Category: ဗဟုတုသ

  • သီေပါမင္းရဲ႕ ေနာက္ဆုံးက်န္ခဲ့တဲ့ လက္ဝတ္ရတနာေတြထဲက ေၾကာက္စရာေကာင္းတဲ့ ေက်ာက္

    (Zawgyi)

    သီေပါမင္းရဲ႕ ေနာက္ဆုံးက်န္ခဲ့တဲ့ လက္ဝတ္ရတနာေတြထဲက ေၾကာက္စရာေကာင္းတဲ့ ေက်ာက္

    သီေပါမင္းရဲ႕ ေနာက္ဆုံးက်န္ခဲ့တဲ့ လက္ဝတ္ရတနာေတြထဲက ေၾကာက္စရာေကာင္းတဲ့ ေက်ာက္ပုံစံ စီျခယ္ထားတဲ့ အဖိုးတန္ရတနာ၊ ျမန္မာပေဒသရာဇ္ေခတ္ရဲ႕ နန္းက်ဘုရင္ (သို႔) ကုန္းေဘာင္မင္းဆက္ရဲ႕ ေနဝင္နန္းက် ေနာက္ဆုံးမင္းျဖစ္တဲ့ သီေပါမင္းကို ျမန္မာတစ္ႏိုင္ငံလုံး အဂၤလိပ္က သိမ္းပိုက္ၿပီးခ်ိန္၊ အိႏၵိယႏိုင္ငံ ရတနာဂီရိမွာ အက်ယ္ခ်ဳပ္ခ်ၿပီး ထားရွိခ်ိန္မွာ သူမႏၲေလးမွာ ရွိစဥ္က ေ႐ႊကြမ္းအစ္နဲ႔ ထည့္ထားတဲ့နန္းစဥ္ ရတနာေတြကို အဲ့ဒီအခ်ိန္က အဂၤလိပ္သံအ
    ရာရွိ ကာနယ္စေလဒင္”ကို ေပးအပ္ထားတာ ျပန္ရရွိဘို႔ ေရွ႕ေနေတြငွားၿပီး အဂၤလိပ္အစိုးရထံ ျပန္လည္ရွိေရး ႀကိဳးပမ္းခဲ့ေသးတယ္ဆိုဘဲ။ ရတနာဂီရိကို မပို႔ေဆာင္ခင္အခ်ိန္က အိႏၵိယႏိုင္ငံ၊ နယူးဒလီၿမိဳ႕မွာ ထားရွိစဥ္အခ်ိန္က သုံးစြဲဘို႔ ေငြေၾကးအၾကပ္အတည္း ႀကဳံလာတိုင္း အဂၤလန္ကလာတဲ့ ေက်ာက္ကုန္သည္ေတြထံ သူ႔ထံမွာ ဝတ္ဆင္ထားတဲ့ ေက်ာက္မ်က္ လက္ဝတ္ရတနာေတြကို ထုခြဲေရာင္းခ်ၿပီး ေျဖရွင္းေလ့ရွိတယ္ဆိုဘဲ။

    ေနာက္ပိုင္း ကုန္သည္ေတြ ေျခရႈပ္လာလို႔ အိႏၵိယမွာရွိတဲ့ အဂၤလိပ္ဘုရင္ခံက ရတနာဂီရိကို ပို႔လိုက္ရတာမ်ိဳးဆိုေတာ့ ေနာက္ဆုံး ေသသည္အထိ ရတနာဂီရိမွာဘဲ ေနထိုင္သြားခဲ့ရတယ္လို႔ ဆိုတယ္ေလ။

    ခုပုံမွာပါတဲ့ လက္ဝတ္ရတနာကေတာ့ သူေနာက္ဆုံးက်န္ရွိတဲ့ ရတနာ ေတြထဲကတစ္ခုေပါ့။ ထူးဆန္းတာက ျမေက်ာက္ကို ပတၱျမားေက်ာက္ေတြ ရံၿပီး စီခ်ယ္ထားတာပါ။ ဒီလို ေက်ာက္မ်က္ရတနာေတြကို စည္းကမ္းမရွိ လုပ္ခ်င္သလို လုပ္ၿပီး ဆင္ျမန္းခဲ့လို႔ ေနာက္ဆုံးမွာစြန႔္လႊတ္ရသည္အထိ ခိုက္ခဲ့ရတယ္လို႔ ေရွးလူႀကီးသူမေတြက ေျပာၾကတယ္ေလ။ပတၱျမားဆိုတဲ့ ေက်ာက္မ်က္ရတနာဟာ ေက်ာက္မ်ကရတနာေတြထဲမွာ အျမင့္ျမတ္ဆုံး ေက်ာက္လို႔ ေရွးပေဝသဏီ ကာလကတည္းက သတ္မွတ္ခဲ့ၾကတယ္ေလ။ ပတၱျမားကို အလယ္မွာဘဲထားၿပီး ဝတ္ဆင္ရမည္ဆိုတဲ့ အယူအဆဟာ ခုခ်ိန္ထိ မွန္ကန္ေနတဲ့အယူအဆ ျဖစ္သလို ေနာင္လက္ဝတ္ရတနာေတြကို ဆင္ျမန္းၾကမည္ဆိုပါက အျခားေက်ာက္ေတြကို အလယ္မွာထားၿပီး ပတၱျမားကို အရံ သေဘာထားကာ ဝတ္ဆင္တာမ်ိဳးေတြ ေရွာင္ရွားၾကေစလိုေၾကာင္း။

    မိုးကုတ္ ႏွစ္ (800 ) ကို ဂုဏ္ျပဳ၍ ေရးသားေဖၚျပလိုက္ရပါေၾကာင္း။

    Credit-Original Uploader

    (Unicode)

    သီပေါမင်းရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ လက်ဝတ်ရတနာတွေထဲက ကြောက်စရာကောင်းတဲ့ ကျောက်

    သီပေါမင်းရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ လက်ဝတ်ရတနာတွေထဲက ကြောက်စရာကောင်းတဲ့ ကျောက်ပုံစံ စီခြယ်ထားတဲ့ အဖိုးတန်ရတနာ၊ မြန်မာပဒေသရာဇ်ခေတ်ရဲ့ နန်းကျဘုရင် (သို့) ကုန်းဘောင်မင်းဆက်ရဲ့ နေဝင်နန်းကျ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်းကို မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်က သိမ်းပိုက်ပြီးချိန်၊ အိန္ဒိယနိုင်ငံ ရတနာဂီရိမှာ အကျယ်ချုပ်ချပြီး ထားရှိချိန်မှာ သူမန္တလေးမှာ ရှိစဉ်က ရွှေကွမ်းအစ်နဲ့ ထည့်ထားတဲ့နန်းစဉ် ရတနာတွေကို အဲ့ဒီအချိန်က အင်္ဂလိပ်သံအ
    ရာရှိ ကာနယ်စလေဒင်”ကို ပေးအပ်ထားတာ ပြန်ရရှိဘို့ ရှေ့နေတွေငှားပြီး အင်္ဂလိပ်အစိုးရထံ ပြန်လည်ရှိရေး ကြိုးပမ်းခဲ့သေးတယ်ဆိုဘဲ။ ရတနာဂီရိကို မပို့ဆောင်ခင်အချိန်က အိန္ဒိယနိုင်ငံ၊ နယူးဒလီမြို့မှာ ထားရှိစဉ်အချိန်က သုံးစွဲဘို့ ငွေကြေးအကြပ်အတည်း ကြုံလာတိုင်း အင်္ဂလန်ကလာတဲ့ ကျောက်ကုန်သည်တွေထံ သူ့ထံမှာ ဝတ်ဆင်ထားတဲ့ ကျောက်မျက် လက်ဝတ်ရတနာတွေကို ထုခွဲရောင်းချပြီး ဖြေရှင်းလေ့ရှိတယ်ဆိုဘဲ။

    နောက်ပိုင်း ကုန်သည်တွေ ခြေရှုပ်လာလို့ အိန္ဒိယမှာရှိတဲ့ အင်္ဂလိပ်ဘုရင်ခံက ရတနာဂီရိကို ပို့လိုက်ရတာမျိုးဆိုတော့ နောက်ဆုံး သေသည်အထိ ရတနာဂီရိမှာဘဲ နေထိုင်သွားခဲ့ရတယ်လို့ ဆိုတယ်လေ။

    ခုပုံမှာပါတဲ့ လက်ဝတ်ရတနာကတော့ သူနောက်ဆုံးကျန်ရှိတဲ့ ရတနာ တွေထဲကတစ်ခုပေါ့။ ထူးဆန်းတာက မြကျောက်ကို ပတ္တမြားကျောက်တွေ ရံပြီး စီချယ်ထားတာပါ။ ဒီလို ကျောက်မျက်ရတနာတွေကို စည်းကမ်းမရှိ လုပ်ချင်သလို လုပ်ပြီး ဆင်မြန်းခဲ့လို့ နောက်ဆုံးမှာစွန့်လွှတ်ရသည်အထိ ခိုက်ခဲ့ရတယ်လို့ ရှေးလူကြီးသူမတွေက ပြောကြတယ်လေ။ပတ္တမြားဆိုတဲ့ ကျောက်မျက်ရတနာဟာ ကျောက်မျကရတနာတွေထဲမှာ အမြင့်မြတ်ဆုံး ကျောက်လို့ ရှေးပဝေသဏီ ကာလကတည်းက သတ်မှတ်ခဲ့ကြတယ်လေ။ ပတ္တမြားကို အလယ်မှာဘဲထားပြီး ဝတ်ဆင်ရမည်ဆိုတဲ့ အယူအဆဟာ ခုချိန်ထိ မှန်ကန်နေတဲ့အယူအဆ ဖြစ်သလို နောင်လက်ဝတ်ရတနာတွေကို ဆင်မြန်းကြမည်ဆိုပါက အခြားကျောက်တွေကို အလယ်မှာထားပြီး ပတ္တမြားကို အရံ သဘောထားကာ ဝတ်ဆင်တာမျိုးတွေ ရှောင်ရှားကြစေလိုကြောင်း။

    မိုးကုတ် နှစ် (800 ) ကို ဂုဏ်ပြု၍ ရေးသားဖေါ်ပြလိုက်ရပါကြောင်း။

    Credit-Original Uploader

  • ျခစား၊ ျခကိုက္၊ ေငြစုတ္ ေငြေဆြးေတြကို လႊင့္မပစ္ၾကပါနဲ႔။

    (Zawgyi)

    ျခစား၊ ျခကိုက္၊ ေငြစုတ္ ေငြေဆြးေတြကို လႊင့္မပစ္ၾကပါနဲ႔

    တစ္ခုေလာက္ေျပာျပခ်င္တယ္။ အက်ိဳးရွိမွာမို႔ ဖတ္ၾကည့္ေစလိုပါတယ္။ ၿမိဳ႕နယ္အဆင့္ ဘဏ္ေတြမွာ အဲ့ပုံပါအတိုင္း ျခစား(ျခကိုက္)ေငြေတြကို သြားလဲရင္ မရပါဘူး။ ဒါကို ဘဏ္က လဲမေပးလို႔ သုံးမရဘူးထင္ၿပီး ဖ်က္စီး မျပစ္ၾကပါနဲ႔။

    ရန္ကုန္ ဆူးေလအနီး လမ္း၃၀ ေအာက္ဘေလာက္မွာရွိတဲ့ ဗဟိုဘဏ္ ေငြစုတ္ေငြေဆြး လုပ္ငန္းခြဲမွာ တရားဝင္ လဲလွယ္လို႔ရပါတယ္။ ေသြးစြန္း၊ မွင္စြန္း၊ မီးေလာင္၊ ျခစား၊ ဆီစြန္း၊ အပိုင္းပိုင္းျပတ္တဲ့ ေငြေတြကို သတ္မွတ္ထားတဲ့ စံၫႊန္းနဲ႔ကိုက္ညီရင္ ျပန္လဲေပးပါတယ္။ ဒါကို မသိပဲ မီးရႈိ႕ဖ်က္စီးျပစ္လိုက္မယ္ဆိုရင္ ႏွေျမာဖို႔ ေကာင္းပါတယ္။

    က်ေနာ္ကိုယ္တိုင္ ဗဟိုဘဏ္ ေငြစုတ္ေငြေဆြး လုပ္ငန္းခြဲမွာ ၃ႀကိမ္ သြားလဲဖူးပါတယ္။ အားလုံးနီးပါး ျပန္ၿပီရတာမို႔ က်ေနာ္ေျပာတဲ့ ေငြအစုတ္အေဆြးေတြကို မဖ်က္စီး ျပစ္ၾကဖို႔ပါ။ မိမိပါတ္ဝန္းက်င္မွာ ေတြ႕ခဲ့ ဆုံခဲ့မယ္ဆိုရင္ျဖင့္ ေငြဆုံးရႈံးမႈ မျဖစ္ရေလေအာင္ ကူညီေျပာျပေပးႏိုင္ပါတယ္။

    အစိုးရဘဏ္ေတြမွာ သာမာန္ ေငြအစုတ္ အေဆြးေတြ ဗုဒၶဟူးေန႔တိုင္း လဲလွယ္ေပးေနတာမို႔ ေငြေဆြး ေငြစုတ္ ရွိသူတိုင္း သြားလဲလို႔ ရပါတယ္။

    ေလးစားစြာျဖင့္…

    Credit – ကိုထိုက္၊ ေကာ့ကရိတ္ၿမိဳ႕

    (Unicode)

    ခြစား၊ ခြကိုက်၊ ငွေစုတ် ငွေဆွေးတွေကို လွှင့်မပစ်ကြပါနဲ့

    တစ်ခုလောက်ပြောပြချင်တယ်။ အကျိုးရှိမှာမို့ ဖတ်ကြည့်စေလိုပါတယ်။ မြို့နယ်အဆင့် ဘဏ်တွေမှာ အဲ့ပုံပါအတိုင်း ခြစား(ခြကိုက်)ငွေတွေကို သွားလဲရင် မရပါဘူး။ ဒါကို ဘဏ်က လဲမပေးလို့ သုံးမရဘူးထင်ပြီး ဖျက်စီး မပြစ်ကြပါနဲ့။

    ရန်ကုန် ဆူးလေအနီး လမ်း၃၀ အောက်ဘလောက်မှာရှိတဲ့ ဗဟိုဘဏ် ငွေစုတ်ငွေဆွေး လုပ်ငန်းခွဲမှာ တရားဝင် လဲလှယ်လို့ရပါတယ်။ သွေးစွန်း၊ မှင်စွန်း၊ မီးလောင်၊ ခြစား၊ ဆီစွန်း၊ အပိုင်းပိုင်းပြတ်တဲ့ ငွေတွေကို သတ်မှတ်ထားတဲ့ စံညွှန်းနဲ့ကိုက်ညီရင် ပြန်လဲပေးပါတယ်။ ဒါကို မသိပဲ မီးရှို့ဖျက်စီးပြစ်လိုက်မယ်ဆိုရင် နှမြောဖို့ ကောင်းပါတယ်။

    ကျနော်ကိုယ်တိုင် ဗဟိုဘဏ် ငွေစုတ်ငွေဆွေး လုပ်ငန်းခွဲမှာ ၃ကြိမ် သွားလဲဖူးပါတယ်။ အားလုံးနီးပါး ပြန်ပြီရတာမို့ ကျနော်ပြောတဲ့ ငွေအစုတ်အဆွေးတွေကို မဖျက်စီး ပြစ်ကြဖို့ပါ။ မိမိပါတ်ဝန်းကျင်မှာ တွေ့ခဲ့ ဆုံခဲ့မယ်ဆိုရင်ဖြင့် ငွေဆုံးရှုံးမှု မဖြစ်ရလေအောင် ကူညီပြောပြပေးနိုင်ပါတယ်။

    အစိုးရဘဏ်တွေမှာ သာမာန် ငွေအစုတ် အဆွေးတွေ ဗုဒ္ဓဟူးနေ့တိုင်း လဲလှယ်ပေးနေတာမို့ ငွေဆွေး ငွေစုတ် ရှိသူတိုင်း သွားလဲလို့ ရပါတယ်။

    လေးစားစွာဖြင့်…

    Credit – ကိုထိုက်၊ ကော့ကရိတ်မြို့

  • ရယ္ဒီမိတ္ အသားလံုးမ်ားကို စိတ္မသန္႕သူမ်ားအတြက္ ကိုယ္တိုင္လုပ္ ၾကက္သားလံုးလုပ္နည္း မွ်ေ၀လုိက္ပါတယ္။

    (Zawgyi)

    ၾကက္သားလုံး ကိုယ္တိုင္လုပ္ပါတယ္ရွင္။ လုပ္နည္း မွ်ေဝေပးမယ္ေနာ္။

    ၾကက္သား…၅၀၀၀ဖိုးကို ၾကက္သားလုံး ၅၅လုံးရပါတယ္။ တျခားပစၥည္းဖိုးေတြပါ တြက္လိုက္မယ္ဆိုပါက တစ္လုံးကို ၁၁၀ ေလာက္ပဲက်တယ္။ သန႔္လဲသန႔္တယ္..စားရတာလဲ မစိုးရိမ္ေနရေတာ့ဘူးေလ။ ရယ္ဒီမိတ္ အသားလုံးေတြ ခုေနာက္ပိုင္းစားရတာ စိတ္မသန႔္လို႔…တတ္သည့္ပညာမေနသာလို႔ အပင္ပန္းခံၿပီး လုပ္စားလိုက္ပါတယ္။ လုပ္နည္းေရးေပးမယ္ေနာ္။

    ပါဝင္ပစၥည္းမ်ား –

    ၾကက္ရင္ဖုံသား..၅၀သား

    ပဲငံျပာရည္ အၾကည္..ထမင္းစားဇြန္း၂ဇြန္း

    သၾကား…ထမင္းစားဇြန္းဝက္

    င႐ုပ္ေကာင္းမႉန႔္.. လက္ဖက္စားဇြန္း၁ဇြန္း

    ၾကက္သားမႈန႔္…ဇြန္းဝက္

    ေျပာင္းဖူးမႉန႔္.. ထမင္းစားဇြန္း ၂ဇြန္း

    ေဆာ္ဒါမႉန႔္ လက္ဖက္ဇြန္း ၁ဇြန္း

    ေရခဲေရ…150ml..(၁ခြက္စာဖန္ခြက္)

    ျပဳလုပ္ပုံအဆင့္ဆင့္ –

    ပထမဦးစြာ အသားကို အေနေတာ္ေလးေတြ လွီးျဖတ္ၿပီး အသားႀကိတ္စက္ျဖင့္ ညက္ေနေအာင္ႀကိတ္ေပးပါ။ ခြက္တခုထဲသို႔ ေရခဲေရႏွင့္ ေျပာင္းဖူးမႈန႔္\ င႐ုပ္ေကာင္းမႉန႔္\ သၾကား\ ၾကက္သားမႈန႔္\ ပဲငံျပာရည္\ ေဆာ္ဒါမႈန႔္တို႔ထည့္ကာ..သမေအာင္ေဖ်ာ္ၿပီး ႀကိတ္ထားတဲ့ အသားထဲသို႔ထည့္၍ သမေအာင္ ႀကိတ္စက္ျဖင့္ ၅ မိနစ္ခန႔္ ဆက္ႀကိတ္ၿပီး ရရွိလာေသာ ေရာစပ္ၿပီးသား ႀကိတ္သားမ်ားကို ဗူးထဲထည့္ၿပီး အဖုံးလုံေအာင္ဖုံးၿပီး ေရခဲေသတၱာ ခဲတဲ့အထပ္မွာ ၂နာရီခန႔္ ထည့္ထားပါ။

