Category: ဗဟုတုသ

  • ေကာင္းမႈေတာ္ ဘုရားအေၾကာင္း သိေကာင္းစရာ

    (Zawgyi)

    ရာဇမဏိစူဠာ ေကာင္းမႈေတာ္သည္ စစ္ကိုင္း၏ အေက်ာ္ၾကားဆုံး အနက္တဆူျဖစ္၍ စစ္ကိုင္းၿမိဳ႕ ေျမာက္ဘက္ (၆) မိုင္ခန႔္အကြာ၌ တည္ရွိၿပီး ဘြဲ႕အမည္မွာ ရာဇမဏိစူဠာ ျဖစ္သည္။ ျမန္မာသကၠရာဇ္ (၉၉၈) ခုႏွစ္ ၊ ခရစ္ႏွစ္ (၁၆၃၆) ၊ ေတာ္သလင္းလဆန္း (၁၀) ရက္ ၊ တနလၤာေန႔တြင္ သတိုးဓမၼရာဇာ ဘြဲ႕ခံ သာလြန္မင္းတရားႀကီး တည္ထားကိုးကြယ္ခဲ့သည္။

    ထိုဒကာေတာ္မင္းသည္ ပဲခူး ဟံသာဝတီ ျမန္မာ နန္းၿမိဳ႕ေတာ္ကို ၁၆၃၅ ခုႏွစ္တြင္ ေ႐ႊ႕ေျပာင္းနန္းစိုက္ေတာ္မူရာ အင္းဝတည္ေထာင္ ဒုတိယျပည္ေထာင္စု အျဖစ္ အမွတ္တရ သေကၤတ ျပဳဖို႔ ရည္႐ြယ္ခဲ့သည္ ဟုဆို၏။ သို႔ေသာ္ေစတီေတာ္က ကႏၲီမွ ဗုဒၶစြယ္ေတာ္ ဌါပနာေတာ္မူရန္ ႏွင့္ ဓမၼေစတီဘုရင္၏ တန္ခိုးျပာ ဒိတာဟာျပ သပိတ္လည္း ပါရဖို႔ရွိခဲ့သည္။ ယင္းပစၥည္း မူလက ပဲခူးမဟာေစတီတြင္ ကိန္ဝပ္ခဲ့ရသည္။ (ဓမၼေစတီဘုရင္သည္ ရွင္ထြက္ တဦးျဖစ္႐ုံမွ်မက ရာဇဓိရာဇ္ ဘုရင္သမီးေတာ္၊ ေနာက္ပိုင္း ဘုရင္မ ရွင္ေစာပု၏ ဆရာႏွစ္ပါး အနက္တစ္ပါးလည္းျဖစ္ခဲ့သည္။

    ေနာက္ဆရာမွာ ဓမၼပါလ အမည္ရ၏။ ေကာင္းမႈ႕ေတာ္ ေစတီသည္ ၾကက္ဥသဏၭာန္ ထိပ္ဖူး ခုံးခုံးမွာ အဝန္း အားျဖင့္ ေပ ၉၀ဝ သို႔မဟုတ္ ၂၇၄ မီတာရွိၿပီး ၁၅၁ ေပ သို႔မဟုတ္ ၄၆ မီတာျမင့္ရွာသည္။ ပစၥယံ ၃ ဆင့္အလားတူ အဝိုင္းဆင့္ခံထား၍ ေစတီယင္ ျပင္ပရဂုဏ္ကား နတ္မင္း အပါး ၁၂ဝ အား ကိုယ္စီနတ္နန္း ထြင္း၍ ထားၿပီး ေစတီေတာ္တဆူလုံးကို မူ ၅ ေပ သို႔မဟုတ္ ၂.၅ မီတာျဖင့္ ေက်ာက္ဆစ္ထု ေက်ာက္သားတိုင္ အခိုင္အမာ ၈၁၂ ခု ေသာအကာအရံ တို႔ျဖင့္ အတြင္း၌ မူေခါင္း ေပါက္ထိပ္ထိ ေဖာက္ထားဘိ၏။ သီတင္းကြၽတ္ တာဝတႎသာ မီးပူေဇာ္ၾကရာဝယ္ တႏိုင္ငံလုံးဗုဒၶဘာသာဝင္အားလုံး ဘုရားသာ အေရာက္လာဖူး ေျမာ္၍ ဝါတြင္းကာလ ကုန္ဆုံးရအျဖစ္ လွစ္က်ဴးေကာ္ေရာ္ ပူေဇာ္ၾကသည္မွာ ဆီမီးခြက္တို႔ကို တရင္ျပင္လုံး အျပည့္ဖုံးမွ် ထြန္းညႇိၾကေလသည္။ဘုရား၏ တေဒါင့္တြင္ ၈ ေပခြဲ သို႔မဟုတ္ ၂ မီတာခြဲ ေစတီရင္ျပင္ဝယ္ စိုက္ထူထားေသာ ေက်ာက္တိုင္က ေကာင္းမႈ႕ေတာ္ သမိုင္းကို ေဖာ္ျပထားပါသည္။ ဘုရား၏ အေနာက္ဖက္ ကန္ ၂ ကန္အနက္ တကန္က ေမတၱာကန္ ဟုအမည္ေပးထား၍ ကန္ဝန္းက်င္ရွိ မည္သည့္ သစ္ပင္ကမွ အ႐ြက္တခုတေလမွ ကန္မ်က္ႏွာျပင္ ေႂကြက်သက္ဆင္းျခင္း မရွိဟုသိရသည္။

    ေကာင္းမႈေတာ္ ဘုရားဝင္းအတြင္းရွိ သနပ္ခါးႏွင့္ ေက်ာက္ျပင္ႀကီးမ်ား

    ပုံသဏၭာန္ –

    ေစတီေတာ္ကို ပစၥယံ သုံးဆင့္ခံထား၍ သပိတ္ေမွာက္ထားသကဲ့သို႔ တည္ထားသည္။ ထိုကဲ့သို႔စပါးက်ီပုံသဏၭာန္ ေစတီမ်ားကို သီဟိုဠ္ကြၽန္းတြင္ အေတြ႕မ်ားေလသည္။ ေစတီေတာ္၏ ဉာဏ္ေတာ္မွာ (၁၀၁) ေတာင္ ၊ လုံးပတ္ (၅၀၂ ေတာင္ ၂ မိုက္ ၄ သစ္) ရွိၿပီး ေစတီေတာ္ တည္ထားရာတြင္ အုပ္ခ်ပ္ေရေပါင္း (၁၀၁၂၆၅၅၂ ) ျဖင့္ တည္ထားခဲ့သည္ဟု သိရသည္။ ေစတီေတာ္ကို ေက်ာက္ဆီမီးတိုင္ (၈၀၂) တိုင္တို႔ျဖင့္ ဝန္းရံထားၿပီး ျမန္မာ၊ မြန္ ႏွင့္ ယြန္း (ရွမ္း) အကၡရာတို႔ျဖင့္ ဗုဒၶဝင္ နိပါတ္ေတာ္မ်ားကို နံရံမ်ားတြင္ ေရးထြင္းထားေလသည္။

    Credit – စြယ္စံုက်မ္း

    (Unicode)

    ရာဇမဏိစူဠာ ကောင်းမှုတော်သည် စစ်ကိုင်း၏ အကျော်ကြားဆုံး အနက်တဆူဖြစ်၍ စစ်ကိုင်းမြို့ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ ရာဇမဏိစူဠာ ဖြစ်သည်။ မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ၊ ခရစ်နှစ် (၁၆၃၆) ၊ တော်သလင်းလဆန်း (၁၀) ရက် ၊ တနင်္လာနေ့တွင် သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည်။

    ထိုဒကာတော်မင်းသည် ပဲခူး ဟံသာဝတီ မြန်မာ နန်းမြို့တော်ကို ၁၆၃၅ ခုနှစ်တွင် ရွှေ့ပြောင်းနန်းစိုက်တော်မူရာ အင်းဝတည်ထောင် ဒုတိယပြည်ထောင်စု အဖြစ် အမှတ်တရ သင်္ကေတ ပြုဖို့ ရည်ရွယ်ခဲ့သည် ဟုဆို၏။ သို့သော်စေတီတော်က ကန္တီမှ ဗုဒ္ဓစွယ်တော် ဌါပနာတော်မူရန် နှင့် ဓမ္မစေတီဘုရင်၏ တန်ခိုးပြာ ဒိတာဟာပြ သပိတ်လည်း ပါရဖို့ရှိခဲ့သည်။ ယင်းပစ္စည်း မူလက ပဲခူးမဟာစေတီတွင် ကိန်ဝပ်ခဲ့ရသည်။ (ဓမ္မစေတီဘုရင်သည် ရှင်ထွက် တဦးဖြစ်ရုံမျှမက ရာဇဓိရာဇ် ဘုရင်သမီးတော်၊ နောက်ပိုင်း ဘုရင်မ ရှင်စောပု၏ ဆရာနှစ်ပါး အနက်တစ်ပါးလည်းဖြစ်ခဲ့သည်။

    နောက်ဆရာမှာ ဓမ္မပါလ အမည်ရ၏။ ကောင်းမှု့တော် စေတီသည် ကြက်ဥသဏ္ဌာန် ထိပ်ဖူး ခုံးခုံးမှာ အဝန်း အားဖြင့် ပေ ၉၀ဝ သို့မဟုတ် ၂၇၄ မီတာရှိပြီး ၁၅၁ ပေ သို့မဟုတ် ၄၆ မီတာမြင့်ရှာသည်။ ပစ္စယံ ၃ ဆင့်အလားတူ အဝိုင်းဆင့်ခံထား၍ စေတီယင် ပြင်ပရဂုဏ်ကား နတ်မင်း အပါး ၁၂ဝ အား ကိုယ်စီနတ်နန်း ထွင်း၍ ထားပြီး စေတီတော်တဆူလုံးကို မူ ၅ ပေ သို့မဟုတ် ၂.၅ မီတာဖြင့် ကျောက်ဆစ်ထု ကျောက်သားတိုင် အခိုင်အမာ ၈၁၂ ခု သောအကာအရံ တို့ဖြင့် အတွင်း၌ မူခေါင်း ပေါက်ထိပ်ထိ ဖောက်ထားဘိ၏။ သီတင်းကျွတ် တာဝတိံသာ မီးပူဇော်ကြရာဝယ် တနိုင်ငံလုံးဗုဒ္ဓဘာသာဝင်အားလုံး ဘုရားသာ အရောက်လာဖူး မြော်၍ ဝါတွင်းကာလ ကုန်ဆုံးရအဖြစ် လှစ်ကျူးကော်ရော် ပူဇော်ကြသည်မှာ ဆီမီးခွက်တို့ကို တရင်ပြင်လုံး အပြည့်ဖုံးမျှ ထွန်းညှိကြလေသည်။ဘုရား၏ တဒေါင့်တွင် ၈ ပေခွဲ သို့မဟုတ် ၂ မီတာခွဲ စေတီရင်ပြင်ဝယ် စိုက်ထူထားသော ကျောက်တိုင်က ကောင်းမှု့တော် သမိုင်းကို ဖော်ပြထားပါသည်။ ဘုရား၏ အနောက်ဖက် ကန် ၂ ကန်အနက် တကန်က မေတ္တာကန် ဟုအမည်ပေးထား၍ ကန်ဝန်းကျင်ရှိ မည်သည့် သစ်ပင်ကမှ အရွက်တခုတလေမှ ကန်မျက်နှာပြင် ကြွေကျသက်ဆင်းခြင်း မရှိဟုသိရသည်။

    ပုံသဏ္ဌာန် –

    စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ်မှောက်ထားသကဲ့သို့ တည်ထားသည်။ ထိုကဲ့သို့စပါးကျီပုံသဏ္ဌာန် စေတီများကို သီဟိုဠ်ကျွန်းတွင် အတွေ့များလေသည်။ စေတီတော်၏ ဉာဏ်တော်မှာ (၁၀၁) တောင် ၊ လုံးပတ် (၅၀၂ တောင် ၂ မိုက် ၄ သစ်) ရှိပြီး စေတီတော် တည်ထားရာတွင် အုပ်ချပ်ရေပေါင်း (၁၀၁၂၆၅၅၂ ) ဖြင့် တည်ထားခဲ့သည်ဟု သိရသည်။ စေတီတော်ကို ကျောက်ဆီမီးတိုင် (၈၀၂) တိုင်တို့ဖြင့် ဝန်းရံထားပြီး မြန်မာ၊ မွန် နှင့် ယွန်း (ရှမ်း) အက္ခရာတို့ဖြင့် ဗုဒ္ဓဝင် နိပါတ်တော်များကို နံရံများတွင် ရေးထွင်းထားလေသည်။

    Credit – စွယ်စုံကျမ်း

  • ဘီယာဗိုက္ ျမန္ျမန္က်ဖို႔ လမ္းေလွ်ာက္မလား၊ ေျပးမလား

    ဘီယာဗိုက္ ျမန္ျမန္က်ဖို႔ လမ္းေလွ်ာက္မလား၊ ေျပးမလား

    ====================
    ====================

    အသက္ၾကီးၾကီး ဗိုက္ပူပူနဲ႔ အမ်ိဳးသားေတြကို ဘီယာဗိုက္ ဆိုျပီး ေနာက္ေျပာင္ေခၚေ၀ၚၾကတာ ၾကားဖူးၾကမယ္ထင္ပါတယ္။ အဓိကကေတာ့ ဗိုက္နဲ႔ ခါးမွာ အဆီေတြစုမိျပီး ဗိုက္ပူျပီး ေဖာေရာင္သလို ျဖစ္ေနတာပါ။

    ဘီယာဗိုက္ ဆိုတဲ့ နာမည္ေျပာင္လိုပါပဲ၊ ဘီယာ၊ အရက္ေသာက္တာ မ်ားတာေၾကာင့္လည္း ျဖစ္ႏိုင္သလို အဆီစားတာ မ်ားသူေတြ၊ အစာအာဟာရ မမွ်တသူေတြ၊ အထိုင္မ်ားျပီး လႈပ္ရွားမႈ နည္းသူေတြ၊ အ၀လြန္သူေတြ၊ ေလ့က်င့္ခန္း မလုပ္တဲ့သူေတြမွာ ဗိုက္အဆီဖံုးႏိုင္ပါတယ္။ ၀တဲ့သူေတြသာမက ပိန္တဲ့သူေတြမွာလည္း ဘီယာဗိုက္ ျဖစ္ႏုိင္ပါတယ္။

    ေသြးထဲမွာ မလိုအပ္တဲ့ ကိုလက္စထေရာ၊ ကယ္လိုရီနဲ႔ အဆီေတြ စုမိျပီး ၾကာလာတဲ့အခါ အ၀လြန္ေရာဂါနဲ႔ ေနာက္ဆက္တြဲ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလံုး၊ ေက်ာက္ကပ္အဆီဖံုးတာအျပင္ ကင္ဆာေရာဂါေတြပါ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ က်န္းမာေရးရႈေထာင့္ကေနျပီး ဗိုက္အဆီ ျမန္ျမန္က်ေစဖို႔ ဘယ္လို ေလ့က်င့္ခန္းက သင့္ေလ်ာ္မလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

