Category: ဗဟုတုသ

  • မီတာခ ပုံမွန္ထက္ ပိုက်ေနသူမ်ားအတြက္ ေရွာင္သင့္သည့္ ၂၄ခ်က္

    (Zawgyi)

    မီတာခ ပုံမွန္ထက္ ပိုမက်ေအာင္ ေရွာင္သင့္သည့္ အခ်က္ ( ၂၄ ) ခ်က္

    လွ်ပ္စစ္ဓာတ္အားကို သုံးစြဲရာတြင္ စနစ္တက် အသုံးမျပဳျခင္း၊ မလိုအပ္ပဲ ပိုသုံးထားျခင္း စသည့္အခ်က္မ်ားက သင့္အိမ္ရဲ႕ မီတာခကို ပုံမွန္ထက္ ပိုမို က်သင့္ေစႏိုင္ပါသည္။ ထို႔ေၾကာင့္ မီတာခ ေခြၽတာႏိုင္ရန္အတြက္ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္မ်ားကို ေဖာ္ျပေပးလိုက္ပါသည္။

    (၁) တစ္အိမ္လုံးတြင္ မည္သူမွ် မရွိေနခ်ိန္၌ မလိုအပ္ေသာ လွ်ပ္စစ္အသုံးျပဳမႈ အားလုံးကို ပိတ္ျခင္းျဖင့္ လွ်ပ္စစ္ကို ေခြၽတာသုံးစြဲပါ။

    (၂) မီးပူတိုက္ေနစဥ္၊ တစ္ခုခုလုပ္ရန္ ေခတၱ ထသြားပါက၊ မီးပူခလုပ္ကို ပိတ္ခဲ့ျခင္းျဖင့္ လွ်ပ္စစ္အသုံးကို ေခြၽတာပါ။

    (၃) အမွန္တကယ္ ၾကည့္မည့္အခ်ိန္၌သာ တီဗြီကိုဖြင့္ပါ။ ၾကည့္သူမရွိဘဲ အခ်ိန္ျပည့္ ဖြင့္ထားျခင္းကို ေရွာင္ၾကဥ္ပါ။

    (၄) မ်က္ႏွာသစ္စဥ္၊ သြားတိုက္ေနစဥ္ ေရပိုက္ေခါင္းကို ဖြင့္ထားပါက၊ ေရဆုံးရႈံးရၿပီး၊ ေရျပန္တင္ရန္ လွ်ပ္စစ္သုံးဖို႔ လိုအပ္လာပါမည္။ ထို႔ေၾကာင့္ သြားတိုက္ေနစဥ္ ေရပိုက္ေခါင္းကို ပိတ္ထားျခင္းျဖင့္ လွ်ပ္စစ္ကို ေခြၽတာပါ။

    (၅) လူရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ၊ ပန္ကာမ်ားကို ဆက္တိုက္ဖြင့္ထားျခင္းက မီတာခ ပိုက်ေစပါ၍ အသုံးလိုမွ ဖြင့္ပါ။

    (၆) ေလေအးေပးစက္၏ အပူခ်ိန္ကို ေနသာထိုင္သာရွိေသာ 24-25°C ခန႔္ ရွိ႐ုံသာ အသုံးျပဳသင့္ပါသည္။

    (၇) တီဗြီႏွင့္ ေအာက္စက္တို႔ကို အသုံးမျပဳသည့္အခါ လွ်ပ္စစ္ခလုပ္ကို အၿပီးပိတ္ပါ။ Remote Control ျဖင့္သာ ပိတ္၍ Standby Mode ျဖင့္ ထားသည့္တိုင္ လွ်ပ္စစ္မီတာတက္ေနပါမည္။

    (၈) အေပၚေရတိုင္ကီ ေရျပည့္သည္ႏွင့္ ေရတင္စက္ကို အလိုအေလ်ာက္ရပ္ေစမည့္ စနစ္အား အသုံးျပဳပါ။ ေရမ်ား လွ်ံက်သည္ကို ျမင္ရ ၾကားရမွ ေရေမာ္တာကို ေျပးပိတ္ျခင္းက လွ်ပ္စစ္ေလလြင့္မႈ ျဖစ္ေစပါသည္။ မီတာခ ပို၍ ကုန္ေစပါမည္။

    (၉) ကြန္ပ်ဴတာကို အသုံးမျပဳသည့္အခါ လွ်ပ္စစ္ခလုပ္ကို ပိတ္ပါ။ Standby mode ျဖင့္ ထားသည့္တိုင္ လွ်ပ္စစ္စားမႈ ရွိေနသည္ကို သတိျပဳေစလိုပါသည္။

    (၁၀) Exhaust Fan မ်ားကို လိုအပ္သည့္အခ်ိန္သာ သုံးပါ။ အခ်ိန္ျပည့္ ဖြင့္မထားသင့္ပါ။

    (၁၁) ျပင္ပအလင္းေရာင္ကို အသုံးခ်ပါ။ မလိုအပ္ေသာ အိမ္တြင္းလွ်ပ္စစ္မီးမ်ားကို ေလွ်ာ့သုံးပါ။

    (၁၂) လမ္းမီးမ်ား၊ ၿခံတြင္းမီးမ်ားကို ေနေရာင္ျခည္သုံး LED မီးစနစ္အား အတတ္ႏိုင္ဆုံး အသုံးျပဳပါ။

    (၁၃) လတ္တေလာ အသုံးမျပဳသည့္ လွ်ပ္စစ္ပစၥည္းမ်ား၏ Plug ေခါင္းမ်ားကို Socket မ်ားမွ ျဖဳတ္ထားပါ။

    (၁၄) လွ်ပ္စစ္ကို ေခြၽတာသုံးစြဲျခင္းျဖင့္ မီတာခမ်ားမ်ား က်သင့္ျခင္းမွ ေရွာင္ရွားပါ။

    (၁၅) ႐ိုး႐ိုးမီးလုံး၊ မီးေခ်ာင္းထက္ Energy Saving Lamp ကို ေ႐ြးခ်ယ္ အသုံးျပဳသင့္သည္။ Energy Saving Lamp ထက္ LED မီးလုံး၊ မီးေခ်ာင္းမ်ားကို ေ႐ြးခ်ယ္ အသုံးျပဳသင့္သည္။

    (၁၆) Hot Plate သုံး၍ ေရေႏြးအိုး တည္ပါက၊ ေရေႏြးဆူမွတ္ထက္ အခ်ိန္ေက်ာ္လြန္မွ လူက မီးခလုပ္ကို ပိတ္ႏိုင္၍ လွ်ပ္စစ္အသုံးပိုေစပါသည္။ ေရဆူမွတ္ေရာက္သည္ႏွင့္ ခလုပ္ကို အလိုအေလ်ာက္ ပိတ္ေစေသာ ေရေႏြးတည္ခရားကို သုံးျခင္းျဖင့္ လွ်ပ္စစ္ကို ေခြၽတာသင့္ပါသည္။

    (၁၇) မလိုအပ္ေသာ မီးမ်ားကို ပိတ္ထားျခင္းျဖင့္ လွ်ပ္စစ္ကို ေခြၽတာပါ။

    (၁၈) နားေထာင္သူမရွိပဲႏွင့္ အေခြဖြင့္စက္သုံး၍ တီဗြီျဖင့္ သီခ်င္းေခြမ်ား အခ်ိန္ျပည့္ ဖြင့္ထားျခင္းကို ဆင္ျခင္ျခင္းျဖင့္ လွ်ပ္စစ္ကိုေခြၽတာပါ။

    (၁၉) အိမ္အတြင္းႏွင့္ ၿခံဝင္းအတြင္း ေရပိုက္မလုံမႈ၊ ေရဘုံဘိုင္ ေရစိမ့္မႈတို႔ကို ျပဳျပင္ပါ။ ေရယိုစိမ့္မႈေၾကာင့္ ေရတင္ခ်ိန္ပိုမ်ားေလ မီတာခ ပိုကုန္က်မႈ ျဖစ္ေစပါမည္။

    (၂၀) အိမ္ျပင္ပ၌ထြန္းေသာ မီးမ်ားကို ေန႔အလင္းေရာင္ရွိခ်ိန္တြင္ ပိတ္ထားျခင္းျဖင့္ လွ်ပ္စစ္ကို ေခြၽတာပါ။

    (၂၁) လမ္းမီးမ်ားကို အလင္းေရာင္ရွိေသာ အခ်ိန္မ်ား၌ ပိတ္ထားျခင္းျဖင့္ လွ်ပ္စစ္ကို ေခြၽတာပါ။ အလင္းေရာင္အားနည္းလာသည့္အခ်ိန္တြင္ လမ္းမီးမ်ားကို အလိုအေလ်ာက္ ဖြင့္ေစၿပီး၊ အလင္းေရာင္ေပၚထြက္လာပါက အလိုအေလ်ာက္ပိတ္ေစသည့္စနစ္ကို တပ္ဆင္ပါ။

    (၂၂) ေရပူသုံးဘြိဳင္လာ၊ ေရေႏြးစက္တို႔ကို အသုံးျပဳမည့္အခ်ိန္မွ ဖြင့္ပါ။ သုံးၿပီးက ခလုပ္ပိတ္ထားပါ။

    (၂၃) ေလေအးေပးစက္၏ ေလစစ္ဇကာႏွင့္ ဓာတ္ေငြ႕တို႔ကို ပုံမွန္စစ္ေဆးထိန္းသိမ္းျခင္းျဖင့္ အေအးဓာတ္ အျပည့္ရေအာင္ ေဆာင္႐ြက္ပါ။

    (၂၄) ျမက္ခင္းေရဖ်န္းစနစ္၊ ေရပန္းတို႔ကို လိုအပ္သည္ထက္ အခ်ိန္ပိုသုံးျခင္းကို ေလ်ာ့ပါ။ ေရပိုကုန္ရာမွ၊ ေရစုပ္စက္/ေရတင္စက္မ်ားကို အခ်ိန္ၾကာၾကာသုံးရသည္မွ လွ်ပ္စစ္မီတာခကို ပိုကုန္က်ႏိုင္ေစပါသည္။

    MOEE

    YangonDirectory

    (Unicode)

    မီတာခ ပုံမှန်ထက် ပိုမကျအောင် ရှောင်သင့်သည့် အချက် ( ၂၄ ) ချက်

    လျှပ်စစ်ဓာတ်အားကို သုံးစွဲရာတွင် စနစ်တကျ အသုံးမပြုခြင်း၊ မလိုအပ်ပဲ ပိုသုံးထားခြင်း စသည့်အချက်များက သင့်အိမ်ရဲ့ မီတာခကို ပုံမှန်ထက် ပိုမို ကျသင့်စေနိုင်ပါသည်။ ထို့ကြောင့် မီတာခ ချွေတာနိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါသည်။

    (၁) တစ်အိမ်လုံးတွင် မည်သူမျှ မရှိနေချိန်၌ မလိုအပ်သော လျှပ်စစ်အသုံးပြုမှု အားလုံးကို ပိတ်ခြင်းဖြင့် လျှပ်စစ်ကို ချွေတာသုံးစွဲပါ။

    (၂) မီးပူတိုက်နေစဉ်၊ တစ်ခုခုလုပ်ရန် ခေတ္တ ထသွားပါက၊ မီးပူခလုပ်ကို ပိတ်ခဲ့ခြင်းဖြင့် လျှပ်စစ်အသုံးကို ချွေတာပါ။

    (၃) အမှန်တကယ် ကြည့်မည့်အချိန်၌သာ တီဗွီကိုဖွင့်ပါ။ ကြည့်သူမရှိဘဲ အချိန်ပြည့် ဖွင့်ထားခြင်းကို ရှောင်ကြဉ်ပါ။

    (၄) မျက်နှာသစ်စဉ်၊ သွားတိုက်နေစဉ် ရေပိုက်ခေါင်းကို ဖွင့်ထားပါက၊ ရေဆုံးရှုံးရပြီး၊ ရေပြန်တင်ရန် လျှပ်စစ်သုံးဖို့ လိုအပ်လာပါမည်။ ထို့ကြောင့် သွားတိုက်နေစဉ် ရေပိုက်ခေါင်းကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။

    (၅) လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပန်ကာများကို ဆက်တိုက်ဖွင့်ထားခြင်းက မီတာခ ပိုကျစေပါ၍ အသုံးလိုမှ ဖွင့်ပါ။

    (၆) လေအေးပေးစက်၏ အပူချိန်ကို နေသာထိုင်သာရှိသော 24-25°C ခန့် ရှိရုံသာ အသုံးပြုသင့်ပါသည်။

    (၇) တီဗွီနှင့် အောက်စက်တို့ကို အသုံးမပြုသည့်အခါ လျှပ်စစ်ခလုပ်ကို အပြီးပိတ်ပါ။ Remote Control ဖြင့်သာ ပိတ်၍ Standby Mode ဖြင့် ထားသည့်တိုင် လျှပ်စစ်မီတာတက်နေပါမည်။

    (၈) အပေါ်ရေတိုင်ကီ ရေပြည့်သည်နှင့် ရေတင်စက်ကို အလိုအလျောက်ရပ်စေမည့် စနစ်အား အသုံးပြုပါ။ ရေများ လျှံကျသည်ကို မြင်ရ ကြားရမှ ရေမော်တာကို ပြေးပိတ်ခြင်းက လျှပ်စစ်လေလွင့်မှု ဖြစ်စေပါသည်။ မီတာခ ပို၍ ကုန်စေပါမည်။

    (၉) ကွန်ပျူတာကို အသုံးမပြုသည့်အခါ လျှပ်စစ်ခလုပ်ကို ပိတ်ပါ။ Standby mode ဖြင့် ထားသည့်တိုင် လျှပ်စစ်စားမှု ရှိနေသည်ကို သတိပြုစေလိုပါသည်။

    (၁၀) Exhaust Fan များကို လိုအပ်သည့်အချိန်သာ သုံးပါ။ အချိန်ပြည့် ဖွင့်မထားသင့်ပါ။

    (၁၁) ပြင်ပအလင်းရောင်ကို အသုံးချပါ။ မလိုအပ်သော အိမ်တွင်းလျှပ်စစ်မီးများကို လျှော့သုံးပါ။

    (၁၂) လမ်းမီးများ၊ ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ်အား အတတ်နိုင်ဆုံး အသုံးပြုပါ။

    (၁၃) လတ်တလော အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ Plug ခေါင်းများကို Socket များမှ ဖြုတ်ထားပါ။

    (၁၄) လျှပ်စစ်ကို ချွေတာသုံးစွဲခြင်းဖြင့် မီတာခများများ ကျသင့်ခြင်းမှ ရှောင်ရှားပါ။

    (၁၅) ရိုးရိုးမီးလုံး၊ မီးချောင်းထက် Energy Saving Lamp ကို ရွေးချယ် အသုံးပြုသင့်သည်။ Energy Saving Lamp ထက် LED မီးလုံး၊ မီးချောင်းများကို ရွေးချယ် အသုံးပြုသင့်သည်။

    (၁၆) Hot Plate သုံး၍ ရေနွေးအိုး တည်ပါက၊ ရေနွေးဆူမှတ်ထက် အချိန်ကျော်လွန်မှ လူက မီးခလုပ်ကို ပိတ်နိုင်၍ လျှပ်စစ်အသုံးပိုစေပါသည်။ ရေဆူမှတ်ရောက်သည်နှင့် ခလုပ်ကို အလိုအလျောက် ပိတ်စေသော ရေနွေးတည်ခရားကို သုံးခြင်းဖြင့် လျှပ်စစ်ကို ချွေတာသင့်ပါသည်။

    (၁၇) မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။

    (၁၈) နားထောင်သူမရှိပဲနှင့် အခွေဖွင့်စက်သုံး၍ တီဗွီဖြင့် သီချင်းခွေများ အချိန်ပြည့် ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့် လျှပ်စစ်ကိုချွေတာပါ။

    (၁၉) အိမ်အတွင်းနှင့် ခြံဝင်းအတွင်း ရေပိုက်မလုံမှု၊ ရေဘုံဘိုင် ရေစိမ့်မှုတို့ကို ပြုပြင်ပါ။ ရေယိုစိမ့်မှုကြောင့် ရေတင်ချိန်ပိုများလေ မီတာခ ပိုကုန်ကျမှု ဖြစ်စေပါမည်။

    (၂၀) အိမ်ပြင်ပ၌ထွန်းသော မီးများကို နေ့အလင်းရောင်ရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။

    (၂၁) လမ်းမီးများကို အလင်းရောင်ရှိသော အချိန်များ၌ ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။ အလင်းရောင်အားနည်းလာသည့်အချိန်တွင် လမ်းမီးများကို အလိုအလျောက် ဖွင့်စေပြီး၊ အလင်းရောင်ပေါ်ထွက်လာပါက အလိုအလျောက်ပိတ်စေသည့်စနစ်ကို တပ်ဆင်ပါ။

    (၂၂) ရေပူသုံးဘွိုင်လာ၊ ရေနွေးစက်တို့ကို အသုံးပြုမည့်အချိန်မှ ဖွင့်ပါ။ သုံးပြီးက ခလုပ်ပိတ်ထားပါ။

    (၂၃) လေအေးပေးစက်၏ လေစစ်ဇကာနှင့် ဓာတ်ငွေ့တို့ကို ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းဖြင့် အအေးဓာတ် အပြည့်ရအောင် ဆောင်ရွက်ပါ။