    ၂နာရီျပည့္ပါက ႀကိတ္စက္ထဲသို႔ တေခါက္ျပန္ထည့္ၿပီး စီးေနေအာင္ ၅မိနစ္ခန႔္ ထပ္ႀကိတ္ပါ။ ၿပီးပါက အသားလုံးျပဳတ္ရန္ ျပင္ဆင္ပါ။ အိုးတစ္ခုထဲသို႔ ေရထည့္ၿပီး မီးေအးေအးနဲ႔ တည္ထားတဲ့ အထဲကို အသားလုံးမ်ား ျဖည္းျဖည္းျခင္း လုံး၍ ထည့္ပါ။ အသားလုံးမ်ား က်က္လာပါက ေရေပၚသို႔ ေပၚလာမွာျဖစ္ပါတယ္။ ၅မိနစ္ခန႔္ ထားၿပီးမွ ဆယ္ယူပါ။ ေပၚလာသည့္ အသားလုံးမ်ားကို ေရခဲေရ ထဲသို႔ ထည့္ၿပီး နာရီဝက္ခန႔္ စိမ္ထားၿပီးမွ ဆယ္ယူ၍ ေလလုံဗူးထဲ ထည့္၍ ေရခဲေသတၱာထဲ ထည့္၍ သိမ္းထားၿပီး စားလို႔ရပါၿပီရွင္။ အဆင္ေျပၾကပါေစေနာ္။ ဟင္းခ်က္ဝါသနာရွင္မ်ား မည္သူမဆို Shareလို႔ရပါတယ္ရွင္

    Credit – Thida Lay Lay

    Via – စိုက္ပ်ိဳးေရး ႏွင့္ အေထြေထြဗဟုသုတ

    (Unicode)

    ကြက်သားလုံး ကိုယ်တိုင်လုပ်ပါတယ်ရှင်။ လုပ်နည်း မျှဝေပေးမယ်နော်။

    ကြက်သား…၅၀၀၀ဖိုးကို ကြက်သားလုံး ၅၅လုံးရပါတယ်။ တခြားပစ္စည်းဖိုးတွေပါ တွက်လိုက်မယ်ဆိုပါက တစ်လုံးကို ၁၁၀ လောက်ပဲကျတယ်။ သန့်လဲသန့်တယ်..စားရတာလဲ မစိုးရိမ်နေရတော့ဘူးလေ။ ရယ်ဒီမိတ် အသားလုံးတွေ ခုနောက်ပိုင်းစားရတာ စိတ်မသန့်လို့…တတ်သည့်ပညာမနေသာလို့ အပင်ပန်းခံပြီး လုပ်စားလိုက်ပါတယ်။ လုပ်နည်းရေးပေးမယ်နော်။

    ပါဝင်ပစ္စည်းများ –

    ကြက်ရင်ဖုံသား..၅၀သား

    ပဲငံပြာရည် အကြည်..ထမင်းစားဇွန်း၂ဇွန်း

    သကြား…ထမင်းစားဇွန်းဝက်

    ငရုပ်ကောင်းမှူန့်.. လက်ဖက်စားဇွန်း၁ဇွန်း

    ကြက်သားမှုန့်…ဇွန်းဝက်

    ပြောင်းဖူးမှူန့်.. ထမင်းစားဇွန်း ၂ဇွန်း

    ဆော်ဒါမှူန့် လက်ဖက်ဇွန်း ၁ဇွန်း

    ရေခဲရေ…150ml..(၁ခွက်စာဖန်ခွက်)

    ပြုလုပ်ပုံအဆင့်ဆင့် –

    ပထမဦးစွာ အသားကို အနေတော်လေးတွေ လှီးဖြတ်ပြီး အသားကြိတ်စက်ဖြင့် ညက်နေအောင်ကြိတ်ပေးပါ။ ခွက်တခုထဲသို့ ရေခဲရေနှင့် ပြောင်းဖူးမှုန့်\ ငရုပ်ကောင်းမှူန့်\ သကြား\ ကြက်သားမှုန့်\ ပဲငံပြာရည်\ ဆော်ဒါမှုန့်တို့ထည့်ကာ..သမအောင်ဖျော်ပြီး ကြိတ်ထားတဲ့ အသားထဲသို့ထည့်၍ သမအောင် ကြိတ်စက်ဖြင့် ၅ မိနစ်ခန့် ဆက်ကြိတ်ပြီး ရရှိလာသော ရောစပ်ပြီးသား ကြိတ်သားများကို ဗူးထဲထည့်ပြီး အဖုံးလုံအောင်ဖုံးပြီး ရေခဲသေတ္တာ ခဲတဲ့အထပ်မှာ ၂နာရီခန့် ထည့်ထားပါ။

    ၂နာရီပြည့်ပါက ကြိတ်စက်ထဲသို့ တခေါက်ပြန်ထည့်ပြီး စီးနေအောင် ၅မိနစ်ခန့် ထပ်ကြိတ်ပါ။ ပြီးပါက အသားလုံးပြုတ်ရန် ပြင်ဆင်ပါ။ အိုးတစ်ခုထဲသို့ ရေထည့်ပြီး မီးအေးအေးနဲ့ တည်ထားတဲ့ အထဲကို အသားလုံးများ ဖြည်းဖြည်းခြင်း လုံး၍ ထည့်ပါ။ အသားလုံးများ ကျက်လာပါက ရေပေါ်သို့ ပေါ်လာမှာဖြစ်ပါတယ်။ ၅မိနစ်ခန့် ထားပြီးမှ ဆယ်ယူပါ။ ပေါ်လာသည့် အသားလုံးများကို ရေခဲရေ ထဲသို့ ထည့်ပြီး နာရီဝက်ခန့် စိမ်ထားပြီးမှ ဆယ်ယူ၍ လေလုံဗူးထဲ ထည့်၍ ရေခဲသေတ္တာထဲ ထည့်၍ သိမ်းထားပြီး စားလို့ရပါပြီရှင်။ အဆင်ပြေကြပါစေနော်။ ဟင်းချက်ဝါသနာရှင်များ မည်သူမဆို Shareလို့ရပါတယ်ရှင်

    Credit – Thida Lay Lay

    Via – စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ

  • တ႐ုတ္ေတြ ေဈးေကာင္းေပးဝယ္ေနလို႔ မ်ိဳးသုဥ္းေတာ့မယ့္ ျမန္မာ့ကသျမင္ငါး

    (Zawgyi)

    တ႐ုတ္ေတြ ေဈးေကာင္းေပးဝယ္ေနလို႔ မ်ိဳးသုဥ္းေတာ့မယ့္ ျမန္မာ့ကသျမင္ငါး

    ျမန္မာ့ပင္လယ္ထဲက ေ႐ႊျဖစ္ေစေသာ ငါးအနာဂတ္

    ပင္လယ္ျပင္မွ ေ႐ႊေရာင္တဝင္းဝင္းႏွင့္ ကသျမင္ငါးႀကီးတစ္ေကာင္ ဖမ္းမိသျဖင့္ ကိုျမင့္လြင္တစ္ေယာက္ အတိုင္းမသိ ဝမ္းသာေနသည္။ မြန္ျပည္နယ္ ေခ်ာင္းဆုံၿမိဳ႕နယ္ ဘီလူးကြၽန္းအပိုင္ ငါးဖမ္း တင္ဒါပိုက္ခ်က္အမွတ္(၁)၌ ေ႐ႊ ေရာင္ကသျမင္ငါးႀကီးဖမ္းမိထား ေသာသတင္းသည္ ႏိုဝင္ဘာ ၁၁ ရက္မြန္းလြဲ ၂ နာရီတြင္ ေဒသအတြင္း တစ္မုဟုတ္ခ်င္း ပ်ံ႕ႏွံ႔ခဲ့သည္။

    ယခု ငါးဖမ္းရာသီအတြက္ သည္ေနရာကို အတန္းလိုက္ တင္ဒါပိုက္ခ်က္ ေလလံဆြဲစဥ္က ကိုျမင့္လြင္သည္ ငါးမ်ားမ်ား ဖမ္းမိေရးသာ အာ႐ုံစိုက္ခဲ့သည္။ ငါးဖမ္းရာသီစကတည္းက သူဆြဲထားေသာ တင္ဒါပိုက္ခ်က္အတြင္း ငါးမ်ားမ်ားရရွိေရး ႀကိဳးစားခဲ့ေသာ္လည္း ဒီႏွစ္ထဲငါးအထိအမိ ေလ်ာ့နည္းေနသျဖင့္ ဘာလုပ္ရမည္မသိ ျဖစ္ခဲ့သည္။

    ေဈးအမ်ားဆုံးရသည့္ ကသျမင္ငါးႀကီး

    ယခုေတာ့ သိန္းရာႏွင့္ခ်ီတန္ဖိုးရွိေသာ ေ႐ႊေရာင္ကသျမင္ငါး ႀကီးတစ္ေကာင္ဖမ္းမိ၍ အူျမဴးေနသည္။ ငါးဖမ္းပိုက္ေဖာ္ေနေသာ ေယာက္ဖျဖစ္သူ ထြန္းႏိုင္ဦးက ေနေရာင္ေအာက္၌ တဖိတ္ဖိတ္ ေတာက္ေနေသာ ကသျမင္ငါး ႀကီးကို အိမ္သို႔သယ္လာခ်ိန္တြင္ ကိုျမင့္လြင္တစ္ေယာက္ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ေနေတာ့သည္။ ငါးႀကီးကို တိုင္းထြာျခင္တြယ္ရာ အလ်ားမွာ သာမန္လူတစ္ရပ္မက ေျခာက္ေပရွည္ၿပီး အနံက တစ္ေပတစ္လက္မႏွင့္ ၃၅ ပိႆာ ၅၅ က်ပ္သားမို႔ ငါး၏ ဝမ္းဗိုက္အတြင္းရွိေနေသာ တန္ဖိုးႀကီး ငါးစည္ေဖာင္း၏အ႐ြယ္ကို သူခန႔္မွန္းတြက္ခ်က္ေနသည္။

    သူ၏ ပင္လယ္ျပင္အေတြ႕အႀကဳံအရ ငါးစည္ေဖာင္းသည္ အနည္းဆုံး ျဗက္ကလက္တစ္မိုက္ သာသာႏွင့္ အရွည္ တစ္ေတာင္ ေက်ာ္ခန႔္ရွိႏိုင္သျဖင့္ ထိုက္တန္သည့္ တန္ဖိုးကို ရင္ခုန္စြာ တြက္ခ်က္ေနျခင္းလည္းျဖစ္သည္။ ကိုျမင့္လြင္အတြက္ တန္ဖိုးႀကီး ကသျမင္ငါးဖမ္းမိျခင္းမွာ ယခုအႀကိမ္သည္ ပထမဆုံးမဟုတ္ေပ။ လြန္ခဲ့ေသာ ၁၅ ႏွစ္ခန႔္ က ပိႆာခ်ိန္ ၄၀ ရွိေ႐ႊေရာင္ကသ ျမင္ငါးႀကီးတစ္ေကာင္ ရရွိဖူးသည္။

    ထိုစဥ္က ကသျမင္ငါးမ်ားကို အေသး၊ အလတ္၊ အႀကီးအ႐ြယ္အစားအသီးသီးျဖင့္ ေဒသတြင္း တစ္ႏွစ္လွ်င္ ေလး၊ ငါးႀကိမ္ဖမ္းမိေသာ္လည္း ယခုႏွစ္ပိုင္းတြင္ ဖမ္းမိႏႈန္းေလ်ာ့က်သကဲ့သို႔ သည္အ႐ြယ္ ငါးမ်ိဳးမမိခဲ့သည္မွာ ၾကာၿပီျဖစ္သည္။

    လြန္ခဲ့ေသာ ၁၅ ႏွစ္ကာလ (၂၀၀၃)ခန႔္က ကိုျမင့္လြင္ဖမ္းမိဖူးေသာ ေ႐ႊေရာင္ကသျမင္ငါးကို က်ပ္သိန္း ၃၅၀ ျဖင့္ေရာင္းခဲ့ရသျဖင့္ သည္တစ္ႀကိမ္တြင္ ေဈးျမႇင့္ေခၚေရာင္းဖို႔ သူဆုံးျဖတ္ခဲ့သည္။ မၾကာမီ ငါးဝယ္မည့္သူတစ္ဦးက ငါးၾကည့္ထားေသာ ပြဲစားမွ တစ္ဆင့္ သူ႔ထံ ဖုန္းျဖင့္ ဆက္သြယ္လာသည္။ သူေရာင္းႏိုင္ေသာ ေဈးႏႈန္းကို ေျပာခ်လိုက္သည္။ တစ္ဖက္လူ၏ အသံကို နားစြင့္ေနသည္။ ဝယ္လက္က အေၾကာင္းျပန္မည္ဟု ဆိုသည္။

    သူရင္ခုန္ေနသည္။ ငါးႀကီးမိၿပီး နာရီပိုင္းအၾကာတြင္ က်ပ္သိန္းရာႏွင့္ခ်ီ၍ ေဈးေပးဝယ္မည့္ ဝယ္လက္ထံ တုံ႔ျပန္မႈကို ေစာင့္ဆိုင္းရသည္မွာ ၾကာလြန္းသည္ဟုထင္သည္။ ဝယ္လက္က ေဈးဆစ္သည္။ သူက က်ပ္သိန္း ၆၀၀ မေလွ်ာ့ တင္းခံေနသည္။ ေနာက္ဆုံးေဈးႏႈန္းကိုညႇိၾကရင္း က်ပ္ ၅၆၅ သိန္းႏွင့္ ေဈးတည့္ခဲ့သည္။

    သူက ေယာကၡမျဖစ္သူဦးသန္းနီထံ အက်ိဳးအေၾကာင္းေျပာျပသည္။ ေယာကၡမကလည္း သူ႔ သေဘာဟုဆိုသည္။ ကိုျမင့္လြင္က ငါးဖမ္းတင္ဒါပိုက္ခ်က္ကို အမည္ေပါက္ ေလလံဆြဲသူျဖစ္ၿပီး ၎၏ေယာကၡမအား ယခုငါးႀကီးမိရာ လုပ္ကြက္ကို တစ္ဆင့္ျပန္ေပးထားျခင္းျဖစ္၍ ယခုငါးေရာင္းရေငြကို ေယာကၡမရသင့္ေၾကာင္း သူလက္ခံသည္။ ငါးအေရာင္းအဝယ္ ဘယ္လိုလုပ္မလဲဆိုေသာ ကိစၥကို ငါးဝယ္လက္မွတစ္ဆင့္ ပြဲစားႏွင့္ ညႇိႏႈိင္းခဲ့သည္။ အေရာင္းအဝယ္ကလည္း ေန႔ခ်င္းပင္ျဖစ္ခဲ့သည္။

    ကိုျမင့္လြင္တို႔က ၎ေနထိုင္ရာ မုဒုံၿမိဳ႕နယ္ဝဲဂလိ႐ြာမွ ငါးႀကီးကို သယ္ယူလာမည္ျဖစ္ၿပီး ဝယ္သူက က်ိဳက္ထိုၿမိဳ႕ တစ္ေနရာတြင္ ေစာင့္ဆိုင္းေနကာ ငါးႏွင့္ေငြကို လဲလွယ္မည္ျဖစ္သည္။ အစီအစဥ္မ်ား ေရးဆြဲၿပီး ႏွစ္ဖက္သေဘာတူခ်ိန္ ငါးအေရာင္းအဝယ္ စတင္ၾကသည္။ လုပ္ငန္းေအာင္ျမင္ခဲ့သည္။ ေငြထုပ္ကို ေယာကၡမထံအပ္ႏွံသည္။ ကိုျမင့္လြင္စဥ္းစားေနသည္။ သူတို႔ေဒသအတြင္း ဖမ္းမိခဲ့သမွ် ကသျမင္ငါးႀကီးမ်ားအနက္ ယခုငါးႀကီးသည္ အ႐ြယ္အစား အႀကီးဆုံးမဟုတ္ေသာ္လည္း အျမင့္ဆုံးေဈးႏႈန္းျဖင့္ ေရာင္းခ်ရျခင္း မွတ္တမ္းဝင္ခဲ့သည္။

    ထိုသို႔ျဖစ္ရသည္မွာ မုတၱမပင္လယ္ေကြ႕အတြင္း ေမြးဖြားရွင္ သန္က်က္စားေနေသာ ပင္လယ္ျပင္၏ ရတနာတစ္ပါး ျဖစ္သည့္ ကသျမင္ငါးမ်ား ပိုမိုရွားပါးလာျခင္းဆိုသည့္ အဓိပၸာယ္လည္း ျဖစ္သည္။

    ဇိမ္ခံကားတစ္စီး၊ ရန္ကုန္တိုက္ခန္းက်ယ္ တစ္ခန္း ဝယ္ရေသာ သည္လိုတန္ဖိုးႀကီးေရငန္ငါးမ်ိဳးကို ေမြးျမဴႏိုင္လွ်င္ ေမြးျမဴသူအတြက္ အက်ိဳးအျမတ္ႀကီးႏိုင္၍ တာဝန္ရွိသူမ်ားထံ ခ်ဥ္းကပ္ ေမးျမန္းေသာအခါ ေဆးထိုးသားေဖာက္ ေမြးျမဴေရး မျဖစ္ႏိုင္ေသးေၾကာင္း ေျပာသည္။ ရွားပါးေနၿပီျဖစ္ေသာ ကသျမင္ငါး၏ ငါးစည္ေဖာင္းကို တ႐ုတ္မ်ားက ေဆးဖက္ဝင္သည္ ဆိုကာ ေဈးေကာင္းေပးဝယ္ ၾကျခင္းျဖစ္သည္။

    ‘‘ကသျမင္ငါးက မ်ိဳးငါး။ အရွင္ရဖို႔ မလြယ္ဘူး။ မိတာနဲ႔ ေသတာပဲ။ အရွင္ရရင္ေတာင္ သူ႔ကို ျပဳစုပ်ိဳးေထာင္ဖို႔လည္း မလြယ္ဘူး။ စည္ေဖာင္းေၾကာင့္ တန္ဖိုးႀကီးတဲ့ ငါးကို သားေဖာက္ေမြးလို႔ရရင္ လုပ္ၾကၿပီေပါ့။ သူမ်ားႏိုင္ငံေတြလည္း လုပ္ေနတယ္လို႔ မၾကားမိေသးပါဘူး’’ ဟု ေရငန္အညိဳေရာင္ေက်ာက္ငါးကို သားေဖာက္နည္းစနစ္ျဖင့္ ေဒါက္တာဘြဲ႕ ယူခဲ့ေသာ ေဒါက္တာတိုးနႏၵာတင္က ေျပာသည္။

