(Zawgyi)
ေအးေသာရာသီတြင္ ေရေႏြး ခ်ဳိးျခင္းအက်ိဳးအျပစ္
ေရခ်ိဳးျခင္းသည္ စင္ၾကယ္၏။ အသက္ကုိ ရွည္ေစတတ္၏။ ပင္ပန္းျခင္း၊ ေခၽြး၊ အညစ္အေၾကးတို႔ကို ပယ္ႏိုင္၏။ အားကိုျဖစ္ေစတတ္၏။ ၾသဇာကို လြန္စြာျဖစ္ေစတတ္၏။
ေရေႏြးျဖင့္ ဦးေခါင္းကို ေဆးေလွ်ာ္ျခင္းသည္ အားကိုျဖစ္ေစတတ္၏။ ဆံပင္၊ မ်က္စိႏွင့္ မသင့္။ (ေရေႏြးျဖင့္ ေရခ်ဳိးျခင္း၊ ေခါင္းေလွ်ာ္ျခင္းသည္ ကိုယ္စင္ၾကယ္ျခင္းမွ်သာျဖစ္သည္။ ဆိုခဲ့ၿပီးေသာေရခ်ဳိးျခင္း ၏ အက်ဳိးအျပစ္မရွိၿပီ။)
ဦးေခါင္းေဆးေလွ်ာ္၍ ေရခ်ဳိးျခင္းသည္ ေရငတ္ျခင္း၊ အာေစာက္၊ ပါးစပ္ေျခာက္ျခင္းတို႔ကို ႏိုင္၏။ အညစ္အေၾကးကို စင္ၾကယ္ေစတတ္၏။ ကိုယ္၏ပူအိုက္ျခင္း၊ ဝက္ၿခံ၊ ယားနာ၊ သည္းေျခေၾကာင့္ ျဖစ္ေသာ ဦးေခါင္းနာတို႔ကို ႏိုင္၏။
ေလ၊ သလိပ္နာရွိေသာသူသည္ ေရေအးမခ်ဳိးေကာင္း၊ စဥ္းငယ္ေႏြးေသာ ေရေႏြးကိုသာ ခ်ဳိးရမည္။ ေသြးနာ၊ သည္းေျခနာရွိေသာ လူသည္လည္း ေရေႏြးမခ်ဳိးေကာင္း၊ ေရေအးကိုသာ ခ်ဳိးရမည္။
( ေယာအတြင္းဝန္ ဦးဖိုးလိႈင္ ဥတုေဘာဇနသဂၤဟက်မ္း ေရတုိ႔၏ ဂုဏ္ကုိျပျခင္းမွ)
ထို႔အျပင္ မ်က္ႏွာ ပါးစပ္ရြဲ႕ေသာသူ၊ ေလနာရွိေသာသူ၊ မ်က္စိနာရွိေသာသူ၊ ခံတြင္းနာရွိေသာသူ၊ ဝမ္းေရာင္ ေသာသူ၊ ႏွာေစးေသာသူ၊ အစာမေၾကေသာသူ၊ အစာစားၿပီးေနာက္ စားေသာ အစာမေၾကေသာ သူတို႔ သည္ ေရမခ်ိဳးအပ္ကုန္ဟုလည္း ေနာက္ဆက္တြဲ ေဖၚျပထားသည္ကို ေလ့လာေတြ႕ရွိရသည္။
ေရေႏြးခ်ိဳးျခင္း၏အျပစ္
လက္ေတြ႕တြင္ စာေရးသူကိုယ္တိုင္ ေအးေသာေဆာင္းတြင္းတြင္ နံနက္ေစာေစာ လမ္းေလွ်ာက္ ေလ့က်င့္ခန္းလုပ္ၿပီး ေရေအးမခ်ဳိးႏိုင္ပါ။ ေရေႏြးစပ္ေပးသည့္ Heater တပ္ဆင္ထားၿပီး ေရေအးပိုက္ႏွင့္ ေပါင္းစပ္၍ အေတာ္အသင့္ ေႏြးေအာင္စပ္ၿပီးခ်ဳိးသည္။ တစ္ခါတစ္ရံ ေရေႏြးအစပ္မ်ားသြားလွ်င္ ခႏၶာကိုယ္ ထဲမွ အပူမထြက္သည့္အျပင္ တစ္ေနကုန္ ေညာင္းညာၿပီးေနမေကာင္း ျဖစ္သည္။ မ်က္စိလည္း ၾကည့္မ ေကာင္း မ်က္မွန္တြင္ အခိုးမ်ားရိုက္ေနသကဲ့သို႔ ခံစားရသည္။
ထို႔ေၾကာင့္ ေရေႏြးကိုေလ်ာ့ၿပီး ေရေအးကို ပို၍ ခ်ဳိးေသာအခါ အဆင္ေျပသည္။ ေရေႏြးမ်ားလွ်င္ ဆံပင္ေျခာက္ျခင္း၊ ၾကမ္းျခင္း၊ ငယ္ထိပ္မွ ဆံပင္မ်ားကၽြတ္ျခင္းကို လက္ေတြ႕ခံစားရသျဖင့္ ေရေႏြးမ်ားမ်ား စပ္၍ ခ်ဳိးျခင္းမွာ မေကာင္းပါ။
