Category: ဗဟုတုသ
  • မျောက်ငိုသီး(Petai)စားပြီးဆရာဝန်ဆီမသွားဘဲ နေရအောင်
    မျောက်ငိုသီး(Petai)စားပြီးဆရာဝန်ဆီမသွားဘဲ နေရအောင်
    ကျန်းမာရေး အာနိသင်တွေများလွန်းလို့တင်စား ပြီး ပြောတာပါနော်။ မျောက်ငိုသီးက ကျန်းမာရေး အကျိုး ကျေးဇူးတွေ များစွာပါဝင်တဲ့အသီးပါ။ ဗီတာမင် A ၊ သံဓါတ်၊ ပရိုတင်းနဲ့ တခြား ဗီတာမင် နဲ့ သတ္တုဓါတ်တွေ အဟာရဓါတ်တွေ အများအပြား ပါ (more…)
  • ပြန်နွှေးပြီးစားရင် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အစားအသောက်များ
    ပြန်နွှေးပြီးစားရင် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အစားအသောက်များ
    အေးစက်နေတဲ့ အစားအစာတွေထက် ပူပူနွေးနွေးအစားအစာတွေကို လူအများစုက တောင့်တတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း အရသာပိုရှိရှိစားသုံးနိုင်ဖို့ အတွက် အေးသွားတဲ့ အစားအစာတွေကို ပြန်နွှေးပြီး စားသုံးကြပါတယ်။ တချို့ကျတော့ မိုက်ခရိုဝေ့ဖ်ထဲ ထည့်ပြီး ပြန်နွှေးစားတာမျိုးလည်း ရှိသလို၊ မီးဖိုပေါ်တင်ပြီး အစားအစာတွေကို ပြန်နွှေးကြတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ ပြန်နွှေးစားတာက အရသာပိုရှိတယ် ဆိုပေမယ့် ကျန်းမာရေးနဲ့ ကိုက်ညီမှု ရှိရဲ့လား ဆိုတာကို သတိပြုဖို့လိုပါတယ်။ ဒါ့ကြောင့်မို့လို့ ပြန်နွှေးပြီး စားသုံးမိမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အစားအသောက်များကို ဖော်ပြပေးလိုက်ပါတယ်။
    (၁) ဆီကြော်မုန့်များ
    ဆီမြှုပ်ကြော်ထားတဲ့ ဆီကြော်မုန့်အစားအစာတွေကို ပြန်နွှေးပြီးစားသုံးတာကလည်း သင့်ရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဆီကြော်မုန့်ကို ပြန်လည်အပူပေးလိုက်တဲ့အခါမှာ မုန့်ကထွက်လာတဲ့ အဆီဓာတ်များက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ Fatty Acids ထွက်ပေါ်လာ စေတဲ့အတွက်ကြောင့် သတိထားသင့်တဲ့ အချက်ပါပဲ။
    (၂) အာလူး
    အာလူးပြုတ်၊ အာလူးကြော် စတာတွေကို ပြန်ပြီး အပူပေးမစားသုံးသင့်တဲ့ အကြောင်းအရင်းကတော့ အာလူးကို ပြန်နွှေးလိုက်တဲ့အခါမှာ ထွက်ပေါ်လာတဲ့ ဘတ်တီးရီးယား ပိုးမွှားများနဲ့ အဆိပ်အတောက် များက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အတွက်ကြောင့်ပါ။ ဒီလို ပြန်အပူပေးထားတဲ့ အာလူးကို စားသုံးမိတဲ့အခါ အစာအဆိပ်သင့်တာမျိုး ဖြစ်တတ်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။
    (၃) အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
    အသီးအရွက်ကြော်ဆိုတော့ ပူပူနွေးနွေးလေး စားတာက ပိုပြီး အရသာရှိစေပါတယ်။ ဒါပေမယ့် အရသာကောင်းဖို့ အတွက်ပဲ တွေးနေလို့ မရပါဘူး။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ သဘာဝဓာတ်များနဲ့ အာဟာရဓာတ်များက အပူပြန်ပေးလိုက်တဲ့အခါ ပျက်ပြယ်သွားနိုင်တဲ့ အတွက်ကြောင့်ပါ။ ဒါ့အပြင် ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင်တဲ့ Compounds တွေထွက်ပေါ် လာနိုင်တာကြောင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို ပြန်နွှေးပြီး မစားသုံးသင့်ပါဘူး။
