Category: ဗဟုတုသ

  • ျခင္ကိုက္ဖုေတြ သက္သာေအာင္ လုပ္ေပးမယ့္ မီးဖိုထဲက အရာမ်ား

    (Zawgyi)

    ျခင္ကိုက္ဖုေတြ သက္သာေအာင္ လုပ္ေပးမယ့္ မီးဖိုထဲက အရာမ်ား

    မိုးရာသီဟာ စိုထိုင္းလွတဲ့ အတြက္ ျခင္ေတြ ေပါက္ဖြားလို႔ အေကာင္းဆံုး ရာသီပါ။ ကေလး၊ လူႀကီး မေရြး ျဖစ္တတ္တဲ့ ငွက္ဖ်ား၊ တုပ္ေကြးေရာဂါေတြဟာ ျခင္ကေန တဆင့္ ကူးစက္တာေၾကာင့္ မိုးတြင္းဟာ ျခင္အႏၱာရာယ္ ဂရုစိုက္ရမယ့္ လပါ။ ျခင္ကိုက္သြားတဲ့ အခါမွာလည္း အခ်ိန္ အေတာ္ၾကာ ယားယံၿပီး အဖုအပိန္႔ေလးေတြ ထြက္လာတ့ဲ အခါ ကုတ္ဖဲ့ၾကရင္း အမာရြတ္ေတြ ျဖစ္ၿပီး အလွေတြ ေလွ်ာ့ရျပန္ပါတယ္။

    အိမ္မွာပဲ အလြယ္တကူ ရွိတဲ့ အစားအစာေတြနဲ႔ ျခင္ကိုက္နာေတြကို သက္သာေအာင္ ျပဳလုပ္လို႔ ရပါတယ္။ မခက္ခဲတဲ့ နည္းလမ္းေကာင္းေလးေတြကို မွ်ေစပါရေစ။

    ၁။ လက္ဖက္စိမ္း အထုပ္ေလးေတြကို ေရခဲေသတၱာထဲ ခဏထည့္ထားပါ။ ေအးလာရင္ ျခင္ကိုက္ဖုေတြေပၚ ခဏတင္ထားလုိက္ပါ။ အေအးက အယားသက္သာေစၿပီး လက္ဖက္စိမ္းကေတာ့ အမာရြတ္မျဖစ္ေအာင္ ကာကြယ္ေပးပါလိမ့္မယ္။

    ၂။ ပ်ားရည္ တစ္စက္ေလာက္ကို အကိုက္ခံရတဲ့ ေနရာေပၚ ခပ္ပါးပါး လိမ္းေပးထားပါ။ အယားသက္သာၿပီး အေရျပားကို မထိခိုက္ေစဘဲသက္သာသြားပါမယ္။

    ၃။ အိမ္သံုးဆားကို နည္းနည္းယူၿပီး ပြတ္ေပးပါ။ ဒါမွမဟုတ္ သနပ္ခါးနဲ႔ ေရာေသြးၿပီး လိမ္းေပးပါ။ အယားသက္သာၿပီး ေရာင္ရမ္းသာ သက္သာေစပါတယ္။

    ၄။ ရွားေစာင္းလက္ပတ္ကို ခြဲၿပီး ကိုက္ခံရတဲ့ ေနရာေတြကို အံုေပးပါ။ အပင္မရွိရင္ ရွားေစာင္းလက္ပတ္ ၉၉ % ပါ၀င္တဲ့ cream တစ္ခုခု လိမ္းေပးထားပါ။

    ၅။ အလြယ္ဆံုးက ေရခဲပါ။ ေရခဲတံုးေလးေတြကုိ အကိုက္ခံရတဲ့ အေပၚ ပြတ္ေပးပါ။ အယားသက္သာေစၿပီး အဖုအပိန္႔ေတြသက္သာသြားပါလိမ့္မယ္။

    ၆။ သံပုသီးကို ျခမ္းၿပီး အဖုေတြေပၚကို ခပ္ဖြဖြ ပြတ္ေပးပါ။

    ၇။ ငွက္ေပ်ာသီး အခြံနဲ႔ လည္း ပြတ္ေပးရင္ သက္သာပါတယ္။

    ၈။ မုန္႔ဖုတ္ေပါင္ဒါကို ေရနဲ႔ ေရာၿပီး လိမ္းေပးရင္လည္း ရပါတယ္။

    ၉။ ပန္းသီးဗင္နီကာကို ကိုက္ခံထားရတဲ့ ေနရာေပၚ တို႔ေပးပါ။

    zeenews

    Credit: MyStyle Myanmar

    (Unicode)

    ခြင်ကိုက်ဖုတွေ သက်သာအောင် လုပ်ပေးမယ့် မီးဖိုထဲက အရာများ

    မိုးရာသီဟာ စိုထိုင်းလှတဲ့ အတွက် ခြင်တွေ ပေါက်ဖွားလို့ အကောင်းဆုံးရာသီပါ။ ကလေး၊ လူကြီး မရွေး ဖြစ်တတ်တဲ့ ငှက်ဖျား၊ တုပ်ကွေးရောဂါတွေဟာ ခြင်ကနေတဆင့် ကူးစက်တာကြောင့် မိုးတွင်းဟာ ခြင်အန္တာရာယ် ဂရုစိုက်ရမယ့် လပါ။ ခြင်ကိုက်သွားတဲ့ အခါမှာလည်း အချိန် အတော်ကြာ ယားယံပြီး အဖုအပိန့်လေးတွေ ထွက်လာတဲ့ အခါ ကုတ်ဖဲ့ကြရင်း အမာရွတ်တွေ ဖြစ်ပြီး အလှတွေ လျှော့ရပြန်ပါတယ်။ အိမ်မှာပဲ အလွယ်တကူ ရှိတဲ့ အစားအစာတွေနဲ့ ခြင်ကိုက်နာတွေကို သက်သာအောင် ပြုလုပ်လို့ ရပါတယ်။ မခက်ခဲတဲ့ နည်းလမ်းကောင်းလေးတွေကို မျှစေပါရစေ။

    ၁။ လက်ဖက်စိမ်း အထုပ်လေးတွေကို ရေခဲသေတ္တာထဲ ခဏထည့်ထားပါ။ အေးလာရင် ခြင်ကိုက်ဖုတွေပေါ် ခဏတင်ထားလိုက်ပါ။ အအေးက အယားသက်သာစေပြီး လက်ဖက်စိမ်းကတော့ အမာရွတ်မဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။

    ၂။ ပျားရည် တစ်စက်လောက်ကို အကိုက်ခံရတဲ့ နေရာပေါ် ခပ်ပါးပါး လိမ်းပေးထားပါ။ အယားသက်သာပြီး အရေပြားကို မထိခိုက်စေဘဲသက်သာသွားပါမယ်။

    ၃။ အိမ်သုံးဆားကို နည်းနည်းယူပြီး ပွတ်ပေးပါ။ ဒါမှမဟုတ် သနပ်ခါးနဲ့ ရောသွေးပြီး လိမ်းပေးပါ။ အယားသက်သာပြီး ရောင်ရမ်းသာ သက်သာစေပါတယ်။

    ၄။ ရှားစောင်းလက်ပတ်ကို ခွဲပြီး ကိုက်ခံရတဲ့ နေရာတွေကို အုံပေးပါ။ အပင်မရှိရင် ရှားစောင်းလက်ပတ် ၉၉ % ပါဝင်တဲ့ cream တစ်ခုခု လိမ်းပေးထားပါ။

    ၅။ အလွယ်ဆုံးက ရေခဲပါ။ ရေခဲတုံးလေးတွေကို အကိုက်ခံရတဲ့ အပေါ် ပွတ်ပေးပါ။ အယားသက်သာစေပြီး အဖုအပိန့်တွေသက်သာသွားပါလိမ့်မယ်။

    ၆။ သံပုသီးကို ခြမ်းပြီး အဖုတွေပေါ်ကို ခပ်ဖွဖွ ပွတ်ပေးပါ။

    ၇။ ငှက်ပျောသီး အခွံနဲ့ လည်း ပွတ်ပေးရင် သက်သာပါတယ်။

    ၈။ မုန့်ဖုတ်ပေါင်ဒါကို ရေနဲ့ ရောပြီး လိမ်းပေးရင်လည်း ရပါတယ်။

    ၉။ ပန်းသီးဗင်နီကာကို ကိုက်ခံထားရတဲ့ နေရာပေါ် တို့ပေးပါ။

    zeenews

    Credit: MyStyle Myanmar

     

  • အိပ္ရာဝင္ခါနီး ရွစ္ပါးသီလ ယူလိုက္ပါအံုးမယ္ဆိုတာ မွန္ပါ့မလား?

    (Zawgyi)

    အိပ္ရာဝင္ခါနီး ရွစ္ပါးသီလယူတာ မွန္ပါသလား

    ေမး- အရွင္ဘုရား- ဆရာေတာ္တစ္ပါးက ရွစ္ပါးသီလ (သို႔) ကိုးပါးသီလ ယူၿပီးသီလႏွင့္ အိပ္လွ်င္ အက်ိဳးရွိေၾကာင္း သင္ၾကားပါသည္.. အျခားတစ္ပါးကမူ အိပ္ရာဝင္ခါနီး ရွစ္ပါးသီလ ကိုးပါးသီလ ေဆာက္တည္ျခင္းမွာ လူပ်င္းအလုပ္ျဖစ္၍ အက်ိဳးမမ်ားဟု ဆိုျပန္ပါသည္.. တပည့္ေတာ္ ေခါင္းရႈပ္သြားပါသျဖင့္ ဆရာေတာ္ဘုရားမွ ေျဖၾကားေပးေစခ်င္ပါသည္ဘုရား?..

    ေျဖ- ဝိဇၨာလယ ေက်ာင္းေဆာင္ေတာ္မ်ား ေရစက္ခ်ပြဲ အခမ္းအနားမွာ မင္းကြန္းတိပိဋက ဆရာေတာ္ႀကီးက ဤအခ်ိန္အတြင္း ေဆာက္တည္မယ္လို႔ စိတ္ထဲက အခ်ိန္ကာလကိုပိုင္းျဖတ္ၿပီး ေဆာက္တည္ဖို႔ ၫႊန္ၾကားရင္း ပရိသတ္အား ကိုးပါးသီလ ခ်ီးျမႇင့္ဖူးတာကို အမွတ္ရတယ္.. အခ်ိန္ကာလ ပိုင္းျခားသတ္မွတ္ၿပီး ေဆာက္တည္တဲ့ ကာလပရိယႏၲသီလ ရာသက္ပန္ ေဆာက္တည္တဲ့ အာပါဏေကာဋိကသီလလို႔ ဥပုသ္သီလ ေဆာက္တည္ပုံ ႏွစ္မ်ိဳးရွိတယ္..(ဝိသုဒၶိမဂၢ ၁-၁၂).. ဒီေန႔ ဒီည ဒီအခ်ိန္အတြင္း ေဆာက္တည္မယ္လို႔ အခ်ိန္ကိုသတ္မွတ္ၿပီး ေဆာက္တည္ရင္ ကာလပရိယႏၲသီလ(ဝိသုဒၶိမဂၢ-ဋီ ၁-၃၃).. အဲဒီက်မ္းဆိုအရ ဆရာေတာ္ႀကီး မိန႔္ေတာ္မူတာ ျဖစ္ပါတယ္..

