Category: ဗဟုတုသ
  • ရန်ကုန်ရဲ့ အမှတ်တရတွေ များစွာရှိခဲ့တဲ့ ယခင်နေရာတွေဟာ အခု ဘယ်နေရာတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီလဲ
    ရန်ကုန်ရဲ့ အမှတ်တရတွေ များစွာရှိခဲ့တဲ့ ယခင်နေရာတွေဟာ အခု ဘယ်နေရာတွေ အဖြစ် ပြောင်းလဲသွားခဲ့ပြီလဲ
    တံတားလေး စိတ္တဇဆေးရုံက Kabaraye Vila တဲ့။ ကြံတောသုသာန်က Time City တဲ့၊ Juntion Square တဲ့။ မအူကုန်းအမှိုက်ပုံက Yuzana Plaza တဲ့။ ဝိဇယရုပ်ရှင်ရုံက CB bank တဲ့။ ကုန်တိုက် (၁) က Ruby Martတဲ့။ ဗန္ဓုလလမ်းနဲ့သိမ်ဖြူလမ်းထောင့်က လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတိုက်က UFC တဲ့။ အလုံအမှိုက်ပုံက ALONE TOWER တဲ့ ။ ကိုးမိုင်တရုပ်သချို င်္င်းက 9 mile Ocean တဲ့ ဝိတိုရိယဆေးရုံတဲ့။ သာကေတ ဝက်စုရေကန် အမှိုက်ပုံက Fortune Plaza တဲ့။ သုဝဏ္ဍပေါ်ဆန်းမွှေးလမ်းက လူသုံးကုန်ပစ္စည်းစက်ရုံက ONE Entertainment တဲ့။
    တာမွေမွတ်စလင်သချို င်္င်းက Tamwe Ocean တဲ့။ ဗန္ဓုလလမ်းနဲ့ ဗိုလ်မြတ်ထွန်းလမ်းထောင့်က မိလ္လာကန်က Bo Myat Htun Condo တဲ့။ ဗိုလ်ချုပ်စျေးသစ်က juntion city တဲ့။ အင်းယာလမ်းက ကတ္တရာစေးတိုင်ကီတွေထားတဲ့ စည်ပင်ဝင်းက Sakura Residence တဲ့။ ကျိုက္ကဆံ ကပရ ကားကွင်းကြီးက Super One တဲ့။ မော်တင်စျေးက Junction Mawtin တဲ့။ စိန်ဂျွန်းစျေးက City Mall တဲ့။ စက်မှု(၁)ဝန်ကြီးဌာနဝင်းက Myanmar Plaza တဲ့ Melia Hotel တဲ့။
    ပြည်လမ်းက စက်မှုလယ်ယာက NOVOTALတဲ့။ ဆင်ဖြူရှင်ရိပ်သာက Lottel Hotel တဲ့။ ဆေးဝါးသုတေသနက The CENTRAL တဲ့။ ဆောက်လုပ်ရေးရုံးချုပ်က Prime Hill Business Square တဲ့။ ၆ ထပ်ရုံးက Strand Square တဲ့။ အင်းစိန်လမ်းမပေါ်က ဆင်ချေးတုံးဆပ်ပြာစက်ရုံက Gem Condo တဲ့။ ဘားလမ်းထိပ်က လဝကရုံးက ဧရာဝတီဘဏ်။ နန်းသီတာဆိပ်ကမ်းက Junior Duck တဲ့။ နား နှာခေါင်း လည်ချောင်းဆေးရုံက MAX Office တဲ့။ ပြည်သူ့မုန့်တိုက် ပပဝင်းရုံ ဂုဏ်ရုံ လက်ရွေးစင်ကဖီး
    ဆူးလေပန်းခြံ က Sule Shangrila တဲ့ Sule Square။ ရှမ်းခေါက်ဆွဲဆိုင် ဝင်းဆံသ ပဉ္စသိင်္ခတေးသံသွင်း ဂိုးရှိုးစတိုးတွေရှိတဲ့ လှည်းတန်းအဝိုင်းက Hledan Centre တဲ့။ရဲရင့်ရုံက Sakura Tower တဲ့။ River View Condo တဲ့။ တပင်ရွှေထီးရုပ်ရှင်ရုံက Dagon Center 2 တဲ့။ မြေနီကုန်းစျေးက Dagon Center 1 တဲ့။ ဆင်မလိုက်အဝေးပြေးဂိတ်က ဂရင်းဟံသာဆေးရုံကြီးတဲ့။ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ်က သီရိမင်္ဂလာစျေးက Happy World တဲ့။ ၈မိုင်လမ်းဆုံက ရန်ကုန်တိုင်းစစ်ဌာနချုပ်က Yangon City Hotel တဲ့။ သုဝဏ္ဍလမ်းဆုံနားက ကော်ဇောစက်ရုံက သုဝဏ္ဍဘူမိတဲ့။
    မြန်မာ့အသံက MRTV4 တဲ့။ ဝင်းသူဇာ အရောင်းဆိုင်က Pyay Garden တဲ့။ ဟာမစ်တစ် ပျားဂေဟာကပုလဲကြန္ဒိုမီနီယမ္တဲ့။ ရဲမော်တော်ယာဉ်ဌာနက ဆီဒိုးနာဟိုတယ်တဲ့။ဘောင်ဒရီလမ်းက စစ်ကြောရေးနဲ့တည်းခိုရေးက မားကက်ပလေ့စ် တဲ့။ ရွှေတိဂုံဘုရား နောက်ဘက်မုဒ်လမ်းတစ်ဖက်ခြမ်းက ဂေါက်ကွင်းပတ်ဝန်းကျင်က ပြည်သူ့ဥယျာဉ် တဲ့။ဗိုလ်ရှုသဘင်က လွှတ်တော်အဆောက်အအုံ (ယခု ရန်ကုန်တိုင်းဒေသကြီးရုံး)တဲ့။ သိမ်ဖြူတင်းနစ်ကွင်းက ပထမတော့ ကားမောင်းသင်ကွင်းတဲ့ အခုကျပြန်တော့ ကန်သာယာကွန်ဒို နဲ့ Shopping Mall တဲ့ Wyndham Grand hotel တဲ့ ။ သတ္တုတွင်းဝန်ကြီးဌာနက ရန်ကင်းကလေးဆေးရုံတဲ့။ စမ်းချောင်းလမ်းမပေါ်က ရေခဲစက်ကစမ်းချောင်းကွန်ဒိုတဲ့။ ဦးဝိစာရလမ်းမပေါ်က ဒဂုံရဲစခန်းက စစ်ဆေးရုံတဲ့။ ပါရမီလမ်းထောင့် ကပရဌာန(၃)ခု တစ်ဆက်တည်းRTCဝင်းကြီးက ရွှေမန်းသူကားဂိတ်တဲ့INNO CITY တဲ့။
    ပန်းဆိုးတန်းလမ်း ကုန်သွယ်လယ်ယာက Shwe Bank တဲ့။ ထီးကိုးလက်ဘေးက စိုက်ခင်းတွေက MICT Park တဲ့။ ဒဂုံ(၁)ရှေ့က စစ်ရုံးက ယုဇနဟိုတယ် တဲ့။ ယောက်လမ်းထောင့်က Auto Car က Park Royal Hotel တဲ့။ သမတဟိုတယ်က G Hotel တဲ့။ ဗိုလ်ချုပ်လမ်းပေါ်က ကုန်းလမ်းပို့ဆောင်ရေးရုံးကKFC တဲ့။ ဒဂုံမြို့နယ်တရားရုံးက အမျိုးသမီးစွမ်းဆောင်ရှင်အသင်း အဆောက်အအုံတဲ့ ။ သဂီ င်္ရွှေရည်ဓါတ်ပုံတိုက်တဲ့။ ရေကူးထပ်ဆင့်အသံလွှင့်ရုံက forever group တဲ့။ မယ်လမုဘုရားတစ်ဖက်ကမ်းက လယ်ကွင်းတွေက မြောက်ဒဂုံမြို့သစ်တဲ့။ ပေါက်တောသခ်ျိုင်းက မုဒိတာအိမ်ယာ အမှတ် ၂ တဲ့။ ကြည့်မြင်တိုင်ဗားကရာသဲကွင်းက Asia World ဆိပ်ကမ်းတဲ့။ ပြည်လမ်းပေါ်က ရဲရိပ်သာက Taw win Center တဲ့။ သင်္ဃန်းကျွန်းစျေးက AKK Shoping Mall တဲ့။ ရန်ကင်း CMAရုံးက Golden City တဲ့။
    ကန်ဘဲ့သခ်ျိုင်းက စည်ပင်အဆင့်မြင့်အိမ်ယာတဲ့။ တာမွေသခ်ျိုင်းက ရွှေထွတ်တင် Sky Star, ILBC , Polo Club, Morning Star ,ကားပွဲစားတန်း တဲ့။ ဗညားဒလလမ်းနဲ့ဗျိုင်းရေအိုးစင်လမ်းထောင့်က တရုတ်သင်္ချိုင်းက နားနှာခေါင်းလည်ချောင်းဆေးရုံ တဲ့။ တာမွေထိပ်က မရိုးဆန်းရုပ်ရှင်ရုံက Moon Bakeryတဲ့။ တာမွေအခွန်လွတ်စျေးက အာယုဆေးရုံတဲ့။ တာမွေစျေးဟောင်းက တာမွေပလာဇာတဲ့။ ရွှေဗဟိုရ်ရုပ်ရှင်ရုံက MEGA ACE တဲ့ ။ မြန်မာ့ဂုဏ်ရည်လမ်းနဲ့ဗိုလ်မင်းရောင်လမ်းကြား စည်ပင်ဝင်းကြီးက ဂမုန်းပွင့် တဲ့။ မင်္ဂလာတောင်ညွန့်မြယာကုန်းလမ်း တရုတ်သချိုင်္င်းက ရွှေမြယာအိမ်ရာတဲ့။ စက်ရုံလမ်းထိပ်ကသချိုင်္င်းကများမီးလောင်သွားတဲ့ မင်္ဂလာစျေးတဲ့။ ဘာပဲဖြစ်ဖြစ် တခါက ရန်ကုန်ကို ပြန်ငဲ့ကြည့်မိတာပါ။ မီသူ သိသူတွေအတွက် အမှတ်ရစရာလေးတွေပေါ့။
