Category: ဗဟုတုသ

  • သံပရာပင္မ်ား အသီးတင္၊ ပိုးကင္းေစရန္

    (Zawgyi)

    သံပရာပင္မ်ား အသီးတင္၊ ပိုးကင္းေစရန္

    ရံုးအားရက္ျဖစ္သျဖင့္ ကၽြန္ေတာ္သည္ အိမ္ေရွ႕ မန္က်ည္းပင္ရိပ္တြင္ ကုလားထိုင္ခ်၍ စိတ္ေအးလက္ေအး အနားယူေနမိသည္။ ထုိစဥ္ အိမ္နီးခ်င္း ကို၀င္းေမာင္ ေရာက္လာျပီး “လွျမင့္သစ္ေရ မင္းမွာ ဓာတ္ခဲအကၽြမ္းေတြရွိရင္ ေလး,ငါးလံုး ေပးစမ္းပါကြ”ဟု ေတာင္းလာသည္။ “ရွိပါတယ္ ကို၀င္းေမာင္ရ၊ ဓာတ္ခဲအကၽြမ္းက ဘာလုပ္ဖို႕လဲ”။ မင္းမသိဘူးလား ဓာတ္ခဲအကၽြမ္းက သံပရာပင္အတြက္ ေဆးတစ္လက္ပဲေလ”။

    ကၽြန္ေတာ္ စိတ္၀င္စားသြားမိရသည္။ လုပ္စမ္းပါဦး ကို၀င္းေမာင္ရ။ ဓာတ္ခဲအကၽြမ္းက သံပရာပင္အတြက္ ဘယ္လို ေဆးဖက္၀င္တာလဲ။ ဒီလိုေလကြာ။ သံပရာပင္ ပိုးမ၀င္ေအာင္၊ ပိုးမကိုက္ေအာင္ ဓာတ္ခဲအကၽြမ္းေတြ ထုျပီး သံပရာပင္နဲ႕ တစ္ေတာင္ကြာ ပတ္ပတ္လည္မွာ ျမွပ္ထားေပးရမယ္။ အပင္၊ အရြက္ေတြ အေပၚကို စားဖုိလယ္ျပာပက္ေပး၊ ေရမွန္မွန္ေလာင္းေပးရင္ သံပရာပင္ ပိုးမ၀င္ဘဲ အသီးတင္တာေပါ့ကြာ။

    နတ္ေမာက္ လွျမင့္သစ္

    နကၡတေရာင္ျခည္မဂၢဇင္း

    သံပရာပင္မ်ား အသီးတင္၊ ပိုးကင္းေစရန္

    ရံုးအားရက္ျဖစ္သျဖင့္ ကၽြန္ေတာ္သည္ အိမ္ေရွ႕ မန္က်ည္းပင္ရိပ္တြင္ ကုလားထိုင္ခ်၍ စိတ္ေအးလက္ေအး အနားယူေနမိသည္။ ထုိစဥ္ အိမ္နီးခ်င္း ကို၀င္းေမာင္ ေရာက္လာျပီး “လွျမင့္သစ္ေရ မင္းမွာ ဓာတ္ခဲအကၽြမ္းေတြရွိရင္ ေလး,ငါးလံုး ေပးစမ္းပါကြ”ဟု ေတာင္းလာသည္။ “ရွိပါတယ္ ကို၀င္းေမာင္ရ၊ ဓာတ္ခဲအကၽြမ္းက ဘာလုပ္ဖို႕လဲ”။ မင္းမသိဘူးလား ဓာတ္ခဲအကၽြမ္းက သံပရာပင္အတြက္ ေဆးတစ္လက္ပဲေလ”။

    ကၽြန္ေတာ္ စိတ္၀င္စားသြားမိရသည္။ လုပ္စမ္းပါဦး ကို၀င္းေမာင္ရ။ ဓာတ္ခဲအကၽြမ္းက သံပရာပင္အတြက္ ဘယ္လို ေဆးဖက္၀င္တာလဲ။ ဒီလိုေလကြာ။ သံပရာပင္ ပိုးမ၀င္ေအာင္၊ ပိုးမကိုက္ေအာင္ ဓာတ္ခဲအကၽြမ္းေတြ ထုျပီး သံပရာပင္နဲ႕ တစ္ေတာင္ကြာ ပတ္ပတ္လည္မွာ ျမွပ္ထားေပးရမယ္။ အပင္၊ အရြက္ေတြ အေပၚကို စားဖုိလယ္ျပာပက္ေပး၊ ေရမွန္မွန္ေလာင္းေပးရင္ သံပရာပင္ ပိုးမ၀င္ဘဲ အသီးတင္တာေပါ့ကြာ။

    နတ္ေမာက္ လွျမင့္သစ္

    နကၡတေရာင္ျခည္မဂၢဇင္း

    (Unicode)

    သံပရာပင်များ အသီးတင်၊ ပိုးကင်းစေရန်

    ရုံးအားရက်ဖြစ်သဖြင့် ကျွန်တော်သည် အိမ်ရှေ့ မန်ကျည်းပင်ရိပ်တွင် ကုလားထိုင်ချ၍ စိတ်အေးလက်အေး အနားယူနေမိသည်။ ထိုစဉ် အိမ်နီးချင်း ကိုဝင်းမောင် ရောက်လာပြီး “လှမြင့်သစ်ရေ မင်းမှာ ဓာတ်ခဲအကျွမ်းတွေရှိရင် လေး,ငါးလုံး ပေးစမ်းပါကွ”ဟု တောင်းလာသည်။ “ရှိပါတယ် ကိုဝင်းမောင်ရ၊ ဓာတ်ခဲအကျွမ်းက ဘာလုပ်ဖို့လဲ”။ မင်းမသိဘူးလား ဓာတ်ခဲအကျွမ်းက သံပရာပင်အတွက် ဆေးတစ်လက်ပဲလေ”။

    ကျွန်တော် စိတ်ဝင်စားသွားမိရသည်။ လုပ်စမ်းပါဦး ကိုဝင်းမောင်ရ။ ဓာတ်ခဲအကျွမ်းက သံပရာပင်အတွက် ဘယ်လို ဆေးဖက်ဝင်တာလဲ။ ဒီလိုလေကွာ။ သံပရာပင် ပိုးမဝင်အောင်၊ ပိုးမကိုက်အောင် ဓာတ်ခဲအကျွမ်းတွေ ထုပြီး သံပရာပင်နဲ့ တစ်တောင်ကွာ ပတ်ပတ်လည်မှာ မြှပ်ထားပေးရမယ်။ အပင်၊ အရွက်တွေ အပေါ်ကို စားဖိုလယ်ပြာပက်ပေး၊ ရေမှန်မှန်လောင်းပေးရင် သံပရာပင် ပိုးမဝင်ဘဲ အသီးတင်တာပေါ့ကွာ။

    နတ်မောက် လှမြင့်သစ်

    နက္ခတရောင်ခြည်မဂ္ဂဇင်း

  • ထမင္းၾကမ္းအပါအဝင္ လံုးဝျပန္ေႏြးမစားသင့္တဲ့ အစားအစာ (၆) မ်ဳိး

    ထမင္းၾကမ္းအပါအဝင္ လံုးဝျပန္ေႏြးမစားသင့္တဲ့ အစားအစာ (၆) မ်ဳိး
    မီးဖိုေခ်ာင္မွာ မကုန္ သင့္ တာ မ ကုန္ ေအာင္ ၊ အလဟႆ မျဖစ္ ေအာင္ ၊ အ ေလ အ လြင့္ နည္း ေအာင္ စီမံ နိုင္ ရင္ အိမ္ေထာင္ရွင္မ ပီသတယ္လို႔ ခ်ီးက်ဴး ၾက ပါ တယ္ ။ ဒါေပမယ့္ ကိုယ့္ရဲ့ စီမံ ကြပ္ကဲမႈ ေအာက္က အစား အ ေသာက္ေတြ က ေဘးကင္း ဖုိ႔ အ ေရးႀကီး ပါ တယ္ ။ မဟုတ္ရင္ ကိုယ့္မိသားစု ကို အဆိပ္ေတြ ေကၽြး ေန သလို ျဖစ္ ေစ ပါ လိမ့္ မယ္ ။ နွ ေျမာ သင့္တာ နွ ေျမာပါ ၊ ဒါေပမယ့္ က်န္းမာေရး အသိေတာ့ ရွိထားဖို႔ အ ေရး ႀကီး ပါ တယ္ ။

    ဒီလို ေျပာလုိ႔ က်န္သမွ် အစားအ ေသာက္ ေတြ ကို ေန႔ မကူးေစဘဲ လွြင့္ပစ္ရမယ္လို႔ မဆိုလိုပါဘူး ။ အရင္ေန႔ကက်န္တဲ့ ဘယ္အစားအစာကိုမဆို မသိုးရင္စားလို႔ ရတယ္ ၊ ျပန္ေႏြးလိုက္ ရင္ ပိုးေသတာပဲ ဘာမွမျဖစ္ဘူး ဆိုတဲ့ အ ေတြးကို အျမဲ မ ေတြး ေစ ခ်င္ တာ ပါ ။ ျပန္ေႏြး စား လို႔ ရတဲ့ အစားအစာ၊ ျပန္မ ေႏြးသင့္တဲ့ အစားအစာဆိုတာ ရွိ ပါ တယ္ ။
    ဘယ္အစားအစာေတြကို ျပန္ေႏြးစားဖို႔ မသင့္တာလဲ

    ေၾကာင္အိမ္ထဲပဲ သိမ္းထားထား ၊ ေရခဲေသတၱာထဲပဲ ထည့္ထည့္ လံုးဝျပန္ေႏြး မစား သင့္ တဲ့ အစားအစာ (၆) မ်ဳိးကို ေဖာ္ျပ ေပး လိုက္ပါတယ္။

    ( ၁ ) နိုက္ထရိတ္ ပါဝင္မႈမ်ားတဲ့ အသီးအရြက္ေတြ

    ဟင္းႏုႏြယ္ ဒါမွမဟုတ္ အစိမ္းေရာင္ အသီးအရြက္ေတြ ၊ မုန္လာဥနီ ၊ တရုတ္နံနံ စတာေတြကို ျပန္ေႏြး မစားသင့္ပါဘူး ။ နိုက္ထရိတ္ ၾကြယ္ဝ တဲ့ အသီးအရြက္ေတြ ကို ေနာက္တစ္ႀကိမ္ အပူျပန္ေပးတဲ့ အခါ အဆိပ္ အ ေတာက္ အျဖစ္ေျပာင္းလဲ ေစျပီး ကင္ဆာျဖစ္ေစ နိုင္ တဲ့ ဂုဏ္ သတၱိေတြျဖစ္ လာေစနိုင္ ပါ တယ္ ။

    သံဓာတ္ျကြယ္ဝတဲ့ ဟင္းႏုႏြယ္ကို ျပန္ေႏြးလိုက္တဲ့အခါ သူ့မွာပါတဲ့သံဓာတ္ကို ဓာတ္တိုးေစနိုင္တယ္။ သံဓာတ္ကို ဓာတ္တိုးျခင္း ျဖစ္ေစတဲ့အခါ အနၱရာယ္ရွိတဲ့ free radicals ေတြကိုျဖစ္လာေစျပီး က ေလး မရနိုင္ျခင္း၊ ကင္ဆာေရာဂါ စတာေတြအထိ ဦးတည္ေစနိုင္ပါတယ္ ။

    ( ၂ ) ထမင္း

    ဒီစာရင္းမွာ ထမင္းလည္း ပါတယ္ဆိုလို႔ မအံ့ၾသ သြား ပါနဲ႔ ။ ထမင္းၾကမ္းျပန္ေႏြး စားရင္းက အစာအဆိပ္သင့္ ေစ နိုင္တယ္လို့ အစားအစာေဘးကင္းေရးပညာရွင္ေတြက သတိေပးထားပါတယ္။ Bacillus Cereus လို့ေခၚတဲ့ ဘက္တီးရီးယားေၾကာင့္ ျဖစ္ပါတယ္။ အပူေပးလိုက္ရင္ ဒီဘက္တီးရီးယားကို ေသ ေစ နိုင္ေပမယ့္ အစာအဆိပ္သင့္ေစနိုင္တဲ့ ပိုးမႈန္ေတြကို ခ်န္ ရစ္ ခဲ့နိုင္ပါတယ္။ ထမင္းကို ျပန္အပူေပးျပီး အခန္းအပူခ်ိန္မွာ ထားလိုက္တာနဲ့ ပိုးေတြက ပြားလာျပီး အစာအဆိပ္သင့္ျခင္း ျဖစ္ေစနိုင္ပါတယ္။
    ( ၃ ) ၾကက္ဥ၊ ဘဲဥ

