Category: ဗဟုတုသ

  • ရွာလကာရည္၏ လွ်ိဳ႕၀ွက္ေသာ အသံုး၀င္ပံုမ်ား

    (Zawgyi)

    ရွာလကာရည္ေလး အသုံးဝင္ပုံ

    (၁) ပန္းကန္ေဆး(ေဘစင္) ေရဆင္းပိုက္ေတြ ပိတ္ဆို႔ေနျခင္းအတြက္၊ ေရွးဦးစြာ ရွာလကာရည္နဲ႔ မုန႔္ဖုတ္ေဆာ္ဒါတို႔ကို ၁-ခြက္စီ ဆတူေရာ၍ေရဆင္းပိုက္ထဲကို ေလာင္းေပးပါ။ အခ်ိန္ ၅-မိနစ္ၾကာတဲ့အခါမွာ ေရေႏြးပူပူ ေလာင္းခ်လိုက္ပါ။

    (၂) ေရခဲေသတၱာအတြင္း အနံ႔ဆိုးေတြ ေျပေပ်ာက္၍ ပိုးမႊားကင္းေစဖို႔ အတြက္၊ ရွာလကာရည္နဲ႔ ႐ိုး႐ိုးေရေအးတို႔ကို ဆတူေရာထားေသာ ေရျဖင့္ သန႔္ရွင္းေရး ျပဳလုပ္ႏိုင္ပါတယ္။

    (၃) ပလပ္စတစ္ဗူးခြံေတြ ေဟာင္းႏြမ္းၾကာျမင့္လို႔အေရာင္မွိန္ေနျခင္း အတြက္၊ အဝတ္စုတ္ကို ရွာလကာရည္ဆြတ္၍ ပြတ္တိုက္ေပးပါ။

    (၄) ထမင္း-ဟင္းဂ်ိဳင့္ေတြ အနံ႔အသက္ ေကာင္းေစရန္အတြက္၊ ေပါင္မုန႔္ပါးပါးတခ်ပ္ကို ရွာလကာရည္ ႏွစ္စိမ္ၿပီးေနာက္ ထို ထမင္းဂ်ိဳင့္ထဲမွာ တညသိပ္ေပးထားပါ။

    (၅) အေရာင္မွိန္သြားတဲ့ သတၱဳထည္ပစၥည္းေတြအတြက္၊ ရွာလကာရည္နဲ႔ဟင္းခတ္ဆားတို႔ကို ဆတူပ်စ္ပ်စ္ေရာၿပီး ပြတ္တိုက္ေပးပါ။

    (၆) အသုံးအေဆာင္ပစၥည္းမ်ားမွာ အမဲဆီဂ်ီး(ေခ်း)ေတြ ညစ္ေပျခင္းအတြက္ ေရျမႇဳပ္ကို ရွာလကာရည္ဆြတ္ၿပီး သန႔္စင္ေပးပါ။

    (၇) မီးဖိုေခ်ာင္မွာ မီးခိုးမႈိင္းတက္လို႔နံရံေတြ မည္းညစ္ေနျခင္းအတြက္၊ ရွာလကာ ရည္နဲ႔ ႐ိုး႐ိုးေရေအးကို ဆတူေရာၿပီးသန႔္စင္ ေပးႏိုင္ပါတယ္။

    (၈) သန႔္စင္းခန္းမွာ ပိုးမႊားကင္းစင္ၿပီး အနံ႔အသက္ေတြေကာင္းေစဖို႔အတြက္၊ ရွာလကာရည္ ၁-ခြက္ေလာင္း၍ တညသိပ္ၿပီး ေနာက္ အိမ္သာေဆး ဘရက္ရွ္တံျဖင့္ ပြတ္တိုက္သန႔္စင္ကာ ေရႏိုင္ႏိုင္ ေလာင္းခ်ေပးပါ။

    (၉) အိမ္ေထာင္ပရိေဘာဂ သစ္သားစားပြဲေတြေပၚမွာ အပူ/အေအးခြက္ေတြထင္ ထားတာေၾကာင့္ အစြန္းထင္းကြက္ေတြေပ်ာက္ေစဖို႔အတြက္၊ ရွာလကာရည္ကို ဟင္း႐ြက္ဆီနဲ႔ ဆတူေရာၿပီး ပြတ္တိုက္ေပးပါ။

    (၁၀) ကပ္ေၾကးအေဟာင္းေတြက ကပ္ေနၿပီး ညႇပ္ရခက္ေနျခင္းအတြက္၊ အဝတ္စုတ္ကို ရွာလကာရည္ဆြတ္ၿပီး ပြတ္တိုက္ေပးပါ။

    (၁၁) အခန္းထဲက မႈိနံ႔ဆိုးေတြ ေျပေပ်ာက္ေစဖို႔အတြက္၊ ရွာလကာရည္ကို ဇလုံတစ္ခုထဲ ထည့္ကာ အဖုံးဖြင့္ထားၿပီး ထိုအခန္းထဲမွာ တညသိပ္ထားေပးလိုက္ပါ။

    (၁၂) ၾကက္သြန္ျဖဴ/ ၾကက္သြန္နီ စသည္တို႔ကိုင္ၿပီးေနာက္၊ လက္မွာအနံ႔ေတြစြဲေနတဲ့အခါ ရွာလကာရည္ျဖင့္ လက္ကိုပြတ္ တိုက္ေပးပါ။ အသီးအႏွံေတြ စားေသာက္ၿပီးေနာက္ လက္မွာစြဲက်န္တဲ့ အစြန္းအထင္းေတြကိုလည္း ရွာလကာရည္ျဖင့္ ဖယ္ရွားေပးႏိုင္ပါတယ္။

    (၁၃) မ်ားေသာအားျဖင့္ အိမ္ရွင္မေတြက မီးဖိုေခ်ာင္သုံး စဥ့္နီတုံးကို သန႔္ရွင္းမႈ အားနည္းၾကပါတယ္။ သား/ငါးေတြခုတ္ထစ္ထားတဲ့ စဥ့္နီတုံးကို အသုံးျပဳၿပီးတိုင္း ရွာလကာရည္ျဖင့္ ပြတ္တိုက္သန႔္စင္ ေပးသင့္ပါတယ္။

    (၁၄) အိမ္ခန္းထဲရွိ ဖုန္မႈန႔္ေတြကို သန႔္စင္ကာ ပိုးမႊားကင္းေစဖို႔အတြက္၊ စပေရးဗူး (အေဟာင္း)ထဲမွာ ႐ိုး႐ိုးေရေအးနဲ႔ ရွာလကာရည္ ဆတူေရာၿပီးေတာ့ စပေရးဖ်န္း၍ အဝတ္စုတ္နဲ႔ ပြတ္တိုက္ေပးပါ။

    (၁၅) ဖားဥစြဲေနတဲ့ အဝတ္အထည္နဲ႔ ခမ္းဆီးလိုက္ကာမ်ားအတြက္၊ ေရပုံးတစ္ခုထဲမွာ ရွာလကာရည္နဲ႔ ႐ိုး႐ိုးေရေအးတို႔ကို ဆတူေရာကာ ထိုအဝတ္ေတြ ေခတၱမွ် ထည့္စိမ္ၿပီး ေလွ်ာ္ဖြတ္ပါ။ အုတ္နံရံေပၚက ဖားဥေတြအတြက္ စပေရးဗူးထဲကို ရွာလကာရည္နဲ႔ ႐ိုး႐ိုးေရေအး ဆတူေရာၿပီးေနာက္ ဖ်န္းပက္ေပးပါ။

    မွတ္ခ်က္။ (က) အမိုးနီးယားပါရွိတဲ့ ပစၥည္းေတြအတြက္ရွာလကာရည္မသုံးပါနဲ႔၊ ထြက္လာတဲ့ဓာတ္ေငြ႕က လူကိုေဘးဥပါသ္ျဖစ္ေစပါတယ္။

    (ခ) စက်င္ေက်ာက္(ေက်ာက္ျဖဴ)ေတြအေပၚ ရွာလကာရည္မသုံးပါနဲ႔၊ အရည္ထဲမွာပါတဲ့ အက္ဆစ္ဓာတ္က စက်င္ေက်ာက္ မ်က္ႏွာျပင္ကို ထိခိုက္ပ်က္စီးေစပါတယ္။

    ေပါက္ေပါက္

    (ကိုးကား Healthy Foods and Herbal Medicines on 13th August 2013)

    Credit- promise pauk

    (Unicode)

    ရှာလကာရည်လေး အသုံးဝင်ပုံ

    (၁) ပန်းကန်ဆေး(ဘေစင်) ရေဆင်းပိုက်တွေ ပိတ်ဆို့နေခြင်းအတွက်၊ ရှေးဦးစွာ ရှာလကာရည်နဲ့ မုန့်ဖုတ်ဆော်ဒါတို့ကို ၁-ခွက်စီ ဆတူရော၍ရေဆင်းပိုက်ထဲကို လောင်းပေးပါ။ အချိန် ၅-မိနစ်ကြာတဲ့အခါမှာ ရေနွေးပူပူ လောင်းချလိုက်ပါ။

    (၂) ရေခဲသေတ္တာအတွင်း အနံ့ဆိုးတွေ ပြေပျောက်၍ ပိုးမွှားကင်းစေဖို့ အတွက်၊ ရှာလကာရည်နဲ့ ရိုးရိုးရေအေးတို့ကို ဆတူရောထားသော ရေဖြင့် သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။

    (၃) ပလပ်စတစ်ဗူးခွံတွေ ဟောင်းနွမ်းကြာမြင့်လို့အရောင်မှိန်နေခြင်း အတွက်၊ အဝတ်စုတ်ကို ရှာလကာရည်ဆွတ်၍ ပွတ်တိုက်ပေးပါ။

    (၄) ထမင်း-ဟင်းဂျိုင့်တွေ အနံ့အသက် ကောင်းစေရန်အတွက်၊ ပေါင်မုန့်ပါးပါးတချပ်ကို ရှာလကာရည် နှစ်စိမ်ပြီးနောက် ထို ထမင်းဂျိုင့်ထဲမှာ တညသိပ်ပေးထားပါ။

    (၅) အရောင်မှိန်သွားတဲ့ သတ္တုထည်ပစ္စည်းတွေအတွက်၊ ရှာလကာရည်နဲ့ဟင်းခတ်ဆားတို့ကို ဆတူပျစ်ပျစ်ရောပြီး ပွတ်တိုက်ပေးပါ။

    (၆) အသုံးအဆောင်ပစ္စည်းများမှာ အမဲဆီဂျီး(ချေး)တွေ ညစ်ပေခြင်းအတွက် ရေမြှုပ်ကို ရှာလကာရည်ဆွတ်ပြီး သန့်စင်ပေးပါ။

    (၇) မီးဖိုချောင်မှာ မီးခိုးမှိုင်းတက်လို့နံရံတွေ မည်းညစ်နေခြင်းအတွက်၊ ရှာလကာ ရည်နဲ့ ရိုးရိုးရေအေးကို ဆတူရောပြီးသန့်စင် ပေးနိုင်ပါတယ်။

    (၈) သန့်စင်းခန်းမှာ ပိုးမွှားကင်းစင်ပြီး အနံ့အသက်တွေကောင်းစေဖို့အတွက်၊ ရှာလကာရည် ၁-ခွက်လောင်း၍ တညသိပ်ပြီး နောက် အိမ်သာဆေး ဘရက်ရှ်တံဖြင့် ပွတ်တိုက်သန့်စင်ကာ ရေနိုင်နိုင် လောင်းချပေးပါ။

    (၉) အိမ်ထောင်ပရိဘောဂ သစ်သားစားပွဲတွေပေါ်မှာ အပူ/အအေးခွက်တွေထင် ထားတာကြောင့် အစွန်းထင်းကွက်တွေပျောက်စေဖို့အတွက်၊ ရှာလကာရည်ကို ဟင်းရွက်ဆီနဲ့ ဆတူရောပြီး ပွတ်တိုက်ပေးပါ။

    (၁၀) ကပ်ကြေးအဟောင်းတွေက ကပ်နေပြီး ညှပ်ရခက်နေခြင်းအတွက်၊ အဝတ်စုတ်ကို ရှာလကာရည်ဆွတ်ပြီး ပွတ်တိုက်ပေးပါ။

    (၁၁) အခန်းထဲက မှိုနံ့ဆိုးတွေ ပြေပျောက်စေဖို့အတွက်၊ ရှာလကာရည်ကို ဇလုံတစ်ခုထဲ ထည့်ကာ အဖုံးဖွင့်ထားပြီး ထိုအခန်းထဲမှာ တညသိပ်ထားပေးလိုက်ပါ။

    (၁၂) ကြက်သွန်ဖြူ/ ကြက်သွန်နီ စသည်တို့ကိုင်ပြီးနောက်၊ လက်မှာအနံ့တွေစွဲနေတဲ့အခါ ရှာလကာရည်ဖြင့် လက်ကိုပွတ် တိုက်ပေးပါ။ အသီးအနှံတွေ စားသောက်ပြီးနောက် လက်မှာစွဲကျန်တဲ့ အစွန်းအထင်းတွေကိုလည်း ရှာလကာရည်ဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။

    (၁၃) များသောအားဖြင့် အိမ်ရှင်မတွေက မီးဖိုချောင်သုံး စဉ့်နီတုံးကို သန့်ရှင်းမှု အားနည်းကြပါတယ်။ သား/ငါးတွေခုတ်ထစ်ထားတဲ့ စဉ့်နီတုံးကို အသုံးပြုပြီးတိုင်း ရှာလကာရည်ဖြင့် ပွတ်တိုက်သန့်စင် ပေးသင့်ပါတယ်။

    (၁၄) အိမ်ခန်းထဲရှိ ဖုန်မှုန့်တွေကို သန့်စင်ကာ ပိုးမွှားကင်းစေဖို့အတွက်၊ စပရေးဗူး (အဟောင်း)ထဲမှာ ရိုးရိုးရေအေးနဲ့ ရှာလကာရည် ဆတူရောပြီးတော့ စပရေးဖျန်း၍ အဝတ်စုတ်နဲ့ ပွတ်တိုက်ပေးပါ။

    (၁၅) ဖားဥစွဲနေတဲ့ အဝတ်အထည်နဲ့ ခမ်းဆီးလိုက်ကာများအတွက်၊ ရေပုံးတစ်ခုထဲမှာ ရှာလကာရည်နဲ့ ရိုးရိုးရေအေးတို့ကို ဆတူရောကာ ထိုအဝတ်တွေ ခေတ္တမျှ ထည့်စိမ်ပြီး လျှော်ဖွတ်ပါ။ အုတ်နံရံပေါ်က ဖားဥတွေအတွက် စပရေးဗူးထဲကို ရှာလကာရည်နဲ့ ရိုးရိုးရေအေး ဆတူရောပြီးနောက် ဖျန်းပက်ပေးပါ။

    မှတ်ချက်။ (က) အမိုးနီးယားပါရှိတဲ့ ပစ္စည်းတွေအတွက်ရှာလကာရည်မသုံးပါနဲ့၊ ထွက်လာတဲ့ဓာတ်ငွေ့က လူကိုဘေးဥပါသ်ဖြစ်စေပါတယ်။

    (ခ) စကျင်ကျောက်(ကျောက်ဖြူ)တွေအပေါ် ရှာလကာရည်မသုံးပါနဲ့၊ အရည်ထဲမှာပါတဲ့ အက်ဆစ်ဓာတ်က စကျင်ကျောက် မျက်နှာပြင်ကို ထိခိုက်ပျက်စီးစေပါတယ်။

    ပေါက်ပေါက်

    (ကိုးကား Healthy Foods and Herbal Medicines on 13th August 2013)

    Credit- promise pauk

  • ဆြမ္းကပ္ရာမွာ လူတိုင္းသိထားသင့္တဲ့ သိမွတ္စရာမ်ား

    (Zawgyi)

    ဆြမ္းကပ္ရာမွာ လူတိုင္းသိထားသင့္တဲ့ သိမွတ္စရာမ်ား

    ၿမိဳ႕႐ြာထဲကို ဆြမ္းဘုဥ္းေပးႂကြတဲ့အခါတိုင္း “သံဃာေတြကို ကပ္ထားတဲ့စားပြဲကို သြားမကိုင္နဲ႔-မထိနဲ႔ ” လို႔ ဒကာ-ဒကာမေတြက တျခားသူေတြကို တားျမစ္တဲ့စကားကိုအၿမဲလိုလိုၾကားရပါတယ္။ သံဃာေတာ္ေတြကိုဆက္ကပ္ထားတဲ့စားပြဲကိုထိမိရင္အကပ္ခံပ်က္သြားတယ္လို႔ထင္လို႔ေျပာေနတဲ့စကားပါ။

    သံဃာေတာ္ေတြကို ဆြမ္းကပ္တဲ့အခါမွာ ဆြမ္း၊ ဆြမ္းဟင္းပုဂံ၊ စားပြဲနဲ႔ အျခားအကပ္ခံထားတဲ့ ပစၥည္းေတြကို ဒကာ ဒကာမေတြက မထိရဘူး၊ သြားထိလို႔ရွိရင္ ကပ္ထားတာပ်က္လို႔ သံဃာေတာ္ေတြက မဘုဥ္းေပး မသုံးေဆာင္ေကာင္းဘူးလို႔ အထင္ရွိေနၾကပါတယ္။