    တခြားကျန်ခဲ့တဲ့ဟာလေးတွေ ရှိရင်လည်း ထပ်ဖြည့်ပေးပါဦး။
    မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် / နော်ဂဲလယ်ထူး (စာပေပရဟိတ) ထံမှ ပြန်လည်မျှဝေပါသည်။
  • ထိုင်းတွေရဲ့ ကုမာန်ထောင်(သို့)အသက်သွင်းထားသော ကလေးအရုပ်လေးများ
    ထိုင်းတွေရဲ့ ကုမာန်ထောင် (သို့) အသက်သွင်းထားသော ကလေးအရုပ်လေးများ
    မူရင်း Tharr Oo’s Days On Earth ရေးသားသည်။
    စာရှည်ရှည်မရေးဖြစ်တာကြာပြီဆိုတော့ဒီရက်ပိုင်းလူတွေတော်တော်စိတ်ဝင်စားနေတဲ့ထိုင်းကလာတဲ့ကလေးအရုပ်ကလေးတွေအကြောင်းသေချာသိချင်နေသူတွေအတွက် ကျွန်တော်ကြားမိဖတ်မိသိသလောက်လးရေးလိုက်ပါတယ်။ ယိုးဒယားခနခနရောက်ဖူးတဲ့သူတွေဆို သူတို့ဆီက စားသောက်ဆိုင်တွေ ဈေးဆိုင်တွေ ကုန်စုံဆိုင်တွေ ရွှေဆိုင်တွေ ရဲ့ကောင်တာမှာ တကယ့်ကလေးနဲ့တူတဲ့အရုပ်လှလှလေးတွေကိုရွှေတွေငွေတွေဆင်ပေးထားပြီးတင်ထားတာတွေ့ဖူးတဲ့သူရှိမှာပါ။
    ကျွန်တော်ကိုယ်တိုင်လဲ tour လိုက်ရင်း ညဈေးတန်းက ဆိုင်တစ်ဆိုင်မှာ တွေ့ဖူးလို့အသေအချာလေ့လာကြည့်ခဲ့ဖူးတယ်။ ဒီအရုပ်လေးတွေကို အလှသပ်သပ်ထားကြတာမဟုတ်ပါဖူး။အိမ်ကကလေးတွေဆော့တဲ့သာမန်အရုပ်တွေလဲမဟုတ်ပါဖူး။ တကယ့်ကလေးငယ်အရွယ်အတိုင်း လှပကြတဲ့ဒီကောင်လေး ကောင်မလေး အရုပ်လေးတွေထဲမှာ တကယ့်ကလေးဝိညာဉ်တွေကို ချုပ်နောင်ပြီး ထည့်ထားကြတဲ့ ထိုင်းလို ကုမာန်ထောင်ကလေးနတ်အဆောင်အရုပ်တွေပါ။ ထိုင်းတွေကနတ်ကိုးကွယ်တဲ့နေရာမှာသိပ်ကိုကြောက်စရာကောင်းအောင်အယူသည်းကြပါတယ်။ အောက်လမ်းစီရိလိုက်စားမှုကိုလဲသူများနဲ့လုံးဝမတူပဲတဖက်ကမ်းခတ်ထူးချွန်တဲ့သူတွေပါ။
    ဒီကုမာန်ထောင်တွေကိုထိုင်းကနာမည်ကြီးအောက်လမ်းဆရာကြီးတွေ လောကီအစီအရီကျွမ်းကျင်သူတွေက အဓိကလုပ်ကြပါတယ်။ထိုင်းတွေရဲ့အယူအဆတစ်မျိုးကကိုယ်ဝန်ဆောင်သည်သေဆုံးရင်အင်အားအကြီးဆုံးအရက်စက်ဆုံးငိုကြွေးမုန်တီးနေတတ်တဲ့သရဲဖြစ်ကြတယ်ဆိုတာပါပဲ။ဒါကြောင့် ကုမာန်ထောင်တွေကို ပျက်ကျသွားတဲ့သန္ဓေသား ဒါမှမဟုတ် မွေးကာစကလေးတွေကိုစတေးပြီးလုပ်ခဲ့ကြပါတယ်။အရုပ်ကိုယ်မှာ အင်းထိုးပြီး ကလေးဝိညာဉ်လေးတွေကိုချုပ်ထားကြပါတယ်။ရှေးတုန်းကကုမာန်ထောင်စီရင်နည်းကတော့ကြောက်စရာကြီးဗျာ။
    စီရင်မဲ့သူ အရမ်းအဆင့်မြင့်တဲ့အောက်လမ်းဆရာလိုတယ်။ဒီဆရာက ညသန်းခေါင်မှာ ကိုယ်ဝန်ဆောင်မိန်းမကိုမြှုပ်ထားတဲ့နေရာဆီသွားပြီးတယောက်ထဲအလောင်းကိုဖော်ရတယ် ပြီးတော့ ဗိုက်ခွဲပြီး သန္ဓေသားကို ယူတယ်။ပြီးတာနဲ့ ကလေးအမေ သရဲမရှာလို့မတွေ့မဲ့လုံခြုံတဲ့နေရာကိုသွားပြီး တညလုံး ဒီသန္ဓေအလောင်းကို ခြောက်ပီးကြုံ့သွားတဲ့အထိ မီးမြိုက်ရင်း ဂါထာတွေရွက်ပီးစီရင်ရတယ်တဲ့။ တွေးကြည့်တာနဲ့တောင် အတော်ကြက်သီးထစရာကောင်းနေပြီဗျာ။ ဆိုတော့ ဒါကလွန်ခဲ့တဲ့ အယုဒယမပေါ်ခင်နှစ် 500 ထဲက ရှိခဲ့တာပေါ့။
    အခုခေတ်တော့ ဘယ်လိုစီရင်လဲမသိပေမဲ့ အရင်ကလိုတော့မလုပ်ကြတော့ဖူးပြောကြတယ်။ကျွန်တော်ကိုယ်တိုင်တွေ့တုန်းကတော့ ထိုင်းကဆိုင်ပိုင်ရှင်ကအရုပ်ကလေးကို သူ့ကလေးလေးအတိုင်းခေါင်းလေးပွတ်လိုက် နမ်းလိုက်နဲ့စီးပွားတက်တဲ့အကြောင်းတွေတောင်ပြောပြနေသေးတယ်။ဒီအရုပ်လေးတွေရဲ့ထူးခြားချက်က မျက်လုံးတွေပါ။အရမ်းအသက်ဝင်ပါတယ်။တချို့ဆိုအရုပ်ကဆံပင်တွေကိုတောင် လူအစစ်ရဲ့ဆံပင်နဲ့လုပ်ထားတယ်ကြားဖူးတယ်။ဒီအရုပ်ကလေးတွေကို တကယ့်ကိုယ့်ကလေးလို ချစ်ခင်မယ်ကြင်နာမယ်စောင့်ရှောက်မယ်ဆို အိမ်လုံခြုံတာစီးပွားတက်တာ ထီဆုကြီးပေါက်တာ အပြင်အကြားအမြင်အတိတ်နမိတ်နဲ့ အနာဂတ်ကိုလဲကြိုပြောပြတယ်လို့ဆိုကြတယ်။
    ဒီကလေးအရုပ်လေးတွေကို ကလေးအတိုင်းဆင်ပေးရတယ် မုန့်ကြွေးရတယ်တဲ့။ပွေ့ဖက် နမ်းရှုပ်ချော့မြူပေးရင် အရမ်းသဘောကျကြတယ်ဆိုပါတယ်။ အရုပ်ဈေးတွေကမပေါ့ဖူးဗျ ထိုင်းဘတ်ငွေကို သိန်းချီကျော်တယ်။ ကလေးကနေနတ်ဖြစ်လို့ အန္တရာယ်မရှိဖူး ဒုက္ခမပေးနိုင်ဖူးဆိုပေမဲ့ ကျွန်တော့်ကတော့ အရုပ်ကိုမြင်တာနဲ့တကယ်ကျောချမ်းစရာကြီးပါ။ ထူးဆန်းထွေလာ clip တခုမှာဆို အနောက်တိုင်းကစုံတွဲ တတွဲက ထိုင်းကနေချစ်လို့ဝယ်သွားတဲ့ကုမာန်ထောင် အရုပ်မလေးက ညဆိုရင် လမ်းထ လျှောက်တာတွေ နောက်ဖေးက မုန့်တွေခနခနပျောက်ပြီး အရုပ်နားရောက်နေတာတွေ cctv မှာတွေ့ရတဲ့အရုပ်ကိုယ်တိုင်နေရာရွေ့တာတွေကြောက်လို့တနေရာရာမှာ သွားပစ်တဲ့အခါ နောက်နေ့အိမ်ပြန်ရောက်နေတာတွေအကြောင်း ပြောပြတာကြည့်ဖူးပါတယ်။ ထိုင်းမှာဆို ဒီကုမာန်ထောင်ကြောင့် ကိုယ်ဝန်ဆောင်တွေသေဆုံးမှုသတ်ဖြတ်မှု မွေးကင်းစကလေးခိုးမှု ပျက်ကျကလေးအလောင်းရောင်းစားမှုတွေကို နှစ်တိုင်းတော်တော်ဖမ်းဆီးမိတယ်လို့ဖတ်ရတယ်။
    မြန်မာတွေမှာလဲမနှဲလေးကိုကြက်ဥဆက်တယ်ဘာညာဆိုပေမယ့် ထိုင်းတွေကတော့တကယ့်ကိုသည်းသည်းလှုပ်အတည်ကြီးတွေလို့မြင်တယ်။ မည်သို့ပင်ဆိုစေ ဘဝကူးမဲ့ ဝိညာဉ်ကိုဖမ်းချုပ်ပီးအရုပ်ထဲထည့်ထားပြီး ကိုယ်ကျိုးအတွက်အသုံးချတယ်ဆိုထဲက မကောင်းဖူးလို့ကျွန်တော်ကတော့သတ်မှတ်တယ်ဗျာ။
    Credit – သားဦး
