Category: ဗဟုတုသ

  • ကမာၻ ့အသက္အရွည္ဆုံးျဖစ္တဲ့ ဂ်ပန္လူမ်ိဳးေတြ အျကံေပးထားတဲ့ က်န္းမာစြာေနထိုင္နိုင္ဖို႔ လုပ္ေဆာင့္ရမယ့္အခ်က္ေတြ

    ကမာၻ ့အသက္အရွည္ဆုံးျဖစ္တဲ့ ဂ်ပန္လူမ်ိဳးေတြ အျကံေပးထားတဲ့ က်န္းမာစြာေနထိုင္နိုင္ဖို႔ လုပ္ေဆာင့္ရမယ့္အခ်က္ေတြ

    ====================
    ====================

    ဂ်ပန္ကအင္ဂ်င္နီယာတစ္ဦးျဖစ္သူ Katsuzo ကအလြန္အားအင္ခ်ည့္နဲ႔တဲ့ကေလးတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ဆရာ၀န္ေတြကေတာ့သူ႔ကို အသက္၂၀ မျပည့္ခင္မွာပဲ ေသဆံုးသြားနိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေၾကာင့္မိဘေတြဟာသူ႔တို႔သားေလး က်န္းမာေရးအေျခအေနတိုးတက္ေစဖို႔ ဂ်ပန္ဘုန္းေတာ္ၾကီးေက်ာင္းတစ္ေက်ာင္းဆီပို႔ခဲ့ပါတယ္။ အဲ့မွာသူဟာ က်င့္စဥ္ေတြ ဓားသိုင္းေတြကို ၃ နွစ္ၾကာသင္ယူခဲ့ျပီးအျခားက်န္းမာေရးတိုးတက္ေစမဲ့ နည္းလမ္းေတြကိုလည္းစာအုပ္ေတြဖတ္ျခင္းျဖင့္ ေလ့လာခဲ့ပါတယ္။

    အဲ့ေနာက္မွာေတာ့သူဟာ ကိုယ္တိုင္ စာအုပ္ထုတ္ေ၀ခဲ့ျပီး ၁၉၂၇ ခုနွစ္မွာျဖန္႔ေ၀ခဲ့တာျဖစ္ပါတယ္။ အဲ့အခ်ိ္န္မွာေတာ့သူ႔အသက္က ၄၄ နွစ္ရွိေနျပီျဖစ္ပါတယ္။ ေအာက္မွာေဖာ္ျပေပးထားတာေတြကေတာ့ သူ႔လမ္းစဥ္ေတြပဲျဖစ္ပါတယ္။

    ၁။ ေက်ာရိုးအေနအထား

    သင္ အိပ္တဲ့အခါမွာ ေက်ာရိုးကို ေျဖာင့္တန္းေနေအာင္ ထားျပီး အိပ္စက္သင့္ပါတယ္။ ခႏၶာကိုယ္မွာေက်ာရိုးဟာလည္းအေရးၾကီးတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ဒီလိုအိပ္စက္ျခင္းအားျဖင့္ သင့္အရပ္ကို တစ္လက္မေလာက္ရွည္ထြက္လာေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ ေသြးလည္ပတ္မႈနဲ႔ အစာေျခစနစ္ကိုလည္း ေကာင္းမြန္ေစမွာပါ။

    ၂။ ေခါင္းအံုးကို မာတာတစ္ခုခု အသံုးျပဳပါ

    ေခါင္းအံုးအေပ်ာနဲ႔အိပ္စက္ျခင္းက လည္ပင္းကိုထိခိုက္ေစကာ အသက္တိုေစပါတယ္။ ဒါေၾကာင့္ မာတဲ့အရာတစ္ခုခု အသံုးျပဳျခင္းျဖင့္ လည္ပင္းအရိိုးကိုအေထာက္အကူျပဳပါတယ္။ အစပိုင္းမွာ အိပ္ရအဆင္မေျပျဖစ္နိုင္ေပမယ့္ က်န္းမာေရးအတြက္ ေကာင္းမြန္လွပါတယ္။

    ၃။ ေရႊငါးေလ့က်င့္ခန္း

    ပံုပါအေနအထားအတိုင္းေျခေထာက္ေတြကို ေဘးဘက္ကိုဆန္႔ထုတ္ရတဲ့ ေလ့က်င့္ခန္းျဖစ္ပါတယ္။ ၂မိနစ္ခန္႔ ျပဳလုပ္ေပးသင့္ပါတယ္။

    ၄။ ေသြးလည္ပတ္မႈေကာင္းေစရန္

    မ်က္နွာျပင္ ညီညီညာညာေပၚမွာ လွဲလိုက္ပါ။ လည္ပင္းေအာက္မွာပံုပါအတိုင္းအမာတစ္ခုခုခံထားပါ။ လက္ေမာင္းနဲ႔ ေျခေထာက္ေတြကိုေျမွာက္လိုက္ပါ။ တံေတာင္ဆစ္နဲ႔ ဒူးကိုေတာ့ေကြးလိုက္ပါ။ အဲ့ေနာက္ေျမွာက္ထားတဲ့ေျခေထာက္နဲ႔လက္ေမာင္းေတြကို၃ မိနစ္ခန္႔လႈပ္ရွားေပးပါ။

    ၅။ က်န္းမာျခင္းေလ့က်င့္ခန္းတစ္ခု

    ပံုထဲက အေနအထားအတုိင္း သင့္ဒူးေတြကို ၾကမ္းျပင္ကမခြာဘဲ ေကြးလိုက္ပါ။ ျပီးေတာ့သင့္ေျခဖ၀ါးနွစ္ဖက္ကုိ ထိေအာင္ ဆက္လိုက္ပါ။ ဒီလိုေလ့က်င့္ခန္းမ်ိဳးကို တစ္ေန႔ ၁၀ ခါျပဳလုပ္ေပးသင့္ပါတယ္။

    ၆။ အစာအိမ္အတြက္ေလ့က်င့္ခန္း

    ပံုထဲကလိုပဲ ေျခခ်ိတ္ထိုင္ကာ သင့္လက္ေမာင္းကိုလည္း ပံုပါအတိုင္းထားပါ။ အဲ့ေနာက္ ပုခံုးေတြကို လႈပ္ရွားေပးပါ။ ဒီေလ့က်င့္ခန္းလုပ္ေနစဥ္မွာ သင့္လက္ေမာင္းေတြကိုေတာ့ျငိမ္ျငိမ္ထားဖို႔လိုမယ္ေနာ္။

    ဒီေလ့က်င့္ခန္းေတြကို ပံုမွန္လုပ္ေဆာင္သြားျခင္းအားျဖင့္ေတာ့ သင့္အေနနဲ႔ က်န္းမာေပ်ာ္ရႊင္တဲ့ဘ၀ေလးတစ္ခုပိုင္ဆိုင္သြားမွာအေသအခ်ာပါပဲ။

    Writer – Min Thu (Daily Hot News )

    ==========

  • ေဆးဖက္၀င္ ခရမ္းကေစာ့ပင္အေၾကာင္း

    (Zawgyi)

    ေဆးဖက္၀င္ ခရမ္းကေစာ့ပင္

    အပင္အျမင့္မွာ တစ္ေတာင္မွ သံုးေတာင္ခန္႔ ျမင့္၏။ ခရမ္းသီးပင္ႏွင့္တူ၏။ အကိုင္း အခက္မ်ားတြင္ မာေသာ ဆူးမ်ားရွိ၏။ အရြက္မွာ တစ္လက္မမွ ေျခာက္လက္မအထိ ရွည္၍ တစ္လက္မမွ ေလးလက္မ အထိက်ယ္၏။

    အသီးတြင္ အျဖဴစက္ကေလးမ်ားရွိ၍ အသီးမွာ ဆီးျဖဴသီး အငယ္စား ခန္႔ရွိ၏။ အရသာမွာ စပ္၊ ခါး၊ ပူျဖစ္၏။ ပိုးေရာဂါ၊ သလိပ္ႏွင့္ ေလေဒါသကို ႏိုင္၏။ ယားနာ၊ ႏူနာတို႔ကို ေပ်ာက္ကင္း ေစတတ္၏။ အပင္မွာ ႏွလံုးကို ေက်းဇူးျပဳ၏။ အမ်ားအားျဖင့္ အသီးလံုးမ်ားကို ထမင္းဝိုင္းတြင္ အတို႔အျမႇဳပ္ အျဖစ္ စားသံုးၾကသလို ခ်က္၍လည္းစားၾက၏။ သလိပ္ေရာဂါ၊ ေလေရာဂါ၊ ပ်ဳိ႕အန္ျခင္း၊ ယားနာ၊ ပန္းနာ၊ ထိုးေအာင့္ေသာ ေရာဂါတို႔ကို ေပ်ာက္ကင္း ေစတတ္သည္။

    ခံတြင္းပ်က္သူမ်ား ခံတြင္းလိုက္ေစ၍ အစာလည္း ေဆး၊ ေဆးလည္းအစာ ဟူေသာ စကားပံု အတိုင္း ခရမ္းကေစာ့သီးကို စားသံုးျခင္းျဖင့္ ေဖာ္ျပပါ ေဝဒနာမ်ား ေပ်ာက္ကင္းေစသည္။

    သြားနာ၊ သြားကိုက္၊ သြားက်ဥ္ျခင္းမ်ားအတြက္ ခရမ္းကေစာ့ အျမစ္ကို ေသြး၍ သိပ္ေပးျခင္း၊ ၎အျမစ္မႈန္႔ကို မိႈင္းတိုက္၍ အခိုးကို ႐ွဴေပးပါက သြားႏွင့္ ပတ္သက္ေသာ ေရာဂါမ်ားကို ေပ်ာက္ကင္းေစသည္။

    Credit:မွတ္စု

    ေဆးၿမီးတိုမွတ္စု

    ေဆးဖက္၀င္ ခရမ္းကေစာ့ပင္

    အပင္အျမင့္မွာ တစ္ေတာင္မွ သံုးေတာင္ခန္႔ ျမင့္၏။ ခရမ္းသီးပင္ႏွင့္တူ၏။ အကိုင္း အခက္မ်ားတြင္ မာေသာ ဆူးမ်ားရွိ၏။ အရြက္မွာ တစ္လက္မမွ ေျခာက္လက္မအထိ ရွည္၍ တစ္လက္မမွ ေလးလက္မ အထိက်ယ္၏။

    အသီးတြင္ အျဖဴ စက္ကေလးမ်ားရွိ၍ အသီးမွာ ဆီးျဖဴသီး အငယ္စား ခန္႔ရွိ၏။ အရသာမွာ စပ္၊ ခါး၊ ပူျဖစ္၏။ ပိုးေရာဂါ၊ သလိပ္ႏွင့္ ေလေဒါသကို ႏိုင္၏။ ယားနာ၊ ႏူနာတို႔ကို ေပ်ာက္ကင္း ေစတတ္၏။ အပင္မွာ ႏွလံုးကို ေက်းဇူးျပဳ၏။ အမ်ားအားျဖင့္ အသီးလံုးမ်ားကို ထမင္းဝိုင္းတြင္ အတို႔အျမႇဳပ္ အျဖစ္ စားသံုးၾကသလို ခ်က္၍လည္းစားၾက၏။ သလိပ္ေရာဂါ၊ ေလေရာဂါ၊ ပ်ဳိ႕အန္ျခင္း၊ ယားနာ၊ ပန္းနာ၊ ထိုးေအာင့္ေသာ ေရာဂါတို႔ကို ေပ်ာက္ကင္း ေစတတ္သည္။

    ခံတြင္းပ်က္သူမ်ား ခံတြင္းလိုက္ေစ၍ အစာလည္း ေဆး၊ ေဆးလည္းအစာ ဟူေသာ စကားပံု အတိုင္း ခရမ္းကေစာ့သီးကို စားသံုးျခင္းျဖင့္ ေဖာ္ျပပါ ေဝဒနာမ်ား ေပ်ာက္ကင္းေစသည္။

    သြားနာ၊ သြားကိုက္၊ သြားက်ဥ္ျခင္းမ်ားအတြက္ ခရမ္းကေစာ့ အျမစ္ကို ေသြး၍ သိပ္ေပးျခင္း၊ ၎အျမစ္မႈန္႔ကို မိႈင္းတိုက္၍ အခိုးကို ႐ွဴေပးပါက သြားႏွင့္ ပတ္သက္ေသာ ေရာဂါမ်ားကို ေပ်ာက္ကင္းေစသည္။

    Credit:မွတ္စု

    ေဆးၿမီးတိုမွတ္စု

    (Unicode)

    ဆေးဖက်ဝင် ခရမ်းကစော့ပင်

    အပင်အမြင့်မှာ တစ်တောင်မှ သုံးတောင်ခန့် မြင့်၏။ ခရမ်းသီးပင်နှင့်တူ၏။ အကိုင်း အခက်များတွင် မာသော ဆူးများရှိ၏။ အရွက်မှာ တစ်လက်မမှ ခြောက်လက်မအထိ ရှည်၍ တစ်လက်မမှ လေးလက်မ အထိကျယ်၏။

    အသီးတွင် အဖြူ စက်ကလေးများရှိ၍ အသီးမှာ ဆီးဖြူသီး အငယ်စား ခန့်ရှိ၏။ အရသာမှာ စပ်၊ ခါး၊ ပူဖြစ်၏။ ပိုးရောဂါ၊ သလိပ်နှင့် လေဒေါသကို နိုင်၏။ ယားနာ၊ နူနာတို့ကို ပျောက်ကင်း စေတတ်၏။ အပင်မှာ နှလုံးကို ကျေးဇူးပြု၏။ အများအားဖြင့် အသီးလုံးများကို ထမင်းဝိုင်းတွင် အတို့အမြှုပ် အဖြစ် စားသုံးကြသလို ချက်၍လည်းစားကြ၏။ သလိပ်ရောဂါ၊ လေရောဂါ၊ ပျို့အန်ခြင်း၊ ယားနာ၊ ပန်းနာ၊ ထိုးအောင့်သော ရောဂါတို့ကို ပျောက်ကင်း စေတတ်သည်။

    ခံတွင်းပျက်သူများ ခံတွင်းလိုက်စေ၍ အစာလည်း ဆေး၊ ဆေးလည်းအစာ ဟူသော စကားပုံ အတိုင်း ခရမ်းကစော့သီးကို စားသုံးခြင်းဖြင့် ဖော်ပြပါ ဝေဒနာများ ပျောက်ကင်းစေသည်။

    သွားနာ၊ သွားကိုက်၊ သွားကျဉ်ခြင်းများအတွက် ခရမ်းကစော့ အမြစ်ကို သွေး၍ သိပ်ပေးခြင်း၊ ၎င်းအမြစ်မှုန့်ကို မှိုင်းတိုက်၍ အခိုးကို ရှူပေးပါက သွားနှင့် ပတ်သက်သော ရောဂါများကို ပျောက်ကင်းစေသည်။

    Credit:မှတ်စု

    ဆေးမြီးတိုမှတ်စု

  • င႐ုတ္သီး စားသူေတြက အျခားသူေတြထက္ အသက္ပိုရွည္ေၾကာင္း ေလ့လာေတြ႕ရွိ

    င႐ုတ္သီး စားသူေတြက အျခားသူေတြထက္ အသက္ပိုရွည္ေၾကာင္း ေလ့လာေတြ႕ရွိ

    ====================
    ====================

    အစပ္ႀကိဳက္တဲ့သူေတြအတြက္ေတာ့ သတင္းေကာင္းပါပဲ။ အစပ္အရမ္းစားတဲ့ သူေတြဆို “ဗိုက္နာမယ္၊ အစာအိမ္ ျဖစ္မယ္၊ ဝက္ၿခံထြက္လိမ့္မယ္”ဆိုၿပီး ေလ်ာ့စားခိုင္းေလ့ ရွိပါတယ္။ လူတိုင္း မသိေသးတဲ့အခ်က္ကေတာ့ အစပ္ႀကိဳက္တဲ့သူေတြဟာ အသက္ပိုရွည္တယ္ဆိုတဲ့ အခ်က္ပါပဲ။

    အထူးသျဖင့္ အရမ္းစပ္တဲ့ င႐ုတ္သီးေတြကို ခံတြင္းေတြ႕သူေတြဟာ တျခားသူေတြထက္ ေနထိုင္ရမယ့္ သက္တမ္း ပိုရွည္တယ္ဆိုတာ သက္ေသျပလိုက္နိုင္ပါၿပီ။ င႐ုတ္သီးကို စူပါတန္းဝင္ အစားအစာအျဖစ္ တရားဝင္ အသိမွတ္ျပဳထားတာမ်ိဳး မရွိေပမယ့္ င႐ုတ္သီးရဲ႕ စြမ္းအားၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်တာ၊ ကိုယ္ခံစြမ္းအား ေကာင္းတာ၊ အန္ေထာ္ဖင္းဓာတ္ကို လႈံ႕ေဆာ္ေပးနိုင္တာကိုေတာ့ လက္ခံၾကပါတယ္။

    အခုေနာက္ဆုံး ထြက္ရွိလာတဲ့ ေလ့လာခ်က္မွာေတာ့ အသက္ပိုရွည္ေစတယ္ဆိုတဲ့ အခ်က္ကို ထည့္သြင္းလိုက္ပါၿပီ။ ဗားမြန႔္တကၠသိုလ္၊ ေဆးပညာဌာနက သုေတသီေတြဟာ အစပ္ကဲတဲ့ င႐ုတ္သီးကို ပုံမွန္စားတဲ့သူေတြဟာ အ႐ြယ္မတိုင္ခင္ ေသဆုံးမႈ ၁၃ ရာခိုင္ႏႈန္းထိ ေလ်ာ့က်တယ္လို႔ ဆိုပါတယ္။

    သုေတသန ျပဳလုပ္ခဲ့တာဟာ ရိုးရိုး င႐ုတ္သီးထက္ အစပ္ကဲတဲ့ င႐ုတ္သီးမွာပါတဲ့ ဓာတ္က ေလ်ာ့ခ်နိဳင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႐ုတ္တရက္ ႏွလုံးခုန္ ရပ္ျခင္းနဲ႕ ေလျဖတ္ျခင္းကိုပါ ကာကြယ္ေပးတယ္လို႔ ဆိုပါတယ္။

