Category: ဗဟုတုသ

  • သန႔္စင္တဲ့ မိုးေရရဲ႕ ခႏၶာကိုယ္ကို ထူးျခားအက်ိဳးျပဳပံုမ်ား

    (Zawgyi)

    ခႏၶာကိုယ္ က်န္းမာေရးအတြက္ မိုးေရရဲ႕ အက်ိဳးျပဳပုံမ်ား

    သန႔္စင္တဲ့ မိုးေရဟာ ခႏၶာကိုယ္က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစပါတယ္။ မိုးေရမွာ သာမန္ေရေတြလို ေရကိုညစ္ညမ္းေစတဲ့ ဓာတ္သတၱဳေတြ မပါဝင္တာေၾကာင့္ မိုးေရကို အသန႔္စင္ဆုံးေရအျဖစ္ လက္ခံထားၾကပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာတည္းက မိုးေရကို ေဆးဝါးကုသမႈေတြမွာ အသုံးျပဳခဲ့ၾကၿပီး သန႔္စင္တဲ့ မိုးေရဟာ ခႏၶာကိုယ္က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစပါတယ္။

    (၁) အစာအိမ္ က်န္းမာေရးကို ေကာင္းမြန္ေစတယ္

    အိႏၵိယ႐ိုးရာ တိုင္းရင္းေဆးပညာေတြအရ မနက္တိုင္း သန႔္စင္တဲ့ မိုးေရ လက္ဖက္ရည္ဇြန္း ၂ ဇြန္းကေန ၃ ဇြန္းခန႔္အထိ ေသာက္သုံးေပးျခင္းဟာ အစာအိမ္က်န္းမာေရးကို ေကာင္းမြန္ေစႏိုင္တယ္လို႔ ဆိုပါတယ္။ မိုးေရမွာပါဝင္တဲ့ Alkaline pH ဟာ အစာအိမ္နာျခင္းအပါအဝင္ အစာမေၾကျခင္းနဲ႔ အစာအိမ္ေဝဒနာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

    မိုးေရကို ေသာက္သုံးတဲ့အခါ လုံးဝသန႔္စင္တဲ့ မိုးေရျဖစ္ဖို႔ ေသခ်ာစစ္ေဆးသင့္သလို ကိုယ္ဝန္ေဆာင္ေတြ အေနနဲ႔ကေတာ့ မိုးေရကို က်ိဳခ်က္ၿပီးမွသာ ေသာက္သုံးသင့္ပါတယ္။

    (၂) ကိုယ္တြင္း အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တယ္

    သန႔္စင္တဲ့ မိုးေရဟာ Alkaline Water ျဖစ္တာေၾကာင့္ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့ သတၱိရွိပါတယ္။အစာေခ်ဖ်က္ျခင္းစနစ္ကို ေကာင္းမြန္ေစၿပီး ကိုယ္တြင္း pH Level ကို မွ်တေစကာ ကိုယ္တြင္းအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

    (၃) ဆံသား က်န္းမာေရးကို ေကာင္းမြန္ေစျခင္း

    မိုးေရဟာ ခႏၶာကိုယ္ က်န္းမာေရးအတြက္သာမက ဆံေကသာ က်န္းမာေရးကိုပါ အက်ိဳးျပဳေစပါတယ္။ မိုးေရမွာပါဝင္တဲ့ Alkaline pH ဟာ ဆံေကသာေတြကို သဘာဝအတိုင္း က်န္းမာသန္စြမ္းေစၿပီး မိုးေရနဲ႔ ေခါင္းေလွ်ာ္ျခင္းဟာေခါင္းေလွ်ာ္ရည္ေတြရဲ႕ အက်ိဳးအာနိသင္ကို ပိုမိုေကာင္းမြန္ေစႏိုင္ပါတယ္။

    (၄) အသားအေရကို ေကာင္းမြန္ေစတယ္

    သန႔္စင္တဲ့ မိုးေရမွာ Chlorine နဲ႔ Fluoride တို႔ မပါဝင္တာေၾကာင့္ အသားအေရကို ထိခိုက္ပ်က္စီးမႈ မရွိေစပါဘူး။Alkaline pH ဟာ အသားအေရရဲ႕ အစိုဓာတ္ကို ထိန္းသိမ္းေပးၿပီး အေရျပားကို ထိေရာက္စြာ သန႔္စင္ေပးႏိုင္တာေၾကာင့္ အသားအေရကို ၾကည္လင္သန႔္စင္ေစႏိုင္ပါတယ္။

    Ref. dehealthbenifits.com

    Credit-ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy-Burmese Edition

    (Unicode)

    ခန္ဓာကိုယ် ကျန်းမာရေးအတွက် မိုးရေရဲ့ အကျိုးပြုပုံများ

    သန့်စင်တဲ့ မိုးရေဟာ ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ မိုးရေမှာ သာမန်ရေတွေလို ရေကိုညစ်ညမ်းစေတဲ့ ဓာတ်သတ္တုတွေ မပါဝင်တာကြောင့် မိုးရေကို အသန့်စင်ဆုံးရေအဖြစ် လက်ခံထားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက မိုးရေကို ဆေးဝါးကုသမှုတွေမှာ အသုံးပြုခဲ့ကြပြီး သန့်စင်တဲ့ မိုးရေဟာ ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

    (၁) အစာအိမ် ကျန်းမာရေးကို ကောင်းမွန်စေတယ်

    အိန္ဒိယရိုးရာ တိုင်းရင်းဆေးပညာတွေအရ မနက်တိုင်း သန့်စင်တဲ့ မိုးရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကနေ ၃ ဇွန်းခန့်အထိ သောက်သုံးပေးခြင်းဟာ အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်လို့ ဆိုပါတယ်။ မိုးရေမှာပါဝင်တဲ့ Alkaline pH ဟာ အစာအိမ်နာခြင်းအပါအဝင် အစာမကြေခြင်းနဲ့ အစာအိမ်ဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    မိုးရေကို သောက်သုံးတဲ့အခါ လုံးဝသန့်စင်တဲ့ မိုးရေဖြစ်ဖို့ သေချာစစ်ဆေးသင့်သလို ကိုယ်ဝန်ဆောင်တွေ အနေနဲ့ကတော့ မိုးရေကို ကျိုချက်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

    (၂) ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်

    သန့်စင်တဲ့ မိုးရေဟာ Alkaline Water ဖြစ်တာကြောင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ သတ္တိရှိပါတယ်။အစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်း pH Level ကို မျှတစေကာ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

    (၃) ဆံသား ကျန်းမာရေးကို ကောင်းမွန်စေခြင်း

    မိုးရေဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက ဆံကေသာ ကျန်းမာရေးကိုပါ အကျိုးပြုစေပါတယ်။ မိုးရေမှာပါဝင်တဲ့ Alkaline pH ဟာ ဆံကေသာတွေကို သဘာဝအတိုင်း ကျန်းမာသန်စွမ်းစေပြီး မိုးရေနဲ့ ခေါင်းလျှော်ခြင်းဟာခေါင်းလျှော်ရည်တွေရဲ့ အကျိုးအာနိသင်ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

    (၄) အသားအရေကို ကောင်းမွန်စေတယ်

    သန့်စင်တဲ့ မိုးရေမှာ Chlorine နဲ့ Fluoride တို့ မပါဝင်တာကြောင့် အသားအရေကို ထိခိုက်ပျက်စီးမှု မရှိစေပါဘူး။Alkaline pH ဟာ အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အရေပြားကို ထိရောက်စွာ သန့်စင်ပေးနိုင်တာကြောင့် အသားအရေကို ကြည်လင်သန့်စင်စေနိုင်ပါတယ်။

    Ref. dehealthbenifits.com

    Credit-ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy-Burmese Edition

  • လက္ေခ်ာင္း၊ ေျခေခ်ာင္းေတြ၊ ေျခေထာက္ေတြ လက္ေတြ ျဖဴ၀င္းေစမယ့္ သဘာ၀နည္း ႏွစ္မ်ိဳး

    (Zawgyi)

    လက္နဲ႔ ေျခေထာက္ေတြ ျဖဴဝင္းၿပီး ႏူးညံ့ေနေစဖို႔ သဘာဝနည္းလမ္း နဲ႔ ေခ်းခၽြတ္မယ္

    အလွအပလို႔ ဆိုရာမွာ မ်က္ႏွာေလးကိုသာမက လက္ေတြ ေျခေထာက္ ေတြကိုလည္း ဂ႐ုစိုက္ေပးဖို႔လိုပါတယ္ေနာ္။ လက္ေတြဟာ အရာဝတၱဳေတာ္ေတာ္မ်ားမ်ားကို ကိုယ္တြယ္ထိေတြ႕ေနရလို႔ ေသခ်ာ သန႔္ရွင္းေရးလုပ္ေပးဖို႔ လိုပါတယ္။ ဒီလိုပါပဲ ေျခေထာက္ေလးေတြကိုလည္း သန႔္ရွင္းေရးလုပ္ေပးဖို႔ လိုပါတယ္။ လက္ေတြ ေျခေထာက္ေတြမွာ ေနေလာင္လို႔ မည္းေနတာေတြကိုလည္း သက္သာေစမွာျဖစ္ပါတယ္။

    နည္းလမ္း (၁)

    ပါဝင္ပစၥည္း-

    ႏြားႏို႔ ခြက္ ၁/၄ ပုံ

    ေကြကာအုတ္အမႈန႔္ ခြက္တစ္ဝက္

    ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

    ျပဳလုပ္နည္း-

    ခြက္တစ္လုံးထဲမွာ ေကြကာအုတ္အမႈန္႔ကို ထည့္လိုက္ပါ။ ၿပီးရင္ ႏို႔ထည့္ေပးၿပီး ေသခ်ာေမႊေပးပါ။ ၿပီးရင္ ပ်ားရည္ ထည့္ၿပီး ေသခ်ာထပ္ေမႊေပးပါ။ အဲဒီေနာက္လက္နဲ႔ ေျခေထာက္ေတြမွာ ေသခ်ာပြတ္လိမ္းေပးပါ။ ၅ မိနစ္ ၁၀ မိနစ္ေလာက္ ပြတ္ေပးရပါမယ္။ ၿပီးရင္ ေျခာက္ေအာင္ထားပါ။ ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး လက္ေတြ ေျခေထာက္ ေတြကို ႏူးညံ့သန႔္ရွင္းေစမွာပါ။ ၿပီးရင္ေတာ့ ေရေအးေအးနဲ႔ ေဆးခ်ၿပီး တဘက္နဲ႔ ေသခ်ာသုတ္ေပးပါ။ တစ္လကို ၂ ႀကိမ္ ၃ ႀကိမ္ေလာက္ပဲလုပ္ေပးရမွာပါ။

    နည္းလမ္း(၂)

    သၾကား ခြက္တစ္ဝက္

    သံပုရာရည္ (သို႔) သံပုယိုရည္ ခြက္တစ္ဝက္

    သံလြင္ဆီ ခြက္ ၁/၄ပုံ

    ျပဳလုပ္နည္း-

    ခြက္တစ္လုံးထဲမွာ သၾကား သံလြင္ဆီ၊ သံပုရာရည္ကိုေရာၿပီး ေသခ်ာေမႊေပးပါ။ အဲဒီေနာက္လက္နဲ႔ ေျခေထာက္ေတြမွာ ေသခ်ာပြတ္လိမ္းေပးပါ။ ၅ မိနစ္ ၁၀ မိနစ္ေလာက္ ပြတ္ေပးရပါမယ္။ ၿပီးရင္ ေျခာက္ေအာင္ထားပါ။ ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး ေခြၽးေပါက္ေတြကို ပြင့္ေစမွာျဖစ္သလို အညစ္အေၾကးေတြကို ဖယ္ရွားေပးႏိုင္မွာပါ။ ဒါ့အျပင္ ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး လက္ေတြ ေျခေထာက္ေတြကို ႏူးညံ့သန႔္ရွင္းေစမွာပါ။ တစ္ပတ္ကို ၁ ႀကိမ္ (သို႔) ၂ ပတ္ ၁ ႀကိမ္လုပ္ေပးပါ။

    Credit-MyStyle Myanmar

    (Unicode)

    လက်နဲ့ ခြေထောက်တွေ ဖြူဝင်းပြီး နူးညံ့နေစေဖို့ သဘာဝနည်းလမ်းနဲ့ ချေးချွတ်မယ်

    အလှအပလို့ ဆိုရာမှာ မျက်နှာလေးကိုသာမက လက်တွေ ခြေထောက် တွေကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ လက်တွေဟာ အရာဝတ္တုတော်တော်များများကို ကိုယ်တွယ်ထိတွေ့နေရလို့ သေချာ သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ ဒီလိုပါပဲ ခြေထောက်လေးတွေကိုလည်း သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ လက်တွေ ခြေထောက်တွေမှာ နေလောင်လို့ မည်းနေတာတွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

    နည်းလမ်း (၁)

    ပါဝင်ပစ္စည်း-

    နွားနို့ ခွက် ၁/၄ ပုံ

    ကွေကာအုတ်အမှုန့် ခွက်တစ်ဝက်

    ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

    ပြုလုပ်နည်း-

    ခွက်တစ်လုံးထဲမှာ ကွေကာအုတ်အမှုန့်ကို ထည့်လိုက်ပါ။ ပြီးရင် နို့ထည့်ပေးပြီး သေချာမွှေပေးပါ။ ပြီးရင် ပျားရည် ထည့်ပြီး သေချာထပ်မွှေပေးပါ။ အဲဒီနောက်လက်နဲ့ ခြေထောက်တွေမှာ သေချာပွတ်လိမ်းပေးပါ။ ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်ပေးရပါမယ်။ ပြီးရင် ခြောက်အောင်ထားပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး လက်တွေ ခြေထောက် တွေကို နူးညံ့သန့်ရှင်းစေမှာပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ ဆေးချပြီး တဘက်နဲ့ သေချာသုတ်ပေးပါ။ တစ်လကို ၂ ကြိမ် ၃ ကြိမ်လောက်ပဲလုပ်ပေးရမှာပါ။

    နည်းလမ်း(၂)

    သကြား ခွက်တစ်ဝက်

    သံပုရာရည် (သို့) သံပုယိုရည် ခွက်တစ်ဝက်

    သံလွင်ဆီ ခွက် ၁/၄ပုံ

    ပြုလုပ်နည်း-

    ခွက်တစ်လုံးထဲမှာ သကြား သံလွင်ဆီ၊ သံပုရာရည်ကိုရောပြီး သေချာမွှေပေးပါ။ အဲဒီနောက်လက်နဲ့ ခြေထောက်တွေမှာ သေချာပွတ်လိမ်းပေးပါ။ ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်ပေးရပါမယ်။ ပြီးရင် ခြောက်အောင်ထားပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ပွင့်စေမှာဖြစ်သလို အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ဒါ့အပြင် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး လက်တွေ ခြေထောက်တွေကို နူးညံ့သန့်ရှင်းစေမှာပါ။ တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ပတ် ၁ ကြိမ်လုပ်ပေးပါ။

    Credit-MyStyle Myanmar

  • သမိုင္းေၾကာင္း ေနာက္ခံေတြနဲ႔ ရန္ကုန္ၿမိဳ႕က လမ္းမ်ားအေၾကာင္း

    (Zawgyi)

    သမိုင္းေၾကာင္း ေနာက္ခံေတြနဲ႔ ရန္ကုန္ၿမိဳ႕က လမ္းမ်ားအေၾကာင္း

    လမ္းဆိုတာက လိုရာခရီးကို ပို႔ေဆာင္ေပးတဲ့သူျဖစ္ၿပီး လူတန္းစားမေ႐ြး အသုံးျပဳႏိုင္တာေၾကာင့္ျမင့္ျမတ္ပါတယ္။ လူေတြေနထိုင္တဲ့ ရပ္ကြက္၊ ၿမိဳ႕၊ ႐ြာက လမ္းေတြကေတာ့ ကိုယ္ပိုင္အမည္ေလး ေတြ ရွိတတ္ပါတယ္။ လမ္းေတြရဲ႕အမည္ဟာ မ်ားေသာအားျဖင့္ အမ်ားေကာင္းက်ိဳး လုပ္ခဲ့သူေတြကို အစြဲျပဳၿပီး ဂုဏ္ျပဳ ေခၚေဝၚေလ့ရွိပါတယ္။ ဒါေၾကာင့္ လူတစ္ေယာက္ရဲ႕အမည္ကို လမ္းအမည္ အျဖစ္ေ႐ြးခ်ယ္ သတ္မွတ္လိုက္တာဟာ အဲဒီလူအတြက္ အျမင့္ဆုံးဆုလာဘ္ ရလိုက္တာနဲ႔ အတူတူပါပဲ။