  • ထိုင်းလူမျိုးတွေ ထိုးလေ့ရှိတဲ့ ထိုင်းရိုးရာ တက်တူးများ
    ထိုင်းရိုး ရာတက်တူးကို Sak Yant လို့ခေါ်ပြီးစွမ်းအားနဲ့ ကာကွယ်မှု ရဖို့၊ကံကောင်းစေဖို့ အတွက် ခန္ဓာကိုယ်မှာတက်တူးကိုထိုးကြပါတယ်။ Sak Yant တက်တူးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်ကတည်းက တရုတ်အနောက်တောင်ပိုင်းနဲ့ ဗီယက်နမ် အနောက်မြောက်ပိုင်းက Tai လူမျိုးစုတွေမှာ စထိုးခဲ့ကြတာဖြစ်ပါတယ်။
    Sak ဟာ ထိုင်းလို တက်တူး ဖြစ်ပြီး Yant ဟာ Sanskrit စကားလုံး Yantra ရဲ့ ထိုင်း အသံထွက် ဖြစ်ပါတယ်။ Yantra ဟာ တရားထိုင်ရာမှာ သုံးတဲ့ ဘာသာရေး ရုပ်ပုံ ဖြစ်ပါတယ်။ Sak Yant တက်တူးကို ထိုင်း ရိုးရာ တက်တူး သို့မဟုတ် ဝါး တက်တူးလို့လည်း ခေါ်ကြပါတယ်။ တက်တူးမှာ ဂျီဩမေတြီ ၊ တိရိစ္ဆာန်နဲ့ နတ်ဘုရားတွေနဲ့အတူ စွမ်းအားတွေ ရရှိစေတဲ့ ပါဌိစာသားတွေ ပါပါတယ်။ Sak Yant ကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာလည်း ထိုးကြပေမယ့် လက်ရှိမှာ ထိုင်းမှာပဲ အဓိက ထိုးလာကြပါတယ်။ အိမ်နီးချင်းတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာတို့မှာလည်း အနည်းငယ် ထိုးကြပါတယ်။
    Sak Yant စတိုင် တက်တူးတွေရဲ့ အခြေခံ Sak Yant တက်တူး ဒီဇိုင်းများစွာ ရှိပြီးတော့
    -Round Yant : ဗုဒ္ဓရဲ့ မျက်နှာကို ကိုယ်စားပြုပါတယ်။
    -Triangular Yant : ဘုရား၊ တရား ၊ သံဃာကို ကိုယ်စားပြုပါတယ်။
    -4-sided Yant : ကမ္ဘာ၊ ရေ၊ လေနဲ့ မီး တို့ကို ကိုယ်စားပြုပါတယ်။
    -Pictorial Yant (Animalistic) : လူ၊ နတ်သမီးနဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေ ပါဝင်ပါတယ်။
    -Onk Pra : ဗုဒ္ဓဘုရားကို ကိုယ်စားပြုပါတယ်။
    -Sun Symbol (The Small Circle) : ဒါကို Yant ဒီဇိုင်းများစွာမှာ တွေ့ရပါတယ်။
    နေ့ဘက်မှာ နေမင်းဟာ အလင်းရောင် စွမ်းအားပေးသလို လူတွေမှာလည်း အလားတူ စွမ်းအားတွေ ရရှိစေတဲ့ အဓိပ္ပါတယ် ဖြစ်ပါတယ်။ ဒါတွေဟာ Sak Yant တက်တူးရဲ့ အခြေခံတွေ ဖြစ်ပြီး တက်တူး ဒီဇိုင်းနဲ့ အဓိပ္ပါယ်များစွာ ရှိပါတယ်။
    -မူရင်း ဘန်ကောက်လမ်းညွန်ကိုစိုင်း ရေးသားထားသည်ကို ပြန်လည်မျှဝေပါသည်။
  • ကိုလေးဖြူတို့ အင်းထဲက “နက္ခတ် များနှင့် အင်းသားရိုးရာ တက်တူး”
    သူ့နာမည်က ဦးကျော်စိုး၊ အသက်အားဖြင့်၆၅နှစ်ရှိတဲ့ အင်းသားရိုးရာတက်တူးသမားကြီး။ သူ့ရဲ့အဖေလက်သမား ဆရာကြီးဦးမောင်ဆီကနေ အင်းသားရိုးရာတက်တူးပညာကို ညီအကို နှစ်ယောက်ကပညာအမွေရခဲ့တာပါ။ ရှေးခေတ်ကဆို ဒီပညာရပ်နဲ့ ဖန်တီးတဲ့ဆေးမင်ကြောင်ဆိုတာ တကယ့်ကိုအစွမ်းထက်တဲ့လက်နက်အဖြစ် ကိုယ့်ကိုယ်ကိုကာကွယ်မူ့အနေနဲ့ ကိုးကွယ်ယုံကြည်ထိုးခဲ့ကြတာဖြစ်တယ်။ ယောကျာ်းပီသခြင်းရဲ့ရုပ်သွင်တစ်ခုအဖြစ်လည်းဂုဏ်ယူဝင့်ကြွားကြတာမဟုတ်လား။
    ပီယဆေးအဖြစ်ထိုးချင်သူတွေကလည်း အဝင်နက္ခတ်ကြုံတဲ့နေ့နေကိုကြည့်ပီးအစီအရင်နဲ့ ထိုးခဲ့တာတဲ့။ ကာယအတွက်ကတော့ အထွက်နက္ခတ်ကောင်းအကြုံကို စောင့်ထိုးရတယ်လို့ ဆရာ့ဆီက သိခွင့်ရခဲ့ပါတယ်။တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံအချိန်ကတော့ နက္ခတ်အစုံဆုံးအချိန်ပါတဲ့။ ယခုဦးကျော်စိုးလက်ထက်မှာတော့ အဖေရဲ့ အင်းသားရိုးရာတက်တူးပညာရပ်ကို (၄၇နှစ်) တိုင်အောင်ဆက်လက်ထိန်းသိမ်းထားရှိရင်း ရေးထိုးပေးနေဆဲပါ။ နိုင်ငံရပ်ခြားက နိုင်ငံခြားသားများပါ မြန်မာပြည်က အင်းသားလူမျိုးတက်တူးဆရာကြီးရဲ့လက်ရာတွေကို အမြတ်တနိုးလာရောက်အားပေးကြရတဲ့ လက်မူ့အနုပညာရှင်ကြီးအကြောင်းကို ဂုဏ်ယူစွာဖော်ပြပေးလိုက်ပါတယ်ဗျား။
    ဆရာကျော်စိုး / ကန်သာရပ် ( ၅ကွက်) / ညောင်ရွှေမြို့ / 09250862414
    Credit- ညောင်ရွှေမှတ်စုပေချ့်
  • မန္တလေးမှာသာ ကြားရလေ့ရှိပြီး မန်းသူ မန်းသားတွေသာ သုံးတက်တဲ့ ထူးခြားတဲ့ အသုံးအနှုန်း (10)ခွန်း
    ဒီနေ့မှာတော့ မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှင်း၊မျက်စိရှုပ်တတ်တဲ့ အသုံးအနှုန်း(10)မျိုး ကို ရှင်းပြချင်လို့ပါ။ ဒီ post လေးကို အစအဆုံးဖတ်ပြီးရင် ဘာလို့ဒီလိုခေါ်တယ်ဆိုတဲ့ အသုံးအနှုန်းလေးတွေကို သိသွားကြလိမ့်မယ် ထင်ပါတယ်နော်။
    (၁) မုန့်တီ
    မန္တလေးမှာ မုန့်တီစားရင် နန်းကြီးသုပ်စားမယ်လို့ တခါတည်း မမှာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုးအစား အများကြီးရှိလို့ပါပဲ။ ကြက်သားနိုင်းချင်း၊ ငါးဖယ်လုံးတွေနဲ့ မန္တလေးမုန့်တီလားဂေါ်ဖီဖတ်၊ ဗယာကြော်တွေနဲ့ စေးနေအောင်သုပ်ထားတဲ့ ခိုတောင်မုန့်တီလားဆိုပြီး ရွေးချယ်နိုင်သလို မုန့်တီဖတ် အရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါတယ်။ မန္တလေးမုန့်တီ စားမယ်ဆိုရင် နန်းသေး= 0.1 – 0.2 cm၊ နန်းလတ်=0.4 – 0.5 cm၊ နန်းကြီး = 0.7 – 0.8 cm ဆိုပြီး ဆိုဒ်အရွယ်အစား (3) မျိုး ရွေးချယ်နိုင်ပြီး ခိုတောင်မုန့်တီမှာတော့ခိုတောင်နန်းလို့ ခေါ်တဲ့ 0.3 – 0.4 cm ဆိုဒ်ကို အများဆုံး အသုံးပြုပါတယ်။ ခိုတောင်နန်းဟာ နန်းသေးနဲ့ နန်းလတ်ကြားက ဆိုဒ်ဖြစ်ပါတယ်။ဒါကြောင့်မို့ မန္တလေးမှာ နန်းကြီးသုပ် စားမယ်လို့မပြောကြဘဲ မုန့်တီစားမယ်လို့သာ မှာကြပြီး ကိုယ်ကြိုက်နှစ်သက်ရာ မုန့်တီ အမျိုးအစားနဲ့ နန်း အမျိုးအစားကို ရွေးချယ်သုံးဆောင်ကြတာ ဖြစ်ပါတယ်။