    (၂၄) မြက်ခင်းရေဖျန်းစနစ်၊ ရေပန်းတို့ကို လိုအပ်သည်ထက် အချိန်ပိုသုံးခြင်းကို လျော့ပါ။ ရေပိုကုန်ရာမှ၊ ရေစုပ်စက်/ရေတင်စက်များကို အချိန်ကြာကြာသုံးရသည်မှ လျှပ်စစ်မီတာခကို ပိုကုန်ကျနိုင်စေပါသည်။

    MOEE

    YangonDirectory

  • ယူနက္စကိုက ကာကြယ္ေပးထားတဲ့ ႐ိုးရာယဥ္ေက်းမႈမ်ား

    (Zawgyi)

    ယူနက္စကိုက ကာကြယ္ေပးထားတဲ့ ႐ိုးရာယဥ္ေက်းမႈမ်ား

    ကုလသမဂၢပညာေရး၊ သိပၸံႏွင့္ယဥ္ေက်းမႈအဖြဲ႕(UNESCO) ကို ေရွးေဟာင္း အေမြအႏွစ္ ယဥ္ေက်းမႈ အဆာက္အဦေတြ ထိန္းသိမ္းတဲ့ အဖြဲ႕အစည္းအျဖစ္ လူအမ်ားက သိၾကပါတယ္။ တကယ္ေတာ့ ႐ိုးရာယဥ္ေက်းမႈဆိုတာ အေဆာက္အဦထက္ပိုတဲ့ အရာပါ။

    ယူနက္စကိုအဖြဲ႕ရဲ႕ ေျပာၾကားခ်က္အရ ယူနက္စကိုဟာ အေဆာက္အဦေတြအျပင္ ႏႈတ္ထြက္စကား၊ ေဖ်ာ္ေျဖေရး အႏုပညာ၊ လူမႈပတ္ဝန္းက်င္နဲ႔ ပြဲေတာ္ေတြကိုပါ ေရွးေဟာင္းအေမြအႏွစ္အျဖစ္ ထိန္းသိမ္းေပးတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ယူနက္စကိုက အေမြအႏွစ္အျဖစ္ ထိန္းသိမ္းထားေပးတဲ့ ႐ိုးရာယဥ္ေက်းမႈေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) Reggae ဂီတ

    ဂ်ေမကန္ႏိုင္ငံရဲ႕ ႐ိုးရာဂီတျဖစ္တဲ့ Reggae ဂီတကို ယူနက္စကိုက ထိန္းသိမ္းေစာင့္ေရွာက္ထားေပးပါတယ္။ လွပတဲ့ ဂီတသံစဥ္ေတြရဲ႕ ေပါင္းဖက္မႈနဲ႔ ၿငိမ္းခ်မ္းျခင္း၊ တရားမွ်တျခင္းအေၾကာင္းေတြကို သီဆိုရတဲ့ Reggae ဂီတရဲ႕ အေစာပိုင္း ဂ်ာေမကန္,Caribbean, North American and Latin strains, Neo-African styles, Soul and Rhythm နဲ႔ Blues ပုံစံအားလုံး ပါဝင္ပါတယ္။

    (၂) Hurling နဲ႔ Camogie ကစားနည္း

    Hurling ဆိုတာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂ေထာင္ေက်ာ္က ကစားနည္း တမ်ိဳးျဖစ္ပါတယ္။ ဒီကစားနည္းကို အိုင္ယာလန္ႏိုင္ငံက စတင္ကစားခဲ့ၿပီး ေဘာလုံးကစားနည္းလို အုပ္စုလိုက္ ကစားရတဲ့ ကစားနည္း ျဖစ္ပါတယ္။ ကစားသူဟာ ေယာက္ခ်ိဳပုံစံ တုတ္ေခ်ာင္းနဲ႔ ေဘာလုံးအေသးစားကို ႐ိုက္ရတာ ျဖစ္ၿပီး တဖက္ဂိုးကို ဝင္ေအာင္ ကစားရတာျဖစ္ပါတယ္။ ဒီကစားနည္းက ေဟာ္ကီနဲ႔ ဆင္တူပါတယ္။ Camogie ကေတာ့ အမ်ိဳးသမီး ဗားရွင္း ျဖစ္တယ္လို႔ သိရပါတယ္။

    (၃) Al-Aragoz (လက္ထိုး ႐ုပ္ေသး)

    ႐ုပ္ေသးပညာဟာ အီဂ်စ္ႏိုင္ငံမွာ အလြန္ေခတ္စားတဲ့ အႏုပညာတရပ္ ျဖစ္ပါတယ္။ ျမန္မာ့႐ုပ္ေသး ကျပသလို ပုံစံ တူေပမယ့္ သူတို႔က အ႐ုပ္ရဲ႕ အတြင္းထဲကို လက္ထိုးၿပီး ကျပရတာ ျဖစ္ပါတယ္။ အ႐ုပ္ကိုင္သူဟာ ပရိသတ္ မျမင္ရတဲ့ ကြယ္ရာမွာ ထိုင္ရၿပီး သူ႔ရဲ႕ လက္ေထာက္က ပရိသတ္ကို ကျပရာမွာ အဓိက ကူညီပါတယ္။ Al-Aragoz ဟာ အဓိက ႐ုပ္ေသးကာ႐ိုက္တာ ျဖစ္ၿပီး ေဖ်ာ္ေျဖသူေတြဟာ နယ္လွည့္ ေဖ်ာ္ေျဖေလ့ရွိပါတယ္။

    (၄) ျမင္းျဖင့္ ပုစြန္ဖမ္းျခင္း

    ဘယ္လဂ်ီယံ ႏိုင္ငံမွာရွိတဲ့ ပင္လယ္ကမ္းေျခေတြမွာ ျမင္းနဲ႔ ပုစြန္ဖမ္းေလ့ရွိၾကပါတယ္။ ဒီနည္းဟာ ကမာၻစစ္ျဖစ္တဲ့ အခ်ိန္မွာ အသုံးျပဳခဲ့တဲ့ နည္းလမ္းျဖစ္တယ္လို႔ သိရပါတယ္။ ျမင္းရဲ႕ အေနာက္မွာ ငါးဖမ္းပိုက္ကြန္ကို ထည့္ၿပီး ျမင္းဟာ ပင္လယ္ေရထဲ ဆင္းရတဲ့ နည္းလမ္းလည္း ျဖစ္ပါတယ္။

    ေခတ္မီ စက္ကိရိယာေတြ ေပၚလာၿပီးတဲ့ ေနာက္မွာ ဒီလို ငါးဖမ္းျခင္းကို လုပ္ကိုင္တဲ့ သူေတြ ရွားလာပါတယ္။ ဒီငါးဖမ္းနည္းဟာ ေရ၊ ေလနဲ႔ ပင္လယ္သဲ အားလုံးကို တြက္ခ်က္ၿပီးမွ ျပဳလုပ္ရတဲ့ေရွးေဟာင္းနည္း ျဖစ္တာေၾကာင့္ ယူနက္စကိုက ကာကြယ္ထားေပးျခင္း ျဖစ္ပါတယ္။

    Ref; mmn

    ေရဗန္(ဧရာဝတီ), The Irrawaddy-Burmese Edition

    (Unicode)

    ယူနက်စကိုက ကာကွယ်ပေးထားတဲ့ ရိုးရာယဉ်ကျေးမှုများ

    ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(UNESCO) ကို ရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှု အဆာက်အဦတွေ ထိန်းသိမ်းတဲ့ အဖွဲ့အစည်းအဖြစ် လူအများက သိကြပါတယ်။ တကယ်တော့ ရိုးရာယဉ်ကျေးမှုဆိုတာ အဆောက်အဦထက်ပိုတဲ့ အရာပါ။

    ယူနက်စကိုအဖွဲ့ရဲ့ ပြောကြားချက်အရ ယူနက်စကိုဟာ အဆောက်အဦတွေအပြင် နှုတ်ထွက်စကား၊ ဖျော်ဖြေရေး အနုပညာ၊ လူမှုပတ်ဝန်းကျင်နဲ့ ပွဲတော်တွေကိုပါ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယူနက်စကိုက အမွေအနှစ်အဖြစ် ထိန်းသိမ်းထားပေးတဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ပြပေးချင်ပါတယ်။

    (၁) Reggae ဂီတ

    ဂျမေကန်နိုင်ငံရဲ့ ရိုးရာဂီတဖြစ်တဲ့ Reggae ဂီတကို ယူနက်စကိုက ထိန်းသိမ်းစောင့်ရှောက်ထားပေးပါတယ်။ လှပတဲ့ ဂီတသံစဉ်တွေရဲ့ ပေါင်းဖက်မှုနဲ့ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းအကြောင်းတွေကို သီဆိုရတဲ့ Reggae ဂီတရဲ့ အစောပိုင်း ဂျာမေကန်,Caribbean, North American and Latin strains, Neo-African styles, Soul and Rhythm နဲ့ Blues ပုံစံအားလုံး ပါဝင်ပါတယ်။

    (၂) Hurling နဲ့ Camogie ကစားနည်း

    Hurling ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ကျော်က ကစားနည်း တမျိုးဖြစ်ပါတယ်။ ဒီကစားနည်းကို အိုင်ယာလန်နိုင်ငံက စတင်ကစားခဲ့ပြီး ဘောလုံးကစားနည်းလို အုပ်စုလိုက် ကစားရတဲ့ ကစားနည်း ဖြစ်ပါတယ်။ ကစားသူဟာ ယောက်ချိုပုံစံ တုတ်ချောင်းနဲ့ ဘောလုံးအသေးစားကို ရိုက်ရတာ ဖြစ်ပြီး တဖက်ဂိုးကို ဝင်အောင် ကစားရတာဖြစ်ပါတယ်။ ဒီကစားနည်းက ဟော်ကီနဲ့ ဆင်တူပါတယ်။ Camogie ကတော့ အမျိုးသမီး ဗားရှင်း ဖြစ်တယ်လို့ သိရပါတယ်။

    (၃) Al-Aragoz (လက်ထိုး ရုပ်သေး)

    ရုပ်သေးပညာဟာ အီဂျစ်နိုင်ငံမှာ အလွန်ခေတ်စားတဲ့ အနုပညာတရပ် ဖြစ်ပါတယ်။ မြန်မာ့ရုပ်သေး ကပြသလို ပုံစံ တူပေမယ့် သူတို့က အရုပ်ရဲ့ အတွင်းထဲကို လက်ထိုးပြီး ကပြရတာ ဖြစ်ပါတယ်။ အရုပ်ကိုင်သူဟာ ပရိသတ် မမြင်ရတဲ့ ကွယ်ရာမှာ ထိုင်ရပြီး သူ့ရဲ့ လက်ထောက်က ပရိသတ်ကို ကပြရာမှာ အဓိက ကူညီပါတယ်။ Al-Aragoz ဟာ အဓိက ရုပ်သေးကာရိုက်တာ ဖြစ်ပြီး ဖျော်ဖြေသူတွေဟာ နယ်လှည့် ဖျော်ဖြေလေ့ရှိပါတယ်။

    (၄) မြင်းဖြင့် ပုစွန်ဖမ်းခြင်း

    ဘယ်လဂျီယံ နိုင်ငံမှာရှိတဲ့ ပင်လယ်ကမ်းခြေတွေမှာ မြင်းနဲ့ ပုစွန်ဖမ်းလေ့ရှိကြပါတယ်။ ဒီနည်းဟာ ကမ္ဘာစစ်ဖြစ်တဲ့ အချိန်မှာ အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်တယ်လို့ သိရပါတယ်။ မြင်းရဲ့ အနောက်မှာ ငါးဖမ်းပိုက်ကွန်ကို ထည့်ပြီး မြင်းဟာ ပင်လယ်ရေထဲ ဆင်းရတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

    ခေတ်မီ စက်ကိရိယာတွေ ပေါ်လာပြီးတဲ့ နောက်မှာ ဒီလို ငါးဖမ်းခြင်းကို လုပ်ကိုင်တဲ့ သူတွေ ရှားလာပါတယ်။ ဒီငါးဖမ်းနည်းဟာ ရေ၊ လေနဲ့ ပင်လယ်သဲ အားလုံးကို တွက်ချက်ပြီးမှ ပြုလုပ်ရတဲ့ရှေးဟောင်းနည်း ဖြစ်တာကြောင့် ယူနက်စကိုက ကာကွယ်ထားပေးခြင်း ဖြစ်ပါတယ်။

    Ref; mmn

    ရေဗန်(ဧရာဝတီ), The Irrawaddy-Burmese Edition

  • အမ်ိဳးသား၊ အမ်ိဳးသမီး ဆံပင္ေတြကို သဘာဝအတိုင္း ေျဖာင့္စင္းေနေစမယ့္ နည္းလမ္း ၅ ခု

    (Zawgyi)

    ဆံသားေတြကို သဘာဝအတိုင္း ေျဖာင့္စင္းေနေစမယ့္ နည္းလမ္း ၅ ခု

    သင့္ရဲ႕ ဆံေကသာေတြ ေျဖာင့္စင္းေနေစဖို႔ Beauty Saloon ေတြသြားၿပီး အခ်ိန္ကုန္ခံေနဖို႔ မလိုေတာ့ပါဘူး။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ အခုေဖာ္ျပမယ့္ နည္းလမ္းေကာင္းေတြက သင့္ဆံသားေတြကို သဘာဝအတိုင္းေျဖာင့္စင္း ေနေစဖို႔အေထာက္အကူျပဳေစမွာ ျဖစ္လို႔ပဲ ျဖစ္ပါတယ္။

    (၁) ႏြားႏို႔နဲ႔ ၾကက္ဥမွာ ပ႐ိုတင္းဓာတ္မ်ားစြာပါဝင္ၿပီး ပ႐ိုတင္းဓာတ္ဟာ ဆံသားေတြ ေျဖာင့္စင္းေနေစဖို႔အတြက္ေတာ့ မ်ားစြာ အေထာက္အကူျပဳႏိုင္ပါတယ္။ ႏြားႏို႔တဖန္ခြက္နဲ႔ ၾကက္ဥတလုံးတို႔ကို ေရာစပ္ၿပီး ေခါင္းမေလွ်ာ္ခင္ ဆံသားအႏွံ႔ သုတ္လိမ္းေပးၿပီး နာရီဝက္ခန႔္အၾကာမွ ေခါင္းေလွ်ာ္ေပးျခင္းျဖင့္ အံ့အားသင့္ဖြယ္ ရလဒ္ေကာင္းကို ပိုင္ဆိုင္ႏိုင္မွာပါ။

    (၂) ရွားေစာင္းလက္ပတ္ဟာ ဆံသားကို အားျဖည့္ေပးႏိုင္တဲ့ သဘာဝပစၥည္းတခုျဖစ္ၿပီး ရွားေစာင္းလက္ပတ္ဂ်ယ္လ္ အနည္းငယ္နဲ႔ အုန္းဆီတို႔ကို ေရာေႏွာၿပီး ဆံသားေပၚမွာ သုတ္လိမ္းေပးပါ။ နာရီဝက္ခန႔္ထားၿပီး ေလွ်ာ္ေနက်ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ေပးျခင္းအားျဖင့္ သဘာဝအတိုင္း ေျဖာင့္စင္းေနတဲ့ ဆံႏြယ္ေတြကို ရရွိႏိုင္မွာ ျဖစ္ပါတယ္။

    (၃) ပန္းသီးရွာလကာရည္ဟာ ဆံပင္ေတြကို သန႔္ရွင္းစင္ၾကယ္ေနေအာင္လုပ္ေပးႏိုင္တဲ့ သဘာဝ Cleanser ပဲျဖစ္ၿပီး ဆံသားေတြ ေျဖာင့္စင္းေနေစဖို႔အတြက္လည္း ကူညီေပးႏိုင္ပါတယ္။ ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္းသုံးဇြန္းခန႔္နဲ႔ ေရတဖန္ခြက္တို႔ကို ေရာၿပီး ဆံသားေတြေပၚမွာ သုတ္လိမ္းေပးၿပီးမွ ေခါင္းေလွ်ာ္ေပးပါ။ ဒီနည္းလမ္းအတိုင္း တပတ္မွာ ႏွစ္ႀကိမ္ခန႔္ျပဳလုပ္ေပး႐ုံနဲ႔ သိသာထူးျခားတဲ့ ရလဒ္ေကာင္းကို ရရွိေစမွာျဖစ္ပါတယ္။

    (၄) အုန္းႏို႔ရည္ကို အသုံးျပဳၿပီး ေခါင္းေလွ်ာ္ျခင္းဟာ ေရွးယခင္တည္းက အမ်ိဳးသမီးေတြ အသုံးမ်ားခဲ့ၾကတဲ့ ဆံပင္ေတြကို ေျဖာင့္စင္းေစတဲ့ နည္းလမ္းေကာင္းတခုပဲ ျဖစ္ပါတယ္။ အုန္းႏို႔ရည္တဖန္ခြက္ခန႔္နဲ႔ ေျပာင္းဖူးမႈန႔္လက္ဖက္ရည္ဇြန္းတဇြန္း ခန႔္တို႔ကို ေရာစပ္ၿပီး ဆံသားေပၚမွာ လိမ္းက်ံေပးၿပီး တနာရီခန႔္ထားၿပီးမွ ေခါင္းေလွ်ာ္ေပးရမွာ ျဖစ္ပါတယ္။