    ၾကက္ဥ ၊ ဘဲဥကို ပရိုတင္း ၾကြယ္ဝတဲ့ အာဟာရအရင္းအျမစ္ေတြ အျဖစ္ အားထားၾက ပါတယ္ ။ ဒါေပမယ့္ ျပဳတ္ျပီးသား သို့မဟုတ္ ခ်က္ျပီးသား ၾကက္ဥ၊ဘဲဥကို ခဏခဏ ျပန္ေနွြးရင္ က်န္းမာေရးအတြက္မေကာင္းပါဘူး။ ဒါ့ေျကာင့္ ခ်က္ျပီး၊ျပဳတ္ျပီး ရင္ အၾကာႀကီး မထားပါနဲ႔ ၊ ျပန္ မ ေႏြး ပါနဲ႔ ။ ပရိုတင္းမ်ားတဲ့အစားအစာမွာ နိုက္ထရိုဂ်င္ေတြ မ်ားတာေၾကာင့္ က်န္ေနရင္ မ ေႏြးဘဲ အ ေအးသာ စားလိုက္ပါ။

    ( ၄ ) ၾကက္သား

    ၾကက္သားဟင္းေတြ က်န္ေနရင္ သိမ္းထားၾကမွာပဲ ။ ျပန္ေႏြးစားမယ္ေပါ့။ နွ ေမ်ာ တာနဲ့ ေႏြးစားလိုက္၊ မကုန္လိုက္ ေရခဲေသတၱာထဲျပန္သိမ္းလိုက္၊ ေနာက္ေန့ျပန္ေႏြးစားလိုက္။ ဒါ ေပမယ့္ ေရခဲေသတၱာထဲက ထုတ္လိုက္တဲအခ်ိန္မွာ သူ့မွာပါတဲ့ ပရိုတင္းက ေျပာင္းလဲသြားပါလိမ့္မယ္။ ဒါကိုစားမိတဲ့အခါ အစာေျခ စ နစ္မွာ ျပႆနာေပၚလာနိုင္ပါတယ္။

    (၅) အာလူး

    အာလူးမွာ ဗီတာမင္ B6 ၊ ပိုတက္ဆီယမ္၊ ဗီတာမင္ C ၾကြယ္ဝတယ္ ဆိုေပ မယ့္ အခါခါျပန္ ေနွြးျပီးစားရင္ အစာ အဆိပ္သင့္ ေစ နိုင္ တဲ့ Clostridium Botulinum ဘက္တီးရီးယား ကို ျဖစ္လာေစနိုင္ပါတယ္။ အခန္းအပူခ်ိန္မွာ ထားရင္ေတာင္ ပိုးက ေပါက္ေစတာမို့ ျဖစ္ နိုင္ ရင္ ေရခဲေသတၱာထဲထည့္ထားပါ၊ ျပန္မ ေႏြးပါနဲ့၊ ၁ရက္၂ရက္အတြင္း မစားနိုင္ရင္ လႊင့္ပစ္ပါ။

    ( ၆ ) မႈိ

    မႈိက ေတာ့ ခ်က္ျပီးတာနဲ႔ အကုန္စားပစ္သင့္တဲ့အရာပါ။ က်န္ေနရင္ကို သိမ္းမထားသင့္ပါဘူး။ မွိုမွာ ပရိုတင္းျကြယ္ဝျပီး သတၱဳဓာတ္ေတြ မ်ားႀကီးပါတာမို့ ျပန္ေႏြးလိုက္ရင္ ပရိုတင္း ေတြ ပ်က္စီးေစနိုင္တဲ့ အျပင္ အစာေျခစနစ္မွာပါ ထိခိုက္ေစနိုင္ပါတယ္။ ျပန္ေႏြး လိုက္ ရင္ ဓာတ္တိုးျပီး နိုက္ထရိုဂ်င္နဲ့ free radicals ေတြပါဝင္တဲ့ အဆိပ္အ ေတာက္ေတြ ထြက္ရွိေစနိုင္ပါတယ္။

    အစားအ ေသာက္ေတြ ကို သိမ္းဆည္းစီမံတဲ့ အလုပ္က ခ်က္တာ ျပဳတ္တာထက္ ကို ပို အ ေရးႀကီးပါတယ္။ အစားအ ေသာက္ ေဘးကင္းေရးဟာ အိမ္ရွင္ မ ေတြ မျဖစ္ မ ေန ဂရုစိုက္ရမယ့္ အပိုင္းျဖစ္လို့ ကိုယ့္မိသားစုရဲ့ က်န္းမာေရး ကိုယ့္လက္ထဲမွာရွိေနတယ္ဆိုတာ မ ေမ့ ပါနဲ့ေနာ္။

    (unicode)

    ထမင်းကြမ်းအပါအဝင် လုံးဝပြန်နွေးမစားသင့်တဲ့ အစားအစာ (၆) မျိုး
    မီးဖိုချောင်မှာ မကုန် သင့် တာ မ ကုန် အောင် ၊ အလဟဿ မဖြစ် အောင် ၊ အ လေ အ လွင့် နည်း အောင် စီမံ နိုင် ရင် အိမ်ထောင်ရှင်မ ပီသတယ်လို့ ချီးကျူး ကြ ပါ တယ် ။ ဒါပေမယ့် ကိုယ့်ရဲ့ စီမံ ကွပ်ကဲမှု အောက်က အစား အ သောက်တွေ က ဘေးကင်း ဖို့ အ ရေးကြီး ပါ တယ် ။ မဟုတ်ရင် ကိုယ့်မိသားစု ကို အဆိပ်တွေ ကျွေး နေ သလို ဖြစ် စေ ပါ လိမ့် မယ် ။ နှ မြော သင့်တာ နှ မြောပါ ၊ ဒါပေမယ့် ကျန်းမာရေး အသိတော့ ရှိထားဖို့ အ ရေး ကြီး ပါ တယ် ။

    ဒီလို ပြောလို့ ကျန်သမျှ အစားအ သောက် တွေ ကို နေ့ မကူးစေဘဲ လှွင့်ပစ်ရမယ်လို့ မဆိုလိုပါဘူး ။ အရင်နေ့ကကျန်တဲ့ ဘယ်အစားအစာကိုမဆို မသိုးရင်စားလို့ ရတယ် ၊ ပြန်နွေးလိုက် ရင် ပိုးသေတာပဲ ဘာမှမဖြစ်ဘူး ဆိုတဲ့ အ တွေးကို အမြဲ မ တွေး စေ ချင် တာ ပါ ။ ပြန်နွေး စား လို့ ရတဲ့ အစားအစာ၊ ပြန်မ နွေးသင့်တဲ့ အစားအစာဆိုတာ ရှိ ပါ တယ် ။
    ဘယ်အစားအစာတွေကို ပြန်နွေးစားဖို့ မသင့်တာလဲ

    ကြောင်အိမ်ထဲပဲ သိမ်းထားထား ၊ ရေခဲသေတ္တာထဲပဲ ထည့်ထည့် လုံးဝပြန်နွေး မစား သင့် တဲ့ အစားအစာ (၆) မျိုးကို ဖော်ပြ ပေး လိုက်ပါတယ်။

    ( ၁ ) နိုက်ထရိတ် ပါဝင်မှုများတဲ့ အသီးအရွက်တွေ

    ဟင်းနုနွယ် ဒါမှမဟုတ် အစိမ်းရောင် အသီးအရွက်တွေ ၊ မုန်လာဥနီ ၊ တရုတ်နံနံ စတာတွေကို ပြန်နွေး မစားသင့်ပါဘူး ။ နိုက်ထရိတ် ကြွယ်ဝ တဲ့ အသီးအရွက်တွေ ကို နောက်တစ်ကြိမ် အပူပြန်ပေးတဲ့ အခါ အဆိပ် အ တောက် အဖြစ်ပြောင်းလဲ စေပြီး ကင်ဆာဖြစ်စေ နိုင် တဲ့ ဂုဏ် သတ္တိတွေဖြစ် လာစေနိုင် ပါ တယ် ။

    သံဓာတ်ကြွယ်ဝတဲ့ ဟင်းနုနွယ်ကို ပြန်နွေးလိုက်တဲ့အခါ သူ့မှာပါတဲ့သံဓာတ်ကို ဓာတ်တိုးစေနိုင်တယ်။ သံဓာတ်ကို ဓာတ်တိုးခြင်း ဖြစ်စေတဲ့အခါ အန္တရာယ်ရှိတဲ့ free radicals တွေကိုဖြစ်လာစေပြီး က လေး မရနိုင်ခြင်း၊ ကင်ဆာရောဂါ စတာတွေအထိ ဦးတည်စေနိုင်ပါတယ် ။

    ( ၂ ) ထမင်း

    ဒီစာရင်းမှာ ထမင်းလည်း ပါတယ်ဆိုလို့ မအံ့သြ သွား ပါနဲ့ ။ ထမင်းကြမ်းပြန်နွေး စားရင်းက အစာအဆိပ်သင့် စေ နိုင်တယ်လို့ အစားအစာဘေးကင်းရေးပညာရှင်တွေက သတိပေးထားပါတယ်။ Bacillus Cereus လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။ အပူပေးလိုက်ရင် ဒီဘက်တီးရီးယားကို သေ စေ နိုင်ပေမယ့် အစာအဆိပ်သင့်စေနိုင်တဲ့ ပိုးမှုန်တွေကို ချန် ရစ် ခဲ့နိုင်ပါတယ်။ ထမင်းကို ပြန်အပူပေးပြီး အခန်းအပူချိန်မှာ ထားလိုက်တာနဲ့ ပိုးတွေက ပွားလာပြီး အစာအဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။
    ( ၃ ) ကြက်ဥ၊ ဘဲဥ

    ကြက်ဥ ၊ ဘဲဥကို ပရိုတင်း ကြွယ်ဝတဲ့ အာဟာရအရင်းအမြစ်တွေ အဖြစ် အားထားကြ ပါတယ် ။ ဒါပေမယ့် ပြုတ်ပြီးသား သို့မဟုတ် ချက်ပြီးသား ကြက်ဥ၊ဘဲဥကို ခဏခဏ ပြန်နှေွးရင် ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒါ့ကြောင့် ချက်ပြီး၊ပြုတ်ပြီး ရင် အကြာကြီး မထားပါနဲ့ ၊ ပြန် မ နွေး ပါနဲ့ ။ ပရိုတင်းများတဲ့အစားအစာမှာ နိုက်ထရိုဂျင်တွေ များတာကြောင့် ကျန်နေရင် မ နွေးဘဲ အ အေးသာ စားလိုက်ပါ။

    ( ၄ ) ကြက်သား

    ကြက်သားဟင်းတွေ ကျန်နေရင် သိမ်းထားကြမှာပဲ ။ ပြန်နွေးစားမယ်ပေါ့။ နှ မျော တာနဲ့ နွေးစားလိုက်၊ မကုန်လိုက် ရေခဲသေတ္တာထဲပြန်သိမ်းလိုက်၊ နောက်နေ့ပြန်နွေးစားလိုက်။ ဒါ ပေမယ့် ရေခဲသေတ္တာထဲက ထုတ်လိုက်တဲအချိန်မှာ သူ့မှာပါတဲ့ ပရိုတင်းက ပြောင်းလဲသွားပါလိမ့်မယ်။ ဒါကိုစားမိတဲ့အခါ အစာခြေ စ နစ်မှာ ပြဿနာပေါ်လာနိုင်ပါတယ်။

    (၅) အာလူး

    အာလူးမှာ ဗီတာမင် B6 ၊ ပိုတက်ဆီယမ်၊ ဗီတာမင် C ကြွယ်ဝတယ် ဆိုပေ မယ့် အခါခါပြန် နှေွးပြီးစားရင် အစာ အဆိပ်သင့် စေ နိုင် တဲ့ Clostridium Botulinum ဘက်တီးရီးယား ကို ဖြစ်လာစေနိုင်ပါတယ်။ အခန်းအပူချိန်မှာ ထားရင်တောင် ပိုးက ပေါက်စေတာမို့ ဖြစ် နိုင် ရင် ရေခဲသေတ္တာထဲထည့်ထားပါ၊ ပြန်မ နွေးပါနဲ့၊ ၁ရက်၂ရက်အတွင်း မစားနိုင်ရင် လွှင့်ပစ်ပါ။

    ( ၆ ) မှို

    မှိုက တော့ ချက်ပြီးတာနဲ့ အကုန်စားပစ်သင့်တဲ့အရာပါ။ ကျန်နေရင်ကို သိမ်းမထားသင့်ပါဘူး။ မှိုမှာ ပရိုတင်းကြွယ်ဝပြီး သတ္တုဓာတ်တွေ များကြီးပါတာမို့ ပြန်နွေးလိုက်ရင် ပရိုတင်း တွေ ပျက်စီးစေနိုင်တဲ့ အပြင် အစာခြေစနစ်မှာပါ ထိခိုက်စေနိုင်ပါတယ်။ ပြန်နွေး လိုက် ရင် ဓာတ်တိုးပြီး နိုက်ထရိုဂျင်နဲ့ free radicals တွေပါဝင်တဲ့ အဆိပ်အ တောက်တွေ ထွက်ရှိစေနိုင်ပါတယ်။