    (၂) မုန့်ဟင်းခါး သောက်မယ်
    မန္တလေးမှာ မုန့်ဟင်းခါး သုံးဆောင်တာကို “မုန့်ဟင်းခါး စားတယ်” လို့ မသုံးနှုန်းဘဲ “ မုန့်ဟင်းခါး သောက်တယ် ” လို့ သုံးကြပါတယ်။ မန္တလေးရဲ့ မုန့်ဟင်းခါးတွေဟာ ရန်ကုန်မုန့်ဟင်းခါးလို အရည် မပျစ်၊ ငါးအဖတ် မများဘဲ ပဲအရည်ကျဲကျဲ၊ ငါးအဖတ် နည်းနည်းနဲ့ ချက်ကြတာမို့ “သောက်တယ်”လို့ သုံးကြတာ ဖြစ်ပါတယ်။
    (၃) မန္တလေး ထမင်းပေါင်း
    မန္တလေးမှာ ထမင်းပေါင်း တစ်ပွဲပေးပါလို့ မှာလိုက်ရင် နီနီရဲရဲ ဆော့စ်နဲ့ နယ်ထားပြီး မြေပဲဆံ ဖြူးထားတဲ့ အသားကြော်၊ အသားကင် များများပါတဲ့ ထမင်းတစ်ပွဲရောက်လာပါလိမ့်မယ်။ ရန်ကုန်ထမင်းပေါင်းလို ကော်ရည်နဲ့ အသီးအရွက် ကြော်ထားတာမျိုး တွေ့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မန္တလေးမှာ ထမင်းပေါင်း မှာစားရင် မန္တလေးထမင်းပေါင်းလားရန်ကုန်ထမင်းပေါင်းလားလို့ သေချာခွဲခြားပြောပေးဖို့ လိုပါလိမ့်မယ်နော်။
    (၄) တိုရ / ပဲပင်ပေါက်
    မန္တလေးမှာ မြီးရှည်စားမယ်ဆို တချို့ဆိုင်တွေက “တိုရ ထည့်မလား” လို့ ပြန်မေးတတ်ကြပါတယ်။ “တိုရ”ဆိုတာ တကယ်တော့ ပဲပင်ပေါက်ပါပဲ။ ရှေးခေတ်တုန်းက မန္တလေးမှာ မြီးရှည်ဟာ ပြည်ကြီးတရုတ်တွေနဲ့ အတူပါလာခဲ့တဲ့ စားသောက်ဖွယ်ရာတစ်မျိုးပါ။ မြီးရှည်ဆိုတဲ့စကားလုံးကိုကတရုတ်လို 米線(Mǐxiàn) “မီရှန့်”ကနေ ဆင်းသက် လာတာပါ။ ဒါကြောင့် မြီးရှည်ထဲ ထည့်တဲ့ ပဲပင်ပေါက်ကိုလည်း တရုတ်လို 豆芽(Dòuyá) ”တို့ရာ” ကနေ ဆင်းသက်လာပြီး မြန်မာလို “တိုရ” ဖြစ်သွားပါတယ်။
    (၅) ခါကျက်ဥ
    ခါကျက်ဥဆိုတာ ကြက်/ငှက် တိရစ္ဆာန်တွေက ရတဲ့ဥ မဟုတ်ပါဘူး။ မန္တလေးမှာ မုန်လာဥနီ (carrot) ကို ခါကျက်ဥလို့ ခေါ်ကြပါတယ်။ Hindi ဘာသာစကား (Gaajar Root) ဂါဂျာရု ကနေ မြန်မာလို ခါကျက်ဥ ဖြစ်လာ တာပါပဲ။ ခါကျက်ဥလိုပဲ ဈေးကွက်ထဲက တချို့သီးနှံတွေ အမည်ကလည်း Hindi ဘာသာစကားကနေ မွေးစားထားတာ ဖြစ်ပါတယ်။(Gaajar Root)= ခါကျက်ဥ၊ (Aloo)= အာလူး၊ (Gobhee)= ဂေါ်ဖီထုပ် စတဲ့စကားလုံးတွေပေါ့
    (၆) ဒူးမလိုင်
    မန္တလေးမှာ ဒူးမလိုင်လို့ မှာလိုက်ရင် ဒူးရင်းသီးတဖတ်မှ မပါတဲ့ မလိုင်စစ်စစ် တခွက်ရောက်လာပါမယ်။ ဒါကိုမှ ဘာလို့ ဒူးရင်းသီးမပါတာလဲ မေးချင်ရင် ဒူးမလိုင်ဟာ ဒူးရင်းမလိုင် မဟုတ်လို့ပါလို့ ပြန်ဖြေရပါမယ်။ ဒူးမလိုင်ဆိုတာဟာ အိန္ဒိယအချိုပွဲ တစ်မျိုးဖြစ်ပြီး…Doodh Malai ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။ ဒါကြောင့် ဒူးမလိုင်ဟာ ဒူးရင်းမလိုင်ကိုအလွယ်တကူ ခေါ်တဲ့ စကားလုံးမဟုတ်တာကြောင့် ကိုယ်သောက်ချင်တာဟာ ဒူးမလိုင်လား၊ ဒူးရင်းမလိုင်လား သေချာသိပြီး မှာဖို့ လိုပါတယ်နော်။
    (၇) Co Co / ခေါခေါ
    မန္တလေးမြို့အနှံမှာ တွေ့ရတဲ့ Co Co ဆိုတဲ့ Convenient store ဆိုင်ငယ်လေးများ ကို မန္တလေးသူ မန္တလေးသားများက “ခေါခေါ” လို့သာ ခေါ်ကြပါတယ်။တခြားမြို့က လာသူများက ကိုကို/ စီအိုစီအို စသဖြင့် ခေါ်ကြပေမယ့် မန္တလေးမှာ ဘာကြောင့် ခေါခေါ လို့ ခေါ်ရသလဲဆိုတာကလည်းသမိုင်းကြောင်း ရှိပါတယ်။Co Co ဟာ မူလက “ခေါခေါ” ဆိုတဲ့ နာမည်နဲ့ လွန်ခဲ့တဲ့ နှစ်(၃၀) ဝန်းကျင်ကတည်းက မန္တလေး မန်းမြို့ဈေးအနီး 84လမ်း 38-39 ကြားမှာ စတင်ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ ဒါကြောင့်မို့ဒီဆိုင်ကို ခေါခေါ လို့သာ လူသိ များခဲ့တာမို့ နောက်ပိုင်းမှာ Co Co လို့ နာမည်ပြောင်းပြီး ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ်ပေမယ့် နှုတ်ကျိုးနေတဲ့ အတိုင်း ခေါခေါလို့သာ ဆက်လက် ခေါ်ဆိုနေကြခြင်း ဖြစ်ပါတယ်။
    (၈) တပြ၊ နှစ်ပြ
    နေရာ တစ်ခုခုကို မသိလို့ မန္တလေးသူ၊ မန္တလေးသားတွေကို လမ်းညွှန်မေးရင်ဟောဟိုဘက် တပြ၊ နှစ်ပြ လို့ ရည်ညွှန်းတတ်ကြပါတယ်။တခြားမြို့တွေလို တလမ်း/နှစ်လမ်း၊ တဘလောက်/နှစ်ဘလောက်လို့မသုံးဘဲ ဘာလို့ “ပြ” ဆိုတဲ့ အသုံးအနှုန်းကို သုံးကြတာလဲဆိုတော့ မန္တလေးရဲ့လမ်းတွေဟာ မင်းတုန်းမင်း လက်ထက်ကတည်းက မြနန်းစံကျော် ရွှေနန်းတော်ကို ဗဟိုပြုလို့ လမ်းတွေကို မြို့ရိုးရဲ့ ပြအို းတစ်ခုစီတိုင်းနဲ့ တည့်တည့် ဖောက်လုပ်ထားလို့ပါပဲ။ လေးထောင့် မြို့ရိုးတွေဟာ တဘက်ကို တာ(၆၀၀)ရှိပြီး (၁၂) ခု အတိအကျ ခွဲထားတာမို့ ပြအိုးတစ်ခုနဲ့ တစ်ခုဟာ တာ(၅၀) ကွာဝေး ပါတယ်။ အခုခေတ် အတိုင်းအတာနဲ့ဆို ပေပေါင်း (၅၅၀) ဝန်းကျင်ပါ။ဒါကြောင့် ပြအိုး တခုခြားတိုင်း လမ်းတခု ရှိတဲ့အတွက် တပြအိုး၊ နှစ်ပြအိုး ရေတွက် ခေါ်ဆိုရာကနေ တပြ၊ နှစ်ပြ ဖြစ်လာခဲ့ပါတယ်။ မန္တလေးနန်းတော်ကို အလယ်ဗဟိုထားလို့ အရှေ့ဘက်အရပ်ကို နန်းရှေ့၊ မြောက်ဘက်အရပ်ကို မြောက်ပြင်၊ အနောက်ဘက်ခြမ်းကို အနောက်ပြင်၊ အမရပူရကို တောင်မြို့ ခေါ်ဆိုကြသလို အရပ်မျက်နှာ လမ်းညွှန်ရာမှာလည်း ဘယ် – ညာ မသုံးဘဲ အရှေ့၊အနောက်၊ တောင်၊ မြောက်ကို ရည်ညွှန်း ပြောတတ်ကြပါတယ်။
    (၉) ဘူတာကြီး