    တခ်ိဳ႕ဆိုရင္ ဆြမ္းဟင္းလိုက္ရင္ေတာင္ အကပ္ခံပ်က္သြားတယ္ထင္ၿပီး ထပ္ခါထပ္ခါ ကပ္တာေတာင္ ႀကဳံဖူးပါတယ္။တကယ္ေတာ့ဒကာ၊ ဒကာမေတြက သံဃာေတာ္ေတြကို ဆက္ကပ္ထားတဲ့ ပစၥည္းဝတၳဳအစုစုဟာ တစ္ေယာက္ေယာက္က ထိ႐ုံ၊ ကိုင္တြယ္႐ုံနဲ႔ ကပ္ထားတဲ့ အာနိသင္ ပ်က္မသြားပါဘူး။

    သံဃာေတာ္ေတြကို ပစၥည္းဝတၳဳအစုစု ဆက္ကပ္တဲ့အခါမွာ “အကပ္ခံေျမာက္တဲ့အဂၤါ နဲ႔ အကပ္ခံပ်က္တဲ့အဂၤါေတြအသီးသီး ရွိၾကပါတယ္” အကပ္ခံေျမာက္တဲ့ အဂၤါက (၅)ပါးရွိၿပီး၊ အကပ္ခံပ်က္တဲ့အဂၤါက (၆)ပါး ရွိပါတယ္။

    ရဟန္းေတာ္မ်ားဟာ မိမိပိုင္ ပစၥည္းကို ျဖစ္ေစ၊ သူတစ္ပါးပိုင္ ပစၥည္းကို ျဖစ္ေစ လူ, သာမေဏ, တိရစာၦန္ တစ္ဦးဦးက ဆက္ကပ္မွသာ ဘုဥ္းေပးသုံးေဆာင္ ေကာင္းပါတယ္။ အကပ္မခံဘဲနဲ႔ ကိုယ္ပိုင္ပစၥည္းေကာ တပါးသူပိုင္ ပစၥည္းပါမသုံးေဆာင္ေကာင္းပါဘူး။ ေရနဲ႔ဒန္ပူ၊ အခုေခတ္အေခၚ သြားတိုက္တံ(၂)ခုသာ ခြၽင္းခ်က္အေနနဲ႔ အကပ္မခံဘဲ သုံးေဆာင္မွီဝဲေကာင္းပါတယ္။ တျခားအရာေတြကေတာ့ အကပ္ခံၿပီးမွသာ သုံးေဆာင္ေကာင္းပါတယ္။ ရွင္သာမေဏမ်ားအေနနဲ႔ကေတာ့ ဘယ္ဝတၳဳပစၥည္းမဆို အကပ္ခံစရာမလိုအပ္ဘဲ ဘုဥ္းေပးႏိုင္ သုံးေဆာင္ႏိုင္ပါတယ္။

    ဗုဒၶဘာသာဝင္ ဒကာ၊ ဒကာမမ်ားအေနနဲ႔ အကပ္ခံေျမာက္တဲ့အဂၤါနဲ႔ အကပ္ခံပ်က္တဲ့အဂၤါေတြကို မျဖစ္မေန သိထားသင့္ပါတယ္။ အကပ္ခံေျမာက္တဲ့အဂၤါက (၅)ပါးရွိပါတယ္-

    (၁) ကပ္မည့္ ကပၸိယကာရက ဒကာ၊ဒကာမသည္ သံဃာေတာ္ကိုကပ္လွႈမည့္ ပစၥည္းဝတၳဳကို ဦးစြာေရွးရႈယူေဆာင္၍ လာရပါမယ္။ ၿပီးလွ်င္ ကပ္လႉမည့္ပစၥည္းကို လက္ျဖင့္ ေရွ႕တိုးေပးကာ ဆက္ကပ္ လႉဒါန္းရမွာျဖစ္ပါတယ္။ ဦးေခါင္း စသည္ျဖင့္ ႐ြက္ထားေသာ လႉဖြယ္ကို လႉဒါန္းလိုက ဦးေခါင္း အနည္းငယ္ ေစာင္းေပး၍ ဆက္ကပ္လႉဒါန္းရပါမယ္။

    (၂) အလႉခံ သံဃာေတာ္ႏွင့္ လႉဒါန္းဆက္ကပ္သည့္ ဒကာ၊ဒကာမဟာ အကြာအေဝးအားျဖင့္ ႏွစ္ေတာင္တစ္ထြာဟတၱဘသ္ (၄၅-လက္မ) အတြင္း ရွိရပါမယ္။

    (၃) သာမာန္ အင္အားရွိသူ တစ္ေယာက္ ေျမႇာက္ခ်ီမ,ႏိုင္ေသာ ဝတၳဳပစၥည္း ျဖစ္ရပါမယ္။ စားပြဲခုံ အႀကီးႀကီးမ်ားျဖင့္ ဆက္ကပ္ရာမွာ အလြန္ေလးလံ၍ မႂကြႏိုင္လွ်င္ ဟင္းခြက္မ်ားကို တစ္ခြက္ခ်င္း ဆက္ကပ္ရမွာျဖစ္ပါတယ္။ တစ္ခြက္ခ်င္း အကပ္ခံၿပီးေသာအခါ မိသားစုအားလုံး (သို႔) အဖြဲ႕ျဖင့္ ကပ္လိုပါက စားပြဲခုံႀကီးကို ညီညာစြာမ,ၿပီး ထပ္မံ ကပ္ႏိုင္သည္။စားပြဲလိုက္ဆက္ကပ္ရာမွာ စားပြဲႂကြႏိုင္လွ်င္ကား စားပြဲလိုက္ မကပ္ႏိုင္ပါတယ္။

    (၄) ဆက္ကပ္သူဒကာ-ဒကာမႏွင့္ အကပ္ခံသူ သံဃာေတာ္သည္ ႏွစ္ေတာင့္တစ္ထြာ ဟတၱဘသ္အကြာအေဝးအတြင္းတည္းရွိၿပီး ၾကားတြင္ နံရံ၊ တံတိုင္းစသည္ျခားေန၍ ကိုယ္ထိလက္ေရာက္ ကပ္လႉရန္ လုံးဝမျဖစ္ႏိုင္သည့္ အေျခအေနမ်ိဳးတြင္ ပစ္ေျမႇာက္၍ ဆက္ကပ္ႏိုင္ပါတယ္။ သို႔ေသာ္ ထို႔သို႔ေသာကပ္လႉနည္းမ်ိဳးသည္ လုံးဝမျဖစ္သာသည့္အခါမွသာကပ္လႉခြင့္ရွိတာျဖစ္ပါတယ္။

    (၅) ကိုယ္ရဲ႕အစိတ္အပိုင္း၊ လက္- စသည္ျဖင့္ ျဖစ္ေစ၊ ကိုယ္ႏွင့္ထိစပ္ေနေသာ ကိုင္ထား သည့္ ခြက္၊ တုတ္၊ ခုံ – စသည္ျဖင့္ ခံ၍၊ ထိ၍ ျဖစ္ေစ ထို(၂)မ်ိဳးတြင္ တစ္မ်ိဳးမ်ိဳးျဖင့္ အကပ္ခံေသာ ရဟန္းက ခံယူလို႔ရပါတယ္။ ႏွစ္ေတာင္တစ္ထြာအတြင္ တစုံတရာလာကပ္ခဲ့ေသာ္ အကပ္ခံသည့္သံ ဃာေတာ္အေနနဲ႔ လက္ထဲမွာ ေတာင္ေဝွး၊ ဒုတ္စသည္နဲ႔ တဆင့္ထိတို႔၍ အကပ္ခံလို႔ရပါတယ္။

    အထက္ပါအဂၤါ(၅)ခ်က္ကေတာ့ ဆြမ္းစသည္ ဝတၳဳပစၥည္း လႉဒါန္းဆက္ကပ္တဲ့အခါမွာ ျပည့္စုံရတဲ့ အဂၤါရပ္ေတြပဲျဖစ္ပါတယ္။ ထိုအဂၤါရပ္ေတြနဲ႔ ျပည့္စုံမွာသာ ဆက္ကပ္တဲ့ပစၥည္းဟာ အကပ္ခံေျမာက္ၿပီး သံဃာေတာ္မ်ားအေနနဲ႔ဘုဥ္းေပးသုံးေဆာင္ေကာင္းတာျဖစ္ပါတယ္။

    သံဃာေတာ္မ်ားအေနနဲ႔ အပင္ေပါက္ႏိုင္ေသာ အေစ့၊ အျမစ္၊ အဆစ္ပါေသာ သစ္သီး၊ သစ္ျမစ္မ်ားကို မဘုဥ္းေပးမသုံးေဆာင္အပ္ပါဘူး။ကပၸိယကာရက ဒကာ၊ ဒကာမတို႔အေနနဲ႔ သံဃာေတာ္ တို႔နဲ႔အပ္စပ္ေအာင္ ကပၸိေပးရမွာျဖစ္ပါတယ္။ မ်ိဳးေစ့ဗီဇဓါတ္မေသတဲ့ အေစ့၊အျမစ္၊ အဆစ္ကို ဓါးနဲ႔ျဖစ္ေစ၊ လက္သည္းနဲ႔ျဖစ္ေစ၊ မီးနဲ႔ျဖစ္ေစ ထိုးဆိတ္ေပးၿပီး မွကပ္ရမွာျဖစ္ပါတယ္။

    အကယ္၍ ထိုးဆိတ္ၿပီး မကပၸိရေသးဘူးဆိုရင္ သံဃာေတာ္တို႔က ကပၸိယဒကာ၊ဒကာမတို႔ကို “ကပၸိယံ ကေရာဟိ” (ရဟန္းေတာ္တို႔အား အပ္စပ္ေအာင္ ျပဳေလာ့) ဟု ဆိုၿပီးေနာက္ ကပၸိယတို႔က “ကပၸိယံ ဘေႏၲ” (အရွင္ဘုရားတို႔အား အပ္စပ္သည္ကို ျပဳပါ၏) ဟု ဆိုလွ်က္ ပါးစပ္ကဆိုတုန္းျဖစ္ေစ၊ ဆိုၿပီး ခ်က္ခ်င္းျဖစ္ေစ မီးျဖင့္ေသာ္လည္းထိုး၊ ဓားျဖင့္ေသာ္လည္းခုတ္၊ လက္သည္းျဖင့္ေသာ္လည္း ဆိတ္လိုက္ရမွာျဖစ္ပါတယ္။ ဓားရာ၊ လက္သည္းရာ၊ အေပါက္ရာ-အျဖစ္ ထင္ရွားျဖစ္လွ်င္ အပ္စပ္သြားၿပီျဖစ္ပါတယ္။

    အကပ္ခံပ်က္တဲ့ေတြအေနနဲ႔ကေတာ့ “စြန႔္,ခ်,ေပး,လု, မစၥဳ, လိင္ျပန္, ဤေျခာက္တန္၊ ကပ္ခံပ်က္ေၾကာင္းတည္း” ဆိုတဲ့လကၤာအတိုင္း အဂၤါ(၆)ပါးရွိပါတယ္။

    (၁) စြန႔္- ဆိုတာက အကပ္ခံထားတဲ့ ဆြမ္းစေသာ လႉဒါန္းဖြယ္ရာအျဖာျဖာတို႔ကို သံဃာေတာ္ကမသုံးေဆာင္ မဘုဥ္းေပးေတာ့လို႔ အာလယျပတ္စြန႔္လိုက္တာကိုဆိုလိုတာပါ။ ထိုသို႔စြန႔္လိုက္ၿပီဆိုရင္ သံဃာေတာ္တို႔အေနနဲ႔ သုံးေဆာင္ရန္မအပ္စပ္ေတာ့ပါဘူး။

    (၂) ခ်- ဆိုသည္မွာ ရဟန္းဘဝမွ သိကၡာခ်လိုက္ၿပီး လူဝတ္လဲလိုက္တာကို ဆိုလိုတာပါ။ အကပ္ခံထားေသာရဟန္းဟာ သိကၡာခ်- လူထြက္သြားၿပီးဆိုရင္ ထိုသံဃာအကပ္ခံထားေသာ ဆြမ္းစသည့္ လႉဖြယ္ရာဟာ အလိုအေလ်ာက္ အကပ္ခံပ်က္သြားပါၿပီး။ က်န္သံဃာေတာ္တို႔အေနနဲ႔ ဘုဥ္းေပးသုံးေဆာင္လိုလွ်င္ ထပ္မံအကပ္ခံၿပီးမွသာ အပ္စပ္တာျဖစ္ပါတယ္။

    (၃) ေပး- အကပ္ခံထားသည့္ လႉဖြယ္ဝတၳဳကို တစ္စံုတစ္ေယာက္ကို ေပးလိုက္လွ်င္လည္း အကပ္ခံပ်က္ပါတယ္။ ထိုသို႔ေပးရာမွ ႏႈတ္မွေပးလွ်င္ေပးခ်င္း အကပ္ခံမပ်က္ေသးပါဘူး။ လက္ကလႊတ္လိုက္သည့္အခါမွသာ အကပ္ခံပ်က္တာျဖစ္ပါတယ္။

    (၄)လု- သံဃာေတာ္တို႔အား ကပ္လႉဒါန္းထားသည့္ လႉဖြယ္ပစၥည္းကို လူစသည့္ တစ္စုံတစ္ေယာက္က လုယူသြားလွ်င္လည္း အကပ္ခံပ်က္၍ ထိုပစၥည္းကို သံဃာေတာ္တို႔အေနနဲ႔ မသုံးေဆာင္အပ္ေတာ့ပါဘူး။

    (၄) မစၥဳ- အကပ္ခံထားသည့္ သံဃာေတာ္ ျပန္လြန္ေတာ္မူလွ်င္လည္း ဘုဥ္းေပးဖို႔ မအပ္စပ္ေတာ့ပါဘူး၊ ကပ္ထားတဲ့အာနိသင္ ပ်က္ကြယ္သြားၿပီ ျဖစ္ပါတယ္။

    (၅) လိင္ျပန္- အကပ္ခံထားသည့္ သံဃာသည္ ေယာက်ၤားလိင္အျဖစ္မွ မိန္မလိင္အျဖစ္သို႔ လိင္ေျပာင္း၊ လိင္ျပန္သြားလွ်င္လည္း ထိုလိင္ေျပာင္သူ အကပ္ခံထားသည့္ လႉဖြယ္ေဘာဇဥ္ကို မသုံးေဆာင္ မဘုဥ္းေပးေကာင္းေတာ့ပါဘူး။

    ေရ-ဒန္ပူမွ လြဲ၍ အျခား သူတပါးပိုင္ မိမိပိုင္ မည့္သည့္သုံးေဆာင္ဖြယ္မဆို အကပ္မခံဘဲဘုဥ္းေပးလွ်င္ျဖစ္ေစ၊ အကပ္ခံပ်က္သည့္ ေဘာဇဥ္ကို ဘုဥ္းေပးသည္ျဖစ္ေစ ဘုဥ္းေပးသည့္ရဟန္းမွာ “ဒႏၲေပါဏ သိကၡာပုဒ္”အရ ပါစိတ္အာပတ္သင့္ပါတယ္။

    သံဃာေတာ္မ်ားကို ဆြမ္းဆက္ကပ္ရာတြင္ အခ်ိဳ႕ဒကာ၊ ဒကာမတို႔ဟာ ေစတနာလြန္ကဲၿပီး သံဃာေတာ္မ်ားက“ျပည့္စုံၿပီ၊ ေတာ္ပါၿပီ” လို႔တားတဲ့ၾကားက ဆြမ္း၊ ဆြမ္းဟင္းတို႔ကို သဒၵါပိုကာ ဒီတဇြန္ေလးေတာ့ ထည့္ပါဦးဘုရား ဆိုၿပီး ထည့္ထပ္ေပးေလ့ရွိပါတယ္။ သံဃာေတာ္မ်ားအေနနဲ႔ “ျပည့္စုံၿပီး၊ ေတာ္ၿပီ၊ တန္ၿပီ” လို႔ေျပာၿပီးသား ေဘာဇဥ္ကို မဘုဥ္းေပးေကာင္းေတာ့ပါဘူး ဘုဥ္းေပးရင္ အာပတ္သင့္ပါတယ္။ ဒါ့ေၾကာင့္ ဆြမ္းဆက္ကပ္တဲ့အခါမွာ ဒကာ၊ ဒကာမတို႔အေနနဲ႔ သတိထားရမွာျဖစ္ပါတယ္။

    ေနာက္ထပ္သတိထားစရာ အခ်က္ကေတာ့ “ဂိလာန သံဃာဆိုရင္ မြန္းလြဲခ်ိန္ေနာက္ပိုင္းမွာ ေဆးအမွတ္နဲ႔ ခဲဖြယ္ေဘာဇဥ္ကို ဆက္ကပ္ေကာင္း ဘုဥ္းေပးေကာင္းတယ္ဆိုတဲ့ အခ်က္ပါပဲ။ ေဆးအမွတ္နဲ႔ သေဘာထား ဘုဥ္းေပးလိုက္ဆိုၿပီး ေနလြဲကာလနဲ႔ မအပ္စပ္သည့္ ခဲဖြယ္တို႔ကို ဆက္ကပ္ေလ့ရွိၾကပါတယ္။ ဝိကာလေဘာဇနသိကၡာပုဒ္အရ ဂိလာနပုဂၢိဳလ္ဆိုၿပီး အားပတ္က ကင္းလြတ္ခြင့္ေပးမထားပါဘူး။ သီလဝံသျဖစ္ေတာ္မူေသာ ေရွးဆရာေတာ္မေထရ္ႀကီးမ်ားမွာ ေဆးေသာက္ရန္အတြက္ပင္ ေန႔လြဲညစာမသုံးေဆာင္ဘဲ ေရာဂါဒဏ္ကို မငဲ့ကြက္ဘဲ သီလဝိသုဒၶိျဖစ္ရန္ က်င့္ေဆာင္ေတာ္မူခဲ့သည့္ ထုံးမ်ားကို သတိခ်ပ္သင့္ပါတယ္။