    တစ္နာရီၾကာ အခမ္းအနားဆိုရင္ အဲဒီသီလက တစ္နာရီဥပုသ္သီလ ျဖစ္မွာေပါ့.. ဒါလည္း စိတ္ပါရင္ အက်ိဳးရွိႏိုင္တာပဲ.. ဘာမွန္းမသိ သူမ်ားဆိုလို႔ လိုက္ဆိုတာမ်ိဳးဆိုရင္ေတာ့ သိပ္မထူးျခားပါဘူး.. အလႉပြဲအခမ္းအနားေတြမွာ ဆရာေတာ္ႀကီးမ်ားက ေစတနာပိုၿပီး ကာလ ပရိယႏၲ ကိုးပါးသီလ ခ်ီးျမႇင့္တာကို လက္ခံေပမယ့္ အေျခအေနေကာင္း ရွိပါလ်က္နဲ႔ ၂နာရီပဲ ၁နာရီပဲ ဥပုသ္ေစာင့္ၾကည့္မယ္ ဆိုတာမ်ိဳးကိုေတာ့ လူပ်င္းအလုပ္လို႔ ယူဆတဲ့အတြက္ ဘုန္းႀကီးအားမေပးလိုဘူး..

    ‘အိပ္ခါနီးသီလ’ သာမန္အိမ္ေထာင္သည္တစ္ေယာက္အေနနဲ႔ ရာသက္ပန္ ဥပုသ္သီလ ေဆာက္တည္ဖို႔ ခက္တယ္.. ဒါေၾကာင့္ ၁ရက္ ၁ပတ္ ၁လစသည္ အဓိ႒ာန္ၿပီး ဥပုသ္သီလ ေဆာက္တည္ႏိုင္တယ္.. အေၾကာင္းမညီၫြတ္ေသးလို႔ ေန႔အခ်ိန္မျဖစ္ႏိုင္ရင္ အမွန္ေစာင့္လိုစိတ္နဲ႔ အနည္းဆုံး ညအိပ္ရာဝင္ခါနီး ဥပုသ္သီလခံယူၿပီး အိပ္တာမ်ိဳးကိုေတာ့ ဘုန္းႀကီးအားေပးပါတယ္..

    သီလယူၿပီးေနာက္ အိပ္ရာေပၚမွာ ကိုယ့္သီလကို အဖန္ဖန္ ဆင္ျခင္ၿပီး အိပ္ရင္ သီလာႏုႆတိ (ကိုယ့္သီလကို ဆင္ျခင္ျခင္း)ဘာဝနာလည္း ျဖစ္ႏိုင္တာပဲ.. အပ်င္းေျပ သေဘာမ်ိဳးမဟုတ္ပဲ ဆႏၵာဓိပတိတပ္လုပ္ရင္ အက်ိဳးလည္းႀကီးပါတယ္.. ေရာဂါေပ်ာက္ခ်င္လို႔ စိတ္ဆိုးစိတ္ေကာက္လို႔ ဟန္ေဆာင္လို႔ဆိုတဲ့ မမွန္စိတ္ထားနဲ႔ ဆိုရင္ေတာ့ ေန႔ညမဟူ ဥပုသ္ေစာင့္လို႔ အက်ိဳးမမ်ားႏိုင္ပါဘူး..

    ‘ေရွာင္ရန္’ ဝကဇာတ္ေတာ္(ဇာ-႒၂..၄၀၇)မွာ ေက်ာက္ေဆာင္တစ္ခုကို အမွီျပဳေနထိုင္ၿပီး သားေကာင္ရွာမရတဲ့ က်ားသစ္တစ္ေကာင္ဟာ ‘အလုပ္မရွိတဲ့အဆုံး ဥပုသ္ေစာင့္တာပဲေကာင္းတယ္’ဆိုၿပီး ဥပုသ္ေစာင့္ရင္း အိပ္သတဲ့.. က်ားသစ္ရဲ႕စိတ္ကို သိလိုတာနဲ႔ သိၾကားမင္းက ဆိတ္ေယာင္ေဆာင္ၿပီး လာျပသတဲ့.. က်ားသစ္ ႏိုးၿပီး ေတြ႕ေတာ့ ‘ဥပုသ္ကို ေနာက္မွေစာင့္လည္း ရတာပဲ’ ‘အစာရွိတုန္း ဖမ္းလိုက္ဦးမွ’ဆိုၿပီး ဆိတ္ကိုဖမ္းဖို႔ ႀကိဳးစားသတဲ့.. ဖမ္းမရတဲ့အခါ ‘အင္း..ငါ့ဥပုသ္ မက်ိဳးေသးဘူး’ဆိုၿပီး ျပန္အိပ္သတဲ့.. သမာဒါန ဒုဗၺလ ျဖစ္(ေစာင့္ထိန္းမႈမွာ အားနည္း) လို႔ ဒါမ်ိဳးေတာ့ မလုပ္သင့္ဘူး….။

    အရွင္ေကလာသ

    ေစတနာေမတၱာအရင္းခံျဖင့္ ထပ္ဆင့္မွ်ေဝပါသည္..

    Credit – ohmarshin

    (Unicode)

    အိပ်ရာဝင်ခါနီး ရှစ်ပါးသီလယူတာ မှန်ပါသလား

    မေး- အရှင်ဘုရား- ဆရာတော်တစ်ပါးက ရှစ်ပါးသီလ (သို့) ကိုးပါးသီလ ယူပြီးသီလနှင့် အိပ်လျှင် အကျိုးရှိကြောင်း သင်ကြားပါသည်.. အခြားတစ်ပါးကမူ အိပ်ရာဝင်ခါနီး ရှစ်ပါးသီလ ကိုးပါးသီလ ဆောက်တည်ခြင်းမှာ လူပျင်းအလုပ်ဖြစ်၍ အကျိုးမများဟု ဆိုပြန်ပါသည်.. တပည့်တော် ခေါင်းရှုပ်သွားပါသဖြင့် ဆရာတော်ဘုရားမှ ဖြေကြားပေးစေချင်ပါသည်ဘုရား?..

    ဖြေ- ဝိဇ္ဇာလယ ကျောင်းဆောင်တော်များ ရေစက်ချပွဲ အခမ်းအနားမှာ မင်းကွန်းတိပိဋက ဆရာတော်ကြီးက ဤအချိန်အတွင်း ဆောက်တည်မယ်လို့ စိတ်ထဲက အချိန်ကာလကိုပိုင်းဖြတ်ပြီး ဆောက်တည်ဖို့ ညွှန်ကြားရင်း ပရိသတ်အား ကိုးပါးသီလ ချီးမြှင့်ဖူးတာကို အမှတ်ရတယ်.. အချိန်ကာလ ပိုင်းခြားသတ်မှတ်ပြီး ဆောက်တည်တဲ့ ကာလပရိယန္တသီလ ရာသက်ပန် ဆောက်တည်တဲ့ အာပါဏကောဋိကသီလလို့ ဥပုသ်သီလ ဆောက်တည်ပုံ နှစ်မျိုးရှိတယ်..(ဝိသုဒ္ဓိမဂ္ဂ ၁-၁၂).. ဒီနေ့ ဒီည ဒီအချိန်အတွင်း ဆောက်တည်မယ်လို့ အချိန်ကိုသတ်မှတ်ပြီး ဆောက်တည်ရင် ကာလပရိယန္တသီလ(ဝိသုဒ္ဓိမဂ္ဂ-ဋီ ၁-၃၃).. အဲဒီကျမ်းဆိုအရ ဆရာတော်ကြီး မိန့်တော်မူတာ ဖြစ်ပါတယ်..

    တစ်နာရီကြာ အခမ်းအနားဆိုရင် အဲဒီသီလက တစ်နာရီဥပုသ်သီလ ဖြစ်မှာပေါ့.. ဒါလည်း စိတ်ပါရင် အကျိုးရှိနိုင်တာပဲ.. ဘာမှန်းမသိ သူများဆိုလို့ လိုက်ဆိုတာမျိုးဆိုရင်တော့ သိပ်မထူးခြားပါဘူး.. အလှူပွဲအခမ်းအနားတွေမှာ ဆရာတော်ကြီးများက စေတနာပိုပြီး ကာလ ပရိယန္တ ကိုးပါးသီလ ချီးမြှင့်တာကို လက်ခံပေမယ့် အခြေအနေကောင်း ရှိပါလျက်နဲ့ ၂နာရီပဲ ၁နာရီပဲ ဥပုသ်စောင့်ကြည့်မယ် ဆိုတာမျိုးကိုတော့ လူပျင်းအလုပ်လို့ ယူဆတဲ့အတွက် ဘုန်းကြီးအားမပေးလိုဘူး..

    ‘အိပ်ခါနီးသီလ’ သာမန်အိမ်ထောင်သည်တစ်ယောက်အနေနဲ့ ရာသက်ပန် ဥပုသ်သီလ ဆောက်တည်ဖို့ ခက်တယ်.. ဒါကြောင့် ၁ရက် ၁ပတ် ၁လစသည် အဓိဋ္ဌာန်ပြီး ဥပုသ်သီလ ဆောက်တည်နိုင်တယ်.. အကြောင်းမညီညွတ်သေးလို့ နေ့အချိန်မဖြစ်နိုင်ရင် အမှန်စောင့်လိုစိတ်နဲ့ အနည်းဆုံး ညအိပ်ရာဝင်ခါနီး ဥပုသ်သီလခံယူပြီး အိပ်တာမျိုးကိုတော့ ဘုန်းကြီးအားပေးပါတယ်..

    သီလယူပြီးနောက် အိပ်ရာပေါ်မှာ ကိုယ့်သီလကို အဖန်ဖန် ဆင်ခြင်ပြီး အိပ်ရင် သီလာနုဿတိ (ကိုယ့်သီလကို ဆင်ခြင်ခြင်း)ဘာဝနာလည်း ဖြစ်နိုင်တာပဲ.. အပျင်းပြေ သဘောမျိုးမဟုတ်ပဲ ဆန္ဒာဓိပတိတပ်လုပ်ရင် အကျိုးလည်းကြီးပါတယ်.. ရောဂါပျောက်ချင်လို့ စိတ်ဆိုးစိတ်ကောက်လို့ ဟန်ဆောင်လို့ဆိုတဲ့ မမှန်စိတ်ထားနဲ့ ဆိုရင်တော့ နေ့ညမဟူ ဥပုသ်စောင့်လို့ အကျိုးမများနိုင်ပါဘူး..