    (၅) မ်က္ႏွာေပါင္းတင္တဲ့အခါမွာ အသုံးျပဳတဲ့ သဘာဝ႐ႊံ႕ေစးဟာ ဆံသားေတြအတြက္ေတာ့ သဘာဝဆံပင္ေပ်ာ့ေဆးလို႔ လည္း ေျပာလို႔ရပါတယ္။ ႐ႊံ႕ေစးမႈန႔္ လက္ဖက္ရည္ဇြန္းသုံးဇြန္းခန႔္ကို ေရနဲ႔ ခပ္ပ်စ္ပ်စ္ေဖ်ာ္ၿပီး ဆံသားေတြေပၚမွာ ေျခာက္ေသြ႕သြားတဲ့အထိထားၿပီးမွ ေခါင္းေလွ်ာ္ေပးျခင္းအားျဖင့္ ေပ်ာ့ေပ်ာင္းၿပီး ေျဖာင့္စင္းတဲ့ ဆံေကသာေတြကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။

    Ref: timesofindia.indiatimes.com

    Credit-ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy-Burmese Edition

    (Unicode)

    ဆံသားတွေကို သဘာဝအတိုင်း ဖြောင့်စင်းနေစေမယ့် နည်းလမ်း ၅ ခု

    သင့်ရဲ့ ဆံကေသာတွေ ဖြောင့်စင်းနေစေဖို့ Beauty Saloon တွေသွားပြီး အချိန်ကုန်ခံနေဖို့ မလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းကောင်းတွေက သင့်ဆံသားတွေကို သဘာဝအတိုင်းဖြောင့်စင်း နေစေဖို့အထောက်အကူပြုစေမှာ ဖြစ်လို့ပဲ ဖြစ်ပါတယ်။

    (၁) နွားနို့နဲ့ ကြက်ဥမှာ ပရိုတင်းဓာတ်များစွာပါဝင်ပြီး ပရိုတင်းဓာတ်ဟာ ဆံသားတွေ ဖြောင့်စင်းနေစေဖို့အတွက်တော့ များစွာ အထောက်အကူပြုနိုင်ပါတယ်။ နွားနို့တဖန်ခွက်နဲ့ ကြက်ဥတလုံးတို့ကို ရောစပ်ပြီး ခေါင်းမလျှော်ခင် ဆံသားအနှံ့ သုတ်လိမ်းပေးပြီး နာရီဝက်ခန့်အကြာမှ ခေါင်းလျှော်ပေးခြင်းဖြင့် အံ့အားသင့်ဖွယ် ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်မှာပါ။

    (၂) ရှားစောင်းလက်ပတ်ဟာ ဆံသားကို အားဖြည့်ပေးနိုင်တဲ့ သဘာဝပစ္စည်းတခုဖြစ်ပြီး ရှားစောင်းလက်ပတ်ဂျယ်လ် အနည်းငယ်နဲ့ အုန်းဆီတို့ကို ရောနှောပြီး ဆံသားပေါ်မှာ သုတ်လိမ်းပေးပါ။ နာရီဝက်ခန့်ထားပြီး လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပေးခြင်းအားဖြင့် သဘာဝအတိုင်း ဖြောင့်စင်းနေတဲ့ ဆံနွယ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

    (၃) ပန်းသီးရှာလကာရည်ဟာ ဆံပင်တွေကို သန့်ရှင်းစင်ကြယ်နေအောင်လုပ်ပေးနိုင်တဲ့ သဘာဝ Cleanser ပဲဖြစ်ပြီး ဆံသားတွေ ဖြောင့်စင်းနေစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းသုံးဇွန်းခန့်နဲ့ ရေတဖန်ခွက်တို့ကို ရောပြီး ဆံသားတွေပေါ်မှာ သုတ်လိမ်းပေးပြီးမှ ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းအတိုင်း တပတ်မှာ နှစ်ကြိမ်ခန့်ပြုလုပ်ပေးရုံနဲ့ သိသာထူးခြားတဲ့ ရလဒ်ကောင်းကို ရရှိစေမှာဖြစ်ပါတယ်။

    (၄) အုန်းနို့ရည်ကို အသုံးပြုပြီး ခေါင်းလျှော်ခြင်းဟာ ရှေးယခင်တည်းက အမျိုးသမီးတွေ အသုံးများခဲ့ကြတဲ့ ဆံပင်တွေကို ဖြောင့်စင်းစေတဲ့ နည်းလမ်းကောင်းတခုပဲ ဖြစ်ပါတယ်။ အုန်းနို့ရည်တဖန်ခွက်ခန့်နဲ့ ပြောင်းဖူးမှုန့်လက်ဖက်ရည်ဇွန်းတဇွန်း ခန့်တို့ကို ရောစပ်ပြီး ဆံသားပေါ်မှာ လိမ်းကျံပေးပြီး တနာရီခန့်ထားပြီးမှ ခေါင်းလျှော်ပေးရမှာ ဖြစ်ပါတယ်။

    (၅) မျက်နှာပေါင်းတင်တဲ့အခါမှာ အသုံးပြုတဲ့ သဘာဝရွှံ့စေးဟာ ဆံသားတွေအတွက်တော့ သဘာဝဆံပင်ပျော့ဆေးလို့ လည်း ပြောလို့ရပါတယ်။ ရွှံ့စေးမှုန့် လက်ဖက်ရည်ဇွန်းသုံးဇွန်းခန့်ကို ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး ဆံသားတွေပေါ်မှာ ခြောက်သွေ့သွားတဲ့အထိထားပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ပျော့ပျောင်းပြီး ဖြောင့်စင်းတဲ့ ဆံကေသာတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

    Ref: timesofindia.indiatimes.com

    Credit-ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy-Burmese Edition

  • က်ားေဟာ္မုန္း ျမင့္တက္လာေစမည့္ အိမ္တြင္းနည္းမ်ား

    (Zawgyi)

    က်ားေဟာ္မုန္း ျမင့္တက္လာေစမည့္ အိမ္တြင္းနည္းမ်ား

    အမ်ိဳးသားေတြအေနနဲ႔ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း အဆင့္ျမင့္တက္ေစဖို႔အတြက္ သဘာဝက်တဲ့ နည္းလမ္းေတြကို လိုက္နာႏိုင္ဖို႔ ေရးသားလိုက္ရပါတယ္။

    ၁။ ဇင့္ (သြပ္)ဓာတ္ ပါဝင္သည့္ အာဟာရစားပါ

    ဇင့္ဓာတ္ပါဝင္တဲ့ အစားအေသာက္ေတြက ကမာေကာင္၊ အမဲသား၊ တိရစာၦန္အသည္း၊ ပင္လယ္စာ၊ ၾကက္၊ ဘဲ၊ အခြံမာသီး၊ အေစ့အဆန္၊ ဆယ္လ္မြန္ငါး၊ ဆန္လုံးညိဳ၊ ဒိန္ခဲ၊ ပဲအမ်ိဳးမ်ိဳး၊ ႏြားႏို႔၊ ဒိန္ခ်ဥ္စတဲ့ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြ ျဖစ္ၾကပါတယ္။ ဇင့္ (သြပ္)ဓာတ္ဟာ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း ထုတ္လုပ္ေရး အတြက္ အေရးပါပါတယ္။ ဇင့္ဓာတ္ဟာ က်န္းမာေရးေကာင္းမြန္တဲ့ သုက္ေကာင္ေတြ ထုတ္လုပ္ႏိုင္ေအာင္ ကူညီေပးသလို သုက္ေကာင္အေရအတြက္ မ်ားမ်ား ထြက္ရွိေစပါတယ္။ ခႏၶာကိုယ္ထဲမွာ ဇင့္ဓာတ္နည္းေနရင္ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း အဆင့္လည္း ေလ်ာ့နည္းေနႏိုင္ပါတယ္။

    ၂။ ခႏၶာကိုယ္ရွိ အဆီပိုမ်ားကို ေလွ်ာ့ခ်ပါ

    ခႏၶာကိုယ္မွာ အဆီပိုေတြရွိတာက အမ်ိဳးသားေတြရဲ႕ ေယာက်္ားပီသမႈကို ေလ်ာ့က်ေစပါတယ္။ခႏၶာကိုယ္မွာ အဆီပိုေတြ ရွိေလေလ၊ အီစထ႐ိုဂ်င္ေဟာ္မုန္းအဆင့္ မ်ားေလေလ ျဖစ္ႏိုင္တာေၾကာင့္ပါ။ဒါေၾကာင့္ အဆီပိုေတြမ်ားၿပီး အဝလြန္ေနရင္ တစ္လမွာ ကိုယ္အေလးခ်ိန္ တစ္ေပါင္ခန႔္ ေလ်ာ့က်ေအာင္ ေလ့က်င့္ခန္းလုပ္ပါ။

    ၃။ ေကာင္းမြန္သည့္ အဆီစားပါ

    က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆီေတြျဖစ္တဲ့ အခြံမာတဲ့ အေစ့အဆန္၊ သံလြင္ဆီ၊ ဆယ္လ္မြန္ငါး၊ အိုမီဂါ ၃ ဖက္တီးအက္စစ္စတဲ့ အစာေတြကို အစားမ်ားတဲ့ အမ်ိဳးသားေတြက က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္းအဆင့္ အျမင့္ဆုံး ျဖစ္ေနတာကို ေလ့လာမႈေတြအရ ေတြ႕ရွိရပါတယ္။ ခႏၶာကိုယ္မွ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း ထုတ္လုပ္ေရးမွာ ေကာင္းတဲ့အဆီေတြ လိုအပ္ေနလို႔ပါ။

    ၄။ စိတ္ဖိစီးမႈကို တြန္းလွန္အႏိုင္ယူပါ

    စိတ္ဖိစီးမႈခံစားရတဲ့အခါ ခႏၶာကိုယ္ထဲမွာ ေကာ္တီေစာဆိုတဲ့ စိတ္ဖိစီးမႈဆိုင္ရာ ေဟာ္မုန္းတစ္မ်ိဳးထြက္လာပါတယ္။ ဒီေဟာ္မုန္းဟာ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း ထုတ္လုပ္မႈကို ေႏွာင့္ယွက္ ဟန႔္တားတတ္ပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးမႈဆိုင္ရာ ေဟာ္မုန္းဟာ ဗိုက္ပူေစတဲ့အတြက္ ဗိုက္မွာ အဆီပိုေတြရွိေလေလ၊ တက္စတိုစတီ႐ုန္းအဆင့္ ေလ်ာ့နည္းေလေလဆိုတဲ့ အခ်က္နဲ႔ ဆက္စပ္မႈရွိတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ စိတ္ဖိစီးမႈေလ်ာ့က်ေစဖို႔ တရားထိုင္တာ၊ အသက္ျပင္းျပင္းရွဴတာ၊ အိပ္ေရးဝဝ အိပ္စက္ အနားယူတာစတဲ့ နည္းလမ္းေတြကို လုပ္ေဆာင္သင့္ပါတယ္။

    ၅။ တစ္ည ရွစ္နာရီ အိပ္ပါ

    အိပ္စက္ခ်ိန္နည္းတဲ့ အမ်ိဳးသားေတြဟာ တစ္ည ၆-၈ နာရီ အိပ္စက္တဲ့ အမ်ိဳးသားေတြထက္ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္းအဆင့္ ေလ်ာ့နည္းေနတယ္လို႔ ခ်ီကာဂိုတကၠသိုလ္ရဲ႕ ေလ့လာမႈတစ္ရပ္အရ သိရပါတယ္။ အိပ္တဲ့အခါမွာလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖို႔ အေရးႀကီးပါတယ္။

    ၆။ ပုံမွန္ ေလ့က်င့္ခန္းလုပ္ပါ

    ေလ့က်င့္ခန္းကို ပုံမွန္ျပဳလုပ္တာေၾကာင့္ အဆီပိုကင္းၿပီး ႂကြက္သားထုထည္ အားေကာင္းကာခႏၶာကိုယ္ရဲ႕ တက္စတိုစတီ႐ုန္း ထုတ္လုပ္မႈအဆင့္ကို တိုးေစပါတယ္။ ေလ့က်င့္ခန္းအေနနဲ႔လမ္းေလွ်ာက္တာ၊ ေျပးတာ၊ ေရကူးတာစတဲ့ ေအ႐ိုးဗစ္ေလ့က်င့္ခန္းေတြကို လုပ္ေဆာင္သင့္သလိုႂကြက္သားထုထည္ သန္စြမ္းေစမယ့္ အေလးမေလ့က်င့္ခန္း၊ အိပ္ထမတင္ေလ့က်င့္ခန္း၊ ထိုင္ထေလ့က်င့္ခန္းစတဲ့ ေလ့က်င့္ခန္းေတြကိုလည္း လုပ္သင့္ပါတယ္။

    ၇။ ဗီတာမင္ပါဝင္ေသာ အစားအစာမ်ား စားပါ

    ဗီတာမင္ ေအ၊ ဘီ၊ အီးေတြပါတဲ့ အစားအေသာက္ေတြကို စားတာက တက္စတိုစတီ႐ုန္း ထုတ္လုပ္မႈအတြက္ အေရးပါပါတယ္။ ဒါေၾကာင့္ အစိမ္းေရာင္နဲ႔ အဝါေရာင္ရွိတဲ့ ဟင္းသီးဟင္း႐ြက္နဲ႔သစ္သီးဝလံေတြကို အစုံ စားေပးသင့္ပါတယ္။ အခြံမာသီး၊ အေစ့အဆန္ေတြထဲမွာလည္း ယင္းဗီတာမင္ဓာတ္ေတြ ပါဝင္ေနပါတယ္။

    ၈။ ခႏၶာကိုယ္ေအာက္ပိုင္းကို မပူလြန္းေအာင္ သတိထားပါ

    အတြင္းခံ ေဘာင္းဘီက်ပ္က်ပ္ ဝတ္တာ၊ ေရပူစိမ္ၿပီး ေရခ်ိဳးတာ၊ ေပါင္ေပၚမွာ Laptop တင္ၿပီးသုံးတာ စတဲ့ နည္းလမ္းေတြက ခႏၶာကိုယ္ေအာက္ပိုင္း အထူးသျဖင့္ အမ်ိဳးသားအဂၤါကို ပူေစတာေၾကာင့္ တက္စတိုစတီ႐ုန္း ထုတ္လုပ္မႈကို အဟန႔္အတား ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အတြင္းခံ ေဘာင္းဘီဝတ္ရာမွာ က်ပ္လြန္းတာ ေရွာင္ပါ။

    ေကအမ္

    Credit-Good Health

    (Unicode)

    ကျားဟော်မုန်း မြင့်တက်လာစေမည့် အိမ်တွင်းနည်းများ

    အမျိုးသားတွေအနေနဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်း အဆင့်မြင့်တက်စေဖို့အတွက် သဘာဝကျတဲ့ နည်းလမ်းတွေကို လိုက်နာနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

    ၁။ ဇင့် (သွပ်)ဓာတ် ပါဝင်သည့် အာဟာရစားပါ

    ဇင့်ဓာတ်ပါဝင်တဲ့ အစားအသောက်တွေက ကမာကောင်၊ အမဲသား၊ တိရစ္ဆာန်အသည်း၊ ပင်လယ်စာ၊ ကြက်၊ ဘဲ၊ အခွံမာသီး၊ အစေ့အဆန်၊ ဆယ်လ်မွန်ငါး၊ ဆန်လုံးညို၊ ဒိန်ခဲ၊ ပဲအမျိုးမျိုး၊ နွားနို့၊ ဒိန်ချဉ်စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ဖြစ်ကြပါတယ်။ ဇင့် (သွပ်)ဓာတ်ဟာ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်ရေး အတွက် အရေးပါပါတယ်။ ဇင့်ဓာတ်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ သုက်ကောင်တွေ ထုတ်လုပ်နိုင်အောင် ကူညီပေးသလို သုက်ကောင်အရေအတွက် များများ ထွက်ရှိစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဇင့်ဓာတ်နည်းနေရင် ကျားဟော်မုန်း တက်စတိုစတီရုန်း အဆင့်လည်း လျော့နည်းနေနိုင်ပါတယ်။

    ၂။ ခန္ဓာကိုယ်ရှိ အဆီပိုများကို လျှော့ချပါ

    ခန္ဓာကိုယ်မှာ အဆီပိုတွေရှိတာက အမျိုးသားတွေရဲ့ ယောကျ်ားပီသမှုကို လျော့ကျစေပါတယ်။ခန္ဓာကိုယ်မှာ အဆီပိုတွေ ရှိလေလေ၊ အီစထရိုဂျင်ဟော်မုန်းအဆင့် များလေလေ ဖြစ်နိုင်တာကြောင့်ပါ။ဒါကြောင့် အဆီပိုတွေများပြီး အဝလွန်နေရင် တစ်လမှာ ကိုယ်အလေးချိန် တစ်ပေါင်ခန့် လျော့ကျအောင် လေ့ကျင့်ခန်းလုပ်ပါ။

    ၃။ ကောင်းမွန်သည့် အဆီစားပါ

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ အခွံမာတဲ့ အစေ့အဆန်၊ သံလွင်ဆီ၊ ဆယ်လ်မွန်ငါး၊ အိုမီဂါ ၃ ဖက်တီးအက်စစ်စတဲ့ အစာတွေကို အစားများတဲ့ အမျိုးသားတွေက ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် အမြင့်ဆုံး ဖြစ်နေတာကို လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်မှ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်ရေးမှာ ကောင်းတဲ့အဆီတွေ လိုအပ်နေလို့ပါ။