    မန္တလေးသူ၊ မန္တလေးသားတွေက သူတို့မြို့က ဘူတာကို “ကြီး” ထည့်ပြီး ဘာလို့ ခေါ်ကြတာလဲရယ်လို့ တခြားမြို့သူမြို့သားတွေက တအံ့တဩ ဖြစ်တတ် ကြပါတယ်။တကယ်တော့ မန္တလေးမှာ ပါတော်မူပြီးစ ကာလများက ဘူတာကြီးနဲ့ ဘူတာလေး ရယ်လို့ နှစ်မျိုး ရှိခဲ့လို့ပါပဲ။ မနှင်းဆီ ရထားဟာ ဈေးချို – မတ္တရာပြေးဆွဲပြီး ကုန်စိမ်းတွေ အဓိကသယ်ဆောင်ပါတယ်။ ဘူတာလေးဟာယခုမန်းသီရိဈေးနေရာမှာပါ။ မနန့်ဂျီရထားနဲ့ ဘူတာလေးဟာ 1920 ကျော်ခုနှစ်များကတည်းက ဖျက်သိမ်းလိုက်ပြီမို့ မရှိတော့ပါဘူး။ လမ်း(30) -(78) လမ်းဆုံမှာ တည်ရှိပြီး တမြို့ကနေတမြို့ ပြေးဆွဲတဲ့ ရေနွေးငွေ့စက်ခေါင်းသုံး မီးရထားကြီးများ ဆိုက်ကပ်ရာကိုတော့ ဘူတာကြီးလို့ ခေါ်ပါတယ်။ ဘူတာ နှစ်မျိုးရှိခဲ့တာမို့ ဘူတာကြီးနဲ့ဘူတာလေးလို့ ခွဲခြား ခေါ်ဝေါ်ရာကနေ နောက်ပိုင်းမှာ မနှင်းဆီရထားနဲ့ ဘူတာလေးမရှိတော့ပေမယ့် ဘူတာကြီးကို “ဘူတာကြီး”လို့ပဲ ဆက်လက် ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။
    (၁၀) ကျွန်တော်
    မန္တလေးသူတွေက စကားပြောရာမှာ ကိုယ့်ကိုကိုယ် “ ကျွန်တော်/ ကျနော်” ဆိုတဲ့ နာမ်စား သုံးလေ့ ရှိကြပါတယ်။ သီချင်းတွေထဲမှာတောင် “ကျွန်တော်…ကျွန်တော်နဲ့ ပြောတတ်တဲ့ မန္တလေးသူ” ဆိုပြီး ထည့်သွင်း ဖွဲ့ဆိုခဲ့ပါတယ်။ နိုင်ငံကျော် သင်္ကြန်မိုးရုပ်ရှင်ဇာတ်လမ်းမှာ မင်းသမီး ခင်သန်းနု(ထား)က မန္တလေးဆန်တဲ့ “ကျွန်တော်” ဆိုတဲ့ နာမ်စား ထည့်သုံးပေမယ့် ဆင်ဆာအဖွဲ့က ပြန်လည် ဖြုတ်ချ ခဲ့ဖူးပါတယ်။ ကျွန်တော်ဆိုတဲ့ နာမ်စားဟာ ယခုခေတ်မှာတော့ အမျိုးသားသုံး နာမ်စားအဖြစ်သာ ယူဆနေကြပေမယ့် တကယ်တော့ ရှေးအစဉ်အဆက်ကတည်းက မန္တလေးမှာတော့ အမျိုးသားရော အမျိုးသမီးရော အသုံးပြုတဲ့ နာမ်စား ဖြစ်ပါတယ်။ မန္တလေးဟာ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံး စိုးစံခဲ့တဲ့ မင်းနေပြည်တော်ဖြစ်တာနဲ့အညီ ရှေးက မန္တလေးသူ၊ မန္တလေးသားတွေဟာ ဘုရင်မင်းမြတ်ဆီ အခစားဝင်ရတဲ့အခါ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအဖြစ် မိမိကိုယ်ကို နှိမ့်ချ သုံးနှုန်းတာပါ။ ခုချိန်မှာ မန္တလေးဟာ မင်းနေပြည်တော်အဖြစ် မရှိတော့ပေမယ့် မန်းသူ၊ မန်းသားများကတော့ ကျွန်တော်ဆိုတဲ့ စကားကို ဒီနေ့ထိ အမျိုးသားရော အမျိုးသမီးပါ ဆက်လက် သုံးနှုန်းနေကြဆဲဖြစ်ပါတယ်။
    Credit-Original Poster
  • ခွေးမွေးထားရင် သိထားသင့်သော ခွေးနိမိတ်များ (သတိထားကြည့်ပါ)
    ခွေးနိမိတ်
    ၁။ သမီးရည်းစား လင်မယား နှစ်ယောက် တွဲလျှောက်နေတဲ့ကြား ခွေးဖြတ်ဝင်ရင် အဲ့အတွဲ မကြာခင် ရန်ထသတ်တတ်ပါတယ်။
    ၂။ မိန်းကလေးတွေ ခြေထောက်ကြား ခွေးဖြတ်တိုးရင် သူ့ကို မကြာခင် အဖေ ဆူမလား၊ လင် ရိုက်မလား တစ်ခုခုပါပဲ။
    ၃။ မွေးစကလေးကို ခွေး လျှာနဲ့ လျှက်သွားရင် အဲ့ကလေး ဆေးစွမ်းပါတယ်။ (နေမကောင်းရင် သူ့ ဆေးတိုက်ခိုင်းပါ။)
    ၄။ ပျောက်ခဲတဲ့ အနာကို ခွေး လျှာနဲ့ လာလျှက်ပေးရင်း ဆေးကုပေးတာပါ။ မကြာခင် ပျောက်သွားတတ်ပါတယ်။
    ၅။ အိမ်လာတဲ့ ဧည့်သည် ခွေး မျက်ခြေပြတ်မခံ ရန်စောင်နေရင် အဲ့ဧည့်သည် အကြံဆိုးကြီးနဲ့ လာလို့ပါ။ သတိထားပါ။
    ၆။ ဘာမှမရှိတဲ့နေရာ ခွေး စူးစူးစိုက်စိုက် ကြည့်နေရင် နာနာဘာ၀ တွေ့လို့ပါ။ လှုပ်တာနဲ့ သူ့ဘက်မလာအောင် ထဟောင်ပါလိမ့်မယ်။
    ၇။ ဘယ်ခြေနဲ့ ခွေးချေး နင်းမိရင် ကံကောင်းတတ်ပြီး ညာခြေနဲ့ နင်းမိရင်တော့ ကံဆိုးတတ်ပါတယ်။
    ၈။ ခွေးလေခွေးလွင့် အိမ်အထိ တကောက်ကောက် လိုက်လာရင် အကျိုးပေးပါတယ်။ မွေးထားပါ။ ခွေးနက်ဆို ပို ကောင်းပါတယ်။ (မိုးရွာထဲမှာ ခွေးကိုယ့်နောက် လိုက်လာရင် အလိုက်မခံပါနဲ့။ နိမိတ်မကောင်းပါ။)
    ၉။ ကိုယ်မသိတဲ့ ခွေးစိမ်း ခပ်တည်တည် အိမ်ပေါ်တက်လာရင် မိတ်ဆွေကောင်း မကြာခင် ရတတ်ပါတယ်။
    ၁၀။ ခွေးတွေ ကျိုကျိုကြားကြား ပုန်းအိပ်နေရင် လေမိုး ပြင်းထန်တတ်ပါတယ်။
    ၁၁။ ခွေးမြက်စားရင် မကြာခင် မိုးကျပါတော့မယ်။
    ၁၂။ မမာတဲ့သခင်အနား ခွေးလာကပ်တာ သူ အနှောင့်အယှက် မြင်လို့ စောင့်ပေးတာပါ။ မောင်းမထုတ်ပါနဲ့။
    ၁၃။ လူမမာရှိတဲ့ အိမ်ကို လမ်းကခွေးတွေ မောင်းမရအောင် ဝိုင်းဟောင်နေရင် အဲ့လူမမာ အထူးဂရုစိုက်ပါ။
    ၁၄။ ကိုယ့်ခြံထဲမှာ ခွေးတွင်းနက်နက် တူးရင် အတူးမခံပါနဲ့။ လူသေတတ်ပါတယ်။
    ၁၅။ တစ်ကိုယ်လုံးမှာထိပ်ပဲ ကွက်ဖြူနေရင် အိမ်ပြောင်းတောင် အဲ့ခွေးအပါ ခေါ်သွားပါ။ ဘယ်နေရာ ရောက်ရောက် အဆင်ပြေပါတယ်။
    ၁၆။ မနက်စောစော ကိုယ့်ကို ခွေးဟောင်ခံရရင် အဲ့နေ့ အတွက်တော့ ကံမကောင်းတော့ပါဘူး။
    ၁၇။ ည အပြင်ထွက်တုန်း ကိုယ့်ရှေ့ ခွေးမဲဖြတ်ပြေးရင် အန္တရာယ်တစ်ခုခု ကြုံတတ်ပါတယ်။ သတိနဲ့ သွားပါ။
    ၁၈။ ညမှောင်မှောင်မှာ ခွေးမဲ ကြောင်မဲ လုံး၀ လိုက်မရိုက်ပါနဲ့။ ကံဆိုးခြင်းတွေ ကိုယ့်ဆီ ရောက်လာတတ်ပါတယ်။
    ၁၉။ အိပ်မက်ထဲ ခွေးလိုက်လို့ ပြေးရရင် သင် ပူပန်နေတဲ့ ပြဿနာတွေ မကြာခင် ပြီးသွားပါတော့မယ်။
    ၂၀။ အိပ်မက်ထဲ ခွေးကိုက်ခံရရင် သင့်ကို မကျေနပ်သူ ရှိနေလို့ပါ။ အုပ်လိုက်ဝိုင်းဆွဲ ခံရရင်တော့ အလုပ်ထဲကလူတွေ သတိထားပါတော့။
    Credit-Original Uploader
    (Zawgyi)
    ခွေးနိမိတ်
    ခွေးနိမိတ်
    ၁။ သမီးရည်းစား လင်မယား နှစ်ယောက် တွဲလျှောက်နေတဲ့ကြား ခွေးဖြတ်ဝင်ရင် အဲ့အတွဲ မကြာခင် ရန်ထသတ်တတ်ပါတယ်။
