Category: ဗဟုတုသ

  • PSI စလောင်းမှာ မူလလိုင်းတွေ ပျောက်နေတယ်ဆိုသူများအတွက် လိုင်းပြန်ထည့်နည်း

    (Zawgyi)

    PSI စက္မွာ မူလလိုင္းမ်ားျပန္သြင္းျခင္း (OTA ျပန္ဆြဲျခင္း)

    MENU ႏွိပ္ပါ ။

    0000 ဇီး႐ိုး ၄ လုံး႐ိုက္ပါ။

    Tools ကို ေ႐ြး၍ OK ႏွိပ္ပါ။

    ေအာက္ဆုံးက OTA ကိုေ႐ြး၍ OK ႏွိပ္ပါ။ ( OTA Enable ကို Off ထားပါက ညာဘက္မွ်ားႏွိပ္၍ On ေျပာင္းပါ။ On ၿပီးသားျဖစ္ေနလွ်င္ ေျပာင္းစရာ မလိုပါ။) ၿပီးလွ်င္ Start ကိုေ႐ြး၍ OK ႏွိပ္ပါ။

    ခဏ ေစာင့္ပါ။

    Are you sure to upgrade? ကို Yes ကိုေ႐ြးၿပီး OK ႏွိပ္ပါ။

    OTA ကို အဝါတန္း 100% ျပည့္ေအာင္ေစာင့္ပါ။ ထိုအခ်ိန္ မည္သည့္ခလုတ္မွ် မႏွိပ္ရပါ။

    ေနာက္တစ္ခါ အဝါတန္းတစ္ခု ထပ္ေပၚလာၿပီး 100% ျပည့္ေအာင္ ထပ္မံေစာင့္ဆိုင္းပါ။ ထိုအခ်ိန္ ပါဝါကို ပိတ္မိလွ်င္ စက္ရဲ႕ Software ပ်က္သြားတတ္၍ ဘာခလုတ္မွ် မႏွိပ္မိဖို႔ သတိထားပါ။

    ခဏထပ္ေစာင့္ဆိုင္းလိုက္ရင္ လိုင္းအားလုံး ျပန္ရသြားပါၿပီ။

    Credit – ခရမ္း

    (Unicode)

    PSI စက်မှာ မူလလိုင်းများပြန်သွင်းခြင်း (OTA ပြန်ဆွဲခြင်း)

    MENU နှိပ်ပါ ။

    0000 ဇီးရိုး ၄ လုံးရိုက်ပါ။

    Tools ကို ရွေး၍ OK နှိပ်ပါ။

    အောက်ဆုံးက OTA ကိုရွေး၍ OK နှိပ်ပါ။ ( OTA Enable ကို Off ထားပါက ညာဘက်မျှားနှိပ်၍ On ပြောင်းပါ။ On ပြီးသားဖြစ်နေလျှင် ပြောင်းစရာ မလိုပါ။) ပြီးလျှင် Start ကိုရွေး၍ OK နှိပ်ပါ။

    ခဏ စောင့်ပါ။

    Are you sure to upgrade? ကို Yes ကိုရွေးပြီး OK နှိပ်ပါ။

    OTA ကို အဝါတန်း 100% ပြည့်အောင်စောင့်ပါ။ ထိုအချိန် မည်သည့်ခလုတ်မျှ မနှိပ်ရပါ။

    နောက်တစ်ခါ အဝါတန်းတစ်ခု ထပ်ပေါ်လာပြီး 100% ပြည့်အောင် ထပ်မံစောင့်ဆိုင်းပါ။ ထိုအချိန် ပါဝါကို ပိတ်မိလျှင် စက်ရဲ့ Software ပျက်သွားတတ်၍ ဘာခလုတ်မျှ မနှိပ်မိဖို့ သတိထားပါ။

    ခဏထပ်စောင့်ဆိုင်းလိုက်ရင် လိုင်းအားလုံး ပြန်ရသွားပါပြီ။

    Credit – ခရမ်း

  • ေငြစကၠဴေပၚက လက္မွတ္ပိုင္ရွင္ ေမာင္ေကာင္း ဆိုတာ

    (Zawgyi)

    ေငြစကၠဴေပၚက လက္မွတ္ပိုင္ရွင္ ေမာင္ေကာင္း ဆိုတာ

    ၁၉၅၅ ခုႏွစ္ဝန္းက်င္က ျမန္မာ့ေငြသည္ အလြန္တန္ဖိုးရွိခဲ့သည္။ ထိုစဥ္က အေမရိကန္ ၁ေဒၚလာသည္ ျမန္မာက်ပ္ေငြ ၆က်ပ္ႏွင့္ ညီမွ်သည္။ မည္သည့္ႏိုင္ငံကိုသြားသြား အျခားေငြလဲစရာမလို ျမန္မာက်ပ္ေငြကို ယူသြားၿပီး သုံးစြဲႏိုင္ၿပီး ခိုင္မာတဲ့ေငြ (ေငြမာ) (Hard Currency) အျဖစ္ ရပ္တည္ခဲ့ဖူးသည္။

    ထိုေခတ္ ထိုအခါက ေငြစကၠဴမ်ားေပၚတြင္ ျမန္မာေငြေၾကး ဘုတ္အဖြဲ႕ဝင္မ်ားျဖစ္သည့္ ေမာင္ေကာင္း ၊ စံလင္း ဟူေသာ လက္မွတ္မ်ားကို ေတြ႕ရမည္ျဖစ္သည္။ ေမာင္ေကာင္းဆိုသည္မွာ ပညာမင္းႀကီး၊ ပထမဆုံး ျမန္မာ့သမိုင္းေကာ္မရွင္ ဥကၠဌအျဖစ္ ထမ္းေဆာင္ခဲ့သည့္ စည္သူ ဦးေကာင္း ျဖစ္သည္။

    ဦးေကာင္းအား ၁၉၀၄-ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႔၌ ယစ္မ်ိဳးမင္းႀကီး ဦးဘေသာ္ႏွင့္ ေဒၚၾကင္ၿမိဳင္တို႔က ျမင္းၿခံၿမိဳ႕၌ ဖြားျမင္ခဲ့သည္။ အသက္ ငါးႏွစ္အ႐ြယ္တြင္ ျမင္းၿခံၿမိဳ႕ ဘက္ပလစ္ေက်ာင္း၌ စတင္ပညာသင္ၾကားခဲ့သည္။ ရန္ကုန္ၿမိဳ႕သို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ကူရွင္အထက္တန္းေက်ာင္း၊ စိန႔္ေပါလ္ အထက္တန္းေက်ာင္း (ယခု အ.ထ.က(၆)ဗိုလ္တေထာင္) တြင္ ပညာဆက္လက္ ဆည္းပူးခဲ့သည္။

    ၁၉၂၀-ျပည့္ႏွစ္တြင္ အစ္ကိုျဖစ္သူ ဦးဘဦး၏ ေထာက္ပံ့မႈျဖင့္ အဂၤလန္ႏိုင္ငံ၊ ဆမ္းမားဆက္ျပည္နယ္ တြန္တန္ဘုရင့္ေကာလိပ္ သီးသန႔္အထူးပညာသင္ေက်ာင္း (Taunton Public School,Somerset)၌ ပညာဆက္လက္ ဆည္းပူးခဲ့သည္။ ၁၉၂၂-ခုႏွစ္တြင္ လန္ဒန္ မက္ထရစ္စာေမးပြဲကို ဂုဏ္ထူး ငါးဘာသာျဖင့္ ေအာင္ျမင္ခဲ့သည္။

    ၁၉၂၃-ခုႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာၿပီး ရန္ကုန္တကၠသိုလ္၌ ဥပစာ ဒုတိယႏွစ္မွ စတင္သင္ယူခဲ့ရာ သုံးႏွစ္ၾကာသင္ယူၿပီးေနာက္ ၁၉၂၆-ခုႏွစ္တြင္ ဘီေအဘြဲ႕(အဂၤလိပ္စာ ဂုဏ္ထူး)၊ ၁၉၂၉-ခုႏွစ္ ႏွစ္ႏွစ္အၾကာတြင္ မဟာဝိဇၨာ(ပညာေရး)ဘြဲ႕ ရရွိခဲ့သည္။

    ရန္ကုန္တကၠသိုလ္၌ အဂၤလိပ္ဘာသာႏွင့္ စာေပအထက္တန္း နည္းျပဆရာအျဖစ္ ေဆာင္႐ြက္ေနစဥ္အတြင္း ႏိုင္ငံျခား ပညာေတာ္သင္ဆုကို ရရွိကာ လန္ဒန္တကၠသိုလ္ ဘုရင့္ေကာလိပ္တြင္ တစ္ႏွစ္ပညာသင္ၾကားခြင့္ ရရွိခဲ့ေသးသည္။

    ထို႔ေနာက္ အစိုးရအထက္တန္းေက်ာင္းအုပ္၊ လက္ေထာက္ပညာဝန္၊ ပညာဝန္၊ ရန္ကုန္အစိုးရအထက္တန္းေက်ာင္း (ယခု လသာအ.ထ.က-၁)တြင္ ေက်ာင္းအုပ္ဆရာႀကီး၊ ပညာေရး အရာရွိခ်ဳပ္ စသည္ျဖင့္ ပညာေရးနယ္ပယ္မွ တာဝန္အသီးသီးကို ထမ္းေဆာင္ခဲ့သည္။

    ၁၉၄၆-၄၇ ခုႏွစ္တြင္ တြဲဘက္ လက္ေထာက္ပညာမင္းႀကီး၊ လြတ္လပ္ေရးကာလတြင္ အဂၤလန္ႏိုင္ငံပညာေတာ္သင္မ်ားအတြက္ အႀကံေပးအရာရွိအျဖစ္ ထပ္မံ အမႈထမ္းခဲ့ရသည္။ ထို႔ျပင္ အဂၤလန္ႏိုင္ငံရွိ ျမန္မာသံ႐ုံး ပညာေရးသံမႉးအျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့ရသည္။ အဂၤလန္ႏိုင္ငံတြင္ တာဝန္ထမ္းေဆာင္စဥ္ ၁၉၄၇-၄၉ ခုႏွစ္၌ ျမန္မာႏိုင္ငံေတာ္ ေငြေၾကးဘုတ္အဖြဲ႕ဝင္အျဖစ္ ခန႔္အပ္ခံရကာ ေငြစကၠဴမ်ားေပၚတြင္ `ေမာင္ေကာင္း´ ဟူ၍ လက္မွတ္ေရးထိုးခဲ့ရပါသည္။

    ၁၉၅၁ ခုႏွစ္တြင္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ ပညာမင္းႀကီးအျဖစ္ ရာထူးတိုးျမႇင့္ ခန႔္အပ္ခံခဲ့ရပါသည္။ ဦးေကာင္းသည္ ပညာေရး ဝန္ထမ္းတဦး အေနျဖင့္လည္း ျမန္မာႏိုင္ငံ တကၠသိုလ္ ဖြဲ႕စည္းေရး ေကာ္မတီ အတြင္းေရးမႉး (၁၉၄၆-၄၇)၊ ယူနက္စ္ကို ပညာေရး မစ္ရွင္အဖြဲ႕ အႀကံေပး အရာရွိ (၁၉၅၀-၅၁) အျဖစ္ပါ တာဝန္ ယူခဲ့ရပါသည္။ ရာထူးေနရာအမ်ိဳးမ်ိဳးတြင္ ထူးခြၽန္စြာထမ္းေဆာင္ႏိုင္ခဲ့သူျဖစ္သည္ႏွင့္အညီ ၁၉၅၃ ခုႏွစ္တြင္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ အစိုးရက ပညာမင္းႀကီးအား ‘စည္သူ’ ဘြဲ႕ ေပးအပ္ျခင္းကို ခံခဲ့ရသည္။ ျမန္မာႏိုင္ငံတြင္ သမိုင္းေကာ္မရွင္အား ဖြဲ႕စည္းၿပီးေနာက္ ပထမဆုံး ဥကၠ႒အျဖစ္ ခန႔္အပ္ခံခဲ့ရျပန္သည္။

    ဦးေကာင္း ေရးသားခဲ့သည့္ စာအုပ္မ်ားအနက္ ၿဗိတိသွ်တို႔ မသိမ္းပိုက္မီႏွင့္ သိမ္းပိုက္ၿပီးေခတ္ ျမန္မာႏိုင္ငံ ပညာေရး သမိုင္း” ၊ “ျမန္မာေက်ာင္းမ်ားတြင္ စာစီစာကုံး သင္ၾကားနည္း”၊ “ျမန္မာႏိုင္ငံ တကၠသိုလ္ ဖြဲ႕စည္းေရး ေကာ္မတီ အစီရင္ခံစာ (၁၉၄၇)”၊ “ျမန္မာႏိုင္ငံ ပညာေရး ရွစ္ႏွစ္ (၁၉၄၇-၅၅) အစီရင္ခံစာ” စသည္တို႔မွာ ထင္ရွားခဲ့၏။

    ၁၉၅၇ ခုႏွစ္တြင္ က်င္းပမည့္ သတၱမတန္း စာေမးပြဲ ေမးခြန္းမ်ားကို လုံၿခဳံ စိတ္ခ်မႈ ရွိေစရန္ အတြက္ အိႏၵိယႏိုင္ငံ ကာလကတၱားၿမိဳ႕၌ ပုံႏွိပ္ေရး ကိစၥကို ပညာေရး မင္းႀကီး ဦးေကာင္းက တာဝန္ယူ ေဆာင္႐ြက္ခဲ့ရ၏။ သို႔ျဖစ္၍ ပညာမင္းႀကီး ဦးေကာင္း အိႏၵိယႏိုင္ငံသို႔ သြားေရာက္ခဲ့ရသည္။

    ၁၉၅၇ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၄ရက္ေန႔တြင္ ယူနက္စကို ဒါ႐ိုက္တာ တစ္ဦး၏ ကားျဖင့္ ပညာမင္းႀကီး ဦးေကာင္း ကာလကတၱားၿမိဳ႕တြင္းသို႔ လိုက္ပါသြားစဥ္ မ႐ိုးလမ္းႏွင့္ ေခ်ာင္ရင္ဂီ လမ္းေထာင့္တြင္ ျမဴႏွင္းမ်ား ထူထပ္စြာ က်ေရာက္ေနမႈေၾကာင့္ ကားက လမ္းေဘး သံတိုင္အား အရွိန္ျပင္းစြာ ဝင္ေရာက္ တိုက္မိသြား၏။

    ကားေမာင္းသူ ကိုယ္စားလွယ္မွာ ဒဏ္ရာအနည္းငယ္သာ ရရွိေသာ္လည္း ပညာမင္းႀကီး ဦးေကာင္းမွာမူ ဒဏ္ရာျပင္းထန္စြာ ရရွိသြားခဲ့သည္။ နံ႐ိုးသုံးေခ်ာင္း က်ိဳးသြားသျဖင့္ ကာလကတၱား ေဆး႐ုံသို႔ တက္ေရာက္ ကုသခဲ့ရ၏။ ဒဏ္ရာမွာ ျပင္းထန္လွသည့္ အေလ်ာက္ ၁၉ ေဖေဖာ္ဝါရီ ၁၉၅၇ တြင္ ပညာမင္းႀကီး ဦးေကာင္း ကာလကတၱားၿမိဳ႕၌ ကြယ္လြန္သြားပါသည္။ ေနာက္တေန႔တြင္ ပညာမင္းႀကီး ႐ုပ္ကလာပ္အား ရန္ကုန္သို႔ ေလယာဥ္ျဖင့္ သယ္ယူၿပီး ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕၌ သၿဂိဳလ္ခဲ့၏။ ပညာမင္းႀကီး ဦးေကာင္း ကြယ္လြန္စဥ္ ဇနီး ေဒၚသိန္း၊ သား ဦးေသာ္ေကာင္း (ေနာင္ တကၠသိုလ္မ်ား ဗဟို စာၾကည့္တိုက္မႉး)၊ သမီး ေဒၚရီေမေကာင္း၊ ေဒၚၾကည္ေမေကာင္းတို႔ က်န္ရစ္ပါသည္။