    ဗိုက္အဆီ က်ေစဖို႔ ျပဳျပင္သင့္တဲ့ အရာေတြ
    မျဖစ္မေန ျပင္သင့္တာကေတာ့ ေန႔စဥ္ စားေသာက္ေနထုိင္တဲ့ ပံုစံပါပဲ။ ၀မ္းဗိုက္မွာ အဆီစုေနတာဟာ အလြန္ၾကည့္ရဆိုးေစတဲ့အျပင္ က်န္းမာေရးအတြက္လည္း ေရရွည္မွာ ဒုကၡမ်ားစြာ ျဖစ္ေစႏိုင္ပါတယ္။

    ပံုမွန္လူတစ္ေယာက္ဟာ ေန႔စဥ္ မိနစ္ ၃၀ ခန္႔ လမ္းေလွ်ာက္ျခင္း သို႔မဟုတ္ ၁၅ မိနစ္ခန္႔ ေျပးျခင္းျဖင့္ ေလ့က်င့္ခန္းလုပ္ေပးလို႔ ရေပမယ့္ ၀မ္းဗိုက္မွာ အဆီစုေနတဲ့သူေတြကေတာ့ အဆီက်ေစဖို႔ အခ်ိန္ယူရမွာ ျဖစ္တဲ့အျပင္ ကိုယ္လက္ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ လုပ္ဖို႔ လိုအပ္ပါတယ္။

    ၀မ္းဗိုက္အဆီ အျမန္က်ဖို႔ ေျပးမလား၊ လမ္းေလွ်ာက္မလား။
    လမ္းၾကာၾကာေလွ်ာက္ျခင္းထက္ ေျပးလိုက္တဲ့အခါ အားအင္ ပိုမိုစိုက္ထုတ္ရတဲ့အတြက္ ခႏၶာကိုယ္က ကယ္လိုရီနဲ႔ အဆီေတြကို ပိုမိုေလာင္ကၽြမ္းေစႏိုင္တာေၾကာင့္ ၀မ္းဗိုက္အဆီဖံုးေနသူေတြအတြက္ အသင့္ေလ်ာ္ဆံုး ေလ့က်င့္ခန္းပါပဲ။

    ကိုယ္က အလုပ္ခြင္မွာ အထိုင္မ်ားတယ္ဆိုရင္ မၾကာခဏ ထသြား ထလာ လုပ္ေပးပါ။ မနက္ခင္း ေလေကာင္းေလသန္႔ကို ရွဴရႈိက္ရင္း အေျပးေလ့က်င့္ပါ။ ေျပးေနစဥ္မွာ ေသြးထဲမွာ ရွိတဲ့ အဆီေတြကို ေလာင္ကၽြမ္းေစတဲ့ ေဟာ္မုန္းေတြ အမ်ားအျပား ထြက္ရွိလာပါတယ္။ ဒီအခါမွာ ဇီ၀ကမၼ ျဖစ္စဥ္ေျပာင္းလဲမႈဟာ ပိုမိုေကာင္းမြန္လာျပီး အစာေၾကေစတယ္၊ အဆီက်ေစတယ္၊ ေသြးလည္ပတ္မႈကိုလည္း ေကာင္းေစတယ္၊ ႏွလံုးခုန္ႏႈန္းကိုလည္း ျမန္ေစျပီး ကိုယ္ခံအားကို ျမွင့္တင္ေပးႏုိင္ပါတယ္။

    ေျပးတာအျပင္ တျခားဘာေလ့က်င့္ခန္းေတြ လုပ္ေပးဖို႔ လိုမလဲ။
    ကိုယ္က အခ်ိန္သိပ္မေပးႏိုင္တဲ့သူဆိုရင္ေတာ့ မနက္ခင္း ေစာေစာထျပီး ပံုမွန္ အေျပးေလ့က်င့္ပါ။ မေျပးခင္မွာ ၁၀ မိနစ္ခန္႔ ခပ္သြက္သြက္ လမ္းေလွ်ာက္ေပးပါ။ ျပီးမွ စတင္ေျပးပါ။ ေျပးတဲ့အခါမွာလည္း အသက္ကို ပံုမွန္ရွဴရႈိက္ဖို႔ အေရးၾကီးပါတယ္။ အေမာခံႏုိင္ဖို႔နဲ႔ သက္လံုေကာင္းေစဖို႔၊ အဆီပိုေတြ အျမန္က်ေစဖို႔ အနည္းငယ္ အရွိန္ထည့္ျပီး ေျပးၾကည့္ပါ။ အစပိုင္းမွာေတာ့ ေမာေနမွာျဖစ္ေပမယ့္ ေနာက္ပိုင္း က်င့္သားရသြားတဲ့အခါ အဆင္ေျပသြားပါလိမ့္မယ္။

    အခ်ိန္ပိုေပးႏိုင္မယ္ဆိုရင္ေတာ့ ၾကြက္သားကို အားစိုက္ထုတ္ရတ့ဲ ေရကူးေလ့က်င့္တာ၊ အားကစားလုပ္တာ၊ Gym မွာ စနစ္တက် အေလးမတာ၊ ၀မ္းဗိုက္ေလ့က်င့္ခန္း လုပ္တာေတြ ျပဳလုပ္ေပးႏိုင္ပါတယ္။ ထိုင္ထ လုပ္တာ၊ အိပ္ထမတင္ လုပ္တာ၊ ဒိုက္ထိုးတာ ပံုမွန္ လုပ္ေပးႏိုင္ရင္လည္း ကိုယ္တြင္း အဆီပိုေတြကို လ်င္ျမန္စြာ က်ေစျပီး ၾကြက္သားထုကို ျပန္လည္တည္ေဆာက္ေပးႏိုင္ပါတယ္။

    ၀မ္းဗိုက္အဆီခ်ဖို႔ ဘာေတြ သိထားဖို႔ လိုမလဲ။
    အဆီနဲ႔ ကယ္လိုရီေတြ အမ်ားအျပား စုေနတာေၾကာင့္ ေလ့က်င့္ခန္းလုပ္တဲ့အခါမွာ ေန႔စဥ္ ပံုမွန္လုပ္သြားဖို႔နဲ႔ စိတ္ရွည္ဖို႔ အေရးၾကီးပါတယ္။ ေမာတယ္ဆိုျပီး ေနာက္ေန႔ေတြမွာ နားလိုက္တာမ်ိဳး၊ ျဖည္းျဖည္းေလးပဲ ေျပးတာမ်ိဳး လုပ္တာဟာ ထိေရာက္မႈ အလြန္နည္းပါတယ္။

    ေလ့က်င့္ခန္းကိုလည္း လုပ္ပါ။ အစားကိုလည္း ဆင္ျခင္ပါ။ အမွ်င္ဓာတ္မ်ားတဲ့ ဟင္းသီးဟင္းရြက္၊ သစ္သီး၀လံ မ်ားမ်ားစားေပးပါ။ ကုန္ဆံုးသြားတဲ့ အားအင္ေတြကို ျပန္လည္ျဖည့္တင္းေပးႏုိင္တဲ့ ပရိုတင္းဓာတ္ေတြ ပါ၀င္တဲ့ အသား၊ ငါး၊ ပဲ၊ ဥ၊ ႏို႔ထြက္ပစၥည္းေတြ စားေပးပါ။ အစားအစာခ်က္ျပဳတ္ရာမွာ ဆီ၊ ဆား၊ သၾကား ေလွ်ာ့ထည့္ပါ။ သၾကားပါ၀င္မႈ မ်ားတဲ့ အေအးေတြ၊ မုန္႔ပဲသေရစာေတြအစား သစ္သီး၀လံေတြကိုသာ စားသံုးေပးပါ။

    ==========

    ေရးသားသူ Ye Myo Myat
    ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

     

  • ပံုမွန္ စားေပးရင္ ကင္ဆာေရာဂါကို ေတာင္ကာကြယ္ေပးနုိင္တဲ့အီနိုကီမိႈေပါင္း ခ်ဥ္စပ္လုပ္နည္းေလး … …

    ပံုမွန္ စားေပးရင္ ကင္ဆာေရာဂါကို ေတာင္ကာကြယ္ေပးနုိင္တဲ့အီနိုကီမိႈေပါင္း ခ်ဥ္စပ္လုပ္နည္းေလး … …

    ====================
    ====================

    ပံုမွန္ စားေပးရင္ ကင္ဆာ ကာကြယ္ေပးတယ္လို႔ တရုတ္ေတြ ယံုႀကည္ႀကတဲ႔ မိႈေလးပါ ။

    သက္သတ္လြတ္ လည္းၿဖစ္ပါတယ္..။

    မိႈေပါင္းခ်ဥ္စပ္လုပ္နည္းကိုေတာ႔ မားအံုဆီက တတ္တာပါ..။

    မိႈကို အရင္းဘက္ေတြကို ၿဖတ္ပီး ေရေဆး သန္႔စင္ပါ၊ ၿဖတ္တဲ႔အခါ မိႈမွ်င္ေလးေတြ တြဲေနတဲ႔အပိုင္းကို ခ်န္ထားပါ၊

    အဲဒါမွ မိႈေလးေတြကို တစု တစု ခ်င္းစီ ခြဲလို႔ရပါတယ္၊ မိႈေလးေတြကို အရြယ္ညီ အစုေလးေတြ ခြဲပါ၊

    မားအံုကေတာ႔ မိႈေလးေတြကို ထိုင္းငံၿပာရည္ေလးနဲ႔နယ္ပီး ပန္းကန္ထဲ စီထည္႔ပီး ၅ မိနစ္ေလာက္ေပါင္းပါတယ္၊

    မမီးကေတာ႔ ေရဆူထဲမွာ မိႈေလးေတြကို ၿပစ္ထည္႔ ခ်က္ခ်င္းၿပန္ဆယ္ပီး ပန္းကန္မွာ စီထည္႔ပါတယ္၊

    ၾကက္သြန္ျဖဴ ၊ င႐ုတ္သီးစိမ္း၊ ပဲငံျပာရည္အက်ဲ၊ ႀကံသကာတို႔ကို ေရာေထာင္း၊ သံပုရာရည္ညွစ္ပီး အခ်ဥ္လုပ္လိုက္ပါတယ္၊

    ေပါင္းထား /ၿပဳတ္ထားတဲ႔ မိႈေပၚမွာ အခ်ဥ္ရည္ေလး ဆမ္းစားတာ.မိႈကလည္း အခ်ိဳရည္ေလးေတြ ထြက္လာပီး.

    ႀကြပ္ႀကြပ္ထုတ္ထုတ္ေလး နဲ႔ အခ်ဥ္ရည္ေလး စားလို႔ေကာင္းလိုက္တာရွင္..။

    Credit – Lwin Pyan

  • ဘုရားဆြမ္းေတာ္ကပ္ရာတြင္ မွန္ကန္သည္ထင္ေနသည့္ အမွားေလးမ်ား

    (Zawgyi)

    ဘုရားဆြမ္းေတာ္ကပ္ရာတြင္ မွန္ကန္သည္ထင္ေနသည့္ အမွားေလးမ်ား

    ဗုဒၶဘာသာအမ်ားရဲ႕ အလြဲေတြထဲက ေနာက္ထပ္အလြဲတစ္ခုက ဘုရားဆြမ္းေတာ္ ကပ္တာေလးပါ။ ဆြမ္းေတာ္ကပ္လႉတာကို ေျပာတာပါ။ နတ္တင္သလိုမ်ိဳး ဘုရားဆြမ္းေတာ္တင္တာမ်ိဳး မဟုတ္ပါဘူး။ ဆြမ္းေတာ္ကပ္တာ ဆိုတဲ့အတြက္ သက္ရွိထင္ရွား ဘုရားရွင္ကို ရည္႐ြယ္အာ႐ုံျပဳၿပီး ကပ္ဖို႔လိုပါတယ္။ ဘုရားက ဘာမွ မေျပာဘူးဆိုၿပီး ျဖစ္သလိုေလး တင္သြားတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။ ဗုဒၶဘာသာဝင္ အခ်ိဳ႕ရဲ႕ အိမ္မွာဘုရားဆြမ္းေတာ္ ကပ္တာေလးေတြ ေတြ႕ဖူးပါတယ္။

    ထမင္းပန္းကန္ေလးေပၚမွာ သၾကားေလးျဖဴး၊ ထန္းလွ်က္ေလးနဲ႔ တင္ထားတာကိုပါ။ အိမ္မွာ စားစရာမရွိလို႔၊ သူတို႔ကိုယ္တိုင္ ဒီသၾကား၊ ထန္းလွ်က္ေတြနဲ႔ စားေနရလို႔ဆိုရင္ေတာ့ အထူးေျပာစရာ မရွိပါဘူး။ ကိုယ္စားႏိုင္တာ၊ ကိုယ္ရွိတာေလးနဲ႔ ကိုယ္နဲ႔ထပ္တူထားၿပီး ဘုရားရွင္ကိုလည္း မရွိရွိတာ ကပ္တဲ့သေဘာပါ။ ခုဟာက အဲလိုမဟုတ္ပါဘူး။ မကပ္ႏိုင္လို႔ မဟုတ္ပါဘူး။ ကိုယ္စားတဲ့အခါ ဟင္းသုံးေလးမ်ိဳးနဲ႔ စားေနၿပီး ဘုရားဆြမ္းေတာ္ ကပ္တဲ့အခါမွာသာ အဲလိုတင္တာပါ။ တမင္တကာ ရည္႐ြယ္ၿပီး တင္တာေတာ့ မဟုတ္ေလာက္ပါဘူး။ မသိလို႔ ျဖစ္မွာပါ။ ဒီလိုပဲ တင္ရတယ္ထင္လို႔ ထမင္းပန္းကန္ေလးအေပၚမွာ သၾကားထန္းလွ်က္ေလး ပုံၿပီးတင္တာ ျဖစ္မွာပါ။ ေရွးအစဥ္လာကတည္းက ဒီလိုတင္ရတယ္လို႔ သိေနခဲ့လို႔ တင္တာလည္း ျဖစ္ေကာင္းျဖစ္မွာပါ။ အဲဒီလို ပုံၿပီးတင္တာဆိုရင္ေတာ့ ဘုရားဆြမ္းေတာ္ကပ္တယ္လို႔ ေျပာလို႔မရဘဲ နတ္တင္သလို တင္တယ္လို႔ပဲ ေျပာရပါလိမ့္မယ္။ ဗုဒၶဘာသာ အခ်ိဳ႕ရဲ႕ ဘုရားစင္မွာ ဒီလိုနတ္တင္သလို ဘုရားဆြမ္းေတာ္ တင္တာေတြ ခုခ်ိန္ထိ ရွိေနပါေသးတယ္။

