏိႈက္ထရုိဂ်င္နဲ႔ ကာဗြန္ဒုိင္ေအာက္ဆုိဒ္) ေတြ ပါဝင္ပါတယ္။

    လက္ဆစ္ကို ေဖာက္ခနဲျမည္ေအာင္ ခ်ဳိးလိုက္တဲ့အခါမွာ အရိုးတစ္ခုနဲ႔တစ္ခုၾကား ေနရာဟေစပါတယ္။

    ပိုဟလာတဲ့ ေနရာလပ္က synovial fluid စုပ္ယူေပးတဲ့ ဖိအား၊ တြန္းအား ျဖစ္ေစပါတယ္။

    ေလပူေဖာင္းေတြ ျဖစ္ေပၚတယ္။ ေနာက္ အဲဒီေလပူေပါင္းေတြ ေပါက္လုိ႔ အသံၾကားေနရျခင္း ျဖစ္ပါတယ္။

    အရုိးအဆစ္ေနရာ အျပင္ဘက္ သီးျခားစီကြဲေနတဲ့အခါ ပုိက်ယ္လာတဲ့အဆစ္အျမစ္ေနရာမွာ ျပန္ ျဖည့္ဖုိ႔ အရည္ထပ္မရႏုိင္ပါဘူး။

    ဒါ့ေၾကာင့္ ေခါင္းေပါက္ျဖစ္ေပၚျပီး အဲဒါက အသံျဖစ္ေပၚေစတဲ့ အရာျဖစ္ေၾကာင္း University of Alberta ရဲ႕ ဦးစီးသုေတသီ Gregory Kawchuk က ဆုိပါတယ္။

    Ref: FLA

    Victor.PaaTung – Trend Myanmar

    ==========

  • ဟင်္သာတ မုန့်ဟင်းခါး ချက်နည်းတွင် လှို့ဝှက်ချက် နှစ်ခုရှိ၏။

    (Zawgyi)

    ဟသၤာတ မုန႔္ဟင္းခါး ခ်က္နည္းတြင္ လႈိ႕ဝွက္ခ်က္ ႏွစ္ခုရွိတယ္။

    (၁) ကုလားပဲျပဳတ္သည့္အခါ ဆီ၊ နႏြင္းမႈန႔္၊ ဂ်င္း ေထာင္းၿပီး ထည့္ပါ။ ဆားလုံးဝမထည့္ရ။ ပဲႏူးသည့္အခါတြင္ ဆားထည့္ပါ။ ပဲနံ႔မရေတာ့ပါ ဆိမ့္သည့္အရသာ ျဖစ္ပါလိမ့္မည္။

    (၂) ငါးျပဳတ္လွ်င္ စပါးလင္ အရင္းပိုင္းမ်ားေထာင္းၿပီး အိုး၏ေအာက္မွာထားၿပီး ငါးကိုတင္ပါ။ ငံျပာရည္၊ င႐ုတ္သီး အပြေျခက္ ၃ ေတာင့္၊ ထန္းလ်က္ညိဳ ၂ ခဲထည့္ကာ ျပဳတ္ပါ။ ငါးမ်ား ႏူးလာရင္ ဆယ္၍ အေအးခံပါ။ ငါးျပဳတ္ရည္ကို စကာႏွင့္စစ္ၿပီး ျပန္တည္ထားပါ။

    ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ဂ်င္းေထာင္းကာ ဆီသတ္၊ င႐ုတ္သီးအေရာင္တင္မႈန႔္၊ နႏြင္းမႈန႔္ထည့္ကာ အနံ႔ေမြးလာရင္ငါးျပဳတ္ႏႊင္ထားတာ တည့္လိုက္ပါ။ ငါးဆီသတ္ရင္ ေျခက္မသြားေစရပါ။ ငါးေၾကာ္လို မျဖစ္ေစရ။ အေရာင္ညီလာလွ်င္ ငါးဆီသတ္ထဲသို႔ ငါးျပဳတ္ေရအနည္းငယ္ ထည့္ရမယ္။ငါးေမႊ အိအိေလးျဖစ္ပါေစ။ အဲတာက အဓိက။

    ၿပီးရင္ ငါးဆီသတ္ထားတာကို ငါးျပဳတ္ေရအိုးထဲသို႔ ထည့္ေပးလိုက္။ ဟင္းရည္ဆူလာရင္ ဆန္ေလွာ္မႈန႔္ ေရက်ဲက်ဲေဖ်ာ္ထည့္ေပးေနာ္။ ၾကက္သြန္နီဥ၊ င႐ုတ္ေကာင္းမႈန႔္ခတ္ေပးပါက အရသာ ရွိလြန္းေသာ ဟသၤာတ မုန႔္ဟင္းခါးကို မိသားစု ေပ်ာ္႐ြင္စြာသုံးေဆာင္ႏိုင္ၾကပါေစ။

    Credit – NanNan Granary, My food myanmar
    Via – ေမသတင္းရပ္ကြက္ေလး

    ဟသၤာတ မုန႔္ဟင္းခါး ခ်က္နည္းတြင္ လႈိ႕ဝွက္ခ်က္ ႏွစ္ခုရွိတယ္။

    (၁) ကုလားပဲျပဳတ္သည့္အခါ ဆီ၊ နႏြင္းမႈန႔္၊ ဂ်င္း ေထာင္းၿပီး ထည့္ပါ။ ဆားလုံးဝမထည့္ရ။ ပဲႏူးသည့္အခါတြင္ ဆားထည့္ပါ။ ပဲနံ႔မရေတာ့ပါ ဆိမ့္သည့္အရသာ ျဖစ္ပါလိမ့္မည္။

    (၂) ငါးျပဳတ္လွ်င္ စပါးလင္ အရင္းပိုင္းမ်ားေထာင္းၿပီး အိုး၏ေအာက္မွာထားၿပီး ငါးကိုတင္ပါ။ ငံျပာရည္၊ င႐ုတ္သီး အပြေျခက္ ၃ ေတာင့္၊ ထန္းလ်က္ညိဳ ၂ ခဲထည့္ကာ ျပဳတ္ပါ။ ငါးမ်ား ႏူးလာရင္ ဆယ္၍ အေအးခံပါ။ ငါးျပဳတ္ရည္ကို စကာႏွင့္စစ္ၿပီး ျပန္တည္ထားပါ။

    ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ဂ်င္းေထာင္းကာ ဆီသတ္၊ င႐ုတ္သီးအေရာင္တင္မႈန႔္၊ နႏြင္းမႈန႔္ထည့္ကာ အနံ႔ေမြးလာရင္ငါးျပဳတ္ႏႊင္ထားတာ တည့္လိုက္ပါ။ ငါးဆီသတ္ရင္ ေျခက္မသြားေစရပါ။ ငါးေၾကာ္လို မျဖစ္ေစရ။ အေရာင္ညီလာလွ်င္ ငါးဆီသတ္ထဲသို႔ ငါးျပဳတ္ေရအနည္းငယ္ ထည့္ရမယ္။ငါးေမႊ အိအိေလးျဖစ္ပါေစ။ အဲတာက အဓိက။

    ၿပီးရင္ ငါးဆီသတ္ထားတာကို ငါးျပဳတ္ေရအိုးထဲသို႔ ထည့္ေပးလိုက္။ ဟင္းရည္ဆူလာရင္ ဆန္ေလွာ္မႈန႔္ ေရက်ဲက်ဲေဖ်ာ္ထည့္ေပးေနာ္။ ၾကက္သြန္နီဥ၊ င႐ုတ္ေကာင္းမႈန႔္ခတ္ေပးပါက အရသာ ရွိလြန္းေသာ ဟသၤာတ မုန႔္ဟင္းခါးကို မိသားစု ေပ်ာ္႐ြင္စြာသုံးေဆာင္ႏိုင္ၾကပါေစ။

    Credit – NanNan Granary, My food myanmar
    Via – ေမသတင္းရပ္ကြက္ေလး

    (Unicode)

    ဟင်္သာတ မုန့်ဟင်းခါး ချက်နည်းတွင် လှို့ဝှက်ချက် နှစ်ခုရှိတယ်။

    (၁) ကုလားပဲပြုတ်သည့်အခါ ဆီ၊ နနွင်းမှုန့်၊ ဂျင်း ထောင်းပြီး ထည့်ပါ။ ဆားလုံးဝမထည့်ရ။ ပဲနူးသည့်အခါတွင် ဆားထည့်ပါ။ ပဲနံ့မရတော့ပါ ဆိမ့်သည့်အရသာ ဖြစ်ပါလိမ့်မည်။

    (၂) ငါးပြုတ်လျှင် စပါးလင် အရင်းပိုင်းများထောင်းပြီး အိုး၏အောက်မှာထားပြီး ငါးကိုတင်ပါ။ ငံပြာရည်၊ ငရုတ်သီး အပွခြေက် ၃ တောင့်၊ ထန်းလျက်ညို ၂ ခဲထည့်ကာ ပြုတ်ပါ။ ငါးများ နူးလာရင် ဆယ်၍ အအေးခံပါ။ ငါးပြုတ်ရည်ကို စကာနှင့်စစ်ပြီး ပြန်တည်ထားပါ။

    ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းထောင်းကာ ဆီသတ်၊ ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်ထည့်ကာ အနံ့မွေးလာရင်ငါးပြုတ်နွှင်ထားတာ တည့်လိုက်ပါ။ ငါးဆီသတ်ရင် ခြေက်မသွားစေရပါ။ ငါးကြော်လို မဖြစ်စေရ။ အရောင်ညီလာလျှင် ငါးဆီသတ်ထဲသို့ ငါးပြုတ်ရေအနည်းငယ် ထည့်ရမယ်။ငါးမွှေ အိအိလေးဖြစ်ပါစေ။ အဲတာက အဓိက။

    ပြီးရင် ငါးဆီသတ်ထားတာကို ငါးပြုတ်ရေအိုးထဲသို့ ထည့်ပေးလိုက်။ ဟင်းရည်ဆူလာရင် ဆန်လှော်မှုန့် ရေကျဲကျဲဖျော်ထည့်ပေးနော်။ ကြက်သွန်နီဥ၊ ငရုတ်ကောင်းမှုန့်ခတ်ပေးပါက အရသာ ရှိလွန်းသော ဟင်္သာတ မုန့်ဟင်းခါးကို မိသားစု ပျော်ရွင်စွာသုံးဆောင်နိုင်ကြပါစေ။