    ဗုဒၶဘာသာဝင္မ်ားအေနနဲ႔ တေန႔မဟုတ္တေန႔မွာ သံဃာေတာ္အရွင္ျမတ္တို႔ကို ဆြမ္းဆက္ကပ္ျခင္းကို ဆက္ကပ္လႉဒါန္းၾကမွာျဖစ္ပါတယ္ ။ ဆြမ္းကပ္ရာမွာ အကပ္ခံအာနိသင္ပ်က္သြားလွ်င္လည္း ကပ္လႉသည့္ ဒကာ၊ ဒကာမတို႔မွာ အျပစ္မျဖစ္ပါဘူး၊ ကုသိုလ္ကေတာ့ရၿမဲရပါတယ္။ဒီလိုဆက္ကပ္တဲ့အခါမွာ နည္းစနစ္က်စြာ ဆက္ကပ္လႉၾကမွသာ သံဃာေတာ္အရွင္သူမ်ား အျပစ္အာပတ္လြတ္ကင္းၿပီး မွ်တခ်မ္းသာစြား ဘုဥ္းေပးသုံးေဆာင္၍ ဓူရႏွစ္ျဖာကို မပင္မပန္းေဆာင္႐ြက္ႏိုင္မွာျဖစ္သလို မိမိတို႔ကိုယ္တိုင္လည္း အက်ိဳးတရားႀကီးမား၍ ေလာကီ၊ ေလာကုတၱရာ အက်ိဳးထူးတရားမ်ားနဲ႔ ျပည့္စုံမွာျဖစ္ပါတယ္။

    (ကိုယ့္အက်ိဳး၊ သူအက်ိဳး၊ မွ်တစြာ သည္ပိုးႏိုင္သူမ်ား ျဖစ္ၾကပါေစ)

    Credit:ဓမၼဝီရ အရွင္ေတဇနိယ

    (Unicode)

    ဆွမ်းကပ်ရာမှာ လူတိုင်းသိထားသင့်တဲ့ သိမှတ်စရာများ

    မြို့ရွာထဲကို ဆွမ်းဘုဉ်းပေးကြွတဲ့အခါတိုင်း “သံဃာတွေကို ကပ်ထားတဲ့စားပွဲကို သွားမကိုင်နဲ့-မထိနဲ့ ” လို့ ဒကာ-ဒကာမတွေက တခြားသူတွေကို တားမြစ်တဲ့စကားကိုအမြဲလိုလိုကြားရပါတယ်။ သံဃာတော်တွေကိုဆက်ကပ်ထားတဲ့စားပွဲကိုထိမိရင်အကပ်ခံပျက်သွားတယ်လို့ထင်လို့ပြောနေတဲ့စကားပါ။

    သံဃာတော်တွေကို ဆွမ်းကပ်တဲ့အခါမှာ ဆွမ်း၊ ဆွမ်းဟင်းပုဂံ၊ စားပွဲနဲ့ အခြားအကပ်ခံထားတဲ့ ပစ္စည်းတွေကို ဒကာ ဒကာမတွေက မထိရဘူး၊ သွားထိလို့ရှိရင် ကပ်ထားတာပျက်လို့ သံဃာတော်တွေက မဘုဉ်းပေး မသုံးဆောင်ကောင်းဘူးလို့ အထင်ရှိနေကြပါတယ်။

    တချို့ဆိုရင် ဆွမ်းဟင်းလိုက်ရင်တောင် အကပ်ခံပျက်သွားတယ်ထင်ပြီး ထပ်ခါထပ်ခါ ကပ်တာတောင် ကြုံဖူးပါတယ်။တကယ်တော့ဒကာ၊ ဒကာမတွေက သံဃာတော်တွေကို ဆက်ကပ်ထားတဲ့ ပစ္စည်းဝတ္ထုအစုစုဟာ တစ်ယောက်ယောက်က ထိရုံ၊ ကိုင်တွယ်ရုံနဲ့ ကပ်ထားတဲ့ အာနိသင် ပျက်မသွားပါဘူး။

    သံဃာတော်တွေကို ပစ္စည်းဝတ္ထုအစုစု ဆက်ကပ်တဲ့အခါမှာ “အကပ်ခံမြောက်တဲ့အင်္ဂါ နဲ့ အကပ်ခံပျက်တဲ့အင်္ဂါတွေအသီးသီး ရှိကြပါတယ်” အကပ်ခံမြောက်တဲ့ အင်္ဂါက (၅)ပါးရှိပြီး၊ အကပ်ခံပျက်တဲ့အင်္ဂါက (၆)ပါး ရှိပါတယ်။

    ရဟန်းတော်များဟာ မိမိပိုင် ပစ္စည်းကို ဖြစ်စေ၊ သူတစ်ပါးပိုင် ပစ္စည်းကို ဖြစ်စေ လူ, သာမဏေ, တိရစ္ဆာန် တစ်ဦးဦးက ဆက်ကပ်မှသာ ဘုဉ်းပေးသုံးဆောင် ကောင်းပါတယ်။ အကပ်မခံဘဲနဲ့ ကိုယ်ပိုင်ပစ္စည်းကော တပါးသူပိုင် ပစ္စည်းပါမသုံးဆောင်ကောင်းပါဘူး။ ရေနဲ့ဒန်ပူ၊ အခုခေတ်အခေါ် သွားတိုက်တံ(၂)ခုသာ ချွင်းချက်အနေနဲ့ အကပ်မခံဘဲ သုံးဆောင်မှီဝဲကောင်းပါတယ်။ တခြားအရာတွေကတော့ အကပ်ခံပြီးမှသာ သုံးဆောင်ကောင်းပါတယ်။ ရှင်သာမဏေများအနေနဲ့ကတော့ ဘယ်ဝတ္ထုပစ္စည်းမဆို အကပ်ခံစရာမလိုအပ်ဘဲ ဘုဉ်းပေးနိုင် သုံးဆောင်နိုင်ပါတယ်။

    ဗုဒ္ဓဘာသာဝင် ဒကာ၊ ဒကာမများအနေနဲ့ အကပ်ခံမြောက်တဲ့အင်္ဂါနဲ့ အကပ်ခံပျက်တဲ့အင်္ဂါတွေကို မဖြစ်မနေ သိထားသင့်ပါတယ်။ အကပ်ခံမြောက်တဲ့အင်္ဂါက (၅)ပါးရှိပါတယ်-

    (၁) ကပ်မည့် ကပ္ပိယကာရက ဒကာ၊ဒကာမသည် သံဃာတော်ကိုကပ်လှှုမည့် ပစ္စည်းဝတ္ထုကို ဦးစွာရှေးရှုယူဆောင်၍ လာရပါမယ်။ ပြီးလျှင် ကပ်လှူမည့်ပစ္စည်းကို လက်ဖြင့် ရှေ့တိုးပေးကာ ဆက်ကပ် လှူဒါန်းရမှာဖြစ်ပါတယ်။ ဦးခေါင်း စသည်ဖြင့် ရွက်ထားသော လှူဖွယ်ကို လှူဒါန်းလိုက ဦးခေါင်း အနည်းငယ် စောင်းပေး၍ ဆက်ကပ်လှူဒါန်းရပါမယ်။

    (၂) အလှူခံ သံဃာတော်နှင့် လှူဒါန်းဆက်ကပ်သည့် ဒကာ၊ဒကာမဟာ အကွာအဝေးအားဖြင့် နှစ်တောင်တစ်ထွာဟတ္တဘသ် (၄၅-လက်မ) အတွင်း ရှိရပါမယ်။

    (၃) သာမာန် အင်အားရှိသူ တစ်ယောက် မြှောက်ချီမ,နိုင်သော ဝတ္ထုပစ္စည်း ဖြစ်ရပါမယ်။ စားပွဲခုံ အကြီးကြီးများဖြင့် ဆက်ကပ်ရာမှာ အလွန်လေးလံ၍ မကြွနိုင်လျှင် ဟင်းခွက်များကို တစ်ခွက်ချင်း ဆက်ကပ်ရမှာဖြစ်ပါတယ်။ တစ်ခွက်ချင်း အကပ်ခံပြီးသောအခါ မိသားစုအားလုံး (သို့) အဖွဲ့ဖြင့် ကပ်လိုပါက စားပွဲခုံကြီးကို ညီညာစွာမ,ပြီး ထပ်မံ ကပ်နိုင်သည်။စားပွဲလိုက်ဆက်ကပ်ရာမှာ စားပွဲကြွနိုင်လျှင်ကား စားပွဲလိုက် မကပ်နိုင်ပါတယ်။

    (၄) ဆက်ကပ်သူဒကာ-ဒကာမနှင့် အကပ်ခံသူ သံဃာတော်သည် နှစ်တောင့်တစ်ထွာ ဟတ္တဘသ်အကွာအဝေးအတွင်းတည်းရှိပြီး ကြားတွင် နံရံ၊ တံတိုင်းစသည်ခြားနေ၍ ကိုယ်ထိလက်ရောက် ကပ်လှူရန် လုံးဝမဖြစ်နိုင်သည့် အခြေအနေမျိုးတွင် ပစ်မြှောက်၍ ဆက်ကပ်နိုင်ပါတယ်။ သို့သော် ထို့သို့သောကပ်လှူနည်းမျိုးသည် လုံးဝမဖြစ်သာသည့်အခါမှသာကပ်လှူခွင့်ရှိတာဖြစ်ပါတယ်။

    (၅) ကိုယ်ရဲ့အစိတ်အပိုင်း၊ လက်- စသည်ဖြင့် ဖြစ်စေ၊ ကိုယ်နှင့်ထိစပ်နေသော ကိုင်ထား သည့် ခွက်၊ တုတ်၊ ခုံ – စသည်ဖြင့် ခံ၍၊ ထိ၍ ဖြစ်စေ ထို(၂)မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းက ခံယူလို့ရပါတယ်။ နှစ်တောင်တစ်ထွာအတွင် တစုံတရာလာကပ်ခဲ့သော် အကပ်ခံသည့်သံ ဃာတော်အနေနဲ့ လက်ထဲမှာ တောင်ဝှေး၊ ဒုတ်စသည်နဲ့ တဆင့်ထိတို့၍ အကပ်ခံလို့ရပါတယ်။

    အထက်ပါအင်္ဂါ(၅)ချက်ကတော့ ဆွမ်းစသည် ဝတ္ထုပစ္စည်း လှူဒါန်းဆက်ကပ်တဲ့အခါမှာ ပြည့်စုံရတဲ့ အင်္ဂါရပ်တွေပဲဖြစ်ပါတယ်။ ထိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံမှာသာ ဆက်ကပ်တဲ့ပစ္စည်းဟာ အကပ်ခံမြောက်ပြီး သံဃာတော်များအနေနဲ့ဘုဉ်းပေးသုံးဆောင်ကောင်းတာဖြစ်ပါတယ်။

    သံဃာတော်များအနေနဲ့ အပင်ပေါက်နိုင်သော အစေ့၊ အမြစ်၊ အဆစ်ပါသော သစ်သီး၊ သစ်မြစ်များကို မဘုဉ်းပေးမသုံးဆောင်အပ်ပါဘူး။ကပ္ပိယကာရက ဒကာ၊ ဒကာမတို့အနေနဲ့ သံဃာတော် တို့နဲ့အပ်စပ်အောင် ကပ္ပိပေးရမှာဖြစ်ပါတယ်။ မျိုးစေ့ဗီဇဓါတ်မသေတဲ့ အစေ့၊အမြစ်၊ အဆစ်ကို ဓါးနဲ့ဖြစ်စေ၊ လက်သည်းနဲ့ဖြစ်စေ၊ မီးနဲ့ဖြစ်စေ ထိုးဆိတ်ပေးပြီး မှကပ်ရမှာဖြစ်ပါတယ်။

    အကယ်၍ ထိုးဆိတ်ပြီး မကပ္ပိရသေးဘူးဆိုရင် သံဃာတော်တို့က ကပ္ပိယဒကာ၊ဒကာမတို့ကို “ကပ္ပိယံ ကရောဟိ” (ရဟန်းတော်တို့အား အပ်စပ်အောင် ပြုလော့) ဟု ဆိုပြီးနောက် ကပ္ပိယတို့က “ကပ္ပိယံ ဘန္တေ” (အရှင်ဘုရားတို့အား အပ်စပ်သည်ကို ပြုပါ၏) ဟု ဆိုလျှက် ပါးစပ်ကဆိုတုန်းဖြစ်စေ၊ ဆိုပြီး ချက်ချင်းဖြစ်စေ မီးဖြင့်သော်လည်းထိုး၊ ဓားဖြင့်သော်လည်းခုတ်၊ လက်သည်းဖြင့်သော်လည်း ဆိတ်လိုက်ရမှာဖြစ်ပါတယ်။ ဓားရာ၊ လက်သည်းရာ၊ အပေါက်ရာ-အဖြစ် ထင်ရှားဖြစ်လျှင် အပ်စပ်သွားပြီဖြစ်ပါတယ်။

    အကပ်ခံပျက်တဲ့တွေအနေနဲ့ကတော့ “စွန့်,ချ,ပေး,လု, မစ္စု, လိင်ပြန်, ဤခြောက်တန်၊ ကပ်ခံပျက်ကြောင်းတည်း” ဆိုတဲ့လင်္ကာအတိုင်း အင်္ဂါ(၆)ပါးရှိပါတယ်။

    (၁) စွန့်- ဆိုတာက အကပ်ခံထားတဲ့ ဆွမ်းစသော လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို သံဃာတော်ကမသုံးဆောင် မဘုဉ်းပေးတော့လို့ အာလယပြတ်စွန့်လိုက်တာကိုဆိုလိုတာပါ။ ထိုသို့စွန့်လိုက်ပြီဆိုရင် သံဃာတော်တို့အနေနဲ့ သုံးဆောင်ရန်မအပ်စပ်တော့ပါဘူး။

    (၂) ချ- ဆိုသည်မှာ ရဟန်းဘဝမှ သိက္ခာချလိုက်ပြီး လူဝတ်လဲလိုက်တာကို ဆိုလိုတာပါ။ အကပ်ခံထားသောရဟန်းဟာ သိက္ခာချ- လူထွက်သွားပြီးဆိုရင် ထိုသံဃာအကပ်ခံထားသော ဆွမ်းစသည့် လှူဖွယ်ရာဟာ အလိုအလျောက် အကပ်ခံပျက်သွားပါပြီး။ ကျန်သံဃာတော်တို့အနေနဲ့ ဘုဉ်းပေးသုံးဆောင်လိုလျှင် ထပ်မံအကပ်ခံပြီးမှသာ အပ်စပ်တာဖြစ်ပါတယ်။

    (၃) ပေး- အကပ်ခံထားသည့် လှူဖွယ်ဝတ္ထုကို တစ်စံုတစ်ယောက်ကို ပေးလိုက်လျှင်လည်း အကပ်ခံပျက်ပါတယ်။ ထိုသို့ပေးရာမှ နှုတ်မှပေးလျှင်ပေးချင်း အကပ်ခံမပျက်သေးပါဘူး။ လက်ကလွှတ်လိုက်သည့်အခါမှသာ အကပ်ခံပျက်တာဖြစ်ပါတယ်။

    (၄)လု- သံဃာတော်တို့အား ကပ်လှူဒါန်းထားသည့် လှူဖွယ်ပစ္စည်းကို လူစသည့် တစ်စုံတစ်ယောက်က လုယူသွားလျှင်လည်း အကပ်ခံပျက်၍ ထိုပစ္စည်းကို သံဃာတော်တို့အနေနဲ့ မသုံးဆောင်အပ်တော့ပါဘူး။

    (၄) မစ္စု- အကပ်ခံထားသည့် သံဃာတော် ပြန်လွန်တော်မူလျှင်လည်း ဘုဉ်းပေးဖို့ မအပ်စပ်တော့ပါဘူး၊ ကပ်ထားတဲ့အာနိသင် ပျက်ကွယ်သွားပြီ ဖြစ်ပါတယ်။

    (၅) လိင်ပြန်- အကပ်ခံထားသည့် သံဃာသည် ယောင်္ကျားလိင်အဖြစ်မှ မိန်မလိင်အဖြစ်သို့ လိင်ပြောင်း၊ လိင်ပြန်သွားလျှင်လည်း ထိုလိင်ပြောင်သူ အကပ်ခံထားသည့် လှူဖွယ်ဘောဇဉ်ကို မသုံးဆောင် မဘုဉ်းပေးကောင်းတော့ပါဘူး။

    ရေ-ဒန်ပူမှ လွဲ၍ အခြား သူတပါးပိုင် မိမိပိုင် မည့်သည့်သုံးဆောင်ဖွယ်မဆို အကပ်မခံဘဲဘုဉ်းပေးလျှင်ဖြစ်စေ၊ အကပ်ခံပျက်သည့် ဘောဇဉ်ကို ဘုဉ်းပေးသည်ဖြစ်စေ ဘုဉ်းပေးသည့်ရဟန်းမှာ “ဒန္တပေါဏ သိက္ခာပုဒ်”အရ ပါစိတ်အာပတ်သင့်ပါတယ်။