    တကယ္ေတာ့ ဒီလိုမျဖစ္သင့္ပါဘူး။ ဆြမ္းေတာ္မတင္ဘဲ ဆြမ္းေတာ္ကပ္သင့္ပါတယ္။ ကပ္တယ္ဆိုကတည္းက သက္ေတာ္ထင္ရွား ဘုရားကို အာ႐ုံျပဳၿပီး ဘုရားရွင္ကို အိမ္မွာပင့္ၿပီး ကပ္သလိုမ်ိဳး ေသခ်ာက်နစြာ ကပ္သင့္ပါတယ္။ နည္းတာမ်ားတာက အဓိကမက်ပါဘူး။ ဆြမ္းေတာ္ကို ဆြမ္း၊ ဆြမ္းဟင္းစသည္ သီးသန႔္စီျပင္ၿပီး ကိုယ္စားသလိုမ်ိဳးဦးဦးဖ်ားဖ်ား ႐ို႐ိုေသေသ ကပ္လႉသင့္ပါတယ္။ အမ်ားႀကီး ဝိုင္းလိုက္ျပင္ၿပီး ကပ္လႉဖို႔မဟုတ္ပါဘူး။ ကိုယ္စားတဲ့အထဲက မစားခင္ အဦးအဖ်ား လႉတဲ့သေဘာနဲ႔ ေစတနာေရွ႕ထားၿပီး ကပ္လႉေစခ်င္တာပါ။ ကပ္ၿပီးရင္လည္းေမ့ေမ့ေပ်ာက္ေပ်ာက္ မထားသင့္ပါဘူး။ ေနာက္ေန႔ တစ္ခါကပ္ခါနီးမွ စြန႔္ၿပီးကပ္တာမ်ိဳး မျဖစ္သင့္ပါဘူး။ သူ႔အခ်ိန္ေလးနဲ႔သူ ကပ္ၿပီး စြန႔္သင့္ပါတယ္။ အ႐ုဏ္ကပ္ၿပီး တစ္ခါစြန႔္ ေနဆြမ္းမွာလည္း မြန္းမတည့္မီကပ္ၿပီး မြန္းတည့္၁၂နာရီ မေက်ာ္မီ စြန႔္သင့္ပါတယ္။ ဆြမ္းမွမဟုတ္ပါဘူး။ တစ္ျခား ပန္း၊ သစ္သီး၊ ေသာက္ေတာ္ေရ စတာေတြကိုလည္း ေသေသခ်ခ်ာ က်က်နန ျပင္ဆင္ကပ္သင့္ပါတယ္။

    ေသာက္ေတာ္ေရကေတာ့ အခ်ိန္ျပည့္ ကပ္ထားလို႔ ရပါတယ္။ ကပ္တဲ့ ေသာက္ေတာ္ေရခြက္ေတာ့ ကိုယ့္အိမ္မွာ ပုံမွန္ေသာက္ေနတဲ့ ေသာက္ေရခြက္ အေနအထားေတာ့ ရွိသင့္ပါတယ္။ တစ္ခ်ိဳ႕ ဘုရားေသာက္ေတာ္ေရကို အရက္ခြက္အ႐ြယ္ အေသးေလးေတြနဲ႔ တစ္ေနကုန္ တစ္ခါပဲ ကပ္တာေတြ ရွိပါေသးတယ္။ အလကားရတဲ့ ေရကိုေတာင္ နဲနဲေသးေသးေလးပဲ ကပ္ေတာ့ ေျပာစရာျဖစ္တာေပါ့။ ကိုယ္ကိုယ္တိုင္လည္း အဲဒီေလာက္ ေသးေသးေလးကို တစ္ေနကုန္ေသာက္ၿပီး ေနႏိုင္မေနႏိုင္ ဆင္ျခင္သင့္ပါတယ္။

    ပန္းကပ္တာလည္း ရွိေသးတယ္။ ၾကာၾကာခံေအာင္၊ ေနာက္မလဲရေအာင္ ဆိုၿပီး ကပ္လႉၾကတယ္ေလ။ ေဇာ္စိမ္းေဇာ္ၾကားတဲ့။ ကပ္ၿပီးပန္းအိုးထဲမွာ အျမစ္ပါ ေပါက္လာေတာ့ ပိုခံတာေပါ့တဲ့။ အဲဒါဆိုလဲ ကပ္မေနနဲ႔ေတာ့ေပါ့။ ပန္းလည္းလွၿပီး အနံ႔အသက္ရွိတဲ့ ပန္းဆို ဘုရားရွင္ကို ပိုၿပီးပူေဇာ္လို႔ ေကာင္းတာေပါ့။ ၿပီးေတာ့ သစ္သီးကပ္တာေတြ ရွိပါေသးတယ္။ ေဈးသြား ငွက္ေပ်ာသီး၊ သရက္သီး အစိမ္းအလုံး လွလွေလးေတြ ဝယ္လာၿပီ ဘုရားစင္ေပၚတင္ကပ္ထား၊ မွည့္တဲ့အခါက်ေတာ့ စြန႔္ၿပီး ကိုယ္စားပစ္လိုက္တာေတြ ရွိပါတယ္။ ဒီေတာ့ ဘုရားစင္က သစ္သီးအုပ္တဲ့စင္လို ျဖစ္ေနျပန္ပါတယ္။ အဲဒီလို မျဖစ္သင့္ပါဘူး။ သစ္သီးအစိမ္းအလွေတြ ဝယ္လာလို႔ ဘုရားစင္မွာ ကပ္လႉထားျဖစ္ရင္လည္း မွည့္တဲ့အခါမွာ ေသခ်ာက်က်နန ခြဲၿပီးဇြန္းေလး၊ ခရင္းေလးေတြထည့္ကာ အခ်ိန္ကာလၾကည့္ၿပီး ကပ္လႉသင့္ပါတယ္။ ဒါမွ သစ္သီးဆြမ္းကပ္ရာ ေရာက္မွာေပါ့။ ခုေတာ့ အစိမ္းဝယ္တင္ထားၿပီး ကိုယ္ေတာ္အဆင္ေျပသလို ဘုဥ္းေပးဆိုတာမ်ိဳး ျဖစ္ေနပါတယ္။ မထူးပါဘူး။ ဓားနဲ႔ဇြန္းခရင္းပါတင္ၿပီး မွည့္ရင္အရွင္ဘုရား ကိုယ္တိုင္ပဲ ခြဲစားပါဘုရားလို႔ တစ္ခါတည္း ကပ္ထားလိုက္ေပါ့။ ပိုသက္သာတာေပါ့။ ထားပါေလ။ ေျပာခ်င္တာက ဘာပဲကပ္ကပ္ သက္ေတာ္ထင္ရွား ဘုရားကို ရည္မွန္းၿပီး ကိုယ္တတ္ႏိုင္သမွ်ကို နည္းသည္မ်ားသည္မဟုတ္ဘဲ ေသခ်ာက်က်နန ကိုယ္နဲ႔ထပ္တူ စဥ္းစားကာ ဦးဦးဖ်ားဖ်ား ကပ္လႉၾကဖို႔ ေျပာတာပါ။

    ဘုရားရွင္ရဲ႕ အလုပ္အေကြၽး အရွင္အာနႏၵာ မေထရ္လို႔ေပါ့။ အရွင္အာနႏၵာမေထရ္ဟာ ျမတ္စြာဘုရားရွင္ ပရိနိဗၺာန္စံေတာ္မူၿပီး ေနာက္ပိုင္းမွာလည္း ဘုရားရွင္ သက္ေတာ္ထင္ရွား ရွိစဥ္တုန္းကလိုပဲ မပ်က္မကြက္ ျပင္ဆင္ကာ “အရွင္ဘုရား ဒီအခ်ိဳန္က မ်က္ႏွာသစ္ေရ သုံးေဆာင္ရမယ့္အခ်ိန္၊ ဒီအခ်ိန္က အ႐ုဏ္ဆြမ္းဘုဥ္းရမယ့္ အခ်ိန္၊ ဒီအခ်ိန္က ေန႔ဆြမ္းဘုဥ္းေပးရမယ့္ အခ်ိန္ပါဘုရား“ စသည္ျဖင့္ သက္ေတာ္ထင္ရွား ဘုရားရွင္ကို လုပ္ေကြၽးေနတဲ့ ပုံစံအတိုင္း ကပ္လႉလုပ္ေကြၽးတယ္လို႔ ဆိုပါတယ္။ အရွင္အာနႏၵာမေထရ္ေလာက္ မလုပ္ႏိုင္ၾကေပမယ့္ ဗုဒၶဘာသာမ်ားဟာ ကိုယ္တတ္ႏိုင္တဲ့ အတိုင္းအတာေလးနဲ႔ ကိုယ္စားတဲ့အရာေလးေတြကို တတ္ႏိုင္သမွ် က်က်နနျပင္ဆင္ကာ ႐ို႐ိုေသေသ ကပ္လႉၾကေစခ်င္တာပါ။ ဒါေၾကာင့္မို႔ ဘုရားဆြမ္းေတာ္ကပ္တာကို နတ္တင္သလိုမ်ိဳး ျဖစ္သလို မတင္ၾကဘဲ နည္းမ်ားမဆို ေစတနာ သဒၶါတရားအျပည့္နဲ႔ ေသခ်ာက်က်နန ျပင္ဆင္ကပ္လႉၾကဖို႔ အလြဲေလးေတြကို မလြဲေအာင္ သတိေပးတင္ျပျခင္း ျဖစ္ပါတယ္။

    Credit – မနာပဒါယီ အရွင္ဝိစိတၱ(ဒိုက္ဦး)

    (Unicode)

    ဘုရားဆွမ်းတော်ကပ်ရာတွင် မှန်ကန်သည်ထင်နေသည့် အမှားလေးများ

    ဗုဒ္ဓဘာသာအများရဲ့ အလွဲတွေထဲက နောက်ထပ်အလွဲတစ်ခုက ဘုရားဆွမ်းတော် ကပ်တာလေးပါ။ ဆွမ်းတော်ကပ်လှူတာကို ပြောတာပါ။ နတ်တင်သလိုမျိုး ဘုရားဆွမ်းတော်တင်တာမျိုး မဟုတ်ပါဘူး။ ဆွမ်းတော်ကပ်တာ ဆိုတဲ့အတွက် သက်ရှိထင်ရှား ဘုရားရှင်ကို ရည်ရွယ်အာရုံပြုပြီး ကပ်ဖို့လိုပါတယ်။ ဘုရားက ဘာမှ မပြောဘူးဆိုပြီး ဖြစ်သလိုလေး တင်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ အိမ်မှာဘုရားဆွမ်းတော် ကပ်တာလေးတွေ တွေ့ဖူးပါတယ်။

    ထမင်းပန်းကန်လေးပေါ်မှာ သကြားလေးဖြူး၊ ထန်းလျှက်လေးနဲ့ တင်ထားတာကိုပါ။ အိမ်မှာ စားစရာမရှိလို့၊ သူတို့ကိုယ်တိုင် ဒီသကြား၊ ထန်းလျှက်တွေနဲ့ စားနေရလို့ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ကိုယ်စားနိုင်တာ၊ ကိုယ်ရှိတာလေးနဲ့ ကိုယ်နဲ့ထပ်တူထားပြီး ဘုရားရှင်ကိုလည်း မရှိရှိတာ ကပ်တဲ့သဘောပါ။ ခုဟာက အဲလိုမဟုတ်ပါဘူး။ မကပ်နိုင်လို့ မဟုတ်ပါဘူး။ ကိုယ်စားတဲ့အခါ ဟင်းသုံးလေးမျိုးနဲ့ စားနေပြီး ဘုရားဆွမ်းတော် ကပ်တဲ့အခါမှာသာ အဲလိုတင်တာပါ။ တမင်တကာ ရည်ရွယ်ပြီး တင်တာတော့ မဟုတ်လောက်ပါဘူး။ မသိလို့ ဖြစ်မှာပါ။ ဒီလိုပဲ တင်ရတယ်ထင်လို့ ထမင်းပန်းကန်လေးအပေါ်မှာ သကြားထန်းလျှက်လေး ပုံပြီးတင်တာ ဖြစ်မှာပါ။ ရှေးအစဉ်လာကတည်းက ဒီလိုတင်ရတယ်လို့ သိနေခဲ့လို့ တင်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ အဲဒီလို ပုံပြီးတင်တာဆိုရင်တော့ ဘုရားဆွမ်းတော်ကပ်တယ်လို့ ပြောလို့မရဘဲ နတ်တင်သလို တင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဗုဒ္ဓဘာသာ အချို့ရဲ့ ဘုရားစင်မှာ ဒီလိုနတ်တင်သလို ဘုရားဆွမ်းတော် တင်တာတွေ ခုချိန်ထိ ရှိနေပါသေးတယ်။

    တကယ်တော့ ဒီလိုမဖြစ်သင့်ပါဘူး။ ဆွမ်းတော်မတင်ဘဲ ဆွမ်းတော်ကပ်သင့်ပါတယ်။ ကပ်တယ်ဆိုကတည်းက သက်တော်ထင်ရှား ဘုရားကို အာရုံပြုပြီး ဘုရားရှင်ကို အိမ်မှာပင့်ပြီး ကပ်သလိုမျိုး သေချာကျနစွာ ကပ်သင့်ပါတယ်။ နည်းတာများတာက အဓိကမကျပါဘူး။ ဆွမ်းတော်ကို ဆွမ်း၊ ဆွမ်းဟင်းစသည် သီးသန့်စီပြင်ပြီး ကိုယ်စားသလိုမျိုးဦးဦးဖျားဖျား ရိုရိုသေသေ ကပ်လှူသင့်ပါတယ်။ အများကြီး ဝိုင်းလိုက်ပြင်ပြီး ကပ်လှူဖို့မဟုတ်ပါဘူး။ ကိုယ်စားတဲ့အထဲက မစားခင် အဦးအဖျား လှူတဲ့သဘောနဲ့ စေတနာရှေ့ထားပြီး ကပ်လှူစေချင်တာပါ။ ကပ်ပြီးရင်လည်းမေ့မေ့ပျောက်ပျောက် မထားသင့်ပါဘူး။ နောက်နေ့ တစ်ခါကပ်ခါနီးမှ စွန့်ပြီးကပ်တာမျိုး မဖြစ်သင့်ပါဘူး။ သူ့အချိန်လေးနဲ့သူ ကပ်ပြီး စွန့်သင့်ပါတယ်။ အရုဏ်ကပ်ပြီး တစ်ခါစွန့် နေဆွမ်းမှာလည်း မွန်းမတည့်မီကပ်ပြီး မွန်းတည့်၁၂နာရီ မကျော်မီ စွန့်သင့်ပါတယ်။ ဆွမ်းမှမဟုတ်ပါဘူး။ တစ်ခြား ပန်း၊ သစ်သီး၊ သောက်တော်ရေ စတာတွေကိုလည်း သေသေချချာ ကျကျနန ပြင်ဆင်ကပ်သင့်ပါတယ်။