ေနာက္တစ္နည္းမွာ မိတ္ေဆြတစ္ဦးက အႀကံေပးသျဖင့္ စမ္းသပ္ၾကည့္ေသာအခါ ပို၍ အဆင္ေျပ သည္။ အေညာင္းအညာ ကင္းသည္ကိုေတြ႕ရသည္။ ေရေႏြးစပ္ေသာေရကို အရင္ခ်ဳိးသည္။ ဆပ္ျပာတိုက္၊ ေၾကးတြန္း၊ ရွန္ပူျဖင့္ ေခါင္းေလွ်ာ္ၿပီးလွ်င္ ေရေႏြးခ်ိဳးျခင္းကို ရပ္ၿပီး ပံုးျဖင့္ထည့္ထားေသာ ေရေအးကို ဒူးမွ ေအာက္ပိုင္း သံုးခြက္ခန္႔ေလာင္းခ်သည္။ ထို႔ေနာက္ ေပါင္လယ္ခန္႔မွ ေအာက္သို႔ သံုးခြက္ခန္႔္ေလာင္းခ် သည္။ တျဖည္းျဖည္းအေပၚသို႔ တက္ေလာင္းၿပီး ေရေအးသံုးခြက္ခန္႔ ေခါင္းမွ ေလာင္းခ်ေသာအခါ ရွိန္းခနဲ ျဖစ္ၿပီး အခိုးေငြ႕မ်ားထြက္လာသည္။ ေရေအးေၾကာင့္ အခိုးအေငြ႕မ်ား ထြက္သြားၿပီးေသာအခါ မခ်မ္းေတာ့ ဘဲ တစ္ကိုယ္လံုး ပူေႏြးလာသည္ကို ထူးဆန္းစြာေတြ႕ရွိ ခံစားရသည္။
ထို႔ေၾကာင့္ မိုးတြင္း၊ ေဆာင္းတြင္း ေအးခ်မ္းေသာအခါတြင္ လူလတ္၊ လူႀကီးမ်ား ေရေႏြးစပ္ၿပီး ေရခ်ဳိးျခင္းမွာ မမွားပါ။ သို႔ေသာ္ ေရေႏြးခ်ဳိးၿပီး အပူမငုပ္ေစရန္၊ ငုပ္သြားေသာအပူမ်ား ျပန္ထြက္ေစရန္ အတြက္ ဒူးေအာက္မွ စၿပီး အထက္သို႔ ေရေအးခ်ိဳးျခင္းကို တစ္ဆင့္ၿပီးတစ္ဆင့္ တျဖည္းျဖည္း ေရေအးခ်ဳိး၍ အဆံုးသတ္ျခင္းက ပို၍ ေကာင္းမြန္ၿပီး က်န္းမာေရးႏွင့္လည္း ညီညြတ္ေစႏိုင္ေၾကာင္း တင္ျပလုိသည္။
မိတ္ေဆြတစ္ဦး၏ ေရေႏြးခ်ိဳးနည္း
ေရေႏြး ေရေအးခ်ဳိးျခင္းႏွင့္ ပက္သတ္၍ စကားစပ္မိၾကရာ… စာေရးသူက ေရေႏြးခ်ဳိးၿပီးမွ ေနာက္ ဆံုးတြင္ ေရေအးကုိ ၃-၄ ခြက္ခ်ဳိးလုိက္ရာ အခိုးမ်ားပြင့္သြားသည္ဟု မိမိလုပ္ေနက် နည္းကိုေျပာသည္။ က်မ္းမာေရးစကားဝိုင္းတြင္ ပါဝင္သူမ်ားကလည္း သူတို႔ကိုယ္ေတြ႕မ်ား ေျပာၾကရာ မိမိႏွင့္ တူသူမ်ားလည္း ရွိသည္။
ထုိအထဲတြင္ ထူးျခားသည္မွာ စာေရးသူ၏မိတ္ေဆြ စာေရးဆရာတစ္ဦးက ေျပာျပသည့္ သူ႔အ ႀကိဳက္ ကိုယ္ေတြ႕ ေရခ်ဳိးနည္းမွာ “ကၽြန္ေတာ္ကေတာ့ ဆရာတို႔နဲ႔မတူဘူး…ေရေႏြးစပ္ထားတဲ့ေရကို အရင္ ခ်ဳိးတယ္ဆိုရင္ အခိုးငုပ္သြားမွာပဲလို႔ ယူဆတယ္… ဒါေၾကာင့္ ေရကန္နားသြားၿပီး ဒူးကစေအာက္ပိုင္း ေရ ေလာင္းတယ္… ခါးေအာက္ပိုင္းေလာင္းၿပီးမွ တျဖည္းျဖည္း အေပၚတက္ေလာင္းခ်ဳိးတယ္… ေရေအးပဲ ခ်ဳိး တယ္။ ၿပီးေတာ့မွ ေနာက္ဆံုးမွာ ေရေႏြးစပ္ထားတဲ့ေရကို ခ်ိဳးတယ္… အဲဒီအခါ အခိုးလဲထြက္ၿပီးၿပီ ဆိုေတာ့ ေရေႏြးစပ္ထားတဲ့ေရခ်ဳိးလိုက္ရတာ ဝမ္းထဲ ေႏြးသြားသလို ခံစားရတယ္။ ကၽြန္ေတာ့နည္းက ေရေအးခ်ဳိးၿပီး မွ ေရေႏြးခ်ိဳးတယ္ဟု ေျပာပါသည္။ ” သူ႔နည္းႏွင့္သူ ေကာင္းသည္ဟုပင္ ဆိုခ်င္ပါသည္။
“ႏွာေစးေရာဂါသတိျပဳစရာ”
ႏွာေစးျခင္းသည္ ကိုယ္တြင္းအပူငုပ္သည့္ လကၡဏာျဖစ္သည္။ ေရွးဆရာႀကီးမ်ားက အျပင္မွအ ေအးတို႔ တပ္ဖြဲ႕ၿပီး ပိတ္ဆို႔ထားသျဖင့္ ထြက္ေပါက္မရွိဘဲ အပူအက်ဥ္းက်ေရာဂါ ျဖစ္ရသည္ဟု ဆိုသည္။ ေမြးညွင္းေပါက္တို႔မွ အခိုးအကင္းတို႔သည္ ေခၽြးအျဖစ္ ထြက္မက်ရေသာအခါ ႏွာရည္ယိုက်ျဖင့္ ထြက္ေပါက္ ရွာရသည္ဟု အဆိုရွိသည္။ ႏွာရည္က်ျခင္းသည္ ကိုယ္တြင္းအပူမ်ားျခင္းေၾကာင့္ ျဖစ္သည္။