    ထြက္ရွိလာတဲ့ ရလဒ္ဟာ အေမရိကန္လူမ်ိဳး ၁ ေသာင္း ၆ ေထာင္ေက်ာ္ကို ၂၃ ႏွစ္ၾကာ သုေတသနလုပ္ရာက ထြက္လာတဲ့ ရလဒ္တခုလည္း ျဖစ္ပါတယ္။ ပါဝင္ခဲ့ၾကတဲ့သူေတြကို င႐ုတ္သီးေတာင့္ ေန႕စဥ္ ပုံမွန္ စားခိုင္းခဲ့ၿပီး အခုလိုရလဒ္ ထြက္ရွိလာတာပါ။

    ၂၃ ႏွစ္အၾကာ ပုံမွန္စားလာတဲ့သူေတြဟာ မစားတဲ့သူေတြထက္ ေသဆုံးမႈႏႈန္း ၂၁ ဒႆမ ၆ ရာခိုင္ႏႈန္းေလာက္ ေလ်ာ့က်သြားတယ္လို႔ ဆိုပါတယ္။

    ဒါေပမဲ့လည္း ထြက္လာတဲ့ ရလဒ္ေတြကို အေသးစိတ္ ျပန္ၾကည့္တဲ့အခါ ဘယ္အခ်က္ေတြေၾကာင့္ အသက္ပိုရွည္ေစတယ္ ဆိုတဲ့အခ်က္ကို အတိအက် မေထာက္ျပနိုင္ေပမယ့္ င႐ုတ္သီးမွာပါတဲ့ မူလဓာတ္ပစၥည္း Capsaicin ေၾကာင့္လို႔ သုံးသပ္ၾကပါတယ္။ Capsaicin ဟာ အစာေျခစနစ္ကို အေထာက္အကူျပဳတာေၾကာင့္ အစာေၾကလြယ္ၿပီး ပါဝင္တဲ့ ဓာတ္တိုး ဆန႔္က်င္ပစၥည္းေတြက ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစပါတယ္။

    ႏွလုံးေသြးေၾကာနဲ႕သက္ဆိုင္တဲ့ ေရာဂါေတြကို ကာကြယ္ေပးတဲ့အျပင္ အဝလြန္ေရာဂါ မျဖစ္ေအာင္ တားဆီးေပးနိုင္ပါတယ္။ ဒါေၾကာင့္ ေနာက္တခါ င႐ုတ္သီးအစပ္ေတြ စားမယ္ဆိုရင္ စိုးရိမ္စရာ မလိုဘဲ ကိုယ္စိတ္ႀကိဳက္စားနိုင္ၿပီေပါ့။

    င႐ုတ္သီးအစပ္လို႔ ဆိုတဲ့အခါ မွိုအႏၲရာယ္မ်ားတဲ့ င႐ုတ္ေျခာက္ေတြထက္ လတ္လတ္ဆတ္ဆတ္ င႐ုတ္သီးအစိမ္းပဲ စားၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။ င႐ုတ္သီး အစားမ်ားတဲ့အခါ ဗိုက္နာတာမ်ိဳး မျဖစ္ေအာင္ မစားခင္ မီးအပူေပးတာျဖစ္ျဖစ္၊ ေရေႏြးပြက္ပြက္ ဆူတဲ့ထဲ ထည့္ျပဳတ္တာျဖစ္ျဖစ္ လုပ္ၿပီးမွ စားတာ ပိုသင့္ေတာ္ပါတယ္။

    ==========

    By Aurora

  • ေက်ာက္ေတာင္ကို ထြင္းထုဖန္တီးထားတဲ့ အံၾသစရာေနရာတစ္ခုအေၾကာင္း

    ေက်ာက္ေတာင္ကို ထြင္းထုဖန္တီးထားတဲ့ အံၾသစရာေနရာတစ္ခုအေၾကာင္း

    ====================
    ====================

    Ellora လုိဏ္ဂူစုဟာ အိႏၵိယနိုင္​ငံ၊ မဟာရသ်ွၾတရျပည္​နယ္​ ၊ ​ေအာရုန္​ဂဘတ္​ၿမိဳ႕ရဲ႕ အေနာက္ေျမာက္ဘက္ ၁၈မုိင္အကြာမွာ တည္ရွိပါတယ္​။

    ေက်ာက္ေတာင္ကို ထြင္းထုထားတဲ့ အလြန္လက္ရာေျမာက္ေသာ ရႈပ္ေထြးေသာဘုရားေက်ာင္းမ်ား ရွိရာ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုအျဖစ္နာမည္ေက်ာ္ပါတယ္။ အျပင္ဘက္ အေဆာက္အဦးဒီဇုိင္းေတြသာမက အတြင္းဘက္က အံ့မခန္းတဲ့ဗိသုကာလက္ရာေတြနဲ႔ ကမာၻလွည့္ခရီးသြားေတြကို ဆြဲေဆာင္လွ်က္ရွိပါတယ္။

    ဒီလုိဏ္ဂူစု တည္ရွိတဲ့ေနရာဟာ Sahyadri ဆုိတဲ့ေတာင္ပါ။ ဒီေတာင္ရဲ႕သက္တမ္းကေတာ့ ႏွစ္ေပါင္း ၆၅သန္း ရွိၿပီျဖစ္ပါတယ္။ Ellora လုိဏ္ဂူစုဟာ ဒီေက်ာက္ေတာင္ကုိ ထြင္းထုပုံေဖာ္ထားတာပဲျဖစ္ပါတယ္။

    ဒီလုိဏ္ဂူအမ်ားစုကုိ ရပ္စၾတကုတ မင္းဆက္လက္ထက္ ေအဒီ ၆ရာစု နဲ႔ ၁၀ရာစုအၾကားမွာ ဖန္တီးခဲ့တာျဖစ္ၿပီး ပညာရွင္အခ်ဳိ႕ကေတာ့ ဘီစီ ၂၅၀ခန္႔ကတည္းက ဒီေနရာဖန္တီးေရးလုပ္ငန္းေတြ စတင္ေနၿပီလုိ႔ ဆုိပါတယ္။

    ဒီေနရာဟာ ယေန႔သုေတသန ပညာရွင္ေတြကုိ ဦးေႏွာက္ေျခာက္ေစတဲ့ေနရာဆုိလည္း မမွားပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ဒီလုိဏ္ဂူ အေဆာက္အဦးေတြအားလုံးကို ကြန္ကရစ္နဲ႔ေဆာက္လုပ္ထားျခင္းမဟုတ္ပဲ ေက်ာက္ေတာင္ႀကီးတစ္ခုလုံးကို လုိသလုိထြင္းထုဖ်က္ေဖာက္ ဒီဇုိင္းထုတ္ကာ တည္ေဆာက္ထားခဲ့လုိ႔ပါ။

    ဘယ္လုိလူေတြ ဘယ္လုိပညာရွင္ေတြက ဒီမ်ားျပားၿပီး ဗိသုကာလက္ရာေျမာက္လွတဲ့ လုိဏ္ဂူအေဆာက္အဦးေတြကို ပုံေဖာ္ဖန္တီးခဲ့သလဲ ဆုိတာ အေျဖရွာလုိ႔မရေသးပါဘူး။

    Ellora လုိဏ္ဂူစုမွာ ဂူေပါင္း ၃၄ ခုပါ၀င္ၿပီး ဗုဒၶဘာသာ ၊ ဟိႏၵဴ နဲ႔ ဂ်ိန္းဘာသာဆုိင္ရာ ဂူေတြျဖစ္ပါတယ္။ လုိဏ္ဂူ ၃၄ခုထဲက ၁၇ခုဟာ ဟိႏၵဴဘာသာဆုိင္ရာလုိဏ္ဂူေတြျဖစ္ၿပီး ၁၂လုိဏ္ဂူကေတာ့ ဗုဒၶဘာသာဆုိင္ရာလုိဏ္ဂူေတြ နဲ႔ က်န္ ၅ခုကေတာ့ ဂ်ိန္းဘာသာဆုိင္ရာလုိဏ္ဂူေတြျဖစ္ပါတယ္။ ဂ်ိန္းဘာသာဆုိင္ရာ လုိဏ္ဂူေတြကုိေတာ့ Yadava မင္းဆက္လက္ထက္မွာမွ ဖန္တီးခဲ့တယ္လုိ႔ သိရပါတယ္။

    Kailasa ဘုရားေက်ာင္း

    Kailasa ဘုရားေက်ာင္းဟာ ဧရာမေက်ာက္တုံးႀကီးတစ္တုံးကို ျဖတ္ေတာက္ထြင္းထုထားတဲ့ ကမာၻေပၚမွာအႀကီးဆုံး ဟိႏၵဴဘုရားေက်ာင္းတစ္ခုျဖစ္ပါတယ္။ Ellora လုိဏ္ဂူစုမွာ အႀကီးဆုံးဘုရားေက်ာင္းလည္း ျဖစ္ၿပီး လုိဏ္ဂူနံပါတ္ကေတာ့ ၁၆ ျဖစ္ပါတယ္။

    ႏွစ္ထပ္အေဆာက္အဦးျဖစ္ၿပီး ဟိႏၵဴနတ္ဘုရား ရွီဗာ ကုိ ကုိးကြယ္ဖုိ႔ေဆာက္လုပ္ထားတာလုိ႔ ဆုိပါတယ္။ အျပင္ဘက္ေရာ အတြင္းဘက္မွာပါ လက္ရာေျမာက္လြန္းတဲ့ ဟိႏၵဴဘာသာဆုိင္ရာ ဗိသုကလက္ရာေတြကို ေတြ႔ရမွာျဖစ္ပါတယ္။

    ဗုဒၶဘာသာဆုိင္ရာ လုိဏ္ဂူမ်ား

    လုိဏ္ဂူနံပါတ္ ၁ ကေန ၁၂ အထိဟာ ဗုဒၶဘာသာဆုိင္ရာ လုိဏ္ဂူေတြျဖစ္ပါတယ္။ ဒီအထဲက အေစာဆုံးလုိဏ္ဂူကေတာ့ လုိဏ္ဂူနံပါတ္ ၆ ျဖစ္ပါတယ္။ လုိဏ္ဂူ ၁၂ခုမွာ ၁၁ခုက ဗုဒၶဘာသာဘုန္းႀကီးေက်ာင္းေတြျဖစ္ပါတယ္။

    လုိဏ္ဂူအသီးသီးမွာ နံရံဗိသုကာလက္ရာေတြအျပင္ ခန္းမေဆာင္မ်ား ၊ အိပ္ခန္းမ်ား ၊ မီးဖုိးခန္းမ်ားပါ၀င္ပါတယ္။ လက္ရာေျမာက္လွတဲ့ ရုပ္ပြားေတာ္ေတြ နဲ႔ မဟာယနဆုိင္ရာရုပ္တုေတြကိုလည္း ဒီလုိဏ္ဂူေတြမွာ ေတြ႔ရမွာျဖစ္ပါတယ္။

    ဟိႏၵဴဘာသာဆုိင္ရာ လုိဏ္ဂူမ်ား

    လုိဏ္ဂူအမွတ္ ၁၃ကေန ၂၉အထိဟာ ဟိႏၵဴဘာသာဆုိင္ရာ လုိဏ္ဂူေတြျဖစ္ပါတယ္။ ဒီအထဲမွာ အေစာဆုံးဖန္တီးခဲ့တဲ့လုိဏ္ဂူကေတာ့ နံပါတ္ ၂၈လုိဏ္ဂူျဖစ္ပါတယ္။ ဟိႏၵဴလုိဏ္ဂူေတြထဲမွာ လူသိမ်ားတဲ့လုိဏ္ဂူကေတာ့ ဟိႏၵဴနတ္ဘုရားရွီဗာကို ရည္စူးတည္ေဆာက္ထားတဲ့ Dhumar Lena ဘုရားေက်ာင္း(အမွတ္၂၉ လုိဏ္ဂူျဖစ္ပါတယ္)။

    ဒီဘုရားေက်ာင္းဟာ ေပ ၂၀၀ ၀န္းက်င္အက်ယ္ရွိၿပီး အျမင့္ ၁၈ေပခန္႔ရွိပါတယ္။ ႀကီးမားတဲ့ျခေသ့ၤရုပ္ႀကီး ၂ရုပ္ နဲ႔ ဆင္ရုပ္ငယ္ေပါင္းမ်ားစြာ ရွိေနၿပီး တုိင္လုံးႀကီးေပါင္း ၂၆တုိင္ကို ေအာက္ခံအျဖစ္ ထားရွိပါတယ္။

    ဂ်ိန္းဘာသာဆုိင္ရာ လုိဏ္ဂူမ်ား

    Ellora လုိဏ္ဂူစုရဲ႕ ေျမာက္ဘက္အဆုံးမွာတည္ရွိေနတဲ့ လိုဏ္ဂူနံပါတ္ ၃၀ ကေန ၃၄အထိဟာ ဂ်ိန္းဘာသာဆုိင္ရာလုိဏ္ဂူေတြျဖစ္ပါတယ္။ ေနာက္အက်ဆုံးတည္ေဆာက္ခဲ့တဲ့ လုိဏ္ဂူေတြျဖစ္ၿပီး ေအဒီ ၉ရာစုနဲ႔ ၁၀ရာစုၾကားမွာ ေဆာက္ခဲ့တဲ့ လုိဏ္ဂူေတြျဖစ္ပါတယ္။ ဒီလုိဏ္ဂူေတြဟာ ဗုဒၶလုိဏ္ဂူ နဲ႔ ဟိႏၵဴလုိဏ္ဂူ အေဆာက္အဦးေတြထက္ ေသးငယ္ေပမယ့္ ပုိၿပီးလက္ရာေျမာက္စြာ ထြင္းထုထားတယ္လုိ႔ သိရပါတယ္။

    ဂ်ိန္းလုိဏ္ဂူေတြမွာ လက္ရာအေျမာက္ဆုံးကေတာ့ နံပါတ္ ၃၂ ၊ Indra Sabha လုိဏ္ဂူျဖစ္ပါတယ္။ Kalisha ဘုရားေက်ာင္းနဲ႔ ၾကမ္းျပင္ျခင္းဆင္တူေပမယ့္ အတက္အဆင္း ေလွကားဖန္တီးမႈမွာေတာ့ ဒီလုိဏ္ဂူက လက္ရာပိုေျမာက္ပါတယ္။ လုိဏ္ဂူထဲမွာေတာ့ ဂ်ိန္းဘာသာဆုိင္ရာ အႀကီးအကဲေတြျဖစ္တဲ့ Parasnath နဲ႔ Gomateshvara ရုပ္ပုံေတြကုိေတြ႔ရမွာျဖစ္ၿပီး အတြင္းဘက္ဆုံးမွာေတာ့ ဂ်ိန္းဘာသာတည္ေထာင္သူ မဟာ၀ီရ ရဲ႕ရုပ္တုရွိေနပါတယ္။

    လုိဏ္ဂူတည္ေဆာက္သူေတြဟာ လုိဏ္ဂူေတြအထဲကုိ ေနရဲ႕အလင္းေရာင္ေရာက္ရွိေစဖုိ႔ multi-mirror နည္းပညာကုိ အသုံးျပဳတည္ေဆာက္ထားခဲ့ေပမယ့္ တခ်ဳိ႕ေနရာေတြကို အလင္းေရာင္က ေရာက္ရွိျခင္းမရွိပါဘူး။ ထူးျခားတာတစ္ခုကေတာ့ အလည္းေရာင္အနည္းငယ္ (သုိ႔) ဘာအလင္းေရာင္မွ မရတဲ့ေနရာမ်ဳိးမွာ လက္ရာေျမာက္တဲ့ ဒီဇုိင္းဗိသုကာေတြကုိ ဘယ္လုိဖန္တီးခဲ့သလဲဆုိတာပါ။

    Ellora လုိဏ္ဂူစု ဟာ သူနဲ႔ဆင္တူျဖစ္တဲ့ အာဂ်န္တာလုိဏ္ဂူစု နဲ႔အတူ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုအျဖစ္ ၁၉၈၃ခုႏွစ္မွာ သတ္မွတ္ခံခဲ့ရပါတယ္။ ဒီလုိဏ္ဂူေတြကုိ အဂၤါေန႔ကလြဲရင္ ေနထြက္ ေန၀င္ အခ်ိန္အထိ လာေရာက္ေလ့လာၾကည့္ရႈ႕လုိသူမ်ားအတြက္ ဖြင့္ေပးထားတယ္လုိ႔ သိရပါတယ္။ အံၾသစရာဗိသုကာမ်ားနဲ႔ Ellora လုိဏ္ဂူမ်ားအေၾကာင္းကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အေနနဲ႔မွ်ေ၀လုိက္ျခင္းျဖစ္ပါတယ္။

    ==========

    ကဲ..အျပင္မွာ မသြားႏုိင္ေသးရင္ ဒီဗီဒီယုိေလးကေန အရင္သြားလည္ၾကည့္ၾကရေအာင္ဗ်ာ ?
    https://www.facebook.com/AncientExplorers/videos/708381739262719/

  • ဖ်ားတိုင္းေဆးထိုးဖို႔ လိုသလား

    ဖ်ားတိုင္းေဆးထိုးဖို႔ လိုသလား
    “ဆရာ လူနာတစ္ေယာက္ ေရွာ႔နဲ႔ လာပါတယ္ဆရာ” သူနာျပဳဆရာမေလး၏ ေခၚသံေၾကာင္႔ ေဒါက္တာေက်ာ္တစ္ေယာက္ ဆရာဝန္ နားေနခန္းမွ ထြက္လာခဲ႔သည္။

    “ဖ်ားေနတာ ၂ ရက္ ရွိျပီဆရာ၊ ဒီေန႔ပဲ ေဆးခန္းမွာ ေဆးသြားထိုးခဲ႔ေသးတယ္။ အဲ႔ဒါ အိမ္ျပန္ေရာက္ကတည္းက ေခြ်းစီးေတြ အရမ္းျပန္ျပီး မူးလာတယ္ဆိုတာနဲ႔ ေခၚလာတာ” လူနာ႔ အေမက ေျပာျပေနသည္။ ေသြးေပါင္ခ်ိန္က ၈၀/၅၀။ ေသြးခုန္နွဳန္းက ၁၄၀ ေလာက္ရိွသည္။