    ပညာမင္းႀကီး ဦးေကာင္း၏သား ဆရာႀကီး ေဒါက္တာ (ဦး) ေသာ္ေကာင္းမွာ ဖူကူအိုကာဆုရ စာၾကည့္တိုက္ ပညာရွင္တဦး ျဖစ္ပါသည္။ ပညာမင္းႀကီး ဦးေကာင္းသည္ ျမန္မာႏိုင္ငံ သမိုင္း ေကာ္မရွင္၏ ဥကၠ႒ ျဖစ္ခဲ့သကဲ့သို သားျဖစ္သူ ဆရာႀကီး ေဒါက္တာ ဦးေသာ္ေကာင္းမွာလည္း ၁၆ ဇန္နဝါရီ ၂၀၀၂ မွ စ၍ ျမန္မာႏိုင္ငံ သမိုင္း ေကာ္မရွင္ အခ်ိန္ျပည့္ အဖြဲ႕ဝင္ ျဖစ္လာခဲ့သည္။

    ဆရာႀကီး စည္သူေဒါက္တာေသာ္ေကာင္းသည္ ၂၀၁၆ ခုႏွစ္ ထြန္းေဖာင္ေဒးရွင္း တစ္သက္တာစာေပဆုရွင္အျဖစ္ ေ႐ြးခ်ယ္ခ်ီးျမႇင့္ျခင္းခံရသည္။ စာအုပ္စာေပ ႏွင့္ စာၾကည့္တိုက္မ်ား ဖြံ႕ၿဖိဳးတိုးတက္ဖို႔အေရး ႀကိဳးပမ္းေနသည္ ေဒါက္တာ သန႔္ေသာ္ေကာင္းမွာ ဦးေကာင္း၏ ေျမး ျဖစ္သည္။ ပညာမင္းႀကီး ဦးေကာင္းသည္ ျမန္မာ့ပညာေရးေလာကတြင္ ထူးျခားေသာ အယူအဆတစ္ရပ္ ရွိသူျဖစ္သည္။ ဦးေကာင္း၏ ပညာေရးအယူအဆတစ္ရပ္မွာ စာေမးပြဲအတြက္သာ ဦးစားေပးေသာ ပညာေရးမ်ိဳး မဟုတ္ဘဲ အသိပညာႂကြယ္ဝမႈႏွင့္ ဘက္စုံပညာ တတ္ကြၽမ္းမႈတို႔ကို အေလးထားအားေပးေသာ အယူအဆျဖစ္ပါသည္။

    ပညာမင္းႀကီး ဦးေကာင္းက ပညာသင္ၾကားျခင္းသည္ ေက်ာင္းေနစဥ္သာမဟုတ္ ဘဝတစ္ေလွ်ာက္လုံးအတြက္ ျဖစ္ရမည္ဟု မိန႔္ဆိုခဲ့သည္။

    တင္ႏိုင္တိုး ေရး ပထမဆုံး ျမန္မာသမိုင္းေကာ္မရွင္နာ ဥကၠ႒ ပညာမင္းႀကီး စည္သူဦးေကာင္း

    ဇန္နဝါရီလ ၂၀၊ ၂၀၁၇ ေၾကးမုံသတင္းစာ စာမ်က္ႏွာ ၁၆

    Myanmar Wikipedia

    Credit – သုတဇုန္

    Source – https://wp.me/p92H0W-6wa

    (Unicode)

    ငွေစက္ကူပေါ်က လက်မှတ်ပိုင်ရှင် မောင်ကောင်း ဆိုတာ

    ၁၉၅၅ ခုနှစ်ဝန်းကျင်က မြန်မာ့ငွေသည် အလွန်တန်ဖိုးရှိခဲ့သည်။ ထိုစဉ်က အမေရိကန် ၁ဒေါ်လာသည် မြန်မာကျပ်ငွေ ၆ကျပ်နှင့် ညီမျှသည်။ မည်သည့်နိုင်ငံကိုသွားသွား အခြားငွေလဲစရာမလို မြန်မာကျပ်ငွေကို ယူသွားပြီး သုံးစွဲနိုင်ပြီး ခိုင်မာတဲ့ငွေ (ငွေမာ) (Hard Currency) အဖြစ် ရပ်တည်ခဲ့ဖူးသည်။

    ထိုခေတ် ထိုအခါက ငွေစက္ကူများပေါ်တွင် မြန်မာငွေကြေး ဘုတ်အဖွဲ့ဝင်များဖြစ်သည့် မောင်ကောင်း ၊ စံလင်း ဟူသော လက်မှတ်များကို တွေ့ရမည်ဖြစ်သည်။ မောင်ကောင်းဆိုသည်မှာ ပညာမင်းကြီး၊ ပထမဆုံး မြန်မာ့သမိုင်းကော်မရှင် ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သည့် စည်သူ ဦးကောင်း ဖြစ်သည်။

    ဦးကောင်းအား ၁၉၀၄-ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့၌ ယစ်မျိုးမင်းကြီး ဦးဘသော်နှင့် ဒေါ်ကြင်မြိုင်တို့က မြင်းခြံမြို့၌ ဖွားမြင်ခဲ့သည်။ အသက် ငါးနှစ်အရွယ်တွင် မြင်းခြံမြို့ ဘက်ပလစ်ကျောင်း၌ စတင်ပညာသင်ကြားခဲ့သည်။ ရန်ကုန်မြို့သို့ပြောင်းရွှေ့လာပြီးနောက် ကူရှင်အထက်တန်းကျောင်း၊ စိန့်ပေါလ် အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်) တွင် ပညာဆက်လက် ဆည်းပူးခဲ့သည်။

    ၁၉၂၀-ပြည့်နှစ်တွင် အစ်ကိုဖြစ်သူ ဦးဘဦး၏ ထောက်ပံ့မှုဖြင့် အင်္ဂလန်နိုင်ငံ၊ ဆမ်းမားဆက်ပြည်နယ် တွန်တန်ဘုရင့်ကောလိပ် သီးသန့်အထူးပညာသင်ကျောင်း (Taunton Public School,Somerset)၌ ပညာဆက်လက် ဆည်းပူးခဲ့သည်။ ၁၉၂၂-ခုနှစ်တွင် လန်ဒန် မက်ထရစ်စာမေးပွဲကို ဂုဏ်ထူး ငါးဘာသာဖြင့် အောင်မြင်ခဲ့သည်။

    ၁၉၂၃-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တက္ကသိုလ်၌ ဥပစာ ဒုတိယနှစ်မှ စတင်သင်ယူခဲ့ရာ သုံးနှစ်ကြာသင်ယူပြီးနောက် ၁၉၂၆-ခုနှစ်တွင် ဘီအေဘွဲ့(အင်္ဂလိပ်စာ ဂုဏ်ထူး)၊ ၁၉၂၉-ခုနှစ် နှစ်နှစ်အကြာတွင် မဟာဝိဇ္ဇာ(ပညာရေး)ဘွဲ့ ရရှိခဲ့သည်။

    ရန်ကုန်တက္ကသိုလ်၌ အင်္ဂလိပ်ဘာသာနှင့် စာပေအထက်တန်း နည်းပြဆရာအဖြစ် ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံခြား ပညာတော်သင်ဆုကို ရရှိကာ လန်ဒန်တက္ကသိုလ် ဘုရင့်ကောလိပ်တွင် တစ်နှစ်ပညာသင်ကြားခွင့် ရရှိခဲ့သေးသည်။

    ထို့နောက် အစိုးရအထက်တန်းကျောင်းအုပ်၊ လက်ထောက်ပညာဝန်၊ ပညာဝန်၊ ရန်ကုန်အစိုးရအထက်တန်းကျောင်း (ယခု လသာအ.ထ.က-၁)တွင် ကျောင်းအုပ်ဆရာကြီး၊ ပညာရေး အရာရှိချုပ် စသည်ဖြင့် ပညာရေးနယ်ပယ်မှ တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့သည်။

    ၁၉၄၆-၄၇ ခုနှစ်တွင် တွဲဘက် လက်ထောက်ပညာမင်းကြီး၊ လွတ်လပ်ရေးကာလတွင် အင်္ဂလန်နိုင်ငံပညာတော်သင်များအတွက် အကြံပေးအရာရှိအဖြစ် ထပ်မံ အမှုထမ်းခဲ့ရသည်။ ထို့ပြင် အင်္ဂလန်နိုင်ငံရှိ မြန်မာသံရုံး ပညာရေးသံမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရသည်။ အင်္ဂလန်နိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ် ၁၉၄၇-၄၉ ခုနှစ်၌ မြန်မာနိုင်ငံတော် ငွေကြေးဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရကာ ငွေစက္ကူများပေါ်တွင် `မောင်ကောင်း´ ဟူ၍ လက်မှတ်ရေးထိုးခဲ့ရပါသည်။

    ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပညာမင်းကြီးအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရပါသည်။ ဦးကောင်းသည် ပညာရေး ဝန်ထမ်းတဦး အနေဖြင့်လည်း မြန်မာနိုင်ငံ တက္ကသိုလ် ဖွဲ့စည်းရေး ကော်မတီ အတွင်းရေးမှူး (၁၉၄၆-၄၇)၊ ယူနက်စ်ကို ပညာရေး မစ်ရှင်အဖွဲ့ အကြံပေး အရာရှိ (၁၉၅၀-၅၁) အဖြစ်ပါ တာဝန် ယူခဲ့ရပါသည်။ ရာထူးနေရာအမျိုးမျိုးတွင် ထူးချွန်စွာထမ်းဆောင်နိုင်ခဲ့သူဖြစ်သည်နှင့်အညီ ၁၉၅၃ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ပညာမင်းကြီးအား ‘စည်သူ’ ဘွဲ့ ပေးအပ်ခြင်းကို ခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် သမိုင်းကော်မရှင်အား ဖွဲ့စည်းပြီးနောက် ပထမဆုံး ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရပြန်သည်။

    ဦးကောင်း ရေးသားခဲ့သည့် စာအုပ်များအနက် ဗြိတိသျှတို့ မသိမ်းပိုက်မီနှင့် သိမ်းပိုက်ပြီးခေတ် မြန်မာနိုင်ငံ ပညာရေး သမိုင်း” ၊ “မြန်မာကျောင်းများတွင် စာစီစာကုံး သင်ကြားနည်း”၊ “မြန်မာနိုင်ငံ တက္ကသိုလ် ဖွဲ့စည်းရေး ကော်မတီ အစီရင်ခံစာ (၁၉၄၇)”၊ “မြန်မာနိုင်ငံ ပညာရေး ရှစ်နှစ် (၁၉၄၇-၅၅) အစီရင်ခံစာ” စသည်တို့မှာ ထင်ရှားခဲ့၏။

    ၁၉၅၇ ခုနှစ်တွင် ကျင်းပမည့် သတ္တမတန်း စာမေးပွဲ မေးခွန်းများကို လုံခြုံ စိတ်ချမှု ရှိစေရန် အတွက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၌ ပုံနှိပ်ရေး ကိစ္စကို ပညာရေး မင်းကြီး ဦးကောင်းက တာဝန်ယူ ဆောင်ရွက်ခဲ့ရ၏။ သို့ဖြစ်၍ ပညာမင်းကြီး ဦးကောင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရသည်။

    ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် ယူနက်စကို ဒါရိုက်တာ တစ်ဦး၏ ကားဖြင့် ပညာမင်းကြီး ဦးကောင်း ကာလကတ္တားမြို့တွင်းသို့ လိုက်ပါသွားစဉ် မရိုးလမ်းနှင့် ချောင်ရင်ဂီ လမ်းထောင့်တွင် မြူနှင်းများ ထူထပ်စွာ ကျရောက်နေမှုကြောင့် ကားက လမ်းဘေး သံတိုင်အား အရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိသွား၏။

    ကားမောင်းသူ ကိုယ်စားလှယ်မှာ ဒဏ်ရာအနည်းငယ်သာ ရရှိသော်လည်း ပညာမင်းကြီး ဦးကောင်းမှာမူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ နံရိုးသုံးချောင်း ကျိုးသွားသဖြင့် ကာလကတ္တား ဆေးရုံသို့ တက်ရောက် ကုသခဲ့ရ၏။ ဒဏ်ရာမှာ ပြင်းထန်လှသည့် အလျောက် ၁၉ ဖေဖော်ဝါရီ ၁၉၅၇ တွင် ပညာမင်းကြီး ဦးကောင်း ကာလကတ္တားမြို့၌ ကွယ်လွန်သွားပါသည်။ နောက်တနေ့တွင် ပညာမင်းကြီး ရုပ်ကလာပ်အား ရန်ကုန်သို့ လေယာဉ်ဖြင့် သယ်ယူပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့၌ သဂြိုလ်ခဲ့၏။ ပညာမင်းကြီး ဦးကောင်း ကွယ်လွန်စဉ် ဇနီး ဒေါ်သိန်း၊ သား ဦးသော်ကောင်း (နောင် တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူး)၊ သမီး ဒေါ်ရီမေကောင်း၊ ဒေါ်ကြည်မေကောင်းတို့ ကျန်ရစ်ပါသည်။

    ပညာမင်းကြီး ဦးကောင်း၏သား ဆရာကြီး ဒေါက်တာ (ဦး) သော်ကောင်းမှာ ဖူကူအိုကာဆုရ စာကြည့်တိုက် ပညာရှင်တဦး ဖြစ်ပါသည်။ ပညာမင်းကြီး ဦးကောင်းသည် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သကဲ့သို သားဖြစ်သူ ဆရာကြီး ဒေါက်တာ ဦးသော်ကောင်းမှာလည်း ၁၆ ဇန်နဝါရီ ၂၀၀၂ မှ စ၍ မြန်မာနိုင်ငံ သမိုင်း ကော်မရှင် အချိန်ပြည့် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

    ဆရာကြီး စည်သူဒေါက်တာသော်ကောင်းသည် ၂၀၁၆ ခုနှစ် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်ခြင်းခံရသည်။ စာအုပ်စာပေ နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ဖို့အရေး ကြိုးပမ်းနေသည် ဒေါက်တာ သန့်သော်ကောင်းမှာ ဦးကောင်း၏ မြေး ဖြစ်သည်။ ပညာမင်းကြီး ဦးကောင်းသည် မြန်မာ့ပညာရေးလောကတွင် ထူးခြားသော အယူအဆတစ်ရပ် ရှိသူဖြစ်သည်။ ဦးကောင်း၏ ပညာရေးအယူအဆတစ်ရပ်မှာ စာမေးပွဲအတွက်သာ ဦးစားပေးသော ပညာရေးမျိုး မဟုတ်ဘဲ အသိပညာကြွယ်ဝမှုနှင့် ဘက်စုံပညာ တတ်ကျွမ်းမှုတို့ကို အလေးထားအားပေးသော အယူအဆဖြစ်ပါသည်။

    ပညာမင်းကြီး ဦးကောင်းက ပညာသင်ကြားခြင်းသည် ကျောင်းနေစဉ်သာမဟုတ် ဘဝတစ်လျှောက်လုံးအတွက် ဖြစ်ရမည်ဟု မိန့်ဆိုခဲ့သည်။

    တင်နိုင်တိုး ရေး ပထမဆုံး မြန်မာသမိုင်းကော်မရှင်နာ ဥက္ကဋ္ဌ ပညာမင်းကြီး စည်သူဦးကောင်း

    ဇန်နဝါရီလ ၂၀၊ ၂၀၁၇ ကြေးမုံသတင်းစာ စာမျက်နှာ ၁၆

    Myanmar Wikipedia

    Credit – သုတဇုန်

    Source – https://wp.me/p92H0W-6wa

  • ဆီးအိမ္ေက်ာက္တည္အတြက္ ေဗဒါရဲ႕အစြမ္း

     ဆီးအိမ္ေက်ာက္တည္အတြက္ ေဗဒါရဲ႕အစြမ္း

    ဆီးအိမ္ေက်ာက္တည္အတြက္ ေဆးနည္း

    ဆီးအိမ္ေက်ာက္တည္ေရာဂါအတြက္ အစြမ္းထက္တဲ့ ႐ိုးရာေဆးနည္းတစ္ခုကို ၫြန္ေပးလိုက္ပါတယ္။ ဒီေဆးနည္းကေတာ့ စကၤာပူ၊ မေလးရွား၊ ထိုင္ဝမ္တို႔မွာ ေနထိုင္ၾကတဲ့ တ႐ုတ္လူမ်ိဳးမ်ားရဲ႕ ႐ိုးရာေဆးနည္းလို႔ ဆိုၾကပါတယ္။ အလြန္လြယ္ကူတဲ့ ေဆးနည္းပါ။ Water Hyacinth လို႔ေခၚတဲ့ ေဗဒါပင္ကို ခ်က္စားရမွာ ျဖစ္ပါတယ္။