    ၂။ မိန်းကလေးတွေ ခြေထောက်ကြား ခွေးဖြတ်တိုးရင် သူ့ကို မကြာခင် အဖေ ဆူမလား၊ လင် ရိုက်မလား တစ်ခုခုပါပဲ။
    ၃။ မွေးစကလေးကို ခွေး လျှာနဲ့ လျှက်သွားရင် အဲ့ကလေး ဆေးစွမ်းပါတယ်။ (နေမကောင်းရင် သူ့ ဆေးတိုက်ခိုင်းပါ။)
    ၄။ ပျောက်ခဲတဲ့ အနာကို ခွေး လျှာနဲ့ လာလျှက်ပေးရင်း ဆေးကုပေးတာပါ။ မကြာခင် ပျောက်သွားတတ်ပါတယ်။
    ၅။ အိမ်လာတဲ့ ဧည့်သည် ခွေး မျက်ခြေပြတ်မခံ ရန်စောင်နေရင် အဲ့ဧည့်သည် အကြံဆိုးကြီးနဲ့ လာလို့ပါ။ သတိထားပါ။
    ၆။ ဘာမှမရှိတဲ့နေရာ ခွေး စူးစူးစိုက်စိုက် ကြည့်နေရင် နာနာဘာ၀ တွေ့လို့ပါ။ လှုပ်တာနဲ့ သူ့ဘက်မလာအောင် ထဟောင်ပါလိမ့်မယ်။
    ၇။ ဘယ်ခြေနဲ့ ခွေးချေး နင်းမိရင် ကံကောင်းတတ်ပြီး ညာခြေနဲ့ နင်းမိရင်တော့ ကံဆိုးတတ်ပါတယ်။
    ၈။ ခွေးလေခွေးလွင့် အိမ်အထိ တကောက်ကောက် လိုက်လာရင် အကျိုးပေးပါတယ်။ မွေးထားပါ။ ခွေးနက်ဆို ပို ကောင်းပါတယ်။ (မိုးရွာထဲမှာ ခွေးကိုယ့်နောက် လိုက်လာရင် အလိုက်မခံပါနဲ့။ နိမိတ်မကောင်းပါ။)
    ၉။ ကိုယ်မသိတဲ့ ခွေးစိမ်း ခပ်တည်တည် အိမ်ပေါ်တက်လာရင် မိတ်ဆွေကောင်း မကြာခင် ရတတ်ပါတယ်။
    ၁၀။ ခွေးတွေ ကျိုကျိုကြားကြား ပုန်းအိပ်နေရင် လေမိုး ပြင်းထန်တတ်ပါတယ်။
    ၁၁။ ခွေးမြက်စားရင် မကြာခင် မိုးကျပါတော့မယ်။
    ၁၂။ မမာတဲ့သခင်အနား ခွေးလာကပ်တာ သူ အနှောင့်အယှက် မြင်လို့ စောင့်ပေးတာပါ။ မောင်းမထုတ်ပါနဲ့။
    ၁၃။ လူမမာရှိတဲ့ အိမ်ကို လမ်းကခွေးတွေ မောင်းမရအောင် ဝိုင်းဟောင်နေရင် အဲ့လူမမာ အထူးဂရုစိုက်ပါ။
    ၁၄။ ကိုယ့်ခြံထဲမှာ ခွေးတွင်းနက်နက် တူးရင် အတူးမခံပါနဲ့။ လူသေတတ်ပါတယ်။
    ၁၅။ တစ်ကိုယ်လုံးမှာထိပ်ပဲ ကွက်ဖြူနေရင် အိမ်ပြောင်းတောင် အဲ့ခွေးအပါ ခေါ်သွားပါ။ ဘယ်နေရာ ရောက်ရောက် အဆင်ပြေပါတယ်။
    ၁၆။ မနက်စောစော ကိုယ့်ကို ခွေးဟောင်ခံရရင် အဲ့နေ့ အတွက်တော့ ကံမကောင်းတော့ပါဘူး။
    ၁၇။ ည အပြင်ထွက်တုန်း ကိုယ့်ရှေ့ ခွေးမဲဖြတ်ပြေးရင် အန္တရာယ်တစ်ခုခု ကြုံတတ်ပါတယ်။ သတိနဲ့ သွားပါ။
    ၁၈။ ညမှောင်မှောင်မှာ ခွေးမဲ ကြောင်မဲ လုံး၀ လိုက်မရိုက်ပါနဲ့။ ကံဆိုးခြင်းတွေ ကိုယ့်ဆီ ရောက်လာတတ်ပါတယ်။
    ၁၉။ အိပ်မက်ထဲ ခွေးလိုက်လို့ ပြေးရရင် သင် ပူပန်နေတဲ့ ပြဿနာတွေ မကြာခင် ပြီးသွားပါတော့မယ်။
    ၂၀။ အိပ်မက်ထဲ ခွေးကိုက်ခံရရင် သင့်ကို မကျေနပ်သူ ရှိနေလို့ပါ။ အုပ်လိုက်ဝိုင်းဆွဲ ခံရရင်တော့ အလုပ်ထဲကလူတွေ သတိထားပါတော့။
    Credit-Original Uploader
    ခွေးနိမိတ်
    ၁။ သမီးရည်းစား လင်မယား နှစ်ယောက် တွဲလျှောက်နေတဲ့ကြား ခွေးဖြတ်ဝင်ရင် အဲ့အတွဲ မကြာခင် ရန်ထသတ်တတ်ပါတယ်။ ၂။ မိန်းကလေးတွေ ခြေထောက်ကြား ခွေးဖြတ်တိုးရင် သူ့ကို မကြာခင် အဖေ ဆူမလား၊ လင် ရိုက်မလား တစ်ခုခုပါပဲ။ ၃။ မွေးစကလေးကို ခွေး လျှာနဲ့ လျှက်သွားရင် အဲ့ကလေး ဆေးစွမ်းပါတယ်။ (နေမကောင်းရင် သူ့ ဆေးတိုက်ခိုင်းပါ။) ၄။ ပျောက်ခဲတဲ့ အနာကို ခွေး လျှာနဲ့ လာလျှက်ပေးရင်း ဆေးကုပေးတာပါ။ မကြာခင် ပျောက်သွားတတ်ပါတယ်။ ၅။ အိမ်လာတဲ့ ဧည့်သည် ခွေး မျက်ခြေပြတ်မခံ ရန်စောင်နေရင် အဲ့ဧည့်သည် အကြံဆိုးကြီးနဲ့ လာလို့ပါ။ သတိထားပါ။
    ၆။ ဘာမှမရှိတဲ့နေရာ ခွေး စူးစူးစိုက်စိုက် ကြည့်နေရင် နာနာဘာ၀ တွေ့လို့ပါ။ လှုပ်တာနဲ့ သူ့ဘက်မလာအောင် ထဟောင်ပါလိမ့်မယ်။၇။ ဘယ်ခြေနဲ့ ခွေးချေး နင်းမိရင် ကံကောင်းတတ်ပြီး ညာခြေနဲ့ နင်းမိရင်တော့ ကံဆိုးတတ်ပါတယ်။ ၈။ ခွေးလေခွေးလွင့် အိမ်အထိ တကောက်ကောက် လိုက်လာရင် အကျိုးပေးပါတယ်။ မွေးထားပါ။ ခွေးနက်ဆို ပို ကောင်းပါတယ်။ (မိုးရွာထဲမှာ ခွေးကိုယ့်နောက် လိုက်လာရင် အလိုက်မခံပါနဲ့။ နိမိတ်မကောင်းပါ။) ၉။ ကိုယ်မသိတဲ့ ခွေးစိမ်း ခပ်တည်တည် အိမ်ပေါ်တက်လာရင် မိတ်ဆွေကောင်း မကြာခင် ရတတ်ပါတယ်။ ၁၀။ ခွေးတွေ ကျိုကျိုကြားကြား ပုန်းအိပ်နေရင် လေမိုး ပြင်းထန်တတ်ပါတယ်။
    ၁၁။ ခွေးမြက်စားရင် မကြာခင် မိုးကျပါတော့မယ်။ ၁၂။ မမာတဲ့သခင်အနား ခွေးလာကပ်တာ သူ အနှောင့်အယှက် မြင်လို့ စောင့်ပေးတာပါ။ မောင်းမထုတ်ပါနဲ့။ ၁၃။ လူမမာရှိတဲ့ အိမ်ကို လမ်းကခွေးတွေ မောင်းမရအောင် ဝိုင်းဟောင်နေရင် အဲ့လူမမာ အထူးဂရုစိုက်ပါ။ ၁၄။ ကိုယ့်ခြံထဲမှာ ခွေးတွင်းနက်နက် တူးရင် အတူးမခံပါနဲ့။ လူသေတတ်ပါတယ်။ ၁၅။ တစ်ကိုယ်လုံးမှာထိပ်ပဲ ကွက်ဖြူနေရင် အိမ်ပြောင်းတောင် အဲ့ခွေးအပါ ခေါ်သွားပါ။ ဘယ်နေရာ ရောက်ရောက် အဆင်ပြေပါတယ်။
    ၁၆။ မနက်စောစော ကိုယ့်ကို ခွေးဟောင်ခံရရင် အဲ့နေ့ အတွက်တော့ ကံမကောင်းတော့ပါဘူး။ ၁၇။ ည အပြင်ထွက်တုန်း ကိုယ့်ရှေ့ ခွေးမဲဖြတ်ပြေးရင် အန္တရာယ်တစ်ခုခု ကြုံတတ်ပါတယ်။ သတိနဲ့ သွားပါ။ ၁၈။ ညမှောင်မှောင်မှာ ခွေးမဲ ကြောင်မဲ လုံး၀ လိုက်မရိုက်ပါနဲ့။ ကံဆိုးခြင်းတွေ ကိုယ့်ဆီ ရောက်လာတတ်ပါတယ်။ ၁၉။ အိပ်မက်ထဲ ခွေးလိုက်လို့ ပြေးရရင် သင် ပူပန်နေတဲ့ ပြဿနာတွေ မကြာခင် ပြီးသွားပါတော့မယ်။ ၂၀။ အိပ်မက်ထဲ ခွေးကိုက်ခံရရင် သင့်ကို မကျေနပ်သူ ရှိနေလို့ပါ။ အုပ်လိုက်ဝိုင်းဆွဲ ခံရရင်တော့ အလုပ်ထဲကလူတွေ သတိထားပါတော့။
    Credit-Original Uploader
  • သင့်ကား ဆီအရမ်းစားနေပြီဆိုရင် ဘာတွေကို အဓိက စစ်ဆေးမလဲ
    သင့်ကား ဆီအရမ်းစားနေပြီဆိုရင် ဘာတွေကို အဓိက စစ်ဆေးမလဲ..?