    ၄။ စိတ်ဖိစီးမှုကို တွန်းလှန်အနိုင်ယူပါ

    စိတ်ဖိစီးမှုခံစားရတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကော်တီစောဆိုတဲ့ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းတစ်မျိုးထွက်လာပါတယ်။ ဒီဟော်မုန်းဟာ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်မှုကို နှောင့်ယှက် ဟန့်တားတတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းဟာ ဗိုက်ပူစေတဲ့အတွက် ဗိုက်မှာ အဆီပိုတွေရှိလေလေ၊ တက်စတိုစတီရုန်းအဆင့် လျော့နည်းလေလေဆိုတဲ့ အချက်နဲ့ ဆက်စပ်မှုရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုလျော့ကျစေဖို့ တရားထိုင်တာ၊ အသက်ပြင်းပြင်းရှူတာ၊ အိပ်ရေးဝဝ အိပ်စက် အနားယူတာစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။

    ၅။ တစ်ည ရှစ်နာရီ အိပ်ပါ

    အိပ်စက်ချိန်နည်းတဲ့ အမျိုးသားတွေဟာ တစ်ည ၆-၈ နာရီ အိပ်စက်တဲ့ အမျိုးသားတွေထက် ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် လျော့နည်းနေတယ်လို့ ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ အိပ်တဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အရေးကြီးပါတယ်။

    ၆။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ

    လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တာကြောင့် အဆီပိုကင်းပြီး ကြွက်သားထုထည် အားကောင်းကာခန္ဓာကိုယ်ရဲ့ တက်စတိုစတီရုန်း ထုတ်လုပ်မှုအဆင့်ကို တိုးစေပါတယ်။ လေ့ကျင့်ခန်းအနေနဲ့လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာစတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်သလိုကြွက်သားထုထည် သန်စွမ်းစေမယ့် အလေးမလေ့ကျင့်ခန်း၊ အိပ်ထမတင်လေ့ကျင့်ခန်း၊ ထိုင်ထလေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်းတွေကိုလည်း လုပ်သင့်ပါတယ်။

    ၇။ ဗီတာမင်ပါဝင်သော အစားအစာများ စားပါ

    ဗီတာမင် အေ၊ ဘီ၊ အီးတွေပါတဲ့ အစားအသောက်တွေကို စားတာက တက်စတိုစတီရုန်း ထုတ်လုပ်မှုအတွက် အရေးပါပါတယ်။ ဒါကြောင့် အစိမ်းရောင်နဲ့ အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေကို အစုံ စားပေးသင့်ပါတယ်။ အခွံမာသီး၊ အစေ့အဆန်တွေထဲမှာလည်း ယင်းဗီတာမင်ဓာတ်တွေ ပါဝင်နေပါတယ်။

    ၈။ ခန္ဓာကိုယ်အောက်ပိုင်းကို မပူလွန်းအောင် သတိထားပါ

    အတွင်းခံ ဘောင်းဘီကျပ်ကျပ် ဝတ်တာ၊ ရေပူစိမ်ပြီး ရေချိုးတာ၊ ပေါင်ပေါ်မှာ Laptop တင်ပြီးသုံးတာ စတဲ့ နည်းလမ်းတွေက ခန္ဓာကိုယ်အောက်ပိုင်း အထူးသဖြင့် အမျိုးသားအင်္ဂါကို ပူစေတာကြောင့် တက်စတိုစတီရုန်း ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အတွင်းခံ ဘောင်းဘီဝတ်ရာမှာ ကျပ်လွန်းတာ ရှောင်ပါ။

    ကေအမ်

    Credit-Good Health

  • ၾကက္သြန္ျဖဴအနံ႕သင္းသင္းေလးနဲ႕ ႀကက္ဥထမင္းေႀကာ္

    (Zawgyi)

    ႀကက္သြန္ျဖဴအနံ႕သင္းသင္းေလးနဲ႕ ႀကက္ဥထမင္းေႀကာ္

    ေန႕လည္စာျဖစ္ျဖစ္ ညစာျဖစ္ျဖစ္ ေပါ့ေပါ့ပါးပါးစားခ်င္သူမ်ားအတြက္ ဒီထမင္းေႀကာ္ေလးက အေကာင္းဆံုးနဲ႕ အသင့္ေတာ္ဆံုးပါ။ မေန႕ကထမင္းက်န္တဲ့အခါ ဘာလုပ္ရမယ္မသိျဖစ္ေနရင္ ႀကက္ဥ၊ ႀကက္သြန္ျဖဴအနည္းငယ္နဲ႕ ေပါင္းစပ္လိုက္ရံုနဲ႕ အရသာရွိတဲ့ ထမင္းေႀကာ္ေလးတစ္ပြဲကို ရရွိမွာပါ။ အရသာအလြန္ရွိၿပီး ခ်က္ရတာလည္း မခက္လို႕ အခုပဲေဖာ္ျပေပးလုိက္ရပါတယ္။

    ပါ၀င္ပစၥည္းမ်ား

    ဆီ – စားပြဲတင္ဇြန္း ၂ ဇြန္း

    ႀကက္သြန္ျဖဴ (လွီးၿပီးသား) – စားပြဲတင္ဇြန္း ၁ ဇြန္း

    ႀကက္သြန္ၿမိတ္ (လွီးၿပီးသား) – လက္ဖက္ရည္ဇြန္း ၂ ဇြန္း

    ဂ်င္း (လွီးၿပီးသား) – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

    ငရုတ္သီးစိမ္း (လွီးၿပီးသား) – ၁ ေတာင့္

    ႀကက္ဥ – ၁ လံုး

    ထမင္း (ခ်က္ၿပီးသား) – ၂ ခြက္

    ဆား – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

    ငရုပ္ေကာင္းမႈန္႕ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

    ပဲငံျပာရည္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

    ခ်က္ျပဳတ္ပံုအဆင့္ဆင့္-

    မီးအေနေတာ္မွာ ဒယ္အိုးထဲဆီထည့္၊ အပူေပးၿပီး လွီးထားတဲ့ ႀကက္သြန္ျဖဴထည့္ပါ။ ေရႊညိဳေရာင္သမ္းလာသည္အထိ ခ်က္ေပးပါ။

    ႀကက္သြန္ၿမိတ္၊ ဂ်ငး္ႏွင့္ ငရုတ္သီးစိမ္းတုိ႕ကိုလည္း ထည့္ေပးၿပီး တစ္မိနစ္ ေမႊေပးပါ။ ဒယ္အိုးထဲကို ႀကက္ဥေခါက္ၿပီး ႀကက္ဥေမႊျဖစ္သည္အထိ ေမႊၿပီးေႀကာ္ေပးပါ။

    ၿပီးလွ်င္ ထမင္းေလာင္းထည့္ၿပီး ပါ၀င္ပစၥည္းေတြနဲ႕ ေရာၿပီးေမႊေပးပါ။ ဆား၊ ငရုတ္ေကာင္းမႈန္႕တုိ႕ထည့္ၿပီး ပဲငံၿပာရည္ႏွံ႕ေအာင္စမ္းေပးၿပီး ေသခ်ာေမႊပါ။ ႀကက္သြန္ၿမိတ္ထည့္ကာ တစ္မိနစ္ေလာက္ေႀကာ္ေပးပါ။ေနာက္ဆံုးမွာ ပန္းကန္လံုးထဲေျပာင္းထည့္ၿပီး ႀကက္သြန္ၿမိတ္နည္းနည္းျဖဴးေပးၿပီးရင္ အရသာရွိရွိစားသံုးႏိုင္ပါၿပီ။

    Credit-MyFood Myanamr

    (Unicode)

    ကြက်သွန်ဖြူအနံ့သင်းသင်းလေးနဲ့ ကြက်ဥထမင်းကြော်

    နေ့လည်စာဖြစ်ဖြစ် ညစာဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးစားချင်သူများအတွက် ဒီထမင်းကြော်လေးက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးပါ။ မနေ့ကထမင်းကျန်တဲ့အခါ ဘာလုပ်ရမယ်မသိဖြစ်နေရင် ကြက်ဥ၊ ကြက်သွန်ဖြူအနည်းငယ်နဲ့ ပေါင်းစပ်လိုက်ရုံနဲ့ အရသာရှိတဲ့ ထမင်းကြော်လေးတစ်ပွဲကို ရရှိမှာပါ။ အရသာအလွန်ရှိပြီး ချက်ရတာလည်း မခက်လို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

    ပါဝင်ပစ္စည်းများ

    ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း

    ကြက်သွန်ဖြူ (လှီးပြီးသား) – စားပွဲတင်ဇွန်း ၁ ဇွန်း

    ကြက်သွန်မြိတ် (လှီးပြီးသား) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

    ဂျင်း (လှီးပြီးသား) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

    ငရုတ်သီးစိမ်း (လှီးပြီးသား) – ၁ တောင့်

    ကြက်ဥ – ၁ လုံး

    ထမင်း (ချက်ပြီးသား) – ၂ ခွက်

    ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

    ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

    ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

    ချက်ပြုတ်ပုံအဆင့်ဆင့်-

    မီးအနေတော်မှာ ဒယ်အိုးထဲဆီထည့်၊ အပူပေးပြီး လှီးထားတဲ့ ကြက်သွန်ဖြူထည့်ပါ။ ရွှေညိုရောင်သမ်းလာသည်အထိ ချက်ပေးပါ။

    ကြက်သွန်မြိတ်၊ ဂျင်းနှင့် ငရုတ်သီးစိမ်းတို့ကိုလည်း ထည့်ပေးပြီး တစ်မိနစ် မွှေပေးပါ။ ဒယ်အိုးထဲကို ကြက်ဥခေါက်ပြီး ကြက်ဥမွှေဖြစ်သည်အထိ မွှေပြီးကြော်ပေးပါ။

    ပြီးလျှင် ထမင်းလောင်းထည့်ပြီး ပါဝင်ပစ္စည်းတွေနဲ့ ရောပြီးမွှေပေးပါ။ ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ပဲငံပြာရည်နှံ့အောင်စမ်းပေးပြီး သေချာမွှေပါ။ ကြက်သွန်မြိတ်ထည့်ကာ တစ်မိနစ်လောက်ကြော်ပေးပါ။နောက်ဆုံးမှာ ပန်းကန်လုံးထဲပြောင်းထည့်ပြီး ကြက်သွန်မြိတ်နည်းနည်းဖြူးပေးပြီးရင် အရသာရှိရှိစားသုံးနိုင်ပါပြီ။

    Credit-MyFood Myanamr

  • တပ္​​မ​ေတာ္​ရမ္​ အ​ေၾကာင္​း တစ္​​ေစ့ တစ္​​ေစာင္​း

    တပ္​​မ​ေတာ္​ရမ္​ အ​ေၾကာင္​း တစ္​​ေစ့ တစ္​​ေစာင္​း

    လြန္ခဲ့ေသာသံုးေလးလေလာက္က ရုရွားဖက္ဒေရးရွင္းႏိုင္ငံ ရုပ္သံတစ္ခုက ျမန္မာ့တပ္မေတာ္အေႀကာင္း documentary တစ္ပုဒ္လာေရာက္ရိုက္ကူးထားတာကို fb မွာလူသိမ်ားႀကပါတယ္။ အဲဒီသတင္းရဲ႕ ပထမပိုင္းမွာ ရုရွားႀကီးက ျမန္မာ့တပ္မေတာ္သားေတြကို ရာရွင္အျဖစ္ေပးတယ့္ Army Rum နဲ႔ Dagon Beer အေႀကာင္း အေတာ္ေႀကာ္ျငာေပးသြားလို႔ လူသိမ်ားလာခဲ့တယ္။ တကယ္တမ္းက အဲဒီ documentary မရိုက္ခင္ ႏွစ္အေတာ္ႀကာကတည္းက Army Rum က နာမည္ရွိျပီးသားပါ ႀကိဳက္တတ္သူေတြအဖို႔ တစ္ပုလင္းဆို ဆိုသေလာက္ တန္ဖိုးထားျပီးေသာက္ႀကပါတယ္။

    အာမီရမ္ ဆိုတာ ဘယ္လိုအရက္မ်ဳိးလဲ ဘာေႀကာင့္လူႀကိဳက္မ်ားလဲ ေသာက္သံုးသူေတြဘက္ကတုန္႔ျပန္မႈကဘယ္လိုလဲ ဆိုတာေတြကို ခင္ရာမင္ရာ ယမကာလုလင္မ်ား တပ္မေတာ္သားမ်ား ဆီမွေမးျမန္းျပီးတင္ဆက္လိုက္ပါ့မည္။

    အာမီရမ္ကဘယ္လိုအရက္မ်ဳိးလဲ

    ျဗိတိသ်ွစနစ္ကိုဆက္လက္က်င့္သံုးေနေသးေသာ ေခတ္သစ္တပ္မေတာ္မ်ားမွာ ရမ္အရက္ကို ရာရွင္အေနနဲ႔ထုတ္ေပးခဲ့သည္။(ဥပမာ အိႏိၵယ ျမန္မာ နယူးဇီလန္) ရမ္အရက္ဆိုတာ ယခင္က သေဘာၤသားမ်ားအတြက္ ႏႈတ္ျမိန္စာအျဖစ္လည္းေကာင္း ေဆးဝါးအျဖစ္လည္းေကာင္းေသာက္သံုးေသာအရက္တစ္မ်ဳိးျဖစ္သည္။ ေရတပ္ကိုဦးစားေပးထားေသာ ျဗိတိသ်ွတပ္မေတာ္တြင္ ရမ္အရက္သည္ ရိုးရာတစ္ခုပင္ျဖစ္သည္။ ဘုရင့္ေရတပ္သားတို႔ကိုသာမက ႀကည္းတပ္သားမ်ားအတြက္ ထုတ္ေပးေသာရိကၡာအမ်ဳိးအစားထဲတြင္ ရမ္ပါသည္။ ၁၆~၁၇ရာစုကတည္းကစကာ ကမ႓ာပတ္ဓျမတိုက္ျပီး ေနမဝင္အင္ပါယာထူေထာင္ေနသူ ငျဗိတို႔အတြက္ ၄င္းတို႔တပ္မေတာ္သားမ်ား၏က်န္းမာေရးသည္ ဦးစားေပးအခ်က္တစ္ခ်က္ျဖစ္သည္။ ရမ္အရက္အား သင့္ေတာ္ေသာေဆးဝါးမ်ားျဖင့္ ေပါင္းစပ္ခ်က္လုပ္ကာ မ်ွတေသာပမာဏျဖင့္ သံုးေဆာင္ပါက ကိုယ္ခံအားေကာင္းျခင္း ရာသီဥတုႏွင့္ေရာဂါဘယဒဏ္အား ခံႏိုင္ရည္ရွိျခင္း ႏွင့္အျခားေကာင္းက်ဳိးမ်ားရရွိသည္။ ျဗိတိသ်ွအင္ပါယာကိုထူေထာင္စဥ္က ကမ႓ာ့ေနရာအႏွံအျပားသို႔သြားေရာက္ကာ တိုက္ခိုက္ေသာ ျဗိတိသ်ွလူျဖဴ စစ္သားတို႔အတြက္ တပ္မေတာ္သံုးရမ္အရက္အား ျဗိတိသ်ွတပ္မေတာ္မွထုတ္ေပးသည္။ ေနာက္ပိုင္း ျဗိတိသ်ွအင္ပါယာအတြင္းမွ ကိုလိုနီတပ္မေတာ္မ်ား(မဟာေမဒင္ဘာသာဝင္မ်ားမွလဲြ၍)အတြက္ ႏိုင္ငံအလိုက္သင့္ေတာ္ေသာ ရမ္အရက္အမ်ဳိးမ်ဳိးကို ထုတ္ေပးခဲ့သည္။ ျမန္မာႏွင့္အိႏၵိယကဲ့သို႔ မုတ္သုန္ရာသီရွိေသာႏိုင္ငံမ်ားအတြက္ ငွက္ဖ်ားႏွင့္ဘယ္ရီဘယ္ရီေရာဂါ ကာကြယ္ရန္ ကီြႏိုင္ေဆးရည္ပါေသာရမ္အရက္အမ်ဳိးအစားထုတ္ေပးသည္။ လြတ္လပ္ေရးရျပီးေသာ္လည္း ျဗိတိသ်ွတပ္မေတာ္၏ အုပ္ခ်ဳပ္ေရးစနစ္ကိုဆက္လက္ သံုးစဲြေနသည့္အျပင္ လိုအပ္ခ်က္အရ တပ္မေတာ္ရမ္ အားဆက္လက္ထုတ္ေပးေနဆဲပင္ျဖစ္သည္။ ျမန္မာ့တပ္မေတာ္၏အာမီရမ္တြင္ ငွက္ဖ်ားေရာဂါကာကြယ္ေဆးကီြႏိုင္ေဆးရည္အျပင္ အျခားေသာေဆးမ်ားပါဝင္ျပီး အရက္ပါဝင္ႏႈန္း ၄၉%ျဖစ္သျဖင့္ အာမီရမ္မ်ားထဲတြင္ ထိပ္တန္းအဆင့္ရွိေသာရမ္အမ်ဳိးအစားျဖစ္သည္။