    သောက်တော်ရေကတော့ အချိန်ပြည့် ကပ်ထားလို့ ရပါတယ်။ ကပ်တဲ့ သောက်တော်ရေခွက်တော့ ကိုယ့်အိမ်မှာ ပုံမှန်သောက်နေတဲ့ သောက်ရေခွက် အနေအထားတော့ ရှိသင့်ပါတယ်။ တစ်ချို့ ဘုရားသောက်တော်ရေကို အရက်ခွက်အရွယ် အသေးလေးတွေနဲ့ တစ်နေကုန် တစ်ခါပဲ ကပ်တာတွေ ရှိပါသေးတယ်။ အလကားရတဲ့ ရေကိုတောင် နဲနဲသေးသေးလေးပဲ ကပ်တော့ ပြောစရာဖြစ်တာပေါ့။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလောက် သေးသေးလေးကို တစ်နေကုန်သောက်ပြီး နေနိုင်မနေနိုင် ဆင်ခြင်သင့်ပါတယ်။

    ပန်းကပ်တာလည်း ရှိသေးတယ်။ ကြာကြာခံအောင်၊ နောက်မလဲရအောင် ဆိုပြီး ကပ်လှူကြတယ်လေ။ ဇော်စိမ်းဇော်ကြားတဲ့။ ကပ်ပြီးပန်းအိုးထဲမှာ အမြစ်ပါ ပေါက်လာတော့ ပိုခံတာပေါ့တဲ့။ အဲဒါဆိုလဲ ကပ်မနေနဲ့တော့ပေါ့။ ပန်းလည်းလှပြီး အနံ့အသက်ရှိတဲ့ ပန်းဆို ဘုရားရှင်ကို ပိုပြီးပူဇော်လို့ ကောင်းတာပေါ့။ ပြီးတော့ သစ်သီးကပ်တာတွေ ရှိပါသေးတယ်။ ဈေးသွား ငှက်ပျောသီး၊ သရက်သီး အစိမ်းအလုံး လှလှလေးတွေ ဝယ်လာပြီ ဘုရားစင်ပေါ်တင်ကပ်ထား၊ မှည့်တဲ့အခါကျတော့ စွန့်ပြီး ကိုယ်စားပစ်လိုက်တာတွေ ရှိပါတယ်။ ဒီတော့ ဘုရားစင်က သစ်သီးအုပ်တဲ့စင်လို ဖြစ်နေပြန်ပါတယ်။ အဲဒီလို မဖြစ်သင့်ပါဘူး။ သစ်သီးအစိမ်းအလှတွေ ဝယ်လာလို့ ဘုရားစင်မှာ ကပ်လှူထားဖြစ်ရင်လည်း မှည့်တဲ့အခါမှာ သေချာကျကျနန ခွဲပြီးဇွန်းလေး၊ ခရင်းလေးတွေထည့်ကာ အချိန်ကာလကြည့်ပြီး ကပ်လှူသင့်ပါတယ်။ ဒါမှ သစ်သီးဆွမ်းကပ်ရာ ရောက်မှာပေါ့။ ခုတော့ အစိမ်းဝယ်တင်ထားပြီး ကိုယ်တော်အဆင်ပြေသလို ဘုဉ်းပေးဆိုတာမျိုး ဖြစ်နေပါတယ်။ မထူးပါဘူး။ ဓားနဲ့ဇွန်းခရင်းပါတင်ပြီး မှည့်ရင်အရှင်ဘုရား ကိုယ်တိုင်ပဲ ခွဲစားပါဘုရားလို့ တစ်ခါတည်း ကပ်ထားလိုက်ပေါ့။ ပိုသက်သာတာပေါ့။ ထားပါလေ။ ပြောချင်တာက ဘာပဲကပ်ကပ် သက်တော်ထင်ရှား ဘုရားကို ရည်မှန်းပြီး ကိုယ်တတ်နိုင်သမျှကို နည်းသည်များသည်မဟုတ်ဘဲ သေချာကျကျနန ကိုယ်နဲ့ထပ်တူ စဉ်းစားကာ ဦးဦးဖျားဖျား ကပ်လှူကြဖို့ ပြောတာပါ။

    ဘုရားရှင်ရဲ့ အလုပ်အကျွေး အရှင်အာနန္ဒာ မထေရ်လို့ပေါ့။ အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းမှာလည်း ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်တုန်းကလိုပဲ မပျက်မကွက် ပြင်ဆင်ကာ “အရှင်ဘုရား ဒီအချိုန်က မျက်နှာသစ်ရေ သုံးဆောင်ရမယ့်အချိန်၊ ဒီအချိန်က အရုဏ်ဆွမ်းဘုဉ်းရမယ့် အချိန်၊ ဒီအချိန်က နေ့ဆွမ်းဘုဉ်းပေးရမယ့် အချိန်ပါဘုရား“ စသည်ဖြင့် သက်တော်ထင်ရှား ဘုရားရှင်ကို လုပ်ကျွေးနေတဲ့ ပုံစံအတိုင်း ကပ်လှူလုပ်ကျွေးတယ်လို့ ဆိုပါတယ်။ အရှင်အာနန္ဒာမထေရ်လောက် မလုပ်နိုင်ကြပေမယ့် ဗုဒ္ဓဘာသာများဟာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလေးနဲ့ ကိုယ်စားတဲ့အရာလေးတွေကို တတ်နိုင်သမျှ ကျကျနနပြင်ဆင်ကာ ရိုရိုသေသေ ကပ်လှူကြစေချင်တာပါ။ ဒါကြောင့်မို့ ဘုရားဆွမ်းတော်ကပ်တာကို နတ်တင်သလိုမျိုး ဖြစ်သလို မတင်ကြဘဲ နည်းများမဆို စေတနာ သဒ္ဓါတရားအပြည့်နဲ့ သေချာကျကျနန ပြင်ဆင်ကပ်လှူကြဖို့ အလွဲလေးတွေကို မလွဲအောင် သတိပေးတင်ပြခြင်း ဖြစ်ပါတယ်။

    Credit – မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

  • လူႀကီးေတြ ဘာလို႔ ပဲစားသင့္သလဲ????

    လူႀကီးေတြ ဘာလို႔ ပဲစားသင့္သလဲ????

    အသက္အရြယ္ရလာတာႏွင့္ အမွ် လူႀကီးေတြ မွာ ေသြးတိုး၊ ဆီးခ်ိဳ၊ ေသြးတြင္း ကိုလက္စထေရာ တက္တာ စတာေတြ အျဖစ္မ်ားလာပါတယ္။ အဓိက က လည္း အစားအေသာက္ေတြ ပံုစံ မမွန္ေတာ့လို႔ပါ။

    ဒါေၾကာင့္ အာဟာရ ျပည့္ျပည့္ဝဝ ႏွင့္ စနစ္တက် က်န္းမာေရး ႏွင့္ အညီ စားသင့္ပါတယ္။ အာဟာရ ျပည့္ျပည့္ဝဝ စားဖို႔အတြက္ဆိုရင္ ပဲအမ်ိဳးမ်ိဳး ကလည္း မျဖစ္မေန စားေပးသင့္တဲ့ အစားအစာ တမ်ိဳးပါ။

    ပဲစားေပးျခင္းျဖင့္

    1. ေသြးတြင္း ကိုလက္စထေရာ က်ေစျခင္း – အမွ်င္ဓါတ္ ႂကြယ္ဝစြာပါဝင္တဲ့ အတြက္ ေသြးတြင္း ကိုလက္စထေရာ က်ေစကာ တျခားေသာ ေနာက္ဆက္တြဲ ေရာဂါေတြ ျဖစ္တဲ့ ေသြးတိုး၊ ဆီးခ်ိဳ ေရာဂါ ေတြကိုပါ တဖက္တလမ္းက ကာကြယ္ေပးပါတယ္။

    2. ဓါတ္တိုးဆန္႔က်င္ သတၱိရွိတဲ့ ဆီလီနီယမ္ ဓါတ္ ပါဝင္တဲ့ အတြက္ ေၾကာင့္ ကင္ဆာေရာဂါ ကို ကာကြယ္ေပးႏိုင္ပါတယ္။ ဆီလီနီယမ္ ဓါတ္ က အစားအစာ တိုင္းမွာ ပါေလ့မရွိပါဘူး။ ဒါေပမယ့္ ပဲ အမ်ိဳးမ်ိဳး မွာေတာ့ ႂကြယ္ဝစြာ ပါဝင္ပါတယ္။

    3. အမွ်င္ဓါတ္ ႂကြယ္ဝစြာ ပါဝင္တဲ့ အတြက္ေၾကာင့္ လူႀကီးေတြ မွာ အျဖစ္မ်ားတဲ့ ဝမ္းခ်ဳပ္တာ ကိုလည္း သက္သာေစၿပီး၊ အူမႀကီး ကင္ဆာ ျဖစ္ပြားမွဳ႕ ႏႈန္း ကိုလည္း က်ဆင္းေစပါတယ္။

    4. သက္ႀကီးရြယ္အို အမ်ားစု က ဝါးရတာ အဆင္မေျပတာရယ္၊ အနံ႔ မခံႏိုင္ေတာ့တာရယ္ေၾကာင့္ အသား၊ငါး သိပ္မစားျဖစ္တတ္ၾကပါဘူး။ ဒါေၾကာင့္ အသားဓါတ္ (Protein) ေတြ လည္း ခ်ိဳ႕တဲ့လာတတ္ပါတယ္။ ဒီလိုမ်ိဳး အသားဓါတ္ ခ်ိဳ႕တဲ့တာမ်ိဳး မျဖစ္ရေအာင္ ပဲတစ္မ်ိဳးမ်ိဳး စားေပးသင့္ပါတယ္။

    5. ဒီအျပင့္ ဗီတာမင္ ဘီ ႂကြယ္ဝတဲ့ အတြက္ေၾကာင့္ မွတ္ဉာဏ္စြမ္းအား ခ်ိဳ႕တဲ့လာ တာ ကိုလည္း တဖက္တလမ္း က ေလ်ာ့နည္းေစႏိုင္ပါတယ္။

    6. ပဲေတြမွာ သံဓါတ္ ႂကြယ္ဝတဲ့ အတြက္ လူႀကီးေတြ မွာ ျဖစ္တတ္တဲ့ သံဓါတ္နည္းၿပီး ေသြးအားနည္းတာ ကို လည္း တဖက္တလမ္း ကေန ကာကြယ္ေပးႏိုင္ပါတယ္။

    ေလးစားစြာျဖင့္
    ေဒါက္တာ ညီညီေက်ာ္

  • ခ်ိဳင္းေခၽြးနံကုိ ေပ်ာက္ကင္းေစတဲ့ မီးဖိုေခ်ာင္သံုးပစၥည္းမ်ား

    (Zawgyi)

    ခ်ိဳင္းေခြၽးနံကို ေပ်ာက္ကင္းေစတဲ့ မီးဖိုေခ်ာင္သုံးပစၥည္းမ်ား

    လူတစ္ေယာက္မွာ အနံ႔ထြက္လာၿပီဆိုရင္ အနံ႔အရင္ဆုံးထြက္တာက ခ်ိဳင္းၾကားကေန စတာပဲျဖစ္ပါတယ္။ ခ်ိဳင္းၾကားမွထြက္တဲ့ ေခြၽးနံ႔ေၾကာင့္ လူအမ်ားရဲ႕ ေရွာင္ဖယ္ျခင္း၊ ေပါင္းသင္းဆက္ဆံေရးနဲ႔ လုပ္ငန္းခြင္မွာ အေတာ္ေလးကို စိတ္အေႏွာက္အယွက္ျဖစ္ရပါတယ္။ ဒါေၾကာင့္ ခ်ိဳင္းေခြၽးနံ႔ထြက္ျခင္းကို သက္သာေစမယ့္ အခ်က္ေလးေတြကို ေျပာျပလိုက္ပါတယ္ေနာ္။ တစ္ခုသတိထားရမွာက ဇြဲရွိရွိနဲ႔ လုပ္ေပးဖို႔ေတာ့ လိုအပ္ပါတယ္ေနာ္။

    ၁။ ပန္းသီးရွာလကာရည္

    ပန္းသီးရွာလကာရည္က ပိုးမႊားေတြကို ေသေစႏိုင္သလို အနံ႔အသက္ေတြကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ပန္းသီးရွာလကာရည္ကို ေရနဲ႔ သင့္သလိုေရာစပ္ၿပီး ခ်ိဳင္းၾကားေတြကိုေဆးေၾကာသန႔္စင္ေပးပါ။ ေန႔စဥ္ေရခ်ိဳးေပးဖို႔လည္း လိုအပ္ပါတယ္။ အဝတ္အစားေတြကိုလည္း သူမ်ားနဲ႔ေရာၿပီး မဝတ္သင့္ပါဘူး။

    ၂။ မုန႔္ဖုတ္ဆိုဒါနဲ႔ သံပုရာရည္

    မုန႔္ဖုတ္ဆိုဒါက အနံ႔အသက္ေတြကိုလည္း ကင္းေဝးေစတဲ့အျပင္ အညိဳအမဲစြဲျခင္းေတြကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဒါေၾကာင့္ မုန႔္ဖုတ္ဆိုဒါနဲ႔ သံပုရာရည္ကို ေရာေမႊၿပီးေတာ့ ခ်ိဳင္းၾကားကို ပြတ္လိမ္းေပးလိုက္မယ္ဆိုရင္ အညိဳအမဲေတြကိုလည္း သက္သာေစႏိုင္သလို ရက္သတၱပတ္ေလာက္ ဆက္တိုက္လုပ္ေပးပါက အနံ႔အသက္ေတြကိုလည္း သက္သာေစႏိုင္ပါတယ္။

    ၃။ သံပုရာသီး (သို႔) သံပယိုသီး

    သံပုရာသီးမွာ အက္ဆစ္ဓာတ္ပါတာေၾကာင့္ အနံ႔အသက္ေတြကို ေပ်ာက္ကင္းေစႏိုင္ၿပီး ဘက္တီးရီးယားေတြကိုလည္း ေသေစႏိုင္ပါတယ္။ ဒါေၾကာင့္ သံပရာသီး (သို႔) သံပယိုသီးကို စိတ္ၿပိး ခ်ိဳင္းၾကားႏွစ္ဖက္ကို ပြတ္လိမ္းပါ။ ၿပီးေနာက္ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။

    ၄။ အာလူး

    အာလူးက ေခြၽးနံ႔ေတြကိုေပ်ာက္ကင္းေအာင္ ကူညီေပးႏိုင္ၿပီး အသားအေရကိုေခ်ာေမြ႕ေစၿပီး ဘက္တီးရီးယားေတြကိုလည္း ေသေစႏိုင္ပါတယ္။ အာလူးကိုခပ္ပါးပါးေလးလွီးၿပီး ခ်ိဳင္းၾကားမွာ ပြတ္တိုက္ေပးပါ။ ၁၅ မိနစ္အၾကာမွာ ေရေဆးခ်လိုက္ပါက ခ်ိဳင္းေခြၽးနံ႔သာမက တစ္ကိုယ္လုံးကို ေခြၽးနံ႔ေတြကိုပါ ေလ်ာ့ပါးေစပါတယ္။