    (၄) ကြက်ဥ
    ကြက်ဥက ပရိုတင်းဓာတ်ပြည့်ဝစွာ ပါဝင်တဲ့ အစားအစာဖြစ်တဲ့အတွက် ပြန်နွှေးပြီးစားသုံးမိမယ်ဆိုရင် ပရိုတင်းဓာတ်များက အဆိပ်အတောက်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီအဆိပ်အတောက်များက အစာချေဖျက်မှု စနစ်ကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ကျန်းမာရေးနဲ့ ကိုက်ညီမှု မရှိပါဘူး။ ဒါ့ကြောင့် ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ ကြက်ဥကိုလည်း ပြန်နွှေးပြီး မစားသုံးသင့်ပါဘူး။
    (၅) မိခင်နို့ရည်
    မိခင်နို့ရည်ကို အပူပေးပြီး၊ ပြန်နွှေးပြီးတော့ ကိုယ့်ရဲ့ ရင်သွေးငယ်ကို မတိုက်ကျွေးသင့်တဲ့ အကြောင်းအရင်း နှစ်ရပ်ရှိပါတယ်။ အပူပေးထားတဲ့အတွက် ရင်သွေးငယ်ရဲ့လျှာကို အပူလောင်သွားစေနိုင်ပါတယ်။ ဒါ့အပြင် မိခင်နို့ရည်မှာပါဝင်တဲ့ အာဟာရဓာတ်များက အပူပေးလိုက်တဲ့အခါမှာ ပျက်ပြယ်သွားနိုင်တဲ့ အတွက် ရင်သွေးငယ်ရဲ့ ကျန်းမာရေးကို ဘာမှအထောက်အကူ မပြုနိုင်တော့ပါဘူး။ ဒါ့ကြောင့် မိခင်နို့ရည်ကို နို့ဗူးထဲထည့်ထားတာမျိုး မပြုလုပ်တော့ဘဲ ကိုယ်တိုင်တိုက်ကျွေးတာက အကောင်းဆုံးပါပဲ။
    (၆) ကြက်သား
    ကြက်သားကို ပြန်လည်နွှေးစားတဲ့သူတွေ သတိထားသင့်တဲ့ အချက်ပါပဲ။ ကြက်သားကို အပူပေးလိုက်တဲ့အခါမှာ ပိုးမွှားများကို နိုးဆွပေးလိုက်သလို ဖြစ်သွားတာမို့လို့ စားသုံးမိမယ် ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် ကြက်သားကိုလည်း ဘယ်တော့မှ ပြန်နွှေးပြီး မစားသုံးသင့်ပါဘူး။
  • နာနတ်သီးဖျော်ရည် ကြိုက်သူတွေအတွက် ကျန်းမာရေးသတင်းကောင်
    နာနတ်သီးဖျော်ရည် ကြိုက်သူတွေအတွက် ကျန်းမာရေးသတင်းကောငး
    အအေးဆိုင် ထိုင်လိုက်တိုင်း နာနတ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်လေးတစ်ခွက် မှာသောက်သင့်တဲ့ အကြောင်းပြချက် ကောင်းကောင်းတွေ ရှိပါတယ်။ နာနတ်သီးကြိုက်သူဆိုရင် ပျော်စရာပေါ့။အဆုတ်ရောဂါ ခံစားနေရတဲ့ လူတွေထဲမှာကိုယ်ပါနေပြီလား။ တကယ်လို့သာ တန်ဖိုးထားရတဲ့ အဆုတ်လေးနှစ်ခု မကျန်းမမာဖြစ်နေရင် ဂရုတစိုက် စားသင့်တဲ့ သစ်သီးဝလံတွေမှာ နာနတ်သီးက ထိပ်ဆုံးကပါနော်။
    နာနတ်သီးဟာ တခြားအသီးတွေနဲ့ ယှဉ်လိုက်ရင် အန္တရာယ်ပေးနိုင်တဲ့ဓာတ် နည်းပါးပြီး အမျှင်ဓာတ် ဗီတာမင်ဘီစစ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်အပြင် ရောင်ရမ်းခြင်းကို လျော့စေတဲ့အင်ဇိုင်းတစ်မျိုး ပါဝင်ပါတယ်။
    ● ဓာတ်မတည့်တတ်သူတွေ ချောင်းဆိုး မကြာခဏဖြစ်သူတွေအတွက် နာနတ်သီးဖျော်ရည်က အကောင်းဆုံးပါတဲ့။ ဘာကြောင့်ပဲချောင်းဆိုးဆိုး နာနတ်သီးဖျော်ရည်လေးက ရောင်ရမ်းခြင်းတွေကို ကျဆင်းစေပြီး လေပြွန်လေးတွေကို ကောင်းလာစေပြီး ရင်ချောင်စေလို့ အစွမ်းထက်တဲ့ ဖျော်ရည်ပါတဲ့။
    ● ပန်းနာရင်ကြပ်သမားတွေအတွက်အထူးဆေးဝါးက နာနတ်ဖျော်ရည်ပါ။