    ဘာေႀကာင့္လူႀကိဳက္မ်ားသနည္း

    ျမန္မာႏိုင္ငံတြင္လြတ္လပ္ေရးရျပီးစကတည္းက တိုက္ခိုက္ေနေသာ ေသာင္းက်န္းမႈႏွိမ္နင္းေရးတိုက္ပဲြမ်ားေႀကာင့္ ျမန္မာ့တပ္မေတာ္သားမ်ားသည္ ေတာင္ေပၚေျမျပန္႔မေရြး ေနရာအႏွံ႔သြားလာေရာက္ရွိေနႀကသည္။ ထိုသို႔တာဝန္ထမ္းေဆာင္ရင္း ခင္ရာမင္ေႀကာင္းမိတ္ဖဲြ႕ျခင္းျဖစ္ေစ စည္းရံုးေရးအရျဖစ္ေစ ဝန္ထမ္းျခင္းမိတ္ဆံုစားေသာက္ရာတြင္ျဖစ္ေစ အာမီရမ္အား တပ္မေတာ္သားမ်ားသာမက ဝန္ထမ္း အရပ္သားျပည္သူတို႔ပါျမည္းစမ္းမိႀကသည္။ ၄င္း၏ ေဆးဖက္ဝင္ေသာ အာနိသင္အရ ေတာထဲေတာင္ထဲေနတြင္ ေနထိုင္လုပ္ကိုင္စားေသာက္ႀကေသာ ဝန္ထမ္းႏွင့္ျပည္သူတို႔သည္ အာမီရမ္၏ေကာင္းကြက္အားသိျမင္ကာ ႏွစ္ျခိဳက္စြာေသာက္သံုးႀကသည္။ မဆလေခတ္တြင္ အစစအရာရာရွားပါးေသာကာလျဖစ္သည့္အျပင္ ျပည္ပသြင္းကုန္အရက္ကိုကန္႔သတ္ထားသျဖင့္ သာမန္ျပည္သူတို႔အတြက္ BEDC၏ ဘီအီးျဖဴ ႏွင့္ တပ္မေတာ္သားတို႔အတြက္ အာမီရမ္သည္သာ ျမန္မာျပည္၏ အေက်ာ္ကရ ယမကာမ်ားျဖစ္သည္။ ၁၉၉၅ေနာက္ပိုင္းျပည္ပမွ အေဖ်ာ္ယာမကာမ်ားဝင္လာျခင္း ျပည္တြင္းျဖစ္ အေဖ်ာ္ယာမကာမ်ားထုတ္လုပ္လာျခင္းတို႔ျဖင့္ ဘီအီးအရက္ျဖဴ သည္ ေပ်ာက္သြားျပီး တပ္မေတာ္သားမ်ားႀကားထဲတြင္ပင္ အာမီရမ္သည္ ေခတၱတိမ္ေကာသြားခဲ့သည္။ သို႔ေသာ္ အာမီရမ္၏အရည္အေသြးအား စတင္ထုတ္လုပ္စဥ္မွ ယေန႔တိုင္ ထိန္းသိမ္းထားႏိုင္မႈသည္ ၄င္းကိုေသာက္သံုးသူမ်ားကို ဆဲြေဆာင္ေနျမဲျဖစ္သည္။ ေစ်းႏႈန္းအားျဖင့္ ယခုလို ကုန္ေစ်းႏႈန္းတက္ေနေသာကာလတြင္ပင္ ၁၃ပက္ပါတစ္ပုလင္းလ်ွင္ ကာလေပါက္ေစ်း ၁၅၀၀ သာရွိသျဖင့္ ယခင္ကဆို ယခုထက္ေစ်းပိုခ်ဳိမည္မလဲြေပ။ ေစ်းႏႈန္းအားျဖင့္ေသာ္လည္းေကာင္း အရသာအားျဖင့္ေသာ္လည္းေကာင္း အရည္အေသြးအားျဖင့္ေသာ္လည္းေကာင္း အျခားအေဖ်ာ္ယာမကာမ်ားထက္မေလ်ာ့ဘဲ အခ်ဳိ႕ေနရာတြင္ ပိုမိုသာလြန္သျဖင့္ ၂၀၀၉~၁၀ ခုႏွစ္ေလာက္ကတည္းက စတင္ကာ ေသာက္သံုးသူျပန္လည္မ်ားလာသည္။ ယခင္က ဦးပိုင္အေနျဖင့္ တပ္မေတာ္အတြက္သာမက ဘ႑ာေငြရွာေဖြရန္အတြက္ အာမီရမ္အားတပ္မေတာ္သားမ်ားအတြက္သာမက ျပင္ပေစ်းကြက္အတြက္ အျခားနည္းလမ္းမ်ားျဖင့္ ျဖန္႔ျဖဴ းခဲ့သျဖင့္ အာမီရမ္အတုမ်ားေပၚခဲ့သည္လည္းရွိသည္။ သို႔ေသာ္ လြန္ခဲ့ေသာ သံုးႏွစ္ခန္႔မွစကာ အာမီရမ္အား ျပင္ပေစ်းကြက္တြင္ မေတြ႕ရေတာ့ဘဲ တပ္မေတာ္သားမ်ားအတြက္သာ သီးသန္႔ Army personl only ထုတ္လုပ္လာသည္။ အေရအတြက္ကိုေလ်ာ့ခ်လိုက္သျဖင့္ အရည္အေသြးဘက္သို႔ပိုမိုအားထည့္ႏိုင္လာေသာအခါ အာမီရမ္၏အရည္အေသြးသည္ ယခင္ကထက္ပိုမို တိုးတက္လာသည္။ အထူးသျဖင့္ ညကေသာက္ထားလ်ွင္ ေနာက္တစ္ေန႔မနက္တြင္ အရက္နာက်ျခင္း မအီမသာျဖစ္ျခင္း လံုးဝမရွိသျဖင့္ ယာမကာလုလင္တို႔အႀကိဳက္ျဖစ္လာသည္။ Limited edition ျဖစ္လာသျဖင့္ တပ္မေတာ္သားမ်ားအတြက္ပင္ ရွားပါးကုန္စည္ျဖစ္လာေသာအခါ အျပင္ရွိ ယာမကာလုလင္တို႔အဖို႔ျမင္သာျမင္မႀကင္ရသည့္ဘဝျဖစ္လာသည္။ ထို႔ျပင္ အရက္အတုမ်ားစြာေပါမ်ားေနေသာ ကာလတြင္ Army personal only စာတမ္းပါ အရက္ပါဝင္ႏႈန္း ၄၉%ရွိသည့္ ရမ္သည္ ႏွစ္သက္သူတို႔အတြက္ စစ္မွန္ေသာေရႊပင္ျဖစ္သည္။ သို႔ေသာ္ ေရႊဆိုသည့္အတိုင္း မေပါမ်ားေပ။ ခင္ရာမင္ရာတပ္မေတာ္သားမ်ားထံမွပင္ ရရွိရန္ခက္လွသည္။ တပ္မေတာ္သားမ်ားကိုယ္တိုင္ပင္ ေရွ႕တန္းစစ္ေျမျပင္တြင္ျဖစ္ေစ ေနာက္တန္းတာဝန္ထမ္းေဆာင္ရာတြင္ျဖစ္ေစ ရာသီဥတုေႀကာင့္ေသာ္လည္းေကာင္း ေဆးဝါးအျဖစ္ေသာ္လည္းေကာင္း ကိုယ္လက္မအီမသာ ဖ်ားနာခ်င္ဟန္ရွိလာလ်ွင္ တစ္ပက္ခန္႔ေသာက္သံုးပါက အဖ်ားမဝင္သျဖင့္ အရက္မေသာက္တတ္ေသာသူမ်ားပင္ေဆးဝါးအျဖစ္သိမ္းဆည္းထားတတ္ႀကသည္။

    (ဗဟုသုတအေနျဖင့္သာေရးသားပါသည္။ အရက္ေသစာေသာက္သံုးျခင္းအား စာေရးသူကိုယ္တိုင္ပင္အားမေပးေပ။ တန္ေဆးလြန္ေဘးစကားပံုအတိုင္း မိမိတို႔သင့္တင့္ေသာပမာဏကိုခ်င့္ခ်ိန္ေသာက္သံုးရန္ လိုသည္။ ေဆးျဖစ္ဝါးျဖစ္မွ ေခြးျဖစ္ႏြားျဖစ္အဆင့္မေရာက္ခင္ အသိ သတိျဖင့္ ထိန္းသိမ္းႀကပါ)

    အာမီဆားငံ သို႔မဟုတ္ ျပဳ ျပင္ထားေသာအာမီရမ္

    ယေန႔ online ေပၚတြင္ အခ်ဳိ႕တပ္မေတာ္သားမ်ားႏွင့္ ႏွစ္သက္သူမ်ားႀကားထဲတြင္ နာမည္ေက်ာ္ေနသည္က ျပဳျပင္ထားသာ အာမီဆားငံဟူသည့္အမည္ျဖင့္ အာမီရမ္ျဖစ္သည္။ လိုက္လံေမးျမန္းထားသမ်ွအား ျပန္လည္အမ်ဳိးအစားခဲြေသာ္ သံုးမ်ဳိးခဲြျခားႏိုင္သည္။ ထိုအမ်ဳိးအစားမ်ားမွာ

    1. High concentration Brackish Army Rum

    2. Low concentration Brackish Army Rum

    3. Army rum cocktail တို႔ပင္ျဖစ္သည္။

    အာမီရမ္သည္ အရည္အေသြးအားျဖင့္ ယမကာလုလင္တို႔ ႏွစ္သက္ေသာ္လည္း ၄င္း၏ အနံ႔ႏွင့္အရသာသည္ ျပင္းထန္လွသည္။ ရိုးရိုးသံုးေဆာင္ပါက အဝင္ဆိုးတတ္သျဖင့္ ျပဳျပင္ကာ ေသာက္သံုးႀကသည္။ အထက္တြင္ေဖာ္ျပထားေသာ အမ်ဳိးအစားသံုးခုသည္ နံပါတ္စဥ္အလိုက္အဆင့္အတန္းကြာျခားသည္။ ပထမႏွစ္မ်ဳိးသည္ ထိပ္တန္းအဆင့္ျဖစ္ျပီး ေအာက္ဆံုးအဆင့္သည္ စိတ္မရွည္သူမ်ားအတြက္ျဖစ္သည္။အရသာလဲကြာျခားလွသည္။

    ျပဳလုပ္နည္းမ်ားကို ျပန္လည္ေဝမ်ွရမည္ဆိုေသာ္ အနိမ့္ဆံုးအဆင့္ cocktail ကိုဦးစြာဆိုရေပမည္။ Army rum cocktail အတြက္ လိုအပ္ေသာအမယ္မ်ားသည္ လြယ္ကူသည္။ သစ္သီးေဖ်ာ္ရည္အႏွစ္(ဆားငံသီးေဖ်ာ္ရည္အႏွစ္သည္အေကာင္းဆံုးျဖစ္သည္) သံပုရာသီး ႏွင့္ ေရသာျဖစ္သည္။ ငါးႀကင္းဖန္ခြက္အရြယ္ ေကာ့ေတးတစ္ခြက္အတြက္ Army rum ၂ပက္ သစ္သီးေဖ်ာ္ရည္ႏွစ္ ၁ပက္ သံပုရာသီးတစ္စိတ္ အားထည့္ကာ ေရအျပည့္ျဖည့္ျပီး သမေအာင္ေမႊပါက လြယ္ကူေသာ အာမီေကာ့ေတးတစ္ခြက္ျဖစ္သည္။ ဆားငံသီးအႏွစ္မရမက သံပုရာရည္ နာနတ္ရည္သံုးႏိုင္သည္။ အရသာအားျဖင့္ အဝင္အနည္းငယ္သက္သာေစျပီး ဆားငံသီး၏ အငန္အရသာ သံပုရာသီး၏ လတ္ဆတ္မႈတို႔အားအျပည့္အဝခံစားရျပီး ညစာမသံုးေဆာင္မီေသာက္သံုးပါက ႏႈတ္ကိုျမိန္ေစသည္။

    ဒုတိယတန္းစား အာမီဆားငံျဖစ္ေသာ Low conentration အတြက္ လိုအပ္ေသာ ပစၥည္းမ်ားသည္ ဆားငံသီးဘူးႀကီး ႏွစ္ဘူး ဆားခ်ဳိသီး ဘူးေသး ေလးဘူး သႀကား ငါးက်ပ္သား ႏွင့္ ေရ ျဖစ္သည္။ ပထမဦးစြာ အာမီရမ္ အသစ္တစ္ပုလင္းအား ႏွစ္ပုလင္းခဲြကာ ထည့္ရမည္။ (မထည့္ခ်င္လို႔ တစ္ဝက္ေသာက္ပစ္လဲအျပစ္မဆုိ ဟဲဟဲ) အာမီရမ္ပုလင္းတစ္ဝက္စီအား ဆားငံတစ္ဘူး ဆားခ်ဳိဘူးေသးႏွစ္ဘူးစီထည့္ကာ သႀကား ငါးက်ပ္သားထည့္ ေရအားပုလင္းအျပည့္ ျဖည့္ကာ သႀကားမ်ားေပ်ာ္သည့္အထိ လႈပ္ရမည္။ သႀကားမ်ားအားလံုးေပ်ာ္ဝင္သြားျပီဆိုပါက အဖံုးလံုေအာင္ပိတ္ကာ အလင္းေရာင္မရွိေသာ ေနရာတြင္ ႏွစ္ပတ္ထားရမည္။ ႏွစ္ပတ္ေစ့ေသာအခါ ထိုပုလင္းအားဖြင့္ကာသံုးေဆာင္ႏိုင္ပါျပီ ဆားငံသီးဆားခ်ဳိသီး၏ ေမြးပ်ံ႕ေသာရနံ႔ႏွင့္ ခ်ဳိျမေသာအရသာသည္ မိတ္ေဆြတို႔လ်ွာဖ်ားတြင္စဲြေစျပီး ဝမ္းမီးေကာင္းေစပါသည္။ စတင္စိမ္စဥ္ကတည္းက ေရပါပါဝင္ေရာစပ္ထားသျဖင့္ ေရထပ္မံေရာ စရာမလိုဘဲ သံုးေဆာင္ႏိုင္ပါသည္။ သႀကားထည့္ထားသျဖင့္ Alcohal % အား ၅၁%ခန္႔အထိျမင့္ထားသျဖင့္ တစ္ေခါက္တည္းမ်ားစြာမေသာက္ရန္ သတိေပးပါသည္။(မွတ္ခ်က္ ဤအာမီရမ္အမ်ဳိးအစားအား ေရေရာျခင္း အျခားေသာ အေဖ်ာ္ယမကာမ်ားေရာျခင္း မျပဳရန္သတိျပဳပါ)

    ပထမတန္းစားအာမီဆားငံျဖစ္ေသာ High concentration အတြက္လိုအပ္သည့္ ပစၥည္းမ်ားမွာ ဆားငံသီးဘူးႀကီးတစ္ဘူး ဆားခ်ဳိသီးတစ္ဘူး သႀကား ငါးက်ပ္သားမွလိုအပ္သေလာက္ ေဆးဘက္ဝင္သစ္ဥသစ္ျမစ္မ်ား (ေတာေရွာက္ျမစ္ မခ်စ္ဥ ရွီးပဒီး ဂ်င္ဆင္း ကဲ့သို႔ေသာေဆးမ်ား) ပင္ျဖစ္သည္။ (ေဆးဘက္ဝင္သစ္ဥသစ္ျမစ္မ်ားမထည့္လည္း ကိစၥမရွိပါ ႀကိဳက္တတ္လ်ွင္ျဖစ္ေစ လိုအပ္လ်ွင္ျဖစ္ေစ ထည့္ႏိုင္သည္ဟု ေျပာျခင္းျဖစ္သည္။) ပထမဦးစြာ အာမီရမ္တစ္ပုလင္းလ်ွင္ ၁၃ပက္ပါဝင္သျဖင့္ ၄ပက္အား ထုတ္ပစ္ရမည္။ ဤနည္းတြင္မူရင္းပုလင္းျဖင့္သာစိမ္ဖို႔လိုပါသည္။ ၄ပက္ထုတ္ပစ္ေသာပုလင္းထဲသို႔ ဆားငံႏွင့္ဆားခ်ဳိသီးမ်ား ထည့္ရမည္။ ေဆးျမစ္မ်ားထည့္မည္ဆိုပါက အတံုးေသးမ်ားျဖစ္ေအာင္ တံုးကာထည့္ရမည္။ အမယ္မ်ားစံုလင္ေအာင္ထည့္ျပီးပါက သႀကားထည့္ရမည္။ သႀကားထည့္ရတြင္ ပုလင္းအဝမေရာက္ခင္ လက္တစ္လံုးအလိုအထိျဖည့္ရမည္။(ေမးျမန္းခ်က္မ်ားေသာ္လည္းေကာင္း ကိုယ္တိုင္စိမ္စဥ္က အေတြ႕အႀကံဳမ်ားအရေသာ္လည္းေကာင္း သႀကား ငါးက်ပ္သားမွ တစ္ဆယ္သားအထိလိုအပ္သည္) ပါဝင္ပစၥည္းမ်ားအကုန္စံုပါက ပုလင္းအားေလလံုေအာင္ပိတ္ကာ သႀကားမ်ားေပ်ာ္သည္အထိ လႈပ္ခါေပးရမည္။ သႀကားမ်ားေပ်ာ္သည္ဆိုမွ ေမွာင္ကာေျခာက္ေသြ႕ေအးျမေသာေနရာတြင္ ႏွစ္လထားရသည္။ ႏွစ္လျပည့္ေသာ္စတင္ေသာက္သံုးႏိုင္ေသာ္လည္း သက္တမ္းႀကာႀကာစိမ္ေလ အရသာပိုေကာင္းေလျဖစ္သည္။ ေျခာက္လႀကာစိမ္ထားေသာ ပထမတန္းစားအာမီဆားငံတစ္ပုလင္းသည္ ယမကာလုလင္တို႔အတြက္ Black တစ္လံုးႏွင့္ပင္မလဲႏိုင္ဟုဆိုႀကသည္။