    ေဆးနည္း

    (၁) ေဗဒါပင္တစ္ပင္လုံးကို အျမစ္မွ အပြင့္ထိ တစ္ပင္လုံးကို ေရစင္ေအာင္ ေဆးေၾကာၿပီး ႏႈတ္ႏႈတ္စင္းပါ။

    (၂) အဆီမပါတဲ့ ဝက္သားအနည္းငယ္နဲ႔ အခ်ိဳခ်က္ ခ်က္ပါ။ င႐ုတ္သီးအစပ္ မထည့္ရပါ။

    (၃) ေဗဒါဝက္သားအခ်ိဳခ်က္ကို ဟင္းအျဖစ္ စားသုံးပါ။ မၾကာခဏ ခ်က္စားပါ။

    (၄) ဘီယာေသာက္တတ္သူ အမ်ိဳးသားမ်ားဆိုရင္ ဘီယာနဲ႔ေသာရင္ ပိုၿပီး ထိေရာက္ပါတယ္။ ဆီးကို ႐ႊင္ေစပါတယ္။ ေက်ာက္ကို ေၾကေစပါတယ္။

    (၅) ဘီယာမေသာက္တတ္သူမ်ားကေတာ့ သံပုရာရည္၊ အုန္းရည္ စတဲ့ ေသာက္စရာတစ္ခုခုနဲ႔ တြဲေသာက္လို႔ရပါတယ္။ အရက္အမ်ိဳးမ်ိဳး၊ ဝိုင္၊ ထန္းရည္တို႔နဲ႔ မေသာက္ရပါ။ ဝက္သားနဲ႔ ထန္းရည္က အခန႔္မသင့္ရင္ ေအာ့အန္တာ ျဖစ္တတ္ပါတယ္။

    (၆) တပင္လုံးကို အေျခာက္လွမ္းထားၿပီး ေရေႏြးၾကမ္းခတ္ေသာက္ပါ။ ဆီးအိမ္မွေက်ာက္ကို ေၾကက်သြားေစပါတယ္။

    အစာလည္းေဆး ေဆးလည္းအစာဆိုသလိုပါပဲ။ ေငြကုန္ေၾကးက်လည္း နည္းတဲ့ ႐ိုးရာေဆးနည္းျဖင့္ ဆီးေက်ာက္တည္ေရာဂါမ်ား ေပ်ာက္ကင္းႏိုင္ၾကပါေစ။

    Credit – ေဆးျမန္မာအစြမ္းထက္မ်ား

    (Unicode)

     ဆီးအိမ်ကျောက်တည်အတွက် ဗေဒါရဲ့အစွမ်း

    ဆီးအိမ်ကျောက်တည်အတွက် ဆေးနည်း

    ဆီးအိမ်ကျောက်တည်ရောဂါအတွက် အစွမ်းထက်တဲ့ ရိုးရာဆေးနည်းတစ်ခုကို ညွန်ပေးလိုက်ပါတယ်။ ဒီဆေးနည်းကတော့ စင်္ကာပူ၊ မလေးရှား၊ ထိုင်ဝမ်တို့မှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးများရဲ့ ရိုးရာဆေးနည်းလို့ ဆိုကြပါတယ်။ အလွန်လွယ်ကူတဲ့ ဆေးနည်းပါ။ Water Hyacinth လို့ခေါ်တဲ့ ဗေဒါပင်ကို ချက်စားရမှာ ဖြစ်ပါတယ်။

    ဆေးနည်း

    (၁) ဗေဒါပင်တစ်ပင်လုံးကို အမြစ်မှ အပွင့်ထိ တစ်ပင်လုံးကို ရေစင်အောင် ဆေးကြောပြီး နှုတ်နှုတ်စင်းပါ။

    (၂) အဆီမပါတဲ့ ဝက်သားအနည်းငယ်နဲ့ အချိုချက် ချက်ပါ။ ငရုတ်သီးအစပ် မထည့်ရပါ။

    (၃) ဗေဒါဝက်သားအချိုချက်ကို ဟင်းအဖြစ် စားသုံးပါ။ မကြာခဏ ချက်စားပါ။

    (၄) ဘီယာသောက်တတ်သူ အမျိုးသားများဆိုရင် ဘီယာနဲ့သောရင် ပိုပြီး ထိရောက်ပါတယ်။ ဆီးကို ရွှင်စေပါတယ်။ ကျောက်ကို ကြေစေပါတယ်။

    (၅) ဘီယာမသောက်တတ်သူများကတော့ သံပုရာရည်၊ အုန်းရည် စတဲ့ သောက်စရာတစ်ခုခုနဲ့ တွဲသောက်လို့ရပါတယ်။ အရက်အမျိုးမျိုး၊ ဝိုင်၊ ထန်းရည်တို့နဲ့ မသောက်ရပါ။ ဝက်သားနဲ့ ထန်းရည်က အခန့်မသင့်ရင် အော့အန်တာ ဖြစ်တတ်ပါတယ်။

    (၆) တပင်လုံးကို အခြောက်လှမ်းထားပြီး ရေနွေးကြမ်းခတ်သောက်ပါ။ ဆီးအိမ်မှကျောက်ကို ကြေကျသွားစေပါတယ်။

    အစာလည်းဆေး ဆေးလည်းအစာဆိုသလိုပါပဲ။ ငွေကုန်ကြေးကျလည်း နည်းတဲ့ ရိုးရာဆေးနည်းဖြင့် ဆီးကျောက်တည်ရောဂါများ ပျောက်ကင်းနိုင်ကြပါစေ။

    Credit – ဆေးမြန်မာအစွမ်းထက်များ

  • ေဘဘီလုံမွာ အခ်မ္းသာဆုံး ပုဂၢိဳလ္စာအုပ္က ေပးတဲ့ ႀကီးပြားေၾကာင္း (၇) ရပ္

    (Zawgyi)

    ေဘဘီလုံမွာ အခ်မ္းသာဆုံး ပုဂၢိဳလ္စာအုပ္က ေပးတဲ့ ႀကီးပြားေၾကာင္း (၇) ရပ္

    (၁) ကိုယ့္ဆီ ဝင္လာတဲ့ေငြရဲ႕ဆယ္ပုံတပုံကို အၿမဲတမ္း ခ်န္ထားပါ။

    (၂) ကိုယ့္ဆီဝင္လာေသာ ေငြမ်ားကို စနစ္တက် စီမံခန႔္ခြဲ သုံးစြဲပါ။ ေငြဝင္တဲ့ လမ္းေၾကာင္းေတြကို သိထားဖို႔လိုသလို ထြက္တဲ့လမ္းေၾကာင္းေတြကို ဂဃနဏ သိထားဖို႔လည္း လိုတယ္။ မလိုအပ္ပဲထြက္ေနတဲ့ လမ္းေၾကာင္းေတြရွိရင္ အျမန္ဆုံး ပိတ္ပစ္ရန္ လိုသည္။ အဲဒီလို မလုပ္ရင္ အိတ္ေပါက္နဲ႔ ဖားေကာက္သလို ျဖစ္ေနမည္။

    (၃) ေငြေတြကို သက္မဲ့လို သေဘာမထားရပါဘူး။ သူတို႔အခ်င္းခ်င္း ရင္းႏွီးၿပီး တိုးပြားမယ့္ ေနရာေတြကို ပို႔ရမယ္။ ႏြားေတြ၊ ၾကက္ေတြအုပ္လိုက္ ေမြးသလိုပါပဲ။ သူတို႔အခ်င္းခ်င္း မိတ္ေတြလိုက္ၾက၊ ဥေတြဥၾက၊ အေကာင္ေတြ ထပ္ပြားၾကေပါ့။ ကိုယ္က ေငြမရွာဘဲ ေငြေငြခ်င္း ျပန္ရွာသြားတာေပါ့။ ေငြကို ေသတၱာထဲ ထည့္သိမ္းထားရင္ အေၾကာေသၿပီး ေလျဖတ္တဲ့လူလို ေငြေတြ ေလျဖတ္သြားလိမ့္မယ္။အင္အားမရွိေတာ့ဘူး။

    (၄) အလုပ္လုပ္ရာတြင္ ေလာင္းကစားမဆန္ရဘူး။ ျမတ္ခ်င္ျမတ္၊ ရႈံးခ်င္ရႈံး ဆိုတဲ့ သေဘာမ်ိဳးမလုပ္ရဘူး။ ေသခ်ာတာေလာက္ကိုပဲ လုပ္ရမယ္။ ျမတ္ရင္ေတာ့ အမ်ားႀကီးျမတ္မယ္၊ ရႈံးရင္ ကုန္သြားမယ္ဆိုတာမ်ိဳးကို ဘယ္သူက ဘယ္ေလာက္ အေျပာေကာင္းေကာင္း မလုပ္ရဘူး။ မပိုင္တဲ့အလုပ္၊ မကြၽမ္းက်င္တဲ့အလုပ္မွာ ဘာရင္းႏွီးျမႇဳပ္ႏွံမႈမွ မလုပ္ရဘူး။ (သူမ်ားေျပာတာကို မယုံနဲ႔၊ ကိုယ့္မ်က္စိနဲ႔ ေတြ႕တာေတာင္ တဝက္ပဲယုံ )

    (၅) အိမ္ငွားမေနနဲ႔ – အိမ္ပိုင္ျဖစ္ေအာင္လုပ္၊ ႀကိဳးစား၊ ဆိုင္မငွားနဲ႔။ အပိုင္ျဖစ္ေအာင္ ႀကိဳးစား။ ငွားတာဟာ ၾကာေတာ့ စရိတ္ေထာင္းတယ္။ စိတ္လည္း ရႈပ္ရတယ္။ ေသးတာႀကီးတာပဓာန မဟုတ္ဘူး။ ကိုယ္ပိုင္ျဖစ္ေအာင္ ႀကိဳးစားဖို႔ပဲ။ အဲဒီ အေပါက္ဟာ ေငြအထြက္ဆုံးပဲ။

    (၆) မေမွ်ာ္မွန္းႏိုင္တဲ့ အနာဂတ္အတြက္ ျပင္ဆင္မႈေတြ လုပ္ရမယ္။ (မတ္တတ္စာပဲ ရွိတယ္၊ တုံးလုံးစာ မရွိဘူးလို႔ မေျပာရေအာင္ ျပင္ဆင္ထားပါ )

    (၇) ႀကိဳးစားမႈကို ဘယ္ေတာ့မွ မေလွ်ာ့နဲ႔။ (အားေပးတဲ့ ေဖာက္သည္တို႔၊ အားေပးတဲ့ ပရိသတ္တို႔ဆိုတာ စိတ္ခ်ရတာမ်ိဳးမဟုတ္ဘူး။ ကိုယ့္ထက္ေတာ္တဲ့၊ ေကာင္းတဲ့လူရွိရင္ အဲဒီကို သြားၾကမွာ)

    ဆရာေဖျမင့္ ” ေဘဘီလုံမွာ အခ်မ္းသာဆုံးပုဂၢိဳလ္ ” စာအုပ္မွ

    Via – Daily Hot News

    (Unicode)

    ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်စာအုပ်က ပေးတဲ့ ကြီးပွားကြောင်း (၇) ရပ်

    (၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ဆယ်ပုံတပုံကို အမြဲတမ်း ချန်ထားပါ။

    (၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ပဲထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

    (၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေအုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။အင်အားမရှိတော့ဘူး။

    (၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုးမလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ (သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တဝက်ပဲယုံ )

    (၅) အိမ်ငှားမနေနဲ့ – အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

    (၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ (မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူးလို့ မပြောရအောင် ပြင်ဆင်ထားပါ )

    (၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ (အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက်တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ)

    ဆရာဖေမြင့် ” ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ” စာအုပ်မှ

    Via – Daily Hot News

  • ယင္မလာေအာင္ ဆီးျဖဴေဆာင္

    (Zawgyi)

    ယင္မလာေအာင္ ဆီးျဖဴေဆာင္

    ဆီးျဖဴပင္တြင္ အံ့ဖြယ္စြမ္းအင္တို႔ရွိပါသည္။ ေရွးက ဆီးျဖဴသီးကို သွ်ိသွ်ားသီးဟုလည္း ေခၚၾကသည္။ဆီးျဖဴအႀကီး သွ်စ္သွ်ား၊ အငယ္ကို ဆီးျဖဴဟု ခြဲျခားေခၚၾကသည္လည္းမွတ္သားဖူးပါသည္။ဆီးျဖဴသီးသည္ အသက္ကိုရွည္ေစရာတြင္ အမြန္ျမတ္ဆုံးအသီးဟု ေရွးဗိေႏၷာဆရာတို႔ဆိုၾကသည္။ဖန္ခါးသီးထက္ပင္ ဆီးျဖဴသီးသည္ ေဆးအသုံးပိုႀကီးလွသည္။ ဆီးျဖဴးသီးတြင္ ဖန္ေသာ အရသာမ်ား၍ ခ်ိဳေသာအရသာ နည္း၏။

    ဆီးျဖဴသား-

    ေရွးက မီးေသြးဖုတ္ရာတြင္ ဆီးျဖဴသားထင္း တစ္တုံးတစ္ပိုင္း ပါသြားသည္ႏွင့္ က်န္သည့္ထင္းမ်ား မီးေသြးအျဖစ္သို႔ မေရာက္ရွိေတာ့ေပ။ မီးေသြးဖို ပ်က္ေတာ့သည္။ ေကာက္ညႇင္းေပါင္း ေပါင္းရာတြင္လည္း အိုးထဲသို႔ ဆီးျဖဴသားျဖင့္ ေမႊလိုက္ပါက ေကာက္ညႇင္း မႏွပ္ေတာ့။ ဆီးျဖဴသားထဲသို႔ ျပဒါးရည္သြင္းၿပီး ဆီးျဖဴသားျဖင့္ ပိတ္၍ မီးဖုတ္က ျပဒါးအတုံးအခဲ ျဖစ္ေလသည္။ ေရွးက ေႁမြေဆး၊ ၿပီးေဆးထိုးသူတို႔ ဆီးျဖဴသီးကို မစားရ၊ ဆီးျဖဴပင္ေအာက္ မသြားရဟူ၍လည္း တားျမစ္ခ်က္ ရွိျပန္သည္။

    ဆီးျဖဴ႐ြက္ –

    အသီး၏ ေဆးစြမ္းအား လူသားတို႔အတြက္ အက်ိဳးႀကီးမားပုံက မ်ားစြာ နက္နဲက်ယ္ျပန႔္လွပါသည္။ဆီးျဖဴ႐ြက္ ေဆးအသုံးဝင္ပုံမွာ ေရႏွင့္ (၃)ခြက္(၁)ခြက္တင္ ျပဳတ္က်ိဳၿပီး ပလုတ္က်င္းေပးပါက လွ်ာကြဲျခင္း၊ ပါးစပ္ကြဲျခင္း၊ ေပါက္ျခင္းတို႔ ခဏႏွင့္ပင္ ေပ်ာက္ကင္းပါသည္။

    အံ့ဖြယ္ဆီးျဖဴ႐ြက္၏ သတၱိမွာ –

    ယင္မလာေစျခင္းျဖစ္သည္။ ယင္ေကာင္ေၾကာင့္ လူတို႔ အလြန္စိတ္ညစ္ရပါသည္။ ယင္ေၾကာင့္ပင္ လူတို႔ဝမ္းပ်က္၊ ဝမ္းေလ်ာျခင္းတို႔ ျဖစ္ရကာ အသက္အႏၲရာယ္ေပးသည္အထိ ျဖစ္ရေလသည္။