    ေမးျမန္းစမ္းသပ္စရာမ်ားရိွသေလာက္ လုပ္ျပီး လူနာက အစားနည္းေနသည္႔ အျပင္ အဖ်ားက်ေဆးေၾကာင္႔ ေခြ်းထြက္မ်ားက ေသြးေပါင္က်ျခင္းျဖစ္ႏိုင္သည္ ဟု ေဒါက္တာေက်ာ္ သံုးသပ္လိုက္သည္။

    “အစားနည္းျပီး ေခြ်းထြက္မ်ားသြားလို႔ ေသြးေပါင္က်သြားတာပါ။ ပုလင္းၾကီးခ်ိတ္ေပးထားပါတယ္။ သက္သာသြားမွာပါ။” “ဒီတစ္လံုးျပီးရင္ ေသြးေပါင္ျပန္တိုင္းေပးဦးေနာ္၊ အကုိကို႔ျပန္လာေျပာေပးဦး” အလုပ္သင္ဆရာဝန္ေလးကို မွာခဲ႔ျပီး ေဒါက္တာေက်ာ္ တစ္ေယာက္ ဂ်ဴတီခန္းတြင္ လူနာမွတ္တမ္းကို ျပန္ျဖည္႔ရင္း အေတြးနယ္ခ်ဲ႕မိေနေတာ႔သည္။
    ျမန္ျမန္သက္သာဖို႔ႏွင္႔ နာတာရွည္ ေဘးထြက္ဆိုးက်ိဳး

    လူနာအမ်ားစုသည္ ခံစားေနရေသာ ေရာဂါကို အျမန္သက္သာ ေပ်ာက္ကင္းလိုၾကသည္သာျဖစ္သည္။ ဤသည္ကိုလည္း မွားသည္ဟုမဆိုသာေခ်။ သို႔ေသာ္ တစ္ခါတစ္ေလတြင္ အျမန္သက္သာရံုတစ္ခုတည္းကိုသာ ဦးစားေပးျပီး ေရရွည္တြင္ ဆိုးက်ိဳးရွိႏိုင္သည္ကို မေရွာင္ၾကဥ္မိသည္မ်ား ရိွႏိုင္သကဲ႔သို႔ ေရရွည္မွ အက်ိဳးအာနိသင္သက္သာမည္႔ အရာမ်ားကိုလည္း မလုပ္လုိျခင္းမ်ားျဖစ္ေပၚလာတတ္ပါသည္။ အျမန္သက္သာေရးကို ဦးစာေပးရင္းႏွင္႔ လုပ္မိေနေသာ အရာမ်ားတြင္ ဖ်ားလွ်င္ေဆးထိုးျခင္းသည္လည္း တစ္ခုအပါအဝင္ျဖစ္သည္။

    အဖ်ားတက္လွ်င္ ထိုးေနေသာ ေဆးအမ်ားစုသည္ အကိုက္အခဲေပ်ာက္ေဆးျဖစ္သည္။ တစ္ခါတစ္ရံ စတီးရိြဳက္ (Steriod) ေဆးမ်ားကို ပါ ေရာပါေနတတ္သည္။ တစ္ခါတရံ ပိုးသတ္ေဆးမ်ားပါထိုးေပးသူမ်ား ရွိတတ္ပါသည္။

    အဖ်ားရိွလာလွ်င္ အဖ်ားသက္သာေရးအတြက္ ေဆးမ်ားေပးရာတြင္ အျမဲတမ္း အကိုက္အခဲေပ်ာက္ေဆးလိုသည္ေတာ႔ မဟုတ္ပါေခ်။ အဖ်ားသက္သာရန္ ပါရာစီတေမာလို ေဆးမ်ိဳးေလာက္ႏွင္႔ ပင္ လုံေလာက္ႏိုင္ပါသည္။ ပါရာစီတေမာမဟုတ္ဘဲ အကိုက္အခဲေပ်ာက္ေဆးမ်ားသည္ အဖ်ားကို ပိုျမန္ျမန္သက္သာႏိုင္ေသာ္လည္း ေရရွည္ ေဘးထြက္ဆိုးက်ိဳးမ်ားရိွသျဖင္႔ အရမ္းကာေရာ မသံုးသင္႔ေခ်။ ထို႔အျပင္ ဖ်ားသည္႔ အေၾကာင္းရင္းသည္ ဘက္တီးရီးယားပိုးလိုမ်ိဳးေၾကာင္႔ ျဖစ္လွ်င္ အကိုက္အခဲေပ်ာက္ေဆးေသာက္ရံုႏွင္႔ ခဏသာ သက္သာမည္ျဖစ္ျပီး ပိုးသတ္ေဆးကို ရက္ျပည္႔ေအာင္ေသခ်ာေသာက္မွ အျမစ္ျပတ္ႏို္င္မည္ျဖစ္သည္။
    အကိုက္အခဲေပ်ာက္ေဆးမ်ားသည္ သံုးေသာေဆးအေပၚမူတည္ျပီး အစာအိမ္ထိခိုက္ျခင္း၊ အစာအိမ္အနာမ်ားျဖစ္ျခင္း၊ အစာအိမ္ေသြးယိုျခင္း၊ ေက်ာက္ကပ္ အသည္း ႏွလံုးစသည္မ်ားကို ထိခိုက္ျခင္းစသည္႔ ေဘးထြက္ဆိုးက်ိဳးမ်ားကို ျဖစ္ေစႏိုင္သည္။ ထိုးေဆးျဖစ္ျဖစ္ ေသာက္ေဆးျဖစ္ျဖစ္ ထိုေဘးထြက္ဆိုးက်ိဳးမ်ားကို ျဖစ္ေစႏိုင္သည္။ အလြန္အမင္းနာက်င္ကိုက္ခဲျခင္းမ်ားတြင္ေတာ႔ မျဖစ္မေန အသံုးျပဳရမည္ျဖစ္ေသာ္လည္း သာမန္ ပါရာစီတေမာေလာက္ႏွင္႔ သက္သာႏိုင္ေလာက္မည္႔ ေနရာတြင္ အကိုက္အခဲေပ်ာက္ေဆးသံုးျပီး ေဘးထြက္ဆိုးက်ိဳးမ်ားျဖစ္လာမည္ဆိုလွ်င္ မတန္ပါေခ်။ တစ္ခ်ိဳ႕ေဘးထြက္ဆိုးက်ိဳးမ်ားသည္ ခ်က္ခ်င္းျဖစ္သည္မဟုတ္ဘဲ ေရရွည္မွျဖစ္လာတတ္သည္႔ အတြက္ လူနာအေနျဖင္႔ သံုးရင္းသံုးရင္းႏွင္႔ ေက်ာက္ကပ္ထိ၊ ႏွလံုးထိ စသည္ျဖစ္လာေတာ႔မွ ကုသရခက္ခဲသြားရသည္မ်ားလည္း ရိွၾကပါသည္။ အထူးသျဖင္႔ နဂို ေက်ာက္ကပ္၊ ႏွလံုး၊ အသည္း စသည္႔ ေရာဂါအခံရိွသူမ်ားတြင္ ပိုမို သတိထားၾကရပါသည္။

    အကိုက္အခဲေပ်ာက္ထိုးေဆးထိုးလိုက္လွ်င္ လူနာအေနျဖင္႔ အကိုက္အခဲခ်က္ခ်င္းသက္သာသြားသည္။ ေခြ်းစီးေလးမ်ားထြက္ျပီး အဖ်ားခ်က္ခ်င္းက်သြားသည္။ ထို႔အျပင္ စတီးရိြဳက္ ကဲ႔သို႔ေသာ ေဆးပါ ထည္႔ထိုးေပးလိုက္ပါက ပို၍ပင္ သက္သာျပီး လူနာက ပိုသေဘာက်ၾကသည္။ သို႔ေသာ္ထိုသို႔ သက္သာျခင္းသည္ ေရာဂါကို အျမစ္ျပတ္ေစသည္ေတာ႔ မဟုတ္ေခ်။ ဖ်ားေစ ကိုက္ေစေသာ အေၾကာင္းရင္းကို ရွာျပီးကုပါမွ ေရာဂါအျမစ္ျပတ္သည္ျဖစ္သည္။ တစ္ခါတစ္ေလ အကိုက္အခဲေပ်ာက္ေဆးအရိွန္၊ စတီးရိြဳက္ေဆးအရိွန္မ်ားေၾကာင္႔ လူနာခဏတျဖဳတ္သက္သာေနသည္ကို ေရာဂါေပ်ာက္ကင္းျပီဟု အထင္မွားျပီး ေသခ်ာဆက္မကုမိေတာ႔ျခင္းေၾကာင္႔ အသက္အႏၱရာယ္ထိခိုက္သြားၾကသည္မ်ားလည္း ရိွတတ္ၾကပါသည္။ အကိုက္အခဲေပ်ာက္ေဆးႏွင္႔ မတည္႔သူမ်ားတြင္ ထိုးျပီးျပီးခ်င္းေသြးေပါင္က်သြားျခင္း၊ ေရွာ႔ရသြားျခင္းမ်ားလည္းျဖစ္ေပၚတတ္ပါသည္။

    စတီးရိြဳက္ေဆးမ်ားသည္လည္း ေရရွည္အသံုးျပဳပါက ေသြးတိုးျခင္း၊ ဆီးခ်ိဳျဖစ္ျခင္း၊ အရိုးပါးျခင္းစသည္႔ ဆိုးရြားေသာ ေဘးထြက္ဆိုးက်ိဳးမ်ားလည္း ျဖစ္ေပၚေစတတ္ပါသည္။ ပိုးသတ္ေဆးထိုးျခင္းသည္လည္း ရက္ျပည္႔ေအာင္မထိုးဘဲ တစ္ရက္ ႏွစ္ရက္သာ ထိုးျပီး ျပတ္သြားလွ်င္ ေဆးယဥ္ပါးသည္႔ ပိုးမ်ားေပၚေပါက္ေစႏိုင္ပါသည္။ ထို႔ေၾကာင္႔လည္း မလိုအပ္ဘဲထိုေဆးမ်ား မသံုးသင္႔ပါေခ်။

    လူနာမ်ားအေနျဖင္႔လည္း ထိုအေၾကာင္းကိုေသခ်ာမသိသည္႔အခါ ေဆးထိုးေပး ျမန္ျမန္သက္သာေစေသာ ေဆးခန္းကိုမွ ေရြးျပတတ္ၾကသည္။ ဆရာဝန္မွ ေဆးထိုးရန္မလိုေၾကာင္း ရွင္းျပလွ်င္ တစ္ခ်ိဳ႕လူနာမ်ားက သေဘာေပါက္လက္ခံၾကေသာ္လည္း တစ္ခ်ိဳ႕ကမူ ေဆးထိုးေပးေသာ တျခားေနရာသို႔ ေျပာင္းကုျခင္းမ်ားအထိ လုပ္တတ္ၾကပါသည္။ ထို႔ေၾကာင္႔လည္း ထိုသို႔ေဘးထြက္ဆိုးက်ိဳးမ်ားရိွေၾကာင္း၊ မလိုအပ္လွ်င္ ေဆးထိုးစရာမလိုေၾကာင္း၊ အဖ်ားရိွလာလွ်င္ သာမန္ ပါရာစီတေမာလိုေဆးမ်ိဳးသာေသာက္ျပီး ဖ်ားသည္႔ အေၾကာင္းရင္းကို ေသခ်ာ ထပ္ရွာကုရန္က ပိုအေရးၾကီးေၾကာင္း၊ မိမိကို ထိုးေပးေသာေဆး၊ ေသာက္ေဆးမ်ား သည္ မည္သည္႔ေဘးထြက္ဆိုးက်ိဳးရိွႏိုင္သည္ကို သိရိွနားလည္ရန္ ေမးျမန္းေလ႔လာသင္႔ေၾကာင္း၊ ကြ်မ္းက်င္သူ ဆရာဝန္မဟုတ္ဘဲ အျမန္သက္သာရံုေဆးထိုးေပးသည္႔ အရပ္အေခၚ အပ္ပုန္းမ်ားႏွင္႔ ကုသျခင္း စပ္ေဆးမ်ားအလြယ္ဝယ္ေသာက္ျခင္းမ်ားမျပဳလုပ္သင္႔ေၾကာင္းကို ျပည္သူတိုင္းျပည္သူတိုင္းကို သိရိွနားလည္ ေစခ်င္ပါသည္။

    “ဆရာ ခုန Patient (လူနာ) ကေတာ႔ ေသြးေပါင္ ၁၀၀/၇၀ ျဖစ္လာပါျပီ”
    အလုပ္သင္ဆရာဝန္ေလး၏ အသံေၾကာင္႔ ေဒါက္တာေက်ာ္ အေတြးျပတ္သြားခဲ႔သည္။ ဒီလူနာ ေဆးရံုက မဆင္းခင္ေတာ႔ ခုန စဥ္းစားသည္႔ အခ်က္မ်ားကို ပညာေပးရန္၊ သူတို႔အျပင္ သူတို႔၏ အိမ္နီးနားခ်င္းအသိမိတ္ေဆြမ်ားကိုပါ လက္ဆင္႔ကမ္းပညာေပးေပးရန္ မွာဦးမည္ဟု ဆက္စဥ္းစားေနမိပါေတာ႔သည္။ ။

    Credit: ေဒါက္တာေက်ာ္ (ေဆး – ၂)

  • ေရွာင္က်ဥ္သင့္တဲ့ ကင္ဆာျဖစ္ေစတဲ့ အိမ္တြင္းသုံးပစၥည္းမ်ားအေၾကာင္း

    ေရွာင္က်ဥ္သင့္တဲ့ ကင္ဆာျဖစ္ေစတဲ့ အိမ္တြင္းသုံးပစၥည္းမ်ား

    စားဝတ္ေနေရးအတြက္ အျပင္မွာ အလုပ္လုပ္ေနၾကသူေတြဟာ အလုပ္ကျပန္လာရင္ မိမိနားခိုရာအိမ္မွာပဲ အနားယူၾကတာ ထုံးစံပါပဲ။ အိမ္ဟာ အနားယူအပန္းေျဖေနရာ တစ္ခုသာျဖစ္သင့္ရာက အခုေနာက္ပိုင္းမွာ အႏၲရာယ္ေပးႏိုင္တဲ့ လူသုံးကုန္ပစၥည္းေတြ ဝိုင္းရံလာေနတာ ေတြ႕လာရပါတယ္။ လူသုံးကုန္ေတြ ေခတ္မီဆန္းျပားလာတာနဲ႔အတူ ကင္ဆာျဖစ္ေစတဲ့ ဓာတုပစၥည္းေတြနဲ႔ ထိေတြ႕မႈပိုမ်ားလာကာ က်န္းမာေရး ထိခိုက္လာေစပါတယ္။ ေအာက္ပါအိမ္သုံးပစၥည္းေတြဟာ အေမရိကန္ႏိုင္ငံ ကင္ဆာကာကြယ္ေရးအဖြဲ႕မွ ေၾကညာထားတဲ့ ကင္ဆာျဖစ္ေစတဲ့ ကာစီႏိုဂ်င္ေတြျဖစ္ၾကတာမို႔ စာဖတ္သူမ်ား ေရွာင္ၾကဥ္သုံးစြဲၾကဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

    1. ကင္ဆာျဖစ္ေစတဲ့၊ မေကာင္းတဲ့ ေဖာ္မယ္ဒီဟိုက္၊ ႏိုက္ထ႐ိုဘင္ဇင္းနဲ႔ မီသိုင္လင္းကလို႐ိုက္ စတာေတြဟာ ေန႔စဥ္အသုံးမ်ားတဲ့ ရာဘာလူသုံးကုန္ပစၥည္းေတြ၊ ပလတ္စတစ္၊ အေရာင္ဆိုးေဆး၊ အေမႊးအႀကိဳင္ထြက္ကုန္ေတြ၊ အလွကုန္ပစၥည္း ေရေမႊးေတြ ေဘာ္ဒီလိုးရွင္းလိမ္းေဆးေတြနဲ႔ ေခါင္းေလွ်ာ္ရည္ေတြမွာ ပါဝင္ေနတာဆိုေတာ့ အဲဒါေတြကို ေန႔စဥ္ရက္ဆက္ အသုံးမ်ားေလေလ ကင္ဆာျဖစ္ဖို႔ အခြင့္အလမ္း မ်ားေလေလျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီလိုကင္ဆာျဖစ္ေစတဲ့ ဓာတုပစၥည္းေတြနဲ႔ အထိအေတြ႕နည္းေအာင္ စီစဥ္ႏိုင္ပါမွ မိမိေရာ မိမိ မိသားစုပါ က်န္းမာေရးေဘးကင္းမွာျဖစ္တယ္။

    2. ေလသန႔္ေအာင္ဖ်န္းတဲ့ အနံ႔ေဖ်ာက္တဲ့ Air Freshener

    အနံ႔ေဖ်ာက္ ေဆးဖ်န္းဘူးအမ်ားစုမွာ အေငြ႕ပ်ံေစတဲ့ ကင္ဆာျဖစ္ေစတဲ့ ဓာတုပစၥည္းေတြပါဝင္တဲ့ အတြက္ ျဖစ္ႏိုင္ရင္ မသုံးတာအေကာင္းဆုံးပါ။ အခန္းကိုအလင္းေရာင္နဲ႔ ေလေကာင္းေလသန႔္ရရွိေအာင္ စနစ္တက် ထားသိုျခင္း၊ ျပတင္းေပါက္ေတြ ဖြင့္ထားျခင္း၊ ပန္ကာနဲ႔ ေလမႈတ္ပန္ကာေတြ တပ္ဆင္ဖြင့္ထားျခင္း စတာေတြက အနံ႔ေဖ်ာက္ေဆးေတြ သုံးစရာမလိုဘဲ အခန္းကို အနံ႔အသက္ကင္းေစပါတယ္။

