Category: ဗဟုတုသ

  • တန္ဖိုးရွိလို႕ သိမ္းထားတယ္။ လိုက္နာမွတ္သား ေရွးေရွးတုန္းက အဆိုအမိန႔္မ်ား။

    (Zawgyi)

    လိုက္နာမွတ္သား ေရွးေရွးတုန္းက အဆိုအမိန႔္မ်ား

    (၁) မေဟာင္တတ္ေသာ ေခြးသည္ ကိုက္တတ္၏။ စကားမေျပာဘဲ ဆိတ္ဆိတ္ေနသူသည္ မိုက္တတ္၏။

    (၂) အေကာင္းေျပာလ်င္ ခ်က္ခ်င္း ဝမ္းမသာပါႏွင့္၊ မေကာင္းေျပာလ်င္လည္း ခ်က္ခ်င္း ဝမ္းမနည္းပါႏွင့္။

    (၃) ကန္ဖူးေသာ ျမင္းသည္ ကန္ခ်က္ကို မေမ့။ လူသည္လည္း အက်င့္ပ်က္ကို မေမ့။

    (၄) ထိုင္သည့္အခါ ေအာက္ကို ၾကည့္ပါ။ ထသည့္အခါ အေပၚကို ၾကည့္ပါ။

    (၅) မပုပ္ေသာ အသီးကို ပိုးမထိုး။ မရွိေသာသူကို သူခိုးမခိုး။

    (၆) လက္ေျခတို႔သည္ ဝမ္းဗိုက္၏ ေက်းကြၽန္ျဖစ္သည္။ မည္သူကမွ် အလကားေခၚမေကြၽးႏိုင္။

    (၇) ခေမာက္သည္ လူ၏ ဦးေခါင္းႏွင့္ မကင္း၊ လူတိုင္းသည္ အခ်စ္ႏွင့္ မကင္း။

    (၈) ႏႈတ္ခမ္း႐ြဲ႕သူသည္ ဆဲေရးတတ္၏၊ မာနႀကီးသူသည္ စကားက်ဲ၏။

    (၉) ဦးခ်ိဳမေကာင္းေသာ ႏြားကို မေမြးပါႏွင့္၊ အလုပ္မလုပ္ဘဲ ေလလြင့္ေနသူကို မေကြၽးပါႏွင့္။

    (၁၀) အစားေၾကာင့္ ခ်စ္ခင္တတ္၏၊ စကားေၾကာင့္ မုန္းတတ္၏။

    (၁၁) ျမန္ျမန္စားေသာ္ နင္တတ္၏၊ ျမန္ျမန္ေျပးေသာ္ ေခ်ာ္လဲတတ္၏။

    (၁၂) ခ်စ္လွ်င္ လက္ေဆာင္အျဖစ္ အလကားေပးရာ၏၊ အေရာင္းအဝယ္ျပဳလ်င္ အမ်ားတကာကဲ့သို႔ ေဈးယူရာ၏။

    (၁၃) ႏႈတ္ခ်ိဳေသာ္ ပခုံး သက္သာ၏။ ႏႈတ္ခ်ိဳေသာ္ ဗိုက္ျပည့္၏။

    (၁၄) ေရကန္ကို ဆဲဆိုလ်င္ ငါးသတၱဝါတို႔ စိတ္နာတတ္၏၊ ေခြးကို ဆဲဆိုေသာ္ အိမ္ရွင္သည္ စိတ္နာတတ္၏။

    (၁၅) အရိပ္ခိုေသာ္ အကိုင္းကို မခ်ိဳးရာ၊ မိုးႀကိဳးမပစ္ေသာ္လည္း ေႁမြကိုက္တတ္၏။

    (၁၆) က်ီးကန္းအား သစ္ေစးပုံးကို မေစာင့္ေစရာ၊ သူခိုးကို ဥစၥာထုပ္အား မေစာင့္ေစရာ။

    (၁၇) အတူတကြ ဝိုင္းဝန္းစားမွ အရသာၿမိန္၏၊ အတူတကြ ဝိုင္းဝန္းမမွ အေလးခ်ိန္ေပါ့၏။

    (၁၈) နက္ေသာေရသည္ အသံတိတ္ဆိတ္၏၊ ပညာရွိသည္ တိတ္တိတ္ေနတတ္၏။

    (၁၉) ေတာခ်ဳံကိုလည္း မပ်က္ေစရာ၊ ယုန္ကိုလည္း မလႊတ္ထြက္ေစရာ။

    (၂၁) ၾကာပန္းကိုလည္း မႏြမ္းေစရာ၊ ေရကိုလည္း မေနာက္ေစရာ။

    (၂၂) စားလို၍ ေမးျမန္းတတ္သည္။ ခိုးလို၍ ထိတ္လန႔္ေအာင္ လုပ္တတ္သည္။

    (၂၃) ေပ်ာ္႐ႊင္ခ်င္သူ၏ မ်က္ႏွာသည္ စပ္ၿဖဲၿဖဲ၊ ရည္းစားစကား ေျပာသူ၏ မ်က္ႏွာသည္ ေပ်ာ့ရဲရဲ။

    (၂၄) အုပ္စုကြဲေသာႏြားသည္ အမဲသားျဖစ္၏။ အမ်ိဳးကြဲေသာ သားသမီးသည္ တျခားသူျဖစ္သြား၏။

    (၂၅) လူျဖစ္လာလ်င္ မအပါႏွင့္၊ မိမိေက်ာကို လွန္၍ သူတစ္ပါးအား မျပပါႏွင့္။

    (၂၆) လက္က်ိဳးလ်င္ အက်ႌထဲတြင္သာ က်ိဳးပါေစ။

    (၂၇) ေျပာၿပီးေသာ စကား၊ ဓားျဖင့္ခုတ္မိသြားေသာ အရာ၊ က်ိဳးသြားေသာ ေက်ာက္ခဲတို႔သည္ မူလအတိုင္း ျပန္မျဖစ္ေတာ့။

    (၂၈) အေျပာႀကီးေသာသူသည္ က်ားအရွင္ကို ဖမ္းမိတတ္၏။

    (၂၉) က်ီးကန္းကလည္း ဇီးကြက္ကို မစြပ္စြဲပါႏွင့္၊ ဇီးကြက္လည္း က်ီးကန္းကို မစြပ္စြဲပါႏွင့္။ ေအာ္သံခ်င္း သိပ္မထူးပါဘူး။

    (၃၀) လူသည္ အသက္ရွဴတာျခင္း ျခားနား၏။ တခ်ိဳ႕က ငွက္ေပ်ာသီးကို ဆားႏွင့္ တို႔စားခ်င္ၾက၏။

    (၃၁) မကတတ္လ်င္ အိုးစည္တီးသူကို မစြပ္စြဲပါႏွင့္၊ မလုပ္တတ္လ်င္ သူမ်ားကို မစြပ္စြဲပါႏွင့္။

    (၃၂) သကာလိုခ်ိဳေသာ တရားကို လူႀကိဳက္ရွား၏။ ပဲပုပ္လို နံေသာ အစားအစာကို လူႀကိဳက္မ်ား၏။

    (၃၃) သူတစ္ပါးကို ခိုင္းလ်င္ စိတ္တိုင္းမက် ႏိုင္၊ နာေခါင္းျဖင့္ စားလ်င္ ဗိုက္မဝ။ (အနံ႔ခံရ႐ုံျဖင့္ ဗိုက္မဝဟု ဆိုလို၏)

    (၃၄) သူတစ္ပါးကို လက္ညႇိဳးထိုး၊ ကိုယ္ဘက္ တစ္ေခ်ာင္းတိုး။ (လက္မႏွင့္ လက္ညႇိဳးသာ သူမ်ားဘက္ကို လွည့္၏၊ လက္ခလယ္၊ လက္သူႂကြယ္ႏွင့္ လက္သန္းသည္ ကိုယ့္ဘက္ကို လွည့္ေန၏)

    (၃၅) ထက္လွစြာေသာ ဓားသည္ သူ၏ ဓား႐ိုးကို ျပန္ၿပီး မခုတ္ႏိုင္။

    (၃၆) အသြင္ေျပာင္းေသာ သမန္းက်ားသည္ ႏြားကိုေဖ်ာက္၏။ အသြင္ေျပာင္းေသာ သူသည္ အမ်ိဳးေပ်ာက္၏။

    (၃၇) မကိုက္တတ္ေသာ ေခြးသည္ ေဟာင္၏။ ေငြမေခ်းသင့္ဘဲ ေခ်းေပးလ်င္ ဒူးေညာင္း၏။

    (၃၈) ဆင္ေျပာင္ႀကီးသည္ သစ္တုံးႀကီးကို ခ်ီႏိုင္သကဲ့သို႔ စာကေလးသည္လည္း ျမက္ပင္ကို ခ်ီႏိုင္ပါသည္။

    (၃၉) မတ္တပ္ရပ္လ်င္ အေပၚထုတ္တန္းကို ၾကည့္ပါ၊ ထမင္းခ်က္လ်င္ ထမင္းက်န္ကို အရင္ၾကည့္ပါ။

    (၄၀) ငါးရံ႕သည္ ေရထဲတြင္ တစ္သက္လုံး ေနေသာ္လည္း မျဖဴ။ ဗ်ိဳင္းသည္ ကုန္းေပၚေနေသာ္လည္း မမဲ။

    (၄၂) ေခြးက သန္းကို ကိုက္ေသာ္လည္း သန္းမေသ၊ သန္းက ေခြးကို ကိုက္ေသာလည္း ေခြးမေသ။

    (၄၃) ကံမေကာင္းလ်င္ သစ္ပင္ကို အမွီျပဳေသာ္လည္း သစ္ပင္သည္ လဲက်၏၊ တိုင္ကို အမီျပဳေသာ္လည္း တိုင္သည္ လဲက်ရာ၏။

    (၄၄) ဒုကၡေရာက္ခ်ိန္ ဝက္ဝံကိုေရွာင္စဥ္ က်ားႏွင့္ ဝင္တိုးတတ္၏။

    (၄၅) ဝါးခေမာက္လုပ္သူ ဖက္ခေမာက္ကိုေဆာင္း၊ အိုးစည္လုပ္သူ ဝါးေခါင္းကို တီး။

    (၄၆) ကိုရင္ကေလးသည္ ေၾကးစည္ႀကီးကို ႐ိုက္ခတ္၍ အၿမဲတမ္း ငိုေအာင္ျပဳ၏။ တစ္ခါတစ္ရံ ေၾကးစည္ႀကီးသည္ ကိုရင္ကေလးကိုျပန္႐ိုက္ခတ္ေသာအခါ ကိုရင္ကေလးသည္ ေၾကးစည္ထက္ အၾကာႀကီး ငိုေနတတ္၏။

    Credit – အရွင္သုခမိ

    via – Mi Mi Tun

    (Unicode)

    လိုက်နာမှတ်သား ရှေးရှေးတုန်းက အဆိုအမိန့်များ

    (၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။ စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။

    (၂) အကောင်းပြောလျင် ချက်ချင်း ဝမ်းမသာပါနှင့်၊ မကောင်းပြောလျင်လည်း ချက်ချင်း ဝမ်းမနည်းပါနှင့်။

    (၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။ လူသည်လည်း အကျင့်ပျက်ကို မမေ့။

    (၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။ ထသည့်အခါ အပေါ်ကို ကြည့်ပါ။

    (၅) မပုပ်သော အသီးကို ပိုးမထိုး။ မရှိသောသူကို သူခိုးမခိုး။

    (၆) လက်ခြေတို့သည် ဝမ်းဗိုက်၏ ကျေးကျွန်ဖြစ်သည်။ မည်သူကမျှ အလကားခေါ်မကျွေးနိုင်။

    (၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊ လူတိုင်းသည် အချစ်နှင့် မကင်း။

    (၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊ မာနကြီးသူသည် စကားကျဲ၏။

    (၉) ဦးချိုမကောင်းသော နွားကို မမွေးပါနှင့်၊ အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကျွေးပါနှင့်။

    (၁၀) အစားကြောင့် ချစ်ခင်တတ်၏၊ စကားကြောင့် မုန်းတတ်၏။

    (၁၁) မြန်မြန်စားသော် နင်တတ်၏၊ မြန်မြန်ပြေးသော် ချော်လဲတတ်၏။

    (၁၂) ချစ်လျှင် လက်ဆောင်အဖြစ် အလကားပေးရာ၏၊ အရောင်းအဝယ်ပြုလျင် အများတကာကဲ့သို့ ဈေးယူရာ၏။