    သံဃာတော်များကို ဆွမ်းဆက်ကပ်ရာတွင် အချို့ဒကာ၊ ဒကာမတို့ဟာ စေတနာလွန်ကဲပြီး သံဃာတော်များက“ပြည့်စုံပြီ၊ တော်ပါပြီ” လို့တားတဲ့ကြားက ဆွမ်း၊ ဆွမ်းဟင်းတို့ကို သဒ္ဒါပိုကာ ဒီတဇွန်လေးတော့ ထည့်ပါဦးဘုရား ဆိုပြီး ထည့်ထပ်ပေးလေ့ရှိပါတယ်။ သံဃာတော်များအနေနဲ့ “ပြည့်စုံပြီး၊ တော်ပြီ၊ တန်ပြီ” လို့ပြောပြီးသား ဘောဇဉ်ကို မဘုဉ်းပေးကောင်းတော့ပါဘူး ဘုဉ်းပေးရင် အာပတ်သင့်ပါတယ်။ ဒါ့ကြောင့် ဆွမ်းဆက်ကပ်တဲ့အခါမှာ ဒကာ၊ ဒကာမတို့အနေနဲ့ သတိထားရမှာဖြစ်ပါတယ်။

    နောက်ထပ်သတိထားစရာ အချက်ကတော့ “ဂိလာန သံဃာဆိုရင် မွန်းလွဲချိန်နောက်ပိုင်းမှာ ဆေးအမှတ်နဲ့ ခဲဖွယ်ဘောဇဉ်ကို ဆက်ကပ်ကောင်း ဘုဉ်းပေးကောင်းတယ်ဆိုတဲ့ အချက်ပါပဲ။ ဆေးအမှတ်နဲ့ သဘောထား ဘုဉ်းပေးလိုက်ဆိုပြီး နေလွဲကာလနဲ့ မအပ်စပ်သည့် ခဲဖွယ်တို့ကို ဆက်ကပ်လေ့ရှိကြပါတယ်။ ဝိကာလဘောဇနသိက္ခာပုဒ်အရ ဂိလာနပုဂ္ဂိုလ်ဆိုပြီး အားပတ်က ကင်းလွတ်ခွင့်ပေးမထားပါဘူး။ သီလဝံသဖြစ်တော်မူသော ရှေးဆရာတော်မထေရ်ကြီးများမှာ ဆေးသောက်ရန်အတွက်ပင် နေ့လွဲညစာမသုံးဆောင်ဘဲ ရောဂါဒဏ်ကို မငဲ့ကွက်ဘဲ သီလဝိသုဒ္ဓိဖြစ်ရန် ကျင့်ဆောင်တော်မူခဲ့သည့် ထုံးများကို သတိချပ်သင့်ပါတယ်။

    ဗုဒ္ဓဘာသာဝင်များအနေနဲ့ တနေ့မဟုတ်တနေ့မှာ သံဃာတော်အရှင်မြတ်တို့ကို ဆွမ်းဆက်ကပ်ခြင်းကို ဆက်ကပ်လှူဒါန်းကြမှာဖြစ်ပါတယ် ။ ဆွမ်းကပ်ရာမှာ အကပ်ခံအာနိသင်ပျက်သွားလျှင်လည်း ကပ်လှူသည့် ဒကာ၊ ဒကာမတို့မှာ အပြစ်မဖြစ်ပါဘူး၊ ကုသိုလ်ကတော့ရမြဲရပါတယ်။ဒီလိုဆက်ကပ်တဲ့အခါမှာ နည်းစနစ်ကျစွာ ဆက်ကပ်လှူကြမှသာ သံဃာတော်အရှင်သူများ အပြစ်အာပတ်လွတ်ကင်းပြီး မျှတချမ်းသာစွား ဘုဉ်းပေးသုံးဆောင်၍ ဓူရနှစ်ဖြာကို မပင်မပန်းဆောင်ရွက်နိုင်မှာဖြစ်သလို မိမိတို့ကိုယ်တိုင်လည်း အကျိုးတရားကြီးမား၍ လောကီ၊ လောကုတ္တရာ အကျိုးထူးတရားများနဲ့ ပြည့်စုံမှာဖြစ်ပါတယ်။

    (ကိုယ့်အကျိုး၊ သူအကျိုး၊ မျှတစွာ သည်ပိုးနိုင်သူများ ဖြစ်ကြပါစေ)

    Credit:ဓမ္မဝီရ အရှင်တေဇနိယ

  • ဝင္ေငြခြန္ေပးေဆာင္ေနရသူမ်ား မျဖစ္မေန သိသင့္ေသာအခ်က္မ်ား

    (Zawgyi)

    အခြန္ထမ္း ဝန္ထမ္း(ဝါ) ႏိုင္ငံေတာ္အတြက္ ဝင္ေငြခြန္ေပးေဆာင္ေနသူမ်ား မျဖစ္မေန သိသင့္ေသာအခ်က္မ်ား

    မိမိ၏လစဥ္ရရွိေသာ လစာမွ ဝင္ေငြခြန္ ေပးေဆာင္ျခင္း (Update)

    စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ထုတ္ျပန္သည့္ လစာေခါင္းစဥ္မွ ဝင္ေငြခြန္ ေပးေဆာင္ျခင္းဆိုင္ရာ သိမွတ္ဖြယ္ရာမ်ားကို ေဖာ္ျပလိုက္ရပါတယ္ခင္ဗ်ာ။

    ဝင္ေငြခြန္ေပးေဆာင္ရမည့္ ဝင္ေငြအမ်ိဳးအစားမ်ား

    မည္သူမဆို အလုပ္ရွင္ထံမွ မိမိရရွိသည့္ (သို႔မဟုတ္) ရရန္ရွိသည့္ လစာ၊ လုပ္ခ၊ ႏွစ္စဥ္ေၾကး၊ ဆုေၾကး၊ ခ်ီးျမႇင့္ေငြ၊ လစာႏွင့္ လုပ္ခအစား (သို႔မဟုတ္) ယင္းတို႔ အျပင္ ထပ္ေဆာင္း ရရွိသည့္ အခေၾကးေငြ၊ ေကာ္မရွင္တို႔အတြက္ လစာေခါင္းစဥ္ျဖင့္ အခြန္ထမ္းေဆာင္ရမည္ျဖစ္ပါသျဖင့္ ႏွစ္တစ္ႏွစ္အတြင္း ရရွိသည့္ လစာဝင္ေငြ၊ လစာ ဝင္ေငြအျပင္ ေကာ္မရွင္ေၾကး၊ ႏွစ္စဥ္ေၾကး၊ ပညာရွင္ေၾကးတို႔ကိုလည္း စုစုေပါင္း လစာဝင္ေငြ တြက္ခ်က္ရာတြင္ ထည့္သြင္း တြက္ခ်က္ရမည္ ျဖစ္ပါ သည္။

    စတင္အက်ိဳးသက္ေရာက္သည့္ေန႔-

    ၁-၄-၂၀၁၈ ရက္ေန႔မွ စတင္ရရွိမည့္ လစာဝင္ေငြအတြက္မွ စတင္ အက်ိဳးသက္ေရာက္ပါသည္။

    ေပးေဆာင္ရမည့္ အခြန္ႏႈန္းထားမ်ား-

    (က) ၁ က်ပ္မွ သိန္း ၂၀ အထိ (၀ ရာခိုင္ႏႈန္း)

    (ခ) သိန္း ၂၀ ႏွင့္ ၁ က်ပ္မွ သိန္း ၅၀ အထိ (၅ ရာခိုင္ႏႈန္း)

    (ဂ) သိန္း ၅၀ ႏွင့္ ၁ က်ပ္မွ သိန္း ၁၀၀ အထိ (၁၀ ရာခိုင္ႏႈန္း)

    (ဃ) သိန္း ၁၀၀ ႏွင့္ ၁ က်ပ္မွ သိန္း ၂၀၀ အထိ (၁၅ ရာခိုင္ႏႈန္း)

    (င) သိန္း ၂၀၀ ႏွင့္ ၁ က်ပ္မွ သိန္း ၃၀၀ အထိ (၂၀ ရာခိုင္ႏႈန္း)

    (စ) သိန္း ၃၀၀ ႏွင့္ ၁က်ပ္ အထက္ (၂၅ ရာခိုင္ႏႈန္း)

    အခြန္တြက္ခ်က္ပုံ-

    တစ္ႏွစ္ စုစုေပါင္း လစာဝင္ေငြ ၄၈ သိန္းက်ပ္ထက္ မေက်ာ္ပါက ဝင္ေငြခြန္ ေပးေဆာင္ရန္ မလိုပါ။

    -တစ္ႏွစ္ စုစုေပါင္း လစာဝင္ေငြ ၄၈ သိန္းက်ပ္ထက္ ေက်ာ္လြန္ေသာ္လည္း စုစုေပါင္း လစာ ဝင္ေငြမွ သက္သာခြင့္မ်ား ျဖစ္သည့္ အေျခခံ သက္သာခြင့္၊ အတူေနမိဘအတြက္ သက္သာခြင့္၊ အိမ္ေထာင္ဖက္ အတြက္ သက္သာခြင့္၊ သားသမီးမ်ားအတြက္ သက္သာခြင့္၊ အသက္ အာမခံ အတြက္ ေပးရသည့္ ပရီမီယံ၊ လူမႈ ဖူလုံေရး ရန္ပုံေငြသို႔ ထည့္ဝင္ေငြတို႔ကို ႏုတ္ပယ္ပါ။ ႏုတ္ပယ္ၿပီး က်န္ရွိေသာ အခြန္ စည္းၾကပ္ရန္ ဝင္ေငြမွာ သိန္း ၂၀ က်ပ္ထက္ မေက်ာ္ပါက ဝင္ေငြခြန္ ေပးေဆာင္ရန္ မလိုပါ။ ေဖာ္ျမဴလာမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္။

    အခြန္စည္းၾကပ္ရန္ ဝင္ေငြ (T) = စုစုေပါင္းလစာဝင္ေငြ(A) – အေျခခံသက္သာခြင့္မ်ား(B+C+D+E+F+G)

    ဥပမာ- ဦးေက်ာ္သည္ ႏွစ္တစ္ႏွစ္အတြင္း လစာဝင္ေငြ စုစုေပါင္း က်ပ္ ၆၀ သိန္း ရရွိပါက

    (A) စုစုေပါင္းလစာဝင္ေငြ = ၆၀ သိန္း

    (B) အေျခခံ သက္သာခြင့္ (၆၀ သိန္း ၏ ၂၀%) = ၁၂ သိန္း

    (C) အတူေန မိဘအတြက္ သက္သာခြင့္ (တစ္ဦးလွ်င္ ၁၀ သိန္း) = ၂၀ သိန္း

    (D) အိမ္ေထာင္ဖက္အတြက္ သက္သာခြင့္ = ၁၀ သိန္း

    (E) သားသမီး ၂ ဦးအတြက္ သက္သာခြင့္ (တစ္ဦးလွ်င္ ၅ သိန္း) = ၁၀ သိန္း

    (F) ဦးေက်ာ္ႏွင့္ အိမ္ေထာင္ဖက္ အသက္အာမခံ = ၅ ေသာင္း

    (G) ဦးေက်ာ္အတြက္ ထည့္ဝင္ လူမႈဖူလုံေရး ရန္ပုံေငြ = ၅ ေသာင္း

    ေဖာ္ျမဴလာအရ အမွတ္စဥ္ (B) မွ (G) အထိ စုစုေပါင္း ၅၃ သိန္း

    အဆိုပါ ၅၃ သိန္းကို စုစုေပါင္းဝင္ေငြ (A) ထံမွ ႏုတ္လိုက္ေသာအခါ အခြန္စည္းၾကပ္ရန္ ဝင္ေငြ ၇ သိန္း ရရွိပါမည္။ အခြန္ႏႈန္းထားမ်ားတြင္ ေဖာ္ျပထားသည့္အတိုင္း ၁ က်ပ္မွ သိန္း ၂၀ အထိဆိုလွ်င္ ၀ ရာခိုင္ႏႈန္း ျဖစ္ေသာေၾကာင့္ ဦးေက်ာ္အေနျဖင့္ အခြန္ေဆာင္ရန္ မလိုအပ္ပါ။

    -အခြန္စည္းၾကပ္ရန္ ဝင္ေငြ က်ပ္သိန္း ၂၀ ထက္ ေက်ာ္ပါက က်ပ္သိန္း ၂၀ ထက္ပိုသည့္ ပမာဏအတြက္သာ သတ္မွတ္ရာခိုင္ႏႈန္း အတိုင္း အခြန္တြက္ခ်က္ ေပးေဆာင္ရမည္ ျဖစ္ပါသည္။ ဥပမာ- ဦးေက်ာ္သည္ တစ္ႏွစ္အတြင္း လစာဝင္ေငြ စုစုေပါင္း က်ပ္ ၉၀ သိန္း ရရွိပါက

    စုစုေပါင္း လစာဝင္ေငြ (A) = ၉၀ သိန္း

    သက္သာခြင့္မ်ား (B+C+D+E+F+G) = ၅၉ သိန္း

    အဆိုပါ ၅၉ သိန္းကို စုစုေပါင္း ဝင္ေငြ (A) ထံမွ ႏုတ္လိုက္ေသာအခါ အခြန္စည္းၾကပ္ရန္ ဝင္ေငြ ၃၁ သိန္း ရရွိပါမည္။ အခြန္ႏႈန္းထားမ်ား တြင္ ေဖာ္ျပထားသည့္ အတိုင္း ၁ က်ပ္မွ သိန္း ၂၀ အထိဆိုလွ်င္ ၀ ရာခိုင္ႏႈန္း ျဖစ္ေသာေၾကာင့္ အခြန္ မေပးေဆာင္ရပါ။ က်န္ရွိေသာ ၁၁ သိန္းအတြက္ အထက္တြင္ ေဖာ္ျပထားသည့္ အခြန္ႏႈန္းထား အမွတ္စဥ္ (ခ) မွ သိန္း ၂၀ ႏွင့္ ၁ က်ပ္မွ သိန္း ၅၀ အထိ (၅ ရာခိုင္ႏႈန္း) ေဆာင္ရ မည္ ျဖစ္ေသာေၾကာင့္ တြက္ခ်က္လိုက္လွ်င္ ဦးေက်ာ္အတြက္ တစ္ႏွစ္ က်သင့္အခြန္မွာ ၅ ေသာင္း ၅ ေထာင္က်ပ္ ျဖစ္ပါသည္။ တစ္လ က်သင့္ အခြန္မွာ ၄,၅၈၃ က်ပ္ ေဆာင္ရမည္ ျဖစ္ပါသည္။

    ပိုမိုျမင္သာေစရန္ တြက္ခ်က္ပုံကို ေဖာ္ျပသြားပါမည္။

    စုစုေပါင္းလစာဝင္ေငြ(A) – အေျခခံ သက္သာခြင့္မ်ား (B+C+D+E+F+G)= အခြန္စည္းၾကပ္ရန္ ဝင္ေငြ (T)

    ၉၀ သိန္း – ၅၉ သိန္း = ၃၁ သိန္း

    ၃၁ သိန္း – ၂၀ သိန္း (၀ ရာခိုင္ႏႈန္း) = ၁၁ သိန္း

    အခြန္စည္းၾကပ္ရန္ ဝင္ေငြသည္ ၃၁ သိန္း ျဖစ္ေသာေၾကာင့္ အမွတ္စဥ္ (ခ) ၅ ရာခိုင္ႏႈန္း ေဆာင္ရမည္။

    ၁၁ သိန္း x ၅ % = ၅၅၀၀၀ က်ပ္ (တစ္ႏွစ္စာ၊ တစ္လလွ်င္ ၄၅၈၃ က်ပ္)

    အေသးစိတ္ သိရွိလိုပါက ဆိုင္ရာၿမိဳ႕နယ္ အခြန္ဦးစီးဌာနမႉး႐ုံး (သို႔မဟုတ္) အခြန္ဆိုင္ရာ ဝန္ေဆာင္မႈ႐ုံး (ေနျပည္ေတာ္) ႐ုံးအမွတ္ (၄၆)၊ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန၊ ဖုန္းနံပါတ္ ၀၆၇-၄၃၀၅၃၃၊ ၀၆၇-၄၃၀၅၂၂ (သို႔မဟုတ္) အခြန္ဆိုင္ရာဝန္ေဆာင္မႈ႐ုံး (ရန္ကုန္) အမွတ္ ၅၉/၆၁၊ ေျမညီထပ္၊ ပန္းဆိုးတန္းလမ္း၊ ေက်ာက္တံတား ၿမိဳ႕နယ္၊ ဖုန္းနံပါတ္ ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂ (သို႔မဟုတ္) အခြန္ဆိုင္ရာ ဝန္ေဆာင္မႈ႐ုံး (မႏၲေလး) ၆၅ လမ္း၊ ၂၂ x ၂၃ လမ္းၾကား၊ ဖုန္းနံပါတ္ ၀၂-၃၀၁၉၂ သို႔ ေမးျမန္း စုံစမ္းႏိုင္ပါသည္။

    Credit-ျပည္တြင္းအခြန္မ်ားဦးစီးဌာန

    Via-Lwinpyin

    (Unicode)

    အခွန်ထမ်း ဝန်ထမ်း(ဝါ) နိုင်ငံတော်အတွက် ဝင်ငွေခွန်ပေးဆောင်နေသူများ မဖြစ်မနေ သိသင့်သောအချက်များ

    မိမိ၏လစဉ်ရရှိသော လစာမှ ဝင်ငွေခွန် ပေးဆောင်ခြင်း (Update)

    စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်သည့် လစာခေါင်းစဉ်မှ ဝင်ငွေခွန် ပေးဆောင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

    ဝင်ငွေခွန်ပေးဆောင်ရမည့် ဝင်ငွေအမျိုးအစားများ

    မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် (သို့မဟုတ်) ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့် လုပ်ခအစား (သို့မဟုတ်) ယင်းတို့ အပြင် ထပ်ဆောင်း ရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ပါသဖြင့် နှစ်တစ်နှစ်အတွင်း ရရှိသည့် လစာဝင်ငွေ၊ လစာ ဝင်ငွေအပြင် ကော်မရှင်ကြေး၊ နှစ်စဉ်ကြေး၊ ပညာရှင်ကြေးတို့ကိုလည်း စုစုပေါင်း လစာဝင်ငွေ တွက်ချက်ရာတွင် ထည့်သွင်း တွက်ချက်ရမည် ဖြစ်ပါ သည်။