    3. အလွျပင္ပစၥည္းေတြနဲ႔၊ တစ္ကိုယ္ေရသုံး သန႔္ရွင္းေရးပစၥည္းမ်ား

    လူတိုင္းေန႔စဥ္ စြဲၿမဲစြာသုံးၾကတဲ့ ေအာက္ပါတို႔က လူေတြအထူးသျဖင့္ မလွခ်င္၊ ကိုအေကာင္းႀကိဳက္တို႔ကို ကင္ဆာျဖစ္ေစတာေတြနဲ႔ ေန႔စဥ္အထိအေတြ႕မ်ားေစပါတယ္။

    3.(1) ေကာ့စမက္တစ္ မွန္ မိတ္ကပ္မ်ား၊ ေအာက္ခံမိတ္ကပ္ Foundation မ်ား

    အဲဒီအလွျပင္မိတ္ကပ္ေတြမွာပါတဲ့ BHA နဲ႔ TALC ေပါင္ဒါက ကာစီႏိုဂ်င္ေတြျဖစ္ၾကတယ္။ TALC က အဆုတ္ေတြကို ဓာတ္မတည့္မႈျဖစ္ေစတယ္။ ကေလးေပါင္ဒါေတြမွာပါတဲ့ TALC ေၾကာင့္ အသက္ႀကီးလာတဲ့အခါ မ်ိဳးဥအိမ္ကင္ဆာေတြ ျဖစ္လာေစတာေတြ႕ၾကရတယ္။ TEA ေခၚ Triethanolamine က ႏိုက္ထ႐ိုက္ေတြ ဓာတ္ျပဳၿပီး ကာစီႏိုဂ်င္ႏိုက္ထ႐ိုဆမင္း Nitrosamines ေတြအျဖစ္ ေျပာင္းလဲသြားေစတယ္။

    လာႏိုလင္ Lanolin ဆိုတဲ့ အရာဝတၳဳက DDT ပိုးသတ္ေဆးနဲ႔ ကင္ဆာျဖစ္ေစတဲ့ တျခားအင္းဆက္နဲ႔ ပိုးမႊားသတ္ေဆးေတြနဲ႔ ထိေတြ႕ေရာေႏွာေနတတ္ၾကတယ္။ ပါရာဘင္ Parabens ဆိုတဲ့ ေရနံထြက္ဓာတု ပစၥည္းတစ္မ်ိဳးက ထိေတြ႕တဲ့ အေရျပားေတြကိုေရာင္ရမ္း Contact Dermatitis ျဖစ္လာေစတယ္။ Fragrance (သင္းရနံ႔) ဆိုတာေတြက အေရျပားေတြကို အဆိပ္အေတာက္ျဖစ္ေစၿပီး ေရာင္ရမ္းလာေစတယ္။ ဒါေၾကာင့္ ပြဲေနပြဲထိုင္သြားတဲ့ အခ်ိန္ကလြဲၿပီး က်န္အခ်ိန္ေတြမွာေတာ့ မိတ္ကပ္ေတြမသုံးတာ အေကာင္းဆုံးပါပဲ။ မျဖစ္မေန လိမ္းက်ံၿပီဆိုရင္လည္း၊ ၿပီးတာနဲ႔ ခ်က္ခ်င္းသန႔္စင္ပစ္သင့္တယ္။

    3.(2) ကတၱရာပါတဲ့ သြားတိုက္ေဆးမ်ား (Crest Tartar Controls Toothpaste)

    သြားတိုက္ေဆးေတြမွာပါတဲ့ FD & BLUE ေတြက ကာစီႏိုဂ်င္ေတြျဖစ္ၾကတယ္။ ဆက္ကရင္ Sacchrin ကလည္း ကင္ဆာျဖစ္ေစႏိုင္သလို သြားေတြႀကံ့ခိုင္ေစတယ္ဆိုတဲ့ ဖလူအို႐ိုက္ Fluoride ကလည္း ကင္ဆာျဖစ္ႏိုင္ေျခရွိတာ ေတြ႕ရတယ္။

    3.(3) ဆံပင္ေပ်ာ့ေဆး ဥပမာ VO5 Conditioner (Essence of Neutral Henna)

    ဆံပင္ေပ်ာ့ေဆးေတြမွာပါတဲ့ ေဖာ္မယ္ဒီဟိုက္ျဒပ္ေပါင္းေတြက ကင္ဆာျဖစ္ေစတယ္။ အာ႐ုံေၾကာေတြကို အဆိပ္သင့္ေစၿပီး ထိမိတဲ့ အေရျပားေတြ ေရာင္ရမ္းေစတယ္။ ဓာတ္မတည့္ယားယံတာေတြ ျဖစ္ေစတယ္။ Polysorbate 80 ဆိုတဲ့ ပစၥည္းေၾကာင့္လည္း ကင္ဆာေတြျဖစ္လာေစတယ္။ FD & RED4 ကလည္း ကာစီႏိုဂ်င္ပဲျဖစ္တယ္။ Fragrance ဆိုတဲ့ပစၥည္း ကလည္း ကာစီႏိုဂ်င္ပဲျဖစ္တယ္။ ေခါင္းေလွ်ာ္ရည္ဘူးေတြမွာလည္း ဓာတုပစၥည္းေတြပဲ အမ်ားစုသုံးထားတာမို႔ တစ္ခ်ိန္လုံး အဲဒါေတြသုံးေနမယ့္အစား ႐ိုးရာတေရာ္ကင္မြန္းသီး နဲ႔ ေခါင္းေလွ်ာ္ေပးသင့္ပါတယ္။

    3.(4) ဆံပင္ဆိုးေဆးမ်ား Permanent Hair Color

    ဆံပင္ျဖဴသူေတြသာမက လူငယ္ေတြကပါ ျဖဴနီေၾကာင္ၾကားကာလာစုံ ဆံပင္ဆိုးေဆးအမ်ိဳးမ်ိဳး သုံးစြဲမႈမ်ားလာၾကတယ္။ မိမိေခါင္းေပၚ အဆိပ္ေတြ၊ ကာစီႏိုဂ်င္ေတြတင္ထားၿပီး ကင္ဆာအျဖစ္ခံေနၾကတာ သတိထားဖို႔ ေကာင္းပါတယ္။ အဲဒါေတြမွာပါတဲ့ ကြာတားနီယံ Quaternium 15, Fomaldehyde Releaser ေတြက ကာစီႏိုဂ်င္ေတြ၊ အာ႐ုံေၾကာအဆိပ္ေတြ၊ အေရျပားေရာင္ရမ္းေစတာေတြနဲ႔ အလာဂ်ီထေစတဲ့ပစၥည္းေတြျဖစ္ၾကတယ္။

    Diethanolamine (DEA) က ကာစီႏိုဂ်င္ျဖစ္တဲ့အျပင္ ႏိုက္ထ႐ိုဂ်င္ေတြနဲ႔ ထိေတြ႕တဲ့အခါ၊ ကင္ဆာျဖစ္ေစတဲ့ ႏိုက္ထ႐ိုဂ်င္ဆမင္းေတြအျဖစ္ေျပာင္းကာ ကင္ဆာေတြျဖစ္လာေစတယ္။ Phenylenediamine ပါဝင္မႈေၾကာင့္ ကင္ဆာနဲ႔ အေရျပားေရာင္ရမ္းနာေတြျဖစ္ေစတယ္။ Propylene Gycol နဲ႔ Fragrance ပါဝင္တာေၾကာင့္ ထိေတြ႕တဲ့အေရျပားေတြ ေရာင္ရမ္းလာေစတယ္။ ၾသကၤန္အခ်ိန္ေရာက္ရင္ လူငယ္ေလးေတြသာမက ကေလးေပါက္စနေတြကိုပါ ျဖဴနီေၾကာင္က်ားေရာင္စုံ ဆံပင္ဆိုးေဆးဆိုးတာမလုပ္သင့္ပါဘူး။ ဆံပင္ေပၚမွာ လခ်ီေနတတ္တဲ့ အဲဒီဆိုးေဆးေတြရဲ႕အႏၲရာယ္ကို ထည့္စဥ္းစား ဆင္ျခင္သင့္တယ္။

    ဆိုးေဆးေတြ အသုံးျပဳတာေတြေၾကာင့္ NHL လင့္ဖိုးမား၊ မိုင္လိုမား Multiple Myeloma နဲ႔ တျခားကင္ဆာအမ်ိဳးမ်ိဳး ျဖစ္ေပၚလာေစတဲ့ အေထာက္အထားေတြ ေတြ႕လာရပါၿပီ။ ဒါ့ေၾကာင့္ အလွအပအတြက္ ကင္ဆာအျဖစ္ခံၿပီး ဆံပင္ေရာင္စုံ ဆိုးမယ့္အစား သဘာဝအတိုင္းထားတာက ေကာင္းပါတယ္။

    4. အိမ္တြင္းသုံးပစၥည္းမ်ား

    အခ်ိဳ႕ေသာ တစ္ကိုယ္ေရသန႔္ရွင္းေရးသုံးပစၥည္းမ်ားမွာ ဓာတုပစၥည္းေတြျဖစ္တဲ့ Crystaline Silica ေတြက ကာစီႏိုဂ်င္ေတြျဖစ္တဲ့အပင္ မ်က္စိအေရျပားနဲ႔အဆုတ္ကို ဒုကၡေပးပါတယ္။ အလာဂ်ီလည္းထေစတယ္။ အျပင္းစား ေၾကးခြၽတ္ပစၥည္းေတြျဖစ္တဲ့ Heavy duty Cleanser ေတြမွာပါတဲ့ Crystaline Silica ေတြကလည္း အလားတူပဲ ကင္ဆာအမ်ိဳးမ်ိဳးျဖစ္ေစသလို မ်က္စိအေရျပားနဲ႔ အဆုတ္ေတြကို အလာဂ်ီျဖစ္ေစတယ္။ ႐ိုး႐ိုးဆပ္ျပာနဲ႔ ေရမ်ားမ်ားသုံး သန႔္ရွင္းတာကပဲ ေဘးကင္းေစပါတယ္။

    5. လိုင္ေဇာပါတဲ့ ပိုးေသေစတဲ့ ဖ်န္းေဆး (Lysol disinfected spray)

    Orthophenylphenol (OPP) ေတြပါဝင္တဲ့အတြက္ ကင္ဆာျဖစ္ေစတဲ့အျပင္ ဓာတ္မတည့္တာေတြပါ ျဖစ္ေစ တယ္။

    6. ေၾကာင္သန္း၊ ေခြးသန္းနဲ႔ မႊား ပေပ်ာက္ေစတဲ့ လည္ပတ္

    အဲဒီမွာပါတဲ့ ပ႐ိုပိုဆာ Propoxur ဆိုတဲ့ ပစၥည္းက ကာစီႏိုဂ်င္နဲ႔ အာ႐ုံေၾကာ အဆိပ္ျဖစ္ေစတဲ့ ဓာတုပစၥည္းျဖစ္တယ္။ အဲဒါေတြနဲ႔ ထိေတြ႕မိရင္ ခ်က္ခ်င္းေရေဆးဖို႔ လိုအပ္တယ္။

    7. ေရညႇိေပ်ာက္ေဆး (Ortho Weed B Gon Lawn Weed Killer)

    အဲဒီမွာပါတဲ့ ဆိုဒီယမ္ဒိုင္ ကလို႐ိုဖီ ေနာက္ဆီအက္ဆီတိတ္ Sodium dichlorophenoxyacetate ဆိုတာက ကင္ဆာျဖစ္ေစတဲ့ ပစၥည္းျဖစ္ၿပီး လင္ဖိုးမား၊ တစ္သွ်ဴးေပ်ာ့ေတြရဲ႕ ဆာကိုးမားနဲ႔ တျခားကင္ဆာေတြျဖစ္လာေစတယ္။ ဒါ့ျပင္ အာ႐ုံေၾကာနဲ႔ မ်ိဳးပြားအဂၤါေတြမွာ အဆိပ္ျဖစ္လာေစတယ္။

    8. အမဲသားေခ်ာင္း (Beef Franks)

    အမဲသားေခ်ာင္းမွာပါဝင္တာေတြက ဘင္ဇိုင္းဟက္ဆာကလို႐ိုက္ဆိုတဲ့ ကာစီႏိုဂ်င္နဲ႔ dacthal ဆိုတာက ကင္ဆာျဖစ္ေစတဲ့အျပင္၊ အလာဂ်ီနဲ႔ ဓာတ္မတည့္တာေတြပါ ျဖစ္လာေစတယ္။ DDT, Dieldrin ေတြကလည္း ကာစီႏိုဂ်င္နဲ႔ တိရစာၦန္ထြက္ အီစထ႐ိုဂ်င္ေတြျဖစ္ၾကတယ္။ တျခားပါတဲ့ ေဟာ္မုန္းေတြကလည္း ကာစီႏိုဂ်င္နဲ႔ မိန္းမအသြင္အျပင္ပိုျဖစ္ေစတဲ့ ဆိုးက်ိဳးေတြေပးၾကတယ္။ တိရစာၦန္ေမြးျမဴေရးမွာသုံးတဲ့ ပဋိဇီဝေဆးေတြက လူေတြမွာ ေဆးယဥ္ပါးတာအျပင္ အလာဂ်ီနဲ႔ ကင္ဆာေတြျဖစ္လာေစတယ္။ မပုပ္သိုးေအာင္ထည့္တဲ့ ယမ္းစိမ္းႏိုက္ထ႐ိုက္ေတြေၾကာင့္လည္း အသားထဲကပါတဲ့ ေအမင္း Amine နဲ႔ ေပါင္းၿပီး ကင္ဆာျဖစ္ေစတဲ့ ႏိုက္ထ႐ိုဆမင္းေတြအျဖစ္ ေျပာင္းလဲသြားကာ လူကိုဒုကၡေပးပါတယ္။

    9. အဆီမထုတ္ထားတဲ့ ႏြားႏို႔ (Whole milk)

    အဲဒါေတြမွာပါတဲ့ DDT, Dieldrin ေတြက အထက္ကေျပာသလို ဆိုးက်ိဳးျဖစ္ေစတယ္။ ဟက္ဆာကလို႐ိုဘင္ဇင္းက ကင္ဆာအျပင္ အာ႐ုံေၾကာနဲ႔ မ်ိဳးပြားအဂၤါေတြကို အဆိပ္သင့္ေစတယ္။ ပါလာတဲ့ ပဋိဇီဝေဆးေတြကလည္း အထက္ပါအတိုင္း ဒုကၡေပးတယ္။ ႀကီးထြားေဟာ္မုန္းေတြပါလာတဲ့အတြက္ အဲဒါေတြက ရင္သားကင္ဆာ၊ အူမႀကီးနဲ႔ ဆီးက်ိတ္ကင္ဆာေတြ ျဖစ္လာေစတာေတြ႕ရတယ္။

    10. အဝတ္ေလွ်ာ္ဆပ္ျပာမ်ား (Laundry Detergents)

    အဲဒီ ဒီတားဂ်င့္ေတြမွာ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတုပစၥည္းေတြအမ်ားစုပါဝင္ တယ္။ ေရေလွ်ာ္တာမေျပာင္ရင္ အဝတ္ေတြေပၚကပ္က်န္ခဲ့တဲ့ ဆပ္ျပာေတြက အေရျပားထဲစုပ္ဝင္သြားသလို အေငြ႕ပ်ံသြားတာေတြက ေလထဲက တစ္ဆင့္ အသက္ရွဴလမ္းေၾကာင္းထဲ ေရာက္သြားတယ္။ အဲဒါေတြမွာလည္း ကင္ဆာျဖစ္ေစတာေတြနဲ႔ မ်ိဳးပြားအဂၤါေတြေပၚမွာ အဆိပ္ျဖစ္ေစတာေတြပါဝင္တယ္။ အဆုတ္ကိုထိခိုက္ေစတာ၊ အဆုတ္အေျမႇးပါး ေရာင္ရမ္းေစတာေတြ ပါဝင္တယ္။ ႏွလုံးနဲ႔ ေသြးေၾကာအဖြဲ႕၊ ေက်ာက္ကပ္နဲ႔ အာ႐ုံေၾကာအဖြဲ႕ကို ထိခိုက္ေစတဲ့ဖီေနာေတြလည္း ပါဝင္တယ္။

    အထက္ပါေတြကို ေလ့လာၾကည့္ရင္ အိမ္တြင္းသုံးပစၥည္းေတြက ေန႔စဥ္သုံးျဖစ္ေနေတာ့ ကင္ဆာျဖစ္ေစဖို႔၊ အလာဂ်ီထေစဖို႔ လမ္းစပိုမ်ားေနေစတယ္။ တခ်ိဳ႕ လူသုံးကုန္ေတြေပၚမွာ အႏၲရာယ္သတိေပးအျဖစ္ ကင္ဆာျဖစ္ေစတယ္ဆိုတာ ထည့္ေရးမထားၾကပါဘူး။ စားေသာက္ကုန္ေတြေပၚမွာလည္း ကိုလက္စထေရာလ္ အေၾကာင္းေလာက္ပဲေရးၿပီး ကာစီႏိုဂ်င္ ျဖစ္တယ္ဆိုတာမပါဘူး။ အလွျပင္ပစၥည္းေတြမွာလည္း အလားတူပါပဲ။ ပါဝင္ပစၥည္းေလာက္ပဲ ေဖာ္ျပထားၾကတယ္။အင္းဆက္ ပိုးႏွိမ္နင္းေဆးေတြ၊ ပိုးသတ္ေဆးေတြမွာလည္း ထိုနည္းလည္းေကာင္းပါပဲ။ အခုလို အဲဒီပစၥည္းေတြက ကင္ဆာျဖစ္ေစတယ္လို႔ ေဖာ္ျပေပးႏိုင္တာကလည္း သိပၸံပညာရွင္ေတြ ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ေလ့လာမႈေၾကာင့္သိရွိရတာပါ။