    (၁၃) နှုတ်ချိုသော် ပခုံး သက်သာ၏။ နှုတ်ချိုသော် ဗိုက်ပြည့်၏။

    (၁၄) ရေကန်ကို ဆဲဆိုလျင် ငါးသတ္တဝါတို့ စိတ်နာတတ်၏၊ ခွေးကို ဆဲဆိုသော် အိမ်ရှင်သည် စိတ်နာတတ်၏။

    (၁၅) အရိပ်ခိုသော် အကိုင်းကို မချိုးရာ၊ မိုးကြိုးမပစ်သော်လည်း မြွေကိုက်တတ်၏။

    (၁၆) ကျီးကန်းအား သစ်စေးပုံးကို မစောင့်စေရာ၊ သူခိုးကို ဥစ္စာထုပ်အား မစောင့်စေရာ။

    (၁၇) အတူတကွ ဝိုင်းဝန်းစားမှ အရသာမြိန်၏၊ အတူတကွ ဝိုင်းဝန်းမမှ အလေးချိန်ပေါ့၏။

    (၁၈) နက်သောရေသည် အသံတိတ်ဆိတ်၏၊ ပညာရှိသည် တိတ်တိတ်နေတတ်၏။

    (၁၉) တောချုံကိုလည်း မပျက်စေရာ၊ ယုန်ကိုလည်း မလွှတ်ထွက်စေရာ။

    (၂၁) ကြာပန်းကိုလည်း မနွမ်းစေရာ၊ ရေကိုလည်း မနောက်စေရာ။

    (၂၂) စားလို၍ မေးမြန်းတတ်သည်။ ခိုးလို၍ ထိတ်လန့်အောင် လုပ်တတ်သည်။

    (၂၃) ပျော်ရွှင်ချင်သူ၏ မျက်နှာသည် စပ်ဖြဲဖြဲ၊ ရည်းစားစကား ပြောသူ၏ မျက်နှာသည် ပျော့ရဲရဲ။

    (၂၄) အုပ်စုကွဲသောနွားသည် အမဲသားဖြစ်၏။ အမျိုးကွဲသော သားသမီးသည် တခြားသူဖြစ်သွား၏။

    (၂၅) လူဖြစ်လာလျင် မအပါနှင့်၊ မိမိကျောကို လှန်၍ သူတစ်ပါးအား မပြပါနှင့်။

    (၂၆) လက်ကျိုးလျင် အင်္ကျီထဲတွင်သာ ကျိုးပါစေ။

    (၂၇) ပြောပြီးသော စကား၊ ဓားဖြင့်ခုတ်မိသွားသော အရာ၊ ကျိုးသွားသော ကျောက်ခဲတို့သည် မူလအတိုင်း ပြန်မဖြစ်တော့။

    (၂၈) အပြောကြီးသောသူသည် ကျားအရှင်ကို ဖမ်းမိတတ်၏။

    (၂၉) ကျီးကန်းကလည်း ဇီးကွက်ကို မစွပ်စွဲပါနှင့်၊ ဇီးကွက်လည်း ကျီးကန်းကို မစွပ်စွဲပါနှင့်။ အော်သံချင်း သိပ်မထူးပါဘူး။

    (၃၀) လူသည် အသက်ရှူတာခြင်း ခြားနား၏။ တချို့က ငှက်ပျောသီးကို ဆားနှင့် တို့စားချင်ကြ၏။

    (၃၁) မကတတ်လျင် အိုးစည်တီးသူကို မစွပ်စွဲပါနှင့်၊ မလုပ်တတ်လျင် သူများကို မစွပ်စွဲပါနှင့်။

    (၃၂) သကာလိုချိုသော တရားကို လူကြိုက်ရှား၏။ ပဲပုပ်လို နံသော အစားအစာကို လူကြိုက်များ၏။

    (၃၃) သူတစ်ပါးကို ခိုင်းလျင် စိတ်တိုင်းမကျ နိုင်၊ နာခေါင်းဖြင့် စားလျင် ဗိုက်မဝ။ (အနံ့ခံရရုံဖြင့် ဗိုက်မဝဟု ဆိုလို၏)

    (၃၄) သူတစ်ပါးကို လက်ညှိုးထိုး၊ ကိုယ်ဘက် တစ်ချောင်းတိုး။ (လက်မနှင့် လက်ညှိုးသာ သူများဘက်ကို လှည့်၏၊ လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းသည် ကိုယ့်ဘက်ကို လှည့်နေ၏)

    (၃၅) ထက်လှစွာသော ဓားသည် သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်။

    (၃၆) အသွင်ပြောင်းသော သမန်းကျားသည် နွားကိုဖျောက်၏။ အသွင်ပြောင်းသော သူသည် အမျိုးပျောက်၏။

    (၃၇) မကိုက်တတ်သော ခွေးသည် ဟောင်၏။ ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်း၏။

    (၃၈) ဆင်ပြောင်ကြီးသည် သစ်တုံးကြီးကို ချီနိုင်သကဲ့သို့ စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါသည်။

    (၃၉) မတ်တပ်ရပ်လျင် အပေါ်ထုတ်တန်းကို ကြည့်ပါ၊ ထမင်းချက်လျင် ထမင်းကျန်ကို အရင်ကြည့်ပါ။

    (၄၀) ငါးရံ့သည် ရေထဲတွင် တစ်သက်လုံး နေသော်လည်း မဖြူ။ ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲ။

    (၄၂) ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေ၊ သန်းက ခွေးကို ကိုက်သောလည်း ခွေးမသေ။

    (၄၃) ကံမကောင်းလျင် သစ်ပင်ကို အမှီပြုသော်လည်း သစ်ပင်သည် လဲကျ၏၊ တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာ၏။

    (၄၄) ဒုက္ခရောက်ချိန် ဝက်ဝံကိုရှောင်စဉ် ကျားနှင့် ဝင်တိုးတတ်၏။

    (၄၅) ဝါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်း၊ အိုးစည်လုပ်သူ ဝါးခေါင်းကို တီး။

    (၄၆) ကိုရင်ကလေးသည် ကြေးစည်ကြီးကို ရိုက်ခတ်၍ အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ ကြေးစည်ကြီးသည် ကိုရင်ကလေးကိုပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည် ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏။

    Credit – အရှင်သုခမိ

    via – Mi Mi Tun

  • ဝမ္းခ်ဳပ္ေနသူမ်ား သက္သာေအာင္ ဒီလိုလုပ္လို႔ရတယ္​

     ဝမ္းခ်ဳပ္ေနသူမ်ား သက္သာေအာင္ ဒီလိုလုပ္လို႔ရတယ္​

    (၁) နံနက္အိပ္ရာထ ေသာက္ေရ နွစ္​ခြက္ ဆက္တိုက္ ေသာက္ေပးျခင္းက အူေတြကို အလုပ္လုပ္ေစလို႔ ဝမ္းသြားေစပါတယ္။ (ေန႔စဥ္ ေရရွစ္ခြက္မွ ၁၀-ခြက္အထိ ေသာက္တဲ့အက်င့္ကို ေမြးျမဴပါ)

    (၂) သံပရာသီးကလည္း ဝမ္းခ်ဳပ္ျခင္းမွ သက္သာေစလို႔ နံနက္အိပ္ရာထ အစာမစားခင္မွာ ေရေႏြး တစ္ဖန္ခြက္ထဲကို သံပရာသီးတစ္လံုး ညႇစ္ၿပီး၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ ဆားအနည္းငယ္ ေဖ်ာ္၍ ေသာက္ပါ။

    (၃) ပဲသီး၊ ဟင္းႏုနယ္ စတဲ့ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ားနဲ႔ လိေမၼာ္သီး၊ သစ္ေတာ္သီးကဲ့သို႔ အရည္ရႊမ္းၿပီး အမွ်င္မ်ားတဲ့ သစ္သီးမ်ား စားပါ။

    (၄) အမွ်င္ဓာတ္ ေပါမ်ားေသာ ဂုန္ေလွ်ာ္ေစ့က အစာေၾကေစၿပီး ဝမ္းခ်ဳပ္ျခင္းကို သက္သာ ေပ်ာက္ကင္းေစပါတယ္။

    (၅) ႏြားႏို႔ပူပူ ေသာက္ျခင္းက အူမႀကီးကို ေကာင္းစြာ လႈံ႕ေဆာ္ေပးတာေၾကာင့္ ဝမ္းမခ်ဳပ္ေစေတာ့ပါဘူး (သို႔မဟုတ္) ညအိပ္ရာဝင္ခါနီး ႏြားႏို႔ပူပူထဲမွာ ေထာပတ္ကို လက္ဖက္ရည္ဇြန္းတစ္ဇြန္း ပမာဏ ခပ္၍ ေသာက္ျခင္းျဖင့္ နံနက္ပိုင္း ေရွာေရွာ႐ႈ႐ ဝမ္းသက္ေစပါတယ္။

    (၆) နံနက္ေစာေစာ ၁၅-မိနစ္ခန္႔ လမ္းသြက္သြက္ ေလွ်ာက္ျခင္းက အူမ်ားကို လႈပ္ရွားကာ ဝမ္းသြားေစပါတယ္။

    (၇) သဖန္းသီး၊ ပဲကတၱီပါ၊ ေျမပဲ၊ စြန္ပလြန္သီး၊ ပဲပင္ေပါက္ စားေပးပါ။ (၈) မာလကာသီး (အူနီ) အမွည့္ကလည္း ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္။

    (၈) ႀကံရည္၊ ခရမ္းခ်ဥ္သီးနဲ႔ beet root (ေခၚ) သၾကား မုန္လာဥ (ေခၚ) ေသြးေရာင္ကဲ့သို႔ မုန္လာဥနီ အလံုးတို႔ကလည္း ဝမ္းသက္ေစလို႔ စားေပးပါ။

    (၉) နံနက္တိုင္း သေဘၤာသီးမွည့္မွည့္ စားပါ။

    (၁၀) ပန္းသီးကလည္း ဝမ္းခ်ဳပ္ျခင္းကို ေကာင္းက်ိဳးျပဳတဲ့ အတြက္ တစ္ေန႔ႏွစ္လံုး မွန္မွန္ စားသင့္ပါတယ္။

    (၁၁) အရြက္မွာ အေမြးေလးေတြပါတဲ့ ကုလားျမင္းခြာရြက္ပင္၏ အပြင့္ကို သၾကားနဲ႔ ႀကိတ္၍စားပါ။

    (၁၂) ၾကက္ဟင္းခါးသီးကို ေသာက္ေရ၊ ဆားတို႔နဲ႔ စိမ္ၿပီး ေသာက္ပါ။

    (၁၃) ၾကက္ဟင္းခါးသီးကို ေရနံဆီျဖင့္ စိမ္၍ ဝမ္းဗိုက္ကို လိမ္းေပးပါ။

    (၁၄) ႀကိတ္မွန္ရြက္ ၂၅-က်ပ္သားကို ထန္းလ်က္ ၁၀-က်ပ္သား၊ အရည္ညႇစ္ၿပီးေသာ ေရွာက္သီးဖတ္ ၁၀- က်ပ္သား၊ ပါးပါးလွီးထားတဲ့ ၾကက္သြန္နီ ၁၀-က်ပ္သား၊ စမံုမ်ိဳးငါးပါးကို အမႈန္႔ႏွစ္ပဲ၊ စားဆီတို႔ျဖင့္ ေရာခ်က္ထားေသာ ႀကိတ္မွန္ရြက္ယိုကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းခန္႔ တစ္ေန႔သံုးႀကိမ္ စားေပးပါ။

    Credit : ေပါက္ေပါက္

  • ၀ဥ၏ က်န္းမာေရးအတြက္ အသံုးဝင္ပံု

    (Zawgyi)

    ၀ဥ၏ က်န္းမာေရးအတြက္ အသုံးဝင္ပုံ

    ၁။ အစာေျခစနစ္ကို အက်ိဳးျပဳျခင္း

    ဝဥရဲ႕ ေရမွာေပ်ာ္ဝင္တဲ့ အမွ်င္ဓါတ္ဟာအစာေျခစနစ္ကို အေထာက္အကူျပဳပါတယ္။ အူနဲ႔အစာအိမ္ကို အားေကာင္းေစတဲ့အတြက္ ဝမ္းခ်ဳပ္ျခင္းနဲ႔ လိပ္ေခါင္းေရာဂါတို႔အတြက္ သဘာဝ ကုထုံးအေနနဲ႔အသုံးျပဳရာမွာ ေက်ာ္ၾကားပါတယ္။