    ဒဂုံအမည္နဲ႔ထင္ရွားတဲ့ တံငါၿမိဳ႕ေလးကို ၁၇၅၅ ခုႏွစ္မွာ အေလာင္းဘုရားက ေအာင္ႏိုင္ခဲ့တာေၾကာင့္ ရန္ကုန္လို႔ သတ္မွတ္ခဲ့ပါတယ္။ ၁၈၅၂ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ အဂၤလိပ္-ျမန္မာ ဒုတိယ စစ္ပြဲမွာေတာ့ ရန္ကုန္ၿမိဳ႕ဟာ အဂၤလိပ္ေတြရဲ႕ လက္ေအာက္က်ေရာက္ခဲ့ၿပီး ၿမိဳ႕ကြက္ေတြကို စနစ္တက် ခ်ခဲ့ပါတယ္။ရန္ကုန္ၿမိဳ႕ကြက္ကို စစ္ဘက္အင္ဂ်င္နီယာ တစ္ေယာက္ျဖစ္တဲ့ လက္ဖ္တင္နင္ အလက္ဇန္းဒါးဖေရဇာက ေရးဆြဲခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ကလမ္းေတြဟာ ကိုလိုနီေခတ္က အဂၤလိပ္နာမည္ေတြနဲ႔ ရွိေနခဲ့တာပါ။ဒါေပမဲ့ တခ်ိဳ႕လမ္းေတြရဲ႕ အမည္ကေတာ့ ဌာေနတိုင္းရင္းသားေတြရဲ႕အမည္နဲ႔ ထင္ရွားပါတယ္။ လြတ္ လပ္ေရးရၿပီး ေနာက္ပိုင္းမွာေတာ့ ႏိုင္ငံျခားသားအမည္နဲ႔ ရွိခဲ့တဲ့လမ္းေတြကို ျမန္မာႏိုင္ငံသမိုင္းမွာ ထင္ရွားခဲ့တဲ့သူေတြရဲ႕ အမည္နဲ႔ အစားထိုးေျပာင္းလဲခဲ့ပါတယ္။

    အေနာ္ရထာလမ္း-

    အေနာ္ရထာလမ္းဟာ ကိုလိုနီေခတ္က ဖေရဇာလမ္းလို႔ လူသိမ်ားခဲ့ပါတယ္။ ဆူးေလဘုရားကို ဗဟိုျပဳၿပီး ရန္ကုန္ၿမိဳ႕ ေတာ္ပုံစံကို ေရးဆြဲခဲ့တဲ့ ေဒါက္တာဝီလ်ံ ေမာင့္ဂိုမာရီရဲ႕ အစီအစဥ္ကို ဖေရဇာက ထပ္မံျဖည့္စြက္ၿပီး ၿမိဳ႕ကြက္ခ်၊ လမ္းေဖာက္လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဖေရဇာဟာ ဘဂၤလားတပ္ကအင္ဂ်င္နီယာ တစ္ဦးပါ။ ဒါေၾကာင့္ သူ႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔ လမ္းအမည္ကို သူ႔နာမည္ေပးခဲ့ပါတယ္။၁၁ ရာစု ပုဂံႏိုင္ငံေတာ္ႀကီး ထူေထာင္ၿပီး ေထရဝါဒဗုဒၶဘာသာကို စည္ပင္ျပန႔္ပြားေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ အေနာ္ရထာမင္းကို ဂုဏ္ျပဳတဲ့အေနနဲ႔ ၄-၉-၁၉၅၆ ခုႏွစ္မွာ ဒီလမ္းကို အေနာ္ရထာလမ္းလို႔ ေျပာင္းလဲသတ္မွတ္ ေပးခဲ့ပါတယ္။

    ဗိုလ္ေအာင္ေက်ာ္လမ္း-

    စပတ္ခ္လမ္းလို႔ လူသိမ်ားခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕သစ္ရဲ႕ ပထမဆုံး အေရးပိုင္ျဖစ္တဲ့ တီပီစပတ္ကို ဂုဏ္ျပဳ မွည့္ေခၚထားတာပါ။ စပတ္ခ္ဟာ သုဓႏုဇာတ္ကို ကာနယ္စေလဒင္ရဲ႕အကူအညီနဲ႔ အဂၤလိပ္လိုျပန္ဆိုခဲ့ဖူးတယ္လို႔ သိရပါတယ္။ ၁၉၃၈ ခုႏွစ္က အတြင္းဝန္႐ုံးကို ဝိုင္းဝန္း ဆႏၵျပတုန္း ျမင္းစီးပုလိပ္ေတြရဲ႕ ႐ိုက္ႏွက္မႈေၾကာင့္ ေက်ာင္းသားဗိုလ္ေအာင္ေက်ာ္ကို က်ဆုံးခဲ့ရပါတယ္။ သူ႔ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ ၃-၄-၁၉၅၆ ခုႏွစ္မွာ ဒီလမ္းကို ဗိုလ္ေအာင္ေက်ာ္လမ္းလို႔ ေျပာင္းလဲ ေပးခဲ့ပါတယ္။

    ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း-

    လမ္းရဲ႕အေနာက္ဘက္ပိုင္းကို ေကာ္မရွင္နာလမ္း၊ လမ္းရဲ႕အေရွ႕ဘက္ပိုင္းကို ေမာင့္ဂိုမာရီလမ္းလို႔ကိုလိုနီေခတ္က ေခၚ ခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ ပထမ ဆုံးေကာ္မရွင္နာမင္းႀကီး ဆာအာသာ ဖယ္ရာ ေနထိုင္ခဲ့ရာ လမ္းျဖစ္လို႔ ေကာ္မရွင္နာလမ္းလို႔ ေခၚခဲ့ၾကတာျဖစ္ၿပီး ေမာင့္ဂိုမာရီကေတာ့ ဆာဂ်င္ရာထူးနဲ႔ ၁၈၅၂ ခုႏွစ္မွာ ရန္ကုန္ကိုေရာက္လာခဲ့ သူပါ။ ၃-၄-၁၉၅၆ ခုႏွစ္မွာေတာ့ ျမန္မာ့လြတ္လပ္ေရးဖခင္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္ဆန္းကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီလမ္းကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းလို႔သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

    လမ္းမေတာ္-

    ဒီလမ္းကိုေတာ့ ဗိုလ္ခ်ဳပ္ေဂၚဒြင္လမ္းလို႔ မွည့္ေခၚခဲ့ပါတယ္။ ေဂၚဒြင္ဟာ ပထမ၊ ဒုတိယ အဂၤလိပ္-ျမန္မာစစ္ပြဲကို ႏႊဲခဲ့ သူျဖစ္ၿပီး ၁၈၅၃ ခုႏွစ္က အိႏၵိယႏိုင္ငံမွာ ေသဆုံးခဲ့ပါတယ္။ ဒီလမ္းရဲ႕ထူးျခားခ်က္က ေဂၚဒြင္လမ္းလို႔ မွည့္ေခၚထားေပမယ့္ လမ္းမေတာ္လို႔သာ အေခၚအေဝၚတြင္ က်ယ္ခဲ့တာပါ။ ဒါေၾကာင့္ ဂ်ပန္ေခတ္မွာကတည္းက လမ္းနာမည္က ေျပာင္းလဲၿပီးသားလို႔ ဆိုပါတယ္။ လမ္းမေတာ္ဆိုတာက သာယာဝတီမင္း ၁၈၄၁ ခုႏွစ္မွာ ရန္ကုန္ ကိုႂကြခ်ီလာတုန္း ဘုရင့္ေဖာင္ေတာ္တံတားက တက္ေရာက္ရာလမ္းကို အစြဲျပဳေခၚတာ ျဖစ္ပါတယ္။

    မဟာဗႏၶဳလပန္းၿခံလမ္း-

    ေမာ္လၿမိဳင္ၿမိဳ႕မွာ စစ္ကဲအျဖစ္တာဝန္ ထမ္းေဆာင္ခဲ့တဲ့ ဂ်ီအီးဘားကို အစြဲျပဳၿပီး ဘားလမ္းလို႔ ေရွးကေခၚခဲ့ၾကပါတယ္။

    မဟာဗႏၶဳလလမ္း-

    အိႏၵိယရဲ႕ ဘုရင္ခံခ်ဳပ္ျဖစ္ဖူးတဲ့ ေလာ့ဒ္ဒါလဟိုဇီကို အစြဲျပဳၿပီး ေခၚေဝၚတာပါ။ ဒါလဟိုဇီဟာ အဂၤလိပ္- ျမန္မာ ဒုတိယစစ္ပြဲကို ႀကီးၾကပ္ခဲ့သူျဖစ္ၿပီး ညစာစားပြဲတစ္ခုမွာ ေသာက္ရင္းစားရင္း က်န္တဲ့လမ္းေတာ္ေတာ္မ်ားမ်ားရဲ႕ နာမည္ကို သူက အမည္ေပးခဲ့ပါတယ္။ သူလိုလားတဲ့ အရာရွိႀကီး၊ ငယ္ေတြရဲ႕အမည္ေတြကို လမ္းအမည္ေပးခဲ့တာေၾကာင့္ ေဝဖန္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။ ၃-၄-၁၉၅၆ ခုႏွစ္မွာေတာ့ ဒီလမ္းကို မဟာဗႏၶဳလလမ္းလို႔ ေျပာင္းလဲခဲ့ပါတယ္။ စစ္သူႀကီးမဟာဗႏၶဳလဟာ အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲအတြင္းမွာ က်ဆုံးခဲ့ ရသူ ျဖစ္ပါတယ္။

    ပန္းဆိုးတန္း-

    ေအာက္ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးဝန္ရွင္ေတာ္မင္းႀကီး ဆာအာသာဖယ္ရာကို အစြဲျပဳၿပီး ဖယ္ရာလမ္းလို႔ မွည့္ေခၚခဲ့ပါတယ္။ ဖယ္ရာဟာ ျမန္မာႏိုင္ငံသမိုင္း စာအုပ္ကို ေရးသားခဲ့ၿပီး ျမန္မာႏိုင္ငံအတြင္းရွိတဲ့ သက္ရွိမ်ိဳးစိတ္သစ္ေတြကို ေလ့လာဆန္းစစ္မႈလုပ္ခဲ့သူပါ။ ေတြ႕ရွိခဲ့တဲ့ အခ်ိဳ႕မ်ိဳးစိတ္သစ္ေတြကို သူ႔နာမည္ေပးထားတာ ေတြ႕ရပါတယ္။ ဒါေပမဲ့ လမ္းအမည္မွာေတာ့ ပန္းဆိုးတန္းဆိုတဲ့ အမည္က ပိုၿပီးထင္ေပၚခဲ့ပါတယ္။

    ပန္းဆိုးတန္းဟာ ဘိုးေတာ္ ဘုရားလက္ထက္က ကန္ေတာ္ကေလး ေက်း႐ြာအမည္နဲ႔ တည္ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ႐ြာသူ၊ ႐ြာသားေတြဟာ ခဝါသည္၊ ေဆးဆိုးလုပ္ငန္းလုပ္ကိုင္ၿပီး အသက္ေမြးခဲ့တာေၾကာင့္ ပန္းဆိုးတန္းသို႔ သြားရာလမ္းကို ပန္းဆိုးတန္းလမ္းလို႔ ေခၚခဲ့ၾကတာပါ။ သီတဂူဆရာေတာ္ဘုရားႀကီးေဟာတဲ့ တရားတစ္ပုဒ္ထဲမွာေတာ့ ပန္းဆိုးတန္းမဟုတ္ဘဲ ပုဆိုးတန္းသာျဖစ္ေၾကာင္း နာယူမွတ္သားခဲ့ရဖူးပါတယ္။ ေနာက္ၿပီး ေ႐ႊတိဂုံဘုရားမွာ ေရးထိုး မွတ္တမ္းတင္ ထားတာေတြအရ ပုဆိုးတန္းအရပ္ဆိုတာ ရွိခဲ့ပါတယ္။

    သိမ္ျဖဴလမ္း-

    ဂ်ဴးလူမ်ိဳးသူေဌးျဖစ္တဲ့ ဂ်ဴဒါအီစကယ္ကို အစြဲျပဳၿပီး ဂ်ဴဒါအီစကယ္လမ္းလို႔ အမည္တြင္ခဲ့ပါတယ္။ သူဟာ ရက္ေရာတာေၾကာင့္ ထင္ေပၚခဲ့သူျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ရဟႏၲာသိမ္ ကိုးလုံးအနက္ တစ္လုံးအပါအဝင္ျဖစ္တဲ့ ေဒဝသာဂရသိမ္ေတာ္ကို ထုံးျဖဴသုတ္ထားတာ အေၾကာင္းျပဳၿပီး သိမ္ျဖဴဆိုတဲ့ လမ္းအမည္ ေပၚေပါက္ခဲ့တာပါ။ ၁၈၂၄ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲ မွာ သိမ္ျဖဴခံတပ္တိုက္ပြဲဟာ နာမည္ႀကီးခဲ့ပါတယ္။

    ဘုန္းႀကီးလမ္း-

    ဘုန္းႀကီးလမ္းကို အရင္က ဘုရားငုတ္တိုလမ္းလို႔ ေခၚခဲ့တယ္လို႔ သိရပါတယ္။ မြန္ဘုရားျဖစ္တဲ့ က်ိဳက္ေဒးတဲ့ ေစတီငုတ္တိုနဲ႔ တြဲၿပီး ဘုရားငုတ္တိုလမ္းလို႔ ေခၚ ခဲ့ၾကတာပါ။ က်ိဳက္ေဒးတဲ့ဆိုတာ ျမန္မာလို ေက်ာက္ကုန္းထက္မွာ တည္တဲ့ဘုရားလို႔ အဓိပၸာယ္ရွိတာ ေတြ႕ရပါ တယ္။ သရက္ေတာေက်ာင္းတိုက္က ဘုန္းႀကီးေတြ ဆြမ္းခံႂကြေလ့ရွိတာေၾကာင့္ ေနာက္ပိုင္းမွာ ဘုရားငုတ္တိုလမ္းအစား ဘုန္းႀကီးလမ္းက ပိုထင္ေပၚခဲ့တာ ျဖစ္ပါတယ္။

    မႀကီးႀကီးလမ္း-

    ၁၈၇၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလမွာ ဦး႐ိုးနဲ႔ ေဒၚေ႐ႊသီတို႔က ေမြးဖြားခဲ့တဲ့ မႀကီးႀကီးကို ဂုဏ္ျပဳတဲအေနနဲ႔ မႀကီးႀကီးလမ္းလို႔ မွည့္ေခၚခဲ့တာပါ။ သူဟာ ေျမယာပိုင္ရွင္ သူေဌးတစ္ဦးျဖစ္ခဲ့ၿပီး ေ႐ႊတိဂုံဘုရားကို ေျမ ၁၀ ဧက လႉဒါန္းခဲ့ပါတယ္။ မ်ိဳးခ်စ္စိတ္ ထက္သန္သူျဖစ္တာေၾကာင့္ အဂၤလိပ္စာသင္ ေက်ာင္းနဲ႔အၿပိဳင္ စာသင္ေက်ာင္းတစ္ေက်ာင္းေဆာက္ၿပီး ကိုယ္တိုင္ဆရာမ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ မႀကီးႀကီးဟာ အသက္ ၈၂ ႏွစ္အ႐ြယ္မွာ ကြယ္လြန္ခဲ့ပါတယ္။

    ဦးေထာင္ဗိုလ္လမ္း-

    မႏၲေလးဇာတိျဖစ္တဲ့ ဦးေထာင္ဗိုလ္ဟာ ျမန္မာလူမ်ိဳးေတြထဲမွာ ပထမဆုံး သြားစိုက္ဆရာဝန္ ျဖစ္ခဲ့သူပါ။ အသက္ ၁၅ ႏွစ္အ႐ြယ္မွာ ရန္ကုန္ကို ေရာက္လာၿပီး ႏွင္းဆီကုန္းဘိုးဘြားရိပ္သာနဲ႔မ်က္ေစာင္းထိုးမွာ သြားစိုက္ဆိုင္ ဖြင့္ခဲ့တယ္လို႔ ဆိုပါတယ္။ တပည့္ေတြကို ပညာသင္ေပးရင္း ဦးေထာင္ဗိုလ္ဟာ ၃၁-၆-၁၉၆၃ ခုႏွစ္၊ တနဂၤေႏြေန႔၊ နံနက္ ၅ နာရီ ၃၀ မိနစ္မွာ လူႀကီးေရာဂါနဲ႔ ဆုံးပါးသြားခဲ့ပါတယ္။သူ႔ကိုအစြဲျပဳၿပီး ဦးေထာင္ဗိုလ္လမ္းလို႔ မွည့္ေခၚခဲ့တာ ျဖစ္ပါတယ္။