    အစားအ သောက်တွေ ကို သိမ်းဆည်းစီမံတဲ့ အလုပ်က ချက်တာ ပြုတ်တာထက် ကို ပို အ ရေးကြီးပါတယ်။ အစားအ သောက် ဘေးကင်းရေးဟာ အိမ်ရှင် မ တွေ မဖြစ် မ နေ ဂရုစိုက်ရမယ့် အပိုင်းဖြစ်လို့ ကိုယ့်မိသားစုရဲ့ ကျန်းမာရေး ကိုယ့်လက်ထဲမှာရှိနေတယ်ဆိုတာ မ မေ့ ပါနဲ့နော်။

     

  • ႏြားေ႐ြးနည္း ပညာ

    (Zawgyi)

    ( ႏြားေ႐ြးနည္း ပညာ )

    ၁။ ႏြားနီကြမ္းေသြး ႐ိုက္နိင္မွေျပး။

    ၂။ ႏြားျပာနီတုတ္ေမႊး ႐ိုက္နိင္မွေျပး။

    ၃။ ႏြားျပာခ်ိဳ တုတ္ ထမ္းပိုးထမ္းႏႈတ္။

    ၄။ႏြားျပာနီ ရွဥ့္ေမႊး ႐ိုက္နိင္မွေျပး။

    ၅။ ေဇာ္နီကြမ္းေသြး ေသေအာင္ေျပး။

    ၆။ ႏြားဝါဖြဲႏု ေသေအာင္ထု ဂ႐ုမထားတတ္။

    ၇။ႏြားဝါမ်က္ကြင္း ေသေအာင္ဖ်င္း စင္းစင္းခံေနတတ္။

    ၈။ ႏြားဝါမ်က္ကြင္းျဖဴ ႀကိမ္မကူ ကမူမတက္ဘူး။

    ၉။ ႏြားဝါဖင္ျဖဴ ႀကိမ္မကူ ကမူမတက္ဘူး။

    ၁၀။ ႏြားညိဳ သံေရာင္ တုတ္မေဆာင္ရ။

    ၁၁။ ၿမီးစြပ္ေရွ႕တက္ ထိပ္ကြက္ေနာက္ဆုတ္ စုံမွဟုတ္။

    ၁၂။ ေမႊးတိုေမႊးၾကမ္း ထမ္းပိုးထမ္း အစြမ္းေကာင္းလွ၏။

    ၁၃။ ေဗြဆင့္မ်က္ျခား အဝယ္မွား အိမ္ကမယား ေသလတၱံ့။

    ( ေဗြမ်ား )

    ( ၁ ) ေဗြဆင့္ေဗြ – ခ်ိဳ ႏွစ္ေခ်ာင္းစပ္ၾကား၌ ႏွစ္ခုဆင့္လွ်က္ရွိေသာ ေဗြ။(မယားေသ)

    ( ၂ ) မ်က္ျခားေဗြ – မ်က္လုံးႏွစ္ခုၾကား၌ တစ္လုံးတည္းရွိေသာ ေဗြ ။ (မယားေသ)

    ( ၃ ) ေဗြထီးေဆာင္း – ခ်ိဳ ႏွစ္ေခ်ာင္း စပ္ၾကား၌ ရွိသည္။ ထိုေဗြသည္ ႏြား၏ထိပ္၌ ထီးကဲ့သို႔ မိုးေဆာင္းထား၍ ေဗြထီးေဆာင္းဟု ေခၚသည္။ ပထမတန္းစား ေဗြျဖစ္သည္။

    ( ၄ ) ျမခေနာက္ေဗြ- ႏြားေခါင္း၏ ေရွ႕နဖူးျပင္ထိပ္ အလယ္က်ေသာေနရာ၌ ေဗြသုံးလုံး ဖိုခေနာက္ဆိုင္တည္ရွိ၍ ေခၚေဝၚျခင္းျဖစ္သည္။ ေဗြေကာင္းျဖစ္သည္။

    ( ၅ ) သံလ်က္ေဗြ- ႏြားလည္ပင္းတစ္ဖက္ (သို႔မဟုတ္) ႏွစ္ဖက္စလုံး ပါတတ္သည္။ လည္ပင္းမွခ႐ုပတ္ရစ္၍ ေဗြ၏အဖ်ားသည္ ႏြားဦးေခါင္းဖက္သို႔ အၫြန႔္ျဖာလွ်က္ တက္ခဲ့ေသာ္ သံလ်က္ေဗြဟုေခၚသည္။ အက်ိဳး ေပးမထက္သန္ ဆုတ္ယုတ္ပ်က္စီးျခင္းလည္းမရွိ။

    ( ေျခာက္ကြက္လွႏြား )

    ၁။ ၿမီးစြပ္ျခင္း အကြက္ေကာင္းတစ္ကြက္

    ၂။ ထိပ္ကြက္ျခင္း အကြက္ေကာင္းတစ္ကြက္

    ၃။ ေျခေလးဖက္စလုံး ဒူးဆစ္ထိ ဆြတ္ဆြတ္ျဖဴျခင္း အကြက္ေကာင္း ေလးကြက္ ( ထိုႏြားမ်ိဳးရွိလွ်င္ ခိုက္တတ္ေသာ ႏြားဝယ္မိပါကလည္း အႏၲရာယ္ မျဖစ္ပါ )

    ေျမာက္သုံးသြယ္ က်ယ္သုံးလီ နီသုံးခ်က္ တစ္ေန႔တစ္ျခား စီးပြားတက္။

    ( ေျမာက္သုံးသြယ္ ) ဦးေခါင္းေမာက္ေမာက္ ေထာင္ေထာင္ရွိျခင္း (သို႔မဟုတ္) ေခါင္းတေမာ့ေမာ့ရွိျခင္း။

    ( က်ယ္သုံးလီ ) ခ်ိဳ ႏွစ္ခုစပ္ၾကား ထိပ္အင္းက်ယ္ျခင္း၊ ရင္အုပ္က်ယ္ျခင္းႏွင့္ တင္ပါးဆုံ က်ယ္ျခင္း။

    ( နီသုံးခ်က္ ) လွ်ာနီျခင္း၊ ႏွာနီျခင္း၊ ခြာေလးဖက္နီျခင္း (ထိုအခ်က္တို႔ႏွင့္ ျပည့္စုံေသာႏြားကို လာဘ္ႏြားဟု ေခၚသည္။ စီးပြားဥစၥာ တစ္ေန႔တစ္ျခား တိုးတက္လာသည္။

    ႏြားျပာနီ ေၾကာင္စြယ္ ေမွာင္ကြယ္ရာဝယ္ မမွားနိင္။ ႏြားျပာ ႏြားနီ ႏြားျပာနီႏွင့္ ႏြားေၾကာင္စြယ္တို႔သည္ ေမြးထိုက္ေသာႏြား ျဖစ္၍ ေမွာင္ကြယ္ရာဝယ္ဦးေတာ့ မမွားနိင္ဟု ဆိုလိုသည္။ ႏြားေၾကာင္စြယ္ …..ႏွာေရာင္ေမွာင္ေမွာင္ လက္မဲမဲ ဒူးမဲမဲ ရွိေသာႏြား။

    ( ႏြား၏ခ်ိဳ )

    ဘယ္လဲ ညာေထာင္ ဥစၥာေျပာင္ ဘယ္ေထာင္ညာလဲ တက္တက္မြဲ။ တစ္ဖက္ေထာင္ တစ္ဖက္လဲႏြားသည္ ဥစၥာဆုတ္ယုတ္တတ္၏။

    တယ္လူးခ်ိဳ …..ႏုတ္ေသာခ်ိဳ နဲ႔ေသာခ်ိဳ။ (အက်ိဳးမေပး)

    ၾကက္တူေ႐ြးခ်ိဳ …..ၾကက္တူေ႐ြးႏႈတ္သီးပမာ ေရွ႕သို႔ေကြးၫြတ္ေသာ ခ်ိဳေကြး။ (အက်ိဳးမေပး)

    (မွတ္ခ်က္)

    ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ ေရွးပညာရွင္တို႔၏ ႏြားေ႐ြးနည္းပညာမ်ားကို လြန္ခဲ့ေသာ ( ၃၀ )ႏွစ္ခန႔္က မွတ္စုစာအုပ္ထဲ မွတ္ထားမိသမွ် ျပန္လည္ကူးယူေဖာ္ျပျခင္း ျဖစ္ပါသည္။

    Credit-Original Uploader

    (Unicode)

    ( နွားရွေးနည်း ပညာ )

    ၁။ နွားနီကွမ်းသွေး ရိုက်နိင်မှပြေး။

    ၂။ နွားပြာနီတုတ်မွှေး ရိုက်နိင်မှပြေး။

    ၃။ နွားပြာချို တုတ် ထမ်းပိုးထမ်းနှုတ်။

    ၄။နွားပြာနီ ရှဉ့်မွှေး ရိုက်နိင်မှပြေး။

    ၅။ ဇော်နီကွမ်းသွေး သေအောင်ပြေး။

    ၆။ နွားဝါဖွဲနု သေအောင်ထု ဂရုမထားတတ်။

    ၇။နွားဝါမျက်ကွင်း သေအောင်ဖျင်း စင်းစင်းခံနေတတ်။

    ၈။ နွားဝါမျက်ကွင်းဖြူ ကြိမ်မကူ ကမူမတက်ဘူး။

    ၉။ နွားဝါဖင်ဖြူ ကြိမ်မကူ ကမူမတက်ဘူး။

    ၁၀။ နွားညို သံရောင် တုတ်မဆောင်ရ။

    ၁၁။ မြီးစွပ်ရှေ့တက် ထိပ်ကွက်နောက်ဆုတ် စုံမှဟုတ်။

    ၁၂။ မွှေးတိုမွှေးကြမ်း ထမ်းပိုးထမ်း အစွမ်းကောင်းလှ၏။

    ၁၃။ ဗွေဆင့်မျက်ခြား အဝယ်မှား အိမ်ကမယား သေလတ္တံ့။

    ( ဗွေများ )

    ( ၁ ) ဗွေဆင့်ဗွေ – ချို နှစ်ချောင်းစပ်ကြား၌ နှစ်ခုဆင့်လျှက်ရှိသော ဗွေ။(မယားသေ)

    ( ၂ ) မျက်ခြားဗွေ – မျက်လုံးနှစ်ခုကြား၌ တစ်လုံးတည်းရှိသော ဗွေ ။ (မယားသေ)

    ( ၃ ) ဗွေထီးဆောင်း – ချို နှစ်ချောင်း စပ်ကြား၌ ရှိသည်။ ထိုဗွေသည် နွား၏ထိပ်၌ ထီးကဲ့သို့ မိုးဆောင်းထား၍ ဗွေထီးဆောင်းဟု ခေါ်သည်။ ပထမတန်းစား ဗွေဖြစ်သည်။

    ( ၄ ) မြခနောက်ဗွေ- နွားခေါင်း၏ ရှေ့နဖူးပြင်ထိပ် အလယ်ကျသောနေရာ၌ ဗွေသုံးလုံး ဖိုခနောက်ဆိုင်တည်ရှိ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဗွေကောင်းဖြစ်သည်။

    ( ၅ ) သံလျက်ဗွေ- နွားလည်ပင်းတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး ပါတတ်သည်။ လည်ပင်းမှခရုပတ်ရစ်၍ ဗွေ၏အဖျားသည် နွားဦးခေါင်းဖက်သို့ အညွန့်ဖြာလျှက် တက်ခဲ့သော် သံလျက်ဗွေဟုခေါ်သည်။ အကျိုး ပေးမထက်သန် ဆုတ်ယုတ်ပျက်စီးခြင်းလည်းမရှိ။

    ( ခြောက်ကွက်လှနွား )

    ၁။ မြီးစွပ်ခြင်း အကွက်ကောင်းတစ်ကွက်

    ၂။ ထိပ်ကွက်ခြင်း အကွက်ကောင်းတစ်ကွက်

    ၃။ ခြေလေးဖက်စလုံး ဒူးဆစ်ထိ ဆွတ်ဆွတ်ဖြူခြင်း အကွက်ကောင်း လေးကွက် ( ထိုနွားမျိုးရှိလျှင် ခိုက်တတ်သော နွားဝယ်မိပါကလည်း အန္တရာယ် မဖြစ်ပါ )

    မြောက်သုံးသွယ် ကျယ်သုံးလီ နီသုံးချက် တစ်နေ့တစ်ခြား စီးပွားတက်။

    ( မြောက်သုံးသွယ် ) ဦးခေါင်းမောက်မောက် ထောင်ထောင်ရှိခြင်း (သို့မဟုတ်) ခေါင်းတမော့မော့ရှိခြင်း။