    Credit – NanNan Granary, My food myanmar
    Via – မေသတင်းရပ်ကွက်လေး

  • သားအိမ္ေခါင္းကင္ဆာ ျဖစ္ပြားရသည့္ အေၾကာင္းရင္းမ်ား၊ ေရာဂါလကၡဏာမ်ား၊ ကုသပံုႏွင့္ ႀကိဳတင္ကာကြယ္ျခင္း

    (Zawgyi)

    သားအိမ္ေခါင္းကင္ဆာ (Cervical Cancer)

    သားအိမ္ေခါင္းသည္ သားအိမ္၏ ေအာက္ဆုံးအပိုင္းႏွင့္ မိန္းမကိုယ္ကို ဆက္သြယ္ေပးထားေသာ အစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ သားအိမ္ေခါင္းကင္ဆာသည္ သားအိမ္ေခါင္းအတြင္းရွိ ဆဲလ္မ်ားမွျဖစ္ပြားေသာ ကင္ဆာတစ္မ်ိဳးျဖစ္ၿပီး ကင္ဆာေရာဂါကို ျဖစ္ေပၚေစသည့္ အဓိကအေၾကာင္းရင္းမွာ human papilloma virus (HPV) ဗိုင္းရပ္ပိုးေၾကာင့္ျဖစ္ပါတယ္။

    ျဖစ္ပြားရသည့္ အေၾကာင္းရင္းမ်ား

    သားအိမ္ေခါင္းကင္ဆာ ျဖစ္ပြားရသည့္ အေၾကာင္းရင္းကို တိတိက်က် မသိရေသာ္လည္း ေယဘူယ်အားျဖင့္ Human Papilloma Virus (HPV) ပိုး ကူးစက္ခံရျခင္းေၾကာင့္ျဖစ္ပါတယ္။ ၎ဗိုင္းရပ္သည္ လိင္ဆက္ဆံျခင္းမွ တဆင့္ ကူးစက္ေသာဗိုင္းရပ္ျဖစ္ၿပီး အခ်ိဳ႕ေသာအမ်ိဳးသမီးမ်ားတြင္ ဗိုင္းရပ္ပိုးသည္ ႏွစ္ေပါင္းအေတာ္ၾကာသည့္တိုင္ေအာင္ အသက္ရွင္ႏိုင္ျခင္းေၾကာင့္ သားအိမ္ေခါင္းအတြင္းရွိ ဆဲလ္မ်ားသည္ ကင္ဆာဆဲလ္မ်ား အျဖစ္သို႔ ေျပာင္းလဲသြားျခင္းျဖစ္ပါတယ္။

    သားအိမ္ေခါင္းကင္ဆာျဖစ္ပြားႏႈန္းကို ျမင့္တက္ေစသည့္ အေၾကာင္းရင္းမ်ားမွာ –

    – လိင္ဆက္ဆံေဖာ္မ်ားျခင္း

    – အသက္ငယ္႐ြယ္ခ်ိန္မွစ၍ လိင္ဆက္ဆံျခင္း

    – အျခားေသာလိင္မွတဆင့္ ကူးစက္ေသာေရာဂါမ်ားရွိျခင္း

    – ခုခံအားစနစ္အားနည္းေသာသူမ်ား

    – ေဆးလိပ္ေသာက္သူမ်ားတို႔ျဖစ္ပါတယ္။

    ေရာဂါလကၡဏာမ်ား – အေစာပိုင္းအဆင့္မ်ားတြင္ ေရာဂါလကၡဏာျပေလ့မရွိေပ။

    ေရာဂါလကၡဏာမ်ားမွာ –

    – အမ်ိဳးသားႏွင့္အတူေနစဥ္ ေသြးထြက္ျခင္း

    – နာက်င္ျခင္း

    – အနံ႔ဆိုးေသာအရည္ က်ဲက်ဲအရည္မ်ားထြက္ျခင္း

    – တင္ပဆုံတဝိုက္နာက်င္ျခင္း

    စစ္ေဆးျခင္း

    သားအိမ္ေခါင္းကင္ဆာ ရွိေနေၾကာင္းကို ေအာက္ပါနည္းလမ္းမ်ားျဖင့္ သိရွိႏိုင္ပါသည္။

    (1) Pap test – သားအိမ္ေခါင္းရွိ ဆဲလ္မ်ားကို ယူၿပီး ကင္ဆာဟုတ္မဟုတ္ ဓာတ္ခြဲစစ္ေဆးျခင္းျဖစ္ပါတယ္။

    (2) HPV DNA test – HPV ဗိုင္းရပ္စ္အမ်ိဳးအစားကို ခြဲျခားေပးဖို႔ အသုံးျပဳပါတယ္။ Pap test လိုပဲ သားအိမ္ေခါင္းရွိဆဲလ္မ်ားကို ျခစ္ယူၿပီး ဓာတ္ခြဲစမ္းသပ္တာျဖစ္ပါတယ္။

    (3) Colposcope – သားအိမ္ေခါင္း ၾကည့္မွန္ေျပာင္းျဖင့္ ၾကည့္ရႈ၍စစ္ေဆးျခင္း၊

    (4) သားအိမ္ေခါင္းမွ အသားစယူ၍ စစ္ေဆးျခင္း၊

    (5) သားအိမ္ေခါင္း အတြင္းပိုင္းရွိ အလႊာမ်ားမွ အသားစယူ၍ စစ္ေဆးျခင္း

    ေရာဂါအဆင့္သတ္မွတ္ခ်က္

    သားအိမ္ေခါင္းကင္ဆာ ေရာဂါ၏အဆင့္မ်ားကိုCTscan, MRI, PET ႏွင့္ X-ray ႐ိုက္ျခင္းျဖင့္လည္းေကာင္း၊ မွန္ေျပာင္းအသုံးျပဳ၍ ဆီးအိမ္ႏွင့္ စအိုကို စစ္ေဆးျခင္းျဖင့္လည္းေကာင္း ခြဲျခားႏိုင္ပါတယ္။

    အဆင့္ 1 – ကင္ဆာဆဲလ္မ်ားကိုသားအိမ္ေခါင္း၌သာ ေတြ႕ရပါတယ္။

    အဆင့္ 2 – ကင္ဆာဆဲလ္မ်ားသည္ သားအိမ္ေခါင္းႏွင့္ မိန္းမကိုယ္အတြင္းသို႔ ပ်ံ႕ႏွံ႔ေနတာကို ေတြ႕ရပါတယ္။

    အဆင့္ 3 – ကင္ဆာဆဲလ္မ်ားသည္ သားအိမ္ေခါင္း၊ တင္ပဆုံေဘးနံရံမ်ားႏွင့္ မိန္းမကိုယ္၏ ေအာက္ဆုံးအပိုင္းတို႔ကိုပါ ပ်ံ႕ႏွံ႔ေနၿပီျဖစ္ပါတယ္။

    အဆင့္ 4 – ကင္ဆာဆဲလ္မ်ားသည္ အျခားေသာ ကင္ဆာအစိတ္အပိုင္းမ်ားသို႔ ပ်ံ႕ႏွံ႔ေနတာကိုေတြ႕ရပါတယ္။

    ကုသမႈ

    ကုထုံးမ်ားသည္ ကင္ဆာရဲ႕အဆင့္၊ လူနာ၏ အေထြေထြ က်န္းမာေရးႏွင့္ လူနာရဲ႕ေ႐ြးခ်ယ္မႈတို႔အေပၚ မူတည္ပါတယ္။

    ခြဲစိတ္ျခင္း (Surgery)

    သားအိမ္ေခါင္းအတြင္းသို႔ ကင္ဆာဆဲလ္မ်ား၏ ထိုးေဖာက္မႈဟာ 3mm ေအာက္ေလ်ာ့နည္းပါက သားအိမ္ေခါင္းႏွင့္ သားအိမ္ကို ခြဲစိတ္ျဖတ္ထုတ္ႏိုင္ေသာ္လည္း ကင္ဆာဆဲလ္မ်ား၏ ထိုးေဖာက္မႈသည္ 3mm ထက္ မ်ားျပားပါက သားအိမ္ေခါင္း၊ သားအိမ္တို႔ႏွင့္အတူ မိန္းမကိုယ္ တစ္စိတ္တစ္ပိုင္းႏွင့္ ျပန္ရည္ေၾကာမ်ားကိုပါ ခြဲစိတ္မွာျဖစ္ပါတယ္။

    ဓါတ္ေရာင္ျခည္ျဖင့္ကုသျခင္း (Radiation)

    ဓါတ္ေရာင္ျခည္ျဖင့္ ကုသျခင္းကို ကင္ဆာေဆးသြင္း၍ ကုသျခင္းႏွင့္ အတူတူတြဲ၍လည္းေကာင္း၊ ခြဲစိတ္မႈ မခံယူခင္တြင္လည္းေကာင္း၊ ခြဲစိတ္ၿပီးေနာက္ပိုင္း ကင္ဆာဆဲလ္မ်ားကို သုတ္သင္ရန္အတြက္လည္းေကာင္း အသုံးျပဳပါတယ္။

    ကင္ဆာေဆးသြင္းျခင္းျဖင့္ ကုသျခင္း (Chemotherapy)

    ကင္ဆာဆဲလ္မ်ားကို သတ္ႏိုင္ေသာ ေဆးမ်ားကို အေၾကာမွတဆင့္ ထိုးသြင္းျခင္းျဖင့္ ကုသေသာနည္း ျဖစ္ပါတယ္။ ဓါတ္ကင္ျခင္းႏွင့္တြဲ၍ ကုသလွ်င္ ပိုမိုထိေရာက္မႈ ရွိေစပါတယ္။

    သားအိမ္ေခါင္းကင္ဆာ ေဝဒနာရွင္မ်ားအတြက္ လိုက္နာသင့္သည့္ နည္းလမ္းမ်ား

    သားအိမ္ေခါင္းကင္ဆာေရာဂါကို ခံစားေနရတယ္ဆိုပါက

    – ၎ေရာဂါႏွင့္ ပတ္သက္ေသာ ဗဟုသုတမ်ားကို ေလ့လာပါ။

    – လိုအပ္ပါကသူငယ္ခ်င္းမ်ား၊ မိသားစုဝင္မ်ားထံမွ အကူအညီယူပါ။

    – ကင္ဆာေရာဂါကို အရႈံးမေပးဘဲ တတ္ကြၽမ္းေသာပညာရွင္မ်ားႏွင့္ တိုင္ပင္ၿပီး ကုသမႈခံယူပါ။