    လက္ေတြ႕စမ္းရန္မွာ –

    ဆီးျဖဴကိုင္းႏွင့္ ဆီးျဖဴ႐ြက္မ်ားကို မိမိထမင္းစားဝိုင္းႏွင့္ အနီးစပ္ဆုံး ေနရာတြင္ျဖစ္ေစ၊ အေပၚမွႀကိဳးျဖင့္ ခ်ိတ္ဆြဲ၍ျဖစ္ေစ ထားၾကည့္လိုက္ပါ။ ထမင္းစားဝိုင္းကို ယင္လာေတာ့မည္ မဟုတ္ေတာ့ေပ။ ထိုနည္းမွာ ယင္ေပၚမ်ားေသာ ရာသီကာလတိုင္း ေက်းလက္ေတာ႐ြာမ်ားတြင္ ယင္ေကာင္မလာေစေရး ႀကိဳတင္ကာကြယ္သည့္ နည္းျဖစ္ပါ၍ လိုသူတို႔သုံးႏိုင္ပါရန္ သိမီသမွ် သုတေလးအား တင္ျပလိုက္ပါသည္။

    အကိုးအကား- သူရဇၨမဂၢဇင္းအတြဲ(၁၇) အမွတ္(၁၂), နတ္ေမာက္မင္းခ်စ္ေနာ္ (ယင္မလာေအာင္မွ)

    Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)၊ Via – စိတ္မဆိုး ဆႏြင္းလုံး

    (Unicode)

    ယင်မလာအောင် ဆီးဖြူဆောင်

    ဆီးဖြူပင်တွင် အံ့ဖွယ်စွမ်းအင်တို့ရှိပါသည်။ ရှေးက ဆီးဖြူသီးကို သျှိသျှားသီးဟုလည်း ခေါ်ကြသည်။ဆီးဖြူအကြီး သျှစ်သျှား၊ အငယ်ကို ဆီးဖြူဟု ခွဲခြားခေါ်ကြသည်လည်းမှတ်သားဖူးပါသည်။ဆီးဖြူသီးသည် အသက်ကိုရှည်စေရာတွင် အမွန်မြတ်ဆုံးအသီးဟု ရှေးဗိန္နောဆရာတို့ဆိုကြသည်။ဖန်ခါးသီးထက်ပင် ဆီးဖြူသီးသည် ဆေးအသုံးပိုကြီးလှသည်။ ဆီးဖြူးသီးတွင် ဖန်သော အရသာများ၍ ချိုသောအရသာ နည်း၏။

    ဆီးဖြူသား-

    ရှေးက မီးသွေးဖုတ်ရာတွင် ဆီးဖြူသားထင်း တစ်တုံးတစ်ပိုင်း ပါသွားသည်နှင့် ကျန်သည့်ထင်းများ မီးသွေးအဖြစ်သို့ မရောက်ရှိတော့ပေ။ မီးသွေးဖို ပျက်တော့သည်။ ကောက်ညှင်းပေါင်း ပေါင်းရာတွင်လည်း အိုးထဲသို့ ဆီးဖြူသားဖြင့် မွှေလိုက်ပါက ကောက်ညှင်း မနှပ်တော့။ ဆီးဖြူသားထဲသို့ ပြဒါးရည်သွင်းပြီး ဆီးဖြူသားဖြင့် ပိတ်၍ မီးဖုတ်က ပြဒါးအတုံးအခဲ ဖြစ်လေသည်။ ရှေးက မြွေဆေး၊ ပြီးဆေးထိုးသူတို့ ဆီးဖြူသီးကို မစားရ၊ ဆီးဖြူပင်အောက် မသွားရဟူ၍လည်း တားမြစ်ချက် ရှိပြန်သည်။

    ဆီးဖြူရွက် –

    အသီး၏ ဆေးစွမ်းအား လူသားတို့အတွက် အကျိုးကြီးမားပုံက များစွာ နက်နဲကျယ်ပြန့်လှပါသည်။ဆီးဖြူရွက် ဆေးအသုံးဝင်ပုံမှာ ရေနှင့် (၃)ခွက်(၁)ခွက်တင် ပြုတ်ကျိုပြီး ပလုတ်ကျင်းပေးပါက လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းတို့ ခဏနှင့်ပင် ပျောက်ကင်းပါသည်။

    အံ့ဖွယ်ဆီးဖြူရွက်၏ သတ္တိမှာ –

    ယင်မလာစေခြင်းဖြစ်သည်။ ယင်ကောင်ကြောင့် လူတို့ အလွန်စိတ်ညစ်ရပါသည်။ ယင်ကြောင့်ပင် လူတို့ဝမ်းပျက်၊ ဝမ်းလျောခြင်းတို့ ဖြစ်ရကာ အသက်အန္တရာယ်ပေးသည်အထိ ဖြစ်ရလေသည်။

    လက်တွေ့စမ်းရန်မှာ –

    ဆီးဖြူကိုင်းနှင့် ဆီးဖြူရွက်များကို မိမိထမင်းစားဝိုင်းနှင့် အနီးစပ်ဆုံး နေရာတွင်ဖြစ်စေ၊ အပေါ်မှကြိုးဖြင့် ချိတ်ဆွဲ၍ဖြစ်စေ ထားကြည့်လိုက်ပါ။ ထမင်းစားဝိုင်းကို ယင်လာတော့မည် မဟုတ်တော့ပေ။ ထိုနည်းမှာ ယင်ပေါ်များသော ရာသီကာလတိုင်း ကျေးလက်တောရွာများတွင် ယင်ကောင်မလာစေရေး ကြိုတင်ကာကွယ်သည့် နည်းဖြစ်ပါ၍ လိုသူတို့သုံးနိုင်ပါရန် သိမီသမျှ သုတလေးအား တင်ပြလိုက်ပါသည်။

    အကိုးအကား – သူရဇ္ဇမဂ္ဂဇင်းအတွဲ(၁၇) အမှတ်(၁၂), နတ်မောက်မင်းချစ်နော် (ယင်မလာအောင်မှ)

    Credit – ရဲမျိုးသူ(ဗောဓိမြိုင်)၊ Via – စိတ်မဆိုး ဆနွင်းလုံး

  • ၂၀၁၉ ခုႏွစ္ ၊ ေဖေဖၚ၀ါရီလ (၁၂) ရက္ေန႔သည္ (၇၂) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ျဖစ္သည္။

    (Zawgyi)

    ၂၀၁၉ ခုႏွစ္ ၊ ေဖေဖၚ၀ါရီလ (၁၂) ရက္ေန႔သည္ (၇၂) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ျဖစ္သည္။ ျပည္ေထာင္စုေန႔ဆုိသည္မွာ………..

    (၁၉၄၇ ခုႏွစ္) ေဖေဖာ္ဝါရီလ (၁၂) ရက္ေန႔ က ေတာင္တန္းေဒသႏွင့္ ျပည္မေဒသတို႔ ေပါင္းစည္းညီၫြတ္ေရး ပင္လံုစာခ်ဳပ္ႀကီးကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္မ်ားမွ ကိုယ္စားလွယ္ (၂၃)ဦးက သေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကတဲ့ တိုင္းရင္းသား ေပါင္းစံု ေသြးစည္းညီၫြတ္မႈ ျပသႏုိင္ခဲ့ေသာ ထိုေန႔ရက္ ကို ျပည္ေထာင္စုေန႔ ဟုု ေခၚေဝၚ သမုတ္ ခဲ့ၾကပါသည္။

    ပင္လံုစုခ်ဳပ္…………..

    ပင္လံုစာခ်ဳပ္ေၾကာင့္ ၿဗိတိသွ်အစိုးရသည္ ျပည္မႏွင့္ ေတာင္တန္းေဒသမ်ားပါ တစ္ၿပိဳင္တည္း လြတ္လပ္ေရး ေပးရန္ သေဘာတူညီခဲ့ရသည္။ ျမန္မာႏိုင္ငံလြတ္လပ္ေရးအတြက္ အေရးပါတဲ့ စာခ်ဳပ္ျဖစ္ၿပီး ေတာင္တန္းေဒသႏွင့္ ျပည္မကြဲျပားခြဲျခားမႈမရွိတဲ့ ျပည္ေထာင္စုႀကီး တည္ေထာင္ဖို႔ သေဘာတူညီခဲ့သည့္အျပင္ အခ်ဳပ္အခ်ာအာဏာပိုင္ လြတ္လပ္တဲ့ ျမန္မာႏိုင္ငံေတာ္ႀကီး ျဖစ္ဖို႔ တိုင္းရင္းသားအားလံုး စုေပါင္းဖြဲ႕စည္း တည္ေထာင္ႏိုင္ ခဲ့ပါသည္။

    ရွမ္းျပည္နယ္ေတာင္ပိုင္း ၊ ပင္လံုၿမိဳ႕မွာ လက္မွတ္ေရးထိုးခဲ့ၾကသျဖင့္ ပင္လံုစာခ်ဳပ္လို႔ ေခၚေ၀ၚခဲ့ၾကပါသည္။ ပင္လံုစာခ်ဳပ္တြင္ အခ်က္(၉)ခ်က္ပါ၀င္ခဲ႔ပါသည္။

    Credit – Zin Moe

    (Unicode)

    ၂၀၁၉ ခုနှစ် ၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့သည် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ ပြည်ထောင်စုနေ့ဆိုသည်မှာ………..

    (၁၉၄၇ ခုနှစ်) ဖေဖော်ဝါရီလ (၁၂) ရက်နေ့ က တောင်တန်းဒေသနှင့် ပြည်မဒေသတို့ ပေါင်းစည်းညီညွတ်ရေး ပင်လုံစာချုပ်ကြီးကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်များမှ ကိုယ်စားလှယ် (၂၃)ဦးက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား ပေါင်းစုံ သွေးစည်းညီညွတ်မှု ပြသနိုင်ခဲ့သော ထိုနေ့ရက်ကို ပြည်ထောင်စုနေ့ဟု ခေါ်ဝေါ် သမုတ်ခဲ့ကြပါသည်။

    ပင်လုံစုချုပ်…………..

    ပင်လုံစာချုပ်ကြောင့် ဗြိတိသျှအစိုးရသည် ပြည်မနှင့် တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေး ပေးရန် သဘောတူညီခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အရေးပါတဲ့ စာချုပ်ဖြစ်ပြီး တောင်တန်းဒေသနှင့် ပြည်မကွဲပြားခွဲခြားမှုမရှိတဲ့ ပြည်ထောင်စုကြီး တည်ထောင်ဖို့ သဘောတူညီခဲ့သည့်အပြင် အချုပ်အချာအာဏာပိုင် လွတ်လပ်တဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်ဖို့ တိုင်းရင်းသားအားလုံး စုပေါင်းဖွဲ့စည်း တည်ထောင်နိုင် ခဲ့ပါသည်။

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြသဖြင့် ပင်လုံစာချုပ်လို့ ခေါ်ဝေါ်ခဲ့ကြပါသည်။ ပင်လုံစာချုပ်တွင် အချက်(၉)ချက်ပါဝင်ခဲ့ပါသည်။

    Credit – Zin Moe

  • သည္းထိတ္ရင္ဖို ႐ုပ္ရွင္ဇာတ္ကားေတြ ၾကည့္ရႈျခင္းရဲ႕ က်န္းမာေရး ေကာင္းက်ိဳး ၅ ခု

    သည္းထိတ္ရင္ဖို ႐ုပ္ရွင္ဇာတ္ကားေတြ ၾကည့္ရႈျခင္းရဲ႕ က်န္းမာေရး ေကာင္းက်ိဳး ၅ ခု

    ====================
    ====================

    ရင္တထိတ္ထိတ္ျဖစ္ေစတဲ့ သည္းထိတ္ရင္ဖို ႐ုပ္ရွင္ဇာတ္ကားေတြ ၾကည့္ရႈျခင္းဟာ က်န္းမာေရးကို အေထာက္အကူျဖစ္ေစတဲ့ ေကာင္းက်ိဳးေတြမ်ားစြာ ရွိတယ္လို႔ ေဆးသိပၸံပညာရွင္ေတြရဲ႕ေလ့လာခ်က္ေတြက ဆိုပါတယ္။ တကယ္လို႔ သင္ဟာ သည္းထိတ္ရင္ဖို ဇာတ္ကားေတြ အၾကည့္မ်ားသူ တဦးဆိုရင္ေတာ့ အခုေဖာ္ျပမယ့္ က်န္းမာေရးေကာင္းက်ိဳးေတြကို ရရွိမွာျဖစ္ပါတယ္။

    (၁) ကယ္လိုရီေတြကို ေလာင္ကြၽမ္းေစတယ္

    သင္ဟာေလ့က်င့္ခန္းလုပ္ဖို႔ အခ်ိန္မရွိသူ တဦးဆိုရင္ေတာ့ သည္းထိတ္ရင္ဖို ဇာတ္ကားေတြ ၾကည့္ရႈျခင္းက သင့္ကို ကူညီေပးနိုင္မွာျဖစ္ပါတယ္။ သည္းထိတ္ရင္ဖို ႐ုပ္ရွင္ကို မိနစ္ ၉၀ ခန႔္ၾကည့္ရႈလိုက္ျခင္းဟာ ကယ္လိုရီေပါင္း ၁၁၃ ကယ္လိုရီခန႔္ကို ေလာင္ကြၽမ္းေစနိုင္ၿပီး ဒါဟာဆိုရင္ေတာ့ မိနစ္ ၃၀ ခန႔္လမ္းေလွ်ာက္လိုက္ျခင္းအားျဖင့္ ေလာင္ကြၽမ္းေစတဲ့ ကယ္လိုရီပမာဏနဲ႕လည္း ညီမွ်ေနပါတယ္။

    (၂) ဦးေႏွာက္ရဲ႕လုပ္ေဆာင္ႏိုင္စြမ္းေတြကို ျမင့္တက္ေစတယ္

    ေလ့လာသူေတြရဲ႕အဆိုအရ သည္းထိတ္ရင္ဖို ဇာတ္ကားေတြ ၾကည့္ရႈျခင္းအားျဖင့္ ဦးေႏွာက္ကေန Glucose, Adrenaline နဲ႕ Cortisol တို႔ကို ထုတ္လႊတ္ေပးလိုက္တာေၾကာင့္ စိုးရိမ္ပူပန္မႈေတြကို ေလ်ာ့က်ေစတဲ့အျပင္ အာ႐ုံေၾကာေတြကို လန္းဆန္းေစတာေၾကာင့္ ဦးေႏွာက္ရဲ႕ လုပ္ေဆာင္နိုင္စြမ္းေတြကိုလည္း ျမင့္တက္ေစပါတယ္။

    (၃) ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတယ္

    ေလ့လာခ်က္ေတြအရ သည္းထိတ္ရင္ဖို ဇာတ္ကားတကား ၾကည့္ရႈလိုက္ျခင္းဟာ ခႏၶာကိုယ္တြင္းက ေသြးျဖဴဥဆဲလ္ေတြရဲ႕လုပ္ေဆာင္နိုင္စြမ္းကို ပိုမိုျမင့္တက္ေစၿပီး ခုခံအားစနစ္ကိုလည္း ေကာင္းမြန္ေစတယ္လို႔ ဆိုပါတယ္။

    (၄) စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစတယ္

    သင့္မွာ စိတ္ဖိစီးစရာ အေၾကာင္းကိစၥေတြနဲ႕ စိတ္ရႈပ္ေထြးေနတယ္ဆိုရင္ေတာ့ ေၾကာက္စရာအေကာင္းဆုံးဆိုတဲ့ သည္းထိတ္ရင္ဖို ဇာတ္ကားတကားကို ၾကည့္ရႈလိုက္ျခင္းက အံအားသင့္စရာ ေကာင္းေလာက္ေအာင္ စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစမွာ ျဖစ္ပါတယ္။