    ‘ရှောင်ရန်’ ဝကဇာတ်တော်(ဇာ-ဋ္ဌ၂..၄၀၇)မှာ ကျောက်ဆောင်တစ်ခုကို အမှီပြုနေထိုင်ပြီး သားကောင်ရှာမရတဲ့ ကျားသစ်တစ်ကောင်ဟာ ‘အလုပ်မရှိတဲ့အဆုံး ဥပုသ်စောင့်တာပဲကောင်းတယ်’ဆိုပြီး ဥပုသ်စောင့်ရင်း အိပ်သတဲ့.. ကျားသစ်ရဲ့စိတ်ကို သိလိုတာနဲ့ သိကြားမင်းက ဆိတ်ယောင်ဆောင်ပြီး လာပြသတဲ့.. ကျားသစ် နိုးပြီး တွေ့တော့ ‘ဥပုသ်ကို နောက်မှစောင့်လည်း ရတာပဲ’ ‘အစာရှိတုန်း ဖမ်းလိုက်ဦးမှ’ဆိုပြီး ဆိတ်ကိုဖမ်းဖို့ ကြိုးစားသတဲ့.. ဖမ်းမရတဲ့အခါ ‘အင်း..ငါ့ဥပုသ် မကျိုးသေးဘူး’ဆိုပြီး ပြန်အိပ်သတဲ့.. သမာဒါန ဒုဗ္ဗလ ဖြစ်(စောင့်ထိန်းမှုမှာ အားနည်း) လို့ ဒါမျိုးတော့ မလုပ်သင့်ဘူး….။

    အရှင်ကေလာသ

    စေတနာမေတ္တာအရင်းခံဖြင့် ထပ်ဆင့်မျှဝေပါသည်..

    Credit – ohmarshin

  • ရွားေစာင္းလက္ပက္ကို အိမ္မွာ ဘယ္လိုစိုက္မလဲ

    (Zawgyi)

    ရွားေစာင္းလက္ပက္ကို အိမ္မွာ ဘယ္လိုစိုက္မလဲ

    ရွားေစာင္းလက္ပက္ဆိုတာကေတာ့ က်န္းမာေရးအတြက္ေရာ အလွအပအတြက္ပါ အသုံးဝင္႐ုံမက အိမ္မွာစိုက္ပ်ိဳးထားရင္လည္း မ်က္စိပသာဒ ေအးပါတယ္။

    ရွားေစာင္းလက္ပက္မွာ Antioxidant (ဓါတ္တိုးဆန႔္က်င္ပစၥည္း) ေတြပါဝင္လို႔ အ႐ြယ္တင္ႏုပ်ိဳေစသလို ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစလို႔ ဘက္တီးရီးယားပိုးမႊားေတြဝင္ေရာက္ျခင္းကေန ကာကြယ္ေပးပါတယ္။

    ဒါ့အျပင္ ဝက္ၿခံ၊ အသားအေရေျခာက္တာ စတဲ့ အေရျပားဆိုင္ရ ျပႆနာေတြအတြက္လည္း ေကာင္းမြန္တာမို႔ အလွအပႀကိဳက္သူတို႔ရဲ႕ အေဖာ္မြန္ပါပဲ။

    ပ်ိဳးပင္စိုက္မယ္-

    ရွားေစာင္းလက္ပက္ပ်ိဳးပင္ကို သဲ၊ အုန္နီခဲအက်ိဳး၊ မီးေသြး စတာေတြကို ေျမႀကီးထဲမွာ အနည္းငယ္ေရာၿပီး စိုက္ပ်ိဳးေပးပါ။ (သစ္ေဆြးေတြေတာ့ မပါပါေစနဲ႔၊ အျမစ္ေတြကိုထိခိုက္ႏိုင္ပါတယ္။)

    ေႏြရာသီအတြင္းမွာလည္း ေရမၾကာခဏေလာင္းေပးစရာမလိုပါဘူး။ ညဖက္ေတြမွာက်တဲ့ဆီးႏွင္းေတြကို အ႐ြက္ေတြက သိုေလွာင္ထားႏိုင္လို႔ပါ။

    ရွားေစာင္းလက္ပက္ကို အပူခ်ိန္နိမ့္တဲ့ေနရာမွာစိုက္ပ်ိဳးသင့္ပါတယ္။ ျစကၤ ံမွာ (သို႔) ေအးတဲ့အခန္းထဲမွာ ထားသင့္ပါတယ္။ တခါတေလမွာ ႏိုက္ထ႐ိုဂ်င္နဲ႔ သတၱဳဓါတ္ေတြပါဝင္တဲ့ ေျမၾသဇာကို အသုံးျပဳႏိုင္ပါတယ္။

    အပင္ကိုေ႐ႊ႕စိုက္တဲ့ေနရာမွာ တစ္ပင္တည္း သီးသန႔္ေ႐ႊ႕စိုက္မယ္ဆိုရင္ ၅ ႏွစ္သားေလာက္အ႐ြယ္မွာ ေ႐ႊ႕စိုက္တာက အေကာင္းဆုံးပါပဲ။

    ရွားေစာင္းလက္ပက္ကိုေ႐ႊ႕စိုက္ရာမွာ ေျခာက္ေသြ႕တဲ့ေျမဆီလႊာမွာမစိုက္ရသလို ေရလည္းမေလာင္းရပါဘူး။ အပင္ကိုေ႐ႊ႕စိုက္မယ္ဆိုရင္ အျမစ္ကိုေသခ်ာႏႈတ္ၿပီး ေျမႀကီးကိုသန႔္စင္ေပးပါ။ အနာဆာရွိတဲ့ အျမစ္ေတြကို ဖယ္ရွားေပးၿပီး သစ္ရႈးေတြကို မထိခိုက္မိေအာင္ဂ႐ုစိုက္ပါ။မေကာင္းတဲ့ အျမစ္ကိုျဖတ္ထုတ္ရာမွာ သစ္ရႈးေတြမထိခိုက္ေစဖို႔ ကပ္ေၾကးထက္ထက္ကို အသုံးျပဳႏိုင္ပါတယ္။

    အပင္ကိုစိုက္ၿပီးရင္ ၅ ရက္ (သို႔) ၆ ရက္ေလာက္ေရမေလာင္းပါနဲ႔။ အပင္စိုက္ထားတဲ့အိုးကိုလည္း ေနရိပ္တဲ့ေနရာမွာထားပါ။ အပင္ရွင္သန္လာပါလိမ့္မယ္။

    အေစ့ကိုစိုက္မယ္-

    ရွားေစာင္းလက္ပက္ကို ေဖေဖာ္ဝါရီ (သို႔) မတ္လ အပူခ်ိန္ ၂၁°C မွာ စတင္ပ်ိဳးႀကဲစိုက္ပ်ိဳးသင့္ပါတယ္။ သဲ၊ မီးေသြး ၊ အုတ္နီခဲအက်ိဳး စတာေတြကိုေရာၿပီး အသုံးျပဳသင့္ပါတယ္။ အပင္ေပါက္လာလို႔ အ႐ြက္ ၂ ႐ြက္ေလာက္ထြက္လာၿပီဆိုရင္ အိုးထဲမွာ ေ႐ႊ႕စိုက္လို႔ရပါၿပီ။

    Credit-MyFood Myanmar

    (Unicode)

    ရှားစောင်းလက်ပက်ကို အိမ်မှာ ဘယ်လိုစိုက်မလဲ

    ရှားစောင်းလက်ပက်ဆိုတာကတော့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်ရုံမက အိမ်မှာစိုက်ပျိုးထားရင်လည်း မျက်စိပသာဒ အေးပါတယ်။

    ရှားစောင်းလက်ပက်မှာ Antioxidant (ဓါတ်တိုးဆန့်ကျင်ပစ္စည်း) တွေပါဝင်လို့ အရွယ်တင်နုပျိုစေသလို ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေလို့ ဘက်တီးရီးယားပိုးမွှားတွေဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

    ဒါ့အပြင် ဝက်ခြံ၊ အသားအရေခြောက်တာ စတဲ့ အရေပြားဆိုင်ရ ပြဿနာတွေအတွက်လည်း ကောင်းမွန်တာမို့ အလှအပကြိုက်သူတို့ရဲ့ အဖော်မွန်ပါပဲ။

    ပျိုးပင်စိုက်မယ်-

    ရှားစောင်းလက်ပက်ပျိုးပင်ကို သဲ၊ အုန်နီခဲအကျိုး၊ မီးသွေး စတာတွေကို မြေကြီးထဲမှာ အနည်းငယ်ရောပြီး စိုက်ပျိုးပေးပါ။ (သစ်ဆွေးတွေတော့ မပါပါစေနဲ့၊ အမြစ်တွေကိုထိခိုက်နိုင်ပါတယ်။)

    နွေရာသီအတွင်းမှာလည်း ရေမကြာခဏလောင်းပေးစရာမလိုပါဘူး။ ညဖက်တွေမှာကျတဲ့ဆီးနှင်းတွေကို အရွက်တွေက သိုလှောင်ထားနိုင်လို့ပါ။

    ရှားစောင်းလက်ပက်ကို အပူချိန်နိမ့်တဲ့နေရာမှာစိုက်ပျိုးသင့်ပါတယ်။ စြင်္က ံမှာ (သို့) အေးတဲ့အခန်းထဲမှာ ထားသင့်ပါတယ်။ တခါတလေမှာ နိုက်ထရိုဂျင်နဲ့ သတ္တုဓါတ်တွေပါဝင်တဲ့ မြေသြဇာကို အသုံးပြုနိုင်ပါတယ်။

    အပင်ကိုရွှေ့စိုက်တဲ့နေရာမှာ တစ်ပင်တည်း သီးသန့်ရွှေ့စိုက်မယ်ဆိုရင် ၅ နှစ်သားလောက်အရွယ်မှာ ရွှေ့စိုက်တာက အကောင်းဆုံးပါပဲ။

    ရှားစောင်းလက်ပက်ကိုရွှေ့စိုက်ရာမှာ ခြောက်သွေ့တဲ့မြေဆီလွှာမှာမစိုက်ရသလို ရေလည်းမလောင်းရပါဘူး။ အပင်ကိုရွှေ့စိုက်မယ်ဆိုရင် အမြစ်ကိုသေချာနှုတ်ပြီး မြေကြီးကိုသန့်စင်ပေးပါ။ အနာဆာရှိတဲ့ အမြစ်တွေကို ဖယ်ရှားပေးပြီး သစ်ရှုးတွေကို မထိခိုက်မိအောင်ဂရုစိုက်ပါ။မကောင်းတဲ့ အမြစ်ကိုဖြတ်ထုတ်ရာမှာ သစ်ရှုးတွေမထိခိုက်စေဖို့ ကပ်ကြေးထက်ထက်ကို အသုံးပြုနိုင်ပါတယ်။

    အပင်ကိုစိုက်ပြီးရင် ၅ ရက် (သို့) ၆ ရက်လောက်ရေမလောင်းပါနဲ့။ အပင်စိုက်ထားတဲ့အိုးကိုလည်း နေရိပ်တဲ့နေရာမှာထားပါ။ အပင်ရှင်သန်လာပါလိမ့်မယ်။