    သားေဖာက္ေမြး၍ မရ

    ကသျမင္ငါးသည္ ေရငန္ငါးျဖစ္ၿပီး မုတၱမပင္လယ္ေကြ႕တြင္ ေပါက္ဖြားရွင္သန္သျဖင့္ သားေဖာက္ေမြးျမဴသည့္ စနစ္ မရွိ ေသးေၾကာင္း မြန္ျပည္နယ္ငါး လုပ္ငန္းဦးစီးဌာန ဒုျပည္နယ္ဦးစီး မႉးဦးစိုးမင္းက ဆိုသည္။ ‘‘သဘာဝပင္လယ္ထဲမွာပဲ ေတြ႕ရတဲ့ ေရငန္ငါးမ်ိဳးမို႔ အဲဒီငါးေတြ ေမြးျမဴတဲ့စနစ္က ကြၽန္ေတာ္တို႔ႏိုင္ငံမွာ မရွိေသးပါဘူး’’ ဟု ဦးစိုးမင္းက ဆိုသည္။

    ထို႔ေၾကာင့္ မုတၱမပင္လယ္ ေကြ႕ေဒသျဖစ္ေသာ ျမန္မာႏိုင္ငံကမ္း႐ိုးတန္းေဒသမ်ားျဖစ္သည့္ တနသၤာရီတိုင္း၊ရခိုင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ရွိ သဘာဝေရျပင္တြင္ ယခုႏွစ္မ်ားအတြင္း တစ္ႏွစ္လွ်င္ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ခန႔္ ကသျမင္ငါး အေကာင္ႀကီးမ်ားကို ဖမ္းမိေလ့ရွိသည္။

    ငါးအ႐ြယ္အစားမွာ ေလး၊ ငါး၊ ေျခာက္ေပခန႔္ရွည္ၿပီး ပိႆာ ခ်ိန္ ၂၀ ခန႔္မွ ၄၀ ေက်ာ္အတြင္း ျဖစ္ၿပီး အေရာင္၊ အေလး ခ်ိန္ႏွင့္ ငါးစည္ေဖာင္းအႀကီး၊ အေသး ေပၚမူတည္ကာ က်ပ္သိန္းဆယ္ဂဏန္းမွ သိန္း ၇၀၀ ခန႔္အထိ အေရာင္း အဝယ္ ျပဳလုပ္သည္။ ငါးဖမ္းမိသည့္ေနရာသည္ ငါးလုပ္ငန္းဦးစီးက တင္ဒါပိုက္ ခ်က္မ်ားေပးထားသည့္ လုပ္ကြက္မ်ားျဖစ္ၿပီး ေရာင္းခ်ေငြမ်ားကို တင္ဒါေအာင္သည့္ ငါးလုပ္ငန္းပိုင္ရွင္သာ ရရွိမည္ျဖစ္ၿပီး အစိုးရဌာနအေနျဖင့္ ငါးရရွိမႈကို မွတ္တမ္းတင္မႈသာ ျပဳလုပ္ျဖစ္ ေၾကာင္း ဦးစိုးမင္းကဆိုသည္။ ေဈးေကာင္းရေသာ ကသ ျမင္ငါးႀကီးမ်ား ဖမ္းဆီးရရွိမႈကလည္း စိတ္ဝင္စားဖြယ္ေကာင္းသည္။

    ၂၀၁၄ စက္တင္ဘာတြင္ မြန္ျပည္နယ္ က်ိဳကၡမီကမ္းေျခမွ ေလးမိုင္အကြာ၌ ၁၆ ပိႆာ ရွိအလ်ား ၃ ေပ အနံ ၁ ေပအ႐ြယ္ ငါးတစ္ေကာင္ဖမ္းမိ၍ က်ပ္ သိန္း ၃၀ ျဖင့္ အေရာင္းအဝယ္ ျဖစ္ခဲ့သည္။ ၂၀၁၅ ႏွစ္ဆန္းပိုင္းက ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ ေက်း႐ြာတစ္႐ြာမွ ေ႐ႊေရာင္ကသျမင္ ငါးႀကီးတစ္ေကာင္ ဖမ္းမိ၍ ေဈးၿပိဳင္ေပးဝယ္ရာ က်ပ္သိန္း ၇၀၀ ခန႔္ျဖင့္ ေရာင္းခဲ့ဖူးေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။

    မြန္ျပည္နယ္အတြင္း ၂၀၁၆ ေဖေဖာ္ဝါရီတြင္ သံျဖဴဇရပ္ၿမိဳ႕နယ္ က်ိဳကၡမီေရလယ္ဘုရား အေနာက္ဘက္၌ ၂၁ ပိႆာရွိ ငါး တစ္ေကာင္၊ ဇြန္လတြင္ က်ိဳကၡမီကမ္းေျခမွ သုံးမိုင္အကြာတြင္ ၃၆ ပိႆာရွိငါးတစ္ေကာင္၊ ၂၀၁၈ က်ိဳကၡမီကမ္းေျခမွ ၁၀ မိုင္အကြာတြင္ ၁၆ ဒသမ ၅ ပိႆာရွိ ကသျမင္ငါးတစ္ေကာင္ ဖမ္းမိခဲ့ေၾကာင္း မြန္ျပည္နယ္ ငါးလုပ္ငန္းဦးစီးဌာန မွတ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။

    ယခုအခ်ိန္ထိ ေဈးအမ်ားဆုံး စံခ်ိန္ျဖစ္ေသာ က်ပ္ ၅၆၅ သိန္းျဖင့္ ေရာင္းခ်ႏိုင္ခဲ့ေသာ တန္ဖိုးႀကီးကသျမင္ငါးကို ေတြ႕ရစဥ္ (ဓာတ္ပုံ − ငါးလုပ္ငန္းဦးစီးဌာန)

    ငါးစည္ေဖာင္းဘာေၾကာင့္ ေဈးေကာင္း

    ‘‘ငါးရဲ႕စည္ေဖာင္းက တ႐ုတ္ႏိုင္ငံမွာ ေဆးေဖာ္တာရွိတယ္။ အဓိကကေတာ့ ငါးရဲ႕စည္ေဖာင္းက ေဈးျမင့္တာပါ။ ငါးရဲ႕ အသားက စည္ေဖာင္းေလာက္ ေဈးမျမင့္ ဘူး။ တ႐ုတ္ႏိုင္ငံမွာ ဘာအတြက္ ေဆးေဖာ္လဲဆိုတာ မသိဘူး။ ကသျမင္ငါးရဲ႕ စည္ေဖာင္းက အ႐ြယ္ႀကီးေလ ေဈးပိုျမင့္ေလပဲ’’ ဟု ဦးစိုးမင္းက ငါးစည္ေဖာင္း ေဈးေကာင္းရသည့္ အေၾကာင္းရင္းကို ရွင္းျပသည္။

    လြန္ခဲ့ေသာႏွစ္ ၂၀ ခန႔္တြင္ ကသျမင္ငါးအေကာင္ေသးမ်ားကို ဖမ္းမိစဥ္ ငါးစည္ေဖာင္းကို ငါးဝမ္းဗိုက္မွ ခြဲထုတ္ကာ ျပဳျပင္ခဲ့ပုံကိုလည္း ကိုျမင့္လြင္က ေျပာ ျပသည္။ ငါးဝမ္းဗိုက္ကို ခြဲၿပီးအျဖဴ ေရာင္ငါးစည္ေဖာင္းကို ဆြဲထုတ္ယူကာ အတြင္းမွ အခြၽဲမ်ားကို ေရသန႔္သန႔္ျဖင့္ ေဆးေၾကာရသည္။ ငါးစည္ေဖာင္း၏ ေခါင္းထိပ္တြင္ ႏြားဦးခ်ိဳထြက္ခါစႏွင့္ သဏၭာန္တူေသာ လက္တစ္ဆစ္အ႐ြယ္ အဖုကေလး ႏွစ္ခုပါမွသာ ကသျမင္ ငါးစည္ေဖာင္း စစ္စစ္ျဖစ္သည္။

    ထို႔ေနာက္ စတီးလင္ပန္းအတြင္းထည့္ကာ သူ႔ခ်ိဳေလးမ်ားအတိုင္းျဖန႔္၍ အဝိုင္းလွလွေလးျဖစ္ရန္ ညႇိယူရသည္။ မိုးတြင္း ကာလတြင္ ေလပန္ကာျဖင့္ အေျခာက္လွန္းၿပီး ေႏြရာသီ၌ ေနလွန္းကာ ေျခာက္ေသြ႕သြားေသာ ငါးစည္ေဖာင္းကို ေသေသခ်ာခ်ာသိမ္းဆည္းၿပီး ရန္ကုန္ၿမိဳ႕ တက္ေရာင္းခဲ့ရသည္။

    လြန္ခဲ့ေသာႏွစ္ ၂၀ ခန႔္က ကသျမင္ငါးအေကာင္ငယ္မ်ား မၾကာခဏဖမ္းမိခဲ့၍ စည္ေဖာင္း တစ္ခုလွ်င္ က်ပ္သိန္း ၃၀ ခန႔္မွ ၁၀၀ ခန႔္ရေလ့ရွိသည္။ စည္ေဖာင္းခြဲထုတ္ၿပီး က်န္ငါးအသားမ်ားကို ခုတ္ထစ္ကာ ႐ြာအတြင္းရွိ အိမ္နီးခ်င္းမ်ားထံ ေဝငွေပးလိုက္႐ုံမို႔ ငါးအသားက တန္ဖိုးသိပ္မရွိဟု ကိုျမင့္လြင္က ဆိုသည္။ ကသျမင္ငါးကို တ႐ုတ္ႏိုင္ငံက ဝယ္ယူၿပီး ၾကားခံဝယ္ယူသူမ်ားကလည္း တ႐ုတ္ႏိုင္ငံသို႔ပင္ ျပန္လည္တင္ပို႔ေၾကာင္း ကိုျမင့္လြင္က ေျပာသည္။

    ‘‘ကြၽန္ေတာ္ၾကားသေလာက္ေတာ့ တ႐ုတ္လူမ်ိဳးေတြက လူ႔က်န္းမာေရးအတြက္ ေဆးဖက္ဝင္ တ႐ုတ္႐ိုးရာတိုင္းရင္းေဆး ေတြ ေဖာ္စပ္တဲ့ေနရာမွာ သုံးၾကတယ္။ ေနာက္ ဟင္းခ်ိဳအတြက္ စားေသာက္ၾကတဲ့ေနရာမွာသုံးၿပီး ေရာင္းရင္ ေဈးေတာ္ ေတာ္ႀကီးတယ္လို႔ သိရတယ္။ ေနာက္တစ္ မ်ိဳးကေတာ့ တ႐ုတ္လူမ်ိဳးေတြက နတ္ကိုးကြယ္ေတာ့ တ႐ုတ္ႏွစ္သစ္ကူးတဲ့ အခ်ိန္မွာ အထြတ္အျမတ္ထားၾကတယ္။ ဒါေၾကာင့္ တ႐ုတ္ႏွစ္သစ္ကူးနဲ႔ နီးတဲ့အခ်ိန္ ကသျမင္ငါးဖမ္းမိလို႔ကေတာ့ ေဈးပိုေကာင္းေကာင္းရပါတယ္’’ ဟု ကိုျမင့္လြင္က ဆိုသည္။

    သားငွက္ထိန္းသိမ္းေရးအဖြဲ႕ (WCS)မွ ေရခ်ိဳ၊ ေရငန္အဏၰဝါ ထိန္းသိမ္းေရး ညႇိႏႈိင္းေရးမႉး ဦးျမသန္းထြန္း ကလည္း ကသျမင္ငါးဝယ္သူႏွင့္ ပတ္သက္၍ သူ၏ အေတြ႕အႀကဳံကို ေအာက္ပါအတိုင္း ေျပာသည္။

    ‘‘ၿပီးခဲ့တဲ့လက ကြၽန္ေတာ္ မေလးရွားကြာလာလမ္ပူမွာ အစည္းအေဝးတက္ေတာ့ ကမ္းနားဘက္ဆင္းရင္း ကြၽန္ေတာ့္ေရွ႕မွာ ကသျမင္ငါးတစ္ေကာင္ ဖမ္းမိထားတာေတြ႕ေတာ့ ကြၽန္ေတာ့္ သူငယ္ခ်င္း တ႐ုတ္လူမ်ိဳးက မရရ ေအာင္ဝယ္ၿပီး ငါးစည္ေဖာင္းကို ခြဲထုတ္ယူသြားတယ္။ ငါးအသားကို မစားဘဲ ဒီအတိုင္းထားခဲ့တယ္။ သူ႔ကိုေမးေတာ့ အေျခာက္လွန္း၊ မွန္ပုံးထဲထည့္ၿပီး အိမ္မွာ အလွထားမယ္လို႔ ေျပာတယ္’’ ဟု ၎က ေျပာသည္။

    မ်ိဳးသုဥ္းေပ်ာက္ကြယ္လု အနီေရာင္အဆင့္ရွားပါးသတၱဝါ

    ကသျမင္ငါးသည္ ငါးပုတ္သင္အုပ္စုဝင္ျဖစ္ၿပီး ယင္းတြင္ ေျခာက္မ်ိဳးခန႔္ ကြဲျပားေနကာ ကမာၻေပၚ၌ မ်ိဳးသုဥ္းေပ်ာက္ကြယ္ ႏိုင္သည့္ ေရသတၱဝါစာရင္းဝင္အျဖစ္ သတ္မွတ္ထားေၾကာင္း ေျပာသည္။ ၁၉၈၀ ခန႔္က ရခိုင္ျပည္နယ္ ဖ႐ုံကာကြၽန္းဘက္ႏွင့္ ေက်ာက္ ျဖဴၿမိဳ႕နယ္တစ္ဝိုက္ ပင္လယ္ျပင္တြင္ ကသျမင္ ငါးမ်ား ဖမ္းမိဖူးရာ တစ္ေကာင္လွ်င္ က်ပ္ငါးသိန္း ျဖင့္ ေရာင္းခဲ့ဖူးေၾကာင္း၎ကေျပာသည္။ ယခု ကသျမင္ငါးမ်ား ဖမ္းဆီးရရွိမႈ ရွားပါးၿပီး မ်ိဳးသုဥ္း ေပ်ာက္ကြယ္ႏိုင္သည့္ အနီေရာင္ အဆင့္သတ္မွတ္ေသာေၾကာင့္ မဖမ္းဆီးေရး မတားဆီးႏိုင္ေသာ္လည္း ထိန္းသိမ္းရန္ လိုအပ္ၿပီျဖစ္ ေၾကာင္း ဦးျမသန္းထြန္းက ဆိုသည္။

    သို႔ေသာ္ အေရအတြက္ ရွားပါးလာေသာ္လည္း ျမန္မာ့ကမ္း႐ိုးတန္းတြင္ အေကာင္ေရမည္မွ်ရွိသည္ဆိုေသာ စာရင္း မွတ္တမ္းေတာ့မရွိေပ။ ‘‘အေရအတြက္ အတိအက် မွတ္တမ္းျပဳထားတာ မရွိဘူး။ အရင္က ၁၉၈၀ ေလာက္က ကြၽန္ေတာ္ဖမ္းတုန္းကဆို ၅ ေပ၊ ၆ ေပအ႐ြယ္ေတြ တစ္ပတ္မွာ ရွစ္ေကာင္အထိ မိဖူးတယ္။ အခုေတာ့ မ်ိဳးစိတ္တူတာ တစ္ႏွစ္မွာ တစ္ေကာင္ေတာင္ ဖမ္းမမိေတာ့ ေတာ္ေတာ္ရွားေနၿပီ။ အခုမိတဲ့ ကသျမင္မ်ိဳးစိတ္က လြန္ခဲ့တဲ့ ၂ႏွစ္က က်ိဳက္ထိုမွာ မိဖူးတဲ့မ်ိဳးစိတ္ပဲ’’ ဟု ၎က ဆက္ေျပာသည္။

    ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးဝင္းႀကိဳင္က ‘‘အရင္တုန္းကေတာ့ ကသျမင္ငါးေျခာက္ ေတာင္ ရွိခဲ့ဖူးတယ္။ အခုေတာ့ရွားသြားၿပီ။ ေ႐ႊျဖစ္တဲ့ငါး၊ ေ႐ႊငါးျဖစ္ေန ၿပီ’’ ဟု ဆိုသည္။ ‘‘ဒီငါးေတြဟာ ဒီေဒသျဖစ္တဲ့ က်ယ္ျပန႔္တဲ့ မုတၱမပင္လယ္ ေကြ႕ႀကီးမွာ ေပါက္ဖြားရွင္သန္က်က္စားေနတာမို႔ ဖမ္းမိတဲ့အခါ ႏိုင္ငံျခားပို႔ေတာ့ ေဈးေကာင္းရတာေပါ့။ ဒါေၾကာင့္ ဒီငါးသယံဇာတကို ထိန္းသိမ္းႏိုင္ေအာင္ ပင္လယ္ျပင္မွာ ငါးဖမ္းဖို႔ သတ္မွတ္ခ်ိန္၊ ငါးဖမ္းပိုက္အမ်ိဳးအစားနဲ႔ ငါးမဖမ္းရ ရာသီသတ္မွတ္ခ်က္ ေတြကို လိုက္နာၾကဖို႔ရာလိုပါတယ္။ ဒါမွ ဒီငါးသယံဇာတကို စဥ္ဆက္မျပတ္ထိန္းသိမ္းထား ႏိုင္မွာပါ။ ဒါေတာင္ ငါးဖမ္းရင္းနဲ႔ ပိုက္ထဲမွာ ဒီငါးမ်ိဳးအေကာင္ေသး ေသးေလးေတြ ပါလာေကာင္း ပါလာႏိုင္တာမို႔ အေကာင္ေပါက္ ေလးေတြကို မဖမ္းၾကေစခ်င္ဘူး’’ ဟု မြန္ျပည္နယ္ ငါးလုပ္ငန္းဦးစီးဌာန ဒုျပည္နယ္ဦးစီးမႉးဦးစိုးမင္းက တိုက္တြန္းသည္။

    ဖမ္းဆီးမႈမ်ားျပားပါက လုံးဝမ်ိဳးသုဥ္း ေပ်ာက္ကြယ္ႏိုင္သျဖင့္ ရွားပါးေနၿပီျဖစ္ေသာ ကသျမင္ငါးသယံဇာတကို ထိန္းသိမ္း သင့္ေၾကာင္း ဦးျမသန္းထြန္းက အႀကံျပဳသည္။ ‘‘ပိုက္ဆံရတဲ့ငါးကို လိုက္ဖမ္းၾကတယ္။ ေဈးႀကီးတာနဲ႔ဖမ္းပစ္ၾကရင္ ဒီငါးက ကုန္သြားမွာေပါ့’’ ဟု ဦးျမသန္းထြန္း ကဆိုေလသည္။