    ( ကျယ်သုံးလီ ) ချို နှစ်ခုစပ်ကြား ထိပ်အင်းကျယ်ခြင်း၊ ရင်အုပ်ကျယ်ခြင်းနှင့် တင်ပါးဆုံ ကျယ်ခြင်း။

    ( နီသုံးချက် ) လျှာနီခြင်း၊ နှာနီခြင်း၊ ခွာလေးဖက်နီခြင်း (ထိုအချက်တို့နှင့် ပြည့်စုံသောနွားကို လာဘ်နွားဟု ခေါ်သည်။ စီးပွားဥစ္စာ တစ်နေ့တစ်ခြား တိုးတက်လာသည်။

    နွားပြာနီ ကြောင်စွယ် မှောင်ကွယ်ရာဝယ် မမှားနိင်။ နွားပြာ နွားနီ နွားပြာနီနှင့် နွားကြောင်စွယ်တို့သည် မွေးထိုက်သောနွား ဖြစ်၍ မှောင်ကွယ်ရာဝယ်ဦးတော့ မမှားနိင်ဟု ဆိုလိုသည်။ နွားကြောင်စွယ် …..နှာရောင်မှောင်မှောင် လက်မဲမဲ ဒူးမဲမဲ ရှိသောနွား။

    ( နွား၏ချို )

    ဘယ်လဲ ညာထောင် ဥစ္စာပြောင် ဘယ်ထောင်ညာလဲ တက်တက်မွဲ။ တစ်ဖက်ထောင် တစ်ဖက်လဲနွားသည် ဥစ္စာဆုတ်ယုတ်တတ်၏။

    တယ်လူးချို …..နုတ်သောချို နဲ့သောချို။ (အကျိုးမပေး)

    ကြက်တူရွေးချို …..ကြက်တူရွေးနှုတ်သီးပမာ ရှေ့သို့ကွေးညွတ်သော ချိုကွေး။ (အကျိုးမပေး)

    (မှတ်ချက်)

    ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးပညာရှင်တို့၏ နွားရွေးနည်းပညာများကို လွန်ခဲ့သော ( ၃၀ )နှစ်ခန့်က မှတ်စုစာအုပ်ထဲ မှတ်ထားမိသမျှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

    Credit-Original Uploader

  • အာမခံထားေသာကား Accident ျဖစ္လွ်င္ အာမခံကုမၸဏီမ်ားမွမျငင္းႏိုင္ေအာင္ ဒါေတြလုပ္ပါ

    (Zawgyi)

    အာမခံကုမၸဏီမ်ားမွ မျငင္းႏိုင္ေအာင္ အာမခံထားေသာကား Accident ျဖစ္လွ်င္ ဒါေတြလုပ္ပါ။

    အာမခံကုမၸဏီမ်ားမွ Claim ဌာနသည္ ကားတစ္စီး Accident ျဖစ္လွ်င္ မည္သည့္အခ်က္ျဖင့္ ေလွ်ာ္ေၾကးမေပၚေပါက္ေၾကာင္းႏွင့္ ျငင္းရမည့္အခ်က္မ်ားကို စတင္ပီးရွာေဖြတတ္ပါတယ္။

    ယာဥ္ေမာင္းလိုင္စင္ ပါပါေစ။ (လိုင္စင္မရွိသူ ေမာင္းရင္ ျငင္းမယ္)

    ယာဥ္ေမာင္းလိုင္စင္ သက္တမ္းရွိပါေစ။ (လိုင္စင္သက္တမ္းကုန္ရင္ ျငင္းမယ္)

    ကားရဲ႕ ဝွီးတက္လိုင္စင္သက္တမ္းရွိပါေစ။ (ကားလိုင္စင္သက္တမ္းကုန္ရင္ ျငင္းမယ္)

    Accident ျဖစ္လ်င္ ဒါေတြမျဖစ္မေနလုပ္ပါ။

    ၁။ ခ်က္ျခင္းကားေပၚကဆင္း ဓာတ္ပုံ႐ိုက္ပါ။

    ၂။ အေလ်ာ္လိုခ်င္လွ်င္ ဓာတ္ပုံ႐ိုက္ပါ။

    ၃။ မီးခြက္ကြဲလွ်င္ ကြဲသြားေသာမီးခြက္အား ဓာတ္ပုံ႐ိုက္ရန္ မလိုပါ။

    ၄။ ယာဥ္တိုက္မႈ႕ျဖစ္စဥ္ တစ္ခုလုံးကို ေပၚလြင္ေအာင္ ဓာတ္ပုံ႐ိုက္ပါ။

    ၅။ ကားႏွစ္စီးလုံးကို ေပၚလြင္ေအာင္ ဓာတ္ပုံ႐ိုက္ပါ။

    ၆။ အုတ္တံတိုင္းႏွင့္တိုက္လွ်င္ အုတ္တံတိုင္း ပါပါေစ။ ကားသီးသန႔္ မ႐ိုက္ရပါ။ မိမိကားထိသြားတဲ့ ေနရာမ်ားကိုသာ ကြက္ပီး ဓာတ္ပုံမ႐ိုက္ရပါ/

    ယာဥ္တိုက္မႈ႕ျဖစ္ေသာ ေနရာမွေနပီး ခ်က္ခ်င္းအာမခံကုမၸဏီကို ဖုန္းဆက္အေၾကာင္းၾကားပါ။

    အိမ္ေရာက္မွ ဖုန္းဆက္ပီး အေၾကာင္းၾကားလို႔မရပါ။

    ခ်စ္ျခင္းမ်ားစြာျဖင့္

    အရည္ႀကိဳ

    မွတ္ခ်က္။ (1) ဓာတ္ပုံမ႐ိုက္ႏိုင္ဘဲ ေဆး႐ုံေရာက္သြားလွ်င္ ရဲ႐ိုက္ပါလိမ့္မယ္။

    Credit- အရည္ၾကိဳ

    (Unicode)

    အာမခံကုမ္ပဏီများမှမငြင်းနိုင်အောင် အာမခံထားသောကား Accident ဖြစ်လျှင် ဒါတွေလုပ်ပါ

    အာမခံကုမ္ပဏီများမှ Claim ဌာနသည် ကားတစ်စီး Accident ဖြစ်လျှင် မည်သည့်အချက်ဖြင့် လျှော်ကြေးမပေါ်ပေါက်ကြောင်းနှင့် ငြင်းရမည့်အချက်များကို စတင်ပီးရှာဖွေတတ်ပါတယ်။

    ယာဉ်မောင်းလိုင်စင် ပါပါစေ။ (လိုင်စင်မရှိသူ မောင်းရင် ငြင်းမယ်)

    ယာဉ်မောင်းလိုင်စင် သက်တမ်းရှိပါစေ။ (လိုင်စင်သက်တမ်းကုန်ရင် ငြင်းမယ်)

    ကားရဲ့ ဝှီးတက်လိုင်စင်သက်တမ်းရှိပါစေ။ (ကားလိုင်စင်သက်တမ်းကုန်ရင် ငြင်းမယ်)

    Accident ဖြစ်လျင် ဒါတွေမဖြစ်မနေလုပ်ပါ။

    ၁။ ချက်ခြင်းကားပေါ်ကဆင်း ဓာတ်ပုံရိုက်ပါ။

    ၂။ အလျော်လိုချင်လျှင် ဓာတ်ပုံရိုက်ပါ။

    ၃။ မီးခွက်ကွဲလျှင် ကွဲသွားသောမီးခွက်အား ဓာတ်ပုံရိုက်ရန် မလိုပါ။

    ၄။ ယာဉ်တိုက်မှု့ဖြစ်စဉ် တစ်ခုလုံးကို ပေါ်လွင်အောင် ဓာတ်ပုံရိုက်ပါ။

    ၅။ ကားနှစ်စီးလုံးကို ပေါ်လွင်အောင် ဓာတ်ပုံရိုက်ပါ။

    ၆။ အုတ်တံတိုင်းနှင့်တိုက်လျှင် အုတ်တံတိုင်း ပါပါစေ။ ကားသီးသန့် မရိုက်ရပါ။ မိမိကားထိသွားတဲ့ နေရာများကိုသာ ကွက်ပီး ဓာတ်ပုံမရိုက်ရပါ/

    ယာဉ်တိုက်မှု့ဖြစ်သော နေရာမှနေပီး ချက်ချင်းအာမခံကုမ္ပဏီကို ဖုန်းဆက်အကြောင်းကြားပါ။

    အိမ်ရောက်မှ ဖုန်းဆက်ပီး အကြောင်းကြားလို့မရပါ။

    ချစ်ခြင်းများစွာဖြင့်

    အရည်ကြို

    မှတ်ချက်။ (1) ဓာတ်ပုံမရိုက်နိုင်ဘဲ ဆေးရုံရောက်သွားလျှင် ရဲရိုက်ပါလိမ့်မယ်။

    Credit- အရည်ကြို

  • ပန္းအိုးထိုးတဲ့အခါ ပန္းေတြ ၾကာၾကာခံေနေစမယ့္ နည္းလမ္းမ်ား

    (Zawgyi)

    ပန္းအိုးထိုးတဲ့အခါ ပန္းေတြ ၾကာၾကာခံေနေစမယ့္ နည္းလမ္းမ်ား

    ပန္းအိုးထိုးတဲ့အခါ ပန္းေတြကို ၾကာၾကာခံေနေစမယ့္ နည္းလမ္းေတြ ရွိပါတယ္။ အလုပ္စားပြဲမွာ အလွပန္းအိုး ထိုးတာမ်ိဳးျဖစ္ျဖစ္၊ သင့္အိမ္ဧည့္ခန္းမွာ အလွဆင္တာမ်ိဳးနဲ႔ ဘုရားမွာ ပန္းအိုးထိုးၿပီး ပန္းကပ္ ပူေဇာ္တဲ့အခါ ပန္းေတြ ခဏေလးနဲ႔ ညႇိဳးႏြမ္းေျခာက္ေသြ႕သြားတတ္လို႔ စိတ္အေႏွာင့္အယွက္ ျဖစ္ရပါတယ္။ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေတြကေတာ့ ပန္းအိုးထိုးတဲ့အခါ ပန္းေတြ ၾကာၾကာခံေနေစမယ့္ နည္းလမ္းေတြပဲ ျဖစ္ပါတယ္။

    (၁) ပန္းေတြ ဝယ္လာတဲ့အခါ ေရေဆးၿပီး ပန္းအိုးထိုးတာမ်ိဳးကို ခ်က္ခ်င္း မလုပ္ဘဲ ပန္းအ႐ိုးရဲ႕ ေအာက္ေျခ ပင္စည္ကို ၂ လက္မခန႔္ ခပ္ေစာင္းေစာင္းေလး ျဖတ္ေတာက္ၿပီးမွ ထိုးေပးသင့္ပါတယ္။ ဒီလိုျပဳလုပ္ေပးျခင္းဟာ ပန္းေတြ ေရစုပ္အား ပိုမိုေကာင္းမြန္ေစၿပီး ၾကာၾကာခံေစပါတယ္။

    (၂) ပန္းအိုးထိုးတဲ့အခါ ပန္းအိုးထဲက ေရနဲ႔ အနီးစပ္ဆုံးျဖစ္ေနတဲ့ အ႐ြက္ေတြကို ေႁခြေပးရမွာ ျဖစ္ပါတယ္။ ဒီလို ျပဳလုပ္ေပးျခင္းဟာ ရက္အနည္းငယ္ၾကာတဲ့အခါ ပန္းအိုးထဲက ေရပုပ္နံ႔လို အနံ႔မေကာင္းတာမ်ိဳးကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ပန္းအ႐ိုးတံ ပုပ္ၿပီး အညႇိဳးႏြမ္းျမန္တာမ်ိဳးကိုလည္း မျဖစ္ေစႏိုင္ပါဘူး။

    (၃) ပန္းအိုး ထိုးၿပီးတဲ့အခါ အခန္းအပူခ်ိန္ေပၚ မူတည္ၿပီး ေရကို ရက္ျခားဆိုသလို ပုံမွန္ လဲလွယ္ေပးသင့္ပါတယ္။ ေရလဲတဲ့အခါတိုင္းလည္း ပန္းအ႐ိုးတံကို လိုအပ္သလို ျဖတ္ေတာက္ေပးသင့္ပါတယ္။

    (၄) ပန္းအိုး ထိုးတဲ့အခါ ပန္းအိုးထဲက ေရထဲကို မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာခန႔္ ထည့္ေပးျခင္းဟာ ပန္းေတြကို ၾကာၾကာခံေစႏိုင္တဲ့အျပင္ ပန္းအိုးထဲကေရေတြ အခ်ိန္ၾကာလို႔ အနံ႔အသက္ မေကာင္းေတာ့တာမ်ိဳးလည္း မျဖစ္ေစႏိုင္ပါဘူး။