    ေမာင္ေထာ္ေလးလမ္း-

    မြန္လူမ်ိဳးတစ္ဦးျဖစ္တဲ့ စစ္ကဲဦးေထာ္ေလးဟာ ဒလၿမိဳ႕စားအျဖစ္ အမႈထမ္းခဲ့ ဖူးပါတယ္။ ၿဗိတိသ်လက္ေအာက္မွာေတာ့ စစ္ကဲအျဖစ္ တာဝန္ထမ္းခဲ့ပါတယ္။ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားေရးနဲ႔တည္ေဆာက္ေရးအစိုးရလက္ထက္မွာ ဒီလမ္းကို ဗိုလ္ဆြန္ပက္လမ္းလို႔ ေျပာင္းလဲခဲ့ပါတယ္။ ဗိုလ္ဆြန္ပက္ဟာၿဗိတိသွ်ေတြကို ေတာ္လွန္တိုက္ခိုက္ခဲ့တဲ့ မ်ိဳးခ်စ္သူရဲေကာင္းတစ္ဦး ျဖစ္ပါတယ္။

    ေရတာရွည္လမ္းေဟာင္း-

    ေရတာရွည္ၿမိဳ႕သူ၊ ၿမိဳ႕သားေတြ စုေဝးတဲ့အရပ္ေဒသမို႔ ေရတာရွည္လို႔ ေခၚေဝၚတာ မဟုတ္ပါဘူး။ ေရတာရွည္ လမ္းေဟာင္းနဲ႔ လမ္းသစ္ဆိုၿပီး ႏွစ္လမ္းရွိၿပီး ဗဟန္းၿမိဳ႕နယ္ထဲမွာ ပါဝင္ပါတယ္။ ဗဟန္းဟာ ေရွးက ေတာင္ပူစာ၊ ခ်ိဳင့္ဝွမ္း၊ စိမ့္စမ္းေတြ ေပါမ်ားတာေၾကာင့္ ေရက တာရွည္စီးဆင္းရေလ့ရွိပါတယ္။ ဒါကို အစြဲျပဳၿပီး ေရတာရွည္လမ္းဆိုၿပီး ေပၚေပါက္လာတယ္လို႔ သိရပါတယ္။

    ဆူးေလဘုရားလမ္း-

    ဆူးေလဘုရားလမ္းသည္ တခ်ိန္က ျမန္မာႏိုင္ငံတြင္သာမက အာရွတြင္ အက်ယ္ဆုံးႏွင့္ အလွပဆုံးလမ္းျဖစ္ခဲ့သည္။ သန႔္ရွင္းလွေသာ လမ္းတြင္ သစ္ပင္မ်ားသာမက ကားမ်ား ဓာတ္ရထားမ်ား ျမင္းလွည္းမ်ားသြားရန္ပါ က်ယ္ဝန္းသည္။

    Via : Yangon Directory

    Photo Credit : British Library and Myanmar Historic Archive

    သမိုင္းအေၾကာင္း

    (Unicode)

    သမိုင်းကြောင်း နောက်ခံတွေနဲ့ ရန်ကုန်မြို့က လမ်းများအကြောင်း

    လမ်းဆိုတာက လိုရာခရီးကို ပို့ဆောင်ပေးတဲ့သူဖြစ်ပြီး လူတန်းစားမရွေး အသုံးပြုနိုင်တာကြောင့်မြင့်မြတ်ပါတယ်။ လူတွေနေထိုင်တဲ့ ရပ်ကွက်၊ မြို့၊ ရွာက လမ်းတွေကတော့ ကိုယ်ပိုင်အမည်လေး တွေ ရှိတတ်ပါတယ်။ လမ်းတွေရဲ့အမည်ဟာ များသောအားဖြင့် အများကောင်းကျိုး လုပ်ခဲ့သူတွေကို အစွဲပြုပြီး ဂုဏ်ပြု ခေါ်ဝေါ်လေ့ရှိပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့အမည်ကို လမ်းအမည် အဖြစ်ရွေးချယ် သတ်မှတ်လိုက်တာဟာ အဲဒီလူအတွက် အမြင့်ဆုံးဆုလာဘ် ရလိုက်တာနဲ့ အတူတူပါပဲ။

    ဒဂုံအမည်နဲ့ထင်ရှားတဲ့ တံငါမြို့လေးကို ၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားက အောင်နိုင်ခဲ့တာကြောင့် ရန်ကုန်လို့ သတ်မှတ်ခဲ့ပါတယ်။ ၁၈၅၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲမှာတော့ ရန်ကုန်မြို့ဟာ အင်္ဂလိပ်တွေရဲ့ လက်အောက်ကျရောက်ခဲ့ပြီး မြို့ကွက်တွေကို စနစ်တကျ ချခဲ့ပါတယ်။ရန်ကုန်မြို့ကွက်ကို စစ်ဘက်အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ လက်ဖ်တင်နင် အလက်ဇန်းဒါးဖရေဇာက ရေးဆွဲခဲ့ပါတယ်။ ရန်ကုန်မြို့ကလမ်းတွေဟာ ကိုလိုနီခေတ်က အင်္ဂလိပ်နာမည်တွေနဲ့ ရှိနေခဲ့တာပါ။ဒါပေမဲ့ တချို့လမ်းတွေရဲ့ အမည်ကတော့ ဌာနေတိုင်းရင်းသားတွေရဲ့အမည်နဲ့ ထင်ရှားပါတယ်။ လွတ် လပ်ရေးရပြီး နောက်ပိုင်းမှာတော့ နိုင်ငံခြားသားအမည်နဲ့ ရှိခဲ့တဲ့လမ်းတွေကို မြန်မာနိုင်ငံသမိုင်းမှာ ထင်ရှားခဲ့တဲ့သူတွေရဲ့ အမည်နဲ့ အစားထိုးပြောင်းလဲခဲ့ပါတယ်။

    အနော်ရထာလမ်း-

    အနော်ရထာလမ်းဟာ ကိုလိုနီခေတ်က ဖရေဇာလမ်းလို့ လူသိများခဲ့ပါတယ်။ ဆူးလေဘုရားကို ဗဟိုပြုပြီး ရန်ကုန်မြို့ တော်ပုံစံကို ရေးဆွဲခဲ့တဲ့ ဒေါက်တာဝီလျံ မောင့်ဂိုမာရီရဲ့ အစီအစဉ်ကို ဖရေဇာက ထပ်မံဖြည့်စွက်ပြီး မြို့ကွက်ချ၊ လမ်းဖောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖရေဇာဟာ ဘင်္ဂလားတပ်ကအင်ဂျင်နီယာ တစ်ဦးပါ။ ဒါကြောင့် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ လမ်းအမည်ကို သူ့နာမည်ပေးခဲ့ပါတယ်။၁၁ ရာစု ပုဂံနိုင်ငံတော်ကြီး ထူထောင်ပြီး ထေရဝါဒဗုဒ္ဓဘာသာကို စည်ပင်ပြန့်ပွားအောင် စွမ်းဆောင်ပေးခဲ့တဲ့ အနော်ရထာမင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ၄-၉-၁၉၅၆ ခုနှစ်မှာ ဒီလမ်းကို အနော်ရထာလမ်းလို့ ပြောင်းလဲသတ်မှတ် ပေးခဲ့ပါတယ်။

    ဗိုလ်အောင်ကျော်လမ်း-

    စပတ်ခ်လမ်းလို့ လူသိများခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ ပထမဆုံး အရေးပိုင်ဖြစ်တဲ့ တီပီစပတ်ကို ဂုဏ်ပြု မှည့်ခေါ်ထားတာပါ။ စပတ်ခ်ဟာ သုဓနုဇာတ်ကို ကာနယ်စလေဒင်ရဲ့အကူအညီနဲ့ အင်္ဂလိပ်လိုပြန်ဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။ ၁၉၃၈ ခုနှစ်က အတွင်းဝန်ရုံးကို ဝိုင်းဝန်း ဆန္ဒပြတုန်း မြင်းစီးပုလိပ်တွေရဲ့ ရိုက်နှက်မှုကြောင့် ကျောင်းသားဗိုလ်အောင်ကျော်ကို ကျဆုံးခဲ့ရပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ၃-၄-၁၉၅၆ ခုနှစ်မှာ ဒီလမ်းကို ဗိုလ်အောင်ကျော်လမ်းလို့ ပြောင်းလဲ ပေးခဲ့ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းလမ်း-

    လမ်းရဲ့အနောက်ဘက်ပိုင်းကို ကော်မရှင်နာလမ်း၊ လမ်းရဲ့အရှေ့ဘက်ပိုင်းကို မောင့်ဂိုမာရီလမ်းလို့ကိုလိုနီခေတ်က ခေါ် ခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့ ပထမ ဆုံးကော်မရှင်နာမင်းကြီး ဆာအာသာ ဖယ်ရာ နေထိုင်ခဲ့ရာ လမ်းဖြစ်လို့ ကော်မရှင်နာလမ်းလို့ ခေါ်ခဲ့ကြတာဖြစ်ပြီး မောင့်ဂိုမာရီကတော့ ဆာဂျင်ရာထူးနဲ့ ၁၈၅၂ ခုနှစ်မှာ ရန်ကုန်ကိုရောက်လာခဲ့ သူပါ။ ၃-၄-၁၉၅၆ ခုနှစ်မှာတော့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလမ်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်းလို့သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

    လမ်းမတော်-

    ဒီလမ်းကိုတော့ ဗိုလ်ချုပ်ဂေါ်ဒွင်လမ်းလို့ မှည့်ခေါ်ခဲ့ပါတယ်။ ဂေါ်ဒွင်ဟာ ပထမ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲကို နွှဲခဲ့ သူဖြစ်ပြီး ၁၈၅၃ ခုနှစ်က အိန္ဒိယနိုင်ငံမှာ သေဆုံးခဲ့ပါတယ်။ ဒီလမ်းရဲ့ထူးခြားချက်က ဂေါ်ဒွင်လမ်းလို့ မှည့်ခေါ်ထားပေမယ့် လမ်းမတော်လို့သာ အခေါ်အဝေါ်တွင် ကျယ်ခဲ့တာပါ။ ဒါကြောင့် ဂျပန်ခေတ်မှာကတည်းက လမ်းနာမည်က ပြောင်းလဲပြီးသားလို့ ဆိုပါတယ်။ လမ်းမတော်ဆိုတာက သာယာဝတီမင်း ၁၈၄၁ ခုနှစ်မှာ ရန်ကုန် ကိုကြွချီလာတုန်း ဘုရင့်ဖောင်တော်တံတားက တက်ရောက်ရာလမ်းကို အစွဲပြုခေါ်တာ ဖြစ်ပါတယ်။

    မဟာဗန္ဓုလပန်းခြံလမ်း-

    မော်လမြိုင်မြို့မှာ စစ်ကဲအဖြစ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဂျီအီးဘားကို အစွဲပြုပြီး ဘားလမ်းလို့ ရှေးကခေါ်ခဲ့ကြပါတယ်။

    မဟာဗန္ဓုလလမ်း-

    အိန္ဒိယရဲ့ ဘုရင်ခံချုပ်ဖြစ်ဖူးတဲ့ လော့ဒ်ဒါလဟိုဇီကို အစွဲပြုပြီး ခေါ်ဝေါ်တာပါ။ ဒါလဟိုဇီဟာ အင်္ဂလိပ်- မြန်မာ ဒုတိယစစ်ပွဲကို ကြီးကြပ်ခဲ့သူဖြစ်ပြီး ညစာစားပွဲတစ်ခုမှာ သောက်ရင်းစားရင်း ကျန်တဲ့လမ်းတော်တော်များများရဲ့ နာမည်ကို သူက အမည်ပေးခဲ့ပါတယ်။ သူလိုလားတဲ့ အရာရှိကြီး၊ ငယ်တွေရဲ့အမည်တွေကို လမ်းအမည်ပေးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ၃-၄-၁၉၅၆ ခုနှစ်မှာတော့ ဒီလမ်းကို မဟာဗန္ဓုလလမ်းလို့ ပြောင်းလဲခဲ့ပါတယ်။ စစ်သူကြီးမဟာဗန္ဓုလဟာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်းမှာ ကျဆုံးခဲ့ ရသူ ဖြစ်ပါတယ်။

    ပန်းဆိုးတန်း-

    အောက်မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ရာကို အစွဲပြုပြီး ဖယ်ရာလမ်းလို့ မှည့်ခေါ်ခဲ့ပါတယ်။ ဖယ်ရာဟာ မြန်မာနိုင်ငံသမိုင်း စာအုပ်ကို ရေးသားခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိတဲ့ သက်ရှိမျိုးစိတ်သစ်တွေကို လေ့လာဆန်းစစ်မှုလုပ်ခဲ့သူပါ။ တွေ့ရှိခဲ့တဲ့ အချို့မျိုးစိတ်သစ်တွေကို သူ့နာမည်ပေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ လမ်းအမည်မှာတော့ ပန်းဆိုးတန်းဆိုတဲ့ အမည်က ပိုပြီးထင်ပေါ်ခဲ့ပါတယ်။

    ပန်းဆိုးတန်းဟာ ဘိုးတော် ဘုရားလက်ထက်က ကန်တော်ကလေး ကျေးရွာအမည်နဲ့ တည်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရွာသူ၊ ရွာသားတွေဟာ ခဝါသည်၊ ဆေးဆိုးလုပ်ငန်းလုပ်ကိုင်ပြီး အသက်မွေးခဲ့တာကြောင့် ပန်းဆိုးတန်းသို့ သွားရာလမ်းကို ပန်းဆိုးတန်းလမ်းလို့ ခေါ်ခဲ့ကြတာပါ။ သီတဂူဆရာတော်ဘုရားကြီးဟောတဲ့ တရားတစ်ပုဒ်ထဲမှာတော့ ပန်းဆိုးတန်းမဟုတ်ဘဲ ပုဆိုးတန်းသာဖြစ်ကြောင်း နာယူမှတ်သားခဲ့ရဖူးပါတယ်။ နောက်ပြီး ရွှေတိဂုံဘုရားမှာ ရေးထိုး မှတ်တမ်းတင် ထားတာတွေအရ ပုဆိုးတန်းအရပ်ဆိုတာ ရှိခဲ့ပါတယ်။

    သိမ်ဖြူလမ်း-

    ဂျူးလူမျိုးသူဌေးဖြစ်တဲ့ ဂျူဒါအီစကယ်ကို အစွဲပြုပြီး ဂျူဒါအီစကယ်လမ်းလို့ အမည်တွင်ခဲ့ပါတယ်။ သူဟာ ရက်ရောတာကြောင့် ထင်ပေါ်ခဲ့သူဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ရဟန္တာသိမ် ကိုးလုံးအနက် တစ်လုံးအပါအဝင်ဖြစ်တဲ့ ဒေဝသာဂရသိမ်တော်ကို ထုံးဖြူသုတ်ထားတာ အကြောင်းပြုပြီး သိမ်ဖြူဆိုတဲ့ လမ်းအမည် ပေါ်ပေါက်ခဲ့တာပါ။ ၁၈၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မှာ သိမ်ဖြူခံတပ်တိုက်ပွဲဟာ နာမည်ကြီးခဲ့ပါတယ်။

    ဘုန်းကြီးလမ်း-

    ဘုန်းကြီးလမ်းကို အရင်က ဘုရားငုတ်တိုလမ်းလို့ ခေါ်ခဲ့တယ်လို့ သိရပါတယ်။ မွန်ဘုရားဖြစ်တဲ့ ကျိုက်ဒေးတဲ့ စေတီငုတ်တိုနဲ့ တွဲပြီး ဘုရားငုတ်တိုလမ်းလို့ ခေါ် ခဲ့ကြတာပါ။ ကျိုက်ဒေးတဲ့ဆိုတာ မြန်မာလို ကျောက်ကုန်းထက်မှာ တည်တဲ့ဘုရားလို့ အဓိပ္ပာယ်ရှိတာ တွေ့ရပါ တယ်။ သရက်တောကျောင်းတိုက်က ဘုန်းကြီးတွေ ဆွမ်းခံကြွလေ့ရှိတာကြောင့် နောက်ပိုင်းမှာ ဘုရားငုတ်တိုလမ်းအစား ဘုန်းကြီးလမ်းက ပိုထင်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