    ၂။ ဆီးခ်ိဳေရာဂါ ကာကြယ္ျခင္း

    ဝဥမွာပါဝင္တဲ့ glucomannan ဟာ ကိုယ္တြင္းသၾကားဓါတ္ ပမာဏကိုထိမ္းညႇိရာမွာ ေကာင္းမြန္တဲ့ပစၥည္း ျဖစ္ပါတယ္။၎ဟာ ဆီးခ်ိဳ မျဖစ္ေအာင္ ကူညီကာကြယ္ေပးပါတယ္။

    ၃။ အဟာရဓါတ္မ်ား စုပ္ယူႏိုင္ရန္ ကူညီျခင္း

    ဝဥဟာ အစာေျခစနစ္ကို အားေကာင္းေစတဲ့အတြက္ အစားအေသာက္ေတြထဲမွ အဟာရေတြ သတၳဳဓါတ္ေတြကို ေကာင္းစြာ စုပ္ယူႏိုင္ရန္ ကူညီေပးပါတယ္။

    ၄။ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးျခင္း

    ဗက္တီးရီးယား တိုက္ဖ်က္ႏိုင္တဲ့ သတၱိနဲ႔ ဓါတ္တိုးဆန႔္က်င္ဂုဏ္သတၱိေတြ ဝဥမွာပါဝင္တာေၾကာင့္ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးႏိုင္တယ္လို႔ ယုံၾကည္ရပါတယ္။ အေအးမိတုပ္ေကြးကဲ့သို႔ သာမန္ဖ်ားနာ ေရာဂါမ်ိဳးကို တိုက္ထုတ္ရာမွာ ကူညီႏိုင္ပါတယ္။

    ၅။ ေသြးဖိအားကို ထိန္းညႇိေပးျခင္း

    သင့္မွာ ေသြးတိုးျခင္း ေသြးေပါင္က်ျခင္း ျပသနာရွိပါက ဝဥ ကို သင့္ရဲ႕ ဓါတ္စာမွာ ထည့္သြင္းအသုံးျပဳႏိုင္ပါတယ္။ ဝဥဟာ ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးၿပီး သင့္ႏွလုံးက်န္းမာေရးကို ကူညီမွာ ျဖစ္ပါတယ္။

    ၆။ မ်က္စိအားေကာင္းေစျခင္း

    ဝဥရဲ႕ စိတ္ဝင္စားဖြယ္ရာ ေကာင္းက်ိဳးတစ္မ်ိဳးကေတာ့ မ်က္စိအားေကာင္းေစတာပါပဲ။ မ်က္စိနာျခင္းကဲ့သို႔ မ်က္စိနဲ႔ပတ္သက္တဲ့ျပသနာေတြကို တိုက္ထုတ္ႏိုင္ပါတယ္။ မ်က္စိ အာ႐ုံေၾကာ အားေကာင္းေစၿပီး အျမင္အာ႐ုံကို ေကာင္းေအာင္ ထိန္းေပးႏိုင္ပါတယ္။

    ၇။ ဇီဝျဖစ္စဥ္ကို ျမႇင့္တင္ေပးျခင္း

    ဝဥဟာ ခြန္အားနဲ႔ ဇီဝျဖစ္စဥ္ကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေလ့က်င့္ခန္းေတြ အျပင္းအထန္မလုပ္ဘဲ သာမန္မွ်လုပ္႐ုံနဲ႔ ဝိတ္က်ဖို႔ဆိုရင္ ဝဥစားသုံးျခင္းဟာ နည္းလမ္းတစ္ခုပါဘဲ။

    ၈။ ေရာင္ရမ္းျခင္းကို သက္သာေစျခင္း

    ဝဥမွာ ေရာင္ရမ္းျခင္းကို သက္သာေစတဲ့ ပစၥည္းမ်ားပါဝင္တဲ့အတြက္ အ႐ိုးအဆစ္နဲ႔ပတ္သက္တဲ့ေရာဂါေတြအတြက္လည္းေကာင္းပါတယ္။ အဆစ္အျမစ္ေရာင္ ေဝဒနာခံစားေနရသူေတြအတြက္ တကယ္အသုံးဝင္ပါတယ္။

    ၉။ အဆီခ်ျဖည့္စြက္စာအျဖစ္ အသုံးျပဳျခင္း

    ဝဥကို အဆီက်ေစဖို႔ ျဖည့္စြက္စာအေနနဲ႔ အသုံးျပဳရာမွာ သေဘာထားကြဲလြဲမႈေတြရွိေပမယ့္ အဆီက်ျမန္ေစဖို႔နဲ႔ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ရာမွာ ကူညီေပးႏိုင္တယ္ဆိုတဲ့ ရလဒ္ေကာင္းေတြကို ေတြ႕ရပါတယ္။

    ၁၀။ အဆီခ် အစားအစာအျဖစ္ အသုံးျပဳျခင္း

    ဝဥကို အဓိကပါဝင္ပစၥည္းအျဖစ္ အစားအေသာက္မွာ ထည့္သြင္းအသုံးျပဳတာဟာ အဆီက်ေစဖို႔ အေကာင္းဆုံးနည္းလမ္းဆိုတာ ေတြ႕ရွိခဲ့ၾကပါတယ္။ ဝဥနဲ႔လုပ္တဲ့ ေခါက္ဆြဲနဲ႔ ထမင္းတို႔ဟာ ကစီဓါတ္နဲ႔ ကယ္လိုရီ ေလ်ာ့နည္းပါတယ္။ ဒီလို အစားအေသာက္ေတြကို ေျပာင္းလဲစားေသာက္ျခင္းျဖင့္ ဝိတ္က်ေစပါတယ္။ ဝဥဂ်ယ္လီကို ထမင္းမစားမီ စားေပးျခင္း၊ ဗိုက္ဆာခ်ိန္မွာ အဆာေျပစားေပးျခင္းျဖင့္လည္း ဝိတ္က်ေစပါတယ္။

    လူေတြဟာက်န္းမာေရးအက်ိဳးေတြ ရရွိဖို႔အတြက္ ၎တို႔ရဲ႕အလွအပဆိုင္ရာ ဓါတ္စာေတြ အစားေသာက္စနစ္ေတြမွာ ဝဥကို ဘယ္လိုထည့္သြင္းအသုံးျပဳရမလဲဆိုတဲ့ နည္းလမ္းေတြကိုရွာေဖြေနၾကပါတယ္။ အဆီက်လွပဖို႔နဲ႔ အစဥ္က်န္းမာေစဖို႔ ကြၽန္ေတာ္တို႔ ႀကိဳက္ႏွစ္သက္တဲ့ အစားအစာေတြကို အခုေတာ့ အလြယ္တကူရ ရွိႏိုင္ၾကၿပီျဖစ္ပါတယ္။

    Credit – Original Uploader

    (Unicode)

    ၀ဥ၏ ကျန်းမာရေးအတွက် အသုံးဝင်ပုံ

    ၁။ အစာခြေစနစ်ကို အကျိုးပြုခြင်း

    ဝဥရဲ့ ရေမှာပျော်ဝင်တဲ့ အမျှင်ဓါတ်ဟာအစာခြေစနစ်ကို အထောက်အကူပြုပါတယ်။ အူနဲ့အစာအိမ်ကို အားကောင်းစေတဲ့အတွက် ဝမ်းချုပ်ခြင်းနဲ့ လိပ်ခေါင်းရောဂါတို့အတွက် သဘာဝ ကုထုံးအနေနဲ့အသုံးပြုရာမှာ ကျော်ကြားပါတယ်။

    ၂။ ဆီးချိုရောဂါ ကာကွယ်ခြင်း

    ဝဥမှာပါဝင်တဲ့ glucomannan ဟာ ကိုယ်တွင်းသကြားဓါတ် ပမာဏကိုထိမ်းညှိရာမှာ ကောင်းမွန်တဲ့ပစ္စည်း ဖြစ်ပါတယ်။၎င်းဟာ ဆီးချို မဖြစ်အောင် ကူညီကာကွယ်ပေးပါတယ်။

    ၃။ အဟာရဓါတ်များ စုပ်ယူနိုင်ရန် ကူညီခြင်း

    ဝဥဟာ အစာခြေစနစ်ကို အားကောင်းစေတဲ့အတွက် အစားအသောက်တွေထဲမှ အဟာရတွေ သတ္ထုဓါတ်တွေကို ကောင်းစွာ စုပ်ယူနိုင်ရန် ကူညီပေးပါတယ်။

    ၄။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း

    ဗက်တီးရီးယား တိုက်ဖျက်နိုင်တဲ့ သတ္တိနဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ဝဥမှာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်လို့ ယုံကြည်ရပါတယ်။ အအေးမိတုပ်ကွေးကဲ့သို့ သာမန်ဖျားနာ ရောဂါမျိုးကို တိုက်ထုတ်ရာမှာ ကူညီနိုင်ပါတယ်။

    ၅။ သွေးဖိအားကို ထိန်းညှိပေးခြင်း

    သင့်မှာ သွေးတိုးခြင်း သွေးပေါင်ကျခြင်း ပြသနာရှိပါက ဝဥ ကို သင့်ရဲ့ ဓါတ်စာမှာထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဝဥဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သင့်နှလုံးကျန်းမာရေးကို ကူညီမှာ ဖြစ်ပါတယ်။

    ၆။ မျက်စိအားကောင်းစေခြင်း

    ဝဥရဲ့ စိတ်ဝင်စားဖွယ်ရာ ကောင်းကျိုးတစ်မျိုးကတော့ မျက်စိအားကောင်းစေတာပါပဲ။ မျက်စိနာခြင်းကဲ့သို့ မျက်စိနဲ့ပတ်သက်တဲ့ပြသနာတွေကို တိုက်ထုတ်နိုင်ပါတယ်။ မျက်စိ အာရုံကြော အားကောင်းစေပြီး အမြင်အာရုံကို ကောင်းအောင် ထိန်းပေးနိုင်ပါတယ်။

    ၇။ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးခြင်း

    ဝဥဟာ ခွန်အားနဲ့ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းတွေ အပြင်းအထန်မလုပ်ဘဲ သာမန် မျှလုပ်ရုံနဲ့ ဝိတ်ကျဖို့ဆိုရင် ဝဥစားသုံးခြင်းဟာ နည်းလမ်းတစ်ခုပါဘဲ။

    ၈။ ရောင်ရမ်းခြင်းကို သက်သာစေခြင်း

    ဝဥမှာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ပစ္စည်းများပါဝင်တဲ့အတွက် အရိုးအဆစ်နဲ့ပတ်သက်တဲ့ရောဂါတွေအတွက်လည်းကောင်းပါတယ်။ အဆစ်အမြစ်ရောင် ဝေဒနာခံစားနေရသူတွေအတွက် တကယ်အသုံးဝင်ပါတယ်။

    ၉။ အဆီချဖြည့်စွက်စာအဖြစ် အသုံးပြုခြင်း

    ဝဥကို အဆီကျစေဖို့ ဖြည့်စွက်စာအနေနဲ့ အသုံးပြုရာမှာ သဘောထားကွဲလွဲမှုတွေရှိပေမယ့် အဆီကျမြန်စေဖို့နဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ရာမှာ ကူညီပေးနိုင်တယ်ဆိုတဲ့ ရလဒ်ကောင်းတွေကို တွေ့ရပါတယ်။

    ၁၀။ အဆီချ အစားအစာအဖြစ် အသုံးပြုခြင်း

    ဝဥကို အဓိကပါဝင်ပစ္စည်းအဖြစ် အစားအသောက်မှာ ထည့်သွင်းအသုံးပြုတာဟာ အဆီကျစေဖို့ အကောင်းဆုံးနည်းလမ်း ဆိုတာတွေ့ရှိခဲ့ကြပါတယ်။ ဝဥနဲ့လုပ်တဲ့ ခေါက်ဆွဲနဲ့ ထမင်းတို့ဟာ ကစီဓါတ်နဲ့ ကယ်လိုရီ လျော့နည်းပါတယ်။ ဒီလို အစားအသောက်တွေကို ပြောင်းလဲစားသောက်ခြင်းဖြင့် ဝိတ်ကျစေပါတယ်။ ဝဥဂျယ်လီကို ထမင်းမစားမီ စားပေးခြင်း၊ဗိုက်ဆာချိန်မှာ အဆာပြေစားပေးခြင်းဖြင့်လည်း ဝိတ်ကျစေပါတယ်။