    စတင်အကျိုးသက်ရောက်သည့်နေ့-

    ၁-၄-၂၀၁၈ ရက်နေ့မှ စတင်ရရှိမည့် လစာဝင်ငွေအတွက်မှ စတင် အကျိုးသက်ရောက်ပါသည်။

    ပေးဆောင်ရမည့် အခွန်နှုန်းထားများ-

    (က) ၁ ကျပ်မှ သိန်း ၂၀ အထိ (၀ ရာခိုင်နှုန်း)

    (ခ) သိန်း ၂၀ နှင့် ၁ ကျပ်မှ သိန်း ၅၀ အထိ (၅ ရာခိုင်နှုန်း)

    (ဂ) သိန်း ၅၀ နှင့် ၁ ကျပ်မှ သိန်း ၁၀၀ အထိ (၁၀ ရာခိုင်နှုန်း)

    (ဃ) သိန်း ၁၀၀ နှင့် ၁ ကျပ်မှ သိန်း ၂၀၀ အထိ (၁၅ ရာခိုင်နှုန်း)

    (င) သိန်း ၂၀၀ နှင့် ၁ ကျပ်မှ သိန်း ၃၀၀ အထိ (၂၀ ရာခိုင်နှုန်း)

    (စ) သိန်း ၃၀၀ နှင့် ၁ကျပ် အထက် (၂၅ ရာခိုင်နှုန်း)

    အခွန်တွက်ချက်ပုံ-

    တစ်နှစ် စုစုပေါင်း လစာဝင်ငွေ ၄၈ သိန်းကျပ်ထက် မကျော်ပါက ဝင်ငွေခွန် ပေးဆောင်ရန် မလိုပါ။

    -တစ်နှစ် စုစုပေါင်း လစာဝင်ငွေ ၄၈ သိန်းကျပ်ထက် ကျော်လွန်သော်လည်း စုစုပေါင်း လစာ ဝင်ငွေမှ သက်သာခွင့်များ ဖြစ်သည့် အခြေခံ သက်သာခွင့်၊ အတူနေမိဘအတွက် သက်သာခွင့်၊ အိမ်ထောင်ဖက် အတွက် သက်သာခွင့်၊ သားသမီးများအတွက် သက်သာခွင့်၊ အသက် အာမခံ အတွက် ပေးရသည့် ပရီမီယံ၊ လူမှု ဖူလုံရေး ရန်ပုံငွေသို့ ထည့်ဝင်ငွေတို့ကို နုတ်ပယ်ပါ။ နုတ်ပယ်ပြီး ကျန်ရှိသော အခွန် စည်းကြပ်ရန် ဝင်ငွေမှာ သိန်း ၂၀ ကျပ်ထက် မကျော်ပါက ဝင်ငွေခွန် ပေးဆောင်ရန် မလိုပါ။ ဖော်မြူလာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    အခွန်စည်းကြပ်ရန် ဝင်ငွေ (T) = စုစုပေါင်းလစာဝင်ငွေ(A) – အခြေခံသက်သာခွင့်များ(B+C+D+E+F+G)

    ဥပမာ- ဦးကျော်သည် နှစ်တစ်နှစ်အတွင်း လစာဝင်ငွေ စုစုပေါင်း ကျပ် ၆၀ သိန်း ရရှိပါက

    (A) စုစုပေါင်းလစာဝင်ငွေ = ၆၀ သိန်း

    (B) အခြေခံ သက်သာခွင့် (၆၀ သိန်း ၏ ၂၀%) = ၁၂ သိန်း

    (C) အတူနေ မိဘအတွက် သက်သာခွင့် (တစ်ဦးလျှင် ၁၀ သိန်း) = ၂၀ သိန်း

    (D) အိမ်ထောင်ဖက်အတွက် သက်သာခွင့် = ၁၀ သိန်း

    (E) သားသမီး ၂ ဦးအတွက် သက်သာခွင့် (တစ်ဦးလျှင် ၅ သိန်း) = ၁၀ သိန်း

    (F) ဦးကျော်နှင့် အိမ်ထောင်ဖက် အသက်အာမခံ = ၅ သောင်း

    (G) ဦးကျော်အတွက် ထည့်ဝင် လူမှုဖူလုံရေး ရန်ပုံငွေ = ၅ သောင်း

    ဖော်မြူလာအရ အမှတ်စဉ် (B) မှ (G) အထိ စုစုပေါင်း ၅၃ သိန်း

    အဆိုပါ ၅၃ သိန်းကို စုစုပေါင်းဝင်ငွေ (A) ထံမှ နုတ်လိုက်သောအခါ အခွန်စည်းကြပ်ရန် ဝင်ငွေ ၇ သိန်း ရရှိပါမည်။ အခွန်နှုန်းထားများတွင် ဖော်ပြထားသည့်အတိုင်း ၁ ကျပ်မှ သိန်း ၂၀ အထိဆိုလျှင် ၀ ရာခိုင်နှုန်း ဖြစ်သောကြောင့် ဦးကျော်အနေဖြင့် အခွန်ဆောင်ရန် မလိုအပ်ပါ။

    -အခွန်စည်းကြပ်ရန် ဝင်ငွေ ကျပ်သိန်း ၂၀ ထက် ကျော်ပါက ကျပ်သိန်း ၂၀ ထက်ပိုသည့် ပမာဏအတွက်သာ သတ်မှတ်ရာခိုင်နှုန်း အတိုင်း အခွန်တွက်ချက် ပေးဆောင်ရမည် ဖြစ်ပါသည်။ ဥပမာ- ဦးကျော်သည် တစ်နှစ်အတွင်း လစာဝင်ငွေ စုစုပေါင်း ကျပ် ၉၀ သိန်း ရရှိပါက

    စုစုပေါင်း လစာဝင်ငွေ (A) = ၉၀ သိန်း

    သက်သာခွင့်များ (B+C+D+E+F+G) = ၅၉ သိန်း

    အဆိုပါ ၅၉ သိန်းကို စုစုပေါင်း ဝင်ငွေ (A) ထံမှ နုတ်လိုက်သောအခါ အခွန်စည်းကြပ်ရန် ဝင်ငွေ ၃၁ သိန်း ရရှိပါမည်။ အခွန်နှုန်းထားများ တွင် ဖော်ပြထားသည့် အတိုင်း ၁ ကျပ်မှ သိန်း ၂၀ အထိဆိုလျှင် ၀ ရာခိုင်နှုန်း ဖြစ်သောကြောင့် အခွန် မပေးဆောင်ရပါ။ ကျန်ရှိသော ၁၁ သိန်းအတွက် အထက်တွင် ဖော်ပြထားသည့် အခွန်နှုန်းထား အမှတ်စဉ် (ခ) မှ သိန်း ၂၀ နှင့် ၁ ကျပ်မှ သိန်း ၅၀ အထိ (၅ ရာခိုင်နှုန်း) ဆောင်ရ မည် ဖြစ်သောကြောင့် တွက်ချက်လိုက်လျှင် ဦးကျော်အတွက် တစ်နှစ် ကျသင့်အခွန်မှာ ၅ သောင်း ၅ ထောင်ကျပ် ဖြစ်ပါသည်။ တစ်လ ကျသင့် အခွန်မှာ ၄,၅၈၃ ကျပ် ဆောင်ရမည် ဖြစ်ပါသည်။

    ပိုမိုမြင်သာစေရန် တွက်ချက်ပုံကို ဖော်ပြသွားပါမည်။

    စုစုပေါင်းလစာဝင်ငွေ(A) – အခြေခံ သက်သာခွင့်များ (B+C+D+E+F+G)= အခွန်စည်းကြပ်ရန် ဝင်ငွေ (T)

    ၉၀ သိန်း – ၅၉ သိန်း = ၃၁ သိန်း

    ၃၁ သိန်း – ၂၀ သိန်း (၀ ရာခိုင်နှုန်း) = ၁၁ သိန်း

    အခွန်စည်းကြပ်ရန် ဝင်ငွေသည် ၃၁ သိန်း ဖြစ်သောကြောင့် အမှတ်စဉ် (ခ) ၅ ရာခိုင်နှုန်း ဆောင်ရမည်။

    ၁၁ သိန်း x ၅ % = ၅၅၀၀၀ ကျပ် (တစ်နှစ်စာ၊ တစ်လလျှင် ၄၅၈၃ ကျပ်)

    အသေးစိတ် သိရှိလိုပါက ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး (သို့မဟုတ်) အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇-၄၃၀၅၃၃၊ ၀၆၇-၄၃၀၅၂၂ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတား မြို့နယ်၊ ဖုန်းနံပါတ် ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂ (သို့မဟုတ်) အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း၊ ၂၂ x ၂၃ လမ်းကြား၊ ဖုန်းနံပါတ် ၀၂-၃၀၁၉၂ သို့ မေးမြန်း စုံစမ်းနိုင်ပါသည်။

    Credit-ပြည်တွင်းအခွန်များဦးစီးဌာန

    Via-Lwinpyin

  • ကမာၻ႔လိင္ၿမိဳ႕ေတာ္ (သို႔မဟုတ္) ထိုင္းႏိုင္ငံက ပတၱရားကမ္းေျခ

    (Zawgyi)

    ကမာၻ႔လိင္ၿမိဳ႕ေတာ္ (သို႔မဟုတ္) ထိုင္းႏိုင္ငံက ပတၱရားကမ္းေျခ

    ၁၃၅၁ ခုႏွစ္ကေန ၁၇၆၇ ခုႏွစ္အထိ ထိုင္းႏိုင္ငံဟာ ျပည့္တန္ဆာလုပ္ငန္းကို ဥပေဒနဲ႔အညီ လုပ္ကိုင္ခဲ့ၾကပါတယ္။ အဲဒီေခတ္မွာ ရွိခဲ့တဲ့ ျပည့္တန္ဆာလုပ္ငန္းေတြကို အယုဒၶယဘုရင္က အခြန္ေကာက္ခဲ့သလို တ႐ုတ္၊ ဗီယက္နမ္၊ ေပၚတူဂီ၊ အိႏၵိယ၊ ဂ်ပန္၊ ကိုရီးယား၊ ပါရွား စတဲ့ ႏိုင္ငံေတြနဲ႔ ႏိုင္ငံျခားကုန္သြယ္မႈေတြလည္း ရွိခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ စပိန္၊ ဒတ္ခ်္၊ အဂၤလိပ္၊ ျပင္သစ္ ႏိုင္ငံေတြနဲ႔ပါ ကုန္ကူးသန္းေရာင္းဝယ္မႈေတြ ရွိခဲ့ပါတယ္။

    ဒါေပမဲ့လည္း ေနာက္ပိုင္းႏွစ္ေတြ ေရာက္လာတဲ့ ၁၉၆၀ ခုႏွစ္ကစၿပီး ထိုင္းႏိုင္ငံဟာ ျပည့္တန္ဆာ လုပ္ငန္းကို တရားဥပေဒအရ ကာကြယ္မေပးေတာ့ဘဲ တရားမဝင္ စီးပြားေရးလုပ္ငန္းအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

    ျပည့္တန္ဆာလုပ္ငန္းကို ထိုင္းႏိုင္ငံက တရားမဝင္ စီးပြားေရးလုပ္ငန္းအျဖစ္ ေၾကညာထားေပမယ့္လည္း ျပည့္တန္ဆာလုပ္ငန္းကေန ရတဲ့ဝင္ေငြက တႏွစ္ကို ေဒၚလာ ၆ ဒႆမ ၄ ဘီလီယံ အထိ ရွိပါတယ္။ ဒီ ပမာဏဟာ ၂၀၁၅ ခုႏွစ္က ဝင္ေငြစာရင္းသာျဖစ္ၿပီး အခုဆိုရင္ေတာ့ ပိုမိုတိုးလာဖို႔သာ ရွိပါတယ္။

    ထိုင္းႏိုင္ငံရဲ႕ ပတၱရား ကမ္းေျခၿမိဳ႕ကို လူေတြက “ကမာၻ႔လိင္ၿမိဳ႕ေတာ္” ဆိုၿပီး ေခၚဆိုေလ့ ရွိပါတယ္။ ပတၱရားၿမိဳ႕ရဲ႕ ေၾကာ္ျငာ ဆိုင္းဘုတ္ႀကီးေတြနဲ႔ အမွတ္တရ ေရာင္းခ်ေပးတဲ့ တီရွပ္အက်ႌေတြမွာလည္း ပတၱရားရဲ႕ ေဆာင္ပုဒ္ကို ေတြ႕ႏိုင္ပါတယ္။ ပတၱရားရဲ႕ေဆာင္ပုဒ္ကေတာ့ “လူေကာင္းေတြက ေကာင္းကင္ဘုံကိုသြားၾကတယ္။ လူဆိုးေတြက ပတၱရားကမ္းေျခကို သြားၾကတယ္” ျဖစ္ပါတယ္။

    လြန္ခဲ့တဲ့ႏွစ္က ထိုင္းႏိုင္ငံကို လာေရာက္ လည္ပတ္ၾကတဲ့ ႏိုင္ငံတကာ ခရီးသြားအေရအတြက္ထဲက ၁၃ သန္းေလာက္ဟာ ပတၱရားကမ္းေျခကို လာေရာက္ခဲ့ၾကတဲ့သူေတြ ျဖစ္ပါတယ္။ ဒီအေရအတြက္ဟာ တျခားကမ္းေျခေတြဆီကို အပန္းေျဖလာေရာက္တဲ့ ႏႈန္းထက္ ပိုမိုမ်ားျပားပါတယ္။ မ်ားျပားရတဲ့ အေၾကာင္းကေတာ့ ခရီးသြားေတြဟာ လိင္အေပ်ာ္ပါးကိစၥကို ေဆာင္႐ြက္ခ်င္တဲ့အတြက္ေၾကာင့္ပါ။

    ထိုင္းႏိုင္ငံဟာ ျပည့္တန္ဆာလုပ္ငန္းကို တရားမဝင္တဲ့ စီးပြားေရးလုပ္ငန္းအျဖစ္ ေၾကညာထားေပမယ့္လည္း ပတၱရားမွာတင္ လိင္အလုပ္သမေပါင္း ၂၇,၀၀၀ ရွိေနပါတယ္။ ထိုင္းလူ႔အဖြဲ႕အစည္းမွာအမ်ိဳးသမီးငယ္ေတြ ျပည့္တန္ဆာလုပ္ငန္းေတြမွာ ဝင္ေရာက္ လုပ္ကိုင္ေနၾကတာဟာ အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။

    ဘန္ေကာက္ၿမိဳ႕ ဧရိယာအေတာ္မ်ားမ်ားကိုလည္း လိင္စီးပြားေရးလုပ္ငန္းက လႊမ္းမိုးခ်ဳပ္ကိုင္ထားပါတယ္။ အေမရိကန္ – ဗီယက္နမ္ စစ္ပြဲျဖစ္ေနတုန္းကလည္း အေမရိကန္စစ္သားေတြဟာ လိင္ကိစၥေပ်ာ္ပါးဖို႔အတြက္ ပတၱရားကို လာေလ့ ရွိၾကပါတယ္။ ဒါဟာ ပတၱရားကမ္းေျခ ၿမိဳ႕ကို ကမာၻ႔လိင္ၿမိဳ႕ေတာ္ ျဖစ္လာေစဖို႔ အစပါ။ အဲဒီကေနစၿပီးေတာ့ ပတၱရားဟာ လိင္ေပ်ာ္ပါးခ်င္သူေတြအတြက္ ေနရာ တေနရာ ျဖစ္လာခဲ့ပါတယ္။

    ဒါေပမဲ့လည္း ဒီေန႔ေခတ္မွာေတာ့ ထိုင္းအစိုးရဟာ ညစ္ညမ္းေနတဲ့ ပတၱရားရဲ႕ပုံရိပ္ကို ျပန္လည္ကယ္တင္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ အစိုးရက ပုံရိပ္ေျပာင္းဖို႔ ႀကိဳးစားေနေပမယ့္လည္း ႏွစ္ၾကာလာခဲ့ၿပီျဖစ္တဲ့ ပတၱရားရဲ႕ ပုံရိပ္ကို ေန႔ခ်င္း ညခ်င္း ေျပာင္းဖို႔ေတာ့ မျဖစ္ႏိုင္ဘူးလို႔ ပတၱရား ခရီးသြားလုပ္ငန္း လုပ္ကိုင္ေနၾကသူေတြက ဆိုပါတယ္။

    “ရွည္ၾကာလွၿပီျဖစ္တဲ့ ပတၱရားရဲ႕ ပုံရိပ္ကိုေျပာင္းလဲႏိုင္ဖို႔ ဆိုရင္ေတာ့ အမ်ားျပည္သူေတြနဲ႔ တဦး တေယာက္ခ်င္းစီက ပူးေပါင္းေဆာင္႐ြက္မွသာ ျဖစ္ႏိုင္ပါလိမ့္မယ္” လို႔ ပတၱရားခရီးသြားလုပ္ငန္းရဲ႕အႀကီးအကဲတေယာက္ျဖစ္တဲ့ Sinchai Watanasartsathorn က အခုလိုေျပာပါတယ္။

    ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ ပရာ႐ြတ္ခ်န္အိုခ်ာကလည္း ပတၱရားမွာရွိေနတဲ့ တရားမဝင္ စီးပြားေရး လုပ္ငန္းေတြနဲ႔ ျပည့္တန္ဆာလုပ္ငန္းေတြကို ႏွိပ္ကြပ္သြားမယ္လို႔ ဆိုပါတယ္။