    ၅။ ေက်ာက္ခ်ဥ္

    ေက်ာက္ခ်ဥ္ကိုေသြးၿပီး ခ်ိဳင္းမွာလိမ္းေပးမယ္ပါ။ ေက်ာက္ခ်ဥ္က အနံ႔အသက္ေတြကိုေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဒါေပမဲ့ ေက်ာက္ခ်ဥ္ကို sensitive အသားအေရသမားေတြ အလြန္အကြၽံ အသုံးမျပဳသင့္ပါဘူး။

    Credit

    (Unicode)

    ချိုင်းချွေးနံကို ပျောက်ကင်းစေတဲ့ မီးဖိုချောင်သုံးပစ္စည်းများ

    လူတစ်ယောက်မှာ အနံ့ထွက်လာပြီဆိုရင် အနံ့အရင်ဆုံးထွက်တာက ချိုင်းကြားကနေ စတာပဲဖြစ်ပါတယ်။ ချိုင်းကြားမှထွက်တဲ့ ချွေးနံ့ကြောင့် လူအများရဲ့ ရှောင်ဖယ်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ အတော်လေးကို စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ဒါကြောင့် ချိုင်းချွေးနံ့ထွက်ခြင်းကို သက်သာစေမယ့် အချက်လေးတွေကို ပြောပြလိုက်ပါတယ်နော်။ တစ်ခုသတိထားရမှာက ဇွဲရှိရှိနဲ့ လုပ်ပေးဖို့တော့ လိုအပ်ပါတယ်နော်။

    ၁။ ပန်းသီးရှာလကာရည်

    ပန်းသီးရှာလကာရည်က ပိုးမွှားတွေကို သေစေနိုင်သလို အနံ့အသက်တွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနဲ့ သင့်သလိုရောစပ်ပြီး ချိုင်းကြားတွေကိုဆေးကြောသန့်စင်ပေးပါ။ နေ့စဉ်ရေချိုးပေးဖို့လည်း လိုအပ်ပါတယ်။ အဝတ်အစားတွေကိုလည်း သူများနဲ့ရောပြီး မဝတ်သင့်ပါဘူး။

    ၂။ မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာရည်

    မုန့်ဖုတ်ဆိုဒါက အနံ့အသက်တွေကိုလည်း ကင်းဝေးစေတဲ့အပြင် အညိုအမဲစွဲခြင်းတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့် မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာရည်ကို ရောမွှေပြီးတော့ ချိုင်းကြားကို ပွတ်လိမ်းပေးလိုက်မယ်ဆိုရင် အညိုအမဲတွေကိုလည်း သက်သာစေနိုင်သလို ရက်သတ္တပတ်လောက် ဆက်တိုက်လုပ်ပေးပါက အနံ့အသက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ၃။ သံပုရာသီး (သို့) သံပယိုသီး

    သံပုရာသီးမှာ အက်ဆစ်ဓာတ်ပါတာကြောင့် အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်ပြီး ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။ ဒါကြောင့် သံပရာသီး (သို့) သံပယိုသီးကို စိတ်ပြိး ချိုင်းကြားနှစ်ဖက်ကို ပွတ်လိမ်းပါ။ ပြီးနောက် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

    ၄။ အာလူး

    အာလူးက ချွေးနံ့တွေကိုပျောက်ကင်းအောင် ကူညီပေးနိုင်ပြီး အသားအရေကိုချောမွေ့စေပြီး ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။ အာလူးကိုခပ်ပါးပါးလေးလှီးပြီး ချိုင်းကြားမှာ ပွတ်တိုက်ပေးပါ။ ၁၅ မိနစ်အကြာမှာ ရေဆေးချလိုက်ပါက ချိုင်းချွေးနံ့သာမက တစ်ကိုယ်လုံးကို ချွေးနံ့တွေကိုပါ လျော့ပါးစေပါတယ်။

    ၅။ ကျောက်ချဉ်

    ကျောက်ချဉ်ကိုသွေးပြီး ချိုင်းမှာလိမ်းပေးမယ်ပါ။ ကျောက်ချဉ်က အနံ့အသက်တွေကိုပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမဲ့ ကျောက်ချဉ်ကို sensitive အသားအရေသမားတွေ အလွန်အကျွံ အသုံးမပြုသင့်ပါဘူး။

    Credit

  • အာသီးေရာင္ၿပီး လည္ေခ်ာင္းနာတဲ့ သူေတြအတြက္

    (Zawgyi)

    အာသီးေရာင္ၿပီး လည္ေခ်ာင္းနာတဲ့ သူေတြအတြက္ နာရီပိုင္းအတြင္း သက္သာေပ်ာက္ကင္းေစမည့္ သဘာဝ ေဆးနည္း

    အာသီးေရာင္ၿပီး လည္ေခ်ာင္းနာတဲ့ သူေတြအတြက္ နာရီပိုင္းအတြင္း သက္သာေပ်ာက္ကင္းေစမည့္ သဘာဝ ေဆးနည္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ အာသီးေရာင္ျခင္းကို (Tonsillitis)လို႔ ေခၚဆိုပါတယ္။ ဘာ့ေၾကာင့္ အာသီးေရာင္ၿပီး လည္ေခ်ာင္းနာရသလဲဆိုေတာ့က…… ေဆာင္းကုန္ေႏြကူးၿပီး ေႏြအခါေရာက္ၿပီဆိုတာနဲ႔ ခႏၶာကိုယ္အတြင္း အပူဓာတ္မ်ားလြန္ကဲၿပီး အာသီးေရာင္၍ လည္ေခ်ာင္းနာတတ္ပါတယ္။

    အခုလို ပူျပင္းတဲ့ရာသီမွာ ေရမ်ားမ်ားေသာက္ပါ။ ဝမ္းမခ်ဳပ္ပါေစႏွင့္…အသီးအႏွံ မ်ားမ်ားစားသုံးေပးပါ။ အာသီးေရာင္တဲ့ လကၡဏာဟာ အစားအစာမ်ား ၿမိဳခ်ပါက လည္ေခ်ာင္းအတြင္း ခံစားရခက္ေအာင္ နာက်င္ပါတယ္။ ဒီလိုျဖစ္ေနၿပီဆိုတာနဲ႔ ပထမအဦးဆုံး ေရေႏြးျဖဴထဲသို႔ အိမ္သုံးဆား တစ္ဇြန္းခန႔္ထည့္၍ ေရာေမႊၿပီး ၎ဆားရည္(Salt water)ျဖင့္ ေခါင္းေမာ့၍ အာေခါင္အတြင္းေရာက္ေအာင္ ပလုပ္က်င္းေပးပါ။

    ဒုတိယနည္းတစ္မ်ိဳးကေတာ့….သေဘာသႌး ႏုႏုထြတ္ထြတ္ တစ္လုံးကို အပင္မွ ခူးဆြတ္၍ ေရသန႔္စင္ေအာင္ေဆးေၾကာၿပီး အလုံးလိုက္ ေၾကညႇက္ေအာင္ ဝါးစားၿပီး ၿမိဳခ်လိုက္ပါ။ အထက္ပါ ေဖာ္ျပထားတဲ့(၂)ခ်က္ကို ခ်က္ခ်င္းျပဳလုပ္ပါ။တတိယ ေနာက္ဆုံးနည္းကေတာ့ (ပ်ားရည္စစ္စစ္+ဂ်င္း(ခ်င္း) ႏွင့္ သံပရာသီး(သို႔)ေရွာက္သီး)

    ဂ်င္းကို ပါးပါးလွပ္လွပ္လွီးပါ.. သံပရားသီးကို အေစ့ အခြံပါေအာင္ ကြင္းလွီးပါ။ ဤ (၂)မ်ိဳးကို သန႔္စင္ေသာ ပုလင္းဗူးထဲ၌ေရာထည့္၍ ပ်ားရည္စစ္စစ္ကို ဂ်င္းအဖတ္ သံပရာသီးအဖတ္ ျမဳပ္ေအာင္ထည့္၍ တစ္ပတ္ခန႔္ၾကာေအာင္ ေလလုံေအာင္ အဖုံးပိတ္ထားလိုက္ပါ။ တစ္ပတ္ခန႔္ၾကာေသာ္….၎ အဖတ္မ်ားႏွင့္ပ်ားရည္ကို ေန႔/ည ပုံမွန္စားသုံးေပးျခင္းျဖင့္ (Tonsillitis)လို႔ေခၚတဲ့ အာသီးေရာင္ေရာဂါကို လုံးဝအရွင္း ေပ်ာက္ကင္းေစပါသည္။ ခဏ ခဏ ျဖစ္တတ္သူေတြက ဒီေဆးနည္းအတိုင္း ေဖာ္စပ္ထားၿပီး အိမ္မွာေဆာင္ထားသင့္ပါတယ္။

    Credit – Win Min Phyo(ဘ၀ခါးခါး)

    (Unicode)

    အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေအတွက် နာရီပိုင်းအတွင်း သက်သာပျောက်ကင်းစေမည့် သဘာဝ ဆေးနည်း

    အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေအတွက် နာရီပိုင်းအတွင်း သက်သာပျောက်ကင်းစေမည့် သဘာဝ ဆေးနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အာသီးရောင်ခြင်းကို(Tonsillitis)လို့ ခေါ်ဆိုပါတယ်။ ဘာ့ကြောင့် အာသီးရောင်ပြီး လည်ချောင်းနာရသလဲဆိုတော့က…… ဆောင်းကုန်နွေကူးပြီး နွေအခါရောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်အတွင်း အပူဓာတ်များလွန်ကဲပြီး အာသီးရောင်၍ လည်ချောင်းနာတတ်ပါတယ်။

    အခုလို ပူပြင်းတဲ့ရာသီမှာ ရေများများသောက်ပါ။ ဝမ်းမချုပ်ပါစေနှင့်…အသီးအနှံ များများစားသုံးပေးပါ။ အာသီးရောင်တဲ့ လက္ခဏာဟာ အစားအစာများ မြိုချပါက လည်ချောင်းအတွင်း ခံစားရခက်အောင် နာကျင်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုတာနဲ့ ပထမအဦးဆုံး ရေနွေးဖြူထဲသို့ အိမ်သုံးဆား တစ်ဇွန်းခန့်ထည့်၍ ရောမွှေပြီး ၎င်းဆားရည်(Salt water)ဖြင့် ခေါင်းမော့၍ အာခေါင်အတွင်းရောက်အောင် ပလုပ်ကျင်းပေးပါ။

    ဒုတိယနည်းတစ်မျိုးကတော့….သဘောင်္သီး နုနုထွတ်ထွတ် တစ်လုံးကို အပင်မှ ခူးဆွတ်၍ ရေသန့်စင်အောင်ဆေးကြောပြီး အလုံးလိုက် ကြေညှက်အောင် ဝါးစားပြီး မြိုချလိုက်ပါ။ အထက်ပါ ဖော်ပြထားတဲ့(၂)ချက်ကို ချက်ချင်းပြုလုပ်ပါ။တတိယ နောက်ဆုံးနည်းကတော့ (ပျားရည်စစ်စစ်+ဂျင်း(ချင်း) နှင့် သံပရာသီး(သို့)ရှောက်သီး)

    ဂျင်းကို ပါးပါးလှပ်လှပ်လှီးပါ.. သံပရားသီးကို အစေ့ အခွံပါအောင် ကွင်းလှီးပါ။ ဤ (၂)မျိုးကို သန့်စင်သော ပုလင်းဗူးထဲ၌ရောထည့်၍ ပျားရည်စစ်စစ်ကို ဂျင်းအဖတ် သံပရာသီးအဖတ် မြုပ်အောင်ထည့်၍ တစ်ပတ်ခန့်ကြာအောင် လေလုံအောင် အဖုံးပိတ်ထားလိုက်ပါ။ တစ်ပတ်ခန့်ကြာသော်….၎င်း အဖတ်များနှင့်ပျားရည်ကို နေ့/ည ပုံမှန်စားသုံးပေးခြင်းဖြင့် (Tonsillitis)လို့ခေါ်တဲ့ အာသီးရောင်ရောဂါကို လုံးဝအရှင်း ပျောက်ကင်းစေပါသည်။ ခဏ ခဏ ဖြစ်တတ်သူတွေက ဒီဆေးနည်းအတိုင်း ဖော်စပ်ထားပြီး အိမ်မှာဆောင်ထားသင့်ပါတယ်။

    Credit – Win Min Phyo(ဘဝခါးခါး)

  • ဈေးသွားရင် ဘာချက်ရမလဲတွေးကာ စိတ်ညစ်နေသူများအတွက် ၅၉ရက်စာ ဟင်းလျာများ

    (Zawgyi)

    ေဈးသြားရင္ ဘာခ်က္ရမလဲေတြးကာ စိတ္ညစ္ေနသူမ်ားအတြက္ ၅၉ရက္စာ ဟင္းလ်ာမ်ား

    ၁။ ၾကက္သားအာလူးဟင္း+ပဲကုလားဟင္း+ ကန္ဇြန္း႐ြက္ေၾကာ္+ ဘာလေခ်ာင္ေၾကာ္

    ၂။ ငါးေမႊ+ေဂၚရခါးသီးခ်ဥ္ရည္+င႐ုပ္ပြေၾကာ္+ ဘာလေခ်ာင္ေၾကာ္

    ၃။ ငါးဖယ္ငါးဆုတ္+ေက်ာက္ဖ႐ုံသီးခ်ဥ္ရည္+႐ုံးပတီသီးေၾကာ္+ငါးပိေထာင္း

    ၄။ ပုစြန္ ဆီျပန္+ ကန္ဇြန္း႐ြက္ခ်ဥ္ရည္ +ပန္းေဂၚဖီၾကက္ဥ+င႐ုပ္သီးဆားေထာင္း

    ၅။ ဘဲဥဆီျပန္+ပဲ႐ြက္ဟင္းခ်ိဳ+ကင္းပုံသီးခ်က္+ငံျပာရည္ခ်က္+တို႔စရာ

    ၆။ ပုစြန္ေဘာ့ခ်ိတ္+ ေဂၚရခါးသီးအခ်ိဳခ်က္+ျမင္းခြာ႐ြက္သုတ္+ငါးပိခ်က္

    ၇။ ဝက္သနီခ်က္+ဘူးသီးခ်ည္ရည္+ေ႐ႊပဲသီးဥနီ+ဘာလေခ်ာင္ေၾကာ္

    ၈။ ကကတစ္ ၾကက္ကသြန္ႏွပ္+ေဂၚဖီ႐ြက္ ၾကာဆံဟင္းခါး+ခရမ္းသီးသုတ္+ငါးခူငါးပိေကာင္

    ၉။ ငါးထမင္းဆိမ့္+ ၾကက္ေၾကာ္+ ဘူးသီးဟင္းခါး

    ၁၀။ ၾကက္သားဆီျပန္ + ပဲႀကီးဆူးပုပ္ + သရက္သီးပိုးတီသုပ္+ငံပ်ာရည္ေၾကာ္

    ၁၁။ ဝက္သားအာလူးဟင္း+ခ်ဥ္ေပါင္႐ြက္ဟင္းခ်ိဳ + သရပ္သီးသနပ္ + ငါးပိေၾကာ္

    ၁၂။ ၾကက္သားကာလသားခ်က္ ဘူးသီးေရာ+နံ႐ိုး+ ေက်ာက္ဖ႐ုံဟင္းခ်ိဳ +ပုစြန္ခ်ဥ္သုပ္ + ငါးရံ႕ေျခာက္ဖုတ္