    – ဝါသနာပါတဲ့ အလုပ္တစ္ခုခုကို လုပ္ေဆာင္ၿပီး စိတ္ဖိစီးမႈမ်ားကို အႏိုင္ယူပါ။

    ႀကိဳတင္ကာကြယ္ျခင္း

    သားအိမ္ေခါင္းကင္ဆာကို ႀကိဳတင္ကာကြယ္ႏိုင္ရန္ ေအာက္ပါနည္းလမ္းမ်ားကို လုပ္ေဆာင္သင့္ပါတယ္။

    – လိင္ဆက္ဆံတိုင္း ကြန္ဒုံးသုံးပါ။

    – လိင္ဆက္ဆံေဖာ္ အမ်ားႀကီးထားျခင္းကို ေရွာင္ရွားပါ။

    – ေဆးလိပ္မေသာက္ပါႏွင့္။

    – သားအိမ္ေခါင္းကင္ဆာ ကာကြယ္ေဆးထိုးထားပါ။ အသက္ 9 ႏွစ္မွ 26 ႏွစ္ၾကား အမ်ိဳးသမီးတိုင္း ထိုးထားသင့္ပါတယ္။ အေကာင္းဆုံးကေတာ့ အိမ္ေထာင္မျပဳခင္အ႐ြယ္ ကေလးဘဝကတည္းက ထိုးထားသင့္ပါ တယ္။

    – သားအိမ္ေခါင္းကင္ဆာရွိ၊ မရွိအသက္ ၂၁ ႏွစ္အ႐ြယ္ကတည္းက Pap Smear ယူျခင္းျဖင့္ စစ္ေဆးႏိုင္ပါတယ္။ ျဖစ္ႏိုင္ပါက သုံးႏွစ္မွာတစ္ႀကိမ္ ပုံမွန္စစ္ေဆးသင့္ပါတယ္။

    သားအိမ္ေခါင္းကင္ဆာ ေဝဒနာရွင္မ်ား စားသင့္ေသာ အစားအစာမ်ား

    မုန္လာဥနီ – မုန္လာဥနီဟာ မ်က္လုံးအတြက္တင္ ေကာင္းတာမဟုတ္ပါဘူး။ မုန္လာဥနီမွာပါဝင္တဲ့ provitamin A ႏွင့္ ေရာင္ျခယ္ပစၥည္း Carotenoids တို႔က ကင္ဆာဆဲလ္မ်ား ခႏၶာကိုယ္အတြင္းသို႔ ဝင္ေရာက္ျခင္းကို တားဆီးေပးပါတယ္။

    လက္ဘက္စိမ္း လက္ဖက္ရည္ (Green Tea) – Green Tea မွာ အင္တီေအာက္ဆီးဒင့္ေတြ ပါဝင္တာေၾကာင့္ ကင္ဆာဆဲလ္ပြားမ်ားျခင္းကို တားဆီးႏိုင္တာေၾကာင့္ Green Tea ကို ေန႔တိုင္းေသာက္သုံးသင့္ပါတယ္။

    ပဲအမ်ိဳးမ်ိဳး – ပဲအမ်ိဳးမ်ိဳးမွာ ပါဝင္တဲ့ phytochemicals ဟာ ပုံမွန္ဆဲလ္မ်ားမွ ကင္ဆာဆဲလ္မ်ားသို႔ ကူးေျပာင္းသြားျခင္းကို တားဆီးေပးတာေၾကာင့္ ပဲအမ်ိဳးမ်ိဳးကို စားသုံးသင့္ပါတယ္။

    ဆလတ္႐ြက္ – ဆလတ္႐ြက္မွာ ကင္ဆာဆဲလ္မ်ားကို တိုက္ဖ်က္ႏိုင္တဲ့ flavonoid ဓါတ္ ပါဝင္ပါတယ္။

    သားအိမ္ေခါင္းကင္ဆာ ေဝဒနာရွင္မ်ား ေရွာင္သင့္ေသာ အစားအစာမ်ား

    – မလိုင္အျပည့္ပါေသာ ႏြားႏို႔မ်ား

    – အဆီမ်ားေသာ အသားမ်ား

    – အနီေရာင္အသားမ်ား

    – အသြင္ေျပာင္းထားေသာ အဆီမ်ား ( ဥပမာ – မာဂ်ရင္း )

    – တူးေနေသာ အစားအေသာက္မ်ား ( ဥပမာ- အကင္ေပၚမွ အတူးမ်ား )

    Credit – Dr. Htet Htet Aung, www.drmyanmar.com

    (Unicode)

    သားအိမ်ခေါင်းကင်ဆာ (Cervical Cancer)

    သားအိမ်ခေါင်းသည် သားအိမ်၏ အောက်ဆုံးအပိုင်းနှင့် မိန်းမကိုယ်ကို ဆက်သွယ်ပေးထားသော အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာသည် သားအိမ်ခေါင်းအတွင်းရှိ ဆဲလ်များမှဖြစ်ပွားသော ကင်ဆာတစ်မျိုးဖြစ်ပြီး ကင်ဆာရောဂါကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းမှာ human papilloma virus (HPV) ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပါတယ်။

    ဖြစ်ပွားရသည့် အကြောင်းရင်းများ

    သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသော်လည်း ယေဘူယျအားဖြင့် Human Papilloma Virus (HPV) ပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ၎င်းဗိုင်းရပ်သည် လိင်ဆက်ဆံခြင်းမှ တဆင့် ကူးစက်သောဗိုင်းရပ်ဖြစ်ပြီး အချို့သောအမျိုးသမီးများတွင် ဗိုင်းရပ်ပိုးသည် နှစ်ပေါင်းအတော်ကြာသည့်တိုင်အောင် အသက်ရှင်နိုင်ခြင်းကြောင့် သားအိမ်ခေါင်းအတွင်းရှိ ဆဲလ်များသည် ကင်ဆာဆဲလ်များ အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။

    သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေသည့် အကြောင်းရင်းများမှာ –

    – လိင်ဆက်ဆံဖော်များခြင်း

    – အသက်ငယ်ရွယ်ချိန်မှစ၍ လိင်ဆက်ဆံခြင်း

    – အခြားသောလိင်မှတဆင့် ကူးစက်သောရောဂါများရှိခြင်း

    – ခုခံအားစနစ်အားနည်းသောသူများ

    – ဆေးလိပ်သောက်သူများတို့ဖြစ်ပါတယ်။

    ရောဂါလက္ခဏာများ – အစောပိုင်းအဆင့်များတွင် ရောဂါလက္ခဏာပြလေ့မရှိပေ။

    ရောဂါလက္ခဏာများမှာ –

    – အမျိုးသားနှင့်အတူနေစဉ် သွေးထွက်ခြင်း

    – နာကျင်ခြင်း

    – အနံ့ဆိုးသောအရည် ကျဲကျဲအရည်များထွက်ခြင်း

    – တင်ပဆုံတဝိုက်နာကျင်ခြင်း

    စစ်ဆေးခြင်း

    သားအိမ်ခေါင်းကင်ဆာ ရှိနေကြောင်းကို အောက်ပါနည်းလမ်းများဖြင့် သိရှိနိုင်ပါသည်။

    (1) Pap test – သားအိမ်ခေါင်းရှိ ဆဲလ်များကို ယူပြီး ကင်ဆာဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးခြင်းဖြစ်ပါတယ်။

    (2) HPV DNA test – HPV ဗိုင်းရပ်စ်အမျိုးအစားကို ခွဲခြားပေးဖို့ အသုံးပြုပါတယ်။ Pap test လိုပဲ သားအိမ်ခေါင်းရှိဆဲလ်များကို ခြစ်ယူပြီး ဓာတ်ခွဲစမ်းသပ်တာဖြစ်ပါတယ်။

    (3) Colposcope – သားအိမ်ခေါင်း ကြည့်မှန်ပြောင်းဖြင့် ကြည့်ရှု၍စစ်ဆေးခြင်း၊

    (4) သားအိမ်ခေါင်းမှ အသားစယူ၍ စစ်ဆေးခြင်း၊

    (5) သားအိမ်ခေါင်း အတွင်းပိုင်းရှိ အလွှာများမှ အသားစယူ၍ စစ်ဆေးခြင်း

    ရောဂါအဆင့်သတ်မှတ်ချက်

    သားအိမ်ခေါင်းကင်ဆာ ရောဂါ၏အဆင့်များကိုCTscan, MRI, PET နှင့် X-ray ရိုက်ခြင်းဖြင့်လည်းကောင်း၊ မှန်ပြောင်းအသုံးပြု၍ ဆီးအိမ်နှင့် စအိုကို စစ်ဆေးခြင်းဖြင့်လည်းကောင်း ခွဲခြားနိုင်ပါတယ်။

    အဆင့် 1 – ကင်ဆာဆဲလ်များကိုသားအိမ်ခေါင်း၌သာ တွေ့ရပါတယ်။

    အဆင့် 2 – ကင်ဆာဆဲလ်များသည် သားအိမ်ခေါင်းနှင့် မိန်းမကိုယ်အတွင်းသို့ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

    အဆင့် 3 – ကင်ဆာဆဲလ်များသည် သားအိမ်ခေါင်း၊ တင်ပဆုံဘေးနံရံများနှင့် မိန်းမကိုယ်၏ အောက်ဆုံးအပိုင်းတို့ကိုပါ ပျံ့နှံ့နေပြီဖြစ်ပါတယ်။

    အဆင့် 4 – ကင်ဆာဆဲလ်များသည် အခြားသော ကင်ဆာအစိတ်အပိုင်းများသို့ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။

    ကုသမှု

    ကုထုံးများသည် ကင်ဆာရဲ့အဆင့်၊ လူနာ၏ အထွေထွေ ကျန်းမာရေးနှင့် လူနာရဲ့ရွေးချယ်မှုတို့အပေါ် မူတည်ပါတယ်။

    ခွဲစိတ်ခြင်း (Surgery)