    Ref: Asiancorrespondent, Thethaiger

    Credit-ညီညီသူ(ဧရာဝတီ), The Irrawaddy-Burmese Edition

    (Unicode)

    ကမ္ဘာ့လိင်မြို့တော် (သို့မဟုတ်) ထိုင်းနိုင်ငံက ပတ္တရားကမ်းခြေ

    ၁၃၅၁ ခုနှစ်ကနေ ၁၇၆၇ ခုနှစ်အထိ ထိုင်းနိုင်ငံဟာ ပြည့်တန်ဆာလုပ်ငန်းကို ဥပဒေနဲ့အညီ လုပ်ကိုင်ခဲ့ကြပါတယ်။ အဲဒီခေတ်မှာ ရှိခဲ့တဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို အယုဒ္ဓယဘုရင်က အခွန်ကောက်ခဲ့သလို တရုတ်၊ ဗီယက်နမ်၊ ပေါ်တူဂီ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ပါရှား စတဲ့ နိုင်ငံတွေနဲ့ နိုင်ငံခြားကုန်သွယ်မှုတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စပိန်၊ ဒတ်ချ်၊ အင်္ဂလိပ်၊ ပြင်သစ် နိုင်ငံတွေနဲ့ပါ ကုန်ကူးသန်းရောင်းဝယ်မှုတွေ ရှိခဲ့ပါတယ်။

    ဒါပေမဲ့လည်း နောက်ပိုင်းနှစ်တွေ ရောက်လာတဲ့ ၁၉၆၀ ခုနှစ်ကစပြီး ထိုင်းနိုင်ငံဟာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဥပဒေအရ ကာကွယ်မပေးတော့ဘဲ တရားမဝင် စီးပွားရေးလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

    ပြည့်တန်ဆာလုပ်ငန်းကို ထိုင်းနိုင်ငံက တရားမဝင် စီးပွားရေးလုပ်ငန်းအဖြစ် ကြေညာထားပေမယ့်လည်း ပြည့်တန်ဆာလုပ်ငန်းကနေ ရတဲ့ဝင်ငွေက တနှစ်ကို ဒေါ်လာ ၆ ဒဿမ ၄ ဘီလီယံ အထိ ရှိပါတယ်။ ဒီ ပမာဏဟာ ၂၀၁၅ ခုနှစ်က ဝင်ငွေစာရင်းသာဖြစ်ပြီး အခုဆိုရင်တော့ ပိုမိုတိုးလာဖို့သာ ရှိပါတယ်။

    ထိုင်းနိုင်ငံရဲ့ ပတ္တရား ကမ်းခြေမြို့ကို လူတွေက “ကမ္ဘာ့လိင်မြို့တော်” ဆိုပြီး ခေါ်ဆိုလေ့ ရှိပါတယ်။ ပတ္တရားမြို့ရဲ့ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေနဲ့ အမှတ်တရ ရောင်းချပေးတဲ့ တီရှပ်အင်္ကျီတွေမှာလည်း ပတ္တရားရဲ့ ဆောင်ပုဒ်ကို တွေ့နိုင်ပါတယ်။ ပတ္တရားရဲ့ဆောင်ပုဒ်ကတော့ “လူကောင်းတွေက ကောင်းကင်ဘုံကိုသွားကြတယ်။ လူဆိုးတွေက ပတ္တရားကမ်းခြေကို သွားကြတယ်” ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်ထဲက ၁၃ သန်းလောက်ဟာ ပတ္တရားကမ်းခြေကို လာရောက်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ တခြားကမ်းခြေတွေဆီကို အပန်းဖြေလာရောက်တဲ့ နှုန်းထက် ပိုမိုများပြားပါတယ်။ များပြားရတဲ့ အကြောင်းကတော့ ခရီးသွားတွေဟာ လိင်အပျော်ပါးကိစ္စကို ဆောင်ရွက်ချင်တဲ့အတွက်ကြောင့်ပါ။

    ထိုင်းနိုင်ငံဟာ ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင်တဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ကြေညာထားပေမယ့်လည်း ပတ္တရားမှာတင် လိင်အလုပ်သမပေါင်း ၂၇,၀၀၀ ရှိနေပါတယ်။ ထိုင်းလူ့အဖွဲ့အစည်းမှာအမျိုးသမီးငယ်တွေ ပြည့်တန်ဆာလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတာဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

    ဘန်ကောက်မြို့ ဧရိယာအတော်များများကိုလည်း လိင်စီးပွားရေးလုပ်ငန်းက လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။ အမေရိကန် – ဗီယက်နမ် စစ်ပွဲဖြစ်နေတုန်းကလည်း အမေရိကန်စစ်သားတွေဟာ လိင်ကိစ္စပျော်ပါးဖို့အတွက် ပတ္တရားကို လာလေ့ ရှိကြပါတယ်။ ဒါဟာ ပတ္တရားကမ်းခြေ မြို့ကို ကမ္ဘာ့လိင်မြို့တော် ဖြစ်လာစေဖို့ အစပါ။ အဲဒီကနေစပြီးတော့ ပတ္တရားဟာ လိင်ပျော်ပါးချင်သူတွေအတွက် နေရာ တနေရာ ဖြစ်လာခဲ့ပါတယ်။

    ဒါပေမဲ့လည်း ဒီနေ့ခေတ်မှာတော့ ထိုင်းအစိုးရဟာ ညစ်ညမ်းနေတဲ့ ပတ္တရားရဲ့ပုံရိပ်ကို ပြန်လည်ကယ်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အစိုးရက ပုံရိပ်ပြောင်းဖို့ ကြိုးစားနေပေမယ့်လည်း နှစ်ကြာလာခဲ့ပြီဖြစ်တဲ့ ပတ္တရားရဲ့ ပုံရိပ်ကို နေ့ချင်း ညချင်း ပြောင်းဖို့တော့ မဖြစ်နိုင်ဘူးလို့ ပတ္တရား ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသူတွေက ဆိုပါတယ်။

    “ရှည်ကြာလှပြီဖြစ်တဲ့ ပတ္တရားရဲ့ ပုံရိပ်ကိုပြောင်းလဲနိုင်ဖို့ ဆိုရင်တော့ အများပြည်သူတွေနဲ့ တဦး တယောက်ချင်းစီက ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်နိုင်ပါလိမ့်မယ်” လို့ ပတ္တရားခရီးသွားလုပ်ငန်းရဲ့အကြီးအကဲတယောက်ဖြစ်တဲ့ Sinchai Watanasartsathorn က အခုလိုပြောပါတယ်။

    ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်တဲ့ ပရာရွတ်ချန်အိုချာကလည်း ပတ္တရားမှာရှိနေတဲ့ တရားမဝင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို နှိပ်ကွပ်သွားမယ်လို့ ဆိုပါတယ်။

    Ref: Asiancorrespondent, Thethaiger

    Credit-ညီညီသူ(ဧရာဝတီ), The Irrawaddy-Burmese Edition

  • သင္မသိေသးတဲ့ ရွားေစာင္း လက္ပက္ လွ်ိဳ႕၀ွက္ခ်က္မ်ား

    (Zawgyi)

    သင္မသိေသးတဲ့ ရွားေစာင္း လက္ပက္ အသံုး၀င္ပံု

    ရွားေစာင္းလက္ပက္ရဲ႕ အ႐ြက္ထူႀကီးေတြကို ခြာလိုက္ရင္ ေတြ႕ရတဲ့ ဂ်ယ္အႏွစ္ေတြမွာ ဗီတာမင္ဓာတ္ေတြ ႂကြယ္ဝစြာ ပါဝင္ပါတယ္။ သူတို႔ရဲ႕ အာနိသင္ စြမ္းပုံက ပိုးေကာင္ကိုက္ ကုသတာက အစ ဆံပင္ေပါင္းတင္တာ အဆုံးပဲ ျဖစ္ပါတယ္။

    ၁။ မိတ္ကပ္ဖ်က္လွ်င္

    သင္ဟာ ေဈးလည္း သက္သာ၊ အသားအေရ အတြက္လည္း အႏၲရာယ္ မျဖစ္ေစႏိုင္တဲ့ သဘာ၀ မိတ္ကပ္ဖ်က္ေဆး လိုခ်င္ရင္ေတာ့ ဆိုင္ေတြ မွာ အလြယ္တကူ ရႏိုင္တဲ့ ရွားေစာင္း လက္ပက္ အရည္ကိုသာသုံးပါ။ မ်က္ႏွာကို ျပန္လည္ စိုေျပေစပါတယ္။

    ၂။ ေျခေထာက္ေပါက္လွ်င္

    ေျခေထာက္ ေပါက္သြားတဲ့ အနာကို ရွားေစာင္း လက္ပက္အႏွစ္နဲ႔ လိမ္းပါ။ ဒီနည္းအတိုင္းလုပ္ေဆာင္လွ်င္ အနာနီရဲ ေရာင္ရမ္းျခင္းကို ေလ်ာ့ပါး သက္သာေစပါတယ္။

    ၃။ ေနေလာင္လွ်င္

    အသားအေရ ေနေလာင္သြားလို႔ စိတ္မညစ္ေနပါနဲ႔ ။ ေနေလာင္သြားတဲ့ အေရျပားေပၚကို ရွားေစာင္း လက္ပက္ အႏွစ္ကို လိမ္းလိုက္ပါ။ ရွားေစာင္း လက္ပက္မွာပါတဲ့ အစိုဓာတ္က လ်င္ျမန္စြာ သက္သာေစႏိုင္ပါတယ္။

    ၄။ အသားအေရ အစိုဓာတ္ထိန္းဖို႔

    ရွားေစာင္း လက္ပက္ကေတာ့ ခႏၶာကိုယ္ တစ္ခုလုံးကို အစိုဓာတ္ ထိန္းေပးႏိုင္စြမ္း ရွိပါတယ္။အထူးသျဖင့္ မ်က္ႏွာ အသားအေရကို ပိုလို႔ေတာင္ အစိုဓာတ္ ထိန္းေပးႏိုင္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ရွားေစာင္း လက္ပက္အႏွစ္က ခြဲ်ပ်စ္ပ်စ္ျဖစ္ မက်န္ေစပါဘူး။ အေရျပား ေရာင္ရမ္းမႈကိုလည္း ေလ်ာ့က်ေစတဲ့ အတြက္ ဝက္ၿခံနဲ႔ အမာ႐ြတ္ေတြ အတြက္ ေဆးေကာင္း တစ္လက္ပါပဲ။

    ၅။ ဆံပင္ေပါင္းတင္ဖို႔

    သင္ပုံမွန္ သုံးေနက် ဆံပင္ ေပါင္းတင္ေဆး အစား ရွားေစာင္း လက္ပက္ အႏွစ္အခ်ိဳ႕ကို ယူၿပီး ဆံပင္မွာ သုတ္လိမ္းလိုက္ပါ။ (၅) မိနစ္ၾကာ ထားၿပီးေနာက္ ေရေဆးခ်ပါ။ သင့္ဆံေကသာ သဘာဝအတိုင္း ႏူးညံ့ေခ်ာေမြ႕လာပါမယ္။

    ၆။ မုတ္ဆိတ္ရိတ္ရာတြင္

    ရွားေစာင္း လက္ပက္မွာ ေရဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ သာမန္ မုတ္ဆိတ္ရိတ္ ခရင္မ္ေတြထက္ ပိုၿပီး သဘာဝက်က် ေကာင္းမြန္ပါ တယ္။ ဒါ့အျပင္ အစိုဓာတ္ကိုလည္း ထိန္းေပးလို႔ မုတ္ဆိတ္ရိတ္ၿပီး အေရျပားကို မေျခာက္ေသြ႕ေစေတာ့ပါဘူး။

    ၇။ ပိုးေကာင္ အကိုက္ခံရလွ်င္

    အင္းဆက္ ပိုးေကာင္ေတြ၊ ျခင္ေတြရဲ႕ အကိုက္ခံရလွ်င္ ရွားေစာင္း လက္ပက္ အႏွစ္ကိုသာ လိမ္းလိုက္ပါ။ ဒါ့အျပင္ ရွားေစာင္း လက္ပက္ က အဖုအပိန႔္ေတြ၊ ယားနာေတြ၊ အပူ ေလာင္ဒဏ္ရာေတြနဲ႔ ဒဏ္ရာတခ်ိဳ႕ ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

    Credit-Messenger

    (Unicode)

    ရှားစောင်းလက်ပက်ရဲ့ အရွက်ထူကြီးတွေကို ခွာလိုက်ရင် တွေ့ရတဲ့ ဂျယ်အနှစ်တွေမှာ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူတို့ရဲ့ အာနိသင် စွမ်းပုံက ပိုးကောင်ကိုက် ကုသတာက အစ ဆံပင်ပေါင်းတင်တာ အဆုံးပဲ ဖြစ်ပါတယ်။

    ၁။ မိတ်ကပ်ဖျက်လျှင်

    သင်ဟာ ဈေးလည်း သက်သာ၊ အသားအရေ အတွက်လည်း အန္တရာယ် မဖြစ်စေနိုင်တဲ့ သဘာ၀ မိတ်ကပ်ဖျက်ဆေး လိုချင်ရင်တော့ ဆိုင်တွေ မှာ အလွယ်တကူ ရနိုင်တဲ့ ရှားစောင်း လက်ပက် အရည်ကိုသာသုံးပါ။ မျက်နှာကို ပြန်လည် စိုပြေစေပါတယ်။

    ၂။ ခြေထောက်ပေါက်လျှင်

    ခြေထောက် ပေါက်သွားတဲ့ အနာကို ရှားစောင်း လက်ပက်အနှစ်နဲ့ လိမ်းပါ။ ဒီနည်းအတိုင်းလုပ်ဆောင်လျှင် အနာနီရဲ ရောင်ရမ်းခြင်းကို လျော့ပါး သက်သာစေပါတယ်။

    ၃။ နေလောင်လျှင်

    အသားအရေ နေလောင်သွားလို့ စိတ်မညစ်နေပါနဲ့ ။ နေလောင်သွားတဲ့ အရေပြားပေါ်ကို ရှားစောင်း လက်ပက် အနှစ်ကို လိမ်းလိုက်ပါ။ ရှားစောင်း လက်ပက်မှာပါတဲ့ အစိုဓာတ်က လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။

    ၄။ အသားအရေ အစိုဓာတ်ထိန်းဖို့

    ရှားစောင်း လက်ပက်ကတော့ ခန္ဓာကိုယ် တစ်ခုလုံးကို အစိုဓာတ် ထိန်းပေးနိုင်စွမ်း ရှိပါတယ်။အထူးသဖြင့် မျက်နှာ အသားအရေကို ပိုလို့တောင် အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရှားစောင်း လက်ပက်အနှစ်က ခွဲျပျစ်ပျစ်ဖြစ် မကျန်စေပါဘူး။ အရေပြား ရောင်ရမ်းမှုကိုလည်း လျော့ကျစေတဲ့ အတွက် ဝက်ခြံနဲ့ အမာရွတ်တွေ အတွက် ဆေးကောင်း တစ်လက်ပါပဲ။

    ၅။ ဆံပင်ပေါင်းတင်ဖို့

    သင်ပုံမှန် သုံးနေကျ ဆံပင် ပေါင်းတင်ဆေး အစား ရှားစောင်း လက်ပက် အနှစ်အချို့ကို ယူပြီး ဆံပင်မှာ သုတ်လိမ်းလိုက်ပါ။ (၅) မိနစ်ကြာ ထားပြီးနောက် ရေဆေးချပါ။ သင့်ဆံကေသာ သဘာဝအတိုင်း နူးညံ့ချောမွေ့လာပါမယ်။

    ၆။ မုတ်ဆိတ်ရိတ်ရာတွင်

    ရှားစောင်း လက်ပက်မှာ ရေဓာတ်များစွာ ပါဝင်တာကြောင့် သာမန် မုတ်ဆိတ်ရိတ် ခရင်မ်တွေထက် ပိုပြီး သဘာဝကျကျ ကောင်းမွန်ပါ တယ်။ ဒါ့အပြင် အစိုဓာတ်ကိုလည်း ထိန်းပေးလို့ မုတ်ဆိတ်ရိတ်ပြီး အရေပြားကို မခြောက်သွေ့စေတော့ပါဘူး။

    ၇။ ပိုးကောင် အကိုက်ခံရလျှင်

    အင်းဆက် ပိုးကောင်တွေ၊ ခြင်တွေရဲ့ အကိုက်ခံရလျှင် ရှားစောင်း လက်ပက် အနှစ်ကိုသာ လိမ်းလိုက်ပါ။ ဒါ့အပြင် ရှားစောင်း လက်ပက် က အဖုအပိန့်တွေ၊ ယားနာတွေ၊ အပူ လောင်ဒဏ်ရာတွေနဲ့ ဒဏ်ရာတချို့ ကို ပျောက်ကင်းစေနိုင်ပါတယ်။

    Credit-Messenger

  • အိမ္သုံးမီတာအသစ္တစ္လုံး တပ္ဆင္မယ္ဆိုရင္ ဘာေတြ လိုအပ္မလဲ

    (Zawgyi)

    အိမ္သုံးမီတာအသစ္တစ္လုံး တပ္ဆင္မယ္ဆိုရင္ ဘာေတြ လိုအပ္မလဲ

    ပထမဦးဆုံး မီတာတပ္ဖို႔အတြက္ ေလွ်ာက္ထားမယ္ဆိုရင္ yesc.org.mm ထဲကို ဝင္ပါ။ အဲ့ဒီရဲ႕ မီးသုံးသူက႑ရဲ႕ ေအာက္မွာ ရွိတဲ့ မီတာေလွ်ာက္ထားရန္မွတစ္ဆင့္ လိုအပ္သည္မ်ားကို လုပ္ေဆာင္ႏိုင္ပါတယ္။