    အစေ့ကိုစိုက်မယ်-

    ရှားစောင်းလက်ပက်ကို ဖေဖော်ဝါရီ (သို့) မတ်လ အပူချိန် ၂၁°C မှာ စတင်ပျိုးကြဲစိုက်ပျိုးသင့်ပါတယ်။ သဲ၊ မီးသွေး ၊ အုတ်နီခဲအကျိုး စတာတွေကိုရောပြီး အသုံးပြုသင့်ပါတယ်။ အပင်ပေါက်လာလို့ အရွက် ၂ ရွက်လောက်ထွက်လာပြီဆိုရင် အိုးထဲမှာ ရွှေ့စိုက်လို့ရပါပြီ။

    Credit-MyFood Myanmar

  • ဒူးရင္းသီးနဲ႔တြဲဖက္ၿပီး စားလို႔မရတဲ့ အစားအစာမ်ား (ေသႏိုင္)

    (Zawgyi)

    ဒူးရင္းသီးနဲ႔တြဲဖက္ၿပီး စားလို႔မရတဲ့ အစားအစာမ်ား (ေသႏိုင္)

    ဒူးရင္းသီးနဲ႔တြဲဖက္ၿပီး မစားသုံးသင့္တဲ့ အစားအစာမ်ား

    ႀကိဳက္ႏွစ္သက္သူေတြအတြက္ေတာ့ အနံ႔အလြန္ေမႊးၿပီး အရသာရွိလွတဲ့ ဒူးရင္းသီးဟာ အာဟာရဓာတ္ေတြ ႂကြယ္ဝစြာ ပါရွိတာမွန္ေပမယ့္ အလြန္အကြၽံစားသုံးတဲ့အခါနဲ႔ တြဲဖက္မစားသုံးသင့္တဲ့အစားအစာေတြနဲ႔ တြဲဖက္စားသုံးမိမယ္ဆိုရင္ေတာ့ က်န္းမာေရးအတြက္ အႏၲရာယ္ရွိႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒူးရင္းသီးနဲ႔တြဲဖက္ၿပီးမစားသုံးသင့္တဲ့ အစားအစာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

    (၁) ဒူးရင္းသီးစားသုံးၿပီးတဲ့အခါနဲ႔ မစားသုံးခင္မွာ အရက္၊ ဘီယာ၊ ဝိုင္အစရွိတဲ့ အယ္လ္ကိုေဟာ ပါဝင္တဲ့ အရည္ေတြ ေသာက္သုံးျခင္းကို အထူးေရွာင္ၾကဥ္သင့္ပါတယ္။ တြဲဖက္စားသုံးျခင္းအားျဖင့္ ဦးေႏွာက္ေသြးေၾကာျပတ္ျခင္း၊ ႏွလုံးေသြးေၾကာေပါက္ျခင္းနဲ႔ ေလျဖတ္ႏိုင္ျခင္းတို႔ကို ျဖစ္ေစႏိုင္တာေၾကာင့္ တြဲဖက္စားသုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။

    (၂) ေသြးတိုးေရာဂါရွိသူေတြအေနနဲ႔ ဒူးရင္းသီးစားၿပီး ႏို႔ထြက္ပစၥည္းမ်ား ထပ္မံစားသုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။ အခန႔္မသင့္ရင္ ေသေစႏိုင္တဲ့အထိ ျဖစ္ေစႏိုင္တာေၾကာင့္ သတိျပဳဆင္ျခင္သင့္ပါတယ္။

    (၃) ဒူးရင္းသီးစားၿပီး ခရမ္းသီးစားျခင္းဟာ အပူစာႏွစ္ခုကို တၿပိဳင္နက္တည္းစားသုံးသလိုျဖစ္တာေၾကာင့္ အပူမ်ားၿပီး လည္ေခ်ာင္းနာျခင္းနဲ႔ ဖ်ားနာျခင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။

    (၄) ဒူးရင္းသီးနဲ႔ ဂဏန္းတြဲဖက္စားသုံးျခင္းဟာ အပူစာနဲ႔ အေအးစာႏွစ္ခုကို စားသုံးသလိုျဖစ္တာေၾကာင့္ ဝမ္းဗိုက္မအီမသာျဖစ္ျခင္းနဲ႔ ဗိုက္ေအာင့္ ဗိုက္နာေတြကိုျဖစ္ေစႏိုင္ပါတယ္။

    (၅) အမဲသားတို႔ မႈိတို႔လို အပူစာေတြနဲ႔ ဒူးရင္းသီးကို တြဲဖက္စားသုံးျခင္းဟာ အစာအဆိပ္သင့္ေစႏိုင္ၿပီး ေအာ့အန္ျခင္း၊ အသက္ရႈၾကပ္ျခင္းနဲ႔ ဖ်ားနာျခင္းတို႔ကိုျဖစ္ေစႏိုင္ပါတယ္။

    (၆) ကဖင္းဓာတ္ႂကြယ္ဝစြာ ပါဝင္တဲ့ ေကာ္ဖီနဲ႔ ဒူးရင္းသီးတြဲဖက္စားသုံးျခင္းဟာ ႐ုတ္တရက္ႏွလုံးရပ္ျခင္း၊ အသက္ရႈၾကပ္ျခင္းနဲ႔ ေခါင္းအလြန္အမင္းကိုက္ခဲျခင္း တို႔ကိုျဖစ္ေစႏိုင္ပါတယ္။

    Credit-ဟယ္လ္သင္(ဧရာဝတီ),The Irrawaddy – Burmese Edition

    (Unicode)

    ဒူးရင်းသီးနဲ့တွဲဖက်ပြီး စားလို့မရတဲ့ အစားအစာများ (သေနိုင်)

    ဒူးရင်းသီးနဲ့တွဲဖက်ပြီး မစားသုံးသင့်တဲ့ အစားအစာများ

    ကြိုက်နှစ်သက်သူတွေအတွက်တော့ အနံ့အလွန်မွှေးပြီး အရသာရှိလှတဲ့ ဒူးရင်းသီးဟာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါရှိတာမှန်ပေမယ့် အလွန်အကျွံစားသုံးတဲ့အခါနဲ့ တွဲဖက်မစားသုံးသင့်တဲ့အစားအစာတွေနဲ့ တွဲဖက်စားသုံးမိမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒူးရင်းသီးနဲ့တွဲဖက်ပြီးမစားသုံးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

    (၁) ဒူးရင်းသီးစားသုံးပြီးတဲ့အခါနဲ့ မစားသုံးခင်မှာ အရက်၊ ဘီယာ၊ ဝိုင်အစရှိတဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေ သောက်သုံးခြင်းကို အထူးရှောင်ကြဉ်သင့်ပါတယ်။ တွဲဖက်စားသုံးခြင်းအားဖြင့် ဦးနှောက်သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်းနဲ့ လေဖြတ်နိုင်ခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် တွဲဖက်စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

    (၂) သွေးတိုးရောဂါရှိသူတွေအနေနဲ့ ဒူးရင်းသီးစားပြီး နို့ထွက်ပစ္စည်းများ ထပ်မံစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အခန့်မသင့်ရင် သေစေနိုင်တဲ့အထိ ဖြစ်စေနိုင်တာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။

    (၃) ဒူးရင်းသီးစားပြီး ခရမ်းသီးစားခြင်းဟာ အပူစာနှစ်ခုကို တပြိုင်နက်တည်းစားသုံးသလိုဖြစ်တာကြောင့် အပူများပြီး လည်ချောင်းနာခြင်းနဲ့ ဖျားနာခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

    (၄) ဒူးရင်းသီးနဲ့ ဂဏန်းတွဲဖက်စားသုံးခြင်းဟာ အပူစာနဲ့ အအေးစာနှစ်ခုကို စားသုံးသလိုဖြစ်တာကြောင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနဲ့ ဗိုက်အောင့် ဗိုက်နာတွေကိုဖြစ်စေနိုင်ပါတယ်။

    (၅) အမဲသားတို့ မှိုတို့လို အပူစာတွေနဲ့ ဒူးရင်းသီးကို တွဲဖက်စားသုံးခြင်းဟာ အစာအဆိပ်သင့်စေနိုင်ပြီး အော့အန်ခြင်း၊ အသက်ရှုကြပ်ခြင်းနဲ့ ဖျားနာခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။

    (၆) ကဖင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ကော်ဖီနဲ့ ဒူးရင်းသီးတွဲဖက်စားသုံးခြင်းဟာ ရုတ်တရက်နှလုံးရပ်ခြင်း၊ အသက်ရှုကြပ်ခြင်းနဲ့ ခေါင်းအလွန်အမင်းကိုက်ခဲခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။

    Credit-ဟယ်လ်သင်(ဧရာဝတီ),The Irrawaddy – Burmese Edition

  • နွာေခ်ျခင္းကို လက္ျဖင့္ပိတ္ျခင္းဟာ ေသေစနိုင္ေၾကာင္း ဆရာ၀န္မ်ားက သတိေပး

    နွာေခ်ျခင္းကို လက္ျဖင့္ပိတ္ျခင္းဟာ ေသေစနိုင္ေၾကာင္း ဆရာ၀န္မ်ားက သတိေပး

    နွာေခ်တဲ့အခါမွာ ပါးစပ္နဲ႔ နွာေခါင္းကို ပိတ္တာဟာ ယဥ္ေက်းတဲ့အမႈအရာတစ္ခုပါ။ ဒါေပမဲ့ ျပင္းထန္တဲ့ ေလတြန္းအားေၾကာင့္ လူတစ္ေယာက္ ေသေလာက္တဲ့ ဒဏ္ရာရသြားတဲ့ ေနာက္ပိုုင္းမွာေတာ့ ဆရာ၀န္ေတြဟာ ဒီယဥ္ေက်းတဲ့ အမူအရာနဲ႔ ပက္သက္ျပီး သတိေပးလာၾကပါတယ္။အသက္ ၃၄ နွစ္အရြယ္လူတစ္ေယာက္ဟာ နွာေခ်တာကို ထိန္းခ်ဳပ္ဖို႔အတြက္ ပါးစပ္ကို လက္ျဖင့္အုပ္ျပီး နွာေခါင္းကို ပိတ္ခဲ့တဲ့အတြက္ ေဆးရံုကို အေရးေပၚလူနာအျဖစ္ေရာက္သြားခဲ့ပါတယ္။

    ဆရာ၀န္ေတြရဲ႕ ေဆးစစ္ခ်က္အရ ထိုလူရဲ႕ လည္ေခ်ာင္းမွ ရင္ေခါင္းအထိ ထူးဆန္းတဲ့ အက္ကြဲေနတဲ့အသံေတြ ၾကားေနရျပီး အဆုတ္မွွလာတဲ့ ေလေတြဟာ ထြက္ေပါက္မရွိေတာ့တဲ့အတြက္ တစ္ရွဴးနဲ႔ ၾကြက္သားေတြအတြင္းပိုင္းကို ၀င္ေရာက္သြားရာမွ ထြက္လာတဲ့ အသံျဖစ္ ေၾကာင္း သိခဲ့ရပါတယ္။