    အဆိုပါ အာမီဆားငံမ်ား ႏွင့္တဲြဖက္သံုးေဆာင္သင့္ေသာ ပထမတန္းစားအျမည္းသည္ အသားကင္မ်ားျဖစ္သည္။ ဒုတိယတန္းစားမွာ က်ပ္တိုက္ေျခာက္ အသားေျခာက္မ်ားျဖစ္သည္။ တတိယတန္းစားသည္ ခ်ဳိေသာအရသာရွိသည့္အသီးအရြက္ေႀကာ္မ်ားျဖစ္သည္။မည္သို႔ပင္ဆိုေစကာမႈ မရမ္းျပားတစ္ထုပ္ျဖင့္ ျမည္းသူမ်ားလည္းေတြ႕ဖူးသည္ လက္ဖက္ခ်ဥ္စပ္တစ္ထုပ္ႏွင့္္ျမည္းသူလဲေတြ႕ဖူးသျဖင့္ မိမိႏွစ္သက္ရာ ျဖင့္တဲြဖက္သံုးေဆာင္ႏိုင္ပါသည္။

    အသိ သတိျဖင့္ယွဥ္ကာ သပၸမ်ွတေအာင္သံုးေဆာင္ျပီး သက္ရွည္က်န္းမာေစေႀကာင္းဆုမြန္ေကာင္းျဖင့္

    စစ္မွတ္တမ္း

    Credit – စစ္မွတ္တမ္း

    (Unicode)

    တပ်မတော်ရမ် အကြောင်း တစ်စေ့ တစ်စောင်း

    လွန်ခဲ့သောသုံးလေးလလောက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုပ်သံတစ်ခုက မြန်မာ့တပ်မတော်အကြောင်း documentary တစ်ပုဒ်လာရောက်ရိုက်ကူးထားတာကို fb မှာလူသိများကြပါတယ်။ အဲဒီသတင်းရဲ့ ပထမပိုင်းမှာ ရုရှားကြီးက မြန်မာ့တပ်မတော်သားတွေကို ရာရှင်အဖြစ်ပေးတယ့် Army Rum နဲ့ Dagon Beer အကြောင်း အတော်ကြော်ငြာပေးသွားလို့ လူသိများလာခဲ့တယ်။ တကယ်တမ်းက အဲဒီ documentary မရိုက်ခင် နှစ်အတော်ကြာကတည်းက Army Rum က နာမည်ရှိပြီးသားပါ ကြိုက်တတ်သူတွေအဖို့ တစ်ပုလင်းဆို ဆိုသလောက် တန်ဖိုးထားပြီးသောက်ကြပါတယ်။

    အာမီရမ် ဆိုတာ ဘယ်လိုအရက်မျိုးလဲ ဘာကြောင့်လူကြိုက်များလဲ သောက်သုံးသူတွေဘက်ကတုန့်ပြန်မှုကဘယ်လိုလဲ ဆိုတာတွေကို ခင်ရာမင်ရာ ယမကာလုလင်များ တပ်မတော်သားများ ဆီမှမေးမြန်းပြီးတင်ဆက်လိုက်ပါ့မည်။

    အာမီရမ်ကဘယ်လိုအရက်မျိုးလဲ

    ဗြိတိသျှစနစ်ကိုဆက်လက်ကျင့်သုံးနေသေးသော ခေတ်သစ်တပ်မတော်များမှာ ရမ်အရက်ကို ရာရှင်အနေနဲ့ထုတ်ပေးခဲ့သည်။(ဥပမာ အိန္ဒိယ မြန်မာ နယူးဇီလန်) ရမ်အရက်ဆိုတာ ယခင်က သဘောၤသားများအတွက် နှုတ်မြိန်စာအဖြစ်လည်းကောင်း ဆေးဝါးအဖြစ်လည်းကောင်းသောက်သုံးသောအရက်တစ်မျိုးဖြစ်သည်။ ရေတပ်ကိုဦးစားပေးထားသော ဗြိတိသျှတပ်မတော်တွင် ရမ်အရက်သည် ရိုးရာတစ်ခုပင်ဖြစ်သည်။ ဘုရင့်ရေတပ်သားတို့ကိုသာမက ကြည်းတပ်သားများအတွက် ထုတ်ပေးသောရိက္ခာအမျိုးအစားထဲတွင် ရမ်ပါသည်။ ၁၆~၁၇ရာစုကတည်းကစကာ ကမ္ဘာပတ်ဓမြတိုက်ပြီး နေမဝင်အင်ပါယာထူထောင်နေသူ ငဗြိတို့အတွက် ၎င်းတို့တပ်မတော်သားများ၏ကျန်းမာရေးသည် ဦးစားပေးအချက်တစ်ချက်ဖြစ်သည်။ ရမ်အရက်အား သင့်တော်သောဆေးဝါးများဖြင့် ပေါင်းစပ်ချက်လုပ်ကာ မျှတသောပမာဏဖြင့် သုံးဆောင်ပါက ကိုယ်ခံအားကောင်းခြင်း ရာသီဥတုနှင့်ရောဂါဘယဒဏ်အား ခံနိုင်ရည်ရှိခြင်း နှင့်အခြားကောင်းကျိုးများရရှိသည်။ ဗြိတိသျှအင်ပါယာကိုထူထောင်စဉ်က ကမ္ဘာ့နေရာအနှံအပြားသို့သွားရောက်ကာ တိုက်ခိုက်သော ဗြိတိသျှလူဖြူ စစ်သားတို့အတွက် တပ်မတော်သုံးရမ်အရက်အား ဗြိတိသျှတပ်မတော်မှထုတ်ပေးသည်။ နောက်ပိုင်း ဗြိတိသျှအင်ပါယာအတွင်းမှ ကိုလိုနီတပ်မတော်များ(မဟာမေဒင်ဘာသာဝင်များမှလွဲ၍)အတွက် နိုင်ငံအလိုက်သင့်တော်သော ရမ်အရက်အမျိုးမျိုးကို ထုတ်ပေးခဲ့သည်။ မြန်မာနှင့်အိန္ဒိယကဲ့သို့ မုတ်သုန်ရာသီရှိသောနိုင်ငံများအတွက် ငှက်ဖျားနှင့်ဘယ်ရီဘယ်ရီရောဂါ ကာကွယ်ရန် ကွီနိုင်ဆေးရည်ပါသောရမ်အရက်အမျိုးအစားထုတ်ပေးသည်။ လွတ်လပ်ရေးရပြီးသော်လည်း ဗြိတိသျှတပ်မတော်၏ အုပ်ချုပ်ရေးစနစ်ကိုဆက်လက် သုံးစွဲနေသည့်အပြင် လိုအပ်ချက်အရ တပ်မတော်ရမ် အားဆက်လက်ထုတ်ပေးနေဆဲပင်ဖြစ်သည်။ မြန်မာ့တပ်မတော်၏အာမီရမ်တွင် ငှက်ဖျားရောဂါကာကွယ်ဆေးကွီနိုင်ဆေးရည်အပြင် အခြားသောဆေးများပါဝင်ပြီး အရက်ပါဝင်နှုန်း ၄၉%ဖြစ်သဖြင့် အာမီရမ်များထဲတွင် ထိပ်တန်းအဆင့်ရှိသောရမ်အမျိုးအစားဖြစ်သည်။

    ဘာကြောင့်လူကြိုက်များသနည်း

    မြန်မာနိုင်ငံတွင်လွတ်လပ်ရေးရပြီးစကတည်းက တိုက်ခိုက်နေသော သောင်းကျန်းမှုနှိမ်နင်းရေးတိုက်ပွဲများကြောင့် မြန်မာ့တပ်မတော်သားများသည် တောင်ပေါ်မြေပြန့်မရွေး နေရာအနှံ့သွားလာရောက်ရှိနေကြသည်။ ထိုသို့တာဝန်ထမ်းဆောင်ရင်း ခင်ရာမင်ကြောင်းမိတ်ဖွဲ့ခြင်းဖြစ်စေ စည်းရုံးရေးအရဖြစ်စေ ဝန်ထမ်းခြင်းမိတ်ဆုံစားသောက်ရာတွင်ဖြစ်စေ အာမီရမ်အား တပ်မတော်သားများသာမက ဝန်ထမ်း အရပ်သားပြည်သူတို့ပါမြည်းစမ်းမိကြသည်။ ၎င်း၏ ဆေးဖက်ဝင်သော အာနိသင်အရ တောထဲတောင်ထဲနေတွင် နေထိုင်လုပ်ကိုင်စားသောက်ကြသော ဝန်ထမ်းနှင့်ပြည်သူတို့သည် အာမီရမ်၏ကောင်းကွက်အားသိမြင်ကာ နှစ်ခြိုက်စွာသောက်သုံးကြသည်။ မဆလခေတ်တွင် အစစအရာရာရှားပါးသောကာလဖြစ်သည့်အပြင် ပြည်ပသွင်းကုန်အရက်ကိုကန့်သတ်ထားသဖြင့် သာမန်ပြည်သူတို့အတွက် BEDC၏ ဘီအီးဖြူ နှင့် တပ်မတော်သားတို့အတွက် အာမီရမ်သည်သာ မြန်မာပြည်၏ အကျော်ကရ ယမကာများဖြစ်သည်။ ၁၉၉၅နောက်ပိုင်းပြည်ပမှ အဖျော်ယာမကာများဝင်လာခြင်း ပြည်တွင်းဖြစ် အဖျော်ယာမကာများထုတ်လုပ်လာခြင်းတို့ဖြင့် ဘီအီးအရက်ဖြူ သည် ပျောက်သွားပြီး တပ်မတော်သားများကြားထဲတွင်ပင် အာမီရမ်သည် ခေတ္တတိမ်ကောသွားခဲ့သည်။ သို့သော် အာမီရမ်၏အရည်အသွေးအား စတင်ထုတ်လုပ်စဉ်မှ ယနေ့တိုင် ထိန်းသိမ်းထားနိုင်မှုသည် ၎င်းကိုသောက်သုံးသူများကို ဆွဲဆောင်နေမြဲဖြစ်သည်။ ဈေးနှုန်းအားဖြင့် ယခုလို ကုန်ဈေးနှုန်းတက်နေသောကာလတွင်ပင် ၁၃ပက်ပါတစ်ပုလင်းလျှင် ကာလပေါက်ဈေး ၁၅၀၀ သာရှိသဖြင့် ယခင်ကဆို ယခုထက်ဈေးပိုချိုမည်မလွဲပေ။ ဈေးနှုန်းအားဖြင့်သော်လည်းကောင်း အရသာအားဖြင့်သော်လည်းကောင်း အရည်အသွေးအားဖြင့်သော်လည်းကောင်း အခြားအဖျော်ယာမကာများထက်မလျော့ဘဲ အချို့နေရာတွင် ပိုမိုသာလွန်သဖြင့် ၂၀၀၉~၁၀ ခုနှစ်လောက်ကတည်းက စတင်ကာ သောက်သုံးသူပြန်လည်များလာသည်။ ယခင်က ဦးပိုင်အနေဖြင့် တပ်မတော်အတွက်သာမက ဘဏ္ဍာငွေရှာဖွေရန်အတွက် အာမီရမ်အားတပ်မတော်သားများအတွက်သာမက ပြင်ပဈေးကွက်အတွက် အခြားနည်းလမ်းများဖြင့် ဖြန့်ဖြူ းခဲ့သဖြင့် အာမီရမ်အတုများပေါ်ခဲ့သည်လည်းရှိသည်။ သို့သော် လွန်ခဲ့သော သုံးနှစ်ခန့်မှစကာ အာမီရမ်အား ပြင်ပဈေးကွက်တွင် မတွေ့ရတော့ဘဲ တပ်မတော်သားများအတွက်သာ သီးသန့် Army personl only ထုတ်လုပ်လာသည်။ အရေအတွက်ကိုလျော့ချလိုက်သဖြင့် အရည်အသွေးဘက်သို့ပိုမိုအားထည့်နိုင်လာသောအခါ အာမီရမ်၏အရည်အသွေးသည် ယခင်ကထက်ပိုမို တိုးတက်လာသည်။ အထူးသဖြင့် ညကသောက်ထားလျှင် နောက်တစ်နေ့မနက်တွင် အရက်နာကျခြင်း မအီမသာဖြစ်ခြင်း လုံးဝမရှိသဖြင့် ယာမကာလုလင်တို့အကြိုက်ဖြစ်လာသည်။ Limited edition ဖြစ်လာသဖြင့် တပ်မတော်သားများအတွက်ပင် ရှားပါးကုန်စည်ဖြစ်လာသောအခါ အပြင်ရှိ ယာမကာလုလင်တို့အဖို့မြင်သာမြင်မကြင်ရသည့်ဘဝဖြစ်လာသည်။ ထို့ပြင် အရက်အတုများစွာပေါများနေသော ကာလတွင် Army personal only စာတမ်းပါ အရက်ပါဝင်နှုန်း ၄၉%ရှိသည့် ရမ်သည် နှစ်သက်သူတို့အတွက် စစ်မှန်သောရွှေပင်ဖြစ်သည်။ သို့သော် ရွှေဆိုသည့်အတိုင်း မပေါများပေ။ ခင်ရာမင်ရာတပ်မတော်သားများထံမှပင် ရရှိရန်ခက်လှသည်။ တပ်မတော်သားများကိုယ်တိုင်ပင် ရှေ့တန်းစစ်မြေပြင်တွင်ဖြစ်စေ နောက်တန်းတာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ ရာသီဥတုကြောင့်သော်လည်းကောင်း ဆေးဝါးအဖြစ်သော်လည်းကောင်း ကိုယ်လက်မအီမသာ ဖျားနာချင်ဟန်ရှိလာလျှင် တစ်ပက်ခန့်သောက်သုံးပါက အဖျားမဝင်သဖြင့် အရက်မသောက်တတ်သောသူများပင်ဆေးဝါးအဖြစ်သိမ်းဆည်းထားတတ်ကြသည်။

    (ဗဟုသုတအနေဖြင့်သာရေးသားပါသည်။ အရက်သေစာသောက်သုံးခြင်းအား စာရေးသူကိုယ်တိုင်ပင်အားမပေးပေ။ တန်ဆေးလွန်ဘေးစကားပုံအတိုင်း မိမိတို့သင့်တင့်သောပမာဏကိုချင့်ချိန်သောက်သုံးရန် လိုသည်။ ဆေးဖြစ်ဝါးဖြစ်မှ ခွေးဖြစ်နွားဖြစ်အဆင့်မရောက်ခင် အသိ သတိဖြင့် ထိန်းသိမ်းကြပါ)

    အာမီဆားငံ သို့မဟုတ် ပြု ပြင်ထားသောအာမီရမ်

    ယနေ့ online ပေါ်တွင် အချို့တပ်မတော်သားများနှင့် နှစ်သက်သူများကြားထဲတွင် နာမည်ကျော်နေသည်က ပြုပြင်ထားသာ အာမီဆားငံဟူသည့်အမည်ဖြင့် အာမီရမ်ဖြစ်သည်။ လိုက်လံမေးမြန်းထားသမျှအား ပြန်လည်အမျိုးအစားခွဲသော် သုံးမျိုးခွဲခြားနိုင်သည်။ ထိုအမျိုးအစားများမှာ

    1. High concentration Brackish Army Rum

    2. Low concentration Brackish Army Rum

    3. Army rum cocktail တို့ပင်ဖြစ်သည်။

    အာမီရမ်သည် အရည်အသွေးအားဖြင့် ယမကာလုလင်တို့ နှစ်သက်သော်လည်း ၎င်း၏ အနံ့နှင့်အရသာသည် ပြင်းထန်လှသည်။ ရိုးရိုးသုံးဆောင်ပါက အဝင်ဆိုးတတ်သဖြင့် ပြုပြင်ကာ သောက်သုံးကြသည်။ အထက်တွင်ဖော်ပြထားသော အမျိုးအစားသုံးခုသည် နံပါတ်စဉ်အလိုက်အဆင့်အတန်းကွာခြားသည်။ ပထမနှစ်မျိုးသည် ထိပ်တန်းအဆင့်ဖြစ်ပြီး အောက်ဆုံးအဆင့်သည် စိတ်မရှည်သူများအတွက်ဖြစ်သည်။အရသာလဲကွာခြားလှသည်။

    ပြုလုပ်နည်းများကို ပြန်လည်ဝေမျှရမည်ဆိုသော် အနိမ့်ဆုံးအဆင့် cocktail ကိုဦးစွာဆိုရပေမည်။ Army rum cocktail အတွက် လိုအပ်သောအမယ်များသည် လွယ်ကူသည်။ သစ်သီးဖျော်ရည်အနှစ်(ဆားငံသီးဖျော်ရည်အနှစ်သည်အကောင်းဆုံးဖြစ်သည်) သံပုရာသီး နှင့် ရေသာဖြစ်သည်။ ငါးကြင်းဖန်ခွက်အရွယ် ကော့တေးတစ်ခွက်အတွက် Army rum ၂ပက် သစ်သီးဖျော်ရည်နှစ် ၁ပက် သံပုရာသီးတစ်စိတ် အားထည့်ကာ ရေအပြည့်ဖြည့်ပြီး သမအောင်မွှေပါက လွယ်ကူသော အာမီကော့တေးတစ်ခွက်ဖြစ်သည်။ ဆားငံသီးအနှစ်မရမက သံပုရာရည် နာနတ်ရည်သုံးနိုင်သည်။ အရသာအားဖြင့် အဝင်အနည်းငယ်သက်သာစေပြီး ဆားငံသီး၏ အငန်အရသာ သံပုရာသီး၏ လတ်ဆတ်မှုတို့အားအပြည့်အဝခံစားရပြီး ညစာမသုံးဆောင်မီသောက်သုံးပါက နှုတ်ကိုမြိန်စေသည်။