    မိမိအိမ္မွာ မီတာပုံးအသစ္ တပ္ဆင္ေတာ့မယ္ဆိုရင္ ေပးသြင္းရမယ့္ ႏႈန္းထားမ်ားနဲ႔ မီတာသုံးစြဲခ ႏႈန္းထားမ်ားကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

    အိမ္သုံးမီတာတစ္လုံး တပ္ဆင္မယ္ဆိုရင္ စုစုေပါင္း ၉၀,၀၀၀ က်ပ္ က်သင့္မွာ ျဖစ္ၿပီး

    (၁) မီတာ သတ္မွတ္ေၾကး – ၆၅,၀၀၀ က်ပ္

    (၂) မီတာပုံးခြံ – ၁၅,၀၀၀ က်ပ္

    (၃) အာမခံ စေဘာ္ေငြ – ၄,၀၀၀ က်ပ္

    (၄) ႀကိဳးသြယ္ခ – ၂,၀၀၀ က်ပ္

    (၅) မီးဆက္ခ – ၂,၀၀၀ က်ပ္

    (၆) ႀကီးၾကပ္ခ – ၁,၀၀၀ က်ပ္ နဲ႔

    (၇) မွတ္ပုံတင္ေၾကး – ၁,၀၀၀ က်ပ္တို႔ ပါဝင္ပါတယ္။

    မီတာသုံးစြဲခမ်ားကို ၁ ယူနစ္မွ ၁၀၀ ယူနစ္အထိ ၃၅ က်ပ္၊ ၁၀၁ ယူနစ္မွ ၂၀၀ ယူနစ္အထိ ၄၅ က်ပ္၊ ၂၀၁ ယူနစ္နဲ႔ အထက္ ၅၀ က်ပ္ျဖင့္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီး႒ာနေအာက္ရွိ လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းမ်ားမွ ေကာက္ခံလ်က္ ရွိပါတယ္။

    Credit-yangondirectory

    http://www.yangondirectory.com/en/my-yangon/explore-yangon/daily-life/item/2721-what-is-required-to-get-home-if-you-install-a-new-meter-fall.html?fbclid=IwAR3SoiZCAy21SeEkWuc3PC_wjCRXOUxd94IJ9RTKDuc6DXS4ViHC1AErRMk

    (Unicode)

    အိမ်သုံးမီတာအသစ်တစ်လုံး တပ်ဆင်မယ်ဆိုရင် ဘာတွေ လိုအပ်မလဲ

    ပထမဦးဆုံး မီတာတပ်ဖို့အတွက် လျှောက်ထားမယ်ဆိုရင် yesc.org.mm ထဲကို ဝင်ပါ။ အဲ့ဒီရဲ့ မီးသုံးသူကဏ္ဍရဲ့ အောက်မှာ ရှိတဲ့ မီတာလျှောက်ထားရန်မှတစ်ဆင့် လိုအပ်သည်များကို လုပ်ဆောင်နိုင်ပါတယ်။

    မိမိအိမ်မှာ မီတာပုံးအသစ် တပ်ဆင်တော့မယ်ဆိုရင် ပေးသွင်းရမယ့် နှုန်းထားများနဲ့ မီတာသုံးစွဲခ နှုန်းထားများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

    အိမ်သုံးမီတာတစ်လုံး တပ်ဆင်မယ်ဆိုရင် စုစုပေါင်း ၉၀,၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပြီး

    (၁) မီတာ သတ်မှတ်ကြေး – ၆၅,၀၀၀ ကျပ်

    (၂) မီတာပုံးခွံ – ၁၅,၀၀၀ ကျပ်

    (၃) အာမခံ စဘော်ငွေ – ၄,၀၀၀ ကျပ်

    (၄) ကြိုးသွယ်ခ – ၂,၀၀၀ ကျပ်

    (၅) မီးဆက်ခ – ၂,၀၀၀ ကျပ်

    (၆) ကြီးကြပ်ခ – ၁,၀၀၀ ကျပ် နဲ့

    (၇) မှတ်ပုံတင်ကြေး – ၁,၀၀၀ ကျပ်တို့ ပါဝင်ပါတယ်။

    မီတာသုံးစွဲခများကို ၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၃၅ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၄၅ ကျပ်၊ ၂၀၁ ယူနစ်နဲ့ အထက် ၅၀ ကျပ်ဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဋ္ဌာနအောက်ရှိ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းများမှ ကောက်ခံလျက် ရှိပါတယ်။

    Credit-yangondirectory

    http://www.yangondirectory.com/en/my-yangon/explore-yangon/daily-life/item/2721-what-is-required-to-get-home-if-you-install-a-new-meter-fall.html?fbclid=IwAR3SoiZCAy21SeEkWuc3PC_wjCRXOUxd94IJ9RTKDuc6DXS4ViHC1AErRMk

  • အိမ္တြင္းမွာပဲ ျပန္လည္စိုက္ပ်ိဳးႏိုင္တဲ့ ဟင္းသီးဟင္းရြက္မ်ား

    (Zawgyi)

    ပိုက္ဆံေခၽြတာရင္း မီးဖိုေခ်ာင္ထဲမွာ အမိႈက္ေတြပြတာလည္း သက္သာေအာင္ အိမ္မွာပဲ သီးပင္စားပင္ေလးေတြ စိုက္ၾကမယ္

    အိမ္တြင္းမွာပဲ ျပန္လည္စိုက္ပ်ိဳးႏိုင္တဲ့ ဟင္းသီးဟင္းရြက္မ်ား

    ဟင္းသီးဟင္းရြက္ေတြကို လွီးခၽြတ္ၿပီးလို့ ပိုေနတဲ့ အပိုင္းအစေလးေတြကို ခ်က္ခ်င္းလႊင့္မပစ္လိုက္ပါနဲ့။ တခ်ိဳ႕ဟင္းသီးဟင္းရြက္ေတြဟာဆိုရင္ ျပန္ၿပီးေတာ့ကို စိုက္ပ်ိဳးၿပီး စားသံုးလို့ရႏိုင္တာေၾကာင့္ ပိုက္ဆံလည္းေခၽြတာရင္း အပ်င္းလည္းေျပရင္းျဖစ္ေအာင္ အပင္ေလးေတြ စိုက္ၾကည့္လိုက္ပါ။

    မီးဖိုေခ်ာင္ထဲမွာ အမိႈက္ေတြပြတာလည္း သက္သာတဲ့အျပင္ အခုလို ပိုးသတ္ေဆးေတြ အလြန္အက်ဴးသံုးေနခ်ိန္မွာ က်န္းမာေရးထိခိုက္မွာလည္း စိုးရိမ္စရာမလိုေတာ့ဘူးေပါ့။

    ၾကက္သြန္ၿမိတ္

    စိုက္ရတာအလြယ္ဆံုးနဲ့ အျမန္ဆံုးအေပါက္လြယ္တဲ့ ဟင္းသီးဟင္းရြက္တစ္မ်ိဳးျဖစ္ၿပီးေတာ့ အိမ္မွာစိုက္ထားမယ္ဆိုရင္ ေနာက္ထပ္ဝယ္ဖို့ကို ေတြးမိမွာမဟုတ္ေတာ့ပါဘူး။ ၾကက္သြန္ၿမိတ္အပင္ေအာက္ေျခကို အျမစ္ေတြပါအပါခ်န္ၿပီးေတာ့ ခရားတစ္ခု သို့မဟုတ္ ဖန္ခြက္တစ္လံုးထဲမွာ ေရလက္မတစ္ဝက္ေလာက္ျဖည့္ၿပီး ထည့္ထားလိုက္ပါ။

    ေနေရာင္ေႏြးေႏြးေလးေအာက္မွာ ထားေပးလိုက္ၿပီး သုံးေလးရက္ေလာက္ၾကာရင္ ေရအသစ္လဲေပးမယ္ဆိုရင္ေတာ့ အပင္ေပါက္ေလးေတြကို အေႏွးနဲ့အျမန္ ျမင္ေတြ႕ရမွာပါပဲ။

    စပါးလင္

    ၾကက္သြန္ၿမိတ္ေတြလိုပဲ အျမစ္နားေအာက္ေျခကို ဖန္ခြက္တစ္လံုးထဲမွာ ေရနည္းနည္းနဲ့အတူထားမယ္ဆိုရင္ ရက္တိုအတြင္း အပင္ေပါက္လာတာကို ျမင္ေတြ႕ရမွာပါ။

    ငရုတ္ပြသီး

    ငရုတ္ပြသီးေတြထဲက အေစ့ေတြကို ပန္းအိုးတစ္လံုးထဲမွာ ေျမႀကီးနဲ့အတူျမဳပ္ကာ ေနေရာင္ျခည္ေအာက္မွာ တိုက္ရိုက္ထားေပးပါ။

    ေထာပတ္သီး

    ေထာပတ္သီးအေစ့ကို ေရေဆးၿပီး ေဘးပတ္ပတ္လည္ကေန သြားၾကားထိုးတံေလးေခ်ာင္းထိုးေပးကာ ေရထည့္ထားတဲ့ဖန္ခြက္တစ္လံုးထဲမွာ ဟန္ခ်က္ညီေအာင္ထည့္ေပးပါ။ ေနေရာင္ေအာက္မွာထားေပးၿပီး ႏွစ္ရက္တစ္ခါေရလဲပါ။ ရက္သတၱပတ္အနည္းငယ္ၾကာတဲ့ေနာက္ အေစ့ကြဲကာ ရိုးတံေလးထြက္လာမွာျဖစ္ပါတယ္။

    ဂ်င္း

    ဂ်င္းကိုဖန္ခြက္တစ္လံုးထဲမွာ တစ္ညေရစိမ္ပါ။ အဝက်ယ္က်ယ္ အိုးတစ္လံုးထဲမွာ ေျမႀကီးထည့္ကာ ႏွစ္လက္မေလာက္နက္တဲ့အထိ ထိုးထည့္လိုက္ပါ။ ေရမွန္မွန္ေလာင္းၿပီးေတာ့ ေနေရာင္မရွိတဲ့ေနရာမွာထားေပးပါ။ ရက္သတၱပတ္အနည္းငယ္ၾကာတဲ့ေနာက္ အပင္ေပါက္လာမွာျဖစ္ၿပီး သံုးေလးလၾကာရင္ေတာ့ စားသံုးႏိုင္မွာျဖစ္ပါတယ္။

    Credit-MyFood Myanmar

    (Unicode)

    ပိုက်ဆံချွေတာရင်း မီးဖိုချောင်ထဲမှာ အမှိုက်တွေပွတာလည်း သက်သာအောင် အိမ်မှာပဲ သီးပင်စားပင်လေးတွေ စိုက်ကြမယ်

    အိမ်တွင်းမှာပဲ ပြန်လည်စိုက်ပျိုးနိုင်တဲ့ ဟင်းသီးဟင်းရွက်များ

    ဟင်းသီးဟင်းရွက်တွေကို လှီးချွတ်ပြီးလို့ ပိုနေတဲ့ အပိုင်းအစလေးတွေကို ချက်ချင်းလွှင့်မပစ်လိုက်ပါနဲ့။ တချို့ဟင်းသီးဟင်းရွက်တွေဟာဆိုရင် ပြန်ပြီးတော့ကို စိုက်ပျိုးပြီး စားသုံးလို့ရနိုင်တာကြောင့် ပိုက်ဆံလည်းချွေတာရင်း အပျင်းလည်းပြေရင်းဖြစ်အောင် အပင်လေးတွေ စိုက်ကြည့်လိုက်ပါ။

    မီးဖိုချောင်ထဲမှာ အမှိုက်တွေပွတာလည်း သက်သာတဲ့အပြင် အခုလို ပိုးသတ်ဆေးတွေ အလွန်အကျူးသုံးနေချိန်မှာ ကျန်းမာရေးထိခိုက်မှာလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။

    ကြက်သွန်မြိတ်

    စိုက်ရတာအလွယ်ဆုံးနဲ့ အမြန်ဆုံးအပေါက်လွယ်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီးတော့ အိမ်မှာစိုက်ထားမယ်ဆိုရင် နောက်ထပ်ဝယ်ဖို့ကို တွေးမိမှာမဟုတ်တော့ပါဘူး။ ကြက်သွန်မြိတ်အပင်အောက်ခြေကို အမြစ်တွေပါအပါချန်ပြီးတော့ ခရားတစ်ခု သို့မဟုတ် ဖန်ခွက်တစ်လုံးထဲမှာ ရေလက်မတစ်ဝက်လောက်ဖြည့်ပြီး ထည့်ထားလိုက်ပါ။

    နေရောင်နွေးနွေးလေးအောက်မှာ ထားပေးလိုက်ပြီး သုံးလေးရက်လောက်ကြာရင် ရေအသစ်လဲပေးမယ်ဆိုရင်တော့ အပင်ပေါက်လေးတွေကို အနှေးနဲ့အမြန် မြင်တွေ့ရမှာပါပဲ။

    စပါးလင်

    ကြက်သွန်မြိတ်တွေလိုပဲ အမြစ်နားအောက်ခြေကို ဖန်ခွက်တစ်လုံးထဲမှာ ရေနည်းနည်းနဲ့အတူထားမယ်ဆိုရင် ရက်တိုအတွင်း အပင်ပေါက်လာတာကို မြင်တွေ့ရမှာပါ။

    ငရုတ်ပွသီး

    ငရုတ်ပွသီးတွေထဲက အစေ့တွေကို ပန်းအိုးတစ်လုံးထဲမှာ မြေကြီးနဲ့အတူမြုပ်ကာ နေရောင်ခြည်အောက်မှာ တိုက်ရိုက်ထားပေးပါ။

    ထောပတ်သီး

    ထောပတ်သီးအစေ့ကို ရေဆေးပြီး ဘေးပတ်ပတ်လည်ကနေ သွားကြားထိုးတံလေးချောင်းထိုးပေးကာ ရေထည့်ထားတဲ့ဖန်ခွက်တစ်လုံးထဲမှာ ဟန်ချက်ညီအောင်ထည့်ပေးပါ။ နေရောင်အောက်မှာထားပေးပြီး နှစ်ရက်တစ်ခါရေလဲပါ။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့နောက် အစေ့ကွဲကာ ရိုးတံလေးထွက်လာမှာဖြစ်ပါတယ်။

    ဂျင်း

    ဂျင်းကိုဖန်ခွက်တစ်လုံးထဲမှာ တစ်ညရေစိမ်ပါ။ အဝကျယ်ကျယ် အိုးတစ်လုံးထဲမှာ မြေကြီးထည့်ကာ နှစ်လက်မလောက်နက်တဲ့အထိ ထိုးထည့်လိုက်ပါ။ ရေမှန်မှန်လောင်းပြီးတော့ နေရောင်မရှိတဲ့နေရာမှာထားပေးပါ။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့နောက် အပင်ပေါက်လာမှာဖြစ်ပြီး သုံးလေးလကြာရင်တော့ စားသုံးနိုင်မှာဖြစ်ပါတယ်။

    Credit-MyFood Myanmar

  • သက္ၾကီးရြယ္အိုမ်ား၊ ဂီလာန ရဟန္းသံဃာေတာ္မ်ားအတြက္ အေကာင္းဆံုး အာဟာရ။ စတုမဓူ ကိုယ္တိုင္ျပဳလုပ္နည္း

    (Zawgyi)

    သက္ၾကီးရြယ္အိုမ်ား၊ ဂီလာန ရဟန္းသံဃာေတာ္မ်ားအတြက္ အေကာင္းဆံုး အာဟာရ။ စတုမဓူ ကိုယ္တိုင္ျပဳလုပ္နည္း

    ဂီလာန ရဟန္းသံဃာေတာ္မ်ားႏွင့္ သက္ၾကီးရြယ္အိုမ်ား အာဟာရဓာတ္ျပည့္၀ေစရန္ ရည္ရြယ္၍ စတုမဓူ ျပုလုပ္ေရာင္းခ်သူမ်ား ရွိလာ၍ ၀မ္းေျမာက္မိပါသည္။ သို႕ေသာ္ စတုမဓူကို ကၽြန္ေတာ္ျမည္းၾကည့္ေသာအခါ ၀မ္းနည္းရျပန္သည္။ စတုမဓူ အညံ့စားမ်ားျဖစ္၍ အာဟာရတန္ဖိုး နည္းပါးလြန္းလွ၏။

    ဆီၾကိတ္ဆံု

    ျမင္းျခံျမိဳ႕၊ သေျပသာေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္ၾကီး ဦးေကာသလႅသည္ အသက္(၉၀)၀န္းက်င္အထိ အသက္ရွည္ကာ က်န္းမာခဲ့ပါသည္။ စတုမဓူကို အာဟာရဓာတ္ ျပည့္၀ေအာင္ ေဖာ္စပ္ျပဳလုပ္၍ သံုးေဆာင္ခဲ့သည္။ ဆရာေတာ္ၾကီး၏ စတုမဓူ ျပုလုပ္နည္းမွာ…