    မကြီးကြီးလမ်း-

    ၁၈၇၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ ဦးရိုးနဲ့ ဒေါ်ရွှေသီတို့က မွေးဖွားခဲ့တဲ့ မကြီးကြီးကို ဂုဏ်ပြုတဲအနေနဲ့ မကြီးကြီးလမ်းလို့ မှည့်ခေါ်ခဲ့တာပါ။ သူဟာ မြေယာပိုင်ရှင် သူဌေးတစ်ဦးဖြစ်ခဲ့ပြီး ရွှေတိဂုံဘုရားကို မြေ ၁၀ ဧက လှူဒါန်းခဲ့ပါတယ်။ မျိုးချစ်စိတ် ထက်သန်သူဖြစ်တာကြောင့် အင်္ဂလိပ်စာသင် ကျောင်းနဲ့အပြိုင် စာသင်ကျောင်းတစ်ကျောင်းဆောက်ပြီး ကိုယ်တိုင်ဆရာမ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မကြီးကြီးဟာ အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

    ဦးထောင်ဗိုလ်လမ်း-

    မန္တလေးဇာတိဖြစ်တဲ့ ဦးထောင်ဗိုလ်ဟာ မြန်မာလူမျိုးတွေထဲမှာ ပထမဆုံး သွားစိုက်ဆရာဝန် ဖြစ်ခဲ့သူပါ။ အသက် ၁၅ နှစ်အရွယ်မှာ ရန်ကုန်ကို ရောက်လာပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာနဲ့မျက်စောင်းထိုးမှာ သွားစိုက်ဆိုင် ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ တပည့်တွေကို ပညာသင်ပေးရင်း ဦးထောင်ဗိုလ်ဟာ ၃၁-၆-၁၉၆၃ ခုနှစ်၊ တနင်္ဂနွေနေ့၊ နံနက် ၅ နာရီ ၃၀ မိနစ်မှာ လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။သူ့ကိုအစွဲပြုပြီး ဦးထောင်ဗိုလ်လမ်းလို့ မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

    မောင်ထော်လေးလမ်း-

    မွန်လူမျိုးတစ်ဦးဖြစ်တဲ့ စစ်ကဲဦးထော်လေးဟာ ဒလမြို့စားအဖြစ် အမှုထမ်းခဲ့ ဖူးပါတယ်။ ဗြိတိသျလက်အောက်မှာတော့ စစ်ကဲအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့တည်ဆောက်ရေးအစိုးရလက်ထက်မှာ ဒီလမ်းကို ဗိုလ်ဆွန်ပက်လမ်းလို့ ပြောင်းလဲခဲ့ပါတယ်။ ဗိုလ်ဆွန်ပက်ဟာဗြိတိသျှတွေကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ မျိုးချစ်သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။

    ရေတာရှည်လမ်းဟောင်း-

    ရေတာရှည်မြို့သူ၊ မြို့သားတွေ စုဝေးတဲ့အရပ်ဒေသမို့ ရေတာရှည်လို့ ခေါ်ဝေါ်တာ မဟုတ်ပါဘူး။ ရေတာရှည် လမ်းဟောင်းနဲ့ လမ်းသစ်ဆိုပြီး နှစ်လမ်းရှိပြီး ဗဟန်းမြို့နယ်ထဲမှာ ပါဝင်ပါတယ်။ ဗဟန်းဟာ ရှေးက တောင်ပူစာ၊ ချိုင့်ဝှမ်း၊ စိမ့်စမ်းတွေ ပေါများတာကြောင့် ရေက တာရှည်စီးဆင်းရလေ့ရှိပါတယ်။ ဒါကို အစွဲပြုပြီး ရေတာရှည်လမ်းဆိုပြီး ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။

    ဆူးလေဘုရားလမ်း-

    ဆူးလေဘုရားလမ်းသည် တချိန်က မြန်မာနိုင်ငံတွင်သာမက အာရှတွင် အကျယ်ဆုံးနှင့် အလှပဆုံးလမ်းဖြစ်ခဲ့သည်။ သန့်ရှင်းလှသော လမ်းတွင် သစ်ပင်များသာမက ကားများ ဓာတ်ရထားများ မြင်းလှည်းများသွားရန်ပါ ကျယ်ဝန်းသည်။

    Via : Yangon Directory

    Photo Credit : British Library and Myanmar Historic Archive

    သမိုင်းအကြောင်း

  • ႏိုင္ငံတကာ ခရီးသြားေတြ လည္ပတ္ေလ့ရွိတဲ့ ကမာၻ႔အလွဆုံး သခ်ႋဳင္းမ်ား

    (Zawgyi)

    ႏိုင္ငံတကာ ခရီးသြားေတြ လည္ပတ္ေလ့ရွိတဲ့ ကမာၻ႔အလွဆုံး သခ်ႋဳင္းမ်ား

    မ်က္ေမွာက္ေခတ္ ကမာၻႀကီးရဲ႕လူသားေတြဟာ ေသျခင္းတရားနဲ႔ လွပျခင္းကို မတြဲစပ္တတ္ပါဘူး။ဒါေပမဲ့လည္း ကမာၻႀကီးမွာရွိတဲ့ လွပတဲ့ သခ်ႋဳင္းေတြဆီကို ကမာၻလွည့္ခရီးသြားေတြ သြားေရာက္လည္ပတ္ေလ့ ရွိၾကပါတယ္။ အခုေဖာ္ျပေပးမယ့္ သခ်ႋဳင္းေတြကေတာ့ ႏိုင္ငံတကာ ခရီးသြားေတြအလည္အပတ္ သြားေလ့ရွိၾကတဲ့ သခ်ႋဳင္းေတြ ျဖစ္ပါတယ္။

    (၁) Merry သခ်ႋဳင္း

    Merry သခ်ႋဳင္းကေတာ့ ႐ိုေမးနီးယားႏိုင္ငံေျမာက္ပိုင္းက Sapanta ေက်း႐ြာမွာရွိတဲ့ သခ်ႋဳင္းျဖစ္ၿပီး ႏိုင္ငံတကာခရီးသြား အမ်ားစု လာေရာက္ လည္ပတ္ေလ့ ရွိတဲ့သခ်ႋဳင္းပါ။ အဲဒီသခ်ႋဳင္းမွာရွိတဲ့ သခ်ႋဳင္းမွတ္တိုင္အမ်ားစုကိုေတာ့ အေရာင္စုံစုံလင္လင္နဲ႔ ျခယ္သထားေလ့ရွိပါတယ္။ Merry သခ်ႋဳင္းဟာလြင္ျပင္မွာ ဖြင့္ထားတဲ့ ျပတိုက္တခုနဲ႔တူၿပီး ခရီးသြားေတြကို ဆြဲေဆာင္တဲ့ အရပ္ေဒသလည္း ျဖစ္ပါတယ္။

    (၂) Cimetiere du Pere Lachaise သခ်ႋဳင္း

    ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕မွာရွိတဲ့ Cimetiere du Pere Lachaise သခ်ႋဳင္းကေတာ့ ပဲရစ္ၿမိဳ႕ရဲ႕ အႀကီးဆုံး သခ်ႋဳင္းျဖစ္ၿပီး ၄၄ ဟက္တာ (၁၁၀ ဧက) က်ယ္ဝန္းပါတယ္။ ေရွးေဟာင္းသခ်ႋဳင္းတခုျဖစ္တဲ့ Cimetiere du Pere Lachaise သခ်ႋဳင္းကို ႏွစ္စဥ္ လာေရာက္လည္ပတ္တဲ့ ခရီးသြားအေရအတြက္ ၃ ဒႆမ ၅ သန္း ရွိပါတယ္။ အဲဒီသခ်ႋဳင္းမွာေတာ့ ကမာၻမွာထင္ရွားတဲ့ ပုဂၢိဳလ္ေတြျဖစ္တဲ့ Moliere, Marcel Proust, Oscar Wild, Gertrude နဲ႔ Jim Morrison တို႔ကို ျမႇဳပ္ႏွံထားပါၿပီး ဂူေပါင္း ၇၀,၀၀၀ ေက်ာ္ ရွိပါတယ္။

    (၃) Waverly သခ်ႋဳင္း

    ၾသစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒနီၿမိဳ႕မွာရွိတဲ့ Waverley သခ်ႋဳင္းဟာ ကမာၻ႔ေရွးေဟာင္း အေမြအႏွစ္စာရင္းဝင္ သခ်ႋဳင္းတခုျဖစ္ၿပီး Bronte ကမ္းပါးထိပ္မွာ တည္ရွိပါတယ္။ ဒီသခ်ႋဳင္းကိုေတာ့ ၁၈၇၇ ခုႏွစ္မွာ စတင္ ဖြင့္လွစ္ၿပီး ကဗ်ာဆရာ Henry Lawson နဲ႔ အျခား ထင္ရွားတဲ့လူေတြကို ျမႇဳပ္ႏွံထားပါတယ္။၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာ ၂၈ ရက္ေန႔မွာေတာ့ New South Wales ျပည္နယ္ရဲ႕ ေရွးေဟာင္း အေမြအႏွစ္စာရင္းမွာ မွတ္တမ္းတင္ခဲ့ပါတယ္။ နာမည္ႀကီးပုဂၢိဳလ္ေတြ ျမႇဳပ္ႏွံထားတဲ့ အတြက္သာမက ေရွးက်တဲ့ သခ်ႋဳင္းတခုလည္းျဖစ္လို႔ ႏိုင္ငံတကာခရီးသြားေတြ လာေရာက္ လည္ပတ္ေလ့ ရွိတဲ့ ေနရာလည္းျဖစ္ပါတယ္။

    (၄) La Recoleta သခ်ႋဳင္း

    La Recoleta သခ်ႋဳင္းကေတာ့ အာဂ်င္တီးနားႏိုင္ငံ ၿမိဳ႕ေတာ္ျဖစ္တဲ့ Buenos Aires ၿမိဳ႕မွာ တည္ရွိၿပီး ႏွစ္စဥ္ ႏိုင္ငံတကာ ခရီးသြားေပါင္းမ်ားစြာ လာေရာက္ လည္ပတ္ေလ့ ရွိပါတယ္။ ဒီသခ်ႋဳင္းမွာဆိုရင္ အာဂ်င္တီးနားႏိုင္ငံရဲ႕ ပထမဆုံး အမ်ိဳးသမီးသမၼတျဖစ္တဲ့ Eva Peron ကို ျမႇဳပ္ႏွံထားပါတယ္။ ၂၀၁၁ ခုႏွစ္မွေတာ့ La Recoleta သခ်ႋဳင္းဟာ BBC ကေ႐ြးခ်ယ္ေပးခဲ့တဲ့ ကမာၻ႔အေကာင္းဆုံးသခ်ႋဳင္းတခုျဖစ္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္မွာေတာ့ CNN ကေ႐ြးခ်ယ္ေပးခဲ့တဲ့ ကမာၻ႔အလွဆုံးသခ်ႋဳင္း ၁၀ ခုစာရင္းမွာ ပါဝင္ခဲ့ပါတယ္။

    Ref: Bloomberg, flightcentre

    Credit- ညီညီသူ (ဧရာဝတီ), The Irrawaddy-Burmese Editon

    (Unicode)

    နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ကမ္ဘာ့အလှဆုံး သင်္ချိုင်းများ

    မျက်မှောက်ခေတ် ကမ္ဘာကြီးရဲ့လူသားတွေဟာ သေခြင်းတရားနဲ့ လှပခြင်းကို မတွဲစပ်တတ်ပါဘူး။ဒါပေမဲ့လည်း ကမ္ဘာကြီးမှာရှိတဲ့ လှပတဲ့ သင်္ချိုင်းတွေဆီကို ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လည်ပတ်လေ့ ရှိကြပါတယ်။ အခုဖော်ပြပေးမယ့် သင်္ချိုင်းတွေကတော့ နိုင်ငံတကာ ခရီးသွားတွေအလည်အပတ် သွားလေ့ရှိကြတဲ့ သင်္ချိုင်းတွေ ဖြစ်ပါတယ်။

    (၁) Merry သင်္ချိုင်း

    Merry သင်္ချိုင်းကတော့ ရိုမေးနီးယားနိုင်ငံမြောက်ပိုင်းက Sapanta ကျေးရွာမှာရှိတဲ့ သင်္ချိုင်းဖြစ်ပြီး နိုင်ငံတကာခရီးသွား အများစု လာရောက် လည်ပတ်လေ့ ရှိတဲ့သင်္ချိုင်းပါ။ အဲဒီသင်္ချိုင်းမှာရှိတဲ့ သင်္ချိုင်းမှတ်တိုင်အများစုကိုတော့ အရောင်စုံစုံလင်လင်နဲ့ ခြယ်သထားလေ့ရှိပါတယ်။ Merry သင်္ချိုင်းဟာလွင်ပြင်မှာ ဖွင့်ထားတဲ့ ပြတိုက်တခုနဲ့တူပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့ အရပ်ဒေသလည်း ဖြစ်ပါတယ်။

    (၂) Cimetiere du Pere Lachaise သင်္ချိုင်း

    ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာရှိတဲ့ Cimetiere du Pere Lachaise သင်္ချိုင်းကတော့ ပဲရစ်မြို့ရဲ့ အကြီးဆုံး သင်္ချိုင်းဖြစ်ပြီး ၄၄ ဟက်တာ (၁၁၀ ဧက) ကျယ်ဝန်းပါတယ်။ ရှေးဟောင်းသင်္ချိုင်းတခုဖြစ်တဲ့ Cimetiere du Pere Lachaise သင်္ချိုင်းကို နှစ်စဉ် လာရောက်လည်ပတ်တဲ့ ခရီးသွားအရေအတွက် ၃ ဒဿမ ၅ သန်း ရှိပါတယ်။ အဲဒီသင်္ချိုင်းမှာတော့ ကမ္ဘာမှာထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ Moliere, Marcel Proust, Oscar Wild, Gertrude နဲ့ Jim Morrison တို့ကို မြှုပ်နှံထားပါပြီး ဂူပေါင်း ၇၀,၀၀၀ ကျော် ရှိပါတယ်။

    (၃) Waverly သင်္ချိုင်း

    သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာရှိတဲ့ Waverley သင်္ချိုင်းဟာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် သင်္ချိုင်းတခုဖြစ်ပြီး Bronte ကမ်းပါးထိပ်မှာ တည်ရှိပါတယ်။ ဒီသင်္ချိုင်းကိုတော့ ၁၈၇၇ ခုနှစ်မှာ စတင် ဖွင့်လှစ်ပြီး ကဗျာဆရာ Henry Lawson နဲ့ အခြား ထင်ရှားတဲ့လူတွေကို မြှုပ်နှံထားပါတယ်။၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ New South Wales ပြည်နယ်ရဲ့ ရှေးဟောင်း အမွေအနှစ်စာရင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ နာမည်ကြီးပုဂ္ဂိုလ်တွေ မြှုပ်နှံထားတဲ့ အတွက်သာမက ရှေးကျတဲ့ သင်္ချိုင်းတခုလည်းဖြစ်လို့ နိုင်ငံတကာခရီးသွားတွေ လာရောက် လည်ပတ်လေ့ ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

    (၄) La Recoleta သင်္ချိုင်း

    La Recoleta သင်္ချိုင်းကတော့ အာဂျင်တီးနားနိုင်ငံ မြို့တော်ဖြစ်တဲ့ Buenos Aires မြို့မှာ တည်ရှိပြီး နှစ်စဉ် နိုင်ငံတကာ ခရီးသွားပေါင်းများစွာ လာရောက် လည်ပတ်လေ့ ရှိပါတယ်။ ဒီသင်္ချိုင်းမှာဆိုရင် အာဂျင်တီးနားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်တဲ့ Eva Peron ကို မြှုပ်နှံထားပါတယ်။ ၂၀၁၁ ခုနှစ်မှတော့ La Recoleta သင်္ချိုင်းဟာ BBC ကရွေးချယ်ပေးခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးသင်္ချိုင်းတခုဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ CNN ကရွေးချယ်ပေးခဲ့တဲ့ ကမ္ဘာ့အလှဆုံးသင်္ချိုင်း ၁၀ ခုစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

    Ref: Bloomberg, flightcentre

    Credit- ညီညီသူ (ဧရာဝတီ), The Irrawaddy-Burmese Editon

  • စပယ္ရွယ္ ႏို႕စိမ္းေခါက္ဆြဲလုပ္နည္း

    (Zawgyi)

    ႏို႔စိမ္းေခါက္ဆြဲ

    ခ်က္နည္းမေျပာခင္ ခ်က္ရင္းနဲ႔သိလာတဲ့ သတိထားစရာ အခ်က္ေလးေတြ အရင္ေျပာမယ္ေနာ္..