    (၅) ပန္းေတြ ၾကာၾကာခံေစမယ့္ ေနာက္ထပ္ နည္းလမ္းေကာင္းတခုကေတာ့ ပန္းအိုးထိုးတဲ့အခါတိုင္း ပန္းအိုးထဲက ေရထဲကို ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔ သၾကား လက္ဖက္ရည္ဇြန္း တဝက္စာခန႔္ကို ေရာစပ္ၿပီး ထည့္ေပးရမွာပါ။ ပန္းသီးရွာလကာရည္ဟာ ပန္းအ႐ိုးတံေတြကို ပုပ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြကို ေသေစႏိုင္ၿပီး သၾကားကေတာ့ ပန္းေတြကို ၾကာၾကာခံေစႏိုင္တဲ့ အစြမ္း ရွိပါတယ္။

    Ref. proflowers.com

    Credit- ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy-Burmese Edition

    (Unicode)

    ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းများ

    ပန်းအိုးထိုးတဲ့အခါ ပန်းတွေကို ကြာကြာခံနေစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ အလုပ်စားပွဲမှာ အလှပန်းအိုး ထိုးတာမျိုးဖြစ်ဖြစ်၊ သင့်အိမ်ဧည့်ခန်းမှာ အလှဆင်တာမျိုးနဲ့ ဘုရားမှာ ပန်းအိုးထိုးပြီး ပန်းကပ် ပူဇော်တဲ့အခါ ပန်းတွေ ခဏလေးနဲ့ ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

    (၁) ပန်းတွေ ဝယ်လာတဲ့အခါ ရေဆေးပြီး ပန်းအိုးထိုးတာမျိုးကို ချက်ချင်း မလုပ်ဘဲ ပန်းအရိုးရဲ့ အောက်ခြေ ပင်စည်ကို ၂ လက်မခန့် ခပ်စောင်းစောင်းလေး ဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာ ပန်းတွေ ရေစုပ်အား ပိုမိုကောင်းမွန်စေပြီး ကြာကြာခံစေပါတယ်။

    (၂) ပန်းအိုးထိုးတဲ့အခါ ပန်းအိုးထဲက ရေနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့ အရွက်တွေကို ခြွေပေးရမှာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ပေးခြင်းဟာ ရက်အနည်းငယ်ကြာတဲ့အခါ ပန်းအိုးထဲက ရေပုပ်နံ့လို အနံ့မကောင်းတာမျိုးကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပန်းအရိုးတံ ပုပ်ပြီး အညှိုးနွမ်းမြန်တာမျိုးကိုလည်း မဖြစ်စေနိုင်ပါဘူး။

    (၃) ပန်းအိုး ထိုးပြီးတဲ့အခါ အခန်းအပူချိန်ပေါ် မူတည်ပြီး ရေကို ရက်ခြားဆိုသလို ပုံမှန် လဲလှယ်ပေးသင့်ပါတယ်။ ရေလဲတဲ့အခါတိုင်းလည်း ပန်းအရိုးတံကို လိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်။

    (၄) ပန်းအိုး ထိုးတဲ့အခါ ပန်းအိုးထဲက ရေထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာခန့် ထည့်ပေးခြင်းဟာ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့အပြင် ပန်းအိုးထဲကရေတွေ အချိန်ကြာလို့ အနံ့အသက် မကောင်းတော့တာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။

    (၅) ပန်းတွေ ကြာကြာခံစေမယ့် နောက်ထပ် နည်းလမ်းကောင်းတခုကတော့ ပန်းအိုးထိုးတဲ့အခါတိုင်း ပန်းအိုးထဲက ရေထဲကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သကြား လက်ဖက်ရည်ဇွန်း တဝက်စာခန့်ကို ရောစပ်ပြီး ထည့်ပေးရမှာပါ။ ပန်းသီးရှာလကာရည်ဟာ ပန်းအရိုးတံတွေကို ပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး သကြားကတော့ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့ အစွမ်း ရှိပါတယ်။

    Ref. proflowers.com

    Credit- ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy-Burmese Edition

  • ရန္ကုန္မွာ ခပ္စိပ္စိပ္ေတြ႕ေနရတဲ့ ပဒူေကာင္ႏွင့္ ေဆာင္ရန္ ေရွာင္ရန္ ကုသရန္

    (Zawgyi)

    ပဒူေကာင္(ဆရာဘႏွင့္အတူေနစဥ္)

    ခုရက္ထဲ ရန္ကုန္ထဲမွာကို ပဒူေကာင္ေတြ အိမ္လာဖြဲ႕ေၾကာင္း မီးသတ္တပ္ဖြဲ႕ဝင္ေတြ မီးရႈိ႕ရွင္းလင္းေနတာေတြေတြ႕ေနရပါတယ္။ အခုလည္း ညီမေလးတစ္ေယာက္ လာေမးလို႔ ဒီအေၾကာင္းေရးျဖစ္တာပါ။ အမွန္ေတာ့ အသက္ပါေသေစႏိုင္လို႔ ဖတ္ျဖစ္ေအာင္ ဖတ္ထားေစခ်င္တယ္။

    ပဒူေကာင္ကို ပ်ားတူေကာင္လို႔ေခၚပါတယ္။ နယ္ေဒသေတြမွာ ပ်ားအုံ႔ထဲ က်ဴးေက်ာ္ၿပီး သိမ္းပိုက္တတ္တဲ့ ပ်ားေကာင္အႀကီး ပုံစံတူမို႔ပါ။ ပဒူေကာင္သဘာဝကို ကြၽန္ေတာ္ကိုယ္တိုင္ ဆရာဘနဲ႔ ေဆးကုလိုက္စဥ္က ႀကဳံခဲ့ရပါတယ္။ ဆရာဘသင္ေပးတဲ့ အဓိကအခ်က္ေတြကို မွ်ေဝျခင္းပါ။

    ပဒူေကာင္မွာ ပ်ားေတြလိုပဲ ကင္းေထာက္၊ လုံၿခဳံေရး၊ တိုက္ခိုက္ေရးဆိုတဲ့ အုပ္စုေတြအတိုင္းပဲေနထိုင္ၾကပါတယ္။ လူကို တစ္ေကာင္ ၂ေကာင္တုတ္ရင္ ေတာ္ပါေသးရဲ႕။ အုပ္လိုက္ တုပ္ၿပီး ဆိုရင္ေတာ့အသက္ပါ ေသႏိုင္ပါတယ္။ ေအာက္ပါအခ်က္ေတြကို လိုက္နာရင္ ေသမယ့္ေဘး ေဝးေစပါတယ္။

    အစမွာ ဆုံရမွာက ကင္းေထာက္ပဒူေကာင္ပါ။ သူသိပ္ႀကိဳက္တာ ငွက္ေပ်ာသီးပါ။ ၿပီးေတာ့ ေခြၽးထြက္မ်ားတဲ့ ကေလးေတြအနံ႔ပါ။ အနားလာကပ္နားရင္ သတိ- လုံး၀ လုံးဝမ႐ိုက္သတ္ပါနဲ႔။ သတ္လိုက္တာက တစ္ေကာင္ထဲ။ ေသသြားတဲ့အေကာင္ဟာ သူ႔ကိုယ္ကေန သူတို႔ခ်င္း ကိုက္ ၅၀၀ အတြင္း ရႏိုင္တဲ့ အနံ႔တစ္မ်ိဳး ထုတ္လႊတ္ပါတယ္။ ထိုအနံ႔ကို သူရဲ႕အဖြဲ႕က ၁ မိနစ္ကေန မိနစ္ ၂၀ အတြင္း ရႏိုင္ပါတယ္။ ဒီအနံ႔ေၾကာင့္ မိတ္ေဆြ ေျပးႏိုင္မွ လြတ္မယ္ဆိုတာ မေျပာပါနဲ႔ေတာ့။ မိတ္ေဆြေျပးမလြတ္ေတာ့ပါ။ ပဒူေကာင္ေတြဟာ ၁ နာရီကို မိုင္ ၂၀ ေက်ာ္ ပ်ံႏိုင္စြမ္းရွိတဲ့ အေကာင္ေသး စူပါမန္းေတြပါ။

    သတ္မိသြားၿပီ မိမိကိုယ္မွာ ထိုကင္းေထာက္ကေပးတဲ့ အနံ႔ဆြဲေနတယ္ အျခားေကာင္ေတြ ထပ္လာၿပီးထင္ရင္ ငံျပာရည္ကို တစ္ကိုယ္လုံး အျမန္လိမ္းပါ။ လူေတြအနားမွ ေရွာင္ေနပါ။ ပဒူေတြ အနားလာကပ္ရင္ ၿငိမ္ေနလိုက္ပါ။

    ကေလးငယ္ေလးေတြ အျဖစ္မ်ားပါတယ္။ ငွက္ေပ်ာသီးစား ေျပးလႊား၊ ပဒူကင္းေထာက္နဲ႔တိုး၊ သတ္မိ၊ ဘာမွန္းမသိ အိမ္ျပန္လာ။ သူတို႔လိုက္လာၿပီး သမေပါ့။ ဒါေၾကာင့္မွတ္ထားသင့္ပါတယ္။ ကင္းေထာက္ေတြကို လုံး၀ မသတ္ပါနဲ႔။ သူတို႔ဟာ ေထာက္လွမ္းေရးသာ လုပ္ပါတယ္။ တန္းမကိုက္ပါ။ ၿငိမ္ေနလိုက္ပါ။

    သုံးေလးေကာင္သာ အတုပ္ခံရတယ္ဆို ဆူးေလးႏႈတ္ၿပီး ေရႏိုင္ႏိုင္ေဆးပါ။ ဘာမီတြန္လိုေဆးမ်ိဳးတိုက္ပါ။ အျခားေနရာေတြပါ ေရာင္လာတယ္ ဘုေတြထြက္လာတယ္ အကြက္ေတြထြက္လာတယ္ဆိုေဆး႐ုံသြားပါ။ ေလးငါးဆယ္ေကာင္ထိ ကိုက္ခံရရင္ အသက္ရွဴက်ပ္ပါတယ္။ မူးေဝေအာ့အန္ပါတယ္။ ဒါဆိုေဆး႐ုံေျပးပါ။ လည္ႁပြန္ေတြ ေရာင္လာပါၿပီ။

    ထပ္ေျပာပါမယ္၊ ပဒူအုံနား သြားမိလို႔ ကင္းေထာက္ေကာင္နဲ႔ေတြ႕ရင္ ၿငိမ္ေနလိုက္ပါ။ သူကင္းေထာက္ၿပီးရင္ ပ်ံသြားပါတယ္။ မစိုးရိမ္ပါနဲ႔။ ထပ္ေျပာရရင္ မီးခိုးနဲ႔ ပ်ားေတြလိုေျပးမယ္ထင္ သြားမႏွင္ပါနဲ႔။မိတ္ေဆြႏွင္မိရင္ မိတ္ေဆြအသက္ ဖက္နဲ႔ထုပ္ေတာ့ပဲ။ မျဖစ္မေန ႏွင္မယ္ဆို မီးသတ္အဖြဲ႕လည္း ဆက္သြယ္မရဆိုရင္ေတာ့ မီးေသြးခဲေပၚ င႐ုတ္ေကာင္းျဖဴးၿပီး ေအာက္နားခ်ထားေပးလိုက္ပါ။ မီးခိုးနည္းနည္းပဲထြက္ပါေစ။ ကိုက္ ၃၀၀ ဝန္းက်င္ လူလုံးဝမသြားၾကပါနဲ႔။ လူေတြတစ္ေနရာ ၿငိမ္ၿပီးေရွာင္ေနလိုက္ပါ။ ကိုယ့္အိမ္ကႏွင္ၿပီး ပတ္ဝန္းက်င္ သတင္းမေပးထားရင္ေတာ့ ကိုက္ ၃၀၀ အတြင္းက လူေတြ ပစ္မွတ္ျဖစ္သြားတတ္ပါတယ္။

    ေသေလာက္သည္အထိ အႏၲရာယ္ရွိလို႔ မေပါ့ဆပါနဲ႔။ ကြယ္လြန္သြားၿပီျဖစ္တဲ့ ဆရာဘကိုယ္တိုင္ ေျပာျပလုပ္ျပခဲ့သည့္ နည္းလမ္းမ်ား ျဖစ္ပါတယ္။ ကိုယ္စိတ္ထင္ရာ ျပန္ျပင္ၿပီး မမွ်ေဝပါနဲ႔ အသက္အႏၲရယ္မ်ားတဲ့ကိစၥ မို႔ပါ။ ဒီတိုင္းလြတ္လပ္စြာ မွ်ေဝႏိုင္ပါတယ္။

    Credit- သန္းထိုက္(ေ႐ႊရိပ္)

    (Unicode)

    ပဒူကောင်(ဆရာဘနှင့်အတူနေစဉ်)

    ခုရက်ထဲ ရန်ကုန်ထဲမှာကို ပဒူကောင်တွေ အိမ်လာဖွဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တွေ မီးရှို့ရှင်းလင်းနေတာတွေတွေ့နေရပါတယ်။ အခုလည်း ညီမလေးတစ်ယောက် လာမေးလို့ ဒီအကြောင်းရေးဖြစ်တာပါ။ အမှန်တော့ အသက်ပါသေစေနိုင်လို့ ဖတ်ဖြစ်အောင် ဖတ်ထားစေချင်တယ်။