    သားအိမ်ခေါင်းအတွင်းသို့ ကင်ဆာဆဲလ်များ၏ ထိုးဖောက်မှုဟာ 3mm အောက်လျော့နည်းပါက သားအိမ်ခေါင်းနှင့် သားအိမ်ကို ခွဲစိတ်ဖြတ်ထုတ်နိုင်သော်လည်း ကင်ဆာဆဲလ်များ၏ ထိုးဖောက်မှုသည် 3mm ထက် များပြားပါက သားအိမ်ခေါင်း၊ သားအိမ်တို့နှင့်အတူ မိန်းမကိုယ် တစ်စိတ်တစ်ပိုင်းနှင့် ပြန်ရည်ကြောများကိုပါ ခွဲစိတ်မှာဖြစ်ပါတယ်။

    ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiation)

    ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ကင်ဆာဆေးသွင်း၍ ကုသခြင်းနှင့် အတူတူတွဲ၍လည်းကောင်း၊ ခွဲစိတ်မှု မခံယူခင်တွင်လည်းကောင်း၊ ခွဲစိတ်ပြီးနောက်ပိုင်း ကင်ဆာဆဲလ်များကို သုတ်သင်ရန်အတွက်လည်းကောင်း အသုံးပြုပါတယ်။

    ကင်ဆာဆေးသွင်းခြင်းဖြင့် ကုသခြင်း (Chemotherapy)

    ကင်ဆာဆဲလ်များကို သတ်နိုင်သော ဆေးများကို အကြောမှတဆင့် ထိုးသွင်းခြင်းဖြင့် ကုသသောနည်း ဖြစ်ပါတယ်။ ဓါတ်ကင်ခြင်းနှင့်တွဲ၍ ကုသလျှင် ပိုမိုထိရောက်မှု ရှိစေပါတယ်။

    သားအိမ်ခေါင်းကင်ဆာ ဝေဒနာရှင်များအတွက် လိုက်နာသင့်သည့် နည်းလမ်းများ

    သားအိမ်ခေါင်းကင်ဆာရောဂါကို ခံစားနေရတယ်ဆိုပါက

    – ၎င်းရောဂါနှင့် ပတ်သက်သော ဗဟုသုတများကို လေ့လာပါ။

    – လိုအပ်ပါကသူငယ်ချင်းများ၊ မိသားစုဝင်များထံမှ အကူအညီယူပါ။

    – ကင်ဆာရောဂါကို အရှုံးမပေးဘဲ တတ်ကျွမ်းသောပညာရှင်များနှင့် တိုင်ပင်ပြီး ကုသမှုခံယူပါ။

    – ဝါသနာပါတဲ့ အလုပ်တစ်ခုခုကို လုပ်ဆောင်ပြီး စိတ်ဖိစီးမှုများကို အနိုင်ယူပါ။

    ကြိုတင်ကာကွယ်ခြင်း

    သားအိမ်ခေါင်းကင်ဆာကို ကြိုတင်ကာကွယ်နိုင်ရန် အောက်ပါနည်းလမ်းများကို လုပ်ဆောင်သင့်ပါတယ်။

    – လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။

    – လိင်ဆက်ဆံဖော် အများကြီးထားခြင်းကို ရှောင်ရှားပါ။

    – ဆေးလိပ်မသောက်ပါနှင့်။

    – သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးထားပါ။ အသက် 9 နှစ်မှ 26 နှစ်ကြား အမျိုးသမီးတိုင်း ထိုးထားသင့်ပါတယ်။ အကောင်းဆုံးကတော့ အိမ်ထောင်မပြုခင်အရွယ် ကလေးဘဝကတည်းက ထိုးထားသင့်ပါ တယ်။

    – သားအိမ်ခေါင်းကင်ဆာရှိ၊ မရှိအသက် ၂၁ နှစ်အရွယ်ကတည်းက Pap Smear ယူခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ ဖြစ်နိုင်ပါက သုံးနှစ်မှာတစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါတယ်။

    သားအိမ်ခေါင်းကင်ဆာ ဝေဒနာရှင်များ စားသင့်သော အစားအစာများ

    မုန်လာဥနီ – မုန်လာဥနီဟာ မျက်လုံးအတွက်တင် ကောင်းတာမဟုတ်ပါဘူး။ မုန်လာဥနီမှာပါဝင်တဲ့ provitamin A နှင့် ရောင်ခြယ်ပစ္စည်း Carotenoids တို့က ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးပေးပါတယ်။

    လက်ဘက်စိမ်း လက်ဖက်ရည် (Green Tea) – Green Tea မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ကင်ဆာဆဲလ်ပွားများခြင်းကို တားဆီးနိုင်တာကြောင့် Green Tea ကို နေ့တိုင်းသောက်သုံးသင့်ပါတယ်။

    ပဲအမျိုးမျိုး – ပဲအမျိုးမျိုးမှာ ပါဝင်တဲ့ phytochemicals ဟာ ပုံမှန်ဆဲလ်များမှ ကင်ဆာဆဲလ်များသို့ ကူးပြောင်းသွားခြင်းကို တားဆီးပေးတာကြောင့် ပဲအမျိုးမျိုးကို စားသုံးသင့်ပါတယ်။

    ဆလတ်ရွက် – ဆလတ်ရွက်မှာ ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်တဲ့ flavonoid ဓါတ် ပါဝင်ပါတယ်။

    သားအိမ်ခေါင်းကင်ဆာ ဝေဒနာရှင်များ ရှောင်သင့်သော အစားအစာများ

    – မလိုင်အပြည့်ပါသော နွားနို့များ

    – အဆီများသော အသားများ

    – အနီရောင်အသားများ

    – အသွင်ပြောင်းထားသော အဆီများ ( ဥပမာ – မာဂျရင်း )

    – တူးနေသော အစားအသောက်များ ( ဥပမာ- အကင်ပေါ်မှ အတူးများ )

    Credit – Dr. Htet Htet Aung, www.drmyanmar.com

  • အသုဘပို့ပြီး ပြန်လာရင် တရော်ကင်ပွန်းဖြင့် လက်ဆေးရသည့် ရိုးရာယုံကြည်မှု အကြောင်းအရင်း

    (Zawgyi)

    တေရာ္ကင္းပြန္းကို ဘာေၾကာင့္ အသုဘပို႔က ျပန္လာရင္ အသုံးျပဳရလဲဆိုတာ သိရေအာင္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။ ဒြတၱေဘာင္မင္းႀကီးဟာ စစ္တိုက္ၿပီးျပန္လာေတာ့ ပန္ထြာမင္းသမီးရဲ႕ တိုင္းျပည္မွာ တစ္ညဝင္ အိပ္ခဲ့တယ္။ ပန္ထြာမင္းသမီးဟာ မင္းႀကီး ဘုန္းကံနိမ့္ေအာင္ ဆိုၿပီး မီးေနသည္ထမီနဲ႔ ရက္လုပ္ထားတဲ့ မ်က္ႏွာသုတ္ပဝါကို မ်က္ႏွာသုတ္ဖို႔ ေပးခဲ့တယ္။ မင္းႀကီးလည္း အဲဒီမ်က္ႏွာသုတ္ပဝါကို မ်က္ႏွာသုတ္လိုက္တာ ဘုန္းနိမ့္ၿပီး နဖူးကမွည့္ရွင္ဟာကြယ္ခဲ့တယ္။ မင္းႀကီးလည္း ဘုန္းနိမ့္မွန္း သိၿပီးျပန္လာခဲ့တယ္။

    လမ္းေရာက္ေတာ့ မိုး႐ြာတဲ့အတြက္ တေရာ္ပင္ေအာက္မွာ မိုးဝင္ခိုခဲ့တယ္။ တေရာ္ကင္းပြန္းက စီးက်လာတဲ့ မိုးေရဟာမင္းႀကီးအေပၚက်ၿပီး ဘုန္းက်က္သေရရွိေစတဲ့ မွဲ႔ရွင္ဟာ ျပန္ေပၚလာခဲ့တယ္။ မင္းႀကီးလည္း တေရာ္ဟာ ဘုန္းက်က္သ ေရရွိေစတယ္ဆိုၿပီး ဦးေခါင္းေဆးမဂၤလာကို မၾကာခဏ လုပ္ေပးတာကစၿပီး ျမန္မာဘုရင္ အဆက္ဆက္ဟာ တေရာ္ကင္းပြန္းနဲ႔ ဦးေခါင္းေဆးမဂၤလာကို ျပဳလုပ္တဲ့ အယူအဆ ေပၚေပါက္ခဲ့တယ္။

    ကင္းပြန္းသီးရဲ႕ အာနိသင္က အပုပ္အစပ္ႏိုင္တာပါ။ ဘယ္ေလာက္ပဲ အပုပ္နံ႔ နံပါေစ ကင္းပြန္းသီးကို မီးျမႇိဳက္လိုက္ရင္ အပုပ္နံ႔ အားလုံး ေပ်ာက္ကြယ္သြားပါတယ္။ ဒါေၾကာင့္ ဦးေခါင္းက အနံ႔ကို ေပ်ာက္ေအာင္ ကင္းပြန္းသီးက စြမ္းေဆာင္ ႏိုင္ၿပီး ဘုန္းက်က္သေရရွိဖို႔ကို တေရာ္က စြမ္းေဆာင္ေပးပါတယ္။ အဲဒါေၾကာင့္ ျမန္မာလူမ်ိဳးေတြဟာ အသုဘပို႔ ျပန္လာတဲ့အခါေတြ မီးေနသည္အိမ္က ျပန္လာတဲ့အခါေတြမွာ တေရာ္ကင္းပြန္းကို အသုံးျပဳၾကတာ ဒီေန႔အထိပါပဲ။

    Credit – ဦးျမင့္ခိုင္ (စိတ္ပညာ)

    တေရာ္ကင္းပြန္းကို ဘာေၾကာင့္ အသုဘပို႔က ျပန္လာရင္ အသုံးျပဳရလဲဆိုတာ သိရေအာင္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။ ဒြတၱေဘာင္မင္းႀကီးဟာ စစ္တိုက္ၿပီးျပန္လာေတာ့ ပန္ထြာမင္းသမီးရဲ႕ တိုင္းျပည္မွာ တစ္ညဝင္ အိပ္ခဲ့တယ္။ ပန္ထြာမင္းသမီးဟာ မင္းႀကီး ဘုန္းကံနိမ့္ေအာင္ ဆိုၿပီး မီးေနသည္ထမီနဲ႔ ရက္လုပ္ထားတဲ့ မ်က္ႏွာသုတ္ပဝါကို မ်က္ႏွာသုတ္ဖို႔ ေပးခဲ့တယ္။ မင္းႀကီးလည္း အဲဒီမ်က္ႏွာသုတ္ပဝါကို မ်က္ႏွာသုတ္လိုက္တာ ဘုန္းနိမ့္ၿပီး နဖူးကမွည့္ရွင္ဟာကြယ္ခဲ့တယ္။ မင္းႀကီးလည္း ဘုန္းနိမ့္မွန္း သိၿပီးျပန္လာခဲ့တယ္။