    နေ့စဉ် နာနတ်ဖျော်ရည်တစ်ဖန်ခွက်ကို ရက်ကိုးဆယ်တိတိ သောက်ပြီးတဲ့အခါ အသက်ရှူနှုန်းတွေ တိုးတက်ကောင်းမွန်လာပြီး ပန်းနာရင်ကြပ်ရောဂါကို သက်သာလာစေတာ တွေ့ရပါတယ်။
    ● ဆေးလိပ်သောက်လို့ဖြစ်တဲ့ အဆုတ်ပွတာတွေ၊ ချွဲကြပ်သလိပ်ကပ်တတ်သူတွေ အဆုတ်ရောင်အဆုတ်ပွ မကြာခဏဖြစ်တတ်သူတွေအတွက် သဘာဝဆေးဝါးပါတဲ့။ ချွဲသလိပ်တွေကို ကြေပျက်သွားစေပြီး ချွဲဟပ်ထုတ်ရ လွယ်စေပါတယ်။
    ● မကြာခဏ နှာစေးချောင်းဆိုးတတ်သူဆိုရင်၊ နှာခေါင်းပိတ်တတ်သူဆိုရင်တော့ နာနတ်သီးဖျော်ရည်က ကယ်တင်ရှင်ကြီး လုပ်လို့ရပြီလေ။ နှာခေါင်းနဲ့မျက်နှာက လေအခေါင်းပွတွေ ရောင်ရမ်းတာကို လျော့ကျစေပြီး ဓာတ်မတည့်တဲ့ရောဂါကို ကုသပေးတဲ့သဘာဝ ဆေးဝါးတစ်လက် ဖြစ်ပါတယ်။ ထိပ်ကပ်နာ ခံစားနေရသူတွေ နာနတ်ဖျော်ရည် သောက်ကြပါနော်။
    Drmyanmar
  • ပွင့်ပြန်ပြီလား ဒီလက်သည်း 
    မေလေးတစ်ယောက် သူ့လက်သည်းသူကြည့်ပြီး တစ်တွက်တွက်ပြောနေသည်။
    ” လက်သည်းပွင့်တိုင်းသာ စန်းပွင့်ရမယ်ဆိုငါလည်းတော်တော်စန်းပွင့်နေလောက်ပြီ”
    ဟုတ်လည်းဟုတ်သည်။ မေလေးလက်၅ချောင်းရှိရာ ၃ချောင်းလောက်က အဖြူအစက်လေးတွေကိုယ်စီနဲ့ မေလေး စိတ်မချမ်းသာတော့ ။ စိတ်ထဲမှာရောဂါတစ်ခုခုဖြစ်နေပြီလို့လဲထင်နေမိတယ်။
    ဒါနဲ့ ချစ်သူငယ်ချင်း ဆရာဝန်မလေး ဒေါက်တာစုဆီ အပြေးသွားလိုက်သည်။
    ” မိစုရယ် ငါ့လက်သည်းတွေကိုကြည့်ပါဦးဟယ်”
    ” အဖြူအစက်အပြောက်တွေနဲ့ တော်တော့်ကို ရုပ်ဆိုးနေတာ ၊ ငါ ကိုရီးယားကားထဲကလို ကင်ဆာတွေဘာတွေများဖြစ်နေသလားဘဲ?”
    မိစုက ရယ်ကျဲကျဲနဲ့ ” ပြကြည့်ပါဦးဟ”
    ” ဒါလက်သည်းပွင့်တာပဲ ကင်ဆာလည်းဟုတ်ပါဘူး”
    ” အဓိကတော့ ၂မျိုးရှိတယ်။
    အဖြူအစက်အပြောက်လေးတွေကတော့
    – ခိုက်မိလို့ဖြစ်တာ(ဥပမာ_လက်သည်းကိုက်တာ၊ လက်သည်းညှပ်ရင်းဖြစ်တာ)
    ဒါပေမယ့်အခြားရောဂါလေးတွေကြောင့်လည်းဖြစ်တတ်တယ်။ ရောဂါကြောင့်ဆိုရင်တော့ အဖြူအစက်အပြောက်မဟုတ်ဘဲ လက်သည်းတစ်လျှောက်လုံးအဖြူစင်းတွေ ကန့်လန့်ဖြတ် ဒါမှမဟုတ်ေ ဒါင်လိုက်ရှိနေတတ်တယ်။ ရောဂါတွေကတော့
    ဥပမာ- သံဓာတ်အားနည်းတာ၊ အသည်းခြောက်တာ၊ ကျောက်ကပ်မကောင်းတာ၊ နှလုံးညစ်အားမကောင်းတော့တာ၊ ဇင့်ဓာတ်အားနည်းတာ၊ လည်ပင်းသိုင်းရွိုက်ဟော်မုန်းများတာ ကိုပြတာလည်းဖြစ်နိုင်သေးတယ်။
    ” စစ်ဆေးမှုအနေနဲ့တော့ ခုနကပြောတဲ့ ရောဂါတွေရှိမရှိစစ်ကြည့်ရမယ်၊ လက်သည်းမှိုဟုတ်မဟုတ်သေချာအောင်စစ်ကြည့်လို့ရပါတယ်။
    “မဖြစ်အောင်ဆိုရင်တော့ လက်သည်းဖျက်ဆေးတွေမကြာခဏသုံးတာ၊ လက်သည်းကိုအလွန်တိုအောင်ညှပ်တာရှောင်ရမယ်။ နောက်ပြီး လက်ဆေးပြီးတိုင်းလက်သည်းကိုခြောက်မနေစေဘဲ အစိုဓာတ်ထိန်းခရမ်လေးတွေလိမ်းပေးသူငယ်ချင်းရေ”
    မယ်တင်( ဆေး ၁)
    DrZiwaka 
    #nails #လက်သည်း
  • အမျိုးသမီးများ မီးယပ်လွန်၊ မီးယပ်ငုတ်ခြင်းအတွက် မြစ်ခြင်းပြီးဆေးနည်း
    အမျိုးသမီးများ မီးယပ်လွန်၊ မီးယပ်ငုတ်ခြင်းအတွက် မြစ်ခြင်းပြီးဆေးနည်း
    အမျိုးသမီးများ မီးယပ်လွန်၊ မီးယပ်ငုတ် ဖြစ်နေလျှင်.