    လူတွေဟာကျန်းမာရေးအကျိုးတွေ ရရှိဖို့အတွက် ၎င်းတို့ရဲ့အလှအပဆိုင်ရာ ဓါတ်စာတွေ အစားသောက်စနစ်တွေမှာဝဥကို ဘယ်လိုထည့်သွင်းအသုံးပြုရမလဲဆိုတဲ့ နည်းလမ်းတွေကိုရှာဖွေနေကြပါတယ်။ အဆီကျလှပဖို့နဲ့ အစဉ်ကျန်းမာစေဖို့ ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ အစားအစာတွေကို အခုတော့ အလွယ်တကူရ ရှိနိုင်ကြပြီဖြစ်ပါတယ်။

    Credit – Original Uploader

  • Silica Gel Bags ေတြကို ဘာလို႔ လႊင္႔မပစ္သင္႔တာလဲ

    Silica Gel Bags ေတြကို
    ဘာလို႔ လႊင္႔မပစ္သင္႔တာလဲ
    ••••••••••••••••••••••••••

    မုန္႔ဘူးေတြ ကင္မရာဘူးေတြ ဖိနပ္ဘူးေတြထဲမွာ Silica Gel Bags လို႔ေခၚတဲ႔

    ဂ်ယ္လီလုိ အလံုးေလးေတြ အေစ႔ေလးေတြ
    ပါတဲ႔ အိတ္ေလးကို ေတြ႔ဖူးၾကမွာပါ။

    ဒီအထုပ္ေလးေတြကို ေတြ႔တာနဲ႔ အသံုးမလုိ ေလာက္ဘူး အႏၲရာယ္ရွိမလားမသိဘူးဆုိျပီး လႊင္႔ပစ္လုိက္ၾကပါတယ္။

    တကယ္တမ္းမွာေတာ႔ ဒီအိတ္ေလးေတြက အရမ္းကို အသံုးဝင္ပါတယ္။

    သူဟာ ဆီလီကြန္ဒိုင္ေအာက္ဆုိက္ဒ္ျဖစ္ျပီး ဆီလီကြန္ဒိုင္ေအာက္ဆုိဒ္ဟာ ေဘးနားက အရာဝတၳဳေတြကို ေျခာက္ေသြ႔ေနေစတာ
    ျဖစ္ပါတယ္။ ဒါဟာ အဆိပ္မဟုတ္ပါဘူး။

    ဒါေပမဲ႔ ကေလးေတြကိုေတာ႔ မထိေတြ႔ေစ ခိုင္းသင္႔ပါဘူး။ ေကာက္စားလိုက္တာမ်ိဳး ျဖစ္မွာစိုးလို႔ပါ။

    Silica Gel Bags လို႔ေခၚတဲ႔ ဒီအိတ္ ေလးေတြရဲ႕ အသံုးဝင္ပံုက အံ႔မခန္းပါပဲ။

    (၁) ကိုယ္႔ရဲ႕ Gym ပစၥည္းအသံုးအေဆာင္ ထည္႔တဲ႔အိတ္ထဲကို ထည္႔ထားရင္,

    ဗက္တီးရီးယားနဲ႔ မႈိေပါက္ဖြားျခင္း မရွိေအာင္
    ကာကြယ္ေပးႏိုင္ပါေသးတယ္။ အန႔ံဆိုးေတြကို
    လည္း ေပ်ာက္ကင္းေစပါတယ္။

    (၂) ဖုန္းကို မေတာ္တဆ ေရထိသြားရင္ ဒီအထုပ္ေလးေတြ ကူႏိုင္ကယ္ႏိုင္ပါတယ္။

    သူက ဆန္ထဲမွာ ထားတာထက္ေတာင္ ပိုစြမ္းပါေသးတယ္။

    ဒီအထုပ္ေလးေတြအမ်ားၾကီးကို ခြက္ထဲ
    ထည္႔ျပီး ဖုန္းကိုထားလုိက္ပါ။

    စိုထိုင္းမႈကို အလ်င္ျမန္ဆံုး
    စုပ္ယူလိုက္ႏိုင္ပါတယ္။

    (၃) ဓာတ္ပံုေဟာင္းေတြကိုလည္း
    မပ်က္စီးေစဖုိ႔ ကယ္တင္ႏိုင္ပါေသးတယ္။

    ဓာတ္ပံုအေဟာင္းေတြကို ဘူးတစ္ခုထဲမွာ သိမ္းထားတယ္ဆုိရင္ အဲဒီဘူးထဲကို ဒီအိတ္ ေလးေတြ ထည္႔ထားလိုက္ပါ။

    ဓာတ္ပံုေတြ ေဆးကြာ ပူးကပ္ျပီး
    ပ်က္စီးျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။

    (၄) သူ႔ကို ကားမွန္ေအာက္ေျခ ကားဒတ္ရွ္ ဘုတ္ေပၚ တင္ထားမယ္ဆုိရင္လည္း

    ျမဴေတြ ႏွင္းေတြေၾကာင္႔ ကားမွန္စိုစြတ္တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါေသးတယ္။

    (၅) ကင္မရာအိတ္ထဲ ထည္႔ထားမယ္ဆုိရင္ လည္း ကင္မရာကို ေျခာက္ေသြ႔စြာ သိမ္းဆည္း ထားႏိုင္မွာပဲျဖစ္ပါတယ္။

    (၆) မုတ္ဆိတ္ရိတ္ဓားေတြကို ၾကာရွည္ ထက္ျမေနေစေခ်င္ရင္ ဒီအိတ္ေလးေတြကို သံုးႏိုင္ပါတယ္။

    မုတ္ဆိတ္ရိတ္ဓားေတြ ထားတဲ႔ေနရာမွာ ဒီအိတ္ေလးေတြကိုထားေပးမယ္ဆုိရင္

    အစိုဓာတ္ေတြကို စုပ္ယူေပးျပီး မုတ္ဆိတ္ ရိတ္ဓားေတြ တာရွည္ခံေစဖို႔ ကူညီေပးပါတယ္။

    (၇) ခရီးေဆာင္အိတ္ထဲမွာ ထည္႔သြားမယ္ဆုိ ရင္လည္း အန႔ံအသက္ကင္းျပီး ေျခာက္ေသြ႔မႈ ရွိေနေစမွာ ျဖစ္ပါတယ္။

    (၈) သူက ေရႊထည္ေငြထည္ပစၥည္းေတြကို
    လည္း အေရာင္မလြင္႔ေအာင္ ကာကြယ္ႏိုင္တာမို႔

    လက္ဝတ္ရတနာ သိမ္းတဲ႔ေနရာမွာလည္း
    သူ႔ကို သံုးႏိုင္ပါတယ္။

    (၉) သစ္ေစ႔ေတြ မ်ိဳးေစ႔ေတြကို ေျခာက္ေျခာက္ ေသြ႔ေသြ႔ သိမ္းဆည္းရမယ္ဆိုရင္လည္း

    ေလလံုတဲ႔ဘူးထဲမွာ ဒီအိတ္ေလးေတြကို
    ထည္႔ျပီး သိမ္းဆည္းေပးႏိုင္ပါတယ္။

    (၁၀) စကၠဴနဲ႔အျခားေသာ စာရြက္စာတမ္း
    ေတြကို မိႈတက္ပ်က္စီးတာမ်ိဳး မျဖစ္ေစဖုိ႔

    စာရြက္ေတြ သိမ္းဆည္းတဲ႔ေနရာမွာ ဒီအထုပ္ေလးေတြကို ထားေပးလုိ႔ရပါတယ္။

    (၁၁) ေဆးဘူးေတြနဲ႔ မုန္႔ဘူးေတြထဲမွာ ဒီအထုပ္ ေလးေတြကို ထားသိုတယ္ဆုိတာက အစိုျပန္မႈ ကိုကာကြယ္ေစဖို႔ပါ။

    ဒါေၾကာင္႔ ကုိယ္႔ရဲ႕ေသာက္ေဆးေတြ အားေဆး ေတြကို ဒီအထုပ္ေလးေတြနဲ႔ အတူသိမ္းဆည္း
    လို႔ရပါတယ္။

    ကဲ ဒီေလာက္ဆုိရင္ေတာ႔ သူ႔ကို လႊင္႔မပစ္ဘဲ ဘယ္လုိအက်ိဳးရွိရွိသံုးလို႔ရမလဲဆိုတာ သိသြား ၾကျပီ ထင္ပါတယ္ေနာ္။

  • စားစရာ တစ္ခုထက္ပိုၿပီး အသုံးျပဳလို႔ရတဲ့ ဆန္ရဲ႕ အျခားအသုံးဝင္တဲ့ အစြမ္းတခ်ိဳ႕

    (Zawgyi)

    ဆန္ကို စားသုံးမႈအျပင္ တျခားအသုံးျပဳႏိုင္

    ဆန္ကို စားစရာ တစ္ခုထက္ပိုၿပီး အသုံးျပဳလို႔ရပါတယ္။ ဆန္ရဲ႕ အျခားအသုံးဝင္တဲ့ အခ်က္အခ်ိဳ႕ကို ေဖာ္ျပပါတယ္။

    ၁။  အသီးေတြကို မွည့္ေစႏိုင္

    သစ္သီးအစိမ္းေတြကို ဆန္ပုံထဲထည့္ထားမယ္ဆိုရင္ ဆန္က သစ္သီးေတြကို မွည့္ေအာင္လုပ္ေဆာင္ေပးမွာျဖစ္ပါတယ္။

    ၂။ သံေခ်းမတက္ေအာင္ ကာကြယ္ေပးႏိုင္

    မခ်က္ရေသးတဲ့ဆန္ကို ကိရိယာေတြထည့္ထားတဲ့ toolbox ထဲကို ထည့္ထားမယ္ဆိုရင္  အစိုဓာတ္ေတြကို စုပ္ယူေပးႏိုင္မွာျဖစ္ပါတယ္။

    ၃။ ပန္းအိုးေတြကို သန႔္ရွင္းေစ

    ဆန္အေျခာက္ကို ပန္းအိုးထဲ ထည့္ၿပီး ဆပ္ျပာနည္းနည္း၊ ေရနည္းနည္းထည့္ၿပီး လႈပ္ေဆးၿပီး ပုလင္းေဆးတံနဲ႔ တိုက္ေဆးၿပီး သြန္လိုက္ပါ။

    ၄။ ေရခဲအိတ္အျဖစ္ အသုံးျပဳႏိုင္

    ေျခအိတ္ထဲကို ဆန္အေျခာက္ေတြထည့္ၿပီး  အေအးခံလိုက္ပါ။

    ၅။ ဆားေတြမခဲေအာင္ လုပ္ေပးႏိုင္

    ဆားပုလင္းထဲကို မခ်က္ရေသးတဲ့ဆန္  ထည့္ထားမယ္ဆိုရင္ ဆားေတြမခဲေအာင္ လုပ္ေဆာင္ေပးႏိုင္စြမ္း ရွိပါတယ္။

    ၆။ ဖုန္းေတြ ေရထဲက်တဲ့အခါ  

    ဖုန္းေတြ ေရထဲက်သြားတဲ့အခါ ေရေတြေျခာက္ေသြ႕သြားၿပီး ေရေငြ႕ေတြ စုပ္ယူသြားႏိုင္ေစဖို႔အတြက္ ဆန္ပုံးထဲထည့္ထားလိုက္ပါ။ ေငြကုန္ေၾကးက်သက္သာေစမွာ ျဖစ္ပါတယ္။

    Credit – မေအးသီမြန္ [ref: Asia-one, Sep 2, 2017.]