    ကမာၻအႏွံ႔မွာ ကင္ဆာျဖစ္ပြာႏႈန္းက ဒုံးပ်ံႏႈန္းနဲ႔တစ္ဟုန္ထိုးျမင့္တက္ေနပါတယ္။ အခုေလာေလာဆယ္မွာ လူသားအားလုံးရဲ႕ သုံးပုံတစ္ပုံက သက္တမ္းတစ္ေလွ်ာက္လုံး တစ္ခ်ိန္ခ်ိန္မွာ ကင္ဆာေရာဂါခံစားလာရၿပီး ေလးပုံ တစ္ပုံကေတာ့ အဲဒီေရာဂါနဲ႔ပဲ ေသဆုံးရတယ္။ အဲဒီကင္ဆာအေတာ္မ်ားမ်ားက အထက္ေဖာ္ျပပါ အိမ္တြင္းသုံး ပစၥည္းေတြ၊ အလွျပင္ပစၥည္းေတြ၊ ေမြးျမဴေရးထုတ္အစားအစာေတြ အားလုံးကို ေရွာင္ၾကဥ္လိုက္မယ္ဆိုရင္ ကင္ဆာျဖစ္ႏႈန္းေလွ်ာ့ခ်ႏိုင္ပါတယ္။ ျမန္မာျပည္မွာေတာ့ စစ္ေဆးအေရးယူမႈနဲ႔ နည္းပညာအားနည္းခ်က္ေတြေၾကာင့္ ကင္ဆာျဖစ္ပြားႏႈန္းဟာ အခုေနာက္ပိုင္း ဆယ္စုႏွစ္ေတြအတြင္း အေတာ္ႀကီး ျမင့္တက္ေနတယ္။ ကမာၻမွာ ကင္ဆာအျဖစ္ဆုံး ဆယ္ႏိုင္ငံထဲမွာ ဒုတိယ ခ်ိတ္ေနတာဆိုေတာ့ ျမန္မာျပည္သူျပည္သားတိုင္း မိမိကိုယ္တိုင္ အထက္ပါလူသုံးပစၥည္းေတြကို ေန႔စဥ္မသုံးျဖစ္ေအာင္ ပိုမို ေကာင္းမြန္တဲ့ ပစၥည္းေ႐ြးခ်ယ္သုံးစြဲႏိုင္ေအာင္ အထူးသတိထားသင့္ပါတယ္။ပတ္ဝန္းက်င္ လူသုံးကုန္ပစၥည္းေတြမွာ ကင္ဆာျဖစ္ေစတာေတြက အႏွံ႔အျပားျဖစ္ေနတာဆိုေတာ့ အထူးသတိထားၿပီး ေ႐ြးခ်ယ္သုံးစြဲပါမွ၊ သဘာဝပစၥည္းမ်ားကိုသာ ေ႐ြးခ်ယ္သုံးစြဲပါမွ ကင္ဆာျဖစ္ပြားမႈမွ အထိုက္အေလွ်ာက္ ကာကြယ္ေပးႏိုင္မွာ ျဖစ္ပါေၾကာင္း ရွာေဖြေဖာ္ျပေပးလိုက္ပါတယ္။

    Credit – ေဒါက္တာေအးျမခ်ယ္

    Health Digest Journal

    Vol: 13, No: 38, 29-6-2016

    via – drmyanmar.com

    (Unicode)

    ရှောင်ကျဉ်သင့်တဲ့ ကင်ဆာဖြစ်စေတဲ့ အိမ်တွင်းသုံးပစ္စည်းများ

    စားဝတ်နေရေးအတွက် အပြင်မှာ အလုပ်လုပ်နေကြသူတွေဟာ အလုပ်ကပြန်လာရင် မိမိနားခိုရာအိမ်မှာပဲ အနားယူကြတာ ထုံးစံပါပဲ။ အိမ်ဟာ အနားယူအပန်းဖြေနေရာ တစ်ခုသာဖြစ်သင့်ရာက အခုနောက်ပိုင်းမှာ အန္တရာယ်ပေးနိုင်တဲ့ လူသုံးကုန်ပစ္စည်းတွေ ဝိုင်းရံလာနေတာ တွေ့လာရပါတယ်။ လူသုံးကုန်တွေ ခေတ်မီဆန်းပြားလာတာနဲ့အတူ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုပိုများလာကာ ကျန်းမာရေး ထိခိုက်လာစေပါတယ်။ အောက်ပါအိမ်သုံးပစ္စည်းတွေဟာ အမေရိကန်နိုင်ငံ ကင်ဆာကာကွယ်ရေးအဖွဲ့မှ ကြေညာထားတဲ့ ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေဖြစ်ကြတာမို့ စာဖတ်သူများ ရှောင်ကြဉ်သုံးစွဲကြဖို့ ဖော်ပြပေးလိုက်ပါတယ်။

    1. ကင်ဆာဖြစ်စေတဲ့၊ မကောင်းတဲ့ ဖော်မယ်ဒီဟိုက်၊ နိုက်ထရိုဘင်ဇင်းနဲ့ မီသိုင်လင်းကလိုရိုက် စတာတွေဟာ နေ့စဉ်အသုံးများတဲ့ ရာဘာလူသုံးကုန်ပစ္စည်းတွေ၊ ပလတ်စတစ်၊ အရောင်ဆိုးဆေး၊ အမွှေးအကြိုင်ထွက်ကုန်တွေ၊ အလှကုန်ပစ္စည်း ရေမွှေးတွေ ဘော်ဒီလိုးရှင်းလိမ်းဆေးတွေနဲ့ ခေါင်းလျှော်ရည်တွေမှာ ပါဝင်နေတာဆိုတော့ အဲဒါတွေကို နေ့စဉ်ရက်ဆက် အသုံးများလေလေ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်း များလေလေဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ အထိအတွေ့နည်းအောင် စီစဉ်နိုင်ပါမှ မိမိရော မိမိ မိသားစုပါ ကျန်းမာရေးဘေးကင်းမှာဖြစ်တယ်။

    2. လေသန့်အောင်ဖျန်းတဲ့ အနံ့ဖျောက်တဲ့ Air Freshener

    အနံ့ဖျောက် ဆေးဖျန်းဘူးအများစုမှာ အငွေ့ပျံစေတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ အတွက် ဖြစ်နိုင်ရင် မသုံးတာအကောင်းဆုံးပါ။ အခန်းကိုအလင်းရောင်နဲ့ လေကောင်းလေသန့်ရရှိအောင် စနစ်တကျ ထားသိုခြင်း၊ ပြတင်းပေါက်တွေ ဖွင့်ထားခြင်း၊ ပန်ကာနဲ့ လေမှုတ်ပန်ကာတွေ တပ်ဆင်ဖွင့်ထားခြင်း စတာတွေက အနံ့ဖျောက်ဆေးတွေ သုံးစရာမလိုဘဲ အခန်းကို အနံ့အသက်ကင်းစေပါတယ်။

    3. အလှပြင်ပစ္စည်းတွေနဲ့၊ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများ

    လူတိုင်းနေ့စဉ် စွဲမြဲစွာသုံးကြတဲ့ အောက်ပါတို့က လူတွေအထူးသဖြင့် မလှချင်၊ ကိုအကောင်းကြိုက်တို့ကို ကင်ဆာဖြစ်စေတာတွေနဲ့ နေ့စဉ်အထိအတွေ့များစေပါတယ်။

    3.(1) ကော့စမက်တစ် မှန် မိတ်ကပ်များ၊ အောက်ခံမိတ်ကပ် Foundation များ

    အဲဒီအလှပြင်မိတ်ကပ်တွေမှာပါတဲ့ BHA နဲ့ TALC ပေါင်ဒါက ကာစီနိုဂျင်တွေဖြစ်ကြတယ်။ TALC က အဆုတ်တွေကို ဓာတ်မတည့်မှုဖြစ်စေတယ်။ ကလေးပေါင်ဒါတွေမှာပါတဲ့ TALC ကြောင့် အသက်ကြီးလာတဲ့အခါ မျိုးဥအိမ်ကင်ဆာတွေ ဖြစ်လာစေတာတွေ့ကြရတယ်။ TEA ခေါ် Triethanolamine က နိုက်ထရိုက်တွေ ဓာတ်ပြုပြီး ကာစီနိုဂျင်နိုက်ထရိုဆမင်း Nitrosamines တွေအဖြစ် ပြောင်းလဲသွားစေတယ်။

    လာနိုလင် Lanolin ဆိုတဲ့ အရာဝတ္ထုက DDT ပိုးသတ်ဆေးနဲ့ ကင်ဆာဖြစ်စေတဲ့ တခြားအင်းဆက်နဲ့ ပိုးမွှားသတ်ဆေးတွေနဲ့ ထိတွေ့ရောနှောနေတတ်ကြတယ်။ ပါရာဘင် Parabens ဆိုတဲ့ ရေနံထွက်ဓာတု ပစ္စည်းတစ်မျိုးက ထိတွေ့တဲ့ အရေပြားတွေကိုရောင်ရမ်း Contact Dermatitis ဖြစ်လာစေတယ်။ Fragrance (သင်းရနံ့) ဆိုတာတွေက အရေပြားတွေကို အဆိပ်အတောက်ဖြစ်စေပြီး ရောင်ရမ်းလာစေတယ်။ ဒါကြောင့် ပွဲနေပွဲထိုင်သွားတဲ့ အချိန်ကလွဲပြီး ကျန်အချိန်တွေမှာတော့ မိတ်ကပ်တွေမသုံးတာ အကောင်းဆုံးပါပဲ။ မဖြစ်မနေ လိမ်းကျံပြီဆိုရင်လည်း၊ ပြီးတာနဲ့ ချက်ချင်းသန့်စင်ပစ်သင့်တယ်။

    3.(2) ကတ္တရာပါတဲ့ သွားတိုက်ဆေးများ (Crest Tartar Controls Toothpaste)

    သွားတိုက်ဆေးတွေမှာပါတဲ့ FD & BLUE တွေက ကာစီနိုဂျင်တွေဖြစ်ကြတယ်။ ဆက်ကရင် Sacchrin ကလည်း ကင်ဆာဖြစ်စေနိုင်သလို သွားတွေကြံ့ခိုင်စေတယ်ဆိုတဲ့ ဖလူအိုရိုက် Fluoride ကလည်း ကင်ဆာဖြစ်နိုင်ခြေရှိတာ တွေ့ရတယ်။

    3.(3) ဆံပင်ပျော့ဆေး ဥပမာ VO5 Conditioner (Essence of Neutral Henna)

    ဆံပင်ပျော့ဆေးတွေမှာပါတဲ့ ဖော်မယ်ဒီဟိုက်ဒြပ်ပေါင်းတွေက ကင်ဆာဖြစ်စေတယ်။ အာရုံကြောတွေကို အဆိပ်သင့်စေပြီး ထိမိတဲ့ အရေပြားတွေ ရောင်ရမ်းစေတယ်။ ဓာတ်မတည့်ယားယံတာတွေ ဖြစ်စေတယ်။ Polysorbate 80 ဆိုတဲ့ ပစ္စည်းကြောင့်လည်း ကင်ဆာတွေဖြစ်လာစေတယ်။ FD & RED4 ကလည်း ကာစီနိုဂျင်ပဲဖြစ်တယ်။ Fragrance ဆိုတဲ့ပစ္စည်း ကလည်း ကာစီနိုဂျင်ပဲဖြစ်တယ်။ ခေါင်းလျှော်ရည်ဘူးတွေမှာလည်း ဓာတုပစ္စည်းတွေပဲ အများစုသုံးထားတာမို့ တစ်ချိန်လုံး အဲဒါတွေသုံးနေမယ့်အစား ရိုးရာတရော်ကင်မွန်းသီး နဲ့ ခေါင်းလျှော်ပေးသင့်ပါတယ်။

    3.(4) ဆံပင်ဆိုးဆေးများ Permanent Hair Color

    ဆံပင်ဖြူသူတွေသာမက လူငယ်တွေကပါ ဖြူနီကြောင်ကြားကာလာစုံ ဆံပင်ဆိုးဆေးအမျိုးမျိုး သုံးစွဲမှုများလာကြတယ်။ မိမိခေါင်းပေါ် အဆိပ်တွေ၊ ကာစီနိုဂျင်တွေတင်ထားပြီး ကင်ဆာအဖြစ်ခံနေကြတာ သတိထားဖို့ ကောင်းပါတယ်။ အဲဒါတွေမှာပါတဲ့ ကွာတားနီယံ Quaternium 15, Fomaldehyde Releaser တွေက ကာစီနိုဂျင်တွေ၊ အာရုံကြောအဆိပ်တွေ၊ အရေပြားရောင်ရမ်းစေတာတွေနဲ့ အလာဂျီထစေတဲ့ပစ္စည်းတွေဖြစ်ကြတယ်။

    Diethanolamine (DEA) က ကာစီနိုဂျင်ဖြစ်တဲ့အပြင် နိုက်ထရိုဂျင်တွေနဲ့ ထိတွေ့တဲ့အခါ၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရိုဂျင်ဆမင်းတွေအဖြစ်ပြောင်းကာ ကင်ဆာတွေဖြစ်လာစေတယ်။ Phenylenediamine ပါဝင်မှုကြောင့် ကင်ဆာနဲ့ အရေပြားရောင်ရမ်းနာတွေဖြစ်စေတယ်။ Propylene Gycol နဲ့ Fragrance ပါဝင်တာကြောင့် ထိတွေ့တဲ့အရေပြားတွေ ရောင်ရမ်းလာစေတယ်။ သြင်္ကန်အချိန်ရောက်ရင် လူငယ်လေးတွေသာမက ကလေးပေါက်စနတွေကိုပါ ဖြူနီကြောင်ကျားရောင်စုံ ဆံပင်ဆိုးဆေးဆိုးတာမလုပ်သင့်ပါဘူး။ ဆံပင်ပေါ်မှာ လချီနေတတ်တဲ့ အဲဒီဆိုးဆေးတွေရဲ့အန္တရာယ်ကို ထည့်စဉ်းစား ဆင်ခြင်သင့်တယ်။

    ဆိုးဆေးတွေ အသုံးပြုတာတွေကြောင့် NHL လင့်ဖိုးမား၊ မိုင်လိုမား Multiple Myeloma နဲ့ တခြားကင်ဆာအမျိုးမျိုး ဖြစ်ပေါ်လာစေတဲ့ အထောက်အထားတွေ တွေ့လာရပါပြီ။ ဒါ့ကြောင့် အလှအပအတွက် ကင်ဆာအဖြစ်ခံပြီး ဆံပင်ရောင်စုံ ဆိုးမယ့်အစား သဘာဝအတိုင်းထားတာက ကောင်းပါတယ်။

    4. အိမ်တွင်းသုံးပစ္စည်းများ

    အချို့သော တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများမှာ ဓာတုပစ္စည်းတွေဖြစ်တဲ့ Crystaline Silica တွေက ကာစီနိုဂျင်တွေဖြစ်တဲ့အပင် မျက်စိအရေပြားနဲ့အဆုတ်ကို ဒုက္ခပေးပါတယ်။ အလာဂျီလည်းထစေတယ်။ အပြင်းစား ကြေးချွတ်ပစ္စည်းတွေဖြစ်တဲ့ Heavy duty Cleanser တွေမှာပါတဲ့ Crystaline Silica တွေကလည်း အလားတူပဲ ကင်ဆာအမျိုးမျိုးဖြစ်စေသလို မျက်စိအရေပြားနဲ့ အဆုတ်တွေကို အလာဂျီဖြစ်စေတယ်။ ရိုးရိုးဆပ်ပြာနဲ့ ရေများများသုံး သန့်ရှင်းတာကပဲ ဘေးကင်းစေပါတယ်။

    5. လိုင်ဇောပါတဲ့ ပိုးသေစေတဲ့ ဖျန်းဆေး (Lysol disinfected spray)

    Orthophenylphenol (OPP) တွေပါဝင်တဲ့အတွက် ကင်ဆာဖြစ်စေတဲ့အပြင် ဓာတ်မတည့်တာတွေပါ ဖြစ်စေ တယ်။

    6. ကြောင်သန်း၊ ခွေးသန်းနဲ့ မွှား ပပျောက်စေတဲ့ လည်ပတ်

    အဲဒီမှာပါတဲ့ ပရိုပိုဆာ Propoxur ဆိုတဲ့ ပစ္စည်းက ကာစီနိုဂျင်နဲ့ အာရုံကြော အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းဖြစ်တယ်။ အဲဒါတွေနဲ့ ထိတွေ့မိရင် ချက်ချင်းရေဆေးဖို့ လိုအပ်တယ်။

    7. ရေညှိပျောက်ဆေး (Ortho Weed B Gon Lawn Weed Killer)

    အဲဒီမှာပါတဲ့ ဆိုဒီယမ်ဒိုင် ကလိုရိုဖီ နောက်ဆီအက်ဆီတိတ် Sodium dichlorophenoxyacetate ဆိုတာက ကင်ဆာဖြစ်စေတဲ့ ပစ္စည်းဖြစ်ပြီး လင်ဖိုးမား၊ တစ်သျှူးပျော့တွေရဲ့ ဆာကိုးမားနဲ့ တခြားကင်ဆာတွေဖြစ်လာစေတယ်။ ဒါ့ပြင် အာရုံကြောနဲ့ မျိုးပွားအင်္ဂါတွေမှာ အဆိပ်ဖြစ်လာစေတယ်။

    8. အမဲသားချောင်း (Beef Franks)

    အမဲသားချောင်းမှာပါဝင်တာတွေက ဘင်ဇိုင်းဟက်ဆာကလိုရိုက်ဆိုတဲ့ ကာစီနိုဂျင်နဲ့ dacthal ဆိုတာက ကင်ဆာဖြစ်စေတဲ့အပြင်၊ အလာဂျီနဲ့ ဓာတ်မတည့်တာတွေပါ ဖြစ်လာစေတယ်။ DDT, Dieldrin တွေကလည်း ကာစီနိုဂျင်နဲ့ တိရစ္ဆာန်ထွက် အီစထရိုဂျင်တွေဖြစ်ကြတယ်။ တခြားပါတဲ့ ဟော်မုန်းတွေကလည်း ကာစီနိုဂျင်နဲ့ မိန်းမအသွင်အပြင်ပိုဖြစ်စေတဲ့ ဆိုးကျိုးတွေပေးကြတယ်။ တိရစ္ဆာန်မွေးမြူရေးမှာသုံးတဲ့ ပဋိဇီဝဆေးတွေက လူတွေမှာ ဆေးယဉ်ပါးတာအပြင် အလာဂျီနဲ့ ကင်ဆာတွေဖြစ်လာစေတယ်။ မပုပ်သိုးအောင်ထည့်တဲ့ ယမ်းစိမ်းနိုက်ထရိုက်တွေကြောင့်လည်း အသားထဲကပါတဲ့ အေမင်း Amine နဲ့ ပေါင်းပြီး ကင်ဆာဖြစ်စေတဲ့ နိုက်ထရိုဆမင်းတွေအဖြစ် ပြောင်းလဲသွားကာ လူကိုဒုက္ခပေးပါတယ်။