    ျပင္းထန္တဲ့ နွာေခ်ျခင္းကို ခ်ဳပ္ထားျခင္းဟာ နားစည္ေပါက္ကြဲျခင္း၊ မ်က္လံုးတြင္း ေသြးေၾကာမ်ားေပါက္ကြဲျခင္း၊ မ်ာက္နွာျပင္နာဗ့္ေၾကာမ်ား ထိခိုက္ျခင္း၊ လႈပ္ရွားနိုင္တဲ့ ၾကြက္သားမ်ားအပါအ၀င္ နံရိုးပါ အက္ကြဲေစေၾကာင္း ယခင္ျဖစ္ခဲ့ဖူးတဲ့ သူမ်ားရဲ႕ ေဆးစစ္ခ်က္မ်ားအရ သိရျပီး ရင္ဘတ္နဲ႔ အဆုတ္ ၾကားမွာ ပိတ္မိသြားတဲ့ ေလေတြ ဟာ ဦးေနွာက္ ေသြးေၾကာေတြအထိ ၀င္ေရာက္ေပါက္ကြဲေစနိုင္တယ္လို႔ ေဆးပညာရွင္ေတြ မွတ္ခ်က္ခ်ခဲ့ၾက ပါတယ္။

    ျပင္းထန္တဲ့ နွာေခ်ျခင္းေတြဟာ တစ္နာရီ မိုင္ ၂၀၀ ႏႈန္း သြားနိုင္ျပီး ေက်ာက္ခဲအပိုင္းအစေတြကို ၂၅ ေပအကြာအေ၀းထိေရာက္ေအာင္ လြင့္စင္သြားနုိင္ေစပါတယ္။ ျပင္းထန္တဲ့ နွာေခ်ျခင္းကို ထိန္းခ်ဳပ္ဖို႔ ဆိုရင္ နွာေခါင္းကို ပြတ္၊ ဒါမွမဟုတ္ အသက္ျပင္းျပင္းရွဴျပီး နွာခမ္းအေပၚ နားကို ပြတ္ေပးဖို႔ ကၽြမ္းက်င္သူေတြက အၾကံေပးထားပါတယ္။

    Credit-copy 

  • ဓာတ္ပုံ႐ိုက္တဲ့အခါ အၿမဲ ၾကည့္ေကာင္းေနေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ (၈) ခ်က္

    (Zawgyi)

    ဓာတ္ပုံ႐ိုက္တဲ့အခါ အၿမဲ ၾကည့္ေကာင္းေနေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ (၈) ခ်က္

    သင့္သူငယ္ခ်င္း၊ မိတ္ေဆြေတြထဲမွာ အၿမဲတမ္းဓာတ္ပုံထဲမွာ ၾကည့္ေကာင္းေနတတ္တဲ့ သူေတြရွိၾကတယ္ မဟုတ္လား။ဓာတ္ပုံ႐ိုက္တဲ့အခါမွာ အေရးအႀကီးဆုံးကေတာ့ ကင္မရာရဲ႕ ရႈေထာင့္ပါပဲ။ ဒီေတာ့ ဓာတ္ပုံ႐ိုက္ရင္ ဓာတ္ပုံထဲမွာ ၾကည့္ေကာင္းေအာင္ ဘယ္လိုလုပ္ရမလဲဆိုတဲ့အခ်က္ ၁၀ ခ်က္ကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

    (၁) မ်က္ႏွာရဲ႕ ဘယ္ဘက္ျခမ္းကိုပဲ ျပပါ။ ကိုယ့္ရဲ႕ မ်က္ႏွာ ဘယ္အျခမ္းက ပိုၾကည့္ေကာင္းလဲဆိုတာ လူတိုင္း သိၾကပါတယ္။ ဒါေပမဲ့ ဖက္ရွင္ဓာတ္ပုံ ဆရာတေယာက္ျဖစ္တဲ့ Garance Doré ကေရာ၊ ဆန္းစစ္ေလ့လာခ်က္ေတြကပါ မ်က္ႏွာရဲ႕ ဘယ္ဘက္ျခမ္းဟာ ပိုၿပီး ဆြဲေဆာင္မႈရွိတယ္လို႔ ဆိုပါတယ္။

    (၂) အဖြဲ႕လိုက္ဓာတ္ပုံ႐ိုက္တဲ့အခါ ကင္မရာရဲ႕ အနီးဆုံးကို အရမ္းမကပ္ပါနဲ႔။ ရႈေထာင့္အရေရာ အခ်ိဳးအရပါ ဘယ္လိုမွ အဆင္မေျပႏိုင္တာမို႔ပါ။

    (၃) ကိုယ္လုံးျပည့္ဓာတ္ပုံေတြ အတြက္ကေတာ့ ေအာက္ဘက္ေထာင့္ကေန ႐ိုက္ယူသင့္ပါတယ္။ ဖက္ရွင္ဘေလာ့ဂါ တေယာက္ျဖစ္တဲ့ Chriselle Lim ကေတာ့ အဲဒီေထာင့္ကေန ႐ိုက္ယူျခင္းျဖင့္ သင့္ကို ပိုၾကည့္ေကာင္းေစမယ္လို႔ဆို ပါတယ္။

    (၄) ကင္မရာကို ဘယ္ေတာ့မွ တိုက္႐ိုက္ မ်က္ႏွာခ်င္းမဆိုင္ပါနဲ႔။ ဒီအခ်က္ကို ေရွာင္ၾကဥ္ျခင္းအားျဖင့္ ပိုၿပီးတိက်တဲ့ ေသလည္းေသခ်ာတဲ့ ဓာတ္ပုံအေကာင္းစားေတြကို ရရွိႏိုင္မွာ ျဖစ္ပါတယ္။

    (၅) ထိုင္ၿပီး႐ိုက္မယ့္ ဓာတ္ပုံအတြက္ အေပၚဘက္ေထာင့္ကို ေ႐ြးခ်ယ္သင့္ပါတယ္။ အေပၚစီးကေန ကင္မရာက ႐ိုက္ယူတဲ့အခါ သင့္မ်က္ႏွာကို ေမာ့ၾကည့္ႏိုင္တာေၾကာင့္ ေမး႐ိုးကို တိတိက်က်ေပၚလြင္ေစမွာ ျဖစ္ပါတယ္။

    (၆) Crop ကို ေသခ်ာလုပ္ပါ။ ဘာလို႔လဲဆိုေတာ့ Crop လုပ္တဲ့အခါ သင့္ခႏၶာကိုယ္တခုလုံး အျပည့္ေပၚေနဖို႔နဲ႔ အလ်ားအရလည္း အခ်ိဳးက် ၾကည့္ေကာင္းေနမွာေၾကာင့္ ျဖစ္ပါတယ္။

    (၇) ဓါတ္ပုံထဲမွာ ၾကည့္ေကာင္းေနေစဖို႔အတြက္ သက္ေတာင့္သက္သာ ၿပဳံးဖို႔ လိုအပ္ပါတယ္။ ဒီအတြက္ေတာ့ လိုအပ္ခ်က္ ေလးခုရွိပါတယ္။ အဲဒါေတြကေတာ့ (၁) မ်က္လုံးေတြ မွိတ္ထားလိုက္ (၂) အသက္၀၀ရွဴ (၃) ကင္မရာခလုတ္မႏွိပ္ခင္ မ်က္လုံးေတြကို ဖြင့္ၿပီး (၄) ၿပဳံးၾကည့္လိုက္ပါ။

    (၈) ၿပဳံးတဲ့အခါ လွ်ာကို သြားေနာက္မွာ ထားဖို႔လိုအပ္ပါတယ္။ ဒါဟာ သိပ္ကိုအေရးႀကီးတဲ့ အခ်က္လည္း ျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၿပဳံးတဲ့အၿပဳံးက အတင္းကာေရာ ျဖစ္မသြားေအာင္နဲ႔ ဓါတ္ပုံထဲမွာ သဘာဝဆန္ဆန္ လွပေနေအာင္ပဲ ျဖစ္ပါတယ္။

    Credit–ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy-Burmese Edition

    (Unicode)

    ဓာတ်ပုံရိုက်တဲ့အခါ အမြဲ ကြည့်ကောင်းနေစေမယ့် လျှို့ဝှက်ချက် (၈) ချက်

    သင့်သူငယ်ချင်း၊ မိတ်ဆွေတွေထဲမှာ အမြဲတမ်းဓာတ်ပုံထဲမှာ ကြည့်ကောင်းနေတတ်တဲ့ သူတွေရှိကြတယ် မဟုတ်လား။ဓာတ်ပုံရိုက်တဲ့အခါမှာ အရေးအကြီးဆုံးကတော့ ကင်မရာရဲ့ ရှုထောင့်ပါပဲ။ ဒီတော့ ဓာတ်ပုံရိုက်ရင် ဓာတ်ပုံထဲမှာ ကြည့်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက် ၁၀ ချက်ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

    (၁) မျက်နှာရဲ့ ဘယ်ဘက်ခြမ်းကိုပဲ ပြပါ။ ကိုယ့်ရဲ့ မျက်နှာ ဘယ်အခြမ်းက ပိုကြည့်ကောင်းလဲဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ ဖက်ရှင်ဓာတ်ပုံ ဆရာတယောက်ဖြစ်တဲ့ Garance Doré ကရော၊ ဆန်းစစ်လေ့လာချက်တွေကပါ မျက်နှာရဲ့ ဘယ်ဘက်ခြမ်းဟာ ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။

    (၂) အဖွဲ့လိုက်ဓာတ်ပုံရိုက်တဲ့အခါ ကင်မရာရဲ့ အနီးဆုံးကို အရမ်းမကပ်ပါနဲ့။ ရှုထောင့်အရရော အချိုးအရပါ ဘယ်လိုမှ အဆင်မပြေနိုင်တာမို့ပါ။

    (၃) ကိုယ်လုံးပြည့်ဓာတ်ပုံတွေ အတွက်ကတော့ အောက်ဘက်ထောင့်ကနေ ရိုက်ယူသင့်ပါတယ်။ ဖက်ရှင်ဘလော့ဂါ တယောက်ဖြစ်တဲ့ Chriselle Lim ကတော့ အဲဒီထောင့်ကနေ ရိုက်ယူခြင်းဖြင့် သင့်ကို ပိုကြည့်ကောင်းစေမယ်လို့ဆို ပါတယ်။

    (၄) ကင်မရာကို ဘယ်တော့မှ တိုက်ရိုက် မျက်နှာချင်းမဆိုင်ပါနဲ့။ ဒီအချက်ကို ရှောင်ကြဉ်ခြင်းအားဖြင့် ပိုပြီးတိကျတဲ့ သေလည်းသေချာတဲ့ ဓာတ်ပုံအကောင်းစားတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

    (၅) ထိုင်ပြီးရိုက်မယ့် ဓာတ်ပုံအတွက် အပေါ်ဘက်ထောင့်ကို ရွေးချယ်သင့်ပါတယ်။ အပေါ်စီးကနေ ကင်မရာက ရိုက်ယူတဲ့အခါ သင့်မျက်နှာကို မော့ကြည့်နိုင်တာကြောင့် မေးရိုးကို တိတိကျကျပေါ်လွင်စေမှာ ဖြစ်ပါတယ်။