    ၁၃။ သီးစုံဒန႔္ဒလြန္သီး ပဲကုလားဟင္း + ငါးက်ည္းအစပ္ေၾကာ္+ဘဲဥေၾကာ္

    ၁၄။ ၾကက္သားဆီျပန္+ ခ်ဥ္ေပါင္ေၾကာ္+ဘူးသီးဟင္းခါး+ငပိရည္+တို႔စရာ

    ၁၅။ ငါးအိုးကပ္ + ပဲႀကီးနပ္ + ငါးပိေက်ာ္+ မုန္လာခ်ဥ္သုပ္

    ၁၆။ ၾကက္သားေၾကာ္+ဘူးသီးဟင္းခါး+ငါးခ်ဥ္သုပ္+သီး႐ြက္စုံ ႏွမ္းဆီျဖန္း အစိမ္းေက်ာ္

    ၁၇။ ငါးရံ႕ေၾကာ္ +ဘူးသီးခ်ည္ရည္ +ပဲႀကီးႏွပ္

    ၁၈။ ဝက္ပုန္းရည္ +မန္က်ီး႐ြက္သုပ္ +ၾကာဇံဟင္းခါး

    ၁၉။ ငါးခူအစပ္ေၾကာ္ +ပဲနီေလးဟင္းခ်ိဳ +ခရမ္းခ်ဥ္သီးသုပ္

    ၂၀။ ငါးသေလာက္ဟင္း +ကန္စြန္႐ြက္ေၾကာ္ +ဘူးသီးဟင္းခါး

    ၂၁။ ဆိတ္သားႏွပ္ +ျမင္းခြာ႐ြက္သုပ္ +မုန္လာဥခ်ည္ရည္

    ၂၂။ ၾကက္သားဟင္း+အစိမ္းေၾကာ္+ခ်ဥ္ေပါင္ဟင္း

    ၂၃။ ဝက္သားအခ်ိဳခ်က္+ခ်ဥ္ေပါင္႐ြက္နဲ႔မွ်စ္အခ်ဥ္ဟင္း+အာၿပဲေျခာက္အစပ္ေၾကာ္+ပဲသီးဘဲဥေၾကာ္

    ၂၄။ ေ႐ႊဖ႐ုံ႔သီးဆီျပန္+မန္က်ီးစိမ္းခ်က္+ၾကာဇံဟင္းခါး+ငါးသလဲထိုးေက်ာ္

    ၂၅။ ခ်ဥ္ေပါင္ပုစြန္မွ်စ္ေၾကာ္+ငါးပုဏၰားေၾကာ္+ဘူးသီးဟင္းခါး

    ၂၆။ ၾကက္သားေၾကာ္+ခ်ဥ္ရည္ဟင္း+င႐ုပ္သီးဆားေထာင္း

    ၂၇။ ၾကက္သားေၾကာ္+ကန္စြန္း႐ြက္ေၾကာ္+ငပိရည္ တို႔စရာ

    ၂၈။ ဝက္သားမွ်စ္ခ်ဥ္ဟင္း+ပဲပုတ္ေထာင္း+ေဂၚရခါးၫြန႔္ေၾကာ္

    ၂၉။ သီးစုံခ်ဥ္ရည္ဘဲဥဟင္း+ငံျပာရည္ေၾကာ္

    ၃၀။ ငါးသေလာက္ခ်ဥ္ေပါင္+ငံျပာရည္ခ်က္

    ၃၁။ ခရမ္းခ်ဥ္သီးအစပ္ေထာင္း+ ႀကံဟင္း႐ြက္ ဟင္းခ်ိဳ+ မက်ည္းသီးအမွည့္ကို ငါးပိဖုတ္နဲ႔ ေဖ်ာ္ရည္စိမ္+ဆိတ္သား ေျခာက္င႐ုတ္သီးအိုးကပ္ or ငါးေလးအိုးကပ္+ပိႏၷဲသီးႏွပ္

    ၃၂။ ၾကက္ဘူးသီး+ငပိေထာင္း+သရက္ခ်ဥ္သုပ္+ ပုဇြန္ေျခာက္ေၾကာ္

    ၃၃။ ပဲနီေလးပဲဟင္း+ပန္ခ်ာပီေျခာက္+င႐ုတ္သီးေျခာက္ေၾကာ္+ၾကက္သားအခ်ိဳ ႏွပ္+သရက္ခ်ဥ္သုပ္

    ၃၄။ မွ်ဥ္ခ်ဥ္ၾကက္႐ိုးခ်ဥ္ရည္+ငါးပိေထာင္း+ဝက္သားလုံးေၾကာ္

    ၃၅။ ၾကက္သားနဲ႔ ရွမ္းခ်ဥ္+ ငါးက်ည္းေျခာက္င႐ုတ္သီးခ်က္+ဒန႔္သလြန္႐ြက္ဟင္းခ်ိဳ

    ၃၆။ ပုဇြန္ င႐ုတ္ပြသီးနဲ႔ ဥနီအခ်ိဳခ်က္+ပဲႀကီးဟင္းရည္+ပုန္းရည္ႀကီးသုပ္

    ၃၇။ ၾကက္သားျပဳတ္ေၾကာ္+ ခရမ္းခ်ဥ္သီးငါးငပိခ်က္ စပ္စပ္+တို႔စရာ.ေပါက္ပန္းျဖဴ..ပဲသီး.သခြားသီးနဲ႔တမာခ်ဥ္+ ဘူးသီးဟင္းခါး

    ၃၈။ ငါးခူေၾကာ္+ဆူးပန္း႐ြက္ခ်ဥ္ရည္+ၾကက္႐ိုးင႐ုတ္သီးခ်က္+ျမဴ ႐ြက္သုတ္

    ၃၉။ ငါးေၾကာ္င႐ုတ္ခြဲၾကမ္းေၾကာ္ႏွပ္ +ပဲႀကီးဆူးပုတ္အ႐ြက္စုံေတာဟင္းခ်ိဳ +သရက္ခ်ဥ္သုပ္

    ၄၀။ ငါးေပါင္း+သရက္သီးအစိမ္းသုပ္+ပုဇြန္ေျခာက္ငပိေၾကာ္+ဘူးသီးဟင္းခါး

    ၄၁။ သီးစုံခ်ဥ္ေရ+ဝက္သားလုံးမႈိခ်က္ + ပဲကတီပါျပဳတ္ေက်ာ္+အညာျငဳပ္သီးေထာင္း

    ၄၂။ ငါးရံအူဟင္း+မရမ္းသီးေထာင္း+ဘူးသီးဟင္းခါး+႐ုံးပတီသီးေၾကာ္

    ၄၃။ သီးစုံခ်ဥ္ေရ+ၾကက္သားလုံးမႈိခ်က္ +ပဲျပဳတ္မ်စ္ေၾကာ္+ျငဳပ္သီးဆားေထာင္း

    ၄၄။ ဝက္သားပဲဆီျပဳတ္+ကပ္ဘီလူးနဲ႔ကင္မြန္း႐ြက္အခ်ဥ္ရည္ဟင္း+သခြားသီး ငပိ

    ၄၅။ ခရမ္းခ်ဥ္သီးပန္ေထြေဖ်ာ္+ငါးရံ႕ေျခာက္ဖုတ္+ပန္းမုန္လာေၾကာ္ + ပဲရာဇာနဲ႔ ေက်ာက္ဖ႐ုံသီးဟင္းခ်ိဳ

    ၄၆။ ပဲကုလားဟင္း+အာၿပဲေျခာက္ေၾကာ္စပ္စပ္+အစိမ္းေၾကာ္+ငပိရည္တို႔စရာ သရက္သီးကင္း

    ၄၇။ ပုဇြန္ေလးနဲ႔ ခရမ္းခ်ဥ္သီးအူေဖါက္ခ်က္+ ပန္းပြင့္နဲ႔ၾကက္ဥေၾကာ္ +င႐ုပ္သီးေထာင္း ငါးေျခာက္ဖုတ္

    ၄၈။ ဝက္သည္း ပဲၾကာဇံမႈိေျခာက္ဥနီေၾကာ္ တ႐ုပ္နံနံအုပ္+ဝက္နံ႐ိုး ႀကံမဆိုင္အရည္ေသာက္+ ပဲပုတ္အစပ္ေၾကာ္

    ၄၉။ ဝက္သားနဲ႔ ခရမ္းခ်ဥ္သီးဆီျပန္+မွ်စ္ေထာင္းစပ္+ပဲနီေလးဟင္းခ်ိဳ

    ၅၀။ ၾကက္သားနဲ႔ပ်ားရည္ခ်က္+ ငပိေၾကာ္ +ခ်ဥ္ေပါင္ဟင္းခ်ိဳ+ငါးဖယ္ျပဳတ္သုတ္

    ၅၁။ ၾကက္သားေပါင္း ႀကံမဆိုင္နဲ႔ဘဲသားခ်က္+ငပိေၾကာ္+သရက္သီးသုပ္

    ၅၂။ ၾကက္ကုလားပဲ+နာနတ္သီးသုတ္ +ငံျပာရည္ေၾကာ္ပန္းပြင့္ဘဲဥေၾကာ္

    ၅၃။ ငါးေျခာက္ခ်က္+ၾကက္ဥေၾကာ္+ခ်ဥ္ေပါင္ဟင္း+ပဲအိုးႏွပ္

    ၅၄။ ကင္းမြန္ခ်ဥ္စပ္+ဘူးသီးၾကာဇံဟင္းခါး+မွ်စ္ကင္းပုံသီးေၾကာ္+မွ်င္ငါးပိငါးမီးဖုတ္ေဖ်ာ္+သရက္သီးစိမ္း ႐ုံးပတီသီးခရမ္းသီးျပဳတ္+ေပါက္ပန္းျဖဴ႐ြက္ျပဳတ္

    ၅၅။ ဘဲဥခ်ဥ္ဟင္း+ကန္စြန္းမႈိေၾကာ္+ငါးပိတို႔စရာအစုံ+ဘူးသီးဟင္းခါး

    ၅၆။ ငါးေျခာက္ခ်က္+ၾကက္ဥေၾကာ္+ခ်ဥ္ေပါင္ဟင္း+ပဲအိုးႏွပ္

    ၅၇။ ဘဲသားအာလူးဆီျပန္+ ဗူးၫြန႔္ဆူးပုတ္ဟင္းခ်ိဳ+ ငါးပိရည္တို႔စရာ သရက္သီး

    ၅၈။ ဝက္လက္မွ်စ္ခ်ဥ္+ပဲေရပြ+ဂ်ဴးေထာင္း+ငံျပာရည္ဆီသတ္

    ၅၉။ ပိန္းဥနဲ႔ ၾကက္သားအရည္ေသာက္ဟင္း+ငါးခူေၾကာ္ႏွပ္+ငပိခ်ဥ္စပ္ေထာင္း

    Credit – မူရင္းေရးသားသူ

    (Unicode)

    ဈေးသွားရင် ဘာချက်ရမလဲတွေးကာ စိတ်ညစ်နေသူများအတွက် ၅၉ရက်စာ ဟင်းလျာများ

    ၁။ ကြက်သားအာလူးဟင်း+ပဲကုလားဟင်း+ ကန်ဇွန်းရွက်ကြော်+ ဘာလချောင်ကြော်

    ၂။ ငါးမွှေ+ဂေါ်ရခါးသီးချဉ်ရည်+ငရုပ်ပွကြော်+ ဘာလချောင်ကြော်

    ၃။ ငါးဖယ်ငါးဆုတ်+ကျောက်ဖရုံသီးချဉ်ရည်+ရုံးပတီသီးကြော်+ငါးပိထောင်း

    ၄။ ပုစွန် ဆီပြန်+ ကန်ဇွန်းရွက်ချဉ်ရည် +ပန်းဂေါ်ဖီကြက်ဥ+ငရုပ်သီးဆားထောင်း

    ၅။ ဘဲဥဆီပြန်+ပဲရွက်ဟင်းချို+ကင်းပုံသီးချက်+ငံပြာရည်ချက်+တို့စရာ

    ၆။ ပုစွန်ဘော့ချိတ်+ ဂေါ်ရခါးသီးအချိုချက်+မြင်းခွာရွက်သုတ်+ငါးပိချက်

    ၇။ ဝက်သနီချက်+ဘူးသီးချည်ရည်+ရွှေပဲသီးဥနီ+ဘာလချောင်ကြော်

    ၈။ ကကတစ် ကြက်ကသွန်နှပ်+ဂေါ်ဖီရွက် ကြာဆံဟင်းခါး+ခရမ်းသီးသုတ်+ငါးခူငါးပိကောင်

    ၉။ ငါးထမင်းဆိမ့်+ ကြက်ကြော်+ ဘူးသီးဟင်းခါး

    ၁၀။ ကြက်သားဆီပြန် + ပဲကြီးဆူးပုပ် + သရက်သီးပိုးတီသုပ်+ငံပျာရည်ကြော်

    ၁၁။ ဝက်သားအာလူးဟင်း+ချဉ်ပေါင်ရွက်ဟင်းချို + သရပ်သီးသနပ် + ငါးပိကြော်

    ၁၂။ ကြက်သားကာလသားချက် ဘူးသီးရော+နံရိုး+ ကျောက်ဖရုံဟင်းချို +ပုစွန်ချဉ်သုပ် + ငါးရံ့ခြောက်ဖုတ်