    9. အဆီမထုတ်ထားတဲ့ နွားနို့ (Whole milk)

    အဲဒါတွေမှာပါတဲ့ DDT, Dieldrin တွေက အထက်ကပြောသလို ဆိုးကျိုးဖြစ်စေတယ်။ ဟက်ဆာကလိုရိုဘင်ဇင်းက ကင်ဆာအပြင် အာရုံကြောနဲ့ မျိုးပွားအင်္ဂါတွေကို အဆိပ်သင့်စေတယ်။ ပါလာတဲ့ ပဋိဇီဝဆေးတွေကလည်း အထက်ပါအတိုင်း ဒုက္ခပေးတယ်။ ကြီးထွားဟော်မုန်းတွေပါလာတဲ့အတွက် အဲဒါတွေက ရင်သားကင်ဆာ၊ အူမကြီးနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်လာစေတာတွေ့ရတယ်။

    10. အဝတ်လျှော်ဆပ်ပြာများ (Laundry Detergents)

    အဲဒီ ဒီတားဂျင့်တွေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေအများစုပါဝင် တယ်။ ရေလျှော်တာမပြောင်ရင် အဝတ်တွေပေါ်ကပ်ကျန်ခဲ့တဲ့ ဆပ်ပြာတွေက အရေပြားထဲစုပ်ဝင်သွားသလို အငွေ့ပျံသွားတာတွေက လေထဲက တစ်ဆင့် အသက်ရှူလမ်းကြောင်းထဲ ရောက်သွားတယ်။ အဲဒါတွေမှာလည်း ကင်ဆာဖြစ်စေတာတွေနဲ့ မျိုးပွားအင်္ဂါတွေပေါ်မှာ အဆိပ်ဖြစ်စေတာတွေပါဝင်တယ်။ အဆုတ်ကိုထိခိုက်စေတာ၊ အဆုတ်အမြှေးပါး ရောင်ရမ်းစေတာတွေ ပါဝင်တယ်။ နှလုံးနဲ့ သွေးကြောအဖွဲ့၊ ကျောက်ကပ်နဲ့ အာရုံကြောအဖွဲ့ကို ထိခိုက်စေတဲ့ဖီနောတွေလည်း ပါဝင်တယ်။

    အထက်ပါတွေကို လေ့လာကြည့်ရင် အိမ်တွင်းသုံးပစ္စည်းတွေက နေ့စဉ်သုံးဖြစ်နေတော့ ကင်ဆာဖြစ်စေဖို့၊ အလာဂျီထစေဖို့ လမ်းစပိုများနေစေတယ်။ တချို့ လူသုံးကုန်တွေပေါ်မှာ အန္တရာယ်သတိပေးအဖြစ် ကင်ဆာဖြစ်စေတယ်ဆိုတာ ထည့်ရေးမထားကြပါဘူး။ စားသောက်ကုန်တွေပေါ်မှာလည်း ကိုလက်စထရောလ် အကြောင်းလောက်ပဲရေးပြီး ကာစီနိုဂျင် ဖြစ်တယ်ဆိုတာမပါဘူး။ အလှပြင်ပစ္စည်းတွေမှာလည်း အလားတူပါပဲ။ ပါဝင်ပစ္စည်းလောက်ပဲ ဖော်ပြထားကြတယ်။အင်းဆက် ပိုးနှိမ်နင်းဆေးတွေ၊ ပိုးသတ်ဆေးတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ အခုလို အဲဒီပစ္စည်းတွေက ကင်ဆာဖြစ်စေတယ်လို့ ဖော်ပြပေးနိုင်တာကလည်း သိပ္ပံပညာရှင်တွေ နှိုက်နှိုက်ချွတ်ချွတ်လေ့လာမှုကြောင့်သိရှိရတာပါ။

    ကမ္ဘာအနှံ့မှာ ကင်ဆာဖြစ်ပွာနှုန်းက ဒုံးပျံနှုန်းနဲ့တစ်ဟုန်ထိုးမြင့်တက်နေပါတယ်။ အခုလောလောဆယ်မှာ လူသားအားလုံးရဲ့ သုံးပုံတစ်ပုံက သက်တမ်းတစ်လျှောက်လုံး တစ်ချိန်ချိန်မှာ ကင်ဆာရောဂါခံစားလာရပြီး လေးပုံ တစ်ပုံကတော့ အဲဒီရောဂါနဲ့ပဲ သေဆုံးရတယ်။ အဲဒီကင်ဆာအတော်များများက အထက်ဖော်ပြပါ အိမ်တွင်းသုံး ပစ္စည်းတွေ၊ အလှပြင်ပစ္စည်းတွေ၊ မွေးမြူရေးထုတ်အစားအစာတွေ အားလုံးကို ရှောင်ကြဉ်လိုက်မယ်ဆိုရင် ကင်ဆာဖြစ်နှုန်းလျှော့ချနိုင်ပါတယ်။ မြန်မာပြည်မှာတော့ စစ်ဆေးအရေးယူမှုနဲ့ နည်းပညာအားနည်းချက်တွေကြောင့် ကင်ဆာဖြစ်ပွားနှုန်းဟာ အခုနောက်ပိုင်း ဆယ်စုနှစ်တွေအတွင်း အတော်ကြီး မြင့်တက်နေတယ်။ ကမ္ဘာမှာ ကင်ဆာအဖြစ်ဆုံး ဆယ်နိုင်ငံထဲမှာ ဒုတိယ ချိတ်နေတာဆိုတော့ မြန်မာပြည်သူပြည်သားတိုင်း မိမိကိုယ်တိုင် အထက်ပါလူသုံးပစ္စည်းတွေကို နေ့စဉ်မသုံးဖြစ်အောင် ပိုမို ကောင်းမွန်တဲ့ ပစ္စည်းရွေးချယ်သုံးစွဲနိုင်အောင် အထူးသတိထားသင့်ပါတယ်။ပတ်ဝန်းကျင် လူသုံးကုန်ပစ္စည်းတွေမှာ ကင်ဆာဖြစ်စေတာတွေက အနှံ့အပြားဖြစ်နေတာဆိုတော့ အထူးသတိထားပြီး ရွေးချယ်သုံးစွဲပါမှ၊ သဘာဝပစ္စည်းများကိုသာ ရွေးချယ်သုံးစွဲပါမှ ကင်ဆာဖြစ်ပွားမှုမှ အထိုက်အလျှောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါကြောင်း ရှာဖွေဖော်ပြပေးလိုက်ပါတယ်။

    Credit – ဒေါက်တာအေးမြချယ်

    Health Digest Journal

    Vol: 13, No: 38, 29-6-2016

    via – drmyanmar.com

  • ကမ္ဘာ့နိုင်ငံအသီးသီးက ထူးခြားဆန်းကြယ်တဲ့ အယူသည်းမှုများ

    (Zawgyi)

    ကမာၻတဝွမ္းက ထူးျခားဆန္းၾကယ္တဲ့ အယူသည္းမႈမ်ား

    ကမာၻတဝွမ္းက မ်ားျပားလွတဲ့ လူမ်ိဳးေတြဟာ သူတို႔ရဲ႕ ႐ိုးရာယုံၾကည္မႈေတြအရ ထူးဆန္းတဲ့ အယူသည္းမႈေတြ ရွိၾကၿပီး အခုေဖာ္ျပေပးမွာကေတာ့ ႏိုင္ငံတကာက လူမ်ိဳးစုေတြအလိုက္ ထူးျခားဆန္းၾကယ္တဲ့ အယူသည္းမႈေတြပဲ ျဖစ္ပါတယ္။

    (၁) ညဘက္ေတြမွာ ပီေကဝါးျခင္းဟာ ကံဆိုးေစတယ္လို႔ တူရကီလူမ်ိဳးေတြနဲ႔ ဟန္ေဂရီလူမ်ိဳးေတြက ယုံၾကည္ၾကပါတယ္။ တူရကီနဲ႔ ဟန္ေဂရီလူမ်ိဳးေတြဟာ ညဘက္ပီေကဝါးျခင္းဟာ လူေသရဲ႕အေရျပားကို ဝါးစားျခင္းနဲ႔တူတယ္လို႔ ယုံၾကည္ လက္ခံထားၾကတာပဲ ျဖစ္ပါတယ္။

    (၂) ေရွးအီဂ်စ္လူမ်ိဳးေတြဟာ အိမ္ထဲမွာ ထီးဖြင့္ျခင္းဟာ ကံဆိုးမႈေတြကို ျဖစ္ေပၚေစတယ္လို႔ ယုံၾကည္ၾကပါတယ္။ ထီးေဆာင္းတယ္ဆိုတာဟာ ေနပူဒဏ္နဲ႔ မိုး႐ြာမႈကို ကာကြယ္ေပးႏိုင္ဖို႔ ဖြင့္ေဆာင္းရတာျဖစ္တာေၾကာင့္ အိမ္ထဲမွာ ထီးဖြင့္ျခင္းဟာ ေနနတ္မင္းကို စိတ္ဆိုးေစၿပီး ကံဆိုးမႈေတြကို ျဖစ္ေပၚေစတယ္လို႔ အီဂ်စ္လူမ်ိဳးေတြက ယုံၾကည္လက္ခံထားၾကပါတယ္။

    (၃) ႐ုရွားလူမ်ိဳးေတြဟာ ပန္းစည္းေပးၾကတဲ့အခါ ပန္းအပြင့္ေရ မ ကိန္းဂဏန္းေပးျခင္းဟာ ေပ်ာ္႐ႊင္မႈကို ျဖစ္ေပၚေစ တယ္လို႔ ယုံၾကည္ထားၾကၿပီး အမ်ိဳးသမီးေတြကို ပန္းစည္းေပးၾကတဲ့အခါ အမ်ားအားျဖင့္ မကိန္းဂဏန္း အေရအတြက္ ကိုသာ ေပးေလ့ရွိၾကပါတယ္။

    (၄) ႐ုရွားလူမ်ိဳးေတြ ေနာက္ထပ္ယုံၾကည္ၾကတဲ့ အယူတခုကေတာ့ မဂၤလာေဆာင္တဲ့ေန႔မွာ မိုး႐ြာတာဟာ သတို႔သားနဲ႔ သတို႔သမီးအတြက္ ေပ်ာ္႐ႊင္ျခင္းနဲ႔ ခ်မ္းသာႂကြယ္ဝျခင္းေတြကို ေဆာင္ၾကဥ္းေပးႏိုင္တယ္လို႔ ယုံၾကည္ၾကပါတယ္။

    ႐ုရွားႏိုင္ငံမွာေတာ့ မဂၤလာေဆာင္တဲ့ေန႔ မိုး႐ြာတာနဲ႔ပက္သက္ၿပီး ဒီလိုမ်ိဳး ယုံၾကည္လက္ခံထားၾကေပမယ့္ တျခားေသာႏိုင္ငံေတြမွာေတာ့ မဂၤလာေဆာင္တဲ့ေန႔ မိုး႐ြာတာဟာ သတို႔သမီးကို ကံဆိုးမႈေတြျဖစ္ေစတယ္လို႔ အယူရွိၾကပါတယ္။

    (၅) စပိန္လူမ်ိဳးေတြဟာ သူတို႔ရဲ႕ႏွစ္သစ္ကူးပြဲေတာ္မွာ စပ်စ္သီး ၁၂ လုံးစားျခင္းဟာ တႏွစ္တာလုံး ကံေကာင္းျခင္း ေတြနဲ႔သာ ႀကဳံေတြ႕ရမွာျဖစ္တယ္လို႔ ယုံၾကည္ထားၾကပါတယ္။

    ႏွစ္သစ္ကူးေျပာင္းတဲ့ ည ၁၂ နာရီ ေခါင္းေလာင္းထိုးခ်ိန္ အတိအက်အတိုင္း စပ်စ္သီး ၁၂ လုံးကို စားျခင္းဟာ ကံေကာင္းမႈေတြနဲ႔ ေအာင္ျမင္ေက်ာ္ၾကားမႈေတြကို ႏွစ္သစ္မွာ ရေစႏိုင္တယ္လို႔ အယူရွိၾကပါတယ္။

    Ref. www.wonderslist.com

    Credit – ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    ကမ္ဘာတဝှမ်းက ထူးခြားဆန်းကြယ်တဲ့ အယူသည်းမှုများ

    ကမ္ဘာတဝှမ်းက များပြားလှတဲ့ လူမျိုးတွေဟာ သူတို့ရဲ့ ရိုးရာယုံကြည်မှုတွေအရ ထူးဆန်းတဲ့ အယူသည်းမှုတွေ ရှိကြပြီး အခုဖော်ပြပေးမှာကတော့ နိုင်ငံတကာက လူမျိုးစုတွေအလိုက် ထူးခြားဆန်းကြယ်တဲ့ အယူသည်းမှုတွေပဲ ဖြစ်ပါတယ်။

    (၁) ညဘက်တွေမှာ ပီကေဝါးခြင်းဟာ ကံဆိုးစေတယ်လို့ တူရကီလူမျိုးတွေနဲ့ ဟန်ဂေရီလူမျိုးတွေက ယုံကြည်ကြပါတယ်။ တူရကီနဲ့ ဟန်ဂေရီလူမျိုးတွေဟာ ညဘက်ပီကေဝါးခြင်းဟာ လူသေရဲ့အရေပြားကို ဝါးစားခြင်းနဲ့တူတယ်လို့ ယုံကြည် လက်ခံထားကြတာပဲ ဖြစ်ပါတယ်။

    (၂) ရှေးအီဂျစ်လူမျိုးတွေဟာ အိမ်ထဲမှာ ထီးဖွင့်ခြင်းဟာ ကံဆိုးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ ယုံကြည်ကြပါတယ်။ ထီးဆောင်းတယ်ဆိုတာဟာ နေပူဒဏ်နဲ့ မိုးရွာမှုကို ကာကွယ်ပေးနိုင်ဖို့ ဖွင့်ဆောင်းရတာဖြစ်တာကြောင့် အိမ်ထဲမှာ ထီးဖွင့်ခြင်းဟာ နေနတ်မင်းကို စိတ်ဆိုးစေပြီး ကံဆိုးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ အီဂျစ်လူမျိုးတွေက ယုံကြည်လက်ခံထားကြပါတယ်။

    (၃) ရုရှားလူမျိုးတွေဟာ ပန်းစည်းပေးကြတဲ့အခါ ပန်းအပွင့်ရေ မ ကိန်းဂဏန်းပေးခြင်းဟာ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေ တယ်လို့ ယုံကြည်ထားကြပြီး အမျိုးသမီးတွေကို ပန်းစည်းပေးကြတဲ့အခါ အများအားဖြင့် မကိန်းဂဏန်း အရေအတွက် ကိုသာ ပေးလေ့ရှိကြပါတယ်။

    (၄) ရုရှားလူမျိုးတွေ နောက်ထပ်ယုံကြည်ကြတဲ့ အယူတခုကတော့ မင်္ဂလာဆောင်တဲ့နေ့မှာ မိုးရွာတာဟာ သတို့သားနဲ့ သတို့သမီးအတွက် ပျော်ရွှင်ခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

    ရုရှားနိုင်ငံမှာတော့ မင်္ဂလာဆောင်တဲ့နေ့ မိုးရွာတာနဲ့ပက်သက်ပြီး ဒီလိုမျိုး ယုံကြည်လက်ခံထားကြပေမယ့် တခြားသောနိုင်ငံတွေမှာတော့ မင်္ဂလာဆောင်တဲ့နေ့ မိုးရွာတာဟာ သတို့သမီးကို ကံဆိုးမှုတွေဖြစ်စေတယ်လို့ အယူရှိကြပါတယ်။

    (၅) စပိန်လူမျိုးတွေဟာ သူတို့ရဲ့နှစ်သစ်ကူးပွဲတော်မှာ စပျစ်သီး ၁၂ လုံးစားခြင်းဟာ တနှစ်တာလုံး ကံကောင်းခြင်း တွေနဲ့သာ ကြုံတွေ့ရမှာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

    နှစ်သစ်ကူးပြောင်းတဲ့ ည ၁၂ နာရီ ခေါင်းလောင်းထိုးချိန် အတိအကျအတိုင်း စပျစ်သီး ၁၂ လုံးကို စားခြင်းဟာ ကံကောင်းမှုတွေနဲ့ အောင်မြင်ကျော်ကြားမှုတွေကို နှစ်သစ်မှာ ရစေနိုင်တယ်လို့ အယူရှိကြပါတယ်။

    Ref. www.wonderslist.com

    Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

  • ဝတဲ့သူေတြ ဒါမွမဟုတ္ ဗိုက္ပူတဲ့သူေတြအတြက္ အရမ္းအဆင္ေျပတယ္။

    (Zawgyi)

    ဝတဲ့သူေတြ ဒါမွမဟုတ္ ဗိုက္ပူတဲ့သူေတြအတြက္ အရမ္းအဆင္ေျပတယ္

    အမတစ္ေယာက္က ရွားေစာင္းလက္ပတ္ယိုေလးတင္ထားတာေတြ႕လို႔ ညီမလည္းျပန္ရွယ္ပါရေစေနာ္။ ဝတဲ့သူေတြ ဒါမွမဟုတ္ ဗိုက္ပူတဲ့သူေတြအတြက္အရမ္းအဆင္ေျပတယ္။ အိမ္ရွင္မ ေတာ္ေတာ္မ်ားမ်ားရဲ႕ဒုကၡက ဗိုက္ပူတာပါပဲ။ ညီမေလ အဲ့ယိုလုပ္နည္းကို ေမေမကတဆင့္ သိတာပါ။ စားၾကည့္ေတာ့ တကယ္ဗိုက္က်တယ္ရွင့္။