    သမားတော်ကြီးဦးဝင်းမောင်…
    အမျိုးသမီးများ မီးယပ်လွန်၊ မီးယပ်ငုတ်ဖြစ်နေလျှင် မြန်မာ့သြဇာပင်မှ ကြွေမကျပဲ အပင်ပေါ်တွင် ခြောက်နေသော သြဇာသီးခြောက်ကို ဆန်ဆေးရည်နှင့် ကျောက်ပြင်ကြမ်းတွင် အခါးရည် တစ်ပန်းကန်ခန့် သွေး၍ သောက်ပေးပါ။
    ပျောက်ကင်းချမ်းသာသော ရောဂါများ –
    ရာသီငုတ်နေခြင်း (၂ / ၃ လ)၊
    ရာသီသွေးမပေါ်သော အမျိုးသမီးများ၊
    ရာသီသွေး အဆင်းလွန်နေသော အမျိုးသမီးများလည်း သောက်ပေးခြင်းဖြင့် သွေးများ ရပ်တန့် သွားပါလိမ့်မည်။
    မှတ်ချက် – သြဇာသီး၏ အပေါ်မှ အသားခြောက်ကိုသာ အသုံးပြုနိုင်တာပါ။ သြဇာစေ့ကို အသုံးမပြုရပါ။
    Credit – သမားတော်ကြီးဦးဝင်းမောင်
    သြဇာသီးခြောက်မှာ အပူအဖုအကျိတ်များကို ဆန်ဆေးရည်ဖြင့် သွေးပြီးလူးပေးလျင် သက်သာပျောက်ကင်းစေပါသည်။
    ယခုအချိန် သြဇာသီးပေါ်ချိန်မို့ အပင်ပေါ်မှ သြဇာသီးခြောက်များတွေ့ရင် ခူးပြီးသိမ်းထားပါ။ ဆေးဖက်ဝင်ပါတယ်။
    မေတ္တာဖြင့်
    အိမ်တွင်းဆေးမြီးတိုများ စုစည်းမှု့
    Credit – Sai Min Thant
  • ဖြူစင်ခိုင်ခံ့တဲ့သွားတွေဖြစ်ဖို့ ဘာတွေလိုအပ်လဲ?  ?  ?
    ဖြူစင်ခိုင်ခံ့တဲ့သွားတွေဖြစ်ဖို့ ဘာတွေလိုအပ်လဲ?  ?  ?
    ခန္ဓာကိုယ်ရဲ့အရေးအကြီးတဲ့ အစိတ်အပိုင်းတွေထဲမှာ သွားတွေလည်း ပါဝင်ပါတယ်။ သွားမကောင်းတဲ့အခါ ဆိုးဝါးတဲ့ဝေဒနာကိုခံစားရမှာဖြစ်ပြီး အမျိုးသားတစ်ယောက်အနေနဲ့ ခန့်ညားမှုတွေလည်းဆုံးရှုံးရမှာဖြစ်ပါတယ်။ သွားတွေဖြူစင်လှပနေတဲ့အခါ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေပြီး ပြုံးလိုက်တိုင်းဆွဲဆောင်မှုအပြည့်နဲ့ စတိုင်ကျနေနိုင်တာပေါ့။
    အစားအသောက်တွေစားသုံးတဲ့အခါမှာ သွားတွေဟာမရှိမဖြစ်လိုအပ်ပါတယ်။ ဒီလိုအရေးပါတဲ့သွားတွေကို ဂရုစိုက်ထိန်းသိမ်းတဲ့နေရာမှာတော့ အမှတ်တမဲ့နဲ့ သတိမမူမိဖြစ်တတ်ပါတယ်။ အချိုမုန့်များ၊ ချောကလက်များ၊ သကြားလုံးများစတဲ့ အစားအစာတွေကသွားတွေကိုထိခိုက်စေနိုင်ပါတယ်။
    အဓိကအန္တရာယ်အပေးဆုံးကတော့ သင်တို့နေ့တိုင်းနီးပါးသောက်သုံးနေတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အနီရောင်ဝိုင်တွေပဲဖြစ်ပါတယ်။ ၄င်းတို့ကိုသောက်သုံးခြင်းဖြင့် သွားရဲ့အပေါ်ယံကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။
    နေ့စဉ်သုံးစွဲနေတဲ့ သွားတိုက်ဆေးတွေက သွားတွေရဲ့သန့်ရှင်းရေးကို အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမယ့် ဖြူစင်တောက်ပမှုကိုတော့ ပေးစွမ်းနိုင်မှုအားနည်းပါလိမ့်မယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဟာ သွားတွေဖြူစင်ဖို့အတွက် အကောင်းဆုံးအထောက်အကူပေးနိုင်ပါတယ်။
    ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အနည်းဆုံး ၀.၁ ရာခိုင်နှုန်းပါဝင်တဲ့ သွားတိုက်ဆေးမျိုးကို ရွေးချယ်အသုံးပြုပေးသင့်ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဟာ သင့်သွားတွေမှာရှိတဲ့ ဂျီးညှော်တွေကို အမြင့်ဆုံးဖယ်ရှားပေးပြီး ဖြူစင်မှုတွေကိုပေးစွမ်းနိုင်ပါလိမ့်မယ်။
    Mystyle
  • သင့်ယာဉ်မောင်းလိုင်စင် သက်တမ်း(၁)ရက်လေး လွန်တာနဲ့ ဒဏ်ငွေ (၂၅၀၀၀)ဆောင်ရမည်ဆိုတာ သိပါသလား?