    ၁။ အညာပ်ားရည္စစ္စစ္

    ၂။ အညာႏွမ္းၾကီးဆီ (ဆံုဆီ)စစ္စစ္

    ၃။ ထန္းဖုိသကာရည္

    ၄။ ေထာပတ္စစ္စစ္

    အထက္ပါ ပစၥည္း၄မယ္ကို အေလးခ်ိန္ ဆတူေရာစပ္ကာ သမေအာင္ေမႊ၍ တစ္ပတ္ခန္႕ၾကာေအာင္ ေနေရာင္လွန္းရသည္။ မီးႏွင့္ လံုး၀မခ်က္ရပါ။ ပစၥည္းမ်ား စစ္မွန္ျခင္း၊ ေနေရာင္ႏွင့္သာ ခ်က္ရျခင္းတို႕မွာ စတုမဓူ၏ အရည္အေသြးကို ျမင့္မားေစသည္။

    ထန္းဖိုသကာရည္ကို ေႏြကာလမွာသာ ရရွိႏိုင္သျဖင့္ တေပါင္း၊ တန္ခူး၊ ကဆုန္ ထို(၃)လမွာသာ စတုမဓူျပဳလုပ္ၾကရသည္။ အညာပ်ားရည္သည္ စစ္လွ်င္ အခ်ိန္မည္မွ်ၾကာေစကာမူ အခ်ဥ္ဓာတ္ မေပါက္ပါ။ တမာ၊ ထေနာင္းတို႕ကဲ့သို႕ ေဆးဖက္၀င္ ေဆးပင္ ေဆးပြင့္တို႕၏ ၀တ္ရည္မ်ား ျဖစ္၍ ေဆးစြမ္းထက္သည္။ ထန္းဖိုသကာရည္မွာလည္း အညာမွာသာ ပို၍ ရရွိႏိုင္သည္။ ထန္းမ သကာရည္ထက္ ပို၍ ေဆးဖက္၀င္သည္။ ေထာပတ္မွာ ယခုေခတ္ အတု၊ အေရာအေႏွာ မ်ားလွသည္။ အညာေဒသမွ အသိအကြ်မ္း ေဆြမ်ိဳးရင္းခ်ာမ်ားႏွင့္ မွာယူမွ စိတ္ခ်ရသည္။

    အေကာင္းဆံုး စတုမဓူ၏ အရသာမွာ အခ်ိဳဓာတ္နည္းပါးျပီး ဆိမ့္ပါသည္။ ကိုယ္တိုင္ျပဳလုပ္ေသာ စတုမဓူႏွင့္ ဆိုင္မွ၀ယ္ယူေသာ စတုမဓူ ယွဥ္၍ စားသံုးၾကည့္ပါ။ အနံ႕ေရာ အရသာပါအလြန္ကြာျခားေၾကာင္း လက္ေတြ႕သိၾကပါလိမ့္မည္။

    ေအာင္ေက်ာ္ထူး

    နကၡတေရာင္ျခည္မဂၢဇင္း

    (Unicode)

    သက်ကြီးရွယ်အိုများ၊ ဂီလာန ရဟန်းသံဃာတော်များအတွက် အကောင်းဆုံး အာဟာရ။ စတုမဓူ ကိုယ်တိုင်ပြုလုပ်နည်း

    ဂီလာန ရဟန်းသံဃာတော်များနှင့် သက်ကြီးရွယ်အိုများ အာဟာရဓာတ်ပြည့်ဝစေရန် ရည်ရွယ်၍ စတုမဓူ ပြုလုပ်ရောင်းချသူများ ရှိလာ၍ ဝမ်းမြောက်မိပါသည်။ သို့သော် စတုမဓူကို ကျွန်တော်မြည်းကြည့်သောအခါ ဝမ်းနည်းရပြန်သည်။ စတုမဓူ အညံ့စားများဖြစ်၍ အာဟာရတန်ဖိုး နည်းပါးလွန်းလှ၏။

    မြင်းခြံမြို့၊ သပြေသာကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီး ဦးကောသလ္လသည် အသက်(၉၀)ဝန်းကျင်အထိ အသက်ရှည်ကာ ကျန်းမာခဲ့ပါသည်။ စတုမဓူကို အာဟာရဓာတ် ပြည့်ဝအောင် ဖော်စပ်ပြုလုပ်၍ သုံးဆောင်ခဲ့သည်။ ဆရာတော်ကြီး၏ စတုမဓူ ပြုလုပ်နည်းမှာ…

    ၁။ အညာပျားရည်စစ်စစ်

    ၂။ အညာနှမ်းကြီးဆီ (ဆုံဆီ)စစ်စစ်

    ၃။ ထန်းဖိုသကာရည်

    ၄။ ထောပတ်စစ်စစ်

    အထက်ပါ ပစ္စည်း၄မယ်ကို အလေးချိန် ဆတူရောစပ်ကာ သမအောင်မွှေ၍ တစ်ပတ်ခန့်ကြာအောင် နေရောင်လှန်းရသည်။ မီးနှင့် လုံးဝမချက်ရပါ။ ပစ္စည်းများ စစ်မှန်ခြင်း၊ နေရောင်နှင့်သာ ချက်ရခြင်းတို့မှာ စတုမဓူ၏ အရည်အသွေးကို မြင့်မားစေသည်။

    ထန်းဖိုသကာရည်ကို နွေကာလမှာသာ ရရှိနိုင်သဖြင့် တပေါင်း၊ တန်ခူး၊ ကဆုန် ထို(၃)လမှာသာ စတုမဓူပြုလုပ်ကြရသည်။ အညာပျားရည်သည် စစ်လျှင် အချိန်မည်မျှကြာစေကာမူ အချဉ်ဓာတ် မပေါက်ပါ။ တမာ၊ ထနောင်းတို့ကဲ့သို့ ဆေးဖက်ဝင် ဆေးပင် ဆေးပွင့်တို့၏ ဝတ်ရည်များ ဖြစ်၍ ဆေးစွမ်းထက်သည်။ ထန်းဖိုသကာရည်မှာလည်း အညာမှာသာ ပို၍ ရရှိနိုင်သည်။ ထန်းမ သကာရည်ထက် ပို၍ ဆေးဖက်ဝင်သည်။ ထောပတ်မှာ ယခုခေတ် အတု၊ အရောအနှော များလှသည်။ အညာဒေသမှ အသိအကျွမ်း ဆွေမျိုးရင်းချာများနှင့် မှာယူမှ စိတ်ချရသည်။

    အကောင်းဆုံး စတုမဓူ၏ အရသာမှာ အချိုဓာတ်နည်းပါးပြီး ဆိမ့်ပါသည်။ ကိုယ်တိုင်ပြုလုပ်သော စတုမဓူနှင့် ဆိုင်မှဝယ်ယူသော စတုမဓူ ယှဉ်၍ စားသုံးကြည့်ပါ။ အနံ့ရော အရသာပါအလွန်ကွာခြားကြောင်း လက်တွေ့သိကြပါလိမ့်မည်။

    အောင်ကျော်ထူး

    နက္ခတရောင်ခြည်မဂ္ဂဇင်း

  • မိသားစုအေပ်ာ္လုပ္စားလို႔ ရသလို၊ စီးပြားျဖစ္လည္း ေရာင္းလို႔ရတဲ့ ေက်ာက္ဖ႐ုံယို ျပဳလုပ္နည္း

    (Zawgyi)

    မိသားစုအေပ်ာ္လုပ္စားလို႔ ရသလို၊ စီးပြားျဖစ္လည္း ေရာင္းလို႔ရတဲ့ ေက်ာက္ဖ႐ုံယို ျပဳလုပ္နည္း

    ပထမဆုံး ေက်ာက္ဖ႐ုံသီးကို အခြံခြာၿပီး အတြင္းမွ အေစ့မ်ားကို ဖယ္ရွားျပစ္ပါ။ ေက်ာက္ဖ႐ုံသီးအရင့္…ႏွစ္ခ်ိဳ႕ျဖစ္ရပါမယ္။ ေက်ာက္ဖ႐ုံသီး အႏုျဖင့္ မရပါ။ အခြံခြာလို႔ၿပီးပါက ေက်ာက္ဖ႐ုံသီးကို အလ်ား (၄)လကၼ အနံ(၂)လကၼခန္႔အေခ်ာင္းေလးမ်ားျဖစ္ေအာင္ လွပညီညာစြာ လွီးျဖတ္ၿပီး ေသခ်ာသန႔္စင္ေအာင္ ေရေဆးေၾကာပါ။

    ကြမ္းစားထုံးမႈန႔္ကို ေရသန႔္သန႔္ထဲ၌ အနည္းငယ္ ထည့္ေဖ်ာ္၍ ေဆးေၾကာၿပီးေသာ ေက်ာက္ဖ႐ုံသီး အစိတ္အပိုင္းမ်ားကို ၃နာရီခန႔္ၾကာေအာင္ စိမ္ေပးထားရပါမယ္။ သုံးနာရီခန႔္ၾကာေသာအခါ ၎အား ဆယ္ယူ၍ ေရသန႔္စင္ေအာင္ တဖန္ ေဆးေၾကာလိုက္ပါ။ ေက်ာက္ခ်ဥ္အရည္ သုံးဇြန္းခန႔္ကို ေရ၌ထည့္ေဖ်ာ္၍ ေရစစ္ထားေသာ ေက်ာက္ဖ႐ုံ အစိတ္အပိုင္းမ်ားကို တဖန္ျပန္လည္ၿပီး မိနစ္ အနည္းငယ္မွ် ၾကာေအာင္ စိမ္ထားေပးၿပီး ျပန္လည္ဆယ္ယူ၍ ေရထပ္မံ စစ္ေပးထားပါ။

    သၾကားကို လိုသေလာက္ခ်ိန္ထည့္ၿပီး..ဆားအနည္းငယ္ျဖင့္ ေက်ာက္ဖ႐ုံးသီးအစိတ္အပိုင္းမ်ားကို သမေအာင္ ေရာနယ္ၿပီး ေရသန႔္သန႔္ ထည့္ကာ နာရီဝက္ခန႔္ က်ိဳခ်က္ေပးၿပီး ပ်စ္ခဲလာခ်ိန္၌ အိုးအတြင္းမွဆယ္ယူ၍ ဇကာေပၚသို႔ ျဖန႔္ႀကဲေပးၿပီး ေအးခဲ သြားသည္အထိ ထားေပးလိုက္ပါက သန႔္ရွင္းလတ္ဆတ္ၿပီး ခ်ိဳၿမိန္ေသာ ေက်ာက္ဖ႐ုံယိုကို မွီဝဲ သုံးေဆာင္ႏိုင္ပါသည္။

    Credit

    ဓမၼေမတၱာ အရွင္ပညာသာရ

    (Unicode)

    မိသားစုအပျော်လုပ်စားလို့ ရသလို၊ စီးပွားဖြစ်လည်း ရောင်းလို့ရတဲ့ ကျောက်ဖရုံယို ပြုလုပ်နည်း

    ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပြစ်ပါ။ ကျောက်ဖရုံသီးအရင့်…နှစ်ချို့ဖြစ်ရပါမယ်။ ကျောက်ဖရုံသီး အနုဖြင့် မရပါ။ အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အလျား (၄)လက္မ အနံ(၂)လက္မခန့်အချောင်းလေးများဖြစ်အောင် လှပညီညာစွာ လှီးဖြတ်ပြီး သေချာသန့်စင်အောင် ရေဆေးကြောပါ။

    ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌ အနည်းငယ် ထည့်ဖျော်၍ ဆေးကြောပြီးသော ကျောက်ဖရုံသီး အစိတ်အပိုင်းများကို ၃နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။ သုံးနာရီခန့်ကြာသောအခါ ၎င်းအား ဆယ်ယူ၍ ရေသန့်စင်အောင် တဖန် ဆေးကြောလိုက်ပါ။ ကျောက်ချဉ်အရည် သုံးဇွန်းခန့်ကို ရေ၌ထည့်ဖျော်၍ ရေစစ်ထားသော ကျောက်ဖရုံ အစိတ်အပိုင်းများကို တဖန်ပြန်လည်ပြီး မိနစ် အနည်းငယ်မျှ ကြာအောင် စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံ စစ်ပေးထားပါ။

    သကြားကို လိုသလောက်ချိန်ထည့်ပြီး..ဆားအနည်းငယ်ဖြင့် ကျောက်ဖရုံးသီးအစိတ်အပိုင်းများကို သမအောင် ရောနယ်ပြီး ရေသန့်သန့် ထည့်ကာ နာရီဝက်ခန့် ကျိုချက်ပေးပြီး ပျစ်ခဲလာချိန်၌ အိုးအတွင်းမှဆယ်ယူ၍ ဇကာပေါ်သို့ ဖြန့်ကြဲပေးပြီး အေးခဲ သွားသည်အထိ ထားပေးလိုက်ပါက သန့်ရှင်းလတ်ဆတ်ပြီး ချိုမြိန်သော ကျောက်ဖရုံယိုကို မှီဝဲ သုံးဆောင်နိုင်ပါသည်။

    Credit

    ဓမ္မမေတ္တာ အရှင်ပညာသာရ

  • ေဆးမွည့္လား? သဘာဝမွည့္တာလား? ေရြး၀ယ္နည္း

    (Zawgyi)

    ေဆးမွည့္လား သဘာဝမွည့္တာလား

    ေဆးနဲ႔မွည့္တဲ့ သရက္သီးေတြဟာ အဝါတစ္ေရာင္တည္းရွိၿပီး အေရာင္ကလည္း ညီၿပီး ဝင္းေနပါတယ္။ အသားမွာပါ အဝါေရာင္သမ္းေနတတ္ၿပီး နည္းနည္းလည္း ပိုမာေနတတ္ပါတယ္။ ခါးသက္သက္ အရသာလည္းရွိတဲ့အျပင္ အနံ႔ကလည္း သိပ္မေမႊးပါဘူး။

    သဘာဝအတိုင္းမွည့္တဲ့ သရက္သီးကေတာ့ လိေမၼာ္ေရာင္၊ အနီေရာင္၊ အစိမ္းေရာင္ အစရွိတဲ့ အေရာင္စုံသမ္းပါတယ္။အသားကလည္း အဝါေရာင္ရင့္ၿပီး အနီေရာင္လည္း ရွိတတ္ပါတယ္။ အသီးက ႏူးညံ့ၿပီး သဘာဝအတိုင္း အရမ္းခ်ိဳပါတယ္။ အနံ႔ကလည္း အရမ္းကိုေမႊးပါတယ္။

    ေဆးနဲ႔ျပဳျပင္ထားတဲ့ အသီးေတြကို စားမိရင္ ကင္ဆာေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ မ်က္စိနာ၊ အေရျပားယားယံတာတို႔အျပင္ မွတ္ဉာဏ္ ေပ်ာက္ဆုံး ေမ့ေလ်ာ့တာေတြကိုပါ ခံစားရတတ္ပါတယ္။ ဒါေၾကာင့္ သဘာဝအတိုင္း ရင့္မွည့္တဲ့ သရက္သီးေတြကိုသာ ေ႐ြးခ်ယ္ဝယ္ယူပါ။

    ဝယ္လာၿပီးရင္လည္း ဆားေရထဲမွာ မိနစ္ႏွစ္ဆယ္ကေန နာရီဝက္ခန႔္ စိမ္ေပးၿပီးေတာ့ ေရသန႔္ထဲမွာ ၁၅ မိနစ္ ခန႔္ ထပ္စိမ္ၿပီးမွ စားေသာက္ေပးရင္ေတာ့ ကပ္ၿငိေနႏိုင္တဲ့ ပိုးသတ္ေဆးေတြ၊ ဓာတ္ေျမဩဇာေတြကိုပါ ဖယ္ရွားႏိုင္မွာ ျဖစ္ပါတယ္။

    ေနလင္း

    YangonDirectory

    (Unicode)

    ဆေးမှည့်လား သဘာဝမှည့်တာလား

    ဆေးနဲ့မှည့်တဲ့ သရက်သီးတွေဟာ အဝါတစ်ရောင်တည်းရှိပြီး အရောင်ကလည်း ညီပြီး ဝင်းနေပါတယ်။ အသားမှာပါ အဝါရောင်သမ်းနေတတ်ပြီး နည်းနည်းလည်း ပိုမာနေတတ်ပါတယ်။ ခါးသက်သက် အရသာလည်းရှိတဲ့အပြင် အနံ့ကလည်း သိပ်မမွှေးပါဘူး။

    သဘာဝအတိုင်းမှည့်တဲ့ သရက်သီးကတော့ လိမ္မော်ရောင်၊ အနီရောင်၊ အစိမ်းရောင် အစရှိတဲ့ အရောင်စုံသမ်းပါတယ်။အသားကလည်း အဝါရောင်ရင့်ပြီး အနီရောင်လည်း ရှိတတ်ပါတယ်။ အသီးက နူးညံ့ပြီး သဘာဝအတိုင်း အရမ်းချိုပါတယ်။ အနံ့ကလည်း အရမ်းကိုမွှေးပါတယ်။

    ဆေးနဲ့ပြုပြင်ထားတဲ့ အသီးတွေကို စားမိရင် ကင်ဆာရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မျက်စိနာ၊ အရေပြားယားယံတာတို့အပြင် မှတ်ဉာဏ် ပျောက်ဆုံး မေ့လျော့တာတွေကိုပါ ခံစားရတတ်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်း ရင့်မှည့်တဲ့ သရက်သီးတွေကိုသာ ရွေးချယ်ဝယ်ယူပါ။

    ဝယ်လာပြီးရင်လည်း ဆားရေထဲမှာ မိနစ်နှစ်ဆယ်ကနေ နာရီဝက်ခန့် စိမ်ပေးပြီးတော့ ရေသန့်ထဲမှာ ၁၅ မိနစ် ခန့် ထပ်စိမ်ပြီးမှ စားသောက်ပေးရင်တော့ ကပ်ငြိနေနိုင်တဲ့ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေဩဇာတွေကိုပါ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

    နေလင်း

    YangonDirectory