    – ရွားေစာင္းလက္ပတ္ ငါးတက္ေလာက္ကို ေဘးကစူးသြားေတြကိုဓားနဲ႔ခြာပီး လက္တစ္ဆစ္ေလာက္ေလးေတြလွီးပါ။ (အခြံမႏႊာေတာ့ ထုပ္ထုပ္ထုပ္ နဲ႔စားလို႔ေကာင္းသလို ပိုေဆးဖက္ဝင္တာေပါ့)

    – ထန္းလ်က္(အညိဳ)ငါးက်ပ္သားေလာက္ကို ဆီ ၅က်ပ္သားေလာက္ထဲကို ထည့္ပီး အရည္ေပ်ာ္ေအာင္ေမႊပါ။

    – ထန္းလ်က္ အရည္ေပ်ာ္သြားရင္ ရွားေစာင္းလက္ပတ္ထည့္ပါ။ ရွားေစာင္းလတ္ပတ္က အရည္ထြက္တဲ့အတြက္ ခနခနေမႊေပးပါ။

    – ရွားေစာင္းလက္ပတ္ အရည္ခမ္းသြားပီး နည္းနည္းခပ္ပ်စ္ပ်စ္ ျဖစ္လာရင္ ငွက္ေပ်ာသီးဖီးၾကမ္း ႏွစ္လုံးကို ပါးပါးလွီးထည့္ပါ။ (ငွက္ေပ်ာသီးက မ်ားလွ်င္ ခ်ဥ္တတ္လို႔ ႏွစ္လုံးဆို လုံေလာက္ပါၿပီ)

    – ၾကက္ဥႏွစ္လုံးကို ေမႊပီးမွ ထည့္ပါ။ ဇြန္းနဲ႔ အဆက္မျပတ္ ေမႊေပးပါ။ ကပ္သြားႏိုင္တဲ့အတြက္ေၾကာင့္ပါ။

    – ၿပီးရင္ တကယ္ကို အရသာရွိတဲ့ ရွားေစာင္းလတ္ပတ္ယိုေလး ရပါၿပီရွင္။ အဖုံးလုံတဲ့ ပုလင္းေလးထဲကို ထည့္သိမ္းၿပီး စားလို႔ရပါၿပီ။

    ညီမ အစက ထင္ထားတာတာက ဆီေတြလည္းမ်ားတယ္။ ၾကက္ဥ ငွက္ေပ်ာသီးေရာဆိုေတာ့ ဝိတ္တက္မွာပဲလို႔ ထင္ထားတာ။ ဒါေပမယ့္ တကယ္စားၾကည့္ေတာ့ ဝမ္းလည္းမွန္သလို မိန္းကေလးေတြနဲ႔ ပတ္သတ္တဲ့ ေရာဂါေတြကိုလည္း ကာကြယ္ေပးတယ္ဆိုေတာ့ စားရက်ိဳးနပ္ပီေပါ့ေနာ္။

    Phyo Lay (စားခ်က္group မွ)

    Credit – ေမသတင္းရပ္ကြက္ေလး

    (Unicode)

    ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက် အရမ်းအဆင်ပြေတယ်

    အမတစ်ယောက်က ရှားစောင်းလက်ပတ်ယိုလေးတင်ထားတာတွေ့လို့ ညီမလည်းပြန်ရှယ်ပါရစေနော်။ ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက်အရမ်းအဆင်ပြေတယ်။ အိမ်ရှင်မ တော်တော်များများရဲ့ဒုက္ခက ဗိုက်ပူတာပါပဲ။ ညီမလေ အဲ့ယိုလုပ်နည်းကို မေမေကတဆင့် သိတာပါ။ စားကြည့်တော့ တကယ်ဗိုက်ကျတယ်ရှင့်။

    – ရှားစောင်းလက်ပတ် ငါးတက်လောက်ကို ဘေးကစူးသွားတွေကိုဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေးတွေလှီးပါ။
    (အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့စားလို့ကောင်းသလို ပိုဆေးဖက်ဝင်တာပေါ့)

    – ထန်းလျက်(အညို)ငါးကျပ်သားလောက်ကို ဆီ ၅ကျပ်သားလောက်ထဲကို ထည့်ပီး အရည်ပျော်အောင်မွှေပါ။

    – ထန်းလျက် အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ။ ရှားစောင်းလတ်ပတ်က အရည်ထွက်တဲ့အတွက် ခနခနမွှေပေးပါ။

    – ရှားစောင်းလက်ပတ် အရည်ခမ်းသွားပီး နည်းနည်းခပ်ပျစ်ပျစ် ဖြစ်လာရင် ငှက်ပျောသီးဖီးကြမ်း နှစ်လုံးကို ပါးပါးလှီးထည့်ပါ။ (ငှက်ပျောသီးက များလျှင် ချဉ်တတ်လို့ နှစ်လုံးဆို လုံလောက်ပါပြီ)

    – ကြက်ဥနှစ်လုံးကို မွှေပီးမှ ထည့်ပါ။ ဇွန်းနဲ့ အဆက်မပြတ် မွှေပေးပါ။ ကပ်သွားနိုင်တဲ့အတွက်ကြောင့်ပါ။

    – ပြီးရင် တကယ်ကို အရသာရှိတဲ့ ရှားစောင်းလတ်ပတ်ယိုလေး ရပါပြီရှင်။ အဖုံးလုံတဲ့ ပုလင်းလေးထဲကို ထည့်သိမ်းပြီး စားလို့ရပါပြီ။

    ညီမ အစက ထင်ထားတာတာက ဆီတွေလည်းများတယ်။ ကြက်ဥ ငှက်ပျောသီးရောဆိုတော့ ဝိတ်တက်မှာပဲလို့ ထင်ထားတာ။ ဒါပေမယ့် တကယ်စားကြည့်တော့ ဝမ်းလည်းမှန်သလို မိန်းကလေးတွေနဲ့ ပတ်သတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးတယ်ဆိုတော့ စားရကျိုးနပ်ပီပေါ့နော်။

    Phyo Lay (စားချက်group မှ)

    Credit – မေသတင်းရပ်ကွက်လေး

  • ပ႐ုပ္လံုးနံ႔ေလး ေမႊးေနတ့ဲ အဝတ္အထည္ ေတြရဲ႕ ေၾကာက္စရာ အႏၲရာယ္

    (Zawgyi)

    ပ႐ုပ္လံုးနံ႔ေလး ေမႊးေနတ့ဲ အဝတ္အထည္ေတြရဲ႕ ေၾကာက္စရာ အႏၲရာယ္

    အဝတ္အထည္ ေလးေတြ ပ႐ုပ္လုးံနံ႕ေလး သင္းေနေအာင္၊ သန္႔႐ွင္းတ့ဲ ရန႔ံေလး၊ ပိုးမႊားေတြတက္မွာလဲ မပူရေအာင္ဆိုၿပီး ပ႐ုပ္လုံးေတြကို ႐ွိသမ်ွ အဝတ္ဗီ႐ို၊ ေမြ႔ယာ၊ ေစာင္ေတြသိမ္းတ့ဲေနရာ၊ သားသား မီးမီးတို႔ရ႕ဲ အဝတ္ျခင္းေတာင္း ေတြထဲမွာ ထည့္ၾကတာ ဆန္းတာလုပ္လို႔ ေျပာစရာ႐ွိတယ္။ ဘာမ်ား မွားျပန္ၿပီလဲေပါ့။

    အဂၤလိပ္ လို Moth Balls လို႔ေခၚၿပီး ျမန္မာျပည္မွာ ပ႐ုပ္လုးံလို႔ သိၾကပါတယ္။ ဆိုလိုတာက ပိုးမႊား ေျပးေအာင္ သုးံတာေပါ့ေလ။ ပါဝင္တ့ဲ ဓာတုေပဒ ဓာတ္က Naphthalene နဲ႔ Paradichlorobenzene. (နပ္ဖ္သလင္း နဲ႕ ပါရာဒိုင္ကလို႐ိုဘန္ဇင္း)ျဖစ္ပါတယ္။

    ပ႐ုပ္လုံးရဲ႕အာနိသင္ကိုက တေျဖးေျဖးလုးံပါးပါးၿပီး အေငြ႔ ပ်ံတာေလ။ ပ်ံတ့ဲ အေငြ႔ေတြက အေပၚက ေျပာတ့ဲ ဓာတုဓာတ္ေတြေပါ့။ စူးစူး႐ွ႐ွန႔ဲ သင္းပ်ံတဲ ရန႔ံလို႔ သတ္မွတ္ထားၾကတ့ဲ အေငြ႔ေတြက သားသား မီးမီး တို႔အျပင္ လူႀကီးေတြေရာ၊ ကေလးငယ္၊ ဖိုးဖိုးဖြားဖြား အားလုးံရဲ႕ က်န္းမာေရးကို ထိခိုက္ေစတ့ဲ အဆိပ္ေငြ႔ သေဘာပါပဲ။ ေျဖးေျဖးခ်င္း သူလဲလုးံပါးပါးရင္း ကိုယ္ကိုလဲထိခိုက္ေနတာေပါ့။

    အနဲအမ်ားပဲကြာတယ္။ သိေတာင္မသိလိုက္ၾကဘူး။ အဲဒီ အေငြ႔ေတြက မ်က္စိ၊ အသက္ရွဴ လမ္းေၾကာင္း စတာေတြကို အေႏွာင့္အယွက္ျဖစ္ေစတယ္။ ေခါင္းကိုက္တာ၊ မူးတာ၊ အန္ခ်င္တာျဖစ္တတ္တယ္။ တခ်ိဳ႕ ေလ့လာမုွေတြအရ ကင္ဆာအခ်ိဳ႕န႔ဲေတာင္ စပ္ဆက္မုွ႐ွိတယ္ဆိုပဲ။

    နပ္ဖ္သလင္းဓာတ္က ပိုဆိုးတ့ဲ အဆိပ္ဓာတ္ပါ။ ေသြးနီဥေလးေတြကို အခ်ိန္မတိုင္ခင္ပ်က္စီးေစတ့ဲ အာနိသင္႐ွိတယ္။ ေသြးအားနည္းေရာဂါ၊ေသြးနီဥေတြပ်က္စီးရင္ျဖစ္တ့ဲ အက်ိဳးဆက္ေတြျဖစ္တတ္တယ္။ G6PD ဆိုတ့ဲ အင္ဇိုင္း ခ်ိဳ႕တ့ဲမုွ႐ွိသူေတြဆို ပိုၿပီးေတာင္ထိခိုက္တယ္။ လူႀကီးန႔ဲ ကေလး ခံရတာခ်င္း ဘာကြာမလဲ ေမးစရာ႐ွိတယ္။ကေလးေတြရ႕ဲ ဒီအဆိပ္ဓာတ္ေတြကို ကိုယ္ကေနထုတ္ျပစ္ႏိုင္တ့ဲ အားအင္က လူႀကီးထက္စာရင္နဲေသးတယ္ေလ။ ဒါေၾကာင့္ ပို အႏၲရာယ္႐ွိတာေပါ့၊လူႀကီးေတြအတြက္လဲ မေကာင္းပါဘူး။

    ခုေခတ္မွာ ပ႐ုပ္လုးံ ျဖဴျဖဴေလးေတြတင္မကေတာ့ဘူး၊ အေရာင္စုံ ဒီဇိုင္းစုံ န႔ဲဆိုေတာ့ ခ်စ္စရာေကာင္းတ့ဲပုံ မ်ိဳးစုံေစ်းကြက္ထဲမွာေပၚေနပါတယ္။ ဗီ႐ိုေထာင့္၊ျခင္းေထာင္းေထာင့္မွာေတြ႕ရင္၊ ၾကမ္းေပၚလိမ့္က်ေနတာ ေတြ႔ရင္ သားပိစိ၊ သမီးပိစိေလးေတြက ထုးံစံအတိုင္း ပါးစပ္ထဲ ေကာက္ထည့္လိုက္မွာပဲ၊ ဒါဆို ပိုဆိုး။ ဒါေၾကာင့္ေသခ်ာ သိမ္းရတယ္။

    ဟုတ္ၿပီ အေငြ႔က ႐ွဴမိလို႔ ေရ႐ွည္မေကာင္းဘူးဆိုရင္ ပ႐ုပ္လုးံန႔ဲ အၾကာႀကီးထိေတြ႔ထားတ့ဲ အဝတ္ကို ဝတ္ရင္ေရာလို႔ေမးစရာ႐ွိတယ္ေနာ္။ အေရျပားကေန ထိေတြ႔တာလဲ မေကာင္းပါဘူး။ ဓာတ္ေတြက အဝတ္ေတြထဲမွာစိမ့္ဝင္ၿပီး ႐ွိေနပါတယ္။ ျပန္ေလ်ွာ္ၿပီး ေနလွန္းေျခာက္သြားမွ ဝတ္ေပးတာ ေကာင္းပါတယ္။

    ပ႐ုပ္လုးံမ သုံးရင္ အန႔ံေတြ ေပ်ာက္ေအာင္ဘယ္လိုလုပ္ရမလဲ? ပိုးေကာင္ေတြေျပးေအာင္ ဘယ္လိုလုပ္ရမလဲ? ပ႐ုပ္လုးံဝယ္ရင္ အထက္က ေျပာတ့ဲ ဓာတုနာမည္ပါတာဆိုရင္ ေဝးေဝးကေ႐ွာင္ပါ။ တခ်ိဳ႕ပ႐ုပ္လုးံေတြက ထင္း႐ွဴးသားန႔ဲလုပ္တာ ႐ွိတတ္တယ္ သုံးလို႔ရတယ္။ ျမန္မာျပည္မွာ ႐ွိမယ္မထင္ဘူး။ ထင္း႐ွဴးသားေလး ထည့္ထားတာမ်ိဳး လုပ္လို႔ရတယ္။ အေကာင္းဆုးံကေတာ့ ေသခ်ာေလ်ွာ္ ေနပူပူမွာလွန္းလွန္ေပး။ အိတ္ေလးေတြန႔ဲသိမ္းေပးရင္ ပိုးေကာင္ မႊားေကာင္ေတြဝင္ဖို႕ ခက္သြားပါၿပီ။ တခ်ိဳ႕ၾကေတာ့ ေလးညႇင္းပြင့္ေလးေတြ၊ ထင္း႐ွဴးသားသန္႔သန္႔ေလးေတြကို အဝတ္အိတ္ေလးထဲခ်ဳပ္ထည့္ၿပီး ဗီ႐ိုေထာင့္ေလးေတြမွာထားၾကတယ္။

    ဘာပဲဝယ္ဝယ္၊ ဘာပါဝင္လဲဆိုတာ ဖတ္ပါ။ ထုပ္ပိုးထားတာေလးလွတိုင္း အေကာင္းစား မဟုတ္ပါ။ ခုေပၚေနတ့ဲ အေမႊးရည္စတာေတြရ႕ဲ တခုခ်င္းဆီမွာ ဘာပါသလဲဆိုတာ ဖတ္ၾကည့္ပါ။ အထက္က ေျပာတ့ဲ ဓာတ္ေတြပါလားလို႔ပါ။ ဒါေပမ့ဲ အတုေတြေပါတ့ဲ ေခတ္၊ အတုမ်ိဳးစုံ ကိုယ္ႏိုင္ငံဝင္လာေနတ့ဲ အခ်ိန္မွာ ေတာ္ေတာ္ သတိထားရပါမယ္။ ဒီမွတ္စုေလး ဖတ္ၿပီးခ်ိန္မွာ မိဘ ေတြစိုးရိမ္ၾကမယ္၊ သုံးေနတာ ဘာလုပ္ရမယ္ စိတ္ပူမွာပဲ။ ဆက္မသုံးေတာ့ရင္ အေကာင္းဆုးံပါ။ ေရာဂါလကၡဏာ တခုထဲၾကည့္ၿပီး ပ႐ုပ္လုးံသုံးခ့ဲတာေၾကာင့္ တထစ္ခ် ေျပာမရပါ။ ေဆး႐ုံ ေဆးခန္းမွာျပသ စစ္ေဆးခံယူပါ။

    Credit – Child Health Myanmar

    (Unicode)

    ပရုပ်လုံးနံ့လေး မွှေးနေတဲ့ အဝတ်အထည်တွေရဲ့ ကြောက်စရာ အန္တရာယ်

    အဝတ်အထည် လေးတွေ ပရုပ်လုးံနံ့လေး သင်းနေအောင်၊ သန့်ရှင်းတဲ့ ရနံ့လေး၊ ပိုးမွှားတွေတက်မှာလဲ မပူရအောင်ဆိုပြီး ပရုပ်လုံးတွေကို ရှိသမျှ အဝတ်ဗီရို၊ မွေ့ယာ၊ စောင်တွေသိမ်းတဲ့နေရာ၊ သားသား မီးမီးတို့ရဲ့ အဝတ်ခြင်းတောင်း တွေထဲမှာ ထည့်ကြတာ ဆန်းတာလုပ်လို့ ပြောစရာရှိတယ်။ ဘာများ မှားပြန်ပြီလဲပေါ့။

    အင်္ဂလိပ် လို Moth Balls လို့ခေါ်ပြီး မြန်မာပြည်မှာ ပရုပ်လုးံလို့ သိကြပါတယ်။ ဆိုလိုတာက ပိုးမွှား ပြေးအောင် သုးံတာပေါ့လေ။ ပါဝင်တဲ့ ဓာတုပေဒ ဓာတ်က Naphthalene နဲ့ Paradichlorobenzene. (နပ်ဖ်သလင်း နဲ့ ပါရာဒိုင်ကလိုရိုဘန်ဇင်း)ဖြစ်ပါတယ်။

    ပရုပ်လုံးရဲ့အာနိသင်ကိုက တဖြေးဖြေးလုးံပါးပါးပြီး အငွေ့ ပျံတာလေ။ ပျံတဲ့ အငွေ့တွေက အပေါ်က ပြောတဲ့ ဓာတုဓာတ်တွေပေါ့။ စူးစူးရှရှနဲ့ သင်းပျံတဲ ရနံ့လို့ သတ်မှတ်ထားကြတဲ့ အငွေ့တွေက သားသား မီးမီး တို့အပြင် လူကြီးတွေရော၊ ကလေးငယ်၊ ဖိုးဖိုးဖွားဖွား အားလုးံရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆိပ်ငွေ့ သဘောပါပဲ။ ဖြေးဖြေးချင်း သူလဲလုးံပါးပါးရင်း ကိုယ်ကိုလဲထိခိုက်နေတာပေါ့။