    (Zawgyi)
    “ခ”ဆိုရင် (၁၀၀၀၀)ကျပ်။
    လိုင်စင်အမျိုးအစားအလိုက် ကုန်ကျစရိတ်များ
    (Unicode)
    သင့်ယာဉ်မောင်းလိုင်စင် သက်တမ်း(၁)ရက်လေး လွန်တာနဲ့ ဒဏ်ငွေ (၂၅၀၀၀)ဆောင်ရမည်ဆိုတာသင်သိပါသလား
    သင့်ယာဉ်မောင်းလိုင်စင် သက်တမ်း(၁)ရက်လေး လွန်တာနဲ့ ဒဏ်ငွေ (၂၅၀၀၀)ဆောင်ရမည်ဆိုတာသင်သိပါသလား။ မှန်ပါတယ်။ သက်တမ်းတစ်ရက်လေး ကျော်သွားတာနဲ့တင် သင်ကိုင်တဲ့ ယာဉ်မောင်းလိုင်စင်ဟာ
    “င”ဆိုရင် ဒဏ်ကြေး(၂၅၀၀၀)ကျပ်ပါ။
    “ဃ”ဆိုရင်ဒဏ်ကြေး(၂၀၀၀၀)ကျပ်ပါ။
    “ခ”ဆိုရင် (၁၀၀၀၀)ကျပ်။
    “က”ဆို (၂၄၀၀)ကျပ်ပါ စသည်ဖြင့် အသီးသီး ဒဏ်ကြေးတွေ ဆောင်ရမှာပါ။ တစ်ရက်လေး သက်တမ်းလွန်တာနဲ့ တင်နော်။ ကျွန်တော်တို့ ယာဉ်မောင်းလိုင်စင်တွေ ဈေးနှုန်းပြောင်းစဉ်အခါက တစ်ခါတည်း ဖော်ပြထားတဲ့ စာလေးရှိပါတယ်။ အဲ့ဒါကတော့ ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းကျော်လွန်ကာလ အချိန်လွန်ဒဏ်ကြေးကို မှတ်ပုံတင်ခ တစ်နှစ်စာရဲ့ ၁၀၀% ကောက်ခံရန် ဆိုတာပါပဲ။
    ဒီတော့ ဥပမာအနေနဲ့ “င”လိုင်စင်တစ်ခု သက်တမ်းတိုးမယ် ဆိုပါစို့။ သက်တမ်းတိုး (နှစ်လဲ)ခက (၇၅၀၀၀) ကျပ်။ သက်တမ်း တစ်ရက်လွန်တယ် ဆိုတာနဲ့ တစ်နှစ်စာရဲ့ ၁၀၀% ကောက်ခံရန်ဆိုတဲ့အတွက် (၇၅၀၀၀)ကို ၁၀၀% တွက်လိုက်တော့ (၂၅၀၀၀)ကျပ်ကျရော။ တစ်ရက်လွန်လွန်၊ နှစ်ရက်လွန်လွန်နော်။ တစ်နှစ်မပြည့်ခင်အထိ သက်တမ်းလွန်လဲ ၁၀၀% မို့ (၂၅၀၀၀)ကျပ်ပဲ။ အဲ့ တစ်နှစ်နဲ့ တစ်ရက် လွန်သွားရင်တော့ (၂)နှစ်စာ ဖြစ်သွားပြီး (၅၀၀၀၀)ကျပ်ဖြစ်သွားမှာ။
    ဒီတော့ ယာဉ်မောင်းလိုင်စင်တွေဟာ (၃)လကြိုတင် သက်တမ်းတိုးနိုင်တာမို့ ရက်အလွန်မခံပါနဲ့တော့။ ကြိုတင်သက်တမ်း တိုးကြပါ။ ဒီအကြောင်းအရာလေးကို ဗဟုသုတရစေချင် သိစေချင်လို့ ကျွန်တော်သိထားတာကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။
    Credit – ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
  • ယောက်ျားလေး အပေါ့သွားတဲ့ အိမ်သာခွက်ထဲမှာ ဘာလို့ ယင်ကောင်ပုံစတစ်ကာလေး ကပ်ထားတာလဲ? စဉ်းစားဖြေကြည့်ပါ။
    (Zawgyi)
    (Unicode)
    ယောက်ျားလေး အပေါ့သွားတဲ့ အိမ်သာခွက်ထဲမှာ ဘာလို့ ယင်ကောင်ပုံစတစ်ကာလေး ကပ်ထားတာလဲ ဆိုတာ မေးခဲ့ပါတယ်။
    ဝိုင်းဖြေကြတဲ့ အဖြေတွေ ဖတ်ကြည့်တော့ ပျော်စရာကြီး။ Target ကို ထိအောင်။ တည့်တည့်ပန်းစေချင်လို့။ ရေဆွဲချအောင် စသဖြင့်ပေါ့။