    (Unicode)

    ဆန်ကို စားသုံးမှုအပြင် တခြားအသုံးပြုနိုင်

    ဆန်ကို စားစရာ တစ်ခုထက်ပိုပြီး အသုံးပြုလို့ရပါတယ်။ ဆန်ရဲ့ အခြားအသုံးဝင်တဲ့ အချက်အချို့ကို ဖော်ပြပါတယ်။

    ၁။  အသီးတွေကို မှည့်စေနိုင်

    သစ်သီးအစိမ်းတွေကို ဆန်ပုံထဲထည့်ထားမယ်ဆိုရင် ဆန်က သစ်သီးတွေကို မှည့်အောင်လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

    ၂။ သံချေးမတက်အောင် ကာကွယ်ပေးနိုင်

    မချက်ရသေးတဲ့ဆန်ကို ကိရိယာတွေထည့်ထားတဲ့ toolbox ထဲကို ထည့်ထားမယ်ဆိုရင်  အစိုဓာတ်တွေကို စုပ်ယူပေးနိုင်မှာဖြစ်ပါတယ်။

    ၃။ ပန်းအိုးတွေကို သန့်ရှင်းစေ

    ဆန်အခြောက်ကို ပန်းအိုးထဲ ထည့်ပြီး ဆပ်ပြာနည်းနည်း၊ ရေနည်းနည်းထည့်ပြီး လှုပ်ဆေးပြီး ပုလင်းဆေးတံနဲ့ တိုက်ဆေးပြီး သွန်လိုက်ပါ။

    ၄။ ရေခဲအိတ်အဖြစ် အသုံးပြုနိုင်

    ခြေအိတ်ထဲကို ဆန်အခြောက်တွေထည့်ပြီး  အအေးခံလိုက်ပါ။

    ၅။ ဆားတွေမခဲအောင် လုပ်ပေးနိုင်

    ဆားပုလင်းထဲကို မချက်ရသေးတဲ့ဆန်  ထည့်ထားမယ်ဆိုရင် ဆားတွေမခဲအောင် လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။

    ၆။ ဖုန်းတွေ ရေထဲကျတဲ့အခါ  

    ဖုန်းတွေ ရေထဲကျသွားတဲ့အခါ ရေတွေခြောက်သွေ့သွားပြီး ရေငွေ့တွေ စုပ်ယူသွားနိုင်စေဖို့အတွက် ဆန်ပုံးထဲထည့်ထားလိုက်ပါ။ ငွေကုန်ကြေးကျသက်သာစေမှာ ဖြစ်ပါတယ်။

    Credit – မအေးသီမွန် [ref: Asia-one, Sep 2, 2017.]

  • ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းေၾကာင့္ အျဖတ္ခံလိုက္ရေသာ ခ်လန္စာ႐ြက္အား ဘယ္ေလာက္ၾကာၾကာထိ မေ႐ြးဘဲ ကိုင္ထားႏိုင္ပါသလဲ

    (Zawgyi)

    အျဖတ္ခံလိုက္ရေသာ ခ်လန္စာ႐ြက္အား ဘယ္ေလာက္ၾကာၾကာထိ မေ႐ြးဘဲ ကိုင္ထားႏိုင္ပါသလဲ

    ယာဥ္စည္းကမ္း လမ္းစည္းကမ္း ခ်ိဳးေဖါက္မိလို႔ ခ်လန္အျဖတ္ခံလိုက္ရတယ္ဆိုရင္ အဲ့ဒီခ်လန္ကို သြားမေ႐ြးဘဲ ဘယ္ေလာက္ၾကာၾကာ ကိုင္ထားလို႔ရသလဲဆိုတာ သိပါသလား?

    ခ်လန္စာ႐ြက္မွာ ဘယ္ႏွစ္ရက္အတြင္း ဘယ္အခ်ိန္မွာ ဘယ္႐ုံးကို လာေ႐ြးယူဖို႔ ရက္စြဲ အခ်ိန္ ေနရာေတြ ပါပါလိမ့္မယ္။အဲ့ဒီအခ်ိန္အတြင္းမွာဘဲ ေ႐ြးယူၾကတာ မ်ားၾကေပမဲ့ တခ်ိဳ႕ကေတာ့ မအားတာ ခရီးထြက္သြားတာ ေငြေၾကးအဆင္မေျပတာေၾကာင့္ သတ္မွတ္ရက္အတြင္း ျပန္လည္ေ႐ြးမယူႏိုင္ခဲ့ပါဘူး။ အဲ့ဒီလို သတ္မွတ္ရက္အတြင္း ျပန္လည္ေ႐ြးမယူႏိုင္လို႔ ဒဏ္ေၾကး ပိုမ်ားလာမလားလို႔ တခ်ိဳ႕က ေမးၾကတယ္။ မမ်ားပါဘူး ဒါပါပဲ။

    ဒီေတာ့ ခ်လန္ျဖတ္ခံထားရတယ္ဆိုရင္ အဲ့ဒီခ်လန္နဲ႔ ယာဥ္ေမာင္းႏွင္ခြင့္ မရွိတာကလြဲလို႔ အဆင္ေျပတဲ့အခ်ိန္မွ သြားေရာက္ေ႐ြးယူႏိုင္ပါတယ္။ တစ္လ၊ တစ္ႏွစ္၊ ငါးႏွစ္ ဘယ္ေလာက္ၾကာမွေ႐ြးေ႐ြး ရပါတယ္။ အဲ့ေလာက္ၾကာမွ ေ႐ြးလဲ ဒဏ္ေၾကးက မတိုးသြားပါဘူး။ လာမေ႐ြးလို႔ ကညနမွာ ပိတ္သိမ္းခံထားရလည္း ေ႐ြးတဲ့အခ်ိန္မွာ ေျပာစာရတာမို႔ အဲ့ဒီေျပစာနဲ႔ ေျဖရွင္းလို႔ရပါတယ္။

    အျဖတ္ခံထားရတဲ့ ခ်လန္ကို အၾကာႀကီး ကိုင္မထားလိုၾကေပမဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခ်ိန္ကာလၾကာၾကာ မေ႐ြးျဖစ္ၾကသူတို႔အတြက္ ဗဟုသုတအလို႔ငွာ ေဖာ္ျပေပးလိုက္ျခင္း ျဖစ္ပါတယ္။

    Credit – ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

    (Unicode)

    ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကြောင့် အဖြတ်ခံလိုက်ရသော ချလန်စာရွက်အား ဘယ်လောက်ကြာကြာထိ မရွေးဘဲ ကိုင်ထားနိုင်ပါသလဲ

    အဖြတ်ခံလိုက်ရသော ချလန်စာရွက်အား ဘယ်လောက်ကြာကြာထိ မရွေးဘဲ ကိုင်ထားနိုင်ပါသလဲ

    ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖေါက်မိလို့ ချလန်အဖြတ်ခံလိုက်ရတယ်ဆိုရင် အဲ့ဒီချလန်ကို သွားမရွေးဘဲ ဘယ်လောက်ကြာကြာ ကိုင်ထားလို့ရသလဲဆိုတာ သိပါသလား?

    ချလန်စာရွက်မှာ ဘယ်နှစ်ရက်အတွင်း ဘယ်အချိန်မှာ ဘယ်ရုံးကို လာရွေးယူဖို့ ရက်စွဲ အချိန် နေရာတွေ ပါပါလိမ့်မယ်။အဲ့ဒီအချိန်အတွင်းမှာဘဲ ရွေးယူကြတာ များကြပေမဲ့ တချို့ကတော့ မအားတာ ခရီးထွက်သွားတာ ငွေကြေးအဆင်မပြေတာကြောင့် သတ်မှတ်ရက်အတွင်း ပြန်လည်ရွေးမယူနိုင်ခဲ့ပါဘူး။ အဲ့ဒီလို သတ်မှတ်ရက်အတွင်း ပြန်လည်ရွေးမယူနိုင်လို့ ဒဏ်ကြေး ပိုများလာမလားလို့ တချို့က မေးကြတယ်။ မများပါဘူး ဒါပါပဲ။

    ဒီတော့ ချလန်ဖြတ်ခံထားရတယ်ဆိုရင် အဲ့ဒီချလန်နဲ့ ယာဉ်မောင်းနှင်ခွင့် မရှိတာကလွဲလို့ အဆင်ပြေတဲ့အချိန်မှ သွားရောက်ရွေးယူနိုင်ပါတယ်။ တစ်လ၊ တစ်နှစ်၊ ငါးနှစ် ဘယ်လောက်ကြာမှရွေးရွေး ရပါတယ်။ အဲ့လောက်ကြာမှ ရွေးလဲ ဒဏ်ကြေးက မတိုးသွားပါဘူး။ လာမရွေးလို့ ကညနမှာ ပိတ်သိမ်းခံထားရလည်း ရွေးတဲ့အချိန်မှာ ပြောစာရတာမို့ အဲ့ဒီပြေစာနဲ့ ဖြေရှင်းလို့ရပါတယ်။

    အဖြတ်ခံထားရတဲ့ ချလန်ကို အကြာကြီး ကိုင်မထားလိုကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အချိန်ကာလကြာကြာ မရွေးဖြစ်ကြသူတို့အတွက် ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

    Credit – ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

  • ကားစီးရင္ ကားမူးတတ္သူမ်ားအတြက္ အေကာင္းဆံုးနည္း

    (Zawgyi)

    ကားစီးရင္ ကားမူးတတ္သူမ်ားအတြက္

    ကားစီးရင္ ကားမူးတတ္တဲ့ သူေတြ ဒီနည္းေလးကို သုံးၾကည့္။ ကားျမင္တာနဲ႔ မစီးရေသးဘူး မူးတတ္တဲ့ကိုယ္။ မူးရလြန္းလို႔ ခရီးဆုံးေရာက္ရင္ လူမမာလို ျဖစ္တတ္တဲ့ ကိုယ္။ ဒီနည္းလမ္းနဲ႔မွ အဆင္ေျပေတာ့တယ္။

    ေဆးေပါင္းစုံ ေသာက္ဖူးတယ္။ ဂ်င္းေတြ ဝါးဖူးတယ္။ ခ်က္ေတြလဲ ပလာစတာကပ္ဖူးတယ္။ နည္းေပါင္းစုံလုပ္ဖူးတယ္။ တစ္ခုမွ မထိေရာက္ခဲ့ဘူး။

    ေသြးခုန္ႏႈန္း စမ္းလို႔ရတဲ့ ေနရာေလးမွာ ဂ်င္းပါးပါးေလး အုပ္ၿပီး ခုလို ကပ္ထားေတာ့မွ ဘာဆို ဘာမွကို မျဖစ္ေတာ့ပဲ၊ တလမ္းလုံးလဲ စားႏိုင္ေသာက္ႏိုင္၊ ခရီးေရာက္ရင္လဲ လူက လန္းလန္းဆန္းဆန္း ျဖစ္ေနေတာ့တယ္။ ဒီနည္းနဲ႔ ၂ ပတ္တခါေလာက္ကို ခရီးသြားေနတာၾကာၿပီ။ ကားမူးတတ္တဲ့ သူေတြကို ကိုယ္ခ်င္းစာလို႔ ျပန္ share တာပါ။ ကားမူးတဲ့ဒဏ္ကိုကားမူးတတ္တဲ့ သူပဲနားလည္တယ္။

    Credit – Original Uploader

    ကားစီးရင္ ကားမူးတတ္သူမ်ားအတြက္

    ကားစီးရင္ ကားမူးတတ္တဲ့ သူေတြ ဒီနည္းေလးကို သုံးၾကည့္။ ကားျမင္တာနဲ႔ မစီးရေသးဘူး မူးတတ္တဲ့ကိုယ္။ မူးရလြန္းလို႔ ခရီးဆုံးေရာက္ရင္ လူမမာလို ျဖစ္တတ္တဲ့ ကိုယ္။ ဒီနည္းလမ္းနဲ႔မွ အဆင္ေျပေတာ့တယ္။

    ေဆးေပါင္းစုံ ေသာက္ဖူးတယ္။ ဂ်င္းေတြ ဝါးဖူးတယ္။ ခ်က္ေတြလဲ ပလာစတာကပ္ဖူးတယ္။ နည္းေပါင္းစုံလုပ္ဖူးတယ္။တစ္ခုမွ မထိေရာက္ခဲ့ဘူး။