    အနဲအများပဲကွာတယ်။ သိတောင်မသိလိုက်ကြဘူး။ အဲဒီ အငွေ့တွေက မျက်စိ၊ အသက်ရှူ လမ်းကြောင်း စတာတွေကို အနှောင့်အယှက်ဖြစ်စေတယ်။ ခေါင်းကိုက်တာ၊ မူးတာ၊ အန်ချင်တာဖြစ်တတ်တယ်။ တချို့ လေ့လာမုှတွေအရ ကင်ဆာအချို့နဲ့တောင် စပ်ဆက်မုှရှိတယ်ဆိုပဲ။

    နပ်ဖ်သလင်းဓာတ်က ပိုဆိုးတဲ့ အဆိပ်ဓာတ်ပါ။ သွေးနီဥလေးတွေကို အချိန်မတိုင်ခင်ပျက်စီးစေတဲ့ အာနိသင်ရှိတယ်။ သွေးအားနည်းရောဂါ၊သွေးနီဥတွေပျက်စီးရင်ဖြစ်တဲ့ အကျိုးဆက်တွေဖြစ်တတ်တယ်။ G6PD ဆိုတဲ့ အင်ဇိုင်း ချို့တဲ့မုှရှိသူတွေဆို ပိုပြီးတောင်ထိခိုက်တယ်။ လူကြီးနဲ့ ကလေး ခံရတာချင်း ဘာကွာမလဲ မေးစရာရှိတယ်။ကလေးတွေရဲ့ ဒီအဆိပ်ဓာတ်တွေကို ကိုယ်ကနေထုတ်ပြစ်နိုင်တဲ့ အားအင်က လူကြီးထက်စာရင်နဲသေးတယ်လေ။ ဒါကြောင့် ပို အန္တရာယ်ရှိတာပေါ့၊လူကြီးတွေအတွက်လဲ မကောင်းပါဘူး။

    ခုခေတ်မှာ ပရုပ်လုးံ ဖြူဖြူလေးတွေတင်မကတော့ဘူး၊ အရောင်စုံ ဒီဇိုင်းစုံ နဲ့ဆိုတော့ ချစ်စရာကောင်းတဲ့ပုံ မျိုးစုံဈေးကွက်ထဲမှာပေါ်နေပါတယ်။ ဗီရိုထောင့်၊ခြင်းထောင်းထောင့်မှာတွေ့ရင်၊ ကြမ်းပေါ်လိမ့်ကျနေတာ တွေ့ရင် သားပိစိ၊ သမီးပိစိလေးတွေက ထုးံစံအတိုင်း ပါးစပ်ထဲ ကောက်ထည့်လိုက်မှာပဲ၊ ဒါဆို ပိုဆိုး။ ဒါကြောင့်သေချာ သိမ်းရတယ်။

    ဟုတ်ပြီ အငွေ့က ရှူမိလို့ ရေရှည်မကောင်းဘူးဆိုရင် ပရုပ်လုးံနဲ့ အကြာကြီးထိတွေ့ထားတဲ့ အဝတ်ကို ဝတ်ရင်ရောလို့မေးစရာရှိတယ်နော်။ အရေပြားကနေ ထိတွေ့တာလဲ မကောင်းပါဘူး။ ဓာတ်တွေက အဝတ်တွေထဲမှာစိမ့်ဝင်ပြီး ရှိနေပါတယ်။ ပြန်လျှော်ပြီး နေလှန်းခြောက်သွားမှ ဝတ်ပေးတာ ကောင်းပါတယ်။

    ပရုပ်လုးံမ သုံးရင် အနံ့တွေ ပျောက်အောင်ဘယ်လိုလုပ်ရမလဲ? ပိုးကောင်တွေပြေးအောင် ဘယ်လိုလုပ်ရမလဲ? ပရုပ်လုးံဝယ်ရင် အထက်က ပြောတဲ့ ဓာတုနာမည်ပါတာဆိုရင် ဝေးဝေးကရှောင်ပါ။ တချို့ပရုပ်လုးံတွေက ထင်းရှူးသားနဲ့လုပ်တာ ရှိတတ်တယ် သုံးလို့ရတယ်။ မြန်မာပြည်မှာ ရှိမယ်မထင်ဘူး။ ထင်းရှူးသားလေး ထည့်ထားတာမျိုး လုပ်လို့ရတယ်။ အကောင်းဆုးံကတော့ သေချာလျှော် နေပူပူမှာလှန်းလှန်ပေး။ အိတ်လေးတွေနဲ့သိမ်းပေးရင် ပိုးကောင် မွှားကောင်တွေဝင်ဖို့ ခက်သွားပါပြီ။ တချို့ကြတော့ လေးညှင်းပွင့်လေးတွေ၊ ထင်းရှူးသားသန့်သန့်လေးတွေကို အဝတ်အိတ်လေးထဲချုပ်ထည့်ပြီး ဗီရိုထောင့်လေးတွေမှာထားကြတယ်။

    ဘာပဲဝယ်ဝယ်၊ ဘာပါဝင်လဲဆိုတာ ဖတ်ပါ။ ထုပ်ပိုးထားတာလေးလှတိုင်း အကောင်းစား မဟုတ်ပါ။ ခုပေါ်နေတဲ့ အမွှေးရည်စတာတွေရဲ့ တခုချင်းဆီမှာ ဘာပါသလဲဆိုတာ ဖတ်ကြည့်ပါ။ အထက်က ပြောတဲ့ ဓာတ်တွေပါလားလို့ပါ။ ဒါပေမဲ့ အတုတွေပေါတဲ့ ခေတ်၊ အတုမျိုးစုံ ကိုယ်နိုင်ငံဝင်လာနေတဲ့ အချိန်မှာ တော်တော် သတိထားရပါမယ်။ ဒီမှတ်စုလေး ဖတ်ပြီးချိန်မှာ မိဘ တွေစိုးရိမ်ကြမယ်၊ သုံးနေတာ ဘာလုပ်ရမယ် စိတ်ပူမှာပဲ။ ဆက်မသုံးတော့ရင် အကောင်းဆုးံပါ။ ရောဂါလက္ခဏာ တခုထဲကြည့်ပြီး ပရုပ်လုးံသုံးခဲ့တာကြောင့် တထစ်ချ ပြောမရပါ။ ဆေးရုံ ဆေးခန်းမှာပြသ စစ်ဆေးခံယူပါ။

    Credit – Child Health Myanmar

  • ဒီအခ်က္ ရွစ္ခ်က္ ျဖစ္ေပၚေနရင္ သင့္အသည္းမွာ ျပႆနာရွိေနပါျပီ။

    (Zawgyi)

    သင့္အသည္းမွာ ျပႆနာ ရွိေနၿပီလို႔ သိႏိုင္မယ့္ အခ်က္ ၈ ခ်က္

    အသည္းဟာ လူ႔ခႏၶာကိုယ္အတြင္းက အႀကီးစား အဂၤါတခုလည္း ျဖစ္ပါတယ္။ သင္ မဆင္မျခင္ စားသုံးလိုက္တဲ့ အစာေတြက သင့္အသည္းကို ထိခိုက္ႏိုင္ေစပါတယ္။ က်န္းမာတဲ့ စားေသာက္ပုံကသာ သင့္အသည္းကို က်န္းမာေစၿပီး အဆိပ္အေတာက္ ျဖစ္ေစတဲ့ အစားအစာေတြကို စားသုံးတာ မ်ားတဲ့အခါ သင့္အသည္းက ဘာေတြျဖစ္လာသလဲဆိုတာ ေျပာျပေပးပါမယ္။

    (၁) ရင္ဘတ္ နာလာတယ္

    သင့္အသည္းမွာ အညစ္အေၾကး၊ အဆိပ္ေတြ ျပည့္လာတဲ့အခါ အသည္းက နာလာပါလိမ့္မယ္။ အသည္းက ဝမ္းဗိုက္ အေပၚပိုင္းမွာ ရွိပါတယ္။ အထူးသျဖင့္ အစာအိမ္နဲ႔ ရင္ညႇပ္႐ိုးၾကားမွာ ရွိတာကို ပုံပါအတိုင္း ေတြ႕ရပါလိမ့္မယ္။ အဲဒီ့ေနရာက ျပင္းျပင္းထန္ထန္ နာက်င္ေနၿပီဆိုရင္ သင့္အသည္းမွာ ျပႆနာရွိေနပါၿပီ။

    (၂) ေျခက်င္းဝတ္နဲ႔ ေျခေထာက္ ေရာင္ရမ္းလာတယ္

    အသည္းနဲ႔ ပတ္သက္ၿပီး ျဖစ္လာတဲ့ အေျခအေနကို လ်စ္လ်ဴရႈ ထားလိုက္မယ္ဆိုရင္ ေနာက္ဆက္တြဲ အေနနဲ႔ Portal Hypertension ကို ျဖစ္လာေစပါတယ္။ ဒီအရာက ေျခေထာက္ေတြေ ရာင္လာေစၿပီး နာက်င္မႈကိုေတာ့မခံစားရဘူးလို႔ ဆိုပါတယ္။

    (၃) ဝိတ္တက္လာမယ္

    ပထမဆုံး သတိျပဳမိႏိုင္မယ့္ အခ်က္ကေတာ့ ကိုယ္အေလးခ်ိန္ပါပဲ။ အစားေတြ အမ်ားႀကီး မစားဘဲနဲ႔ ဝလာတယ္ဆိုရင္ သင့္အသည္းမွာ အဆိပ္အေတာက္ေတြ မ်ားေနလို႔ ျဖစ္ႏိုင္တဲ့အတြက္ အသည္းကို သန႔္စင္ေပးမဲ့ Detox ဆိုတာမ်ိဳးနဲ႔ ဝိတ္ျပန္ခ်ႏိုင္ပါတယ္။

    (၄) Allergy (ဓာတ္မတည့္၍ ယားယံမႈ)

    Allergy ျဖစ္တာဟာ ေသြးထဲမွာ မသန႔္တဲ့အရာေတြ ဝင္ေရာက္ေနတဲ့အတြက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင္ဟာ Allergy ခဏခဏ ျဖစ္တတ္တယ္ဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

    (၅) မ်က္လုံးဝါျခင္း

    အေရျပားနဲ႔ မ်က္လုံးေတြ ဝါေနတာဟာလည္း သင့္အသည္းက်န္းမာေရးနဲ႔ ဆက္စပ္ေနပါတယ္။ ပုံမွန္ မဟုတ္တဲ့ မ်က္လုံးအဝါေတြဟာ သင့္မွာ Jaundice ကို ခံစားေနရၿပီလို႔ ေဖာ္ျပေနပါတယ္။ Juandice ဆိုတာ ဖ်ားနာျခင္း မဟုတ္ဘဲ သင့္အသည္း ထိခိုက္ပ်က္စီးေနတဲ့ လကၡဏာပဲ ျဖစ္ပါတယ္။

    (၆) ပင္ပန္းႏြမ္းနယ္ေနျခင္း

    သင္ဟာ အနည္းဆုံး ၆ လတိုင္တိုင္ ပင္ပန္းႏြမ္းနယ္ျခင္းကို ခံစားေနရၿပီဆိုရင္ မေပါ့ဆသင့္ပါဘူး။ သင့္အသည္းက က်န္းမာေနတဲ့အခါ ခႏၶာကိုယ္ကလိုအပ္တဲ့ စြမ္းအင္အတြက္ Glucose ထုတ္ေပးႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Glucose အျပည့္အဝ မရတဲ့ ခႏၶာကိုယ္က အၿမဲလိုလို ပင္ပန္းေနတာ ျဖစ္ပါတယ္။

    (၇) ေအာ့အန္ျခင္း

    အသည္းက အဆိပ္အေတာက္ေတြကို မေခ်ဖ်က္ႏိုင္ေတာ့တဲ့အခါ သင္ဟာ မအီမသာနဲ႔ ေအာ့အန္ခ်င္သလို အၿမဲ ခံစားရပါလိမ့္မယ္။

    (၈) ကိုလက္စထေရာ ျမင့္တက္လာမယ္

    သင့္ကိုယ္အေလးခ်ိန္နဲ႔ ပတ္သက္ၿပီး ကိုလက္စထေရာ ျမင့္တက္လာတဲ့အခါ အမွန္ပဲ အသည္းမွာ ျပႆနာ ရွိေနႏိုင္ပါတယ္။

    ဒါဆိုရင္ အသည္းက သင့္က်န္းမာေရးနဲ႔ ပတ္သက္ၿပီး အေရးပါ အရာေရာက္တဲ့အတြက္ သင့္အသည္းကို မထိခိုက္ေစရေအာင္ အစားအေသာက္ေတြ ဆင္ျခင္စားဖို႔ အႀကံျပဳလိုက္ပါတယ္။

    Ref ; www.providr.com

    Credit – Crayon (ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    သင့်အသည်းမှာ ပြဿနာ ရှိနေပြီလို့ သိနိုင်မယ့် အချက် ၈ ချက်

    အသည်းဟာ လူ့ခန္ဓာကိုယ်အတွင်းက အကြီးစား အင်္ဂါတခုလည်း ဖြစ်ပါတယ်။ သင် မဆင်မခြင် စားသုံးလိုက်တဲ့ အစာတွေက သင့်အသည်းကို ထိခိုက်နိုင်စေပါတယ်။ ကျန်းမာတဲ့ စားသောက်ပုံကသာ သင့်အသည်းကို ကျန်းမာစေပြီး အဆိပ်အတောက် ဖြစ်စေတဲ့ အစားအစာတွေကို စားသုံးတာ များတဲ့အခါ သင့်အသည်းက ဘာတွေဖြစ်လာသလဲဆိုတာ ပြောပြပေးပါမယ်။

    (၁) ရင်ဘတ် နာလာတယ်

    သင့်အသည်းမှာ အညစ်အကြေး၊ အဆိပ်တွေ ပြည့်လာတဲ့အခါ အသည်းက နာလာပါလိမ့်မယ်။ အသည်းက ဝမ်းဗိုက် အပေါ်ပိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် အစာအိမ်နဲ့ ရင်ညှပ်ရိုးကြားမှာ ရှိတာကို ပုံပါအတိုင်း တွေ့ရပါလိမ့်မယ်။ အဲဒီ့နေရာက ပြင်းပြင်းထန်ထန် နာကျင်နေပြီဆိုရင် သင့်အသည်းမှာ ပြဿနာရှိနေပါပြီ။

    (၂) ခြေကျင်းဝတ်နဲ့ ခြေထောက် ရောင်ရမ်းလာတယ်

    အသည်းနဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ အခြေအနေကို လျစ်လျူရှု ထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ Portal Hypertension ကို ဖြစ်လာစေပါတယ်။ ဒီအရာက ခြေထောက်တွေေ ရာင်လာစေပြီး နာကျင်မှုကိုတော့မခံစားရဘူးလို့ ဆိုပါတယ်။

    (၃) ဝိတ်တက်လာမယ်

    ပထမဆုံး သတိပြုမိနိုင်မယ့် အချက်ကတော့ ကိုယ်အလေးချိန်ပါပဲ။ အစားတွေ အများကြီး မစားဘဲနဲ့ ဝလာတယ်ဆိုရင် သင့်အသည်းမှာ အဆိပ်အတောက်တွေ များနေလို့ ဖြစ်နိုင်တဲ့အတွက် အသည်းကို သန့်စင်ပေးမဲ့ Detox ဆိုတာမျိုးနဲ့ ဝိတ်ပြန်ချနိုင်ပါတယ်။

    (၄) Allergy (ဓာတ်မတည့်၍ ယားယံမှု)

    Allergy ဖြစ်တာဟာ သွေးထဲမှာ မသန့်တဲ့အရာတွေ ဝင်ရောက်နေတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ Allergy ခဏခဏ ဖြစ်တတ်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    (၅) မျက်လုံးဝါခြင်း

    အရေပြားနဲ့ မျက်လုံးတွေ ဝါနေတာဟာလည်း သင့်အသည်းကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ ပုံမှန် မဟုတ်တဲ့ မျက်လုံးအဝါတွေဟာ သင့်မှာ Jaundice ကို ခံစားနေရပြီလို့ ဖော်ပြနေပါတယ်။ Juandice ဆိုတာ ဖျားနာခြင်း မဟုတ်ဘဲ သင့်အသည်း ထိခိုက်ပျက်စီးနေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

    (၆) ပင်ပန်းနွမ်းနယ်နေခြင်း

    သင်ဟာ အနည်းဆုံး ၆ လတိုင်တိုင် ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားနေရပြီဆိုရင် မပေါ့ဆသင့်ပါဘူး။ သင့်အသည်းက ကျန်းမာနေတဲ့အခါ ခန္ဓာကိုယ်ကလိုအပ်တဲ့ စွမ်းအင်အတွက် Glucose ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Glucose အပြည့်အဝ မရတဲ့ ခန္ဓာကိုယ်က အမြဲလိုလို ပင်ပန်းနေတာ ဖြစ်ပါတယ်။

    (၇) အော့အန်ခြင်း

    အသည်းက အဆိပ်အတောက်တွေကို မချေဖျက်နိုင်တော့တဲ့အခါ သင်ဟာ မအီမသာနဲ့ အော့အန်ချင်သလို အမြဲ ခံစားရပါလိမ့်မယ်။

    (၈) ကိုလက်စထရော မြင့်တက်လာမယ်

    သင့်ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ကိုလက်စထရော မြင့်တက်လာတဲ့အခါ အမှန်ပဲ အသည်းမှာ ပြဿနာ ရှိနေနိုင်ပါတယ်။

    ဒါဆိုရင် အသည်းက သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရေးပါ အရာရောက်တဲ့အတွက် သင့်အသည်းကို မထိခိုက်စေရအောင် အစားအသောက်တွေ ဆင်ခြင်စားဖို့ အကြံပြုလိုက်ပါတယ်။

    Ref ; www.providr.com

    Credit – Crayon (ဧရာဝတီ), The Irrawaddy – Burmese Edition