    ပဒူကောင်ကို ပျားတူကောင်လို့ခေါ်ပါတယ်။ နယ်ဒေသတွေမှာ ပျားအုံ့ထဲ ကျူးကျော်ပြီး သိမ်းပိုက်တတ်တဲ့ ပျားကောင်အကြီး ပုံစံတူမို့ပါ။ ပဒူကောင်သဘာဝကို ကျွန်တော်ကိုယ်တိုင် ဆရာဘနဲ့ ဆေးကုလိုက်စဉ်က ကြုံခဲ့ရပါတယ်။ ဆရာဘသင်ပေးတဲ့ အဓိကအချက်တွေကို မျှဝေခြင်းပါ။

    ပဒူကောင်မှာ ပျားတွေလိုပဲ ကင်းထောက်၊ လုံခြုံရေး၊ တိုက်ခိုက်ရေးဆိုတဲ့ အုပ်စုတွေအတိုင်းပဲနေထိုင်ကြပါတယ်။ လူကို တစ်ကောင် ၂ကောင်တုတ်ရင် တော်ပါသေးရဲ့။ အုပ်လိုက် တုပ်ပြီး ဆိုရင်တော့အသက်ပါ သေနိုင်ပါတယ်။ အောက်ပါအချက်တွေကို လိုက်နာရင် သေမယ့်ဘေး ဝေးစေပါတယ်။

    အစမှာ ဆုံရမှာက ကင်းထောက်ပဒူကောင်ပါ။ သူသိပ်ကြိုက်တာ ငှက်ပျောသီးပါ။ ပြီးတော့ ချွေးထွက်များတဲ့ ကလေးတွေအနံ့ပါ။ အနားလာကပ်နားရင် သတိ- လုံး၀ လုံးဝမရိုက်သတ်ပါနဲ့။ သတ်လိုက်တာက တစ်ကောင်ထဲ။ သေသွားတဲ့အကောင်ဟာ သူ့ကိုယ်ကနေ သူတို့ချင်း ကိုက် ၅၀၀ အတွင်း ရနိုင်တဲ့ အနံ့တစ်မျိုး ထုတ်လွှတ်ပါတယ်။ ထိုအနံ့ကို သူရဲ့အဖွဲ့က ၁ မိနစ်ကနေ မိနစ် ၂၀ အတွင်း ရနိုင်ပါတယ်။ ဒီအနံ့ကြောင့် မိတ်ဆွေ ပြေးနိုင်မှ လွတ်မယ်ဆိုတာ မပြောပါနဲ့တော့။ မိတ်ဆွေပြေးမလွတ်တော့ပါ။ ပဒူကောင်တွေဟာ ၁ နာရီကို မိုင် ၂၀ ကျော် ပျံနိုင်စွမ်းရှိတဲ့ အကောင်သေး စူပါမန်းတွေပါ။

    သတ်မိသွားပြီ မိမိကိုယ်မှာ ထိုကင်းထောက်ကပေးတဲ့ အနံ့ဆွဲနေတယ် အခြားကောင်တွေ ထပ်လာပြီးထင်ရင် ငံပြာရည်ကို တစ်ကိုယ်လုံး အမြန်လိမ်းပါ။ လူတွေအနားမှ ရှောင်နေပါ။ ပဒူတွေ အနားလာကပ်ရင် ငြိမ်နေလိုက်ပါ။

    ကလေးငယ်လေးတွေ အဖြစ်များပါတယ်။ ငှက်ပျောသီးစား ပြေးလွှား၊ ပဒူကင်းထောက်နဲ့တိုး၊ သတ်မိ၊ ဘာမှန်းမသိ အိမ်ပြန်လာ။ သူတို့လိုက်လာပြီး သမပေါ့။ ဒါကြောင့်မှတ်ထားသင့်ပါတယ်။ ကင်းထောက်တွေကို လုံး၀ မသတ်ပါနဲ့။ သူတို့ဟာ ထောက်လှမ်းရေးသာ လုပ်ပါတယ်။ တန်းမကိုက်ပါ။ ငြိမ်နေလိုက်ပါ။

    သုံးလေးကောင်သာ အတုပ်ခံရတယ်ဆို ဆူးလေးနှုတ်ပြီး ရေနိုင်နိုင်ဆေးပါ။ ဘာမီတွန်လိုဆေးမျိုးတိုက်ပါ။ အခြားနေရာတွေပါ ရောင်လာတယ် ဘုတွေထွက်လာတယ် အကွက်တွေထွက်လာတယ်ဆိုဆေးရုံသွားပါ။ လေးငါးဆယ်ကောင်ထိ ကိုက်ခံရရင် အသက်ရှူကျပ်ပါတယ်။ မူးဝေအော့အန်ပါတယ်။ ဒါဆိုဆေးရုံပြေးပါ။ လည်ပြွန်တွေ ရောင်လာပါပြီ။

    ထပ်ပြောပါမယ်၊ ပဒူအုံနား သွားမိလို့ ကင်းထောက်ကောင်နဲ့တွေ့ရင် ငြိမ်နေလိုက်ပါ။ သူကင်းထောက်ပြီးရင် ပျံသွားပါတယ်။ မစိုးရိမ်ပါနဲ့။ ထပ်ပြောရရင် မီးခိုးနဲ့ ပျားတွေလိုပြေးမယ်ထင် သွားမနှင်ပါနဲ့။မိတ်ဆွေနှင်မိရင် မိတ်ဆွေအသက် ဖက်နဲ့ထုပ်တော့ပဲ။ မဖြစ်မနေ နှင်မယ်ဆို မီးသတ်အဖွဲ့လည်း ဆက်သွယ်မရဆိုရင်တော့ မီးသွေးခဲပေါ် ငရုတ်ကောင်းဖြူးပြီး အောက်နားချထားပေးလိုက်ပါ။ မီးခိုးနည်းနည်းပဲထွက်ပါစေ။ ကိုက် ၃၀၀ ဝန်းကျင် လူလုံးဝမသွားကြပါနဲ့။ လူတွေတစ်နေရာ ငြိမ်ပြီးရှောင်နေလိုက်ပါ။ ကိုယ့်အိမ်ကနှင်ပြီး ပတ်ဝန်းကျင် သတင်းမပေးထားရင်တော့ ကိုက် ၃၀၀ အတွင်းက လူတွေ ပစ်မှတ်ဖြစ်သွားတတ်ပါတယ်။

    သေလောက်သည်အထိ အန္တရာယ်ရှိလို့ မပေါ့ဆပါနဲ့။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာဘကိုယ်တိုင် ပြောပြလုပ်ပြခဲ့သည့် နည်းလမ်းများ ဖြစ်ပါတယ်။ ကိုယ်စိတ်ထင်ရာ ပြန်ပြင်ပြီး မမျှဝေပါနဲ့ အသက်အန္တရယ်များတဲ့ကိစ္စ မို့ပါ။ ဒီတိုင်းလွတ်လပ်စွာ မျှဝေနိုင်ပါတယ်။

    Credit- သန်းထိုက်(ရွှေရိပ်)

  • ငရုတ္ပိုမိုသီးရန္ႏွင့္ ပိုမိုစပ္ေစရန္

    (Zawgyi)

    ငရုတ္ပိုမိုသီးရန္ႏွင့္ ပိုမိုစပ္ေစရန္

    နတ္ေမာက္ျမိဳ႕၏ အေရွ႕ဘက္ ခုႏွစ္မိုင္ခန္႕ကြာေ၀းေသာ “ေဂြးကုန္း” ေက်းရြာသို႕ အသြားခရီးတြင္ ငရုတ္သီးဆြတ္ခူးေနေသာ ေတာင္သူတစ္ဦးႏွင့္ ေတြ႕ဆံုရပါသည္။ သူ၏ ငရုတ္ခင္းမ်ားမွာ ပန္းဆီအိုးၾကီး ေလာင္းခ်ထားသလို ငရုတ္သီးမ်ား ရဲရဲေတာက္ မွည့္ေန႕၊ သီးေနျပီး ပတ္၀န္းက်င္ အနီးအနား ငရုတ္ခင္းမ်ားထက္ ပိုမိုသီးေနသည္ကို ထင္ရွားစြာ သိျမင္ရပါသည္။ စကားစပ္စု ေမးျမန္းၾကည့္ရာ –

    “က်ုပ္နာမည္က ကိုရွိန္ပါ။ ခင္ဗ်ားျမင္တဲ့အတိုင္းပဲ။ က်ဳပ္ငရုတ္ခင္းက ပိုသီးတယ္။ ယွဥ္ျပီး စားၾကည့္လိုက္၊ ပိုစပ္တယ္ဗ်” “ဒီအတိုင္းေတာ့ မစားရဲပါဘူးဗ်ာ”

    သေဘာေျပာျပတာပါ။ ပိုသီး၊ ပိုစပ္ေအာင္ ပ်ိဳးေထာင္ကတည္းက ဂရုတစိုက္ လုပ္ခဲ့တာေလဗ်ာ။ အဲ အဲ့ဒါေလး ေျပာျပပါလားဗ်ာ။

    ငရုတ္မ်ိဳးေစ့ကို ေအာာင္ျမင္တာ ေရြးပ်ိဳး။ အဓိက,က ဆိတ္ေခ်းေျမေဆြးကို မႈန္႕ေအာင္လုပ္ျပီး ပ်ိဳးေထာင္ကတည္းက ေအာက္ခံထည့္ရတယ္။ ပ်ိဳးပင္တစ္ထြာေလာက္ အျမင့္ ယာခင္းေျမေပၚ ေျပာင္းစိုက္တဲ့အခ်ိန္မွာ တစ္ပင္နဲ႕တစ္ပင္၊ တစ္ေပအနည္းဆံုးခြာျပီး ဆိတ္ေခ်းလက္တစ္ဆုပ္ေလာက္ တစ္ပင္ခ်င္းမွာ ထည့္ခံျပီး စိုက္ရတယ္။ အဲ့လိုသာ စိုက္ရင္ မုခ်ပိုသီးတယ္၊ ပိုစပ္တယ္။ အခုခင္ဗ်ား လက္ေတြ႕အျမင္ပါပဲဗ်ာ။

    ဟုတ္ကဲ့ေက်းဇူးတင္ပါတယ္ဗ်ာ။

    ေဂြးကုန္းရြာမွ ငရုတ္စိုက္ေတာင္သူ ဦးရွိန္ရဲ႕ လက္ေတြ႕ရွင္းျပခ်က္ကို တင္ျပလိုက္ပါတယ္။

    ၾကီးပြားတိုးတက္ၾကပါေစ။

    ေအာင္အိုး(နတ္ေမာက္)

    နကၡတေရာင္ျခည္မဂၢဇင္း၊ အမွတ္(၂၃၈)

    (Unicode)

    ငရုတ်ပိုမိုသီးရန်နှင့် ပိုမိုစပ်စေရန်

    နတ်မောက်မြို့၏ အရှေ့ဘက် ခုနှစ်မိုင်ခန့်ကွာဝေးသော “ဂွေးကုန်း” ကျေးရွာသို့ အသွားခရီးတွင် ငရုတ်သီးဆွတ်ခူးနေသော တောင်သူတစ်ဦးနှင့် တွေ့ဆုံရပါသည်။ သူ၏ ငရုတ်ခင်းများမှာ ပန်းဆီအိုးကြီး လောင်းချထားသလို ငရုတ်သီးများ ရဲရဲတောက် မှည့်နေ့၊ သီးနေပြီး ပတ်ဝန်းကျင် အနီးအနား ငရုတ်ခင်းများထက် ပိုမိုသီးနေသည်ကို ထင်ရှားစွာ သိမြင်ရပါသည်။ စကားစပ်စု မေးမြန်းကြည့်ရာ –

    “ကျုပ်နာမည်က ကိုရှိန်ပါ။ ခင်ဗျားမြင်တဲ့အတိုင်းပဲ။ ကျုပ်ငရုတ်ခင်းက ပိုသီးတယ်။ ယှဉ်ပြီး စားကြည့်လိုက်၊ ပိုစပ်တယ်ဗျ” “ဒီအတိုင်းတော့ မစားရဲပါဘူးဗျာ”

    သဘောပြောပြတာပါ။ ပိုသီး၊ ပိုစပ်အောင် ပျိုးထောင်ကတည်းက ဂရုတစိုက် လုပ်ခဲ့တာလေဗျာ။ အဲ အဲ့ဒါလေး ပြောပြပါလားဗျာ။