ညေနေစာင္း အလုပ္မွအျပန္တြင္ ေရခ်ဳိးေလ့ရွိသူမ်ားသည္ ေဆာင္းဥတုတြင္ ႏွာေစးၿပီး ေခါင္းကိုက္ ေရာဂါ ရေလ့ရွိသည္ကို ေတြ႕ရသည္။ ႏွာေစး၊ ႏွာရည္ယိုျခင္း ရုတ္တရက္ ရပ္သြားၿပီး ႏွာေခါင္းပိတ္သြား လွ်င္ ထိပ္ကပ္နာျဖစ္တတ္သည္။ ထိပ္ကပ္နာသည္ ႏွာေခါင္းအတြင္း ႏွာရိုးမွ အရြတ္တံုးေလး ေရာင္ေသာ ေၾကာင့္ ျဖစ္ေလ့ရွိသည္။ ထို႔ေၾကာင့္ အလြန္ေအးေသာ အရပ္ေဒသမ်ားတြင္ ေရေႏြးျဖင့္ ေရကိုစပ္၍ ခ်ဳိးရ သည္။ ေရခ်ဳိးၿပီး အေအးမိသည္ထင္လွ်င္ ပရုတ္ဆီကို ေႂကြပန္းကန္လံုးတြင္ သုတ္လိမ္းၿပီး ေရေႏြးအျဖဴ ေလာင္းထည့္ကာ ထြက္လာေသာ ေရေႏြးေငြ႕ကို ရွဴေပးျခင္းျဖင့္ ထိပ္ကပ္နာျဖစ္ျခင္းမွ ကာကြယ္ႏိုင္သည္။
ခႏၶာကိုယ္အတြင္း အပူအက်ဥ္းက်ေသာအခါ ႏွာေခါင္းမွ ႏွာရည္ယိုသည့္အျပင္ ငယ္ထိပ္ထြက္ ေပါက္မွလည္း အပူေငြ႕မ်ား ထြက္တက္သည္။ အခ်ိဳ႕လူႀကီးမ်ားတြင္ ေဆာင္းတြင္းေရာက္မွ ေခါင္းေခၽြြးမ်ား ျပန္ၿပီး အၿမဲတဘက္ ပဝါျဖင့္ သုတ္ေနရသည္ကုိ ေတြ႕ေရသည္။ ေခါင္းေခၽြးျပန္ရပ္သြားလွ်င္ ႏွာေစး ႏွာရည္ယို ျဖစ္ၿပီး ေခါင္းကိုက္လာတတ္သည္။ ထိုေရာဂါအတြက္ ညအိပ္ယာဝင္ခ်ိန္တိုင္းတြင္ ဦးေခါင္းငယ္ ထိပ္ကို အုန္းဆီစစ္စစ္လိမ္းၿပီး အိပ္ျခင္းျဖင့္ ကာကြယ္ႏိုင္သည္။ အုန္းဆီသည္ ငယ္ထိပ္မွ ထြက္လာေသာ အခိုးကို ဖမ္းယူႏိုင္ၿပီး ဆံပင္ကၽြတ္ျခင္း၊ ထိပ္ေျပာင္ျခင္းကို ကာကြယ္ေပးႏိုင္သည္။
အေအးမိကာကြယ္ေသာ ေဆးနည္း
ခ်င္းတက္ကို ပါးပါးလွီးပါ။ မတ္ခြက္တစ္လံုးတြင္ ထည့္ပါ။ ေရေႏြးဆူဆူေလာင္းထည့္ၿပီး အုပ္ထား ပါ။ ခဏၾကာလွ်င္မ်က္ႏွာႏွင့္ ေရေႏြးေငြ႕ကို ငံု႔ၿပီးရွဴပါ။ ထိုေရေႏြးကို အၾကမ္းပန္းကန္တစ္လံုးႏွင့္ ငွဲ႔ၿပိီး ေသာက္လည္း ေသာက္ပါ။ ခ်င္းျပဳတ္ရည္ေသာက္သည့္ သေဘာျဖစ္သည္။ အလြယ္ကူဆံုးနည္းျဖစ္ၿပီး ခႏၶာ ကိုယ္ပူေႏြးလာေစသည္။ လတ္တေလာ အေအးမိျခင္းကို ကာကြယ္ႏိုင္သည္။
ၾကက္သြန္ျဖဴသည္ အေအးပတ္ျခင္းအတြက္ အလြန္ေဆးစြမ္းထက္သည္။ ၾကက္သြန္ျဖဴကို ေန႔စဥ္ တစ္ဥ အခြန္ခြာၿပီး လတ္လတ္ဆတ္ဆတ္ စားသံုးေပးျခင္းျဖင့္ အေအးပတ္ျခင္း၊ အဖ်ား ပိုးကူး စက္ျခင္းမ်ားကို ကာကြယ္ ႏိုင္သည္။ အခ်ိဳမွာ ၾကက္သြန္ျဖဴကို အစိမ္းမစားႏိုင္သျဖင့္ မီးဖုတ္ ၿပီးစား ၾကသည္။ ၾကက္သြန္ျဖဴမီးဖုတ္စားျခင္းေၾကာင့္ ခံတြင္းအနံ႔ဆိုးမည္ကို ေၾကာက္သူမ်ားပါ စားႏိုင္လာသည္။ အေနာက္တိုင္းတြင္ ၾကက္သြန္ျဖဴကို အဆီထုတ္၍ အေအးမိကာကြယ္ေဆးအျဖစ္ သံုးစြဲလာၾကသည္။ မေကာင္းေသာအဆီ (LDL Cholesterol) က်သျဖင့္ အဆီက်ေဆးအျဖစ္ သံုးစြဲသူမ်ားလည္း ရွိၾကသည္။ ေလသက္၍ အဆီက်သျဖင့္ ၾကက္သြန္ျဖဴ ပံုမွန္စားသံုးေပးလွ်င္ ဝမ္းဗိုက္ အေခါက္ထူေသာ အဆီကိုက် ေစႏိုင္သည္။ ေလသက္၍လည္း ဗိုက္ခ်ပ္ေစႏိုင္သည္။