    ေသြးခုန္ႏႈန္း စမ္းလို႔ရတဲ့ ေနရာေလးမွာ ဂ်င္းပါးပါးေလး အုပ္ၿပီး ခုလို ကပ္ထားေတာ့မွ ဘာဆို ဘာမွကို မျဖစ္ေတာ့ပဲ၊ တလမ္းလုံးလဲ စားႏိုင္ေသာက္ႏိုင္၊ ခရီးေရာက္ရင္လဲ လူက လန္းလန္းဆန္းဆန္း ျဖစ္ေနေတာ့တယ္။ ဒီနည္းနဲ႔ ၂ ပတ္တခါေလာက္ကို ခရီးသြားေနတာၾကာၿပီ။ ကားမူးတတ္တဲ့ သူေတြကို ကိုယ္ခ်င္းစာလို႔ ျပန္ share တာပါ။ ကားမူးတဲ့ဒဏ္ကိုကားမူးတတ္တဲ့ သူပဲနားလည္တယ္။

    Credit – Original Uploader

    (Unicode)

    ကားစီးရင် ကားမူးတတ်သူများအတွက်

    ကားစီးရင် ကားမူးတတ်တဲ့ သူတွေ ဒီနည်းလေးကို သုံးကြည့်။ ကားမြင်တာနဲ့ မစီးရသေးဘူး မူးတတ်တဲ့ကိုယ်။ မူးရလွန်းလို့ ခရီးဆုံးရောက်ရင် လူမမာလို ဖြစ်တတ်တဲ့ ကိုယ်။ ဒီနည်းလမ်းနဲ့မှ အဆင်ပြေတော့တယ်။

    ဆေးပေါင်းစုံ သောက်ဖူးတယ်။ ဂျင်းတွေ ဝါးဖူးတယ်။ ချက်တွေလဲ ပလာစတာကပ်ဖူးတယ်။ နည်းပေါင်းစုံလုပ်ဖူးတယ်။တစ်ခုမှ မထိရောက်ခဲ့ဘူး။

    သွေးခုန်နှုန်း စမ်းလို့ရတဲ့ နေရာလေးမှာ ဂျင်းပါးပါးလေး အုပ်ပြီး ခုလို ကပ်ထားတော့မှ ဘာဆို ဘာမှကို မဖြစ်တော့ပဲ၊ တလမ်းလုံးလဲ စားနိုင်သောက်နိုင်၊ ခရီးရောက်ရင်လဲ လူက လန်းလန်းဆန်းဆန်း ဖြစ်နေတော့တယ်။ ဒီနည်းနဲ့ ၂ ပတ်တခါလောက်ကို ခရီးသွားနေတာကြာပြီ။ ကားမူးတတ်တဲ့ သူတွေကို ကိုယ်ချင်းစာလို့ ပြန် share တာပါ။ ကားမူးတဲ့ဒဏ်ကိုကားမူးတတ်တဲ့ သူပဲနားလည်တယ်။

    Credit – Original Uploader

  • ပရိကၡရာ ၈-ပါး မွာ ပါတယ္ဆို႐ုံ စတိသေဘာနဲ႔ အတုေတြ မထည့္ရပါ။( အမွတ္လြဲေနၾကတဲ့ ပရိကၡရာ ၈-ပါး အေၾကာင္း အစုံအလင္)

    (Zawgyi)

    ပရိကၡရာ ၈-ပါး မွာ ပါတယ္ဆို႐ုံ စတိသေဘာနဲ႔ အတုေတြ မထည့္ရပါ။ (ပရိကၡရာ ၈-ပါး အေၾကာင္း အစုံအလင္ ဗဟုသုတ)

    ပရိကၡရာ ဆိုသည္မွာ ရဟန္းေတာ္တို႔၏ အသုံးအေဆာင္ကို ေခၚသည္။

    ပရိကၡရာ ၈-ပါး

    ၁။ ပတၱ= သပိတ္

    ၂။ အႏၲရဝါသက-သင္းပိုင္= ေအာက္ပိုင္းဝတ္ သဃၤန္း

    ၃။ ဥတၱရာသဂၤ -ဧကသီ= အေပၚပိုင္းဝတ္ သဃၤန္း

    ၄။ ဒုကုဋ္= ၂-ထပ္ သဃၤန္းႀကီး

    ၅။ ကာယ ဗႏၶန= ခါးပန္းႀကိဳး

    ၆။ ဝါသိက= ေခါင္းရိတ္ဓား

    ၇။ သူစိ= အပ္ အပ္ခ်ည္


    ၈။ ပရိသာဝန= ေရစစ္

    သကၤန္းသုံးရပ္၊ သပိတ္၊ အပ္၊ ပဲခြပ္၊ ေရစစ္၊ ခါးပန္းတစ္။ သကၤန္းသုံးရပ္ ဆိုသည္မွာ ဧကသီ၊ သင္းပိုင္ႏွင့္ ဒုကုဋ္လို႔ေခၚေသာ ႏွစ္ထပ္သကၤန္းႀကီး။

    သကၤန္း (၉) မ်ိဳး

    ၁. သင္းပိုင္ (ခါးဝတ္႐ုံ) ၂. ဧကသီ (အေပၚကိုယ္႐ုံ) ၃. ဒုကုဋ္ (ႏွစ္ထပ္ သဃၤန္းႀကီး) ၄. အိပ္ရာခင္း သဃၤန္း ၅. မ်က္ႏွာသုတ္ပုဝါ သဃၤန္း ၆. ပရိကၡရာေစာဠ သဃၤန္း (လက္သုတ္၊ ေရစစ္ပုဝါ) ၇. နိသီဒိုင္ (ေနကထိုင္ အခင္း) ၈. မိုးေရခံ သဃဃၤန္း (မိုးေရခ်ိဳးေသာအခါ ဝတ္ရေသာ သဃၤန္း) ၉. အမာလႊမ္း သကၤန္း (အနာေပါက္သည့္အခါအတြင္းခံ သဃၤန္း)

    ဤသဃၤန္း (၉) မ်ိဳးတြင္ သင္းပိုင္ႏွင့္ ဧကသီကို ဒြိစုံ ဟုေခၚသည္။ သင္းပိုင္၊ ဧကသီ၊ ဒုကုဋ္ ဤသုံးမ်ိဳးကို တိစိဝရိတ္ (သဃၤန္း ၃ ထည္) ဟုေခၚသည္။

    အျခားပရိကၡရာမ်ား –

    ၁။ ထီး ၂။ ဖိနပ္ ၃။ ယပ္ ၄။ ၿခဳံထည္ ၅။ ဆြမ္းဗူး ၆။ အတြင္း ကိုယ္ပတ္ ၇။ ေနကထိုင္ တို႔သည္ ပရိကၡရာ (၈) ပါးတြင္ မပါဝင္ပါ။ အပူဒဏ္၊ အေအးဒဏ္ စေသာ ရာသီဥတုႏွင့္ က်န္းမာေရးအတြက္ သုံးရေသာ အသုံးအေဆာင္ ပစၥည္းမ်ားျဖစ္ပါသည္။ ရဟန္းခံ သိကၡာထပ္ လုပ္ၾကတဲ့အခါ ပရိကၡရာ(၈)ပါး ဆိုတာ ျပည့္စုံဖို႔လိုပါတယ္။

    ယေန႔ေခတ္မွာ ဒုကုဋ္သကၤန္းမပါ။ ထီး၊ ဖိနပ္၊ ယပ္တို႔ကို ပရိကၡရာရွစ္ပါးထဲ ပါတယ္ထင္။ သင္တုန္းဓါး၊ အပ္ အပ္ခ်ည္ ေရစစ္ တို႔ကို ပါတယ္ဆို႐ုံ စတိအျဖစ္ အတုေတြထည့္ၾကနဲ႔။ ဓါးသည္ ေခါင္းရိတ္ဖို႔နဲ႔ အပ္၊ အပ္ခ်ည္သည္ သကၤန္းခ်ဳပ္ဖို႔။ သပိတ္သည္ ဆြမ္းခံဖို႔။ ေရစစ္သည္ ေရသန႔္ရဖို႔၊ အမႈိက္အနယ္မ်ား စစ္ႏိုင္ဖို႔ပါ။

    ဝိနည္းႏွင့္ မညီေသာ အတုမ်ားကို ထည့္သြင္း လႉဒါန္းျခင္းအား ေရွာင္ၾကဥ္ၾကပါရန္ႏွင့္ ပရိကၡရာရွစ္ပါး စုံလင္စြာလႉဒါန္းၾက၍ ဧဟိဘိကၡဴရဟန္း ျဖစ္ႏိုင္ၾကေစရန္ အေထာက္အပံ့ေကာင္း ျဖစ္ေအာင္ လႉဒါန္းႏိုင္ ၾကပါေစေၾကာင္း။

    Credit – ရဟန္းလူထြက္ ငပိခ်က္

    ဒီေန႔ ပရိကၡရာ ၈ ပါးကို သိသူအေတာ္နည္းသြားပါၿပီ။ အလြယ္မွတ္ အေနနဲ႔ ကိုယ္မွာ ဝတ္ဆင္အသုံးျပဳတာ ၄ ပါး၊ ကိုယ္ရဲ႕ျပင္ပ ၄ ပါးပါ။

    ကိုယ္ခႏၶာမွာအသုံးျပဳတဲ့ ၄ ပါးကေတာ့ –

    ၁ – ဧကသီေခၚ ခႏၶာကိုယ္အေပၚ႐ုံ သကၤန္း၊ ၂ – သင္းပိုင္ေခၚ ခႏၶာကိုယ္ေအာက္ပိုင္းဝတ္သကၤန္း၊ ၃ – ဒုကုဋ္ ေခၚ မိုးေရခံသကၤန္း၊ ၄ – ခါးပန္းႀကိဳး ေတြပါ။

    ကိုယ္ခႏၶာျပင္ပ အသုံးျပဳရတဲ့ ၄ ပါးကေတာ့ –

    ၁ – သပိတ္၊ ၂ – ပဲခြပ္၊ ၃ – ေရစစ္၊ ၄ – အပ္ အပ္ခ်ည္ေတြပါ။ ဒီေန႔ဗုဒၶဘာသာဝင္ေတြ အသိမွာ ထီး၊ ဖိနပ္ ေတြက ပရိကၡရာဝင္ ထင္ေနကုန္တယ္ဗ်။

    ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ။

    သဗၺဒါနံ ဓမၼဒါနံ ဇိနာတိ၊

    ေစတနာအရင္းခံျဖင့္ မွ်ေဝကုသိုလ္ျပဳပါသည္။

    Credit – Win Soe

    (Unicode)

    ပရိက္ခရာ ၈-ပါး မှာ ပါတယ်ဆိုရုံ စတိသဘောနဲ့ အတုတွေ မထည့်ရပါ။ (ပရိက္ခရာ ၈-ပါး အကြောင်း အစုံအလင် ဗဟုသုတ)

    ပရိက္ခရာ ဆိုသည်မှာ ရဟန်းတော်တို့၏ အသုံးအဆောင်ကို ခေါ်သည်။

    ပရိက္ခရာ ၈-ပါး

    ၁။ ပတ္တ= သပိတ်

    ၂။ အန္တရဝါသက-သင်းပိုင်= အောက်ပိုင်းဝတ် သင်္ဃန်း

    ၃။ ဥတ္တရာသင်္ဂ -ဧကသီ= အပေါ်ပိုင်းဝတ် သင်္ဃန်း

    ၄။ ဒုကုဋ်= ၂-ထပ် သင်္ဃန်းကြီး

    ၅။ ကာယ ဗန္ဓန= ခါးပန်းကြိုး

    ၆။ ဝါသိက= ခေါင်းရိတ်ဓား

    ၇။ သူစိ= အပ် အပ်ချည်

    ၈။ ပရိသာဝန= ရေစစ်

    သင်္ကန်းသုံးရပ်၊ သပိတ်၊ အပ်၊ ပဲခွပ်၊ ရေစစ်၊ ခါးပန်းတစ်။ သင်္ကန်းသုံးရပ် ဆိုသည်မှာ ဧကသီ၊ သင်းပိုင်နှင့် ဒုကုဋ်လို့ခေါ်သော နှစ်ထပ်သင်္ကန်းကြီး။