    (၅) စုံတြဲေတြ အတူတကြ ၾကည့္ရႈမယ္ဆိုရင္ အခ်စ္ေရးကို ပိုမိုေကာင္းမြန္ေစတယ္

    သည္းထိတ္ရင္ဖို ဇာတ္ကားေတြ ၾကည့္ရႈတဲ့အခါ ဦးေႏွာက္ကေန Dopamine နဲ႕ Serotonin ေဟာ္မုန္းေတြကို ထုတ္လႊတ္ေပးၿပီး ဒီေဟာ္မုန္းေတြဟာ တစုံတေယာက္ကို ခ်စ္စိတ္ဝင္ေစနိုင္တဲ့ ေဟာ္မုန္းေတြပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ စုံတြဲေတြအေနနဲ႕ သည္းထိတ္ရင္ဖို ႐ုပ္ရွင္ဇာတ္ကားေတြကို အတူတကြ ၾကည့္ရႈေပးသင့္ပါတယ္။

    ==========

    By ဟယ္လ္သင္

  • ဓနိဖူးေျခာက္ေရေႏြး၏ အစြမ္းမ်ား သိသူေဖာ္စား မသိသူေက်ာ္သြား

    (Zawgyi)

    ဓနိဖူးေျခာက္ေရေႏြး ေသာက္ရေအာင္

    သိသူေဖာ္စား မသိသူေက်ာ္သြား

    ျမန္မာျပည္ တနံတလ်ား ဒီေရေရာက္ေတာေတြမွာ ေပါက္ေရာက္ေနတဲ့ ဓနိပင္ေလးအေၾကာင္းေဖာက္သည္ခ်ပါရေစ။ ဓနိပင္ဆိုတာ ဓနိ႐ြက္ကို အိမ္မိုးတယ္၊ အရည္ကို အရက္ခ်က္တယ္လို႔ပဲ သာမာန္အားျဖင့္ သိထားၾကပါတယ္။ နယ္ခံေတြေျပာခ်က္အရ မိ႐ိုးဖလာအျဖစ္ ဓနိဖူးကို စားရင္ သြားနာ သြားကိုက္ေပ်ာက္တယ္ ဆိုတာေလာက္ပဲ သိထားေလေတာ့ သိပ္စိတ္မဝင္စားမိဘူး။ တခါမွ မစမ္းသပ္မိတာေရာ အက်ိဳးတရားကို မသိတာေရာ ပါပါတယ္ေလ။

    ဒီတခါ ျမန္မာျပည္ေရာက္ေတာ့ ေက်ာက္ျဖဴဘက္ကို ခရီးဆက္ထြက္ရတယ္။ ေက်ာက္ျဖဴသြား လမ္းမွာ က်မမိတ္ေဆြ ကႀကီးသားက ဓနိပင္နဲ႔ ပတ္သက္တဲ့ video file ေလး ဖြင့္ျပတယ္။ အခု သြားမဲ့ ရခိုင္ဘက္မွာ ဓနိပင္ေတြ ရွိတယ္။ ဓနိပင္ကထြက္တဲ့ ဓနိဖူးကို သင့္ေတာ္တဲ့ အ႐ြယ္အစားေလာက္ လွီး၊ အေျခာက္လွမ္းၿပီး က်ိဳေသာက္ရင္ သြားဖုံးေရာဂါ ေပ်ာက္တယ္၊ အေမာအပန္းေျပတယ္၊ ကင္ဆာအဖု အက်ိတ္ေပ်ာက္တယ္လို႔ အၾကမ္းဖ်ဥ္း ေျပာျပပါတယ္။ လြန္ခဲ့တဲ့လက သူ႔မိတ္ေဆြ ကႀကီးသား စစ္ေတြ သြားတာ ဓနိဖူးေျခာက္ ဝယ္လာၿပီး က်ိဳေသာက္တယ္လို႔ ေျပာတယ္။ ေက်ာက္ျဖဴေရာက္ရင္ ရွာဝယ္ေပးပါလို႔ ဆိုလာတယ္။ ေက်ာက္ျဖဴမွာ ေဒသခံေတြကို ေမးေတာ့ မသိဘူးတဲ့။ ဓနိပင္ေတြေတာ့ အမ်ားႀကီး ရွိတယ္။ မာန္ေအာင္ကြၽန္းဘက္မွာဆို ဧက ေလးငါးေသာင္းေလာက္ ရွိတယ္။ ဓနိဖူးေျခာက္ကို က်ိဳေသာက္လို႔ ေရာဂါေဝဒနာ ေပ်ာက္တယ္ဆိုတာ မသိဘူး။ ဓနိရည္ကေန အရက္ခ်က္ၾကတယ္လို႔ပဲ ေျပာၾကတယ္။ က်မလဲ ေရာက္ေလရာ ဓနိဖူးေျခာက္ ဘယ္မွာ ရႏိုင္မလဲပဲ ေမးေနရတယ္။ စစ္ေတြကေန သူ႔မိတ္ေဆြေတြ ဝယ္လာတာဆိုေတာ့ စစ္ေတြပဲ သြားလိုက္ဝယ္ေပးရမလို ျဖစ္ေနၿပီ။ (စစ္ေတြမွာ ကႀကီးသားတေယာက္က ဓနိဖူးေျခာက္ လုပ္ငန္း လုပ္ေနတယ္ဆိုပဲ) သိေတာ္မူတဲ့အတိုင္း ကႀကီးသားေတြက တေယာက္က ဒါဆိုရင္ ေနာက္တေယာက္လဲ ဒါပဲ။ အၿပိဳင္အဆိုင္ေတြ ဆိုေတာ့ မရမခ်င္း ေမးေပးေနရတယ္။ ေနာက္ဆုံး ေဒသခံက အေျခာက္ေတာ့ မရဘူး၊ အစိုေတာ့ရမယ္ ဆိုၿပီး ဓနိဖူးအစိုကို လိုခ်င္သေလာက္ ခုတ္ေပးလိုက္တယ္ ေအးေရာပဲ။ ေဟာ္တယ္ေရာက္မွ အစိတ္ေလးေတြ လုပ္ အေျခာက္ လွမ္းထားၿပီး ကိုရီးယားကို သယ္သြားလို႔ ေျပာလိုက္တယ္။ ဓနိဖူးကို ကိုရီးယားလို 해죽순 ဟဲဂ်ဳ႕ဆြန္းလို႔ ေခၚတယ္။ ဟဲဂ်ဳ႕ဆြန္းကို Youtube မွာ ရွာၾကည့္လိုက္ေတာ့ အားပါးပါး ဓနိဖူးကို သုေတသနျပဳထားတာေတြ ဓနိဖူးရဲ႕ အက်ိဳးအာနိသင္ေတြ ေျပာျပထားတာ အံ့ၾသစရာပါပဲ။

    ကိုရီးယားမွာ ေႏြဦးရာသီေရာက္ရင္ ကိုယ္ေပၚမွာ အပူနာလို အဖုအက်ိတ္ေတြ ထြက္လာရင္ သတိထားရပါမယ္တဲ့။ ကိုယ္ခႏၶာမွာ ေရဓာတ္ခမ္းေျခာက္ၿပီး ႐ုတ္တရက္ လဲက်ေသဆုံးတတ္တယ္။ တစ္ႏွစ္မွာ ေရဓာတ္ ခမ္းေျခာက္ျခင္းနဲ႔အတူ ႏွလုံးနဲ႔ အာ႐ုံေၾကာကို ထိခိုက္ၿပီး ေသဆုံးသူဟာ သာမန္ ေသဆုံးသူထက္ ၁. ၅ ဆ ရွိပါတယ္လို႔ ေဖာ္ျပထားတယ္။ အဲ့ဒါကို ကာကြယ္ဖို႔အတြက္ ရွာေဖြေတြ႕ရွိခ်က္ကေတာ့ ဓနိဖူးမွာ ရွိပါတယ္လို႔ ဆိုပါတယ္။

    ဓနိဖူးမွာ ဗီတာမင္ E ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာေရာဂါ၊ ကင္ဆာေရာဂါ ၊ ခံတြင္းထဲမွာ သြားဖုံးေရာင္၊ သြားနာ သြားကိုက္၊ သြားမခိုင္တာ၊ ခံတြင္းနံ႔မေကာင္းတာ၊ သြားေတြ ေႂကြက်တာအျပင္ မ်က္စိ အတြင္းတိမ္၊ အဆစ္အျမစ္ေရာင္၊ မ်က္ႏွာမွာ ဝက္ၿခံလို အဖုေတြ ထြက္တာ အကုန္ေပ်ာက္တယ္လို႔ ေဖာ္ျပထားပါတယ္။ မေကာင္းတဲ့ ကိုလက္စ္ထေရာကိုလည္း က်ေစတယ္။ ေဆး႐ုံက ဆင္းကာစ နာလန္ထ လူနာေတြလဲ ဓနိဖူးေျခာက္အရည္ကို ေသာက္ရင္ မၾကာခင္ပဲ နာလံထလာတယ္လို႔ သက္ေသျပဳၾကပါတယ္။

    ဓနိဖူးေျခာက္ကို ေရနဲ႔ ျပဳပ္ၿပီး ေရေႏြးေသာက္သလို ေသာက္မွ အက်ိဳးပိုရွိပါတယ္။ တခ်ိဳ႕က ဓနိဖူးေျခာက္ထမင္း ဓနိဖူးေျခာက္ ကင္ခ်ီ စသျဖင့္ ျပဳလုပ္စားေသာက္ၾကတယ္လို႔ ေဖာ္ျပထားပါတယ္။ ဓနိဖူးေျခာက္ရည္ကို ေကာ္ဖီအစားထိုး ေသာက္မယ္ဆိုရင္ က်န္းမာေရးကို အေထာက္အကူ ေပးပါတယ္လို႔ ကိုရီးယား အသိုင္းအဝိုင္းမွာ ေျပာေနၾကပါၿပီ။ ဓနိဖူးဟာ ၾကက္သြန္ျဖဴ၊ ဘလူးဘယ္ရီတို႔ထက္အက်ိဳးအာနိသင္ ထက္ျမက္တယ္လို႔ ေဖာ္ျပထားပါတယ္။ ကိုရီးယားေတြဟာ ဓနိဖူးကို ရွာေဖြတဲ့အခါ ေလယာဥ္နဲ႔ ၆ နာရီသာ ကြာေဝးတဲ့ ျမန္မာျပည္မွာ ေတြ႕သြားပါတယ္။ ပင္လယ္ဒီေရ အတက္အက်နဲ႔ ပင္လယ္ကမ္းစပ္ေတြမွာ ေပါက္ေရာက္တဲ့ ဓနိပင္ေတြဟာ ေလတိုက္တိုင္း ယိမ္းႏြဲ႕ေနပုံက ကိုရီးယားေတြကို လက္ယပ္ေခၚေနသလိုပါပဲ။ ျမန္မာျပည္ တနံတလ်ား ပင္လယ္ဒီေရ တက္ေရာက္ရာ ဒီေရာက္ေတာရဲ႕ ရတနာ ဓနိဖူးေတြကို လက္တကမ္းအကြာမွာ ရွိတဲ့ က်မတို႔ ျမန္မာႏိုင္ငံသားေတြေရာက်န္းမာေရး အေထာက္အကူအျဖစ္ သုံးစြဲလို႔ မရႏိုင္ေပဘူးလား။ ဘာ့ေၾကာင့္လဲဆိုေတာ့ ကိုရီးယားေတြေတာင္ ဓနိဖူးေျခာက္ကို ႀကိဳတင္ကာကြယ္ကုသတဲ့ က်န္းမာေရး အေထာက္အကူျပဳ အစားအစာ တရပ္လို႔ ယူဆထားတဲ့ အတြက္ေၾကာင့္ပါပဲ။

    ဓနိဖူးေျခာက္ေရေႏြး ေသာက္ျခင္းျဖင့္ ေရာဂါေဝဒနာမ်ား သက္သာေပ်ာက္ကင္းၾကပါေစ။

    Credit – မာလာေ႐ႊ၊ ရမၼာရမၼာေျမရဲ႕ သဘာဝ အလွအပမ်ား

    (Unicode)

    ဓနိဖူးခြောက်ရေနွေး သောက်ရအောင်

    သိသူဖော်စား မသိသူကျော်သွား

    မြန်မာပြည် တနံတလျား ဒီရေရောက်တောတွေမှာ ပေါက်ရောက်နေတဲ့ ဓနိပင်လေးအကြောင်းဖောက်သည်ချပါရစေ။ ဓနိပင်ဆိုတာ ဓနိရွက်ကို အိမ်မိုးတယ်၊ အရည်ကို အရက်ချက်တယ်လို့ပဲ သာမာန်အားဖြင့် သိထားကြပါတယ်။ နယ်ခံတွေပြောချက်အရ မိရိုးဖလာအဖြစ် ဓနိဖူးကို စားရင် သွားနာ သွားကိုက်ပျောက်တယ် ဆိုတာလောက်ပဲ သိထားလေတော့ သိပ်စိတ်မဝင်စားမိဘူး။ တခါမှ မစမ်းသပ်မိတာရော အကျိုးတရားကို မသိတာရော ပါပါတယ်လေ။

    ဒီတခါ မြန်မာပြည်ရောက်တော့ ကျောက်ဖြူဘက်ကို ခရီးဆက်ထွက်ရတယ်။ ကျောက်ဖြူသွား လမ်းမှာ ကျမမိတ်ဆွေ ကကြီးသားက ဓနိပင်နဲ့ ပတ်သက်တဲ့ video file လေး ဖွင့်ပြတယ်။ အခု သွားမဲ့ ရခိုင်ဘက်မှာ ဓနိပင်တွေ ရှိတယ်။ ဓနိပင်ကထွက်တဲ့ ဓနိဖူးကို သင့်တော်တဲ့ အရွယ်အစားလောက် လှီး၊ အခြောက်လှမ်းပြီး ကျိုသောက်ရင် သွားဖုံးရောဂါ ပျောက်တယ်၊ အမောအပန်းပြေတယ်၊ ကင်ဆာအဖု အကျိတ်ပျောက်တယ်လို့ အကြမ်းဖျဉ်း ပြောပြပါတယ်။ လွန်ခဲ့တဲ့လက သူ့မိတ်ဆွေ ကကြီးသား စစ်တွေ သွားတာ ဓနိဖူးခြောက် ဝယ်လာပြီး ကျိုသောက်တယ်လို့ ပြောတယ်။ ကျောက်ဖြူရောက်ရင် ရှာဝယ်ပေးပါလို့ ဆိုလာတယ်။ ကျောက်ဖြူမှာ ဒေသခံတွေကို မေးတော့ မသိဘူးတဲ့။ ဓနိပင်တွေတော့ အများကြီး ရှိတယ်။ မာန်အောင်ကျွန်းဘက်မှာဆို ဧက လေးငါးသောင်းလောက် ရှိတယ်။ ဓနိဖူးခြောက်ကို ကျိုသောက်လို့ ရောဂါဝေဒနာ ပျောက်တယ်ဆိုတာ မသိဘူး။ ဓနိရည်ကနေ အရက်ချက်ကြတယ်လို့ပဲ ပြောကြတယ်။ ကျမလဲ ရောက်လေရာ ဓနိဖူးခြောက် ဘယ်မှာ ရနိုင်မလဲပဲ မေးနေရတယ်။ စစ်တွေကနေ သူ့မိတ်ဆွေတွေ ဝယ်လာတာဆိုတော့ စစ်တွေပဲ သွားလိုက်ဝယ်ပေးရမလို ဖြစ်နေပြီ။ (စစ်တွေမှာ ကကြီးသားတယောက်က ဓနိဖူးခြောက် လုပ်ငန်း လုပ်နေတယ်ဆိုပဲ) သိတော်မူတဲ့အတိုင်း ကကြီးသားတွေက တယောက်က ဒါဆိုရင် နောက်တယောက်လဲ ဒါပဲ။ အပြိုင်အဆိုင်တွေ ဆိုတော့ မရမချင်း မေးပေးနေရတယ်။ နောက်ဆုံး ဒေသခံက အခြောက်တော့ မရဘူး၊ အစိုတော့ရမယ် ဆိုပြီး ဓနိဖူးအစိုကို လိုချင်သလောက် ခုတ်ပေးလိုက်တယ် အေးရောပဲ။ ဟော်တယ်ရောက်မှ အစိတ်လေးတွေ လုပ် အခြောက် လှမ်းထားပြီး ကိုရီးယားကို သယ်သွားလို့ ပြောလိုက်တယ်။ ဓနိဖူးကို ကိုရီးယားလို 해죽순 ဟဲဂျု့ဆွန်းလို့ ခေါ်တယ်။ ဟဲဂျု့ဆွန်းကို Youtube မှာ ရှာကြည့်လိုက်တော့ အားပါးပါး ဓနိဖူးကို သုတေသနပြုထားတာတွေ ဓနိဖူးရဲ့ အကျိုးအာနိသင်တွေ ပြောပြထားတာ အံ့သြစရာပါပဲ။