    ပထမ တစ္ခ်က္က..

    ႏို႔စိမ္းေခါက္ဆြဲ ခ်က္တာပဲျဖစ္ျဖစ္ အုန္းႏို႔ေခါက္ဆြဲ ခ်က္တာပဲျဖစ္ျဖစ္ ႏို႔စိမ္း(သို႔)အုန္းႏို႔ ကို ဟင္းရည္ရမွ..ေနာက္ဆုံးမွ ထည့္ပါ..အထည့္ေစာရင္ ဟင္းရည္ အသိုးျမန္တယ္..

    ေနာက္တစ္ခ်က္က..

    ဟင္းရည္မပြက္ေသးဘဲ ငံျပာရည္မထည့္ပါနဲ႔..ျဖစ္ႏိုင္ရင္ ၾကက္သားဆီသတ္ကတည္းက ငံျပာရည္မ်ားမ်ားထည့္ပီး အငန္ေလးေလးနဲ႔ တစ္ခါတည္း ဆီသတ္ထားလိုက္ပါ..ဟင္းရည္အိုးထဲ သပ္သပ္ထည့္စရာမလိုေတာ့ဘူးေပါ့..သပ္သပ္ထည့္ရင္ ဟင္းရည္အရသာ သိပ္မေကာင္းဘူး ထင္လို႔ပါ..

    ေနာက္တစ္ခ်က္က..

    ငံျပာရည္ကို ႐ိုး႐ိုးငံျပာရည္သုံးတာထက္ ငါးငံျပာရည္အခ်ိဳ(သို႔) ကင္းမြန္ငံျပာရည္အခ်ိဳ သုံးေပးပါ..
    ဟင္းရည္ အရသာပိုေကာင္းတယ္.. မုန႔္ဟင္းခါး..အုန္းႏို႔ေခါက္ဆြဲ..ႏို႔စိမ္းေခါက္ဆြဲေတြက် ဟင္းရည္က အသက္ပဲေလေနာ့။

    ေနာက္ထပ္ေျပာခ်င္တာက..

    ဟင္းရည္ အသိုးမျမန္ေအာင္ ဟင္းရည္အိုးထဲကေန တိုက္႐ိုက္ ဇြန္းနဲ႔ ခပ္မျမည္းဖို႔.. ဇြန္းနဲ႔ခပ္ျမည္းတယ္ဆို အဲ့ဇြန္းနဲ႔ အိုးထဲကိုျပန္မခပ္ဖို႔ပါ။ လူႀကီးေတြဆို သိေပမယ့္ ကေလးေတြက် မသိၾကေတာ့ သတိေပးထားဖို႔ပါ..

    လွ်ာရွည္တာမ်ားသြားၿပီဆိုေတာ့ ခ်က္နည္းေျပာၿပီေနာ္..

    ကုလားပဲကို ႏူးေနေအာင္ျပဳတ္ပီး ေထာင္း(သို႔)ေခ်ထားပါ။ ကုလားပဲ အဆင္သင့္မလြယ္ရင္ ပဲစိမ္းမႈန႔္ ကို ေရေဖ်ာ္ထားပါ။ ဆန္က်က္မႈန႔္ကိုလဲ ေရေဖ်ာ္ထားပါ..ဆန္က်က္မႈန႔္က မထည့္လဲရပါတယ္။

    ၾကက္သားကို အတုံးေသးေသးတုံးပီး ဆား နႏြင္းနယ္ထားပါ။ ၾကက္သြန္နီ ၾကက္သြန္ျဖဴ ခ်င္းနည္းနည္းကို ေရာပီးေထာင္းထားပါ။ ဘဲဥ(သို႔)ၾကက္ဥကို ျပဳတ္ပီး အခြံခြာ..ခြာပီးရင္ အပ္သန႔္ေလးနဲ႔ ဥအနံွ႔ လိုက္ထိုးပါ။ ဟင္းရည္ထဲထည့္ရင္ အရသာဝင္ေအာင္လို႔။ ၾကက္သြန္နီဥ ေသးေသးေလးေတြ ႏႊာထား..အလုံးလိုက္ထည့္ဖို႔။ ႏို႔စိမ္း ၁ ဘူး အဆင္သင့္ေဖာက္ထား။ လက္ဖက္ရည္ဆိုင္ေတြမွာ သုံးတဲ့ ႏို႔စိမ္းဘူးေလ.. မသိမွာစိုးလို႔ လွ်ာရွည္တာ။

    ၾကက္သားဆီျပန္ခ်က္သလိုပဲ..ၾကက္သြန္နီ..ျဖဴ..ခ်င္း..အေရာေထာင္းကို ဆီမ်ားမ်ားနဲ႔ဆီသတ္။ ဆီမ်ားမ်ားနဲ႔ေနာ္။ ဆီနည္းရင္ ကပ္ေနမွာ..ဆီသတ္မေကာင္းေတာ့ဘူး။ မ်ားတာက ၿပီးရင္ ဖယ္လိုက္လို႔ရတယ္။ နႏြင္းမႈန႔္ နည္းနည္းထည့္..အေရာင္တင္မႈန႔္ မ်ားမ်ားထည့္ ေမႊပါ။ အေရာင္တင္မႈန႔္ အတူးမလြန္ေစဖို႔ ဂ႐ုစိုက္ပါ..

    ဆီသတ္ေမႊးလာရင္ ၾကက္သားေတြထည့္..အရသာထည့္။ အဲ့မွာ လွ်ိဳ႕ဝွက္ခ်က္က တ႐ုတ္မဆလာ နည္းနည္းထည့္တယ္.. ပိုေမႊးပီး ပိုစားေကာင္းတယ္ထင္လို႔။ ေနာက္ ထန္းလွ်က္ အေနေတာ္ ၂ လုံးထည့္တယ္။ ဟယ္! ဘာေတြ ထည့္တာတုန္းလို႔ မေျပာနဲ႔ေနာ္။ ထန္းလ်က္က ဟင္းရည္ အေရာင္လွတယ္..

    ပီးေတာ့ အိမ္က အခ်ိဳမႈန႔္မသုံးတဲ့ အိမ္ဆိုေတာ့ အစားထိုးတဲ့သေဘာေပါ့.. သၾကားနဲ႔ ထန္းလ်က္ဆို ထန္းလ်က္က အရသာပိုေလးေလးပင္ပင္ရွိလို႔ သၾကားမသုံးဘဲ ထန္းလ်က္သုံးတာ။ ကိုင္း! ဒီက ဆရာစားမခ်န္ဘူးေနာ္ လွ်ိဳ႕ဝွက္ခ်က္ပါ အကုန္ေျပာျပေပးတာ။

    ကင္းမြန္ငံျပာရည္အခ်ိဳ မ်ားမ်ားထည့္..ၾကက္သားမႈန႔္ထည့္.. ဟင္းအႏွစ္ကို အငန္ေလးထားပါ.. အာ့မွ ဟင္းရည္အိုးထဲ ထည့္ရင္ အေနေတာ္ျဖစ္မွာ.. ၾကက္သားႏူးေအာင္ ေရနည္းနည္းထည့္ပီး အဖုံးအုပ္ထားပါ.. တစ္ေရဆို ရပါတယ္..ၿပီးရင္ ဟင္းရည္အိုးထဲ ထည့္မွာဆိုေတာ့ အရမ္းမႏူးလဲ ကိစၥမရွိဘူး..

    ၾကက္သားဟင္းအႏွစ္ခ်က္ ရပီဆို ဟင္းရည္ခ်က္မယ့္ အိုးထဲကို ေရတစ္ဝက္ထည့္ပီး ဆူလာေအာင္တည္။ ကြၽန္ေတာ္က ေရအစား ၾကက္႐ိုးျပဳတ္ရည္ သုံးတယ္.. အရသာ ပိုရွိေအာင္လို႔.. ေရဆူရင္ ကုလားပဲေထာင္းထားေတြ ထည့္ပါ.. (ပဲစိမ္းမႈန႔္နဲ႔ဆို ေရမဆူလာခင္ထည့္ပီး ေမႊရပါတယ္..ေရဆူမွထည့္ရင္ ပဲမႈန႔္ေတြက မေၾကေတာ့ဘဲ အသီးေတြ ျဖစ္တတ္လို႔..) ပဲထည့္ပီး ပြက္လာပီဆို ဆန္က်က္မႈန႔္ထည့္.. အိုးမကပ္ေအာင္ ေအာက္ေျချခစ္ၿပီး ေမႊေပးပါ။

    ပီးရင္ ၾကက္သားဟင္းအႏွစ္ခ်က္ ထည့္ေပးပါ။ ခဏ အပြက္ထားပီး ဘဲဥေတြထည့္ပါ။ တျခားႏွစ္သက္ရာ အစာပလာထည့္ပါ..(ဘဲေသြး..အသားတု..ငါးဖယ္လုံး) ဟင္းရည္ အပ်စ္အက်ဲကို ကိုယ္ႏွစ္သက္သလို ေရ ထပ္ျဖည့္ရင္း ျပင္ေပးပါ။ အရသာျမည္းပါ။ လိုအပ္ရင္ ဆား..ၾကက္သားမႈန႔္ထည့္ပါ။ ဟင္းရည္က်ေအာင္ တည္ပါ။ ၾကက္သြန္နီဥ အလုံးလိုက္ေလးေတြ ထည့္ပါ။ ၾကက္သြန္နီဥ အရမ္းမႏူးခင္..ႏို႔စိမ္းထည့္ပါ.. ႏို႔စိမ္းထည့္ပီး တေအာင့္ေလာက္ ပြက္ပြက္ဆူေအာင္ထားၿပီးရင္.. ႏို႔စိမ္းေခါက္ဆြဲ ဟင္းရည္ရပါၿပီ..

    ဟင္းရည္အိုးထဲက ဘဲဥေလးေတြဆယ္ၿပီး မုန႔္ပြဲျပင္မွ ထည့္စားေပါ့ေနာ္။ ဟင္းရည္ အရသာဝင္ေနတဲ့ ရွယ္အိုးဘဲဥေနာ္။ အုန္းႏို႔ေခါက္ဆြဲ ဆိုရင္လဲ ႏို႔စိမ္းေနရာ အုန္းႏို႔ထည့္ခ်က္႐ုံဖဲပါပဲ။

    Nandar Htoo Yee

    Credit – MyFoodMyanmar

    (Unicode)

    နို့စိမ်းခေါက်ဆွဲ

    ချက်နည်းမပြောခင် ချက်ရင်းနဲ့သိလာတဲ့ သတိထားစရာ အချက်လေးတွေ အရင်ပြောမယ်နော်..

    ပထမ တစ်ချက်က..

    နို့စိမ်းခေါက်ဆွဲ ချက်တာပဲဖြစ်ဖြစ် အုန်းနို့ခေါက်ဆွဲ ချက်တာပဲဖြစ်ဖြစ် နို့စိမ်း(သို့)အုန်းနို့ ကို ဟင်းရည်ရမှ..နောက်ဆုံးမှ ထည့်ပါ..အထည့်စောရင် ဟင်းရည် အသိုးမြန်တယ်..

    နောက်တစ်ချက်က..

    ဟင်းရည်မပွက်သေးဘဲ ငံပြာရည်မထည့်ပါနဲ့..ဖြစ်နိုင်ရင် ကြက်သားဆီသတ်ကတည်းက ငံပြာရည်များများထည့်ပီး အငန်လေးလေးနဲ့ တစ်ခါတည်း ဆီသတ်ထားလိုက်ပါ..ဟင်းရည်အိုးထဲ သပ်သပ်ထည့်စရာမလိုတော့ဘူးပေါ့..သပ်သပ်ထည့်ရင် ဟင်းရည်အရသာ သိပ်မကောင်းဘူး ထင်လို့ပါ..

    နောက်တစ်ချက်က..

    ငံပြာရည်ကို ရိုးရိုးငံပြာရည်သုံးတာထက် ငါးငံပြာရည်အချို(သို့) ကင်းမွန်ငံပြာရည်အချို သုံးပေးပါ..
    ဟင်းရည် အရသာပိုကောင်းတယ်.. မုန့်ဟင်းခါး..အုန်းနို့ခေါက်ဆွဲ..နို့စိမ်းခေါက်ဆွဲတွေကျ ဟင်းရည်က အသက်ပဲလေနော့။

    နောက်ထပ်ပြောချင်တာက..

    ဟင်းရည် အသိုးမမြန်အောင် ဟင်းရည်အိုးထဲကနေ တိုက်ရိုက် ဇွန်းနဲ့ ခပ်မမြည်းဖို့.. ဇွန်းနဲ့ခပ်မြည်းတယ်ဆို အဲ့ဇွန်းနဲ့ အိုးထဲကိုပြန်မခပ်ဖို့ပါ။ လူကြီးတွေဆို သိပေမယ့် ကလေးတွေကျ မသိကြတော့ သတိပေးထားဖို့ပါ..

    လျှာရှည်တာများသွားပြီဆိုတော့ ချက်နည်းပြောပြီနော်..

    ကုလားပဲကို နူးနေအောင်ပြုတ်ပီး ထောင်း(သို့)ချေထားပါ။ ကုလားပဲ အဆင်သင့်မလွယ်ရင် ပဲစိမ်းမှုန့် ကို ရေဖျော်ထားပါ။ ဆန်ကျက်မှုန့်ကိုလဲ ရေဖျော်ထားပါ..ဆန်ကျက်မှုန့်က မထည့်လဲရပါတယ်။

    ကြက်သားကို အတုံးသေးသေးတုံးပီး ဆား နနွင်းနယ်ထားပါ။ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနည်းနည်းကို ရောပီးထောင်းထားပါ။ ဘဲဥ(သို့)ကြက်ဥကို ပြုတ်ပီး အခွံခွာ..ခွာပီးရင် အပ်သန့်လေးနဲ့ ဥအနံှ့ လိုက်ထိုးပါ။ ဟင်းရည်ထဲထည့်ရင် အရသာဝင်အောင်လို့။ ကြက်သွန်နီဥ သေးသေးလေးတွေ နွှာထား..အလုံးလိုက်ထည့်ဖို့။ နို့စိမ်း ၁ ဘူး အဆင်သင့်ဖောက်ထား။ လက်ဖက်ရည်ဆိုင်တွေမှာ သုံးတဲ့ နို့စိမ်းဘူးလေ.. မသိမှာစိုးလို့ လျှာရှည်တာ။

    ကြက်သားဆီပြန်ချက်သလိုပဲ..ကြက်သွန်နီ..ဖြူ..ချင်း..အရောထောင်းကို ဆီများများနဲ့ဆီသတ်။ ဆီများများနဲ့နော်။ ဆီနည်းရင် ကပ်နေမှာ..ဆီသတ်မကောင်းတော့ဘူး။ များတာက ပြီးရင် ဖယ်လိုက်လို့ရတယ်။ နနွင်းမှုန့် နည်းနည်းထည့်..အရောင်တင်မှုန့် များများထည့် မွှေပါ။ အရောင်တင်မှုန့် အတူးမလွန်စေဖို့ ဂရုစိုက်ပါ..

    ဆီသတ်မွှေးလာရင် ကြက်သားတွေထည့်..အရသာထည့်။ အဲ့မှာ လျှို့ဝှက်ချက်က တရုတ်မဆလာ နည်းနည်းထည့်တယ်.. ပိုမွှေးပီး ပိုစားကောင်းတယ်ထင်လို့။ နောက် ထန်းလျှက် အနေတော် ၂ လုံးထည့်တယ်။ ဟယ်! ဘာတွေ ထည့်တာတုန်းလို့ မပြောနဲ့နော်။ ထန်းလျက်က ဟင်းရည် အရောင်လှတယ်..