    သင်္ကန်း (၉) မျိုး

    ၁. သင်းပိုင် (ခါးဝတ်ရုံ) ၂. ဧကသီ (အပေါ်ကိုယ်ရုံ) ၃. ဒုကုဋ် (နှစ်ထပ် သင်္ဃန်းကြီး) ၄. အိပ်ရာခင်း သင်္ဃန်း ၅. မျက်နှာသုတ်ပုဝါ သင်္ဃန်း ၆. ပရိက္ခရာစောဠ သင်္ဃန်း (လက်သုတ်၊ ရေစစ်ပုဝါ) ၇. နိသီဒိုင် (နေကထိုင် အခင်း) ၈. မိုးရေခံ သဃင်္ဃန်း (မိုးရေချိုးသောအခါ ဝတ်ရသော သင်္ဃန်း) ၉. အမာလွှမ်း သင်္ကန်း (အနာပေါက်သည့်အခါအတွင်းခံ သင်္ဃန်း)

    ဤသင်္ဃန်း (၉) မျိုးတွင် သင်းပိုင်နှင့် ဧကသီကို ဒွိစုံ ဟုခေါ်သည်။ သင်းပိုင်၊ ဧကသီ၊ ဒုကုဋ် ဤသုံးမျိုးကို တိစိဝရိတ် (သင်္ဃန်း ၃ ထည်) ဟုခေါ်သည်။

    အခြားပရိက္ခရာများ –

    ၁။ ထီး ၂။ ဖိနပ် ၃။ ယပ် ၄။ ခြုံထည် ၅။ ဆွမ်းဗူး ၆။ အတွင်း ကိုယ်ပတ် ၇။ နေကထိုင် တို့သည် ပရိက္ခရာ (၈) ပါးတွင် မပါဝင်ပါ။ အပူဒဏ်၊ အအေးဒဏ် စသော ရာသီဥတုနှင့် ကျန်းမာရေးအတွက် သုံးရသော အသုံးအဆောင် ပစ္စည်းများဖြစ်ပါသည်။ ရဟန်းခံ သိက္ခာထပ် လုပ်ကြတဲ့အခါ ပရိက္ခရာ(၈)ပါး ဆိုတာ ပြည့်စုံဖို့လိုပါတယ်။

    ယနေ့ခေတ်မှာ ဒုကုဋ်သင်္ကန်းမပါ။ ထီး၊ ဖိနပ်၊ ယပ်တို့ကို ပရိက္ခရာရှစ်ပါးထဲ ပါတယ်ထင်။ သင်တုန်းဓါး၊ အပ် အပ်ချည် ရေစစ် တို့ကို ပါတယ်ဆိုရုံ စတိအဖြစ် အတုတွေထည့်ကြနဲ့။ ဓါးသည် ခေါင်းရိတ်ဖို့နဲ့ အပ်၊ အပ်ချည်သည် သင်္ကန်းချုပ်ဖို့။ သပိတ်သည် ဆွမ်းခံဖို့။ ရေစစ်သည် ရေသန့်ရဖို့၊ အမှိုက်အနယ်များ စစ်နိုင်ဖို့ပါ။

    ဝိနည်းနှင့် မညီသော အတုများကို ထည့်သွင်း လှူဒါန်းခြင်းအား ရှောင်ကြဉ်ကြပါရန်နှင့် ပရိက္ခရာရှစ်ပါး စုံလင်စွာလှူဒါန်းကြ၍ ဧဟိဘိက္ခူရဟန်း ဖြစ်နိုင်ကြစေရန် အထောက်အပံ့ကောင်း ဖြစ်အောင် လှူဒါန်းနိုင် ကြပါစေကြောင်း။

    Credit – ရဟန်းလူထွက် ငပိချက်

    ဒီနေ့ ပရိက္ခရာ ၈ ပါးကို သိသူအတော်နည်းသွားပါပြီ။ အလွယ်မှတ် အနေနဲ့ ကိုယ်မှာ ဝတ်ဆင်အသုံးပြုတာ ၄ ပါး၊ ကိုယ်ရဲ့ပြင်ပ ၄ ပါးပါ။

    ကိုယ်ခန္ဓာမှာအသုံးပြုတဲ့ ၄ ပါးကတော့ –

    ၁ – ဧကသီခေါ်ခန္ဓာကိုယ်အပေါ်ရုံ သင်္ကန်း၊ ၂ – သင်းပိုင်ခေါ်ခန္ဓာကိုယ်အောက်ပိုင်းဝတ်သင်္ကန်း၊ ၃ – ဒုကုဋ် ခေါ် မိုးရေခံသင်္ကန်း၊ ၄ – ခါးပန်းကြိုး တွေပါ။

    ကိုယ်ခန္ဓာပြင်ပ အသုံးပြုရတဲ့ ၄ ပါးကတော့ –

    ၁ – သပိတ်၊ ၂ – ပဲခွပ်၊ ၃ – ရေစစ်၊ ၄ – အပ် အပ်ချည်တွေပါ။ ဒီနေ့ဗုဒ္ဓဘာသာဝင်တွေ အသိမှာ ထီး၊ ဖိနပ် တွေက ပရိက္ခရာဝင် ထင်နေကုန်တယ်ဗျ။

    ရွှင်လန်းချမ်းမြေ့ကြပါစေ။

    သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊

    စေတနာအရင်းခံဖြင့် မျှဝေကုသိုလ်ပြုပါသည်။

    Credit – Win Soe

  • မနက္အိပ္ရာႏိုးႏိုးခ်င္း မျပဳလုပ္သင့္တဲ့ အမူအက်င့္ဆိုးမ်ား

    မနက္အိပ္ရာႏိုးႏိုးခ်င္း မျပဳလုပ္သင့္တဲ့ အမူအက်င့္ဆိုးမ်ား

    ငယ္စဥ္ကတည္းက ျပဳလုပ္လာခဲ့တဲ့ အက်င့္ေတြကို ျပဳျပင္ေျပာင္းလဲဖို႔ ဆိုတာ မလြယ္ကူလွပါဘူး။ တခ်ိဳ႕ အမူအက်င့္ဆိုးေတြဟာဆိုရင္ ကိုယ့္အတြက္ မေကာင္းဘူးဆိုုတာကို သိေပမယ့္ ျပင္မရတာေတြလည္း ရွိေနပါတယ္။ ေနာက္ၿပီး အခ်ိန္ၾကာရွည္စြာ စြဲစြဲၿမဲၿမဲ ျပဳလုပ္လာခဲ့တဲ့ အမူအက်င့္ေတြဟာဆိုရင္ သင့္အတြက္ မေကာင္းဘူးဆိုတာကို အခ်ိန္မွီသိရွိတာနဲ႔ ျပင္ႏုိင္ဖုိ႔ လိုပါတယ္။ ဒါ့ေၾကာင့္ မနက္ခင္း အိပ္ရာႏုိးတာနဲ႔ လူအမ်ားစု ျပဳလုပ္ေနမိတဲ့ အမွားေလးေတြကို ဆင္ျခင္ ျပဳျပင္ႏုိင္ဖုိ႔ ေဖာ္ျပေပးလိုက္ပါတယ္

    (၁) မနက္အိပ္ရာထတာနဲ႔ ေရခ်ိဳးဖုိ႔ကို ပ်င္းၾကတဲ့သူေတြ ရွိမယ္ထင္ပါတယ္။ ေနာက္ၿပီး မနက္ခင္းေရခ်ိဳးတာနဲ႔ ညေနပိုင္းေရခ်ိဳးတာက က်န္းမာေရးအတြက္ ဘယ္လုိသက္ေရာက္မႈေတြ ရွိလဲဆိုတာကို သိထားဖုိ႔လည္း လိုပါတယ္။ မနက္ခင္းအိပ္ရာႏုိးတာနဲ႔ မ်က္ႏွာသစ္တဲ့သူေတြထက္ ေရထခ်ိဳးလိုက္တဲ့သူေတြဟာ ဦးေႏွာက္ဉာဏ္ပိုပြင့္ၿပီး တက္ၾကြလန္းဆန္းတဲ့ ခံစားမႈကို ပိုခံစားရႏိုင္တယ္လို႔ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။ ေရခ်ိဳးလိုက္တဲ့အခါ ဦးေႏွာက္ရဲ႕ လႈ႔ံေဆာ္မႈက သင့္ကို ႏုိးၾကားလာေစၿပီး တစ္ေန႔တာကိုလည္း လန္းဆန္းတက္ၾကြစြာနဲ႔ ျဖတ္သန္းႏုိ္င္မွာပါ။

    (၂) ေနာက္တစ္ခ်က္အေနနဲ႔ မနက္ပိုင္းေရခ်ိဳးတဲ့အခါမွာ ေရေႏြးနဲ႔ ခ်ိဳးတာထက္စာရင္ ေရေအးနဲ႔ ခ်ိဳးတာက အက်ိဳးေက်းဇူးမ်ားစြာ ရွိပါတယ္။ စိတ္ကိုၾကည္လင္လန္းဆန္းေစၿပီး ကိုယ္ခံစြမ္းအားကို ျမွင့္တင္ေပးႏုိင္ပါတယ္။ ဒါ့အျပင္ ေရေအးနဲ႔ ေရခ်ိဳးတာက သင့္ခႏၶာကိုယ္မွာ ရွိေနတဲ့ အဆီပိုမ်ားကို ေလာင္ကၽြမ္းေစႏုိင္တယ္လို႔ ဆိုပါတယ္။

    (၃) မနက္အိပ္ရာႏုိးႏိုးခ်င္း ဖုန္းဘယ္မွာလဲဆိုၿပီး ရွာၾကတဲ့သူေတြက ခပ္မ်ားမ်ားပါပဲ။ ဖုန္းဖြင့္ၿပီး အီးေမးလ္စစ္တာတို႔၊ လူမႈကြန္ယက္ ေဖ့စ္ဘုတ္ၾကည့္တာတို႔ ျပဳလုပ္တတ္ၾကပါတယ္။ ဒါက သင့္ရဲ႕ စိတ္ေရာ၊ ကုိယ္ေရာ က်န္းမာေရးကို ထိခိုက္ေစႏုိင္တဲ့ အမူအက်င့္ဆိုးပါပဲ။ မနက္ႏုိးႏိုးခ်င္း ေခါင္းကို ၾကည္ၾကည္ထားရမယ့္အစား စိတ္ရႈပ္စရာ အီးေမးလ္ေတြ၊ ေဖ့စ္ဘုတ္ေပၚက သတင္းေတြကို ၾကည့္လုိက္ရတဲ့အတြက္ စိတ္မခ်မ္းေျမ႔စရာျဖစ္ရၿပီး မ်က္စိကိုလည္း ထိခိုက္ႏုိင္ပါတယ္။ ဒါ့ေၾကာင့္ မနက္အိပ္ရာႏုိးတာနဲ႔ ဖုန္းကို အခ်ိန္ၾကာျမင့္စြာ သံုးတတ္တဲ့အက်င့္ကိုေရွာင္ၾကဥ္သင့္ၿပီးေတာ့ မနက္ခင္းေနေရာင္ျခည္ႏုႏုေလးကိုသာ ခံစားထိေတြ႔လိုက္ပါ။

    (၄) မနက္ေက်ာင္းသြား၊ ရံုးတက္ဖုိ႔အတြက္ အဝတ္အစားေတြကို ေရြးခ်ယ္တဲ့အခါမွာ အခ်ိန္အၾကာႀကီး ယူတတ္တဲ့သူေတြရွိလား။ ဒါကလည္း အက်င့္ဆိုးတစ္ခုပါပဲေနာ္။ အခ်ိန္ေနာက္က်ေစၿပီးေတာ့ သင့္ရဲ႕တန္ဖိုးရွိတဲ့အခ်ိိန္ေတြ ကုန္ဆံုးသြားေစနုိင္ပါတယ္။ ဒီလိုမျဖစ္ရေလေအာင္ ကိုယ္ဝတ္ေနက် အဝတ္အစားေတြကို ယူရလြယ္တဲ့ ေနရာမွာ ခ်ိတ္ထားတာမ်ိဳး၊ ဘီရိုရဲ႕ အေပၚဆံုးအဆင့္မွာ တင္ထားတာမ်ိဳး အလြယ္တကူရွာယူလုိ႔ ရေအာင္ စီမံထားႏုိင္ပါတယ္။