    ကိုရီးယားမှာ နွေဦးရာသီရောက်ရင် ကိုယ်ပေါ်မှာ အပူနာလို အဖုအကျိတ်တွေ ထွက်လာရင် သတိထားရပါမယ်တဲ့။ ကိုယ်ခန္ဓာမှာ ရေဓာတ်ခမ်းခြောက်ပြီး ရုတ်တရက် လဲကျသေဆုံးတတ်တယ်။ တစ်နှစ်မှာ ရေဓာတ် ခမ်းခြောက်ခြင်းနဲ့အတူ နှလုံးနဲ့ အာရုံကြောကို ထိခိုက်ပြီး သေဆုံးသူဟာ သာမန် သေဆုံးသူထက် ၁. ၅ ဆ ရှိပါတယ်လို့ ဖော်ပြထားတယ်။ အဲ့ဒါကို ကာကွယ်ဖို့အတွက် ရှာဖွေတွေ့ရှိချက်ကတော့ ဓနိဖူးမှာ ရှိပါတယ်လို့ ဆိုပါတယ်။

    ဓနိဖူးမှာ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက်နဲ့ အာရုံကြောရောဂါ၊ ကင်ဆာရောဂါ ၊ ခံတွင်းထဲမှာ သွားဖုံးရောင်၊ သွားနာ သွားကိုက်၊ သွားမခိုင်တာ၊ ခံတွင်းနံ့မကောင်းတာ၊ သွားတွေ ကြွေကျတာအပြင် မျက်စိ အတွင်းတိမ်၊ အဆစ်အမြစ်ရောင်၊ မျက်နှာမှာ ဝက်ခြံလို အဖုတွေ ထွက်တာ အကုန်ပျောက်တယ်လို့ ဖော်ပြထားပါတယ်။ မကောင်းတဲ့ ကိုလက်စ်ထရောကိုလည်း ကျစေတယ်။ ဆေးရုံက ဆင်းကာစ နာလန်ထ လူနာတွေလဲ ဓနိဖူးခြောက်အရည်ကို သောက်ရင် မကြာခင်ပဲ နာလံထလာတယ်လို့ သက်သေပြုကြပါတယ်။

    ဓနိဖူးခြောက်ကို ရေနဲ့ ပြုပ်ပြီး ရေနွေးသောက်သလို သောက်မှ အကျိုးပိုရှိပါတယ်။ တချို့က ဓနိဖူးခြောက်ထမင်း ဓနိဖူးခြောက် ကင်ချီ စသဖြင့် ပြုလုပ်စားသောက်ကြတယ်လို့ ဖော်ပြထားပါတယ်။ ဓနိဖူးခြောက်ရည်ကို ကော်ဖီအစားထိုး သောက်မယ်ဆိုရင် ကျန်းမာရေးကို အထောက်အကူ ပေးပါတယ်လို့ ကိုရီးယား အသိုင်းအဝိုင်းမှာ ပြောနေကြပါပြီ။ ဓနိဖူးဟာ ကြက်သွန်ဖြူ၊ ဘလူးဘယ်ရီတို့ထက်အကျိုးအာနိသင် ထက်မြက်တယ်လို့ ဖော်ပြထားပါတယ်။ ကိုရီးယားတွေဟာ ဓနိဖူးကို ရှာဖွေတဲ့အခါ လေယာဉ်နဲ့ ၆ နာရီသာ ကွာဝေးတဲ့ မြန်မာပြည်မှာ တွေ့သွားပါတယ်။ ပင်လယ်ဒီရေ အတက်အကျနဲ့ ပင်လယ်ကမ်းစပ်တွေမှာ ပေါက်ရောက်တဲ့ ဓနိပင်တွေဟာ လေတိုက်တိုင်း ယိမ်းနွဲ့နေပုံက ကိုရီးယားတွေကို လက်ယပ်ခေါ်နေသလိုပါပဲ။ မြန်မာပြည် တနံတလျား ပင်လယ်ဒီရေ တက်ရောက်ရာ ဒီရောက်တောရဲ့ ရတနာ ဓနိဖူးတွေကို လက်တကမ်းအကွာမှာ ရှိတဲ့ ကျမတို့ မြန်မာနိုင်ငံသားတွေရောကျန်းမာရေး အထောက်အကူအဖြစ် သုံးစွဲလို့ မရနိုင်ပေဘူးလား။ ဘာ့ကြောင့်လဲဆိုတော့ ကိုရီးယားတွေတောင် ဓနိဖူးခြောက်ကို ကြိုတင်ကာကွယ်ကုသတဲ့ ကျန်းမာရေး အထောက်အကူပြု အစားအစာ တရပ်လို့ ယူဆထားတဲ့ အတွက်ကြောင့်ပါပဲ။

    ဓနိဖူးခြောက်ရေနွေး သောက်ခြင်းဖြင့် ရောဂါဝေဒနာများ သက်သာပျောက်ကင်းကြပါစေ။

    Credit – မာလာရွှေ၊ ရမ္မာရမ္မာမြေရဲ့ သဘာဝ အလှအပများ

  • ျမန္မာႏိုင္ငံ ေတာေတာင္မ်ားရွိ တန္ဖိုးႀကီးမားသည့္ အရာမ်ား

    (Zawgyi)

    ျမန္မာႏိုင္ငံ ေတာေတာင္မ်ားရွိ တန္ဖိုးႀကီးမားသည့္ အရာမ်ား (ထက္ ျမတ္ ေအာင္)

    ေညာင္နီပင္

    ေညာင္နီပင္

    ျမန္မာႏိုင္ငံမွာရွိတဲ့ ေတာထဲတြင္ ရံဖန္ရံခါ ေတြရေလ့ ရွိေသာ ေညာင္ပင္နီျဖစ္သည္။ သစ္ပင္ကိုင္းအား ဓါးျဖင့္ ခုတ္လွ်င္ လူကဲ့သို႔ ေသြးမ်ားထြက္သည္။ တ႐ုတ္ႏိူင္ငံမွ အဓိကထား ဝယ္သည္ဟု သိရသည္။ 1968 ခုႏွစ္တြင္ ပဲခူး႐ိုးမတြင္ ကြန္ျမဴနစ္ ေခါင္းေဆာင္တစ္ဦးမွ ထိုအပင္ကို ေတြ႕ရွိ၍ အပင္လိုက္ခုတ္ကာ တ႐ုတ္ႏိူင္ငံသို႔ ေရာင္းခ်ခဲ့သည္ဟု သိရသည္။ ယခုေခတ္တြင္လည္း ထိုအပင္ကို လိုက္လံရွာေဖြ ဝယ္ယူေနေသာ ထိုင္းလူမ်ိဳး အခ်ိဳ႕ႏွင္ တ႐ုတ္လူမ်ိဳးတို႔ကို ေတြ႕ဖူးသည္။ ေဒသခံအခ်ိဳ႕ ေတြ႕ဖူးလွ်င္ လမ္းျပေၾကးေပးကာ လိုက္လံ ရွာေဖြတက္ၾကသည္။ ထိုအပင္သည္ ေက်ာက္မ်က္အတု လုပ္သည့္ လုပ္ငန္းႏွင့္ ေဆးဝါးေဖာ္စပ္သည့္ ေနရာတြင္ အလြန္အသုံးဝင္သည္ဟု ၾကားဖူးသည္။ ယခုအခါ ထိုအပင္မွာ မရွိသေလာက္ ရွားပါးသြားသည္။

    ကြၽန္းနက္

    ကြ်န္းနက္

    ျမန္မာႏိုင္ငံရွိ ေရနံေျမႏွင့္ ဆက္စပ္ေနေသာ ေဒသအခ်ိဳ႕တြင္ ေပါက္ေရာက္သည္။ ကြၽန္းနက္သည္ မူလအစက ကြၽန္းဖိုပင္ ျဖစ္ေသာ္လည္း ေရနံေျမ၏ ေအာက္ခံေျမဆီလြာႏွင့္ ေက်ာက္အလြာေၾကာင့္ သက္တမ္း ရင့္လာသည့္အခါ ကြၽန္းနက္ အျဖစ္သို႔ေျပာင္းလဲသြားသည္။ ကြၽန္းနက္အား အဂၢရိတ္ ထိုးသည့္ေနရာတြင္ အလြန္အသုံးဝင္သည္။ ကြၽန္းနက္အား အဆီအႏွစ္ ထုတ္ကာ အဂၢရိတ္ပညာျဖင့္ သံလုံးရေအာင္ လုပ္သည္။ ကြၽန္းနက္၏ မူလအသားမွာလဲ မီးရႈိ႕၍ ျပာခ်လွ်င္ သံလိုက္ သေယာင္ရွိသည္။

    အဂၢရိတ္ပညာျဖင့္ ဓါတ္လုံးရေအာင္ ထိုးႏိုင္လွ်င္ ပီယသီဒၥီ၊ ကာယသိဒြီတို႔၌ အလြန္ထူးျခားသည္။ ဂမၻီရအႏြယ္ဝင္ သစ္ပင္ ျဖစ္ေသာေၾကာင့္ ေတာ္႐ုံတန္႐ုံ ေတြ႕ရွိဖို႔ မလြယ္ကူသလို ေတြ႕ရွိသည့္ ကြၽန္းနက္ပင္ အခ်ိဳ႕မွာလဲ ဘုရားဆင္းထု ထုပ္လုပ္ရန္သာ အသုံးဝင္သည္။ ကြၽန္းနက္သားအစစ္အား ပိသာခ်ိန္ျဖင့္ ခ်ိန္တြယ္ကာ သိန္းဂဏန္းက်ပ္ျဖင့္ ဝယ္ယူေၾကာင္း သိရသည္။

    ဝါးအျမဴေတ

    ၀ါးအျမဴေတ

    ဝါးအျမဴေတသည္ ဝါးေတာမ်ားထဲတြင္ တစ္ပင္တည္း ထူးျခားစြာ ေပါက္သည္။ ဝါးမ်ားထဲတြင္ သေႏၶ တည္သည္။ ပုံစံမွာ အလုံး သို႔မဟုတ္ ႏြယ္ပင္ကဲ့သို႔ ပုံစံမ်ိဳးျဖစ္သည္။ ဝါးအျမဴေတသည္ လျပည့္၊ လကြယ္ ညမ်ားတြင္ ထိုဝါးထဲမွ စကားေျပာသံမ်ား သီခ်င္းဆိုသံမ်ား ဝါးႀကိတ္သံမ်ား ၾကားရတက္သည္။ ပုဂံေခတ္က ဝါးထဲမွ ေမြးဖြား၍ ဘုရင့္မိဖုရား ျဖစ္သြားေသာ ေဝဠဳဝတီ မိဖုရားသည္ ထိုအျမဴေတမွ ေပါက္ဖြားသည့္ဟု ၾကားဖူးသည္။ ထိုဝါးအျမဴေတအား အိမ္၌ ေဆာင္ထားလွ်င္ စီးပြားတက္ျခင္း၊ လာဒ္လာဘပြင့္ျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိသည္။ အထူးသျဖင့္ စုန္း၊ ကေဝ ေအာက္လမ္းတို႔ မျပဳစားႏိုင္ေသာေၾကာင့္ စုန္းယုံၾကည္ေသာ အာရွႏိုင္ငံအခ်ိဳ႕ႏွင့္ အာဖရိကႏိုင္ငံအခ်ိဳ႕က ေဈးေကာင္းေပး၍ ဝယ္တက္သည္။

    ၀ါးအျမဴေတ

    သစ္ကြင္း

    သစ္ကြင္း

    ေတာႀကီး ေတာင္ႀကီးမ်ားတြင္သာ ေတြ႕ရတက္သည္။ ပုံပါ သစ္ကြင္းမ်ားကို အိမ္၌ ေဆာင္ထားလွ်င္ မီးကြင္းသည္။ လူ၊နတ္ ခ်စ္ခင္သည္။ စုန္း၊ ေအာက္လမ္းတို႔ ျပဳစားျခင္း ကင္းလြတ္သည္။ စုန္းယုံၾကည္ေသာ ျမန္မာလူမ်ိဳးမ်ားႏွင့္ ထိုင္းလူမ်ိဳး၊ မေလးလူမ်ိဳးတို႔က ေဈးေကာင္းေပး၍ ဝယ္တက္သည္။

    သစ္ကြင္း

    သံစားေက်ာက္

    သံစားေက်ာက္

    ေရွးေဟာင္းပစၥည္း ပြဲစားမ်ားႏွင့္ ထိုင္းလူမ်ိဳးမ်ား အလြန္လိုခ်င္ေနေသာ ေက်ာက္တစ္မ်ိဳးျဖစ္သည္။ ထိုေက်ာက္ကို ေရတံခြန္မ်ား ေပါမ်ားရာ ေဒသႏွင့္ မီးေတာင္မ်ားရွိရာ ေဒသတို႔တြင္သာ ေတြ႕ရတက္သည္။ ထိုေက်ာက္၏ ကာလေပါက္ေဈး တန္ဖိုးမွာ သိန္းတစ္ေထာင္ေအာက္သာ ျဖစ္သည္။ ထိုေက်ာက္သည္မိုးေရ၊ ေအာက္ဆီဂ်င္ႏွင့္ အိုင္းယြန္းဆာလျဖဴရစ္တို႔ႏွင့္ ထိေတြ႕ၿပီး ဓါတ္ျပဳကာ အက္ဆစ္ဓါတ္ ျဖစ္ေပၚေသာေၾကာင့္ သံအရည္ေပ်ာ္ျခင္း ျဖစ္သည္။အရည္ေပ်ာ္သည္မွာလဲ ခ်က္ခ်င္းေပ်ာ္သြားျခင္း မဟုတ္ဘဲ ႏွစ္ရက္ သုံးရက္ ခန႔္မွသာ အရည္ေပ်ာ္ျခင္း ျဖစ္သည္။

    ျခသံ

    ျခသံ

    အဂၢရိတ္ပညာရွင္မ်ား ေတာထဲရွိ ျခေတာင္ပို႔မ်ားအား ၿဖိဳ၍ ရွာေသာ ေက်ာက္တစ္မ်ိဳးျဖစ္သည္။ ျခသံစစ္လွ်င္ေက်ာက္ပ်ဥ္၌ ေသြးလွ်င္ ႏို႔ကဲ့သို႔ အျဖဴေရာင္အရည္မ်ား ထြက္တက္သည္။ ပုဂံေခတ္ ရွင္အဇၨေဂါဏ၏ မုဆိုးမ ဘုရားတည္ႏိူင္ေသာ ေ႐ႊျဖစ္၊ ေငြျဖစ္လမ္းစဥ္ ေအာင္ျမင္ရျခင္းသည္ ျခသံ၏ အေရးပါမူေၾကာင့္လဲ ျဖစ္သည္။

    ေက်ာက္လိပ္၊ ေက်ာက္ခ႐ုႏွင့္ ေက်ာက္ငါး

    ေက်ာက္ငါး

    ထို ေက်ာက္ျဖစ္ေနေသာ ေရေနသတၱဝါမ်ားအား ေက်ာက္ေဆာင္ ထူထပ္၍ ေရႏွင့္နီးသည့္ ေနရာမ်ားတြင္ ေတြ႕ရတက္သည္။ ထိုေက်ာက္သတၱဝါမ်ား၏ အသုံးဝင္ပုံမွာ ေရဖလားထဲတြင္ထည့္၍ ျပဒါးေကြၽးထားလွ်င္ ရက္အတန္ၾကာသည့္အခါ ထိုေက်ာက္သတၱဝါမ်ား စြန႔္ပစ္ေသာ အညစ္ေၾကးမွာ ေ႐ႊျဖစ္ေနတက္သည္ဟု ၾကားဖူးသည္။