    Credit – 7Day Daily

    Source – http://7daydaily.com/story/143858

    (Unicode)

    တရုတ်တွေ ဈေးကောင်းပေးဝယ်နေလို့ မျိုးသုဉ်းတော့မယ့် မြန်မာ့ကသမြင်ငါး

    မြန်မာ့ပင်လယ်ထဲက ရွှေဖြစ်စေသော ငါးအနာဂတ်

    ပင်လယ်ပြင်မှ ရွှေရောင်တဝင်းဝင်းနှင့် ကသမြင်ငါးကြီးတစ်ကောင် ဖမ်းမိသဖြင့် ကိုမြင့်လွင်တစ်ယောက် အတိုင်းမသိ ဝမ်းသာနေသည်။ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်းအပိုင် ငါးဖမ်း တင်ဒါပိုက်ချက်အမှတ်(၁)၌ ရွှေ ရောင်ကသမြင်ငါးကြီးဖမ်းမိထား သောသတင်းသည် နိုဝင်ဘာ ၁၁ ရက်မွန်းလွဲ ၂ နာရီတွင် ဒေသအတွင်း တစ်မုဟုတ်ချင်း ပျံ့နှံ့ခဲ့သည်။

    ယခု ငါးဖမ်းရာသီအတွက် သည်နေရာကို အတန်းလိုက် တင်ဒါပိုက်ချက် လေလံဆွဲစဉ်က ကိုမြင့်လွင်သည် ငါးများများ ဖမ်းမိရေးသာ အာရုံစိုက်ခဲ့သည်။ ငါးဖမ်းရာသီစကတည်းက သူဆွဲထားသော တင်ဒါပိုက်ချက်အတွင်း ငါးများများရရှိရေး ကြိုးစားခဲ့သော်လည်း ဒီနှစ်ထဲငါးအထိအမိ လျော့နည်းနေသဖြင့် ဘာလုပ်ရမည်မသိ ဖြစ်ခဲ့သည်။

    ဈေးအများဆုံးရသည့် ကသမြင်ငါးကြီး

    ယခုတော့ သိန်းရာနှင့်ချီတန်ဖိုးရှိသော ရွှေရောင်ကသမြင်ငါး ကြီးတစ်ကောင်ဖမ်းမိ၍ အူမြူးနေသည်။ ငါးဖမ်းပိုက်ဖော်နေသော ယောက်ဖဖြစ်သူ ထွန်းနိုင်ဦးက နေရောင်အောက်၌ တဖိတ်ဖိတ် တောက်နေသော ကသမြင်ငါး ကြီးကို အိမ်သို့သယ်လာချိန်တွင် ကိုမြင့်လွင်တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတော့သည်။ ငါးကြီးကို တိုင်းထွာခြင်တွယ်ရာ အလျားမှာ သာမန်လူတစ်ရပ်မက ခြောက်ပေရှည်ပြီး အနံက တစ်ပေတစ်လက်မနှင့် ၃၅ ပိဿာ ၅၅ ကျပ်သားမို့ ငါး၏ ဝမ်းဗိုက်အတွင်းရှိနေသော တန်ဖိုးကြီး ငါးစည်ဖောင်း၏အရွယ်ကို သူခန့်မှန်းတွက်ချက်နေသည်။

    သူ၏ ပင်လယ်ပြင်အတွေ့အကြုံအရ ငါးစည်ဖောင်းသည် အနည်းဆုံး ဗြက်ကလက်တစ်မိုက် သာသာနှင့် အရှည် တစ်တောင် ကျော်ခန့်ရှိနိုင်သဖြင့် ထိုက်တန်သည့် တန်ဖိုးကို ရင်ခုန်စွာ တွက်ချက်နေခြင်းလည်းဖြစ်သည်။ ကိုမြင့်လွင်အတွက် တန်ဖိုးကြီး ကသမြင်ငါးဖမ်းမိခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ပေ။ လွန်ခဲ့သော ၁၅ နှစ်ခန့် က ပိဿာချိန် ၄၀ ရှိရွှေရောင်ကသ မြင်ငါးကြီးတစ်ကောင် ရရှိဖူးသည်။

    ထိုစဉ်က ကသမြင်ငါးများကို အသေး၊ အလတ်၊ အကြီးအရွယ်အစားအသီးသီးဖြင့် ဒေသတွင်း တစ်နှစ်လျှင် လေး၊ ငါးကြိမ်ဖမ်းမိသော်လည်း ယခုနှစ်ပိုင်းတွင် ဖမ်းမိနှုန်းလျော့ကျသကဲ့သို့ သည်အရွယ် ငါးမျိုးမမိခဲ့သည်မှာ ကြာပြီဖြစ်သည်။

    လွန်ခဲ့သော ၁၅ နှစ်ကာလ (၂၀၀၃)ခန့်က ကိုမြင့်လွင်ဖမ်းမိဖူးသော ရွှေရောင်ကသမြင်ငါးကို ကျပ်သိန်း ၃၅၀ ဖြင့်ရောင်းခဲ့ရသဖြင့် သည်တစ်ကြိမ်တွင် ဈေးမြှင့်ခေါ်ရောင်းဖို့ သူဆုံးဖြတ်ခဲ့သည်။ မကြာမီ ငါးဝယ်မည့်သူတစ်ဦးက ငါးကြည့်ထားသော ပွဲစားမှ တစ်ဆင့် သူ့ထံ ဖုန်းဖြင့် ဆက်သွယ်လာသည်။ သူရောင်းနိုင်သော ဈေးနှုန်းကို ပြောချလိုက်သည်။ တစ်ဖက်လူ၏ အသံကို နားစွင့်နေသည်။ ဝယ်လက်က အကြောင်းပြန်မည်ဟု ဆိုသည်။

    သူရင်ခုန်နေသည်။ ငါးကြီးမိပြီး နာရီပိုင်းအကြာတွင် ကျပ်သိန်းရာနှင့်ချီ၍ ဈေးပေးဝယ်မည့် ဝယ်လက်ထံ တုံ့ပြန်မှုကို စောင့်ဆိုင်းရသည်မှာ ကြာလွန်းသည်ဟုထင်သည်။ ဝယ်လက်က ဈေးဆစ်သည်။ သူက ကျပ်သိန်း ၆၀၀ မလျှော့ တင်းခံနေသည်။ နောက်ဆုံးဈေးနှုန်းကိုညှိကြရင်း ကျပ် ၅၆၅ သိန်းနှင့် ဈေးတည့်ခဲ့သည်။

    သူက ယောက္ခမဖြစ်သူဦးသန်းနီထံ အကျိုးအကြောင်းပြောပြသည်။ ယောက္ခမကလည်း သူ့ သဘောဟုဆိုသည်။ ကိုမြင့်လွင်က ငါးဖမ်းတင်ဒါပိုက်ချက်ကို အမည်ပေါက် လေလံဆွဲသူဖြစ်ပြီး ၎င်း၏ယောက္ခမအား ယခုငါးကြီးမိရာ လုပ်ကွက်ကို တစ်ဆင့်ပြန်ပေးထားခြင်းဖြစ်၍ ယခုငါးရောင်းရငွေကို ယောက္ခမရသင့်ကြောင်း သူလက်ခံသည်။ ငါးအရောင်းအဝယ် ဘယ်လိုလုပ်မလဲဆိုသော ကိစ္စကို ငါးဝယ်လက်မှတစ်ဆင့် ပွဲစားနှင့် ညှိနှိုင်းခဲ့သည်။ အရောင်းအဝယ်ကလည်း နေ့ချင်းပင်ဖြစ်ခဲ့သည်။

    ကိုမြင့်လွင်တို့က ၎င်းနေထိုင်ရာ မုဒုံမြို့နယ်ဝဲဂလိရွာမှ ငါးကြီးကို သယ်ယူလာမည်ဖြစ်ပြီး ဝယ်သူက ကျိုက်ထိုမြို့ တစ်နေရာတွင် စောင့်ဆိုင်းနေကာ ငါးနှင့်ငွေကို လဲလှယ်မည်ဖြစ်သည်။ အစီအစဉ်များ ရေးဆွဲပြီး နှစ်ဖက်သဘောတူချိန် ငါးအရောင်းအဝယ် စတင်ကြသည်။ လုပ်ငန်းအောင်မြင်ခဲ့သည်။ ငွေထုပ်ကို ယောက္ခမထံအပ်နှံသည်။ ကိုမြင့်လွင်စဉ်းစားနေသည်။ သူတို့ဒေသအတွင်း ဖမ်းမိခဲ့သမျှ ကသမြင်ငါးကြီးများအနက် ယခုငါးကြီးသည် အရွယ်အစား အကြီးဆုံးမဟုတ်သော်လည်း အမြင့်ဆုံးဈေးနှုန်းဖြင့် ရောင်းချရခြင်း မှတ်တမ်းဝင်ခဲ့သည်။

    ထိုသို့ဖြစ်ရသည်မှာ မုတ္တမပင်လယ်ကွေ့အတွင်း မွေးဖွားရှင် သန်ကျက်စားနေသော ပင်လယ်ပြင်၏ ရတနာတစ်ပါး ဖြစ်သည့် ကသမြင်ငါးများ ပိုမိုရှားပါးလာခြင်းဆိုသည့် အဓိပ္ပာယ်လည်း ဖြစ်သည်။

    ဇိမ်ခံကားတစ်စီး၊ ရန်ကုန်တိုက်ခန်းကျယ် တစ်ခန်း ဝယ်ရသော သည်လိုတန်ဖိုးကြီးရေငန်ငါးမျိုးကို မွေးမြူနိုင်လျှင် မွေးမြူသူအတွက် အကျိုးအမြတ်ကြီးနိုင်၍ တာဝန်ရှိသူများထံ ချဉ်းကပ် မေးမြန်းသောအခါ ဆေးထိုးသားဖောက် မွေးမြူရေး မဖြစ်နိုင်သေးကြောင်း ပြောသည်။ ရှားပါးနေပြီဖြစ်သော ကသမြင်ငါး၏ ငါးစည်ဖောင်းကို တရုတ်များက ဆေးဖက်ဝင်သည် ဆိုကာ ဈေးကောင်းပေးဝယ် ကြခြင်းဖြစ်သည်။

    ‘‘ကသမြင်ငါးက မျိုးငါး။ အရှင်ရဖို့ မလွယ်ဘူး။ မိတာနဲ့ သေတာပဲ။ အရှင်ရရင်တောင် သူ့ကို ပြုစုပျိုးထောင်ဖို့လည်း မလွယ်ဘူး။ စည်ဖောင်းကြောင့် တန်ဖိုးကြီးတဲ့ ငါးကို သားဖောက်မွေးလို့ရရင် လုပ်ကြပြီပေါ့။ သူများနိုင်ငံတွေလည်း လုပ်နေတယ်လို့ မကြားမိသေးပါဘူး’’ ဟု ရေငန်အညိုရောင်ကျောက်ငါးကို သားဖောက်နည်းစနစ်ဖြင့် ဒေါက်တာဘွဲ့ ယူခဲ့သော ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

    သားဖောက်မွေး၍ မရ

    ကသမြင်ငါးသည် ရေငန်ငါးဖြစ်ပြီး မုတ္တမပင်လယ်ကွေ့တွင် ပေါက်ဖွားရှင်သန်သဖြင့် သားဖောက်မွေးမြူသည့် စနစ် မရှိ သေးကြောင်း မွန်ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာန ဒုပြည်နယ်ဦးစီး မှူးဦးစိုးမင်းက ဆိုသည်။ ‘‘သဘာဝပင်လယ်ထဲမှာပဲ တွေ့ရတဲ့ ရေငန်ငါးမျိုးမို့ အဲဒီငါးတွေ မွေးမြူတဲ့စနစ်က ကျွန်တော်တို့နိုင်ငံမှာ မရှိသေးပါဘူး’’ ဟု ဦးစိုးမင်းက ဆိုသည်။

    ထို့ကြောင့် မုတ္တမပင်လယ် ကွေ့ဒေသဖြစ်သော မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများဖြစ်သည့် တနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ သဘာဝရေပြင်တွင် ယခုနှစ်များအတွင်း တစ်နှစ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ကသမြင်ငါး အကောင်ကြီးများကို ဖမ်းမိလေ့ရှိသည်။

    ငါးအရွယ်အစားမှာ လေး၊ ငါး၊ ခြောက်ပေခန့်ရှည်ပြီး ပိဿာ ချိန် ၂၀ ခန့်မှ ၄၀ ကျော်အတွင်း ဖြစ်ပြီး အရောင်၊ အလေး ချိန်နှင့် ငါးစည်ဖောင်းအကြီး၊ အသေး ပေါ်မူတည်ကာ ကျပ်သိန်းဆယ်ဂဏန်းမှ သိန်း ၇၀၀ ခန့်အထိ အရောင်း အဝယ် ပြုလုပ်သည်။ ငါးဖမ်းမိသည့်နေရာသည် ငါးလုပ်ငန်းဦးစီးက တင်ဒါပိုက် ချက်များပေးထားသည့် လုပ်ကွက်များဖြစ်ပြီး ရောင်းချငွေများကို တင်ဒါအောင်သည့် ငါးလုပ်ငန်းပိုင်ရှင်သာ ရရှိမည်ဖြစ်ပြီး အစိုးရဌာနအနေဖြင့် ငါးရရှိမှုကို မှတ်တမ်းတင်မှုသာ ပြုလုပ်ဖြစ် ကြောင်း ဦးစိုးမင်းကဆိုသည်။ ဈေးကောင်းရသော ကသ မြင်ငါးကြီးများ ဖမ်းဆီးရရှိမှုကလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။

    ၂၀၁၄ စက်တင်ဘာတွင် မွန်ပြည်နယ် ကျိုက္ခမီကမ်းခြေမှ လေးမိုင်အကွာ၌ ၁၆ ပိဿာ ရှိအလျား ၃ ပေ အနံ ၁ ပေအရွယ် ငါးတစ်ကောင်ဖမ်းမိ၍ ကျပ် သိန်း ၃၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။ ၂၀၁၅ နှစ်ဆန်းပိုင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာတစ်ရွာမှ ရွှေရောင်ကသမြင် ငါးကြီးတစ်ကောင် ဖမ်းမိ၍ ဈေးပြိုင်ပေးဝယ်ရာ ကျပ်သိန်း ၇၀၀ ခန့်ဖြင့် ရောင်းခဲ့ဖူးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

    မွန်ပြည်နယ်အတွင်း ၂၀၁၆ ဖေဖော်ဝါရီတွင် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီရေလယ်ဘုရား အနောက်ဘက်၌ ၂၁ ပိဿာရှိ ငါး တစ်ကောင်၊ ဇွန်လတွင် ကျိုက္ခမီကမ်းခြေမှ သုံးမိုင်အကွာတွင် ၃၆ ပိဿာရှိငါးတစ်ကောင်၊ ၂၀၁၈ ကျိုက္ခမီကမ်းခြေမှ ၁၀ မိုင်အကွာတွင် ၁၆ ဒသမ ၅ ပိဿာရှိ ကသမြင်ငါးတစ်ကောင် ဖမ်းမိခဲ့ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။

    ယခုအချိန်ထိ ဈေးအများဆုံး စံချိန်ဖြစ်သော ကျပ် ၅၆၅ သိန်းဖြင့် ရောင်းချနိုင်ခဲ့သော တန်ဖိုးကြီးကသမြင်ငါးကို တွေ့ရစဉ် (ဓာတ်ပုံ − ငါးလုပ်ငန်းဦးစီးဌာန)

    ငါးစည်ဖောင်းဘာကြောင့် ဈေးကောင်း

    ‘‘ငါးရဲ့စည်ဖောင်းက တရုတ်နိုင်ငံမှာ ဆေးဖော်တာရှိတယ်။ အဓိကကတော့ ငါးရဲ့စည်ဖောင်းက ဈေးမြင့်တာပါ။ ငါးရဲ့ အသားက စည်ဖောင်းလောက် ဈေးမမြင့် ဘူး။ တရုတ်နိုင်ငံမှာ ဘာအတွက် ဆေးဖော်လဲဆိုတာ မသိဘူး။ ကသမြင်ငါးရဲ့ စည်ဖောင်းက အရွယ်ကြီးလေ ဈေးပိုမြင့်လေပဲ’’ ဟု ဦးစိုးမင်းက ငါးစည်ဖောင်း ဈေးကောင်းရသည့် အကြောင်းရင်းကို ရှင်းပြသည်။

    လွန်ခဲ့သောနှစ် ၂၀ ခန့်တွင် ကသမြင်ငါးအကောင်သေးများကို ဖမ်းမိစဉ် ငါးစည်ဖောင်းကို ငါးဝမ်းဗိုက်မှ ခွဲထုတ်ကာ ပြုပြင်ခဲ့ပုံကိုလည်း ကိုမြင့်လွင်က ပြော ပြသည်။ ငါးဝမ်းဗိုက်ကို ခွဲပြီးအဖြူ ရောင်ငါးစည်ဖောင်းကို ဆွဲထုတ်ယူကာ အတွင်းမှ အချွဲများကို ရေသန့်သန့်ဖြင့် ဆေးကြောရသည်။ ငါးစည်ဖောင်း၏ ခေါင်းထိပ်တွင် နွားဦးချိုထွက်ခါစနှင့် သဏ္ဌာန်တူသော လက်တစ်ဆစ်အရွယ် အဖုကလေး နှစ်ခုပါမှသာ ကသမြင် ငါးစည်ဖောင်း စစ်စစ်ဖြစ်သည်။

    ထို့နောက် စတီးလင်ပန်းအတွင်းထည့်ကာ သူ့ချိုလေးများအတိုင်းဖြန့်၍ အဝိုင်းလှလှလေးဖြစ်ရန် ညှိယူရသည်။ မိုးတွင်း ကာလတွင် လေပန်ကာဖြင့် အခြောက်လှန်းပြီး နွေရာသီ၌ နေလှန်းကာ ခြောက်သွေ့သွားသော ငါးစည်ဖောင်းကို သေသေချာချာသိမ်းဆည်းပြီး ရန်ကုန်မြို့ တက်ရောင်းခဲ့ရသည်။

    လွန်ခဲ့သောနှစ် ၂၀ ခန့်က ကသမြင်ငါးအကောင်ငယ်များ မကြာခဏဖမ်းမိခဲ့၍ စည်ဖောင်း တစ်ခုလျှင် ကျပ်သိန်း ၃၀ ခန့်မှ ၁၀၀ ခန့်ရလေ့ရှိသည်။ စည်ဖောင်းခွဲထုတ်ပြီး ကျန်ငါးအသားများကို ခုတ်ထစ်ကာ ရွာအတွင်းရှိ အိမ်နီးချင်းများထံ ဝေငှပေးလိုက်ရုံမို့ ငါးအသားက တန်ဖိုးသိပ်မရှိဟု ကိုမြင့်လွင်က ဆိုသည်။ ကသမြင်ငါးကို တရုတ်နိုင်ငံက ဝယ်ယူပြီး ကြားခံဝယ်ယူသူများကလည်း တရုတ်နိုင်ငံသို့ပင် ပြန်လည်တင်ပို့ကြောင်း ကိုမြင့်လွင်က ပြောသည်။