    လမ္းေရာက္ေတာ့ မိုး႐ြာတဲ့အတြက္ တေရာ္ပင္ေအာက္မွာ မိုးဝင္ခိုခဲ့တယ္။ တေရာ္ကင္းပြန္းက စီးက်လာတဲ့ မိုးေရဟာမင္းႀကီးအေပၚက်ၿပီး ဘုန္းက်က္သေရရွိေစတဲ့ မွဲ႔ရွင္ဟာ ျပန္ေပၚလာခဲ့တယ္။ မင္းႀကီးလည္း တေရာ္ဟာ ဘုန္းက်က္သ ေရရွိေစတယ္ဆိုၿပီး ဦးေခါင္းေဆးမဂၤလာကို မၾကာခဏ လုပ္ေပးတာကစၿပီး ျမန္မာဘုရင္ အဆက္ဆက္ဟာ တေရာ္ကင္းပြန္းနဲ႔ ဦးေခါင္းေဆးမဂၤလာကို ျပဳလုပ္တဲ့ အယူအဆ ေပၚေပါက္ခဲ့တယ္။

    ကင္းပြန္းသီးရဲ႕ အာနိသင္က အပုပ္အစပ္ႏိုင္တာပါ။ ဘယ္ေလာက္ပဲ အပုပ္နံ႔ နံပါေစ ကင္းပြန္းသီးကို မီးျမႇိဳက္လိုက္ရင္ အပုပ္နံ႔ အားလုံး ေပ်ာက္ကြယ္သြားပါတယ္။ ဒါေၾကာင့္ ဦးေခါင္းက အနံ႔ကို ေပ်ာက္ေအာင္ ကင္းပြန္းသီးက စြမ္းေဆာင္ႏိုင္ၿပီး ဘုန္းက်က္သေရရွိဖို႔ကို တေရာ္က စြမ္းေဆာင္ေပးပါတယ္။ အဲဒါေၾကာင့္ ျမန္မာလူမ်ိဳးေတြဟာ အသုဘပို႔ ျပန္လာတဲ့အခါေတြ မီးေနသည္အိမ္က ျပန္လာတဲ့အခါေတြမွာ တေရာ္ကင္းပြန္းကို အသုံးျပဳၾကတာ ဒီေန႔အထိပါပဲ။

    Credit – ဦးျမင့္ခိုင္ (စိတ္ပညာ)

    (Unicode)
    တရော်ကင်းပွန်းကို ဘာကြောင့် အသုဘပို့က ပြန်လာရင် အသုံးပြုရလဲဆိုတာ သိရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒွတ္တဘောင်မင်းကြီးဟာ စစ်တိုက်ပြီးပြန်လာတော့ ပန်ထွာမင်းသမီးရဲ့ တိုင်းပြည်မှာ တစ်ညဝင် အိပ်ခဲ့တယ်။ ပန်ထွာမင်းသမီးဟာ မင်းကြီး ဘုန်းကံနိမ့်အောင် ဆိုပြီး မီးနေသည်ထမီနဲ့ ရက်လုပ်ထားတဲ့ မျက်နှာသုတ်ပဝါကို မျက်နှာသုတ်ဖို့ ပေးခဲ့တယ်။ မင်းကြီးလည်း အဲဒီမျက်နှာသုတ်ပဝါကို မျက်နှာသုတ်လိုက်တာ ဘုန်းနိမ့်ပြီး နဖူးကမှည့်ရှင်ဟာကွယ်ခဲ့တယ်။ မင်းကြီးလည်း ဘုန်းနိမ့်မှန်း သိပြီးပြန်လာခဲ့တယ်။

    လမ်းရောက်တော့ မိုးရွာတဲ့အတွက် တရော်ပင်အောက်မှာ မိုးဝင်ခိုခဲ့တယ်။ တရော်ကင်းပွန်းက စီးကျလာတဲ့ မိုးရေဟာမင်းကြီးအပေါ်ကျပြီး ဘုန်းကျက်သရေရှိစေတဲ့ မှဲ့ရှင်ဟာ ပြန်ပေါ်လာခဲ့တယ်။ မင်းကြီးလည်း တရော်ဟာ ဘုန်းကျက်သ ရေရှိစေတယ်ဆိုပြီး ဦးခေါင်းဆေးမင်္ဂလာကို မကြာခဏ လုပ်ပေးတာကစပြီး မြန်မာဘုရင် အဆက်ဆက်ဟာ တရော်ကင်းပွန်းနဲ့ ဦးခေါင်းဆေးမင်္ဂလာကို ပြုလုပ်တဲ့ အယူအဆ ပေါ်ပေါက်ခဲ့တယ်။

    ကင်းပွန်းသီးရဲ့ အာနိသင်က အပုပ်အစပ်နိုင်တာပါ။ ဘယ်လောက်ပဲ အပုပ်နံ့ နံပါစေ ကင်းပွန်းသီးကို မီးမြှိုက်လိုက်ရင် အပုပ်နံ့ အားလုံး ပျောက်ကွယ်သွားပါတယ်။ ဒါကြောင့် ဦးခေါင်းက အနံ့ကို ပျောက်အောင် ကင်းပွန်းသီးက စွမ်းဆောင် နိုင်ပြီး ဘုန်းကျက်သရေရှိဖို့ကို တရော်က စွမ်းဆောင်ပေးပါတယ်။ အဲဒါကြောင့် မြန်မာလူမျိုးတွေဟာ အသုဘပို့ ပြန်လာတဲ့အခါတွေ မီးနေသည်အိမ်က ပြန်လာတဲ့အခါတွေမှာ တရော်ကင်းပွန်းကို အသုံးပြုကြတာ ဒီနေ့အထိပါပဲ။

    Credit – ဦးမြင့်ခိုင် (စိတ်ပညာ)

  • လည္ပတ္ခြင့္ မရွိ၊ မသင့္လို႔ ကန္႕သတ္ထားတဲ့ ကမာၻတဝွမ္းမွ ဆန္းၾကယ္နယ္ေျမမ်ား

    ကမာၻတဝွမ္းမွာ လည္ပတ္ခြင့္ မရွိလို႔ ကန႔္သတ္ထားတဲ့ နယ္ေျမမ်ား

    လည္ပတ္စရာ ေနရာေတြကို အၿမဲ ေဖာ္ျပေနလို႔ ဒီတခါမွာ မလည္ရလို႔ သတ္မွတ္ထားတဲ့ ေနရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ စိတ္ဝင္စားစရာေတြ ရွိေနေပမယ့္ အစိုးရရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြရွိလို႔၊ အႏၲရာယ္မ်ားလို႔ စတဲ့ အေၾကာင္းျပခ်က္ေတြေၾကာင့္ သြားလည္ဖို႔ ပိတ္ပင္ထားတဲ့ ကန႔္သတ္နယ္ေျမေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) ေႁမြကြၽန္း (ဘရာဇီး)

    ဘရာဇီးႏိုင္ငံမွာ ရွိတဲ့ “Ilha da Queimada Grande” ဆိုတဲ့ ကြၽန္းကို အမ်ားစုကေတာ့ ေႁမြကြၽန္းလို႔ သိၾကပါတယ္။ ဒီကြၽန္းဟာ ဧက ၁၁၀သာ က်ယ္ဝန္းေပမယ့္ အဆိပ္ျပင္းတဲ့ ေႁမြမ်ိဳးစိတ္ေပါင္း ၄၀၀၀ ေက်ာ္ ေနထိုင္ပါတယ္။ ဒီကြၽန္းကေႁမြေတြဟာ အဆိပ္ျပင္းလြန္းလို႔ ကြၽန္းေပၚေျခခ်ၿပီး တနာရီအတြင္း သင့္အသက္ကို ဆုံးရႈံးႏိုင္တယ္လို႔ အစိုးရက အမိန႔္ထုတ္ထားပါတယ္။ ဒီကြၽန္းမွာ ေႁမြသာရွိၿပီး အျခား ႏို႔တိုက္ သတၱဝါ တေကာင္ တေလေတာင္ မရွိဘူးလို႔ သိရပါတယ္။

    (၂) Heard Island (Australia)

    Heard Island နဲ႔ McDonald Island ကို HIMI လို႔ အတိုေကာက္ ေခၚၾကပါတယ္။ ဒီကြၽန္းစုဟာ အိႏၵိယသမုဒၵရာ ကြၽန္းစု စာရင္းမွာ ပါဝင္တဲ့ ကမာၻအပယ္ခံ ကြၽန္းစု ျဖစ္ပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ဒီကြၽန္းစုကို ေတာ႐ိုင္းတိရစာၦန္ေလ့လာဖို႔ ခရီးထြက္ေလ့ ရွိၾကပါတယ္။ ဒီကြၽန္းစုရဲ႕ ရာသီဥတုကေတာ့ ၾကမ္းတမ္းပါတယ္။ အလြန္အမင္း ေအးျခင္း၊ မိုးႀကီးျခင္းနဲ႔ ေလၾကမ္းျခင္းတို႔ေၾကာင့္ သြားေရာက္ လည္ပတ္ခြင့္ ပိတ္ပင္ထားတဲ့ ကြၽန္းလည္း ျဖစ္ပါတယ္။

    (၃) Lascaux Caves

    ျပင္သစ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာရွိတဲ့ ဒီဂူကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၇၀၀၀ ေလာက္က နံရံေဆးေရးေတြ ရွိတဲ့ဂူ ျဖစ္ပါတယ္။ ဒီဂူကို ၁၉၄၀ ခုႏွစ္ေလာက္က ေတြ႕ရွိခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ ကမာၻ႔ယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္းေရးအဖြဲ႕ UNESCO က ထိန္းသိမ္းထားပါတယ္။ ဒီဂူမွာ ရွိတဲ့ နံရံေဆးေရးေတြဟာ အရမ္းေစာလြန္းတာေၾကာင့္ တေျဖးေျဖး မႈန္ဝါးၿပီး မႈိတက္စ ျပဳေနပါၿပီ။ ဒါေၾကာင့္ လာေရာက္လည္ပတ္သူေတြကို ဂူထဲ မဝင္ဖို႔ ကန႔္သတ္ထားၿပီး အဲဒီ ဂူအနီးက ဂူတခုမွာ ပုံတူေတြကို ျပသထားေပးပါတယ္။