တစ္နည္း။ ။ ၾကက္သြန္ျဖဴ/ နီ ကို ဓါးျပားရိုက္ၿပီး ခ်င္းအနည္းငယ္ႏွင့္ေရာ ဟင္းေသာက္ ပန္း ကန္လံုးတစ္ခုတြင္ထည့္၊ ေရွာက္ရြက္အနည္းငယ္ ထည့္ၿပီးလွ်င္ ေရေႏြးဆူဆူထည့္၊ ဆားအနည္းငယ္ႏွင့္ ငါး ငံျပာရည္အခ်ဳိ အနည္းငယ္ထည့္ အုပ္ထားပါ။ ေရွာက္ရြက္ဟင္းခ်ဳိ ျဖစ္သည္။ ေရွာက္ရြက္သည္ ေသြးတိုး ကို က်ေစသည္။ ေရွာက္ရြက္ဟင္းခ်ိဳသည္ အိမ္ရွင္မမ်ားအတြက္ အခ်ိန္မကုန္ဘဲ လြယ္ကူစြာ ျပဳလုပ္ႏိုင္ေသာ ဟင္းခ်ိဳျဖစ္ သည္။
ေရေႏြးခ်ိဳး၍မ်က္စိအခိုးထြက္လွ်င္
အခ်ိဳ႕သူမ်ား ေရေႏြးကိုေရေအးျဖင့္စပ္ၿပီး ေန႔စဥ္ခ်ိဳးျခင္းေၾကာင့္ မ်က္စိသို႔အခိုးတက္ၿပီး ၾကည့္မ ေကာင္းျဖစ္တတ္ၾကသည္။ မ်က္ဝတ္ထြက္ျခင္း၊ မ်က္စိေထာင့္ နီရဲျခင္း ၊ အျမင္ေဝဝါးျခင္း၊ မၾကည္လင္ျခင္း ျဖစ္တတ္သည္။ ထိုသို႔ျဖစ္လွ်င္ စိတ္ပူပန္ရန္မလိုပါ။ ေျဖရွင္းႏိုင္သည့္ နည္းလမ္းမ်ားရွိသည္။
၁။ ညအိပ္ယာမဝင္မီ ေျခဖဝါးကို ဆားပြတ္ပါ။ ထို႔ေနာက္ ဒူးအထက္ ေပါင္လည္မွစၿပီး ေအာက္သို႔ ေရေအးေလာင္းၿပီး ေျခေဆးပါ။ ထိုသို႔ညစဥ္ျပဳလုပ္လွ်င္ မ်က္စိၾကည္သည့္အျပင္ ေခါင္းကိုက္ျခင္း ေဝဒနာ မ်ားပါသက္သာႏိုင္သည္။
၂။ ဆားရည္ကို အၾကည္ေရယူၿပီး မ်က္စိအတြင္းသို႔ မ်က္စဥ္းခတ္ေပးႏိုင္သည္။
၃။ က်ားမႏိုင္ႏြယ္ျမစ္ကို ေက်ာက္ျပင္တြင္ ေသြးၿပီး မ်က္စိကြင္းေပးျခင္းအားျဖင့္ မ်က္စိအခိုး ရိုက္ျခင္း သက္သာေစႏိုင္သည္။
၄။ မန္က်ည္းပနီေခါက္ကို ေသြးၿပီး မ်က္စိကြင္းေပးလွ်င္ မ်က္စိနီ၊ မ်က္စိနာ၊ သက္သာေစႏိုင္သည္။
၅။ စံပယ္ပြင့္ကို ေရတစ္ဖန္ခြက္တြင္ တစ္ညသိပ္ စိမ္ထားၿပီး နံနက္အိပ္ယာထတြင္ ထိုေရျဖင့္ မ်က္စဥ္းခတ္ေပးလွ်င္ မ်က္ဝတ္ထြက္ျခင္း၊ မ်က္စိအခိုးတက္ျခင္း သက္သာေစႏိုင္သည္။
ေရေႏြးခ်ိဳးျခင္းသည္ က်န္းမာေရးအတြက္ အေထာက္အကူလည္းျဖစ္ ၊ အက်ိဳးအျပင္ အျပစ္လည္း ရွိပါသည္။ သို႔ေသာ္ ေအးခ်မ္းေသာ ေဆာင္းရာသီတြင္ လူႀကီးမ်ားအဖို႔ ေရေအးခ်ိဳးျခင္းသည္ မျဖစ္ႏိုင္သျဖင့္ ေရေႏြးစပ္ခ်ိဳးၿပီး ျဖစ္လာမည့္ မ်က္စိေဝျခင္း ၊ အသားပတ္ျခင္း၊ ေခါင္းအံုျခင္း အျပစ္မ်ားအတြက္လည္း ကာကြယ္ႏိုင္သည့္ နည္းလမ္းမ်ားကို တင္ျပလိုက္ပါသည္။
က်န္းမာျခင္းသုခႏွင့္ ျပည့္စံုၾကပါေစ။
ၾကည္လြင္ျမင့္ (မုျဒာ)
(Unicode)
အေးသောရာသီတွင် ရေနွေး ချိုးခြင်းအကျိုးအပြစ်