    မှန်ပါတယ်။ ရှူရှူးပေါက်ရင် ဘေးမထွက်ပဲ အိမ်သာခွက်ထဲ တည့်တည့်ဝင်အောင်၊ အိမ်သာသန့်ရှင်းအောင်၊ ဘေးမထွက်အောင်ပါ။ ယင်ကောင်လေးကပ်ထားတော့ အပေါ့သွားတဲ့ သူရဲ့ အာရုံက အဲ့ခွက်ထဲ ခနရောက်သွားတယ်။ ရှူရှူးပေါက်တယ်။ တစ်ချိန်ထဲ စဉ်းစားတယ်။ ဘာလေးလဲဟ။ ရေလေးဆွဲကြည့်တယ်။ မကျသွားဘူးဟ။ ဘာပဲပြောပြော တည့်တည့်ပန်းဖြစ်တယ်။ ရေဆွဲဖြစ်တယ်။
    ကိုယ်ဖြစ်ချင်တာက ဘာလဲ?
    ရှူရှူးတွေ အပြင်မပန်းစေချင်တာ။ တည့်တည့် ပန်းစေချင်တာ။ ရေဆွဲချင်တာ။ ဒါကို ရေဆွဲပါ၊ တည့်တည့်ပန်းပါ စာတွေကပ်ထားရုံနဲ့ မရဘူး။ တကယ့်လက်တွေ့မှာ လူတွေ ရှူရှူးပေါက်ရင် အဆင့်ဆင့် ဘာတွေလုပ်လဲ။ ဘယ်လိုတွေးလဲ စတာတွေကို လိုက်စဉ်းစားပြီး လိုချင်တာ ဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဒီလိုမျိုးစဉ်းစားပြီး လူတွေရဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ကိုယ်ဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖြစ်လာအောင် လူတွေဘယ်လိုတွေးလဲ၊ အဆင့်ဆင့် ဘာတွေလုပ်လည်းဆိုတာကို လိုက်စဉ်းစားပြီး စီစဉ်တာကို Nudge Theory လို့ ခေါ်တယ်။
    တိုက်ရိုက် ခိုင်းတာမဟုတ်ဖူးနော်။ တည့်တည့်ပန်းပါ။ ရေဆွဲပါ ပြောမနေဘူး။ ပြောနေလည်း လက်တွေ့မှာ လုပ်ချင်မှ လုပ်တာ။ ဖြစ်စေချင်တဲ့အတိုင်း လုပ်အောင် တိုက်ရိုက်ပြောမနေဘဲ သူတို့ ဘယ်လိုတွေးလဲ၊ ဘယ်လို အဆင့်ဆင့် လုပ်ဆောင်လဲဆိုတာတွေ စဉ်းစားပြီး သွယ်ဝိုက်သောနည်းတွေကနေ ကိုယ်ဖြစ်စေချင်တာ ဖြစ်လာအောင်၊ လုပ်လာအောင် ဖန်တီးယူတာကို Nudge Theory လို့ ခေါ်ပါတယ်။
    Marketing မှာ သိပ်အသုံးဝင်တဲ့ နည်းတစ်နည်းပေါ့။ ဒါလေးဖတ်ပြီး တစ်နေရာရာမှာ ပြန်အသုံးချဖို့ အတွေးတစ်ခုခုရရင် ကျေနပ်ပါတယ်။
    Credit to – Dr. Htet Zan Linn
  • သင်၏ဆိုင်ကယ်သည် “ယ” မဟုတ်ဘဲ SHN, MDY,SGG, BGO စသော လိုင်စင်များဖြစ်ခဲ့သော်၊ သက်တမ်းတိုးရာတွင်
    (Zawgyi)
    (Unicode)
    သင်၏ဆိုင်ကယ်သည် “ယ” မဟုတ်ဘဲ SHN, MDY,SGG, BGO စသော ဆိုင်ကယ်လိုင်စင်များဖြစ်ခဲ့သော်
    သင်၏ဆိုင်ကယ်ဟာ “ယ”ဆိုခဲ့ရင်ဖြင့် ကြိုက်တဲ့မြို့မှာ တခြမ်းစစ်ပြီး သက်တမ်းတိုးနိုင်ပါတယ်။ ဆိုင်ကယ်ကို သယ်ဆောင်သွားစရာမလိုဘူးပေါ့။ ဥပမာအားဖြင့် သင်က ပဲခူးမှာ ဆိုင်ကယ်လေးနဲ့ သွားလာလို့ အလုပ်လုပ်နေတယ်။ အဲ့ဆိုင်ကယ်က မန္တလေးမှာ လိုင်စင်လုပ်ခဲ့တာ။ အခု သက်တမ်းတိုး ရတော့မယ် ဆိုပါစို့။ နံပါတ်က “ယ”နဲ့ဆိုရင် အဆင်ပြေတဲ့ မြို့ရဲ့ ကညနမှာ တခြမ်းစစ်ပြီး မူရင်းလိုင်စင် လုပ်ခဲ့တဲ့ နေရာကို စာရွက်စာတမ်းတွေ ပါဆယ်လိုက်ရုံဖြင့် သက်တမ်းတိုးခြင်းကိစ္စ ပြီးမြောက်သွားပါတယ်။ ဆိုင်ကယ်ကို မူရင်းလိုင်စင် လုပ်ခဲ့တဲ့ မြို့ထိ သယ်ဆောင်သွားစရာ မလိုတော့ဘူးပေါ့။