    မော်တော်ကားတွေရဲ့ ဆီစားနှုန်း သက်သာအောင် ရည်ရွယ်ပြီး အင်ဂျင်အသေးစား တပ်ဆင်ထားတဲ့ မော်ဒယ်တွေကို အသုံးပြုမှုများနေပေမယ့် အသုံးပြု မောင်းနှင်မှု နည်းစနစ် မကျတဲ့အခါ ဆီအရမ်းစားလာပါတယ်။ အဲဒီလို ဆီအရမ်းစားလာတဲ့အခါ မိမိရဲ့ ကားကို ပြန်လည် စစ်ဆေးဖို့လိုတာမို့ ဘယ်လို အချက်တွေကို စစ်ဆေး ရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။
    (၁) Plug မကောင်းတဲ့အတွက် အင်ဂျင်ပေါက်ကွဲချက် မမှန်ဘဲ ဆီစားများစေနိုင်ပါတယ်။ဒါဟာ စွမ်းအင် ထွက်ရှိမှု မမှန်တာကြောင့် ဆီပိုမို အသုံးပြု မောင်းနှင်ရစေတာလည်း ဖြစ်ပါတယ်။ဒီအတွက် Plugကို ကီလို ၁၅၀၀မောင်းနှင်ပြီးတိုင်း ဖြစ်စေ၊ တလတခါဖြစ်စေ အနည်းဆုံး စစ်ဆေး လဲလှယ်သင့်ပါတယ်။
    (၂) Air-Conလို အသုံးပြုမှုတွေကြောင့် အင်ဂျင်ကို ပိုမို လည်ပတ်ရုန်းကန်စေတဲ့ အတွက် ဆီစားများ စေနိုင်ပါတယ်။သူကတော့ ခရီးဝေး မောင်းနှင်မှုတွေမှာ လေအေးပေးစနစ်ကို ပိတ်ပြီး မောင်းနှင်တာ အကောင်းဆုံး ဖြစ်ပြီး မြို့တွင်းသုံးမှာတော့ သိပ်မသိသာလှပါဘူး။
    (၃) မှန်ကန်တဲ့ ဂီယာချက် ပြောင်းလဲ အသုံးပြုမှု မရှိတဲ့အတွက် ဆီစားများစေနိုင်ပါတယ်။ Manualမှာတော့ ဂီယာချက် ပြောင်းလဲ အသုံးပြုမှု မှားစရာမရှိပေမယ့် Autoမှာတော့ လူအများစုက Dတစ်ခုတည်းကိုပဲ အသုံးပြု မောင်းနှင်လေ့ ရှိတာမျိုးက လိုအပ်သလို ပြောင်းလဲ အသုံးပြု မောင်းနှင်မှု အားနည်းစေတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လိုအပ်သည်ထက် အင်ဂျင်က ပိုမို ရုန်းကန်ရတာတွေ ရှိလာတတ်ပြီး ဆီစားများ စေနိုင်ပါတယ်။
    (၄) အရည်အသွေးပြည့် မရှိတော့တဲ့ အင်ဂျင်ဝိုင် (သက်တမ်းလွန်)နေတဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။အင်ဂျင်ရဲ့ သွေးလို့ ဆိုနိုင်မယ့် အင်ဂျင်ဝိုင်ကို အမြဲစစ်ဆေး၊ လဲလှယ်စီးနင်းဖို့ သင့်ပါတယ်။ Plug စစ်ဆေးချိန်တိုင်း တခါတည်း စစ်ဆေးလဲလှယ်သင့်ပါတယ်။
    (၅) ဝန်ပိုတင်ဆောင်မောင်းနှင်တဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။အင်ဂျင်ကို မနိုင်ဝန် ထမ်းစေတာကြောင့် စွမ်းအင်ထုတ်လုပ်ရမှု ပိုများစေပြီး ဆီစားများစေတာ ဖြစ်ပါတယ်။
    (၆) လေပေါင်ချိန် မပြည်တဲ့ ဘီးတွေနဲ့ မောင်းနှင်မှုကြောင့် ဆီစားများစေနိုင်ပါတယ်။ သတ်မှတ်လေပေါင်ချိန် မပြည့်ပါက ကားရဲ့ ပြေးအားကျသွားစေတာကြောင့် အင်ဂျင်ကို ပိုမို ရုန်းကန်ရစေနိုင်တာ ဖြစ်ပါတယ်။
    (၇) အင်ဂျင်အရွယ်ကြီးမားတဲ့ (၃ ဒသမ ၀ လီတာသုံးနဲ့အထက်) မော်ဒယ်တွေ အနေနဲ့ ပွိုင့်မိနေတဲ့ အချိန်မျိုးတွေမှာပါ အင်ဂျင်နှိုးထားခြင်းက သိသာတဲ့ ဆီစားများခြင်းကို ဖြစ်စေနိုင်ပါတယ်။ သူကတော့ ပွိုင့်ကြီးတွေမှာ အချိန်ကြာမိနေတာမျိုးတွေအတွက် စက်သတ်ထားတဲ့ ပုံစံမျိုး လုပ်ဆောင်သင့်ပါတယ်။
    Credit – လင်းထက်(IA) ဧရာဝတီ, The Irrawaddy-Burmese Edition
    (Zawgyi)
  • မိုးကြီးလေကြီးမှာ ဖုန်းပြောနေရင် ဘာတွေဖြစ်နိုင်လဲ
    အမေး – လျှပ်စီးတွေ လက်နေတဲ့အခါ ပြောနေတဲ့ ဖုန်းထဲကို လေထဲကနေ တဆင့် လျှပ်စီး မဝင်လာနိုင်ဘူးလား ?
    အဖြေ – မဝင်နိုင်ပါဘူး။ လေဆိုတာ လျှပ်စီးကို ညှို့ယူနိုင်တဲ့ သတ္တိမရှိပါဘူး။
    အမေး – တာဝါတိုင်ကို မိုးကြိုး ပစ်လိုက်ရင်ကော အဲဒီလျှပ်စီးက ကိုယ်ပြောနေတဲ့ ဖုန်းထဲကို မဝင်လာနိုင်ဘူးလား ?
    အဖြေ – ဝင်မလာနိုင်ပါဘူး။ တာဝါတိုင်ကို မိုးကြိုးပစ်ခဲ့လို့ (Grounding မကောင်းခဲ့ရင်တောင်) တာဝါတိုင်ကိုပဲ ထိခိုက်သွားမှာပါ။ အပေါ်က ပြောခဲ့သလို လေထဲကနေတဆင့် လျှပ်စီးကို မသယ်ဆောင်နိုင်ပါဘူး။
    အမေး – ဖုန်းဆိုတဲ့ လိုင်းဖမ်းယူဖို့ သုံးတဲ့ ပစ္စည်းက မိုးကြိုးကို သူ့ဆီရောက်လာအောင် မဆွဲဆောင်နိုင်ဘူးလား ?
    အဖြေ – ဖုန်း ဆိုတာက သတ်မှတ်ထားတဲ့ Radio Frequency ကို ဆွဲဆောင်ဖို့သာ သုံးတာဖြစ်ပါတယ်။ လျှပ်စစ်ကို လေကနေ တစ်ဆင့် ဖမ်းယူဖို့ မဟုတ်ပါဘူး။ Metal နဲ့ ပြုလုပ်ထားတာမို့ အလွန်နီးကပ်တဲ့ လျှပ်စစ် စက်ကွင်းကို ဖမ်းယူဖို့တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရွယ်အစား သေးငယ်လွန်းပြီး Metal ပါဝင်မှု အလွန်နည်းပါးတာကြောင့် သူ့ဘေးမှာ တစ်ခြား အရွယ်အစားကြီးမားတဲ့ Metal တွေသာ ရှိနေခဲ့ရင် သူကိုယ်တိုင် လျှပ်စီးကို ဖမ်းယူဖို့ ( မိုးကြိုးပစ်ခံရဖို့ ) ရာခိုင်နှုန်း အင်မတန် နည်းပါးပါတယ်။
    Credit-Original Uploader
    (Zawgyi)
    အမေး – လျှပ်စီးတွေ လက်နေတဲ့အခါ ပြောနေတဲ့ ဖုန်းထဲကို လေထဲကနေ တဆင့် လျှပ်စီး မဝင်လာနိုင်ဘူးလား ?
    အဖြေ – မဝင်နိုင်ပါဘူး ။ လေဆိုတာ လျှပ်စီးကို ညှို့ယူနိုင်တဲ့ သတ္တိမရှိပါဘူး။
    အမေး – တာဝါတိုင်ကို မိုးကြိုး ပစ်လိုက်ရင်ကော အဲဒီလျှပ်စီးက ကိုယ်ပြောနေတဲ့ ဖုန်းထဲကို မဝင်လာနိုင်ဘူးလား ?
    အဖြေ – ဝင်မလာနိုင်ပါဘူး။ တာဝါတိုင်ကို မိုးကြိုးပစ်ခဲ့လို့ (Grounding မကောင်းခဲ့ရင်တောင်) တာဝါတိုင်ကိုပဲ ထိခိုက်သွားမှာပါ။ အပေါ်က ပြောခဲ့သလို လေထဲကနေတဆင့် လျှပ်စီးကို မသယ်ဆောင်နိုင်ပါဘူး။
    အမေး – ဖုန်းဆိုတဲ့ လိုင်းဖမ်းယူဖို့ သုံးတဲ့ ပစ္စည်းက မိုးကြိုးကို သူ့ဆီရောက်လာအောင် မဆွဲဆောင်နိုင်ဘူးလား ?