ရေချိုးခြင်းသည် စင်ကြယ်၏။ အသက်ကို ရှည်စေတတ်၏။ ပင်ပန်းခြင်း၊ ချွေး၊ အညစ်အကြေးတို့ကို ပယ်နိုင်၏။ အားကိုဖြစ်စေတတ်၏။ သြဇာကို လွန်စွာဖြစ်စေတတ်၏။
ရေနွေးဖြင့် ဦးခေါင်းကို ဆေးလျှော်ခြင်းသည် အားကိုဖြစ်စေတတ်၏။ ဆံပင်၊ မျက်စိနှင့် မသင့်။ (ရေနွေးဖြင့် ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းသည် ကိုယ်စင်ကြယ်ခြင်းမျှသာဖြစ်သည်။ ဆိုခဲ့ပြီးသောရေချိုးခြင်း ၏ အကျိုးအပြစ်မရှိပြီ။)
ဦးခေါင်းဆေးလျှော်၍ ရေချိုးခြင်းသည် ရေငတ်ခြင်း၊ အာစောက်၊ ပါးစပ်ခြောက်ခြင်းတို့ကို နိုင်၏။ အညစ်အကြေးကို စင်ကြယ်စေတတ်၏။ ကိုယ်၏ပူအိုက်ခြင်း၊ ဝက်ခြံ၊ ယားနာ၊ သည်းခြေကြောင့် ဖြစ်သော ဦးခေါင်းနာတို့ကို နိုင်၏။
လေ၊ သလိပ်နာရှိသောသူသည် ရေအေးမချိုးကောင်း၊ စဉ်းငယ်နွေးသော ရေနွေးကိုသာ ချိုးရမည်။ သွေးနာ၊ သည်းခြေနာရှိသော လူသည်လည်း ရေနွေးမချိုးကောင်း၊ ရေအေးကိုသာ ချိုးရမည်။ ( ယောအတွင်းဝန် ဦးဖိုးလှိုင် ဥတုဘောဇနသင်္ဂဟကျမ်း ရေတို့၏ ဂုဏ်ကိုပြခြင်းမှ)
ထို့အပြင် မျက်နှာ ပါးစပ်ရွဲ့သောသူ၊ လေနာရှိသောသူ၊ မျက်စိနာရှိသောသူ၊ ခံတွင်းနာရှိသောသူ၊ ဝမ်းရောင် သောသူ၊ နှာစေးသောသူ၊ အစာမကြေသောသူ၊ အစာစားပြီးနောက် စားသော အစာမကြေသော သူတို့ သည် ရေမချိုးအပ်ကုန်ဟုလည်း နောက်ဆက်တွဲ ဖေါ်ပြထားသည်ကို လေ့လာတွေ့ရှိရသည်။
ရေနွေးချိုးခြင်း၏အပြစ်
လက်တွေ့တွင် စာရေးသူကိုယ်တိုင် အေးသောဆောင်းတွင်းတွင် နံနက်စောစော လမ်းလျှောက် လေ့ကျင့်ခန်းလုပ်ပြီး ရေအေးမချိုးနိုင်ပါ။ ရေနွေးစပ်ပေးသည့် Heater တပ်ဆင်ထားပြီး ရေအေးပိုက်နှင့် ပေါင်းစပ်၍ အတော်အသင့် နွေးအောင်စပ်ပြီးချိုးသည်။ တစ်ခါတစ်ရံ ရေနွေးအစပ်များသွားလျှင် ခန္ဓာကိုယ် ထဲမှ အပူမထွက်သည့်အပြင် တစ်နေကုန် ညောင်းညာပြီးနေမကောင်း ဖြစ်သည်။ မျက်စိလည်း ကြည့်မ ကောင်း မျက်မှန်တွင် အခိုးများရိုက်နေသကဲ့သို့ ခံစားရသည်။
ထို့ကြောင့် ရေနွေးကိုလျော့ပြီး ရေအေးကို ပို၍ ချိုးသောအခါ အဆင်ပြေသည်။ ရေနွေးများလျှင် ဆံပင်ခြောက်ခြင်း၊ ကြမ်းခြင်း၊ ငယ်ထိပ်မှ ဆံပင်များကျွတ်ခြင်းကို လက်တွေ့ခံစားရသဖြင့် ရေနွေးများများ စပ်၍ ချိုးခြင်းမှာ မကောင်းပါ။
နောက်တစ်နည်းမှာ မိတ်ဆွေတစ်ဦးက အကြံပေးသဖြင့် စမ်းသပ်ကြည့်သောအခါ ပို၍ အဆင်ပြေ သည်။ အညောင်းအညာ ကင်းသည်ကိုတွေ့ရသည်။ ရေနွေးစပ်သောရေကို အရင်ချိုးသည်။ ဆပ်ပြာတိုက်၊ ကြေးတွန်း၊ ရှန်ပူဖြင့် ခေါင်းလျှော်ပြီးလျှင် ရေနွေးချိုးခြင်းကို ရပ်ပြီး ပုံးဖြင့်ထည့်ထားသော ရေအေးကို ဒူးမှ အောက်ပိုင်း သုံးခွက်ခန့်လောင်းချသည်။ ထို့နောက် ပေါင်လယ်ခန့်မှ အောက်သို့ သုံးခွက်ခန့်လောင်းချ သည်။ တဖြည်းဖြည်းအပေါ်သို့ တက်လောင်းပြီး ရေအေးသုံးခွက်ခန့် ခေါင်းမှ လောင်းချသောအခါ ရှိန်းခနဲ ဖြစ်ပြီး အခိုးငွေ့များထွက်လာသည်။ ရေအေးကြောင့် အခိုးအငွေ့များ ထွက်သွားပြီးသောအခါ မချမ်းတော့ ဘဲ တစ်ကိုယ်လုံး ပူနွေးလာသည်ကို ထူးဆန်းစွာတွေ့ရှိ ခံစားရသည်။
ထို့ကြောင့် မိုးတွင်း၊ ဆောင်းတွင်း အေးချမ်းသောအခါတွင် လူလတ်၊ လူကြီးများ ရေနွေးစပ်ပြီး ရေချိုးခြင်းမှာ မမှားပါ။ သို့သော် ရေနွေးချိုးပြီး အပူမငုပ်စေရန်၊ ငုပ်သွားသောအပူများ ပြန်ထွက်စေရန် အတွက် ဒူးအောက်မှ စပြီး အထက်သို့ ရေအေးချိုးခြင်းကို တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်း ရေအေးချိုး၍ အဆုံးသတ်ခြင်းက ပို၍ ကောင်းမွန်ပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်စေနိုင်ကြောင်း တင်ပြလိုသည်။
မိတ်ဆွေတစ်ဦး၏ ရေနွေးချိုးနည်း
ရေနွေး ရေအေးချိုးခြင်းနှင့် ပက်သတ်၍ စကားစပ်မိကြရာ… စာရေးသူက ရေနွေးချိုးပြီးမှ နောက် ဆုံးတွင် ရေအေးကို ၃-၄ ခွက်ချိုးလိုက်ရာ အခိုးများပွင့်သွားသည်ဟု မိမိလုပ်နေကျ နည်းကိုပြောသည်။ ကျမ်းမာရေးစကားဝိုင်းတွင် ပါဝင်သူများကလည်း သူတို့ကိုယ်တွေ့များ ပြောကြရာ မိမိနှင့် တူသူများလည်း ရှိသည်။
ထိုအထဲတွင် ထူးခြားသည်မှာ စာရေးသူ၏မိတ်ဆွေ စာရေးဆရာတစ်ဦးက ပြောပြသည့် သူ့အ ကြိုက် ကိုယ်တွေ့ ရေချိုးနည်းမှာ “ကျွန်တော်ကတော့ ဆရာတို့နဲ့မတူဘူး…ရေနွေးစပ်ထားတဲ့ရေကို အရင် ချိုးတယ်ဆိုရင် အခိုးငုပ်သွားမှာပဲလို့ ယူဆတယ်… ဒါကြောင့် ရေကန်နားသွားပြီး ဒူးကစအောက်ပိုင်း ရေ လောင်းတယ်… ခါးအောက်ပိုင်းလောင်းပြီးမှ တဖြည်းဖြည်း အပေါ်တက်လောင်းချိုးတယ်… ရေအေးပဲ ချိုး တယ်။ ပြီးတော့မှ နောက်ဆုံးမှာ ရေနွေးစပ်ထားတဲ့ရေကို ချိုးတယ်… အဲဒီအခါ အခိုးလဲထွက်ပြီးပြီ ဆိုတော့ ရေနွေးစပ်ထားတဲ့ရေချိုးလိုက်ရတာ ဝမ်းထဲ နွေးသွားသလို ခံစားရတယ်။ ကျွန်တော့နည်းက ရေအေးချိုးပြီး မှ ရေနွေးချိုးတယ်ဟု ပြောပါသည်။ ” သူ့နည်းနှင့်သူ ကောင်းသည်ဟုပင် ဆိုချင်ပါသည်။
“နှာစေးရောဂါသတိပြုစရာ”
နှာစေးခြင်းသည် ကိုယ်တွင်းအပူငုပ်သည့် လက္ခဏာဖြစ်သည်။ ရှေးဆရာကြီးများက အပြင်မှအ အေးတို့ တပ်ဖွဲ့ပြီး ပိတ်ဆို့ထားသဖြင့် ထွက်ပေါက်မရှိဘဲ အပူအကျဉ်းကျရောဂါ ဖြစ်ရသည်ဟု ဆိုသည်။ မွေးညှင်းပေါက်တို့မှ အခိုးအကင်းတို့သည် ချွေးအဖြစ် ထွက်မကျရသောအခါ နှာရည်ယိုကျဖြင့် ထွက်ပေါက် ရှာရသည်ဟု အဆိုရှိသည်။ နှာရည်ကျခြင်းသည် ကိုယ်တွင်းအပူများခြင်းကြောင့် ဖြစ်သည်။