    (၆) Crop ကို သေချာလုပ်ပါ။ ဘာလို့လဲဆိုတော့ Crop လုပ်တဲ့အခါ သင့်ခန္ဓာကိုယ်တခုလုံး အပြည့်ပေါ်နေဖို့နဲ့ အလျားအရလည်း အချိုးကျ ကြည့်ကောင်းနေမှာကြောင့် ဖြစ်ပါတယ်။

    (၇) ဓါတ်ပုံထဲမှာ ကြည့်ကောင်းနေစေဖို့အတွက် သက်တောင့်သက်သာ ပြုံးဖို့ လိုအပ်ပါတယ်။ ဒီအတွက်တော့ လိုအပ်ချက် လေးခုရှိပါတယ်။ အဲဒါတွေကတော့ (၁) မျက်လုံးတွေ မှိတ်ထားလိုက် (၂) အသက်၀၀ရှူ (၃) ကင်မရာခလုတ်မနှိပ်ခင် မျက်လုံးတွေကို ဖွင့်ပြီး (၄) ပြုံးကြည့်လိုက်ပါ။

    (၈) ပြုံးတဲ့အခါ လျှာကို သွားနောက်မှာ ထားဖို့လိုအပ်ပါတယ်။ ဒါဟာ သိပ်ကိုအရေးကြီးတဲ့ အချက်လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြုံးတဲ့အပြုံးက အတင်းကာရော ဖြစ်မသွားအောင်နဲ့ ဓါတ်ပုံထဲမှာ သဘာဝဆန်ဆန် လှပနေအောင်ပဲ ဖြစ်ပါတယ်။

    Credit–ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy-Burmese Edition

  • သနပ္ခါးကို တစ္ႏွစ္ပတ္လုံး မႈိမတက္ေအာင္လုပ္နည္း

    (Zawgyi)

    သနပ္ခါးကို တစ္ႏွစ္ပတ္လုံး မႈိမတက္ေအာင္လုပ္နည္း

    သနပ္ခါးခ်စ္သူ အမ်ိဳးတို႔ေရ၊ ဒီေန႔ ေနလဲသာသမို႔ ဗဟုသုတေလး တခုလုပ္ရေအာင္လား။

    သနပ္ခါးေတြလိမ္းမကုန္ခင္ ဒီတိုင္းထားမယ့္အစား ေရ ဗြမ္းဗြမ္းဆူတဲ့အထဲ ထည့္ျပဳတ္ၿပီး ခဏအၾကာ ျပန္ဆယ္ေရေအးနဲ႔စိမ္ၿပီး ဘရက္ရွ္အႏုေလးနဲ႔ တိုက္ေဆး၊ ေရစစ္၊ ေနလွမ္းထားလိုက္ပါ။

    ေနပူနဲ႔ ေျခာက္ေအာင္လွမ္းေနာ္။ သနပ္ခါးနံ႔ေလး မယုံႏိုင္ေအာင္ ေမႊးေနတာ ေတြ႕ရမွာပါ။ မႈိလည္း မတက္ေတာ့ဘူးေနာ္ တႏွစ္ပတ္လုံးထားထား ရၿပီေနာ္။

    ဒီေန႔ လုပ္ျဖစ္တဲ့ ဗဟုသုတေလး အမ်ိဳးေတြကို မွ်ေဝပါတယ္ေနာ္။ လုပ္ၾကည့္လိုက္ပါေနာ္။

    Credit:Shwe Alin

    (Unicode)

    သနပ်ခါးကို တနှစ်ပတ်လုံး မှိုမတက်အောင်လုပ်နည်း

    သနပ်ခါးချစ်သူ အမျိုးတို့ရေ၊ ဒီနေ့ နေလဲသာသမို့ ဗဟုသုတလေး တခုလုပ်ရအောင်လား။

    သနပ်ခါးတွေလိမ်းမကုန်ခင် ဒီတိုင်းထားမယ့်အစား ရေ ဗွမ်းဗွမ်းဆူတဲ့အထဲ ထည့်ပြုတ်ပြီး ခဏအကြာ ပြန်ဆယ်ရေအေးနဲ့စိမ်ပြီး ဘရက်ရှ်အနုလေးနဲ့ တိုက်ဆေး၊ ရေစစ်၊ နေလှမ်းထားလိုက်ပါ။

    နေပူနဲ့ ခြောက်အောင်လှမ်းနော်။ သနပ်ခါးနံ့လေး မယုံနိုင်အောင် မွှေးနေတာ တွေ့ရမှာပါ။

    မှိုလည်း မတက်တော့ဘူးနော် တနှစ်ပတ်လုံးထားထား ရပြီနော်။

    ဒီနေ့ လုပ်ဖြစ်တဲ့ ဗဟုသုတလေး အမျိုးတွေကို မျှဝေပါတယ်နော်

    လုပ်ကြည့်လိုက်ပါနော်။

    Credit:Shwe Alin

  • ကိုယ္တိုင္လုပ္ ႏို႕ဆီစစ္စစ္ျပဳလုပ္နည္း

    (Zawgyi)

    ႏို႔ဆီျပဳလုပ္နည္း

    Home made ႏို႔ဆီစစ္စစ္ပါ။ ႏြားႏို႔ငါးဆယ္သားကို ခ်က္ၿပီး လုပ္တာ နည္းနည္းပဲရတယ္။ ကိုယ္တိုင္လုပ္ေတာ့ အေရာအေႏွာကင္းတဲ့ ႏို႔ဆီစစ္စစ္ရေတာ့ စိတ္ခ်မ္းသာတယ္။ ႏြားႏို႔နံ႔ ေမႊးေမႊးေလးနဲ႔ ႏို႔ဆီေပါ့။

    ႏို႔ဆီျပဳလုပ္နည္း –

    ႏြားႏို႔ငါးဆယ္သားကို မီးေအးေအးျဖင့္ က်ိဳပါ။ မလိုင္မ်ားတက္၍ ဆူပြက္လာလွ်င္ မလိုင္ဖတ္မ်ားကို သီးသန႔္ဆယ္ထားပါ။ မ်ားလွ်င္ ေထာပတ္ခ်က္လို႔ရတယ္။ ႏြားႏို႔ကို အရည္က်ေအာင္က်ိဳၿပီး သၾကားထမင္းစားဇြန္း ေျခာက္ဇြန္း/ခုႏွစ္ဇြန္းခန႔္ ထည့္က်ိဳ၍ ေမႊေပးပါ။

    မီးရွိန္ေအးျဖင့္က်ိဳပါ။ ေနာက္ဆုံး ႏြားႏို႔မ်ားပ်စ္လာလွ်င္ အေအးခံပါ။ ေအးသြားလွ်င္ ပ်စ္လာၿပီး ႏို႔ဆီျဖစ္ပါၿပီ။ ပုလင္းထဲသိမ္း၍ ေရခဲေသတၱာထဲ ထားသိုပါ။

    Credit-နန္းေခ်ာစုလႈိင္

    (Unicode)

    နို့ဆီပြုလုပ်နည်း

    Home made နို့ဆီစစ်စစ်ပါ။ နွားနို့ငါးဆယ်သားကို ချက်ပြီး လုပ်တာ နည်းနည်းပဲရတယ်။ ကိုယ်တိုင်လုပ်တော့ အရောအနှောကင်းတဲ့ နို့ဆီစစ်စစ်ရတော့ စိတ်ချမ်းသာတယ်။ နွားနို့နံ့ မွှေးမွှေးလေးနဲ့ နို့ဆီပေါ့။

    နို့ဆီပြုလုပ်နည်း –

    နွားနို့ငါးဆယ်သားကို မီးအေးအေးဖြင့် ကျိုပါ။ မလိုင်များတက်၍ ဆူပွက်လာလျှင် မလိုင်ဖတ်များကို သီးသန့်ဆယ်ထားပါ။ များလျှင် ထောပတ်ချက်လို့ရတယ်။ နွားနို့ကို အရည်ကျအောင်ကျိုပြီး သကြားထမင်းစားဇွန်း ခြောက်ဇွန်း/ခုနှစ်ဇွန်းခန့် ထည့်ကျို၍ မွှေပေးပါ။

    မီးရှိန်အေးဖြင့်ကျိုပါ။ နောက်ဆုံး နွားနို့များပျစ်လာလျှင် အအေးခံပါ။ အေးသွားလျှင် ပျစ်လာပြီး နို့ဆီဖြစ်ပါပြီ။ ပုလင်းထဲသိမ်း၍ ရေခဲသေတ္တာထဲ ထားသိုပါ။

    Credit-နန်းချောစုလှိုင်

  • ေလေၾကာင္းခရီးသြားရန္ အိတ္ထည့္ေသာအခါ ေဆာင္ရန္ေရွာင္ရန္မ်ား

    (Zawgyi)

    ေလေၾကာင္းခရီးသြားရန္ အိတ္ထည့္ေသာအခါ ေဆာင္ရန္ေရွာင္ရန္မ်ား

    ေလယာဥ္စီးၿပီး ခရီးႏွင္တဲ့အခါ သင့္ရဲ႕ ခရီးေဆာင္အိတ္ကို တျခားသူ မွားမဆြဲမိေစရန္နဲ႔ အကယ္၍ အိတ္မွားဆြဲသြားျခင္း၊ အိတ္ေပ်ာက္ဆုံးသြားျခင္း ျဖစ္ေပၚပါကလည္း အိတ္ျပန္ရေအာင္ မ်က္စိသူငယ္နားသူငယ္နဲ႔ ဒုကၡမေရာက္ေအာင္ အကူအညီေပးႏိုင္တဲ့ နည္းလမ္းေကာင္းတခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။

    Do’s

    အိတ္ ထင္ရွားေနပါေစ။

    သင့္ရဲ႕အိတ္ကို အလြယ္တကူ ရွာေတြ႕ေအာင္ အမ်ားနဲ႔မတူတဲ့ အိတ္အေရာင္ (ဥပမာ – အနီေရာင္၊ အဝါေရာင္) အသုံးျပဳပါ။ အေရာင္ေတာက္ေတာက္ မႀကိဳက္ပါက ပုံမွန္အိတ္အနက္ေရာင္၊ နက္ျပာေရာင္မွာ အလြယ္တကူ သတိျပဳမိႏိုင္တဲ့ အမွတ္အသား (ဥပမာ – ဖဲႀကိဳး အနီခ်ည္ထားျခင္း) ျပဳလုပ္ပါ။ အနက္၊ အညိဳနဲ႔ အျပာေရာင္ အိတ္ေတြဟာ အမ်ားအသုံးျပဳတဲ့ အေရာင္ေတြ ျဖစ္တဲ့အတြက္ ကိုယ့္အိတ္ကို အျခားသူ မွားဆြဲျခင္း၊ သူမ်ားအိတ္ကို ကိုယ္မွားဆြဲျခင္းတို႔ ျဖစ္လာႏိုင္ကာ အိတ္ေပ်ာက္သြားႏိုင္ပါတယ္။ နာမည္နဲ႔ ဆက္သြယ္ရမယ့္ လိပ္စာေရးထားပါ။ သင့္ရဲ႕ခရီးေဆာင္အိတ္မွာ သင့္နာမည္၊ လိပ္စာ၊ ဖုန္းနံပါတ္အျပည့္အစုံ ထည့္ေရးထားပါ။ သင္သြားမယ့္ၿမိဳ႕မွာ တည္းမယ့္ဟိုတယ္အမည္နဲ႔ လိပ္စာကို ထည့္ေရးထားပါ။ ပိုေကာင္းပါတယ္။ အိတ္အတြင္းမွာ ထည့္ထားသင့္သလို အျပင္မွာလည္း ကတ္ျပား ခ်ိတ္ထားသင့္ပါတယ္။ ဒါမွ မေတာ္တဆ အိတ္မွားဆြဲတာမ်ိဳး ျဖစ္ခဲ့ရင္ အိတ္ျပန္ရမွာပါ။