    အဖြေ – ဖုန်း ဆိုတာက သတ်မှတ်ထားတဲ့ Radio Frequency ကို ဆွဲဆောင်ဖို့သာ သုံးတာဖြစ်ပါတယ်။ လျှပ်စစ်ကို လေကနေ တစ်ဆင့် ဖမ်းယူဖို့ မဟုတ်ပါဘူး။ Metal နဲ့ ပြုလုပ်ထားတာမို့ အလွန်နီးကပ်တဲ့ လျှပ်စစ် စက်ကွင်းကို ဖမ်းယူဖို့တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရွယ်အစား သေးငယ်လွန်းပြီး Metal ပါဝင်မှု အလွန်နည်းပါးတာကြောင့် သူ့ဘေးမှာ တစ်ခြား အရွယ်အစားကြီးမားတဲ့ Metal တွေသာ ရှိနေခဲ့ရင် သူကိုယ်တိုင် လျှပ်စီးကို ဖမ်းယူဖို့ ( မိုးကြိုးပစ်ခံရဖို့ ) ရာခိုင်နှုန်း အင်မတန် နည်းပါးပါတယ်။
    Credit-Original Uploader
    အမေး – လျှပ်စီးတွေ လက်နေတဲ့အခါ ပြောနေတဲ့ ဖုန်းထဲကို လေထဲကနေ တဆင့် လျှပ်စီး မဝင်လာနိုင်ဘူးလား ?
    အဖြေ – မဝင်နိုင်ပါဘူး။ လေဆိုတာ လျှပ်စီးကို ညှို့ယူနိုင်တဲ့ သတ္တိမရှိပါဘူး။
    အမေး – တာဝါတိုင်ကို မိုးကြိုး ပစ်လိုက်ရင်ကော အဲဒီလျှပ်စီးက ကိုယ်ပြောနေတဲ့ ဖုန်းထဲကို မဝင်လာနိုင်ဘူးလား ?
    အဖြေ – ဝင်မလာနိုင်ပါဘူး။ တာဝါတိုင်ကို မိုးကြိုးပစ်ခဲ့လို့ (Grounding မကောင်းခဲ့ရင်တောင်) တာဝါတိုင်ကိုပဲ ထိခိုက်သွားမှာပါ။ အပေါ်က ပြောခဲ့သလို လေထဲကနေတဆင့် လျှပ်စီးကို မသယ်ဆောင်နိုင်ပါဘူး။
    အမေး – ဖုန်းဆိုတဲ့ လိုင်းဖမ်းယူဖို့ သုံးတဲ့ ပစ္စည်းက မိုးကြိုးကို သူ့ဆီရောက်လာအောင် မဆွဲဆောင်နိုင်ဘူးလား ?
    အဖြေ – ဖုန်း ဆိုတာက သတ်မှတ်ထားတဲ့ Radio Frequency ကို ဆွဲဆောင်ဖို့သာ သုံးတာဖြစ်ပါတယ်။ လျှပ်စစ်ကို လေကနေ တစ်ဆင့် ဖမ်းယူဖို့ မဟုတ်ပါဘူး။ Metal နဲ့ ပြုလုပ်ထားတာမို့ အလွန်နီးကပ်တဲ့ လျှပ်စစ် စက်ကွင်းကို ဖမ်းယူဖို့တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရွယ်အစား သေးငယ်လွန်းပြီး Metal ပါဝင်မှု အလွန်နည်းပါးတာကြောင့် သူ့ဘေးမှာ တစ်ခြား အရွယ်အစားကြီးမားတဲ့ Metal တွေသာ ရှိနေခဲ့ရင် သူကိုယ်တိုင် လျှပ်စီးကို ဖမ်းယူဖို့ ( မိုးကြိုးပစ်ခံရဖို့ ) ရာခိုင်နှုန်း အင်မတန် နည်းပါးပါတယ်။
    Credit-Original Uploader
  • တိုက်လေယာဉ်မှာ အဲယားကွန်း ပါ/မပါ
    တိုက်လေယာဉ်မှာ အဲယားကွန်းပါမပါ
    ခေတ်မှီ ဂျက်တိုက်လေယာဉ်အများစုမှာ အဲယားကွန်းပါလေ့ရှိပါတယ်။ အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်တွေမှာဆိုရင် မပါမဖြစ် ပါပါတယ်။ အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်ပိုင်းလော့ဟာ pressuresuit, Gsuit, helmet, oxygenmask, microphoneနဲ့ earphoneတွေ ဝတ်ဆင်ထားရပြီး (ကိုယ်သိမ်း)ခါးပတ်ကို တင်းတင်းပါတ်ထားရပါတယ်။
    ခေတ်မှီဂျက်တိုက် လေယာဉ်အများစုမှာ အဲယားကွန်းပါလေ့ရှိပါတယ်။ အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်တွေမှာဆိုရင် မပါမဖြစ် ပါပါတယ်။ အသံထက်မြန်တဲ့ဂျက်တိုက်လေယာဉ်ပိုင်းလော့ဟာ pressuresuit, Gsuit, helmet, oxygenmask, microphoneနဲ့ earphoneတွေဝတ်ဆင်ထားရပြီး(ကိုယ်သိမ်း) ခါးပတ်ကို တင်းတင်းပါတ်ထားရပါတယ်။
    သူက အလုပ်သုံးခု လုပ်ပေးပါတယ်။ ပထမတစ်ချက်က သာမန်အဲယားကွန်းတွေလို အပူ၊ အအေးနဲ့ လေဝင်/ထွက်ကိုထိန်းညှိပေးတာပါ။ ဒုတိယတစ်ချက်က လေယာဉ်မောင်းခန်း cockpitရဲ့ လေဖိအားကို ထိန်းထားပေးတာပါ။ တတိယတစ်ချက်က (Windshieldanti-fog/anti-icefunction)ပါ။ ဆိုလိုတာက သိပ်အေးလွန်းတဲ့ဒေသမှာ ပျံသန်းတဲ့အခါ မှန်ကိုအတွင်းဖက်ကနေ ရေငွေ့တွေမရိုက်အောင် မှန်အတွင်းနဲ့ အပြင်နှစ်ဘက်စလုံးမှာ ရေတွေခဲမနေအောင်နဲ့ မြူတွေကြောင့်မြင်ကွင်းမပိတ်အောင် ဖယ်ရှားပေးတာပါ။ (တစ်ချို့အဲယားကွန်းတွေကြတော့ ဆီပိုက်တွေနဲ့ အီလက်ထရောနစ်အစိတ်အပိုင်းတွေကိုလဲ လိုအပ်သလို အပူချိန်ထိန်းပေးပါတယ်)
    Credit-Original Uploader
    တိုက်လေယာဉ်မှာ အဲယားကွန်းပါမပါ
    ခေတ်မှီ ဂျက်တိုက်လေယာဉ်အများစုမှာ အဲယားကွန်းပါလေ့ရှိပါတယ်။ အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်တွေမှာဆိုရင် မပါမဖြစ် ပါပါတယ်။ အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်ပိုင်းလော့ဟာ pressuresuit, Gsuit, helmet, oxygenmask, microphoneနဲ့ earphoneတွေ ဝတ်ဆင်ထားရပြီး (ကိုယ်သိမ်း)ခါးပတ်ကို တင်းတင်းပါတ်ထားရပါတယ်။ခေတ်မှီဂျက်တိုက် လေယာဉ်အများစုမှာ အဲယားကွန်းပါလေ့ရှိပါတယ်။ အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်တွေမှာဆိုရင် မပါမဖြစ် ပါပါတယ်။ အသံထက်မြန်တဲ့ဂျက်တိုက်လေယာဉ်ပိုင်းလော့ဟာ pressuresuit, Gsuit, helmet, oxygenmask, microphoneနဲ့ earphoneတွေဝတ်ဆင်ထားရပြီး(ကိုယ်သိမ်း) ခါးပတ်ကို တင်းတင်းပါတ်ထားရပါတယ်။
    သူက အလုပ်သုံးခု လုပ်ပေးပါတယ်။ ပထမတစ်ချက်က သာမန်အဲယားကွန်းတွေလို အပူ၊ အအေးနဲ့ လေဝင်/ထွက်ကိုထိန်းညှိပေးတာပါ။ ဒုတိယတစ်ချက်က လေယာဉ်မောင်းခန်း cockpitရဲ့ လေဖိအားကို ထိန်းထားပေးတာပါ။ တတိယတစ်ချက်က (Windshieldanti-fog/anti-icefunction)ပါ။ ဆိုလိုတာက သိပ်အေးလွန်းတဲ့ဒေသမှာ ပျံသန်းတဲ့အခါ မှန်ကိုအတွင်းဖက်ကနေ ရေငွေ့တွေမရိုက်အောင် မှန်အတွင်းနဲ့ အပြင်နှစ်ဘက်စလုံးမှာ ရေတွေခဲမနေအောင်နဲ့ မြူတွေကြောင့်မြင်ကွင်းမပိတ်အောင် ဖယ်ရှားပေးတာပါ။ (တစ်ချို့အဲယားကွန်းတွေကြတော့ ဆီပိုက်တွေနဲ့ အီလက်ထရောနစ်အစိတ်အပိုင်းတွေကိုလဲ လိုအပ်သလို အပူချိန်ထိန်းပေးပါတယ်)
    Credit-Original Uploader
  • ရှမ်းပဲပုပ် ထောင်းနည်း
    ရှမ်းပဲပုပ် ထောင်းနည်း
    ပဲပုပ်၃ချပ်(မီးကင်ထားပါ)ကိုင်းခရမ်းချဉ်သီး၂ လုံး(ပြု တ်လဲရ၊မီးကင်လဲရ၊မီးကင်တော့ပိုမွှေးကြက်သွန်ဖြူ ၁ဥ
    ငရုတ်အပုတောင့်၂တောင့်ကြော်ထားပါငရုတ်သီး စိမ်း ၃တောင့်မီးကင်ထားပါ အရင်ဆုံးငရုတ်သီးကြော်လေးထည့်ထောင်းပါ
    ညက်ရင်ငရုတ်သီးစိမ်းကြက်သွန်ဖြူ၊ဆား၊အရသာအန ည်းငယ်သာထည့်ထောင်းပါပဲပုပ်ထည့်ထောင်းပါ
    နောက်ဆုံးမှခရမ်းချဉ်သီးထည့်ထောင်းရင်ရပါပြီရှင်
    (Zawgyi)
    photo crd
    Credit ပန်းခရေ