    (၄) North Sentinel Island

    ဒီကြၽန္းကေတာ့ ထူးဆန္းမႈေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ကြၽန္းျဖစ္ပါတယ္။ ဒီကြၽန္းမွာ ေနထိုင္သူေတြဟာ ျပင္ပေလာကနဲ႔ အဆက္အသြယ္ျဖတ္ၿပီး သီးသန္႔ေနထိုင္ၾကပါတယ္။၂၀၀၆ ခုႏွစ္ေလာက္မွာ ငါးဖမ္းသမားႏွစ္ဦးဟာ ဒီကြၽန္းကို အခြင့္ မရွိဘဲ ခ်ဥ္းကပ္လာတာေၾကာင့္ အသတ္ခံခဲ့ရပါတယ္။

    (၅) Area 51

    ဒီေနရာကိုေတာ့ သင္ၾကားဖူးေနက် ျဖစ္ေလာက္ပါတယ္။ ၿဂိဳလ္သားေတြ လာေရာက္ ဆင္းသက္မႈ ရွိတာကို အေမရိကန္အစိုးရက သတင္းအေမွာင္ ခ်ထားတဲ့ ေနရာလို႔ ေကာလာဟလေတြ ထြက္ရွိထားတဲ့ ေနရာလည္း ျဖစ္ပါတယ္။ အေမရိကန္အစိုးရကေတာ့ ၂၀၁၃ ခုႏွစ္အထိ ဒီ Area 51 ရွိတာကို ဝန္ခံျခင္း မရွိခဲ့ပါဘူး။ ဒီေနရာကို ၿဂိဳလ္တုေတြက ဖမ္းယူၾကည့္ရႈရင္လည္း မျမင္ရေအာင္ အေမရိကန္အစိုးရက ပိတ္ပင္ထားပါတယ္။ အစိုးရဟာ Area 51 ရဲ႕ အနားကို ကားေတာင္ ပတ္ၿပီး မေမာင္းဖို႔ အမိန႔္ထုတ္ထားပါတယ္။

    Ref; mmn.com

    Credit – ေရဗန္ (ဧရာဝတီ), The Irrawaddy – Burmese Edition

    https://burma.irrawaddy.com/lifestyle/travel/2018/09/16/169947.html

    (Unicode)

    ကမ္ဘာတဝှမ်းမှာ “လည်ပတ်ခွင့် မရှိ” လို့ ကန့်သတ်ထားတဲ့ နယ်မြေများ

    လည်ပတ်စရာ နေရာတွေကို အမြဲ ဖော်ပြနေလို့ ဒီတခါမှာ မလည်ရလို့ သတ်မှတ်ထားတဲ့ နေရာတွေကို ဖော်ပြပေးချင်ပါတယ်။ စိတ်ဝင်စားစရာတွေ ရှိနေပေမယ့် အစိုးရရဲ့ လျှို့ဝှက်ချက်တွေရှိလို့၊ အန္တရာယ်များလို့ စတဲ့ အကြောင်းပြချက်တွေကြောင့် သွားလည်ဖို့ ပိတ်ပင်ထားတဲ့ ကန့်သတ်နယ်မြေတွေကို ဖော်ပြပေးချင်ပါတယ်။

    (၁) မြွေကျွန်း (ဘရာဇီး)

    ဘရာဇီးနိုင်ငံမှာ ရှိတဲ့ “Ilha da Queimada Grande” ဆိုတဲ့ ကျွန်းကို အများစုကတော့ မြွေကျွန်းလို့ သိကြပါတယ်။ ဒီကျွန်းဟာ ဧက ၁၁၀ သာ ကျယ်ဝန်းပေမယ့် အဆိပ်ပြင်းတဲ့ မြွေမျိုးစိတ်ပေါင်း ၄၀၀၀ ကျော် နေထိုင်ပါတယ်။ ဒီကျွန်းကမြွေတွေဟာ အဆိပ်ပြင်းလွန်းလို့ ကျွန်းပေါ်ခြေချပြီး တနာရီအတွင်း သင့်အသက်ကို ဆုံးရှုံးနိုင်တယ်လို့ အစိုးရက အမိန့်ထုတ်ထားပါတယ်။ ဒီကျွန်းမှာ မြွေသာရှိပြီး အခြား နို့တိုက် သတ္တဝါ တကောင် တလေတောင် မရှိဘူးလို့ သိရပါတယ်။

    (၂) Heard Island (Australia)

    Heard Island နဲ့ McDonald Island ကို HIMI လို့ အတိုကောက် ခေါ်ကြပါတယ်။ ဒီကျွန်းစုဟာ အိန္ဒိယသမုဒ္ဒရာ ကျွန်းစု စာရင်းမှာ ပါဝင်တဲ့ ကမ္ဘာအပယ်ခံ ကျွန်းစု ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီကျွန်းစုကို တောရိုင်းတိရစ္ဆာန်လေ့လာဖို့ ခရီးထွက်လေ့ ရှိကြပါတယ်။ ဒီကျွန်းစုရဲ့ ရာသီဥတုကတော့ ကြမ်းတမ်းပါတယ်။ အလွန်အမင်း အေးခြင်း၊ မိုးကြီးခြင်းနဲ့ လေကြမ်းခြင်းတို့ကြောင့် သွားရောက် လည်ပတ်ခွင့် ပိတ်ပင်ထားတဲ့ ကျွန်းလည်း ဖြစ်ပါတယ်။

    (၃) Lascaux Caves

    ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိတဲ့ ဒီဂူကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀၀၀ လောက်က နံရံဆေးရေးတွေ ရှိတဲ့ဂူ ဖြစ်ပါတယ်။ ဒီဂူကို ၁၉၄၀ ခုနှစ်လောက်က တွေ့ရှိခဲ့ပြီး ယခုအချိန်မှာတော့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ UNESCO က ထိန်းသိမ်းထားပါတယ်။ ဒီဂူမှာ ရှိတဲ့ နံရံဆေးရေးတွေဟာ အရမ်းစောလွန်းတာကြောင့် တဖြေးဖြေး မှုန်ဝါးပြီး မှိုတက်စ ပြုနေပါပြီ။ ဒါကြောင့် လာရောက်လည်ပတ်သူတွေကို ဂူထဲ မဝင်ဖို့ ကန့်သတ်ထားပြီး အဲဒီ ဂူအနီးက ဂူတခုမှာ ပုံတူတွေကို ပြသထားပေးပါတယ်။

    (၄) North Sentinel Island

    ဒီကျွန်းကတော့ ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းမှာ နေထိုင်သူတွေဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ပြီး သီးသန့်နေထိုင်ကြပါတယ်။၂၀၀၆ ခုနှစ်လောက်မှာ ငါးဖမ်းသမားနှစ်ဦးဟာ ဒီကျွန်းကို အခွင့် မရှိဘဲ ချဉ်းကပ်လာတာကြောင့် အသတ်ခံခဲ့ရပါတယ်။

    (၅) Area 51

    ဒီနေရာကိုတော့ သင်ကြားဖူးနေကျ ဖြစ်လောက်ပါတယ်။ ဂြိုလ်သားတွေ လာရောက် ဆင်းသက်မှု ရှိတာကို အမေရိကန်အစိုးရက သတင်းအမှောင် ချထားတဲ့ နေရာလို့ ကောလာဟလတွေ ထွက်ရှိထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရကတော့ ၂၀၁၃ ခုနှစ်အထိ ဒီ Area 51 ရှိတာကို ဝန်ခံခြင်း မရှိခဲ့ပါဘူး။ ဒီနေရာကို ဂြိုလ်တုတွေက ဖမ်းယူကြည့်ရှုရင်လည်း မမြင်ရအောင် အမေရိကန်အစိုးရက ပိတ်ပင်ထားပါတယ်။ အစိုးရဟာ Area 51 ရဲ့ အနားကို ကားတောင် ပတ်ပြီး မမောင်းဖို့ အမိန့်ထုတ်ထားပါတယ်။

    Ref; mmn.com

    Credit – ရေဗန် (ဧရာဝတီ), The Irrawaddy – Burmese Edition

    https://burma.irrawaddy.com/lifestyle/travel/2018/09/16/169947.html

  • နိုင်ငံခြားကို ပထမဆုံးအကြိမ် ခရီးသွားရင် ကြိုတင်ပြင်ဆင်ရမယ့် အချက် ၅ ချက်

    (Zawgyi)

    ႏိုင္ငံျခားကို ပထမဆုံးအႀကိမ္ခရီးသြားရင္ ႀကိဳတင္ျပင္ဆင္ရမယ့္ အခ်က္ ၅ ခ်က္

    သင္ဟာ ျပည္တြင္းခရီးသြားျခင္းကို ၿငီးေငြ႕ၿပီး ႏိုင္ငံျခားခရီးကို စတင္သြားေတာ့မယ္ဆိုရင္ ႀကိဳတင္ျပင္ဆင္ထားရမွာေတြ ရွိပါတယ္။ ကိုယ့္ေနရပ္မဟုတ္တဲ့ ႏိုင္ငံကိုသြားမွာ ျဖစ္လို႔ မတူညီတဲ့စ႐ိုက္ေတြ မတူညီတဲ့ ယဥ္ေက်းမႈေတြနဲ႔ အံဝင္ဂြင္က် ျဖစ္ေစဖို႔ ႏိုင္ငံရပ္ျခားကို ပထမဆုံးအႀကိမ္အျဖစ္ ခရီးသြားမယ့္သူေတြ ျပင္ဆင္ထားရမယ့္ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) လုံၿခဳံေရး