    ‘‘ကျွန်တော်ကြားသလောက်တော့ တရုတ်လူမျိုးတွေက လူ့ကျန်းမာရေးအတွက် ဆေးဖက်ဝင် တရုတ်ရိုးရာတိုင်းရင်းဆေး တွေ ဖော်စပ်တဲ့နေရာမှာ သုံးကြတယ်။ နောက် ဟင်းချိုအတွက် စားသောက်ကြတဲ့နေရာမှာသုံးပြီး ရောင်းရင် ဈေးတော် တော်ကြီးတယ်လို့ သိရတယ်။ နောက်တစ် မျိုးကတော့ တရုတ်လူမျိုးတွေက နတ်ကိုးကွယ်တော့ တရုတ်နှစ်သစ်ကူးတဲ့ အချိန်မှာ အထွတ်အမြတ်ထားကြတယ်။ ဒါကြောင့် တရုတ်နှစ်သစ်ကူးနဲ့ နီးတဲ့အချိန် ကသမြင်ငါးဖမ်းမိလို့ကတော့ ဈေးပိုကောင်းကောင်းရပါတယ်’’ ဟု ကိုမြင့်လွင်က ဆိုသည်။

    သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)မှ ရေချို၊ ရေငန်အဏ္ဏဝါ ထိန်းသိမ်းရေး ညှိနှိုင်းရေးမှူး ဦးမြသန်းထွန်း ကလည်း ကသမြင်ငါးဝယ်သူနှင့် ပတ်သက်၍ သူ၏ အတွေ့အကြုံကို အောက်ပါအတိုင်း ပြောသည်။

    ‘‘ပြီးခဲ့တဲ့လက ကျွန်တော် မလေးရှားကွာလာလမ်ပူမှာ အစည်းအဝေးတက်တော့ ကမ်းနားဘက်ဆင်းရင်း ကျွန်တော့်ရှေ့မှာ ကသမြင်ငါးတစ်ကောင် ဖမ်းမိထားတာတွေ့တော့ ကျွန်တော့် သူငယ်ချင်း တရုတ်လူမျိုးက မရရ အောင်ဝယ်ပြီး ငါးစည်ဖောင်းကို ခွဲထုတ်ယူသွားတယ်။ ငါးအသားကို မစားဘဲ ဒီအတိုင်းထားခဲ့တယ်။ သူ့ကိုမေးတော့ အခြောက်လှန်း၊ မှန်ပုံးထဲထည့်ပြီး အိမ်မှာ အလှထားမယ်လို့ ပြောတယ်’’ ဟု ၎င်းက ပြောသည်။

    မျိုးသုဉ်းပျောက်ကွယ်လု အနီရောင်အဆင့်ရှားပါးသတ္တဝါ

    ကသမြင်ငါးသည် ငါးပုတ်သင်အုပ်စုဝင်ဖြစ်ပြီး ယင်းတွင် ခြောက်မျိုးခန့် ကွဲပြားနေကာ ကမ္ဘာပေါ်၌ မျိုးသုဉ်းပျောက်ကွယ် နိုင်သည့် ရေသတ္တဝါစာရင်းဝင်အဖြစ် သတ်မှတ်ထားကြောင်း ပြောသည်။ ၁၉၈၀ ခန့်က ရခိုင်ပြည်နယ် ဖရုံကာကျွန်းဘက်နှင့် ကျောက် ဖြူမြို့နယ်တစ်ဝိုက် ပင်လယ်ပြင်တွင် ကသမြင် ငါးများ ဖမ်းမိဖူးရာ တစ်ကောင်လျှင် ကျပ်ငါးသိန်း ဖြင့် ရောင်းခဲ့ဖူးကြောင်း၎င်းကပြောသည်။ ယခု ကသမြင်ငါးများ ဖမ်းဆီးရရှိမှု ရှားပါးပြီး မျိုးသုဉ်း ပျောက်ကွယ်နိုင်သည့် အနီရောင် အဆင့်သတ်မှတ်သောကြောင့် မဖမ်းဆီးရေး မတားဆီးနိုင်သော်လည်း ထိန်းသိမ်းရန် လိုအပ်ပြီဖြစ် ကြောင်း ဦးမြသန်းထွန်းက ဆိုသည်။

    သို့သော် အရေအတွက် ရှားပါးလာသော်လည်း မြန်မာ့ကမ်းရိုးတန်းတွင် အကောင်ရေမည်မျှရှိသည်ဆိုသော စာရင်း မှတ်တမ်းတော့မရှိပေ။ ‘‘အရေအတွက် အတိအကျ မှတ်တမ်းပြုထားတာ မရှိဘူး။ အရင်က ၁၉၈၀ လောက်က ကျွန်တော်ဖမ်းတုန်းကဆို ၅ ပေ၊ ၆ ပေအရွယ်တွေ တစ်ပတ်မှာ ရှစ်ကောင်အထိ မိဖူးတယ်။ အခုတော့ မျိုးစိတ်တူတာ တစ်နှစ်မှာ တစ်ကောင်တောင် ဖမ်းမမိတော့ တော်တော်ရှားနေပြီ။ အခုမိတဲ့ ကသမြင်မျိုးစိတ်က လွန်ခဲ့တဲ့ ၂နှစ်က ကျိုက်ထိုမှာ မိဖူးတဲ့မျိုးစိတ်ပဲ’’ ဟု ၎င်းက ဆက်ပြောသည်။

    မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ‘‘အရင်တုန်းကတော့ ကသမြင်ငါးခြောက် တောင် ရှိခဲ့ဖူးတယ်။ အခုတော့ရှားသွားပြီ။ ရွှေဖြစ်တဲ့ငါး၊ ရွှေငါးဖြစ်နေ ပြီ’’ ဟု ဆိုသည်။ ‘‘ဒီငါးတွေဟာ ဒီဒေသဖြစ်တဲ့ ကျယ်ပြန့်တဲ့ မုတ္တမပင်လယ် ကွေ့ကြီးမှာ ပေါက်ဖွားရှင်သန်ကျက်စားနေတာမို့ ဖမ်းမိတဲ့အခါ နိုင်ငံခြားပို့တော့ ဈေးကောင်းရတာပေါ့။ ဒါကြောင့် ဒီငါးသယံဇာတကို ထိန်းသိမ်းနိုင်အောင် ပင်လယ်ပြင်မှာ ငါးဖမ်းဖို့ သတ်မှတ်ချိန်၊ ငါးဖမ်းပိုက်အမျိုးအစားနဲ့ ငါးမဖမ်းရ ရာသီသတ်မှတ်ချက် တွေကို လိုက်နာကြဖို့ရာလိုပါတယ်။ ဒါမှ ဒီငါးသယံဇာတကို စဉ်ဆက်မပြတ်ထိန်းသိမ်းထား နိုင်မှာပါ။ ဒါတောင် ငါးဖမ်းရင်းနဲ့ ပိုက်ထဲမှာ ဒီငါးမျိုးအကောင်သေး သေးလေးတွေ ပါလာကောင်း ပါလာနိုင်တာမို့ အကောင်ပေါက် လေးတွေကို မဖမ်းကြစေချင်ဘူး’’ ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူးဦးစိုးမင်းက တိုက်တွန်းသည်။

    ဖမ်းဆီးမှုများပြားပါက လုံးဝမျိုးသုဉ်း ပျောက်ကွယ်နိုင်သဖြင့် ရှားပါးနေပြီဖြစ်သော ကသမြင်ငါးသယံဇာတကို ထိန်းသိမ်း သင့်ကြောင်း ဦးမြသန်းထွန်းက အကြံပြုသည်။ ‘‘ပိုက်ဆံရတဲ့ငါးကို လိုက်ဖမ်းကြတယ်။ ဈေးကြီးတာနဲ့ဖမ်းပစ်ကြရင် ဒီငါးက ကုန်သွားမှာပေါ့’’ ဟု ဦးမြသန်းထွန်း ကဆိုလေသည်။

    Credit – 7Day Daily

  • ဘိလပ္ေျမ အတုအစစ္ ခြဲျခားနည္း

    (Zawgyi)

    ဘိလပ္ေျမ အတုအစစ္ ခြဲျခားနည္း

    လုပ္ငန္းခြင္ ဝင္ေနၾကေသာ အင္ဂ်င္နီယာမ်ား၊ ကန္ထ႐ိုက္တာမ်ား၊ ပန္းရံသမားမ်ား စသျဖင့္ ဘိလပ္ေျမနဲ႔ ပတ္သက္ဆက္ႏြယ္ ေနသူအားလုံး သိေစဖို႔အတြက္ ဘိလပ္ေျမ အတုအစစ္ ခြဲျခားနည္းကို ေဖာ္ျပေပးလိုက္ပါတယ္ ခင္ဗ်ာ-

    ၁။ ဘိလပ္ေျမအမႈန႔္ အနည္းငယ္ကို ေရေဖ်ာ္ၿပီး အလုံးကေလး(၂)လုံး၊ (၃)လုံးခန႔္လုံးၿပီး ခဏအေျခာက္ခံထားပါ။

    (၂)မိနစ္ခန႔္ ၾကာေသာ္ ထိုဘိလပ္ေျမလုံးမ်ားအား လက္ျဖင့္ဖိျခင္း၊ ဖ်စ္ၾကည့္ျခင္းမ်ား ျပဳလုပ္ပါ။ လုံး၀ ကြဲအက္မသြားဘဲ သံခဲ၊ ေက်ာက္ခဲကဲ့သို႔ မာေနလွ်င္ ဘိလပ္ေျမ စစ္သည္။ ကြဲအက္သြားပါက ဘိလပ္ေျမ အတုျဖစ္ပါသည္။

    ၂။ ဘိလပ္ေျမအမႈန႔္အနည္းငယ္ေပၚသို႔ သံပရာရည္(သို႔) ေရွာက္ရည္ အနည္းငယ္ ညႇစ္ၾကည့္ပါ။ ပြက္ပြက္ဆူလာလွ်င္ ဘိလပ္ေျမအစစ္ျဖစ္ၿပီး၊ လုံးဝဆူပြက္မလာပါက အတုျဖစ္ေၾကာင္း သိရွိႏိုင္ပါသည္။

    (အထက္ပါ နည္းမ်ားမွာ ဘိလပ္ေျမစက္႐ုံ အမွတ္(၁)၊ သရက္ၿမိဳ႕၊ အမ်ိဳးအစား စစ္ေဆးေရး ဌာနမွ ဦးေအးေက်ာ္၏ ေျပာျပခ်က္ျဖစ္ပါသည္။)

    Ref – ၿမိဳ႕ျပအင္ဂ်င္နီယာမ်ားအတြက္ ရည္႐ြယ္သည္

    Credit – Wai Phyoe

    (Unicode)

    ဘိလပ်မြေ အတုအစစ် ခွဲခြားနည်း

    လုပ်ငန်းခွင် ဝင်နေကြသော အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊ ပန်းရံသမားများ စသဖြင့် ဘိလပ်မြေနဲ့ ပတ်သက်ဆက်နွယ် နေသူအားလုံး သိစေဖို့အတွက် ဘိလပ်မြေ အတုအစစ် ခွဲခြားနည်းကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ-

    ၁။ ဘိလပ်မြေအမှုန့် အနည်းငယ်ကို ရေဖျော်ပြီး အလုံးကလေး(၂)လုံး၊ (၃)လုံးခန့်လုံးပြီး ခဏအခြောက်ခံထားပါ။

    (၂)မိနစ်ခန့် ကြာသော် ထိုဘိလပ်မြေလုံးများအား လက်ဖြင့်ဖိခြင်း၊ ဖျစ်ကြည့်ခြင်းများ ပြုလုပ်ပါ။ လုံး၀ ကွဲအက်မသွားဘဲ သံခဲ၊ ကျောက်ခဲကဲ့သို့ မာနေလျှင် ဘိလပ်မြေ စစ်သည်။ ကွဲအက်သွားပါက ဘိလပ်မြေ အတုဖြစ်ပါသည်။

    ၂။ ဘိလပ်မြေအမှုန့်အနည်းငယ်ပေါ်သို့ သံပရာရည်(သို့) ရှောက်ရည် အနည်းငယ် ညှစ်ကြည့်ပါ။ ပွက်ပွက်ဆူလာလျှင် ဘိလပ်မြေအစစ်ဖြစ်ပြီး၊ လုံးဝဆူပွက်မလာပါက အတုဖြစ်ကြောင်း သိရှိနိုင်ပါသည်။

    (အထက်ပါ နည်းများမှာ ဘိလပ်မြေစက်ရုံ အမှတ်(၁)၊ သရက်မြို့၊ အမျိုးအစား စစ်ဆေးရေး ဌာနမှ ဦးအေးကျော်၏ ပြောပြချက်ဖြစ်ပါသည်။)

    Ref – မြို့ပြအင်ဂျင်နီယာများအတွက် ရည်ရွယ်သည်

    Credit – Wai Phyoe

  • အုန္းသီးတစ္လုံးရဲ႕ ေဆးဘက္၀င္ပံုမ်ား လွ်ိဳ႕ဝွက္ခ်က္…

    (Zawgyi)

    အုန္းသီးတစ္လုံးရဲ႕ လွ်ိဳ႕ဝွက္ခ်က္

    တကယ္လို႔မ်ား သင္ဟာ ပင္လယ္ကမ္းေျခကို ေရာက္ဖူးသူဆိုရင္ အုန္းသီးစိမ္းထဲက အုန္းရည္ကို ေသာက္ခဲ့ဖူးမယ္ ထင္ပါတယ္ေနာ္.. ပင္လယ္ကမ္းေျခ မေရာက္ျဖစ္ေတာင္ ရန္ကုန္လိုၿမိဳ႕ႀကီးမွာ ေ႐ႊတိဂုံဘုရားအနီးမွာ တြန္းလွည္းနဲ႔ေရာင္းတဲ့ အုန္းရည္ကို ေသာက္လို႔ ရပါတယ္.. သန္လ်င္ ေရလည္ေက်ာက္တန္းဘုရားကို သြားဖူးရင္းနဲ႔လည္း ဘုရားအနီးက ဆိုင္ေတြမွာ အုန္းရည္ကို ေသာက္သုံးလို႔ ရပါေသးတယ္.. အုန္းရည္ဟာ ခ်ိဳျမျမ ရွတတအရသာ ရွိတယ္ဆိုတာ လူတိုင္းက သိၾကေပမဲ့ အုန္းရည္ရဲ႕ အသုံးဝင္ပုံ လွ်ိဳ႕ဝွက္ခ်က္ေလးကိုေတာ့ သိသူနည္းမယ္ ထင္ပါတယ္.. အုန္းသီးတစ္လုံးထဲက သဘာဝအတိုင္းျဖစ္ေပၚေနတဲ့ အုန္းရည္အေၾကာင္းနဲ႔အတူ အုန္းသီးရဲ႕ အသုံးဝင္ပုံေလးကို ဖတ္မိထားသေလာက္ ျပန္လည္ ေဝမွ်ပါဦးမယ္ရွင္။

    အုန္းသီးဟာ လူေတြအတြက္ ေကာင္းမြန္ထူးျခားတဲ့ အစာတစ္မ်ိဳးျဖစ္ပါတယ္.. အထူးျခားဆုံးက လူ႔အသက္ကိုေတာင္ ကယ္တင္ႏိုင္စြမ္းရွိတဲ့ အသီးျဖစ္ပါတယ္.. အုန္းသီးဟာ ေသြးတြင္း သၾကားဓာတ္ကို တည္ၿငိမ္ေစႏိုင္စြမ္းရွိျခင္း၊ ကိုလက္စေရာကို ေလ်ာ့ခ်ေပးႏိုင္စြမ္းရွိျခင္း၊ ေရဓာတ္ကို ထိန္းသိမ္းေပးျခင္းနဲ႔ အေရးေပၚ ေသြးေရၾကည္သြင္းဖို႔ လိုအပ္ေနသူမ်ားကိုေတာင္မွ အုန္းရည္ျဖင့္ အစားသြင္းကုသေပးႏိုင္ျခင္းစတဲ့ အုန္းသီးရဲ႕ အသုံးဝင္အေရးပါပုံကို သိရွိသူမွာ လူအနည္းစုေလာက္သာ ရွိပါတယ္.. ေခတ္ေပၚ ေဆးသုေတသနျပဳသူမ်ားကလည္း အုန္းသီးဟာ က်န္းမာေရးအတြက္ အလြန္အက်ိဳးျပဳေစႏိုင္ေသာ အသီးျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္..

    အုန္းရည္

    အုန္းသီးထဲမွ အုန္းရည္ဟာ လူ႔အသက္ကို ကယ္တင္ေပးႏိုင္စြမ္း ရွိပုံနဲ႔ပတ္သက္ၿပီး အေကာင္းဆုံး သက္ေသတစ္ခုကို ေျပာျပရမယ္ဆိုရင္ ဒုတိယကမာၻစစ္အတြင္းက ပစိဖိတ္ေဒသစစ္ပြဲေတြမွာ စစ္သားေတြ အမ်ားအျပား ဒဏ္ရာရၾကတဲ့အခါ အေရးေပၚ ေသြးသြင္းဖို႔ လိုအပ္ေနေပမဲ့ စစ္ေျမျပင္ျဖစ္တာေၾကာင့္ ေသြးရည္ၾကည္ပုလင္းေတြကို အခ်ိန္မွီ ရရွိဖို႔ အခက္အခဲ ျဖစ္ေနခ်ိန္မွာ ဆရာဝန္ေတြဟာ အုန္းသီး ႏုႏုထဲက သန႔္စင္တဲ့ အုန္းရည္ကို ေသြးရည္ၾကည္အစား ထိုးသြင္းကုသၿပီး အသက္ကယ္ခဲ့ရတဲ့ ျဖစ္ရပ္ေတြ ရွိခဲ့ပါတယ္.. အုန္းရည္ဟာ လူခႏၶာကိုယ္ရွိ ေသြးရည္ၾကည္နဲ႔ ထပ္တူနီးပါး တူညီၿပီး ေသြးအမ်ိဳးအစား အားလုံးနဲ႔ သင့္ေတာ္တယ္လို႔ သိရပါတယ္.. အုန္းရည္ဟာ ဓါတ္တိုးပစၥည္းပါဝင္မႈ မ်ားျပားၿပီး လူေတြကို အထူးအက်ိဳးျပဳေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္..