    ၁၃။ သီးစုံဒန့်ဒလွန်သီး ပဲကုလားဟင်း + ငါးကျည်းအစပ်ကြော်+ဘဲဥကြော်

    ၁၄။ ကြက်သားဆီပြန်+ ချဉ်ပေါင်ကြော်+ဘူးသီးဟင်းခါး+ငပိရည်+တို့စရာ

    ၁၅။ ငါးအိုးကပ် + ပဲကြီးနပ် + ငါးပိကျော်+ မုန်လာချဉ်သုပ်

    ၁၆။ ကြက်သားကြော်+ဘူးသီးဟင်းခါး+ငါးချဉ်သုပ်+သီးရွက်စုံ နှမ်းဆီဖြန်း အစိမ်းကျော်

    ၁၇။ ငါးရံ့ကြော် +ဘူးသီးချည်ရည် +ပဲကြီးနှပ်

    ၁၈။ ဝက်ပုန်းရည် +မန်ကျီးရွက်သုပ် +ကြာဇံဟင်းခါး

    ၁၉။ ငါးခူအစပ်ကြော် +ပဲနီလေးဟင်းချို +ခရမ်းချဉ်သီးသုပ်

    ၂၀။ ငါးသလောက်ဟင်း +ကန်စွန်ရွက်ကြော် +ဘူးသီးဟင်းခါး

    ၂၁။ ဆိတ်သားနှပ် +မြင်းခွာရွက်သုပ် +မုန်လာဥချည်ရည်

    ၂၂။ ကြက်သားဟင်း+အစိမ်းကြော်+ချဉ်ပေါင်ဟင်း

    ၂၃။ ဝက်သားအချိုချက်+ချဉ်ပေါင်ရွက်နဲ့မျှစ်အချဉ်ဟင်း+အာပြဲခြောက်အစပ်ကြော်+ပဲသီးဘဲဥကြော်

    ၂၄။ ရွှေဖရုံ့သီးဆီပြန်+မန်ကျီးစိမ်းချက်+ကြာဇံဟင်းခါး+ငါးသလဲထိုးကျော်

    ၂၅။ ချဉ်ပေါင်ပုစွန်မျှစ်ကြော်+ငါးပုဏ္ဏားကြော်+ဘူးသီးဟင်းခါး

    ၂၆။ ကြက်သားကြော်+ချဉ်ရည်ဟင်း+ငရုပ်သီးဆားထောင်း

    ၂၇။ ကြက်သားကြော်+ကန်စွန်းရွက်ကြော်+ငပိရည် တို့စရာ

    ၂၈။ ဝက်သားမျှစ်ချဉ်ဟင်း+ပဲပုတ်ထောင်း+ဂေါ်ရခါးညွန့်ကြော်

    ၂၉။ သီးစုံချဉ်ရည်ဘဲဥဟင်း+ငံပြာရည်ကြော်

    ၃၀။ ငါးသလောက်ချဉ်ပေါင်+ငံပြာရည်ချက်

    ၃၁။ ခရမ်းချဉ်သီးအစပ်ထောင်း+ ကြံဟင်းရွက် ဟင်းချို+ မကျည်းသီးအမှည့်ကို ငါးပိဖုတ်နဲ့ ဖျော်ရည်စိမ်+ဆိတ်သား ခြောက်ငရုတ်သီးအိုးကပ် or ငါးလေးအိုးကပ်+ပိန္နဲသီးနှပ်

    ၃၂။ ကြက်ဘူးသီး+ငပိထောင်း+သရက်ချဉ်သုပ်+ ပုဇွန်ခြောက်ကြော်

    ၃၃။ ပဲနီလေးပဲဟင်း+ပန်ချာပီခြောက်+ငရုတ်သီးခြောက်ကြော်+ကြက်သားအချို နှပ်+သရက်ချဉ်သုပ်

    ၃၄။ မျှဉ်ချဉ်ကြက်ရိုးချဉ်ရည်+ငါးပိထောင်း+ဝက်သားလုံးကြော်

    ၃၅။ ကြက်သားနဲ့ ရှမ်းချဉ်+ ငါးကျည်းခြောက်ငရုတ်သီးချက်+ဒန့်သလွန်ရွက်ဟင်းချို

    ၃၆။ ပုဇွန် ငရုတ်ပွသီးနဲ့ ဥနီအချိုချက်+ပဲကြီးဟင်းရည်+ပုန်းရည်ကြီးသုပ်

    ၃၇။ ကြက်သားပြုတ်ကြော်+ ခရမ်းချဉ်သီးငါးငပိချက် စပ်စပ်+တို့စရာ.ပေါက်ပန်းဖြူ..ပဲသီး.သခွားသီးနဲ့တမာချဉ်+ ဘူးသီးဟင်းခါး

    ၃၈။ ငါးခူကြော်+ဆူးပန်းရွက်ချဉ်ရည်+ကြက်ရိုးငရုတ်သီးချက်+မြူ ရွက်သုတ်

    ၃၉။ ငါးကြော်ငရုတ်ခွဲကြမ်းကြော်နှပ် +ပဲကြီးဆူးပုတ်အရွက်စုံတောဟင်းချို +သရက်ချဉ်သုပ်

    ၄၀။ ငါးပေါင်း+သရက်သီးအစိမ်းသုပ်+ပုဇွန်ခြောက်ငပိကြော်+ဘူးသီးဟင်းခါး

    ၄၁။ သီးစုံချဉ်ရေ+ဝက်သားလုံးမှိုချက် + ပဲကတီပါပြုတ်ကျော်+အညာငြုပ်သီးထောင်း

    ၄၂။ ငါးရံအူဟင်း+မရမ်းသီးထောင်း+ဘူးသီးဟင်းခါး+ရုံးပတီသီးကြော်

    ၄၃။ သီးစုံချဉ်ရေ+ကြက်သားလုံးမှိုချက် +ပဲပြုတ်မျစ်ကြော်+ငြုပ်သီးဆားထောင်း

    ၄၄။ ဝက်သားပဲဆီပြုတ်+ကပ်ဘီလူးနဲ့ကင်မွန်းရွက်အချဉ်ရည်ဟင်း+သခွားသီး ငပိ

    ၄၅။ ခရမ်းချဉ်သီးပန်ထွေဖျော်+ငါးရံ့ခြောက်ဖုတ်+ပန်းမုန်လာကြော် + ပဲရာဇာနဲ့ ကျောက်ဖရုံသီးဟင်းချို

    ၄၆။ ပဲကုလားဟင်း+အာပြဲခြောက်ကြော်စပ်စပ်+အစိမ်းကြော်+ငပိရည်တို့စရာ သရက်သီးကင်း

    ၄၇။ ပုဇွန်လေးနဲ့ ခရမ်းချဉ်သီးအူဖေါက်ချက်+ ပန်းပွင့်နဲ့ကြက်ဥကြော် +ငရုပ်သီးထောင်း ငါးခြောက်ဖုတ်

    ၄၈။ ဝက်သည်း ပဲကြာဇံမှိုခြောက်ဥနီကြော် တရုပ်နံနံအုပ်+ဝက်နံရိုး ကြံမဆိုင်အရည်သောက်+ ပဲပုတ်အစပ်ကြော်

    ၄၉။ ဝက်သားနဲ့ ခရမ်းချဉ်သီးဆီပြန်+မျှစ်ထောင်းစပ်+ပဲနီလေးဟင်းချို

    ၅၀။ ကြက်သားနဲ့ပျားရည်ချက်+ ငပိကြော် +ချဉ်ပေါင်ဟင်းချို+ငါးဖယ်ပြုတ်သုတ်

    ၅၁။ ကြက်သားပေါင်း ကြံမဆိုင်နဲ့ဘဲသားချက်+ငပိကြော်+သရက်သီးသုပ်

    ၅၂။ ကြက်ကုလားပဲ+နာနတ်သီးသုတ် +ငံပြာရည်ကြော်ပန်းပွင့်ဘဲဥကြော်

    ၅၃။ ငါးခြောက်ချက်+ကြက်ဥကြော်+ချဉ်ပေါင်ဟင်း+ပဲအိုးနှပ်

    ၅၄။ ကင်းမွန်ချဉ်စပ်+ဘူးသီးကြာဇံဟင်းခါး+မျှစ်ကင်းပုံသီးကြော်+မျှင်ငါးပိငါးမီးဖုတ်ဖျော်+သရက်သီးစိမ်း ရုံးပတီသီးခရမ်းသီးပြုတ်+ပေါက်ပန်းဖြူရွက်ပြုတ်

    ၅၅။ ဘဲဥချဉ်ဟင်း+ကန်စွန်းမှိုကြော်+ငါးပိတို့စရာအစုံ+ဘူးသီးဟင်းခါး

    ၅၆။ ငါးခြောက်ချက်+ကြက်ဥကြော်+ချဉ်ပေါင်ဟင်း+ပဲအိုးနှပ်

    ၅၇။ ဘဲသားအာလူးဆီပြန်+ ဗူးညွန့်ဆူးပုတ်ဟင်းချို+ ငါးပိရည်တို့စရာ သရက်သီး

    ၅၈။ ဝက်လက်မျှစ်ချဉ်+ပဲရေပွ+ဂျူးထောင်း+ငံပြာရည်ဆီသတ်

    ၅၉။ ပိန်းဥနဲ့ ကြက်သားအရည်သောက်ဟင်း+ငါးခူကြော်နှပ်+ငပိချဉ်စပ်ထောင်း

    Credit – မူရင်းရေးသားသူ

  • သံပုရာခြံေတြကို အက်ိဳးရွိေအာင္ ဘယ္လိုသံုးမလဲ

    (Zawgyi)

    သံပုရာခြံေတြကို အက်ိဳးရွိေအာင္ ဘယ္လိုသုံးမလဲ

    သံပုရာသီးကို အရည္ညႇစ္ၿပီးရင္ ရလာတဲ့ သံပုရာသီးခြံကို ကြၽန္ေတာ္တို႔ေတြ လႊင့္ပစ္တတ္ၾကပါတယ္။ ဒါေပယ့္ သံပုရာသီးခြံကို ေနရာေတာ္ေတာ္မ်ားမ်ားမွာ ျပန္သုံးလို႔ရတယ္ဆိုတာကိုေကာ သိၾကပါသလား။ သံပုရာသီးခြံထဲမွာလည္း ဗိုက္တာမင္၊ အမွ်င္ဓာတ္၊ သတၱဳဓာတ္နဲ႔ ခႏၶာကိုယ္အတြက္ အာဟာရျဖစ္ေစတဲ့ အင္ဇိုင္းေတြနဲ႔လည္း ျပည့္ႏွက္ေနပါေသးတယ္။ ဒီေန႔မွာေတာ့ သံပုရာသီးေတြ အရည္ညႇစ္ၿပီးရင္ အခြံေတြကို အမႈိက္ပုံးထဲ လႊင့္ပစ္မယ့္အစား ျပန္သုံးလို႔ရမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

    ၁။ ဝက္ၿခံကုသရာမွာ သုံးမယ္

    အလွအပေရးရာ ကြၽမ္းက်င္သူေတြကေတာ့ သံပုရာခြံနဲ႔ လုပ္ထားတဲ့ အႏွစ္ကို မ်က္ႏွာအလွကို ဖ်က္ေနတဲ့ ဝက္ၿခံေတြကို တိုက္ဖ်က္ရာမွာ သုံးဖို႔အတြက္ အႀကံျပဳခဲ့ၾကပါတယ္။ တကယ္တမ္းမွာလည္း သံပုရာသီးမွာ ပါဝင္တဲ့ ဘက္တီးရီးယားတိုက္ဖ်က္တဲ့ agent ဟာ ခႏၶာကိုယ္ေပၚက အညစ္အေၾကးေတြကို ဖယ္ရွားရာမွာ အသုံးဝင္ပါတယ္။

    ဒါေၾကာင့္ တကယ္လို႔ မ်က္ႏွာေပၚမွာ ဝက္ၿခံေတြေပါက္ေနၿပီဆိုရင္ သံပုရာခြံေလးနဲ႔ ပြတ္ေပးတာပဲျဖစ္ျဖစ္၊ သံပုရာခြံနဲ႔ ျပဳလုပ္ထားတဲ့ အႏွစ္ေလးနဲ႔ သုတ္လိမ္းေပးတာပဲျဖစ္ျဖစ္ လုပ္ေပးမယ္ဆိုရင္ မ်က္ႏွာေပၚက အဆီပိုေတြ၊ ဖုန္မႈန႔္ေတြ၊ အညစ္အေၾကးေတြကို သန႔္ရွင္းေပးႏိုင္႐ုံသာမက မႈိေရာဂါေတြ၊ ဘက္တီးရီးယားပိုးေတြကိုပါ ဖယ္ရွားေပးႏိုင္မွာပါ။

    ၂။ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ရွင္းေပးႏိုင္တယ္

    တကယ္လို႔ စားေနက် အစားအေသာက္ေတြကို ခဏေလာက္ရပ္နားထားၿပီး ခႏၶာကိုယ္ကို အဆိပ္အေတာက္ျပန္ရွင္းေပးဖို႔ လိုၿပီလို႔ ယူဆတဲ့အခ်ိန္မွာ သံပုရာသီးခြံကို သတိရလိုက္ပါ။ သံပုရာသီးခြံမွာ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြနဲ႔ free radical ေတြကို ဖယ္ရွားေပးႏိုင္တဲ့ အစြမ္းသတၱိေတြ ပါဝင္ပါတယ္။ ပုံမွန္ေသာက္ေနက် detox ေဖ်ာ္ရည္ထဲမွာ သံပုရာသီးခြံေလးေတြကိုသာ ေရာထည့္ေပးလိုက္ပါ။

    ၃။ ကင္ဆာနဲ႔ အျခားေရာဂါေတြကို ကာကြယ္ေပးႏိုင္တယ္

    သံပုရာသီးမွာ ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ ပါဝင္ပစၥည္းေတြ အမ်ားႀကီးပါဝင္ပါတယ္။ ကင္ဆာကို ဖယ္ထားဦးမယ္ ဆိုရင္ေတာင္ သံပုရာခြံမွာ အဆစ္အျမစ္ေရာင္ေရာဂါနဲ႔ ေဂါက္ေရာဂါတို႔လို အ႐ိုးအဆစ္နဲ႔ဆိုင္တဲ့ ေရာဂါေတြကို ထိန္းထားႏိုင္ပါတယ္။ ကိုလက္စထေရာနဲ႔ ေသြးဖိအားတိုးျခင္းကိုလည္း သံပုရာခြံရဲ႕ အကူအညီနဲ႔ ထိန္းထားေပးႏိုင္ပါတယ္။ ဒါ့အျပင္ ႏွလုံးေရာဂါ ပိုဆိုးမလာေအာင္လည္း တားဆီးေပးပါတယ္။

    ၄။ အင္းဆက္ပိုးမႊားေတြကိုလည္း ဖယ္ရွားေပးတယ္

    မီးေခ်ာင္းေတြမွာ လာတြယ္ကပ္ေနတတ္တဲ့၊ အိမ္ ခန္းေတြထဲမွာ လာဝင္ေနတတ္တဲ့ အင္းဆက္ပိုးမႊားေတြကို ရင္ဆိုင္ရတာ သိပ္စိတ္ရႈပ္ဖို႔ေကာင္းပါတယ္။ အဲဒီလို စိတ္ရႈပ္စရာ အင္းဆက္ပိုးမႊားေတြကို ကိုင္တြယ္ႏိုင္မယ့္ အေကာင္းဆုံးနည္းလမ္းကေတာ့ သံပုရာသီးခြံကို အသုံးျပဳဖို႔ပါပဲ။ သံပုရာခြံအနည္းငယ္ကို ျပတင္းေပါက္ေဘာင္နားမွာ ခ်ထားေပးလိုက္ရင္ ပိုးဟပ္နဲ႔ တျခားအင္းဆက္ ပိုးမႊားေတြ အိမ္ထဲ ဝင္မလာႏိုင္ေတာ့ပါဘူး။