    ပီးတော့ အိမ်က အချိုမှုန့်မသုံးတဲ့ အိမ်ဆိုတော့ အစားထိုးတဲ့သဘောပေါ့.. သကြားနဲ့ ထန်းလျက်ဆို ထန်းလျက်က အရသာပိုလေးလေးပင်ပင်ရှိလို့ သကြားမသုံးဘဲ ထန်းလျက်သုံးတာ။ ကိုင်း! ဒီက ဆရာစားမချန်ဘူးနော် လျှို့ဝှက်ချက်ပါ အကုန်ပြောပြပေးတာ။

    ကင်းမွန်ငံပြာရည်အချို များများထည့်..ကြက်သားမှုန့်ထည့်.. ဟင်းအနှစ်ကို အငန်လေးထားပါ.. အာ့မှ ဟင်းရည်အိုးထဲ ထည့်ရင် အနေတော်ဖြစ်မှာ.. ကြက်သားနူးအောင် ရေနည်းနည်းထည့်ပီး အဖုံးအုပ်ထားပါ.. တစ်ရေဆို ရပါတယ်..ပြီးရင် ဟင်းရည်အိုးထဲ ထည့်မှာဆိုတော့ အရမ်းမနူးလဲ ကိစ္စမရှိဘူး..

    ကြက်သားဟင်းအနှစ်ချက် ရပီဆို ဟင်းရည်ချက်မယ့် အိုးထဲကို ရေတစ်ဝက်ထည့်ပီး ဆူလာအောင်တည်။ ကျွန်တော်က ရေအစား ကြက်ရိုးပြုတ်ရည် သုံးတယ်.. အရသာ ပိုရှိအောင်လို့.. ရေဆူရင် ကုလားပဲထောင်းထားတွေ ထည့်ပါ.. (ပဲစိမ်းမှုန့်နဲ့ဆို ရေမဆူလာခင်ထည့်ပီး မွှေရပါတယ်..ရေဆူမှထည့်ရင် ပဲမှုန့်တွေက မကြေတော့ဘဲ အသီးတွေ ဖြစ်တတ်လို့..) ပဲထည့်ပီး ပွက်လာပီဆို ဆန်ကျက်မှုန့်ထည့်.. အိုးမကပ်အောင် အောက်ခြေခြစ်ပြီး မွှေပေးပါ။

    ပီးရင် ကြက်သားဟင်းအနှစ်ချက် ထည့်ပေးပါ။ ခဏ အပွက်ထားပီး ဘဲဥတွေထည့်ပါ။ တခြားနှစ်သက်ရာ အစာပလာထည့်ပါ..(ဘဲသွေး..အသားတု..ငါးဖယ်လုံး) ဟင်းရည် အပျစ်အကျဲကို ကိုယ်နှစ်သက်သလို ရေ ထပ်ဖြည့်ရင်း ပြင်ပေးပါ။ အရသာမြည်းပါ။ လိုအပ်ရင် ဆား..ကြက်သားမှုန့်ထည့်ပါ။ ဟင်းရည်ကျအောင် တည်ပါ။ ကြက်သွန်နီဥ အလုံးလိုက်လေးတွေ ထည့်ပါ။ ကြက်သွန်နီဥ အရမ်းမနူးခင်..နို့စိမ်းထည့်ပါ.. နို့စိမ်းထည့်ပီး တအောင့်လောက် ပွက်ပွက်ဆူအောင်ထားပြီးရင်.. နို့စိမ်းခေါက်ဆွဲ ဟင်းရည်ရပါပြီ..

    ဟင်းရည်အိုးထဲက ဘဲဥလေးတွေဆယ်ပြီး မုန့်ပွဲပြင်မှ ထည့်စားပေါ့နော်။ ဟင်းရည် အရသာဝင်နေတဲ့ ရှယ်အိုးဘဲဥနော်။ အုန်းနို့ခေါက်ဆွဲ ဆိုရင်လဲ နို့စိမ်းနေရာ အုန်းနို့ထည့်ချက်ရုံဖဲပါပဲ။

    Nandar Htoo Yee

    Credit – MyFoodMyanmar

  • ၀က္ၿခံေၾကာင့္ က်န္ခဲ့တဲ့အမာရြတ္ေတြ တစ္ပတ္အတြင္းေပ်ာက္ကင္းေအာင္

    (Zawgyi)

    ၀က္ၿခံေၾကာင့္ က်န္ခဲ့တဲ့အမာ႐ြတ္ေတြ တစ္ပတ္အတြင္းေပ်ာက္ကင္းေအာင္

    (၁)မ်က္ႏွာသစ္ပါ

    ဝက္ၿခံျဖစ္တဲ့ အသားအေရဟာ အဆီျပန္တဲ့ အသားအေရ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ မနက္ (အိပ္ရာထ မဟုတ္ပါ) ေက်ာင္းမသြားခင္၊ ႐ုံးမသြားခင္ မ်က္ႏွာသစ္ေပးပါ။ ညအိပ္ရာ ဝင္ခါနီးတစ္ႀကိမ္ မ်က္ႏွာသစ္ေပးပါ။

    (၂)အာလူးသုံးပါ

    အာလူးကို အကြင္းေလးေတြလွီးပါ။သို႔မဟုတ္ ေခ်လိုက္ပါ။ၿပီးရင္ အမာ႐ြတ္ေတြကို အုပ္ထားပါ။မိနစ္ ၃၀ ေလာက္ၾကာရင္ ခြာၿပီးမ်က္ႏွာသစ္ပါ။ တစ္ပတ္ႏွစ္ႀကိမ္ေလာက္ ျပဳလုပ္ေပးရင္ ဝက္ၿခံအမာ႐ြတ္မွ မဟုတ္ပဲ အျခားအမာ႐ြတ္ေတြပါ သက္သာေပ်ာက္ကင္းေစပါတယ္။

    (၃)ဗီတာမင္ စီ မွီဝဲပါ။

    အရွင္းဆုံးနည္းလမ္းကေတာ့ သံပရာသီးတစ္ေန႔တစ္လုံးကို ဒီတိုင္းပဲစားစား၊ ေဖ်ာ္ရည္ပဲလုပ္ေသာက္ေသာက္ တစ္ေန႔တစ္လုံးေသာက္ေပးရပါမယ္။ အလုပ္မ်ားတယ္ဆိုရင္ေတာ့ ဗိုက္တာမင္စီ ေဆးျပားေလးေတြ တစ္ေန႔ႏွစ္ႀကိမ္ ေသာက္ေပးႏိုင္ပါတယ္။ ဗိုက္တာမင္ စီဟာ အသားအေရအတြက္ အထူးေကာင္းမြန္ၿပီး အစက္အေျပာက္ေလးေတြကို ေသးငယ္ေစပါတယ္။

    (၄)moisturizer အသုံးျပဳပါ။

    အမာ႐ြတ္ေတြကို ျပန္လည္အစားထိုးဖို႔ ဆဲလ္ေတြက ေရဓါတ္ကို လိုအပ္ပါတယ္။ ဒါေၾကာင့္ moisturizer ကိုအသုံးျပဳပါ။ အမ်ားႀကီး အသုံးမျပဳပါႏွင့္။ အခ်ိဳ႕ moisturizer ေတြက အဆီျပန္တတ္လို႔ပါ။

    (၅)သံပရာႏွင့္ ဂလစ္ဆရင္း(Glycerin) ေရာစပ္ပါ။

    သံပရာရည္ တစ္ဆ၊Glycerin ႏွစ္ဆကို ေရာစပ္ပါ။ပ်စ္ခြၽဲခြၽဲ အရည္မ်ားျဖစ္သြားပ္မည္။၎ကို မ်က္ႏွာေပၚတြင္ သုတ္လိမ္းပါ။ေျခာက္သြားလ်င္ Mask ကဲ့သို႔ျဖစ္သြားပါလိမ့္မည္။မိနစ္ ၂၀ ခန္ကဖုံးအုပ္ထားပါ။တစ္ပတ္တစ္ႀကိမ္ အသုံးျပဳပါ။ႏွစ္ပတ္အတြင္း သိသိသာသာထူးျခားလာပါလိမ့္မည္။

    (၆)ေရမ်ားမ်ားေသာက္ပါ

    ေရကို တစ္ေန႔အနည္းဆုံး ၁၅ ခြက္ေသာက္သုံးပါ။ေရေသာက္ခ်င္းေၾကာင့္ အသားအေရစိုေျပမႈရရွိပါလိမ့္မယ္။

    (၇)ကိုယ္တိုက္ဆပ္ျပာေတြ ေရွာင္ၾကဥ္ပါ။

    ကိုယ္တိုက္ဆပ္ျပာေတြမွာ အျပင္းစား ဓါတုပစၥည္းေတြ ပါဝင္ေနတဲ့အတြက္ ဝက္ၿခံအမာ႐ြတ္ေတြနဲ႔ ထိလွ်င္ အမာ႐ြတ္ေတြ မဲသြားႏိုင္ပါတယ္။

    (၈)မိတ္ကပ္ေတြနဲ႔ မဖုံးပါနဲ႔

    မိတ္ကပ္ေတြနဲ႔ဖုံးအုပ္ထားရင္ ေခြၽးေပါက္ေတြကို ပိတ္သြားေစၿပီး ပိုမိုဆိုးဝါးလာႏိုင္ပါတယ္။

    (၉)ေခါင္းအုံးစြပ္ေတြကို ေလွ်ာ္ဖြတ္ပါ။

    ေခါင္းအုံးစြပ္ေတြကို တစ္ပတ္စ္ခါ ျဖစ္ႏိုင္လ်င္ ေလွ်ာ္ပါ။ အနည္းဆုံး တစ္လတစ္ခါ ေလ်ာ္ပါ။ ေလွ်ာ္သည့္အခါ ဆပ္ျပာမႈန႔္ေတြ သိပ္မသုံးပါႏွင့္။ ေရေႏြးထဲစိမ္ၿပီးမွ ေလွ်ာ္လွ်င္ ပိုေကာင္းပါသည္

    (၁၀)အရမ္းစိတ္မပူပန္ပါႏွင့္

    အမာ႐ြတ္ေတြမေပ်ာက္မွာ စိုးၿပီးအရမ္း မပူပန္ပါႏွင့္။ စိတ္ဖိစီးမႈေၾကာင့္ ဝက္ၿခံထြက္ႏိုင္တယ္ဆိုတာ သတိထားပါ။

    Sources:How to Get Rid of Acne Scars at Home in ONE WEEK

    ေမာင္စိုင္း

    (Unicode)

    ၀က်ခြံကြောင့် ကျန်ခဲ့တဲ့အမာရွတ်တွေ တစ်ပတ်အတွင်းပျောက်ကင်းအောင်

    (၁)မျက်နှာသစ်ပါ

    ဝက်ခြံဖြစ်တဲ့ အသားအရေဟာ အဆီပြန်တဲ့ အသားအရေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မနက် (အိပ်ရာထ မဟုတ်ပါ) ကျောင်းမသွားခင်၊ ရုံးမသွားခင် မျက်နှာသစ်ပေးပါ။ ညအိပ်ရာ ဝင်ခါနီးတစ်ကြိမ် မျက်နှာသစ်ပေးပါ။

    (၂)အာလူးသုံးပါ

    အာလူးကို အကွင်းလေးတွေလှီးပါ။သို့မဟုတ် ချေလိုက်ပါ။ပြီးရင် အမာရွတ်တွေကို အုပ်ထားပါ။မိနစ် ၃၀ လောက်ကြာရင် ခွာပြီးမျက်နှာသစ်ပါ။ တစ်ပတ်နှစ်ကြိမ်လောက် ပြုလုပ်ပေးရင် ဝက်ခြံအမာရွတ်မှ မဟုတ်ပဲ အခြားအမာရွတ်တွေပါ သက်သာပျောက်ကင်းစေပါတယ်။

    (၃)ဗီတာမင် စီ မှီဝဲပါ။

    အရှင်းဆုံးနည်းလမ်းကတော့ သံပရာသီးတစ်နေ့တစ်လုံးကို ဒီတိုင်းပဲစားစား၊ ဖျော်ရည်ပဲလုပ်သောက်သောက် တစ်နေ့တစ်လုံးသောက်ပေးရပါမယ်။ အလုပ်များတယ်ဆိုရင်တော့ ဗိုက်တာမင်စီ ဆေးပြားလေးတွေ တစ်နေ့နှစ်ကြိမ် သောက်ပေးနိုင်ပါတယ်။ ဗိုက်တာမင် စီဟာ အသားအရေအတွက် အထူးကောင်းမွန်ပြီး အစက်အပြောက်လေးတွေကို သေးငယ်စေပါတယ်။

    (၄)moisturizer အသုံးပြုပါ။

    အမာရွတ်တွေကို ပြန်လည်အစားထိုးဖို့ ဆဲလ်တွေက ရေဓါတ်ကို လိုအပ်ပါတယ်။ ဒါကြောင့် moisturizer ကိုအသုံးပြုပါ။ အများကြီး အသုံးမပြုပါနှင့်။ အချို့ moisturizer တွေက အဆီပြန်တတ်လို့ပါ။

    (၅)သံပရာနှင့် ဂလစ်ဆရင်း(Glycerin) ရောစပ်ပါ။

    သံပရာရည် တစ်ဆ၊Glycerin နှစ်ဆကို ရောစပ်ပါ။ပျစ်ချွဲချွဲ အရည်များဖြစ်သွားပ်မည်။၎င်းကို မျက်နှာပေါ်တွင် သုတ်လိမ်းပါ။ခြောက်သွားလျင် Mask ကဲ့သို့ဖြစ်သွားပါလိမ့်မည်။မိနစ် ၂၀ ခန်ကဖုံးအုပ်ထားပါ။တစ်ပတ်တစ်ကြိမ် အသုံးပြုပါ။နှစ်ပတ်အတွင်း သိသိသာသာထူးခြားလာပါလိမ့်မည်။

    (၆)ရေများများသောက်ပါ

    ရေကို တစ်နေ့အနည်းဆုံး ၁၅ ခွက်သောက်သုံးပါ။ရေသောက်ချင်းကြောင့် အသားအရေစိုပြေမှုရရှိပါလိမ့်မယ်။

    (၇)ကိုယ်တိုက်ဆပ်ပြာတွေ ရှောင်ကြဉ်ပါ။

    ကိုယ်တိုက်ဆပ်ပြာတွေမှာ အပြင်းစား ဓါတုပစ္စည်းတွေ ပါဝင်နေတဲ့အတွက် ဝက်ခြံအမာရွတ်တွေနဲ့ ထိလျှင် အမာရွတ်တွေ မဲသွားနိုင်ပါတယ်။

    (၈)မိတ်ကပ်တွေနဲ့ မဖုံးပါနဲ့

    မိတ်ကပ်တွေနဲ့ဖုံးအုပ်ထားရင် ချွေးပေါက်တွေကို ပိတ်သွားစေပြီး ပိုမိုဆိုးဝါးလာနိုင်ပါတယ်။

    (၉)ခေါင်းအုံးစွပ်တွေကို လျှော်ဖွတ်ပါ။

    ခေါင်းအုံးစွပ်တွေကို တစ်ပတ်စ်ခါ ဖြစ်နိုင်လျင် လျှော်ပါ။ အနည်းဆုံး တစ်လတစ်ခါ လျော်ပါ။ လျှော်သည့်အခါ ဆပ်ပြာမှုန့်တွေ သိပ်မသုံးပါနှင့်။ ရေနွေးထဲစိမ်ပြီးမှ လျှော်လျှင် ပိုကောင်းပါသည်

    (၁၀)အရမ်းစိတ်မပူပန်ပါနှင့်

    အမာရွတ်တွေမပျောက်မှာ စိုးပြီးအရမ်း မပူပန်ပါနှင့်။ စိတ်ဖိစီးမှုကြောင့် ဝက်ခြံထွက်နိုင်တယ်ဆိုတာ သတိထားပါ။

    Sources:How to Get Rid of Acne Scars at Home in ONE WEEK

    မောင်စိုင်း

  • အင္​ဥကိုခ်က္​စားရင္​ သတိထားရမယ္​့အခ်က္​

    (Zawgyi)

    အင္ဥကို ခ်က္စားရင္ သတိထားရမယ့္အခ်က္

    အင္ဥကို ဒညင္းသီး၊ ပီေလာပီနံ၊ ေၾကာင္လွ်ာသီး၊ ၾကက္ဟင္းခါးသီး၊ ဂဏန္း၊ ဖားသား၊ ဒူးရင္းသီး၊ မွ်စ္ခ်ဥ္၊ ပုဇြန္ခ်ဥ္၊ ငါးဖယ္ခ်ဥ္၊ ငါးေလးခ်ဥ္၊ ဆူးပုတ္၊ ပဲငပိ တို႔နဲ႔ လုံးဝတြဲဖက္၍ မစားသင့္ပါ။