    ကိုလက္စေရာကို က်ဆင္းေစျခင္း

    အစာေျခႏိုင္စြမ္း ျမင့္မားေစျခင္း

    အေရျပားတြန႔္ျခင္းကို ကာကြယ္ေပးႏိုင္ျခင္း

    ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးျခင္း

    ဗိုင္းရပ္စ္ပိုးမ်ားကို ကာကြယ္တိုက္ဖ်က္ျခင္း

    ဆဲလ္အသစ္မ်ားကို တိုးပြားေစျခင္း

    ဟိုမုန္းကို ထိန္းခ်ဳပ္ေပးျခင္း

    ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ေပးႏိုင္ျခင္း

    အဟာရဓာတ္ႏွင့္ ေအာက္ဆီဂ်င္ကို ဆဲလ္မ်ားအတြင္း ပို႔ေဆာင္ေပးႏိုင္ျခင္း

    ဇီဝ႐ုပ္ျဖစ္ပ်က္ျခင္းကို တိုးတက္ေစျခင္း

    ေရာဂါမ်ားကို ခုခံကာကြယ္ေပးျခင္း

    မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈကို ကာကြယ္ေပးျခင္း

    ဘက္တီးရီးယားမ်ားကို ေသေစႏိုင္ျခင္း စတဲ့ အက်ိဳးဆက္မ်ားစြာကို ေပးႏိုင္တဲ့အတြက္ေၾကာင့္ က်န္းမာေရးအတြက္ အဖိုးတန္တဲ့ အုန္းသီးျဖစ္ပါတယ္.. အုန္းသီးအႏုတြင္ သန႔္စင္ေကာင္းမြန္ေသာ မျပည့္ဝဆီမ်ား ပါဝင္တဲ့အတြက္ အုန္းသီးအရင့္ထက္စာရင္ အဆီပါဝင္မႈႏႈန္း နည္းပါးပါတယ္.. ထို႔ေၾကာင့္လည္း က်န္းမာေရးအတြက္ စဥ္းစားၿပီး အုန္းသီးတစ္လုံးကို ဝယ္ယူမယ္ဆိုရင္ အုန္းသီးအႏုကို ရွာေဖြ ဝယ္ယူသင့္တယ္လို႔ သိရပါတယ္.. အုန္းသီး အႏုအရင့္ ေ႐ြးခ်ယ္ပုံမွာ အုန္းသီးအႏုသည္ ခပ္စိမ္းစိမ္းအေရာင္ရွိၿပီး အုန္းသီးအရင့္မွာ အစိမ္းေရာင္ နည္းပါးၿပီး အညိဳခပ္ေဖ်ာ့ေဖ်ာ့အေရာင္ ရွိတတ္ပါတယ္..

    အုန္းဆီ

    အုန္းသီးကေန ရရွိတဲ့ အုန္းဆီဟာလည္း အလြန္အက်ိဳးမ်ားတဲ့ ေဆးကုသမႈဆိုင္ရာ ပစၥည္းအျဖစ္ သုံးစြဲႏိုင္ပါေသးတယ္.. အုန္းဆီဟာ အားလုံးသိၾကတဲ့အတိုင္း ဆံပင္သန္စြမ္းနက္ေမွာင္ဖို႔ အလြန္ေကာင္းမြန္တဲ့ သဘာ၀ အားျဖည့္ေဆး ျဖစ္ပါတယ္.. အုန္းဆီျဖင့္ ဦးေခါင္းကို မွန္မွန္ ႏွိပ္နယ္ေပးပါက ဦးေရျပားတြင္ျဖစ္တတ္ေသာ ေဘာက္ႏွင့္ ဦးေရျပားေျခာက္ေသြ႕ျခင္းတို႔ကို ကာကြယ္ႏိုင္ပါတယ္။ ပ်က္စီးေနေသာ ဆံပင္မ်ားကို ျပဳျပင္ ထိန္းသိမ္းဖို႔ အတြက္လည္း အုန္းဆီမွာ အလြန္ေကာင္းမြန္ အဆင္ေျပပါသည္။ ထို႔ေၾကာင့္လည္း အုန္းဆီကို ဆံပင္ျပဳျပင္ေရး ပစၥည္း၊ ေဗာက္မ်ား ကာကြယ္ေသာပစၥည္းအျဖစ္ နည္းမ်ိဳးစုံျဖင့္ ထုတ္လုပ္ၾကပါတယ္.. ေနာက္ထပ္ အသုံးဝင္ေသာအခ်က္မွာ အုန္းဆီသည္ သြားပိုးစားျခင္း၊ သြားေရာဂါမ်ားျဖစ္ျခင္းကို ကာကြယ္ေပးႏိုင္တယ္လို႔ သိရပါတယ္.. အုန္းဆီအနည္းငယ္ကို သြားဖုံးႏွင့္ သြားတို႔တြင္ အၿမဲတမ္း ပြတ္တိုက္ေပးပါက သြားမ်ားကို ပိုမိုခိုင္မာေစႏိုင္ပါတယ္လို႔ ေဖာ္ျပထားပါတယ္.…

    အုန္းဆီရဲ႕ အျခားအသုံးဝင္ပုံမွာ ေျခာက္ေသြ႕ေသာ အေရျပားမ်ားအတြက္ အေကာင္းဆုံး moisturizer ျဖစ္ပါတယ္.. အုန္းဆီကို အေရျပားေပၚလိမ္းၿပီး ႏွိပ္နယ္ေပးပါက အသားပတ္ျခင္း၊ ေျခာက္ေသြ႕ျခင္း၊ အက္ကြဲျခင္းမ်ား မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္.. အေရျပားတြန႔္ျခင္းကိုလည္း ေႏွာင့္ေႏွးေစတယ္လို႔ သိရပါတယ္. အုန္းဆီပါဝင္တဲ့ အေရျပားေစာင့္ေရွာက္ ပစၥည္းမ်ားျဖစ္တဲ့ ဆပ္ျပာ၊ အသားလွလိမ္းေဆး၊ လူးေဆးခရမ္စသျဖင့္ အမ်ားအျပားကို ထုတ္လုပ္ၾကပါတယ္.. ထိခိုက္ရွနာမ်ားအတြက္လည္း အုန္းဆီဟာ ေဆးဝါးတစ္လက္အျဖစ္ အေထာက္အကူျပဳႏိုင္ပါေသးတယ္.. ဒဏ္ရာေပၚမွာ အုန္းဆီကို လိမ္းေပးျခင္းအားျဖင့္ ျပင္ပမွ ဖုန္မ်ား၊ ဘက္တီးရီးယားမ်ားနဲ႔ ဗိုင္းရပ္စ္မ်ား မဝင္ေရာက္ႏိုင္ေအာင္ အလႊာပါးေလးအျဖစ္ ဖုံးအုပ္ထားေစပါတယ္.. အုန္းဆီဟာ ဒဏ္ရာေပၚမွ ပ်က္စီးသြားေသာ တစ္ရွဴးမ်ားကို အျမန္ဆုံး ျပန္လည္ ေကာင္းမြန္ေစႏိုင္စြမ္းရွိေၾကာင္း သိရပါတယ္.. အုန္းဆီဟာ ဘက္တီးရီးယားမ်ား၊ ဗိုင္းရပ္စ္မ်ား၊ အေရျပားေပၚ ျဖစ္တတ္ေသာမႈိမ်ား၊ စသည္တို႔ကို ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္စြမ္း ရွိပါတယ္..

    အုန္းသီးထြက္ပစၥည္းမ်ား

    အုန္းသီးကေန ထုတ္လုပ္တဲ့ အုန္းႏို႔၊ အုန္းမႈန႔္၊ အုန္းသီးဖတ္ စသည္တို႔သည္လည္း အစားအေသာက္မ်ား၊ ဟင္းလ်ာမ်ား၊ မုန႔္မ်ား ခ်က္ျပဳတ္ရာတြင္ အသုံးျပဳၾကပါတယ္.. အခ်ိဳ႕ေသာႏိုင္ငံမ်ားတြင္ အုန္းႏို႔မွာ ဟင္းလ်ာအေတာ္မ်ားမ်ားတြင္ မပါမၿပီး အသုံးျပဳၾကတဲ့ အရာသာထူးကဲ ေကာင္းမြန္ေစေသာ ဟင္းခ်က္ဖြယ္ တစ္မ်ိဳး ျဖစ္ပါတယ္.. ျမန္မာႏိုင္ငံတြင္ေတာ့ ဟင္းခ်က္ရာတြင္ အသုံးျပဳမႈ နည္းပါးေသာ္လည္း ျမန္မာမုန႔္ ေတာ္ေတာ္မ်ားမ်ားတြင္ အုန္းႏို႔ပါဝင္တတ္ပါတယ္.. အုန္းရည္မွာ က်န္းမာေရးအတြက္ အေထာက္အကူ မ်ားစြာ ျဖစ္ေစႏိုင္ေသာ္လည္း အုန္းႏို႔ႏွင့္ျပဳလုပ္ေသာအစားအေသာက္မ်ား အလြန္အကြၽံစားသုံးပါက ေသြးတိုးေရာဂါသမားမ်ားအတြက္ အလြန္အႏၲရာယ္ႀကီးပါတယ္..

    က်န္းမာေရးအတြက္ အုန္းရည္မ်ားမ်ားေသာက္ၿပီး အုန္းဆီမ်ားမ်ားလိမ္းလို႔ အုန္းႏို႔ကိုေတာ့ သင့္တင့္႐ုံသာ စားၾကပါစို႔ေနာ္…. 🙂

    Kiran Patil ရဲ႕ Health Benefits of Coconut Oil, Coconut Water Health Benefits ႏွင့္ Funzug.com မွ အခ်က္အလက္မ်ားကို မွီျငမ္းကိုးကားပါသည္။ ဤပိုစ့္ပါ အခ်က္အလက္မ်ားကို အတည္ျပဳေပးၿပီး အခ်က္အလက္အသစ္မ်ား ထပ္မံရွာေဖြ ကူညီေပးေသာ ေဒါက္တာဇီဝက(ေဆး-၂) အား အထူး ေက်းဇူး တင္ရွိပါသည္။

    Author – ေခ်ာ(အစိမ္းေရာင္ လြင္ျပင္)

    Via – သုတဇုန္

    (Unicode)

    အုန်းသီးတစ်လုံးရဲ့ လျှို့ဝှက်ချက်

    တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် ရန်ကုန်လိုမြို့ကြီးမှာ ရွှေတိဂုံဘုရားအနီးမှာ တွန်းလှည်းနဲ့ရောင်းတဲ့ အုန်းရည်ကို သောက်လို့ ရပါတယ်.. သန်လျင် ရေလည်ကျောက်တန်းဘုရားကို သွားဖူးရင်းနဲ့လည်း ဘုရားအနီးက ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့ ရပါသေးတယ်.. အုန်းရည်ဟာ ချိုမြမြ ရှတတအရသာ ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ် ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်ရှင်။

    အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါတယ်.. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေနိုင်စွမ်းရှိခြင်း၊ ကိုလက်စရောကို လျော့ချပေးနိုင်စွမ်းရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်းပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည်သွင်းဖို့ လိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်းစတဲ့ အုန်းသီးရဲ့ အသုံးဝင်အရေးပါပုံကို သိရှိသူမှာ လူအနည်းစုလောက်သာ ရှိပါတယ်.. ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်သော အသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်..

    အုန်းရည်

    အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်.. အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်..

    ကိုလက်စရောကို ကျဆင်းစေခြင်း

    အစာခြေနိုင်စွမ်း မြင့်မားစေခြင်း

    အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

    သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

    ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း

    ဆဲလ်အသစ်များကို တိုးပွားစေခြင်း

    ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း

    ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း

    အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း

    ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း

    ရောဂါများကို ခုခံကာကွယ်ပေးခြင်း

    မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း

    ဘက်တီးရီးယားများကို သေစေနိုင်ခြင်း စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့ အုန်းသီးဖြစ်ပါတယ်.. အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင် အဆီပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေးအတွက် စဉ်းစားပြီး အုန်းသီးတစ်လုံးကို ဝယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ဝယ်ယူသင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်းအရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်..

    အုန်းဆီ

    အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲနိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံးသိကြတဲ့အတိုင်း ဆံပင်သန်စွမ်းနက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာ၀ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင်ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သောပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သောအချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်.…

    အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများအတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်.. အုန်းဆီကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်.. အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက် ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ်ကြပါတယ်.. ထိခိုက်ရှနာများအတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက်အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မဝင်ရောက်နိုင်အောင် အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သောမှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်..

    အုန်းသီးထွက်ပစ္စည်းများ

    အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြုကြပါတယ်.. အချို့သောနိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာအတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရာသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာနိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော်များများတွင် အုန်းနို့ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့်ပြုလုပ်သောအစားအသောက်များ အလွန်အကျွံစားသုံးပါက သွေးတိုးရောဂါသမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်..

    ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီများများလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့နော်…. 🙂

    Kiran Patil ရဲ့ Health Benefits of Coconut Oil, Coconut Water Health Benefits နှင့် Funzug.com မှ အချက်အလက်များကို မှီငြမ်းကိုးကားပါသည်။ ဤပိုစ့်ပါ အချက်အလက်များကို အတည်ပြုပေးပြီး အချက်အလက်အသစ်များ ထပ်မံရှာဖွေ ကူညီပေးသော ဒေါက်တာဇီဝက(ဆေး-၂) အား အထူး ကျေးဇူး တင်ရှိပါသည်။

    Author – ချော(အစိမ်းရောင် လွင်ပြင်)

    Via – သုတဇုန်

  • အသုဘပို႔တဲ့ေန႔မွာ ဘာေၾကာင့္အိုးခြဲတာလဲ?

    (Zawgyi)

    အသုဘပို႔တဲ့ေန႔မွာ ဘာေၾကာင့္အိုးခြဲတာလဲ…?

    ကာသီတိုင္း၊ အႆက ဘုရင္မွာ အင္မတန္လွပတဲ့ ဥပရီအမည္ရွိတဲ့ မိဖုရားႀကီးရွိတယ္၊ မိဖုရားဟာ အလွအပနဲ႔ပဲအခ်ိန္ကုန္ေလ့ရွိၿပီး၊ ဥယာဥ္ေတာ္ထဲ လွည့္လည္စဥ္ အမွတ္မထင္ ဆုံးပါးသြားခဲ့တယ္။ ဘုရင္ႀကီး ေျဖမဆည္ႏိုင္တာေၾကာင့္ မိဖုရားကိုမျမဳပ္ပဲ ေဆးစိမ္ၿပီး က်က်နန သိမ္းထားခဲ့တယ္။

    ထမင္းခ်ိန္ ထမင္းေဘးနားထားေပးၿပီး၊ ေရဆာရင္ ေသာက္ဖို႔ ေရအိုးတစ္လုံးပါ အနားမွာ ထားေစတယ္။ ဘုရင္ဟာ တိုင္းေရးျပည္ရာေတြမွာ စိတ္မဝင္စားေတာ့ပဲ မိဖုရားႀကီး ႐ုပ္အေလာင္းနားသာ ေရာက္ေရာက္လာၿပီး အလြမ္းေျဖေနေလ့ရွိတယ္။ ဘုရားေလာင္းရေသ့က ဘုရင့္ဥယာဥ္ေတာ္မွာ လာသီတင္းသုံးၿပီး၊ ဥပရီမိဖုရားႀကီးနဲ႔ေတြ႕ခ်င္ရင္ ငါ့ဆီလာခဲ့ဖို႔မင္းတို႔ဘုရင္ကို သြားေလ်ာက္ေခ်လို႔ ဥယာဥ္မႈးကို ခိုင္းပါတယ္။

    ဘုရင္ေရာက္တယ္ဆိုရင္ပဲ ဥပရီမိဖုရားကို ဖိတ္ပါတယ္၊ မၾကာပါဘူး ေခ်းပိုးထိုးႏွစ္ေကာင္ထြက္လာတယ္။ ေရွ႕ကထြက္လာတာ ဥပရီမိဖုရားႀကီးဆိုတာကို ဘုရင္လက္မခံႏိုင္ပါဘူး။ ရေသ့ႀကီးက မာဂတ စကားနားလည္ေအာင္ လုပ္ေပးၿပီး အေမးအေျဖ လုပ္ပါတယ္။

    *ကြၽန္မဟာ အရင္ဘဝက ဥပရီမိဘုရားႀကီးပါ အလွအပနဲ႔အခ်ိန္ေတြကုန္ၿပီး ကုသိုလ္မျပဳခဲ့တာေၾကာင့္ ဒီဘဝမွာ ခ်ီးပိုးထိုးျဖစ္ရတာပါဘုရား *ေနာက္ကပါလာတာ ဘယ္သူတုန္း *တပည့္ေတာ္မရဲ႕ ယၡဳဘဝလင္ပါဘုရား *အတိတ္ဘဝက အႆကဘုရင္နဲ႔ ဒီဘဝလင္ ဘယ္သူ႔ပိုခ်စ္လဲ *အတိတ္မွာ မည္သို႔ပင္ေကာင္းစားေစခဲ့ကာမူ ပစၥဳပၸန္ခ်မ္းသာကို မမွီပါဘူးဘုရား၊ ယၡဳဘဝလင္ကို ဘယ္ေလာက္ခ်စ္သလဲဆိုရင္ အတိတ္ဘဝလင္ အႆကဘုရင္ရဲ႕ လည္ေခ်ာင္းေသြးနဲ႔ေျခေဆးေပးခ်င္ပါတယ္။

    ဒီေလာက္နဲ႔တင္ အႆကဘုရင္ဟာ မိဖုရားထားတဲ့ ေနရာကို ျပန္ေျပးၿပီး အေလာင္းကို ေျမျမဳပ္၊ အေလာင္းထားတဲ့ေနရာ ေရေဆးခ်၊ ေရအိုးကို သူကိုယ္တိုင္မ တံစက္ၿမိတ္ကို ထြက္ၿပီး၊ ဒီေန႔ကစလို႔ မင္းနဲ႔ငါ ျပတ္ၿပီေဟ့လို႔ ေႂကြးေၾကာ္ၿပီး ေပါက္ခြဲျပစ္လိုက္တယ္။ အေလာင္းထားတဲ့ ေနရာမွာရွိတဲ့ ၾကမ္း ၇ ေခ်ာင္းကိုလဲ ခြာေစတယ္။ ေရအိုးခြဲတဲ့ ဓေလ့ကို ယၡဳတိုင္က်င့္သုံးေနၾကေပမဲ့ ၾကမ္းခြာတဲ့ ဓေလ့ေတာ့ ေပ်ာက္သြားၿပီ သစ္ေဈးႀကီးလို႔။

    ေနာက္ပိုင္း အိုးခြဲတဲ့ အဓိပၸယ္က ေသသူကို အစြဲကင္းကင္းနဲ႔ သြားလိုရာ သြားႏိုင္ေစရန္ျဖစ္ပါတယ္။ ငါတို႔ နဲ႔မင္း ပ်က္ၿပီ။ သြားလိုရာ သြားႏိုင္ၿပီဆိုတဲ့ သေဘာေပါ့။ ဒီေခတ္လြဲမွားစြာက်င့္သုံးေနတာက မင္းနဲ႔ငါ ကိစၥျပတ္ၿပီ ဆိုၿပီးေရအိုးခြဲတယ္။ ၿပီးေတာ့ ဝိညာဥ္ျပန္ေခၚတဲ့အေနနဲ႔ ပန္းတစ္ပြင့္ ျပန္ယူလာတယ္။ ေသသူကို မ်က္စိလယ္ေအာင္လုပ္တဲ့ အျဖစ္ပါ။ ခုနကပဲ ငါ့ကိုျပတ္ၿပီဆိုၿပီးအိုးခြဲတယ္။ ခုအိမ္ျပန္လိုက္ခဲ့ဖို႔ ျပန္ေခၚတယ္။ စိတ္ႀကီးတဲ့သူဆိုရင္ ျပန္လိုက္မွာ မဟုတ္ဘူး။

    ဗဟုသုတ အေနျဖင့္သာ..တင္ျပျခင္းျဖစ္ပါသည္။

    Source : H.H

    Credit – သီဟ

    (Unicode)

    အသုဘပို့တဲ့နေ့မှာ ဘာကြောင့်အိုးခွဲတာလဲ…?