    Credit – ထက္ ျမတ္ ေအာင္

    Source – https://www.facebook.com/thet.maung.714655/posts/592792347836854

    (Unicode)

    မြန်မာနိုင်ငံ တောတောင်များရှိ တန်ဖိုးကြီးမားသည့် အရာများ

    ညောင်နီပင်

    မြန်မာနိုင်ငံမှာရှိတဲ့ တောထဲတွင် ရံဖန်ရံခါ တွေရလေ့ ရှိသော ညောင်ပင်နီဖြစ်သည်။ သစ်ပင်ကိုင်းအား ဓါးဖြင့် ခုတ်လျှင် လူကဲ့သို့ သွေးများထွက်သည်။ တရုတ်နိူင်ငံမှ အဓိကထား ဝယ်သည်ဟု သိရသည်။ 1968 ခုနှစ်တွင် ပဲခူးရိုးမတွင် ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးမှ ထိုအပင်ကို တွေ့ရှိ၍ အပင်လိုက်ခုတ်ကာ တရုတ်နိူင်ငံသို့ ရောင်းချခဲ့သည်ဟု သိရသည်။ ယခုခေတ်တွင်လည်း ထိုအပင်ကို လိုက်လံရှာဖွေ ဝယ်ယူနေသော ထိုင်းလူမျိုး အချို့နှင် တရုတ်လူမျိုးတို့ကို တွေ့ဖူးသည်။ ဒေသခံအချို့ တွေ့ဖူးလျှင် လမ်းပြကြေးပေးကာ လိုက်လံ ရှာဖွေတက်ကြသည်။ ထိုအပင်သည် ကျောက်မျက်အတု လုပ်သည့် လုပ်ငန်းနှင့် ဆေးဝါးဖော်စပ်သည့် နေရာတွင် အလွန်အသုံးဝင်သည်ဟု ကြားဖူးသည်။ ယခုအခါ ထိုအပင်မှာ မရှိသလောက် ရှားပါးသွားသည်။

    ကျွန်းနက်

    မြန်မာနိုင်ငံရှိ ရေနံမြေနှင့် ဆက်စပ်နေသော ဒေသအချို့တွင် ပေါက်ရောက်သည်။ ကျွန်းနက်သည် မူလအစက ကျွန်းဖိုပင် ဖြစ်သော်လည်း ရေနံမြေ၏ အောက်ခံမြေဆီလွာနှင့် ကျောက်အလွာကြောင့် သက်တမ်း ရင့်လာသည့်အခါ ကျွန်းနက် အဖြစ်သို့ပြောင်းလဲသွားသည်။ ကျွန်းနက်အား အဂ္ဂရိတ် ထိုးသည့်နေရာတွင် အလွန်အသုံးဝင်သည်။ ကျွန်းနက်အား အဆီအနှစ် ထုတ်ကာ အဂ္ဂရိတ်ပညာဖြင့် သံလုံးရအောင် လုပ်သည်။ ကျွန်းနက်၏ မူလအသားမှာလဲ မီးရှို့၍ ပြာချလျှင် သံလိုက် သယောင်ရှိသည်။

    အဂ္ဂရိတ်ပညာဖြင့် ဓါတ်လုံးရအောင် ထိုးနိုင်လျှင် ပီယသီဒ္စီ၊ ကာယသိဒွီတို့၌ အလွန်ထူးခြားသည်။ ဂမ္ဘီရအနွယ်ဝင် သစ်ပင် ဖြစ်သောကြောင့် တော်ရုံတန်ရုံ တွေ့ရှိဖို့ မလွယ်ကူသလို တွေ့ရှိသည့် ကျွန်းနက်ပင် အချို့မှာလဲ ဘုရားဆင်းထု ထုပ်လုပ်ရန်သာ အသုံးဝင်သည်။ ကျွန်းနက်သားအစစ်အား ပိသာချိန်ဖြင့် ချိန်တွယ်ကာ သိန်းဂဏန်းကျပ်ဖြင့် ဝယ်ယူကြောင်း သိရသည်။

    ဝါးအမြူတေ

    ဝါးအမြူတေသည် ဝါးတောများထဲတွင် တစ်ပင်တည်း ထူးခြားစွာ ပေါက်သည်။ ဝါးများထဲတွင် သန္ဓေ တည်သည်။ ပုံစံမှာ အလုံး သို့မဟုတ် နွယ်ပင်ကဲ့သို့ ပုံစံမျိုးဖြစ်သည်။ ဝါးအမြူတေသည် လပြည့်၊ လကွယ် ညများတွင် ထိုဝါးထဲမှ စကားပြောသံများ သီချင်းဆိုသံများ ဝါးကြိတ်သံများ ကြားရတက်သည်။ ပုဂံခေတ်က ဝါးထဲမှ မွေးဖွား၍ ဘုရင့်မိဖုရား ဖြစ်သွားသော ဝေဠုဝတီ မိဖုရားသည် ထိုအမြူတေမှ ပေါက်ဖွားသည့်ဟု ကြားဖူးသည်။ ထိုဝါးအမြူတေအား အိမ်၌ ဆောင်ထားလျှင် စီးပွားတက်ခြင်း၊ လာဒ်လာဘပွင့်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိသည်။ အထူးသဖြင့် စုန်း၊ ကဝေ အောက်လမ်းတို့ မပြုစားနိုင်သောကြောင့် စုန်းယုံကြည်သော အာရှနိုင်ငံအချို့နှင့် အာဖရိကနိုင်ငံအချို့က ဈေးကောင်းပေး၍ ဝယ်တက်သည်။

    သစ်ကွင်း

    တောကြီး တောင်ကြီးများတွင်သာ တွေ့ရတက်သည်။ ပုံပါ သစ်ကွင်းများကို အိမ်၌ ဆောင်ထားလျှင် မီးကွင်းသည်။ လူ၊နတ် ချစ်ခင်သည်။ စုန်း၊ အောက်လမ်းတို့ ပြုစားခြင်း ကင်းလွတ်သည်။ စုန်းယုံကြည်သော မြန်မာလူမျိုးများနှင့် ထိုင်းလူမျိုး၊ မလေးလူမျိုးတို့က ဈေးကောင်းပေး၍ ဝယ်တက်သည်။

    သံစားကျောက်

    ရှေးဟောင်းပစ္စည်း ပွဲစားများနှင့် ထိုင်းလူမျိုးများ အလွန်လိုချင်နေသော ကျောက်တစ်မျိုးဖြစ်သည်။ ထိုကျောက်ကို ရေတံခွန်များ ပေါများရာ ဒေသနှင့် မီးတောင်များရှိရာ ဒေသတို့တွင်သာ တွေ့ရတက်သည်။ ထိုကျောက်၏ ကာလပေါက်ဈေး တန်ဖိုးမှာ သိန်းတစ်ထောင်အောက်သာ ဖြစ်သည်။ ထိုကျောက်သည်မိုးရေ၊ အောက်ဆီဂျင်နှင့် အိုင်းယွန်းဆာလဖြူရစ်တို့နှင့် ထိတွေ့ပြီး ဓါတ်ပြုကာ အက်ဆစ်ဓါတ် ဖြစ်ပေါ်သောကြောင့် သံအရည်ပျော်ခြင်း ဖြစ်သည်။အရည်ပျော်သည်မှာလဲ ချက်ချင်းပျော်သွားခြင်း မဟုတ်ဘဲ နှစ်ရက် သုံးရက် ခန့်မှသာ အရည်ပျော်ခြင်း ဖြစ်သည်။

    ခြသံ

    အဂ္ဂရိတ်ပညာရှင်များ တောထဲရှိ ခြတောင်ပို့များအား ဖြို၍ ရှာသော ကျောက်တစ်မျိုးဖြစ်သည်။ ခြသံစစ်လျှင်ကျောက်ပျဉ်၌ သွေးလျှင် နို့ကဲ့သို့ အဖြူရောင်အရည်များ ထွက်တက်သည်။ ပုဂံခေတ် ရှင်အဇ္ဇဂေါဏ၏ မုဆိုးမ ဘုရားတည်နိူင်သော ရွှေဖြစ်၊ ငွေဖြစ်လမ်းစဉ် အောင်မြင်ရခြင်းသည် ခြသံ၏ အရေးပါမူကြောင့်လဲ ဖြစ်သည်။

    ကျောက်လိပ်၊ ကျောက်ခရုနှင့် ကျောက်ငါး

    ထို ကျောက်ဖြစ်နေသော ရေနေသတ္တဝါများအား ကျောက်ဆောင် ထူထပ်၍ ရေနှင့်နီးသည့် နေရာများတွင် တွေ့ရတက်သည်။ ထိုကျောက်သတ္တဝါများ၏ အသုံးဝင်ပုံမှာ ရေဖလားထဲတွင်ထည့်၍ ပြဒါးကျွေးထားလျှင် ရက်အတန်ကြာသည့်အခါ ထိုကျောက်သတ္တဝါများ စွန့်ပစ်သော အညစ်ကြေးမှာ ရွှေဖြစ်နေတက်သည်ဟု ကြားဖူးသည်။

    Credit – ထက် မြတ် အောင်

    Source – https://www.facebook.com/thet.maung.714655/posts/592792347836854

    (Unicode)

    မြန်မာနိုင်ငံ တောတောင်များရှိ တန်ဖိုးကြီးမားသည့် အရာများ

    ညောင်နီပင်

    မြန်မာနိုင်ငံမှာရှိတဲ့ တောထဲတွင် ရံဖန်ရံခါ တွေရလေ့ ရှိသော ညောင်ပင်နီဖြစ်သည်။ သစ်ပင်ကိုင်းအား ဓါးဖြင့် ခုတ်လျှင် လူကဲ့သို့ သွေးများထွက်သည်။ တရုတ်နိူင်ငံမှ အဓိကထား ဝယ်သည်ဟု သိရသည်။ 1968 ခုနှစ်တွင် ပဲခူးရိုးမတွင် ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးမှ ထိုအပင်ကို တွေ့ရှိ၍ အပင်လိုက်ခုတ်ကာ တရုတ်နိူင်ငံသို့ ရောင်းချခဲ့သည်ဟု သိရသည်။ ယခုခေတ်တွင်လည်း ထိုအပင်ကို လိုက်လံရှာဖွေ ဝယ်ယူနေသော ထိုင်းလူမျိုး အချို့နှင် တရုတ်လူမျိုးတို့ကို တွေ့ဖူးသည်။ ဒေသခံအချို့ တွေ့ဖူးလျှင် လမ်းပြကြေးပေးကာ လိုက်လံ ရှာဖွေတက်ကြသည်။ ထိုအပင်သည် ကျောက်မျက်အတု လုပ်သည့် လုပ်ငန်းနှင့် ဆေးဝါးဖော်စပ်သည့် နေရာတွင် အလွန်အသုံးဝင်သည်ဟု ကြားဖူးသည်။ ယခုအခါ ထိုအပင်မှာ မရှိသလောက် ရှားပါးသွားသည်။

    ကျွန်းနက်

    မြန်မာနိုင်ငံရှိ ရေနံမြေနှင့် ဆက်စပ်နေသော ဒေသအချို့တွင် ပေါက်ရောက်သည်။ ကျွန်းနက်သည် မူလအစက ကျွန်းဖိုပင် ဖြစ်သော်လည်း ရေနံမြေ၏ အောက်ခံမြေဆီလွာနှင့် ကျောက်အလွာကြောင့် သက်တမ်း ရင့်လာသည့်အခါ ကျွန်းနက် အဖြစ်သို့ပြောင်းလဲသွားသည်။ ကျွန်းနက်အား အဂ္ဂရိတ် ထိုးသည့်နေရာတွင် အလွန်အသုံးဝင်သည်။ ကျွန်းနက်အား အဆီအနှစ် ထုတ်ကာ အဂ္ဂရိတ်ပညာဖြင့် သံလုံးရအောင် လုပ်သည်။ ကျွန်းနက်၏ မူလအသားမှာလဲ မီးရှို့၍ ပြာချလျှင် သံလိုက် သယောင်ရှိသည်။

    အဂ္ဂရိတ်ပညာဖြင့် ဓါတ်လုံးရအောင် ထိုးနိုင်လျှင် ပီယသီဒ္စီ၊ ကာယသိဒွီတို့၌ အလွန်ထူးခြားသည်။ ဂမ္ဘီရအနွယ်ဝင် သစ်ပင် ဖြစ်သောကြောင့် တော်ရုံတန်ရုံ တွေ့ရှိဖို့ မလွယ်ကူသလို တွေ့ရှိသည့် ကျွန်းနက်ပင် အချို့မှာလဲ ဘုရားဆင်းထု ထုပ်လုပ်ရန်သာ အသုံးဝင်သည်။ ကျွန်းနက်သားအစစ်အား ပိသာချိန်ဖြင့် ချိန်တွယ်ကာ သိန်းဂဏန်းကျပ်ဖြင့် ဝယ်ယူကြောင်း သိရသည်။

    ဝါးအမြူတေ

    ဝါးအမြူတေသည် ဝါးတောများထဲတွင် တစ်ပင်တည်း ထူးခြားစွာ ပေါက်သည်။ ဝါးများထဲတွင် သန္ဓေ တည်သည်။ ပုံစံမှာ အလုံး သို့မဟုတ် နွယ်ပင်ကဲ့သို့ ပုံစံမျိုးဖြစ်သည်။ ဝါးအမြူတေသည် လပြည့်၊ လကွယ် ညများတွင် ထိုဝါးထဲမှ စကားပြောသံများ သီချင်းဆိုသံများ ဝါးကြိတ်သံများ ကြားရတက်သည်။ ပုဂံခေတ်က ဝါးထဲမှ မွေးဖွား၍ ဘုရင့်မိဖုရား ဖြစ်သွားသော ဝေဠုဝတီ မိဖုရားသည် ထိုအမြူတေမှ ပေါက်ဖွားသည့်ဟု ကြားဖူးသည်။ ထိုဝါးအမြူတေအား အိမ်၌ ဆောင်ထားလျှင် စီးပွားတက်ခြင်း၊ လာဒ်လာဘပွင့်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိသည်။ အထူးသဖြင့် စုန်း၊ ကဝေ အောက်လမ်းတို့ မပြုစားနိုင်သောကြောင့် စုန်းယုံကြည်သော အာရှနိုင်ငံအချို့နှင့် အာဖရိကနိုင်ငံအချို့က ဈေးကောင်းပေး၍ ဝယ်တက်သည်။

    သစ်ကွင်း

    တောကြီး တောင်ကြီးများတွင်သာ တွေ့ရတက်သည်။ ပုံပါ သစ်ကွင်းများကို အိမ်၌ ဆောင်ထားလျှင် မီးကွင်းသည်။ လူ၊နတ် ချစ်ခင်သည်။ စုန်း၊ အောက်လမ်းတို့ ပြုစားခြင်း ကင်းလွတ်သည်။ စုန်းယုံကြည်သော မြန်မာလူမျိုးများနှင့် ထိုင်းလူမျိုး၊ မလေးလူမျိုးတို့က ဈေးကောင်းပေး၍ ဝယ်တက်သည်။

    သံစားကျောက်

    ရှေးဟောင်းပစ္စည်း ပွဲစားများနှင့် ထိုင်းလူမျိုးများ အလွန်လိုချင်နေသော ကျောက်တစ်မျိုးဖြစ်သည်။ ထိုကျောက်ကို ရေတံခွန်များ ပေါများရာ ဒေသနှင့် မီးတောင်များရှိရာ ဒေသတို့တွင်သာ တွေ့ရတက်သည်။ ထိုကျောက်၏ ကာလပေါက်ဈေး တန်ဖိုးမှာ သိန်းတစ်ထောင်အောက်သာ ဖြစ်သည်။ ထိုကျောက်သည်မိုးရေ၊ အောက်ဆီဂျင်နှင့် အိုင်းယွန်းဆာလဖြူရစ်တို့နှင့် ထိတွေ့ပြီး ဓါတ်ပြုကာ အက်ဆစ်ဓါတ် ဖြစ်ပေါ်သောကြောင့် သံအရည်ပျော်ခြင်း ဖြစ်သည်။အရည်ပျော်သည်မှာလဲ ချက်ချင်းပျော်သွားခြင်း မဟုတ်ဘဲ နှစ်ရက် သုံးရက် ခန့်မှသာ အရည်ပျော်ခြင်း ဖြစ်သည်။