ညနေစောင်း အလုပ်မှအပြန်တွင် ရေချိုးလေ့ရှိသူများသည် ဆောင်းဥတုတွင် နှာစေးပြီး ခေါင်းကိုက် ရောဂါ ရလေ့ရှိသည်ကို တွေ့ရသည်။ နှာစေး၊ နှာရည်ယိုခြင်း ရုတ်တရက် ရပ်သွားပြီး နှာခေါင်းပိတ်သွား လျှင် ထိပ်ကပ်နာဖြစ်တတ်သည်။ ထိပ်ကပ်နာသည် နှာခေါင်းအတွင်း နှာရိုးမှ အရွတ်တုံးလေး ရောင်သော ကြောင့် ဖြစ်လေ့ရှိသည်။ ထို့ကြောင့် အလွန်အေးသော အရပ်ဒေသများတွင် ရေနွေးဖြင့် ရေကိုစပ်၍ ချိုးရသည်။ ရေချိုးပြီး အအေးမိသည်ထင်လျှင် ပရုတ်ဆီကို ကြွေပန်းကန်လုံးတွင် သုတ်လိမ်းပြီး ရေနွေးအဖြူ လောင်းထည့်ကာ ထွက်လာသော ရေနွေးငွေ့ကို ရှူပေးခြင်းဖြင့် ထိပ်ကပ်နာဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။
ခန္ဓာကိုယ်အတွင်း အပူအကျဉ်းကျသောအခါ နှာခေါင်းမှ နှာရည်ယိုသည့်အပြင် ငယ်ထိပ်ထွက် ပေါက်မှလည်း အပူငွေ့များ ထွက်တက်သည်။ အချို့လူကြီးများတွင် ဆောင်းတွင်းရောက်မှ ခေါင်းချွေွးများ ပြန်ပြီး အမြဲတဘက် ပဝါဖြင့် သုတ်နေရသည်ကို တွေ့ရေသည်။ ခေါင်းချွေးပြန်ရပ်သွားလျှင် နှာစေး နှာရည်ယို ဖြစ်ပြီး ခေါင်းကိုက်လာတတ်သည်။ ထိုရောဂါအတွက် ညအိပ်ယာဝင်ချိန်တိုင်းတွင် ဦးခေါင်းငယ်ထိပ်ကို အုန်းဆီစစ်စစ်လိမ်းပြီး အိပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ အုန်းဆီသည် ငယ်ထိပ်မှ ထွက်လာသော အခိုးကို ဖမ်းယူနိုင်ပြီး ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းကို ကာကွယ်ပေးနိုင်သည်။
အအေးမိကာကွယ်သော ဆေးနည်း
ချင်းတက်ကို ပါးပါးလှီးပါ။ မတ်ခွက်တစ်လုံးတွင် ထည့်ပါ။ ရေနွေးဆူဆူလောင်းထည့်ပြီး အုပ်ထား ပါ။ ခဏကြာလျှင်မျက်နှာနှင့် ရေနွေးငွေ့ကို ငုံ့ပြီးရှူပါ။ ထိုရေနွေးကို အကြမ်းပန်းကန်တစ်လုံးနှင့် ငှဲ့ပြီး သောက်လည်း သောက်ပါ။ ချင်းပြုတ်ရည်သောက်သည့် သဘောဖြစ်သည်။ အလွယ်ကူဆုံးနည်းဖြစ်ပြီး ခန္ဓာကိုယ်ပူနွေးလာစေသည်။ လတ်တလော အအေးမိခြင်းကို ကာကွယ်နိုင်သည်။
ကြက်သွန်ဖြူသည် အအေးပတ်ခြင်းအတွက် အလွန်ဆေးစွမ်းထက်သည်။ ကြက်သွန်ဖြူကို နေ့စဉ် တစ်ဥ အခွန်ခွာပြီး လတ်လတ်ဆတ်ဆတ် စားသုံးပေးခြင်းဖြင့် အအေးပတ်ခြင်း၊ အဖျား ပိုးကူး စက်ခြင်းများကို ကာကွယ် နိုင်သည်။ အချိုမှာ ကြက်သွန်ဖြူကို အစိမ်းမစားနိုင်သဖြင့် မီးဖုတ် ပြီးစား ကြသည်။ ကြက်သွန်ဖြူမီးဖုတ်စားခြင်းကြောင့် ခံတွင်းအနံ့ဆိုးမည်ကို ကြောက်သူများပါ စားနိုင်လာသည်။ အနောက်တိုင်းတွင် ကြက်သွန်ဖြူကို အဆီထုတ်၍ အအေးမိကာကွယ်ဆေးအဖြစ် သုံးစွဲလာကြသည်။ မကောင်းသောအဆီ (LDL Cholesterol) ကျသဖြင့် အဆီကျဆေးအဖြစ် သုံးစွဲသူများလည်း ရှိကြသည်။ လေသက်၍ အဆီကျသဖြင့် ကြက်သွန်ဖြူ ပုံမှန်စားသုံးပေးလျှင် ဝမ်းဗိုက် အခေါက်ထူသော အဆီကိုကျ စေနိုင်သည်။ လေသက်၍လည်း ဗိုက်ချပ်စေနိုင်သည်။