    ကာသီတိုင်း၊ အဿက ဘုရင်မှာ အင်မတန်လှပတဲ့ ဥပရီအမည်ရှိတဲ့ မိဖုရားကြီးရှိတယ်၊ မိဖုရားဟာ အလှအပနဲ့ပဲအချိန်ကုန်လေ့ရှိပြီး၊ ဥယာဉ်တော်ထဲ လှည့်လည်စဉ် အမှတ်မထင် ဆုံးပါးသွားခဲ့တယ်။ ဘုရင်ကြီး ဖြေမဆည်နိုင်တာကြောင့် မိဖုရားကိုမမြုပ်ပဲ ဆေးစိမ်ပြီး ကျကျနန သိမ်းထားခဲ့တယ်။

    ထမင်းချိန် ထမင်းဘေးနားထားပေးပြီး၊ ရေဆာရင် သောက်ဖို့ ရေအိုးတစ်လုံးပါ အနားမှာ ထားစေတယ်။ ဘုရင်ဟာ တိုင်းရေးပြည်ရာတွေမှာ စိတ်မဝင်စားတော့ပဲ မိဖုရားကြီး ရုပ်အလောင်းနားသာ ရောက်ရောက်လာပြီး အလွမ်းဖြေနေလေ့ရှိတယ်။ ဘုရားလောင်းရသေ့က ဘုရင့်ဥယာဉ်တော်မှာ လာသီတင်းသုံးပြီး၊ ဥပရီမိဖုရားကြီးနဲ့တွေ့ချင်ရင် ငါ့ဆီလာခဲ့ဖို့မင်းတို့ဘုရင်ကို သွားလျောက်ချေလို့ ဥယာဉ်မှုးကို ခိုင်းပါတယ်။

    ဘုရင်ရောက်တယ်ဆိုရင်ပဲ ဥပရီမိဖုရားကို ဖိတ်ပါတယ်၊ မကြာပါဘူး ချေးပိုးထိုးနှစ်ကောင်ထွက်လာတယ်။ ရှေ့ကထွက်လာတာ ဥပရီမိဖုရားကြီးဆိုတာကို ဘုရင်လက်မခံနိုင်ပါဘူး။ ရသေ့ကြီးက မာဂတ စကားနားလည်အောင် လုပ်ပေးပြီး အမေးအဖြေ လုပ်ပါတယ်။

    *ကျွန်မဟာ အရင်ဘဝက ဥပရီမိဘုရားကြီးပါ အလှအပနဲ့အချိန်တွေကုန်ပြီး ကုသိုလ်မပြုခဲ့တာကြောင့် ဒီဘဝမှာ ချီးပိုးထိုးဖြစ်ရတာပါဘုရား *နောက်ကပါလာတာ ဘယ်သူတုန်း *တပည့်တော်မရဲ့ ယ္ခုဘဝလင်ပါဘုရား *အတိတ်ဘဝက အဿကဘုရင်နဲ့ ဒီဘဝလင် ဘယ်သူ့ပိုချစ်လဲ *အတိတ်မှာ မည်သို့ပင်ကောင်းစားစေခဲ့ကာမူ ပစ္စုပ္ပန်ချမ်းသာကိုမမှီပါဘူးဘုရား၊ ယ္ခုဘဝလင်ကို ဘယ်လောက်ချစ်သလဲဆိုရင် အတိတ်ဘဝလင် အဿကဘုရင်ရဲ့ လည်ချောင်းသွေးနဲ့ခြေဆေးပေးချင်ပါတယ်။

    ဒီလောက်နဲ့တင် အဿကဘုရင်ဟာ မိဖုရားထားတဲ့ နေရာကို ပြန်ပြေးပြီး အလောင်းကို မြေမြုပ်၊ အလောင်းထားတဲ့နေရာ ရေဆေးချ၊ ရေအိုးကို သူကိုယ်တိုင်မ တံစက်မြိတ်ကို ထွက်ပြီး၊ ဒီနေ့ကစလို့ မင်းနဲ့ငါ ပြတ်ပြီဟေ့လို့ ကြွေးကြော်ပြီး ပေါက်ခွဲပြစ်လိုက်တယ်။ အလောင်းထားတဲ့ နေရာမှာရှိတဲ့ ကြမ်း ၇ ချောင်းကိုလဲ ခွာစေတယ်။ ရေအိုးခွဲတဲ့ ဓလေ့ကို ယ္ခုတိုင်ကျင့်သုံးနေကြပေမဲ့ ကြမ်းခွာတဲ့ ဓလေ့တော့ ပျောက်သွားပြီ သစ်ဈေးကြီးလို့။

    နောက်ပိုင်း အိုးခွဲတဲ့ အဓိပ္ပယ်က သေသူကို အစွဲကင်းကင်းနဲ့ သွားလိုရာ သွားနိုင်စေရန်ဖြစ်ပါတယ်။ ငါတို့ နဲ့မင်း ပျက်ပြီ။ သွားလိုရာ သွားနိုင်ပြီဆိုတဲ့ သဘောပေါ့။ ဒီခေတ်လွဲမှားစွာကျင့်သုံးနေတာက မင်းနဲ့ငါ ကိစ္စပြတ်ပြီ ဆိုပြီးရေအိုးခွဲတယ်။ ပြီးတော့ ဝိညာဉ်ပြန်ခေါ်တဲ့အနေနဲ့ ပန်းတစ်ပွင့် ပြန်ယူလာတယ်။ သေသူကို မျက်စိလယ်အောင်လုပ်တဲ့ အဖြစ်ပါ။ခုနကပဲ ငါ့ကိုပြတ်ပြီဆိုပြီးအိုးခွဲတယ်။ ခုအိမ်ပြန်လိုက်ခဲ့ဖို့ ပြန်ခေါ်တယ်။ စိတ်ကြီးတဲ့သူဆိုရင် ပြန်လိုက်မှာ မဟုတ်ဘူး။

    ဗဟုသုတ အနေဖြင့်သာ..တင်ပြခြင်းဖြစ်ပါသည်။

    Source : H.H

    Credit – သီဟ

  • အမ်ိဳးသမီးေတြကို အရည္ေပ်ာ္သြားေစမယ့္ အျပဳအမူမ်ား

    (Zawgyi)

    အမ်ိဳးသမီးေတြကို အရည္ေပ်ာ္သြားေစမယ့္ အျပဳအမူမ်ား

    အမ်ိဳးသမီးေတြဟာ သစၥာရွိျခင္း၊ ႐ိုးသားျခင္းနဲ႔ နားေထာင္ေပးႏိုင္ျခင္းေတြစတဲ့ အခ်က္ေတြက အမ်ိဳးသားေတြမွာ ရွိရမယ့္ အဓိက အရည္အေသြးေတြ ျဖစ္တယ္လို႔ သတ္မွတ္ထားၾကပါတယ္။ ဒါေပမယ့္ ဒါေတြဟာ အခ်ိန္အၾကာႀကီး အတူရွိမွ သိႏိုင္တဲ့ ကိစၥျဖစ္တာေၾကာင့္ အမ်ိဳးသမီးတေယာက္က သင့္ကို ေတြ႕ေတြ႕ခ်င္းမွာ သေဘာက်ဖို႔ဆိုတာက်ေတာ့ တျခားအရာေတြ လိုအပ္လာျပန္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေတြကို အရည္ေပ်ာ္သြားေစမယ့္ အျပဳအမူေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) သူမကို ရယ္ေမာႏိုင္ေစျခင္း

    အမ်ိဳးသမီးေတြဟာ သူတို႔ကို ရယ္ေမာေစတဲ့ သူေတြကို သေဘာက်ပါတယ္။ သုေသသနေတြအရ ေပ်ာ္႐ႊင္တတ္တဲ့ အမ်ိဳးသားေတြဟာ အျခားလူေတြထက္ ဉာဏ္ေကာင္းၿပီး ဖန္တီးႏိုင္စြမ္း ျမင့္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီး ေတြဟာ ဟာသေတြ ေျပာတတ္တဲ့သူေတြကို သေဘာက်ရျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။

    (၂) ကူညီတတ္ျခင္း

    အားနည္းတဲ့သူေတြကို ကူညီတတ္တဲ့ အမ်ိဳးသားေတြကိုလည္း အမ်ိဳးသမီးေတြက သေဘာက်ေလ့ရွိတယ္လို႔ ဆိုပါတယ္။ ခႏၶာကိုယ္ ခ်ိဳ႕ယြင္းခ်က္ရွိတဲ့ သူေတြကို ကူညီတဲ့ အမ်ိဳးသားေတြဟာ သမီးရည္းစားေတြ ျဖစ္လာရင္လည္း သူတို႔ကို ကူညီလိမ့္မယ္လို႔ အမ်ိဳးသမီးေတြက ထင္ၾကတာေၾကာင့္ ပရဟိတျပဳလုပ္တဲ့ အမ်ိဳးသားေတြကို အမ်ိဳးသမီးေတြက ပိုမို စိတ္ဝင္စားၾကျခင္းျဖစ္ပါတယ္။

    (၃) အသက္ႀကီးျခင္း

    အမ်ိဳးသမီးေတြဟာ သူတို႔ထက္ အသက္ႀကီးတဲ့ အမ်ိဳးသားေတြကို ပိုၿပီး သေဘာက်ေလ့ရွိပါတယ္။ အသက္ပိုႀကီးတဲ့ အမ်ိဳးသားေတြဟာ ဦးေဆာင္ႏိုင္စြမ္းရွိျခင္း၊ စိတ္ရွည္သည္းခံႏိုင္ျခင္းနဲ႔ အလိုလိုက္ျခင္း ေတြကို ျပဳလုပ္ေပးႏိုင္မယ္လို႔ ယုံၾကည္ၾကတယ္လို႔လည္း သိရပါတယ္။

    (၄) တိရစာၦန္ခ်စ္ျခင္း

    တိရစာၦန္ေတြကို ေမြးျမဴထားတဲ့ အမ်ိဳးသားေတြကိုလည္း အမ်ိဳးသမီးေတြက သေဘာက်တယ္လို႔ ဆိုပါတယ္။ ေခြး၊ ေၾကာင္ စတဲ့ အေကာင္ေလးေတြကို ေမြးဖို႔ ဆိုတာ အမွန္တကယ္ ၾကင္နာတတ္တဲ့ ႏွလုံးသားနဲ႔မွ စိတ္ရွည္လက္ရွည္ ေမြးႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အိမ္ေထာင္စုတခုကိုလည္း တည္ေထာင္ႏိုင္စြမ္းရွိတယ္လို႔ အမ်ိဳးသမီးေတြက ယုံၾကည္ၾကပါတယ္။

    (၅) ခႏၶာကိုယ္ေတာင့္တင္းျခင္း

    အမ်ိဳးသမီးေတြဟာ ခႏၵာကိုယ္လွပတဲ့ အမ်ိဳးသားေတြကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ဒါ့အျပင္ ႂကြက္သားေတြ ေတာင့္တင္းေနျခင္းကို ဆြဲေဆာင္မႈတခုလို႔ လက္ခံထားၾကပါေသးတယ္။ ႂကြက္သားေတြ လွပဖို႔ ဇြဲေကာင္းေကာင္းနဲ႔ ေလ့က်င့္ခန္းေတြ ျပဳလုပ္မွသာ ရတာျဖစ္လို႔ ဒီလို ခႏၶာကိုယ္လွပတဲ့ အမ်ိဳးသားေတြဟာ ႏွစ္ေတြအၾကာႀကီး Relationship တခုကို ေကာင္းေကာင္းမြန္မြန္ တည္ေဆာက္ႏိုင္လိမ့္မယ္လို႔ အမ်ိဳးသမီးေတြက မွတ္ယူထားၾကပါေသးတယ္။

    Ref;brightside

    Credit – ေရဗန္ (ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    အမျိုးသမီးတွေကို အရည်ပျော်သွားစေမယ့် အပြုအမူများ

    အမျိုးသမီးတွေဟာ သစ္စာရှိခြင်း၊ ရိုးသားခြင်းနဲ့ နားထောင်ပေးနိုင်ခြင်းတွေစတဲ့ အချက်တွေက အမျိုးသားတွေမှာ ရှိရမယ့် အဓိက အရည်အသွေးတွေ ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ အချိန်အကြာကြီး အတူရှိမှ သိနိုင်တဲ့ ကိစ္စဖြစ်တာကြောင့် အမျိုးသမီးတယောက်က သင့်ကို တွေ့တွေ့ချင်းမှာ သဘောကျဖို့ဆိုတာကျတော့ တခြားအရာတွေ လိုအပ်လာပြန်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို အရည်ပျော်သွားစေမယ့် အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။

    (၁) သူမကို ရယ်မောနိုင်စေခြင်း

    အမျိုးသမီးတွေဟာ သူတို့ကို ရယ်မောစေတဲ့ သူတွေကို သဘောကျပါတယ်။ သုသေသနတွေအရ ပျော်ရွှင်တတ်တဲ့ အမျိုးသားတွေဟာ အခြားလူတွေထက် ဉာဏ်ကောင်းပြီး ဖန်တီးနိုင်စွမ်း မြင့်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီး တွေဟာ ဟာသတွေ ပြောတတ်တဲ့သူတွေကို သဘောကျရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

    (၂) ကူညီတတ်ခြင်း

    အားနည်းတဲ့သူတွေကို ကူညီတတ်တဲ့ အမျိုးသားတွေကိုလည်း အမျိုးသမီးတွေက သဘောကျလေ့ရှိတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ် ချို့ယွင်းချက်ရှိတဲ့ သူတွေကို ကူညီတဲ့ အမျိုးသားတွေဟာ သမီးရည်းစားတွေ ဖြစ်လာရင်လည်း သူတို့ကို ကူညီလိမ့်မယ်လို့ အမျိုးသမီးတွေက ထင်ကြတာကြောင့် ပရဟိတပြုလုပ်တဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက ပိုမို စိတ်ဝင်စားကြခြင်းဖြစ်ပါတယ်။

    (၃) အသက်ကြီးခြင်း

    အမျိုးသမီးတွေဟာ သူတို့ထက် အသက်ကြီးတဲ့ အမျိုးသားတွေကို ပိုပြီး သဘောကျလေ့ရှိပါတယ်။ အသက်ပိုကြီးတဲ့ အမျိုးသားတွေဟာ ဦးဆောင်နိုင်စွမ်းရှိခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်းနဲ့ အလိုလိုက်ခြင်း တွေကို ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်ကြတယ်လို့လည်း သိရပါတယ်။

    (၄) တိရစ္ဆာန်ချစ်ခြင်း

    တိရစ္ဆာန်တွေကို မွေးမြူထားတဲ့ အမျိုးသားတွေကိုလည်း အမျိုးသမီးတွေက သဘောကျတယ်လို့ ဆိုပါတယ်။ ခွေး၊ ကြောင် စတဲ့ အကောင်လေးတွေကို မွေးဖို့ ဆိုတာ အမှန်တကယ် ကြင်နာတတ်တဲ့ နှလုံးသားနဲ့မှ စိတ်ရှည်လက်ရှည် မွေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ထောင်စုတခုကိုလည်း တည်ထောင်နိုင်စွမ်းရှိတယ်လို့ အမျိုးသမီးတွေက ယုံကြည်ကြပါတယ်။

    (၅) ခန္ဓာကိုယ်တောင့်တင်းခြင်း

    အမျိုးသမီးတွေဟာ ခန္ဒာကိုယ်လှပတဲ့ အမျိုးသားတွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါ့အပြင် ကြွက်သားတွေ တောင့်တင်းနေခြင်းကို ဆွဲဆောင်မှုတခုလို့ လက်ခံထားကြပါသေးတယ်။ ကြွက်သားတွေ လှပဖို့ ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်မှသာ ရတာဖြစ်လို့ ဒီလို ခန္ဓာကိုယ်လှပတဲ့ အမျိုးသားတွေဟာ နှစ်တွေအကြာကြီး Relationship တခုကို ကောင်းကောင်းမွန်မွန် တည်ဆောက်နိုင်လိမ့်မယ်လို့ အမျိုးသမီးတွေက မှတ်ယူထားကြပါသေးတယ်။

    Ref;brightside

    Credit – ရေဗန် (ဧရာဝတီ), The Irrawaddy – Burmese Edition

  • လုပ္ထုံးလုပ္နည္း အလြဲေၾကာင့္ ပင္ပန္းႀကီးစြာ ျဖစ္ေနရတဲ့ ပင္စင္စားမ်ာ

    (Zawgyi)

    လုပ္ထုံးလုပ္နည္း အလြဲေၾကာင့္ ပင္ပန္းႀကီးစြာ ျဖစ္ေနရတဲ့ ပင္စင္စားမ်ား

    ဒီေန႔ အဖိုးကို ပင္စင္လိုက္ထုတ္ေပးတယ္။ ပင္စင္လစာေတြ တိုးတာကို သူတို႔ဆီမွာ ရွိၿပီးသား စာရင္းကို ေဘာမွာကပ္ထားၿပီး စာအုပ္ထပ္ရင္ လက္မခံပဲ နာမည္သြားရွာခိုင္းတယ္။ တိုးမတိုး သြားရွာလို႔သာ ေျပာလိုက္တာ ဘယ္လိုရွာရမယ္ဆိုတာ တခြန္းမေျပာဘူး။ ကိုယ္ကျပန္ေမးတယ္။ ဦးေလး ဘယ္လိုၾကည့္ၿပီ းရွာရမလဲေပါ့။ နာမည္ ရာထူးနဲ႔ ဌာန တိုက္ရွာတဲ့။

    ကိုယ္စရွာတယ္။ နာမည္ကစၿပီး ဘုတ္ေတြက ဟိုဘက္ေကာဒီဘက္ေကာ မနည္းဘူး။ နာမည္ေတြက ေျဗာက္ေသာက္၊ ဌာနကလဲ ေျဗာက္ေသာက္ အရင္အမွတ္စဥ္နဲ႔ စီထားတာလဲမဟုတ္ ကိုယ္ရွာရတာအေၾကာင္းမဟုတ္ဘူး။