    ႏိုင္ငံျခားကို သြားဖို႔အတြက္ ပထမဆုံးလိုအပ္တဲ့ အရာကေတာ့ Passport ပဲ ျဖစ္ပါတယ္။ သင့္ Passport ကို မူရင္းသာမက မိတၱဴပါကူးၿပီး ယူသြားဖို႔ အႀကံေပးခ်င္ပါတယ္။ မေတာ္တဆ သင့္ရဲ႕ Passport ေပ်ာက္သြားသည္ရွိေသာ္ သင့္ရဲ႕ေနထိုင္မႈကို ဒုကၡမျဖစ္ေစဖို႔ မိတၱဴကူးထားတဲ့ Passport ေဆာင္သြားတာအဆင္ေျပပါလိမ့္မယ္။

    ဒါ့အျပင္ ေနာက္ထပ္မိတၱဴကို သင္ယုံၾကည္ရတဲ့ သူတေယာက္ေယာက္ဆီမွာ ထပ္မံ အပ္ႏွံထားသင့္ပါေသးတယ္။ တကယ္လို႔မွ သင္စိတ္ခ်ရတဲ့သူမရွိဘူးဆိုရင္ Electronics Copy ကူးၿပီး သင့္ဖုန္းထဲမွာ ထပ္မံသိမ္းဆည္းထားသင့္ပါတယ္။ သင္သြားမယ့္ ႏိုင္ငံမွာရွိတဲ့ ျမန္မာသံ႐ုံးကိုလည္း သြားေရာက္သတင္းပို႔ထားရပါမယ္။ ဒါမွသာ သင္လည္ပတ္ေနတဲ့ ႏိုင္ငံမွာ ျပႆနာ တစုံတရာရွိလာရင္ သင့္ကိုသံ႐ုံးဖက္က ေျဖရွင္းေပးႏိုင္မွာျဖစ္ပါတယ္။

    (၂) က်န္းမာေရး

    သင့္က်န္းမာေရးအတြက္ လိုအပ္တာေတြ အားလုံးကို စစ္ေဆးသြားပါ။ ထိုးဖို႔လိုအပ္တဲ့ ကာကြယ္ေဆးေတြ ထိုးထားေၾကာင္းကို ေသခ်ာေအာင္ျပဳလုပ္ရပါမယ္။ ေနာက္ၿပီး ႏိုင္ငံျခားသြားတဲ့သူေတြလုပ္ဖို႔ လိုအပ္တဲ့ အသက္အာမခံ စတာေတြကို ေသခ်ာစြာလုပ္ထားဖို႔ လိုအပ္ပါတယ္။

    သင္ေသာက္ေနက် ေဆးေတြရွိတယ္ဆိုရင္ သင္သြားမယ့္ ႏိုင္ငံမွာ ရွိတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအရ အကိုက္အခဲ ေပ်ာက္ေဆးစတာေတြကို သတ္မွတ္ အေရအတြက္ထက္ ပိုၿပီးပါမသြားေအာင္ စုံစမ္းဖို႔လည္း လိုပါေသးတယ္။

    (၃) ေငြေၾကး

    သင္သြားမယ့္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံရဲ႕ ေငြေၾကးကြာဟမႈေတြကို ႀကိဳတင္ေလ့လာသြားဖို႔ လိုပါတယ္။ ဥပမာ- အေနာက္ႏိုင္ငံေတြက ေငြေၾကးဟာ ျမန္မာႏိုင္ငံထက္ ပိုျမင့္ေပမယ့္ အာရွက တခ်ိဳ႕ႏိုင္ငံေတြရဲ႕ ေငြေၾကးေဈးက ျမန္မာႏိုင္ငံထက္ ပိုၿပီး နိမ့္တယ္ဆိုတာ သိထားဖို႔လိုပါတယ္။

    သင္ ယူသြားမယ့္ Credit Card က သင္လည္ပတ္မယ့္ႏိုင္ငံမွာ အလုပ္လုပ္ရဲ႕လားဆိုတာကိုလည္း စုံစမ္းဖို႔ မေမ့ပါနဲ႔။ အေရးအႀကီးဆုံးကေတာ့ သင္သြားမယ့္ႏိုင္ငံရဲ႕ ေငြေၾကးကို လက္မွာ ကိုင္ေဆာင္ထားဖို႔ပါပဲ။ Credit Card နဲ႔ တခ်ိန္လုံး ေငြရွင္းလို႔ မရတာကို သိထားဖို႔ လိုပါတယ္။

    (၄) လွ်ပ္စစ္ပစၥည္းအတြက္ ျပင္ဆင္စရာမ်ား

    သင္သြားမယ့္ ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံက အသုံးျပဳတဲ့ ဖုန္းအားသြင္းဖို႔ ပလပ္ေခါင္းေတြ၊ Voltage ေတြ မတူတာေတြ ရွိတတ္ပါတယ္။ ဒါေၾကာင့္ သြားမယ္ဆိုရင္ သင့္အားသြင္းႀကိဳးစတာေတြက ႏိုင္ငံတကာ စံၫႊန္းနဲ႔ ကိုက္ညီတဲ့ ပစၥည္းေတြျဖစ္ဖို႔ ျပင္ဆင္သြားရပါမယ္။ တခါတရံမွာ သင္ယူလာတဲ့ ပစၥည္းကို အားသြင္းဖို႔အတြက္ သင္သြားေရာက္မယ့္ ႏိုင္ငံရဲ႕ Voltage မႏိုင္တာေတြ ျဖစ္တတ္လို႔ ဂ႐ုစိုက္ဖို႔ အႀကံေပးခ်င္ပါတယ္။

    (၅) အထုတ္အပိုးျပင္ျခင္း

    သင့္ Luggageထဲမွာ ထည့္မယ့္ အဝတ္ေတြအျပင္ သင္ထသြားထလာ သယ္သြားမယ့္ ေက်ာပိုးအိတ္၊ လက္ကိုင္အိတ္စတဲ့ အိတ္ေတြမွာ အဝတ္အပိုေတြ ထည့္သြားဖို႔ အရမ္းအေရးႀကီးပါတယ္။ ဒါမွသာ မေတာ္တဆ Luggage က ေလယာဥ္ကြင္းကို ေရာက္ဖို႔ ၾကာေနတာ ျဖစ္ျဖစ္၊ ေပ်ာက္သြားတာ ျဖစ္ျဖစ္ တခုခုျဖစ္ခဲ့ရင္ သင့္မွာ အသင့္ဝတ္စရာ ရွိေနမွာပါ။

    ေလေၾကာင္းလိုင္းေတြဟာ သင္သယ္ေဆာင္လာတဲ့ အိတ္ေတြကို စစ္ေဆးပုံေတြ မတူပါဘူး။ ဒါေၾကာင့္ သင္သြားမယ့္ ေလေၾကာင္းလိုင္းရဲ႕ စစ္ေဆးပုံေတြကို သိထားဖို႔ လိုပါတယ္။

    ေနာက္ဆုံးတခုကေတာ့ သင္ႀကိဳက္တဲ့ မုန႔္ေတြ ယူသြားဖို႔ပါပဲ။ သင္သြားမယ့္ႏိုင္ငံရဲ႕ အစားအေသာက္ကို သင္ႀကိဳက္မယ္၊ မႀကိဳက္ဘူးဆိုတာ ႀကိဳၿပီးမသိႏိုင္ပါဘူး။ ဒါေၾကာင့္ ႏိုင္ငံရပ္ျခားမွာ ဗိုက္ေဟာင္းေလာင္းမျဖစ္ေစဖို႔ သင္စားေနက် မုန႔္ေတြ ေဆာင္သြားဖို႔ အႀကံျပဳခ်င္ပါတယ္။

    Ref;travelzoo.com

    Credit – ေရဗန္(ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    နိုင်ငံခြားကို ပထမဆုံးအကြိမ်ခရီးသွားရင် ကြိုတင်ပြင်ဆင်ရမယ့် အချက် ၅ ချက်

    သင်ဟာ ပြည်တွင်းခရီးသွားခြင်းကို ငြီးငွေ့ပြီး နိုင်ငံခြားခရီးကို စတင်သွားတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားရမှာတွေ ရှိပါတယ်။ ကိုယ့်နေရပ်မဟုတ်တဲ့ နိုင်ငံကိုသွားမှာ ဖြစ်လို့ မတူညီတဲ့စရိုက်တွေ မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ အံဝင်ဂွင်ကျ ဖြစ်စေဖို့ နိုင်ငံရပ်ခြားကို ပထမဆုံးအကြိမ်အဖြစ် ခရီးသွားမယ့်သူတွေ ပြင်ဆင်ထားရမယ့် အချက်တွေကို ဖော်ပြပေးချင် ပါတယ်။

    (၁) လုံခြုံရေး

    နိုင်ငံခြားကို သွားဖို့အတွက် ပထမဆုံးလိုအပ်တဲ့ အရာကတော့ Passport ပဲ ဖြစ်ပါတယ်။ သင့် Passport ကို မူရင်းသာမက မိတ္တူပါကူးပြီး ယူသွားဖို့ အကြံပေးချင်ပါတယ်။ မတော်တဆ သင့်ရဲ့ Passport ပျောက်သွားသည်ရှိသော် သင့်ရဲ့နေထိုင်မှုကို ဒုက္ခမဖြစ်စေဖို့ မိတ္တူကူးထားတဲ့ Passport ဆောင်သွားတာအဆင်ပြေပါလိမ့်မယ်။

    ဒါ့အပြင် နောက်ထပ်မိတ္တူကို သင်ယုံကြည်ရတဲ့ သူတယောက်ယောက်ဆီမှာ ထပ်မံ အပ်နှံထားသင့်ပါသေးတယ်။ တကယ်လို့မှ သင်စိတ်ချရတဲ့သူမရှိဘူးဆိုရင် Eletronics Copy ကူးပြီး သင့်ဖုန်းထဲမှာ ထပ်မံသိမ်းဆည်းထားသင့်ပါတယ်။ သင်သွားမယ့် နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကိုလည်း သွားရောက်သတင်းပို့ထားရပါမယ်။ ဒါမှသာ သင်လည်ပတ်နေတဲ့ နိုင်ငံမှာ ပြဿနာ တစုံတရာရှိလာရင် သင့်ကိုသံရုံးဖက်က ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

    (၂) ကျန်းမာရေး

    သင့်ကျန်းမာရေးအတွက် လိုအပ်တာတွေ အားလုံးကို စစ်ဆေးသွားပါ။ ထိုးဖို့လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထား ကြောင်းကို သေချာအောင်ပြုလုပ်ရပါမယ်။ နောက်ပြီး နိုင်ငံခြားသွားတဲ့သူတွေလုပ်ဖို့ လိုအပ်တဲ့ အသက်အာမခံ စတာ တွေကို သေချာစွာလုပ်ထားဖို့ လိုအပ်ပါတယ်။