    မဟုတ်ဘူး ကျွန်တော့်ဆိုင်ကယ်က “ယ”မဟုတ်ဘူး။ ပုံထဲကလို ရှမ်း၊ ပဲခူး၊ စစ်ကိုင်း စသည်ဖြင့် တိုင်း/ပြည်နယ်လိုင်စင် အနေနဲ့ လုပ်ထားတာ။ အခုသက်တမ်းတိုးရတော့မယ်။ ကိုရောက်နေတဲ့ မြို့ကတခြား၊ ဆိုင်ကယ်လိုင်စင်လုပ်ခဲ့တဲ့ မြို့ကတခြား။ ပြန်သွားလုပ်ရမှာအဝေးကြီးပေါ့။ အဲ့ဒီလို ဖြစ်နေခဲ့ရင် ပြောခဲ့ပီးသားပါ။ “ယ”မဟုတ်တာမှန်သမျှ မူရင်းလိုင်စင် လုပ်ခဲ့တဲ့နေရာအထိ ဆိုင်ကယ်ကိုသယ်ဆောင်သွားလို့ လိုင်စင်သက်တမ်းတိုးရမှာပါ။
    (1.9.2017 ရက်မှစ၍ မော်တော်ဆိုင်ကယ်များ သက်တမ်းတိုး ဆောင်ရွက်ရာတွင် ယာဉ်၏ကြံခိုင်မှုကိုပါ စစ်ဆေးပီးမှ သက်တမ်းတိုးခြင်းလုပ်ငန်း ဆောင်ရွက်မည်ဟု ကညနမှ ထုတ်ပြန်ထားရှိ)
    Credit – ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
    (Zawgyi)
    (Unicode)
    တင်းတိပ်ရောဂါ နှင့် ဆေးဖက်ဝင် အပင်တစ်ပင်
    အသက်လေးဆယ် စွန်းစွန်း အမျိုးသမီး တစ်ဦးသည် မျက်နှာတွင် နေလောင် သကဲ့သို့ ဖြစ်သဖြင့် နိုင်ငံခြားဖြစ် မိတ်ကပ် တစ်မျိုးကို ဈေးကြီးပေး ဝယ်လိမ်းနေရာ အသားအရောင် ပြောင်းသွား သော်လည်း တဖြည်းဖြည်း အောက်ခံ အရေပြားတွင် တင်းတိပ် ကဲ့သို့ အမည်းစက်များ ထွက်လာ ခဲ့သည်။
    သူသည် အထိတ်တလန့် ဖြစ်ပြီး မျက်နှာ ပေါင်းတင် အလှပြုပြင်သည့် ဆိုင်တစ်ဆိုင်တွင် သွားရောက် ပေါင်းတင်သည်။
    ထိုဆိုင်မှ ညွှန်သဖြင့် နိုင်ငံခြားဖြစ် တင်းတိပ် ပျောက်ဆေး တစ်မျိုးကို ဝယ်ယူ လိမ်းရပြန်သည်။ တင်းတိပ် လိမ်းဆေးမှာ အလွန်ပင် တန်ဖိုးကြီးသည်။
    အထူ တစ်လက်မပင် မရှိသည့် ဘူးအဝိုင်းငယ် လေးကို ငွေကျပ် တစ်သိန်းကျော် ပေးရသည်။ သက်သာနိုးနှင့် ထိုလိမ်းဆေး ငါးဘူး ကုန်သွား သော်လည်း သူ့မျက်နှာမှ တင်းတိပ်များမှာ ပျောက်မသွားပါ။
    ထို တင်းတိပ ်စွဲနေသော အသက် လေးဆယ်ကျော် အမျိုးသမီး သည် မိတ်ဆွေ တစ်ဦးထံ အိမ်လည် သွားရင်း စကားစပ်မိ ရာမှ ထို မိတ်ဆွေအိမ် တွင် ဝရန်တာ အပေါ် စိုက်ထားသော ရှားစောင်း လက်ပပ်ပင် မှ တစ်ခက်၊ နှစ်ခက် ချိုးပေး လိုက်သည်။