    စားမိပါက မေသေပမယ့္ မူးေဝျခင္း၊ ေအာ့အန္ျခင္း၊ ရင္ထဲမအီမသာျဖစ္ျခင္း၊ ဝမ္းေလွ်ာျခင္းမ်ား ခံစားရတတ္ပါသည္။

    အင္ဥဟာ အစာအဆိပ္သင့္ေစတဲ့ အစားအစာ ျဖစ္ေသာေၾကာင့္ အင္ဥႀကိဳက္သူေတြ အတြက္ေတာ့ သတိထား စားသုံးသင့္ပါတယ္။

    အင္ဥ စားသုံးျခင္းကို ေသြးတိုးေရာဂါရွိသူမ်ား၊ ႏွလုံးေရာဂါရွိသူမ်ား၊ ခါးနာ ခါးကိုက္ေဝဒနာခံစားရသူမ်ား၊ ေလးဘက္နာသမားမ်ား အင္ဥကို တတ္ႏိုင္သေလာက္ ေရွာင္ရွားသင့္ပါတယ္။

    ေက်းဇူးတင္ပါတယ္။

    Credit-Kyaw Bo

    အင္ဥကို ခ်က္စားရင္ သတိထားရမယ့္အခ်က္

    အင္ဥကို ဒညင္းသီး၊ ပီေလာပီနံ၊ ေၾကာင္လွ်ာသီး၊ ၾကက္ဟင္းခါးသီး၊ ဂဏန္း၊ ဖားသား၊ ဒူးရင္းသီး၊ မွ်စ္ခ်ဥ္၊ ပုဇြန္ခ်ဥ္၊ ငါးဖယ္ခ်ဥ္၊ ငါးေလးခ်ဥ္၊ ဆူးပုတ္၊ ပဲငပိ တို႔နဲ႔ လုံးဝတြဲဖက္၍ မစားသင့္ပါ။

    စားမိပါက မေသေပမယ့္ မူးေဝျခင္း၊ ေအာ့အန္ျခင္း၊ ရင္ထဲမအီမသာျဖစ္ျခင္း၊ ဝမ္းေလွ်ာျခင္းမ်ား ခံစားရတတ္ပါသည္။

    အင္ဥဟာ အစာအဆိပ္သင့္ေစတဲ့ အစားအစာ ျဖစ္ေသာေၾကာင့္ အင္ဥႀကိဳက္သူေတြ အတြက္ေတာ့ သတိထား စားသုံးသင့္ပါတယ္။

    အင္ဥ စားသုံးျခင္းကို ေသြးတိုးေရာဂါရွိသူမ်ား၊ ႏွလုံးေရာဂါရွိသူမ်ား၊ ခါးနာ ခါးကိုက္ေဝဒနာခံစားရသူမ်ား၊ ေလးဘက္နာသမားမ်ား အင္ဥကို တတ္ႏိုင္သေလာက္ ေရွာင္ရွားသင့္ပါတယ္။

    ေက်းဇူးတင္ပါတယ္။

    Credit-Kyaw Bo

    (Unicode)

    အင်ဥကို ချက်စားရင် သတိထားရမယ့်အချက်

    အင်ဥကို ဒညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ ဂဏန်း၊ ဖားသား၊ ဒူးရင်းသီး၊ မျှစ်ချဉ်၊ ပုဇွန်ချဉ်၊ ငါးဖယ်ချဉ်၊ ငါးလေးချဉ်၊ ဆူးပုတ်၊ ပဲငပိ တို့နဲ့ လုံးဝတွဲဖက်၍ မစားသင့်ပါ။

    စားမိပါက မသေပေမယ့် မူးဝေခြင်း၊ အော့အန်ခြင်း၊ ရင်ထဲမအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်းများ ခံစားရတတ်ပါသည်။

    အင်ဥဟာ အစာအဆိပ်သင့်စေတဲ့ အစားအစာ ဖြစ်သောကြောင့် အင်ဥကြိုက်သူတွေ အတွက်တော့ သတိထား စားသုံးသင့်ပါတယ်။

    အင်ဥ စားသုံးခြင်းကို သွေးတိုးရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ၊ ခါးနာ ခါးကိုက်ဝေဒနာခံစားရသူများ၊ လေးဘက်နာသမားများ အင်ဥကို တတ်နိုင်သလောက် ရှောင်ရှားသင့်ပါတယ်။

    ကျေးဇူးတင်ပါတယ်။

    Credit-Kyaw Bo

  • မိုးတြင္းမွာ ကားအဲကြန္းကပ်က္လို႕(မဖြင့္ႏိုင္လို႕) ကားမွန္မွာ မိုးရြာျပီး ေရေငြ႕ရိုက္ရင္၊ အဲ့ဒီေရေငြ႕ကို ေဖ်ာက္မယ့္နည္း

    (Zawgyi)

    မိုး႐ြာလို႔ျဖစ္ေစ အျပင္မွာ အရမ္းေအးတဲ့ေဒသမွာ ျဖစ္ေစ မိမိကား အဲကြန္းပ်က္ေနရင္ ေရေငြ႕႐ိုက္ပါတယ္။ အဲ့ေရေငြ႕ကို ေဖ်ာက္ၾကမယ္။

    ေငြ ၅၀တန္ေလး တစ္႐ြက္ပဲသုံးၿပီး အဆင္ေျပေျပနဲ႔ မိုးရာသီ တစ္ရာသီကို ေအးေဆးေက်ာ္ျဖတ္လို႔ရပါတယ္ေနာ့။

    ေခါင္းေလွ်ာ္ထုပ္ေလးကို ေရွ႕မွန္မွာ အစက္ကေလးေတြ နည္းနည္းစီ လိုက္တို႔ပါ။ ၿပီးရင္ ေရစိုပတ္ ကေလး တိုက္ပါ။ ညီေအာင္ မွ်ားအတိုင္း အလ်ားလိုက္ ညီေအာင္ဆြဲ။ မိုးႀကီးႀကီး ၃ မိုးေလာက္ကို ည ဘက္မီးႀကီးထိုးခံရတာေတာင္ ျမင္ကြင္းအလင္းမယိုင္တာ ေတြ႕ရပါမယ္။

    ေဒါင္လိုက္တို႔ စက္ဝိုင္းလို ေတြ႕သလို ပြတ္ရင္ ျမင္ကြင္းယိုင္တယ္ဗ်။ ေရေငြ႕ကို ေကာ့စတစ္ဆပ္ျပာရည္က ဓါတ္ျပဳၿပီး ေရျဖစ္ေစပါတယ္။ နည္းရင္ ေျခာက္ပါတယ္။ မိုးမ်ားရင္ ေရေငြ႕မ်ားေတာ့ အရည္ၾကည္က မိမိ သုတ္ထားတဲ့ ဆပ္ျပာရည္အတိုင္း ေရျဖစ္ပါတယ္။ အဲမွာ မွန္ကို မွန္ဘီလူး ျဖစ္ေစတယ္။ သုတ္နည္း မမွန္ရင္ အလင္းယိုင္ၿပီး ပုံရိပ္ေတြဝါး ႏွစ္ထပ္ျဖစ္တတ္ပါတယ္။ အဲဒါေၾကာင့္ ယိုင္ၫႊန္ကိန္း နည္းအာင္ အလ်ားလိုက္က အဆင္ေျပတာ ေတြ႕ရပါတယ္။

    Credit-Aung Myo

    (Unicode)

    မိုးရွာလို့ဖြစ်စေ အပြင်မှာ အရမ်းအေးတဲ့ဒေသမှာ ဖြစ်စေ မိမိကား အဲကွန်းပျက်နေရင် ရေငွေ့ရိုက်ပါတယ်။ အဲ့ရေငွေ့ကို ဖျောက်ကြမယ်။

    ငွေ ၅၀တန်လေး တစ်ရွက်ပဲသုံးပြီး အဆင်ပြေပြေနဲ့ မိုးရာသီ တစ်ရာသီကို အေးဆေးကျော်ဖြတ်လို့ရပါတယ်နော့။

    ခေါင်းလျှော်ထုပ်လေးကို ရှေ့မှန်မှာ အစက်ကလေးတွေ နည်းနည်းစီ လိုက်တို့ပါ။ ပြီးရင် ရေစိုပတ် ကလေး တိုက်ပါ။ ညီအောင် မျှားအတိုင်း အလျားလိုက် ညီအောင်ဆွဲ။ မိုးကြီးကြီး ၃ မိုးလောက်ကို ည ဘက်မီးကြီးထိုးခံရတာတောင် မြင်ကွင်းအလင်းမယိုင်တာ တွေ့ရပါမယ်။

    ဒေါင်လိုက်တို့ စက်ဝိုင်းလို တွေ့သလို ပွတ်ရင် မြင်ကွင်းယိုင်တယ်ဗျ။ ရေငွေ့ကို ကော့စတစ်ဆပ်ပြာရည်က ဓါတ်ပြုပြီး ရေဖြစ်စေပါတယ်။ နည်းရင် ခြောက်ပါတယ်။ မိုးများရင် ရေငွေ့များတော့ အရည်ကြည်က မိမိ သုတ်ထားတဲ့ ဆပ်ပြာရည်အတိုင်း ရေဖြစ်ပါတယ်။ အဲမှာ မှန်ကို မှန်ဘီလူး ဖြစ်စေတယ်။ သုတ်နည်း မမှန်ရင် အလင်းယိုင်ပြီး ပုံရိပ်တွေဝါး နှစ်ထပ်ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ယိုင်ညွှန်ကိန်း နည်းအာင် အလျားလိုက်က အဆင်ပြေတာ တွေ့ရပါတယ်။

    Credit-Aung Myo

  • အိမ္ရွင္မ၊ အိမ္ရွင္ထီးမ်ား မွတ္သားစရာ နည္းမ်ား

    (Zawgyi)

    မည္းေသာငါးေျခာက္ ျဖဴလာေစနည္း-

    ငါးေျခာက္တြင္ ငါးေရာင္ေျခာက္၊ ငါးက်ည္းသားေျခာက္၊ ငါးပုတ္သင္ေျခာက္၊ ငါးရံ႕ေျခာက္ႏွင့္ ငါးမန္းကလိန္ေျခာက္ စသည္ျဖင့္ ငါးေျခာက္အမ်ိဳးမ်ိဳးရွိသည့္အနက္ ငါးေရာင္ေျခာက္ႏွင့္ ငါးက်ည္းသားေျခာက္တို႕၏ အေရာင္မွာ တစ္ခါတစ္ရံ မည္းေမွာင္ေနတတ္သည္။

    ငါးေျခာက္မည္းကို ၾကည့္၍ စိတ္ညစ္မသြားပါႏွင့္။ ငါးေျခာက္မည္းမ်ားကို အိုးတစ္လံုးႏွင့္ ထည့္၍ ျပဳတ္ပါ။ ငါးေျခာက္ျပဳတ္အိုးထဲသို႕ ငွက္ေပ်ာအူနည္းနည္းေလာက္ ေတာက္ေတာက္စဥ္း၍ ထည့္လိုက္ပါ။ ထိုအခါ မည္းေမွာင္ေနေသာ ငါးေျခာက္မ်ား ျဖဴေဖြး၍ လွပေသာ မူလငါးေျခာက္အေရာင္ ျဖစ္လာပါမည္။ မယံုၾကည္လွ်င္ လက္ေတြ႕စမ္းၾကည့္ပါ။

    ငန္လြန္းေသာငါးေျခာက္ အငန္ေပ့ါေစေသာနည္း-

    ငါးေျခာက္ဆိုသည္မွာ ငါးကို ဆားနယ္၍ အေျခာက္လွန္းရတာ ျဖစ္တာေၾကာင့္ တစ္ခါတစ္ရံ ဆားအထည့္လြန္ျပီး၊ စားမရေအာင္ ငန္ေနတတ္ပါသည္။ ထိုကဲ့သို႕ စားမရေအာင္ ငန္ေနေသာ ငါးေျခာက္ကို သင့္တင့္ရံု ဆားအနည္းငယ္ထည့္၍ ျပဳတ္လိုက္ပါ။

    ထိုအခါ ငန္လြန္းေသာ ငါးေျခာက္သည္ အငန္ေပါ့၍ စားေကာင္းေသာ ငါးေျခာက္ျဖစ္လာသည္ကို အံ့ၾသဖြယ္ရာ ေတြ႕ရွိရမည္ ျဖစ္ပါသည္။ အငန္ေၾကာက္ေသာ ေရာဂါေ၀ဒနာရွင္မ်ားအတြက္ အထူးသင့္ေတာ္ေသာ နည္းပင္ျဖစ္ပါသည္။

    ၾကက္သားဟင္း အျမန္ႏူးအိေစနည္း-

    အိမ္ရွင္မမ်ားသည္ ၾကက္သားဟင္း ခ်က္တဲ့အခါမွာလည္း ၾကက္သားက ရင့္လြန္းေသာေၾကာင့္ အၾကာၾကီးခ်က္ျပဳတ္ေပမယ့္ ကိုက္မရ၊ ဖဲ့မရေသာ ၾကက္သားျဖစ္ေနပါသည္။ ထိုကဲ့သို႕ေသာ ၾကက္သားရင့္ရင့္ႏွင့္ ေတြ႕ၾကံဳလာပါက ၾကက္သားခ်က္ေသာ ဟင္းအိုးထဲသို႕ သေဘၤာသီးအစိမ္းအနည္းငယ္ကို အခြံခြာ၍ ထည့္လိုက္ပါ။ ရင့္လြန္းေသာ ၾကက္သားသည္ မယံုၾကည္ႏိုင္ေလာက္ေအာင္ အျမန္ဆံုး ႏူးအိလာသည္ကို ေတြ႕ရမည္ ျဖစ္ပါသည္။

    ေရခ်ိဳးကပ္လွ်င္ ကြာေစေသာနည္း-

    အိမ္ေတြမွာ အသံုးျပဳေနၾကသည့္ ေသာက္ေရခြက္၊ ေရအိုးဖံုး ပန္းကန္ျပား၊ ဘုရားေသာက္ေတာ္ေရခြက္မ်ားႏွင့္ ေအာင္ခံလင္ပန္းမ်ားသည္ အသံုးျပဳခ်ိန္ ၾကာလာသည္ႏွင့္အမွ် ေရခ်ိဳးေတြ ကပ္လာတတ္ပါသည္။ ထိုသို႕ ကပ္ျငိေနေသာ ေရခ်ိဳးကို ပြတ္တိုက္ေဆးေၾကာရန္ ေတာ္ေတာ္ခက္ခဲလွပါသည္။ အိမ္ရွင္မမ်ား လက္ေတြ႕ၾကံုဖူးမည္ ထင္ပါသည္။

    ေရခ်ိဳးကို လြယ္လြယ္ကူကူ ကြာေစေသာနည္းမွာ ေရခ်ိဳးကပ္ေနေသာ ခြက္၊ ပန္းကန္ျပားတို႕ကို ဆန္ေဆးရည္ႏွင့္ ႏွစ္ရက္ခန္႕ စိမ္ထားလိုက္ပါ။ ထုိ႕ေနာက္ ဆန္ေဆးရည္မွ ဆယ္ယူျပီး ေဆးေၾကာပါက ေရခ်ိဳးမ်ား အလြယ္တကူ ကြာက်သြားသည္ကို ျမင္ရမည္ျဖစ္ပါသည္။

    ေရဦး ေမာင္ေက်ာ္သူ

    နကၡတေရာင္ျခည္မဂၢဇင္း

    (Unicode)

    မည်းသောငါးခြောက် ဖြူလာစေနည်း-

    ငါးခြောက်တွင် ငါးရောင်ခြောက်၊ ငါးကျည်းသားခြောက်၊ ငါးပုတ်သင်ခြောက်၊ ငါးရံ့ခြောက်နှင့် ငါးမန်းကလိန်ခြောက် စသည်ဖြင့် ငါးခြောက်အမျိုးမျိုးရှိသည့်အနက် ငါးရောင်ခြောက်နှင့် ငါးကျည်းသားခြောက်တို့၏ အရောင်မှာ တစ်ခါတစ်ရံ မည်းမှောင်နေတတ်သည်။