    ဒုတိယတန်းစား အာမီဆားငံဖြစ်သော Low conentration အတွက် လိုအပ်သော ပစ္စည်းများသည် ဆားငံသီးဘူးကြီး နှစ်ဘူး ဆားချိုသီး ဘူးသေး လေးဘူး သကြား ငါးကျပ်သား နှင့် ရေ ဖြစ်သည်။ ပထမဦးစွာ အာမီရမ် အသစ်တစ်ပုလင်းအား နှစ်ပုလင်းခွဲကာ ထည့်ရမည်။ (မထည့်ချင်လို့ တစ်ဝက်သောက်ပစ်လဲအပြစ်မဆို ဟဲဟဲ) အာမီရမ်ပုလင်းတစ်ဝက်စီအား ဆားငံတစ်ဘူး ဆားချိုဘူးသေးနှစ်ဘူးစီထည့်ကာ သကြား ငါးကျပ်သားထည့် ရေအားပုလင်းအပြည့် ဖြည့်ကာ သကြားများပျော်သည့်အထိ လှုပ်ရမည်။ သကြားများအားလုံးပျော်ဝင်သွားပြီဆိုပါက အဖုံးလုံအောင်ပိတ်ကာ အလင်းရောင်မရှိသော နေရာတွင် နှစ်ပတ်ထားရမည်။ နှစ်ပတ်စေ့သောအခါ ထိုပုလင်းအားဖွင့်ကာသုံးဆောင်နိုင်ပါပြီ ဆားငံသီးဆားချိုသီး၏ မွေးပျံ့သောရနံ့နှင့် ချိုမြသောအရသာသည် မိတ်ဆွေတို့လျှာဖျားတွင်စွဲစေပြီး ဝမ်းမီးကောင်းစေပါသည်။ စတင်စိမ်စဉ်ကတည်းက ရေပါပါဝင်ရောစပ်ထားသဖြင့် ရေထပ်မံရော စရာမလိုဘဲ သုံးဆောင်နိုင်ပါသည်။ သကြားထည့်ထားသဖြင့် Alcohal % အား ၅၁%ခန့်အထိမြင့်ထားသဖြင့် တစ်ခေါက်တည်းများစွာမသောက်ရန် သတိပေးပါသည်။(မှတ်ချက် ဤအာမီရမ်အမျိုးအစားအား ရေရောခြင်း အခြားသော အဖျော်ယမကာများရောခြင်း မပြုရန်သတိပြုပါ)

    ပထမတန်းစားအာမီဆားငံဖြစ်သော High concentration အတွက်လိုအပ်သည့် ပစ္စည်းများမှာ ဆားငံသီးဘူးကြီးတစ်ဘူး ဆားချိုသီးတစ်ဘူး သကြား ငါးကျပ်သားမှလိုအပ်သလောက် ဆေးဘက်ဝင်သစ်ဥသစ်မြစ်များ (တောရှောက်မြစ် မချစ်ဥ ရှီးပဒီး ဂျင်ဆင်း ကဲ့သို့သောဆေးများ) ပင်ဖြစ်သည်။ (ဆေးဘက်ဝင်သစ်ဥသစ်မြစ်များမထည့်လည်း ကိစ္စမရှိပါ ကြိုက်တတ်လျှင်ဖြစ်စေ လိုအပ်လျှင်ဖြစ်စေ ထည့်နိုင်သည်ဟု ပြောခြင်းဖြစ်သည်။) ပထမဦးစွာ အာမီရမ်တစ်ပုလင်းလျှင် ၁၃ပက်ပါဝင်သဖြင့် ၄ပက်အား ထုတ်ပစ်ရမည်။ ဤနည်းတွင်မူရင်းပုလင်းဖြင့်သာစိမ်ဖို့လိုပါသည်။ ၄ပက်ထုတ်ပစ်သောပုလင်းထဲသို့ ဆားငံနှင့်ဆားချိုသီးများ ထည့်ရမည်။ ဆေးမြစ်များထည့်မည်ဆိုပါက အတုံးသေးများဖြစ်အောင် တုံးကာထည့်ရမည်။ အမယ်များစုံလင်အောင်ထည့်ပြီးပါက သကြားထည့်ရမည်။ သကြားထည့်ရတွင် ပုလင်းအဝမရောက်ခင် လက်တစ်လုံးအလိုအထိဖြည့်ရမည်။(မေးမြန်းချက်များသော်လည်းကောင်း ကိုယ်တိုင်စိမ်စဉ်က အတွေ့အကြုံများအရသော်လည်းကောင်း သကြား ငါးကျပ်သားမှ တစ်ဆယ်သားအထိလိုအပ်သည်) ပါဝင်ပစ္စည်းများအကုန်စုံပါက ပုလင်းအားလေလုံအောင်ပိတ်ကာ သကြားများပျော်သည်အထိ လှုပ်ခါပေးရမည်။ သကြားများပျော်သည်ဆိုမှ မှောင်ကာခြောက်သွေ့အေးမြသောနေရာတွင် နှစ်လထားရသည်။ နှစ်လပြည့်သော်စတင်သောက်သုံးနိုင်သော်လည်း သက်တမ်းကြာကြာစိမ်လေ အရသာပိုကောင်းလေဖြစ်သည်။ ခြောက်လကြာစိမ်ထားသော ပထမတန်းစားအာမီဆားငံတစ်ပုလင်းသည် ယမကာလုလင်တို့အတွက် Black တစ်လုံးနှင့်ပင်မလဲနိုင်ဟုဆိုကြသည်။

    အဆိုပါ အာမီဆားငံများ နှင့်တွဲဖက်သုံးဆောင်သင့်သော ပထမတန်းစားအမြည်းသည် အသားကင်များဖြစ်သည်။ ဒုတိယတန်းစားမှာ ကျပ်တိုက်ခြောက် အသားခြောက်များဖြစ်သည်။ တတိယတန်းစားသည် ချိုသောအရသာရှိသည့်အသီးအရွက်ကြော်များဖြစ်သည်။မည်သို့ပင်ဆိုစေကာမှု မရမ်းပြားတစ်ထုပ်ဖြင့် မြည်းသူများလည်းတွေ့ဖူးသည် လက်ဖက်ချဉ်စပ်တစ်ထုပ်နှင့်မြည်းသူလဲတွေ့ဖူးသဖြင့် မိမိနှစ်သက်ရာ ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါသည်။

    အသိ သတိဖြင့်ယှဉ်ကာ သပ္ပမျှတအောင်သုံးဆောင်ပြီး သက်ရှည်ကျန်းမာစေကြောင်းဆုမွန်ကောင်းဖြင့်

    #စစ်မှတ်တမ်း

    Credit – စစ်မှတ်တမ်

  • က်န္းမာေရးအတြက္ အိမ္အတြင္းမွာ စိုက္ပ်ိဳးထားသင့္တဲ့ အပင္မ်ား

    (Zawgyi)

    က်န္းမာေရးအတြက္ အိမ္အတြင္းမွာ စိုက္ပ်ိဳးထားသင့္တဲ့ အပင္မ်ား

    အခုေဖာ္ျပေပးမယ့္ အပင္ေတြဟာ စိုက္ပ်ိဳးဖို႔ မခဲယဥ္းသလို က်န္းမာေရးကိုလည္း အေထာက္အကူ ျဖစ္ေစပါတယ္။ မိမိတို႔အိမ္ ပတ္ဝန္းက်င္က မီးခိုးေငြ႕၊ ေဆးလိပ္ေငြ႕ေတြနဲ႔ သန႔္ရွင္းေရး ျပဳလုပ္တဲ့အခါ အသုံးျပဳတဲ့ ေဆးရည္ေတြကေန ထြက္လာတဲ့ အေငြ႕ေတြဟာ အိမ္တြင္းေလထုကို ညစ္ညမ္းေစၿပီး က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ အခုေဖာ္ျပေပးမယ့္ အပင္ေတြကေတာ့ စိုက္ပ်ိဳးဖို႔ မခဲယဥ္းသလို က်န္းမာေရးကိုလည္း အေထာက္အကူ ျဖစ္ေစပါတယ္။

    (၁) ရွားေစာင္းလက္ပပ္ပင္

    က်န္းမာေရးအတြက္ေရာ အလွအပအတြက္ပါ အသုံးတည့္တဲ့ ရွားေစာင္းလက္ပပ္ပင္ဟာ စိုက္ပ်ိဳးဖို႔ မခဲယဥ္းတဲ့ အပင္တမ်ိဳးပါ။ အၾကမ္းခံတဲ့ အပင္မ်ိဳးျဖစ္တဲ့အျပင္ ေအာက္ဆီဂ်င္ကို ၂၄ နာရီအျပည့္ ထုတ္လႊတ္ေပးႏိုင္တာေၾကာင့္ အိမ္မွာ စိုက္ပ်ိဳးထားသင့္ပါတယ္။

    (၂) နဂါးစက္ပင္ (Snake Plant)

    နဂါးစက္ပင္လို႔လည္း ေခၚသလို ေႁမြပင္လို႔လည္း ေခၚေဝၚၾကတဲ့ Snake Plant ပင္ေတြဟာ အၾကမ္းခံတဲ့အျပင္ အခန္းတြင္းေလထုကို သန႔္စင္ေပးႏိုင္တာေၾကာင့္ ကမာၻနဲ႔တဝွမ္း အိမ္တြင္းအလွစိုက္ပင္အျဖစ္ ေက်ာ္ၾကားလွပါတယ္။

    (၃) ရွင္သီဝလိဂမုန္း (Peace Lily)

    ျမန္မာလို “ရွင္သီဝလိ ဂမုန္း” လို႔ေခၚၾကတဲ့ Peace Lily ပင္ဟာဆိုရင္ အလင္းေရာင္ အနည္းငယ္နဲ႔ ရ႐ုံနဲ႔ ရွင္သန္ႏိုင္တဲ့ အပင္တမ်ိဳးပါ။ ေလထုညစ္ညမ္းမႈကို ျဖစ္ေပၚေစတဲ့ Carbondioxide, Carbonmonoxide နဲ႔ Formaldehyde တို႔ကို ဖယ္ရွားေပးႏိုင္တာေၾကာင့္ အိမ္တြင္းေလထုကို သန႔္စင္ေပးႏိုင္ပါတယ္။

    (၄) ပင္စိမ္း

    ဟင္းလ်ာ ခ်က္ျပဳတ္ရာမွာ ထည့္သြင္း အသုံးျပဳေလ့ရွိတဲ့ ပင္စိမ္းပင္ဟာ ေလထုတြင္းက ဘက္တီးရီးယားပိုးမႊားေတြကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ပင္စိမ္းရနံ႔ဟာ စိတ္ဖိစီးမႈကို သက္သာေစႏိုင္ပါတယ္။

    (၅) ေ႐ႊလာေငြလာဂမုန္း (Golden Pothos)

    ေ႐ႊလာေငြလာဂမုန္း အပါအဝင္ ဂမုန္းပင္အမ်ားစုဟာ အခန္းတြင္းက ေဆးလိပ္ေငြ႕လို အဆိပ္အေတာက္ ရွိတဲ့ ဓာတ္ေငြ႕ေတြကို စုပ္ယူေပးႏိုင္ၿပီး ၂၄ နာရီလုံး ေအာက္ဆီဂ်င္ ထုတ္လႊတ္ေပးႏိုင္တာေၾကာင့္ သင့္က်န္းမာေရးအတြက္ အိမ္မွာ စိုက္ပ်ိဳးထားေပးသင့္တဲ့ အပင္တပင္ပဲ ျဖစ္ပါတယ္။

    Credit- ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy-Burmese Edition

    (Unicode)

    ကျန်းမာရေးအတွက် အိမ်အတွင်းမှာ စိုက်ပျိုးထားသင့်တဲ့ အပင်များ

    အခုဖော်ပြပေးမယ့် အပင်တွေဟာ စိုက်ပျိုးဖို့ မခဲယဉ်းသလို ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ မိမိတို့အိမ် ပတ်ဝန်းကျင်က မီးခိုးငွေ့၊ ဆေးလိပ်ငွေ့တွေနဲ့ သန့်ရှင်းရေး ပြုလုပ်တဲ့အခါ အသုံးပြုတဲ့ ဆေးရည်တွေကနေ ထွက်လာတဲ့ အငွေ့တွေဟာ အိမ်တွင်းလေထုကို ညစ်ညမ်းစေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အပင်တွေကတော့ စိုက်ပျိုးဖို့ မခဲယဉ်းသလို ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။

    (၁) ရှားစောင်းလက်ပပ်ပင်

    ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးတည့်တဲ့ ရှားစောင်းလက်ပပ်ပင်ဟာ စိုက်ပျိုးဖို့ မခဲယဉ်းတဲ့ အပင်တမျိုးပါ။ အကြမ်းခံတဲ့ အပင်မျိုးဖြစ်တဲ့အပြင် အောက်ဆီဂျင်ကို ၂၄ နာရီအပြည့် ထုတ်လွှတ်ပေးနိုင်တာကြောင့် အိမ်မှာ စိုက်ပျိုးထားသင့်ပါတယ်။

    (၂) နဂါးစက်ပင် (Snake Plant)

    နဂါးစက်ပင်လို့လည်း ခေါ်သလို မြွေပင်လို့လည်း ခေါ်ဝေါ်ကြတဲ့ Snake Plant ပင်တွေဟာ အကြမ်းခံတဲ့အပြင် အခန်းတွင်းလေထုကို သန့်စင်ပေးနိုင်တာကြောင့် ကမ္ဘာနဲ့တဝှမ်း အိမ်တွင်းအလှစိုက်ပင်အဖြစ် ကျော်ကြားလှပါတယ်။

    (၃) ရှင်သီဝလိဂမုန်း (Peace Lily)

    မြန်မာလို “ရှင်သီဝလိ ဂမုန်း” လို့ခေါ်ကြတဲ့ Peace Lily ပင်ဟာဆိုရင် အလင်းရောင် အနည်းငယ်နဲ့ ရရုံနဲ့ ရှင်သန်နိုင်တဲ့ အပင်တမျိုးပါ။ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ Carbondioxide, Carbonmonoxide နဲ့ Formaldehyde တို့ကို ဖယ်ရှားပေးနိုင်တာကြောင့် အိမ်တွင်းလေထုကို သန့်စင်ပေးနိုင်ပါတယ်။

    (၄) ပင်စိမ်း

    ဟင်းလျာ ချက်ပြုတ်ရာမှာ ထည့်သွင်း အသုံးပြုလေ့ရှိတဲ့ ပင်စိမ်းပင်ဟာ လေထုတွင်းက ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပင်စိမ်းရနံ့ဟာ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။

    (၅) ရွှေလာငွေလာဂမုန်း (Golden Pothos)

    ရွှေလာငွေလာဂမုန်း အပါအဝင် ဂမုန်းပင်အများစုဟာ အခန်းတွင်းက ဆေးလိပ်ငွေ့လို အဆိပ်အတောက် ရှိတဲ့ ဓာတ်ငွေ့တွေကို စုပ်ယူပေးနိုင်ပြီး ၂၄ နာရီလုံး အောက်ဆီဂျင် ထုတ်လွှတ်ပေးနိုင်တာကြောင့် သင့်ကျန်းမာရေးအတွက် အိမ်မှာ စိုက်ပျိုးထားပေးသင့်တဲ့ အပင်တပင်ပဲ ဖြစ်ပါတယ်။

    Credit- ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy-Burmese Edition

  • ေၾကးပန္းအိုးေလးမ်ား ၀ယ္လာကာစကလို ေရႊေရာင္ျပန္၀င္းေစဖို႕

    (Zawgyi)

    ေၾကးပန္းအိုးေလးမ်ား ေရႊေရာင္၀င္းေစဖို႕

    တစ္ေန႕တြင္ ကၽြန္မ၏မိတ္ေဆြ အိမ္သို႕ လာလည္စဥ္တြင္ ကၽြန္မသည္ ဘုရားပန္းအိုး လဲေနပါသည္။ ထိုိသို႕ျဖင့္ ေရာက္တတ္ရာရာ ေျပာၾကရင္း ကၽြန္မက ” ၾကည့္ပါအံုး အစ္မရယ္၊ ဘုရားပန္းအုိးကလဲ မည္းတူးေနတာပဲ။ မန္က်ည္းမွည့္ရည္ စိမ္ရတယ္ဆိုလို႕ စိမ္တာလဲ မထူးျခားပါဘူး” ဟု ေျပာလုိက္ရာ ထိုအစ္မၾကီးက ” အမယ္ေလးေလး ဒါမ်ား အလြယ္ေလး။ ငါနည္းေပးမယ္” ဆိုျပီး ေပးေသာနည္း ျဖစ္ပါသည္။

    ထိုနည္းမွာ… “အုတ္နီမႈန္႕ႏွင့္ ဆပ္ျပာမႈန္႕ေရာျပီး ပလတ္စတစ္အိတ္ခပ္ၾကီးၾကီးျဖင့္ ေၾကးပန္းအိုးကို နာနာပြတ္တိုက္ရပါသည္။ (အုတ္မႈန္႕ အလြယ္တကူမရွိလွ်င္ အုတ္နီခဲအခ်င္းခ်င္း ပြတ္တိုက္လွ်င္လည္း အုတ္မႈန္႕ရပါသည္။) ကၽြန္မလို အခက္ေတြ႕ေနသူမ်ားအတြက္ နည္းေကာင္းေလးတစ္လက္ ေဖာ္ျပေပးလိုက္ရျခင္း ျဖစ္ပါသည္။