    ကတ္ျပားအေဟာင္းေတြ ဖယ္ရွားထားပါ။

    အရင္ခရီးထြက္စဥ္တုန္းက အသုံးျပဳခဲ့တဲ့ ကတ္ျပားေဟာင္းေတြကို ဖယ္ဖို႔မေမ့ပါနဲ႔။ မဟုတ္ပါက ကတ္ျပားေတြမ်ားၿပီး ဘယ္ျပန္ပို႔ရမွန္း မသိကာ မ်က္စိလည္သြားႏိုင္ပါတယ္။ ေသခ်ာေသာ့ခတ္ထားပါ။ ခိုင္ခံ့တဲ့ ေသာ့ခေလာက္နဲ႔ အိတ္ကို ေသခ်ာခတ္ကာ ေသာ့ကို ကိုယ္နဲ႔မကြာထားပါ။ သင့္အိတ္ကိုေ႐ြးတဲ့အခါ ေသာ့ပ်က္ေနတာေတြ႕ပါက သက္ဆိုင္ရာထံ အျမန္အေၾကာင္းၾကားပါ။

    အိတ္ေ႐ြးတဲ့ေနရာကို တိုက္႐ိုက္သြားပါ။

    ေလဆိပ္ေရာက္ၿပီး သက္ဆိုင္ရာဂိတ္ေတြ ျဖတ္အၿပီးမွာ ဟိုၾကည့္ဒီၾကည့္နဲ႔ ေလွ်ာက္ေငးမေနဘဲ အိတ္ေ႐ြးတဲ့ေနရာကိုသာ အျမန္ဆုံး သြားပါ။ ေနာက္က်မွေရာက္ရင္ တျခားသူမွားဆြဲျခင္း၊ အခိုးခံရျခင္းတို႔ ျဖစ္သြားႏိုင္ပါတယ္။

    Don’t

    အဖိုးတန္ပစၥည္းေတြကို မထည့္ပါနဲ႔။

    ပိုက္ဆံနဲ႔ တန္ဖိုးရွိပစၥည္းေတြကို ခရီးေဆာင္အိတ္ထဲ မထည့္ထားပါနဲ႔။ လက္ကိုင္အိတ္ (hand carry) ထဲသာ ထည့္ပါ။အဖိုးတန္ပစၥည္းေတြ၊ ပတ္စပို႔စ္၊ လက္ဝတ္ရတနာ၊ ပိုက္ဆံ၊ ကင္မရာ၊ ေသာ့အစရွိတဲ့ အေရးႀကီးပစၥည္းေတြကို ကိုယ္နဲ႔မကြာေဆာင္ထားပါ။

    ေသာက္ေနက်ေဆးေတြကို Luggage ထဲမထည့္ပါနဲ႔။

    ကိုယ့္မွာရွိတဲ့ ေရာဂါေဝဒနာအတြက္ မျဖစ္မေနေသာက္ရမယ့္ေဆး၊ ေဝဒနာျပင္းထန္လာပါက မရွိမျဖစ္ ေသာက္ရမယ့္ ေဆးေတြကို ခရီး ေဆာင္အိတ္ထဲမထည့္ဘဲ ကိုယ္နဲ႔မကြာ ေဆာင္ထားပါ။

    မဆံ့မၿပဲ မထည့္ပါနဲ႔။

    အိတ္ထဲမွာ ထည့္ခ်င္တာမ်ားၿပီး အိပ္ေသးေနပါက မဆံ့မၿပဲထည့္လိုက္တဲ့အခါ ကိုင္းက်ိဳးျခင္း၊ ဇစ္ပ်က္ျခင္း၊ ေဒါက္က်ိဳးျခင္း၊အိတ္ၿပဲျခင္း တို႔ျဖစ္သြားႏိုင္ကာ တစ္ခါတစ္ရံ ပစၥည္းေတြပါ ထြက္က်ႏိုင္ပါတယ္။ တတ္ႏိုင္သမွ် ေခ်ာင္ေခ်ာင္ခ်ိခ်ိသာထည့္သြားပါ။ သြားလည္မယ့္ ေနရာမွာ လိုခ်င္တာေတြမ်ားၿပီး ဝယ္မိတဲ့အခါ အျပန္မွာပစၥည္းေတြ မ်ားလာပါလိမ့္မယ္။

    အရည္ေတြကို hand carry အိတ္ထဲမထည့္ပါနဲ႔။

    ေခါင္းေလွ်ာ္ရည္၊ ဆပ္ျပာရည္စတဲ့ အရည္မွန္သမွ်ကို hand carry အိတ္ထဲမထည့္ပါနဲ႔။ ေလယာဥ္ကြင္းဝန္ထမ္းေတြ သိမ္းဆည္းျခင္း၊ စြန႔္ပစ္ျခင္းခံရ ပါလိမ့္မယ္။ Luggage ထဲသာထည့္ပါ။ သယ္ရတာဝန္ေလးၿပီး စိမ့္ထြက္ကာ အဝတ္အစားေတြ စြန္းထင္းေစႏိုင္တဲ့အတြက္ ျဖစ္ႏိုင္ပါက မသယ္ပါႏွင့္။ ကိုယ္သုံးေနက်ပဲ သုံးတတ္လို႔ သယ္ခ်င္ရင္လည္း ကိုယ္သုံးမယ့္ပမာဏကိုသာ ဘူးေသးထဲေျပာင္းထည့္ၿပီး ေသခ်ာထုပ္ပိုးပါ။

    Refrence: The Chic Magazine March 2011

    Via – ALEX AUNG

    (Unicode)

    လေကြောင်းခရီးသွားရန် အိတ်ထည့်သောအခါ ဆောင်ရန်ရှောင်ရန်များ

    လေယာဉ်စီးပြီး ခရီးနှင်တဲ့အခါ သင့်ရဲ့ ခရီးဆောင်အိတ်ကို တခြားသူ မှားမဆွဲမိစေရန်နဲ့ အကယ်၍ အိတ်မှားဆွဲသွားခြင်း၊ အိတ်ပျောက်ဆုံးသွားခြင်း ဖြစ်ပေါ်ပါကလည်း အိတ်ပြန်ရအောင် မျက်စိသူငယ်နားသူငယ်နဲ့ ဒုက္ခမရောက်အောင် အကူအညီပေးနိုင်တဲ့ နည်းလမ်းကောင်းတချို့ကို ဖော်ပြလိုက်ပါတယ်။

    Do’s

    အိတ် ထင်ရှားနေပါစေ။

    သင့်ရဲ့အိတ်ကို အလွယ်တကူ ရှာတွေ့အောင် အများနဲ့မတူတဲ့ အိတ်အရောင် (ဥပမာ – အနီရောင်၊ အဝါရောင်) အသုံးပြုပါ။ အရောင်တောက်တောက် မကြိုက်ပါက ပုံမှန်အိတ်အနက်ရောင်၊ နက်ပြာရောင်မှာ အလွယ်တကူ သတိပြုမိနိုင်တဲ့ အမှတ်အသား (ဥပမာ – ဖဲကြိုး အနီချည်ထားခြင်း) ပြုလုပ်ပါ။ အနက်၊ အညိုနဲ့ အပြာရောင် အိတ်တွေဟာ အများအသုံးပြုတဲ့ အရောင်တွေ ဖြစ်တဲ့အတွက် ကိုယ့်အိတ်ကို အခြားသူ မှားဆွဲခြင်း၊ သူများအိတ်ကို ကိုယ်မှားဆွဲခြင်းတို့ ဖြစ်လာနိုင်ကာ အိတ်ပျောက်သွားနိုင်ပါတယ်။ နာမည်နဲ့ ဆက်သွယ်ရမယ့် လိပ်စာရေးထားပါ။ သင့်ရဲ့ခရီးဆောင်အိတ်မှာ သင့်နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်အပြည့်အစုံ ထည့်ရေးထားပါ။ သင်သွားမယ့်မြို့မှာ တည်းမယ့်ဟိုတယ်အမည်နဲ့ လိပ်စာကို ထည့်ရေးထားပါ။ ပိုကောင်းပါတယ်။ အိတ်အတွင်းမှာ ထည့်ထားသင့်သလို အပြင်မှာလည်း ကတ်ပြား ချိတ်ထားသင့်ပါတယ်။ ဒါမှ မတော်တဆ အိတ်မှားဆွဲတာမျိုး ဖြစ်ခဲ့ရင် အိတ်ပြန်ရမှာပါ။

    ကတ်ပြားအဟောင်းတွေ ဖယ်ရှားထားပါ။

    အရင်ခရီးထွက်စဉ်တုန်းက အသုံးပြုခဲ့တဲ့ ကတ်ပြားဟောင်းတွေကို ဖယ်ဖို့မမေ့ပါနဲ့။ မဟုတ်ပါက ကတ်ပြားတွေများပြီး ဘယ်ပြန်ပို့ရမှန်း မသိကာ မျက်စိလည်သွားနိုင်ပါတယ်။ သေချာသော့ခတ်ထားပါ။ ခိုင်ခံ့တဲ့ သော့ခလောက်နဲ့ အိတ်ကို သေချာခတ်ကာ သော့ကို ကိုယ်နဲ့မကွာထားပါ။ သင့်အိတ်ကိုရွေးတဲ့အခါ သော့ပျက်နေတာတွေ့ပါက သက်ဆိုင်ရာထံ အမြန်အကြောင်းကြားပါ။

    အိတ်ရွေးတဲ့နေရာကို တိုက်ရိုက်သွားပါ။

    လေဆိပ်ရောက်ပြီး သက်ဆိုင်ရာဂိတ်တွေ ဖြတ်အပြီးမှာ ဟိုကြည့်ဒီကြည့်နဲ့ လျှောက်ငေးမနေဘဲ အိတ်ရွေးတဲ့နေရာကိုသာ အမြန်ဆုံး သွားပါ။ နောက်ကျမှရောက်ရင် တခြားသူမှားဆွဲခြင်း၊ အခိုးခံရခြင်းတို့ ဖြစ်သွားနိုင်ပါတယ်။

    Don’t

    အဖိုးတန်ပစ္စည်းတွေကို မထည့်ပါနဲ့။

    ပိုက်ဆံနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခရီးဆောင်အိတ်ထဲ မထည့်ထားပါနဲ့။ လက်ကိုင်အိတ် (hand carry) ထဲသာ ထည့်ပါ။အဖိုးတန်ပစ္စည်းတွေ၊ ပတ်စပို့စ်၊ လက်ဝတ်ရတနာ၊ ပိုက်ဆံ၊ ကင်မရာ၊ သော့အစရှိတဲ့ အရေးကြီးပစ္စည်းတွေကို ကိုယ်နဲ့မကွာဆောင်ထားပါ။