    ငါးခြောက်မည်းကို ကြည့်၍ စိတ်ညစ်မသွားပါနှင့်။ ငါးခြောက်မည်းများကို အိုးတစ်လုံးနှင့် ထည့်၍ ပြုတ်ပါ။ ငါးခြောက်ပြုတ်အိုးထဲသို့ ငှက်ပျောအူနည်းနည်းလောက် တောက်တောက်စဉ်း၍ ထည့်လိုက်ပါ။ ထိုအခါ မည်းမှောင်နေသော ငါးခြောက်များ ဖြူဖွေး၍ လှပသော မူလငါးခြောက်အရောင် ဖြစ်လာပါမည်။ မယုံကြည်လျှင် လက်တွေ့စမ်းကြည့်ပါ။

    ငန်လွန်းသောငါးခြောက် အငန်ပေ့ါစေသောနည်း-

    ငါးခြောက်ဆိုသည်မှာ ငါးကို ဆားနယ်၍ အခြောက်လှန်းရတာ ဖြစ်တာကြောင့် တစ်ခါတစ်ရံ ဆားအထည့်လွန်ပြီး၊ စားမရအောင် ငန်နေတတ်ပါသည်။ ထိုကဲ့သို့ စားမရအောင် ငန်နေသော ငါးခြောက်ကို သင့်တင့်ရုံ ဆားအနည်းငယ်ထည့်၍ ပြုတ်လိုက်ပါ။

    ထိုအခါ ငန်လွန်းသော ငါးခြောက်သည် အငန်ပေါ့၍ စားကောင်းသော ငါးခြောက်ဖြစ်လာသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရမည် ဖြစ်ပါသည်။ အငန်ကြောက်သော ရောဂါဝေဒနာရှင်များအတွက် အထူးသင့်တော်သော နည်းပင်ဖြစ်ပါသည်။

    ကြက်သားဟင်း အမြန်နူးအိစေနည်း-

    အိမ်ရှင်မများသည် ကြက်သားဟင်း ချက်တဲ့အခါမှာလည်း ကြက်သားက ရင့်လွန်းသောကြောင့် အကြာကြီးချက်ပြုတ်ပေမယ့် ကိုက်မရ၊ ဖဲ့မရသော ကြက်သားဖြစ်နေပါသည်။ ထိုကဲ့သို့သော ကြက်သားရင့်ရင့်နှင့် တွေ့ကြုံလာပါက ကြက်သားချက်သော ဟင်းအိုးထဲသို့ သင်္ဘောသီးအစိမ်းအနည်းငယ်ကို အခွံခွာ၍ ထည့်လိုက်ပါ။ ရင့်လွန်းသော ကြက်သားသည် မယုံကြည်နိုင်လောက်အောင် အမြန်ဆုံး နူးအိလာသည်ကို တွေ့ရမည် ဖြစ်ပါသည်။

    ရေချိုးကပ်လျှင် ကွာစေသောနည်း-

    အိမ်တွေမှာ အသုံးပြုနေကြသည့် သောက်ရေခွက်၊ ရေအိုးဖုံး ပန်းကန်ပြား၊ ဘုရားသောက်တော်ရေခွက်များနှင့် အောင်ခံလင်ပန်းများသည် အသုံးပြုချိန် ကြာလာသည်နှင့်အမျှ ရေချိုးတွေ ကပ်လာတတ်ပါသည်။ ထိုသို့ ကပ်ငြိနေသော ရေချိုးကို ပွတ်တိုက်ဆေးကြောရန် တော်တော်ခက်ခဲလှပါသည်။ အိမ်ရှင်မများ လက်တွေ့ကြုံဖူးမည် ထင်ပါသည်။

    ရေချိုးကို လွယ်လွယ်ကူကူ ကွာစေသောနည်းမှာ ရေချိုးကပ်နေသော ခွက်၊ ပန်းကန်ပြားတို့ကို ဆန်ဆေးရည်နှင့် နှစ်ရက်ခန့် စိမ်ထားလိုက်ပါ။ ထို့နောက် ဆန်ဆေးရည်မှ ဆယ်ယူပြီး ဆေးကြောပါက ရေချိုးများ အလွယ်တကူ ကွာကျသွားသည်ကို မြင်ရမည်ဖြစ်ပါသည်။

    ရေဦး မောင်ကျော်သူ

    နက္ခတရောင်ခြည်မဂ္ဂဇင်း

  • ကမ္ဘာပေါ်က နေမဝင်တဲ့ နိုင်ငံ ၆ နိုင်ငံ

    (Zawgyi)

    ကမာၻေပၚက ေနမဝင္တဲ့ ႏိုင္ငံ ၆ ႏိုင္ငံ

    အခုေဖာ္ျပေပးမယ့္ ႏိုင္ငံေတြကေတာ့ ကမာၻေပၚက ေနမဝင္တဲ့ ႏိုင္ငံေတြအေၾကာင္း ျဖစ္ပါတယ္။ ကမာၻေပၚမွာ ေနမဝင္တဲ့ ႏိုင္ငံေပါင္း ၆ ႏိုင္ငံရွိပါတယ္။ အဲဒီလို ေနမဝင္တဲ့ ႏိုင္ငံေတြဆီ အလည္အပတ္ ေရာက္ႏိုင္သူေတြကေတာ့ ကံေကာင္းသူေတြလို႔ ဆိုႏိုင္ပါတယ္။ ေနမဝင္တဲ့ အရပ္က လူေတြအတြက္ေတာ့ ဘယ္အခ်ိန္မွာ အိပ္ရမယ္ဆိုတာကို ေကာင္းေကာင္း မသိႏိုင္ၾကပါဘူး။ ဒီျဖစ္ရပ္ဟာ ကမာၻႀကီးရဲ႕ မ်က္လွည့္ျပမႈ တခုလိုပါပဲ။

    (၁) ေနာ္ေဝႏိုင္ငံ

    အာတိတ္စက္ဝိုင္းအတြင္းမွာ တည္ရွိတဲ့ ေနာ္ေဝႏိုင္ငံကို လူေတြက ညဥ့္သန္းေခါင္တိုင္ေအာင္ ေနထြက္ေနတဲ့ၿမိဳ႕လို႔ တင္စားေခၚေဝၚေလ့ ရွိၾကပါတယ္။ ေနာ္ေဝႏိုင္ငံမွာ ေန မဝင္တဲ့ ရက္ေပါင္းက ၆၉ ရက္ ရွိပါတယ္။ ေမလကေန ဇူလိုင္လအတြင္းဟာ ေနာ္ေဝႏိုင္ငံအတြက္ ေနမဝင္တဲ့ အခ်ိန္ေတြပါပဲ။

    (၂) အိုက္စလန္ႏိုင္ငံ

    အိုက္စလန္ႏိုင္ငံဟာ လွပတဲ့ႏိုင္ငံျဖစ္သလို ဥေရာပႏိုင္ငံေတြထဲမွာ ႀကီးမားတဲ့ ကြၽန္းစုေတြကို အမ်ားဆုံး ပိုင္ဆိုင္တဲ့ ႏိုင္ငံတႏိုင္ငံလည္း ျဖစ္ပါတယ္။ အိုက္စလန္ႏိုင္ငံကလည္း ေနာ္ေဝႏိုင္ငံလိုပဲ ေမလ ၁၀ ရက္ေန႔ကေန ဇူလိုင္လအထိ ေန မဝင္ဘဲ ရွိေနတတ္ပါတယ္။ အိုက္စလန္ႏိုင္ငံဟာ သဘာဝ ေတာ႐ိုင္း တိရစာၦန္ေတြေပါမ်ားတဲ့ ႏိုင္ငံျဖစ္သလို ေတာင္တက္ျခင္း၊ စက္ဘီးစီးျခင္းနဲ႔ အမ်ိဳးသာဥယ်ာဥ္ေတြဆီ လည္ပတ္လို႔ေကာင္းတဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။

    (၃) ကေနဒါႏိုင္ငံ

    ကေနဒါႏိုင္ငံဟာ ကမာၻ႔ဒုတိယ အႀကီးဆုံး ႏိုင္ငံျဖစ္သလို ကေနဒါ တႏိုင္ငံလုံးကိုလည္း ဆီးႏွင္းေတြက တႏွစ္ပတ္လုံး ဖုံးလႊမ္းထားတတ္ပါတယ္။ ေႏြရာသီမွာဆိုရင္ ကေနဒါႏိုင္ငံ အေနာက္ေျမာက္ပိုင္း ေဒသေတြျဖစ္တဲ့ Inuvik လို ၿမိဳ႕ေတြဟာ ရက္ေပါင္း ၅၀ ေလာက္ၾကာေအာင္ ေနမဝင္ဘဲ ရွိေနတတ္ပါတယ္။

    (၄) အလာစကာျပည္နယ္

    အေမရိကန္ျပည္ေထာင္စုက အလာစကာျပည္နယ္ဟာလည္း ႏွစ္စဥ္ ေမလေႏွာင္းပိုင္းကေန ဇူလိုင္လ ေႏွာင္းပိုင္းအထိ ေန ဝင္ေလ့ မရွိပါဘူး။ ေဆာင္းရာသီဆိုရင္လည္း အလာစကာ ျပည္နယ္ဟာ ေနထြက္ေလ့ မရွိဘဲ ညအခ်ိန္ေတြနဲ႔သာ ရင္ဆိုင္ရေလ့ ရွိပါတယ္။

    (၅) ဆြီဒင္ႏိုင္ငံ

    ေနမဝင္တဲ့ ႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ ဆြီဒင္ႏိုင္ငံဟာ ညဥ့္သန္းေခါင္အခ်ိန္မွာ ေနဝင္ေလ့ရွိၿပီးမနက္ေစာေစာ ၄ နာရီခြဲေလာက္ဆိုရင္ ေနျပန္ထြက္ပါၿပီ။ ဒါေၾကာင့္လည္း ဆြီဒင္ႏိုင္ငံရဲ႕ ေနဝင္ခ်ိန္က ၄ နာရီ၊ ၅ နာရီေလာက္ပဲ ရွိတတ္ပါတယ္။ ဒီလိုအေျခအေနေတြ ျဖစ္ေလ့ရွိတဲ့ အခ်ိန္ကေတာ့ ေမလနဲ႔ ၾသဂုတ္လအတြင္းပါ။ ဒီလိုအခ်ိန္ေတြမွာ ဆြီဒင္ႏိုင္ငံကို အလည္သြားသူေတြအေနနဲ႔ ငါးမွ်ားျခင္း၊ေဂါက္႐ိုက္ျခင္းနဲ႔ ႏွင္းေလွ်ာစီးျခင္းေတြကို ရွည္လ်ားတဲ့ ေန႔တာေအာက္မွာ ျပဳလုပ္ႏိုင္ပါတယ္။

    (၆) ဖင္လန္ႏိုင္ငံ

    ဖင္လန္ႏိုင္ငံဟာ ေထာင္ခ်ီတဲ့ ေရကန္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ႏိုင္ငံျဖစ္သလို ေႏြရာသီမွာဆိုရင္ ၇၃ ရက္တိုင္တိုင္ ေနမဝင္တာကို ႀကဳံရေလ့ ရွိပါတယ္။

    Ref. idiva.com

    Credit-ညီညီသူ(ဧရာဝတီ),The Irrawaddy-Burmese Edition

    (Unicode)

    ကမ္ဘာပေါ်က နေမဝင်တဲ့ နိုင်ငံ ၆ နိုင်ငံ

    အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ ကမ္ဘာပေါ်က နေမဝင်တဲ့ နိုင်ငံတွေအကြောင်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နေမဝင်တဲ့ နိုင်ငံပေါင်း ၆ နိုင်ငံရှိပါတယ်။ အဲဒီလို နေမဝင်တဲ့ နိုင်ငံတွေဆီ အလည်အပတ် ရောက်နိုင်သူတွေကတော့ ကံကောင်းသူတွေလို့ ဆိုနိုင်ပါတယ်။ နေမဝင်တဲ့ အရပ်က လူတွေအတွက်တော့ ဘယ်အချိန်မှာ အိပ်ရမယ်ဆိုတာကို ကောင်းကောင်း မသိနိုင်ကြပါဘူး။ ဒီဖြစ်ရပ်ဟာ ကမ္ဘာကြီးရဲ့ မျက်လှည့်ပြမှု တခုလိုပါပဲ။

    (၁) နော်ဝေနိုင်ငံ

    အာတိတ်စက်ဝိုင်းအတွင်းမှာ တည်ရှိတဲ့ နော်ဝေနိုင်ငံကို လူတွေက ညဉ့်သန်းခေါင်တိုင်အောင် နေထွက်နေတဲ့မြို့လို့ တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။ နော်ဝေနိုင်ငံမှာ နေ မဝင်တဲ့ ရက်ပေါင်းက ၆၉ ရက် ရှိပါတယ်။ မေလကနေ ဇူလိုင်လအတွင်းဟာ နော်ဝေနိုင်ငံအတွက် နေမဝင်တဲ့ အချိန်တွေပါပဲ။

    (၂) အိုက်စလန်နိုင်ငံ

    အိုက်စလန်နိုင်ငံဟာ လှပတဲ့နိုင်ငံဖြစ်သလို ဥရောပနိုင်ငံတွေထဲမှာ ကြီးမားတဲ့ ကျွန်းစုတွေကို အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံကလည်း နော်ဝေနိုင်ငံလိုပဲ မေလ ၁၀ ရက်နေ့ကနေ ဇူလိုင်လအထိ နေ မဝင်ဘဲ ရှိနေတတ်ပါတယ်။ အိုက်စလန်နိုင်ငံဟာ သဘာဝ တောရိုင်း တိရစ္ဆာန်တွေပေါများတဲ့ နိုင်ငံဖြစ်သလို တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ အမျိုးသာဥယျာဉ်တွေဆီ လည်ပတ်လို့ကောင်းတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    (၃) ကနေဒါနိုင်ငံ

    ကနေဒါနိုင်ငံဟာ ကမ္ဘာ့ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်သလို ကနေဒါ တနိုင်ငံလုံးကိုလည်း ဆီးနှင်းတွေက တနှစ်ပတ်လုံး ဖုံးလွှမ်းထားတတ်ပါတယ်။ နွေရာသီမှာဆိုရင် ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွေဖြစ်တဲ့ Inuvik လို မြို့တွေဟာ ရက်ပေါင်း ၅၀ လောက်ကြာအောင် နေမဝင်ဘဲ ရှိနေတတ်ပါတယ်။

    (၄) အလာစကာပြည်နယ်

    အမေရိကန်ပြည်ထောင်စုက အလာစကာပြည်နယ်ဟာလည်း နှစ်စဉ် မေလနှောင်းပိုင်းကနေ ဇူလိုင်လ နှောင်းပိုင်းအထိ နေ ဝင်လေ့ မရှိပါဘူး။ ဆောင်းရာသီဆိုရင်လည်း အလာစကာ ပြည်နယ်ဟာ နေထွက်လေ့ မရှိဘဲ ညအချိန်တွေနဲ့သာ ရင်ဆိုင်ရလေ့ ရှိပါတယ်။

    (၅) ဆွီဒင်နိုင်ငံ

    နေမဝင်တဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဆွီဒင်နိုင်ငံဟာ ညဉ့်သန်းခေါင်အချိန်မှာ နေဝင်လေ့ရှိပြီးမနက်စောစော ၄ နာရီခွဲလောက်ဆိုရင် နေပြန်ထွက်ပါပြီ။ ဒါကြောင့်လည်း ဆွီဒင်နိုင်ငံရဲ့ နေဝင်ချိန်က ၄ နာရီ၊ ၅ နာရီလောက်ပဲ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လေ့ရှိတဲ့ အချိန်ကတော့ မေလနဲ့ သြဂုတ်လအတွင်းပါ။ ဒီလိုအချိန်တွေမှာ ဆွီဒင်နိုင်ငံကို အလည်သွားသူတွေအနေနဲ့ ငါးမျှားခြင်း၊ဂေါက်ရိုက်ခြင်းနဲ့ နှင်းလျှောစီးခြင်းတွေကို ရှည်လျားတဲ့ နေ့တာအောက်မှာ ပြုလုပ်နိုင်ပါတယ်။

    (၆) ဖင်လန်နိုင်ငံ

    ဖင်လန်နိုင်ငံဟာ ထောင်ချီတဲ့ ရေကန်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်သလို နွေရာသီမှာဆိုရင် ၇၃ ရက်တိုင်တိုင် နေမဝင်တာကို ကြုံရလေ့ ရှိပါတယ်။

    Ref. idiva.com

    Credit-ညီညီသူ(ဧရာဝတီ),The Irrawaddy-Burmese Edition