    သင်သောက်နေကျ ဆေးတွေရှိတယ်ဆိုရင် သင်သွားမယ့် နိုင်ငံမှာ ရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အကိုက်အခဲ ပျောက်ဆေးစတာတွေကို သတ်မှတ် အရေအတွက်ထက် ပိုပြီးပါမသွားအောင် စုံစမ်းဖို့လည်း လိုပါသေးတယ်။

    (၃) ငွေကြေး

    သင်သွားမယ့်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးကွာဟမှုတွေကို ကြိုတင်လေ့လာသွားဖို့ လိုပါတယ်။ ဥပမာ အနောက်နိုင်ငံ တွေက ငွေကြေးဟာ မြန်မာနိုင်ငံထက် ပိုမြင့်ပေမယ့် အာရှက တချို့နိုင်ငံတွေရဲ့ ငွေကြေးဈေးက မြန်မာနိုင်ငံထက် ပိုပြီး နိမ့်တယ်ဆိုတာ သိထားဖို့လိုပါတယ်။

    သင် ယူသွားမယ့် Credit Card က သင်လည်ပတ်မယ့်နိုင်ငံမှာ အလုပ်လုပ်ရဲ့လားဆိုတာကိုလည်း စုံစမ်းဖို့ မမေ့ပါနဲ့။ အရေးအကြီးဆုံးကတော့ သင်သွားမယ့်နိုင်ငံရဲ့ ငွေကြေးကို လက်မှာ ကိုင်ဆောင်ထားဖို့ပါပဲ။ Credit Card နဲ့ တချိန်လုံး ငွေရှင်းလို့ မရတာကို သိထားဖို့ လိုပါတယ်။

    (၄) လျှပ်စစ်ပစ္စည်းအတွက် ပြင်ဆင်စရာများ

    သင်သွားမယ့် နိုင်ငံနဲ့ မြန်မာနိုင်ငံက အသုံးပြုတဲ့ ဖုန်းအားသွင်းဖို့ ပလပ်ခေါင်းတွေ၊Voltage တွေ မတူတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် သွားမယ်ဆိုရင် သင့်အားသွင်းကြိုးစတာတွေက နိုင်ငံတကာ စံညွှန်းနဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေဖြစ်ဖို့ ပြင်ဆင်သွားရပါမယ်။ တခါတရံမှာ သင်ယူလာတဲ့ ပစ္စည်းကို အားသွင်းဖို့အတွက် သင်သွားရောက်မယ့် နိုင်ငံရဲ့ Voltage မနိုင်တာတွေ ဖြစ်တတ်လို့ ဂရုစိုက်ဖို့ အကြံပေးချင်ပါတယ်။

    (၅) အထုတ်အပိုးပြင်ခြင်း

    သင့် Luggage ထဲမှာ ထည့်မယ့် အဝတ်တွေအပြင် သင်ထသွားထလာ သယ်သွားမယ့် ကျောပိုးအိတ်၊လက်ကိုင်အိတ် စတဲ့ အိတ်တွေမှာ အဝတ်အပိုတွေ ထည့်သွားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှသာ မတော်တဆ Luggage က လေယာဉ်ကွင်းကို ရောက်ဖို့ ကြာနေတာ ဖြစ်ဖြစ်၊ပျောက်သွားတာ ဖြစ်ဖြစ် တခုခုဖြစ်ခဲ့ရင် သင့်မှာ အသင့်ဝတ်စရာ ရှိနေမှာပါ။

    လေကြောင်းလိုင်းတွေဟာ သင်သယ်ဆောင်လာတဲ့ အိတ်တွေကို စစ်ဆေးပုံတွေ မတူပါဘူး။ ဒါကြောင့် သင်သွားမယ့် လေကြောင်းလိုင်းရဲ့ စစ်ဆေးပုံတွေကို သိထားဖို့ လိုပါတယ်။

    နောက်ဆုံးတခုကတော့ သင်ကြိုက်တဲ့ မုန့်တွေ ယူသွားဖို့ပါပဲ။ သင်သွားမယ့်နိုင်ငံရဲ့ အစားအသောက်ကို သင်ကြိုက်မယ် ၊မကြိုက်ဘူးဆိုတာ ကြိုပြီးမသိနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံရပ်ခြားမှာ ဗိုက်ဟောင်းလောင်းမဖြစ်စေဖို့ သင်စားနေကျ မုန့်တွေ ဆောင်သွားဖို့ အကြံပြုချင်ပါတယ်။

    Ref;travelzoo.com

    Credit – ရေဗန်(ဧရာဝတီ), The Irrawaddy – Burmese Edition

  • သမုဒၵရာေရေအာက္က ၀ံပုေလြငါးရွဥ့္အေၾကာင္း တေစ့တေစာင္း

    သမုဒၵရာေရေအာက္က ၀ံပုေလြငါးရွဥ့္အေၾကာင္း တေစ့တေစာင္း

    ====================
    ====================

    ၀ံပုေလြငါးရွဥ့္(wolf eel ) ေတြဟာ ၀ံပုေလြငါး( wolffish) မ်ဳိးႏြယ္၀င္ျဖစ္ၿပိး ပစိဖိတ္သမုဒၵရာေျမာက္ပုိင္းမွာ ေတြ႔ရေလ့ရွိပါတယ္။ ငါးမ်ဳိးႏြယ္၀င္ဖစ္ေပမယ့္ အလြန္ရွည္လ်ားတဲ့ ခႏၶာကိုယ္ရွိတာေၾကာင့္ ငါးရွဥ့္နဲ႔ပုိတူၿပီး Wolf Eel လုိ႔ေပးထားရျခင္းျဖစ္ပါတယ္။

    ပုံမွန္အားျဖင့္ ၄ေပ၀န္းက်င္ခန္႔ရွိတတ္ၿပီး အရွည္ဆုံးေကာင္ေတြကေတာ့ ၇ေပအထိရွိတတ္ပါတယ္။ ပ်မ္းမွ်အေလးခ်ိန္က ၄၁ေပါင္ျဖစ္ၿပီး သူတုိ႔ရဲ႕သက္တမ္းကေတာ့ ၂၅ႏွစ္ ျဖစ္ပါတယ္။ ငါးအမ်ားစုကဲ့သုိ႔ သိသာတဲ့အေၾကးခြံေတြမရွိပါဘူး။ သူတုိ႔ရဲ႕အေၾကးခြံေတြဟာ အလြန္ေသးၿပီး ခႏၶာကိုယ္ထဲမွာနစ္ျမဳပ္ေနကာ ေခ်ာေမြ႔ေနေလ့ရွိပါတယ္။

    ေရေအာက္က ဂူေတြထဲ ၊ ေက်ာက္ေဆာင္ေတြၾကား နဲ႔ သႏၱာေက်ာက္တန္းေတြၾကားမွာေနထုိင္ၾကၿပီး ေရေအာက္ အနက္ေပ ၇၀၀ေက်ာ္ အထိသြားေရာက္ႏုိင္ၾကပါတယ္။ ဂ်ပန္ပင္လယ္ ၊ Aleutian နဲ႔ ကယ္လီဖုိးနီးယားေတာင္ပုိင္းေတြမွာ ရံဖန္ရံခါေတြ႔ရတတ္ပါတယ္။ ပုံမွန္အားျဖင့္ေတာ့ လူေတြကို အႏၱရာယ္ျပဳေလ့မရွိပါဘူး။ ဒါေပမယ့္ ရံဖန္ရံခါေတာ့ ကုိက္တတ္ၿပီး အဲဒီအခါမ်ဳိးမွာ အလြန္အမင္းနာက်င္စြာခံစားရတတ္ပါတယ္။

    ကူးေခတ္ရာမွာ အလြန္ေႏွးေကြးၿပီး ေရငုပ္သူေတြနဲ႔ အကြ်မ္းတ၀င္ရွိတဲ့ငါးေတြျဖစ္ပါတယ္။ အထီး အမ ႏွစ္ေကာင္အၿမဲတပူးပူးတတြဲတြဲေနေလ့ရွိပါတယ္။ ဥေတြဥတဲ့အခါမ်ဳိးမွာေတာ့ တစ္ေကာင္က ဥေတြကုိေစာင့္ေရွာက္ၿပီး က်န္တစ္ေကာင္က အစာသြားရွာေလ့ရွိပါတယ္။ တစ္ခါဥရင္ ဥေပါင္း ၁ေသာင္း၀န္းက်င္ခန္႔ဥတတ္ၿပီး ဥေပါက္ဖုိ႔ေတာ့ ၁၃ပတ္ကေန ၁၆ပတ္ခန္႔ၾကာေလ့ရွိပါတယ္။

    ပုဇြန္ထုပ္ ၊ သံပျခဳပ္ေကာင္ ၊ ဂုံး နဲ႔ ငါးအေသးစားေလးေတြဟာ သူတုိ႔ရဲ႕အစာျဖစ္ပါတယ္။ အလြန္သန္မာတဲ့သြားနဲ႔ ခုိင္ခန္႔တဲ့ေမးရုိးေတြနဲ႔ အစာေတြကုိ ႀကိတ္ေခ်စားေလ့ရွိပါတယ္။ ဒီငါးေတြရဲ႕ပုံစံဟာ အလြန္ေၾကာက္မက္ဖြယ္ရာျဖစ္ေပမယ့္ လူေတြကေတာ့ အစားအစာတစ္ခုအျဖစ္ ခ်က္ျပဳတ္ စားေသာက္ေလ့ရွိပါတယ္။

    အေမရိကအေနာက္ေျမာက္ပိုင္းကမ္းရုိးတန္းက လူမ်ဳိးစုေတြကေတာ့ ဒီငါးေတြကို ဆရာ၀န္ငါးလုိ႔ေခၚေလ့ရွိပါတယ္။ သူတုိ႔ရဲ႕ရုိးရာေဆးဆရာေတြက ဒီငါးေတြဟာ ေရာဂါေတြကို ေပ်ာက္ကင္းဖုိ႔ အေထာက္အကူေပးတာေၾကာင့္ မ်ားမ်ားစားဖုိ႔ တုိက္တြန္းေလ့ရွိပါတယ္။

    ==========

    သုတဇုန္