    ခြသံ

    အဂ္ဂရိတ်ပညာရှင်များ တောထဲရှိ ခြတောင်ပို့များအား ဖြို၍ ရှာသော ကျောက်တစ်မျိုးဖြစ်သည်။ ခြသံစစ်လျှင်ကျောက်ပျဉ်၌ သွေးလျှင် နို့ကဲ့သို့ အဖြူရောင်အရည်များ ထွက်တက်သည်။ ပုဂံခေတ် ရှင်အဇ္ဇဂေါဏ၏ မုဆိုးမ ဘုရားတည်နိူင်သော ရွှေဖြစ်၊ ငွေဖြစ်လမ်းစဉ် အောင်မြင်ရခြင်းသည် ခြသံ၏ အရေးပါမူကြောင့်လဲ ဖြစ်သည်။

    ကျောက်လိပ်၊ ကျောက်ခရုနှင့် ကျောက်ငါး

    ထို ကျောက်ဖြစ်နေသော ရေနေသတ္တဝါများအား ကျောက်ဆောင် ထူထပ်၍ ရေနှင့်နီးသည့် နေရာများတွင် တွေ့ရတက်သည်။ ထိုကျောက်သတ္တဝါများ၏ အသုံးဝင်ပုံမှာ ရေဖလားထဲတွင်ထည့်၍ ပြဒါးကျွေးထားလျှင် ရက်အတန်ကြာသည့်အခါ ထိုကျောက်သတ္တဝါများ စွန့်ပစ်သော အညစ်ကြေးမှာ ရွှေဖြစ်နေတက်သည်ဟု ကြားဖူးသည်။

    Credit – ထက် မြတ် အောင်

    Source – https://www.facebook.com/thet.maung.714655/posts/592792347836854

  • တားေဆးနဲ႔ အေမးမ်ားေသာေမးခြန္းမ်ား

    (Zawgyi)

    တားေဆးနဲ႔ အေမးမ်ားေသာေမးခြန္းမ်ား

    ကိုယ္ဝန္တားေဆးဆိုတာ သားဆက္ျခားနည္းထဲမွာ လူသုံးအမ်ားဆုံး၊ ေပၚျပဴလာအျဖစ္ဆုံးနည္းလို႔ေတာင္ေျပာလို႔ရပါတယ္။ ဝယ္လို႔လည္းလြယ္၊ ေသာက္လို႔လည္းလြယ္တဲ့ သားဆက္ျခားနည္းတစ္မ်ိဳးပါ။ ေဆးခန္းလာျပတဲ့ ညီအစ္မ တို႔ေတြ ေမးေလ့ရွိတဲ့၊ ေမးကိုေမးသင့္တဲ့အေၾကာင္းေလးေတြကို ေဒါက္တာဇီဝကမွ ယူေဆာင္လာပါၿပီ။

    Q…တားေဆးကို ေန႔တိုင္းေသာက္ရမွာလား?

    တားေဆးဟာ တစ္ေန႔တစ္လုံး မပ်က္မကြက္ေသာက္ဖို႔ လိုပါတယ္။ အလြယ္ဆုံး လူသိအမ်ားဆုံးပါ။ တားေဆးကို ေသာက္ဖို႔ရက္ေတြ ပ်က္ကြက္ခဲ့ရင္ ကိုယ္ဝန္ရသြားႏိုင္ပါတယ္။

    Q.တားေဆးဟာ ေဘးထြက္ဆိုးက်ိဳးရွိပါသလား?

    တားေဆးဟာ ေဘးထြက္ဆိုးက်ိဳးရွိတဲ့ ေဆးပါ။ အေကာင္းအဆိုးအၿမဲ ဒြန္တြဲေနတာမို႔ တားေဆးမွာလည္း ေဘးထြက္ဆိုးက်ိဳးေတြရွိပါတယ္။

    တားေဆးေသာက္ရင္

    – မူးေဝတတ္ပါတယ္

    – ကိုယ္အေလးခ်ိန္ တက္လာတတ္ပါတယ္

    – ရင္သားတင္းတာနာတာ ျဖစ္တတ္ပါတယ္

    – ရာသီနည္းသြားတတ္ပါတယ္။

    – သည္းေျခေက်ာက္တည္ႏိုင္ေျခ ရွိပါတယ္။

    Q. တားေဆးကိုဘယ္ရက္မွာစေသာက္ရမလဲ?

    တားေဆးစေသာက္ရမယ့္ရက္က အေရးႀကီးပါတယ္။ တခ်ိဳ႕က တားေဆးကို ေသာက္ခ်င္တဲ့ရက္ စေသာက္လို႔ရတယ္ထင္ၾကပါတယ္။ အမွန္က ရာသီစလာတဲ့ ရက္ကေန ၅ရက္အတြင္းေသာက္မွ အာနိသင္ထိေရာက္မွာျဖစ္ၿပီး တကယ္လို႔ အျခားရက္မွာ ေသာက္မယ္ဆိုရင္ ဆီးစစ္ၿပီးမွ ေသာက္ရမွာျဖစ္ၿပီး တစ္ပတ္တိတိ လိင္ဆက္ဆံျခင္းကို ေရွာင္ၾကည္ရမွာျဖစ္ပါတယ္။

    Q..တားေဆးနဲ႔ တြဲေသာက္လို႔မရတဲ့ ေဆးေတြရွိလား?

    တားေဆးနဲ႔ တြဲမေသာက္သင့္တဲ့ေဆးေတြ သိထားဖို႔လိုပါတယ္။ တားေဆးေသာက္ရင္းနဲ႔ ကိုယ္ဝန္ရသြားတယ္ဆိုတာ တြဲမေသာက္သင့္တဲ့ေဆးနဲ႔ တြဲေသာက္မိလို႔လဲ ျဖစ္ႏိုင္ပါတယ္။ တားေဆးေသာက္ေနတဲ့ အခ်ိန္မွာ ပိုးသတ္ေဆးေတြ ေသာက္မယ္ဆိုရင္ တားေဆးရဲ႕ အာနိသင္ကို ေလွ်ာ့နည္းေစမွာျဖစ္ပါတယ္။ တီဘီေဆးလို ပိုးသတ္ေဆး ကာလရွည္ေသာက္ရမယ္ဆိုရင္ေတာ့ တားေဆးမေသာက္ဘဲ အျခားထိုးေဆးလို သားဆက္ျခားနည္း ေျပာင္းသုံးရမွာျဖစ္ပါတယ္။ အတက္က်ေဆးလို ေဆးမ်ိဳးနဲ႔လည္း တြဲမေသာက္သင့္ပါဘူး။

    Q..တားေဆးက အလုံးစုံစိတ္ခ်ရလား?

    တားေဆးဟာ လိင္မွတစ္ဆင့္ ကူးစက္တဲ့ေရာဂါကို မကာကြယ္ႏိုင္ပါဘူး။ တားေဆးဟာ ကိုယ္ဝန္မရႏိုင္ေအာင္ပဲ ကာကြယ္ေပးတာပါ။ တကယ္လို႔ ေသာက္သုံးသူဟာ လိင္မွတစ္ဆင့္ကူးစက္တဲ့ ေရာဂါမ်ိဳး ကူးႏိုင္ေျခမ်ားေနမယ္ဆိုရင္ ကြန္ဒုံးကဲ့သို႔ အကာအကြယ္ပစၥည္းမ်ိဳးနဲ႔ အတူတကြသုံးေပးဖို႔ လိုႏိုင္ပါတယ္။

    Q..တာေဆးေသာက္လို႔ မရတဲ့သူေတြရွိလား?

    တားေဆးမေသာက္သင့္ဘူးဆိုတဲ့ အေနအထားေတြ သိထားသင့္ပါတယ္။ တားေဆးဟာ တစ္ခ်ိဳ႕အေနအထားေတြ မွာမေသာက္သင့္ပါဘူး။ ဥပမာ – ေခါင္းတစ္ျခမ္းကိုက္ေရာဂါရွိသူေတြ

    – ေသြးတိုးရွိသူေတြ

    – သားအိမ္ကင္ဆာ

    – ရင္သားကင္ဆာရွိသူေတြ

    – ႏွလုံးနဲ႔ အသည္းေရာဂါရွသူေတြဟာ ဆရာဝန္နဲ႔တိုင္ပင္ၿပီးမွသာ ေသာက္သင့္ပါတယ္။

    ဒီလို အႏၲရာယ္လကၡဏာေတြကို သတိထားဖို႔ သိထားရပါမယ္။ ေဆးေသာက္ေနရင္းနဲ႔မွ ဒီလိုအႏၲရာယ္လကၡဏာေတြျဖစ္တဲ့ – ရင္ဘက္ေအာင့္တာ အဆုတ္ေသြးေၾကာပိတ္လို႔ျဖစ္ႏိုင္ပါတယ္။ – မ်က္စိဝါးသြားတာ မ်က္စိေသြးေၾကာပိတ္လို႔ျဖစ္ႏိုင္ပါတယ္။ – အသားဝါတာ အသည္းေရာင္လို႔ျဖစ္ႏိုင္ပါတယ္။ ဘာေတြသိခ်င္ေနလဲ ဆိုတာ ေဒါက္တာဇီဝက ႀကိဳသိေနလို႔ မအံ့ၾသေနၾကနဲ႔ေနာ္။ အျခား သိခ်င္တဲ့သူေတြကို မွ်ေဝလိုက္ပါဦးေနာ္။

    Credit –

    ေဒါက္တာလြင္

    DrZiwaka ေဒါက္တာဇီဝက

    တားေဆး

    (Unicode)

    တားဆေးနဲ့ အမေးများသောမေးခွန်းများ

    ကိုယ်ဝန်တားဆေးဆိုတာ သားဆက်ခြားနည်းထဲမှာ လူသုံးအများဆုံး၊ ပေါ်ပြူလာအဖြစ်ဆုံးနည်းလို့တောင်ပြောလို့ရပါတယ်။ ဝယ်လို့လည်းလွယ်၊ သောက်လို့လည်းလွယ်တဲ့ သားဆက်ခြားနည်းတစ်မျိုးပါ။ ဆေးခန်းလာပြတဲ့ ညီအစ်မ တို့တွေ မေးလေ့ရှိတဲ့၊ မေးကိုမေးသင့်တဲ့အကြောင်းလေးတွေကို ဒေါက်တာဇီဝကမှ ယူဆောင်လာပါပြီ။

    Q…တားဆေးကို နေ့တိုင်းသောက်ရမှာလား?

    တားဆေးဟာ တစ်နေ့တစ်လုံး မပျက်မကွက်သောက်ဖို့ လိုပါတယ်။ အလွယ်ဆုံး လူသိအများဆုံးပါ။ တားဆေးကို သောက်ဖို့ရက်တွေ ပျက်ကွက်ခဲ့ရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

    Q.တားဆေးဟာ ဘေးထွက်ဆိုးကျိုးရှိပါသလား?

    တားဆေးဟာ ဘေးထွက်ဆိုးကျိုးရှိတဲ့ ဆေးပါ။ အကောင်းအဆိုးအမြဲ ဒွန်တွဲနေတာမို့ တားဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။

    တားဆေးသောက်ရင်

    – မူးဝေတတ်ပါတယ်

    – ကိုယ်အလေးချိန် တက်လာတတ်ပါတယ်

    – ရင်သားတင်းတာနာတာ ဖြစ်တတ်ပါတယ်

    – ရာသီနည်းသွားတတ်ပါတယ်။

    – သည်းခြေကျောက်တည်နိုင်ခြေ ရှိပါတယ်။

    Q. တားဆေးကိုဘယ်ရက်မှာစသောက်ရမလဲ?

    တားဆေးစသောက်ရမယ့်ရက်က အရေးကြီးပါတယ်။ တချို့က တားဆေးကို သောက်ချင်တဲ့ရက် စသောက်လို့ရတယ်ထင်ကြပါတယ်။ အမှန်က ရာသီစလာတဲ့ ရက်ကနေ ၅ရက်အတွင်းသောက်မှ အာနိသင်ထိရောက်မှာဖြစ်ပြီး တကယ်လို့ အခြားရက်မှာ သောက်မယ်ဆိုရင် ဆီးစစ်ပြီးမှ သောက်ရမှာဖြစ်ပြီး တစ်ပတ်တိတိ လိင်ဆက်ဆံခြင်းကို ရှောင်ကြည်ရမှာဖြစ်ပါတယ်။

    Q..တားဆေးနဲ့ တွဲသောက်လို့မရတဲ့ ဆေးတွေရှိလား?

    တားဆေးနဲ့ တွဲမသောက်သင့်တဲ့ဆေးတွေ သိထားဖို့လိုပါတယ်။ တားဆေးသောက်ရင်းနဲ့ ကိုယ်ဝန်ရသွားတယ်ဆိုတာ တွဲမသောက်သင့်တဲ့ဆေးနဲ့ တွဲသောက်မိလို့လဲ ဖြစ်နိုင်ပါတယ်။ တားဆေးသောက်နေတဲ့ အချိန်မှာ ပိုးသတ်ဆေးတွေ သောက်မယ်ဆိုရင် တားဆေးရဲ့ အာနိသင်ကို လျှော့နည်းစေမှာဖြစ်ပါတယ်။ တီဘီဆေးလို ပိုးသတ်ဆေး ကာလရှည်သောက်ရမယ်ဆိုရင်တော့ တားဆေးမသောက်ဘဲ အခြားထိုးဆေးလို သားဆက်ခြားနည်း ပြောင်းသုံးရမှာဖြစ်ပါတယ်။ အတက်ကျဆေးလို ဆေးမျိုးနဲ့လည်း တွဲမသောက်သင့်ပါဘူး။

    Q..တားဆေးက အလုံးစုံစိတ်ချရလား?

    တားဆေးဟာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါကို မကာကွယ်နိုင်ပါဘူး။ တားဆေးဟာ ကိုယ်ဝန်မရနိုင်အောင်ပဲ ကာကွယ်ပေးတာပါ။ တကယ်လို့ သောက်သုံးသူဟာ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါမျိုး ကူးနိုင်ခြေများနေမယ်ဆိုရင် ကွန်ဒုံးကဲ့သို့ အကာအကွယ်ပစ္စည်းမျိုးနဲ့ အတူတကွသုံးပေးဖို့ လိုနိုင်ပါတယ်။

    Q..တာဆေးသောက်လို့ မရတဲ့သူတွေရှိလား?

    တားဆေးမသောက်သင့်ဘူးဆိုတဲ့ အနေအထားတွေ သိထားသင့်ပါတယ်။ တားဆေးဟာ တစ်ချို့အနေအထားတွေ မှာမသောက်သင့်ပါဘူး။ ဥပမာ – ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူတွေ

    – သွေးတိုးရှိသူတွေ

    – သားအိမ်ကင်ဆာ

    – ရင်သားကင်ဆာရှိသူတွေ

    – နှလုံးနဲ့ အသည်းရောဂါရှသူတွေဟာ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သောက်သင့်ပါတယ်။

    ဒီလို အန္တရာယ်လက္ခဏာတွေကို သတိထားဖို့ သိထားရပါမယ်။ ဆေးသောက်နေရင်းနဲ့မှ ဒီလိုအန္တရာယ်လက္ခဏာတွေဖြစ်တဲ့ – ရင်ဘက်အောင့်တာ အဆုတ်သွေးကြောပိတ်လို့ဖြစ်နိုင်ပါတယ်။ – မျက်စိဝါးသွားတာ မျက်စိသွေးကြောပိတ်လို့ဖြစ်နိုင်ပါတယ်။ – အသားဝါတာ အသည်းရောင်လို့ဖြစ်နိုင်ပါတယ်။ ဘာတွေသိချင်နေလဲ ဆိုတာ ဒေါက်တာဇီဝက ကြိုသိနေလို့ မအံ့သြနေကြနဲ့နော်။ အခြား သိချင်တဲ့သူတွေကို မျှဝေလိုက်ပါဦးနော်။

    Credit –

    ဒေါက်တာလွင်

    DrZiwaka ဒေါက်တာဇီဝက

    တားဆေး