    ထို ရှားစောင်း လက်ပပ်ပင် ၏ အပြင်ခွံကို ဓားနှင့်ခွာပြီး အသားအနှစ် ကို ပါးပါးလှီးကာ မျက်နှာပေါ် ရှိ တင်းတိပ် ကျသော နေရာများတွင် ကပ်ပေးရန် ညွှန်လိုက်သည်။ စိတ်ရှည်ရှည် နှင့် ၁၄ ရက်ခန့် ကပ်ကြည့် ရန်လည်း မှာလိုက်သည်။
    တင်းတိပ်ကျသူ အမျိုးသမီး သည် အလှအပ အတွက်ချည်း မဟုတ် သော်လည်း မျက်နှာပေါ်ရှိ တင်းတိပ်များ ယခုထက် ပို၍ ပွားများလာ မှာကို အလွန် စိုးရိမ်သဖြင့် နေ့စဉ် စိတ်ရှည်ရှည် လုပ်ဆောင်သည်။
    ရက်ဆက် ပြုလုပ်နိုင်ရန် အတွက် ရှားစောင်း လက်ပပ်ပင် များကို လိုက်လံ ရှာဖွေ ဝယ်ယူပြီး မိတ်ဆွေ အိမ်မှာကဲ့သို့ ပန်းအိုးများတွင် ထည့်စိုက် သောအခါ အလွန် အပွားမြန်သော အပင်မျိုး ဖြစ်ကြောင်း တွေ့လာ ရသည်။
    မျက်နှာတွင် ရှားစောင်း လက်ပပ်အနှစ် ကို ကပ်သောအခါ အေးစက်နေပြီး ခဏ ကြာသောအခါ ထုံတင်း သကဲ့သို့ ဖြစ်လာသည်။ ထို့နောက် တစ်နာရီခန့် ကြာသောအခါ မျက်နှာ အရေပြား အောက်မှ ပူလာပြီး အခိုးများ ထွက်လာ သကဲ့သို့ ခံစားရသည်။
    ထိုအခါ ခွာချလိုက်ပြီး မျက်နှာသစ် လိုက်လျှင် ပြီးပြီဖြစ်သည်။ စတင် ပြုလုပ်ခါစ မသိသာ သော်လည်း ရက်သတ္တပတ် ခန့်ကြာသော အခါတွင် မျက်နှာသစ် လိုက်လျှင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်ကို ခံစားလာရသည်။
    အမှန်ပင် မျက်နှာပေါ်မှ တင်းတိပ် အမည်းစက်များ မှေးမှိန် လာသည်ကို ဆယ်ရက်ကျော် သောအခါ သိရှိလာရသည်။ ၁၄ ရက် ကျော်သောအခါ ရေးရေးမျှ ကျန်တော့ သဖြင့် ပြင်ပလူ အမြင်တွင် တင်းတိပ်မရှိ သလောက် ဖြစ်သွားပြီ ဖြစ်သည်။
    ရှေးလူကြီးများက ရှားစောင်း လက်ပပ် အနှစ်ကို ဟင်းချိုချက် သောက်ဖို့ အကြံပေး ကြသည်။ သွေးသား မမှန်ခြင်း၊ သွေးဆုံး ကိုင်ခြင်း၊ မီးယပ် လွန်ခြင်း၊ မီးယပ် အဖြူဆင်းခြင်း၊ မျက်နှာ တင်းတိပ် ထွက်ခြင်း၊ မျက်ခမ်းများ၊ မျက်ကွင်းများ ညိုမည်းခြင်း တို့ကို ပျောက်ကင်း စေနိုင် သည်ဟု ဆိုသည်။
    မီးယပ်သွေး ကျန်များသည် သွေးအတွင်း လှည့်လည် နေရာမှ မျက်နှာတွင် ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
    ရှားစောင်း လက်ပပ် ဟင်းချိုကို အရသာ ကောင်းစေရန် စမုန်စပါးရွက်၊ လယ်ပတူရွက်၊ ကန်စွန်းရွက် စသည်တို့နှင့် လည်း ရောပြီး ချက်နိုင်သည်ဟု ဆိုသည်။
    ရှားစောင်း လက်ပပ်ပင်သည် အိမ်တိုင်းတွင် ပန်းအိုးနှင့် စိုက်လျှင်ပင် ရှင်သန်နိုင်သော အပင်ဖြစ်ပြီး ဆေးဖက်လည်းဝင်၊ ဟင်းချက်စရာ အဖြစ်လည်း သုံးနိုင်သော အပင်မျိုး ဖြစ်ကြောင်း တင်ပြ လိုက်ရပေသည်။
    Credit – ကြည်မြင့်လွင် (မုဒြာ)