    ငရုတ်မျိုးစေ့ကို အောာင်မြင်တာ ရွေးပျိုး။ အဓိက,က ဆိတ်ချေးမြေဆွေးကို မှုန့်အောင်လုပ်ပြီး ပျိုးထောင်ကတည်းက အောက်ခံထည့်ရတယ်။ ပျိုးပင်တစ်ထွာလောက် အမြင့် ယာခင်းမြေပေါ် ပြောင်းစိုက်တဲ့အချိန်မှာ တစ်ပင်နဲ့တစ်ပင်၊ တစ်ပေအနည်းဆုံးခွာပြီး ဆိတ်ချေးလက်တစ်ဆုပ်လောက် တစ်ပင်ချင်းမှာ ထည့်ခံပြီး စိုက်ရတယ်။ အဲ့လိုသာ စိုက်ရင် မုချပိုသီးတယ်၊ ပိုစပ်တယ်။ အခုခင်ဗျား လက်တွေ့အမြင်ပါပဲဗျာ။

    ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ။

    ဂွေးကုန်းရွာမှ ငရုတ်စိုက်တောင်သူ ဦးရှိန်ရဲ့ လက်တွေ့ရှင်းပြချက်ကို တင်ပြလိုက်ပါတယ်။

    ကြီးပွားတိုးတက်ကြပါစေ။

    အောင်အိုး(နတ်မောက်)

    နက္ခတရောင်ခြည်မဂ္ဂဇင်း၊ အမှတ်(၂၃၈)

  • ကၽြတ္သြားတဲ့ဆံပင္ေတြကို ျပန္ေပါက္ေစမယ့္ သဘာ၀နည္းလမ္း

    (Zawgyi)

    ကြၽတ္သြားတဲ့ဆံပင္ေတြကို ျပန္ေပါက္ေစမယ့္ သဘာဝနည္းလမ္း (ငွက္ေပ်ာသီးနဲ႔ ၾကက္ဥအႏွစ္)

    လွပၿပီး စြဲေဆာင္မႈရွိတဲ့ ဆံေကသာကို အမ်ိဳးသမီးတိုင္း ပိုင္ဆိုင္ခ်င္ၾကပါတယ္။ ေဈးကြက္မွာ ရွိေနတဲ့ ျပဳျပင္ထိန္းသိမ္းနည္းေတြက ေဈးႀကီးၿပီး လက္ေတြ႕မွာ ထိေရာက္မႈ မရွိလို႔ စိတ္ညစ္ေနလား။

    သဘာဝနည္းလမ္းနဲ႔ အေျဖရွာၾကရေအာင္ပါ။

    ျပဳလုပ္နည္း –

    တစ္ေန႔ကို လူတစ္ဦးမွာ အနည္းဆုံး ဆံပင္အေခ်ာင္း ၅၀ ကေန ၁၀၀ ထိကြၽတ္ၾကပါတယ္။ ဒါကိုစိုးရိမ္စရာမလိုေတာ့ပါဘူး။

    ပါဝင္ပစၥည္း –

    ငွက္ေပ်ာသီး တစ္ဝက္

    ၾကက္ဥအႏွစ္ ၁ လုံး

    ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

    ဘီယာ ခြက္တစ္ဝက္

    ျပင္ဆင္ျခင္း

    ပါဝင္ပစၥည္းအားလုံးကို ေမႊစက္ (သို႔) ေဖ်ာ္စက္ထဲထည့္ၿပီး ေဖ်ာ္လိုက္ပါ။ အဲဒီအရည္ကို ဆံပင္ကြၽတ္လို႔ ပါးေနတဲ့ေနရာမွာ လိမ္းေပးၿပီး ၁ နာရီ ၂ နာရီေလာက္ထားပါ။ အဲဒီလိုလိမ္းထားခ်ိန္မွာ ပူေႏြးလာတာကို ခံစားရပါလမ့္မယ္။ စိတ္မပူပါနဲ႔ ဒါဟာ ေဖ်ာ္ရည္ရဲ႕ အာနိသင္ အေရျပားထဲကို စိမ့္ဝင္ေနတာ ျဖစ္ပါတယ္။ ၿပီးရင္ ေခါင္းေလွ်ာ္ခ်ပါ။

    တစ္ပတ္ေလာက္ ပုံမွန္လုပ္ေပးတာနဲ႔ ရလဒ္ေကာင္းေတြရရွိလာမွာ ျဖစ္ပါတယ္။

    Credit: MyFoodMyanmar

    (Unicode)

    ကျွတ်သွားတဲ့ဆံပင်တွေကို ပြန်ပေါက်စေမယ့် သဘာဝနည်းလမ်း (ငှက်ပျောသီးနဲ့ ကြက်ဥအနှစ်)

    လှပပြီး စွဲဆောင်မှုရှိတဲ့ ဆံကေသာကို အမျိုးသမီးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ ဈေးကွက်မှာ ရှိနေတဲ့ ပြုပြင်ထိန်းသိမ်းနည်းတွေက ဈေးကြီးပြီး လက်တွေ့မှာ ထိရောက်မှု မရှိလို့ စိတ်ညစ်နေလား။

    သဘာဝနည်းလမ်းနဲ့ အဖြေရှာကြရအောင်ပါ။

    ပြုလုပ်နည်း –

    တစ်နေ့ကို လူတစ်ဦးမှာ အနည်းဆုံး ဆံပင်အချောင်း ၅၀ ကနေ ၁၀၀ ထိကျွတ်ကြပါတယ်။ ဒါကိုစိုးရိမ်စရာမလိုတော့ပါဘူး။

    ပါဝင်ပစ္စည်း –

    ငှက်ပျောသီး တစ်ဝက်

    ကြက်ဥအနှစ် ၁ လုံး

    ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

    ဘီယာ ခွက်တစ်ဝက်

    ပြင်ဆင်ခြင်း

    ပါဝင်ပစ္စည်းအားလုံးကို မွှေစက် (သို့) ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ အဲဒီအရည်ကို ဆံပင်ကျွတ်လို့ ပါးနေတဲ့နေရာမှာ လိမ်းပေးပြီး ၁ နာရီ ၂ နာရီလောက်ထားပါ။ အဲဒီလိုလိမ်းထားချိန်မှာ ပူနွေးလာတာကို ခံစားရပါလမ့်မယ်။ စိတ်မပူပါနဲ့ ဒါဟာ ဖျော်ရည်ရဲ့ အာနိသင် အရေပြားထဲကို စိမ့်ဝင်နေတာ ဖြစ်ပါတယ်။ ပြီးရင် ခေါင်းလျှော်ချပါ။

    တစ်ပတ်လောက် ပုံမှန်လုပ်ပေးတာနဲ့ ရလဒ်ကောင်းတွေရရှိလာမှာ ဖြစ်ပါတယ်။

    Credit: MyFoodMyanmar

  • ေျမဝယ္မယ္ဆိုရင္ မသိမျဖစ္ သိထားသင့္တဲ့ အခ်က္မ်ား

    (Zawgyi)

    ေျမဝယ္မယ္ဆိုရင္ မသိမျဖစ္ သိထားသင့္တဲ့ အခ်က္မ်ား

    ေျမဝယ္ယူမယ္ဆိုရင္ ေအာက္ပါအခ်က္ေတြ သိထားသင့္ပါတယ္။

    ၁။ ေျမပိုင္ဆိုင္မႈ အမ်ိဳးအစား

    မိမိအေနနဲ႔ ေျမဝယ္ယူမယ္ဆိုရင္ ေျမပိုင္ဆိုင္မႈ အမ်ိဳးအစားကို သိရွိရန္ အေရးႀကီးပါတယ္။ ဥပမာ – လယ္ေျမ၊ ႐ြာေျမ၊ ဥယ်ာဥ္ၿခံေျမ၊ ဂရန္ေျမ၊ ဘိုးဘြားပိုင္ေျမ စတဲ့ ေျမအမ်ိဳးအစား မ်ားစြာရွိတဲ့အတြက္ မိမိဝယ္ယူမယ့္ ေျမအမ်ိဳးအစားကို သိရွိဖို႔လိုအပ္ပါတယ္။ ေျမအမ်ိဳးအစားေပၚ မူတည္ၿပီး ခိုင္မာမႈ၊ ေဈးႏႈန္းကြာျခားခ်က္ ေတြရွိေနတာေၾကာင့္ မိမိကိုယ္တိုင္နားမလည္ပါက တတ္ကြၽမ္းနားလည္သူနဲ႔ ဝယ္ယူသင့္ပါတယ္။

    ၂။ ေျမပိုင္ဆိုင္မႈ အေထာက္အထား မွန္ကန္မႈ၊ ရွိမရွိ

    ေျမပိုင္ဆိုင္မႈ အေထာက္အထားအမွန္ကန္မႈ ရွိ၊ မရွိ စစ္ေဆးတတ္ဖို႔ လိုအပ္ပါတယ္။ ေျမပိုင္ဆိုင္မႈအေထာက္အထား မွန္ကန္မႈ မရွိပါက မိမိေငြေၾကး ဆုံးရႈံးနစ္နာမႈႏွင့္ တရား႐ုံးမွာ အမႈဖြင့္ၿပီး အမႈရင္ဆိုင္ရႏိုင္တာေၾကာင့္ ၎အခ်က္က အေရးႀကီးပါတယ္။ မိမိကိုယ္တိုင္ မစစ္ေဆးတတ္ပါက တတ္ကြၽမ္းနားလည္သူကို ေခၚယူစစ္ေဆးရန္ အေရးႀကီးပါတယ္။

    ၃။စာခ်ဳပ္ကို ပိုင္ဆိုင္မႈခိုင္မာစြာ ခ်ဳပ္ဆိုရင္

    မိမိဝယ္ယူတဲ့ ေျမနဲ႔ပတ္သက္ၿပီး ေငြေပးေခ်မယ္ဆိုပါက စရန္စာခ်ဳပ္မွ ၿပီးဆုံးတဲ့အထိ စာခ်ဳပ္အေရးအသားကို ပိုင္ဆိုင္စြာ ခ်ဳပ္ဆိုတတ္ရန္လည္း အေရးႀကီးပါတယ္။ ၿပီးစလြယ္ ခ်ဳပ္ဆိုမယ္ဆိုရင္ ေနာက္ေငြေပးေခ်မႈ အဆင့္တိုင္းမွာ နစ္နာမႈ ရွိတာေၾကာင့္ စရန္စာခ်ဳပ္အေရးအသား အခ်က္အလက္နဲ႔ ေငြေပးေခ်မႈ အဆင့္ဆင့္ ရက္စြဲေတြကို တိက်စြာ ေရးသားထားဖို႔ လိုအပ္ပါတယ္။ ေငြေပးေခ်မႈ အဆင့္တိုင္းမွာလဲ မည္မွ်ရာခိုင္ႏႈန္း ေပးၿပီးပါက ဝယ္ယူတဲ့ပိုင္ဆိုင္မႈ ပစၥည္းရဲ႕ မူရင္းအခ်ိဳ႕ လက္ဝယ္ကိုရရွိႏိုင္ဖို႔ ထည့္သြင္းခ်ဳပ္ဆိုႏိုင္ရန္ ေရးဖို႔ အေရးႀကီးပါတယ္။

    ၄။ မျဖစ္မေန မိမိဝယ္ယူထားတဲ့ ေျမနဲ႔ပတ္သက္ၿပီး သတင္းစာမွာ ကန႔္ကြက္ႏိုင္ေၾကာင္းထည့္ရန္

    မိမိဝယ္ယူထားတဲ့ ေျမနဲ႔ပတ္သက္ၿပီး စရန္ေငြေပးေခ်ၿပီးတာနဲ႔ ရက္မဆိုင္းဘဲ သတင္းစာထဲမွာ ၎ေျမနဲ႔ ပတ္သက္ၿပီး ကန႔္ကြက္သူရွိပါက ကန႔္ကြက္ႏိုင္ရန္ ဖိတ္ေခၚတဲ့အေနနဲ႔ ေၾကာ္ျငာထည့္သင့္ပါတယ္။

    ၅။ ကိုယ္ဝယ္ယူမယ့္ ေျမေပါက္ေဈးကို သိရန္လိုအပ္

    မိမိဝယ္ယူမယ့္ ေျမေပါက္ေဈးကို ေသခ်ာစုံစမ္းေမးျမန္းရန္ လိုအပ္ပါတယ္။ ေပါက္ေဈး မသိရွိပါက အေၾကာင္းအမ်ိဳမ်ိဳးေၾကာင့္ မိမိဝယ္ယူမယ့္ ေျမေဈးႏႈန္းဟာ ေပါက္ေဈးထက္ မ်ားတတ္ေၾကာင္း သတိထားရမွာပါ။

    Credit- le’ Moe (Shweproperty.com)

    https://www.shweproperty.com/property-guide/property-knowledge/land-buyer-know-tips-1449

    (Unicode)