    သောက်နေကျဆေးတွေကို Luggage ထဲမထည့်ပါနဲ့။

    ကိုယ့်မှာရှိတဲ့ ရောဂါဝေဒနာအတွက် မဖြစ်မနေသောက်ရမယ့်ဆေး၊ ဝေဒနာပြင်းထန်လာပါက မရှိမဖြစ် သောက်ရမယ့် ဆေးတွေကို ခရီး ဆောင်အိတ်ထဲမထည့်ဘဲ ကိုယ်နဲ့မကွာ ဆောင်ထားပါ။

    မဆံ့မပြဲ မထည့်ပါနဲ့။

    အိတ်ထဲမှာ ထည့်ချင်တာများပြီး အိပ်သေးနေပါက မဆံ့မပြဲထည့်လိုက်တဲ့အခါ ကိုင်းကျိုးခြင်း၊ ဇစ်ပျက်ခြင်း၊ ဒေါက်ကျိုးခြင်း၊အိတ်ပြဲခြင်း တို့ဖြစ်သွားနိုင်ကာ တစ်ခါတစ်ရံ ပစ္စည်းတွေပါ ထွက်ကျနိုင်ပါတယ်။ တတ်နိုင်သမျှ ချောင်ချောင်ချိချိသာထည့်သွားပါ။ သွားလည်မယ့် နေရာမှာ လိုချင်တာတွေများပြီး ဝယ်မိတဲ့အခါ အပြန်မှာပစ္စည်းတွေ များလာပါလိမ့်မယ်။

    အရည်တွေကို hand carry အိတ်ထဲမထည့်ပါနဲ့။

    ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်စတဲ့ အရည်မှန်သမျှကို hand carry အိတ်ထဲမထည့်ပါနဲ့။ လေယာဉ်ကွင်းဝန်ထမ်းတွေ သိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းခံရ ပါလိမ့်မယ်။ Luggage ထဲသာထည့်ပါ။ သယ်ရတာဝန်လေးပြီး စိမ့်ထွက်ကာ အဝတ်အစားတွေ စွန်းထင်းစေနိုင်တဲ့အတွက် ဖြစ်နိုင်ပါက မသယ်ပါနှင့်။ ကိုယ်သုံးနေကျပဲ သုံးတတ်လို့ သယ်ချင်ရင်လည်း ကိုယ်သုံးမယ့်ပမာဏကိုသာ ဘူးသေးထဲပြောင်းထည့်ပြီး သေချာထုပ်ပိုးပါ။

    Refrence: The Chic Magazine March 2011

    Via – ALEX AUNG

  • ယာဥ္လိုင္စင္၊ ယာဥ္ေမာင္းလိုင္စင္မ်ားအား ေပ်ာက္သြားမည္စိုး၍ မိတၳဴကိုပဲ ကိုင္ေဆာင္ထားမည္ဆိုလွ်င္ မိတၱဴကိုင္ခြင့္ ရွိ / မရွိ

    (Zawgyi)

    ယာဥ္လိုင္စင္၊ ယာဥ္ေမာင္းလိုင္စင္မ်ားအား ေပ်ာက္သြားမည္စိုး၍ မိတၳဴကိုပဲ ကိုင္ေဆာင္ထားမည္ဆိုလွ်င္ မိတၱဴကိုင္ခြင့္ ရွိ / မရွိ

    ယာဥ္လိုင္စင္ ယာဥ္ေမာင္းလိုင္စင္မူရင္းေတြကို ေပ်ာက္မွာစိုးလို႔၊ ခိုးခံရမွာစိုးလို႔၊ ေရစို၊ ဆုတ္ၿပဲ ပ်က္စီးမွာစိုးလို႔ ဆိုပီး မိတၳဴကူးကာ အစစ္ကို အိမ္မွာသိမ္းထားၿပီး မိတၳဴကိုေတာ့ ယာဥ္ လူႏွင့္ တပါတည္း ယူေဆာင္ အသုံးျပဳလို႔ မရဘူးလား။ ကာလာပရင္တာနဲ႔ ျပန္ထုတ္ထားတဲ့ မိတၳဴကို ေဆာင္ထားတာမ်ိဳး မရဘူးလားလို႔ ေမးလာၾကတဲ့သူေတြ မ်ားပါတယ္။

    ေျပာရမယ္ဆိုရင္

    မိတၳဴဆိုတာ အေဆာင္တစ္ရာကူးလို႔ရတယ္။ အေဆာင္တစ္ေထာင္လည္း ကူးလို႔ရတယ္ေလ။ အေဆာင္တစ္ရာထုတ္လို႔ ဆိုင္ကယ္အစီးတစ္ရာမွာ ကပ္လို႔ရျပန္တယ္။ ႐ိုး႐ိုးသားသားသူအတြက္ စိတ္ထဲမွာ ဘာမွမေတြးမိေပမဲ့ မသမာနည္းနဲ႔ လုပ္စားမည့္သူေတြ၊ ျပစ္မႈက်ဴးလြန္ဖို႔ ဝန္မေလးသူေတြအတြက္ အကြက္ျဖစ္သြားမွာပါ။

    မိတၳဴတစ္ခုကို မွီျငမ္းလို႔ လိုင္စင္မဲ့ ဆိုင္ကယ္ေတြနဲ႔ ျပစ္မႈက်ဴးလြန္၊ဥပေဒ ခ်ိဳးေဖာက္ၿပီး မူးယစ္ေဆးကဲ့သို႔ သယ္ယူလုပ္ေဆာင္ဖို႔ လြယ္သြားပါလိမ့္မယ္။ ဒါကတပိုင္းေပါ့။ ဥပေဒပိုင္းအရကလဲ မူးရင္းပါရွိရမယ္လို႔ ျပဌာန္းထားပါတယ္။

    ဒါေၾကာင့္ ယာဥ္လိုင္စင္၊ ယာဥ္ေမာင္းလိုင္စင္ေတြကို ကာလာပရင္တာနဲ႔ထုတ္ထားတဲ့ မိတၳဴလဲ အဆင္မေျပပါဘူး။ ႐ိုး႐ိုးမိတၳဴလဲ အဆင္မေျပပါဘူး။ ယာဥ္ႏွင့္အတူ လူႏွင့္အတူ လိုင္စင္အစစ္ မူရင္းေတြပဲ ပါရွိရပါ့မယ္။

    ယာဥ္စည္းကမ္း လမ္းစည္းကမ္း ထိန္းသိမ္းစစ္ေဆးတဲ့ အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံ စစ္ေဆးခံရတဲ့အခါ လိုင္စင္ေတြဟာ မူရင္းျဖစ္ေနမွ အဆင္ေျပပါ့မယ္။ ေပ်ာက္သြားမည္စိုး၍ မိတၳဴကိုပဲ ကိုင္ေဆာင္ထားလိုက္မယ္လို႔ ႐ိုးသားစြာ ေတြးထားသူေတြအတြက္ ယာဥ္ႏွင့္အတူ ပါရွိရမည့္ လိုင္စင္မ်ားဟာ မူရင္း အစစ္ေတြျဖစ္မွ အဆင္ေျပပါ့မယ္ဆိုတာကို မိဘျပည္သူမ်ားထံ မွ်ေဝလိုက္ပါတယ္ခင္ဗ်ာ။

    ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

    Credit -ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

    (Unicode)

    ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များအား ပျောက်သွားမည်စိုး၍ မိတ္ထူကိုပဲ ကိုင်ဆောင်ထားမည်ဆိုလျှင် မိတ္တူကိုင်ခွင့် ရှိ / မရှိ

    ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင်မူရင်းတွေကို ပျောက်မှာစိုးလို့၊ ခိုးခံရမှာစိုးလို့၊ ရေစို၊ ဆုတ်ပြဲ ပျက်စီးမှာစိုးလို့ ဆိုပီး မိတ္ထူကူးကာ အစစ်ကို အိမ်မှာသိမ်းထားပြီး မိတ္ထူကိုတော့ ယာဉ် လူနှင့် တပါတည်း ယူဆောင် အသုံးပြုလို့ မရဘူးလား။ ကာလာပရင်တာနဲ့ ပြန်ထုတ်ထားတဲ့ မိတ္ထူကို ဆောင်ထားတာမျိုး မရဘူးလားလို့ မေးလာကြတဲ့သူတွေ များပါတယ်။

    ပြောရမယ်ဆိုရင်

    မိတ္ထူဆိုတာ အဆောင်တစ်ရာကူးလို့ရတယ်။ အဆောင်တစ်ထောင်လည်း ကူးလို့ရတယ်လေ။ အဆောင်တစ်ရာထုတ်လို့ ဆိုင်ကယ်အစီးတစ်ရာမှာ ကပ်လို့ရပြန်တယ်။ ရိုးရိုးသားသားသူအတွက် စိတ်ထဲမှာ ဘာမှမတွေးမိပေမဲ့ မသမာနည်းနဲ့ လုပ်စားမည့်သူတွေ၊ ပြစ်မှုကျူးလွန်ဖို့ ဝန်မလေးသူတွေအတွက် အကွက်ဖြစ်သွားမှာပါ။

    မိတ္ထူတစ်ခုကို မှီငြမ်းလို့ လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ ပြစ်မှုကျူးလွန်၊ဥပဒေ ချိုးဖောက်ပြီး မူးယစ်ဆေးကဲ့သို့ သယ်ယူလုပ်ဆောင်ဖို့ လွယ်သွားပါလိမ့်မယ်။ ဒါကတပိုင်းပေါ့။ ဥပဒေပိုင်းအရကလဲ မူးရင်းပါရှိရမယ်လို့ ပြဌာန်းထားပါတယ်။

    ဒါကြောင့် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေကို ကာလာပရင်တာနဲ့ထုတ်ထားတဲ့ မိတ္ထူလဲ အဆင်မပြေပါဘူး။ ရိုးရိုးမိတ္ထူလဲ အဆင်မပြေပါဘူး။ ယာဉ်နှင့်အတူ လူနှင့်အတူ လိုင်စင်အစစ် မူရင်းတွေပဲ ပါရှိရပါ့မယ်။

    ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းစစ်ဆေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံ စစ်ဆေးခံရတဲ့အခါ လိုင်စင်တွေဟာ မူရင်းဖြစ်နေမှ အဆင်ပြေပါ့မယ်။ ပျောက်သွားမည်စိုး၍ မိတ္ထူကိုပဲ ကိုင်ဆောင်ထားလိုက်မယ်လို့ ရိုးသားစွာ တွေးထားသူတွေအတွက် ယာဉ်နှင့်အတူ ပါရှိရမည့် လိုင်စင်များဟာ မူရင်း အစစ်တွေဖြစ်မှ အဆင်ပြေပါ့မယ်ဆိုတာကို မိဘပြည်သူများထံ မျှဝေလိုက်ပါတယ်ခင်ဗျာ။

    ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

    Credit -ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