    ၅။ သြားက်န္းမာေရးအတြက္ ေကာင္းမြန္တယ္

    အိမ္မွာ သြားတိုက္ေဆး ကုန္ေနပါသလား။ ဒါမွမဟုတ္ သြားေတြ ခဏခဏကိုက္ၿပီး က်ိဳးလြယ္ဆတ္လြယ္ေနပါသလား။ဒါဆိုရင္ေတာ့ သံပုရာခြံနဲ႔သာ သြားကို ပြတ္ေပးလိုက္ပါ။ သံပုရာခြံဟာ သြားနဲ႔ သြားဖုံးက်န္းမာေရးအတြက္ အေကာင္းဆုံး ဗိုက္တာမင္ေတြ ပါဝင္ပါတယ္။

    Credit – Duwun

    (Unicode)

    သံပုရာခွံတွေကို အကျိုးရှိအောင် ဘယ်လိုသုံးမလဲ

    သံပုရာသီးကို အရည်ညှစ်ပြီးရင် ရလာတဲ့ သံပုရာသီးခွံကို ကျွန်တော်တို့တွေ လွှင့်ပစ်တတ်ကြပါတယ်။ ဒါပေယ့် သံပုရာသီးခွံကို နေရာတော်တော်များများမှာ ပြန်သုံးလို့ရတယ်ဆိုတာကိုကော သိကြပါသလား။ သံပုရာသီးခွံထဲမှာလည်း ဗိုက်တာမင်၊ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ အင်ဇိုင်းတွေနဲ့လည်း ပြည့်နှက်နေပါသေးတယ်။ ဒီနေ့မှာတော့ သံပုရာသီးတွေ အရည်ညှစ်ပြီးရင် အခွံတွေကို အမှိုက်ပုံးထဲ လွှင့်ပစ်မယ့်အစား ပြန်သုံးလို့ရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

    ၁။ ဝက်ခြံကုသရာမှာ သုံးမယ်

    အလှအပရေးရာ ကျွမ်းကျင်သူတွေကတော့ သံပုရာခွံနဲ့ လုပ်ထားတဲ့ အနှစ်ကို မျက်နှာအလှကို ဖျက်နေတဲ့ ဝက်ခြံတွေကို တိုက်ဖျက်ရာမှာ သုံးဖို့အတွက် အကြံပြုခဲ့ကြပါတယ်။ တကယ်တမ်းမှာလည်း သံပုရာသီးမှာ ပါဝင်တဲ့ ဘက်တီးရီးယားတိုက်ဖျက်တဲ့ agent ဟာ ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို ဖယ်ရှားရာမှာ အသုံးဝင်ပါတယ်။

    ဒါကြောင့် တကယ်လို့ မျက်နှာပေါ်မှာ ဝက်ခြံတွေပေါက်နေပြီဆိုရင် သံပုရာခွံလေးနဲ့ ပွတ်ပေးတာပဲဖြစ်ဖြစ်၊ သံပုရာခွံနဲ့ ပြုလုပ်ထားတဲ့ အနှစ်လေးနဲ့ သုတ်လိမ်းပေးတာပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် မျက်နှာပေါ်က အဆီပိုတွေ၊ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကို သန့်ရှင်းပေးနိုင်ရုံသာမက မှိုရောဂါတွေ၊ ဘက်တီးရီးယားပိုးတွေကိုပါ ဖယ်ရှားပေးနိုင်မှာပါ။

    ၂။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းပေးနိုင်တယ်

    တကယ်လို့ စားနေကျ အစားအသောက်တွေကို ခဏလောက်ရပ်နားထားပြီး ခန္ဓာကိုယ်ကို အဆိပ်အတောက်ပြန်ရှင်းပေးဖို့ လိုပြီလို့ ယူဆတဲ့အချိန်မှာ သံပုရာသီးခွံကို သတိရလိုက်ပါ။ သံပုရာသီးခွံမှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ free radical တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ ပုံမှန်သောက်နေကျ detox ဖျော်ရည်ထဲမှာ သံပုရာသီးခွံလေးတွေကိုသာ ရောထည့်ပေးလိုက်ပါ။

    ၃။ ကင်ဆာနဲ့ အခြားရောဂါတွေကို ကာကွယ်ပေးနိုင်တယ်

    သံပုရာသီးမှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ ကင်ဆာကို ဖယ်ထားဦးမယ် ဆိုရင်တောင် သံပုရာခွံမှာ အဆစ်အမြစ်ရောင်ရောဂါနဲ့ ဂေါက်ရောဂါတို့လို အရိုးအဆစ်နဲ့ဆိုင်တဲ့ ရောဂါတွေကို ထိန်းထားနိုင်ပါတယ်။ ကိုလက်စထရောနဲ့ သွေးဖိအားတိုးခြင်းကိုလည်း သံပုရာခွံရဲ့ အကူအညီနဲ့ ထိန်းထားပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ ပိုဆိုးမလာအောင်လည်း တားဆီးပေးပါတယ်။

    ၄။ အင်းဆက်ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးတယ်

    မီးချောင်းတွေမှာ လာတွယ်ကပ်နေတတ်တဲ့၊ အိမ် ခန်းတွေထဲမှာ လာဝင်နေတတ်တဲ့ အင်းဆက်ပိုးမွှားတွေကို ရင်ဆိုင်ရတာ သိပ်စိတ်ရှုပ်ဖို့ကောင်းပါတယ်။ အဲဒီလို စိတ်ရှုပ်စရာ အင်းဆက်ပိုးမွှားတွေကို ကိုင်တွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ သံပုရာသီးခွံကို အသုံးပြုဖို့ပါပဲ။ သံပုရာခွံအနည်းငယ်ကို ပြတင်းပေါက်ဘောင်နားမှာ ချထားပေးလိုက်ရင် ပိုးဟပ်နဲ့ တခြားအင်းဆက် ပိုးမွှားတွေ အိမ်ထဲ ဝင်မလာနိုင်တော့ပါဘူး။

    ၅။ သွားကျန်းမာရေးအတွက် ကောင်းမွန်တယ်

    အိမ်မှာ သွားတိုက်ဆေး ကုန်နေပါသလား။ ဒါမှမဟုတ် သွားတွေ ခဏခဏကိုက်ပြီး ကျိုးလွယ်ဆတ်လွယ်နေပါသလား။ဒါဆိုရင်တော့ သံပုရာခွံနဲ့သာ သွားကို ပွတ်ပေးလိုက်ပါ။ သံပုရာခွံဟာ သွားနဲ့ သွားဖုံးကျန်းမာရေးအတွက် အကောင်းဆုံး ဗိုက်တာမင်တွေ ပါဝင်ပါတယ်။

    Credit – Duwun

  • ထမင္းေပါင္းအျမန္လုပ္နည္း

    (Zawgyi)

    လွ်ာလည္သြားမယ္. ထမင္းေပါင္းအျမန္လုပ္နည္း

    ထမင္းေပါင္းက လုပ္ရတာ လြယ္ကူ လ်င္ျမန္ပါတယ္။ ထမင္းေပါင္း ႀကိဳက္သူမ်ားအတြက္ အလြယ္ဆုံး ထမင္းေပါင္းနည္းေလးကို တင္ဆက္ေပးလိုက္ပါတယ္။

    ထမင္းေပါင္းရန္အတြက္ လိုအပ္ေသာ ပစၥည္းမ်ား

    ၁။ မိမိႏွစ္သက္ရာ အသားတစ္မ်ိဳးမ်ိဳး (ၾကက္၊ ဝက္၊ ပုစြန္)

    ၂။ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ

    ၃။ ဆား

    ၄။ ၾကက္သားမႈန႔္

    ၅။ တ႐ုတ္မဆလာ

    ၆။ ျငဳပ္ေကာင္း

    ၇။ ႏွစ္သက္ရာ အသီးအႏွံမ်ား (ပန္းပြင့္၊ မုန္လာဥနီ၊ ေျပာင္းဖူးငယ္ေလးမ်ား၊ ခရမ္းခ်ဥ္သီး၊မႈိ၊ ပဲသီး)

    ၈။ ငုံးဥ

    ၉။ ပဲျပား

    ၁၀။ ပဲငံျပာရည္အၾကည္

    ၁၁။ ခ႐ုဆီ

    ၁၂။ ေကာ္ရည္

    ထမင္းေပါင္းျပဳလုပ္နည္း –

    ၁။ အသားကို ပါးပါးလွီးပါ။ (ပုဇြန္ဆိုလွ်င္ လွီးစရာမလိုပါ)

    ၂။ ၾကက္သြန္ျဖဴကို ညပ္ေနေအာင္ ေထာင္းပါ။

    ၃။ အသား၊ ေထာင္းထားတဲ့ ၾကက္သြန္ျဖဴနဲ႔ ဆား၊ ၾကက္သားမႈန႔္၊ တ႐ုတ္မဆလာ၊ ျငဳပ္ေကာင္းမႈန႔္တို႔ကို နယ္ၿပီး နာရီဝက္ေလာက္ ႏွပ္ထားပါ။

    ၄။ ၾကက္သြန္ျဖဴ ဓားျပား႐ိုက္ပါ၊ ၾကက္သြန္နီကို ၄ စိတ္စိတ္ထားပါ၊ ခရမ္းခ်ဥ္သီးကို ပါးပါးလွီးထားပါ။

    ၅။ ဒယ္အိုးထဲ ဆီအနည္းငယ္ထည့္ၿပီး အမွတ္စဥ္ ၄ မွ ပစၥည္းမ်ားကို ေလာင္းထည့္ၿပီး ဆီသပ္ပါ။

    ၅။ ၿပီးလွ်င္ အသားမ်ားထည့္ၿပီး ေရအနည္းငယ္ထည့္ကာ အသားႏူးသည္အထိထားပါ။ (ပုဇြန္ဆိုလွ်င္ေတာ့ ၾကာၾကာထား၊ ေရထည့္စရာမလိုပါ။ ပိုျမန္ပါတယ္)

    ၆။ အသီးအ႐ြက္မ်ားကို မိမိစိတ္ႀကိဳက္ပုံစံ လွီးျဖတ္ထားပါ။

    ၇။ အသီးအ႐ြက္၊ ငုံးဥနဲ႔ ပဲျပားကို ထည့္ပါ။

    ၈။ ေရအနည္းငယ္ထည့္ကာ ပဲငံျပာရည္အၾကည္ အနည္းငယ္၊ ခ႐ုဆီ၊ ေကာ္ရည္ထည့္ပါ။

    ၉။ ၿပီးလွ်င္ ထမင္းပူပူေပၚ ေလာင္းထည့္ပါ။

    ၁၀။ င႐ုတ္ေကာင္း ျဖဴးလိုက္ရင္ ထမင္းေပါင္းရပါၿပီ။

    ခ်က္ျပဳတ္ခ်ိန္ နာရီဝက္ခန႔္ပဲၾကာမယ့္ ထမင္းေပါင္းေလးပါ။ အိမ္မွာ ခ်က္ၿပီး စားၾကည့္ၾကပါဦးေနာ္။

    Credit – Duwun

    (Unicode)

    လျှာလည်သွားမယ်. ထမင်းပေါင်းအမြန်လုပ်နည်း

    ထမင်းပေါင်းက လုပ်ရတာ လွယ်ကူ လျင်မြန်ပါတယ်။ ထမင်းပေါင်း ကြိုက်သူများအတွက် အလွယ်ဆုံး ထမင်းပေါင်းနည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

    ထမင်းပေါင်းရန်အတွက် လိုအပ်သော ပစ္စည်းများ

    ၁။ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုး (ကြက်၊ ဝက်၊ ပုစွန်)

    ၂။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ

    ၃။ ဆား

    ၄။ ကြက်သားမှုန့်

    ၅။ တရုတ်မဆလာ

    ၆။ ငြုပ်ကောင်း

    ၇။ နှစ်သက်ရာ အသီးအနှံများ (ပန်းပွင့်၊ မုန်လာဥနီ၊ ပြောင်းဖူးငယ်လေးများ၊ ခရမ်းချဉ်သီး၊မှို၊ ပဲသီး)

    ၈။ ငုံးဥ

    ၉။ ပဲပြား

    ၁၀။ ပဲငံပြာရည်အကြည်

    ၁၁။ ခရုဆီ

    ၁၂။ ကော်ရည်

    ထမင်းပေါင်းပြုလုပ်နည်း –

    ၁။ အသားကို ပါးပါးလှီးပါ။ (ပုဇွန်ဆိုလျှင် လှီးစရာမလိုပါ)

    ၂။ ကြက်သွန်ဖြူကို ညပ်နေအောင် ထောင်းပါ။

    ၃။ အသား၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ဆား၊ ကြက်သားမှုန့်၊ တရုတ်မဆလာ၊ ငြုပ်ကောင်းမှုန့်တို့ကို နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ။

    ၄။ ကြက်သွန်ဖြူ ဓားပြားရိုက်ပါ၊ ကြက်သွန်နီကို ၄ စိတ်စိတ်ထားပါ၊ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။

    ၅။ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး အမှတ်စဉ် ၄ မှ ပစ္စည်းများကို လောင်းထည့်ပြီး ဆီသပ်ပါ။

    ၅။ ပြီးလျှင် အသားများထည့်ပြီး ရေအနည်းငယ်ထည့်ကာ အသားနူးသည်အထိထားပါ။ (ပုဇွန်ဆိုလျှင်တော့ ကြာကြာထား၊ ရေထည့်စရာမလိုပါ။ ပိုမြန်ပါတယ်)

    ၆။ အသီးအရွက်များကို မိမိစိတ်ကြိုက်ပုံစံ လှီးဖြတ်ထားပါ။

    ၇။ အသီးအရွက်၊ ငုံးဥနဲ့ ပဲပြားကို ထည့်ပါ။

    ၈။ ရေအနည်းငယ်ထည့်ကာ ပဲငံပြာရည်အကြည် အနည်းငယ်၊ ခရုဆီ၊ ကော်ရည်ထည့်ပါ။

    ၉။ ပြီးလျှင် ထမင်းပူပူပေါ် လောင်းထည့်ပါ။

    ၁၀။ ငရုတ်ကောင်း ဖြူးလိုက်ရင် ထမင်းပေါင်းရပါပြီ။

    ချက်ပြုတ်ချိန် နာရီဝက်ခန့်ပဲကြာမယ့် ထမင်းပေါင်းလေးပါ။ အိမ်မှာ ချက်ပြီး စားကြည့်ကြပါဦးနော်။

    Credit – Duwun