    ေနကပူပူ အရိပ္မရွိဘာမရွိ တုန္တုန္ခ်ိခ်ိ မ်က္လုံးမေကာင္းတဲ့ အဖိုးေတြအဖြားေတြဆိုတာ မနည္းဘူး။ ဟိုနားေလးရပ္ရွာ ဒီနားေလးရပ္ရွာနဲ႔ သားရယ္ ဘယ္လိုရွာရမလဲ အဖြားမျမင္ရလို႔ အဖိုးမျမင္ရလို႔ ဆိုၿပီးေျပာလာသူေတြ မနည္း ကိုယ္လဲမွတ္မိႏိုင္သေလာက္နာမည္ေတြမွတ္ရွာေပး ဘယ္လိုမွ အဆင္မေျပ။ ေနာက္ဆုံး အဖိုးပင္စင္စာအုပ္တစ္အုပ္လုံး ပိုက္စိပ္တိုက္လိုက္ၾကည့္ၿပီး ဘယ္လိုရွာရင္ အလြယ္ဆုံးဆိုတာနည္းလမ္းေတြ႕တယ္။ ဒါနဲ႔ကိုယ့္အဖိုးနာမည္ေျပးရွာ ရၿပီဆိုတာနဲ႔ ဓာတ္ပုံ႐ိုက္ မွတ္ထား စာအုပ္ေျပးထပ္ ညီဝမ္းကြဲနဲ႔ အဖိုးကိုစာအုပ္ထပ္တဲ့နား နာမည္ေခၚတာေစာင့္ခိုင္းၿပီး မေနႏိုင္တဲ့ကိုယ္ ဘုတ္ေတြနားကိုျပန္ေျပး။

    အဖိုးသားကို စာအုပ္ခဏျပ အဖြားသားကို စာအုပ္ခဏျပဆိုၿပီး အမိန႔္လႊာအမွတ္ကို ဓာတ္ပုံ႐ိုက္ယူ (စာအုပ္ယူထားရင္ေပ်ာက္မွာစိုးလို႔) ဟိုအရိပ္ထဲသြားေစာင့္ေနၾကဆိုၿပီး အဲ့ေနပူထဲမယ္တစ္ေယာက္ၿပီးတစ္ေယာက္ရွာေပး မွတ္ေရးေပးရ တယ္ တစ္ခ်ိဳ႕အဖိုးအဖြားေတြလဲ နာမည္မပါ (မတိုးဘူး) ေမွ်ာ္လင့္ခ်က္ေလးေတြနဲ႔ ေတြ႕မလားေတြ႕မလား ရွာေနၾကေသးတယ္။

    ကိုယ့္မယ္ သနားလဲသနား ေဒါသေတြလဲထြက္ ပင္စင္လစာလာထုတ္ၾကသူေတြဟာ အဖိုးေတြအဖြားေတြမ်ားတယ္ အိမ္ကလူပါလာတယ္ဆိုတာ ေတာ္ေတာ္ကိုရွားတယ္ ဒါကိုမညႇာမတာ သူတို႔သက္သာဖို႔အေရး လစာတိုးပါမပါ နာမည္ အမွတ္စဥ္ရွာခိုင္းတာ ဟုတ္ကိုမဟုတ္ဘူး။

    တကယ္ဆို Smart Card နဲ႔ ထုတ္တာပဲ သူတို႔္မွာ စာရင္းရွိၿပီးသား ရွာခိုင္းစရာလိုကိုမလိုတာ ရွာလို႔ေတြ႕လာတဲ့အမွတ္စဥ္ ကို ဘာလုပ္သလဲဆိုေတာ့ စာအုပ္အဖုံးမွာေရးလိုက္တယ္ သူတို႔မွာ ဘုတ္မွာကပ္ထားတဲ့ စာ႐ြက္ေတြကို သူ႔အတြဲလိုက္စီ ရွိေနၿပီးသားကို အဲ့အမွတ္စဥ္ကို ရွာၿပီး လယ္ခ်ာစာအုပ္ထဲ ျပန္ကူးေရးသတဲ့ အေမးဇင္း လုပ္ထုံးလုပ္နည္းႀကီး။ ဒါပဲ

    ဒါေလးတစ္ခုအတြက္ ေနပူႀကီးထဲ နာမည္ရွာမရလို႔ စိတ္ပူ ပင္ပန္းေနၾကတဲ့အဖိုးေတြအဖြားေတြကိုၾကည့္ရင္း ေဒါသထြက္လိုက္တာ ဆိုတာ အသားေတာင္ တဆပ္ဆပ္တုန္တယ္ အဖိုးေငြထုတ္ၿပီးတဲ့အထိ ႏိုင္သေလာက္ရွာေပးခဲ့တယ္ ကိုယ္ျပန္ လာတဲ့အထိ ရွာေနၾကတဲ့အဖိုးေတြအဖြားေတြကို စိတ္မခ်မ္းမသာနဲ႔ပဲထားခဲ့ရတယ္

    ပိုသမွ်အစြန္းတြက္ေတြကိုက် ေဝမွ်ယူၾက ကိုယ္က်အရိပ္ထဲေနၿပီး ကိုယ္ခ်င္းစာစိတ္ေလးေတာ့ ထားၾကဖို႔ေကာင္းပါတယ္ ကိုယ္ခ်င္းစာႏိုင္ၾကပါေစ။

    PS: ေငြေပးအမိန႔္စာအမွတ္နဲ႔ ရွာတာ အလြယ္ဆုံးပါ တိုးတာေတြက GON, N(YGN),N(NPT),NA,NB တို႔ပဲျဖစ္ပါတယ္။ က်န္တဲ့ Fတို႔ ဘာတို႔ တိုးတဲ့ထဲမပါပါဘူးခင္ဗ်

    ေရးသားသူ – Kyeyoung Lin

    (Unicode)

    လုပ်ထုံးလုပ်နည်း အလွဲကြောင့် ပင်ပန်းကြီးစွာ ဖြစ်နေရတဲ့ ပင်စင်စားများ

    ဒီနေ့ အဖိုးကို ပင်စင်လိုက်ထုတ်ပေးတယ်။ ပင်စင်လစာတွေ တိုးတာကို သူတို့ဆီမှာ ရှိပြီးသား စာရင်းကို ဘောမှာကပ်ထားပြီး စာအုပ်ထပ်ရင် လက်မခံပဲ နာမည်သွားရှာခိုင်းတယ်။ တိုးမတိုး သွားရှာလို့သာ ပြောလိုက်တာ ဘယ်လိုရှာရမယ်ဆိုတာ တခွန်းမပြောဘူး။ ကိုယ်ကပြန်မေးတယ်။ ဦးလေး ဘယ်လိုကြည့်ပြီ းရှာရမလဲပေါ့။ နာမည် ရာထူးနဲ့ ဌာန တိုက်ရှာတဲ့။

    ကိုယ်စရှာတယ်။ နာမည်ကစပြီး ဘုတ်တွေက ဟိုဘက်ကောဒီဘက်ကော မနည်းဘူး။ နာမည်တွေက ဗြောက်သောက်၊ ဌာနကလဲ ဗြောက်သောက် အရင်အမှတ်စဉ်နဲ့ စီထားတာလဲမဟုတ် ကိုယ်ရှာရတာအကြောင်းမဟုတ်ဘူး။

    နေကပူပူ အရိပ်မရှိဘာမရှိ တုန်တုန်ချိချိ မျက်လုံးမကောင်းတဲ့ အဖိုးတွေအဖွားတွေဆိုတာ မနည်းဘူး။ ဟိုနားလေးရပ်ရှာ ဒီနားလေးရပ်ရှာနဲ့ သားရယ် ဘယ်လိုရှာရမလဲ အဖွားမမြင်ရလို့ အဖိုးမမြင်ရလို့ ဆိုပြီးပြောလာသူတွေ မနည်း ကိုယ်လဲမှတ်မိနိုင်သလောက်နာမည်တွေမှတ်ရှာပေး ဘယ်လိုမှ အဆင်မပြေ။ နောက်ဆုံး အဖိုးပင်စင်စာအုပ်တစ်အုပ်လုံး ပိုက်စိပ်တိုက်လိုက်ကြည့်ပြီး ဘယ်လိုရှာရင် အလွယ်ဆုံးဆိုတာနည်းလမ်းတွေ့တယ်။ ဒါနဲ့ကိုယ့်အဖိုးနာမည်ပြေးရှာ ရပြီဆိုတာနဲ့ ဓာတ်ပုံရိုက် မှတ်ထား စာအုပ်ပြေးထပ် ညီဝမ်းကွဲနဲ့ အဖိုးကိုစာအုပ်ထပ်တဲ့နား နာမည်ခေါ်တာစောင့်ခိုင်းပြီး မနေနိုင်တဲ့ကိုယ် ဘုတ်တွေနားကိုပြန်ပြေး။

    အဖိုးသားကို စာအုပ်ခဏပြ အဖွားသားကို စာအုပ်ခဏပြဆိုပြီး အမိန့်လွှာအမှတ်ကို ဓာတ်ပုံရိုက်ယူ (စာအုပ်ယူထားရင်ပျောက်မှာစိုးလို့) ဟိုအရိပ်ထဲသွားစောင့်နေကြဆိုပြီး အဲ့နေပူထဲမယ်တစ်ယောက်ပြီးတစ်ယောက်ရှာပေး မှတ်ရေးပေးရ တယ် တစ်ချို့အဖိုးအဖွားတွေလဲ နာမည်မပါ (မတိုးဘူး) မျှော်လင့်ချက်လေးတွေနဲ့ တွေ့မလားတွေ့မလား ရှာနေကြသေးတယ်။

    ကိုယ့်မယ် သနားလဲသနား ဒေါသတွေလဲထွက် ပင်စင်လစာလာထုတ်ကြသူတွေဟာ အဖိုးတွေအဖွားတွေများတယ် အိမ်ကလူပါလာတယ်ဆိုတာ တော်တော်ကိုရှားတယ် ဒါကိုမညှာမတာ သူတို့သက်သာဖို့အရေး လစာတိုးပါမပါ နာမည် အမှတ်စဉ်ရှာခိုင်းတာ ဟုတ်ကိုမဟုတ်ဘူး။

    တကယ်ဆို Smart Card နဲ့ ထုတ်တာပဲ သူတို့်မှာ စာရင်းရှိပြီးသား ရှာခိုင်းစရာလိုကိုမလိုတာ ရှာလို့တွေ့လာတဲ့အမှတ်စဉ် ကို ဘာလုပ်သလဲဆိုတော့ စာအုပ်အဖုံးမှာရေးလိုက်တယ် သူတို့မှာ ဘုတ်မှာကပ်ထားတဲ့ စာရွက်တွေကို သူ့အတွဲလိုက်စီ ရှိနေပြီးသားကို အဲ့အမှတ်စဉ်ကို ရှာပြီး လယ်ချာစာအုပ်ထဲ ပြန်ကူးရေးသတဲ့ အမေးဇင်း လုပ်ထုံးလုပ်နည်းကြီး။ ဒါပဲ

    ဒါလေးတစ်ခုအတွက် နေပူကြီးထဲ နာမည်ရှာမရလို့ စိတ်ပူ ပင်ပန်းနေကြတဲ့အဖိုးတွေအဖွားတွေကိုကြည့်ရင်း ဒေါသထွက်လိုက်တာ ဆိုတာ အသားတောင် တဆပ်ဆပ်တုန်တယ် အဖိုးငွေထုတ်ပြီးတဲ့အထိ နိုင်သလောက်ရှာပေးခဲ့တယ် ကိုယ်ပြန် လာတဲ့အထိ ရှာနေကြတဲ့အဖိုးတွေအဖွားတွေကို စိတ်မချမ်းမသာနဲ့ပဲထားခဲ့ရတယ်

    ပိုသမျှအစွန်းတွက်တွေကိုကျ ဝေမျှယူကြ ကိုယ်ကျအရိပ်ထဲနေပြီး ကိုယ်ချင်းစာစိတ်လေးတော့ ထားကြဖို့ကောင်းပါတယ် ကိုယ်ချင်းစာနိုင်ကြပါစေ။

    PS: ငွေပေးအမိန့်စာအမှတ်နဲ့ ရှာတာ အလွယ်ဆုံးပါ တိုးတာတွေက GON, N(YGN),N(NPT),NA,NB တို့ပဲဖြစ်ပါတယ်။ ကျန်တဲ့ Fတို့ ဘာတို့ တိုးတဲ့ထဲမပါပါဘူးခင်ဗျ

    ရေးသားသူ – Kyeyoung Lin

  • က်ည္ကာမွန္အေၾကာင္း

    (Zawgyi)

    က်ည္ကာမွန္အေၾကာင္း

    က်ည္မွန္ေတြဟာ ႐ိုး႐ိုးမွန္ေတြနဲ႔မတူပဲ မွန္ခ်ပ္ေတြ အမ်ားႀကီးထပ္ထားတာပါ။ အဲဒီမွာ ထည့္ထားတဲ့ မွန္ခ်ပ္ေတြက ပထမ အခ်ပ္က အမာပါ. ေနာက္အခ်ပ္မွာ အေပ်ာ့ခံထားပါတယ္။ က်ည္ကာ အမာကို ထိၿပီးခ်ိန္မွာ အေပ်ာ့ခ်ပ္ကိုထပ္ထိတဲ့အခါ က်ည္ရဲ႕အရွိန္ကို အေပ်ာ့ခ်ပ္က ထိန္းခ်ဳပ္လိုက္ပါတယ္။ အဲဒီမွာေနာက္ထပ္ အမာခ်ပ္ကို က်ည္ဟာ ထပ္ၿပီးထိုးေဖာက္ႏိုင္စြမ္း မရွိေတာ့ပါဘူး။

    က်ည္ကာမွန္ေတြဟာ 3/4 လက္မၼအထူကေန သုံးလက္မ ေက်ာ္ထိ အမ်ိဳးစားလိုက္ အထူရွိပါတယ္။ တင့္ကားေတြမွာ အျပင္ကိုၾကည့္ဖို႔ သုံးတဲ့ က်ည္ကာမွန္ေတြကေတာ့ ခုႏွစ္လက္မၼကေန ရွစ္လကၼထိထူၿပီး ဗုံးဒါဏ္ကို ခံႏိုင္ရည္ရွိေအာင္ ဒီဇိုင္းထုတ္ထားတာပါ။ က်ည္ကာမွန္ေတြကို သူ႔ရဲ႕ ခံႏိုင္ရည္ေပၚမူတည္ၿပီး UL 752 Level 1 ကေန 10 ထိ Level ေတြခြဲထားပါတယ္။

    Level 1 မွာေတာ့ တစ္လကၼေလာက္သာ အထူရွိၿပီး ပစၥတိုက်ည္ဆံ 9mm ကိုကာကြယ္ႏိုင္ပါတယ္။ ကိုယ္ကာကြယ္လိုတဲ့ လက္နက္မ်ိဳးအစား က်ည္ဆံအမ်ိဳးစားကို မူတည္ၿပီး ကိုယ္နဲ႔ ကိုက္ညီမဲ့ Level ကိုေ႐ြးခ်ယ္တပ္ၾကတာပါ။ အေမရိကန္သမၼတ စီးတဲ့ကားမွာေတာ့ ဗုံးဒါဏ္ခံႏိုင္တဲ့ အဆင့္ထိ တပ္ဆင္ထားတယ္လို႔ ဆိုပါတယ္။

    က်ည္ကာမွန္ေတြကို ဘယ္ေနရာေတြမွာ သုံးၾကလဲ။ ႏိုင္ငံတကာမွာေတာ့ က်ည္ကာမွန္ေတြကို သံ႐ုံးေတြ Money Changer ေတြ ေ႐ႊေငြ ေက်ာက္မ်က္ရတနာ အေရာင္းဆိုင္ေတြ၊ ဘဏ္ေတြ၊ VIP ကားေတြမွာ တပ္ဆင္ အသုံးျပဳၾကပါတယ္။

    Credit : ဗဟုသုတဒိုင္ဂ်က္ -James Rodriguez

    (Unicode)

    ကျည်ကာမှန်အကြောင်း

    ကျည်မှန်တွေဟာ ရိုးရိုးမှန်တွေနဲ့မတူပဲ မှန်ချပ်တွေ အများကြီးထပ်ထားတာပါ။ အဲဒီမှာ ထည့်ထားတဲ့ မှန်ချပ်တွေက ပထမ အချပ်က အမာပါ. နောက်အချပ်မှာ အပျော့ခံထားပါတယ်။ ကျည်ကာ အမာကို ထိပြီးချိန်မှာ အပျော့ချပ်ကိုထပ်ထိတဲ့အခါ ကျည်ရဲ့အရှိန်ကို အပျော့ချပ်က ထိန်းချုပ်လိုက်ပါတယ်။ အဲဒီမှာနောက်ထပ် အမာချပ်ကို ကျည်ဟာ ထပ်ပြီးထိုးဖောက်နိုင်စွမ်း မရှိတော့ပါဘူး။

    ကျည်ကာမှန်တွေဟာ 3/4 လက်မ္မအထူကနေ သုံးလက်မ ကျော်ထိ အမျိုးစားလိုက် အထူရှိပါတယ်။ တင့်ကားတွေမှာ အပြင်ကိုကြည့်ဖို့ သုံးတဲ့ ကျည်ကာမှန်တွေကတော့ ခုနှစ်လက်မ္မကနေ ရှစ်လက္မထိထူပြီး ဗုံးဒါဏ်ကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ်ထားတာပါ။ ကျည်ကာမှန်တွေကို သူ့ရဲ့ ခံနိုင်ရည်ပေါ်မူတည်ပြီး UL 752 Level 1 ကနေ 10 ထိ Level တွေခွဲထားပါတယ်။

    Level 1 မှာတော့ တစ်လက္မလောက်သာ အထူရှိပြီး ပစ္စတိုကျည်ဆံ 9mm ကိုကာကွယ်နိုင်ပါတယ်။ ကိုယ်ကာကွယ်လိုတဲ့ လက်နက်မျိုးအစား ကျည်ဆံအမျိုးစားကို မူတည်ပြီး ကိုယ်နဲ့ ကိုက်ညီမဲ့ Level ကိုရွေးချယ်တပ်ကြတာပါ။ အမေရိကန်သမ္မတ စီးတဲ့ကားမှာတော့ ဗုံးဒါဏ်ခံနိုင်တဲ့ အဆင့်ထိ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

    ကျည်ကာမှန်တွေကို ဘယ်နေရာတွေမှာ သုံးကြလဲ။ နိုင်ငံတကာမှာတော့ ကျည်ကာမှန်တွေကို သံရုံးတွေ Money Changer တွေ ရွှေငွေ ကျောက်မျက်ရတနာ အရောင်းဆိုင်တွေ၊ ဘဏ်တွေ၊ VIP ကားတွေမှာ တပ်ဆင် အသုံးပြုကြပါတယ်။

    Credit>>ဗဟုသုတဒိုင်ဂျက် -James Rodriguez