    (၅) မနက္အိပ္ရာႏုိးတာနဲ႔ အာဟာရျပည့္ဝတဲ့ မနက္စာကို စားဖို႔လည္း မေမ့ပါနဲ႔။ အခ်ိန္မရွိလုိ႔၊ အိပ္ရာထေနာက္က်လုိ႔ ဆိုၿပီး မနက္စာကို Skip မလုပ္လိုက္သင့္ပါဘူး။ မနက္စာက သင့္ရဲ႕ တစ္ေနတာကို ခြန္အားျပည့္စြာ ျဖတ္သန္းႏုိ္င္ဖုိ႔ အတြက္ စြမ္းအားတစ္ရပ္ပါပဲ။ မနက္စာကိုလည္း ျဖစ္သလို မစားသင့္ပါဘူး။ ကာဗိုဟိုက္ဒရိုက္၊ ပရိုတင္းဓာတ္ၾကြယ္ဝစြာပါဝင္တဲ့ အစားအစာမ်ားကို ေသခ်ာေရြးခ်ယ္စားသံုးသင့္ပါတယ္။

  • အိမ္ထဲက ၾကြက္ေတြ ေ၀းေ၀းေျပးမယ့္ လက္ေတြ႕နည္းေကာင္းမ်ား

    (Zawgyi)

    ႂကြက္နဲ႔ ပင့္ကူေတြကို ႏွိမ္ႏွင္းႏိုင္မယ့္ နည္းလမ္းအခ်ိဳ႕

    မိန္းကေလးအမ်ားစုက ႂကြက္ေတြ၊ ပင့္ကူေတြကို ေၾကာက္တတ္ၾကပါတယ္။ ဒါေပမဲ့ အိမ္မွာ မီးဖိုေခ်ာင္ ဝင္ရသူေတြအဖို႔ သည္အေကာင္ေလးေတြနဲ႔ မေတြ႕မိေအာင္ ေနဖို႔ဆိုတာက မလြယ္ကူလွပါဘူး။ ဒါေၾကာင့္ ေၾကာက္တတ္တဲ့ အေကာင္ေလးေတြနဲ႔ ပက္ပင္းတိုးမိတဲ့ အႏၲ ရာယ္ကေန ကာကြယ္ႏိုင္ဖို႔ နည္းလမ္းေကာင္းေလးေတြ ေျပာျပမယ္ေနာ္။

    ႂကြက္ေတြက အိမ္ကို ညစ္ပတ္ေစႏိုင္သလို ေရာဂါပိုးေတြကိုလည္း သယ္ေဆာင္လာတတ္ပါတယ္။ သည္လိုမ်ိဳး သတၱဝါေလးေတြကို ေနအိမ္မွာ မရွိေစခ်င္ဘူးဆိုရင္ လုပ္ေဆာင္လို႔ရမယ့္ လြယ္ကူ ႐ိုးစင္းတဲ့ နည္းလမ္းအခ်ိဳ႕ ရွိေနပါတယ္။

    ႂကြက္နဲ႔ ပင့္ကူေတြကို ေဝးေဝးေျပးေစမယ့္ နည္းလမ္းေတြက

    လက္ဖက္ေျခာက္အိတ္ေလးေတြ – ေရေႏြးဆူဆူထဲမွာ လက္ဖက္ေျခာက္အိတ္ သုံး၊ ေလးထုပ္ေလာက္ ထည့္ပါ။ ၿပီးရင္ အေငြ႕လႈိင္လႈိင္ ထြက္ေနတဲ့အိုးကို ႂကြက္ေတြ လာႏိုင္တဲ့ေနရာ၊ ပင့္ကူအိမ္ေတြရွိေနတဲ့ ေနရာမွာထားလိုက္ပါ။လက္ဖက္ေျခာက္က အနံ႔ျပင္းေလေလ ပိုေကာင္းေလေလပါ။ ေရေႏြး ေအးသြားတဲ့အခါမွာလည္း လက္ဖက္ေျခာက္အိတ္ ေလးေတြကို ႂကြက္လာရာ လမ္းမွာ ခ်ထားလိုက္ပါ။ သည္နည္းနဲ႔ ႂကြက္နဲ႔ ပင့္ကူေတြကို ႏွိမ္ႏွင္းလို႔ ရပါတယ္။ ႏွစ္ရက္၊ သုံးရက္ ဆက္တိုက္ လုပ္ဖို႔ေတာ့ လိုပါမယ္။

    ကရေဝး႐ြက္ – ဟင္းခတ္အေမႊးအႀကိဳင္တစ္ခုအျဖစ္ အမ်ားက သိထားၾကတာပါ။ သူ႔ရဲ႕ စူးရွတဲ့အနံ႔က ႂကြက္ေတြနဲ႔ ပင့္ကူေတြကို ေဝးေဝးေျပး ေစပါလိမ့္မယ္။ ကရေဝး႐ြက္ကို ခပ္ေသးေသးေလးေတြ ဖဲ့ၿပီး ႂကြက္ေတြ လာရာလမ္းေတြမွာ ႀကဲထားပါ။ ပင့္ကူအိမ္ေတြ ရွိတဲ့ေနရာမွာ ထားေပးပါ။ ေျခာက္သြားတိုင္း အသစ္လဲေပးႏိုင္ရင္ ပိုေကာင္းပါတယ္။

    ပူရွိန္းသြားတိုက္ေဆး – ပ႐ုတ္ပါတဲ့ ပူရွိန္းရွိန္း သြားတိုက္ေဆးေတြကလည္း ႂကြက္နဲ႔ ပင့္ကူေတြကို ခပ္ေဝးေဝး ေမာင္းထုတ္ေပးႏိုင္ပါတယ္။ ႂကြက္တြင္းဝ ဒါမွမဟုတ္ ႂကြက္လာေနက် ေနရာေတြမွာ သြားတိုက္ေဆးေတြ သုတ္ထားပါ။ ဗီ႐ိုေတြ၊ ေၾကာင္အိမ္ေတြမွာ သြားတိုက္ေဆးေတြ သုပ္ေပးပါ။ ပင့္ကူအိမ္ေတြနားမွာ သြားတိုက္ေဆးေတြ ထားေပးပါ။ ေျခာက္သြားတိုင္း အနံ႔ျပယ္သြားတိုင္း အသစ္လဲေပးပါ။

    မုန႔္ဖုတ္ေဆာ္ဒါ – အႏၲရာယ္အကင္းဆုံး နည္းလမ္းတစ္ခုပါ။ မလိုလားတဲ့ ဧည့္သည္ေတြကို အိမ္ကေန ဖယ္ရွားေပးဖို႔ ေတာ္ေတာ္ေလး အသုံးတည့္ပါတယ္။ေၾကာင္အိမ္ေတြ၊ ဗီ႐ိုေတြနားမွာ မုန႔္ဖုတ္ေဆာ္ဒါေတြ ျဖဴးထားလိုက္ပါ။ သူတို႔ ရွိႏိုင္ တဲ့ေနရာေတြမွာ မုန႔္ဖုတ္ေဆာ္ဒါေတြ ျဖဴးထားလိုက္ပါ။ ႏွစ္ရက္ကေန၊ သုံးရက္ေလာက္အထိ ဆက္တိုက္လုပ္ေပးပါ။ မလိုလားတဲ့ ဧည့္သည္ေတြ ကင္းေဝးသြားပါလိမ့္မယ္။

    Author: မေအးသီမြန္

    Credit – Kumudra

    (Unicode)

    ကြွက်နဲ့ ပင့်ကူတွေကို နှိမ်နှင်းနိုင်မယ့် နည်းလမ်းအချို့

    မိန်းကလေးအများစုက ကြွက်တွေ၊ ပင့်ကူတွေကို ကြောက်တတ်ကြပါတယ်။ ဒါပေမဲ့ အိမ်မှာ မီးဖိုချောင် ဝင်ရသူတွေအဖို့ သည်အကောင်လေးတွေနဲ့ မတွေ့မိအောင် နေဖို့ဆိုတာက မလွယ်ကူလှပါဘူး။ ဒါကြောင့် ကြောက်တတ်တဲ့ အကောင်လေးတွေနဲ့ ပက်ပင်းတိုးမိတဲ့ အန္တ ရာယ်ကနေ ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ပြောပြမယ်နော်။

    ကြွက်တွေက အိမ်ကို ညစ်ပတ်စေနိုင်သလို ရောဂါပိုးတွေကိုလည်း သယ်ဆောင်လာတတ်ပါတယ်။ သည်လိုမျိုး သတ္တဝါလေးတွေကို နေအိမ်မှာ မရှိစေချင်ဘူးဆိုရင် လုပ်ဆောင်လို့ရမယ့် လွယ်ကူ ရိုးစင်းတဲ့ နည်းလမ်းအချို့ ရှိနေပါတယ်။

    ကြွက်နဲ့ ပင့်ကူတွေကို ဝေးဝေးပြေးစေမယ့် နည်းလမ်းတွေက

    လက်ဖက်ခြောက်အိတ်လေးတွေ – ရေနွေးဆူဆူထဲမှာ လက်ဖက်ခြောက်အိတ် သုံး၊ လေးထုပ်လောက် ထည့်ပါ။ ပြီးရင် အငွေ့လှိုင်လှိုင် ထွက်နေတဲ့အိုးကို ကြွက်တွေ လာနိုင်တဲ့နေရာ၊ ပင့်ကူအိမ်တွေရှိနေတဲ့ နေရာမှာထားလိုက်ပါ။လက်ဖက်ခြောက်က အနံ့ပြင်းလေလေ ပိုကောင်းလေလေပါ။ ရေနွေး အေးသွားတဲ့အခါမှာလည်း လက်ဖက်ခြောက်အိတ် လေးတွေကို ကြွက်လာရာ လမ်းမှာ ချထားလိုက်ပါ။ သည်နည်းနဲ့ ကြွက်နဲ့ ပင့်ကူတွေကို နှိမ်နှင်းလို့ ရပါတယ်။ နှစ်ရက်၊ သုံးရက် ဆက်တိုက် လုပ်ဖို့တော့ လိုပါမယ်။

    ကရဝေးရွက် – ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ် အများက သိထားကြတာပါ။ သူ့ရဲ့ စူးရှတဲ့အနံ့က ကြွက်တွေနဲ့ ပင့်ကူတွေကို ဝေးဝေးပြေး စေပါလိမ့်မယ်။ ကရဝေးရွက်ကို ခပ်သေးသေးလေးတွေ ဖဲ့ပြီး ကြွက်တွေ လာရာလမ်းတွေမှာ ကြဲထားပါ။ ပင့်ကူအိမ်တွေ ရှိတဲ့နေရာမှာ ထားပေးပါ။ ခြောက်သွားတိုင်း အသစ်လဲပေးနိုင်ရင် ပိုကောင်းပါတယ်။

    ပူရှိန်းသွားတိုက်ဆေး – ပရုတ်ပါတဲ့ ပူရှိန်းရှိန်း သွားတိုက်ဆေးတွေကလည်း ကြွက်နဲ့ ပင့်ကူတွေကို ခပ်ဝေးဝေး မောင်းထုတ်ပေးနိုင်ပါတယ်။ ကြွက်တွင်းဝ ဒါမှမဟုတ် ကြွက်လာနေကျ နေရာတွေမှာ သွားတိုက်ဆေးတွေ သုတ်ထားပါ။ ဗီရိုတွေ၊ ကြောင်အိမ်တွေမှာ သွားတိုက်ဆေးတွေ သုပ်ပေးပါ။ ပင့်ကူအိမ်တွေနားမှာ သွားတိုက်ဆေးတွေ ထားပေးပါ။ ခြောက်သွားတိုင်း အနံ့ပြယ်သွားတိုင်း အသစ်လဲပေးပါ။

    မုန့်ဖုတ်ဆော်ဒါ – အန္တရာယ်အကင်းဆုံး နည်းလမ်းတစ်ခုပါ။ မလိုလားတဲ့ ဧည့်သည်တွေကို အိမ်ကနေ ဖယ်ရှားပေးဖို့ တော်တော်လေး အသုံးတည့်ပါတယ်။ကြောင်အိမ်တွေ၊ ဗီရိုတွေနားမှာ မုန့်ဖုတ်ဆော်ဒါတွေ ဖြူးထားလိုက်ပါ။ သူတို့ ရှိနိုင် တဲ့နေရာတွေမှာ မုန့်ဖုတ်ဆော်ဒါတွေ ဖြူးထားလိုက်ပါ။ နှစ်ရက်ကနေ၊ သုံးရက်လောက်အထိ ဆက်တိုက်လုပ်ပေးပါ။ မလိုလားတဲ့ ဧည့်သည်တွေ ကင်းဝေးသွားပါလိမ့်မယ်။

    Author: မအေးသီမွန်

    Credit – Kumudra