တစ်နည်း။ ။ ကြက်သွန်ဖြူ/ နီ ကို ဓါးပြားရိုက်ပြီး ချင်းအနည်းငယ်နှင့်ရော ဟင်းသောက် ပန်းကန်လုံးတစ်ခုတွင်ထည့်၊ ရှောက်ရွက်အနည်းငယ် ထည့်ပြီးလျှင် ရေနွေးဆူဆူထည့်၊ ဆားအနည်းငယ်နှင့် ငါး ငံပြာရည်အချို အနည်းငယ်ထည့် အုပ်ထားပါ။ ရှောက်ရွက်ဟင်းချို ဖြစ်သည်။ ရှောက်ရွက်သည် သွေးတိုးကို ကျစေသည်။ ရှောက်ရွက်ဟင်းချိုသည် အိမ်ရှင်မများအတွက် အချိန်မကုန်ဘဲ လွယ်ကူစွာ ပြုလုပ်နိုင်သော ဟင်းချိုဖြစ် သည်။
ရေနွေးချိုး၍မျက်စိအခိုးထွက်လျှင်
အချို့သူများ ရေနွေးကိုရေအေးဖြင့်စပ်ပြီး နေ့စဉ်ချိုးခြင်းကြောင့် မျက်စိသို့အခိုးတက်ပြီး ကြည့်မ ကောင်းဖြစ်တတ်ကြသည်။ မျက်ဝတ်ထွက်ခြင်း၊ မျက်စိထောင့် နီရဲခြင်း ၊ အမြင်ဝေဝါးခြင်း၊ မကြည်လင်ခြင်း ဖြစ်တတ်သည်။ ထိုသို့ဖြစ်လျှင် စိတ်ပူပန်ရန်မလိုပါ။ ဖြေရှင်းနိုင်သည့် နည်းလမ်းများရှိသည်။
၁။ ညအိပ်ယာမဝင်မီ ခြေဖဝါးကို ဆားပွတ်ပါ။ ထို့နောက် ဒူးအထက် ပေါင်လည်မှစပြီး အောက်သို့ ရေအေးလောင်းပြီး ခြေဆေးပါ။ ထိုသို့ညစဉ်ပြုလုပ်လျှင် မျက်စိကြည်သည့်အပြင် ခေါင်းကိုက်ခြင်း ဝေဒနာ များပါသက်သာနိုင်သည်။
၂။ ဆားရည်ကို အကြည်ရေယူပြီး မျက်စိအတွင်းသို့ မျက်စဉ်းခတ်ပေးနိုင်သည်။
၃။ ကျားမနိုင်နွယ်မြစ်ကို ကျောက်ပြင်တွင် သွေးပြီး မျက်စိကွင်းပေးခြင်းအားဖြင့် မျက်စိအခိုး ရိုက်ခြင်း သက်သာစေနိုင်သည်။
၄။ မန်ကျည်းပနီခေါက်ကို သွေးပြီး မျက်စိကွင်းပေးလျှင် မျက်စိနီ၊ မျက်စိနာ၊ သက်သာစေနိုင်သည်။
၅။ စံပယ်ပွင့်ကို ရေတစ်ဖန်ခွက်တွင် တစ်ညသိပ် စိမ်ထားပြီး နံနက်အိပ်ယာထတွင် ထိုရေဖြင့် မျက်စဉ်းခတ်ပေးလျှင် မျက်ဝတ်ထွက်ခြင်း၊ မျက်စိအခိုးတက်ခြင်း သက်သာစေနိုင်သည်။
ရေနွေးချိုးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူလည်းဖြစ်၊ အကျိုးအပြင် အပြစ်လည်း ရှိပါသည်။ သို့သော် အေးချမ်းသော ဆောင်းရာသီတွင် လူကြီးများအဖို့ ရေအေးချိုးခြင်းသည် မဖြစ်နိုင်သဖြင့် ရေနွေးစပ်ချိုးပြီး ဖြစ်လာမည့် မျက်စိဝေခြင်း၊ အသားပတ်ခြင်း၊ ခေါင်းအုံခြင်း အပြစ်များအတွက်လည်း ကာကွယ်နိုင်သည့် နည်းလမ်းများကို တင်ပြလိုက်ပါသည်။
ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါစေ။
Credit – ကြည်လွင်မြင့် (မုဒြာ)