    မြေဝယ်မယ်ဆိုရင် မသိမဖြစ် သိထားသင့်တဲ့ အချက်များ

    မြေဝယ်ယူမယ်ဆိုရင် အောက်ပါအချက်တွေ သိထားသင့်ပါတယ်။

    ၁။ မြေပိုင်ဆိုင်မှု အမျိုးအစား

    မိမိအနေနဲ့ မြေဝယ်ယူမယ်ဆိုရင် မြေပိုင်ဆိုင်မှု အမျိုးအစားကို သိရှိရန် အရေးကြီးပါတယ်။ ဥပမာ – လယ်မြေ၊ ရွာမြေ၊ ဥယျာဉ်ခြံမြေ၊ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ စတဲ့ မြေအမျိုးအစား များစွာရှိတဲ့အတွက် မိမိဝယ်ယူမယ့် မြေအမျိုးအစားကို သိရှိဖို့လိုအပ်ပါတယ်။ မြေအမျိုးအစားပေါ် မူတည်ပြီး ခိုင်မာမှု၊ ဈေးနှုန်းကွာခြားချက် တွေရှိနေတာကြောင့် မိမိကိုယ်တိုင်နားမလည်ပါက တတ်ကျွမ်းနားလည်သူနဲ့ ဝယ်ယူသင့်ပါတယ်။

    ၂။ မြေပိုင်ဆိုင်မှု အထောက်အထား မှန်ကန်မှု၊ ရှိမရှိ

    မြေပိုင်ဆိုင်မှု အထောက်အထားအမှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးတတ်ဖို့ လိုအပ်ပါတယ်။ မြေပိုင်ဆိုင်မှုအထောက်အထား မှန်ကန်မှု မရှိပါက မိမိငွေကြေး ဆုံးရှုံးနစ်နာမှုနှင့် တရားရုံးမှာ အမှုဖွင့်ပြီး အမှုရင်ဆိုင်ရနိုင်တာကြောင့် ၎င်းအချက်က အရေးကြီးပါတယ်။ မိမိကိုယ်တိုင် မစစ်ဆေးတတ်ပါက တတ်ကျွမ်းနားလည်သူကို ခေါ်ယူစစ်ဆေးရန် အရေးကြီးပါတယ်။

    ၃။စာချုပ်ကို ပိုင်ဆိုင်မှုခိုင်မာစွာ ချုပ်ဆိုရင်

    မိမိဝယ်ယူတဲ့ မြေနဲ့ပတ်သက်ပြီး ငွေပေးချေမယ်ဆိုပါက စရန်စာချုပ်မှ ပြီးဆုံးတဲ့အထိ စာချုပ်အရေးအသားကို ပိုင်ဆိုင်စွာ ချုပ်ဆိုတတ်ရန်လည်း အရေးကြီးပါတယ်။ ပြီးစလွယ် ချုပ်ဆိုမယ်ဆိုရင် နောက်ငွေပေးချေမှု အဆင့်တိုင်းမှာ နစ်နာမှု ရှိတာကြောင့် စရန်စာချုပ်အရေးအသား အချက်အလက်နဲ့ ငွေပေးချေမှု အဆင့်ဆင့် ရက်စွဲတွေကို တိကျစွာ ရေးသားထားဖို့ လိုအပ်ပါတယ်။ ငွေပေးချေမှု အဆင့်တိုင်းမှာလဲ မည်မျှရာခိုင်နှုန်း ပေးပြီးပါက ဝယ်ယူတဲ့ပိုင်ဆိုင်မှု ပစ္စည်းရဲ့ မူရင်းအချို့ လက်ဝယ်ကိုရရှိနိုင်ဖို့ ထည့်သွင်းချုပ်ဆိုနိုင်ရန် ရေးဖို့ အရေးကြီးပါတယ်။

    ၄။ မဖြစ်မနေ မိမိဝယ်ယူထားတဲ့ မြေနဲ့ပတ်သက်ပြီး သတင်းစာမှာ ကန့်ကွက်နိုင်ကြောင်းထည့်ရန်

    မိမိဝယ်ယူထားတဲ့ မြေနဲ့ပတ်သက်ပြီး စရန်ငွေပေးချေပြီးတာနဲ့ ရက်မဆိုင်းဘဲ သတင်းစာထဲမှာ ၎င်းမြေနဲ့ ပတ်သက်ပြီး ကန့်ကွက်သူရှိပါက ကန့်ကွက်နိုင်ရန် ဖိတ်ခေါ်တဲ့အနေနဲ့ ကြော်ငြာထည့်သင့်ပါတယ်။

    ၅။ ကိုယ်ဝယ်ယူမယ့် မြေပေါက်ဈေးကို သိရန်လိုအပ်

    မိမိဝယ်ယူမယ့် မြေပေါက်ဈေးကို သေချာစုံစမ်းမေးမြန်းရန် လိုအပ်ပါတယ်။ ပေါက်ဈေး မသိရှိပါက အကြောင်းအမျိုမျိုးကြောင့် မိမိဝယ်ယူမယ့် မြေဈေးနှုန်းဟာ ပေါက်ဈေးထက် များတတ်ကြောင်း သတိထားရမှာပါ။

    Credit- le’ Moe (Shweproperty.com)

    https://www.shweproperty.com/property-guide/property-knowledge/land-buyer-know-tips-1449

  • ျမတ္စြာဘုရားေဟာျကားခဲ့တဲ့ ဆင္းရဲၿပီး ဒုကၡေရာက္ေနသူမ်ား ျပဳသင့္တဲ့ ကုသုိလ္

    (Zawgyi)

    အရွင္ဘုရားဆင္းရဲႏြမ္းပါးၿပီး ေဆးဖိုးဝါးခ မတတ္ႏိုင္သူမ်ား၊ က်န္းမာေရးမေကာင္းလို႔ အလုပ္မလုပ္ႏိုင္ စားဝတ္ေနေရးပါ ဒုကၡေရာက္ရသူမ်ား ဘယ္လို ကုသိုလ္မ်ိဳး ျပဳသင့္ပါသလဲဘုရား။

    အဲဒီလိုအေျခအေနမ်ိဳးမွာ လုပ္ႏိုင္တဲ့ကုသိုလ္မ်ိဳးကို လုပ္ဖို႔လိုပါတယ္။ ဗုဒၶစာေပမွာ ပုညႀကိယဝတၱဳဆယ္မ်ိဳး (ေကာင္းေသာအက်ိဳး၏ တည္ရာျဖစ္၍ ျပဳသင့္ျပဳထိုက္တဲ့ ကုသိုလ္ဆယ္မ်ိဳး) ရွိေၾကာင္းေဖာ္ျပထားပါတယ္။ အဲဒီဆယ္မ်ိဳးကေတာ့…

    ၁။ ဒါန = ေပးကမ္းလႉဒါန္းျခင္း

    ၂။ သီလ = ငါးပါး၊ ရွစ္ပါး၊ ဆယ္ပါးစေသာ သီလေဆာက္တည္ျခင္း

    ၃။ ဘာဝနာ = တရားဓမၼက်င့္ႀကံအားထုတ္ျခင္း

    ၄။ အပစာယာန = အသက္သိကၡာ ဂုဏ္ဝါႀကီးသူအား အ႐ိုအေသျပဳျခင္း

    ၅။ ေဝယ်ာဝစၥ = သူမ်ားကုသိုလ္ေကာင္းမႈ၌ ကူညီေဆာင္႐ြက္လုပ္ကိုင္ေပးျခင္း

    ၆။ ပတၱိဒါန = မိမိရေသာ၊ မိမိလုပ္ေသာ ကုသိုလ္ေကာင္းမႈကို အမွ်ေပးေဝျခင္း

    ၇။ ပတၱာႏုေမာဒနာ = မိမိသို႔ေရာက္လာေသာ ကုသိုလ္အဖို႔ တစ္နည္းအားျဖင့္ သူမ်ားျပဳေသာ ကုသိုလ္အဖို႔ကို ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚယူျခင္း

    ၈။ ဓမၼႆဝန = တရားနာယူျခင္း

    ၉။ ဓမၼေဒသနာ = လာဘ္လာဘကို မငဲ့ဘဲ တရားေဟာေျပာျခင္း

    ၁၀။ ဒိ႒ိဇုကမၼ = အယူဝါဒကို ေျဖာင့္မတ္မွန္ကန္စြာ ျပဳျခင္းတို႔ျဖစ္ပါတယ္။

    ဒီဆယ္မ်ိဳးထဲက မိမိတို႔လုပ္ႏိုင္တဲ့ ကုသိုလ္မ်ိဳးကို လုပ္ေနပါကလည္း ကုသိုလ္ျဖစ္ေနၿပီး ဘာမွမလုပ္တာထက္စာရင္ အမ်ားႀကီးအက်ိဳးႀကီးပါတယ္။ ကုသိုလ္ဆိုတာ လုပ္တတ္ရင္ ယူတတ္ရင္ ရပါတယ္။ လႉစရာမရွိလို႔ ကုသိုလ္မရဘူးဆိုတာ မရွိပါဘူး။ ဒါနလုပ္မွသာ ကုသိုလ္ျဖစ္တာ မဟုတ္ပါဘူး။ ဒီမွာ ေဖာ္ျပထားတဲ့ ဆယ္မ်ိဳးထဲမွာ လုပ္လို႔ရတဲ့ကုသိုလ္ေတြ အမ်ားႀကီးပါ။ မိမိတို႔လုပ္ႏိုင္တဲ့ လုပ္လို႔ရတဲ့ ကုသိုလ္မ်ိဳး ႀကိဳးစားၿပီး လုပ္ေနမယ္ဆိုရင္ အဆိုးထဲကအေကာင္းဆိုသလို ကုသိုလ္တရား တိုးပြားေနမွာပါ။

    Credit-မနာပဒါယီ အရွင္ဝိစိတၱ(ဒိုက္ဦး)

    Via-DailyHotNews

    (Unicode)

    အရှင်ဘုရားဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခ မတတ်နိုင်သူများ၊ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင် စားဝတ်နေရေးပါ ဒုက္ခရောက်ရသူများ ဘယ်လို ကုသိုလ်မျိုး ပြုသင့်ပါသလဲဘုရား။

    အဲဒီလိုအခြေအနေမျိုးမှာ လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်ဖို့လိုပါတယ်။ ဗုဒ္ဓစာပေမှာ ပုညကြိယဝတ္တုဆယ်မျိုး (ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်ဆယ်မျိုး) ရှိကြောင်းဖော်ပြထားပါတယ်။ အဲဒီဆယ်မျိုးကတော့…

    ၁။ ဒါန = ပေးကမ်းလှူဒါန်းခြင်း

    ၂။ သီလ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလဆောက်တည်ခြင်း

    ၃။ ဘာဝနာ = တရားဓမ္မကျင့်ကြံအားထုတ်ခြင်း

    ၄။ အပစာယာန = အသက်သိက္ခာ ဂုဏ်ဝါကြီးသူအား အရိုအသေပြုခြင်း

    ၅။ ဝေယျာဝစ္စ = သူများကုသိုလ်ကောင်းမှု၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း

    ၆။ ပတ္တိဒါန = မိမိရသော၊ မိမိလုပ်သော ကုသိုလ်ကောင်းမှုကို အမျှပေးဝေခြင်း

    ၇။ ပတ္တာနုမောဒနာ = မိမိသို့ရောက်လာသော ကုသိုလ်အဖို့ တစ်နည်းအားဖြင့် သူများပြုသော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ယူခြင်း

    ၈။ ဓမ္မဿဝန = တရားနာယူခြင်း

    ၉။ ဓမ္မဒေသနာ = လာဘ်လာဘကို မငဲ့ဘဲ တရားဟောပြောခြင်း

    ၁၀။ ဒိဋ္ဌိဇုကမ္မ = အယူဝါဒကို ဖြောင့်မတ်မှန်ကန်စွာ ပြုခြင်းတို့ဖြစ်ပါတယ်။

    ဒီဆယ်မျိုးထဲက မိမိတို့လုပ်နိုင်တဲ့ ကုသိုလ်မျိုးကို လုပ်နေပါကလည်း ကုသိုလ်ဖြစ်နေပြီး ဘာမှမလုပ်တာထက်စာရင် အများကြီးအကျိုးကြီးပါတယ်။ ကုသိုလ်ဆိုတာ လုပ်တတ်ရင် ယူတတ်ရင် ရပါတယ်။ လှူစရာမရှိလို့ ကုသိုလ်မရဘူးဆိုတာ မရှိပါဘူး။ ဒါနလုပ်မှသာ ကုသိုလ်ဖြစ်တာ မဟုတ်ပါဘူး။ ဒီမှာ ဖော်ပြထားတဲ့ ဆယ်မျိုးထဲမှာ လုပ်လို့ရတဲ့ကုသိုလ်တွေ အများကြီးပါ။ မိမိတို့လုပ်နိုင်တဲ့ လုပ်လို့ရတဲ့ ကုသိုလ်မျိုး ကြိုးစားပြီး လုပ်နေမယ်ဆိုရင် အဆိုးထဲကအကောင်းဆိုသလို ကုသိုလ်တရား တိုးပွားနေမှာပါ။

    Credit-မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

    Via-DailyHotNews