    မေကေကလႈိင္းဇင္

    ေၾကးပန္းအိုးေလးမ်ား ေရႊေရာင္၀င္းေစဖို႕

    တစ္ေန႕တြင္ ကၽြန္မ၏မိတ္ေဆြ အိမ္သို႕ လာလည္စဥ္တြင္ ကၽြန္မသည္ ဘုရားပန္းအိုး လဲေနပါသည္။ ထိုိသို႕ျဖင့္ ေရာက္တတ္ရာရာ ေျပာၾကရင္း ကၽြန္မက ” ၾကည့္ပါအံုး အစ္မရယ္၊ ဘုရားပန္းအုိးကလဲ မည္းတူးေနတာပဲ။ မန္က်ည္းမွည့္ရည္ စိမ္ရတယ္ဆိုလို႕ စိမ္တာလဲ မထူးျခားပါဘူး” ဟု ေျပာလုိက္ရာ ထိုအစ္မၾကီးက ” အမယ္ေလးေလး ဒါမ်ား အလြယ္ေလး။ ငါနည္းေပးမယ္” ဆိုျပီး ေပးေသာနည္း ျဖစ္ပါသည္။

    ထိုနည္းမွာ… “အုတ္နီမႈန္႕ႏွင့္ ဆပ္ျပာမႈန္႕ေရာျပီး ပလတ္စတစ္အိတ္ခပ္ၾကီးၾကီးျဖင့္ ေၾကးပန္းအိုးကို နာနာပြတ္တိုက္ရပါသည္။ (အုတ္မႈန္႕ အလြယ္တကူမရွိလွ်င္ အုတ္နီခဲအခ်င္းခ်င္း ပြတ္တိုက္လွ်င္လည္း အုတ္မႈန္႕ရပါသည္။) ကၽြန္မလို အခက္ေတြ႕ေနသူမ်ားအတြက္ နည္းေကာင္းေလးတစ္လက္ ေဖာ္ျပေပးလိုက္ရျခင္း ျဖစ္ပါသည္။

    မေကေကလႈိင္းဇင္

    (Unicode)

    ကြေးပန်းအိုးလေးများ ရွှေရောင်ဝင်းစေဖို့

    တစ်နေ့တွင် ကျွန်မ၏မိတ်ဆွေ အိမ်သို့ လာလည်စဉ်တွင် ကျွန်မသည် ဘုရားပန်းအိုး လဲနေပါသည်။ ထိုသို့ဖြင့် ရောက်တတ်ရာရာ ပြောကြရင်း ကျွန်မက ” ကြည့်ပါအုံး အစ်မရယ်၊ ဘုရားပန်းအိုးကလဲ မည်းတူးနေတာပဲ။ မန်ကျည်းမှည့်ရည် စိမ်ရတယ်ဆိုလို့ စိမ်တာလဲ မထူးခြားပါဘူး” ဟု ပြောလိုက်ရာ ထိုအစ်မကြီးက ” အမယ်လေးလေး ဒါများ အလွယ်လေး။ ငါနည်းပေးမယ်” ဆိုပြီး ပေးသောနည်း ဖြစ်ပါသည်။

    ထိုနည်းမှာ… “အုတ်နီမှုန့်နှင့် ဆပ်ပြာမှုန့်ရောပြီး ပလတ်စတစ်အိတ်ခပ်ကြီးကြီးဖြင့် ကြေးပန်းအိုးကို နာနာပွတ်တိုက်ရပါသည်။ (အုတ်မှုန့် အလွယ်တကူမရှိလျှင် အုတ်နီခဲအချင်းချင်း ပွတ်တိုက်လျှင်လည်း အုတ်မှုန့်ရပါသည်။) ကျွန်မလို အခက်တွေ့နေသူများအတွက် နည်းကောင်းလေးတစ်လက် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။

    မကေကေလှိုင်းဇင်

  • ၾကက္သြန္ျဖဴကို ေခါင္းအုံးအာက္မွာထားအိပ္ရင္

    ၾကက္သြန္ျဖဴကို ေခါင္းအုံးအာက္မွာထားအိပ္ရင္

    ၾကက္သြန္ျဖဴမွာပါဝင္တဲ့ ဆာလဖာကြန္ေပါင္းေတြနဲ႔ ဇန႔္ဓာတ္ေတြက သင့္ကို ေကာင္းမြန္စြာအိပ္စက္ႏိုင္ၿပီး ေနာက္ေန႔မွာ အားအင္အျပည့္နဲ႔ လန္းဆန္းစြာ ႏိုးႏိုင္ေအာင္ ကူညီေပးပါတယ္။ ၾကက္သြန္ျဖဴကို လြန္ခဲ့တဲ့ ႏွစ္ေပါင္းေထာင္ခ်ီကတည္းက သဘာဝေဆးအျဖစ္ အသုံးျပဳလာၾကပါတယ္။ ၾကက္သြန္ျဖဴရဲ႕ ပါဝင္တဲ့ ဓာတ္ေတြကလည္း ေဆးဖက္ဝင္လွပါတယ္။

    ၾကက္သြန္ျဖဴရဲ႕ ေဆးဖက္ဝင္ပုံ

    အာဟာရဓာတ္ေပါင္းမ်ားစြာပါဝင္တာေၾကာင့္ ၾကက္သြန္ျဖဴကို စူပါ အစားအစာလို႔ေတာင္ ေခၚေဝၚၾကပါတယ္။ ပါဝင္တဲ့ Antioxidants ဓာတ္ေတြက ႏွလုံးက်န္းမာေရးအတြက္ အရမ္းေကာင္းပါတယ္။ ေသြးလႊတ္ေၾကာရဲ႕ က်ဳံ႔ႏိုင္ဆံ့ႏိုင္မႈကိုအားေကာင္းေစၿပီး မေကာင္းတဲ့ကိုလက္စထေရာေတြကို ဖယ္ရွားေပးကာ ေသြးဖိအားကို ထိန္းညႇိေပးပါတယ္။

    ခႏၶာကိုယ္ထဲရွိဆဲလ္ေတြဆီကိုလည္း ေသြးစီးဆင္းမႈအားေကာင္းေစတာေၾကာင့္ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကိုလည္း ကာကြယ္ေပးပါတယ္။

    ၾကက္သြန္ျဖဴကို ေခါင္းအုံးေအာက္မွာထားရင္

    ၾကက္သြန္ျဖဴရဲ႕အနံ႔ကေနတစ္ဆင့္ ဆလဖာကြန္ေပါင္းေတြရရွိၿပီး ေကာင္းမြန္စြာအိပ္စက္ႏိုင္ေအာင္ လုပ္ေဆာင္ေပးပါတယ္။

    ေရွးတုန္းကဆိုရင္ ၾကက္သြန္ျဖဴကို ေခါင္းအုံးေအာက္မွာ ထားအိပ္ရင္ မေကာင္းတဲ့ ဝိဉာဏ္ေတြ၊ အႏၲရာယ္ေတြကို ဖယ္ရွားႏိုင္တယ္လို႔ေတာင္ ယုံၾကည္ခဲ့ၾကပါတယ္။ ဒီလိုယုံၾကည္စိတ္ခ်ရတယ္လို႔ ခံစားရတာက ဇန႔္ ဓာတ္ပါဝင္မႈေၾကာင့္ပါ။

    ပထမပိုင္းေတာ့ အနံ႔က နည္းနည္းဆိုးသလို ခံစားရေပမယ့္ ေနာက္ပိုင္းမွာ ယဥ္သြားပါလိမ့္မယ္။ ၾကက္သြန္ျဖဴရဲ႕အနံ႔ကိုက ေဆးဖက္ဝင္ပါတယ္။

    ေခါင္းအုံးေအာက္မွာ ထားအိပ္ရင္ ေကာင္းေကာင္းမြန္မြန္ အိပ္စက္ႏိုင္ၿပီး ေနာက္တစ္ေန႔ မနက္အိပ္ယာထတဲ့အခါမွာ လန္းလန္းဆန္းဆန္းနဲ႔ အားအင္ျပည့္ဝေနပါလိမ့္မယ္။

    Credit-MyFood Myanmar

    (Unicode)

    ကြက်သွန်ဖြူကို ခေါင်းအုပ်အောက်မှာထားအိပ်ရင်

    ကြက်သွန်ဖြူမှာပါဝင်တဲ့ ဆာလဖာကွန်ပေါင်းတွေနဲ့ ဇန့်ဓာတ်တွေက သင့်ကို ကောင်းမွန်စွာအိပ်စက်နိုင်ပြီး နောက်နေ့မှာ အားအင်အပြည့်နဲ့ လန်းဆန်းစွာ နိုးနိုင်အောင် ကူညီပေးပါတယ်။ ကြက်သွန်ဖြူကို လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက သဘာဝဆေးအဖြစ် အသုံးပြုလာကြပါတယ်။ ကြက်သွန်ဖြူရဲ့ ပါဝင်တဲ့ ဓာတ်တွေကလည်း ဆေးဖက်ဝင်လှပါတယ်။

    ကြက်သွန်ဖြူရဲ့ ဆေးဖက်ဝင်ပုံ

    အာဟာရဓာတ်ပေါင်းများစွာပါဝင်တာကြောင့် ကြက်သွန်ဖြူကို စူပါ အစားအစာလို့တောင် ခေါ်ဝေါ်ကြပါတယ်။ ပါဝင်တဲ့ Antioxidants ဓာတ်တွေက နှလုံးကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ သွေးလွှတ်ကြောရဲ့ ကျုံ့နိုင်ဆံ့နိုင်မှုကိုအားကောင်းစေပြီး မကောင်းတဲ့ကိုလက်စထရောတွေကို ဖယ်ရှားပေးကာ သွေးဖိအားကို ထိန်းညှိပေးပါတယ်။

    ခန္ဓာကိုယ်ထဲရှိဆဲလ်တွေဆီကိုလည်း သွေးစီးဆင်းမှုအားကောင်းစေတာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးပါတယ်။

    ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာထားရင်

    ကြက်သွန်ဖြူရဲ့အနံ့ကနေတစ်ဆင့် ဆလဖာကွန်ပေါင်းတွေရရှိပြီး ကောင်းမွန်စွာအိပ်စက်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။

    ရှေးတုန်းကဆိုရင် ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာ ထားအိပ်ရင် မကောင်းတဲ့ ဝိဉာဏ်တွေ၊ အန္တရာယ်တွေကို ဖယ်ရှားနိုင်တယ်လို့တောင် ယုံကြည်ခဲ့ကြပါတယ်။ ဒီလိုယုံကြည်စိတ်ချရတယ်လို့ ခံစားရတာက ဇန့် ဓာတ်ပါဝင်မှုကြောင့်ပါ။

    ပထမပိုင်းတော့ အနံ့က နည်းနည်းဆိုးသလို ခံစားရပေမယ့် နောက်ပိုင်းမှာ ယဉ်သွားပါလိမ့်မယ်။ ကြက်သွန်ဖြူရဲ့အနံ့ကိုက ဆေးဖက်ဝင်ပါတယ်။

    ခေါင်းအုံးအောက်မှာ ထားအိပ်ရင် ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ပြီး နောက်တစ်နေ့ မနက်အိပ်ယာထတဲ့အခါမှာ လန်းလန်းဆန်းဆန်းနဲ့ အားအင်ပြည့်ဝနေပါလိမ့်မယ်။

    Credit-MyFood Myanmar

  • ပုရစ္ေၾကာ္ၾကိဳက္သူမ်ားအတြက္ ပုရစ္ဖို၊ မ ခြဲျခားတတ္ေအာင္

    (Zawgyi)

    ပုရစ္ ဖို၊ မ ခြဲျခားတတ္ေအာင္

    ပုရစ္ေၾကာ္ ၾကိဳက္ႏွစ္သက္ၾကတဲ့ ပရိတ္သတ္မ်ားအတြက္ ဒီေဆာင္းပါးကို ေရးသားေပးလိုက္ပါတယ္။ ေဆာင္းကာလနဲ႕ ေႏြဦးကာလေတြမွာ ပုရစ္ေတြ ထြက္ေလ့ ရွိတယ္။ ျမိဳ႕ၾကီး ျပၾကီးေတြမွာ ပုရစ္ေၾကာ္ေရာင္းသူေတြ အမ်ားၾကီးပါ။

    ပုရစ္ေၾကာ္ကို အျမဲစားေနသူေတြအတြက္ အဖိုရဲ႕အရသာနဲ႕၊ အမရဲ႕ အရသာ မတူတာကို သိၾကမွာပါ။ အဖိုရဲ႕ ၀မ္းဗိုက္မွာ ဘာမွ မရွိေတာ့ စားရတာ အရသာ ေပ့ါတယ္။ အမ၀မ္းဗိုက္ထဲမွာ ဥေတြ ျပည့္ေနလို႕ စားရတာ အရသာ ဆိမ့္တယ္။

    ဒီေတာ့ ပုရစ္ေၾကာ္၀ယ္တဲ့အခါ အဖိုနဲ႕အမ ခြဲျခားတတ္ဖို႕ အေရးၾကီးလာတာေပါ့။ ပုရစ္ဖိုနဲ႕ ပုရစ္မကို အလြယ္ကူဆံုး ခြဲျခားပံုကေတာ့ “အေတာင္”ကို ၾကည့္ျခင္းပါပဲ။ ပုရစ္ဖိုရဲ႕ အေတာင္ေပၚမွာ ဗ်ည္းအကၡရာေတြလို အကြက္အကြက္ေတြပါတယ္။ ပုရစ္မရဲ႕ အေတာင္ေပၚမွာ ေျပာင္ေခ်ာေနတယ္။

    ေနာ္အာေယာ့ရြာ

    ပုရစ္ ဖို၊ မ ခြဲျခားတတ္ေအာင္

    ပုရစ္ေၾကာ္ ၾကိဳက္ႏွစ္သက္ၾကတဲ့ ပရိတ္သတ္မ်ားအတြက္ ဒီေဆာင္းပါးကို ေရးသားေပးလိုက္ပါတယ္။ ေဆာင္းကာလနဲ႕ ေႏြဦးကာလေတြမွာ ပုရစ္ေတြ ထြက္ေလ့ ရွိတယ္။ ျမိဳ႕ၾကီး ျပၾကီးေတြမွာ ပုရစ္ေၾကာ္ေရာင္းသူေတြ အမ်ားၾကီးပါ။

    ပုရစ္ေၾကာ္ကို အျမဲစားေနသူေတြအတြက္ အဖိုရဲ႕အရသာနဲ႕၊ အမရဲ႕ အရသာ မတူတာကို သိၾကမွာပါ။ အဖိုရဲ႕ ၀မ္းဗိုက္မွာ ဘာမွ မရွိေတာ့ စားရတာ အရသာ ေပ့ါတယ္။ အမ၀မ္းဗိုက္ထဲမွာ ဥေတြ ျပည့္ေနလို႕ စားရတာ အရသာ ဆိမ့္တယ္။

    ဒီေတာ့ ပုရစ္ေၾကာ္၀ယ္တဲ့အခါ အဖိုနဲ႕အမ ခြဲျခားတတ္ဖို႕ အေရးၾကီးလာတာေပါ့။ ပုရစ္ဖိုနဲ႕ ပုရစ္မကို အလြယ္ကူဆံုး ခြဲျခားပံုကေတာ့ “အေတာင္”ကို ၾကည့္ျခင္းပါပဲ။ ပုရစ္ဖိုရဲ႕ အေတာင္ေပၚမွာ ဗ်ည္းအကၡရာေတြလို အကြက္အကြက္ေတြပါတယ္။ ပုရစ္မရဲ႕ အေတာင္ေပၚမွာ ေျပာင္ေခ်ာေနတယ္။

    ေနာ္အာေယာ့ရြာ

    (Unicode)

    ပုရစ် ဖို၊ မ ခွဲခြားတတ်အောင်

    ပုရစ်ကြော် ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်များအတွက် ဒီဆောင်းပါးကို ရေးသားပေးလိုက်ပါတယ်။ ဆောင်းကာလနဲ့ နွေဦးကာလတွေမှာ ပုရစ်တွေ ထွက်လေ့ ရှိတယ်။ မြို့ကြီး ပြကြီးတွေမှာ ပုရစ်ကြော်ရောင်းသူတွေ အများကြီးပါ။

    ပုရစ်ကြော်ကို အမြဲစားနေသူတွေအတွက် အဖိုရဲ့အရသာနဲ့၊ အမရဲ့ အရသာ မတူတာကို သိကြမှာပါ။ အဖိုရဲ့ ဝမ်းဗိုက်မှာ ဘာမှ မရှိတော့ စားရတာ အရသာ ပေ့ါတယ်။ အမဝမ်းဗိုက်ထဲမှာ ဥတွေ ပြည့်နေလို့ စားရတာ အရသာ ဆိမ့်တယ်။

    ဒီတော့ ပုရစ်ကြော်ဝယ်တဲ့အခါ အဖိုနဲ့အမ ခွဲခြားတတ်ဖို့ အရေးကြီးလာတာပေါ့။ ပုရစ်ဖိုနဲ့ ပုရစ်မကို အလွယ်ကူဆုံး ခွဲခြားပုံကတော့ “အတောင်”ကို ကြည့်ခြင်းပါပဲ။ ပုရစ်ဖိုရဲ့ အတောင်ပေါ်မှာ ဗျည်းအက္ခရာတွေလို အကွက်အကွက်တွေပါတယ်။ ပုရစ်မရဲ့ အတောင်ပေါ်မှာ ပြောင်ချောနေတယ်။

    နော်အာယော့ရွာ